AGD Bank @agdbankmm Channel on Telegram

AGD Bank

@agdbankmm


https://www.agdbank.com
https://www.facebook.com/AGDBank

AGD Bank delivers banking excellence through inspired and outstanding customer service and innovative products and services that meet your banking needs.

AGD Bank Promotional Article (English)

Welcome to AGD Bank, your premier destination for banking excellence and exceptional customer service. As a leading financial institution in Myanmar, AGD Bank is dedicated to providing innovative products and services that cater to all your banking needs.

With a commitment to delivering inspired and outstanding customer service, AGD Bank goes above and beyond to ensure that each client receives personalized attention and support. Whether you are looking to open a savings account, apply for a loan, or explore investment opportunities, AGD Bank has the expertise and resources to guide you every step of the way.

At AGD Bank, we pride ourselves on our strong reputation for reliability, transparency, and integrity. With a team of experienced professionals and a wide range of cutting-edge financial solutions, we strive to empower individuals and businesses to achieve their financial goals with confidence.

To learn more about AGD Bank and how we can support you in your financial journey, visit our website at www.agdbank.com. You can also connect with us on Facebook at www.facebook.com/AGDBank to stay updated on the latest news, promotions, and events.

Join us at AGD Bank today and experience the difference that banking excellence can make in your life. We are here to help you thrive and succeed, every step of the way.

AGD Bank

07 Jan, 05:00


အတိုးတွေပိုက်ပြီးပဲ ဖြတ်သန်းချင်တော့တယ်ဆို ရက်တိုတိုနဲ့ အတိုးကြိုရတဲ့ ကြိုယူ ၁၀ရက်က သင့်ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်ပါတယ်။

AGD ဘဏ်ရဲ့ “ရက်တိုး ငွေတိုး Leap+ ကြိုယူ ၁၀ ရက်” (Fixed Deposit Account) (၁၀)ရက် ပြည့်တာနဲ့ အမြင့်ဆုံးအတိုးနှုန်း 11.00% p.a. အထိကို ရရှိနိုင်မှာဖြစ်ပြီး
- အတိုးကိုတပါတည်းထုတ်ယူခွင့်ရခြင်း
- ငွေအပ်နှံခြင်းကို ငွေသား (သို့) Interbank ငွေလွှဲတို့ဖြင့် ပြုလုပ်နိုင်ခြင်းစတဲ့အားသာချက်တွေလည်း ရရှိနိုင်ပါတယ်။

(မှတ်ချက် - စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များရှိပါသည်။)

နီးစပ်ရာ AGD ဘဏ်ခွဲ (သို့) ဖုန်းနံပါတ် +95 1 23 99 333 တို့ကိုဆက်သွယ်ပြီး အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

AGD Bank

06 Jan, 06:27


“ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ AGD ဘဏ်ခွဲတည်နေရာများ”

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ AGD ဘဏ်ရဲ့ Customer များနဲ့ အများပြည်သူတို့အတွက် ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုအမျိုးမျိုးကို အဆင်ပြေလွယ်ကူစွာ လုပ်ဆောင်နိုင်ဖို့အတွက် AGD ဘဏ်ရဲ့ ဘဏ်ခွဲတည်နေရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဒါ့အပြင် အမြင့်ဆုံးအတိုးနှုန်းပေးထားတဲ့ အထူးပရိုမိုးရှင်းအကောင့်များ၊ Digital ဝန်ဆောင်မှုများဖြစ်တဲ့ mBanking, Card များ၊ ငွေလွှဲ ငွေထုတ် စိတ်ချစွာပြုလုပ်မှုများ အစရှိတဲ့ ဝန်ဆောင်မှုများကို အကောင်းဆုံးရယူဖို့ AGD ဘဏ်မှ နွေးထွေးစွာ ဖိတ်ခေါ်ကြိုဆိုလိုက်ပါတယ်။

AGD Bank

06 Jan, 03:26


သုံးပြီးမှ ပိုတဲ့ပမာဏကို
မသိမ်းဆည်းပါနဲ့။
စုဆောင်းပြီးမှသာ ကျန်တာကို သုံးစွဲပါ။

AGD Bank

05 Jan, 03:32


၂၀၂၅ မှာ ကိုယ့်ကိုယ်ကို အလှဆုံးဖြစ်အောင် ပြောင်းလဲချင်တဲ့သူတွေအတွက် အလှအပရေးရာကုထုံးတွေ ရယူနိုင်ဖို့ Imperial Clinic နှင့် Victorious Skin & Aesthetic Clinic မှာ AGD ဘဏ်ရဲ့ MPU Platinum Debit ကတ်နဲ့ငွေပေးချေပြီး Promotion တွေ ခံစားနိုင်ပါပြီ။

AGD ဘဏ် MPU Platinum Debit ကတ်ဝန်ဆောင်မှုအသုံးပြုတဲ့ Customer တွေကအခြားစိတ်ဝင်စားဖွယ်ကောင်းတဲ့ ခံစားခွင့်တွေအများကြီးကို ကတ်ရဲ့အနောက်ဘက်မှာရှိတဲ့ QR ကုဒ်ကို Scan ဖတ်ပြီး အချိန်နေရာမရွေး ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

AGD Bank

04 Jan, 10:33


AGD ဘဏ်ရဲ့ ငွေစုအကောင့်တွေထဲမှာ အတိုးကြိုယူလို့ရတဲ့ အကောင့်ကို သိကြပါသလား ?

ဘယ်ငွေစုအကောင့်ဖြစ်မလဲ react လေးတွေပေးခဲ့နော်။

(၁) love react
(၂) like react
(၃) care react

AGD Bank

04 Jan, 03:35


နာမည်ကြီး Chef တွေက ချက်ထားတဲ့ လက်ရာမှ မြည်းစမ်းကြည့်ချင်တယ်ဆို ကိုရီးယားအစားအစာ အစုံရတဲ့ Bulgogi Brothers Myanmar နှင့် တရုတ်အစားအစာအစုံရတဲ့ Hong Kong Paradise မှာ AGD ဘဏ် MPU Platinum Debit ကတ်နဲ့ ပေးချေပြီး 10% အထိ အထူးသက်သာခွင့်ကို ရယူနိုင်ပါတယ်။

AGD ဘဏ် MPU Platinum Debit ကတ်ဝန်ဆောင်မှုအသုံးပြုတဲ့ Customer တွေကအခြားစိတ်ဝင်စားဖွယ်ကောင်းတဲ့ ခံစားခွင့်တွေအများကြီးကို ကတ်ရဲ့အနောက်ဘက်မှာရှိတဲ့ QR ကုဒ်ကို Scan ဖတ်ပြီး အချိန်နေရာမရွေး ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

AGD Bank

04 Jan, 01:31


“လွတ်လပ်ရေးနေ့"

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ၊ ၄ ရက်နေ့တွင် ကျရောက်သော (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အား မြန်မာနိုင်ငံသူ၊ နိုင်ငံသားများနှင့်တကွ AGD ဘဏ်မှ လေးစားစွာဖြင့် ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

AGD Bank

03 Jan, 08:00


နှစ်သစ်မှာ နေ့စဉ်လက်ကျန်ငွေ အပေါ်မူတည်ပြီး အတိုးတွက်၊ လစဉ်အတိုးထည့်ပေးတဲ့ EZYCash နှင့် EZYCash Platinum (Call Deposit) မှာ ငွေစုကြမယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ၊ ၁ ရက်နေ့မှ စတင်ပြီး ပြောင်းလဲသတ်မှတ်လိုက်သော AGD ဘဏ်ရဲ့ Call Deposit Account အမျိုးအစားဖြစ်တဲ့ EZYCash နဲ့ EZYCash Platinum အကောင့်များ၏ အတိုးနှုန်းမှာ 7% p.a. ဖြစ်ပါတယ်။

နေ့စဉ်လက်ကျန်ငွေအပေါ်မူတည် အတိုးတွက်ချက်ပေးနေပြီး လစဉ်အတိုးထည့်ပေးလျက်ရှိတာမို့ ခုလိုနေ့တိုင်းအတိုးတွေပွါးနေမယ့် ငွေစုအကောင့်မှာ ယုံကြည်စိတ်ချစွာ မိမိအပ်ငွေများကို အပ်နှံတိုးပွားလိုက်ပါ။

(မှတ်ချက် - ယခုအတိုးနှုန်းသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ စတင်အကျုံးဝင်ပါသည်။)

AGD Bank

02 Jan, 10:34


"သတိမမူ ဂူမမြင်" ဆိုတဲ့အတိုင်း သတိမထားဘဲ ပြုမူနေထိုင်လိုက်ခြင်းက မိမိအတွက် ဆုံးရှုံးနစ်နာမှုတွေကြုံတွေ့ရလာနိုင်ပါတယ်။ Social Media ပေါ်မှာလည်း သတိမထားမိဘဲ ပြုလုပ်လိုက်တဲ့အချက်တွေကို ရှောင်ကြဥ်လို့ရအောင် AGD ဘဏ်မှ မျှဝေပေးလိုက်ပါတယ်။

Social Media ပေါ်တွင်
- မိမိရဲ့ ဘဏ်အကောင့်နံပါတ်များ နှင့် ဘဏ်ကတ်ပုံများကို တင်ခြင်း
- ငွေလက်ခံ၊ ငွေလွှဲ ပြေစာများကို တင်ခြင်း
- မိမိကိုယ်ရေးအချက်အလက်၊ လိပ်စာအပြည့်အစုံ၊ အီးမေးလ် နှင့် ဖုန်းနံပါတ်များကို တင်ခြင်း
- သံသယဖြစ်ဖွယ်လင့်များ နှင့် ပို့စ်များအား နှိပ်ခြင်း စတဲ့ အချက်တွေပြုလုပ်ခြင်းကို သတိထားရှောင်ကြဥ်လိုက်မယ်ဆို မိမိရဲ့လုံခြုံမှုနှင့် ငွေကြေးဆိုင်ရာအချက်အလက်တွေကို ကာကွယ်ပေးလိုက်သလိုဖြစ်စေမှာပါ။ ဒါကြောင့် အွန်လိုင်းပေါ်က မသမာမှုတွေကနေ ကာကွယ်ဖို့ AGD ဘဏ်ရဲ့ သတိပေးမှုနှင့် အကြံပြုချက်တွေကို အတူတူလိုက်နာကြရအောင်။

AGD Bank

02 Jan, 08:49


နှစ်သစ်မှာ ငွေစုဆောင်းမှုခရီးစဥ်ကို စတင်ဖို့အသင့်ပဲလား ?

ဒါဆို အတိုးတွေပွားပေးမယ့် AGD ဘဏ်ရဲ့ EZY Savings Plus (Savings Account) နဲ့စတင်လိုက်ပါ။

- အမြင့်ဆုံးအတိုးနှုန်း 11.5% p.a. ထိရရှိခြင်း
- လစဉ်အတိုးထည့်သွင်းပေးနေခြင်း
- ငွေသွင်း၊ ငွေထုတ်ပမာဏ အကန့်အသတ်မရှိပြုလုပ်နိုင်ခြင်း
- AGD ဘဏ်ရဲ့ MPU Debit ကတ်တွေနဲ့လည်း ချိတ်ဆက် အသုံးပြုနိုင်ခြင်း
- ငွေစုစာအရင်းစာအုပ်နှင့် E - statement လည်းရယူနိုင်ခြင်း
- ဟိုတယ်များ၊ စားသောက်ဆိုင်များတွင် အထူးလျှော့စျေးများရနိုင်ခြင်း
- ငွေသား နှင့် အခြားဘဏ်မှ လွှဲပြောင်းပြီး အလွယ်တကူ အကောင့်ဖွင့်လှစ်နိုင်ခြင်း စတဲ့အကျိုးခံစားခွင့်တွေ ရရှိနိုင်မှာမို့ စိတ်ကူးမလွဲဘဲ ခုပဲ ငွေလာစုဆောင်းလိုက်ပါ။

AGD Bank

01 Jan, 10:31


မလိုအပ်ဘဲ ကုန်ကျစရိတ်တွေ များလာနိုင်တဲ့ အချက်တွေကို သတိပြုရှောင်ကြဉ်လို့ရအောင် AGD ဘဏ်မှ မျှဝေပေးလိုက်ပါတယ်။

- online shopping ကနေ နေ့စဉ်အဝတ်အစားများ ဝယ်ယူခြင်း
- ဆေးလိပ်၊ ဘီယာ၊ အရက် အလွန်သောက်သုံးခြင်း
- မိမိဝင်ငွေထက်ပိုများတဲ့ branded ပစ္စည်းများ ဝယ်ယူခြင်း
- နေ့လယ်စာကို အပြင်မှ အမြဲဝယ်စားခြင်း
- Public Transportation အစား Taxi ဖြင့် နေ့စဉ်သွားလာခြင်း
- Credit Card အလွန်အသုံးပြုမှုကြောင့် လစဉ် Fees များ ပိုဆောင်ရခြင်း
- ကော်ဖီ၊ အအေး နှင့် သရေစာမုန့်များကို မလိုအပ်ဘဲ အများကြီး ဝယ်ယူစားသုံးခြင်း
- ရေဗူးမသုံးဘဲ ရေသန့်ဗူးအား နေ့စဉ်ဝယ်သောက်ခြင်း
- ဖုန်း၊ ကင်မရာအသစ်ထွက်တိုင်း အမြဲဝယ်ယူခြင်း
စတဲ့ အချက်များကို ပြုလုပ်နေမိပြီဆို မိမိရဲ့ကုန်ကျစရိတ်တွေက မလိုအပ်တဲ့နေရာတွေမှာ ပိုရောက်ရှိသွားမှာဖြစ်တဲ့အတွက် ငွေကြေးကုန်ကျမှု ပိုများလာကာ ဝင်ငွေနဲ့ထွက်ငွေမမျှတဘဲ မလုံလောက်မှုတွေ အမြဲကြုံနေရမှာဖြစ်ပါတယ်။

ဒါကြောင့် မလိုအပ်ဘဲ ကုန်ကျစရိတ်တွေ မများလာဖို့ ခုဖော်ပြတဲ့အချက်တွေကို တတ်နိုင်သမျှ ရှောင်ကြဉ်လိုက်ရအောင်။

AGD ဘဏ်ရဲ့ #ငွေရေးကြေးရေး၁၀၁ အစီအစဉ်ဖြစ်ပါတယ်။

AGD Bank

01 Jan, 05:36


ငွေပိုငွေလျှံတွေ များလာစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ကြိုယူဆိုတဲ့နာမည်အတိုင်း AGD ဘဏ်ရဲ့ ကြိုယူ ၁ လ (Fixed Deposit Account) က အတိုးတွေကြိုယူလို့ရတာ သိပြီးပြီလား ?

AGD ကြိုယူ ၁ လ (Fixed Deposit Account) က အမြင့်ဆုံး အတိုးနှုန်း 12% p.a. အထိ ရရှိနိုင်မှာဖြစ်ပြီး

ငွေစအပ်တဲ့နေ့မှာတင်
- အတိုးကိုတပါတည်း ကြိုထုတ်ယူခွင့်ရခြင်း
- ငွေအပ်နှံခြင်းကို ငွေသား (သို့) Interbank ငွေလွှဲတို့ဖြင့် ပြုလုပ်နိုင်ခြင်း စတဲ့အားသာချက်တွေလည်း ရရှိနိုင်ပါသေးတယ်။ နှစ်သစ်မှာ အတိုးတွေကြိုယူပြီး ငွေပိုငွေလျှံတွေများလာဖို့ ကြိုယူ ၁ လမှာ ငွေစုဖို့ ရွေးချယ်လိုက်ပါ။

(မှတ်ချက် - စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များရှိပါသည်။)

နီးစပ်ရာ AGD ဘဏ်ခွဲ (သို့) ဖုန်းနံပါတ် +95 1 23 99 333 တို့ကိုဆက်သွယ်ပြီး အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

AGD Bank

01 Jan, 01:33


၂၀၂၅ ခုနှစ်၊ နှစ်သစ်မှစပြီး AGD ဘဏ်ရဲ့ Customer များနှင့် မိဘပြည်သူအားလုံး ကိုယ်စိတ်နှလုံး ကျန်းမာရွှင်လန်းပြီး စီးပွားလာဘ်လာဘများလည်း တိုးပွားလာကာ အောင်မြင်ခြင်းတွေ ပိုင်ဆိုင်နိုင်ပါစေကြောင်း AGD ဘဏ်မိသားစုမှ နှစ်သစ် ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။​

AGD Bank

31 Dec, 17:37


"၂၀၂၅ ခုနှစ် နှစ်သစ် ဆုမွန်ကောင်း"

AGD ဘဏ်နှင့်အတူ ယနေ့ထိတိုင် ယုံကြည်စွာလက်တွဲခဲ့ကြတဲ့ Customer များနှင့်တကွ မိဘပြည်သူများအားလုံး နှစ်သစ်မှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ၍ စီးပွါးလာဘ်လာဘများ ဒီရေအလား တိုးပွါးကြပါစေလို့ AGD ဘဏ်မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

AGD Bank

31 Dec, 03:31


AGD ဘဏ်သည် လေးစားတန်ဖိုးထားရပါသော ဘဏ်၏Customer ကြီးများနှင့် အများပြည်သူများ၏ ငွေကြေးလိုအပ်ချက်အမျိုးမျိုးနှင့် လူမှုအသိုင်းအဝန်း ပိုမိုကောင်းမွနလာစေရန် အတွက် လုပ်ငန်းစတင်လည်ပတ်ရာ ခရီးစဉ်အစကနေ ယနေ့အချိန်အထိ စိတ်ချယုံကြည်ရပြီး အမြဲအတူရှိနေသည့် လက်တွဲဖော်မိတ်ဖက်ကောင်းတစ်ဦးအနေဖြင့် ရပ်တည်ခဲ့၊ ရပ်တည်လျက်ရှိပါသည်။ ရှေ့ဆက်၍လည်း ဘဏ်၏ စံတန်ဖိုးများဖြစ်သည့် ဆန်းသစ်တီထွင်မှု၊ သမာဓိရှိမှုနှင့် ခိုင်မြဲသော ကတိကဝတ်တို့ဖြင့် နောက်လာမည့်နှစ်တွေမှာလည်း အားလုံးနှင့်အတူတကွ ရှင်သန်ရှေ့ဆက်ပါဦးမည်။

AGD Bank

07 Dec, 04:31


ပိတ်ရက်မှာ မိသားစုနဲ့အတူအစားအသောက်ကောင်းတွေ စားချင်တယ်ဆို တရုတ်အစားစာနဲ့ ကိုရီးယားအစားစာတွေ စုံလင်စွာရနိုင်တဲ့ Bulgogi Brothers Myanmar နဲ့ Hong Kong Paradise ကို ရွေးချယ်စားသင့်ပါတယ်နော်။ AGD ဘဏ်ရဲ့ Platinum MPU Debit ကတ်နဲ့ ငွေချေမယ်ဆို 10% အထိ အထူးသက်သာခွင့်ကို ရယူနိုင်ဦးမှာပါ။

AGD ဘဏ် MPU Platinum Debit ကတ်ဝန်ဆောင်မှုအသုံးပြုတဲ့ Customer တွေကအခြားစိတ်ဝင်စားဖွယ်ကောင်းတဲ့ ခံစားခွင့်တွေအများကြီးကို ကတ်ရဲ့အနောက်ဘက်မှာရှိတဲ့ QR ကုဒ်ကို Scan ဖတ်ပြီး အချိန်နေရာမရွေး ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

AGD Bank

06 Dec, 09:33


၂၀၂၅ မှာ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ AGD နဲ့အတူ ဒီနည်းလမ်းတွေနဲ့ငွေစုကြည့်လိုက်ရအောင်။

(၁) ရည်မှန်းချက်တစ်ခုသတ်မှတ်ပါ။
အိမ်၊ကား၊ လက်၀တ်ရတနာ (သို့) ပမာဏတစ်ခုသတ်မှတ်ပြီး မိမိလိုချင်တဲ့အရာကို နံပါတ်စဥ်တပ်ပြီး သတ်မှတ်ထားပါ။

(၂) စုငွေခွဲခြားသတ်မှတ်ပါ။
လစဥ်၀င်ငွေတွေထဲက မိမိအသုံးစရိတ်နဲ့လိုအပ်တာတွေဖယ်ပြီး ၃၀ရာခိုင်နှုန်း (သို့) ၄၀ရာခိုင်နှုန်းလောက် ရအောင် စုဆောင်းဖို့ ပြလုပ်ပါ။

(၃) စုငွေတွေကို တိုးပွားအောင်ပြုလုပ်ပါ။
သင်စုဆောင်းထားတဲ့ငွေတွေကို အချိန်မရွေးထုတ်ယူနိုင်တဲ့ ဘဏ်မှာရင်းနှီးမြှုပ်ပြီး အတိုးနှုန်းတွေရယူရင်း ရှိရင်းစွဲငွေတွေကို တိုးပွားအောင်ပြုလုပ်ပါ။

(၄) မလိုအပ်ဘဲနဲ့ မသုံးပါနဲ့။
အိပ်မက်တွေအကောင်အထည်မဖော်နိုင်ချိန်မှာ တကယ်မလိုအပ်ဘဲ ခဏတာဖြစ်ပေါ်လာတဲ့ စိတ်ဆန္ဒတစ်ခုတည်းနဲ့ ငွေတွေကို မဖြုန်းတီးမိပါစေနဲ့။

(၅) အချိန်နှင့်စာရင်းဇယားပြုလုပ်ပါ။
မိမိငွေစုတဲ့ရက်တွေနဲ့ စုဆောင်းထားတဲ့ပမာဏတွေကို ပြန်တွက်ကြည့်ပြီး ရလဒ်ကို မြန်မြန်ရောက်ဖို့ဆို စာရင်းဇယားပြုလုပ်ပြီး လစဥ်တိုင်းပြန်စစ်ဆေးသင့်ပါတယ်။

ဒီနည်းလမ်းတွေအတိုင်း စုကြည့်မယ်ဆို ၂၀၂၅ ဟာ သင့်ရဲ့နှစ်ဖြစ်လာဖို့ အခွင့်အရေးအများကြီးရှိပါတယ်။ အချိန်တိုင်းကို သင်ပိုင်ဆိုင်နိုင်တာမို့ တန်ဖိုးရှိစွာ အသုံးချပြီး ဖြတ်သန်းလိုက်ကြစို့။

AGD Bank

06 Dec, 05:30


ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ မူဆယ်ဘဏ်ခွဲမှ AGD ဘဏ်ဝန်ထမ်းများမှ Customer များနှင့် အများပြည်သူများအတွက် ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများပေးရန် အမြဲအသင့်ရှိနေပါတယ်။

AGD ဘဏ်၏ Customer များနှင့် အများပြည်သူများအတွက် ဘဏ်ဝန်ဆောင်မှုဆိုင်ရာ အသေးစိတ်အချက်အလက်များ၊ ငွေစုအကောင့်နှင့် AGD ဘဏ်မှရရှိနိုင်သော စာရင်းသေ၊ စာရင်းရှင် ဘဏ်အကောင့်အမျိုးမျိုးကိုဖွင့်လှစ်ခြင်းများ၊ mBanking ဖွင့်လှစ်အသုံးပြုခြင်းများ၊ MPU Debit ကတ်ဖွင့်လှစ်ခြင်းနှင့် အကျိုးခံစားခွင့်များကို အချက်အလက်များနှင့်တကွ ရှင်းလင်းစွာ ဝန်ဆောင်မှုပေးနိုင်ရန် ကြိုဆိုဖိတ်ခေါ်လိုက်ရပါတယ်။

အမှတ်(၃၂)၊ ဈေးအရှေ့မြောက်၊ မြောက်
ရပ်ကွက်၊ မူဆယ်မြို့၊ ရှမ်းပြည်နယ် မြောက်ပိုင်း။

☎️082-52993/52994/52995/52523/52524
📠082-52996/52997

AGD Bank

06 Dec, 03:32


စုငွေတွေ မြန်ဆန်စွာတိုးပွါးလာတာကို ထိုင်ကြည့်ချင်တယ်ဆို ကြိုယူ ၁ လမှာ ငွေစုဖို့ အကောင်းဆုံးပါပဲ။
AGD ကြိုယူ ၁ လ (Fixed Deposit Account) က အမြင့်ဆုံး အတိုးနှုန်း 12% p.a. အထိ ရရှိနိုင်မှာဖြစ်ပြီး ငွေစအပ်တဲ့နေ့မှာတင်
- အတိုးကိုတပါတည်းထုတ်ယူခွင့်ရခြင်း
- ငွေအပ်နှံခြင်းကို ငွေသား (သို့) Interbank ငွေလွှဲတို့ဖြင့် ပြုလုပ်နိုင်ခြင်း
စတဲ့အားသာချက်တွေလည်း ရရှိနိုင်ပါသေးတယ်။ အကုန်အကျမရှိဘဲ မြန်ဆန်စွာတိုးပွါးလာချင်တယ်ဆို ကြိုယူ ၁ လမှာအပ်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။

AGD Bank

05 Dec, 08:33


၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ စေတနာ့ဝန်ထမ်းနေ့

ယနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ စေတနာ့ဝန်ထမ်းနေ့မှာ AGD ဘဏ်မှ လူမှုအသိုင်းအဝိုင်းတွေကို ထောက်ပံ့ကူညီပေးနေကြတဲ့ ကမ္ဘာတစ်ဝှမ်းရှိ စေတနာ့ဝန်ထမ်းများ၏ ကောင်းမွန်တဲ့ လူသားအကျိုးပြု လုပ်ဆောင်ချက်တွေနဲ့ အံ့သြဖွယ် စွမ်းဆောင်ရည်တွေကို ဂုဏ်ပြုလိုက်ရပါတယ်။ ကြီးသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ လူသားအကျိုးပြုကူညီထောက်ပံ့မှုတိုင်းက ပိုမိုကောင်းမွန်တဲ့ ကမ္ဘာတစ်ခု၊ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။

လူမှုအသိုင်းအဝန်းတွေကို ပိုမိုတိုးတက်ကောင်းမွန်အောင် ကူညီပေးနိုင်ဖို့ အတူတကွလုပ်ဆောင်ကြပါစို့လို့ တိုက်တွန်းရင်း AGD ဘဏ်ကလည်း ဖေးမတွဲကူညီလျက်ရှိသော ဘဏ်တစ်ဘဏ်အဖြစ် ရှေ့ဆက်အတူရှိနေပါမည်။

AGD Bank

05 Dec, 05:32


"ကျန်းမာသောမြေဆီလွှာရှိမှ ကျန်းမာသောကမ္ဘာမြေဖြစ်လာမှာပါ။"

မြေသား၊မြေဆီလွှာတွေက ကမ္ဘာပေါ်မှာရှိတဲ့သက်ရှိတိုင်းအတွက် ကြီးမားတဲ့ဖြစ်တည်မှုတစ်ခုဖြစ်ပါတယ်။ မြေသား၊မြေဆီလွှာတွေက ဘာလို့အရေးပါလဲဆိုတော့

▪️အစားအစာတွေရဲ့ အဓိကအရင်းအမြစ်ဖြစ်ခြင်း
ကျန်းမာသော မြေဆီလွှာဟာ အစားအစာများစိုက်ပျိုးမှုကို ၉၅ရာခိုင်နှုန်းထိ တိုးတက်စေပြီး အာဟာရများကိုပေးစွမ်းနိုင်ပါတယ်။

▪️ရာသီဥတုကိုကာကွယ်ပေးခြင်း
မြေဆီလွှာတွေက ကာဗွန်များကို သိမ်းဆည်းတဲ့အတွက် ကမ္ဘာမြေရဲ့ ရာသီဥတုကို ထိန်းညှိပေးလျက်ရှိပါတယ်။

▪️အသက်ရှင်မှုအခြေခံအရင်းအမြစ်ဖြစ်ခြင်း
မြေဆီလွှာတွေဟာ စကြာဝဠာရှိတဲ့ အပင်၊ တိရိစ္ဆာန်နှင့် သက်ရှိများကို ထောက်ပံ့ပေးပြီး အသက်ရှင်နေထိုင်မှုအတွက် အရေးပါလှပါတယ်။

ဒါကြောင့် ယနေ့ကျရောက်တဲ့ World Soil Day မှာ
နေထိုင်ရှင်သန်ရာ ဂေဟရပ်ဝန်းအတွက် ကောင်းမွန်ကျန်းမာစွာ လည်ပတ်နိုင်ဖို့ အဓိကအထောက်အပံ့ပေးနေတဲ့ မြေသား၊ မြေဆီလွှာတွေကို ပိုမိုကောာင်းမွန်အောင် အတူတူဂရုစိုက်လိုက်ကြရအောင်။

AGD Bank

05 Dec, 03:31


လုံခြုံစိတ်ချတဲ့ တိုးပွါးမှုက လက်ရှိရော အနာဂတ်အတွက်ပါ စိတ်အေးစေမှာပါ။ AGD Super (Fixed Deposit Account) က အမြင့်ဆုံးအတိုးနှုန်း 13% p.a. ထိရရှိနိုင်ပြီး ငွေစအပ်ချိန်မှာတင် အတိုးကို ငွေသားနဲ့ကြိုယူနိုင်မှာပါ။ ငွေစုသက်တမ်းပြည့်ချိန်တွင်လည်း အပ်ငွေကို နှစ်သက်ရာငွေစုအကောင့်ဆီ ပြောင်းရွေ့နိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် အကောင်းဆုံးနဲ့စိတ်အချရဆုံး တိုးပွါးမှုကို သဘောကျတယ်ဆို AGD Super (Fixed Deposit Account) မှာပဲ အပ်နှံလိုက်ပါ။

(မှတ်ချက် - စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များရှိပါသည်။)

အသေးစိတ်သိရှိလိုပါက နီးစပ်ရာ AGD ဘဏ်ခွဲ (သို့) ဖုန်းနံပါတ် +95 1 23 99 333 တို့ကို ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

AGD Bank

04 Dec, 08:39


ငွေကြေးစုဆောင်းနေကြသူတွေကို ဉာဏ်စမ်းကြည့်မယ်နော်။
AGD ရဲ့ အမြင့်ဆုံးအတိုးနှုန်းပေးနေတဲ့ ဘဏ်အကောင့်ကို ခန့်မှန်းကြည့်ရအောင်။

AGD မှာငွေစုနေကြ Customer တွေသိတယ်ဆို မန့်ခဲ့လိုက်နော်။💬

#EZYSavingsPlus #AGDSuper #ကြိုယူ၁လ #ကြိုယူ၁၀ရက် #TheBankThatGrowsWithYou #AGDBank

AGD Bank

03 Dec, 05:33


လဆန်းရက် (၅) ရက်အတွင်း AGD ဘဏ်ရဲ့ EZYSavings Plus (New Savings Account) မှာ ငွေစုအပ်နှံပြီး အမြင့်ဆုံးအတိုးနှုန်း 11.5% p.a. အထိ ရယူနိုင်မှာ ဖြစ်ပြီး အဆင်ပြေလွယ်ကူစွာ အကောင့်သစ်ဖွင့်လှစ်နိုင်ပါတယ်။ AGD ဘဏ်ရဲ့ MPU Debit Card ကတ်အသုံးပြုသူတွေအနေနဲ့ EZYSavings Plus အကောင့်နဲ့ချိတ်ဆက်အသုံးပြုနိုင်တဲ့အပြင် ATM စက်ရှိတဲ့နေရာတိုင်းမှာ အချိန်၊ နေရာမရွေး အလွယ်တကူ ငွေသားထုတ်ယူနိုင်ပါတယ်။

(မှတ်ချက် - စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်
ချက်များရှိပါသည်။)

အသေးစိတ်သိရှိလိုပါက နီးစပ်ရာ AGD ဘဏ်ခွဲ (သို့) ဖုန်းနံပါတ် +95 1 23 99 333 တို့ကို ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

AGD Bank

02 Dec, 10:33


ဒီဇင်ဘာလ (၂) ရက်နေ့၊ ကမ္ဘာ့လေထုညစ်ညမ်းမှု ကာကွယ်ရေးနေ့
ယနေ့ကျရောက်တဲ့ ကမ္ဘာ့လေထုညစ်ညမ်းမှု ကာကွယ်ရေးနေ့မှစပြီး (World Pollution Prevention Day) အားလုံးအတူတကွ မိမိတို့ တတ်စွမ်းသမျှ တစ်ထောင့်တစ်နေရာမှ (ဥပမာ - အမှိုက်မီးရှို့ခြင်းမှ ရှောင်ကြဉ်ခြင်း၊ သစ်ပင်လေးတွေ တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်း၊ စသည်ဖြင့်) ပူးပေါင်းပါဝင်ကြပြီး ပိုမိုစိမ်းလန်းစိုပြေပြီး သာယာသန့်ရှင်းတဲ့ ပတ်ဝန်းကျင်တစ်ခု၊ အနာဂတ်တစ်ခုကို ပုံဖော်ဖန်တီးကြရအောင်။
AGD ဘဏ်က လုပ်ငန်းလည်ပတ်ရာ ဒေသတွင်းရှိ လူမှုအသိုင်းအဝန်းများအတွက် ရည်ရွယ်ချက်ကောင်းများစွာဖြင့် လေထုညစ်ညမ်းမှုကို လျှော့ချနိုင်ရေး၊ နေထိုင်ရာ ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးနိုင်ရေးအစရှိတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်ကို အကျိုးပြုနိုင်မယ့် ဗဟုသုတများ၊ သိကောင်းစရာအဖြာဖြာများကို ဘဏ်ရဲ့ “grow” CSR အစီအစဉ်မှတဆင့် အပတ်စဉ် တရားဝင်လူမှုမီဒီယာများပေါ်မှာ မျှဝေပေး၍ တက်ကြွစွာ လှုံ့ဆော်ပေးလျက်ရှိနေပါတယ်။
နေထိုင်ရှင်သန်ရာ သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်ကို တတ်စွမ်းသမျှ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ကြရအောင်။

AGD Bank

01 Dec, 05:32


ဒီအပတ်ပိတ်ရက်မှာ အလှအပရေးရာ ကုထုံးများအတွက် AGD ဘဏ်ရဲ့ Platinum MPU Debit ကတ်နဲ့ ပေးချေကာ လျှော့ဈေးတွေရယူမယ်။

AGD ဘဏ်ရဲ့ Platinum MPU Debit ကတ် ကိုင်ဆောင်အသုံးပြုနေတဲ့ Customer တွေအတွက် အလှအပရေးရာနုပျိုခြင်းများ၊ ခန္ဓာကိုယ်အတွက် Spa ပြုလုပ်မှုများကို Shwe Mingalar Spa မှာ ကုသမှုခံယူကာ နုပျိုလှပခြင်းအတွက် Platinum MPU Debit ကတ်နဲ့ ပေးချေရင်း အထူးသက်သာခွင့် 10% ကို ခံစားလိုက်ရအောင်။

အခြားစိတ်ဝင်စားဖွယ်ကောင်းတဲ့ ခံစားခွင့်တွေအများကြီးကို AGD ဘဏ် MPU Platinum Debit ကတ်ရဲ့အနောက်ဘက်မှာရှိတဲ့ QR ကုဒ်ကို Scan ဖတ်ပြီး အချိန်နေရာမရွေး ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

AGD Bank

01 Dec, 03:33


Sweet December! December လရဲ့ ၁​ ရက်နေ့မှာ Authentic ဂျပန်အရသာစစ်စစ် ဆူရှီကိုမှ 10% အထူးလျှော့ဈေးရရှိနိုင်မယ့် ခံစားခွင့်ရှိတယ်နော်။AGD ဘဏ်ရဲ့ MPU Platinum Debit ကတ်ကိုင်ဆောင်အသုံးပြုနေတဲ့ Customer တွေအနေနဲ့ Sushi Tei Myanmar မှာ ချစ်ခင်ရတဲ့သူတွေနဲ့ သွားစားသောက်ရင်း အထူးသက်သာခွင့် 10% ကိုရယူနိုင်ပါတယ်။

အခြားစိတ်ဝင်စားဖွယ်ကောင်းတဲ့ ခံစားခွင့်တွေအများကြီးကို AGD ဘဏ် MPU Platinum Debit ကတ်ရဲ့အနောက်ဘက်မှာရှိတဲ့ QR ကုဒ်ကို Scan ဖတ်ပြီး အချိန်နေရာမရွေး ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

AGD Bank

29 Nov, 05:33


အမှိုက်များမီးရှို့ခြင်းကို ရပ်တန့်ပြီး ပတ်၀န်းကျင်ကို ကာကွယ်ကြစို့။ လက်ရှိတွင် မြန်မာနိုင်ငံရဲ့ လေထုညစ်ညမ်းမှုက WHO ကသတ်မှတ်ထားတဲ့အဆင့်ထက်၂ဆ ကျော်အထိ မြင့်တက်နေပါတယ်။
မလိုအပ်ဘဲ သစ်ရွက်၊ သစ်ကိုင်းခြောက်နှင့်အခြားပလတ်စတစ်များကို မီးရှို့ခြင်းကလည်း လေထုထဲကို Carbonmonoxide နှင့်အခြားအဆိပ်ရှိတဲ့ ဓာတ်ငွေ့များကို ထုတ်လွှတ်ပေးသလိုဖြစ်တဲ့အတွက် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေခြင်း၊ ပတ်ဝန်းကျင်ကို ပျက်စီးစေခြင်းနှင့် ရာသီဥတုဖောက်ပြန်မှုများဖြစ်ပေါ်ခြင်းကို ကြုံတွေ့ရနိုင်ပါတယ်။
ဒါကြောင့် လေထုညစ်ညမ်းမှုကို လျှော့ကျစေဖို့ အမှိုက်များမီးရှို့ခြင်းကို ရှောင်ကြဥ်ပြီး သဘာ၀ပတ်၀န်းကျင်ကို သာယာလှပအောင် အတူတူဖန်တီးလိုက်ရအောင်။
ဒါကတော့ AGD ဘဏ်၏ "grow" CSR အစီအစဉ်မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာများနှင့်ပတ်သက်ပြီး အသိပညာပေးသော အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

AGD Bank

29 Nov, 01:32


၁၀ ရက်တည်းနဲ့ အတိုးများများရမယ့် အခွင့်အရေး

ရက်တိုတိုနဲ့ အတိုးနှုန်းများများရချင်လို့ ဘယ်လိုငွေစုအကောင့်မှာစုရမလဲ မေးနေကြတဲ့ Customer တွေအတွက် AGD ဘဏ်ရဲ့ “ရက်တိုး ငွေတိုး Leap+ ကြိုယူ ၁၀ ရက်” (Fixed Deposit Account) ကိုပဲ ညွှန်းလိုက်ပါတယ်။ ငွေစအပ်တဲ့နေ့ကနေ (၁၀)ရက်ပြည့်တာနဲ့ အမြင့်ဆုံးအတိုးနှုန်း 11.00% p.a. အထိကို ရရှိနိုင်မှာပါ။

ငွေစုသက်တမ်းပြည့်ချိန်မှာလည်း ငွေသား (သို့) Interbank ဖြင့် အပ်နှံထားတဲ့အတိုင်း ထုတ်ယူနိုင်မှာဖြစ်တဲ့အပြင် စုငွေအပ်နှံခြင်းကို ငွေသား၊ အခြားဘဏ်မှ interbank ငွေလွှဲ (သို့) ချက်လက်မှတ်တို့ဖြင့် အလွယ်တကူပြုလုပ်နိုင်ပါတယ်။ ဒါဆို အမြန်ဆုံးအတိုးရဖို့ ကြိုယူ ၁၀ ရက်ကိုပဲ ရွေးချယ်အပ်နှံလိုက်ပါ။

AGD Bank

28 Nov, 05:33


ကြိုယူ ၁လ မှာ ရင်းနှီးမြှုပ်နှံပြီး အခုပဲအတိုးချက်ချင်းယူလိုက်ပါ။
ရင်းနှီးမြှုပ်နှံတဲ့အခါ အမြတ်ရမှာသေချာနိုင်တာကိုပဲ ရွေးချယ်သင့်ပါတယ်။ ခုဆို AGD ဘဏ်ရဲ့ ကြိုယူ ၁ လ (Fixed Deposit Account) မှာ မိမိ၀င်ငွေတွေကို ရင်းနှီးအပ်နှံလိုက်မယ်ဆို အတိုးနှုန်း 12% p.a အထိ ရရှိနိုင်မှာပါ။
ထူးခြားချက်ကတော့ ငွေစအပ်တဲ့နေ့မှာတင် ငွေသားနဲ့ချက်ချင်းလက်ငင်းကို အတိုးထုတ်ယူခွင့်ရမဲ့အပြင် ငွေလိုအပ်လို့ ထုတ်ချင်တယ်ဆိုလည်း ထည့်သွင်းထားတဲ့အပ်ငွေများကို ငွေသားအပြည့်အဝ ထုတ်ယူနိုင်ပြီး interbank နဲ့လည်း transfer ပြန်လည်ပြုလုပ်နိုင်ပါတယ်။
အမြတ်ရမယ့် ရင်းနှီးမြှုပ်မှုကို လက်လွှတ်မခံဘဲ ခုပဲ ကြိုယူ ၁ လ (Fixed Deposit Account) မှာ ငွေစုထားလိုက်ပါ။

AGD Bank

28 Nov, 01:32


နောင်ရေးအတွက်စိတ်အေးချင်တာလား?

ငယ်ရွယ်တဲ့အချိန်ထဲကနေ ရှာသမျှ၀င်ငွေတွေကို စနစ်တကျနဲ့စုဆောင်းထားမှ ငွေကြေးပြည့်စုံတောင့်တင်းပြီး နောင်ရေးအတွက် စိတ်အေးရမှာပါ။ ဒီလိုစုဆောင်းဖို့ ပလန်တွေထဲကမှ လုံခြုံစိတ်ချရစေဖို့ ဘဏ်မှာအပ်ထားပြီး အတိုးနှုန်းအများဆုံးအကောင့်တွေမှာ ထည့်သွင်းထားသင့်ပါတယ်။

AGD ဘဏ်ရဲ့ EZYSavings Plus စုငွေအကောင့်နဲ့ဆိုရင် အမြင့်ဆုံးအတိုးနှုန်း 11.5% p.a. အထိ ရရှိနိုင်မှာပါ။ ဒါ့အပြင် အခြား Benefit အနေနဲ့

- အကောင့်ဖွင့်ရန်အတွက်လည်း ငွေသား (သို့) ချက်လက်မှတ်တို့ဖြင့် အဆင်ပြေလွယ်ကူစွာ ဖွင့်နိုင်ခြင်း။
- အကောင့်ရှိပြီးသားသူတွေအတွက် AGD ဘဏ်ရဲ့ MPU Debit Card ကတ်တွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်ခြင်း။
- ATM စက်ရှိတဲ့နေရာတိုင်းမှာ အချိန်၊ နေရာမရွေး အလွယ်တကူ ငွေသားထုတ်ယူနိုင်ခြင်း။

စတဲ့အချက်တွေကြောင့် ခုပဲ AGD ဘဏ်မှာ EZYSaving Plus အကောင့်ကိုလာဖွင့်ပြီး ငွေစုထားလိုက်တော့နော်။

(မှတ်ချက် - စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များရှိပါသည်။)

အသေးစိတ်သိရှိလိုပါက နီးစပ်ရာ AGD ဘဏ်ခွဲ (သို့) ဖုန်းနံပါတ် +95 1 23 99 333 တို့ကို ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

AGD Bank

27 Nov, 04:03


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံဘဏ်ခွဲ AGD ဘဏ်ဝန်ထမ်းများမှ Customer များနှင့် အများပြည်သူများအတွက် ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများပေးရန် အမြဲအသင့်ရှိနေပါတယ်။

AGD ဘဏ်၏ Customer များနှင့် အများပြည်သူများအတွက် ဘဏ်ဝန်ဆောင်မှုဆိုင်ရာ အသေးစိတ်အချက်အလက်များ၊ ငွေစုအကောင့်နှင့် AGD ဘဏ်မှရရှိနိုင်သော စာရင်းသေ၊ စာရင်းရှင် ဘဏ်အကောင့်အမျိုးမျိုးကိုဖွင့်လှစ်ခြင်းများ၊ mBanking ဖွင့်လှစ်အသုံးပြုခြင်းများ၊ MPU Debit ကတ်ဖွင့်လှစ်ခြင်းနှင့် အကျိုးခံစားခွင့်များကို အချက်အလက်များနှင့်တကွ ရှင်းလင်းစွာ ဝန်ဆောင်မှုပေးနိုင်ရန် ကြိုဆိုဖိတ်ခေါ်လိုက်ရပါတယ်။

အမှတ်(၃၉/၁၄၅) ၊ လမ်းမတော်လမ်း ၊ တရော်ကုန်းရပ်ကွက် ၊ သရက်ခရိုင် ၊ အောင်လံမြို့နယ် ၊ မကွေးတိုင်းဒေသကြီး။

☎️069-201484 / 201485 / 201486

AGD Bank

26 Nov, 10:33


အများအမြင်မှာ ကြည့်လိုက်တာနဲ့ ရိုးရှင်းလှပပြီး ယုံကြည်မှုအပြည့်ခံစားစေရတာ AGD ဘဏ်ရဲ့ အဖြူရောင် Classic MPU Debit ကတ်ပါပဲ။ နေ့စဥ်ဘ၀ကို တစ်ကတ်တည်းနဲ့ မိမိကြိုက်နှစ်သက်ရာတွေကို အလွယ်တကူပေးချေရယူနိုင်တာမို့ အရမ်းမိုက်ပဲနော်။ လှပစတိုင်လ်ကျတဲ့နေထိုင်မှုကို ရယူလိုတယ်ဆို အခုပဲ Classic MPU Debit ကတ်လေးကို ရယူပြီး ရိုးရှင်းမှုရဲ့ အားသာချက်တွေကို လက်တွေ့ခံစားကြည့်လိုက်ပါ။

AGD Bank

25 Nov, 05:33


အပိုင်း (၅) – ချစ်ခင်မြတ်နိုးရတဲ့ မိသားစုအတွက် စမတ်ကျကျ ငွေစုဆောင်းခြင်း

ပြီးခဲ့တဲ့အပတ်က ကိုမင်းထက် တစ်ယောက်သူ့လုပ်ငန်းလိုအပ်ချက်များအရ ဝင်ငွေတွေကို ရေရှည်မှာ တိုးပွါးလာဖို့အတွက် ဆုံးဖြတ်ချက်တစ်ခုချပြီး ရင်းနှီးမြှုပ်နှံမှုတစ်ခု အနေနဲ့ အမြင့်ဆုံးအတိုးနှုန်းတွေရတဲ့ Fixed Deposit ကိုနောက်ဆုံးမှာ ရွေးချယ်အသုံးပြုခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ကိုမင်းထက်က စီးပွားရေးအတွက်သာမက သူ့မိသားစုအတွက်ပါ ရည်ရွယ်ပြီး နောက်ထပ်ခြေလှမ်းကောင်းတစ်ခု ပြင်ဆင်နေခဲ့ပါတယ်။

လုပ်ငန်းပိုင်ရှင် ဖြစ်ရုံသာမက မိသားစုရဲ့ အိမ်ထောင်ဦးစီးလည်းဖြစ်တဲ့ ကိုမင်းထက်က ခရီးထွက်ဖို့၊ ပညာရေးစရိတ်အသုံးပြုဖို့နဲ့ အရေးပေါ်အသုံးစရိတ်ဆောင်ထားဖို့ အတွက် အထောက်အပံ့ဖြစ်စေမယ့် နည်းလမ်းများကို ရှာဖွေနေစဉ်မှာ မနန္ဒာရဲ့ အကြံပေးမှုကြောင့် သူ့မိသားစုအတွက် “မိသားစု ဘုံစုငွေ” ကို စတင်ခဲ့ပါတယ်။
သေးငယ်သောခြေလှမ်းတိုင်းက ကိုယ့်မိသားစုရဲ့ အနာဂတ်အပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှုများစွာဖြစ်စေနိုင်ပါတယ်။
မှတ်ချက် - သရုပ်ဖော်ရန် ရည်ရွယ်ထားသော စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။

AGD Bank

24 Nov, 05:32


အပတ်စဉ်တင်ဆက်နေကြ အစီအစဉ်က ကိုမင်းထက်က “OTP ကုတ်တွေကို မည်သူ့မှ မပေးပါနဲ့” ဆိုပြီး ထပ်မံ အသိပေးလိုက်ရပါတယ်။

“One-Time Passwords (OTP) ဆိုတာ မိမိကိုယ်ပိုင် အတွက်ပဲရှိတာဖြစ်ပါတယ်။ OTP တွေဟာ ဒစ်ဂျစ်တယ်သော့တစ်ခုလိုပါပဲ။ ငွေကြေးလိမ်လည်တဲ့ ဖုန်းတွေကပို့တဲ့ link တွေနှိပ်မိတာဖြစ်စေ၊ တစ်စုံတစ်ဦးက တောင်းတာဖြစ်စေ ဝေမျှမိရင် မိမိရဲ့ဘဏ်အကောင့်ကို ပေးလိုက်သလိုဖြစ်ပြီး စုဆောင်းထားတဲ့ငွေကြေးတွေ ဆုံးရှုံးသွားနိုင်စေပါတယ်။ ဒါကြောင့် OTP ကုတ်တွေကို မည်သူ့ကိုမပေးလိုက်ဖို့ ထပ်မံပြီး အသိပေးလိုက်ပါတယ်ဗျ။”

AGD Bank

24 Nov, 03:32


Gamone in Tea House ဆိုင်မှာ ချစ်ခင်ရသူတွေနဲ့အတူ အပြင်သွားပြီး အပန်းဖြေ အနားယူ စားသောက်ကြမယ်ဆိုရင် AGD ဘဏ်ရဲ့ Platinum MPU Debit ကတ်ယူသွားဖို့ မမေ့နဲ့နော်။ Platinum MPU Debit ကတ်နဲ့ စမတ်ကျကျပေးချေမယ်ဆိုရင် 10% အထူးသက်သာခွင့်ကို ရယူနိုင်ပါတယ်။
အခြားစိတ်ဝင်စားဖွယ်ကောင်းတဲ့ ခံစားခွင့်တွေအများကြီးကို AGD ဘဏ် MPU Platinum Debit ကတ်ရဲ့အနောက်ဘက်မှာရှိတဲ့ QR ကုဒ်ကို Scan ဖတ်ပြီး အချိန်နေရာမရွေး ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

AGD Bank

23 Nov, 10:33


AGD ဘဏ်ရဲ့ Platinum MPU Debit ကတ်ကို အသုံးပြုပြီး The Big Bottle မှာ Double Point ရယူကြမယ်။ The Big Bottle ဆိုင်ခွဲတွေမှာ မိမိကြိုက်နှစ်သက်ရာ ရွေးချယ်ဝယ်ယူပြီး Platinum MPU Debit ကတ်နဲ့ငွေပေးချေပါက Double Point လက်ဆောင်ရရှိနိုင်မှာ ဖြစ်ပါတယ်။

အခြားစိတ်ဝင်စားဖွယ်ကောင်းတဲ့ ခံစားခွင့်တွေအများကြီးကို AGD ဘဏ် MPU Platinum Debit ကတ်ရဲ့အနောက်ဘက်မှာရှိတဲ့ QR ကုဒ်ကို Scan ဖတ်ပြီး အချိန်နေရာမရွေး ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

AGD Bank

22 Nov, 05:33


သဘာ၀ပတ်၀န်းကျင်ကို ကိုယ်တိုင်မသိမသာပါ၀င်ပြီး ထိခိုက်အောင်ပြုလုပ်သလိုဖြစ်နိုင်သောကြောင့် အရင်ဆုံး အမှိုက်အိတ် ၄ အိတ်ထားကြည့်ပါ။

(၁) ပလတ်စတစ်တွေ သီးသန့်ထည့်ဖို့ တစ်အိတ်ပြုလုပ်ပါ။
(၂) အစားအသောက်နဲ့အခြားစွန့်ပစ်အရည်များအတွက် တစ်အိတ်ပြုလုပ်ပါ။
(၃) ဖန်ကွဲစ၊ သစ်သားနှင့် အခြားအမာပစ္စည်းများအတွက် တစ်အိတ်ပြုလုပ်ပါ။
(၄) စာရွက်များ၊ ကတ်ထူစက္ကူများစွန့်ပစ်ဖို့ တစ်အိတ်ပြုလုပ်ပါ။

အမှိုက်များကို စနစ်တကျခွဲခြားစွန့်ပစ်ခြင်းက ပတ်ဝန်းကျင်ကို သန့်ရှင်းစေခြင်း၊ Recycling အလွယ်တကူလုပ်နိုင်ခြင်းနှင့် သဘာဝကို ကာကွယ်စောင့်ရှောက်ကာကွယ်ပေးနိုင်ပါတယ်။

ဒါကတော့ AGD ဘဏ်၏ "grow" CSR အစီအစဉ်မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာများနှင့်ပတ်သက်ပြီး အသိပညာပေးသော အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

AGD Bank

21 Nov, 07:04


လေးစားတန်ဖိုးထားရပါသော AGD ဘဏ်၏ Customer များ

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက် (တနင်္လာနေ့) သည် "အမျိုးသားနေ့” အများပြည်သူအလုပ်ပိတ်ရက်နှင့် ဘဏ်ပိတ်ရက်ဖြစ်ပါသောကြောင့် AGD ဘဏ်ရုံးချုပ်နှင့် ဘဏ်ခွဲများအားလုံးကို ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ဘဏ်ပိတ်ရက်အတွင်း ATM စက်ဝန်ဆောင်မှုများ၊ ဘဏ်ကတ်ဝန်ဆောင်မှုများ၊ ဒစ်ဂျစ်တယ် ဘဏ်ဝန်ဆောင်မှုများကို ပုံမှန်အတိုင်း အသုံးပြုနိုင်မည်ဖြစ်ပြီး ဝန်ဆောင်မှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကို Call Center Hotline (+95 1 23 99 333), Facebook Messenger (http://m.me/AGDBank) နှင့် Email: [email protected] တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။

AGD Bank

20 Nov, 01:32


လုံခြုံစိတ်ချစွာဖြင့် လစဉ်အကောင်းဆုံးအတိုးနှုန်းရရှိမယ့် AGD ဘဏ်ရဲ့”Savings Account” မှာ ငွေစုစို့။

အမြင့်ဆုံးအတိုးနှုန်း 11.5% p.a. အထိကို လစဉ် အတိုးထည့်သွင်းပေးတဲ့ AGD ဘဏ်ရဲ့ Savings Account ကို ငွေသား၊ အခြားဘဏ်မှ Interbank ငွေလွှဲ (သို့) ချက်လက်မှတ်တို့နဲ့ အလွယ်တကူ အကောင့်ဖွင့်လှစ်နိုင်ပါတယ်။ အကောင့်ရှိပြီးသူတွေအနေနဲ့လည်း AGD ဘဏ်ရဲ့ mBanking ကနေတစ်ဆင့် အခြား AGD ဘဏ်အကောင့်တွေကနေ ငွေလွှဲပြောင်းပြီး စုဆောင်းနိုင်ပါသေးတယ်။ ဒါ့အပြင် AGD ဘဏ်ရဲ့ MPU Debit ကတ်တွေနဲ့လည်း ချိတ်ဆက် အသုံးပြုနိုင်တာဖြစ်လို့ ATM စက်ရှိတဲ့နေရာတိုင်းမှာ အချိန်မရွေး၊ နေရာမရွေး ငွေသားထုတ်ယူနိုင်ပါတယ်။

(မှတ်ချက် - စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များရှိပါသည်။)

အသေးစိတ်သိရှိလိုပါက နီးစပ်ရာ AGD ဘဏ်ခွဲ (သို့) ဖုန်းနံပါတ် +95 1 23 99 333 တို့ကို ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

AGD Bank

19 Nov, 12:33


👏 ၂၀၂၄ ခုနှစ်၊ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲမှာ ဒုတိယဆု ရရှိခဲ့တဲ့ ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းအား ဝမ်းမြောက်ဂုဏ်ပြုခြင်း

ယခုလို ယှဉ်ပြိုင်မှုပြင်းထန်တဲ့ ပြိုင်ပွဲတစ်လျှောက် ဂုဏ်ယူဖွယ်ကောင်းတဲ့ စွမ်းဆောင်ရည်ပြသခဲ့ကြတဲ့ ရန်ကုန်ယူနိုက်တက်အမျိုးသမီး အသင်းသားများနှင့်တကွ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ နည်းပြအဖွဲ့ဝင်များ၊ တာဝန်ရှိသူများအားလုံးကို AGD ဘဏ်မိသားစုမှ မှတ်တမ်းတင် ဂုဏ်ပြုလိုက်ရပါတယ်။

တဆက်တည်းမှာပင် AGD ဘဏ်မှ ရန်ကုန်ယူနိုက်တက် အမျိုးသားအသင်းအား ၂၀၂၄ ခုနှစ် မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီအတွက် အဓိက Main Sponsor အဖြစ် ပါဝင်အားဖြည့်ထားရာ ပိုမိုသိရှိလိုပါက ဤနေရာတွင် https://bit.ly/3MotkxK ကြည့်ရှုနိုင်ပါတယ်။

AGD Bank

18 Nov, 03:03


နေ့စဉ် စီးပွားရေးကနေဝင်တဲ့ဝင်ငွေတွေကို အိမ်မှာသိမ်းထားနေတုန်းပဲလား?
ပျက်စီးပျောက်ဆုံးမှာလည်း ပူစရာမလိုဘဲ စိတ်ချရပြီး အတိုး၀င်ငွေလည်းပိုတိုးစေမယ့် AGD ဘဏ်ရဲ့ EZYCash (Call Deposit Account) မှာ ငွေစုထားလိုက်ပါ။
အမြင့်ဆုံးအတိုးနှုန်း 8.5% p.a. အပြင် Bonus အတိုးနှုန်း 1.5% p.a. ကိုရရှိမှာဖြစ်တဲ့အပြင် နေ့စဥ်ပုံမှန်အတိုးတွက်ပေးပြီး လစဥ်လတိုင်း အကောင့်ထဲကို အတိုးထည့်ပေးသွားတဲ့ အတွက် အတိုးထုတ်သုံးတာဖြစ်ဖြစ်၊ မထုတ်ဖြစ်ရင်တောင် နေ့စဉ်အတိုးတွက်တဲ့အခါ တစ်လတစ်လရတဲ့အတိုးပမာဏပါ အတိုးတွက်တဲ့အတွက် အတိုးဝင်ငွတွေက ပိုပိုများလာမှာဖြစ်ပါတယ်။
အကြိမ်အရေအတွက် အကန့်အသတ်မရှိငွေပြန်ထုတ်နိုင်တာမို့ အဆင်ပြေချောမွေ့တဲ့အပြင် များများစုထားလေ ပိုအတိုးအမြတ်များနိုင်လေပါပဲ။
ငွေစုဖို့စဥ်းစားနေတယ်ဆို AGD ဘဏ်ရဲ့ EZYCash (Call Deposit Account) ကို ခုပဲရွေးချယ်လိုက်ပါ။
(မှတ်ချက် - စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များရှိပါသည်။)
အသေးစိတ်သိရှိလိုပါက နီးစပ်ရာ AGD ဘဏ်ခွဲ (သို့) ဖုန်းနံပါတ် +95 1 23 99 333 တို့ကို ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

AGD Bank

17 Nov, 06:03


သန့်ရှင်းလတ်ဆတ်ပြီး Luxury ဆန်ဆန် ဂျပန်အရသာစစ်စစ် ဆူရှီကို Sushi Tei Myanmar မှာ ချစ်ခင်ရတဲ့သူတွေနဲ့ စားသောက်ဖြစ်ရင်း AGD ဘဏ်ရဲ့ Platinum MPU Debit ကတ်နဲ့ပေးချေရင် အထူးသက်သာခွင့် 10% ကို ရယူနိုင်တယ်ဆိုတော့ အရမ်းတွေအဆင်ပြေပြီပေါ့။
AGD ဘဏ်ရဲ့ MPU Platinum Debit ကတ်ဝန်ဆောင်မှုအသုံးပြုတဲ့ Customer တွေအတွက်အခြားစိတ်ဝင်စားဖွယ်ကောင်းတဲ့ ပရိုမိုးရှင်းတွေအများကြီးကိုလည်း ကတ်ရဲ့အနောက်ဘက်မှာရှိတဲ့ QR ကုဒ်ကို Scan ဖတ်ပြီးကြည့်ရှုနိုင်ပါတယ်။

AGD Bank

17 Nov, 03:33


Financial Freedom ဖြစ်ဖို့ ဘာတွေလုပ်သင့်လဲ?
အာမခံချက်အပြည့်ရှိပြီး ခိုင်မာတဲ့အနာဂတ်ကို ရရှိနိုင်ဖို့ဆို အခုထဲက ရှေ့ရေးအတွက် ရည်မှန်းချက်တွေ (Goals) တိတိကျကျချမှတ်ပြီး ၀င်ငွေတိုးပွားစေမယ့် နည်းလမ်းတွေနဲ့ စုဆောင်းမှုတွေကို စနစ်တကျလုပ်ဆောင်မှသာ နောင်ရေးအတွက် ငွေကြေးပူပန်စရာမလိုဘဲ နေထိုင်နိုင်မှာပါ။ ဒါကတော့ AGD ဘဏ်ရဲ့ #ငွေရေးကြေးရေး၁၀၁ အစီအစဉ်ဖြစ်ပါတယ်။
ဒါဆို Financial Freedom ဖြစ်ဖို့ လုပ်သင့်တဲ့နည်းလမ်းတွေကို ကြည့်လိုက်ကြရအောင်။
💰ငွေစုပါ။
မိမိ၀င်ငွေရဲ့ (၅၀) ရာခိုင်နှုန်းကို အိမ်ကစုဗူးထဲမှာထည့်ပြီး မစုဆောင်းဘဲ အတိုးရမယ့်ဘဏ်တွေမှာ ၀င်ငွေပိုတိုးပွားအောင် စုဆောင်းထားသင့်ပါတယ်။
♻️မလိုအပ်တဲ့သုံးစွဲမှုတွေ လျှော့ချပါ။

💸လစဥ်၀င်ငွေများအောင်ပြုလုပ်ပါ။

📈တစ်နိုင်တစ်ပိုင်စီးပွားရေးတစ်ခုစတင်ပါ။

AGD Bank

14 Nov, 10:33


မနက်ဖန်တန်ဆောင်မုန်းလပြည့်နေ့ ရုံးပိတ်ရက်မို့ ဒီနေ့ညနေ အစီအစဉ်တွေရှိကြရင် AGD ဘဏ်ရဲ့ Platinum MPU Debit ကတ် ကိုင်ဆောင်အသုံးပြုတဲ့ Customers များရဲ့ အကျိုးခံစားခွင့်ဖြစ်တဲ့ Total Bill ပေါ်မှာ 10% သက်သာခွင့်ကို ရယူခံစားရင်း ပျော်ရွှင်စရာကောင်းတဲ့ ညနေခင်းလေးကို Bulgogi Brothers မှာ ဖြတ်သန်းလိုက်ပါ။

အခြားစိတ်ဝင်စားဖွယ်ကောင်းတဲ့ ခံစားခွင့်တွေအများကြီးကို AGD ဘဏ် MPU Platinum Debit ကတ်ရဲ့အနောက်ဘက်မှာရှိတဲ့ QR ကုဒ်ကို Scan ဖတ်ပြီး အချိန်နေရာမရွေး ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

AGD Bank

14 Nov, 05:32


“AGD ဘဏ်နှင့်အတူ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ကြမယ်”
နေ့စဉ်နဲ့အမျှ သတိမမူဘဲ သုံးစွဲနေသော ပလတ်စတစ်နှင့် စာရွက်စာတမ်းများက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တာ သိထားသင့်ပါတယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်ကို ပိုမိုကောင်းမွန်အောင် ထိန်းသိမ်းနိုင်ဖို့အတွက် ထိုအရာတွေကို လျှော့ချသုံးစွဲဖို့ လုပ်ဆောင်ကြည့်ကြရအောင်။
- စာရွက်စာတမ်းများအစား အွန်လိုင်းစနစ်ကို အသုံးပြုပါ။
- တစ်ခါသုံး ပလတ်စတစ်ပစ္စည်းများကို လျှော့ချပြီး ပြန်လည်အသုံးပြုနိုင်သော ပစ္စည်းများနဲ့လဲလှယ်အသုံးပြုပါ။
- မီးရောင်များကို လိုအပ်မှသာ အသုံးပြုပြီးစွမ်းအင်များကို လျှော့ချပေးပါ။
ဒါဆို AGD ဘဏ်နှင့်အတူ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုမှာ ပါဝင်ပြီး မိမိရဲ့နေ့စဉ်လုပ်ဆောင်မှုတွေကတစ်ဆင့် ပိုမိုစိမ်းလန်းတောက်ပတဲ့ အနာဂတ်ကို ဖန်တီးလိုက်ကြစို့။
ဒါကတော့ AGD ဘဏ်၏ "grow" CSR အစီအစဉ်မှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်သိမ်းရေးအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

AGD Bank

13 Nov, 07:30


လေးစားတန်ဖိုးထားရပါသော AGD ဘဏ်၏ Customer များရှင်

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက် (သောကြာနေ့) သည် "တန်ဆောင်မုန်းလပြည့်နေ့” အများပြည်သူအလုပ်ပိတ်ရက်နှင့် ဘဏ်ပိတ်ရက်ဖြစ်ပါသောကြောင့် AGD ဘဏ်ရုံးချုပ်နှင့် ဘဏ်ခွဲများအားလုံးကို ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ဘဏ်ပိတ်ရက်အတွင်း ATM စက်ဝန်ဆောင်မှုများ၊ ဘဏ်ကတ်ဝန်ဆောင်မှုများ၊ ဒစ်ဂျစ်တယ် ဘဏ်ဝန်ဆောင်မှုများကို ပုံမှန်အတိုင်း အသုံးပြူနိုင်မည်ဖြစ်ပြီး ဝန်ဆောင်မှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကို Call Center Hotline (+95 1 23 99 333), Facebook Messenger (http://m.me/AGDBank) နှင့် Email: [email protected] တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။

AGD Bank

13 Nov, 01:31


အကောင်းဆုံးအတိုးနှုန်းအပြင် Bonus ပါရရှိနိုင်မယ့် AGD ဘဏ်ရဲ့ Call Deposit Account

AGD ဘဏ်ရဲ့ Call Deposit Account အကောင့်တွေနဲ့ဆိုရင် ပရိုမိုးရှင်းကာလအတွင်း လက်ရှိပေးနေတဲ့အတိုးနှုန်း 8.5% p.a. အပြင် Bonus 1.5% p.a. အထိ ထပ်မံရရှိမှာပဲ ဖြစ်ပါတယ်။​

Call Deposit Account အမျိုးအစားဖြစ်တာနဲ့အညီ နေ့စဉ်လက်ကျန်ငွေအပေါ် တွက်ချက်ပြီး လစဉ်အတိုးရရှိမှာဖြစ်လို့ အတိုးနှုန်းထိခိုက်မှာကို စိုးရိမ်စရာမလိုဘဲ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူတွေအတွက် ရွေးချယ်ဖို့ အကောင်းဆုံး အကောင့်အမျိုးအစားတစ်ခုလည်းဖြစ်ပါတယ်။​

(မှတ်ချက် - စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များရှိပါသည်။)

အသေးစိတ်သိရှိလိုပါက နီးစပ်ရာ AGD ဘဏ်ခွဲ (သို့) ဖုန်းနံပါတ် +95 1 23 99 333 တို့ကို ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

#AGDBank
#CallDepositAccounts
#TheBankThatGrowsWithYou

AGD Bank

12 Nov, 07:34


အမြင့်ဆုံးအတိုးနှုန်းရယူပြီး အကောင်းဆုံးငွေစုပါ “AGD Super”

AGD Super အကောင့်ဖွင့်ပြီးလျှင် အမြင့်ဆုံးတစ်နှစ်အတိုး 13% ကို အပ်နှံချိန်တွင် ငွေသားချက်ချင်း ကြိုယူနိုင်ပြီး ငွေစုသက်တမ်းတစ်နှစ်ပြည့်ချိန်တွင် အပ်ငွေကို အပြည့်အဝ ငွေသားရယူနိုင်မှာ ဖြစ်ပါတယ်။ လိုအပ်သည့်အခါတွင်လည်း အပ်ငွေ၏ ၅၀% ကို စာရင်းသေအပ်ငွေမဖျက်ဘဲ အသုံးပြုနိုင်ရန်လည်း စီစဉ်ထားလျက် ရှိပါတယ်။

လက်ရှိ AGD ဘဏ်၏ Fixed Deposits အကောင့်များမှ မူလအပ်ငွေအပေါ် ၄၀% ထပ်မံဖြည့်စွက်ပြီး AGD Super သို့ပြောင်းလဲ အပ်နှံနိုင်မှာဖြစ်တဲ့အပြင် ငွေသား၊ အခြားဘဏ်မှ interbank ငွေလွှဲ (သို့) ချက်လက်မှတ်တို့ဖြင့်လည်း အပ်နှံနိုင်ပါတယ်။

(မှတ်ချက် - စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များရှိပါသည်။)

အသေးစိတ်သိရှိလိုပါက နီးစပ်ရာ AGD ဘဏ်ခွဲ (သို့) ဖုန်းနံပါတ် +95 1 23 99 333 တို့ကို ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

AGD Bank

10 Nov, 05:33


AGD ဘဏ်ရဲ့ Platinum MPU Debit ကတ်ကို ကိုင်ဆောင်အသုံးပြုနေတဲ့ Customer တွေအနေနဲ့ အရည်အသွေးပြည့်ဝပြီး သူမတူတဲ့ ဒီဇိုင်းဆန်းများနှင့်စီချယ်ထားတဲ့ လက်ဝတ်ရတနာများကို JOLI Jewellery မှာ စိတ်တိုင်းကျ ရွေးချယ်ဝယ်ယူရင်း 20% အထိ အထူးသက်သာခွင့်ကို ရယူလိုက်ပါ။
AGD ဘဏ် MPU Platinum Debit ကတ်ဝန်ဆောင်မှုအသုံးပြုတဲ့ Customer တွေကအခြားစိတ်ဝင်စားဖွယ်ကောင်းတဲ့ ခံစားခွင့်တွေအများကြီးကို ကတ်ရဲ့အနောက်ဘက်မှာရှိတဲ့ QR ကုဒ်ကို Scan ဖတ်ပြီး အချိန်နေရာမရွေး ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

AGD Bank

10 Nov, 03:32


AGD ဘဏ်ဝန်ထမ်း မနန္ဒာက သူမနဲ့ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတစ်ခုကို မျှဝေလိုက်ရပါတယ်။
"မနေ့က AGD ဘဏ်ကဆိုပြီး ကျွန်မ ဘဏ်အကောင့်နဲ့ ပတ်သက်တဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို စစ်ဆေးအတည်ပြုဖို့ဆိုပြီး စာတို (message) ဝင်လာပါတယ်။ သို့ပေမယ့် ဘဏ်ဝန်ထမ်းဖြစ်နေတဲ့အတွက် AGD ဘဏ်က ဒီလိုမျိုး ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို အတည်ပြုဖို့ မေးတယ်ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးဆိုတာ သိနေတဲ့အတွက် ဒါက ငွေကြေးလိမ်လည်ဖို့ ကြိုးပမ်းတာဖြစ်ပြီး လစ်လျှူရှူထားလိုက်ပါတယ်။”
ငွေကြေးလိမ်လည်သူတွေဟာ ဒီလိုမျိုး အယောင်ဆောင်ပြီး လုပ်ဆောင်တတ်တာမို့ ဒါမျိုးမကြုံတွေ့ရလေအောင် အောက်ဖော်ပြပါ အချက်များကို လုပ်ဆောင်နိုင်ပါတယ်။
- အမည်မသိ မသေချာမရေရာတဲ့ မည်သည့်လင့် (သို့) ဖိုင်လင့်မဆို မနှိပ်မိပါစေနှင့်။
- မသေချာသော် ဘဏ်တရားဝင်ချန်နယ်များမှတဆင့် ဆက်သွယ်ပြီး စစ်ဆေးအတည်ပြုပါ။
- AGD ဘဏ်သည် မည်သည့်အခါမှ တစ်စုံတစ်ဦး၏ PIN နံပါတ်နှင့် Password တို့ကို စာပို့၍ တောင်းမည် မဟုတ်ပါ။
ဘဏ်နှင့်ပတ်သက်တဲ့ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်တွေ လုံခြုံစိတ်ချရစေဖို့ စဉ်းစားချင့်ချိန်ကြပါစို့။

AGD Bank

09 Nov, 05:33


AGD ဘဏ်ရဲ့ MPU Platinum Debit ကတ်ကိုင်ဆောင်အသုံးပြုနေတဲ့ Customer တွေအနေနဲ့ ရွှေရည်ပြည့်မှန်ပြီး လှပတဲ့ လက်ဝတ်ရတနာတွေကို Golden Crown Gems and Jewellery မှာ Platinum MPU Debit ကတ်နဲ့ ငွေပေးချေပြီး ဝယ်ယူမယ်ဆိုရင် 5 % လျှော့ဈေးရယူသွားဦးနော်။
AGD ဘဏ် MPU Platinum Debit ကတ်ဝန်ဆောင်မှုအသုံးပြုတဲ့ Customer တွေကအခြားစိတ်ဝင်စားဖွယ်ကောင်းတဲ့ ခံစားခွင့်တွေအများကြီးကို ကတ်ရဲ့အနောက်ဘက်မှာရှိတဲ့ QR ကုဒ်ကို Scan ဖတ်ပြီး အချိန်နေရာမရွေး ဝင်
ရောက် ကြည့်ရှုနိုင်ပါတယ်။

AGD Bank

08 Nov, 05:33


သုံးကြည့်လို့ အရမ်းခိုက်မယ့် ဝန်ဆောင်မှုတွေနဲ့ AGD ဘဏ်ရဲ့ Platinum MPU Debit Card

ဘယ်လိုမျိုးလဲဆိုတော့?

- မိမိ ဝယ်ယူမှုတိုင်းအတွက် SMS ရရှိနိုင်မှာဖြစ်တဲ့အပြင် လစဉ်အသုံးပြုမှုကိုလည်း email ပို့ပေးခြင်း။

- Platinum MPU Debit Card ဖြစ်တာနဲ့အညီ သာမန် MPU Debit Card တွေနဲ့မတူဘဲ​ အကောင့် ၅ ခုအထိတစ်ပြိုင်တည်းချိတ်ဆက်အသုံးပြုနိုင်ခြင်း။

- AGD ဘဏ်ရဲ့ mBanking အသုံးပြုသူတွေအနေနဲ့ဆိုရင် Card ရဲ့ PIN နံပါတ်ပြောင်းနိုင်ခြင်း၊ Lock/Unlock ပြုလုပ်နိုင်ခြင်း။

အစရှိတဲ့ လုပ်ဆောင်ချက်တွေနဲ့ဆိုတော့ အရမ်းအဆင်ပြေပေါ့။ AGD ဘဏ်ရဲ့ Platinum MPU Debit Card ကို နီးစပ်ရာ AGD ဘဏ်ခွဲတွေမှာ လျှောက်ထားရယူနိုင်ပါတယ်။

AGD Bank

06 Nov, 01:32


အမြင့်ဆုံးအတိုးနှုန်း 12% p.a. ကို ရယူနိုင်မယ့်
စုငွေချက်ချင်းအပ်၊ အတိုးချက်ချင်းယူ၊ ကြိုယူ ၁ လ (Fixed Deposit Account)

ငွေစုသက်တမ်းပြည့်ချိန်တွင် Customer မှ ငွေသားဖြင့်အပ်နှံထားပါက ငွေသားအပြည့်အဝ ထုတ်ယူနိုင်ပြီး interbank transfer ဖြင့်ဖွင့်လှစ်ထားပါက transfer ပြန်လည်ပြုလုပ်နိုင်ပါတယ်။ စုငွေကို ငွေကျပ် (၁) သောင်းမှ စတင်အပ်နှံနိုင်မှာဖြစ်ပြီး ငွေအပ်နှံခြင်းကို ငွေသား၊ အခြားဘဏ်မှ interbank ငွေလွှဲ (သို့) ချက်လက်မှတ်တို့ဖြင့် အလွယ်တကူပြုလုပ်နိုင်ပါတယ်။

(မှတ်ချက် - စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များရှိပါသည်။)

အသေးစိတ်သိရှိလိုပါက နီးစပ်ရာ AGD ဘဏ်ခွဲ (သို့) ဖုန်းနံပါတ် +95 1 23 99 333 တို့ကို ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

AGD Bank

05 Nov, 06:50


AGD ဘဏ်ရဲ့ EZYSavings Plus (Savings Account) နဲ့ လဆန်းရက် (၅) ရက်အတွင်း ငွေစုအပ်နှံပြီး အကောင်းဆုံးအတိုးနှုန်း 11.5% p.a. အထိကို အပြည့်အဝ ရယူလိုက်ပါ။
EZYSavings Plus အကောင့်ဖွင့်ရန် ငွေကျပ် (၁၀,၀၀၀)နှင့် မှတ်ပုံတင်မူရင်းတို့ လိုအပ်ပါတယ်။ အကန့်အသတ်မရှိ ငွေသွင်းငွေထုတ် ပြုလုပ်နိုင်တဲ့အပြင် AGD MPU Debit ကတ်ဖြင့်လည်း ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ အခြားအကျိုးခံစားခွင့်တွေ အနေဖြင့် မီတာဘေလ် အခမဲ့ပေးဆောင်နိုင်ခြင်း၊ AGD ဘဏ်အကောင့်အချင်းချင်းအပြင် အခြားဘဏ်များကိုပါ အခမဲ့ငွေလွှဲနိုင်ခြင်း၊ ဟိုတယ်စားသောက်ဆိုင်များတွင် AGD MPU Debit ကတ်နှင့်‌ပေးချေပြီး လျှော့ဈေးများရယူနိုင်ခြင်း စသည်တို့ကို ရရှိနိုင်ပါတယ်။
(မှတ်ချက် - စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်
ချက်များရှိပါသည်။)
အသေးစိတ်သိရှိလိုပါက နီးစပ်ရာ AGD ဘဏ်ခွဲ (သို့) ဖုန်းနံပါတ် +95 1 23 99 333 တို့ကို ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

AGD Bank

04 Nov, 01:32


AGD ဘဏ်ရဲ့ အဖြူရောင် Classic MPU Debit ကတ်နဲ့သာဆိုရင် နေ့စဉ်အသုံးပြုရာမှာ ကတ်ကိုရှာရတာလည်း ထင်သာမြင်သာရှိပြီး ငွေပေးချေဖို့ ကတ်ကိုထုတ်လိုက်တိုင်းမှာလည်း ဖြူသန့်နေတဲ့ ခံစားမှုအတွေအကြုံကို ရရှိမှာပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး စတိုင်လ်ကြရုံသာမက အခြားသော ဝန်ဆောင်မှုတွေနဲ့ အကျိုးခံစားခွင့်တွေကလည်း စုံလင်လှတာမို့ ရွေးချယ်အသုံးပြုသင့်ပါတယ်။

ကတ်သက်တမ်းကုန်သွားလို့ပဲဖြစ်ဖြစ်၊ အသစ်လျှောက်ထားလိုတာပဲ ဖြစ်ဖြစ် ရုံးချိန်အတွင်း နီးစပ်ရာ AGD ဘဏ်ခွဲ (သို့) ဖုန်းနံပါတ် +95 1 23 99 333 တို့ကို ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

AGD ဘဏ်ရဲ့ Classic MPU Debit ကတ်အကြောင်း အသေးစိတ်သိရှိရန် - https://shorturl.at/m50M5

#AGDBank
#MPUDebitCard
#TheBankThatGrowsWithYou

AGD Bank

03 Nov, 12:15


သာမန် MPU ကတ်တွေနဲ့မတူ၊ ကွဲပြားခြားနားတဲ့ ဝန်ဆောင်မှုတွေ ပေးနေတဲ့ AGD ဘဏ်ရဲ့ Platinum MPU Debit ကတ်ကို အသုံးပြုပြီး ရယူ ခံစားနိုင်ခွင့်တွေထဲ အများကြီးထဲက တစ်ခုကတော့ စိန်နန်းတော် စိန်ရွှေရတနာဆိုင်မှာ အထူးသက်သာခွင့် 10% ရရှိနိုင်ခြင်း ဖြစ်ပါတယ်။

AGD ဘဏ် MPU Platinum Debit ကတ်ဝန်ဆောင်မှုအသုံးပြုတဲ့ Customer တွေကအခြားစိတ်ဝင်စားဖွယ်ကောင်းတဲ့ ခံစားခွင့်တွေအများကြီးကို ကတ်ရဲ့အနောက်ဘက်မှာရှိတဲ့ QR ကုဒ်ကို Scan ဖတ်ပြီး အချိန်နေရာမရွေး ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

AGD Bank

02 Nov, 12:04


AGD ဘဏ် MPU Platinum Debit ကတ်ကို အသုံးပြုပြီး Thawdar Minn Diamond and Jewellery မှာ လက်ဝတ်ရတနာ ဝယ်မယ်ဆိုရင် အထူးသက်သာခွင့် 5% ရနိုင်တယ်နော်။

AGD ဘဏ် MPU Platinum Debit ကတ်ဝန်ဆောင်မှုအသုံးပြုတဲ့ Customer တွေကအခြားစိတ်ဝင်စားဖွယ်ကောင်းတဲ့ ခံစားခွင့်တွေအများကြီးကို ကတ်ရဲ့အနောက်ဘက်မှာရှိတဲ့ QR ကုဒ်ကို Scan ဖတ်ပြီး အချိန်နေရာမရွေး ဝင်
ရောက် ကြည့်ရှုနိုင်ပါတယ်။

#AGDBank
#TheBankThatGrowsWithYou
#MPUPlatinumDebit
#Benefits
#Promotions

AGD Bank

02 Nov, 04:33


အပိုင်း (၃) - မနက်ဖြန်တိုင်းအတွက် အစီအစဉ်တွေ ကြိုတင်ချမှတ်လေ့ရှိတဲ့ ကိုမင်းထက်ရဲ့ ရေရှည်အတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခု…

ပြီးခဲ့တဲ့အပတ်မှာ ကိုမင်းထက်က ကျွမ်းကျင်ဘဏ်ဝန်ထမ်းမနန္ဒာရဲ့ အကြံဉာဏ်ဖြင့် Savings Deposit အကောင့်ကို အသုံးပြုပြီး အရေးပေါ်ငွေ စုထားခဲ့ပြီး အခုတော့ သူ့ရဲ့ စီးပွားရေး ကြီးထွားလာတာနဲ့အမျှ ပိုမိုကြီးမားတဲ့ ရည်မှန်းချက်တွေကို ပြင်ဆင်နေပြီပဲ ဖြစ်ပါတယ်။

ကိုမင်းထက်ရဲ့ အသေးစား ကုန်စုံဆိုင်ကို စတင်ဖွင့်လှစ်ခဲ့သည်မှစပြီး လူသွားလူလာများလာခဲ့ပြီးနောက် တနေ့ထက်တနေ့ အကျိုးအမြတ်တွေ များပြားလာပြီး သူက AGD ဘဏ်ရဲ့ Fixed Deposit အကောင့်ကို အသုံးပြုပြီး ဝင်ငွေပမာဏ တစ်စိတ်တစ်ပိုင်းကို အကောင့်ထဲစုပြီး တိုးပွါးရင်း အမြင့်ဆုံးအတိုးတွေရရှိပြီး ရေရှည်အတွက်လည်း ဆိုင်တိုးချဲ့ဖို့နဲ့ ငွေကြေးပိုင်းဆိုင်ရာ ရည်မှန်းချက်များကို ရရှိဖို့ ဖြစ်ပါတယ်။

ကိုမင်းထက်ရဲ့ စီးပွားရေး အတွေ့အကြုံများမှတဆင့် နောက်ထပ်သော မှတ်သားဖွယ်ရာငွေရေးကြေးရေးကိစ္စများကို စောင့်မျှော်ကြည့်ရှုကြဦးနော်။

မှတ်ချက် - သရုပ်ဖော်ရန် ရည်ရွယ်ထားသော စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။

AGD Bank

01 Nov, 01:32


ဒီပါဝလီနေ့ AGD ဘဏ်၏ ဆုတောင်း

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ၊ ၁ ရက်နေ့တွင်ကျရောက်သော ဒီပါဝလီနေ့တွင် AGD ဘဏ်၏ Customer များ၊ အများပြည်သူများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ၍ တိုးတက်ကြီးပွါးကြပါစေကြောင်း AGD ဘဏ်မှ ဆုတောင်း မေတ္တာပို့သလိုက်ပါသည်။

AGD Bank

31 Oct, 05:33


၁၀ ရက်ပဲလိုတဲ့ ရင်းနှီးမြှပ်နှံမှုတစ်ခု?

စုငွေချက်ချင်းအပ်ပြီး အတိုးချက်ချင်းယူနိုင်မယ့် “ရက်တိုး ငွေတိုး Leap+ ကြိုယူ ၁၀ ရက်” (Fixed Deposit Account)နှင့် AGD ဘဏ်မှာ ငွေလာစုမယ်ဆိုရင် အမြင့်ဆုံးအတိုးနှုန်း 11.00% p.a. အထိကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ စုငွေအပ်နှံချိန်မှာ အတိုးကို ချက်ချင်းထုတ်သွားနိုင်ပြီး ငွေစုသက်တမ်းပြည့်ချိန်တွင်လည်း ငွေသား (သို့) Interbank ဖြင့် အပ်နှံထားသည့်အတိုင်း ထုတ်ယူနိုင်မှာဖြစ်ပါတယ်။ စုငွေအပ်နှံခြင်းကို ငွေသား၊ အခြားဘဏ်မှ interbank ငွေလွှဲ (သို့) ချက်လက်မှတ်တို့ဖြင့် အလွယ်တကူပြုလုပ်နိုင်ပါတယ်။

(မှတ်ချက် - စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များရှိပါသည်။)

အသေးစိတ်သိရှိလိုပါက နီးစပ်ရာ AGD ဘဏ်ခွဲ (သို့) ဖုန်းနံပါတ် +95 1 23 99 333 တို့ကို ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

AGD Bank

31 Oct, 01:31


ဒီနေ့ကျရောက်တဲ့ ၂၀၂၄ ခုနှစ် “World Savings Day” မှာ ဒီနှစ်ရဲ့ ဆောင်ပုဒ်ကတော့ “Conquer your Tomorrow” ဖြစ်ပြီး ငွေရေးကြေးရေး စိတ်မပူရဘဲ မနက်ဖြန်တိုင်းကို ရင်ဆိုင်ဖြတ်သန်း ကျော်လွှားနိုင်ဖို့၊ ငွေကြေးနှင့် ပတ်သက်ပြီး စိတ်ချမ်းသာမှု ရရှိနိုင်ဖို့၊ ငွေကြေးမျှော်မှန်းချက်နှင့် ရည်မှန်းချက်ပန်းတိုင်တွေဆီရောက်ရှိနိုင်ဖို့ ရည်ရွယ်ပါတယ်။
💰ရည်ရွယ်ချက်တစ်ခု သတ်မှတ်ပါ။ မိမိငွေစုဆောင်းမှုကို ပိုမိုလေးနက်ပြီး အဓိပ္ပါယ်ရှိစေပါတယ်။
💰စီစီစစ်စစ် သုံးစွဲပါ။ ဝယ်ယူမှုတစ်ခု ပြုလုပ်တိုင်း မဝယ်ခင်မှာ “ဒါဝယ်လိုက်လို့ တကယ် အကျိုးရှိမလား?” လို့ မိမိကိုယ်ကို အမြဲမေးကြည့်ပါ။
💰ဘဏ်စုငွေအကောင့်တွေကို ရွေးချယ်အသုံးပြုကြည့်ပါ။ စုငွေအကောင့် ရွေးချယ်တဲ့နေရာမှာ ဘေးကင်းလုံခြုံစိတ်ချရတဲ့အမြင့်တကာ့ အမြင့်ဆုံးအတိုးနှုန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုပြုလုပ်လိုပါက AGD ဘဏ်၏ Customer Service 01 23 99 333 ကိုဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။
ငွေစုတတ်တဲ့ အလေ့အထကောင်းများကိုလည်းအချိန်မဆွဲဘဲ ချက်ချင်းလက်ငင်းအကောင်အထည်ဖော်ရင်း မိမိတို့အနာဂတ်ကို မိမိတို့ကိုယ်တိုင် ပုံဖော်ကြရအောင်။

AGD Bank

30 Oct, 07:33


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ရှိ AGD ဘဏ်ခွဲဝန်ထမ်းများမှ AGD ဘဏ်၏ Customer များနှင့် အများပြည်သူများအတွက် ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများပေးရန် အမြဲအသင့်ရှိနေပါတယ်။

AGD ဘဏ်၏ Customer များနှင့် အများပြည်သူများအတွက် ဘဏ်ဝန်ဆောင်မှုဆိုင်ရာ အသေးစိတ်အချက်အလက်များ၊ ငွေစုအကောင့်နှင့် AGD ဘဏ်မှရရှိနိုင်သော စာရင်းသေ၊ စာရင်းရှင် ဘဏ်အကောင့်အမျိုးမျိုးကိုဖွင့်လှစ်ခြင်းများ၊ mBanking ဖွင့်လှစ်အသုံးပြုခြင်းများ၊ MPU Debit ကတ်ဖွင့်လှစ်ခြင်းနှင့် အကျိုးခံစားခွင့်များကို အချက်အလက်များနှင့်တကွ ရှင်းလင်းစွာ ဝန်ဆောင်မှုပေးနိုင်ရန် ကြိုဆို ဖိတ်ခေါ်လိုက်ရပါသည်။

အမှတ် (၇၂)၊ ဈေးမရပ်၊ စလင်းမြို့၊ မင်းဘူးခရိုင်၊ မကွေးတိုင်းဒေသကြီး။

☎️063-2042409/2042410/2042411
📠063-2042412/2042413

AGD Bank

30 Oct, 05:33


လေးစားတန်ဖိုးထားရပါသော AGD ဘဏ်၏ Customer များ

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက် (သောကြာနေ့) သည် "ဒီပါဝလီနေ့" အများပြည်သူအလုပ်ပိတ်ရက်နှင့် ဘဏ်ပိတ်ရက်ဖြစ်ပါသောကြောင့် AGD ဘဏ်ရုံးချုပ်နှင့် ဘဏ်ခွဲများအားလုံးကို ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ဘဏ်ပိတ်ရက်အတွင်း ATM စက်ဝန်ဆောင်မှုများ၊ ဘဏ်ကတ်ဝန်ဆောင်မှုများ၊ ဒစ်ဂျစ်တယ် ဘဏ်ဝန်ဆောင်မှုများကို ပုံမှန်အတိုင်း အသုံးပြနိုင်မည်ဖြစ်ပြီး ဝန်ဆောင်မှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကို Call Center Hotline (+95 1 23 99 333), Facebook Messenger (http://m.me/AGDBank) နှင့် Email: [email protected] တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။

AGD Bank

29 Oct, 02:02


AGD ဘဏ်ရဲ့ EZYSavings Plus (New Savings Account)

မကြာခင်ရောက်တော့မယ့် လဆန်းရက်အတွင်း AGD ဘဏ်ရဲ့ EZYSavings Plus စုငွေအကောင့်နဲ့ငွေလာစုမယ်ဆိုရင် အမြင့်ဆုံးအတိုးနှုန်း 11.5% p.a. အထိ ရရှိနိုင်မှာ ဖြစ်ပါတယ်။ အကောင့်ဖွင့်ရန်အတွက်လည်း ငွေသား (သို့) ချက်လက်မှတ်တို့ဖြင့် အဆင်ပြေလွယ်ကူစွာ
ဖွင့်လှစ်နိုင်ပါတယ်။ အကောင့်ရှိပြီးသားသူတွေအတွက် AGD ဘဏ်ရဲ့ MPU Debit Card ကတ်တွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်တဲ့အပြင် ATM စက်ရှိတဲ့နေရာတိုင်းမှာ အချိန်၊ နေရာမရွေး အလွယ်တကူ ငွေသားထုတ်ယူနိုင်ပါတယ်။

(မှတ်ချက် - စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်
ချက်များရှိပါသည်။)

အသေးစိတ်သိရှိလိုပါက နီးစပ်ရာ AGD ဘဏ်ခွဲ (သို့) ဖုန်းနံပါတ် +95 1 23 99 333 တို့ကို ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

#AGDBank
#EZYSavingsPlus
#TheBankThatGrowsWithYou

AGD Bank

28 Oct, 06:03


အပတ်စဉ်တင်ဆက်နေကြဖြစ်တဲ့ ကိုမင်းထက်နဲ့ မနန္ဒာ အစီအစဉ်မှ AGD ဘဏ်ရဲ့ Customer တစ်ဦးဖြစ်တဲ့ ကိုမင်းထက်က သူကိုယ်တိုင် ကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံကို မိဘပြည်သူများနှင့်အတူ ဝေမျှလိုက်ရပါတယ်။

"တစ်ခါက ဘဏ်ကပါဆိုပြီး ကျွန်တော့်ဘဏ်အကောင့်ကို အတည်ပြုဖို့အတွက်တဲ့ လင့်ခ်တစ်ခု ဖုန်းထဲဝင်လာတယ်။ ဘဏ်ကနေပို့တဲ့ ဖုန်းနံပါတ်နဲ့ စာအသွားအလာတွေက လုံးဝဆင်တူပါပဲ။ ဒါပေမယ့် စိတ်ထဲ ထူးဆန်းနေသလို၊ မသေချာ မရေရာ ခံစားနေရတာနဲ့ လင့်ခ်ကို (လုံးဝ) မနှိပ်ဘဲ တိုက်ရိုက်ဘဏ်ကို ဆက်သွယ်ပြီး စစ်ဆေးကြည့်လိုက်တော့ ငွေကြေးလိမ်လည်ဖို့ ကြိုးစားနေသူတွေဖြစ်နေတဲ့အကြောင်း သိလိုက်ရပါတယ်။"
* သံသယဖြစ်စရာ လင့်ခ် (Links) တွေကို မနှိပ်ပါနဲ့။
* ဘဏ်မှဆိုပြီး ဖုန်းဝင်လာတဲ့ စာတိုများ (Messages)၊ ဖုန်းခေါ်ဆိုမှုများ (Calls) တွေကို ဘဏ်နှင့် တိုက်ရိုက်စစ်ဆေးပါ။
* ဘဏ်နှင့် သက်ဆိုင်တဲ့ မိမိရဲ့ အချက်အလက်တွေကို လုံခြုံစွာ ထိန်းသိမ်းပါ။

ကိုယ်ပိုင်အချက်အလက်တွေကို လုံခြုံစိတ်ချရစေဖို့ အတူတကွသတိပြုစို့။

AGD Bank

27 Oct, 07:04


အပိုင်း (၂) – ဒီတစ်ပတ် ကိုမင်းထက်အတွက် မနန္ဒာရဲ့ ငွေကြေးအကြံဉာဏ်က နောင်ရေးအတွက် ကြိုတင်ငွေစုထားဖို့…

မနန္ဒာက ကိုမင်းထက်ကို ဘယ်လိုအကြံပေးလဲဆိုတော့ အနာဂတ် အစီအစဉ်များအတွက်သာမက မမျှော်လင့်ထားတဲ့ အခြေအနေမျိုးတွေ ကြုံတွေလာခဲ့သည်ရှိသော် အရေးပေါ်ထုတ်သုံးလို့ရတဲ့ စုငွေကို ဝင်ငွေရဲ့တစ်စိတ်တစ်ပိုင်းကနေ ပုံမှန် စနစ်တကျ စုဆောင်းထားခြင်းဖြင့် စိတ်အေးချမ်း လုံခြုံမှုတစ်ခု ဖန်တီးထားဖို့အတွက် အကြံပေးပါတယ်။

ဒီနေရာမှာ အဓိက ပြောလိုတာက မိမိလစဉ် ဝင်ငွေ ၅% မှ ၁၀% ကို စနစ်တကျ စုဆောင်းပါ။ခြေလှမ်းသေးသေးကို တစ်လှမ်းချင်း လှမ်းပြီးမနက်ဖြန်အတွက် ငွေကြေးနဲ့ ပတ်သက်ပြီး စိတ်အေးချမ်းတဲ့ အခြေအနေတစ်ခုကို ဖန်တီးနိုင်ပါတယ်။ ကျွန်မတို့အနေဖြင့်လည်း အလားတူ စတင်ကြည့်နိုင်ပါတယ်။ နောက်လာမည့် အပတ်တွေမှာလည်း ဘယ်လိုငွေကြေးအကြံဉာဏ်တွေ ပေးသွားမလဲဆိုတာ ဆက်လက်စောင့်ကြည့်ကြပါဦး။

မှတ်ချက် - သရုပ်ဖော်ရန် ရည်ရွယ်ထားသော စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။

AGD Bank

26 Oct, 05:33


ရန်ကုန်မြို့တွင်း အချက်အချာကျတဲ့ နေရာက Hotel G Yangon ရဲ့ Ground Floor မှာရှိတဲ့ Babett Eatery & Bar မှာဆိုရင် အရမ်းစားကောင်းတဲ့ European, Asian, နဲ့ Vegetarian အစရှိတဲ့ ရွေးချယ်စရာစုံလင်လှတဲ့ စားသောက်ဖွယ်အမျိုးမျိုးကို တစ်နေရာတည်းမှာ စိတ်ကြိုက်သုံးဆောင်လို့ရတယ်နော်။
AGD ဘဏ်ရဲ့ MPU Platinum Debit ကတ်ဝန်ဆောင်မှုအသုံးပြုတဲ့ Customer တွေအတွက် ကတ်နဲ့ငွေပေးချေမယ်ဆိုရင် အထူးသီးသန့်သက်သာခွင့် 10% အထိ ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။
အခြားစိတ်ဝင်စားဖွယ်ကောင်းတဲ့ ပရိုမိုးရှင်းတွေအများကြီးကိုလည်း ကတ်ရဲ့အနောက်ဘက်မှာရှိတဲ့ QR ကုဒ်ကို Scan ဖတ်ပြီးကြည့်ရှုနိုင်ပါတယ်။

AGD Bank

24 Oct, 05:32


AGD ဘဏ် Viber Community Channel ကို Join ပြီး ဆုလက်ဆောင်တွေ ရရှိသွားကြတဲ့ ကံထူးရှင်များကို ဝမ်းမြောက်စွာ ဖော်ပြပေးလိုက်ရပါတယ်။
ကံထူးရှင်များအနေဖြင့် ဆုလက်ဆောင်များ လာရောက်ထုတ်ယူနိုင်ရန် Viber ဖုန်းနံပါတ် (+95) 9 765 469 019 အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်နေ့၊ ညနေ (၅) နာရီနောက်ဆုံးထားပြီး ဆက်သွယ်ပေးရမှာ ဖြစ်ပါတယ်။ တဆက်တည်းမှာပင် ဤအစီအစဉ်မှာ ပါဝင်ဆင်နွှဲပြီး ကံစမ်းခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ခြင်းစီတိုင်းကိုလည်း AGD ဘဏ်မှ အထူးပင် ကျေးဇူးတင်ရှိပါတယ်။

AGD ဘဏ် Viber Community Channel ထဲသို့ ဝင်ရောက်ထားခြင်းဖြင့် ဘဏ်၏ ငွေကြေးဝန်ဆောင်မှုများ၊ သတင်းအချက်အလက်များနှင့် သီးသန့် ဆုလက်ဆောင်ကံထူးနိုင်မည့် အစီအစဉ်များစွာကို အချိန်နှင့်တပြေးညီ သိရှိနိုင်မှာ ဖြစ်ပါတယ်။

AGD Bank

24 Oct, 04:02


ပိုမိုတိုးတက်ကောင်းမွန်ပြီး ရေရှည်တည်တံ့နိုင်မည့် စိမ်းလန်းအနာဂတ်တစ်ခု ဖန်တီးနိုင်ဖို့အတွက် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများကို ထိထိရောက်ရောက် အသုံးချနိုင်ရေးသည် အရေးကြီးပါတယ်။ ယနေ့ကျရောက်တဲ့ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး သတင်းအချက်အလက်နေ့ (World Development Information Day) သည် AGD ဘဏ်၏ တစ်ထောင့်တစ်နေရာမှ စီးပွါးရေးကဏ္ဌအား အထောက်အပံ့ပြုနေခြင်း အပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ခြင်းတို့အတွက်လည်း ရေရှည်လုပ်ဆောင်လျက်ရှိသည့် ဘဏ်၏ ကတိကဝတ်ကို ပြန်လည်ထင်ဟပ်စေပါသည်။ ဘဏ်မိသားစုဝင်များနှင့်အတူ အားလုံးအတူတကွ တစ်ဦးချင်းစီ၏ အကောင်းဆုံးသော လုပ်ဆောင်ချက်များဖြင့် ပူးပေါင်းဆောင်ရွက်လျှင် ပိုမိုကြည်လင်စိမ်းလန်းသော ပတ်ဝန်းကျင်တစ်ခု ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
"နေထိုင်ရှင်သန်ရာ သဘာဝပတ်ဝန်းကျင်သည် လူတိုင်းအား နေရာတစ်ခုတွင် အတူတူဆုံဆည်းစေသည်။ လူတိုင်း၏ အကျိုးစီးပွားဖြစ်သည်။ ထိုအရာသည် လူတိုင်း မျှဝေထားကြသည့် အရာဖြစ်သည်။" - Lady Bird Johnson (သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ကျွမ်းကျင်ပညာရှင်)

AGD Bank

24 Oct, 01:32


နောင်ရေးအတွက် စုမိဆောင်းမိမှ စိတ်အေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မတူညီကျတဲ့ ငွေကြေးလိုအပ်ချက်အမျိုးမျိုးအတွက်ဆိုရင် အကောင်းဆုံးသော AGD ဘဏ်ရဲ့ စုငွေအကောင့်အမျိုးအစားတွေရှိပါတယ်။
1. Fixed Deposit Account
အချိန်ကာလအလိုက် အမြင့်ဆုံးအတိုးနှုန်း ရယူလိုသူတွေအတွက် 13% p.a. အထိအတိုးနှုန်းရရှိနိုင်မှာ ဖြစ်ပါတယ်။
2. Savings Account
လုံခြုံစိတ်ချစွာ ငွေစုဆောင်းနိုင်ပြီး လစဉ်အတိုးနှုန်း 11.5% p.a. အထိရရှိနိုင်မှာ ဖြစ်ပါတယ်။
3. Call Deposit Account
အချိန်မရွေး ငွေသွင်း၊ ငွေထုတ်ပြုလုပ်နိုင်တဲ့အပြင် နေ့စဉ်အတိုးတွက်ချက်ပြီး လစဉ်အတိုးနှုန်း 8.5% p.a. အထိဖြစ်ပြီး ပရိုမိုးရှင်းကာလအတွင်း ထပ်ဆောင်း + 1.5% p.a. ရရှိနိုင်မှာ ဖြစ်ပါတယ်။
အသေးစိတ်သိရှိလိုပါက နီးစပ်ရာ AGD ဘဏ်ခွဲ (သို့) ဖုန်းနံပါတ် +95 1 23 99 333 တို့ကို ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

AGD Bank

22 Oct, 05:33


"ရက်တိုး ငွေတိုး Leap+ ကြိုယူ ၁၀ ရက်” ဆိုတာ ရက်တိုတို ၁၀ ရက်တည်း ငွေစုရုံနဲ့ မြင့်မားတဲ့အတိုးနှုန်း 11.00% p.a. အထိ ရရှိနိုင်တဲ့ (Fixed Deposit Account) စုငွေအကောင့်နဲ့ကာလ ဖြစ်ပါတယ်။
၁၀ ရက်တာ ငွေစစုတာနဲ့ အတိုးနှုန်း 10.00% p.a. ရရှိနိုင်ခြင်း။
ထပ်ဆင့် ၁၀ ရက်ထပ်စုတိုင်း 0.5% p.a. ထပ်ဆင့်အတိုးရရှိနိုင်ခြင်း။
ရက် ၃၀ ထားမယ်ဆိုရင် 11.00% p.a. ထိရရှိမှာဖြစ်ပါတယ်။​
ဒါ့အပြင် ကြိုယူစုငွေအကောင်တွေရဲ့ အဆိုအတိုင်း ချက်ချင်းအပ်၊ ချက်ချင်းယူ၊ ကြိုယူဆိုတော့ အတိုးကိုလည်း လက်ငင်း ကြိုယူ၊ ကြိုထုတ်သွားလို့ရမှာဖြစ်ပါတယ်။
💰စုငွေကာလအလိုက် အတိုးနှုန်းများ
💸10 Days - 10.00% p.a.
💸20 Days - 10.50% p.a.
💸30 Days - 11.00% p.a.
(မှတ်ချက် - စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များရှိပါသည်။)

AGD Bank

21 Oct, 04:00


Super ငွေစု၊ Super အတိုးနှုန်းယူ

မိမိငွေကြေးလိုအပ်ချက်အမျိုးမျိုးအတွက် AGD ဘဏ်ရဲ့ Super (Fixed Deposit Account) ကို ရွေးချယ်ပြီးငွေစုမယ်ဆိုရင် အကောင်းဆုံး၊ အမြင့်ဆုံး အတိုးနှုန်း 13% p.a. ကို ငွေလာအပ်ပြီး စစုတဲ့နေ့မှာပဲ ချက်ချင်းထုတ်ယူသွားနိုင်ပါတယ်။ (မှတ်ချက် - စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များရှိပါသည်။)

အသေးစိတ်သိရှိလိုပါက နီးစပ်ရာ AGD ဘဏ်ခွဲ (သို့) ဖုန်းနံပါတ် +95 1 23 99 333 တို့ကို ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

AGD Bank

20 Oct, 02:32


သီတင်းကျွတ်ပွဲတော်ရက်အတွင်း ခရီးတွေက ပြန်ရောက်လို့ပဲဖြစ်ဖြစ်၊ ခေါင်းအစခြေအဆုံး အသားရေထိန်းသိမ်းဖို့နဲ့ အပန်းဖြေ relax လုပ်ဖို့ပဲဖြစ်ဖြစ် အလှအပရေးရာ ဝန်ဆောင်မှုတွေကို အသုံးပြုချင်မယ်ဆိုရင်တော့ အရမ်းအဆင်ပြေတဲ့ @Rangoon Espa ရှိတယ်နော်။

AGD ဘဏ်ရဲ့ MPU Platinum Debit ကတ်ဝန်ဆောင်မှုအသုံးပြုတဲ့ Customer တွေအတွက် အလှအပရေးရေးရာ ဝန်ဆောင်မှုတွေအသုံးပြုပြီး ကတ်နဲ့ငွေပေးချေမယ်ဆိုရင် အထူးသီးသန့်သက်သာခွင့် 10% အထိ ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။

အခြားစိတ်ဝင်စားဖွယ်ကောင်းတဲ့ ပရိုမိုးရှင်းတွေအများကြီးကိုလည်း ကတ်ရဲ့အနောက်ဘက်မှာရှိတဲ့ QR ကုဒ်ကို Scan ဖတ်ပြီးကြည့်ရှုနိုင်ပါတယ်။

AGD Bank

18 Oct, 03:32


သီတင်းကျွတ်ပိတ်ရက်မှာ မြို့တွင်းထဲပဲ ဘယ်နားသွားရင်ကောင်းမလဲ စဉ်းစားနေလား? အမိုက်စားအခန်းအပြင်အဆင်တွေနဲ့ မနက်စာအတွက် 𝐄𝐮𝐫𝐨𝐩𝐞𝐚𝐧 လား၊ 𝐀𝐬𝐢𝐚𝐧 လားကြိုက်တာရွေးချယ်လို့ရမည့်အပြင် 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧 ကလည်း ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ နေရာမှာတည်ရှိနေတဲ့ @Hotel G မှာ အနားယူအပန်းဖြေလို့ရတယ်နော်။
AGD ဘဏ်ရဲ့ MPU Platinum Debit ကတ်ဝန်ဆောင်မှုအသုံးပြုတဲ့ Customer တွေအတွက် ဟိုတယ်ဝန်ဆောင်မှုတွေအသုံးပြုပြီး ကတ်နဲ့ငွေပေးချေမယ်ဆိုရင် အထူးသီးသန့်သက်သာခွင့် 10% အထိ ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။
အခြားစိတ်ဝင်စားဖွယ်ကောင်းတဲ့ ပရိုမိုးရှင်းတွေအများကြီးကိုလည်း ကတ်ရဲ့အနောက်ဘက်မှာရှိတဲ့ QR ကုဒ်ကို Scan ဖတ်ပြီးကြည့်ရှုနိုင်ပါတယ်။
#AGDBank
#TheBankThatGrowsWithYou
#MPUPlatinumDebit
#Promotions

AGD Bank

17 Oct, 01:31


ယနေ့ကျရောက်သော သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) တွင် အများပြည်သူများအားလုံး ကုသိုလ်မင်္ဂလာများပြုလုပ်ရင်း လူကြီးမိဘများကို ဂါရပြုကာ တန်ဖိုးရှိသောနေ့တစ်နေ့ကို ချစ်သူခင်သူများနှင့်အတူ ပိုင်ဆိုင်နိုင်ကြပါစေကြာင်း AGD ဘဏ်မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

AGD Bank

16 Oct, 07:04


လေးစားတန်ဖိုးထားရပါသော AGD ဘဏ် Customers များရှင်

AGD ဘဏ်ဝန်ဆောင်မှုအသုံးပြုသူများ အဆင်ပြေချောမွေ့စေရန် သီတင်းကျွတ်ပွဲတော် ဘဏ်ပိတ်ရက်များအတွင်း AGD ဘဏ် ATM စက်များတွင် MPU Debit ကတ်များဖြင့် ငွေသားထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒ့ါအပြင် AGD MPU Debit ကတ်များဖြင့် ငွေသားကိုင်ဆောင်ရန်မလိုဘဲ ငွေပေးချေခြင်း၊ Digital Banking ဝန်ဆောင်မှုများကိုအသုံးပြုခြင်းဖြင့် ငွေပးချေခြင်းနှင့် ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ATM တည်နေရာ အသေးစိတ် ကြည့်ရှုရန် - (https://www.agdbank.com/mm/news/AGD-Bank-ATM-Yangon)

AGD Bank

15 Oct, 10:33


ပျော်ရွှင်ဖွယ်ရာ သီတင်းကျွတ် အချိန်အခါသမယဖြစ်ပါစေ။
သီတင်းကျွတ် အခါသမယ၏ ရောင်ခြည်များသည် အားလုံး၏ နေအိမ်များသာမက နေ့စဉ်ဖြတ်သန်းနေကြတဲ့ ဘဝလျှောက်လမ်းများအထိပါ ထွန်းလင်းတောက်ပပြီး ချမ်းသာကြွယ်ဝမှု၊ ပြည့်စုံမှုတို့ ပိုမိုတိုးတက်ကာ ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်းများဖြင့် ပြီးပြည့်စုံစွာ ချစ်ခင်ရသူ မိသားစု၊ သူငယ်ချင်း မိတ်ဆွေများနှင့်အတူ ပျော်ရွှင်ဖွယ်ရာ အချိန်များ ကို တစ်နှစ်ပတ်လုံး ပိုင်ဆိုင်နိုင်ကြပါစေကြောင်း AGD ဘဏ်မှ ဆုတောင်းလိုက်ပါသည်။

AGD Bank

15 Oct, 05:33


ဆုလက်ဆောင်ယူဖို့ အဆင်သင့်ပဲလား?​
AGD ဘဏ် Viber Community Channel ကို Join ပြီး ဆုလက်ဆောင်တွေ ကံထူးရနိုင်မယ့် အစီအစဉ်မှာ ပါဝင်နိုင်ခွင့်က (၃) ရက်ပဲ ကျန်ပါတော့တယ်။ ဆုလက်ဆောင်ကံထူးသူများအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့မှာ ကြေညာပေးသွားမှာ ဖြစ်ပါတယ်။
ကံထူးနိုင်မယ့် ဆုလက်ဆောင်တွေကတော့
- အနားယူ အပန်းဖြေလို့ကောင်းတဲ့ Aureum Palace Hotels and Resorts မှာ တစ်ညတာ တည်းခိုခွင့် ကူပွန် (၃) စောင်
- ၉ မိုင်မှာရှိတဲ့ အရမ်းမိုက်တဲ့ Rock & Bowl ကစားကွင်းမှာ ၁ နာရီ ကစားခွင့် ကူပွန် (၁) စောင်
- ၂၀၂၄ ခုနှစ်၊ Yangon United Football Club’s Jersey လှလှလေး (၃) ထည်
ဘယ်လိုပါဝင်ကံထူးရမလဲဆိုတာ ဖတ်ရှူရန် (https://shorturl.at/PlHpi)
စည်းကမ်းသတ်မှတ်ချက်များ ဖတ်ရှုရန် (https://shorturl.at/ry43D)

#AGDBank
#TheBankThatGrowsWithYou
#AGDViber

AGD Bank

15 Oct, 02:32


ယခုကျရောက်တဲ့ အောက်တိုဘာလ သီတင်းကျွတ်အခါသမယ အထိမ်းအမှတ်အဖြစ် AGD ဘဏ်ရဲ့ EZYCash (Call Deposit Account) မှာငွေစုမယ်ဆိုရင်တော့ အမြင့်ဆုံး အတိုးနှုန်း 8.5% p.a. ရရှိနိုင်ပြီး ပရိုမိုးရှင်းကာလအတွင်း 1.5% p.a. Bonus အတိုးနှုန်းကို ထပ်မံရရှိမှာလည်း ဖြစ်ပါတယ်။
Call Deposit Account အမျိုးအစားဖြစ်တာနဲ့အညီ နေ့စဉ်လက်ကျန်ငွေအပေါ်အတိုးတွက်ချက်ပေးတာကြောင့် လစဉ်အတိုးရရှိနိုင်ပါတယ်။ ဒါ့အပြင် ငွေသွင်းငွေထုတ်ပြုလုပ်ရာတွင် အတိုးနှုန်းထိခိုက်မှာကို စိုးရိမ်စရာမလိုဘဲ စီးပွါးရေးလုပ်ငန်းရှင်တွေအတွက် ရွေးချယ်ဖို့ အသင့်တော်ဆုံးနဲ့ အကောင်းဆုံး အကောင့်အမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။​
(မှတ်ချက် - စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များရှိပါသည်။)
အသေးစိတ်သိရှိလိုပါက နီးစပ်ရာ AGD ဘဏ်ခွဲ (သို့) ဖုန်းနံပါတ် +95 1 23 99 333 တို့ကို ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။
#EZYCash #AGDBank #ThadingyutSavings #TheBankThatGrowsWithYou
#Calldeposit

AGD Bank

14 Oct, 10:33


လေးစားတန်ဖိုးထားရပါသော AGD ဘဏ်၏ Customer များ

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက် (ဗုဒ္ဓဟူးနေ့) မှစ၍ အောက်တိုဘာလ ၁၈ ရက်၊ (သောကြာနေ့) အထိသည် "သီတင်းကျွတ်" ကာလ ရုံးပိတ်ရက်ဖြစ်ပါသောကြောင့် AGD ဘဏ်ရုံးချုပ်နှင့် ဘဏ်ခွဲများအားလုံးကို ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ဘဏ်ပိတ်ရက်အတွင်း ATM စက်ဝန်ဆောင်မှုများ၊ ဘဏ်ကတ်ဝန်ဆောင်မှုများကို ပုံမှန်အတိုင်း အသုံးပြု၍ရမည်ဖြစ်ပြီး ဝန်ဆောင်မှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကို Call Center Hotline (+95 1 23 99 333), Facebook Messenger (http://m.me/AGDBank) နှင့် Email: [email protected] တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။

#AGDBank
#TheBankThatGrowsWithYou
#ThadingyutHoliday
#AGDBankHolidayNotice

AGD Bank

14 Oct, 02:32


Super ငွေစုမလား? အချိန်တိုတို ရက်တိုတို ကြိုယူနဲ့ ငွေစုမလား? AGD ဘဏ်ရဲ့ Fixed Deposit Accounts တွေမှာ ငွေစုမယ်ဆိုရင် အမြင့်ဆုံးအတိုးနှုန်းတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။
စုငွေအကောင့်နဲ့ ကာလအလိုက် အတိုးတွေကို လာအပ်တဲ့နေ့မှာပဲ ချက်ချင်းကြိုယူနိုင်ဦးမှာဆိုတော့ အဆင်ပြေဆုံးပေါ့။
- Super (1 Year Fixed Deposit Account)
13% p.a.
- ကြိုယူ ၁ လ (Fixed Deposit Account)
12% p.a.
- ကြိုယူ ၁၀ ရက် (Fixed Deposit Account)
Up to 11% p.a.
(မှတ်ချက် - စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များရှိပါသည်။)
နီးစပ်ရာ AGD ဘဏ်ခွဲ (သို့) ဖုန်းနံပါတ် +95 1 23 99 333 တို့ကိုဆက်သွယ်ပြီး အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
#AGDBank
#Thebankthatgrowswithyou #AGDFixedDepositAccounts
#ရှင်သန်အတူ
#ရှေ့ဆက်အတူ

AGD Bank

13 Oct, 06:33


ငွေကြေးကို အကောင်းဆုံးစီမံခန့်ခွဲနိုင်ဖို့အတွက် ဘာတွေစတင်ဆောင်ရွက်လို့ရလဲဆိုတာကို အကျဉ်းချုံးမျှဝေပေးလိုက်ရပါတယ်။
၁)စုငွေအကောင့်ဖွင့်ပါ။
၂) အရေးပေါ်သုံးငွေထားရှိပါ။
၃)Fixed Deposits စုငွေအကောင့်တွေကို အကောင်းဆုံး အသုံးပြုကြည့်ပါ။
၄)ရှေ့ရေးအတွက် စုဆောင်းပါ။
ကိုယ်ပိုင်ရည်မှန်းချက်တွေအတွက် ငွေစစုဖို့ဆိုရင် နောက်မှဘဲလုပ်မယ်တို့၊ နောက်နှစ်စမယ်တို့ မလုပ်ဘဲ ချက်ချင်းအကောင်အထည်ဖော်ဆောင်ရွက်လိုက်တာက ငွေကြေးပိုင်းဆိုင်ရာ စိတ်ချယုံကြည်မှု ရှိစေမှာ မလွဲဧကန်ပဲ ဖြစ်ပါတယ်။
#AGDBank #TheBankThatGrowsWithYou #SavingsGoals #DepositAccounts #FinancialPlanning

AGD Bank

13 Oct, 02:32


ချစ်ခင်ရတဲ့သူတွေ၊ မိသားစုဝင်တွေ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့အတူ ရန်ကုန်လေဆိပ်ရောက်တုန်း Espace Cafe (Domestic and International Airport) မှာ ကြည်နူးဖွယ်အချိန်လေးကုန်ဆုံးရင်း AGD ဘဏ်ရဲ့ MPU Platinum Debit ကတ်နဲ့ငွေပေးချေမယ်ဆိုရင် 10% အထိလျှော့ဈေးရရှိနိုင်မှာ ဖြစ်ပါတယ်။
အခြားစိတ်ဝင်စားဖွယ်ကောင်းတဲ့ ပရိုမိုးရှင်းတွေအများကြီးကိုလည်း ကတ်ရဲ့အနောက်ဘက်မှာရှိတဲ့ QR ကုဒ်ကို Scan ဖတ်ပြီးကြည့်ရှုနိုင်ပါတယ်။
Espace Cafe (Domestic and International Airport)
Airport Road, Yangon, Myanmar
+95 9 978 313 599
#AGDBank
#TheBankThatGrowsWithYou
#MPUPlatinumDebit
#MPUCard

AGD Bank

12 Oct, 02:32


ဒီနေ့လို စနေနေ့မှာ ဘော်ဒါတွေနဲ့ အတူတူ ပျော်ပျော်ပါးပါး chill ဖို့ ရယ်ဒီပဲလား? AGD ဘဏ်ရဲ့ MPU Platinum Debit ကတ် Customer တွေအတွက် အစားအသောက်ကောင်းပြီး ဘော်ဒါတွေနဲ့အတူ အေးဆေးစုံစည်းလို့ရတဲ့ Harry’s ကိုသွားမယ်ဆိုရင် ကတ်နဲ့ငွေပေးချေပြီး 10% အထိလျှော့ဈေးရရှိနိုင်မှာ ဖြစ်ပါတယ်။
အခြားစိတ်ဝင်စားဖွယ်ကောင်းတဲ့ ပရိုမိုးရှင်းတွေအများကြီးကိုလည်း ကတ်ရဲ့အနောက်ဘက်မှာရှိတဲ့ QR ကုဒ်ကို Scan ဖတ်ပြီးကြည့်ရှုနိုင်ပါတယ်။
Harry’s (Royal Sportainment)
Unit GF-01/02, Taw Win Road, Mayangone Tsp., Yangon, Myanmar
+95 9 777 798 805
#AGDBank
#TheBankThatGrowsWithYou
#MPUPlatinumDebit

AGD Bank

11 Oct, 10:33


Weekend မှာ အားကစားသွားလုပ်ကြမယ့် AGD ဘဏ်ရဲ့ MPU Platinum Debit ကတ် Customer တွေအတွက် အားကစားနည်းတွေ စုံလင်လှတဲ့ Yangon United Sports Complex (YUSC) ကိုသွားမယ်ဆိုရင် ကတ်နဲ့ငွေပေးချေပြီး 15% အထိလျှော့ဈေးရရှိနိုင်မှာ ဖြစ်ပါတယ်။
အခြားစိတ်ဝင်စားဖွယ်ကောင်းတဲ့ ပရိုမိုးရှင်းတွေအများကြီးကိုလည်း ကတ်ရဲ့အနောက်ဘက်မှာရှိတဲ့ QR ကုဒ်ကို Scan ဖတ်ပြီးကြည့်ရှုနိုင်ပါတယ်။
YUSC
12 Qtr, Insein Road, Hlaing Township, Yangon, Myanmar
+95 9 797 287 722
#AGDBank
#TheBankThatGrowsWithYou
#MPUPlatinumDebit

AGD Bank

11 Oct, 02:32


AGD ဘဏ် Viber Community Channel ကို Join ပြီး ဆုလက်ဆောင်တွေ ကံထူးရနိုင်မယ့် အစီအစဉ်မှာ ပါဝင်လိုက်ဦးနော်။ “Sharing is caring” လို့ဆိုကြတဲ့အတိုင်း အတူတူကံထူးပြီး ဆုလက်ဆောင်တွေ ရယူနိုင်ဖို့အတွက်လည်း ဤအစီအစဉ်ကို မိမိချစ်ခင်ရတဲ့သူတွေနဲ့ပါ လက်တို့ပြီး မျှဝေလိုက်ဦးနော်။
ကံထူးနိုင်မယ့် ဆုလက်ဆောင်တွေကတော့
- အနားယူ အပန်းဖြေလို့ကောင်းတဲ့ Aureum Palace Hotels and Resorts မှာ တစ်ညတာ တည်းခိုခွင့် ကူပွန် (၃) စောင်
- ၉ မိုင်မှာရှိတဲ့ အရမ်းမိုက်တဲ့ Rock & Bowl ကစားကွင်းမှာ ၁ နာရီ ကစားခွင့် ကူပွန် (၁) စောင်
- ၂၀၂၄ ခုနှစ်၊ Yangon United Football Club’s Jersey လှလှလေး (၃) ထည်
ဘယ်လိုပါဝင်ကံထူးရမလဲဆိုတာ ဖတ်ရှူရန် (https://shorturl.at/PlHpi)
စည်းကမ်းသတ်မှတ်ချက်များ ဖတ်ရှုရန် (https://shorturl.at/ry43D)
AGD ဘဏ် Viber Community Channel ထဲသို့ ဝင်ရောက်ထားခြင်းဖြင့် ဘဏ်၏ ငွေကြေးဝန်ဆောင်မှုများ၊ သတင်းအချက်အလက်များနှင့် သီးသန့် ဆုလက်ဆောင်ကံထူးနိုင်မည့် အစီအစဉ်များစွာကို အချိန်နှင့်တပြေးညီ သိရှိနိုင်မှာ ဖြစ်ပါတယ်။
#AGDBank
#TheBankThatGrowsWithYou
#AGDViber

AGD Bank

10 Oct, 02:32


လိုအပ်ချိန်တိုင်း ယုံကြည်စိတ်ချစွာ ငွေထုတ်နိုင်ဖို့ဆိုရင် မိမိအသုံးပြုနေတဲ့ AGD ဘဏ်ကတ်တွေကို သက်တမ်းမကုန်ခင် သက်တမ်းကြိုတိုးထားတော့ အဆင်ပြေလွယ်ကူတာပေါ့။
မိမိကိုင်ဆောင်ထားတဲ့ AGD ဘဏ်ကတ်ပေါ်မှာ ပါရှိတဲ့ ရက်စွဲသက်တမ်းမကုန်ဆုံးခင် (ဥပမာ - Valid Thru: 12/24) အချိန်မဆွဲဘဲ နီးစပ်ရာ AGD ဘဏ်ခွဲသို့ သွားရောက်ပြီး လွယ်ကူမြန်ဆန်စွာ ကတ်သက်တမ်းတိုးနိုင်ပါတယ်။
AGD ဘဏ်ရဲ့ Platinum Debit Card (သို့) MPU Card တို့ကို အသုံးပြု၍ အချိန်နှင့်တပြေးညီ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုအမျိုးမျိုးအား ရယူနိုင်တဲ့အပြင် အခြားသော စိတ်ဝင်စားဖွယ် ပရိုမိုးရှင်းတွေလည်း အများကြီးရယူခံစားနိုင်ပါတယ်။ (ပရိုမိုးရှင်းများအကြာင်း အသေးစိတ် သိရှိရန် - https://bit.ly/45XajKe)
#AGDBank
#CardRenewal
#TheBankThatGrowsWithYou
#ရှင်သန်အတူ
#ရှေ့ဆက်အတူ

AGD Bank

09 Oct, 10:33


တရုတ်စာကောင်းကောင်း၊ Breakfast ကောင်းကောင်းမှ အကြိုက်တွေ့တယ်ဆိုတဲ့ AGD ဘဏ်ရဲ့ MPU Platinum Debit ကတ် Customer တွေအတွက် Junction City (၃)လွှာနှင့် နာနတ်တောလမ်းမှာရှိတဲ့ Hong Kong Paradise မှာ သွားစားမယ်ဆိုရင် ကတ်နဲ့ငွေပေးချေပြီး 10% လျှော့ဈေးရရှိနိုင်မှာ ဖြစ်ပါတယ်။
အခြားစိတ်ဝင်စားဖွယ်ကောင်းတဲ့ ပရိုမိုးရှင်းတွေအများကြီးကိုလည်း ကတ်ရဲ့အနောက်ဘက်မှာရှိတဲ့ QR ကုဒ်ကို Scan ဖတ်ပြီးကြည့်ရှုနိုင်ပါတယ်။
Hong Kong Paradise
@Junction City, Level 3
09 257 070 563
Hong Kong Paradise
@Nar Nat Taw Street
09 787 661 386
#AGDBank
#TheBankThatGrowsWithYou
#MPUPlatinumDebit

AGD Bank

09 Oct, 02:32


နေ့စဉ်ရှင်သန်ရှေ့ဆက်နေကြတဲ့ လူနေမှုဘဝတွေမှာ အိပ်မက်တွေ အများကြီးရှိပါတယ်။ စုငွေတွေက အဲဒီ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အကူအညီပေးနိုင်မှာ အသေချာပါပဲ။
AGD ဘဏ်ရဲ့ ကြိုယူ ၁ လ (Fixed Deposit Account)ကို ရွေးချယ်ငွေစုမယ်ဆိုရင် အမြင့်ဆုံးအတိုးနှုန်း 12% p.a. ကို ငွေလာစုတဲ့နေ့မှာပဲ ချက်ချင်းထုတ်ယူသွားနိုင်ပါတယ်။ မိမိရည်မှန်းချက်အိပ်မက်တစ်ခုအတွက် ငွေစုဆောင်းနေရတာပဲ ဖြစ်ဖြစ်၊ အချိန်တိုတိုအတွင်းစိတ်ချယုံကြည်ရတဲ့ ရင်းနှီးမြှပ်နှံမှုတစ်ခုအနေနဲ့ပဲ ဖြစ်ဖြစ် ကြိုယူ ၁ လ (Fixed Deposit Account) က မိဘပြည်သူတို့အတွက် ငွေစုဖို့ ရွေးချယ်စရာကောင်းတဲ့ စုငွေအကောင့်ဖြစ်ပါတယ်။
ယနေ့ပဲငွေစစုပြီး ပိုမိုကောင်းမွန်တဲ့ နေ့စွဲတွေကို ဖန်တီးကြရအောင်။
နီးစပ်ရာ AGD ဘဏ်ခွဲ (သို့) ဖုန်းနံပါတ် +95 1 23 99 333 တို့ကိုဆက်သွယ်ပြီး အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
စည်းမျဉ်းစည်းကမ်းများနှင့် သတ်မှတ်ချက်များရှိပါသည်။
#AGDBank
#TheBankThatGrowsWithYou
#KyoU
#Savings

AGD Bank

08 Oct, 10:33


၂၀၂၄ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း ရန်ကုန်မြို့ရှိ Junction Square၊ Junction City၊ မန္တလေးမြို့ရှိ Mandalay Capital Mall နှင့် Mingalar Mandalay အစရှိသည့် စျေးဝယ်စင်တာအသီးသီး၌ AGD ဘဏ်မှ “Empowering Lives, Embracing Green” Roadshow များ ကျင်းပပြုလုပ်ခဲ့၍ ဘဏ်လုပ်ငန်းဆိုင်ရာ ငွေကြေးဝန်ဆောင်မှုများ၊ အမြင့်ဆုံးသော အတိုးနှုန်းများနှင့် အကောင်းဆုံးသော စုငွေအကောင့်များအား မိဘပြည်သူများဆီသို့ ကိုယ်တိုင်လာရောက်၍ မိတ်ဆက်ပြောပြပေးခဲ့ကြပါတယ်။
အဆိုပါ ပွဲအသီးသီးသို့ လာရောက်
လည်ပတ်ခဲ့ကြတဲ့ ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ ဘဏ်၏ Customers များနှင့် မိဘပြည်သူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ထပ်မံပြောကြားရင်း ပွဲအတွင်းမှ အမှတ်တရပုံရိပ်များ ပြန်လည်မျှဝေလိုက်ရပါတယ်။
#AGDBank
#TheBankThatGrowsWithYou
#Roadshows
#Yangon #Mandalay
#EmpoweringLives
#EmbracingGreen