JELA by Hnin Pwint (Data Sharing)🍀 @jelabyhninpwint Channel on Telegram

JELA by Hnin Pwint (Data Sharing)🍀

@jelabyhninpwint


- ဂျပန်စာဖတ်စာအုပ် PDF File Link
- JLPT စတဲ့ စာမေးပွဲအစမ်း ဖြေကြည့်လို့ ရမယ့် Website Link, Application Link
-- UTube Video Link စတဲ့ ကောင်းနိုးရာရာတွေကို ပို့ပေးပါမယ်။

JELA by Hnin Pwint (Data Sharing) 🍀 (Burmese)

အပိုင်းသည် ဂျပန်စာဖတ်စာအုပ် PDF File Link, JLPT စတဲ့ စာမေးပွဲအစမ်း ဖြေကြည့်နေသည့် Website Link, Application Link, နှင့် UTube Video Link စတဲ့ ကောင်းနိုးရာရာတွေကို ပို့ပေးပေးပြီး ပါဝင်ပါမယ်။ ဤခေတ်အား ဂျပန်စာဖတ်မှုအတွက် Hnin Pwint မှ ဖွင့်သွင်းထားသောသင်ခန်းကိုသာ ညစာေပမ်ာထားနေပါသည်။ JELA မှာသင်ချင်းစွန်းစားစန်းပေးမှုများကို လိုချင်ဖလို့ အသုံးပြုနိုင်စွာ ရေးသားနိုင်ရန် အတွက် ဤထောက်အား အိမ်ဖြစ်သည်။

JELA by Hnin Pwint (Data Sharing)🍀

06 Dec, 10:21


https://www.facebook.com/share/y7de72YkyS6V86YW/

JELA by Hnin Pwint (Data Sharing)🍀

04 Dec, 09:13


ပစ္စည်းကျန်ခဲ့တာရှိရင်စစ်ကြည့်နိုင်ပါတဟ်

JELA by Hnin Pwint (Data Sharing)🍀

29 Nov, 15:10


N-2 ဖြေမယ့်ကျောင်းသားတွေ သတိထားဖို့ပါ

JELA by Hnin Pwint (Data Sharing)🍀

29 Nov, 15:10


https://www.facebook.com/share/p/7qMGqPvEHQSRf6ck/

JELA by Hnin Pwint (Data Sharing)🍀

20 Nov, 11:35


စာမေးပွဲဖြေမယ့်ရက်အတွက် စည်းကမ်းချက်တွေပါ။ ဖြေမယ့်သူတွေကြည့်ပြီး သေချာလိုက်နာပါ

https://www.facebook.com/share/v/nCNDox6SZDDqfRAE/

JELA by Hnin Pwint (Data Sharing)🍀

10 Nov, 07:10


N-4 Grammar လေ့ကျင့်ခန်းလေးပါ။

『皆の日本語』အခန်း(၅၀) အထိ သင်ပြီးပြီဆိုရင် ပြန်လည်လေ့ကျင့်ခန်းအနေနဲ့ စာပြန်ကျက်ပြီး ဒီလေ့ကျင့်ခန်းလေးတွေ ဖြေကြည့်ပါ။

လာမယ့် (၁၁) ရက်နေ့ (တနင်္လာနေ့) ညမှာ အဖြေလေးတွေ တင်ပေးပါမယ်ရှင်။

『皆の日本語 初級II 書いて覚える』မှ ကောက်နှုတ်ထားခြင်းဖြစ်ပါသည်။

JELA by Hnin Pwint (Data Sharing)🍀

26 Oct, 06:40


JELA ကျောင်းသားဟောင်းတွေထဲက-
လာမယ့် December JLPT မှာ စာမေးပွဲဝင်ဖြေမှာဖြစ်ပြီး စာမေးပွဲအတွက် လေ့ကျင့်ချင်တဲ့သူတွေ (Exam Practice လုပ်ချင်တဲ့သူတွေ) အနေနဲ့ နှင်းပွင့်ရဲ့ အခုလက်ရှိ အတန်းတွေရဲ့ Exam Practice မှာ ဝင်ရောက်လေ့ကျင့်နိုင်ပါတယ်။

JELA မှ အတန်းတစ်ခုခုကို attendance 75% ​ပြည့်အောင် တက်ဖူးသူဖြစ်ရမည်။
(တက်ဖူးသည့်အတန်း Level နဲ့ ယခု Exam Practice Level မတူလည်းရပါသည်)

ယခု အတန်းချိန်များကို ပြီးပြည့်စုံအောင် တက်ရမည်။

အတန်းပျက်မည်ဆိုပါက ကြိုတင်ခွင့်တိုင်ရမည်။

ခွင့်မဲ့ပျက်ကွက်ခြင်း (3) ရက်ပြည့်ပါက အတန်းမှထုတ်ပယ်သွားမည်ဖြစ်ပြီး နောက်နောင် Free Class များတွင် ဝင်ရောက်တက်ခွင့်မပြုပါ။

အတန်းအပ်ရန်နှင့်
ထပ်မံသိရှိလိုသည်များကိုမေးမြန်းရန် Page Messenger, Viber မှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။

အတန်းချိန်များ
N-3 (Online Class)
Sat, Sun 1p.m. ~ 4p.m.

N-4 (Online Class)
Sat, Sun, Mon 7:30p.m. ~ 9:30p.m.

N-4 (အပြင်တန်း)
Sat, Sun 8:30a.m. ~ 11:30a.m.

N-5 (Online Class)
Wed, Thur, Fri 7:30p.m. ~ 9:30p.m.

Platform
Viber, Microsoft Teams

သင်တန်းကြေး
အခမဲ့

JELA by Hnin Pwint (Data Sharing)🍀

26 Oct, 02:16


N-5 အတန်းတက်နေဆဲ ကျောင်းသူလေးဖြစ်တဲ့

သက်ထူးစံ

ပြီးခဲ့တဲ့ October NAT-TEST ကို ဝင်ရောက်ဖြေဆိုအောင်မြင်ခဲ့ပါတယ်
おめでとうございます💮

JELA by Hnin Pwint (Data Sharing)🍀

07 Oct, 10:07


ပြီးခဲ့တဲ့လတုန်းက GA ဖောက်ပေးခဲ့တဲ့ Winner (2) ယောက်ပါ။
အခုချိန်အထိ နှင်းပွင့်ဆီကို မဆက်သွယ်လာသေးတာမလို့ ဆက်သွယ်ပေးပါဦးနော်။

ဒီလ (20) ရက်နေ့အထိမှ မဆက်သွယ်လာရင် နှင်းပွင့် GA ပြန်ဖောက်လိုက်တော့ပါမယ်ရှင်🍀

မူရင်းpost ပါ
https://www.facebook.com/100072166357735/posts/534048299010711/

JELA by Hnin Pwint (Data Sharing)🍀

05 Oct, 15:28


🍀N-2 Grammar မှာက မြန်မာလိုအဓိပ္ပာယ်တူပြီး အသုံးပြုပုံကွဲတဲ့ Grammar တွေများသလို၊ ဒီမတူညီတဲ့ အသုံးပြုပုံတွေကို နားလည်သဘောပေါက်ထားဖို့က အရေးကြီးပါတယ်။

🍀စာမေးပွဲမှာလည်း ဒီလိုဆင်တူတဲ့ Grammar တွေကိုပဲ ရွေးခိုင်းသလို၊ လက်တွေ့ကိုယ်တိုင်သုံးတဲ့အခါမှာလည်း မှန်မှန်ကန်ကန် သုံးတတ်ဖို့ လိုလို့ပါ။

🍀နှင်းပွင့်ရဲ့ ထုံးစံအတိုင်း ဒီလိုမျိုးတွေအထိ အသေးစိတ်ရှင်းပြထားတဲ့ JELA ရဲ့ N-2 Grammar Video Class ရှိပါတယ်။ ရှင်းပြချက်တွေ သေချာပါဝင်တဲ့ 『新完全』ကိုပဲ သုံးထားပါတယ်။

🍀Telegram Channel Video တွေကနေ ကိုယ်အဆင်ပြေတဲ့အချိန် သင်ခန်းစာတွေ လေ့လာလို့ရမှာ ဖြစ်သလို
Telegram Group ကနေလည်း နားမလည်တာတွေ၊ မေးချင်တာတွေကို နှင်းပွင့်ဆီ တိုက်ရိုက် မေးမြန်းလို့ရမှာဖြစ်ပါတယ်။

🍀ဒါ့အပြင် သင်တန်းမအပ်ခင် သင်ခန်းစာ Video ကိုပါ အစမ်းနားထောင်နိုင်မယ့် Trial Video လေးလည်း ရှိပါတယ်။ page messenger မှာ “N-2 Trial” လို့ ပို့ပေးတာနဲ့ နှင်းပွင့်ဘက်က Trial Video လေးတွေကို ပြန်လည်ပို့ပေးပါမယ်။

🍀သင်တန်းကြေး
Grammar Class - 45,000 MMK

🍀Platform
Telegram

🍀သင်ကြားမည့်သူ
Ms. Hnin Pwint Nanda
-B.A (Japanese, Q; YUFL)
-Certificate in Japanese Language Teaching (YUFL & Japan Foundation)
-Certificate in Japanese Language Teaching for Specified Skilled Worker Candidates (Japan Foundation)
-JLPT N-1 (Passed)

🍀ဆရာမ၏ Profile အသေးစိတ်
https://www.facebook.com/106488488412320/posts/166933759034459/

🍀JELA တွင် တက်ရောက်ခဲ့သော ကျောင်းသားကျောင်းသူတို့၏ စကားသံများကိုလည်း ဖတ်ရှုကြည့်နိုင်ပါတယ်
https://www.facebook.com/100072166357735/posts/374659018282974/

🍀Page Messenger တွင် သင်တန်းအပ်နှံနိုင်ပါတယ်ရှင်

JELA by Hnin Pwint (Data Sharing)🍀

05 Oct, 06:44


N-4 အတန်းမှာ 会話(စကားပြော) ကိုပါ တစ်ခါတည်း ထည့်သွင်းလေ့ကျင့်ပေးပါတယ်🍀

JELA by Hnin Pwint (Data Sharing)🍀

05 Oct, 06:44


N-3 အတန်းရဲ့ 4-Skills အချိန်မှာ Reading လေ့ကျင့်နေကြတဲ့ ပုံရိပ်လေးပဲဖြစ်ပါတယ်။

JLPT Reading မလေ့ကျင့်ခင် သင်တန်းကာလ တလျှောက်မှာကတည်းက Reading, Listening တွေကို ထည့်သွင်းလေ့ကျင့်နေပါတယ်🍀

JELA by Hnin Pwint (Data Sharing)🍀

30 Sep, 13:03


September လရဲ့ နောက်ဆုံးရက် တနင်္လာနေ့လေး ဖြစ်ပါတယ်။

2024 ကို (9) လတာလုံး နှင်းပွင့်တို့တွေ အတူတူ ဖြတ်သန်းကြခဲ့ပြီးပါပြီ။
အားလုံးပဲ ပင်ပန်းသွားခဲ့ပါပြီ
ကျန်ရှိတဲ့ လတွေအတွက် အားတင်းထားကြရအောင်ပါနော်🍀

JELA by Hnin Pwint (Data Sharing)🍀

30 Sep, 04:25


နောက်နှစ် April Intake နဲ့ ကျောင်းသွားတက်မယ့် ကျောင်းသူလေးလည်း ကျောင်း Interview အောင်သွားပါပြီရှင်😍
おめでとうございます💮

JELA by Hnin Pwint (Data Sharing)🍀

29 Sep, 06:42


ကျောင်းသား (2) ယောက် အလုပ် interview အောင်ထားတာလေးတွေ😍
おめでとうございます💮

JELA by Hnin Pwint (Data Sharing)🍀

07 Sep, 02:08


N-4 အတန်းလေးမှာ ပြင်ပက Listening လေ့ကျင့်ခန်းလေးတွေကို ထည့်သွင်းလေ့ကျင့်ပေးထားပါတယ်🍀

JELA by Hnin Pwint (Data Sharing)🍀

05 Sep, 16:48


N-5 အတန်းမှာ Grammar သင်ကြားနေတဲ့ ပုံရိပ်လေးပဲဖြစ်ပါတယ်🍀

JELA by Hnin Pwint (Data Sharing)🍀

04 Sep, 16:14


https://www.facebook.com/100072166357735/posts/pfbid02qKKA2kxfiwkFTmS2UafGex2KHW4F5hiadpHg8VCNGmRaApZEZVs6ebsQCDmenbAAl/

JELA by Hnin Pwint (Data Sharing)🍀

04 Sep, 16:13


Facebook မှာ GA လေးပေးထားပါတယ်ရှင်🍀

JELA by Hnin Pwint (Data Sharing)🍀

02 Sep, 11:06


Osaka မြို့ပေါ်ရှိကျောင်းကြီး

10တန်းအမှတ် ၄၂၀ အထက်

အသက် ၂၄အောက်

Japan စာ N4 level ရှိသူ /N5 အောင်လက်မှတ်ရှိသူ

လဝက tekiseikoo1 ( class 1) ကျောင်း

လျှောက်ဖူးသမျှကျောင်းသားတိုင်း COE 100% passed တဲ့

အိုဆာကာမြို့လည်က ကျောင်း၊

ထပ်တိုးလျှောက်လိုသူများ

အထက်ပါအရည်အချင်းနှင့်
ကိုက်ညီပါက

စာရင်းပေးလို့ရပါပြီ။

M Japanese Language School (Yangon)

No.919, Ah Tha Kha 31 Street, 10 Quarter, South Okkalapa Township, Yangon

09945080222, 0994508044

JELA by Hnin Pwint (Data Sharing)🍀

01 Sep, 16:15


အားလုံးပဲ မင်္ဂလာပါ။

🍀 September ရဲ့ ပထမဆုံးနေ့ရက်လေးမှာ ဘယ်လိုခံစားချက်မျိုးနဲ့ နိုးထခဲ့ပါသလဲရှင်။

🍀 တနင်္ဂနွေနေ့ ဖြစ်တာကြောင့်မလို့ နှင်းပွင့်ကတော့ တစ်နေလုံးအတန်းတွေမှာ စာသင်ရမှာဖြစ်တာကြောင့် အားအင်အပြည့်နဲ့ နိုးထခဲ့ပါတယ်။

🍀 အားလုံးလည်း ဒီနေ့ကစတင်ပြီး September လ တစ်လလုံးမှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာ အလုပ်တွေ လုပ်ကိုင် ပြီးမြောက်ကြပါစေရှင်

JELA by Hnin Pwint (Data Sharing)🍀

30 Aug, 16:03


JELA မှာ N-3 တန်းတက်ခဲ့ပြီး
ပြီးခဲ့တဲ့ April Intake မှာ Language School တက်ရောက်နေတဲ့ ကျောင်းသူလေးရဲ့ စကားသံလေး🍀

JELA by Hnin Pwint (Data Sharing)🍀

26 Aug, 16:00


စာမေးပွဲရလဒ်တွေကို လာပြောပေးကြတဲ့ ကျောင်းသားတွေကို ကျေးဇူးတင်ပါတယ်ရှင်

အခုလို အောင်ကြတာ၊ အမှတ်ပြည့်တွေရကြတာက ကျောင်းသားတွေကိုယ်တိုင်ရဲ့ ကြိုးစားအားထုတ်မှု၊ လုံ့လစိုက်မှုတွေကြောင့်ပါ။ နောက် level တွေကိုလည်း အခုလိုပဲ ဆက်လက်ကြိုးစားသွားပါနော်။

စာမေးပွဲဆိုတာ အအောင်နဲ့ အကျ နှစ်မျိုးပဲ ရှိတာမလို့ ဒီတစ်ခါ အကြောင်းကြောင်းကြောင့် ကျရှုံးခဲ့ရင်လည်း အားမလျှော့ဘဲ ဆက်လက်ကြိုးစားစေချင်ပါတယ်။ ဒီတစ်ခေါက်မှာ အားနည်းသွားတဲ့အပိုင်းကို ပြန်လည်ဖြည့်တင်းပြီး နောက်တစ်ကြိမ် ထပ်ကြိုးစားကြရအောင်ပါ။

JELA က ကျောင်းသားဟောင်းတွေက FREE ပြန်တက်လို့ရတဲ့ အစီအစဉ်ရှိတာမလို့ ပြန်တက်ချင်တဲ့သူတွေက Viber မှာ ဆက်သွယ်ပေးပါနော်။

1,530

subscribers

69

photos

56

videos