Bago Scout Network @bagoscoutnetwork Channel on Telegram

Bago Scout Network

@bagoscoutnetwork


စစ်အာဏာရှင်စနစ် အလုံးစုံပျက်သုဉ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီရေးလုပ်ဆောင်နေသော ပဲခူးတိုင်းအတွင်းရှိ လူငယ်အဖွဲ့အစည်းများ ပိုမို၍ချိတ်ဆက်မှုအားကောင်းလာစေရန်
Fb Page - https://www.facebook.com/BagoRegionalSupportTeam/

Bago Scout Network (Burmese)

စစ်အာဏာရှင်စနစ် အလုံးစုံပျက်သုဉ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီရေးလုပ်ဆောင်နေသော ပဲခူးတိုင်းအတွင်းရှိလူငယ်အဖွဲ့အစည်းများ ပိုမို၍ချိတ်ဆက်မှုအားကောင်းလာစေရန်။ ဤခေတ်သည် ပေါ်ပျပျဝျာဦကဏ့ိးတိုင်အသုံးချရမှာဦကဏ့ိးတိုင်ပိုမို၍စစ်အာဏာရှင်ပိမုကအသုံးချရ၊ ဘုရငါနိုင၊ နီစဗငှ်မုုနွုနိီကလု်းဟုုပျက်သုဉ်းရဓေော ပေုဲထထ်ဆောက်အသဴမေၚဝ်း၎္၊ အသိမုုနွုနါမုုပြင၊ စုိးမရဟု၊ တကဠုုမောူရဥၚဆေုးမ်ညတင့္တင့္အီဲ။ ဒဎငယငိုုုကေု၊ အကာကု၊ ကုကူ∙သဆဴဲငယငယ်ကၚတီးှ်။ ရငိုုဟုုငယွုငယွု၊ ပျဒဲ⸗ု∙ငသဗဗဟငဗွၚ်း၊ အလု့ီြုဘဟူနူငဲ၊ လူဲုအမမနကှူ၊ လူ∙ုအသယုယူလယွမၚ္လဏူနိ်တ၊ ပ္ညူံငၚီၚွံတိုုုုဲုုဓဂံ၊ သဗညဗငဗင၊ ဒဎငယငဏုုကေဓူ။ Fb Page - https://www.facebook.com/BagoRegionalSupportTeam/

Bago Scout Network

19 Feb, 16:50


Bago Scout Network pinned «ပဲခူးမြို့(ဧည့်စာရင်း) ၁၉၊ဖေဖော်ဝါရီ၊၂၀၂၅ မှော်ကန် ရပ်ကွက် မှာ စခ ၊ ရခ၊ မီးသတ်၊ အုပ်ကြီး အကုန်ပါ အိမ်တိုင်းကို ဧည့်စာရင်း စစ်နေပြီး အခု (၁၅)လမ်းဘက် ရောက်နေပြီ ဟု သိရပါတယ်။ (10:45)pm (22:59) pm -(၁၃)လမ်းရောက်နေ #BNOC #BRST»

Bago Scout Network

19 Feb, 16:50


ပေါက်ခေါင်းမြို့ အိုက်စောက်ရွာ စက်တပ်လေထီးနဲ့ ဗုံးကြဲခံရမှုမှာ အသက်ငါးဆယ်ကျော် ရွာခံအမျိုးသမီးကြီးတစ်ဦး သေဆုံး၊ သားဖြစ်သူ အသက်သုံးဆယ်ခန့် အမျိုးသားတစ်ဦး လက်ပြတ်ပြီး ဆယ်နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရ ခဲ့တယ်လို့ ကနဦး သိရပါတယ်။

ဆက်သွယ်ရန်_ @thethninaung1

Feb19(11:15PM)
#သတိပြုပါ #မျှဝေပါ
#pyayundergroundnewspugn

Bago Scout Network

19 Feb, 16:49


ပေါက်ခေါင်းမြို့ အိုင်စောက်ရွာ အနီး ကို ဖက်ဆစ်တပ်က စက်တပ်လေထီးနဲ့ ဗုံး(၂)လုံးကြဲချပြီး ရွာခံအမျိုးသမီးကြီးတစ်​ယောက် သေဆုံးသွားပါတယ်။ ကြို့ပင်ရွာအနီးမှာ ဗုံး(၂)လုံးချပြီး မြောက်ကန်ကလေးရွာ၊ နတ္တလင်းရွာနဲ့ သစ်ရောင်းပြန်ရွာ အနီးအနားကိုလည်း ဗုံးကြဲသွားပါတယ်။

ရွာသားတွေလည်းထွက်ပြေးနေတယ်လို့ သိရပါတယ်။

မြေပြင်မှာ ထိခိုက်မှု ဒီထက်ပိုများနိုင်ပါတယ်။

ပြည်မြို့ မင်းကြီးတောင်တစ်ဝိုက်မှာ Drone တွေ ပျံသန်းနေပါတယ်။

ဆက်သွယ်ရန်- @thethninaung1

Feb19(11:00PM)

#သတိပြုပါ #မျှဝေပါ
#pyayundergroundnewspugn

Bago Scout Network

19 Feb, 16:17


ပဲခူးမြို့(ဧည့်စာရင်း)

၁၉၊ဖေဖော်ဝါရီ၊၂၀၂၅

မှော်ကန် ရပ်ကွက် မှာ စခ ၊ ရခ၊ မီးသတ်၊ အုပ်ကြီး အကုန်ပါ အိမ်တိုင်းကို ဧည့်စာရင်း စစ်နေပြီး အခု (၁၅)လမ်းဘက် ရောက်နေပြီ ဟု သိရပါတယ်။
(10:45)pm

(22:59) pm -(၁၃)လမ်းရောက်နေ

#BNOC #BRST

Bago Scout Network

19 Feb, 15:50


စက်တပ်လေထီး (၃)စီးခန့် ပြည်မြို့ပေါ်က ဖြတ်ပြီး ပေါက်ခေါင်းဘက်ကို ဒုတိယအကြိမ် ပျံသန်းသွားပါတယ်။

ပြည်မြို့ပေါ် ရပ်ကွက်တွေမှာ Drone တွေ အစုလိုက်ပျံနေတာ တွေ့နေရပါတယ်။

ဆက်သွယ်ရန် _ @thethninaung1

Feb19(10:20PM)
#သတိပြုပါ #မျှဝေပါ
#pyayundergroundnewspugn

Bago Scout Network

19 Feb, 07:30


ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF၃၆၀၁တပ်ရင်း)သတင်းထုတ်ပြန်ကြေညာချက်

  ပေါက်ခေါင်းမြို့ရှိစခဂိတ်များကိုစားနပ်ရိက္ခာနှင့်ခဲယမ်းများကိုပို့ဆောင်ပေးနေသောစခကား(၂)စီးအား၃၆၀၁တပ်ရင်းစ စ်ကြောင်းမှကြားဖြတ်တိုက်ခိုက်ရာစ ခ(၉)ဦးနေရာမှာတင်ပွဲခြင်းပြီးT-ayဆုံး

        ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ပြည်-ပေါင်းတလည်ကြား တောင်ဇင်းဝကွေ့အနီး18-2-2025ရက်နေ့(5:40)PMအချိန်ခန့်တွင် ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်( ၃၆၀၁PPDFတပ်ရင်း) စ စ်ကြောင်းမှပေါက်ခေါင်းမြို့ရှိစခဂိတ်စခန်းများကိုစားနပ်ရိက္ခာနှင့်ခဲယမ်းများကိုပို့ဆောင်ပေးနေသောစ ခစစ်ဖောကား(၂)စီးအားကြားဖြတ်တိုက်ခိုက်ရာစခ(၉)ဦးနေရာမှာတင်ပွဲခြင်းပြီးT-ayဆုံးသွားပါသည်။
      တိုက်ပွဲသည်ပြင်းထန်ခဲ့ပြီး၎င်းစစ်ဖောကားပေါ်တွင်တင်ဆောင်လာသောဆီပေပါများထပွင့်မီးလောင်ပြီး လက်ပစ်ဗုံး၊ကျည်နှင့်အခြား(၄၀)မမအသီးများပေါက်ကွဲမှုကြောင့်အနားကိုကပ်မရဘဲမီးလောင်နေသောလက်နက်များကိုသိမ်းစီး၍မရခဲ့ဘဲမီးမကူးသေးသောနေရာမှလက်ပစ်ဗုံး(၁)လုံးနှင့်ကျည်အချို့ကိုသာသိမ်းစီးနိုင်ခဲ့ပါသည်။
    ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့်စ စ်ရေးအရှိန်မြှင့်တင်နေပြီဖြစ်ပါသောကြောင့်ပြည်သူများအနေဖြင့်အကြ-မ်းဖက်စ စ်ကောင်စီတပ်ဖွဲ့ဝင်များစားနပ်ရိက္ခာပစ္စည်းများနှင့်ဆိုင်ကယ်၊ကားတို့ကိုငှားရမ်းခြင်း၊ကုန်ပစ္စည်များကိုတင်ဆောင်လိုက်ပို့ခြင်းများမပြုကြပါရန်အသိပေးအပ်သည်။
      ထိုသို့လုပ်ဆောင်ခြင်းများပြုလုပ်၍တစုံတရာဖြစ်ပေါ်လာပါကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့်တာဝန်ယူဖြေရှင်းသွားမည်မဟုတ်ကြောင်းကြိုတင်အသိပေးအပ်ပါသည်။
Paungde People Defense Force PPDF Battalion-3601
    စစ်ဆင်ရေးမှတ်တမ်းဓာတ်ပုံ၊ရုပ်သံများအားအောက်ဖော်ပြပါTelegram Channel တွင်ဝင်ရောက်ကြည့်ရှူ့နိုင်ပါသည်။
https://t.me/PPDF3601
#Paungdepdf

Bago Scout Network

19 Feb, 03:44


⚠️တောင်ငူ

တောင်ငူဖြတ်၍ MiG-29 Jet Fighter 1စင်း အရှေ့သို့ ပျံတက်။

10:13, Feb 19
#EAR

Bago Scout Network

19 Feb, 03:33


⚠️တောင်ငူ

တောင်ငူလေတပ်မှ MiG-29 Jet Fighter 1စင်း အနောက်မြောက်သို့ ပျံတက်။

10:02, Feb 19
#EAR

Bago Scout Network

19 Feb, 03:15


⚠️တောင်ငူ

တောင်ငူလေတပ်မှ K8-W Jet Fighter 1စင်း တောင်ဘက်သို့ ပျံတက်။

09:41, Feb 19
#EAR

Bago Scout Network

18 Feb, 16:06


သာယာဝတီမှာ မွေးဖွားခါနီး ကိုယ်ဝန်ဆောင် အမျိုးသမီး၏ ယောက်ျားဖြစ်သူနှင့် လူငယ်၁ဦးကို စစ်မှုထမ်းရန်အတွက် ပေါ်တာဆွဲ ဖမ်းဆီးသွား

Tharyarwaddy 8 City /ဖေဖော်ဝါရီ၁၈၊ ၂၀၂၅

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်ရှစ်မြို့နယ်ထဲက သာယာဝတီမြို့နယ်မှာ မွေးဖွားခါနီး ကိုယ်ဝန်ဆောင် အမျိုးသမီး၏ ယောက်ျားဖြစ်သူနှင့် လူငယ်၁ဦးကို စစ်မှုထမ်းရန်အတွက် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သတင်းရရှိပါသည်။

သာယာဝတီမြို့နယ်၊ ပေပင်ကုန်းရပ်ကွက်၊ ဝါးကပ်တန်းလမ်းနေ အုပ်ချုပ်ရေးမှူး စံထွန်း၊ ပျူစောထီး ထွန်းစိုး နှင့် တောသားကြီးတို့ ဦးဆောင်သည့် ပျူအဖွဲ့မှ ဖေဖေါ်ဝါရီလ ၁၇ရက် ယမန်နေ့ ည ၁၁နာရီ ၄၀မိနစ်ခန့် အချိန်တွင် လျှပ်စစ်ရုံး၌ နေ့စားအလုပ်လုပ်ကိုင်နေသော မောင်အာပြဲ အား စစ်မှုထမ်းရန်အတွက် ပေါ်တာဆွဲဖမ်းဆီးသွားပြီး အဆိုပါ ဖမ်းဆီးခံရသူ မောင်အာပြဲ ၏ ဇနီးဖြစ်သူမှာ မွေးဖွားခါနီး ကိုယ်ဝန်ဆောင်ဖြစ်ကြောင်း သိရသည်။

"ဝါးကပ်တန်းလမ်း အုပ်ကြီး စံထွန်းရယ် ထွန်းစိုးနဲ့ တောသားကြီးတို့ ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့တွေ လမ်းထဲဝင် ပေါ်တာဆွဲလို့ မောင်အာပြဲဆိုတဲ့ ကောင်လေး ပါသွားတယ်။ အဲ့ပေါ်တာဆွဲတဲ့ အထဲပါသူတွေက သူတို့သားသမီးတွေကို ကြိုရှောင်ခိုင်းပြီးမှ ရပ်ကွက်ထဲ ဝင်ဆွဲတာဗျ။ ပေါ်တာဆွဲခံလိုက်ရတဲ့ မောင်အာပြဲက EPCရုံးမှာ နေ့စားနဲ့ အလုပ်လုပ်နေတာ နောက်ပြီး သူ့မိန်းမကလည်း ဗိုက်ကြီးနဲ့ မွေးခါနီးနေပြီ"ဟု ဒေသခံတစ်ဦးမှ Tharyarwaddy 8 City ကို​ ရှင်းပြပါသည်။

အလားတူ ဖေဖေါ်ဝါရီလ ၁၇ရက် ယမန်နေ့ ည ၁၁နာရီ ၃၀မိနစ်ခန့် အချိန်မှာ မကျည်းကုန်းကျေးရွာ အတွင်းသို့ အုပ်ချုပ်ရေးမှူး နှင့် ပျူစောထီးများမှ ဝင်ရောက် ပေါ်တာဆွဲဖမ်းဆီးတာကြောင့် ဒေသခံများ တိမ်းရှောင်ခဲ့ရပြီး လူငယ်၁ဦး ဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။

သတင်း - ဝတီမောင်
စာတည်း - ရာမန်

#သာယာဝတီမြို့နယ်
#tharyarwaddy8city

Bago Scout Network

18 Feb, 11:18


https://youtube.com/@nwayoonarathein2

Bago Scout Network

18 Feb, 11:18


နွေဦးနရသိန် ကလစ်ကာများ ခင်ဗျား

နွေဦးနရသိန် ယူကျူ့ဘ်ချန်နယ်ဟာ ငွေပေးမှု ၃ လ ရပ်ဆိုင်းခံလိုက်ရပါတယ်
၃ လ ပြီးနောက်မှာလည်း ဆက်လက်ငွေရ၊ မရ မသေချာသေးတဲ့အတွက် နွေဦးနရသိန် -၂ ယူကျူချန်နယ်ကို ဒီနေ့ကစပြီး ပြောင်းလဲ ကလစ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါရစေခင်ဗျာ

ထောင်ဝင်စာ ပို့ကြမယ် အဖွဲ့ကနေ တနိုင်ငံလုံး အကျဉ်းထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသားတွေကိုထောက်ပံ့ပေးနေတာ တလကို လူ ၂၀၀၀ ကျော်ထောက်ပံ့ရပါတာ လစဉ်ကုန်ကျငွေ သိန်း ၄၀၀ ကျော် အထက်မှာရှိပါတယ်

နွေဦးနရသိန်အနေနဲ့ ကုန်ကျငွေ သုံးပုံ တစ်ပုံကို လစဉ် ယူကျူချန်နယ်ကနေ ထောက်ပံ့ပေးနေရာက အခုလို ၃ လရပ်ဆိုင်းလိုက်ရတဲ့အတွက် နိုင်ကျဉ်းတွေအတွက် ထောက်ပို့ကူညီမှုမှာ အများကြီးနစ်နာမှုရှိလို့ အခုချန်နယ်အသစ် နွေဦးနရသိန် - ၂ ကို လုပ်လိုက်ရတာ ဖြစ်ပါတယ်

နွေဦးနရသိန် - ၂ ကို ဆက်လက်ကလစ်ပေးရင် အကျဉ်းထောင်အသီးသီးမှာရှိတဲ့ နိုင်ကျဉ်းတွေကို စားစရာ၊ ဆေးဝါးနဲ့ လိုအပ်တဲ့ အသုံးဆောင်တွေ ထောက်ပံ့ပေးနိုင်မှာဖြစ်လို့ ကလစ်ကာတို့ရဲ့ အချိန်နည်းနည်းလေးဖြစ်ဖြစ် ဖဲ့ပေးနိုင်ဖို့ မေတ္တာရပ်ခံပါရစေခင်ဗျာ

Bago Scout Network

17 Feb, 16:10


ပြည်မြို့ နဝင်းဝါရုံရပ်ကွက် တာရိုးဘက်မှာ ရဲတွေနဲ့ အရပ်ဝတ်တွေ အင်အား(၁၅)ယောက်ခန့်က ဧည့်စာရင်း ဝင်စစ်နေပါတယ်။

သတင်းပေးပို့ရန်_ @thethninaung1

Feb17(10:25PM)
#သတိပြုပါ #မျှဝေပါ
#pyayundergroundnewspugn

Bago Scout Network

17 Feb, 14:49


ပြည်ခရိုင်၊ ဝက်ထီးကန်တိုက်နယ်၊ ကန်ကြီးကုန်းအုပ်စု ဝိုင်းချောင်းကျေးရွာကို ယနေ့မနက် (၃)နာရီခန့်က စတင်ပြီး စစ်ကောင်စီတပ်အင်အား (၆၀) ခန့်က ဝင်ရောက်တပ်စွဲပြီး ရွာသားတွေကို စစ်ဆေးနေတယ်လို့ ဒေသခံတွေရဲ့ သတင်းပေးပို့ချက်အရသိရပါတယ်။

သတင်းပေးပို့ရန်_ @thethninaung1

#သတိပြုပါ #မျှဝေပါ
#pyayundergroundnewspugn

Bago Scout Network

17 Feb, 12:48


ကျေးရွာအုပ်ကြီးမှ ပြည်သူများအပေါ်အာဏာပြခြိမ်းခြောက်ကာအနိုင်ကျင့်ဗိုလ်ကျနေ

February 17====2025

ကဝမြို့နယ် မမောက်ရွာဟောင်းတွင် စစ်အုပ်စုခန့် ကျေးရွာအုပ်ကြီးမှ ပြည်သူများအပေါ် အနိုင်ကျင့်ဗိုလ်ကျကာ အာဏာပြနေကြောင်း သိရသည်။

ပြည်သူများထံမှ စစ်မူထမ်းစားရိတ်အတွက်ဟုဆိုကာ တစ်အိမ်ထောင်လျှင် ‌၃‌၅၀၀၀ ကျပ်ဖြင့်ကောက်ခံခဲ့ရာ ၄ ကြိမ်ရှိပီဖြစ်ပီး၊ဧည့်စာရင်းတိုင်ခြင်း ထောက်ခံစာရေးခြင်းများအတွက် ၅ထောင်၊၁ သောင်းကျပ်တောင်းခံကာစီးပွားဖြစ်နေသည်ဟုလဲသိရသည်။ထို့အပြင် သာရေးနာရေးကိစ္စများရှိလျှင်လည်း ၁သိန်းကျပ်ပေးနေရကြောင်းသိရသည်။

အုပ်ကြီးအိမ်သို့ စစ်ခွေးများ၊ရဲခွေးများ မကြာမကြာလာပီး သောက်စားပြီး ပြန်သွားလျှင်လည်း ပြည်သူများထံမှ စားရိတ်ဟုဆိုကာ ပြန်လည်ကောက်ခံပြီး မကျေနပ်လျှင် အပေါ်ကိုတိုင်ရမလား၊စစ်ခွေးများခေါ်လိုက်ရမလားဟုလည်း ပြည်သူများအပေါ်ခြိမ်းခြောက်လေ့ရှိသည်ဟု စုံစမ်းသိရှိရသည်။

အုပ်ကြီးမှာ မင်းစိန်ဖြစ်ပြီး
ညီဖစ်သူအရင်အုပ်ကြီးဟောင်း မောင်ဇော်အား သတ်သွားသော PDF များကိုလက်စားချေမည်ဟုကြွေးကြော်ကာ အုပ်ကြီးတက်လုပ်ခြင်းဖြစ်ပြီး စစ်မူထမ်းသင်တန်းလည်း သွားတက်ထားကာ ‌လက်ပစ်ဗုံးနှင့်သေနတ်ကိုင်ဆောင်ထားပြီး ပြည်သူများအပေါ် အနိုင်ကျင့်ဗိုလ်ကျနေကြောင်း စုံစမ်းသိရှိရသည်။

#KawaInformation

Bago Scout Network

17 Feb, 09:19


သတင်းထုတ်ပြန်ချက် ၂/၂၀၂၅

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ထန်းပင်ကုန်းကျေးရွာ စစ်ဆေးရေးဂိတ်မှ စကစ တပ်သား အောင်တင်မြင့် (ကိုယ်ပိုင်နံပါတ်-၁၂၆၃၄၄) သည် (၁၇.၂.၂၀၂၅) ရက် နံနက် (၁၀:၀၀) နာရီခန့်တွင် မိမိတို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ဗျူဟာစစ်ကြောင်းထံ အလင်းဝင်ရောက်လာပါသည်။

အဆိုပါ အလင်းဝင်လာသူ စကစ တပ်သား အောင်တင်မြင့် သည် ၂၀၂၄ ခုနှစ် ၁၀လပိုင်းတွင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ရန်ကုန်မြို့သို့ ကားစီးလာစဥ် အုတ်ဖိုတာဆုံ စစ်ဆေးဂိတ်ရှိ စကစများက စစ်ဆေး ဖမ်းဆီး၍ စစ်တပ်ထဲမဝင်ရင် ထောင်၅နှစ် ချမည်ဟု ခြိမ်းခြောက်တာကြောင့် စစ်မှုထမ်းအပတ်စဥ် (၆) တပ်သား အဖြစ် ဝင်ရောက်ခဲ့ရကြောင်း ၄င်း၏ ပြောဆိုချက်အရ သိရှိရပါသည်။

ဆက်လက်၍လည်း ပြည်သူလူထုအား အမျိုးမျိုး ဒုက္ခပေးနေသော ဝရမ်းပြေး စစ်ခေါင်းဆောင် မင်းအောင်လှိုင် လက်အောက်တွင် တာဝန်ထမ်း ဆောင်နေကြသည့် စကစများအနေနဲ့ အလင်းဝင်ကြရန်နှင့် မိမိတို့တပ်ဖွဲ့ထံ လက်နက်နှင့်အတူ အလင်းဝင်လာပါက ထိုက်တန်စွာ ချီးမြင့်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅

Bago Scout Network

17 Feb, 08:33


🛑ရခိုင်ရိုးမပေါ်ရှိ ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ်အပိုင် စကစတပ်ရဲ့အမာခံ ခံစစ်စည်းညောင်ကျိုး နှင့်(၃)မိုင်သာ ကွာဝေးသည့် (ပုဂံကွဲ)စကစ စခန်းကို အာရက္ခတပ် AAက ဒီမနက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Source from RFA

#pyayundergroundnewspugn

Bago Scout Network

12 Feb, 16:31


Bago Scout Network pinned «🛑သတင်းပေးထောက်ပို့ပြည်သူများအတွက်🛑 မအလ စစ်တပ်ဟာ အခုချိန်မှာ စစ်ရေးအရ ခံစစ်ဘက်ကိုပဲ လုပ်လာနိုင်တဲ့အနေအထားရောက်ပါပြီ။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ ပူးပေါင်းထိုးစစ်ဆင်မှုတွေက ပဲခူးဒေသအတွင်းရှိ နေရာတော်တော်များများကို ဖြန့်လာပြီ ဖြစ်လို့…»

Bago Scout Network

12 Feb, 16:29


🛑သတင်းပေးထောက်ပို့ပြည်သူများအတွက်🛑

မအလ စစ်တပ်ဟာ အခုချိန်မှာ စစ်ရေးအရ ခံစစ်ဘက်ကိုပဲ လုပ်လာနိုင်တဲ့အနေအထားရောက်ပါပြီ။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ ပူးပေါင်းထိုးစစ်ဆင်မှုတွေက ပဲခူးဒေသအတွင်းရှိ နေရာတော်တော်များများကို ဖြန့်လာပြီ ဖြစ်လို့ တစ်နည်းအားဖြင့် စစ်ဘောင်ကျယ်လာပြီ ဖြစ်ပါတယ်။ မအလ စစ်တပ်နဲ့ပတ်သတ်သမျှ သတင်းတိုင်းက တော်လှန်ရေးအတွက် သိပ်ကို အရေးကြီးပါတယ်။ မဆုံးရှုံးသင့်တာမဆုံးရှုံးရအောင်၊ အပြစ်ပေးအရေးယူသင့်တာ အချိန်မှီအရေးယူနိုင်အောင် ပြည်သူများကလည်း သတင်းပေးခြင်းဖြင့် တော်လှန်ရေးက အရွေ့မြန်လာမှာဖြစ်တဲ့အတွက် ပြည်သူများရဲ့ လုံခြုံရေးကို ရှေ့ရှုပြီး လုံခြုံစွာသတင်းပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ပေးပို့လာသောသတင်းများကို စိစစ်ပြီး မြေပြင်တပ်ဖွဲ့များထံ ပြန်လည်မျှဝေသွားပါမည်။

Comment တွင် တစ်ပုံချင်းစီကြည့်ရန်
-----------
#BNOC #PUGN #TSRNC #EAR

Bago Scout Network

11 Feb, 16:55


ပြည်မြို့ ဧရာဝတီဟော်တယ် အရှေ့မှာ ထိုင်ပြီး သောက်စားနေကြတဲ့ လူငယ်တစ်ချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ယနေ့ည (၇)နာရီခန့်မှာ ဖမ်းဆီးသွားတယ်လို့ မြင်တွေ့ခဲ့ရတဲ့ပြည်သူတွေက PUGN ကိုပြောပါတယ်။

Feb11(11:00PM)

Bago Scout Network

11 Feb, 16:55


ပြည်မြို့ပေါ်ရှိိ အိုးဝေ သုံးဘီးယာဥ်များအား ဖေဖော်ဝါရီ (၁၂)ရက်နေ့ ပြည်ထောင်စုနေ့တွင်
မြန်မာနိုင်ငံ အလံများ ထင်ရှားမြင်သာအောင် တပ်ဆင်မောင်းနှင်ရန် စစ်ကောင်စီက သတင်းထုတ်ပြန်ထားတယ်လို့ အိုးဝေယဥ်မောင်းတွေက PUGN ကိုပြောပါတယ်။

မြို့ပေါ်မှာ စစ်ကောင်စီတပ်သားများက လိုက်လံစစ်ဆေးမှာဖြစ်ပြီး မတပ်ဆင်ဘဲ မောင်းနှင်သောယာဥ်များကို ဒဏ်ငွေ ၅ သောင်းကျပ် ချမှတ်မည်ဟု သိရပါတယ်။

Feb11(11:25PM)

Bago Scout Network

11 Feb, 15:26


Golden Garuda Battalion - G2B ရွှေဂဠုန်စစ်ကြောင်း မှ စစ်ကောင်စီတပ်အား လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့် ရုပ်သံ

Bago Scout Network

11 Feb, 15:26


ဓာတ်ပုံ - Golden Garuda Battalion - G2B ရွှေဂဠုန်စစ်ကြောင်း မှ သတင်းထုတ်ပြန်စာ

Bago Scout Network

11 Feb, 09:28


ဓာတ်ပုံ - ရွာသစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဝင်းမြင့်၊ ညွှန့်သောင်း၊ သန်းထွန်း၊ ဘိုစာ၊ ဝင်းထိုက်

Bago Scout Network

11 Feb, 09:28


အိုးသည်ကုန်းမှာ တောင်သူများ ပဲရိတ်သိမ်းချိန်အတွင်း စစ်ကောင်စီတပ် ပေါ်တာမဆွဲရန် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ပြည်သူများထံမှ ငွေကြေးများ အတင်းအကြပ်ကောက်ခံနေ

Tharyarwaddy 8 City /ဖေဖော်ဝါရီ၁၁၊ ၂၀၂၅

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်ရှစ်မြို့နယ်ထဲက အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့၊ ရွာသစ်ရပ်ကွက်တွင် တောင်သူများ ပဲရိတ်သိမ်းချိန်အတွင်း စစ်ကောင်စီတပ် ပေါ်တာမဆွဲရန် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှ ပြည်သူများထံ ငွေကြေးများ အတင်းအကြပ်ကောက်ခံနေကြောင်း သတင်းရရှိပါသည်။

အိုးသည်ကုန်းမြို့၊ ရွာသစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဝင်းမြင့် ဦးဆောင်၍ ညွှန့်သောင်း၊ သန်းထွန်း၊ ဘိုစာ၊ ဝင်းထိုက်၊ ဂလိုင်ကြီး၊ ညွှန့်တင်၊ ညွှန့်လှိုင်၊ ဖိုးကုလား၊ မောင်ညွန့်၊ မောင်မောင်လွင်၊ ဇော်နိုင်ဝင်း တို့သည် တောင်သူများ ပဲရိတ်သိမ်းချိန်အတွင်း စစ်ကောင်စီတပ် ပေါ်တာမဆွဲစေရန် အတွက်ဆိုကာ ဒေသခံပြည်သူများအား တစ်အိမ်လျှင် ငါးသောင်းကျပ် မှ သုံးသောင်းကျပ် ပေးကြရန် တစ်အိမ်ဆင်းတစ်အိမ်တက် လိုက်လံကောက်ခံနေကြောင်း သိရသည်။

"လယ်သမားတွေ ပဲရိတ်သိမ်းချိန်မှာ စစ်တပ်က ပေါ်တာမဆွဲအောင် တစ်အိမ်ကို အဆင်ပြေရင် ၅၀၀၀၀ အဆင်မပြေရင် ၃၀၀၀၀ ပေးရမယ်ဆိုပြီး အတင်းအကြပ် တောင်းနေပါတယ်။ စစ်မှုထမ်းထောက်ပံ့ကြေးလည်း လစဥ်ပေးနေရတဲ့အပြင် ခုပိုက်ဆန်ထပ်ကောက်တော့ အကုန်လုံး အခက်အခဲ ဖြစ်တာပေါ့။ လယ်သမားများအနေနဲ့ ကိုယ့်အလုပ် အဆင်ပြေဖို့ တခြားပြည်သူတွေဆီက ငွေမကောက်စေချင်ဘူး သူတို့ဘာသာ ငွေကြေးစိုက်ထုတ်သင့်ပါတယ်"ဟု အိုးသည်ကုန်းမြို့ခံတစ်ဦးမှ Tharyarwaddy 8 City ကို ပြောပြပါသည်။

ထို့အပြင် အုပ်ချုပ်ရေးမှူး ဝင်းမြင့်မှ ဒေသခံပြည်သူများအား အစည်းအဝေးခေါ်ပြီး အသက် ၃၅နှစ် မှ ၅၅နှစ် အတွင်း အကျုံးဝင်သူ အမျိုးသားတိုင်း စစ်သင်တန်းတက်ရန်နှင့် စစ်သင်တန်း ပြီးဆုံးပါက ကျရာနေရာတွင် ကင်းစောင့်ရမည်ဆိုကာ အမည်စာရင်းများ ကောက်ယူနေကြောင်း သိရသည်။

ဓာတ်ပုံ - ရွာသစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဝင်းမြင့်၊ ညွှန့်သောင်း၊ သန်းထွန်း၊ ဘိုစာ၊ ဝင်းထိုက်

သတင်း - တက်တိုးအောင်
စာတည်း - ရာမန်

#အုတ်ဖိုမြို့နယ်
#tharyarwaddy8city

Bago Scout Network

11 Feb, 09:00


တောင်ငူက ပျူစောထီးခေါင်းဆောင်ဆိုသူ ပစ်သတ်ခံရ

တောင်ငူ၊ ဖေဖော်ဝါရီ ၁၁၊ ၂၀၂၅။

ပဲခူးတိုင်း၊ တောင်ငူမြို့၊ ထီးလှိုင် ၁ ရပ်ကွက်က ပျူစောထီးခေါင်းဆောင်အမျိုးသား ၁ ဦးကိုပစ်ခတ်ရာ သေဆုံးခဲ့တယ်လို့ တောင်ငူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၀ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ထီးလှိုင်ရပ်ကွက်နေ အသက် ၄၀ အရွယ် ဝတုတ် (ခ) အောင်ကိုဆိုသူကို ဖေဖော်ဝါရီ ၁၀ ရက်မနက် ၁၀ နာရီခွဲမှာပစ်ခတ်ခဲ့ရာ ဦးခေါင်းကိုကျည်ထိမှန်သေဆုံးခဲ့တာလို့ သိရပါတယ်။

ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဒေသခံတဦးကတော့ “ပစ်ခတ်ခံရတာတော့ကြားတယ်၊ အဖွဲ့အစည်းတခုက သူ့ကို နိုင်ငံရေးရပ်တည်ချက်တခုကြောင့် သတ်သွားတယ်လို့ ပြောတယ်၊ ကြားတာပေါ့။ ဘာအလုပ်လုပ်လို့လဲတော့မသိဘူး။ ရာအိမ်မှူးအုပ်ချုပ်ရေးမှူးတို့ လုပ်တာတော့မဟုတ်ဘူး။ ပြောရရင်တော့ ဒလန်ပေါ့။” လို့ ပြောပါတယ်။

သတင်းအပြည့်အစုံ - https://myaelattathan.org/articles/တောင်ငူက_ပျူစောထီးခေါင်းဆောင်ဆိုသူ_ပစ်သတ်ခံရ

Bago Scout Network

10 Feb, 12:25


မင်းလှမှာ စစ်မှုထမ်းအပတ်စဥ်(၁၀)အတွက် ပို့ပေးရမည့် သတ်မှတ်လူဦးရေ မပြည့်မီတာကြောင့် စစ်ကောင်စီတပ်မှ ပေါ်တာဆွဲကြမ်းနေပြီး လူငယ် (၂၈)ဦးအား ဖမ်းဆီးထား

Tharyarwaddy 8 City / ဖေဖော်ဝါရီ၁၀၊ ၂၀၂၅

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်ရှစ်မြို့နယ်ထဲက မင်းလှမြို့နယ်၊ အင်ကြင်းကုန်းအုပ်စု၊ ကျောက်တိုင်ကျေးရွာနေ ဆယ်တန်းတန်း ကျောင်းသား ၁ဦးနှင့် လူငယ်၂ဦး အား ဖေဖော်ဝါရီလ ၉ရက် ယမန်နေ့ နံနက် ၁၁နာရီခန့် အချိန်တွင် အဆိုပါရွာထိပ်ရှိ ရန်ကုန်-ပြည် ကားလမ်းဘေး၌ အိမ်စီးကား စီးလာသော စစ်ကောင်စီတပ်သားများမှ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိပါသည်။

"ကျောက်တိုင်ရွာက ဆယ်တန်းကျောင်းသား ၁ယောက်နဲ့ လူငယ်၂ယောက်ကို ရွာထိပ် ရန်ကုန်-ပြည်လမ်းပေါ်မှာ အိမ်စီးကားစီးလာတဲ့ စစ်သားတွေ ပေါ်တာဆွဲပြီး ဖမ်းသွားပါတယ်။ အခုတော့ သူတို့တွေကို စစ်မှုထမ်းဖို့အတွက် ထွေအုပ်ရုံးမှာ ဖမ်းထားပါတယ်"ဟု ဒေသခံတစ်ဦးမှ Tharyarwaddy 8 City ကို ပြောပြသည်။

အလားတူ ဖေဖော်ဝါရီလ ၆ရက်နေ့ မွန်းလွဲ ၁နာရီခန့် အချိန်တွင် ထောက်ကြန့်အုပ်စု၊ ဆားချောင်းရွာနေ ကိုထွေးနှင့် ကိုထွဋ်တို့အား စစ်ကောင်စီတပ်သားများမှ ပေါ်တာဆွဲဖမ်းဆီး၍ ထွေအုပ်ရုံးသို့ ခေါ်သွားကြောင်း၊ အဆိုပါ ဖမ်းဆီးခံရသူများအား အုပ်ချုပ်ရေးမှူးနှင့် ၄င်းတို့၏ မိသားစုဝင်များမှ လိုက်လံထုတ်ယူသော်လည်း စစ်မှုထမ်းရမည်ဆိုပြီး ဖမ်းဆီးထားကြောင်း သိရှိရပါသည်။

"ကျွန်တော်တို့ရွာက ကိုထွေးနဲ့ ကိုထွဋ်တို့နှစ်ယောက် အလုပ်ကိစ္စနဲ့ ဦးတိုကညင်ပင်ရွာဘက်သွားရင်း စစ်သားတွေ ပေါ်တာဆွဲပြီး ထွေအုပ်ရုံးမှာ ဖမ်းထားပါတယ်။ သူတို့ပြန်လွတ်ဖို့ အုပ်ကြီးနဲ့ သူတို့မိသားစုတွေ လိုက်ထုတ်တော့ စစ်မှုထမ်းဖို့ စုဆောင်းထားလို့ ပြန်လွတ်ပေးမရဘူး ပြောပါတယ်"ဟု ဒေသခံ တစ်ဦးမှ Tharyarwaddy 8 City ကို ​​ရှင်းပြသည်။

စစ်ကောင်စီ၏ စစ်မှုထမ်းအပတ်စဥ်(၁၀)အတွက် မင်းလှမြို့နယ်မှ စစ်မှုထမ်းတပ်သားသစ် ၄၀ဦး ပို့ပေးရမည်ဖြစ်ကာ လက်ရှိတွင် ၂၈ဦးသာ ပေါ်တာဆွဲ ဖမ်းဆီးထားနိုင်ကြောင်း၊ သတ်မှတ်ထားသော စစ်မှုထမ်းတပ်သားသစ်များ ရရှိစေရန် ပေါ်တာဆွဲ ဖမ်းဆီးမှုများအား အရှိန်မြင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရပါသည်။

"စစ်မှုထမ်းအပတ်စဥ်(၁၀)အတွက် လူ၄၀ပေးရမှာ ခုလက်ရှိ ၂၈ဦးပဲ ရသေးတော့ လူပြည့်အောင် ထပ်ပေါ်တာဆွဲပါမယ်။ လူမြန်မြန်ပြည့်အောင် အသက်၁၄ ကနေ ၅၀အတွင်း အမျိုးသားတွေကို တွေ့တဲ့နေရာမှာ ရသလိုဆွဲဖို့ ညွှန်ကြားထားပါတယ်"ဟု စစ်ကောင်စီနဲ့ နီးစပ်သူ မင်းလှမြို့ခံတစ်ဦးမှ Tharyarwaddy 8 City ကို ​​ပြောပြသည်။

သတင်း - လော်ရှိန်းအောင်
စာတည်း - ရာမန်

#မင်းလှမြို့နယ်
#tharyarwaddy8city

Bago Scout Network

10 Feb, 12:09


"ထုတ်ပြန်ချက်အတုများနှင့် စပ်လျဥ်း၍ အသိပေးခြင်း"
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသော အထက်ပါ စာများသည် အတုများဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

Bago Scout Network

10 Feb, 05:18


⚠️တောင်ငူ

တောင်ငူ‌လေတပ်မှ တတိယ K8-W Jet Fighter 1စင်း မြောက်ဘက်သို့ ပျံသန်း။

11:46, Feb 10
#EAR

Bago Scout Network

09 Feb, 16:57


ပဲခူးမြို့(ဧည့်စာရင်း)

၉၊ဖေဖော်ဝါရီ၊၂၀၂၅

မှော်ကန်ရပ်ကွက် ဧည့်စာရင်းစစ်နေပါတယ်။
(11:20pm)

#BNOC

သတင်းပေးရန်
https://t.me/BagoKarenScout

Bago Scout Network

06 Feb, 11:20


စကစ၆ဦး6သဆုံးခဲ့သည့် စင်မြင့်တို-က်-ပွဲ(ရုပ်သံ)

Bago Scout Network

06 Feb, 06:36


မိုးညိုမှာ စစ်မှုထမ်းထောက်ပံ့ကြေး လစဥ်မပေးတဲ့ အိမ်တွေကို အုပ်ချုပ်ရေးမှူးများက သေနတ်နဲ့ပစ်ခတ်ပြီး ခြိမ်းခြောက်တောင်းနေလို့ ပြည်သူတွေ အခက်ကြုံနေ

Tharyarwaddy 8 City /ဖေဖော်ဝါရီ၅၊ ၂၀၂၅

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်ရှစ်မြို့နယ်ထဲက မိုးညိုမြို့နယ်မှာ စစ်မှုထမ်းထောက်ပံ့ကြေး လစဥ်မပေးတဲ့ အိမ်တွေကို အုပ်ချုပ်ရေးမှူးများက သေနတ်နဲ့ပစ်ခတ်ပြီး ခြိမ်းခြောက်တောင်းနေလို့ ပြည်သူတွေ အခက်ကြုံနေကြောင်း သတင်းရရှိပါသည်။

မိုးညိုမြို့နယ်၊ ရေကင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မင်းဇော်၊ ၄င်း၏ ယောက်ဖ မောင်ကို၊ ရာအိမ်မှူးများ ဖြစ်ကြသည့် သိန်းဝင်း၊ သန်းမျိုးဦး၊ မြင့်အောင်နှင့် မျိုးကြီး(ခ)မျိုးထွန်းအောင်တို့သည် ဒေသခံများအား စစ်မှုထမ်းထောက်ပံ့​ရန်ဟုဆိုကာ တစ်အိမ်လျှင် ငါးသောင်းကျပ် လစဥ်ကောက်ခံနေသလို စစ်မှုထမ်းရန်အကျုံးဝင်သည့် လူငယ်တစ်ဦးလျှင် ​တစ်သိန်းငါးသောင်းကျပ် ကောက်ခံနေကြောင်း၊ ၄င်းတို့ကောက်ခံသည့် ငွေမပေးသည့် နေအိမ်များအား သေနတ်နဲ့ ပစ်ခတ်၍ ခြိမ်းခြောက်တောင်းနေကြောင်း သိရသည်။

"စစ်မှုထမ်းထောက်ပံ့ဖို့ တစ်အိမ်ကို ငါးသောင်း အသက်၁၈ကနေ ၃၅နှစ်အတွင်း အကျုံးဝင်သူ တစ်ယောက်ကို တစ်သိန်းခွဲ ပေးရမယ်​ဆိုပြီး တောင်းနေပါတယ်။ လာကောက်တဲ့သူတွေက အုပ်ကြီးမင်းဇော်နဲ့ သူ့ယောက်ဖ မောင်ကိုရယ် ရာအိမ်မှူး သန်းမျိုးဦး၊ သိန်းဝင်း၊ မြင့်အောင်နဲ့ မျိုးကြီးတို့ပါ။ အုပ်ကြီးမင်းဇော်က ငွေမပေးတဲ့ အိမ်တွေကို သေနတ်နဲ့ တောင်ပစ်မြောက်ပစ်လုပ်ပြီး ခြိမ်းခြောက်နေပါတယ်။ ပေးစရာငွေမရှိသူတွေက အခက်ကြုံပြီး ခုဆိုရင် တိမ်းရှောင်နေကြရပါတယ်"ဟု ဒေသခံတစ်ဦးမှ Tharyarwaddy 8 City ကို ပြောပြပါသည်။

အလားတူ ဇီးပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နိုင်ဝင်း မှ ဒေသခံများအား စစ်မှုထမ်းထောက်ပံ့ကြေးဟုဆိုကာ တစ်အိမ်လျှင် သုံးသောင်းကျပ် လစဥ်ကောက်ခံနေသလို စစ်မှုထမ်းရန် အကျုံးဝင်သူ တစ်ဦးလျှင် ​သုံးသောင်းကျပ် ကောက်ခံနေကြောင်း၊ ၄င်းကောက်ခံသော ငွေမပေးသည့် နေအိမ်များအား စစ်တပ်ခေါ် ဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်​နေကြောင်း သိရသည်။

"အုပ်ကြီး နိုင်ဝင်းက စစ်မှုထမ်းကြေး တစ်အိမ်ကို သုံးသောင်း၊ စစ်မှုထမ်းအကျုံးဝင်တဲ့ ယောက်ျားလေးရော မိန်းကလေးပါ တစ်ယောက်ကို သုံးသောင်းနဲ့ လူရှိသလောက် တောင်းနေပါတယ်။ မပေးနိုင်ရင် စစ်တပ်ခေါ်ဖမ်းခိုင်းမယ် ပြောနေလို့ အကုန်လုံး အခက်တွေ့နေပြီး ခုဆိုရွာမှာ လူငယ်တွေ ​ရှောင်နေရပါတယ်"ဟု ကံကလေးရွာသား တစ်ဦးမှ Tharyarwaddy 8 City ကို ပြောပြပါသည်။

ကရင်ချောင်အုပ်စု အတွင်းရှိ ကရင်ချောင်းကုန်း၊ ကရင်ချောင်၊ ကြို့ကြုံပင်၊ ငါးကျီး၊ တလုပ်စာကုန်း၊ ရွာသစ်စု၊ လှေချောင်း၊ သက်ရင်းကုန်း ကျေးရွာတို့တွင် ဒေသခံပြည်သူများအား စစ်မှုထမ်းထောက်ပံ့ရန်ဟု​ဆိုကာ အုပ်စု အုပ်ချုပ်ရေးမှူး ညွှန့်သိန်း၏ ညွှန်ကြားချက်အရ ရာအိမ်မှူးနှင့် ပျူစောထီးများမှ ငွေကြေးများ လစဥ်ကောက်ခံနေကြောင်း၊ ကောက်ခံငွေမပေးသည့် နေအိမ်များအား စစ်တပ်ခေါ်ပြီး ဖမ်းဆီးခိုင်းတာကြောင့် ဒေသခံများ တိမ်းရှောင်နေရကြောင်း သိရသည်။

"အုပ်ကြီး ဦးညွှန့်သိန်းရဲ့ ညွှန်ကြားချက်အရ ကရင်ချောင်းကုန်းက ဒေါ်ရှားရှား ဒေါ်ထက်ထက်နဲ့ ဒေါ်ကရင်မတို့ စစ်မှုထမ်းကြေး လိုက်ကောက်နေပါတယ်။ မရှိလို့ မပေးနိုင်တဲ့ ပြည်သူတွေကို စစ်တပ်ခေါ် ဖမ်းခိုင်းလိုက်ရမလား ပြောပြီး အမျိုးမျိုးခြိမ်းခြောက်ပါတယ်။ စစ်သားနဲ့ ပျူစောထီးတွေကလည်း ညဘက်ဆို ရွာထဲလာပြီး သေနတ်တွေ ပစ်ဖောက်နေလို့ ငွေမပေးနိုင်သူတွေ ရှောင်နေရပါတယ်"ဟု ဒေသခံတစ်ဦးမှ Tharyarwaddy 8 City ကို ပြောပြပါသည်။

ဓာတ်ပုံ - ရေကင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မင်းဇော်နှင့် အပေါင်းအပါများမှ စစ်မှုထမ်းထောက်ပံ့ကြေးများ လိုက်လံကောက်ခံနေစဥ်

သတင်း - ကိုကြီးရှည်
စာတည်း - ရာမန်

#မိုးညိုမြို့နယ်
#tharyarwaddy8city

Bago Scout Network

05 Feb, 12:08


ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ရဲစခန်းအနီး စစ်မှုထမ်းရန် စာရင်းပြုစုနေသော အုပ်ချုပ်ရေးမှူး၊ စာရေးနှင့် ရခများ နေထိုင်သည့် မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ၅.၂.၂၀၂၅ရက် နံနက် ၄နာရီ ၂၅မိနစ်တွင် မိမိတို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ၏ ရဲဘော်များမှ အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသည်။

ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ရုံးအတွင်းရှိ စစ်မှုထမ်းရန် ပြုစုထားသော အမျိုးသား/အမျိုးသမီးများ၏ အမည်စာရင်းပါ စာရွက်စာတမ်းများ ပျက်ဆီးကာ ၂ဦး ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း သိရပါသည်။

မိမိတို့တပ်ဖွဲ့အနေဖြင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် စကစနှင့် စကစထောက်တိုင်များ အား တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် အထူး(အထူး) အသိပေးအပ်ပါသည်။

Bago Scout Network

05 Feb, 12:08


ဒရုန်းမစ်ရှင် ထုတ်ပြန်ခြင်း
____

KNU/KNLA၊ သိမ်ဇရပ်ဒေသကာကွယ်ရေတပ်ဖွဲ့ (Drone တပ်ဖွဲ့ )၊ ကျိုက်ထိုမြို့နယ်ပကဖ၊ က၀မြို့နယ်ပကဖ (ဒရုန်းအဖွဲ့)တို့ ပူးပေါင်း၍ သိမ်ဇရပ်မြို့အနီး ဟိန်းမြန်မာကျောက်မိုင်းအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၃၀)ဦးခန့်အား (၃.၂.၂၀၂၅)ရက်နေ့၊ ညနေ(၅)နာရီ (၄၅) မိနစ်ခန့်တွင် Drone ဖြင့် ဗုံးသီးကျဲချ တိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲထားသော အဆောက်အဦ ထိခိုက်ပျက်စီးမှု ရှိခဲ့ပြီးရန်သူများမှာ ကစဉ့်ကလျား ပြေးအောင်းပုန်းရှောင်ခဲ့ရသည်။ ထို့ပြင် ရန်သူထိခိုက်သေဆုံးမှု ရှိနိုင်ပြီး အတည် ပြုနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။

တော်လှန်ရေးတပ်ဖွဲ့များမှာ အထိခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။

#ကဝမြို့နယ်ပကဖ
#ဒရုန်းတပ်ဖွဲ့
#ပူးပေါင်းတပ်ဖွဲ့

Bago Scout Network

05 Feb, 02:08


စစ်ရေးသတင်းထုတ်ပြန်ချက်

ကြို့ပင်ကောက်မြို့နယ်၊ ကန်ဦးအုပ်စု အုပ်ကြီးထွန်းအောင်အား ၄.၂.၂၀၂၅ ရက်နေ့ မနက်၁၁:၀၀နာရီတွင် သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ ၊ တပ်ခွဲ (၁) ၊ Dragon Brothers GBK နှင့် တပ်ရင်း ၃၈ဝ၁ ၊ တပ်ခွဲ (၁) YOMA GBK တို့ ပူးပေါင်း၍ သုတ်သင်ရှင်းခဲ့ပါသည်။

အုပ်ကြီးထွန်းအောင်သည် လယ်သမားနှင့် လက်လုပ်လက်စားတို့အား ကျပ် ၄၀၀၀၀၊ ကျပ်၈၀၀၀၀ စသည်ဖြင့် ငွေကြေးစုဆောင်းပြီး PDFတပ်ဖွဲ့ အမည် တပ်ခြင်း၊ ပြည်သူတို့၏ ပစ္စည်းများကို ပျူ၊ စခ၊ ရခ တို့မှ အဓမ္မသိမ်းယူရာတွင် တစ်ဝက်စားပါဝင်ဆောင်ရွက်ခြင်း၊ ငွေကြေးအဆမတန်တောင်းခံပြီး ကိုယ်ကျိုးစီးပွား အတွက် အသုံးပြုခြင်းများနှင့် ရင်းတိုက်ကွင်းကျေးရွာအား စစ်မှုထမ်းပေါ်တာ ဝင်ဆွဲရာတွင် လက်ထောက်ချခြင်းတို့ကို ပြုလုပ်သူဖြစ်ပါသည်။ ထိုအကြောင်း အရာများ မှန်ကန်ကြောင်း စိစစ်တွေ့ ရှိရသည့်အတွက် သုတ်သင်ရှင်းလင်းရခြင်း ဖြစ်ပါသည်။

Dragon Brothers (GBK-PDF)

Bago Scout Network

04 Feb, 11:31


သာယာဝတီမှာ နတ်ပွဲကြည့်နေတဲ့ လူငယ်၂ဦး ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး စစ်မှုထမ်းထောက်ပံ့ကြေး လစဥ်မပေးရင် စစ်တပ်ခေါ်ဖမ်းဆီးမည်ဟု အုပ်ကြီးများက ​ခြိမ်းခြောက်

Tharyarwaddy 8 City /ဖေဖော်ဝါရီ၄၊ ၂၀၂၅

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်ရှစ်မြို့နယ်ထဲက သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ အရှေ့လက်ပံခုန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဖိုးတာနှင့် သုံးဆယ်ရဲစခန်းမှ ရဲများသည် ဖေဖော်ဝါရီလ ၃ရက် ယမန်နေ့ည ၁၀နာရီခန့်အချိန်တွင် ဖားကူးလမ်းမှာ နတ်ပွဲကြည့်နေသည့် အသက်၃၀ခန့်အရွယ် လူငယ်၂ဦးအား ဝင်ရောက် ပေါ်တာဆွဲ၍ ဖမ်းဆီးသွားကြောင်း သတင်းရရှိပါသည်။

"ဖားကူးလမ်းနတ်ပွဲမှာ စတိတ်ရှိုးကြည့်ရင်း ကနေကြတဲ့ ကောင်လေး၂ယောက်ကို အုပ်ကြီးဖိုးတာနဲ့ သုံးဆယ်စခန်းကရဲတွေ ပေါ်တာဆွဲပြီး ဖမ်းခေါ်သွားပါတယ်။ ပေါ်တာဆွဲခံရတဲ့ ကောင်လေးတွေက အသက်၃၀လောက်ပဲရှိမယ်"ဟု ဒေသခံတစ်ဦးမှ Tharyarwaddy 8 City ကို ပြောပြပါသည်။

လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးရာတွင် ပါဝင်သည့် အုပ်ချုပ်ရေးမှူး ဖိုးတာသည် ဒေသခံပြည်သူများအား စစ်မှုထမ်း ထောက်ပံ့ကြေးဟုဆိုကာ ငွေကြေးများ လစဥ်ကောက်ခံနေသလို စစ်မှုထမ်းရန် နံမည်စာရင်းပါသူများထံမှလည်း ငွေကြေးများ ကောက်ခံနေ​ပြီး ၄င်းကောက်ခံသည့် ငွေမပေးပါက စစ်တပ်ခေါ် ဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်နေ​ကြောင်း သိရသည်။

အနောက်လက်ပံခုန်ရပ်ကွက်၊ ဂျောင်ဂျက်ခြုံရွာမှ ပျူစောထီးများ ဖြစ်ကြသည့် ကရင်ကြီး၊ တွက်ပီ၊ စန်းမင်းမောင်၊ မသန္ဒာထွန်း၊ မခင်မြတ်သူအောင် နှင့် သရက်လေးပင်ရွာမှ ဆယ်အိမ်မှူး အောင်မျိုး၊ ရာအိမ်မှူး သက်ဝေးဖြိုးတို့ ဦးဆောင်၍ ပျူစောထီးများက စစ်မှုထမ်းထောက်ပံ့​ရန်ဟုဆိုကာ ဒေသခံများအား တစ်အိမ်လျှင် သုံးသောင်းကျပ်နှင့် နှစ်သောင်းကျပ် အသီးသီး သတ်မှတ်၍ လိုက်လံကောက်ခံနေကြောင်း သိရသည်။

ရေတွင်းကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ကျော်အေး နှင့် ရာအိပ်မှူး ဇော်ဝင်း တို့မှလည်း ရေတွင်းကုန်း၊ ညောင်ကောက်ကွေး၊ ဘန့်ဘွေးကုန်း၊ မကျီးချောင်းနှင့် ရွာသစ်ကျေးရွာနေ ဒေသခံများအား စစ်မှုထမ်း ထောက်ပံ့ကြေးဟုဆိုကာ လယ်ရှိပါက တစ်အိမ်လျှင် လေးသောင်းကျပ်၊ လယ်မရှိပါက တစ်အိမ်လျှင် သုံးသောင်းကျပ် ကောက်ခံနေ​ပြီး ၄င်းတို့ ကောက်ခံငွေမပေးသော နေအိမ်များအား စစ်တပ်ခေါ်ဖမ်းဆီးမည်ဟု ဇန်နဝါရီလ ၃၁ရက်နေ့တွင် အသံချဲ့စက်ဖြင့် အော်၍ ခြိမ်းခြောက်ကြောင်း သိရသည်။

"အုပ်ကြီးကျော်အေးနဲ့ ရာအိမ်မှူး ဇော်ဝင်းတို့က စစ်မှုထမ်းကြေးပေးဖို့ အသံချဲ့စက်နဲ့ လိုက်အော်ပြီး တောင်းပါတယ်။ လယ်သမားက တစ်အိမ်၄၀၀၀၀ လက်လုပ်လက်စားက တစ်အိမ်၃၀၀၀၀ ထည့်ရမယ်။ သူတို့တောင်းတာ မထည့်ရင် စစ်တပ်ခေါ် ဖမ်းခိုင်းမယ်လို့ခြိမ်းခြောက်ပြီး တကယ်ဖမ်းနေလို့ မရှိရှိတာ ရောင်းချပေးနေရပါတယ်"ဟု ဒေသခံတစ်ဦးမှ Tharyarwaddy 8 City ကို ပြောပြပါသည်။

အလားတူ ဒေါဝိအုပ်စု အုပ်ချုပ်ရေးမှူး ထွန်းလွင်၏ ညွှန်ကြားချက်အရ ပြည့်စင်ကုန်းကျေးရွာ ရာအိမ်မှူး ခင်စိုးမှ ဆယ်အိမ်မှူးများက ဒေသခံပြည်သူများအား စစ်မှုထမ်း ထောက်ပံ့ကြေးဟုဆိုကာ တစ်အိမ်လျှင် နှစ်သောင်းကျပ် လစဥ် ကောက်ခံနေ​ပြီး ၄င်းကောက်ခံငွေမပေးသည့် နေအိမ်များကို စာရင်းမှတ်ကာ စစ်တပ်ခေါ် ဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်နေ​ကြောင်း သိရသည်။

"ဒေါဝိအုပ်စု အုပ်ကြီးဦးထွန်းလွင်ရဲ့ညွှန်ကြားချက်အရ ပြည့်စင်ကုန်းရွာ ရာအိမ်မှူး ဦးခင်စိုးမှ ဆယ်အိမ်ခေါင်းများကို စစ်မှုထမ်းဖို့ လူငှားရမယ်ဆိုပြီး တစ်အိမ်နှစ်သောင်းတောင်းနေပါတယ်။ ဆယ်အိမ်ခေါင်းများအနေနဲ့ မိမိဆယ်အိမ်ကို တာဝန်ယူပြီး ၅ရက်နေ့ အပြီးအပ်ရမယ်လို့ ပြောပါတယ်။ တောင်းတာမပေးတဲ့ အိမ်တွေကို နာမည်မှတ်ထား စစ်တပ်ခေါ် ဖမ်းခိုင်းမှာလို့ပြောပြီး အတင်းအကြပ်တောင်းနေတာ"ဟု ဒေသခံတစ်ဦးမှ Tharyarwaddy 8 City ကို ပြောပြပါသည်။

သတင်း - ဝတီမောင်
စာတည်း - ရာမန်

#သာယာဝတီမြို့နယ်
#tharyarwaddy8city

Bago Scout Network

04 Feb, 11:31


(၁)သိန်းကျပ်ဆု (၂)ခု
(၅)သောင်းကျပ်ဆု (၉)ခု ပေါက်တယ်နော် ♥️💪

#ကဝမြို့နယ်ပကဖ
#ထောက်ပို့ထီ

Bago Scout Network

04 Feb, 06:07


⚠️တောင်ငူ

တောင်ငူလေတပ်မှ MiG-29 Jet Fighter 1စင်း အရှေ့သို့ ပျံတက်။

12:30, Feb 04
#EAR

Bago Scout Network

03 Feb, 14:22


"နွေဦးတော်လှန်ရေး လေးနှစ်တာသင်ခန်းစာများ"
လေးမျက်နှာစကားဝိုင်းဖိတ်ကြားလွှာ

စစ်တပ်အာဏာသိမ်းတာ လေးနှစ်ပြည့်ခဲ့ပါပြီ။ ၂၀၂၅ ဟာ အပြောင်းအလဲများစွာ၊ အချိုးအကွေ့များစွာ ကို ဖြစ်ပေါ်မယ်လို့ လေ့လာသူများက မှန်းဆကြပါတယ်။ တစ်ဆက်တည်းမှာပဲ နွေဦးတော်လှန်ရေးအဖွဲ့အစည်းအသီးသီးအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ လိုအပ်နေပြီလို့ ထောက်ပြကြပါတယ်။
အခုအပါတ်လေးမျက်နှာစကားဝိုင်းမှာတော့ ပြီးခဲ့တဲ့ လေးနှစ်တာ တော်လှန်ရေးကို ပြန်လည်ဆန်းစစ်ပြီး ဘယ်လိုသင်ခန်းစာတွေကို ဆင်ခြင်နိုင်မလဲဆိုတာကို ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဒီစကားဝိုင်းမှာ ဆွေးနွေးသွားမယ့် မေးခွန်းတွေအနေနဲ့

• ပြီးခဲ့တဲ့ လေးနှစ်တာ လှုပ်ရှားလုပ်ဆောင်မှုတွေမှာ အောင်မြင်ခဲ့တဲ့ အရာတွေကဘာဖြစ်မလဲ။ ဘာကြောင့်အောင်မြင်ခဲ့သလဲ။

• ပြီးခဲ့တဲ့ကာလတွေမှာ မှားယွင်းကျရှုံးခဲ့တဲ့ ကိစ္စရပ်တွေက ဘာဖြစ်မလဲ။ ဘာကြောင့်ကျရှုံးခဲ့တာလဲ။

• ဒီလိုမျိုး အောင်မြင်မှု၊ ကျရှုံးမှုတွေကို ရှေ့ဆက်လုပ်ဆောင်ဖို့အတွက်မှာ ဘယ်လိုသင်ခန်းစာတွေယူပြီး ပြောင်းလဲလုပ်ဆောင်သင့်သလဲ။

စတာတွေကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။ လေးမျက်နှာစကားဝိုင်းကတော့ အယူအဆ၊ ရပ်တည်ချက် ဘယ်လိုပဲ မတူညီကွဲပြားပါစေ လွတ်လပ်စွာ ဝင်ရောက်ဆွေးနွေးနိုင်တဲ့ ဒိုင်ယာလောခ့်ရပ်ဝန်းတခုဖြစ်ပါတယ်။ မိမိတို့အမြင်ကို အများပြည်သူကို ဝေမျှကာ အပြန်အလှန်နားထောင်ရင်း ဒီမိုကရေစီယဉ်ကျေးမှုကို ပါဝင်တည်ဆောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

နေ့ရက် - ၅ - ၂ - ၂၀၂၅ ဗုဒ္ဓဟူးနေ့၊ ည ၇ နာရီ
Zoom ID – 832 7611 6057 (Password မလိုပါ)
Zoom link — https://us02web.zoom.us/j/83276116057

Bago Scout Network

03 Feb, 13:05


အထူးစစ်ဆင်ရေးသင်တန်းဆင်းများ ရန်ကုန်၊ ပဲခူး၊ တနင်္သာရီ၊ မွန်ပြည်နယ်တို့မှာ သွားရောက်တာဝန်ထမ်းရမယ်
ဖေဖော်ဝါရီ ၃ ၊ ၂၀၂၅
အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသရဲ့ လက်ရုံးအထူးတပ်ဖွဲ့၊ အထူးစစ်ဆင်ရေး တပ်ဖွဲ့ SOF ရဲ့ အထူးစစ်ဆင်ရေးသင်တန်းဆင်းများ ရန်ကုန်၊ပဲခူး၊ တနင်္သာရီ၊မွန်ပြည်နယ်တို့ကို သွားရောက်တာဝန်ထမ်းဆောင် ရမယ်လို့ သိရပါတယ်။
SOF ရဲ့ အပတ်စဥ် (၇) အထူးစစ်ဆင်ရေး သင်တန်းဆင်းပွဲကို ဇန်နဝါရီ ၃၁ ရက်၊ကရင်ပြည်နယ် လွတ်မြောက် နယ်မြေမှာ ကျင်းပခဲ့ပြီး၊ သင်တန်းဆင်းခဲ့တဲ့ ရဲဘော်၊ရဲမေ ၂၅၀ ဦးကို သက်ဆိုင် ရာ စစ်ကြောင်း၊နယ်မြေအလိုက် တာဝန်များ ထမ်းဆောင် သွားရမှာ ဖြစ်တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန် ပါတယ်။
အပတ်စဥ် (၇) သင်တန်းမှာ ခန္ဓာကိုယ် နဲ့ စိတ်ဓာတ်ကြံခိုင်မှု၊ အခြေခံ စစ်ပညာများ၊ အထူးစစ်ဆင်ရေး ဘာသာရပ်များ၊ KNLA နည်းပြများ၊ SOF သင်တန်းနည်းပြများ၊ US မရိမ်းသင်တန်း ဆရာဟောင်း မြန်မာနိုင်ငံသားများရဲ့ နည်းစနစ်၊လမ်းညွှန်ကွပ်ကဲမှု လက်တွေ့ပစ်ခတ်မှုတို့ကို အထူးတပ်ဖွဲ့ဝင်များအဖြစ် အချိန် ၄ လခွဲ ကြာတဲ့အထိ အကောင်းဆုံး လေ့ကျင့်ပေးခဲ့တာပါ။
ဒီနှစ်မှာ စစ်ရေးအရှိန်တိုးမြှင့်ဖို့ အထူးတပ်ဖွဲ့ အ‌နေနဲ့ တပ်ရင်းများ တိုးချဲ့ဖွဲ့စည်းသွားမှာဖြစ်ပြီး၊ အဆုံးသတ် တိုက်ပွဲကို ပါဝင်လိုတဲ့ လူငယ်များကို အပတ်စဥ် (၈)အတွက် သင်တန်းသားများ စတင်လက်ခံနေပြီလို့ အသိပေးထုတ်ပြန်ထားပါတယ်။
#SpringRevolution
#PVTV
#PVTVNews
#PVTV Telegram Channel -https://t.me/pvtvmyanmar
#PVTV ရုပ်သံအစီအစဉ်များကို https://youtube.com/c/pvtvmyanmar မှာ ဝင်ရောက်ကြည့်ရှုခြင်း ဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

Bago Scout Network

03 Feb, 09:03


သတင်းထုတ်ပြန်ချက် ၃/၂၀၂၅

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စမ်းဘုတ်အုပ်စု၊ ကျွန်းကုန်းကျေးရွာ ချောင်းမကြီး တံတားအနီး၌ (၁.၂.၂၀၂၅)ရက် မွန်းတည့် (၁၂:၀၀) နာရီခန့်တွင် အင်အား ၃၀ခန့်ပါ စကစများနှင့် မိမိတို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။

အဆိုပါ ထိတွေ့တိုက်ပွဲအတွင်း အပြန်အလှန် ပစ်ခတ်ခတ်မှု ဖြစ်ပွား၍ စကစဘက်မှ ၂ဦး သေဆုံး၊ ၅ဦး ဒဏ်ရာရရှိကာ အထိနာသွားသဖြင့် ပြန်လည်ဆုတ်ခွာသွားပြီး မိမိတို့ရဲဘော် ၂ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပါသည်။

ဆက်လက်၍လည်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာနိုင်သဖြင့် ပြည်သူများ အနေနဲ့ စကစများ အနီး သွားလာနေထိုင်ခြင်းများ လုံးဝ(လုံးဝ) မပြုလုပ်ကြရန် ကြိုတင်အသိပေးအပ်ပါသည်။

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃

Bago Scout Network

03 Feb, 07:47


ဇီးဖြူပင်ရွာ/ကဝမြို့နယ်/ပဲခူးတိုင်း

#3Feb

ပြီးခဲ့တဲ့ရက်ပိုင်းတွင်း ကဝမြို့နယ်၊ဇီးဖြူပင်ကျေးရွာ(ရွှေညောင်ပင်ကျေးရွာကပ်လျက်)က အရက်ဆိုင်တစ်ဆိုင်ထဲမှာ စစ်ကောင်စီတပ်သားများ ပိုက်ဆံမပေးဘဲ အလကား လာရောက် သောက်စား မူးကြပြီး ရွာသူများကို နှောက်ယှက်ခဲ့တယ် လို့ သိရပါတယ်။ ဒီကောင်တွေ စစ်ဆေးဂိတ်မှာ ဖြတ်တဲ့အခါ ပြီးတော့ ရွာထဲဝင်လာရင်ရော သူတို့ မူးလာရင် အမျိုးသမီးမြင်ရင် အပျိုလေးရော အသက်ကြီးသူပါမကျန် တွေ့တာနဲ့ ကာအိန္ဒြေပျက်အောင် ရိငဲ့သဲ့ပြောကြတယ်။ ယောကျ်ားလေးဆိုရင်တော့ စိတ်မကြည်ရင် မကြည်သလို ရိုက်နှက်ကြတယ် လို့ တိုင်ကြားလာပါတယ်။

#BRST #Kawa

Bago Scout Network

03 Feb, 07:32


ဒိုက်ဦး/ပသွယ်ကျေးရွာ

#3Feb

ပဲခူးတိုင်း‌ဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ပသွယ်ကျေးရွာ၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဦးမြင့်နိုင်အပိုင် မှာ စစ်မှုထမ်းအတွက်ဟု ဆိုကာ တစ်အိမ် (၅)သောင်းနှုန်း ကောက်ခံနေတယ်လို့ သိရတယ်။ကိုယ်တိုင်လည်း ဦးဆောင်ပြီး ရွာသားတော်တော်များများကို စည်းရုံးကာ စစ်မှုထမ်းပို့ဆောင်ပေးနေတယ်လို့ သတင်းရထားပါတယ်။စာရင်းထဲပါသူတွေကိုလည်း လူမလွတ်နိုင်ရင် ပိုက်ဆံပေးရမယ်ဆိုပြီး ငွေ(၁၀)သိန်းနဲ့အထက် ကောက်ခံပါတယ်။ တခြားဝန်းကျင်ရွာတွေက အုပ်ချုပ်ရေးမှုးတွေဆို ကြောက်ပြီးထွက်ပြေးကုန်ကြပေမယ့် လက်ရှိအချိန်ထိပြည်သူကို ပုံစံမျိုးစုံနဲ့ ဒုက္ခပေးနေကြတုန်းပါ။ ပသွယ်ကျေးရွာက အုပ်ချုပ်ရေးမှူးအပါအဝင် ဒိုက်ဦးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီအလိုကျ ဆောင်ရွက်ပေးနေတဲ့ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေနဲ့အပေါင်းအပါတွေရဲ့ သတင်းတွေကို သတိပြုစောင့်ကြည့်ကြဖို့ နှိုးဆော်တင်ပြလိုက်ပါတယ်။

ပုံ /၂၀၂၅ဇန်နဝါရီ
#BNOC #BRST

Bago Scout Network

18 Jan, 12:09


မြို့ပေါ် တက်ပြီ

ဝေါမြို့နယ်ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့

မူရင်း
https://www.facebook.com/share/r/14teZqMdtZ/

#Waw #Bago
#BRST #BNOC

Bago Scout Network

18 Jan, 11:57


ပြည်

#18Jan

ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ကံကျင်းရဲစခန်းက စကစတပ်သားတစ်ယောက် ဇန်နဝါရီ ၁၆ရက်နေ့ ည(၈) နာရီခွဲခန့်က ကိုယ့်ကိုယ်ကိုယ်သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်သွားတယ်လို့သိရပါတယ်။


#ဒို့ပြည်
#pyayundergroundnewspugn #PUGN #BRST

Bago Scout Network

18 Jan, 08:46


ထန်းတပင်၊ ကင်မွန်းချုံရွာတွင် စစ်တပ်က ၅ လကြာ တပ်စွဲထားပြီး ပြည်သူများကို ရွာထဲဝင်လိုပါက အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် သိန်း ၃၀ တောင်း၊ နတ်တလင်းတွင် စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးနေ

ရန်ကုန်၊ ဇန်နဝါရီ ၁၈

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ကင်မွန်းချုံရွာတွင် အကြမ်းဖက် စစ်တပ်က ၅ လကြာ တပ်စွဲထားပြီး ပြည်သူများကို ရွာထဲပေးမဝင်တော့ဘဲ နေအိမ်ရှိ ပစ္စည်းများ ယူဆောင်လိုပါက တစ်ဦးလျှင် ငွေကျပ် သိန်း ၃၀ ပေးရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၄ ခုနှစ် ဩဂုတ်လပိုင်းမှ စတင်ပြီး ကင်မွန်းချုံရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းကာ ပြည်သူများကို ရွာထဲမှ နှင်ထုတ်ပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် တန်ဖိုးကြီး ပစ္စည်းများ၊ စားသောက်ကုန်များနှင့် အိမ်မွေး တိရစ္ဆာန်များကို ယူ ဆောင်သွားကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ် ဝင်ရောက်စီးနင်းပြီးချိန်မှ စတင်၍ ကျေးရွာနေပြည်သူများသည် ရွာထဲကို ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသည်မှာ ၅ လကျော်ကြာမြင့်နေပြီဖြစ်ပြီး ကျေးရွာထဲ၌လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သား တချို့ကို တပ်စွဲရန် ထားရှိခဲ့ကြောင်း သိရသည်။

ကင်မွန်းချုံရွာအတွင်းတွင် စစ်တပ်က မိုင်းများ ထောင်ထားပြီး ကျေးရွာအတွင်းသို့ ခိုးဝင်ခဲ့သော ပြည်သူတချို့မှာ မိုင်းထိ၍ သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ကင်မွန်းချုံရွာ အနီးနေထိုင်သော ပျူစောထီးများနှင့် စစ်တပ် သတင်းပေးများကလည်း ကင်မွန်းချုံရွာကို နေ့စဉ်ရောက်ရှိလာပြီး ပြည်သူပိုင် အိမ်သုံး ပရိဘောဂများ၊ မီးစက်များ၊ ဆိုလာများ၊ ရေခဲသေတ္တာများ၊ အဝတ်လျှော်စက်များ၊ ထမင်းပေါင်းအိုးများ၊ ဟင်းပေါင်းအိုးများ၊ အိုးခွက်များနှင့် အိမ်တံခါးများပါ မကျန်ဖြုတ်၍ ယူဆောင်နေကြောင်း သိရှိရသည်။

ကျေးရွာနေပြည်သူများသည် ရွာထဲသို့ ဝင်ရောက်၍ ကျန်ရှိနေသော ပစ္စည်းများကို ပြန်လည်ယူဆောင်ရန် သွားရောက်စဉ် ရွာထဲ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြည်သူ တစ်ဦးလျှင် ငွေကျပ် သိန်း ၃၀ ပေးဆောင်နိုင်မှ ရွာထဲကို ဝင်ရောက်၍ ပစ္စည်းများ ပြန်လည် ယူဆောင်ခွင့်ပေးကြောင်း သိရသည်။

"ကင်မွန်းချုံရွာကို စစ်တပ်က ဝင်စီးပြီး တစ်ရွာလုံးကို ရွာမှာပေးမနေဘဲ ရွာမှာရှိတဲ့ အိမ်မွေး တိရိစ္ဆာန် အပါအဝင် ပြည်သူတွေရဲ့ စားသောက်ကုန်တွေပါ အကုန်လုံးယူသွားတာ ပြည်သူတွေ တစ်ရွာလုံးနီးပါး အိမ်မပြန်နိုင်ကြတာ ၅ လရှိနေပြီ နောက်ပြီး ပျူစောထီးတွေနဲ့ စစ်ခွေး သတင်းပေးတွေက နေ့တိုင်း ရွာကိုလာပြီး ပစ္စည်းတွေယူဆောင်နေတယ်။ ပြည်သူတွေ ကိုယ့်အိမ်ကိုပြန်ပြီး ပစ္စည်းယူချင်ရင် ရွာမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေကို တစ်ဦး သိန်း ၃၀ ပေးနိုင်မှ ပစ္စည်းယူခွင့်ပေးမယ်ဆိုပြီး ယုတ်မာနေကြတယ်" ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ရှိ ကျေးရွာ ၃ ရွာကိုလည်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးမီးရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့မှ စတင်ပြီး နတ်တလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ကျေးရွာ ၃ ရွာကို ဆက်တိုက်မီးရှို့ဖျက်ဆီးနေခြင်းကြောင့် ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

"စစ်ခွေးတွေက ရွာတွေကို ဆက်တိုက် စစ်ကြောင်းထိုးပြီး မီးရှို့နေတာ ပြည်သူတွေ အကုန်လုံးလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်။ ပြည်သူတွေ ထိခိုက်မှု ရှိမရှိတော့ အတည်ပြုနိုင်ခြင်းမရှိသေးဘူး။ အကုန်လုံး ဘေးလွတ်ရာကို ရှောင်နေရတယ်။ လက်ရှိရှောင်နေရတာက ကျေးရွာ ၃ ရွာလောက်ရှိမယ်" ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ - ၂၀၂၃ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် အင်းစရွာနှင့် တောင်ကြားရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

Bago Scout Network

18 Jan, 08:46


ညောင်လေးပင်ရှိ စစ်တပ် ဂိတ်စခန်းများကို တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၃ ဦး သေဆုံး၊ အရာတော်မြို့နယ်တွင် စစ်ယာဉ်တန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁၈

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းများကို ဝင်ရောက် တိုက်ခိုက်ရာ ဗိုလ်ကြီး ၁ ဦး အပါ အဝင် ၃ ဦး သေဆုံးခဲ့ကြောင်း မီးနဂါးစစ်ကြောင်း က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၁ နာရီ ၁၀ မိနစ်ခန့်အချိန် ညောင်လေးပင်မြို့နယ်၊ မုက္ခမူကျေးရွာရှိ စစ်တပ် အထိုင်ချ ဂိတ်စခန်းများနှင့် ကြံဘိုကုန်းကျေးရွာရှိ စစ်တပ် ဂိတ်စခန်းတို့ကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး မုက္ခမူကျေးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်ဂိတ် စခန်းများနှင့် ကြံဘိုကုန်းကျေးရွာဂိတ်စခန်းတို့ကို အပြီးသတ် ချေမှုန်း ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ် ၁ ဦး နှင့် ပျူစောထီး ၂ ဦး သေဆုံးခဲ့ပြီး ၅ ဦးကျော် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ မုက္ခမူကျေးရွာနှင့် ကြံဘိုကုန်းကျေးရွာတို့ရှိ အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများသည် ညောင်လေးပင်-ရွှေကျင် လမ်းပိုင်းပေါ်ရှိ ပြည်သူများ သွားလာနေမှုများကို ဂိတ်စခန်းချ ငွေကြေး ကောက်ခံခြင်း၊ ငွေညှစ်ခြင်းနှင့် လမ်းသွားလမ်း လာ လူငယ်များကို အတင်းအဓမ္မ စစ်မှူထမ်းရန် ဖမ်းဆီး လုပ်ကိုင်နေသူများဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ၃၇၀၃ တပ်ရင်း (မီးနဂါးစစ်သည်များ) နှင့် ပူးပေါင်းတပ်ဖွဲ့များဖြစ်သော တောကျီးကန်း ၇ ကောင်စစ်ကြောင်း၊ တော်ဝင်ဒေါင်းစစ်ကြောင်းနှင့် အတူ Spring Warrion Drone Team ၊ ၁၈၀၅ Drone Team တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မုံရွာ-အရာတော်လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း တောင်ပံနီအထူး ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်အချိန် အရာတော်မြို့နယ်၊ မုံရွာ-အရာတော် လမ်းပိုင်းရှိ ရသေ့ကျောင်းအနီး အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးရန် ထွက်လာသော ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ တော် လှန်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ကြောင်း သိရှိရသည်။

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း(၃၅) တပ်ခွဲ (၃) တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့ (Salingy)၊ချင်းတွင်းဒိုင်းနမိုက်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ( Salingyi)နှင့် မဟာမိတ်ညီ‌ နောင်များ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ ပြည်တွင်း ပြည်ပရှိတော်လှန် ပြည်သူများအနေဖြင့်လည်း ဆက်လက်၍ တိုက်ပွဲများဖော်ဆောင်နိုင်ရန်အတွက် ကျည်တစ်တောင့်ဖိုး ဖြစ်စေ တော်လှန်ရေး၏ တစိတ်တဒေသကို ပါဝင်ကူညီအားဖြည့်ပေးရန် တောင်ပံနီအထူး ပြောက်ကျားတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

Bago Scout Network

17 Jan, 13:34


အုတ်ဖိုမှာ စစ်ကောင်စီတပ် စစ်ကြောင်းမှ ရွာတွေထဲဝင်ရောက်ပြီး ဒေသခံ အမျိုးသား ၄ဦးအား ပေါ်တာဆွဲ၍ ဖမ်းဆီးခေါ်ဆောင်သွား

Tharyarwaddy 8 City / ဇန်နဝါရီ၁၇၊ ၂၀၂၅

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်ရှစ်မြို့နယ်ထဲက အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းမှ ရွာတွေထဲ ဝင်ရောက်ပြီး ဒေသခံ အမျိုးသား ၄ဦးအား ပေါ်တာဆွဲ၍ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိပါသည်။

ဇန်နဝါရီလ ၁၇ရက် ယနေ့နံနက် ၅နာရီခန့်အချိန်တွင် အုတ်ဖိုမြို့နယ်၊ ချောင်းဂေါင်းအုပ်စုအတွင်းရှိ ဆယ်ရွာမှ ကိုစောစီဖော၊ မီးချောင်းတင်ရွာမှ ကိုသန်းဇော်၊ ဆင်မြင့်ရွာမှ ကိုအနက်(ခ)တင်စမ်းနှင့် ၄င်း၏သားဖြစ်သူ ကိုချစ်တိုး(ခ)ဆောင်းဦးလွင် တို့အား စစ်ကောင်စီတပ် စစ်ကြောင်းမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

"ဆည်ရွာက စောစီဖောဆိုတဲ့ ကရင်ကောင်လေးက ဆင်မြင့်ကို ငါးဝယ်သွားရင်း စစ်တပ်စစ်ကြောင်းနဲ့တိုးပြီး ပေါ်တာဆွဲခံလိုက်ရတယ်။ မီးချောင်းတင်က ကိုသန်းဇော်ကြတော့ ဆိုင်ကယ်စီးနေရင်း စစ်တပ်စစ်ကြောင်းနဲ့ ထိပ်တိုက်တိုးပြီး လူရောဆိုင်ကယ်ပါ ကားပေါ်တင် ဖမ်းခေါ်သွားတာ။ ကိုအနက်နဲ့ သူ့သားချစ်တိုးကိုတော့ အဲ့ရွာက အမျိုးသမီးနှစ်ယောက် ဒလန်လုပ်ပြီး သတင်းပေးလို့ ဖမ်းခေါ်သွားတာ"ဟု ချောင်းဂေါင်းအုပ်စုက ဒေသခံတစ်ဦးမှ Tharyarwaddy 8 City ကို ပြောပြပါသည်။

အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ရက်နေ့ကလည်း ဝိုင်းကျေးရွာမှ လူငယ်၅ဦးအား စစ်ကောင်စီတပ်မှ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ထို့အပြင် အိုးသည်ကုန်းမြို့၊ ပြည်တော်သာရပ်ကွက်မှ မြင့်ဌေးနှင့် ၄င်း၏သမီး နှင်းနွယ်မိုး တို့မှ စစ်တပ်ခေါ် ပေါ်တာဆွဲခိုင်းနေတာကြောင့် ဒေသခံလူငယ်တွေ တိမ်းရှောင်နေရကြောင်း သိရသည်။

သတင်း - တက်တိုးအောင်
စာတည်း - ဂန္တဝင်နွေဦး

#အုတ်ဖိုမြို့နယ်
#tharyarwaddy8city

Bago Scout Network

16 Jan, 05:36


ပြည်မြို့တွင် တပ်မိသားစု၊ ရဲမိသားစုနှင့် ပျူစောထီးအဖွဲ့ ဝင်များကို စစ်သင်တန်းပေးနေ

ဇန်နဝါရီလ ၁၆ ရက်

ပြည်မြို့၊ ပန်းတောင်းမြို့နယ်တွင် စစ်ကောင်စီတပ်က တပ်မိသားစုဝင်များ၊ ရဲမိသားစုဝင်များနှင့် မြို့ပေါ်ရှိပျူစောထီးအဖွဲ့ဝင်များကို နဝင်းရဲရိပ်သာတွင် စစ်သင်တန်းပေးနေကြောင်း သိရသည်။

အာရက္ခတပ်တော် (AA) နှင့်ပူးပေါင်းတပ်များက တောင်ကုတ်-ပန်းတောင်း လမ်းရိုးမပေါ်ရှိ စစ်ကောင်စီ၏ စစ်စခန်းများကို ထိုး စစ်ဆင်တိုက်ခိုက်နေခြင်းကြောင့် ပြည်မြို့တွင်းရှိ စစ်ကောင်စီ တပ်ရင်း တပ်ဖွဲ့များတွင် ခံစစ်အသင့်ပြင် ဆင်ထားပြီး တပ်မိသားဝင်များနှင့် ရဲမိသားစုဝင်များကိုပါ လုံခြုံရေးယူခိုင်းထားကြောင်း သိရသည်။

"ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးနေတဲ့ နဝင်းရဲရိပ်သာထဲမှာ တပ်မိသားစုဝင်တွေ၊ ရဲမိသားစုဝင်တွေနဲ့ ပျူစောထီး တွေကို စစ်သင်တန်းပေးနေတာ။ ရွှေတောင်ဘက်မှာရှိတဲ့ တပ်ရင်းတွေကိုလည်း ခံစစ် ပြင်ထားတယ်" ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ တပ်ရင်းအချို့တွင် ပြီးခဲ့သည့် ဇန်နဝါရီပထမပတ် အတွင်းကစတင်၍ အရေးပေါ် ကတုတ်ကျင်းများတူးကာ ခံစစ်အခိုင်အမာပြင်ဆင်နေကြောင်း သိရသည်။

အဆက် - ⤵️⤵️

Bago Scout Network

16 Jan, 04:44


ပဲခူးမြို့နယ်၊အင်းတကော်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တပ်သားသစ်ခေါ်ယူ


"အဆုံးသတ်တိုက်ပွဲ နီးကပ်လာပြီဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။အရွေ့တခုမှာ ကူတွန်းနိုင်ဖို့ ရဲဝင့်သော သတ္တိရှိသော ရဲဘော်သစ်များ လိုအပ်ပါတယ်။အမှန်တရားအတွက် အဖိနှိပ်ခံပြည်သူလူထု အတွက်အာဏာရှင်စနစ်ပျက်သုဉ်းပြီး ဖက်ဒရယ်ဒီမိုကရေစီရဖို့ တိုက်ပွဲဝင်လိုစိတ်ရှိရင် ဖေါ်ပြပါ သတ်မှတ်ချက်များနှင့်ပြည့်စုံလျှင် Page Messenger မှတဆင့် ဖြစ်စေ၊အောက်ပါ Link မှ ဖြစ်စေ ဆက်သွယ် ဝင်ရောက်နိုင်ပါတယ်။"

Messenger
https://m.me/KyawHtet07

Telegram
https://t.me/kgyi17


မူရင်းfb link

https://www.facebook.com/share/p/1B7ivx3kzJ/


#အင်းတကော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#IPDF
#BRST #BNOC

Bago Scout Network

15 Jan, 13:09


❗️❗️ပေါ်တာ

တောင်ငူ-ကန်ရိုးရွာဘက် ပေါ်တာ သတိ
ယခုရက်ပိုင်းအတွင်း (၆)ဦးထပ်မနည်း ပါသွားပြီဟု သိရပါတယ်။
ညနေ ၆နာရီနောက်ပိုင်း မြို့ပေါ်ရော ကျေးရွာဘက်တွေရော သတိပြုကြပါ။

#CJ
#BRST

Bago Scout Network

15 Jan, 12:06


ညောင်လေးပင်မြို့နယ်တွင် စက်လှေဖြင့်လာသည့် စစ်ကောင်စီတပ်သားများ ပစ်ခတ်ခံရပြီး (၄)ဦးသေဆုံးပြီး ရေပေါ် ပေါ်နေသည်ကို အလောင်း လာမယူ
https://m.me/j/AbYQC_0LT5v3WmdG/
* * * * *

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်ကို စက်လှေဖြင့်လာသည့် စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်များက တိုက်ခိုက်ရာ စက်လှေနစ်မြှုပ်ပြီး စစ်ကောင်စီတပ်သား(၄)ဦးသေဆုံးသည်ဟု ဒေသခံများထံမှ သိရသည်။

၂၀၂၅ခုနှစ် ဇန်နဝါရီလ(၁၄)ရက်နေ့ နံနက်ပိုင်းက ဝေါမြို့နယ် စက်စုကျေးရွာမှ စစ်ကောင်စီတပ်သားများသည် ညောင်လေးပင်မြို့နယ်အစပ် စစ်တောင်းကမ်းနဖူးသို့လာရာ KNLA ရဲဘော်များနှင့် ပစ်ခတ်မှုဖြစ်သည်ဟု ဆိုသည်။

ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သား (၄)ဦးသေကာ စစ်တောင်းမြစ်ထဲတွင် နစ်မြုပ်သွားသောလှေနှင့် သေဆုံး စစ်ကောင်စီတပ်သား(၄)ဦးအား စစ်ကောင်စီတပ်က ပြန်လည်ဆယ်ယူခြင်းမရှိသေးဟု ဆိုသည်။

“စစ်ကောင်စီတပ်သား (၄)ဦး သေတာ အခုအထိ စစ်ကောင်စီတပ်ဘက်က ဆယ်ယူတာ မလုပ်သေးဘူး။ ပေါလော ပေါ်နေတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ ဇန်နဝါရီ(၁၅)ရက်နေ့ ကွင်းဆိပ်၊ သူရဲသူမိန်၊ စက်စု၊ ထင်းကုန်း စသည့်နေရာများကို စစ်ကောင်စီတပ်သား (၃၀)ဝန်းကျင် စစ်ကြောင်းထိုးနေသည်ဟု သိရသည်။

“လက်ရှိတော့ စစ်ဆိုင်ထားတဲ့ အခြေအနေပါ။”ဟု တော်လှန်ရေးရဲဘော်တစ်ဦးက Tachileik News Agency ကို ပြောသည်။

ဇန်နဝါရီလ(၁၄)ရက်နေ့ နံနက်ပိုင်းကလည်း ညောင်လေးပင်မြို့နယ် စီပင်ရွာအုပ်ကြီး မင်းမင်းဦးနှင့် တပည့်များ ကားဖြင့် အင်းအတွင်းမှ ငါးများဖမ်းပြီးအပြန် KNLA တပ်မဟာ(၃)၊ ရင်း(၇)က ပစ်ခတ်သဖြင့် ပျူစောထီးတစ်ဦး သေကာ (၂)ဦးဒဏ်ရာရသည်ဟု သိရသည်။

အုပ်ကြီး မင်းမင်းဦးမှာ ဝမ်းဗိုက်ဒဏ်ရာဖြင့် အတွင်းလူနာ(စိုးရိမ်ရ) ကုသနေပြီး ပျူစောထီးတစ်ဦးမှာ လက် မောင်း ကျည်ထိမှန်ဒဏ်ရာရသည်ဟု သိရသည်။

News: https://www.tachileik.net/mm/news/38772

#TachileikNewsAgency

Bago Scout Network

15 Jan, 04:32


နတ်တလင်းမှာ စစ်ကောင်စီတပ် ဒရုန်းနဲ့ ရမ်းသန်းပြီး ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ၁ဦး ဒရုန်းဗုံးသီးစ ထိမှန်သည့် ဒဏ်ရာရရှိသွား

Tharyarwaddy 8 City / ဇန်နဝါရီ၁၄၊၂၀၂၄

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်ရှစ်မြို့နယ်ထဲက နတ်တလင်းမြို့နယ်မှာ စစ်ကောင်စီတပ် ဒရုန်းနဲ့ ရမ်းသန်းပြီး ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ၁ဦး ဒရုန်းဗုံးသီးစ ထိမှန်သည့် ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိပါသည်။

ဇန်နဝါရီလ ၁၄ရက် ဒီကနေ့ မွန်းလွဲ ၁နာရီခန့်အချိန်တွင် နတ်တလင်းမြို့နယ်၊ ဆီဆုံကုန်းကျေးရွာကို စစ်ကောင်စီတပ်မှ ဒရုန်းနဲ့ ရမ်းသန်းပြီး ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသား ၁ဦး၏ လက်မောင်းကို ဒရုန်းဗုံးသီးစ ထိမှန်ခဲ့ကြောင်း သိရသည်။

"ဆီဆုံကုန်းရွာပေါ်ကို ခုနေ့ခင်း ၁ချက်တီးလောက်မှာ စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲလို့ အမျိုးသား တစ်ယောက် လက်မောင်းကို ဗုံးစမှန်သွားပါတယ်။ ဒဏ်ရာက ရှပ်ထိရုံပဲမို့ မစိုးတော့ မစိုးရိမ်ရပါဘူး "ဟု ဒေသခံတစ်ဦးမှ Tharyarwaddy 8 City ပြောပါသည်။

ဆီဆုံကုန်းကျေးရွာသည် အိမ်ခြေ(၆၀၀)ခန့်ရှိကာ လူဦးရေ(၃၀၀၀)ခန့် နေထိုင်တဲ့ တောင်ပေါ်ရွာကြီးဖြစ်​ပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ စစ်ကောင်စီတပ်မှ ရွာပေါ်ကို လက်နက်ကြီးနဲ့ ရမ်းသမ်း ပစ်ခတ်တာကြောင့် ပြည်သူများ သေဆုံး ဒဏ်ရာရရှိခဲ့သလို တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ ရွာအနီး တိုက်ပွဲများ ဖြစ်ပွားတာကြောင့် ရွာလုံးကျွတ် ထွက်ပြေးခဲ့ရကြောင်း သိရသည်။

ယခုအခါ တိုက်ပွဲများ ငြိမ်သက်သွားသလို ရာသီဥတု အလွန်အေးနေတာကြောင့် စစ်ရှောင်နေကြသည့် ဆီဆုံကုန်းရွာမှ ဒေသခံတချို့ လိုအပ်သော ပစ္စည်းများ ပြန်လာယူစဥ် စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်တာဖြစ်ပြီး ပြည်သူလူထုအား ဒုက္ခပေးနေတဲ့ စစ်ကောင်စီတပ်အား ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမှာဖြစ်လို့ ပြည်သူများအနေနဲ့ ၄င်းတို့နဲ့ ဝေးဝေးနေကြဖို့ နတ်တလင်းမြို့နယ်အခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးမှ အသိပေးပြောဆိုပါသည်။

သတင်း - လွတ်လပ်ငြိမ်း
စာတည်း - ရာမန်

#နတ်တလင်း
#tharyarwaddy8city

Bago Scout Network

15 Jan, 04:32


ကြို့ပင်ကောက်မှာ စစ်မှုထမ်းထောက်ပံ့ကြေး မပေးနိုင်တဲ့ လူငယ်၃ဦးအား အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီတပ်သားများမှ အလုပ်အပြန် လမ်းကစောင့်ဆိုင်းပြီး ပေါ်တာဆွဲ ဖမ်းဆီး

Tharyarwaddy 8 City / ဇန်နဝါရီ၁၄၊ ၂၀၂၅

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်ရှစ်မြို့နယ်ထဲက ကြို့ပင်ကောက်မြို့နယ်မှာ စစ်မှုထမ်းထောက်ပံ့ကြေး မပေးနိုင်တဲ့ လူငယ်၃ဦးအား အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီတပ်သားများမှ အလုပ်အပြန် လမ်းကစောင့်ဆိုင်းပြီး ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သတင်းရရှိပါသည်။

ကြို့ပင်ကောက်မြို့နယ်၊ စစ်ကုန်း(၁)ကျေးရွာနေ ကိုငမုတ်၊ ကိုအငယ်လေး နှင့် ကိုဘိုရဲကြီး တို့၃ဦးအား ဇန်နဝါရီလ ၁၃ရက် ယမန်နေ့ ညနေ ၅နာရီ ၃၀မိနစ်ခန့် အချိန်တွင် အလုပ်မှ ပြန်လာစဥ် ရွာအနောက်ဘက်ထိပ် ရေကန်အနီးမှာ စစ်ကောင်စီတပ်သားများ စောင့်ဆိုင်း၍ ပေါ်တာဆွဲ ဖမ်းဆီးပြီး ကားပေါ်တင်ကာ ခေါ်သွားကြောင်း သိရသည်။

ထိုသို့ပေါ်တာဆွဲခံရသည့် နေရာအနီးတွင် စစ်ကုန်း(၁)ကျေးရွာ အုပ်ချုပ်ရေးမှူး ဇော်လေးအား စစ်ကောင်စီတပ်သားများနှင့် အတူတွေ့ရကြောင်း၊ ဖမ်းဆီးခံရသည့် လူငယ်များသည် တစ်နေ့လုပ်တစ်နေ့စား ကျပန်းအလုပ်သမားများ ဖြစ်သည့်အတွက် အုပ်ချုပ်ရေးမှူး တောင်းသည့် စစ်မှုထမ်းထောက်ပံ့ကြေး တစ်သိန်းကျပ်အား မပေးနိုင်တာကြောင့် ဖမ်းဆီးခံရခြင်းဖြစ်​ကြောင်း သိရှိရပါသည်။

"စစ်ကုန်း(၁)ကျေးရွာက ငမုတ် အငယ်လေးနဲ့
ဘိုရဲကြီး တို့ကို စစ်မှုထမ်းကြေး မပေးလို့ဆိုပြီး အုပ်ကြီးရယ် စစ်သားတွေက ရွာအနောက်ဘက်ထိပ် ရေကန်နားမှာ ကားနဲ့စောင့်ပြီး ပေါ်တာဆွဲပါတယ်။ ဖမ်းခံရတဲ့အထဲ အငယ်လေးနဲ့ ဘိုရဲကြီးက ကိုဇော်သက် ဆီဆိုင်မှာ အလုပ်လုပ်ပြီး ငမုတ်ကတော့ ကြုံရာအလုပ် လုပ်ပါတယ်။ သူတို့လုပ်အားခကို မိသားစုတွေ မှီခိုစားသောက်နေရတော့ အုပ်ကြီးတောင်းတဲ့ စစ်မှုထမ်းကြေး တစ်သိန်းကို မပေးနိုင်လို့ အုပ်ကြီးက စစ်သားတွေကို ဖမ်းခိုင်းတာ"ဟု ဒေသခံတစ်ဦးမှ Tharyarwaddy 8 City ကို ပြောပြသည်။

စစ်ကုန်း(၁)ကျေးရွာ အုပ်ချုပ်ရေးမှူး ဇော်လေးသည် ကျေးရွာအတွင်း စစ်မှုထမ်းထောက်ပံ့ကြေး မပေးနိုင်ကြသည့် နေအိမ်များအား စစ်ကောင်စီတပ်သားများနှင့် အတူ လိုက်လံ ပေါ်တာဆွဲနေတာကြောင့် လူငယ်များ တိမ်းရှောင်ကြရကြောင်း သိရှိရပါသည်။

သတင်း - ခန့်စိုး
စာတည်း - ဂန္တဝင်နွေဦး

#ကြို့ပင်ကောက်မြို့နယ်
#tharyarwaddy8city

Bago Scout Network

14 Jan, 07:15


ကြို့ပင်ကောက်မှာ ဂျပန်ခေတ် ဖက်ဆစ်အလိုတော်ရိတွေလို စစ်တပ်ကိုသတင်းပေးပြီး ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်နေတဲ့ စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ၁ဦး ပစ်ခတ်ရှင်းလင်းခံရ

Tharyarwaddy 8 City / ဇန်နဝါရီ၁၄၊၂၀၂၄

ပဲခူးတိုင်းအ‌နောက်ခြမ်း၊ သာယာဝတီခရိုင်ရှစ်မြို့နယ်ထဲက ကြို့ပင်ကောက်မြို့နယ်မှာ ဂျပန်ခေတ် ဖက်ဆစ်အလိုတော်ရိတွေလို စစ်တပ်ကိုသတင်းပေးပြီး ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်နေတဲ့ စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ၁ဦး ပစ်ခတ်ရှင်းလင်းခံရကြောင်း သတင်းရရှိပါသည်။

ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းကျေးရွာမှ
စစ်တပ်အတွက် အလုပ်လုပ်ပေးနေသည့် ပျူစောထီး သန်းဆွေဦးအား ဇန်နဝါရီလ ၁၁ရက်နေ့ ည၇နာရီ ခန့်အချိန်တွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ - ၁ Dragon Brothers GBK-PDF ရဲဘော်များမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

"သန်းဆွေဦးက ဂျပန်ခေတ် ဖက်ဆစ်အလိုတော်ရိတွေလို စခတွေအတွက် အလုပ်လုပ်ပေးနေတဲ့သူဗျ။ ပြည်သူတချို့ကို PDFထောက်ပို့လုပ်ပါတယ် စွပ်စွဲပြီး အိမ်ထဲဝင်ဖမ်းရာမှာ ဦးဆောင်တယ်။ ဖမ်းမိသူတွေကိုလည်း မျက်နှာကို အဝတ်နဲ့စည်းပြီး သွေးချင်းချင်းနီအောင် ရိုက်နှက်နှိပ်စက်တယ်။ စခတွေဆီလည်း တော်လှန်ရေးတပ်ဖွဲ့သတင်းတွေ စုံစမ်းပြီး ပို့ပေးနေလို့ ရှင်းလင်းရတာပါ"ဟု Dragon Brothers GBK-PDF တပ်ခွဲမှူး ရဲဘော်ပြည့်၀က Tharyarwaddy 8 City ကိုပြောပြပါသည်။

သေဆုံးသွားသည့် သန်းဆွေဦး ဟာ ပြည်သူတချို့အား PDFထောက်ပို့ဟုစွပ်စွဲကာ နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခြင်း၊ ဖမ်းဆီးခံရသူများအား ၄င်းကိုယ်တိုင် ရိုက်နှက်နှိပ်စက်ခြင်း၊ တော်လှန်ရေး ရဲဘော်များ၏ အချက်အလက်များအား စစ်ကောင်စီတပ်ထံ သတင်းပေးခြင်းများ လုပ်ဆောင်နေတာကြောင့် ရှင်းလင်းရခြင်းဖြစ်ကြောင်း Dragon Brothers GBK-PDFတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

သတင်း - ခန့်စိုး
စာတည်း - ရာမန်

#ကြို့ပင်ကောက်မြို့နယ်
#tharyarwaddy8city

Bago Scout Network

14 Jan, 07:15


ဓာတ်ပုံ - ပစ်ခတ်ရှင်းလင်းခံရပြီး သေဆုံးနေသည့် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ပျူစောထီး သန်းဆွေဦး

Bago Scout Network

14 Jan, 07:15


သာယာဝတီမှာ စစ်မှုထမ်းထောက်ပံ့ကြေးဆိုပြီး အတင်းအကြပ် ငွေတောင်းကာ သေနတ်နဲ့ပစ်ခတ်၍ ပေါ်တာဆွဲနေတာကြောင့် လူငယ်တွေ တိမ်းရှောင်နေရ

Tharyarwaddy 8 City / ဇန်နဝါရီ၁၄၊ ၂၀၂၄

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်ရှစ်မြို့နယ်ထဲက သာယာဝတီမြိုနယ်မှာ စစ်မှုထမ်းထောက်ပံ့ကြေးဆိုပြီး အတင်းအကြပ် ငွေတောင်းကာ သေနတ်နဲ့ပစ်ခတ်၍ ပေါ်တာဆွဲနေတာကြောင့် လူငယ်တွေ တိမ်းရှောင်နေရကြောင်း သတင်းရရှိပါသည်။

သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ ညောင်ဝိုင်းအုပ်စု အုပ်ချုပ်ရေးမှူး ကျော်နိုင်၊ ရေလဲတာပိုင်းရွာမှ ရာအိမ်မှူး သာဌေး၊ ရေလဲကြီးရွာမှ ရာအိမ်မှူး စန်းစန်းမိုး၊ ကိုလတ်၊ သိန်းဌေး၊ ထန်ပင်ကုန်းရွာမှ ရာအိမ်မှူး ကျော်နိုင်၊ ပျူစောထီး တင်အောင်မိုးနှင့် ဟိန်းမင်း တို့မှ စစ်မှုထမ်း ထောက်ပံ့ကြေးဟုဆိုကာ ဒေသခံများထံ တစ်အိမ်လျှင် သုံးသောင်းကျပ်အား လစဥ်ကောက်ခံနေ​သလို စစ်မှုထမ်းရန် နာမည်စာရင်းပါသူ တစ်ဦးလျှင် တစ်သိန်းကျပ် ကောက်ခံနေ​ကြောင်း၊ ၄င်းတို့ကောက်ခံသော ငွေမပေးသည့် နေအိမ်များအား စစ်တပ်ခေါ် ဖမ်းဆီးခိုင်းနေကြောင်း သိရသည်။

"စစ်မှုထမ်းကြေးက တစ်လကို သုံးသောင်း လတိုင်းပေးနေရတဲ့အပြင် စစ်မှုထမ်းဖို့ နာမည်ပါတဲ့သူတွေလည်း တစ်လတစ်သိန်းပေးနေတယ်။ အုပ်ကြီးရယ် ရာအိမ်မှူးတွေနဲ့ ပျူစောထီးတွေက အတင်းအကြပ် လိုက်ကောက်နေတာ။ မပေးတဲ့သူကို စစ်တပ်ခေါ်ဖမ်းခိုင်းမယ်ပြောပြီး တကယ်ခေါ်ဖမ်းခိုင်းလို့ ခုဆိုလူငယ်တွေလည်း ရွာတွေမှာ မနေရဲကြတော့ဘူး"ဟု ညောင်ဝိုင်းအုပ်စုမှ ဒေသခံတစ်ဦးက Tharyarwaddy 8 City ကို ပြောပါသည်။

သုံးဆယ်မြို့၊ ဂျောင်ဂျက်ခြုံ ရပ်ကွက်တွင် ဇန်နဝါရီလ ၆ရက်နေ့၌ စစ်​ကောင်စီတပ်မှ သေနတ်ပစ်ဖောက်၍ လူငယ်များကို နေအိမ်များအတွင်း ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ဇန်နဝါရီလ ၇ ရက်နေ့ ညပိုင်းကလည်း ကွက်သစ် ရပ်ကွက်မှ လူငယ်များကို စစ်ကောင်စီတပ်မှ နေအိမ်ထဲထိ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးတာကြောင့် လူငယ်၁ဦး ဖမ်းဆီးခံခဲ့ရပြီး ကျန်လူငယ်များ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

"သုံးဆယ်မြို့ပေါ်မှာ စစ်သားနဲ့ရဲတွေအပြင် ပျူစောထီးတွေက နေ့ရောညပါ ပေါ်တာဆွဲနေလို့ လူငယ်တွေ တိမ်းရှောင်နေရတာ မနည်းကြာပြီ။ ၆ရက်နေ့မှာတော့ ဂျောင်ဂျက်ခြုံ ရပ်ကွက်ကို သေနတ် ၅ ချက် ပစ်ဖောက်ပြီး ရပ်ကွက်ထဲ ပေါ်တာဝင်ဆွဲတာ လူငယ်များ တိမ်းရှောင်နိုင်လိုက်လို့ ဖမ်းဆီးခံရသူတော့ မရှိဘူး။ ၇ရက်နေ့ ညပိုင်းကလည်း ကွက်သစ်ဘက်မှာ အိမ်ထဲဝင်ပြီး ညီအကို၂ယောက်ကို ဝင်ဆွဲတာ ၁ ဦးကတော့ ထွက်ပြေးလို့ လွတ်​သွားတယ်"ဟု သုံးဆယ်မြို့ခံတစ်ဦးမှ Tharyarwaddy 8 City ကို ပြောပြပါသည်။

သတင်း - ဝတီမောင်
စာတည်း - ရာမန်

#သာယာဝတီမြို့နယ်
#tharyarwaddy8city

Bago Scout Network

14 Jan, 02:52


မင်းလှမှာ ကျေးရွာတွေထဲ ဝင်ရောက်ပြီး နေ့ရောညပါ စစ်ကောင်စီတပ် ပေါ်တာဆွဲနေလို့ လူငယ်၄ဦးထက်မနည်း ဖမ်းဆီးခံရကာ ပြည်သူများ ကျီးလန့်စာစားဖြစ်နေ

Tharyarwaddy 8 City / ဇန်နဝါရီ၁၄၊ ၂၀၂၅

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်ရှစ်မြို့နယ်ထဲက မင်းလှမြို့နယ်မှာ ကျေးရွာတွေထဲ ဝင်ရောက်ပြီး နေ့ရောညပါ စစ်ကောင်စီတပ် ပေါ်တာဆွဲနေလို့ လူငယ်၄ဦးထက်မနည်း ဖမ်းဆီးခံရကာ ပြည်သူများ ကျီးလန့်စာစားဖြစ်နေကြောင်း သတင်းရရှိပါသည်။

မင်းလှမြို့နယ်၊ ဘွတ်စိန်ဘုအုပ်စု၊ ရွာသာယာကျေးရွာမှ ပြည်သူများအား ဇန်နဝါရီလ ၁၂ရက်နေ့ မွန်းလွဲ ၁နာရီခန့်အချိန်တွင် စစ်ကောင်စီတပ် ဝင်ရောက် ပေါ်တာဆွဲတာကြောင့် ဒေသခံများ ထွက်ပြေးကြပြီး ကိုနိုင်ဝင်း ဆိုသူ ဖမ်းဆီးခံလိုက်ရကြောင်း၊ ၄င်းဖမ်းဆီးခံရသူ ပြန်လည်လွတ်မြောက်ရန်အတွက် စစ်ကောင်စီတပ်အား သိန်း၈၀ပေးခဲ့ရကြောင်း သိရသည်။

"ရွာသာယာကို နေ့ခင်း၁နာရီလောက်မှာ စစ်သားတွေ ဝင်ပြီးပေါ်တာဆွဲတာ ကိုနိုင်၀င်း ဆိုတဲ့သူ ဖမ်းဆီးခံရပြီး ထွေအုပ်ရုံးကို ခေါ်သွားပါတယ်။ သိန်း၈၀ပေးမှ ပြန်လွတ်ပေးပြီး နောက်တခါမိရင်တော့ စစ်မှုထမ်းရမယ်လို့ ပြောပါတယ်"ဟု ဒေသခံတစ်ဦးက Tharyarwaddy 8 City ကို ပြောပြပါသည်။

ဇန်နဝါရီလ ၁၂ရက်နေ့ နေ့ခင်းအချိန်တွင် လှည်းပြင်တင်အုပ်စု၊ ဘုရားကွင်း+အင်တောသာ(ဘုရားဝင်း)ကျေးရွာကို စစ်ကောင်စီတပ် ဝင်ရောက်ပေါ်တာဆွဲပြီး လူငယ်၂ဦးအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အလားတူ ညောင်သုံးပင်ကျေးရွာ အတွင်းသို့ ဇန်နဝါရီလ ၁၂ရက်နေ့ ည ၁၀နာရီ ၃၀မိနစ်ခန့်အချိန်တွင် စစ်ကောင်စီတပ် အင်အားအများအပြားရောက်လာပြီး ပြည်သူများ၏ နေအိမ်တံခါးများအား ခြေထောက်ဖြင့် ကန်ဖွင့်ကာ ဝင်ရောက်ပေါ်တာဆွဲတာကြောင့် ပြည်သူများ ထွက်ပြေးကြကြောင်း၊ ထိုသို့ပြည်သူများထွက်ပြေးတာကြောင့် နေအိမ်အတွင်းရှိ ပစ္စည်းများအား ဖျက်ဆီးသွားကြကြောင်း သိရှိရပါသည်။

ထို့အတူ ဇန်နဝါရီလ ၁၃ရက်နေ့ မွန်းလွဲ ၂နာရီခန့်အချိန်တွင် ကိုင်းပြင်ကြီးကျေးရွာမှ ဆိုင်ကယ်စီးလာသည့် လူငယ်၁ဦးအား စစ်ကောင်စီတပ်သားများ ပေါ်တာဆွဲဖမ်းဆီး၍ ပစ္စည်းယူ လူဖမ်းသွားကြောင်း သိရသည်။

မင်းလှမြို့နယ်အတွင်းမှ သရော(အမ်)အုပ်စု၊ ညောင်သုံးပင်အုပ်စု၊ ပက်တန်းအုပ်စုနှင့် စတဲ့ကျေးရွာအုပ်စုများအတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် ဝင်ရောက်ပေါ်တာဆွဲမည့် သတင်းများ ထွက်ပေါ်နေသလို ဝင်ရောက်ဖမ်းဆီးမှုများလည်း ရှိနေတာကြောင့် လူငယ်များ တိမ်းရှောင်နေရပြီး ပြည်သူများ စိုးရိမ်ထိပ်လန့်နေရကာ ကျီးလန့်စာစားဖြစ်နေကြပါသည်။

"စစ်ခွေးတွေက အိမ်တွေထဲဝင်ပြီး ပေါ်တာဆွဲနေတော့ ကျွန်တော်တို့လူငယ်တွေလဲ နေရောညပါ ရွာမနေရဲတော့တဲ့ အခြေအနေဖြစ်နေပြီ။ စား၀တ်နေရေးအတွက် အလုပ်လုပ်ဖို့ကိုတောင် ဘယ်မှမသွားလာရဲအောင် ဖြစ်နေလို့ ကြာရင်ငတ်ကုန်မှာ စိုးရိမ်နေရပြီ"ဟု မင်းလှမြို့နယ်မှ အသက်၁၈နှစ်အရွယ် လူငယ်တစ်ဦးမှ Tharyarwaddy 8 City ကို ရင်ဖွင့် ပြောဆိုသည်။

သတင်း - အောင်ဇေ
စာတည်း - ရာမန်

#မင်းလှမြို့နယ်
#tharyarwaddy8city

Bago Scout Network

13 Jan, 16:56


❗️❗️ ပေါ်တာ


ပြည်ခရိုင်/ပဲခူးတိုင်း

ယနေ့ နံနက်ပိုင်းအချိန် ပေါက်ခေါင်းမြို့နယ် ၊ စမ်းကလေးကျေးရွာ ၊ စမ်းသီတဂူ ဘုန်းကြီးကျောင်းရှေ့က ဆန်စက် (မြို့ပတ်လမ်းထိပ်) ကို ပေါ်တာဝင်ဆွဲရာမှာ အလုပ်သမား (၂)ဦး ပါသွားတယ်လို့ မြေပြင်ကင်းထောက်ရဲဘော်တစ်ဦးက သတင်းပေးပို့ပါတယ်။ အဲ့ဒီသတင်းကြောင့် ပေါက်ခေါင်းမြို့နယ်ထဲက ပွဲရုံများ ဒီကနေ့ ပိတ်ထားကြတယ်လို့ သိရပါတယ်။

ပေါက်ခေါင်းမြို့နယ်အတွင်း စစ်မှုထမ်းစာရင်းပါတဲ့ လူငယ်တွေကို ညဘက်အချိန်တွေမှာ အိမ်ထဲအထိ ဝင်ဆွဲနေပြီး ဇန်နဝါရီ (၁၂) ရက်​​နေ့က ပေါက်ခေါင်း ဂိုထောင်အနီးက လူငယ်အမျိုးသားတစ်ယောက် ပါသွားတယ်လို့ ပြောပါတယ်။

ပေါက်ခေါင်းမြို့နယ်မှာ ပေါ်တာဆွဲတာကို နေ့တိုင်း​​ပြုလုပ်နေပြီး ဧည့်စာရင်း အကြောင်းပြကာ လူဖမ်းပွဲ ပြုလုပ်နေခြင်း ဖြစ်ပါတယ်။

ဧည့်စာရင်းစစ်တယ်ဆိုရာမှာလည်း အိမ်တိုင်းကိုစစ်တာမျိုးမဟုတ်ဘဲ စစ်မှုထမ်း အကျုံးဝင်သူ အမျိုးသားများ ရှိတဲ့အိမ်များကို ကြိုတင်လေ့လာထားပြီးမှ ဧည့်စာရင်း အကြောင်းပြ ပေါ်တာဝင်ဆွဲနေခြင်းဖြစ်ပါတယ်။

အမျိုးသားအများစု အလုပ်လုပ်ကြတဲ့ ဆန်စက် ၊ ပွဲရုံလို နေရာမျိုးတွေကို အဓိက ပစ်မှတ်ထား နေတာကြောင့် လူငယ်တွေအနေနဲ့ အထူးသတိထားကြဖို့ PUGN က တိုက်တွန်းလိုပါတယ်။

#13Jan25
#pyayundergroundnewspugn
#BRST #CJ #PUGN

Bago Scout Network

13 Jan, 15:57


❗️❗️ပေါ်တာ

ပဲခူးတိုင်း၊သာယာဝတီခရိုင်၊ညောင်သာယာလမ်းခွဲ(ဟင်္သာတ ဘက်ကိုရေလမ်းနဲ့သွားတဲ့ဘက်) မှာ ဒီရက်ပိုင်း စခတွေ ဂိတ်ဖွင့်ထားပြီး ဖြတ်သန်းသွားလာနေတဲ့ လူငယ်တွေကို ပေါ်တာဆွဲနေတယ်။ဒီကနေ့ စျေးပြန်လူငယ် ၄ယောက်ပါသွားတယ် လို့ တာဝန်သိပြည်သူမှ သတင်းပေးပို့လာပါတယ်။

#13Jan25
#CJ #BRST #သာယာဝတီ

Bago Scout Network

13 Jan, 12:40


Bago Scout Network pinned «»

Bago Scout Network

13 Jan, 12:40


ကြို့ပင်ကောက်မှာ စစ်ကောင်စီတပ် ရှောင်တခင် ဝင်ရောက်ပေါ်တာဆွဲလို့ လူငယ်၃ဦး ဖမ်းဆီးခံရပြီးနောက် ရွာလုံးကျွတ် ထွက်ပြေးလို့ ကလေးငယ်များကို ဓားစားခံအဖြစ် ဖမ်းဆီး

Tharyarwaddy 8 City / ဇန်နဝါရီ၁၃၊ ၂၀၂၅

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်ရှစ်မြို့နယ်ထဲက ကြို့ပင်ကောက်မြို့နယ်မှာ စစ်ကောင်စီတပ် ရှောင်တခင် ဝင်ရောက်ပေါ်တာဆွဲလို့ လူငယ်၃ဦး ဖမ်းဆီးခံရပြီးနောက် ရွာလုံးကျွတ် ထွက်ပြေးလို့ ကလေးငယ်များကို ဓားစားခံအဖြစ် ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိပါသည်။

ကြို့ပင်ကောက်မြို့နယ်၊ အုန်းနှဲကျောတန်းအုပ်စု၊ အုန်းနှဲကျောတန်း(အရှေ့စု)ကျေးရွာအတွင်းသို့ ဇန်နဝါရီလ ၁၂ရက် ယမန်နေ့ ည ၁၀နာရီခန့် အချိန်တွင် စစ်ကားများ စီးလာသည့် စစ်ကောင်စီတပ်သားများမှ ပြည်သူများ၏ နေအိမ်တံခါးများအား ခြေထောက်ဖြင့် ကန်ဖွင့်ကာ ဝင်ရောက်ပေါ်တာဆွဲကြောင်း သိရသည်။

ထိုသို့ပေါ်တာဆွဲရာတွင် ကိုသန်းထိုက်ဦး၊ ကိုကျော်မင်းနိုင်၊ ကိုသန်းဇော်ထွဠ် တို့၃ဦး ဖမ်းဆီးခံလိုက်ရပြီးနောက် ကျန်သူများ ထွက်ပြေးသွားကြသဖြင့် ထွက်ပြေးသူများ ပြန်လာရန် ကလေးငယ်များအား ဓားစာခံအဖြစ် ဖမ်းဆီးပြီး စစ်ကောင်စီတပ်သားများမှ အော်ဟစ်ပြောဆိုကြောင်း သိရှိရပါသည်။

"လူတွေအိပ်မောကျနေတုန်း ရွာထဲကို စစ်ကားတွေ မောင်းဝင်လာပြီး အိမ်တံခါးတွေ ခြေထောက်နဲ့ ကန်ဖွင့်ပြီးမှ အိမ်ပေါ်တက်ဝင်ဆွဲတာဗျ။ အဲ့လိုနဲ့ ခွေးတွေဆူတော့ ၃ယောက်ပဲ ဖမ်းခံလိုက်ရတယ် ကျန်သူတွေကတော့ အကုန်ထွက်ပြေးလို့ လွတ်သွားကြပါတယ်။ ရွာကလူတွေ ထွက်ပြေးလို့ ဖမ်းစရာလူမရှိတော့ စစ်သားတွေက အိပ်နေတဲ့ ကလေးတွေကို ဓားစာခံအနေနဲ့ ဖမ်းပြီး ထွက်ပြေးသူတွေပြန်လာဖို့ အော်ပြောတယ်။ ခဏနေတော့ အော်နေတဲ့ စစ်သားတွေနားကို ဗိုလ်အဆင့်ရှိတဲ့ စစ်သားတစ်ယောက် ရောက်လာပြီး ယီးကလေးတွေ ဘာလုပ်ရမလဲ ဆဲတယ်ဗျ။ သူဆဲဆိုပြီးတော့ ကလေးတွေကို ပြန်လွှတ်ပေးပြီး ဖမ်းထားသူတွေကို ကားနဲ့ခေါ်သွားတာ"ဟု ဒေသခံတစ်ဦးက Tharyarwaddy 8 City ကို ပြောပြသည်။

အုန်းနှဲကျောတန်း(အရှေ့စု)ကျေးရွာမှ ဒေသခံပြည်သူများအနေနဲ့ စစ်မှုထမ်းထောက်ပံ့ကြေးအား ကြို့ပင်ကောက်မြို့နယ် စစ်ကောင်စီထံ အုပ်ချုပ်ရေးမှူးမှတဆင့် လစဥ်ပေးနေပေမယ့် စစ်ကောင်စီတပ်မှ နေအိမ်ထဲ ဝင်ရောက်ပေါ်တာဆွဲ ဖမ်းဆီးတာကြောင့် ရွာရှိအမျိုးသားများ အိမ်မနေရဲဘဲ တိမ်းရှောင်နေရကြောင်း၊ ဖမ်းဆီးသွားသည့် လူငယ်၃ဦးအား စစ်ကောင်စီတပ်အား ငွေပေးကာ ဇန်နဝါရီလ၁၃ရက် ယနေ့ညနေမှာ ပြန်ထုတ်လာကြောင်း သိရှိရပါသည်။

သတင်း - ခန့်စိုး
စာတည်း - ဂန္တဝင်နွေဦး

#ကြို့ပင်ကောက်မြို့နယ်
#tharyarwaddy8city

Bago Scout Network

12 Jan, 15:26


အုတ်ဖိုမှာ စစ်တပ်နဲ့ ပျူစောထီးတွေ နေအိမ်ပေါ်တက်ကာ ဝင်ရောက်ပေါ်တာဆွဲနေတာကြောင့် ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရပြီး လူငယ်၁၁ဦး ထက်မနည်း ဖမ်းဆီးခံရ

Tharyarwaddy 8 City / ဇန်နဝါရီ၁၂၊ ၂၀၂၅

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်ရှစ်မြို့နယ်ထဲက အုတ်ဖိုမြို့နယ်မှာ စစ်တပ်နဲ့ ပျူစောထီးတွေ နေအိမ်ပေါ်တက်ကာ ဝင်ရောက်ပေါ်တာဆွဲနေတာကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပြီး လူငယ်၁၁ဦး ထက်မနည်း ဖမ်းဆီးခံလိုက်ရကြောင်း သတင်းရရှိပါသည်။

ဇန်နဝါရီလ ၁၂ရက် ယနေ့နံနက် ၇နာရီခန့်အချိန်တွင် အုတ်ဖိုမြို့နယ်၊ အလယ်ကုန်းအုပ်စုအတွင်းရှိ တင်းကုတ်စုရွာ၊ အလယ်ကုန်းရွာ၊ အလယ်ကုန်း(တောင်)ရွာတို့မှ အမျိုးသားများအား စစ်ကောင်စီတပ်နှင့် ပျူစောထီးများမှ ဆိုင်ကယ် အစီး၂၀ကျော် အပါအဝင် ကားများဖြင့် လာရောက်ပေါ်တာဆွဲ ဖမ်းဆီးတာကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း သိရသည်။

ထိုသို့ပေါ်တာဆွဲရာတွင် တင်းကုတ်စုရွာမှ ကိုမျိုးမင်းဇော်၊ ကိုပြည့်စုံ၊ ကိုမိုးဒီ၊ ကိုအေးမင်း၊ ကိုအေး၊ ကိုစိုးမိုးအောင်၊ ကိုခေါလေး၊ ကိုဇော်ဝင်း အပါအဝင် စုစုပေါင်း လူငယ်၁၁ဦး ဖမ်းဆီးခံလိုက်ရပြီး အုတ်ဖိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ထွေအုပ်)ရုံးကို ဖမ်းခေါ်သွားကြောင်း၊ အလယ်ကုန်းရွာနှင့် အလယ်ကုန်း(တောင်)ရွာတို့မှ လူငယ်များ ဖမ်းဆီးခံရခြင်း ရှိမရှိကို မိမိတို့ Tharyarwaddy 8 City သတင်းဌာနအနေဖြင့် ဆက်လက် စုံစမ်းအတည်ပြုနေပါသည်။

"ပျူတွေရယ် စစ်သားနဲ့ရဲတွေ အပါအဝင်
အင်အား ၄၀လောက်က ဆိုင်ကယ်တွေနဲ့ဝင်ချလာပြီး နေအိမ်ပေါ်တက် ပေါ်တာဆွဲတာပါ။ အမျိုးသားဆို ကျောင်းသားကစ အဖိုးကြီးတွေပါမချန် ဖမ်းခေါ်တာမို့ ခုထိရွာမပြန်ရဲပါဘူး။ မနက်ဖြန်လည်း ပေါ်တာထပ်လာဆွဲမယ်ကြားလို့ အမျိုးသမီး ခပ်ငယ်ငယ်တွေပါ တိမ်းရှောင်နေကြရပါတယ်"ဟု အလယ်ကုန်းအုပ်စုမှ ဒေသခံတစ်ဦးက Tharyarwaddy 8 City ကို ပြောပြပါသည်။

ဇန်နဝါရီလ ၁၃ရက် မနက်ဖြန်တွင်လည်း အလယ်ကုန်းအုပ်စု၊ တင်းကုတ်ကြီးအုပ်စု၊ မြောင်အုပ်စု၊ သရက်နှစ်ဖျားလိန်အုပ်စုနှင့် သဖန်းပင်ဆိပ်အုပ်စု အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်မှ ဝင်ရောက်ပေါ်တာဆွဲမည်ဟု စုံစမ်းသိရှိရပြီး တော်လှန်တပ်ဖွဲ့များမှလည်း ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမည်ဖြစ်ပါ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ ဝေးဝေးနေကြဖို့ Tharyarwaddy 8 City မှတဆင့် ပြည်သူများကို အသိပေးထားပါသည်။

သတင်း - တက်တိုးအောင်
စာတည်း - ဂန္တဝင်နွေဦး

#အုတ်ဖိုမြို့နယ်
#tharyarwaddy8city

Bago Scout Network

12 Jan, 13:23


ရွှေကျင်

ရွှေကျင်ဖြတ်၍ Y-12 Military Transport Aircraft 1 စီး အနောက်ဘက်သို့ ပျံသန်း။

19:51, Jan 12
#EAR

Bago Scout Network

12 Jan, 13:14


သံတောင်ကြီးမြို့နယ်၊ တောင်ငူ -သံတောင်လမ်း ၆ မိုင်တွင် တိုက်ပွဲဖြစ်ကာ စစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့် ခဲယမ်းသိမ်းဆည်းရရှိ

ဇန်နဝါရီလ ၁၂ ရက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ တောင်ငူ -သံတောင်လမ်းမပေါ် ၆ မိုင်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦး သေဆုံးခဲ့ပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း KNLA တပ်မ ဟာ ၂ တပ်ရင်း ၅ ၏ သတင်းရင်းမြစ် Thawthikho က သတင်းထုတ်ပြန်ထားသည်။ 

ဇန်နဝါရီလ ၁၀ ရက် မွန်းတည့် ၁၂ နာရီက သံတောင်ကြီးမြို့နယ်၊ တောင်ငူ - သံတောင်လမ်းမပေါ် တွင် တပ်မဟာ ၂ တပ်ရင်း ၅ နှင့်ပူးပေါင်းတပ်များ ၆ မိုင်တွင် လမ်းပိုင်းလုံခြုံရေးအတွက် ခရီးသွား ပြည်သူကား များကို စစ်ဆေးနေစဉ် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်း ၃၉ မှ ဘုရင့် နောင် တပ်မြို့ သို့ ပြန်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီသား ၃ ဦးသေဆုံးပြီး M3 အမျိုး အစား သေနတ် ၃ လက်၊ ကျည်ဘောက် ၉ ခု၊ ကျည် အတောင့် ၂၀၀ ၊ စစ်ဖက်ဆိုင်ရာပစ္စည်းအချို့နှင့် ကား ၁ စီးဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

#KTM #HlaingInfo #BRST

Bago Scout Network

12 Jan, 12:46


ရွှေကျင်

ရွှေကျင်ဖြတ်၍ Y-12 Military Transport Aircraft 1 စီး မြောက်သို့ ပျံသန်း။

19:11, Jan 12
#EAR

Bago Scout Network

12 Jan, 08:24


ဒိုက်ဦးထောင်တွင် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိ၍ နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံး
https://m.me/j/AbYQC_0LT5v3WmdG/
* * * * *

ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်တွင် ထောင်တွင်းကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မရရှိ၍ နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရသည်။

ဒိုက်ဦးအကျဉ်း‌ထောင်တွင် ပုဒ်မ ၅၁(ဂ)/၅၂(ခ)တို့ဖြင့် ထောင်ဒဏ်(၁၁)နှစ် အကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသား မျိုးမင်းဦးသည် ထောင်ကျနေစဉ်အတွင်း လုံလောက်သည့် အခြေခံကျန်းမာရေးစောင့်ရှောက်မှု မရရှိခဲ့ခြင်းကြောင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၀)ရက်နေ့တွင် ဆီးကျောက်ရောဂါဖြင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ကိုမျိုးမင်းဦးက အရင်ကလည်း တစ်ကြိမ် ဆီးကျောက်ရောဂါပုံစံမျိုး ဖြစ်ဖူးတယ်ဗျ။ အပြင်မှာတော့ ကုသလိုက်တဲ့အခါ သက်သာပျောက်ကင်းခဲ့တဲ့ အခြေအနေမျိုး ဖြစ်ခဲ့တယ်လို့ သိရသည်။ ဒါပေမယ့် အကျဉ်းထောင်ထဲရောက်တဲ့အခါမှ ဆီးကျောက်ရောဂါပုံစံမျိုး တစ်ကြိမ်ထပ်ဖြစ်တယ်ပေါ့နော် ၊ အဲ့တခါမှာတော့ ထောင်ထဲမှာရော စနစ်တကျ ဆေးဝါးသောက်သုံးရတာရော ၊ စနစ်တကျ ဂရုစိုက်နိုင်တဲ့အခြေအနေမျိုး ရှိမနေဘူးပေါ့နော်။ သောက်ရေကအစ ဒိုက်ဦးထောင်က ရေမသန့်တဲ့ ထောင်တစ်ခုဖြစ်တယ်ပေါ့နော် ။ အဲ့လိုအခြေအနေမျိုး ဖြစ်တဲ့အတွက် တဖြည်းဖြည်းရောဂါက ဆိုးဝါးလာတယ်လို့ သုံးသပ်ပါတယ်။”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ကိုသိုက်ထွန်းဦးက Tachileik News Agency ကို ပြောသည်။

ကိုမျိုးမင်းဦးအား စစ်ကောင်စီတပ်မှ ၂၀၂၂ခုနှစ် အောက်တိုဘာလ (၁၇)ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး အင်းစိန်အကျဉ်းထောင်တွင် ပုဒ်မ ၅၁ (ဂ) ၊၅၂ (ခ)တို့ဖြင့် အမှုဖွင့်၍ အကျဉ်းချခံခဲ့ရကာ ၊ ၂၀၂၄ခုနှစ် မေလ (၃၁)ရက်နေ့တွင် အမိန့်ကျပြီးနောက် အင်းစိန်အကျဉ်းထောင်မှ ဒိုက်ဦးထောင်သို့ ပြောင်းရွှေ့လာခဲ့ရသည့် နိုင်ငံရေးအကျဥ်းသားဖြစ်ကြောင်း သိရသည်။

ဒိုက်ဦးထောင်အတွင်း ရောဂါဝေဒနာ ခံစားနေရသည့် ကိုမျိုးမင်းဦးအား ထောင်ပိုင် ထွဋ်ပိုင်မှူးနှင့် ထောင်ဆေးရုံ ဆရာဝန် သိုက်ထွေးတို့သည် လုံလောက်သည့် ကျန်းမာရေး စောင့်ရှောက်မှု မပေးခဲ့ဘဲ ဆီးကျောက်ရောဂါ ဆိုးရွားပြင်းထန်ချိန် ဒီဇင်ဘာလ (၂၆)ရက်နေ့ရောက်မှ ပဲခူးပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ဇန်နဝါရီလ (၁၀)ရက်နေ့တွင် အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

“အကျဉ်းထောင်မှာလည်း လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မပေးနိုင်တာက ရောဂါကို ပိုဆိုးဝါးလာတယ်။ အရမ်းကိုမှ ကျန်းမာရေးထိခိုက်လာတဲ့အချိန်ကြမှပေါ့နော် ၊ ထောင်ပြင်ပက ဆေးရုံကို ပို့ခဲ့တာကိုလည်း ကျနော်တို့ တွေ့ရပါတယ်။ ထောင်ဆေးရုံကနေ ပြင်ပဆေးရုံကို အချိန်နဲ့ တပြေးညီ မပို့ခဲ့တာလည်း အခုလို သေဆုံးမှုကို ပိုမိုမြန်ဆန်သွားတယ်လို့ ထောက်ပြချင်ပါတယ်။”ဟု ကိုသိုက်ထွန်းဦးက ဆက်ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် တနှစ်တာအတွင်း အကျဉ်းထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာရရှိခြင်း မရှိသည့်အတွက် သေဆုံးခဲ့ရသည့် အကျဉ်းသားဦးရေ အနည်းဆုံး (၃၄)ဦးရှိကြောင်း သိရသည်။

အကျဉ်းထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝရရှိစေရေး ပြည်သူလူထုနှင့် တော်လှန်ရေးအင်အားစုများ ၊သပိတ်အင်အားစုများ ၊လူ့အခွင့်အရေးအဖွဲ့အစည်းများအနေဖြင့်လည်း အကျဉ်းထောင်များနှင့် အကျဉ်းဦးစီးဝန်ထမ်းများကို စောင့်ကြည့်ပြီး လက်တွေ့ကျသည့် ကူညီမှုများ၊ ထိရောက်သည့် အရေးယူမှုများ၊ လူမှုရေးပြစ်ဒဏ်ပေးမှုများကို ထိရောက်စွာ ပြုလုပ်ပေးကြပါရန် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က တိုက်တွန်းထားသည်။

News : https://www.tachileik.net/mm/news/38730

#TachileikNewsAgency
#TNA_LE
Photo:PPNM

Bago Scout Network

08 Jan, 14:56


2025

Bago Scout Network

08 Jan, 14:55


ကျိုက်ထို

ကျိုက်ထိုဖြတ်၍ Y-12 Light Military Transport Aircraft 1စင်း အရှေ့ဘက်သို့ ပျံသန်း။

21:14, Jan 08
#EAR

Bago Scout Network

08 Jan, 11:23


သာယာဝတီနဲ့ အုတ်ဖိုမှာ စစ်ကောင်စီတပ်မှ နေအိမ်ထဲ ဝင်ရောက်ပေါ်တာဆွဲနေတာကြောင့် ကိုထိပ်ရှည်ဆိုသူ ဖမ်းဆီးခံရပြီး လူငယ်တွေ တိမ်းရှောင်ထွက်ပြေးနေရ

Tharyarwaddy 8 City / ဇန်နဝါရီ၈၊ ၂၀၂၅

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်ရှစ်မြို့နယ်ထဲက သာယာဝတီမြို့နယ်နှင့် အုတ်ဖိုမြို့နယ်တို့မှာ စစ်ကောင်စီတပ်မှ နေအိမ်ထဲ ဝင်ရောက်ပေါ်တာ ဆွဲနေတာကြောင့် ကိုထိပ်ရှည်ဆိုသူ ဖမ်းဆီးခံရပြီး လူငယ်တွေ တိမ်းရှောင်ထွက်ပြေးနေရကြောင်း သတင်းရရှိပါသည်။

သာယာဝတီမြို့နယ်တွင် စစ်ကောင်စီတပ်မှ အုပ်ချုပ်ရေးမှူးများနှင့်ပေါင်းပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများကို ဝင်ရောက်ပေါ်တာဆွဲနေတာကြောင့် လူငယ်တွေ ထွက်ပြေးနေရကြောင်း သိရသည်။

သာယာဝတီမြို့နယ်၊ လက်ပံတုန်းအုပ်စု၊ ဘုံမွဲဇာရွာမှ ကိုအောင်ကို ဆိုသူနှင့် လူငယ်၂ဦးတို့ဟာ ဇန်နဝါရီလ ၅ရက်နေ့တွင် ပဲခူးရိုးမအတွင်းသို့ နွားလှည်းများဖြင့် ဝါးခုတ်ရန် သွားရောက်စဉ် သဲဖြူရွာ စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်မှ ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း သိရှိရပါသည်။

ဖမ်းဆီးခံရသော လူငယ်များကို ဇန်နဝါရီလ ၆ရက်နေ့တွင် စစ်ကောင်စီတပ်က မိသားစုဝင်များကို အကြောင်းကြား၍ သိန်း၇၀ဖြင့် ပြန်ရွေးခိုင်းသောကြောင့် ကိုအောင်ကိုနှင့် လူငယ်၁ဦးမှ ၄င်းတို့တောင်းသည့် ငွေပေး၍ ပြန်လည် လွတ်မြောက်လာသော်လည်း ကျန်လူငယ် ၁ ဦး၏ မိသားစုဝင်များက ငွေကြေး မတတ်နိုင်သည့်အတွက် ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။

"သဲဖြူဂိတ်က စစ်သားတွေ ပေါ်တာဆွဲထားလို့ တစ်ဦးကို သိန်း၇၀နဲ့ ပြန်ရွေးလာရတယ်။ ၁ဦးကတော့ ငွေကြေး မတတ်နိုင်လို့ မရွေးနိုင်လို့ အခုထိ မလွတ်သေးဘူး" ဒေသခံတစ်ဦးမှ Tharyarwaddy 8 City ကို ပြောပြပါသည်။

အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့၊ ပြည်တော်သာရပ်ကွက် အုပ်ချုပ်ရေးမှူး ဆန်းထွေး ဦးဆောင်သည့် စစ်ကောင်စီတပ်မှ နေအိမ်တွေထဲ ဝင်ရောက်ပေါ်တာဆွဲမှုများ နေ့စဥ်ပြုလုပ်နေ၍ လူငယ်များ တိမ်းရှောင်နေရ​ကြောင်း သိရသည်။

ဒီဇင်ဘာလ ၇ရက်နေ့ ည၇နာရီ ခန့်အချိန်တွင်
ပြည်တော်သာရပ်ကွက်မှ ကိုထိပ်ရှည် ဆိုသူအား အုပ်ချုပ်ရေးမှူး ဆန်းထွေး ဦးဆောင်သည့် စစ်ကောင်စီတပ်မှ နေအိမ်ပေါ်တက်ပြီး အတင်းအကြပ် ဖမ်းဆီး၍ ပေါ်တာဆွဲသွားကြောင်း သိရှိရပါသည်။

"ညကကိုထိပ်ရှည်ဆိုတဲ့ ကောင်လေးကို အုပ်ကြီး ဆန်းထွေး ဦးဆောင်တဲ့ စစ်သားတွေ အိမ်ပေါ်တက်ပြီး ပေါ်တာဆွဲသွားပါတယ်။ အုပ်ကြီးက စစ်သားတွေခေါ်ပြီး ညတိုင်းပေါ်တာဆွဲနေလို့ လူငယ်တွေ ရှောင်နေရတာ တော်တော်ကြာပြီ။ တစ်လကို အနည်းဆုံး ၃ယောက်လောက် ပေါ်တာဆွဲခံနေရပြီး ခုဆိုလူငယ်တွေ ​ကျီးလန့်စာစား နေနေရတယ်"ဟု ဒေသခံတစ်ဦးမှ Tharyarwaddy 8 City ကို ပြောပြပါသည်။

သတင်း - ဝတီမောင်၊ တက်တိုးအောင်
စာတည်း - ဂန္တဝင်နွေဦး

#သာယာဝတီမြို့နယ်
#အုတ်ဖိုမြို့နယ်
#tharyarwaddy8city

Bago Scout Network

08 Jan, 02:46


တောင်ငူ

တောင်ငူလေတပ်သို့ အရှေ့မှလာသော Mi-35P Attack Helicopter 1စင်း ဆင်းသက်။

09:13, Jan 08
#EAR

Bago Scout Network

07 Jan, 13:20


ကြိုးကြာငှက်တွေ အိမ်ပြန်ဖို့

ရိုးမခေါ်သံ (၂) လာပါပြီ

ရိုးမခေါ်သံ (၂) Project သည် စစ်တောင်းမြစ်ဝှမ်းဒေသတွေ အခြေချလှုပ်ရှားနေသည့် ဗျူဟာ(၂၆)လက်အောက်ခံ တပ်ရင်းများဖြစ်သည့် Royal Peacock Column-P 29913
တောကျီးကန်းစစ်ကြောင်းနှင့် ပဲခူးခရိုင် အမှတ် - ၃ ၊ P D F တပ်ရင်း ၃၇၀၃ တို့၏စစ်ဆင်ရေး လိုအပ်ချက်များကို ဖြည့်တင်းပေးနိုင်ရန်အတွက် ရည်ရွယ်ပြုလုပ်သော project ဖြစ်ပါသည်။ မိဘပြည်သူများအနေဖြင့် ပါဝင်ကူညီပေးကြပါရန် တောင်းဆိုပါသည်။
Royal Peacock Column-P 29913


မကြာမှီ လာမည် ....မျှော်
Coming soon Near you
ဝုန်းဖို့ အဆင်သင့် ပြင် ထား ကြ ဟေ့🫡

ဝိုင်းဝန်း ကူညီ ကြရအောင်ပါ
ပဲခူးရိုးမ ငါတို့ရိုးမ ဖြစ်ရမယ်


#7jan2025
#ရိုးမခေါ်သံ #ပဲခူးခရိုင် #BNOC #BRST

မူရင်းလင့်
https://www.facebook.com/share/v/1XMy8WLFpg/

Bago Scout Network

07 Jan, 12:36


🎶 အမေ့သား ပြန်လာမယ် 🎶

တေးရေး -Isaac
တေးဆို -K Mask

Bago Scout Network

07 Jan, 05:40


အုတ်ဖိုမှာ တော်လှန်ရေးတပ်ဖွဲ့တွေအကြောင်း စုံစမ်းပြီး စစ်ကောင်စီတပ်ထံ သတင်းပေးနေတဲ့ အမျိုးသမီး၁ဦး သေနတ်နဲ့ ပစ်ခတ်ခံရလို့သေဆုံး

Tharyarwaddy 8 City / ဇန်နဝါရီ၇၊ ၂၀၂၅

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်ရှစ်မြို့နယ်ထဲက အုတ်ဖိုမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေအကြောင်း စုံစမ်းပြီး စစ်ကောင်စီတပ်ထံ သတင်းပေးနေတဲ့ အမျိုးသမီး၁ဦး သေနတ်နဲ့ ပစ်ခတ်ခံရလို့သေဆုံးသွားကြောင်း သတင်းရရှိပါသည်။

အုတ်ဖိုမြို့နယ်၊ ဒေါင်းစပါးအုပ်စု၊ ဂွေးချောင်းကျေးရွာမှ ဇော်ကြီး(ခ)ဇော်ဌေး နှင့် ဇနီးဖြစ်သူ ညိုညိုဝင်းတို့အား ဇန်နဝါရီလ ၆ရက် ယမန်နေ့ မွန်းတည့် ၁၂နာရီခန့် အချိန်တွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ၅ ကြို့ပင်ကောက်HEROပြောက်ကျားတပ်ဖွဲ့ ရဲဘော်များမှ ၄င်းတို့၏ နေအိမ်၌ ဝင်ရောက်ပစ်ခတ်ခဲ့​ရာ အဆိုပါပစ်ခတ်မှုအတွင်း ဇော်ကြီး(ခ)ဇော်ဌေးမှာ ထွက်ပြေးလွတ်မြောက်သွားသော်လည်း ဇနီးဖြစ်သူ ညိုညိုဝင်းမှာ ကျည်၇ချက် ထိမှန်၍ သေဆုံးသွားကြောင်း သိရသည်။

"PDFရဲဘော်တွေနဲ့ ပြည်သူတွေကို စခတွေဆီ သတင်းပေးတိုင်ကြားနေတဲ့ လင်မယားမို့ နေအိမ်ထဲဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ ဇော်ကြီးကတော့ ထွက်ပြေးလို့ လွတ်သွားပေမယ့် သူ့မိန်းမ ညိုညိုဝင်းကတော့ ကျည်၇ချက်ထိမှန်ပြီး သေဆုံးသွားပါတယ်။ ကျွန်တော်တို့ တိုက်ခိုက်မှုလုပ်နေချိန် စခတွေရှိနေပေမယ့် ရဲဘော်တွေ ဘေးကင်းကင်းနဲ့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်"ဟု ကြို့ပင်ကောက်HEROပြောက်ကျားတပ်ဖွဲ့ တပ်ခွဲမှူး ရဲဘော် မိုးကြိုးလေးမှ Tharyarwaddy 8 City ကိုပြောပြသည်။

ကြို့ပင်ကောက်HEROပြောက်ကျားတပ်ဖွဲ့အနေဖြင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များအား ဒုက္ခပေးနေကြသည့် စစ်ကောင်စီနှင့် စစ်ကောင်စီထောက်တိုင် သတင်းပေးဒလန်များကို အချိန်နေရာမရွေး ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများအနေနဲ့ ၄င်းတို့အနီး သွားလာနေထိုင်ခြင်း မပြုလုပ်ကြရန် အသိပေးထားပါသည်။

ဓာတ်ပုံ - ပစ်ခတ်ရှင်းလင်းခံရသည့် ညိုညိုဝင်း (မသေဆုံးခင်ပုံဟောင်း)

သတင်း - ခန့်စိုး
စာတည်း - နွေဦးဇင်ယော်

#အုတ်ဖိုမြို့နယ်
#tharyarwaddy8city

Bago Scout Network

06 Jan, 12:26


ကျောက်ကြီးဒေသ မူသယ်စခန်းသိမ်းတိုက်ပွဲ လက်နက်နှင့် ကျည်ခဲယမ်းများ KNLA သိမ်းရ

ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)၊တပ်မဟာ(၃) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ရှိ စစ်ကောင်စီ၏ မူသယ်စစ်ကောင်စီစခန်းကို ဇန်နဝါရီလဆန်းပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းများသိမ်းရခဲ့သည်ဟု သတင်းရင်းမြစ်က အသိပေးသည်။

မူသယ်ရှိ စစ်ကောင်စီစခန်းကို ဇန်နဝါရီ ၃ရက်တွင် သိမ်းရခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ တပ်မဟာ (၃)က ရထားတဲ့ ပစ္စည်း(လက်နက်များနှင့် ခဲယမ်း၊ ကျည်များ) ၊ ၈၁ မမပါတယ်။ RPG အသီးတွေရော"ဟု ကရင်သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ တပ်စခန်းကို နှစ်ကြိမ်တိုင် ရှင်းလင်းသိမ်းပိုက်ခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

“သူတို့ တစ်ခါ ပြန်ဝင်လာတယ်။ ၃ရက်နေ့ မိုးလင်းလင်း၊ မလင်းလင်း အချိန်ပေါ့။ ပြီးရင် ကျနော်တို့ ပြန်ပစ်လိုက်တယ် ထွက်ကုန်ပြီ။ ဒီတခါတော့ PDF မပါဘူးတဲ့။ KNLA/KNDO တပ်ရင်း(၃)က”ဟု မူသယ် စစ်ကောင်စီတပ်စခန်းသိမ်းပိုက်နိုင်မှု အခြေအနေကို သတင်းရင်းမြစ်က ပြောသည်။

မူသယ်စခန်းသိမ်းတိုက်ပွဲအတွင်း KNLA ဘက်က ရဲဘော်အချို့ ကျဆုံးခဲ့သည်ဟုလည်း သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုနှင့် အရှင်ဖမ်းဆီးရရှိမှု ရှိ၊မရှိ အခြေအနေကို မသိရသေးပေ။

စစ်ကောင်စီဘက်ကလည်း ကျောက်ကြီးမြို့နယ်အတွင်း ကျေးရွာများကို ယခုလဆန်းအတွင်း လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်ထားသည်။ ဇန်နဝါရီ ၃ရက်တွင် ကျောက်ကြီး ကွမ်းချောင်း၀ အခြေစိုက် စစ်ကောင်ဏီတပ်က ၁၂၂ လက်နက်ကြီး ပစ်ခတ်ခဲ့၍ အင်တိုင်းကုန်းရွာခံ အမျိုးသမီး ၁ဦး ဒဏ်ရာရရှိခဲ့သည်ဟု အသိပေးထားသည်။ ဇန်နဝါရီ ၂ရက်ကလည်း စစ်ကောင်စီ လက်နက်ကြီးကြောင့် ကျောက်ကြီးမြို့နယ် ၁၅နှစ်အရွယ် လူငယ်တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

Bago Scout Network

06 Jan, 12:26


(ကျောက်ကြီးဒေသ မူသယ်စခန်းသိမ်းတိုက်ပွဲမှ သိမ်းရသော လက်နက်နှင့် ကျည်ခဲယမ်းများ။ ဓာတ်ပုံ - CJ)

Bago Scout Network

05 Jan, 16:34


KNU တပ်မဟာ ၃ ကျောက်ကြီးမြို့နယ်တွင် ဗျူဟာအဆင့်တပ်စခန်းအပါအ၀င်  စစ်ကောင်စီတပ်စခန်း ၂ခုတိုက်ခိုက်သိမ်းပိုက်ခံရ

ဇန်နဝါရီလ ၅ ရက်   

KNUတပ်မဟာ၃ ကျောက်ကြီးမြို့နယ် မူသယ်လမ်းမှ အခြေစိုက်သည့် စစ်ကောင်စီတပ်စခန်း၂ခုကို ဇန်နဝါရီလအစောပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ KNLA တပ်မှူးတစ်ဦးထံမှသိရသည်။

တိုက်ခိုက်သိမ်းပိုက်ခံလိုက်ရသည့်စစ်ကောင်စီတပ်စခန်း၂ခုသည် ခို့သရေ့ကျိုးစခန်းနှင့် ခလဲ့ကျိုးတပ်စခန်း တို့ဖြစ်ပြီး ခို့သရေကျိုးစခန်းသည် မူသယ်အထက်နားတွင်အခြေစိုက်သည့်တပ်စခန်းတစ်ခုဖြစ်ပြီး ခလဲ့ကျိုး တပ်စခန်းသည် KNUတပ်မဟာ ၃နှင့်၅အစပ်တွင်အခြေစိုက်သည့် ဗျူဟာအဆင့်ရှိသည့်စခန်းကြီးတစ်ခု ဖြစ်တယ်လို့ဆိုပါသည်။

ခလဲ့ကျိုးဗျူဟာအဆင့်တပ်စခန်းသည်ဇန်နဝါရီလ၂ရက်နေ့တွင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မူသယ်ရွာ အထက်နားရှိခို့သရေကျိုးတပ်စခန်းသည် ဇန်နဝါရီလ ၃ရက်နေ့တွင်တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သည်ဟု အထက်ပါတပ်မှူးကပြောပါတယ်။

အဆက် - ⤵️⤵️

Bago Scout Network

05 Jan, 12:02


ပဲခူးမြို့နယ်(ကျူးကျော်ဟုဆိုကာ ရာအိမ်မှူးတွေနဲ့ပေါင်းပြီး ငွေတောင်းရမ်းနေ)

#Jan5

၂၀၂၄ (၈)လပိုင်းကတည်းက ပဲခူးမြို့နယ် ၊ ကတွင်းခြံကျေးရွာအုပ်စု၊ တောင်သူစုကျေးရွာအပိုင် တာဝါတိုင်လမ်းကြားအနီး (ရာအိမ်မှုးမင်းကိုနိုင်နဲ့ရာအိမ်မှုးဖိုးအေး အပိုင်)က အိမ်ခြံများကို ကျူးကျော်ဆိုပြီး တစ်အိမ်ကို ၁သိန်း၊ ၁သိန်းခွဲ၊ (၂) သိန်း၊ တစ်ချို့အိမ်တွေဆိုရင် ၃သိန်းထိတောင်းနေပါတယ်။ ပိုက်ဆံရှိတဲ့သူတွေက ပေးပြီးကြပြီ။ အဆင်မပြေသူတွေကတော့ သုံးလေးသောင်း ပေးထားကြပြီး ကျန်တဲ့ငွေတွေကို ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ လကုန်ရက်မှာ အတင်းခြိမ်းခြောက်ပြီး လိုက်တောင်းနေပါတယ်။

"ဒီနေရာမှာ နေလာတာ နှစ်ပေါင်း၂၀ကျော်ပြီ။ တစ်ခါမှ အခုလို မတောင်းဖူးဘူး။ ၂၀၂၁ အာဏာသိမ်းမှ နောက်ပိုင်းမှာ ကျူးကျော် ဆိုပြီး ငွေပေးနေရတာပဲ"" လို့ ရင်းမြစ်တစ်ချို့က ဆိုပါတယ်။

#စစ်မှုထမ်းကြေးလည်း ၁သောင်းကနေ ၃ သောင်းထိ လစဥ်ပေးနေရပြီး သားသမီးတွေ နိုင်ငံခြားမှာရှိတဲ့ အိမ်တွေဆိုရင် တစ်ယောက်ရှိရင်တစ်သောင်း နှစ်ယောက်ရှိရင်၂သောင်း တောင်းပါတယ်။တခြားနေရာတွေမှာ ၁သောင်းထက်ပိုပြီး တောင်းနေကြတာလည်းရှိတယ်လို့ကြားတယ်။

"သူတို့ တောင်းသမျှ ကြောက်တော့လည်းပေးနေရတာပဲ။လူတွေကြောက်ပြီပေးနေရတယ်။ တော်တော်လေး ဆိုပါတယ်။ ရာအိမ်မှူးတွေကိုယ်တိုင်လိုက်တောင်းနေကြတာပါ"
လို့ သိရပါတယ်။


#ပုံ (cmtတွင်ကြည့်ရန်)
ကတွင်းခြံကျေးရွာ၊ရွှေဘိုစုကျေးရွာ၊တောင်သူစုကျေးရွာ(သုံးရွာပေါင်း) အုပ်ကြီး ဦးသန်းအေး ဘေးက မိန်းမအဖြူ(ရာအိမ်မှူး)


#5Jan25 #BRST #BNOC

Bago Scout Network

05 Jan, 10:51


(စစ်ကောင်စီ၏ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်နေစဉ်။ဓာတ်ပုံ - MKCDF)

Bago Scout Network

05 Jan, 10:51


တောင်ငူလေတပ်စခန်းကို ၁၀၇ မမရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

သတိုး/People's Spring

နှစ်သစ်ကူးကာလတွင် ပြည်သူများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် စစ်ကောင်စီ၏ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Mountain Knight Civilian Defense Forces (MKCDF)မှ တာဝန်ရှိသူက ပြောသည်။

"လွတ်လပ်ရေးနေ့မှာ မြန်မာပြည်သူတွေမလွတ်လပ်သေးသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ကြောက်စိတ်နဲ့ မလွတ်မလပ်ထိတ်လန့်နေစေရမယ်၊ အထူးသဖြင့်လေတပ်ပေါ့။ ဒါကြောင့် ဒီမစ်ရှင်ကို ဒီနေ့မှာလုပ်ခဲ့ရခြင်းဖြစ်ပါတယ်။ ကူညီပေးခဲ့တဲ့မဟာမိတ်အဖွဲ့အားလုံး ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်" ဟု ၎င်းက ပြောသည်။

ယင်းစစ်ဆင်ရေးကို ယနေ့(ဇန်နဝါရီ ၄ရက်)နံနက်တွင် Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF)၊ သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

၁၀၇ မမ ရှော့တိုက်ဒုံး ၁၂ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၁၀လုံးကို အောင်မြင်စွာပစ်ခတ်နိုင်ခဲ့သည်ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။

"ပစ်ပြီး ၄မိနစ်မှာ စခတွေဘက်က ၁၂၀ နဲ့ တစ်လုံး၊ ၁၅ မိနစ်မှာ နှစ်လုံးဆက်တိုက် စုစုပေါင်းသုံးလုံးပြန်ပစ်ပါတယ်၊ ဒါပေမယ့်ရဲဘော်တွေအားလုံး ဘေးကင်းလုံခြုံစွာဆုတ်ခွာနိုင်ခဲ့ပါတယ်၊"ဟု ၎င်းက ဆက်ပြောသည်။

တောင်ငူလေတပ်စခန်းသည် နှစ်သစ်ကူးညတွင် ကရင်နီပြည်ဒေသကို ဗုံးကြဲမှုအပါအဝင် နိုင်ငံတဝှမ်းမှ ပြည်သူလူထုကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသော စစ်ကောင်စီ၏ လေတပ်များအနက် တောင်ပိုင်းရှိ အရေးပါသော လေတပ်စခန်းတစ်ခုဟု ဆိုသည်။ ပြည်သူများ လေကြောင်းတိုက်ခိုက်ရာတွင် အဓိကသုံးသည့် MiG-29 Jet Fighter နှင့် Y-12 Military Transport Aircraft တို့ ပုံမှန်အခြေပြုနေသော လေတပ်စခန်းတစ်ခုဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်၍ စစ်ကောင်စီဘက်မှထိခိုက်မှုကိုစုံစမ်းဆဲဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

Brave Warriors for Myanmar (BWM) နှင့်မဟာမိတ်များအနေဖြင့် တောင်ငူလေတပ်စခန်းကို ခြောက်ကြိမ်မြောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် နှစ်သစ်ကူးကာလ နှစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁၅ ဦးထက်မည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ဦးကျော်ရှိခဲ့သည်။

၂၀၂၄ ဒီဇင်ဘာ ၃၁ ရက်နှင့် ၂၀၂၅ ဇန်နဝါရီ ၁ ရက်တို့တွင် မန္တလေးတိုင်း ၊ ရခိုင်ပြည်နယ် ၊ရှမ်းပြည်နယ် ၊ကရင်နီပြည်နယ်နှင့် ကချင်ပြည်နယ်ရှိ မြို့ရွာများကို ‌လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Bago Scout Network

05 Jan, 10:40


နတ်တလင်းမှာ PDFထဲဝင်ဖို့လာတဲ့ လူငယ်တွေကို သတင်းပေးဖမ်းဆီးခိုင်းတဲ့
ပျူစောထီး လင်မယား ရှင်းလင်းခံရ

Tharyarwaddy 8 City / ဇန်နဝါရီ၅၊ ၂၀၂၄

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်ရှစ်မြို့နယ်ထဲက နတ်တလင်းမြို့နယ်၊ မယင်းကျေးရွာမှာ နေထိုင်သည့် စောထူး နှင့် မခိုင် ဆိုသူ ပျူစောထီး လင်မယားအား ၄င်းတို့နေအိမ်၌ ရှိနေစဥ် ဇန်နဝါရီလ ၂ရက်နေ့ ည၉နာရီခန့် အချိန်တွင် သာယာ၀တီခရိုင် တပ်ရင်း ၃၈၀၁ လက်အောက်ခံ တပ်ခွဲ၄ Bamar Revolution Army (B.R.A) နှင့် တပ်ခွဲ၂ Phoenix D F ရဲဘော်များ ပူးပေါင်း၍ သွားရောက်ရှင်းလင်းခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါ ရှင်းလင်းခံရသည့် ပျူစောထီး လင်မယားသည် PDFတပ်ဖွဲ့များ၏ သတင်းအချက်အလက်များအား စုံစမ်း၍ စစ်ကောင်စီထံ သတင်းပေးပို့ခြင်း၊ PDFတပ်ဖွဲ့ထဲဝင်ရောက်ရန်လာသည့် လူငယ်၄ဦးအား ပျဉ်ပုံရွာ ပျူစောထီးများထံ ဖုန်းဆက်သတင်းပေးမှုကြောင့် လူငယ်များ ဖမ်းဆီးခံရပြီး နှိပ်စက်ခံရသည့်အတွက် ယခုလို အရေးယူရခြင်းဖြစ်ကြောင်း Bamar Revolution Army (B.R.A) မှ သတင်းထုတ်ပြန်ထားသည်။

"ပျူစောထီး စောထူးနဲ့ မခိုင်တို့ လင်မယားက ရိုးမအစပ်မှာ တောင်ယာလုပ်ပါတယ်။ PDFထဲဝင်ဖို့လာတဲ့ လူငယ်လေးဦးက သူတို့ယာတဲကို ရေဝင်သောက်တော့ PDFထဲသွားမယ်ဆိုတာ သိသွားပြီး ပျဥ်ပုံပျူတွေကို ဖုန်းဆက်ပီး ဖမ်းခိုင်းပါတယ်။ အဲ့လူငယ်တွေ သူတို့ကြောင့် ဖမ်းခံရပြီး ညှင်းပန်းနှိပ်စက်ခံရတဲ့အတွက် ခုလိုအရေးယူရတာပါ။ ပျဥ်ပုံပျူခေါင်းဆောင် ချမ်းအေးနဲ့ သေဆုံးသူ မခိုင်က မောင်နှမဝမ်းကွဲတော်ပါတယ်။ စခတွေနဲ့နီးလို့ သူတို့အိမ်ထဲ ဝင်ရောက်ပြီး ဓားနဲ့ပဲရှင်းလင်းခဲ့တာပါ ပုံတော့မရိုက်ခဲ့ရဘူးဗျ ခွေးနဲ့အရမ်းနီးတော့ အမြန်ပြန်ဆုတ်ခဲ့ရပါတယ်"ဟု Bamar Revolution Army (B.R.A) တပ်ခွဲမှူး ရဲဘော်ဗိုလ်လက်ျာ မှ Tharyarwaddy 8 City ရှင်းပြပါသည်။

Bamar Revolution Army (B.R.A) အနေဖြင့် စစ်ကောင်စီနှင့် စစ်ကောက်စီ ထောက်တိုင်များအား အလျဉ်းသင့်သလို သုတ်သင်တိုက်ခိုက်သွား မည်ဖြစ်သဖြင့် ပြည်သူများအနေနှင့် ၎င်းတို့နှင့်နီးကပ်စွာနေထိုင်ခြင်းမပြုပဲ ရှောင်ရှားကြပါရန် အသိပေးသည်။

"ကျနော်တို့အနေနဲ့ စစ်ကောင်စီနဲ့ သူ့ဒေါက်တိုင်မှန်သမျှကို အလျဥ်းသင့်သလို သုတ်သင်သွားမှာဖြစ်ပြီး စစ်ကောင်စီပြုတ်ကျတဲ့အထိ တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။ အားလုံးအတူတူကြိုးစားမှ ပန်းတိုင်မြန်မြန်ရောက်မှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့လဲ ကျနော်တို့ကို ဝိုင်းဝန်းကူညီပေးကြဖို့ တောင်းဆိုပါတယ်"ဟု တပ်ခွဲမှူး ရဲဘော်ဗိုလ်လက်ျာ မှ ပြောပါသည်။

ဓာတ်ပုံ - Bamar Revolution Army (B.R.A) ရဲဘော်များ

သတင်း - လွတ်လပ်ငြိမ်း
စာတည်း - နွေဦးဇင်ယော်

#နတ်တလင်းမြို့နယ်
#tharyarwaddy8city

Bago Scout Network

05 Jan, 10:28


တောင်ငူခရိုင် တပ်ရင်း အမှတ် (၃၅၀၄) “ ပုဝါနီစစ်ကြောင်း ” မှ သတင်းထုတ်ပြန်ချက်

ရက်စွဲ။ ။၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်

၂၀၂၅ခုနှစ်၊ ဇန်ဝါရီလ (၃)ရက်နေ့၊ သောကြာနေ့ ညနေ(၄)နာရီ အချိန်ခန့် ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ကမ်းရှိ ရေလွှဲကျေးရွာနှင့် ပိန္နဲပင်ကျေးရွာ တိုက်ပွဲအတွင်း ရဲဘော် အောင်ကြီး (ခ) ဝဏ္ဏအောင်၊ ရဲဘော် အောင်လေး (ခ) နေမျိုးအောင်၊ ရဲဘော်နဂါး (ခ) လျှမ်းထက်၊ ရဲဘော် ဇွဲကို (ခ) မိုးမင်းကို၊ ရဲဘော် ဘိုဘို တို့သည် အကြမ်းဖက်စစ်ကောင်စီ စစ်တပ်နှင့် ထိတွေ့ တိုက်ပွဲဝင်ရင်း တိုင်းပြည်နှင့် ပြည်သူလူထုအတွက် ရဲရင့်မြင့်မြတ်စွာ ကျဆုံးခဲ့ရပါသည်။ ထိုသို့ တိုင်းပြည်နှင့် ပြည်သူလူထုအတွက် ပေးဆပ် အနစ်နာခံမှုကို ပြည်သူလူထုနှင့်အတူ ကျန်ရစ်သည့် တပ်ရင်း(၃၅၀၄) ပုဝါနီစစ်ကြောင်း ရဲဘော်များအားလုံးက လေးစားဂုဏ်ယူရင်း မပြီးဆုံးသေးသည့် အကြမ်းဖက်စစ်တပ် အမြစ်ပြတ်ရေး တိုက်ပွဲအား အားသွန်ခွန်စိုက် တိုက်ပွဲဝင်သွားမည်ဖြစ် ကြောင်း ညိုးငယ်စွာဖြင့် သတင်းထုတ်ပြန်အပ်ပါသည်။

‌‌တောင်ငူခရိုင် တပ်ရင်း အမှတ်(၃၅၀၄)တပ်ရင်း

Fb link---
https://www.facebook.com/share/15gCV8NaJq/

#တောင်ငူ #ရေတာရှည် #၃၅၀၄ # TSRNC #BRST

Bago Scout Network

04 Jan, 10:02


သာယာဝတီထောင်က နိုင်ငံရေးအမှုနဲ့ ထောင်ဒဏ်ကျခံနေရသည့် နိုင်ကျဥ်း ၁၁ဦး
လွတ်ငြိမ်းဖြင့် ပြန်လည်လွတ်မြောက်

Tharyarwaddy 8 City / ဇန်နဝါရီ၄ ၊၂၀၂၄

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်ရှစ်မြို့နယ်ထဲက သာယာဝတီမြို့နယ်ရှိ အကျဥ်းထောင်မှာ နိုင်ငံရေးအမှုနဲ့ ထောင်ဒဏ်ကျခံနေရသည့် နိုင်ကျဥ်း ၁၁ဦး လွတ်ငြိမ်းဖြင့် ပြန်လည်လွတ်မြောက်လာကြောင်း သတင်းရရှိပါသည်။

ဇန်နဝါရီလ ၄ရက် ဒီကနေ့ ကျရောက်တဲ့ ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံတစ်ဝန်းမှ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၅၈၆၄ ဦးကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ စစ်ကောင်စီမှ သတင်းထုတ်ပြန်ထားပါသည်။

ယင်းထုတ်ပြန်ချက်အရ သာယာထောင်က အကျဉ်းသား၊ အကျဉ်းသူတွေကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ရာ နိုင်ငံရေးအမှုဖြင့် အကျဉ်းကျခံနေရတဲ့ အမျိုးသား၄ဦး၊ အမျိုးသမီး၇ဦး စုစုပေါင်း ၁၁ဦး ပြန်လည်လွတ်မြောက်လာကြောင်း သာယာဝတီအကျဥ်းထောင်နဲ့ နီးစပ်သူများထံမှ သိရသည်။

"သာယာ၀တီထောင်က ကျား၄ယောက် မ၇ယောက် စုစုပေါင်း နိုင်ကျဥ်း ၁၁ယောက်လွတ်ပါတယ်။ ခိုးဆိုးလုနှိုက်အမှုတွေနဲ့ ထောင်ကျသူတွေ တော်တော်များများ လွတ်ပေးတဲ့အထဲမှာ ပါတယ်"ဟု သာယာဝတီထောင်မှ ပြန်လည်လွတ်မြောက်လာသူ တဦးက Tharyarwaddy 8 City ကို ရှင်းပြပါ​သည်။

အခုလို အကျဉ်းသား၊ အကျဉ်းသူတွေကို စစ်ကောင်စီမှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ရာမှာ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ (၁) အရ နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ရင် အဲဒီပြစ်မှုအပြင် ယခင်ကျခံရမဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ့် စည်းကမ်း သတ်မှတ်ချက်လည်း ပါဝင်ပါသည်။

သတင်း - ဝတီမောင်
စာတည်း - ကိုမိုက်

#သာယာဝတီမြို့နယ်
#tharyarwaddy8city

Bago Scout Network

30 Nov, 15:40


ပြည်အကျဥ်းထောင်တွင် ဆေးဝါးမလုံလောက်မှုနှင့်ရေမသန့်ရှင်းမှုကြောင့်အရေပြားကူးစက်ရောဂါများဖြစ်ပွားနေ

အာဟာရချို့တဲ့မှုကြောင့်(၂၀၂၄)တစ်နှစ်အတွင်းအကျဥ်းသား(၄)ဦး ​ေ-သဆုံးခဲ့

၃၁ နိုဝင်ဘာ ၊၂၀၂၄

ပဲခူးတိုင်း ပြည်မြို့ က ပြည်အကျဥ်းထောင်မှာ "ဆေးဝါးလုံလောက်မှုမရှိတာနဲ့ ရေမသန့်ရှင်းတာကြောင့် အကျဥ်းသူ/အကျဥ်းသားတွေ အရေပြားကူးစက်ရောဂါဖြစ်ပွားနေတယ်"လို့ အကျဥ်းထောင်နဲ့နီးစပ်သူတစ်ဦးထံမှ သိရပါတယ်။

"ဆေးဝါးမလုံလောက်တဲ့ပြဿနာပါ၊ထောင်ဆေးခန်းမှာက စီဗစ်၊ဘာမီတွန်နဲ့ ပါရာစီတမောပဲ ပေးနိုင်တယ်။ပြီးတော့ သုံးရေ ချိုးရေ မသန့်တာလည်းပါတာပေါ့။ယားနာတွေက ခြေတွေလက်တွေအပြင် မိန်းမယောကျ်ားအဂ်ါတွေမှာပါ ဆိုးဆိုးဝါးဝါးဖြစ်နေကြတာပါ"လို့ အမည်မဖော် လိုသူ သတင်းပေးပြည်သူတစ်ဦးက PUGN ကို ပြောပါတယ်။

"ထောင်မှာက အသားဟင်းဆိုပြီး တစ်ပတ်ကို ငါးတစ်တုံးပဲကျွေးတယ်။အရင်ကတော့ ကြက်သားကျွေးပေမယ့် ခုစျေးတွေတက်လို့ဆိုပြီး ကြက်ဥပြောင်းကျွေးတယ်။အဲ့တော့တစ်ပတ်ကို ငါးတစ်တုံး၊ကြက်ဥနှစ်လုံးပဲစားရပြီး ကျန်တဲ့ရက်တွေကို ပဲဟင်း၊ကန်စွန်းရွက်ရေလုံပြုတ် နဲ့ပဲကျွေးပါတယ်"

နောက် "အာဟာရချို့တဲ့တာ ကြောင့် ဒီတစ်နှစ်ထဲမှာ ရာဇဝတ်အကျဥ်းသား (၄) ယောက်သေပါတယ်။နိုင်ကျဥ်းထဲကတော့ မဟုတ်ဘူး။ ​ေ-သဆုံးတဲ့သူတွေကလည်း နှလုံးအားနည်း အသက်ရှူရပ်ပြီး ​ေ-သသွားကြတာ လို့ အမည်မဖော်လိုသူက ပြောပါတယ်။

ပြည်အကျဥ်းထောင်မှာ လက်ရှိ
နိုင်ငံရေးအကျဥ်းသား ၂၀၀ ကျော်နဲ့ အကျဥ်းသားပေါင်း (၁) ထောင် ဝန်းကျင် ရှိပါတယ်။


#PUGN #BRST #ပြည်အကျဥ်းထောင်

Bago Scout Network

29 Nov, 12:24


ခါချဥ်တောင်ပေါ်တက်လာသည့် စခများနှင့် အ-ပြ-န်-အ-လှ-န်-ပ-စ်ခ-တ်မှု တို-က်-ပွဲရုပ်သံ

Bago Scout Network

29 Nov, 08:09


သတင်းထုတ်ပြန်ချက် ၁၃/၂၀၂၄

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်း ခါချဥ်တောင်ပေါ်သို့ တက်လာသည့် အင်အား (၈၀)ခန့်ပါ စကစ စစ်ကြောင်းအား (၂၇.၁၁.၂၀၂၄) ရက် နံနက် (၆:၃၀) နာရီခန့်တွင် ဥတစ်လုံးတောင်အနီး၌ မိမိတို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ဗျူဟာစစ်ကြောင်း မှ စောင့်ကြိုမိုင်းဆွဲ တိုက်ခိုက်ခဲ့ပါသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စကစဘက်မှ (၄၀)ဦး နေရာတွင် သေဆုံးကာ (၁၅)ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှု မိနစ်(၃၀)ခန့် ဖြစ်ပွား၍ မိမိတို့ဘက်မှ ရဲဘော် ၁ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပါသည်။

ဆက်လက်၍လည်း စကစများနှင့် တိုက်ပွဲများ ဖြစ်ပွားလာနိုင်ပြီး စစ်ကောင်စီတပ်မှ လူသားဒိုင်းအဖြစ် ပေါ်တာဆွဲဖမ်းဆီးခြင်းများ ပြုလုပ်နေ၍ ပြည်သူများအနေနဲ့ စကစများအနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် အသိပေးအပ်ပါသည်။

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅

Bago Scout Network

28 Nov, 12:32


ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ ရဲနှင့် ပျူစောထီးများအား ဆက်ကြေးပေးကာ ဝိသမလောကသမားများမှ မူးယစ်ဆေးဝါးများကို ဖြန့်ဖြူးရောင်းချနေကြောင်း သိရပြီး ၄င်းတို့ရောင်းချသည့် မူးယစ်ဆေးဝါးများ​အား သာမန်ပြည်သူများသာမက ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များကြား၌ပင် တွင်တွင်ကျယ်ကျယ် အသုံးပြုလာသဖြင့် အနာဂတ်သားကောင်းများအတွက် လွန်စွာရင်လေးစရာဖြစ်လာနေသည်။

မူးယစ်ဆေးဝါးသည် လူမှုစီးပွားများ ပျက်ဆီးကာ လူညွှန့်တုံးနိုင်သည့် အန္တရာယ်ရှိသောကြောင့် မိမိတို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို မှ တပ်ဖွဲ့ရဲဘော်များအား မူးယစ်ဆေးဝါးသုံးစွဲမှုကို တင်းတင်းကြပ်ကြပ် တားမြစ်ထားပြီး ကြီးလေးသည့် ပြစ်ဒဏ်များ အပြစ်ပေးအရေးယူသွားမည်ဟု အသိပေးထားသည်။

မိမိတို့တပ်ဖွဲ့အနေဖြင့် ယခင်က စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီထောက်တိုင်များကိုသာ အရေးယူခဲ့သော်လည်း ယခုအခါ ပြည်သူများမှ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသူများအား အရေးယူပေးရန် သတင်းပေးတိုင်ကြားမှုကို အလေးထား၍လည်းကောင်း၊ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ၏ အနာဂတ် မပျက်စီးစေရန်လည်းကောင်း အုတ်ဖိုမြို့နယ်အတွင်းရှိ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသူများအား စစ်ကောင်စီထောက်တိုင်များနှင့် တန်းတူထား၍ ထိရောက်စွာ အရေးယူသွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသူများအနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် အထူး(အထူး) အသိပေးအပ်ပါသည်။

Bago Scout Network

27 Nov, 01:16


❗️❗️❗️

ပဲခူးအရှေ့ခြမ်း မြို့နယ်တွေ ဆိုင်ကယ်တွေ ပိုက်စိပ်တိုက်ပြန်စစ်နေတယ် သတိထားကြပါ။

#27Nov

Bago Scout Network

26 Nov, 06:46


မင်းလှမြို့နယ်က မူး-ယ-စ်ဆေး-ဝါး-ရော-င်းချ-နေ-သူများအား အ-ရေးယူ-သွား-မည်

မူရင်းသတင်းလင့်👇👇👇
မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့

https://www.facebook.com/share/p/15LVj5VHBa/

=============================
ယခုစာမျက်နှာသည် NUGအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တရားဝင်သတင်းစာမျက်နှာဖြစ်ပါသည်။

#သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့

Bago Scout Network

20 Nov, 12:58


သာယာ၀တီအကျဉ်းထောင်မှာ နိုင်ကျဉ်းတွေကို အုတ်ဖိုမြို့နယ်ရှိ ဦးစံရွှေ ဆန်စက်ပိုင်ရှင်ရဲ့သားဖြစ်သူကအနိုင်ကျင့်နေ

Tharyarwaddy 8 City/နို၀င်ဘာ၂၀၊၂၀၂‌၄

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင် ရှစ်မြို့နယ်ထဲက သာယာ၀တီမြို့နယ်ရှိ အကျဉ်းထောင်မှာ နိုင်ငံရေးပု‌ဒ်မများနဲ့ အကျဉ်းကျနေသူတွေကို ထောင်အာဏာပိုင်တွေအပြင် လူသတ်မှုနဲ့ထောင်ကျနေသူက အနိုင်ကျင့်ဗိုလ်ကျမှုများ ပြီခဲ့တဲ့လဆန်းပိုင်းထဲက ဖြစ်ပွားနေကြောင်း အကျဥ်း‌ထောင်အရာရှိတစ်ဦးနဲ့ နီးစပ်သူထံကသိရှိရပါတယ်။

နိုင်ငံရေးပုဒ်မများနဲ့ အကျဉ်ကျနေသူတွေကို ထောင်အာဏာပိုင်များက ရိုက်နှက်မှုတွေရှိနေသလို ‌သာယာ၀တီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကျောင်းကြီးရပ်ကွက်၊ ကျောင်းကြီးလမ်းရှိ ဦးစံရွှေ ဆန်စက်ပိုင်ရှင်ရဲ့သားဖြစ်သူမှလည်းလူသတ်မှုနဲ့ သာယာ၀တီအကျဉ်းထောင်ထည်းမှာ အကျဉ်းကျနေပါတယ်။

"ဖိုးလဲဆိုတဲ့ကောင်က လူသတ်မှုနဲ့ထောင်ကျတာဟုတ်တယ်။ နှစ်ကြီးသမားပေါ့။ သူက ထောင်အာဏာပိုင်တွေနဲ့ရင်းနီးတော့ ရင်းနီးတယ်ဆိုတာကလည်း သူ့မိဘဆန်စက်ပိုင်ရှင်တွေက ငွေလိုက်ထားလို့လေ။ ခုနောက်ပိုင် ထောင်၀န်ထမ်းတွေတောင် ရိုက်နှက်တာမလုပ်ဘူး၊ ဒီကောင်ပဲ နိုင်ကျဉ်းတွေကို ရိုက်နှက်တာတွေလုပ်နေတာပါ" ဟု သာယာ၀တီအကျဉ်းထောင်၊ ထောင်ပိုင်ကြီးနဲ့ရင်းနီးတဲ့ အမည်မဖော်လိုသူ Non CDM ၀န်ထမ်းတစ်ဦးမှ Tharyarwaddy 8 City Media ကိုပြောပါတယ်။

လူသတ်မှုနဲ့အကျဥ်းကျ‌နေသူဟာ ထောင်အာဏာပိုင်များနဲ့ပူးပေါင်းပြီး အနိုင်ကျင့်ဗိုလ်ကျ ရိုက်နှက်မှုတွေရှိနေကြောင်း သာယာ၀တီအကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးထံမှ သိရပါတယ်။

ဦးစံရွှေ ဆန်စက်ပိုင်ရှင်ရဲ့ သားဖြစ်သူမှာ ဖိုးလဲဆိုသူဖြစ်ပြီးတော့ ၎င်းက နိုင်ငံရေးပုဒ်မများနဲ့ အကျဉ်းကျနေသော နိုင်ငံရေးအကျဉ်းသူ၊သားများအပေါ် အနိုင်ကျင့်ရိုက်နှက်နေပြီး၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကိုပါ လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

သတင်း- ၀တီမောင်
စာတည်း-ကျော်ဇောရှိန်

#သာယာ၀တီအကျဉ်းထောင်

#tharyarwaddy8citymedia

Bago Scout Network

19 Nov, 09:34


သတင်းထုတ်ပြန်ချက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဖြူကွင်းကျေးရွာနေ ညောင်ကုန်းအုပ်စု အုပ်ချုပ်ရေးမှူး အာကြီး(ခ)ခင်ထွန်းလွင် အား (၁၉.၁၁.၂၀၂၄) ရက် နံနက် ၈နာရီ ၁၀မိနစ်တွင် မင်းလှမြို့ဘက်သို့ ဆိုင်ကယ်စီးလာစဥ် ချောင်းနားရွာတောင်ဘက်ထိပ်၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃၊ တပ်ခွဲ ၂နှင့် မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့  ရဲဘော်များ မှ ဦးခေါင်းတည့်တည့်အား သေနတ်ဖြင့် ၁ချက် ပစ်ခတ်ခဲ့ရာ နေရာတွင် သေဆုံးသွားပြီး ၄င်းထံမှ မိုလ်ဘိုင်းဖုန်း၁လုံး၊  ငွေသား ၄၀၀၀၀၀ကျပ်၊ ဘေးလွယ်အိတ်၁လုံး နှင့် ဆိုင်ကယ်၁စီး တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။

အုပ်ချုပ်ရေးမှူး အာကြီး(ခ)ခင်ထွန်းလွင် သည် လူငယ်များအား စစ်မှုထမ်းရန် ခြိမ်းခြောက်ဖိအားပေးလူစုခြင်း၊ စစ်မှုထမ်းထောက်ပံ့ကြေးမပေးသည့် နေအိမ်များအား စစ်တပ်ခေါ်ဖမ်းခိုင်းခြင်းနှင့် မီးရှို့မည်ဟုခြိမ်းခြောက်ခြင်း၊ ပြည်သူများထံမှ မတရားသဖြင့် ငွေကြေးကောက်ခံခြင်းများ လုပ်ဆောင်နေသောကြောင့် ယခုလို အရေးယူရခြင်းဖြစ်သည်။

အလားတူ လူငယ်များအား စစ်မှုထမ်းရန် အတင်းအကြပ် လူစုနေသူများ၊ ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေသူများအား ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

             

Bago Scout Network

19 Nov, 03:29


တောင်ငူ

တောင်ငူလေတပ်မှ MiG-29 Jet Fighter 1စင်း တောင်ဘက်သို့ ပျံတက်။

09:48, Nov 19
#EAR

Bago Scout Network

18 Nov, 05:56


ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ လိပ်ဥကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် အောင်ဇော်(ခ)ဇော်ထွန်း အား ၁၇.၁၁.၂၀၂၄ရက် မွန်းလွဲ၂နာရီ ၃၀မိနစ်တွင် အုတ်ဖိုတာဆုံ ရန်ကုန်-ပြည်ကားလမ်းဘေး ရဲကင်းအနီးရှိ လမ်းမပေါ်၌ စစ်ကောင်စီအတွက် သန်းခေါင်စာရင်းကောက်ရန် အသံချဲ့စက်ဖြင့် အော်နေစဥ် မိမိတို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ၏ ရဲဘော်များမှ သေနတ်ကျည် ၁ချက် ဦးခေါင်းတည့်တည့် ပစ်ခတ်၍ ရှင်းလင်းခဲ့ပြီး ၄င်းထံမှ လက်ပစ်ဗုံး၁လုံး၊ မိုလ်ဘိုင်းဖုန်း၁လုံး၊ ငွေသား၅၇၀၀ကျပ် တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။

အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် အောင်ဇော်(ခ)ဇော်ထွန်းသည် စစ်ကောင်စီထောက်တိုင် အမာခံတစ်ဦးဖြစ်ပြီး တော်​လှန်​ရေးတပ်ဖွဲ့များနှင့် PDFရဲဘော်များ၏ အချက်အလက်များ​အား စကစထံ ထောက်​လှမ်း​သတင်းပို့ခြင်း၊ စကစအလိုကျ ပြည်သူများအား အတင်းအကြပ် ခြိမ်းခြောက်၍ စစ်မှုထမ်းရန် လူစုပေးခြင်းနှင့် ငွေကြေးကောက်ခံပေးခြင်း၊ စကစ၏ သန်းခေါင်စာရင်းကောက်ယူရာတွင် ဦးဆောင်ပါဝင်ခြင်းများ လုပ်ဆောင်နေသောကြောင့် ယခုလို အရေးယူရခြင်းဖြစ်သည်။


မိမိတို့တပ်ဖွဲ့အနေဖြင့် စကစအတွက် စစ်မှုထမ်းရန် အတင်းအကြပ် လူစုနေသူများ၊ ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေသူများ၏ အချက်အလက်များကို လက်ခံရရှိထားပြီးဖြစ်၍ အရေးယူမှုများကို ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Bago Scout Network

16 Nov, 20:57


လမ်းဟောင်း

တောင်ငူ (7:52pm,Nov16)

တောင်ငူအရှေ့ဘက်မှ ပေါက်ကွဲသံကြီးကြားရ။ Icon ဘေးရုံးဝါကြီးအနားမှ ဖြစ်ကြောင်းသတင်းရရှိ။

🙏 တာဝန်သိသူများမှ အချိန်မှီသတင်းပေးပို့သော်လည်း adm တို့မအားလပ်သည့်ကိစ္စရပ်များကြောင့် သတင်းတင်နောက်ကျရသည်ကို အနူးအညွတ်တောင်းပန်အပ်ပါသည်ါ

#လခရ
သတင်းပို့ရန်
@WES_SCOUT
@Mgtxu2780
@Koye2780

Bago Scout Network

15 Nov, 15:11


နတ်တလင်းမြို့နယ်က စစ်ကောင်စီသတင်းပေးတစ်ဦးအား ပ-စ်-ခ-တ်-ရှ-င်း-လ-င်း

မူရင်းသတင်းပေ့လင့်👇👇👇
Phoenix D F

https://www.facebook.com/profile.php?id=100080818478616&mibextid=ZbWKwL


-----------------------------------------------
ယခုစာမျက်နှာသည် NUGအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တရားဝင်သတင်းစာမျက်နှာဖြစ်ပါသည်။

#သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့

Bago Scout Network

15 Nov, 15:09


15.11.2024/ 4:04pm အချိန်ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကုန်းလော ရွာရှိနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းရှိ စစ်ရှောင်ဒုက္ခသည်စခန်းကို စစ်ကောင်စီဂျက်ဖိုက်တာ ၁-စီးဖြင့်ဗုံး ၂ လုံးကျဲချခဲ့ရာ စစ်ရှောင်ပြည်သူ ၁၀ ယောက်ကျော်သေးဆုံးကာ အယောက်-၃၀ ကျော်ဒဏ်ရာရသွားကြောင်းသတင်းရရှိ၊ သေဆုံးသူတွေထဲမှာကလေးငယ်များပါဝင်ကြောင်းသတင်းရရှိပါသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲပြည်သူတွေဘဲသီးသန့်နေထိုင် တဲ့ကျေးရွာဖြစ်ပါတယ်....

Bago Scout Network

15 Nov, 13:49


တောင်ငူမြို့နယ်

#15Nov2024

တောင်ငူမြို့ မြစ်အရှေ့ဘက်ကမ်းဘက်မှာ စခကား (၁၀)စီး ဝန်းကျင် ဝင်ရောက်နေပြီး ညောင်ဘက်သာ ကျေးရွာလမ်းဘက်ကိုလည်း ဝင်ရောက်နေတယ်လို့ သိရပါတယ်။

ပြည်သူများဂရုစိုက်ကြပါ။

#BRST

Bago Scout Network

15 Nov, 12:10


သာယာ၀တီခရိုင်ထဲကမြို့နယ်‌‌တွေမှာစစ်မှုထမ်းအပတ်စဥ်(၇)အတွက် ပေါ်တာတွေဆွဲနေ

Tharyarwaddy 8 City /နို၀င်ဘာ၁၄၊၂၀၂၄

ပဲခူးတိုင်းအနောက်ခြမ်း၊သာယာ၀တီခရိုင် ရှစ်မြို့နယ်ထဲက သာယာ၀တီ၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ်တလင်း မြို့နယ်များနဲ့ မြို့နယ်အပိုင်ထဲက မြို့များရှိ မြို့ပေါ်ရပ်ကွက်များနဲ့ ကျေးရွာအုပ်စုတွေမှာ စစ်ကောင်စီတပ်က စစ်မှုထမ်းအပတ်စဉ်(၇)အတွက် လူသစ်စုဆောင်းခြင်းကို နို၀င်ဘာလ ၅ရက်နေ့မှ စတင်လုပ်ဆောင်နေတယ်လို့ သာယာ၀တီခရိုင်‌အတွင်းရှိ ဒေသခံထံမှသိရပါတယ်။

သာယာ၀တီခရိုင်ထဲရှိ မြို့နယ်များနဲ့ မြို့နယ်အပိုင်မြို့များရဲ့ ကျေးရွာအုပ်စုများအထိ နေရောညပါ စစ်ကောင်စီတပ်သားများမှ ပေါ်တာဆွဲဖမ်းစီးမှုတွေလုပ်ဆောင်နေတဲ့အပြင် ကျန်းမာရေးမကောင်းလို့အိပ်ယာထဲ လှဲနေသူများကိုပါနေအိမ်ထဲထိ၀င်ရောက်ဖမ်းစီးနေတာလည်းဖြစ်တယ်လို့ အုတ်ဖိုဒေသခံတစ်ဦးကဆိုပါတယ်။

မြို့နယ်တစ်မြို့နယ်တွင် တစ်ရက်ထည်း လူဦးရေ ၁၅ဦးမှ ၂၀ဦး၀န်းကျင်အထိ ပေါ်တာဆွဲခံနေရပြီး၊ ပေါ်တာအဆွဲခံရသူတွေကိုတော့မြို့နယ်ထွေအုပ်ရုံးများနဲ့ ရဲစခန်း‌တို့တွင် Camp ထားကာ ဆေးစစ်ချက်ယူခြင်းများ ကိုယ်ရေးအချက်အလက်ကောက်ယူခြင်းများပြုလုပ်နေတယ်လို့သိရပါတယ်။

၎င်းပေါ်တာဆွဲခံရသူတွေကို ယခင်အပတ်စဉ်များမှာတော့ ပြည်ခရိုင်ရှိ စစ်ကောင်စီရဲ့ တပ်မ(၆၆)သို့ပို့ဆောင်ပြီး စစ်သင်တန်းများပေးကာ နိုင်ငံအ၀န်းရှိ ရှေ့တန်းစစ်မျက်နှာပြင်တွေကိုပို့ဆောင်လိုက်တာလည်းဖြစ်ပါတယ်။

"လူမိုက်တွေ ဒီအချိန်မှာ မင်းမူနေတာပေါ့ လူမိုက်ဆိုတာကလည်း စကစအားကိုးနဲ့ပါ၊ ပြည်သူကို စကစထပ်ဆိုးတယ် အဲ့ဒီပျူတွေက တအားနိုင်ကြတာလေ"ဟု ဇီးကုန်းမြို့နယ်က ဒေသခံတစ်ဦးမှ Tharyarwaddy 8 City Media ကိုပြောပါတယ်။

မိသားစု စီးပွားရေးအဆင်ပြေသူတွေကတော့ ငွေပေးကာ ပြန်လည်ထုတ်လို့ရနေပြီး ထုတ်မယ်ဆိုပါက ပြန်ထုတ်ရန်ငွေပမာဏမှာ သိန်း၁၀၀ ၀န်းကျင်ရှိနေသလို ထိုပြန်ထုတ်ရန်ကိစ္စများကို ‌မြို့နယ်တွင်း ထင်ပေါ်ကျော်ကြားတဲ့ ပျူစောထီးများ၊ လူမိုက်များနဲ့ ညှိနှိုင်းကြရတဲ့အပြင် ၎င်းတို့ကိုလည်း ငွေကြေးသီးခြားထပ်ပြီး ပေးဆောင်ကြရတယ်လို့လည်းသိရပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်မှုထမ်းအပတ်စဉ်တွေအတွက် သာယာ၀တီခရိုင်ထဲက မြို့နယ်တွေမှာ ပေါ်တာဆွဲပြီး သတ်မှတ်လူဦးရေ ပြည့်ပါက ပေါ်တာဆွဲခြင်းများကို ရပ်ကာ စစ်မှုထမ်းထောက်ပံ့ကြေးဟုဆိုကာ ငွေကြေးတောင်းတာတွေလုပ်နေတာဟာဆိုရင် ငါးကြင်းဆီနဲ့ငါးကြင်းကြော်တာဖြစ်ကြောင်း ပြည်သူ့ဆီကအဓမ္မရတဲ့ငွေနဲ့ သင်တန်းပေး ‌လက်နက်တပ်စဉ်တာပါ လို့လဲ နတ်တလင်းမြို့နယ်မှ တက်ကြွလှုပ်ရှားသူလူငယ်တစ်ဦးမှ Tharyarwaddy 8 City Media ကိုရှင်းလင်းပြောကြားထားပါတယ်။

လက်ရှိအချိန်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဟာ မြို့ပေါ်ရပ်ကွက်များနဲ့ ကျေးရွာအုပ်စုများအပြင် ဝေးလံခေါင်ဖြားတဲ့ ကျေးရွာများအထိပါပေါ်တာဆင်းဆွဲနေသလို အလှူပွဲ၊ ကထိန်ပွဲများတွင်လဲ ပေါ်တာဆွဲနေတယ်လို့ မင်းလှဒေသခံတစ်ဦးမှ Tharyarwaddy 8 City Media ကိုပြောပါတယ်။

သာယာ၀တီခရိုင်ထဲက မြို့နယ်များရှိ ဒေသခံများဟာ စီးပွားရေးများ ကျဆင်းလာပြီး စစ်မှု‌ထမ်းထောက်ပံ့ကြေးများကိုလည်း ပုံမှန်ပေးဆောင်နေကြရတဲ့အပြင် စစ်မှုထမ်းကင်းလွတ်ဖို့ငွေပေးဆောင်နေရတာမဟုတ်ပဲ စစ်မှုထမ်းအတွက် အထောက်အပံ့ငွေကြေးပေးဆောင်နေကြရတာဖြစ်ပါတယ်။

သတင်း - အနတ္တ
စာတည်း-ကျော်ဇောရှိန်

#သာယာ၀တီခရိုင်
#စစ်ကောင်စီပေါ်တာဆွဲ

#tharyarwaddy8citymedia

Bago Scout Network

14 Nov, 16:40


https://www.instagram.com/p/DCOE7tlOVVS/?igsh=MXM1a3phdDN3am1tYw==

Bago Scout Network

14 Nov, 14:21


စစ်ကောင်စီမီးရှို့ခဲ့တဲ့အရပ်သားပြည်သူများ၏ နေအိမ်တွေကိုပြည်သူကာကွယ်ရေးပူး‌ပေါင်းတပ်ဖွဲ့များမှမီးငြိမ်းသတ်ပေး (Photo New)

Tharyarwaddy 8 City/နို၀င်ဘာ၁၄၊၂၀၂၄

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင် ရှစ်မြို့နယ်ထဲက လက်ပံတန်းမြို့နယ်၊ညောင်ပင်ဇင်း ကျေးရွာရှိ အရပ်သားပြည်သူများ၏ နေအိမ်တွေကို အကြမ်းဖက်စစ်ကောင်စီတပ်မှ မီးရှိုးသွားခဲ့ကြောင်းသိရှိရပါသည်။

နို၀င်ဘာလ ၁၃ရက်နေ့တွင် ညောင်ပင်ဇင်းကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကြောင်းထိုး ဝင်ရောက်ကာ အရပ်သားပြည်သူများပိုင်ဆိုင်တဲ့နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြတာဖြစ်ပါသည်။

၎င်းကျေးရွာနှင့် ကျေးရွာအနီးတဝိုက်ရှိ စစ်ကောင်စီမီးရှို့ခဲ့သည့်နေအိမ်များနှင့် စစ်ကောင်စီအသုံးပြုခဲ့သည့် လမ်းနေရာများကို ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(လက်ပံတန်း)၊ ဂဠုန်တပ်ဖွဲ့(သာယာဝတီ) နှင့် တပ်ရင်း၃၈၀၂၏ တပ်ခွဲ(၂)၊တပ်ခွဲ(၃)တို့ပူးပေါင်းပြီး နယ်မြေရှင်းလင်းရေးလုပ်ငန်းများပြုလုပ်ခြင်းနှင့် မီးလောင်ဆဲနေအိမ်တွေကို မီးငြိမ်းသတ်ပေးခြင်းများပြုလုပ်ခဲ့ကြောင်းသိရပါသည်။

သတင်း-ကျော်ဇောရှိန်

ဓါတ်ပုံ-ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့။

#လက်ပံတန်း
#tharyarwaddy8citymedia

Bago Scout Network

06 Nov, 12:19


ဇီးကုန်းမြို့နယ်တွင် စကစများနှင့် ပျူစောထီးများ အ-ထိုင်ချတ-ပ်-ဆွဲထားသည့် စ-ခ-န်းအား စီး-န-င်း-တို-က်-ခို-က်

မူရင်း သတင်းပေ့လင့်👇👇👇
BTZM GBK PDF

https://www.facebook.com/share/p/18DkC4HSpH/

မူရင်း သတင်းပေ့လင့်👇👇👇
နတ်စစ်သည်

https://www.facebook.com/share/p/15JYGub6Nw/

===========================

ယခုစာမျက်နှာသည် NUG အစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တရားဝင်သတင်းစာမျက်နှာဖြစ်ပါသည်။

#သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့

Bago Scout Network

06 Nov, 07:13


ဇီးကုန်းမှာ စစ်အုပ်စုကင်းပုန်းကို တိုက်ခိုက်မှု ၆၀မမဗုံးသီးတစ်လုံး သိမ်းဆည်းရရှိ

Tharyarwaddy 8 City /နို၀င်ဘာ၆၊၂၀၂၄

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင်ရှစ်မြို့နယ်ထဲက ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ကျေးရွာမှာတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများ ကင်းပုန်း၀ပ်နေစဉ် တော်လှန်ရေးရဲဘော်များက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း စစ်ရေးဖော်ဆောင်ရာမှာ ပါ၀င်‌သည့်အဖွဲ့များထံမှ သတင်းရရှိပါသည်။

နို၀င်ဘာလ၃ရက်နေ့၊ ည၇နာရီအချိန်မှာ ကင်းပုန်း၀ပ်နေစဉ် အလစ်အငိုက်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်သားများနှင့် ဘော်ဘင်ကျေးရွာမှ ပျူစောထီးအဖွဲ့၀င်များဟာ အထိနာကာ ထွက်ပြေးခဲ့ခြင်းဖြစ်ပါသည်။

"ဇီးကုန်းမြို့နယ် ဘော်ဘင်ရွာတပ်အထိုင်းစခန်းက စခတွေကြို့ပင်ကောက်မြို့နယ်အတွင်းစစ်ကြောင်းထိုးနေချိန် နောက်ကျန်အင်အားဘော်ဘင်ရွာစခအဖွဲ့ကင်းပတ်ချိန်ကျွန်တော်တို့ဝင်ပစ်တာပါ "ဟု BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့၏ တာ၀န်ခံ ရဲဘော်တေဇမင်းမှ Tharyarwaddy 8 City Media ကိုပြောပါသည်။

ထို့အပြင် စစ်ကောင်စီတပ်သားများမှ အရက်သောက်စားထားပြီး ကင်းပုန်း၀ပ်နေစဉ် နေအိမ်ထဲအထိ ၀င်ရောက်ပစ်ခတ်တာကြောင့် ထွက်ပြေးခဲ့ခြင်းဖြစ်သလို ထိခိုက်မှု‌ရှိလို့ ထွက်ပြေးခြင်းဖြစ်တယ်ဆိုတာယူဆလို့ရကြောင်း တာ၀န်ခံကထပ်မံရှင်းပြသည်။

၎င်းစစ်ကောင်စီတပ်သားများနှင့် ပျူစောထီးအဖွဲ့၀င်များထွက်ပြေးသွားကြပြီးနောက် စစ်ကောင်စီယူနီဖောင်း ဘောင်းဘီတစ်ထည်၊ ကျည်ကာအင်္ကျီတစ်ထည် နှင့် ၆၀မမ ဗုံးသီးတစ်လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆင်ရေးကို သာယာ၀တီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ(၃) နတ်စစ်သည်တပ်ဖွဲ့၊ တပ်ရင်း ၃၈၀၂ တပ်ခွဲ(၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို နှင့် BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ဆိုသည့် တပ်ဖွဲ့(၃)ခုမှ ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။

သတင်း - ဇွန်ပန်း
စာတည်း - ကျော်ဇောရှိန်

#ဇီးကုန်း #ဘော်ဘင်ရွာ
#စစ်ကောင်စီထွက်ပြေး
#၆၀မမရရှိ
#tharyarwaddy8citymedia

Bago Scout Network

05 Nov, 03:09


⚠️တောင်ငူ

တောင်ငူလေတပ်မှ MiG-29 Jet Fighter 1စင်း အနောက်မြောက်သို့ ပျံတက်။

09:37, Nov 05
#EAR

Bago Scout Network

04 Nov, 11:48


စစ်အုပ်စုစခန်းကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်း

■ ပစ်ခတ်မှုအတွင်း စစ်သား ၃ ဦးသေဆုံးပြီး ကျန်သူတွေ စခန်းစွန့်ထွက်ပြေး

ကျောက်တံခါး၊ နိုဝင်ဘာ ၄၊ ၂၀၂၄။

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ဆင်ရိုးခင်ကျေးရွာရှိ စစ်ကောင်စီနဲ့ ပျူစောထီးတွေ စခန်းချထားတဲ့နေရာကို တော်လှန်ရေးအဖွဲ့တွေက စီးနင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၃ ဦးသေဆုံးပြီး လက်နက်နဲ့ ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက နိုဝင်ဘာ ၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁ ရက်မှာ စစ်ကောင်စီနဲ့ပျူစောထီးအင်အား ၂၀ ခန့်ရှိတဲ့ အဲ့ဒီစခန်းကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲ ၁၅ မိနစ်ခန့်ဖြစ်ကာ စစ်ကောင်စီဘက်က ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။

"တိုက်ပွဲ ၁၅ မိနစ်လောက်ပဲကြာပြီး ထိခိုက်ဒဏ်ရာနဲ့ ထွက်ပြေးကုန်ပါတယ်။ (စစ်အုပ်စုက) ရွာထိပ်နဲ့ ရွာဘေးတွေ ဘန်ကာဆောက်ပြီး နေကြတာပါ။ စခန်းသီးသန့်ပုံစံတော့ မဟုတ်ပါဘူး။ စကစတွေက အရိုးကိုက် **လောက်ပဲ နယ်မြေစောင့်ချထားတဲ့ အနေအထားပါ။"

သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/စစ်အုပ်စုစခန်းကို_တော်လှန်ရေးတပ်တွေစီးနင်းတိုက်ခိုက်ပြီး_လက်နက်ခဲယမ်းတွေသိမ်းဆည်း

Bago Scout Network

04 Nov, 03:42


နတ်တလင်းမှာ စစ်ကောင်စီ သတင်းပေးတစ်ဦးကို
အရှင်ဖမ်းဆီးခေါ်ဆောင်စဉ်ထွက်ပြေးလို့ပစ်သတ်

Tharyarwaddy 8 City/နို၀င်ဘာ၄၊၂၀၂၄

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာ၀တီခရိုင် ရှစ်မြို့နယ်ထဲက နတ်တလင်းမြို့နယ်၊ ပျဉ်ပုံပျူစောထီး‌ ကျေးရွာမှ စစ်ကောင်စီတပ် သတင်းပေး ပျူစောထီးတစ်ဦးကို ပစ်ခတ်ရှင်းလင်းလိုက်‌ကြောင်း သယာ၀တီခရိုင်အမှတ်(၁)တပ်ရင်း ၊ တပ်ခွဲ-၂(Phoenix DF)ထံမှသတင်းရရှိပါသည်။

နို၀င်ဘာလ၂ ရက်နေ့၊ ညနေ ၅နာရီ၃၀မိနစ် အချိန်တွင် ပျူစောထီးချစ်ပို အား တပ်ခွဲ-၂(Phoenix DF)မှ ရဲဘော်များက သွားရောက်ဖမ်းဆီးကာ စစ်ဆေးမေးမြန်းပြီး ခေါ်ဆောင်လာချိန်တွင် ထွက်ပြေးသဖြင့် လိုက်လံပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပါသည်။

၎င်း၏နေအိမ် မလှမ်းမကမ်း အရောက်တွင် ထွက်ပြေးသောကြောင့် အဆိုပါနေ့ ည ၇ နာရီ အချိန်တွင် ပစ်ခတ်ရှင်းလင်းလိုက်တာလဲဖြစ်သည်။

" သူ(ချစ်ပို)ကကျွန်တော်တို့နယ်မြေထဲဝင်လာပြီးကျွန်တော်တို့လှုပ်ရှားမှုမှန်သမျှကိုစကစကိုသတင်းပေးပို့နေတာကိုအတိအကြသိရပါတယ်"ဟု တပ်ခွဲ-၂(Phoenix DF)မှ တပ်ခွဲမှူး ရဲဘော်နဂါးလေးမှ Tharyarwaddy 8 City Media ကိုပြောသည်။

‌ပျူစောထီးချစ်ပို နေထိုင်သည့် ပျဉ်ပုံကျေးရွာသည် စစ်ကောင်စီတပ်၏ ပျူစောထီးများနေထိုင်ရာ ပျူစောထီးကျေးရွာဖြစ်ကြောင်း တပ်ခွဲမှူးမှ ပြောဆိုထားပါသည်။

အဆိုပါ စစ်ကောင်စီတပ်သတင်းပေး ပျူစောထီး ချစ်ပိုသည် သာယာ၀တီခရိုင် PDF တပ်ရင်း၃၈၀၁၏ ထိန်းချုပ် နယ်မြေအတွင်းသို့ စိမ့်ဝင်ထိုးဖောက်ကာ နေထိုင်ပြီး တပ်ရင်း၏လှုပ်ရှားမှုများကိုစစ်ကောင်စီတပ်ထံ ပြန်လည်သတင်းပေးပို့နေကြောင်း ထောက်လှမ်းသိရှိခဲ့ရသည်ဟု Phoenix DF ကဆိုပါသည်။

၎င်းအပြင် ချစ်ပို၏ မိသားစုဝင်အားလုံးဟာ စစ်‌ ကောင်စီတပ်၊ ရဲ နှင့် ပျူစောထီး များဖြစ်နေသည်ကို လဲထပ်မံစစ်ဆေးသိရှိခဲ့ရကြောင်း ထုတ်ပြန်ထားသည်။

သာယာ၀တီခရိုင် ပြည်သူကာကွယ်ရေးတပ်မတော်၊တပ်ရင်း ၃၈၀၁အနေဖြင့် စစ်ကောင်စီတပ်သား၊ရဲနှင့် ပျူစောထီးများအပြင်စစ်ကောင်စီ ဒေါက်တိုင်များအား အခါအခွင့်သင့်ရင် သင့်သလို တိုက်ခိုက်မည်ဖြစ်တာကြောင့် အရပ်သားပြည်သူများအား ထိခိုက်မှုမရှိစေရန်အတွက် ၎င်းတို့အနီး သွားလာ လှုပ်ရှားခြင်းမပြုကြဖို့ကို အသိပေးထားပါသည်။

သတင်း - လွတ်လပ်ငြိမ်း
စာတည်း - ကျော်ဇောရှိန်

#နတ်တလင်း
#ပျဉ်ပုံကျေးရွာ
#ပျူစောထီးချစ်ပို
#ဖမ်းစဉ်ထွက်ပြေး
#ပစ်ခတ်ရှင်းလင်း

#tharyarwaddy8citymedia

Bago Scout Network

03 Nov, 14:03


ခြေလျင်တပ်ရင်းမှူးသင်တန်းလာတက်တဲ့ ဗိုလ်မှူးနဲ့မိသားစုဝင်တွေကို PDF ဖမ်းဆီးရမိ

ပဲခူး၊ နိုဝင်ဘာလ ၃၊ ၂၀၂၄ ။

ကရင်ပြည်နယ်၊ သံတောင်ကြီးအခြေစိုက်၊ တိုက်ခိုက်ရေးကျောင်း(ဘုရင့်နောင်)မှာ ခြေလျင်တပ်ရင်းမှူးသင်တန်းတက်ဖို့လာတဲ့ ဗိုလ်မှူး ၁ ဦးနဲ့ မိသားစုဝင်တွေကို ဖမ်းဆီးရမိထားတယ်လို့ ရန်ကုန်တိုင်းစစ်ဌာနက နိုဝင်ဘာ ၂ ရက် မနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံထားရသူတွေဟာ ထားဝယ်မြို့အခြေစိုက်၊ အမှတ် ၁၂ တပ်မတော်ဆေးရုံ(ကုတင်-၁၀၀) စစ်ကောင်စီတပ်ရင်းက ပါရဂူသမားတော် ဗိုလ်မှူး ထိန်တောက်နဲ့ မိသားစုဝင်တွေဖြစ်ပြီး ထားဝယ်မြို့ကနေ တိုက်ခိုက်ရေးကျောင်း(သံတောင်)ကို သင်တန်းတက်ရောက်ဖို့လာရောက်စဉ် ပဲခူးအရှေ့ခြမ်းဒေသ လမ်းပိုင်းတနေရာမှာ အောက်တိုဘာ ၃၁ ရက်က ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

" သင်တန်းတက်ရောက်ဖို့ သွားရောက်ရမယ့်သတင်းကို အတွင်းဖရဲသီးတွေကနေတဆင့် ကြိုတင်သတင်းပေးပို့ချက်တွေ ရရှိခဲ့တယ်။ ဖရဲသီးသတင်းပေးပို့ချက်အတိုင်း နေ့ရက်၊ အချိန်နဲ့ လမ်းပိုင်းနေရာကို ရှောင်တခင်စစ်ဆေးမှုပြုလုပ်ပြီး --

သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/ခြေလျင်တပ်ရင်းမှူးသင်တန်းလာတက်တဲ့_ဗိုလ်မှူးနဲ့မိသားစုဝင်တွေကို_PDFဖမ်းဆီးရမိ

Bago Scout Network

03 Nov, 14:02


အသင့်ဆောင်ထားတဲ့လက်ပစ်ဗုံးပေါက်ကွဲလို့ အုပ်ချုပ်ရေးမှူးသေပြီး မိသားစုဒဏ်ရာရ

ပေါင်းတည်၊ နိုဝင်ဘာ ၃၊ ၂ဝ၂၄။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၁ ဦးဟာ သူကိုင်ဆောင်ထားလေ့ရှိတဲ့လက်ပစ်ဗုံးပေါက်ကွဲလို့ နေရာတင်သေဆုံးခဲ့ပြီး မိသားစုဝင် ၂ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ပေါင်းတည်မြို့နယ်အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်သူ တဦးဆီက သိရပါတယ်။

သေဆုံးတဲ့သူဟာ ပေါင်းတည်မြို့နယ်၊ ပေါက်အိုင်ကြီးအုပ်စုက အုပ်ချုပ်ရေးမှူး အသက် ၄၅ နှစ်အရွယ် ကိုထွန်းထွန်းဖြစ်ပြီး သူနေတဲ့ မြောက်ဥသျှစ်ကုန်းရွာအိမ်မှာ နိုဝင်ဘာလ ၃ ရက် ဒီမနက် ၇ နာရီလောက်မှာ ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

"အုပ်ကြီးအိမ်မှာ ပေါက်တာလို့သိရတယ်။ ဆေးရုံရောက်တော့သေနေပြီ၊ ရင်ဘတ်ကိုထိတာတဲ့။ သူ့အမျိုးသမီးကို လက်ကိုထိတာ၊ သူ့သားကိုတော့ ခြေထောက်ထိတယ်၊ သားနဲ့အမေက ဒဏ်ရာရရှိသွားတယ်ပေါ့။ သူတို့ ၂ ဦးကိုတော့ ပေါင်းတည်ဆေးရုံမှာကုသထားတယ်”လို့ မြို့ခံတဦးက ပြောပါတယ်။

သတင်းအပြည့်အစုံ - https://myaelattathan.org/articles/အသင့်ဆောင်ထားတဲ့လက်ပစ်ဗုံးပေါက်ကွဲလို့_အုပ်ချုပ်ရေးမှူးသေပြီး_မိသားစုဒဏ်ရာရ

Bago Scout Network

03 Nov, 13:38


အုတ်ဖိုမြို့နယ်တွင် ပြ-ည်-သူ-များ-ကို ဒု-က္ခ-ပေး-နေ-တဲ့ အု-ပ်-ချု-ပ်-ရေး-မှူး အား ပ-စ်-ခ-တ်ရှ-င်းလ-င်း

မူရင်း သတင်းပေ့လင့်👇👇👇
မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖို

https://www.facebook.com/share/p/rAjtBQreSHjU9zCX/

===========================

ယခုစာမျက်နှာသည် NUG အစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တရားဝင်သတင်းစာမျက်နှာဖြစ်ပါသည်။

#သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့

Bago Scout Network

02 Nov, 16:25


ပဲခူးနဲ့ ပေါင်းတည်မှာ စစ်ကောင်စီအဖွဲ့တွေတိုက်ခိုက်ခံရလို့ သေဆုံးမှုရှိ

ပဲခူး၊ နိုဝင်ဘာ ၂၊ ၂၀၂၄။

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်နဲ့ ပဲခူးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေတိုက်ခိုက်ခံရတာကြောင့် ထိခိုက်မှုတွေရှိခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ပေါင်းတည်မြို့နယ်မှာ စစ်တပ်အထိုင်ချစခန်းကို အင်အားဖြည့်ဖို့ထွက်လာတဲ့စစ်ကြောင်းကို နိုဝင်ဘာ ၁ ရက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း၊ တပ်ခွဲ ၁ နဲ့ တပ်ခွဲ ၅ ဆီက သိရပါတယ်။

ကျောက်ကြီးတောင် စစ်တပ်အထိုင်စခန်းကနေ ၄ မိုင်ခွဲခန့်ဝေးတဲ့ သစ်ပုတ်တာဝါတိုင်စခန်းကို အင်အား ၄၀ ကျော်နဲ့ထွက်လာတဲ့ စစ်ကြောင်းကို ပြန်ချီတက်ရွာနဲ့သစ်ရွာအကြားမှာ မနက် ၁ နာရီခွဲခန့်မှာ မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/ပဲခူးနဲ့ပေါင်းတည်မှာ_စစ်ကောင်စီအဖွဲ့တွေတိုက်ခိုက်ခံရလို့_သေဆုံးမှုရှိ

Bago Scout Network

02 Nov, 16:24


ရေတာရှည်ကကျေးရွာတွေကို စစ်တပ်ကဒရုန်းနဲ့ဗုံးကြဲလို့ အမျိုးသမီး ၁ ဦး သေဆုံး

ရေတာရှည်၊ နိုဝင်ဘာ ၂၊ ၂၀၂၄။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကျွန်းကုန်းရွာကို စစ်တပ်ကဒရုန်းနဲ့ဗုံးကြဲလို့ ဒေသခံအမျိုးသမီး ၁ ဦးသေဆုံးပြီး အမျိုးသား ၁ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ကီးကူစစ်ကြောင်းဆီက သိရပါတယ်။

နိုဝင်ဘာ ၁ ရက်မနက် ၉ နာရီလောက်မှာ ၁ ကြိမ်၊ ညနေပိုင်းမှာ ၁ ကြိမ်၊ စုစုပေါင်း ဗုံးသီး ၈ လုံးချ တိုက်ခိုက်ခဲ့တာကြောင့် ကျွန်းကုန်းရွာနေ အသက် ၄၈ နှစ်အရွယ် ဒေါ်မြင့်မြင့်မော် ဗုံးစထိမှန်ပြီး ဦးခေါင်းပွင့်သေဆုံးခဲ့ကာ တရွာတည်းနေ အသက် ၄၅ နှစ်အရွယ် ဦးထွန်းနိုင်လည်း ဘယ်ဘက်ပေါင်နဲ့ ဗိုက်ဖောက်ဝင်ဒဏ်ရာရခဲ့တယ်လို့ ကီးကူစစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။

ဒဏ်ရာရသူတွေကိုတော့ ကီးကူစစ်ကြောင်းဆေးအဖွဲ့က ဆေးကုသပေးနေပါတယ်။ ဒါ့အပြင် အဲ့ဒီနေရာတဝိုက်ကို စစ်တပ်ကဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်တာအပြင် စစ်ကြောင်းပါထိုးနေတဲ့အတွက် ဒေသခံတွေလည်း ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ကီးကူစစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။

သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/ရေတာရှည်ကကျေးရွာတွေကို_စစ်တပ်ကဒရုန်းနဲ့ဗုံးကြဲလို့_အမျိုးသမီး၁ဦးသေဆုံး

Bago Scout Network

02 Nov, 16:23


ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် အသက်ပေးတိုက်ပွဲဝင်ခဲ့သော ရဲဘော်ထူးကိုလွင်(ခ)ဗထူးအား ဦးညွှတ်အလေးပြုလျက်။

ရဲဘော်ဗထူး ကောင်းရာသုဂတိလားပါစေ။

#ကဝပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#KawaInformation #BNOC #BRST

Bago Scout Network

02 Nov, 10:33


ညောင်လေးပင်နှင့် ကျုံဒိုးရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု အသက် ၁ နှစ် အရွယ်ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံး၊ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

ရန်ကုန်၊ နိုဝင်ဘာ ၂

ပဲခူးတိုင်း၊ မူးမြို့နယ်နှင့် လယ်ဒိုမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၁ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၆ နာရီ ၅၀ မိနစ်ခန့်တွင် မူးမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၃၅၁ တပ်ရင်း နှင့် ခလရ ၆၀ တပ်ရင်းက လက်နက်ကြီး စုစုပေါင်း ၉ လုံး ပစ်ခတ်ခဲ့ရာ ရွာကြီးအင်း ကျေးရွာအတွင်းကို ၄ လုံး ကျရောက်ပေါက်ကွဲ ခဲ့ပြီး ကျန် ၅ လုံးသည် နိုကလော်ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ရာ ကျေးရွာနေ ပြည်သူ စောဘလယ်ကဲ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် သေဂေလူကျေးရွာအတွင်းကို ဝင်ရောက် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် နောင်ကုန်းကျေးရွာ အတွင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့ နံနက် ၁၁ နာရီ ၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ရေလဲကျေးရွာ အတွင်းကို ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကျေးရွာပိုင် စာသင်ကျောင်း ၁ ကျောင်း ထိမှန် ပျက်စီး ခဲ့ကြောင်း သိရသည်။

ထို့ပြင် သေဂေလူကျေးရွာအတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများကြောင့် သေဂေလူကျေးရွာ၊ ရေလဲကျေးရွာ၊ ရွာကြီးအင်းကျေးရွာရှိ ပြည်သူလူထုများသည် ကြောက်ရွံ့ ထိတ်လန့်ပြီး ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် လယ်ဒိုမြို့နယ်အတွင်း ကွင်းချောင်းဝရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် အနန်းဘော်ကျေးရွာမှ နေပြီး ရွာသာယာကျေးရွာ အတွင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကျေးရွာနေ ကိုမောင်ဇော်၏ နေအိမ် ၁ လုံး ထိမှန် ပျက်စီးခဲ့ပြီး အသက် ၁ နှစ် အရွယ် မောင်လင်းခန့်ဖြိုးမြတ် သေဆုံးခဲ့ကြောင်း၊ ယင်းနေ့ ည ၁၀ နာရီခန့်တွင် စစ်ကောင်စီ တပ်သားများက ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ နံဇကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ခရစ်ယာန် ဘုရာရိုခိုးကျောင်း ၁ ကျောင်း ထိခိုက်ပျက်စီးခဲ့ရကြောင်းသိရှိရသည်။

အလားတူ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်အတွင်း ကျေးရွာများကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ပြည်သူ သုံးထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရကြောင်း KNU ဗဟိုက ပြောဆိုသည်။

အောက်တိုဘာလ ၂၈ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် ကျုံဒိုးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ (စကခ - ၁၂) လက် အောက်ခံ (ခမရ - ၂၃၁) တပ်ရင်း လက်အောက်ရှိ တပ်သစ်အမြောက်ကုန်းမှ ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် အတွဲလိုက်ပစ်ခတ်ခဲ့ရာ ရေပူကြီးကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ ည ၈နာရီ ၁၅ မိနစ်ခန့်တွင်လည်း ၎င်း တပ်သစ် အမြောက်ကုန်းမှ ထပ်မံ၍ ဟောင်ဝှစ်ဇာ ၃ လုံးဖြင့် ပစ်ခတ်ခဲ့ရာ ရေပူကြီးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၁ လုံးနှင့် ပြည်သူများပိုင် ပစ္စည်းများ ပျက်စီး၍ အိမ်မွေး တိရစ္ဆာန်များလည်း ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် တပ်သစ်အမြောက်ကုန်းမှ ဟောင်ဝှစ်ဇာ ၂၄ လုံးဖြင့် ထပ်မံပစ်ခတ်ရာ ရေပူကြီးကျေးရွာ၊ ကော့ဝါးလဲကျေးရွာ၊ နောင်တမံကျေးရွာ နှင့် ဝင်းပြကျေးရွာများ၏ အပြင်ဘက်သို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ရေပူကြီးကျေးရွာမှ အသက် ၄၇နှစ်အရွယ် မန်းကျော်စွာဦး လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်၏ (စကခ - ၁၂) လက်အောက်ခံ (ခမရ - ၂၃၁) တပ်ရင်း လက်အောက်ရှိ တပ်သစ်အမြောက်ကုန်းမှ ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ရေပူကြီးကျေးရွာမှ ပြည်သူ ၃၇၄၀ ဦးသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။