ဓမ္မမိတ်ဆွေများ🌿
🍃 ဝါဆိုလပြည့်၊ စနေနေ့မှာ၊ မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်ပြီး၊ ပဥ္စဝဂ္ဂီငါးဦး စကြာဝဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာတို့ကို ဓမ္မစကြာတရားတော် (ဓမ္မစက္ကပဝတ္တနသုတ္တတန်) ကိုဟောကြားတော်မူသည်။
🍂 ဓမ္မစကြာတရားတော်၏အနှစ်ချုပ်မှာ အကျင့်သုံးပါး၊ သစ္စာလေးပါး၊ ဉာဏ်တော် တစ်ဆယ့်နှစ်ပါး၊ ဘုရားအဖြစ် ဝန်ခံတော်မူခြင်းများဖြစ်ပါသည်။ အနှစ်သာရ ပြည့်စုံသော ဓမ္မစကြာကို ဘုရားရှင်တော်မြတ်တိုင်း တရားဦးအဖြစ် ဟောတော်မူခဲ့ပါသည်။
🌷🙏🌷🙏🌷🙏
🍀 ဓမ္မဗျူဟာသင်တန်းကျောင်းတွင် သာသနာ့သမိုင်းဝင်နေ့ထူးနေ့မြတ်ကြီးကို မပျောက်စေလိုသဖြင့် နှစ်စဉ်နီးပါး ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ကို ကျင်းပခဲ့ကြပါသည်။ ဝါဆိုလဆန်း ၁၄ ရက်နေ့မှာလည်း သစ္စာလေးဖြာ သာသနာကြိုဆိုပွဲအဖြစ် ပူဇော်လာခဲ့ကြပါသည်။
🌸 ယခုနှစ် ဝါဆိုလဆန်း ၁၄ ရက်နေ့မှာ ဓမ္မမိတ်ဆွေများမိမိတို့နေအိမ်တွင် ဘုရားကျောင်းဆောင်သန့်စင်ခြင်း၊ ရေသပ္ပာယ်ခြင်း တို့ကိုပြုလုပ်ပြီး နေဝင်လထွက်အချိန်မှာ မနက်ဖြန် ဝါဆိုလပြည့်နေ့ မှာ မြတ်စွာဘုရား သစ္စာလေးဖြာ ဓမ္မစကြာတရား ဟောတော်မူမှာပါလား။ ငါသည်လည်း ထို သစ္စာလေးဖြာသာသနာကို ရိုသေစွာကြိုဆိုဆည်းကပ်ပါမည်။ ဟုအာရုံပြုပြီး “ဖယောင်းတိုင်လေးတိုင်” ထွန်းညှိပူဇော်ကြရန်ဖြစ်ပါသည်။
🌷မီးပူဇော်ချိန်မှာ သစ္စာလေးပါးသဘောတရားကို နှလုံးသွင်းပြီး
🙏ကမ္ဘာသူ ကမ္ဘာသားများ ဘေးရန်ကင်းကြပါစေ။ စိုးရိမ်ကင်းကြပါစေ။ တောင့်တကြောင့်ကြမှုကင်းကြပါစေ။
🙏တစ်ဦးနှင့်တစ်ဦး အာဃာတတွေ ပပျောက်ကြပါစေ၊ တစ်ဦးနှင့်တစ်ဦး ချုပ်ချယ်ခြင်းကင်းကြပါစေ။
လို့လေးလေးနက်နက်မေတ္တာပို့ပေးကြပါ။
🙏ဤသစ္စာလေးပါးအမှန်တရားသည် မိမိနှင့်တကွ နိုင်ငံတစ်ဝန်းလုံး၊ ကမ္ဘာတစ်ဝှမ်းလုံး ထွန်းလင်းတောက်ပပြီး နိုင်ငံသူနိုင်ငံသား ကမ္ဘာသူကမ္ဘာသားတို့သည် အမှန်တရား၏ အလင်းရောင်အောက်တွင် ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။
🙏 မိမိတို့ အားထုတ်အပ်သော သီလ၊ သမာဓိ၊ ပညာ သုံးရပ် အကျင့်မြတ်သည် နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းဟုယုံကြည်ပါသည်။ ဤမှန်သောသစ္စာစကားကြောင့် ကျရောက်ဆဲ၊ ကျရောက်လတ္တံ့ဖြစ်သော ရန်အမျိုးမျိုး၊ ကပ်အမျိုးမျိုး၊ ဘေးဆိုးဘေးကြမ်းကြီးများမှ မိမိတို့အားလုံးကင်းလွတ်ငြိမ်းကြပါစေ။
🙏အချင်းချင်း ချစ်ခင်စွာ မေတ္တာ ကရုဏာများနှင့် ယှဉ်တွဲနေနိုင်ကြပါစေသတည်း။
ဟုသစ္စာဓိဋ္ဌာန် ပြုတော်မူပေးကြပါ။
🙏🌷🙏🌷🙏🌷
“ဓမ္မစက္ကပဝတ္တနသုတ္တန်” သင်တန်းမှတ်စု၊ ဖယောင်းတိုင်လေးတိုင် နှင့် သင်တန်းရုပ်သံဖိုင် SD card များက်ိုလည်း
🔹၉-၇-၂၀၂၂ (စနေနေ့) မှစပြီး
🔹လူပုဂ္ဂိုလ်များဆိုင်ရာ ဓမ္မဗျူဟာကျောင်းဆိုင်တွင်ရောင်းချပေးသွားပါမည်။
(နယ်မှ ဓမ္မမိတ်ဆွေများ မှာယူလိုပါက စောစီးစွာ order စတင်နိုင်ပါပြီ)
မေတ္တာဖြင့်
Dhammadownload family💞