Vitabiotics Myanmar @vitabioticsmm Channel on Telegram

Vitabiotics Myanmar

@vitabioticsmm


Vitabiotics Myanmar (English)

Are you looking to improve your overall health and well-being? Look no further than Vitabiotics Myanmar! This Telegram channel, with the username @vitabioticsmm, is your one-stop destination for all things related to health supplements and nutrition. Vitabiotics Myanmar offers a wide range of high-quality vitamins, minerals, and supplements to support your health goals. Whether you're looking to boost your immune system, improve your energy levels, or enhance your skin and hair health, Vitabiotics Myanmar has something for everyone. But who exactly is Vitabiotics Myanmar? They are a leading global healthcare company that specializes in creating innovative and effective nutritional products. With over 45 years of experience, Vitabiotics is trusted by millions of people worldwide for their commitment to quality and excellence. So, what can you expect from the Vitabiotics Myanmar Telegram channel? By joining this channel, you will have access to exclusive product updates, health tips, and special promotions. You will also be able to interact with a community of like-minded individuals who share your passion for health and wellness. Don't miss out on the opportunity to take your health to the next level with Vitabiotics Myanmar. Join their Telegram channel today and start your journey towards a healthier, happier you!

Vitabiotics Myanmar

19 Nov, 05:30


အသက် ( ၅၀ ) ကျော်လာတဲ့အခါမှာ အရိုးသိပ်သည်းဆ ( Bone density ) လျော့နည်းလာပြီး အရိုးပွ/အရိုးပါးခြင်းများ ဖြစ်လာတတ်ပါတယ်။ နောက်ဆက်တွဲအဖြစ် မတော်တဆ ထိခိုက်မှုများမှတစ်ဆင့် လွယ်လွယ် အရိုးကျိုးခြင်းများ ခံစားရနိုင်တာမို့ အရိုးကျန်းမာရေးကို အထူးဂရုစိုက်သင့်ပါတယ်။ အသက်ကြီးတဲ့အထိ အရိုးများသန်မာအားကောင်းဖို့အတွက် ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဒီကို အပြည့်အဝရအောင် စားသောက်ခြင်း၊ မနက်နေရောင်ခြည်ခံပေးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများ လုပ်ဆောင်ပေးသင့်ပါတယ်။ ဒါ့အပြင် ဗီတာမင်ဒီအပါအဝင် အာဟာရဓာတ် ( ၃၁ ) မျိုး ပါဝင်တဲ့ Wellman 50+ သောက်ပေးခြင်းကလည်း အရိုးပွ/ အရိုးပါးခြင်းတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

Vitabiotics Myanmar

19 Nov, 02:30


ကျန်းမာနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့အလှဟာ နေရောင်ခြည်ရတဲ့ ပန်းလေးတစ်ပွင့်လို လန်းဆန်းပေါ်လွင်နေစေပါတယ်။ အောင်မြင်မှုပန်းတိုင်ဆီ လှမ်းချီနေတဲ့ အမျိုးသမီးတိုင်းအတွက် လုပ်ငန်းခွင်မှာ လန်းဆန်းတက်ကြွစွာနဲ့ အဘက်ဘက်က အောင်မြင်နေစေဖို့ လိုအပ်တဲ့ အားဖြည့် ဗီတာမင် (၂၄) မျိုး ပါဝင်သော (UK နိုင်ငံထုတ်) အမျိုးသမီးအားဆေးကောင်း တစ်လက်ဖြစ်တဲ့ Wellwoman ကို တစ်နေ့တစ်လုံး ပုံမှန်သောက်သုံး ပေးရမယ်နော်။

Vitabiotics Myanmar

18 Nov, 10:30


ခန္ဓာကိုယ်ရဲ့ ကျန်းမာခြင်း၊ စိတ်ရဲ့လန်းဆန်းခြင်းတွေနဲ့အတူ အောင်မြင်ပျော်ရွှင်တဲ့ ဘဝတစ်ခုဖန်တီးနိုင်ဖို့အတွက် Wellman အားဆေးရှိပါတယ်။
Wellman ဆိုတဲ့အတိုင်း အမျိုးသားများ ကျန်းမာကြံ့ခိုင်ဖို့အတွက် အထူးထုတ်လုပ်ထားတဲ့ ဖြည့်စွက်အားဆေးဖြစ်ပြီး စုံလင်မျှတတဲ့ အာဟာရဓာတ် ( ၂၈ ) မျိုးပါဝင်မှုကြောင့် ခန္ဓာကိုယ်မှာ ကုန်ဆုံးသွားတဲ့ စွမ်းအင်တွေကို အမြန်ဆုံးပြန်လည် ဖြည့်တင်းပေးနိုင်မှာ ဖြစ်ပါတယ်။
Wellman ကို ကိုယ်ခံအားကောင်းပြီး တက်ကြွလန်းဆန်းချင်သူများ၊ အားကစားစွမ်းဆောင်ရည် မြင့်မားလိုတဲ့ အားကစားသမားများ၊ သက်သတ်လွတ်စားသူများ၊ စိတ်ဖိစီးမှုများသူများ၊ အိမ်ထောင်ရေးသုခပြည့်ဝလိုသူ အမျိုးသားတိုင်း မှီဝဲနိုင်ပါတယ်။

Vitabiotics Myanmar

18 Nov, 03:30


L-Carnitine , Coenzyme Q 10 နဲ့ ကြက်သွန်ဖြူအဆီအနှစ်တို့ အဓိကပေါင်းစပ်ပါဝင်တဲ့ Cardioace ဆိုတာ နှလုံးအတွက် အံ့ဩဖွယ်ရာ အကျိုးကျေးဇူးတွေကို ယူဆောင်လာပေးမယ့် နှလုံးအားတိုးဆေးဖြစ်ပါတယ်။
Cardioace က နှလုံးကို ဘယ်လိုအကျိုးပြုလဲဆိုရင် အထိရောက်ဆုံး အားဖြည့်ပေးခြင်းဖြင့် အကျိုးပြုပါတယ်။
-နှလုံးလုပ်ငန်းဆောင်တာတွေကို ချောချောမွေ့မွေ့လည်ပတ်နိုင်အောင် ကူညီပေးတယ်။
- နှလုံးအတွင်း သွေးလည်ပတ်မှုကို ကောင်းစေတယ်။
-ရုတ်တရက် နှလုံးဖောက်ခြင်း ( Heart Attack ) မဖြစ်အောင် ကာကွယ်ပေးတယ်။
-နှလုံးရောဂါတွေကို ကြိုတင်ကွယ်နိုင်အောင်ကူညီပေးတယ်။
ဒါကြောင့် ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည်နေနိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ နှလုံးကို နေ့ရက်တိုင်းမှာ အားဖြည့်ပေးချင်ရင်တော့ Cardioace ကို တစ်နေ့ ( ၁ )လုံး ပုံမှန်သောက်ပေးဖို့ မမေ့ပါနဲ့နော်။

Vitabiotics Myanmar

18 Nov, 03:30


ဆီးချိုရှိသူများဟာ သာမန်လူတွေထက် အနာကျက်တာ နှေးကွေးတာကြောင့် ခန္ဓာကိုယ်မှာ ဒဏ်ရာအနာတရ ရှိမရှိ အမြဲစစ်ဆေးနေသင့်ပါတယ်။ အထူးသဖြင့် ခြေထောက်ပိုင်းနဲ့ ခြေချောင်းလေးတွေမှာ အနာရှိမရှိ အထူး သတိထားသင့်ပါတယ်။ ဒဏ်ရာအနာ ရှိတာကို သေချာဂရုမစိုက်ဘဲထားမယ်ဆိုရင် ခြေချောင်းတွေ ဖြတ်ပစ်ရတဲ့အထိ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆီးချိုသမားများအနေနဲ့ ခန္ဓာကိုယ်မှာ ပြတ်ရှနာ ၊ မတော်တဆ ထိခိုက်ဒဏ်ရာများ ဖြစ်ခဲ့ပါက အနာကို သေချာဂရုစိုက် ဆေးထည့်ပါ။ ဆီးချိုမတိုးအောင် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပါ၊ ခြေထောက်ပိုင်း ဒဏ်ရာများကို အထူးအရေးပေးပါ။ ကျန်းမာစွာ စားသောက်ပါ။ဒါ့အပြင် ဖြည့်စွက်အားဆေးအဖြစ် Diabetone ကို နေ့စဉ်မှီဝဲဖို့လည်း မမေ့ပါနဲ့နော်။

Vitabiotics Myanmar

17 Nov, 03:30


နေ့စဉ် Gym ကစားနေသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများ၊ ကျန်းမာရေးလိုက်စားသူများကို သက်လုံကောင်းပြီး အမောအပန်းခံနိုင်အောင် စွမ်းအင်လုံလောက်စွာ ထုတ်ပေးနိုင်တဲ့ ဖြည့်စွက်အားဆေးကတော့ Ultra Vit B Complex အားဆေးပါပဲ။
Vitam B အုပ်စုတွေဟာ ခန္ဓာကိုယ်ရဲ့စွမ်းအင်ထုတ်လုပ်ခြင်းမှာ အဓိက ပါဝင်တာဖြစ်လို့ Vitamin B ( ၈ ) မျိုး လုံးကို ပြည့်ပြည့်ဝဝ ရရှိအောင် ထုတ်လုပ်ပေးထားတဲ့ Ultra Vit B Complex နဲ့သာဆို စွမ်းအင်ပြည့်ဝပြီး အားကစားစွမ်းဆောင်ရည်ဟာ ထင်မှတ်မထားလောက်အောင်ကို တိုးတက်လာမှာ သေချာပါတယ်။

Vitabiotics Myanmar

17 Nov, 02:30


ကိုယ်ဝန်စရှိရှိချင်း ဘာဆေးသောက်ရမလဲ?
သားဦးကိုယ်ဝန် စရှိပြီဆိုရင် ဘာဆေးသောက်ရမလဲဆိုတာ သိချင်ကြပါတယ်။
ကိုယ်ဝန်ရှိချိန်မှာ မိခင်နဲ့ သန္ဓေသား ဖွံ့ဖြိုးကျန်းမာဖို့အတွက် အစားအသောက်ကို စုံလင်မျှတစွာ စားသောက်ဖို့ လိုအပ်သလို ရေကိုလည်း ပြည့်ပြည့်ဝ၀ သောက်ပေးသင့်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ အားလုံးသိကြတဲ့အတိုင်း ဖောလစ်အက်စစ်က မဖြစ်မနေ သောက်သုံးဖို့ အရေးကြီးဆုံးပါပဲ။
ဒါကြောင့် ဖောလစ်အက်စစ်အပါအဝင် တခြားလိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အပြည့်အဝ ပါဝင်တဲ့ Pregnacare အားဆေးကို ကိုယ်ဝန်စရှိချိန်ကတည်းက သောက်သုံးလို့ရပါပြီ။

Vitabiotics Myanmar

16 Nov, 07:30


ကလေးတွေ ကိုယ်ခံအားနည်းတဲ့အခါ မကြာခဏဆိုသလို ဖျားနာတတ်ပါတယ်။ ကလေးတွေ ကျန်းမာနေဖို့ မိဘနဲ့ အုပ်ထိန်းသူတွေကလည်း ဒါလေးတွေ ဂရုစိုက်ပေးရပါမယ်။
(၁) ကလေးရှိတဲ့ အိမ်နဲ့ ပတ်ဝန်းကျင်မှာ ဆေးလိပ်မသောက်သင့်ပါ။ ဆေးလိပ်ငွေ့ကလည်း ကလေးရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။
(၂) ကလေးနဲ့အတူ ဆော့ကစားပေးပါ။ လူကြီးကလည်း တစ်ချိန်လုံး ဖုန်းသုံးနေရင် ကလေးကလည်း ဂိမ်းဆော့နေမှာပါ။
(၃) ရေသောက်ဖို့ အားပေးပါ၊ အိမ်မှာ အချိုရည်တွေ ဝယ်မထားပါနဲ့။
(၄) ကလေးကို လက်သန့်ရှင်းရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး အထူးဂရုစိုက်ပေးပါ။
(၅) ကလေးရှိတဲ့ ပတ်ဝန်းကျင်က သန့်ရှင်းသပ်ရပ်ပြီး လေကောင်းလေသန့်ရနေပါစေ။

Vitabiotics Myanmar

15 Nov, 01:30


နက္ခတ်စုံလင် သာယာကြည်လင်တဲ့ ဆေးပေါင်းခသော တန်ဆောင်မုန်းလပြည့်နေ့မှာ မြန်မာပြည်သူ/သားအပေါင်း ကိုယ်ကျန်းမာခြင်း ၊စိတ်ချမ်းသာခြင်းနဲ့ ကောင်းခြင်းမင်္ဂလာအပေါင်း ပြည့်စုံပါစေကြောင်း Vitabiotics Myanmar မှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။

Vitabiotics Myanmar

14 Nov, 05:30


သွေးဆုံးအရွယ်မှာ အထူးစစ်ဆေးသင့်တဲ့ ကျန်းမာရေး စစ်ဆေးမှုတွေရှိပါတယ်။
(၁) သွေးတိုးရောဂါ ရှိ၊ မရှိ
(၂) ဆီးချိုရောဂါ ရှိ၊ မရှိ
(၃) သွေးတွင်း ကိုလက်စထရော အဆီအဆင့်
(၄) နှလုံးကျန်းမာရေး
(၅) အရိုးသိပ်သည်းဆ
(၆) ရင်သားဓာတ်မှန်ရိုက်ခြင်း စတာတွေ ဖြစ်ပါတယ်။
ဒီကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပြီး ရလာတဲ့ တွေ့ရှိချက်အတိုင်း လိုအပ်တဲ့ ကုသမှု ခံယူပါ။ သက်ရှည် ကျန်းမာတဲ့ ဘဝပိုင်ဆိုင်စေဖို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာအာဟာရ၊ လေ့ကျင့်ခန်း၊ စိတ်ဖိစီးမှု ဖြေလျှော့နည်း စတာတွေကို ကျင့် သုံးလိုက်နာပေးပါ။ Menopace အားဆေးကို နေ့စဉ် မှီဝဲပါ။
သွေးဆုံးချိန်မှာ အာဟာရဓာတ်တွေ ပြည့်ဝနေပြီး ဝေဒနာကင်းဝေးနေစေဖို့ ဗီတာမင်နဲ့ သတ္တုဓာတ်ပြည့်ဝစွာ ပါဝင်တဲ့ Menopace အားဆေးကို နေ့စဉ်မှန်မှန် မှီဝဲသင့်ပါတယ်။

Vitabiotics Myanmar

14 Nov, 01:30


ဒီနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကျရောက်တဲ့ ကမ္ဘာ့ဆီးချိုသွေးချိုရောဂါနေ့အား ကြိုဆိုဂုဏ်ပြုအပ်ပါတယ်။ ကမ္ဘာ့ဆီးချိုသွေးချိုရောဂါနေ့ကို နိုဝင်ဘာ ၁၄ ရက်နေ့ရောက်တိုင်း ကမ္ဘာတစ်ဝန်းမှာ ကျင်းပကြပြီး ဆီးချိုရောဂါနဲ့ ကာကွယ်စောင့်ရှောက်နည်းများအကြောင်း ကျယ်ပြန့်စွာ သိရှိစေရန်၊ စောစီးစွာ ရောဂါရှာဖွေတတ်ရန်၊ ဆီးချိုသွေးချိုနောက်ဆက်တွဲဆိုးကျိုးတွေကြောင့် အသက်ဆုံးရှုံးမှုများ မဖြစ်စေရန်၊ ဆီးချိုသွေးချိုရှိသူများအား ပံ့ပိုးကူညီရန် ရည်ရွယ်ပြီး ကျင်းပကြပါတယ်။
ဒါကြောင့် ဒီနေ့ကမ္ဘာ့ဆီးချိုသွေးချိုရောဂါနေ့မှာ ဆီးချိုသွေးချိုအကြောင်း ပိုမိုသိရှိနားလည်လာခြင်းနဲ့အတူ ရောဂါကင်းပြီး ကျန်းမာတဲ့ အနာဂတ်ကို ပုံဖော်ဖို့ တိုက်တွန်းလိုက်ပါရစေနော်။

Vitabiotics Myanmar

12 Nov, 05:30


မိတ်ဆွေတို့ရဲ့ မျက်လုံးကျန်းမာရေးနဲ့ နဲ့အမြင်အာရုံအတွက် ကောင်းကျိုးများစွာ ယူဆောင်လာပေးမယ့် Visionace မျက်စိအားဆေးကို ဒီအချက်တွေကြောင့် ရေရှည်မှီဝဲသင့်ပါတယ်နော်။
-UK နိုင်ငံရှိ Vitabiotics ကုမ္ပဏီကြီးမှ ထုတ်လုပ်ထားတဲ့ အရည်အသွေးမြင့် မျက်စိအားဆေးဖြစ်ခြင်း
-မျက်လုံးအတွက် အထူးလိုအပ်တဲ့ Vitamin A, C , E , Lutein Esters, Bilberry Extract , Magnesium စတဲ့ အားဖြည့်ဗီတာမင်များစွာပါဝင်ခြင်း
-အတွင်းတိမ်၊ ရေတိမ်၊ သက်ကြီးမျက်စိမှုန်ရောဂါ၊ မျက်လုံးခြောက်သွေ့ခြင်း ( Dry Eyes ) စတဲ့ မျက်စိပြဿနာများကို ကြိုတင်ကာကွယ်ပေးနိုင်ခြင်း
-Side Effect လုံးဝမရှိခြင်း
ကျန်းမာတဲ့မျက်လုံးနဲ့အတူ ကြည်လင်ပြတ်သားတဲ့ အမြင်အာရုံကို ပိုင်ဆိုင်နိုင်ဖို့အတွက် Visionace မျက်စိအားဆေးကို အစာစားပြီးချိန်တိုင်း တစ်နေ့ ( ၁ )လုံး မှန်မှန်သောက်သုံးပေးဖို့ မမေ့ပါနဲ့နော်။

Vitabiotics Myanmar

11 Nov, 07:30


မေမေ့အသားအရေ ကြည်လင်လှပနေစေဖို့
ကိုယ်ဝန်ဆောင်မေမေရဲ့ အသားအရေက ကြည်လင်လှပပြီး ကြည့်ကောင်းနေစေဖို့ အခြေခံ အသားအရေ ထိန်းသိမ်းနည်းကို မျှဝေပေးချင်ပါတယ်။
- ရေများများ သောက်ပေးပါ။
-ကိုယ်ဝန်ဆောင်အတွက် သင့်တော်တဲ့ Skin Care Products ကို ရွေးချယ်သုံးပေးပါ။
- မျက်နှာ၊ အဖုအပိမ့်တွေကို လက်နဲ့ မဆိတ်ပါနဲ့၊ မပွတ်သပ်ပါနဲ့။
- နို့သောက်ပါ၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေ စားပေးပါ။
- အိပ်ရာမဝင်ခင် မိတ်ကပ်တွေကို သေချာ သန့်စင်ပေးပါ။
- ညတိုင်း (၇ မှ ၈ )နာရီ အိပ်ရေးဝ၀ အိပ်စက်ပေးပါ။
UKနိုင်ငံထုတ် နံပါတ်တစ် Pregnacare ကိုယ်ဝန်ဆောင်အားဆေးကို ကိုယ်ဝန်စဆောင်ချိန်မှ သုံးလအထိ တစ်နေ့ တစ်လုံး မှီဝဲပေးပါ။ကိုယ်ဝန် ၃ လနောက်ပိုင်းမှာ Pregnacare Plus ကိုယ်ဝန်ဆောင်အားဆေးကို သောက်ပေးပါ။ Pregnacare Plusကိုယ်ဝန်ဆောင်အားဆေးကတော့ မိခင်နဲ့ ရင်သွေးအတွက် လိုအပ်တဲ့ အာဟာရတွေအပြည့်အ၀ပါ၀င်ပါတယ်။ Pregnacare ဆေးပြားနဲ့ အိုမီဂါ၃ဖက်တီးအက်စစ်ဆေးတောင့်တို့ ပါဝင်လို့ ကလေးကို ဦးနှောက်နဲ့ မှတ်ဉာဏ်အားကောင်းစေပါတယ်။ ကလေးမွေးပြီး (၆)လအထိ ဆက်သောက်နိုင်ပါတယ်။

Vitabiotics Myanmar

11 Nov, 05:30


“နှလုံးအားတိုးစေသောအစားအစာများ”
- Omega-3 ကြွယ်ဝစွာပါဝင်သော ငါးများ၊ ဥပမာ-ဆယ်လ်မွန်ငါး
-အခွံမာသီးများနှင့် အစေ့အဆံများ ( ဗန်ဒါသီး၊ နှမ်းကြတ်စေ့၊ နေကြာစေ့ )
-ဟင်းနုနွယ်၊ ကိုက်လန်ကဲ့သို့ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ
-ဘယ်ရီမျိုးနွယ်ဝင် သစ်သီးများ ( ဘလူးဘယ်ရီ၊ စတော်ဘယ်ရီ )
-ထောပတ်သီး
-ခရမ်းချဉ်သီး
-ကြက်သွန်ဖြူ
-ကန်စွန်းဥ
-သလဲသီး
နှလုံးအားတိုးဖို့အတွက် အဲဒီအစားအစာတွေအပြင် နှလုံးအတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်များစွာပါဝင်တဲ့ Cardioace နှလုံးအားတိုးဆေးကိုလည်း တစ်နေ့ ( ၁ ) လုံး မှီဝဲနိုင်ပါတယ်နော်။

Vitabiotics Myanmar

11 Nov, 02:30


အမျိုးသားတွေလည်း သံဓာတ်ချို့တဲ့တဲ့ လက္ခဏာခံစားရတဲ့အခါမျိုးမှာ သံဓာတ်အားဆေး မှီဝဲဖို့ လိုအပ်ပါတယ်။
ဥပမာပြောရရင်- ထိခိုက်ဒဏ်ရာတစ်ခုခုကြောင့် သွေးယိုနေတဲ့အခါ၊ လိပ်ခေါင်းသွေးထွက်နေတဲ့ အခြေအနေ စတဲ့ ခန္ဓာကိုယ်အတွင်းအပြင် သွေးယိုတဲ့အခြေအနေတွေအပြင် အစာအာဟာရကို လုံလောက်မျှတအောင် မစားဖြစ်တဲ့အခါမျိုးတွေမှာလည်း သံဓာတ်ချို့တဲ့မှု ဖြစ်စေနိုင်လို့ပါ။
Feroglobin သံဓာတ်အားဖြည့်ဆေး မှီဝဲပေးမယ်ဆိုရင် သံဓာတ်ပြည့်ဝပြီး စိတ်ရောကိုယ်ပါ လန်းဆန်းနေမှာ ဖြစ်ပါတယ်။
Feroglobin သံဓာတ်အားဖြည့်ဆေးဆိုရင် ဆေးရည် နှင့် ဆေးတောင့်အနေနဲ့ပါ(၂)မျိုးလုံးရနိုင်ပြီး အလွယ်တကူ သောက်သုံးနိုင်တဲ့အပြင် ဗီတာမင် B6၊ ဗီတာမင် B12နဲ့ ဖောလစ်အက်စစ်ကိုပါ ထည့်သွင်းထားတဲ့အတွက် ပင်ပန်းနွမ်းနယ်မှု၊ နုံးချည့်မှုတွေကို သိသိသာသာ လျော့ကျစေပါတယ်။ သံဓာတ်လိုအပ်ချက်ရှိသူတိုင်းနဲ့ အထူးသင့်တော်ပါတယ်။

Vitabiotics Myanmar

10 Nov, 05:30


Siberian Ginseng ဆိုတာ ရှေးရာစုနှစ်များစွာကတည်းက ရိုးရာဆေးပညာမှာ အသုံးပြုခဲ့ကြတဲ့ ဂျင်ဆင်းမျိုးစိတ်တစ်မျိုးဖြစ်ပါတယ်။
Siberian Ginseng က ပေးစွမ်းမယ့် အကျိုးကျေးဇူးတွေကတော့
စွမ်းအင်တိုးစေပြီး ပင်ပန်းနွမ်းနယ်မှုဖြစ်ခြင်းကို လျှော့ချပေးပါတယ်။
အာရုံစူးစိုက်မှုနဲ့ မှတ်ဉာဏ်ကို တိုးတက်ကောင်းမွန်စေပါတယ်။
ကိုယ်ခံအားစနစ်ကို အားကောင်းသန်မာစေပါတယ်။
နှလုံးကျန်းမာရေးကို အထောက်အပံ့ပေးပါတယ်။
ရုပ်ပိုင်းဆိုင်ရာ/စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကို လျှော့ချကာကွယ်ပေးပါတယ်။
အမောအပန်းခံနိုင်ပြီး အားကစားစွမ်းဆောင်ရည်ကို တိုးတက်စေပါတယ်။
အဲဒီလို ကျန်းမာရေးကောင်းကျိုးများစွာရှိတဲ့ Siberian Ginseng ကို Wellman အားဆေးမှာလည်း 20 mg အထိ ထည့်သွင်းဖော်စပ်ပြီး အသုံးပြုထားလို့ အမျိုးသားများ ခွန်အားတိုးပွားပြီး ကျန်းမာဖျတ်လတ်ဖို့အတွက် နေ့စဉ်မှီဝဲနိုင်ပါတယ်။

Vitabiotics Myanmar

10 Nov, 03:31


ခန္ဓာကိုယ်မှာ Vitamin B3 လို့ခေါ်တဲ့ Niacin ဓာတ် မလုံလောက်တော့ဘူးဆိုရင် အရေပြားပေါ် အနီပြောက်တွေထမယ်၊
အရေပြားယားယံမယ်၊ မွဲခြောက်ခြောက်ဖြစ်မယ်။
ဝမ်းသွားမယ်။
အစာစားချင်စိတ်ပျောက်ဆုံးမယ်။
Mouth Ulcer ဆိုတဲ့ ပါးစပ်အပူနာဖြစ်မယ်။
ကိုယ်လက်မအီမသာဖြစ်မယ်။
စိတ်ဓာတ်ကျခြင်း၊ စိတ်ဂနာမငြိမ်ခြင်းတွေ ဖြစ်မယ်။
အချိန်တိုင်းလိုလို ပင်ပန်းနွမ်းနယ်နေမယ်။
Vitamin B3 အလွန်အမင်းချို့တဲ့ခြင်းဟာ ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်တာမို့ အာဟာရစုံလင်အောင် စားသောက်သင့်သလို Vitamin B ဖြည့်စွက်အားဆေးဖြစ်တဲ့ Ultra Vit B Complex ကိုလည်း သောက်သုံးပေးနိုင်ပါတယ်။

Vitabiotics Myanmar

09 Nov, 05:31


အမျိုးသမီးတစ်ယောက်ရဲ့ အရွယ်ရချိန်ကို သွေးဆုံးတဲ့အရွယ်လို့ တင်စားတတ်ကြပါတယ်။
သွေးဆုံးချိန်မှာ ရာသီမလာတော့တဲ့အတွက် လစဉ် ကိုက်ခဲနာကျင်တဲ့ ဝေဒနာတွေ မရှိတော့ပါဘူး။
ကိုယ်ဝန်ရဖို့ စိတ်ပူပင်စရာလည်း မရှိတော့တဲ့အတွက် ပေါ့ပါးသွားပါတယ်။ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်ပြည့်စုံတဲ့ အရွယ်လို့လည်း ပြောရမှာပါ။
သွေးဆုံးအကြိုကာလနဲ့ သွေးဆုံးချိန်မှာ တချို့အမျိုးသမီးတွေက ဝေဒနာခံစားရတာ ရှိပေမယ့် တချို့အမျိုးသမီးတွေမှာ အေးအေးဆေးဆေး ကျော်ဖြတ်နိုင်တာလည်း ရှိပါတယ်။
ဒီလိုအရွယ်ရချိန်မှာ လေ့ကျင့်ခန်းလေးလုပ်တာ၊ ကိုယ့်အတွက် သက်သောင့်သက်သာရှိမယ့်
ပတ်ဝန်းကျင်မှာ နေတာ၊ စိတ်ကို အေးအေးချမ်းချမ်းထားတာ၊ အပူအစပ် လျှော့စားတာတွေအပြင် Menopace အားဆေးကို ဆောင်ထားသင့်ပါတယ်။
သွေးဆုံးချိန်မှာ အာဟာရဓာတ်တွေ ပြည့်ဝနေပြီး ဝေဒနာကင်းဝေးနေစေဖို့ ဗီတာမင်နဲ့ သတ္တုဓာတ် ပြည့်ဝစွာ ပါဝင်တဲ့ Menopace အားဆေးကို နေ့စဉ်မှန်မှန် မှီဝဲသင့်ပါတယ်။

Vitabiotics Myanmar

08 Nov, 05:30


အသည်းကို အထူးအားဖြည့်ပေးနိုင်တဲ့ Silymarin ဓာတ် 140 mg ပါဝင်တဲ့ Liveril ကတော့ အသည်းအားဆေးကောင်းကောင်းကို ရှာဖွေမှီဝဲချင်သူတွေအတွက် အကောင်းဆုံး ရွေးချယ်စရာပါပဲ။
UK နိုင်ငံထုတ်ဖြစ်တာကြောင့် အရည်အသွေးပိုင်းကို လုံးဝသံသယဝင်စရာမလိုဘဲ အသည်းကို အထိရောက်ဆုံး အားဖြည့်ပေးနိုင်ပါတယ်။
Liveril မှာ Silymarin ဓာတ်အပြင် L-Glutathione, N-acetyl cysteine, L- carnitine, Co-enzyme Q10, Artichoke extract နဲ့ Natural mixed carotenoids စတဲ့ အသည်းအတွက် အထူးကောင်းမွန်တဲ့ Vital Nutrients ပေါင်းများစွာပါဝင်တာမို့ အသည်းကို အားပြည့်ကျန်းမာစေခြင်းနဲ့အတူ အသည်းရောဂါတွေ ဖြစ်မလာအောင်လည်း ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
သောက်သုံးရန်အညွှန်း
ကျန်းမာတဲ့အသည်းကို ပိုင်ဆိုင်နိုင်ဖို့အတွက် Liveril အသည်းအားဆေးကို တစ်နေ့ ( ၂ ) လုံး အစာစားပြီးချိန်တိုင်းမှာ သောက်သုံးပေးနိုင်ပါတယ်။

Vitabiotics Myanmar

07 Nov, 10:30


မိန်းမသားတစ်ယောက်အတွက် လှပခြင်းဟာ အဆင်တန်ဆာမည်ရင် ကျန်းမာခြင်းဟာ ဆုလာဘ်တစ်ခုပါ။ ကျန်းမာပြီး လှပတဲ့ အမျိုးသမီးဟာ ထက်မြက်တက်ကြွပြီး အောင်မြင်သူအဖြစ် အများအလယ်မှာ တင့်တယ်တယ်လေ။ ဘဝမှာ ကျန်းမာလှပတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် (UK နိုင်ငံထုတ်) အမျိုးသမီးအားဆေးကောင်း တစ်လက်ဖြစ်တဲ့ Wellwoman ကို နေ့စဉ် တစ်နေ့တစ်လုံး ပုံမှန် မှီဝဲသောက်သုံးပေးပါနော်။

Vitabiotics Myanmar

30 Oct, 02:30


ကလေးက ..
- ဉာဏ်ကောင်းတယ်၊
- အရပ်လည်း ရှည်တယ်၊
- ကျန်းမာတယ်၊
- အစာကိုလည်း စားနိုင်ပြီး အာဟာရကောင်းစွာ ရရှိတယ်၊
- ကိုယ်ခံအားကောင်းတယ်ဆိုရင် ဒါက WellKidအားဆေးသောက်လို့ပါပဲ။
ကလေးတွေ ကိုယ်ခံအားစနစ် အားကောင်းစေဖို့နဲ့ ကျန်းမာစေဖို့ WellKid အားဆေးကို တစ်နေ့ (၁)လုံး မှန်မှန် တိုက်ကျွေးသင့်ပါတယ်။
WellKid အားဆေးမှာ
- ကလေး ဦးနှောက်ဉာဏ်ရည်ကောင်းစေတဲ့ အိုမီဂါ ၃၊ သံဓာတ်၊ သွပ်ဓာတ်၊
- အရိုးသန်စွမ်းစေတဲ့ ဗီတာမင် D3၊ မဂ္ဂနီဆီယမ်၊ သွပ်ဓာတ်၊
- သွေးအားကောင်းစေတဲ့ သံဓာတ်၊ ဗီတာမင် B12၊ ဖောလစ်အက်ဆစ်၊
- ကိုယ်ခံအားစနစ် အားကောင်းစေတဲ့ ဗီတာမင်အေ၊ စီ၊ ဒီ၊ အီး၊ သွပ်ဓာတ်၊ ဆီလီနီယမ်၊ ဗီတာမင်ဘီအုပ်စုတို့ ပါဝင်ပါတယ်။

Vitabiotics Myanmar

29 Oct, 10:30


ဘာကြောင့် အမြဲလိုလို ပင်ပန်းနွမ်းနယ်နေရတာလဲ?
-Vitamin B ဓာတ်များ ချို့တဲ့လို့
-သံဓာတ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်များ မလုံလောက်လို့
-နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်လို့
-စိတ်ဖိစီးမှု အလွန်များလို့
-အာဟာရမဖြစ်တဲ့ အစားအသောက်တွေပဲ စားလို့
-ရေဝဝလင်လင်မသောက်လို့
-ဆီးချို၊ နှလုံး၊ ကျောက်ကပ် စတဲ့ရောဂါများကြောင့် ဆေးများစွာသောက်နေရလို့
-ဟော်မုန်းများ မညီမျှလို့
Vitamin B ဓာတ်ချို့တဲ့မှုကြောင့် ပင်ပန်းနွမ်းနယ်မှုများ မဖြစ်ဖို့ဆိုရင်တော့ Ultra Vit B Complex အားဆေးကို နေ့စဉ်သောက်ပြီး အားဖြည့်ပေးနိုင်တဲ့အကြောင်းလည်း သတင်းကောင်းပါးလိုက်ပါတယ်နော်။

Vitabiotics Myanmar

29 Oct, 02:30


Choline ဆိုတာ အသည်းကျန်းမာရေးအတွက် အဓိကနေရာကနေ ပါဝင်တဲ့ အာဟာရဓာတ် တစ်မျိုးဖြစ်ပါတယ်။
Choline က အသည်းအပေါ် ဘယ်လိုကောင်းကျိုးပေးသလဲဆိုရင်
-အသည်းအဆီဖုံးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။
-အသည်းရဲ့အဆိပ်အတောက်သန့်စင်မှုစနစ်ကို ပိုမိုကောင်းမွန်စေပါတယ်။
-အသည်းဆဲလ်တွေ ပျက်စီးမှုကို ပြန်လည်ပြုပြင်တဲ့နေရာမှာ ကူညီပေးပါတယ်။
-အသည်းရောင်ရမ်းခြင်းတွေကို ကာကွယ်ပေးပါတယ်။
အဲဒီလိုမျိုး Choline က အသည်းအတွက် ကောင်းကျိုးများလှတာမို့ Choline Bitartrate (50) mg ပါဝင်တဲ့ Liveril အသည်းအားဆေးကို နေ့စဉ်မှီဝဲမယ်ဆိုပါက အသည်းကျန်းမာဖို့အတွက် လုံးဝစိတ်အေးရမှာပါနော်။

Vitabiotics Myanmar

27 Oct, 10:31


နို့ချိုတိုက်ကျွေးစဉ်မှာ စားသင့်သည့် အာဟာရ
မိခင်နို့ချိုတိုက်ကျွေးချိန်မှာ အာဟာရပြည့်ဝပြီး အားအင်ပြည်စေဖို့ ဒီအစားအသောက်တွေကို စားပေးဖို့ မမေ့နဲ့နော်။
(၁) ငှက်ပျောသီး
(၂) ဒိန်ချဉ်
(၃) အုတ်ဂျုံကွေကာ
(၄) အစိမ်းရောင်ဟင်းသီးဟင်းရွက်
(၅) အခွံမာသီး၊ အစေ့အဆန်
(၆) လိမ္မော်သီး
(၇) ကန်စွန်းဥ
(၈) ရုံးပတီသီး
(၉) ရေ
(၁၀) စပျစ်သီး၊ စတော်ဘယ်ရီသီး
(UKနိုင်ငံထုတ်) နံပါတ်တစ် Pregnacare ကိုယ်ဝန်ဆောင်အားဆေးကို ကိုယ်ဝန်စဆောင်ချိန်မှ သုံးလအထိ တစ်နေ့ တစ်လုံး မှီဝဲပေးပါ။ ကိုယ်ဝန် (၃) လနောက်ပိုင်းမှာ Pregnacare Plus ကိုယ်ဝန်ဆောင်အားဆေးကို သောက်ပေးပါ။ Pregnacare Plus ကိုယ်ဝန်ဆောင်အားဆေးကတော့ မိခင်နဲ့ ရင်သွေးအတွက် လိုအပ်တဲ့ အာဟာရတွေအပြည့်အ၀ပါ၀င်ပါတယ်။ Pregnacare ဆေးပြားနဲ့ အိုမီဂါ၃ ဖက်တီးအက်စစ်ဆေးတောင့်တို့ ပါဝင်လို့ ကလေးကို ဦးနှောက်နဲ့ မှတ်ဉာဏ်အားကောင်း စေပါတယ်။ ကလေးမွေးပြီး (၆)လအထိ ဆက်သောက်နိုင်ပါတယ်။

Vitabiotics Myanmar

27 Oct, 05:30


“အရင်ကဆို Period Time ရောက်မှာ အရမ်းကြောက်တာ။ ခုတော့ အဲဒီနေ့ရက်တွေကို သတ္တိရှိရှိ ရင်ဆိုင်ရဲသွားပြီ။ အဲဒါ Wellwoman အားဆေးရဲ့ ကျေးဇူးကြောင့်ပေါ့”
Wellwoman ကို နေ့စဉ်မှီဝဲခြင်းရဲ့အကျိုးကျေးဇူးက အားရှိကျန်းမာစေရုံသာမက Period Time ကိုလည်း အပူအပင်မရှိဖြတ်ကျော်နိုင်အောင် ကူညီပေးတယ်လေ။ သူ့မှာပါဝင်တဲ့ Evening Primrose Oil နဲ့ Starflower Oil သဘာဝအဆီ ( ၂ )မျိုးက ဓမ္မတာလာချိန်မှာ ဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်းတွေကို လျှော့ချပေးတဲ့အပြင် စိတ်မကြည်ခြင်း၊ စိတ်ဓာတ်ကျခြင်းတွေ မဖြစ်အောင်ပါ ကာကွယ်ပေးတာကြောင့် ခက်ခဲတဲ့ Period Time တွေမှာ Wellwoman အမျိုးသမီးအားဆေးလေး အနားမှာရှိဖို့ပဲ လိုတယ်နော်။

Vitabiotics Myanmar

27 Oct, 03:31


နေ့စဉ် စားနေတဲ့ အစားအသောက်တွေမှာ သံဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေ ပါဝင်ရဲ့လား။ အဲဒီအစာတွေနဲ့အတူ တွဲစားတဲ့အစာတွေက သံဓာတ်စုပ်ယူမှုကို အားကောင်းစေရဲ့လား… ဒါလေးတွေ သိစေဖို့ မျှဝေပေးချင်ပါတယ်။
- ဗီတာမင်စီပါဝင်တဲ့ လိမ္မော်သီး၊ သံပရာသီး စတာတွေနဲ့ သံဓာတ်ပါဝင်တဲ့ အစာတွေကို တွဲစားပေးရင် သံဓာတ်စုပ်ယူမှု ကောင်းစေပါတယ်။
- တန်နင်ဓာတ်ပါတဲ့ လက်ဖက်ရည်၊ ကော်ဖီတွေနဲ့ သံဓာတ်ပါဝင်တဲ့ အစာတွေကို တွဲစားပေးရင် သံဓာတ်စုပ်ယူမှု ဟန့်တားစေနိုင်ပါတယ်။
- အချဉ်ဖောက်ထားတဲ့ ဂေါ်ဖီချဉ်၊ မုန်ညင်းချဉ်တွေက သံဓာတ်စုပ်ယူမှုကို ကောင်းစေပါတယ်။
သံဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေက အနီရောင်အသား၊ ငါး၊ ပင်လယ်စာ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်၊ ပဲ၊ စွန်ပလွံသီး၊ ပန်းဂေါ်ဖီစိမ်း၊ ဆီးသီးခြောက်၊ တိုဟူး စတာတွေ ဖြစ်ပါတယ်။
Feroglobin သံဓာတ်အားဖြည့်ဆေးဆိုရင် ဆေးရည် နှင့် ဆေးတောင့်အနေနဲ့ပါ (၂)မျိုးလုံးရနိုင်ပြီး အလွယ်တကူ သောက်သုံးနိုင်တဲ့အပြင် ဗီတာမင် B6၊ ဗီတာမင် B12နဲ့ ဖောလစ်အက်စစ်ကိုပါ ထည့်သွင်းထားတဲ့အတွက် ပင်ပန်းနွမ်းနယ်မှု၊ နုံးချည့်မှုတွေကို သိသိသာသာ လျော့ကျစေပါတယ်။ သံဓာတ်လိုအပ်ချက်ရှိသူတိုင်းနဲ့ အထူးသင့်တော်ပါတယ်။

Vitabiotics Myanmar

27 Oct, 02:30


အိမ်တိုင်းလိုလိုရဲ့ မီးဖိုချောင်ထဲမှာ ရှိတတ်တဲ့ အစာတွေက ကိုယ်ခံအားကောင်းစေပါတယ်။ အဲဒါတွေ ကတော့-
(၁) ကြက်သွန်ဖြူ၊ ကြက်သွန်နီ
(၂) ဆနွင်းမှုန့် (နနွင်းမှုန့်)
(၃) ကြက်စွပ်ပြုတ်
(၄) ဘလူးဘယ်ရီသီး
(၅) သံပရာသီး၊ ရှောက်သီး
(၆) ငရုတ်ပွသီး
(၇) ပဲအမျိုးမျိုး စတာတွေ ဖြစ်ပါတယ်။
Immunace မှာ ကိုယ်ခံအားစနစ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းစေတဲ့ ဗီတာမင်ဒီ၊ ဇင့်၊ ဆီလီနီယမ် စတဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေ ပါဝင်တာကြောင့် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ရရှိစေဖို့ တစ်နေ့တစ်လုံး မှန်မှန် မှီဝဲနိုင်ပါတယ်။

Vitabiotics Myanmar

26 Oct, 05:30


သိပါသလား? ကျွန်မတို့ရဲ့ မျက်လုံးလေးဟာ တစ်မိနစ်ကို (၁၅) ကြိမ်ကနေ အကြိမ် (၂၀) လောက်ထိ မျက်တောင်ခတ်ပါတယ်တဲ့။ တစ်နေ့တာလုံးမှာဆိုရင်တော့ မျက်တောင်ခတ်တဲ့ အကြိမ်အရေအတွက်က (၁) သောင်းလောက်ထိ ရှိပါတယ်တဲ့။ မျက်တောင်ခတ်ခြင်းဟာ မျက်လုံးရဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးပြီး မျက်ရည်တွေကို မျက်လုံးရဲ့မျက်နှာပြင် တစ်လျှောက်ပျံ့နှံ့စေကာ ဖုန်မှုန့်နဲ့ အညစ်အကြေးအမှုန်အမွှားတွေကို ဖယ်ရှားပေးပါတယ်။ ဒါကြောင့် မျက်တောင်ခတ်ခြင်းကို သဘာဝအတိုင်း မျက်လုံးသန့်ရှင်းရေးလုပ်တဲ့ စနစ်လို့လည်း ခေါ်ဆိုကြပါတယ်။
မျက်လုံးလေးကျန်းမာဖို့နဲ့ အမြင်အာရုံကြည်လင်ပြတ်သားဖို့အတွက် အာဟာရဓာတ်များစွာနဲ့ ပေါင်းစပ်ထုတ်လုပ်ထားတဲ့ Visionace မျက်စိအားဆေးကို နေ့စဉ်မှီဝဲပေးဖို့လည်း မမေ့ပါနဲ့နော်။

Vitabiotics Myanmar

25 Oct, 02:30


နှလုံးကျန်းမာစေမယ့် အလွယ်ကူဆုံး နည်းလမ်းတစ်ခု…
တတ်နိုင်သမျှ စိတ်ဖိစီးမှု (Stress) ကင်းအောင်နေခြင်းက နှလုံးကျန်းမာရေးကို စောင့်ရှောက်ပြီးသားဖြစ်စေပါတယ်။
စိတ်ဖိစီးမှုကင်းစေဖို့အတွက် အသက်ဝဝရှူပေးပါ။
တရားထိုင်ပါ။
ယောဂကျင့်ပါ။
အလုပ်တွေ ဆက်တိုက်မလုပ်ဘဲ အနားယူချိန်လေးတွေ သီးသန့်ထားပေးပါ။ စာအုပ်ဖတ်ခြင်း၊ သစ်ပင်ပန်းမန်များ ရေလောင်းပေါင်းသင်ခြင်း၊ သီချင်းနားထောင်ခြင်း စတဲ့ ကိုယ်ဝါသနာပါရာ တစ်ခုခုကို လုပ်ဖို့ အချိန်ပေးပါ။
Cardioace မှာ နှလုံးအတွက် အထူးလိုအပ်တဲ့ အာဟာရဓာတ်များစွာပါဝင်ပြီး (UK )နိုင်ငံထုတ် အရည်အသွေးမြင့် နှလုံးအားဆေးဖြစ်တာကြောင့် တစ်နေ့ ( ၁ ) လုံးသောက်ပြီး သင့်နှလုံးကို ထိထိရောက်ရောက် အားဖြည့်ပေးနိုင်ပါတယ်။

Vitabiotics Myanmar

24 Oct, 02:30


မျက်လုံးအမြင်အာရုံ ကောင်းဖို့အတွက် ခန္ဓာကိုယ်ထဲမှာ ဇင့်ဓာတ်လုံလောက်စွာရှိနေဖို့ကလည်း အရေးကြီးပါတယ်။ ဇင့်ဓာတ်က မျက်လုံးအတွက် လိုအပ်တဲ့ Vitamin A ကို အသည်းမှတစ်ဆင့် မြင်လွှာ ( Retina ) ဆီသို့ရောက်အောင် ပို့ဆောင်ပေးတဲ့နေရာမှာ ကူညီပေးပြီး မျက်စိအမြင် ကြည်လင်ပြတ်သားအောင် ဆောင်ရွက်ပေးပါတယ်။ ဒါ့အပြင် ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိလည်းရှိတာကြောင့် သက်ကြီးမျက်စိမှုန်ရောဂါ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေး နိုင်ပါတယ်။
ဇင့်ဓာတ်ကို အစားအသောက်တွေကတစ်ဆင့် ရရှိနိုင်သလို ZinComplex အားဆေး‌သောက်သုံး ပေးခြင်းဖြင့်လည်း လိုအပ်တဲ့ ဇင့်ပမာဏကို ပြည့်ဝစွာရရှိနိုင်ပါတယ်။

Vitabiotics Myanmar

23 Oct, 10:30


ဆီးချိုသွေးချိုရှိလို့ အစားရှောင်ရင်း အာဟာရမပြည့်ဝသလို ခံစားနေရရင်É
ဆီးချိုသွေးချို နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ရှောင်လွှဲချင်ရင်É.
ဆီးချိုသွေးချို ဆေးတွေကို ပိုမိုထိရောက်အားကောင်းစေချင်ရင်É.
UK နိုင်ငံထုတ် Diabetone အားဆေးနဲ့ နေ့စဉ်အားဖြည့်ဖို့ လိုမယ်နော်။
Diabetone အားဆေးမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့ Chromium ၊ သွေးတွင်းအဆီဓာတ်ကို လျော့ချပေးနိုင်တဲ့ Folic Acid, Vitamin B6, B12 တွေအပါအဝင် ဆီးချိုသွေးချိုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ကာကွယ်ပေးနိုင်တဲ့ အာဟာရဓာတ်ပေါင်း အမျိုး ( ၂၀ ) ထိပါဝင်တာကြောင့် ဆီးချိုသွေးချိုသမားများအတွက် အလိုအပ်ဆုံး အားဆေးတစ်လက် ဖြစ်ပါတယ်နော်။

Vitabiotics Myanmar

23 Oct, 05:30


ကလေးလေးတွေ ဖျားရင် စိတ်ပူရတာကြောင့် မကြာခဏ မဖျားအောင် ဒါလေးတွေ လိုက်နာကြည့်ပါ။
- ရေများများ တိုက်ပါ။
- နေခြည်နွေးနွေးထဲ ကစားပါစေ။
- အိပ်ရေးဝ၀ အိပ်ဖို့ အားပေးပါ။
- အာဟာရအစုံရအောင် ကျွေးပါ။
-ကလေးရဲ့ လက်တွေ သန့်စင်နေပါစေ။
-ကလေးရဲ့ ပတ်ဝန်းကျင်ကို လေကောင်းလေသန့် ရပြီး သန့်ရှင်းအောင် ထားပါ။
- အားဆေး တိုက်ပါ။
UK နိုင်ငံထုတ် Wellkid အားဆေးမှာ ဦးနှောက်ဉာဏ်ရည်ကောင်းစေတဲ့ အိုမီဂါ ၃၊ သံဓာတ်၊ သွပ်ဓာတ်တို့ ပါဝင်ပြီး အရိုးသန်စွမ်းစေတဲ့ဗီတာမင် D3၊ မဂ္ဂနီဆီယမ်၊ သွပ်ဓာတ်၊ သွေးအားကောင်းစေတဲ့ သံဓာတ်၊ ဗီတာမင် B12၊ ဖောလစ်အက်ဆစ်၊ ကိုယ်ခံအားစနစ်အားကောင်းစေတဲ့ ဗီတာမင်အေ၊ စီ၊ ဒီ၊ အီး၊ သွပ်ဓာတ်၊ ဆီလီနီယမ်၊ ဗီတာမင်ဘီအုပ်စုတို့ ပါဝင်နေပါတယ်။ အထူးသဖြင့် Wellkidအားဆေးမှာ ကလေးရဲ့ ကိုယ်ခံအားစနစ် ဖွံ့ဖြိုးဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေကို အတိအကျ ထည့်သွင်းထား တဲ့အတွက် ကလေးငယ်အတွက် ဘေးထွက်ဆိုးကျိုး လုံးဝ မရှိပါ။

Vitabiotics Myanmar

22 Oct, 02:30


Liveril ကအသည်းအတွက် ဘာကြောင့် ကောင်းတာလဲဆိုရင် ဒီအချက်တွေကြောင့်ပါ။
Liveril ကပါဝင်တဲ့ အာဟာရဓာတ်တွေက
-အသည်းကို အားပြည့်ကျန်းမာစေတယ်။
-အသည်းရောဂါများကို ကြိုတင်ကာကွယ်ပေးနိုင်တယ်။
-အသည်းအဆီဖုံးရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်တယ်။
-အရက်ကြောင့်အသည်းပျက်စီးခြင်းကို လျော့ချပေးနိုင်တယ်။
-နာတာရှည်အသည်းရောဂါများ ဆိုးရွားမလာအောင် လုပ်ဆောင်ပေးနိုင်တယ်။
-သောက်ဆေးများကြောင့် အသည်းအဆိပ်သင့်ခြင်းကို ကာကွယ်ပေးနိုင်တယ်။
Liveril ရဲ့ကောင်းကျိုးတွေကို သိပြီဆိုတော့ အသည်းကျန်းမာဖို့အတွက် နေ့စဉ်သောက်ပေးဖို့ မမေ့နဲ့နော်။

Vitabiotics Myanmar

21 Oct, 02:30


ေးဆုံးအရွယ်မှာ ကျန်းမာနေဖို့နဲ့ အရိုးအဆစ်တွေ ကျန်းမာပြီး စိတ်သွားတိုင်း ကိုယ်ပါစွာ သွားလာလှုပ်ရှားနိုင်ဖို့ နေ့စဉ်နေထိုင်နည်းလေးတွေကို ဂရုစိုက်ထိန်းသိမ်းသင့်ပါတယ်နော်။
- သဘာဝ အပင်ထွက်အစာများများ စားပါ။
- ဖြစ်နိုင်ရင် သကြားကို မစားဘဲနေပါ။
- ခပ်သွက်သွက် လမ်းလျှောက်ပေးပါ။
- ကျေးဇူးတင်တတ်တဲ့စိတ်ကို မွေးမြူပါ။
- ကိုယ်ဖြစ်ချင်တာကို တဆင့်ပြီး တဆင့် ပြောင်းလဲပါ။
- အခွင့်အလမ်းကောင်းကို ရှာဖွေလုပ်ဆောင်ပါ။
- ခင်မင်ရတဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ ထိတွေ့ဆက်သွယ်ပါ။
- ကိုယ်ဝါသနာပါတာကိုလည်း လုပ်ဖို့ မမေ့ပါနဲ့။
- အရိုးအဆစ်သန်မာဖို့ အလေးမလေ့ကျင့်ခန်း လုပ်ပါ။
Menopace with Calciumမှာ ကယ်လ်ဆီယမ်နဲ့အတူ ဗီတာမင်ဒီနဲ့ မဂ္ဂနီဆီယမ် အစရှိတဲ့ အာဟာရဓာတ်စုစုပေါင်း (၂၄) မျိုး ပေါင်းစပ်ထုတ်လုပ်ထားပါတယ်။ သွေးဆုံးအရွယ်တွေရဲ့ အရိုးကျန်းမာရေး၊ နှလုံးကျန်းမာရေးနဲ့ ဟော်မုန်းဟန်ချက်ညီမျှမှုတွေအတွက် အကောင်းဆုံးအားဆေး ဖြစ်တာကြောင့် သွေးဆုံးချိန်မှာ တစ်နေ့နှစ်လုံး မှီဝဲပေးနိုင်ပါတယ်။

Vitabiotics Myanmar

20 Oct, 10:30


ကိုယ်ဝန်ယူဖို့ ပြင်ဆင်ချိန်ကတည်းက ဖောလစ်အက်စစ်မှီဝဲခြင်း၏ အကျိုးကျေးဇူး (၄) ရပ်
အမျိုးသမီးတစ်ယောက်က ကလေးယူမယ်လို့ စတင်ဆုံးဖြတ်လိုက်တာနဲ့ ဖောလစ်အက်စစ်ကို တစ်နေ့တစ်လုံး မှီဝဲပေးသင့်ပါတယ်။ကိုယ်ဝန်ယူဖို့ ပြင်ဆင်ချိန်ကော ကိုယ်ဝန်ရှိစဉ်မှာကော ဖောလစ်အက်စစ် မှီဝဲတာကြောင့် ရရှိစေမယ့် ကောင်းကျိုးလေးတွေကတော့-
(၁) ကျန်းမာတဲ့ မျိုးအောင်ခြင်းနဲ့ သားဥကြွေခြင်းကို အထောက်အပံ့ဖြစ်စေပါတယ်။
(၂) သန္ဓေသား အာရုံကြောဆိုင်ရာရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
(၃) ကိုယ်ဝန်ဆိပ်တက်ခြင်းကို လျော့ကျစေနိုင်ပါတယ်။
(၄) သန္ဓေသားဆဲလ်တွေ သွေးနီဥတည်ဆောက်ရာမှာ ကူညီပေးပါတယ်။
တစ်နေ့မှာ ဖောလစ်အက်စစ် ၄၀ဝ မိုက်ခရိုဂရမ် သောက်သုံးပေးဖို့ လိုအပ်ပါတယ်။
ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်လုံး ကျန်းမာပျော်ရွှင်ပြီး ဉာဏ်ရည်ထက်မြက်တဲ့ ရင်သွေးရတနာလေး ပိုင်ဆိုင်ရရှိစေဖို့ (UKနိုင်ငံထုတ်) နံပါတ်တစ် Pregnacare ကိုယ်ဝန်ဆောင်အားဆေးကို ကိုယ်ဝန်စဆောင်ချိန်မှ သုံးလအထိ တစ်နေ့ တစ်လုံး မှီဝဲပေးပါ။

Vitabiotics Myanmar

20 Oct, 07:01


World Osteoporosis day ( ကမ္ဘာ့အရိုးပွရောဂါနေ့ )

ယနေ့ အောက်တိုဘာ ( ၂၀ ) ရက်နေ့သည် ကမ္ဘာ့အရိုးပွရောဂါနေ့ဖြစ်ပါသည်။

အရိုးပွ/အရိုးပါးရောဂါသည် အမျိုးသား၊ အမျိုးသမီးမရွေးဖြစ်ပွားနိုင်သောရောဂါဖြစ်ပြီး အသက် ( ၅၀ )နောက်ပိုင်းတွင် ပိုမို အဖြစ်များတတ်ပါသည်။ အသံတိတ်ရောဂါတစ်မျိုးဖြစ်တာကြောင့် လက္ခဏာထင်ရှားစွာ မတွေ့ရတတ်ဘဲ အရိုးကျိုးသည့်အခါ၊ ကျန်းမာရေးစစ်ဆေးမှုများ လုပ်ဆောင်သည့်အခါမှသာ မိမိမှာ အရိုးပွ/အရိုးပါးနေကြောင်း သိရှိရတတ်ပါသည်။ ဒါကြောင့် ခန္ဓာကိုယ်ကြီးကို ထောက်ကန်ပေးထားတဲ့ အရိုးများ၏ ကျန်းမာကြံ့ခိုင်ရေးကို အထူးအလေးထားသင့်ပြီး အရိုးပွ/အရိုးပါးရောဂါ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်သင့်ပါသည်။

အရိုးများကျန်းမာကြံ့ခိုင်နေဖို့အတွက် ကယ်လ်ဆီယမ်နဲ့ Vitamin D လုံလောက်စွာရရှိအောင် စားသောက်ပါ။ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။ မနက်နေရောင်ခြည်ခံယူပါ။ အရိုးကျန်းမာရေးပုံမှန်စစ်ဆေးပါ။ ဗီတာမင်နဲ့သတ္တုဓာတ်များပါဝင်သော ဖြည့်စွက်အားဆေးများ မှီဝဲပါ။

ကြံ့ခိုင်သန်မာသော အရိုးအဆစ်များနဲ့အတူ စိတ်သွားတိုင်းကိုယ်ပါပြီး ကျန်းမာပျော်ရွှင်သော နေ့ရက်များဆီသို့ အရောက်လှမ်းကြပါစို့။

Vitabiotics Myanmar

20 Oct, 05:31


တစ်နေ့ ( ၁ )လုံးသာ ပုံမှန်သောက်ပါ။ ကျန်းမာလှပမှုက သူ့အလိုလို ရောက်လာမှာပါ။ အဲဒါ Wellwoman အားဆေးရဲ့ အစွမ်းပါနော်။
သောက်ဖူးသူတိုင်းကြိုက်ကြပြီး ကြိုက်တဲ့သူတိုင်းလည်း ဆက်လက်မှီဝဲနေကြတဲ့ Wellwoman အမျိုးသမီးအားဆေးမှာ အာဟာရဓာတ်ပေါင်း ( ၂၄ )မျိုးပါဝင်ပြီး အမျိုးသမီးများ ကျန်းမာခွန်အားရှိစေဖို့၊ အသားအရေနဲ့ ဆံသားလှပဖို့၊ ဓမ္မတာလာချိန် ကိုယ်စိတ်ပင်ပန်းမှုတွေကို သာသာယာယာ ကျော်ဖြတ်နိုင်စေဖို့အတွက် အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။
Wellwoman ရဲ့ ထူးကဲကောင်းမွန်တဲ့ အာဟာရဓာတ်တွေကြောင့် တစ်နေ့ ( ၁ ) လုံး မှီဝဲရုံနဲ့ လှပကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါပြီနော်။

Vitabiotics Myanmar

20 Oct, 02:30


လူ့ခန္ဓာကိုယ်မှာ ခံနိုင်ရည်အားလို့ခေါ်တဲ့ ကိုယ်ခံစွမ်းအားစနစ် ကောင်းကောင်းမွန်မွန်ရှိနေမှ ပြင်ပက ရောဂါပိုးတွေ မဝင်အောင်ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် ဘယ်အသက်အရွယ်ပဲရောက်ရောက် ကိုယ်ခံအားကောင်းစေမယ့် အလေ့အကျင့်တွေကို နေ့စဉ် ပြုလုပ်ဖို့ လိုအပ်ပါတယ်။
အဲဒါတွေကတော့...ရောင်စုံအစားအစာတွေ စားတာ၊ ရေသောက်တာ၊ တစ်ည (၇-၉) နာရီ အချိန်ပေးပြီး အိပ်ရေးဝ၀အိပ်တာ၊ တစ်နေ့နာရီဝက် လေ့ကျင့်ခန်း လုပ်တာနဲ့ စိတ်ဖိစီးမှုလျှော့ချတာတို့ပဲ ဖြစ်ပါတယ်။
အားဆေးအနေနဲ့ ဖြည့်စွက်သောက်ဖို့ကတော့ Immunace ရှိပါတယ်။ Immunace မှာ ကိုယ်ခံအားစနစ်ရဲ့ လုပ်ငန်းဆောင်တာတွေကိုကောင်းစေတဲ့ ဗီတာမင်ဒီ၊ ဇင့်၊ ဆီလီနီယမ် စတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်တာကြောင့် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ရရှိစေဖို့ တစ်နေ့တစ်လုံး မှန်မှန် မှီဝဲနိုင်ပါတယ်။

Vitabiotics Myanmar

19 Oct, 05:30


အသက်ကြီးတဲ့အထိ မျက်စိအမြင်အားကောင်းနေဖို့ဆိုတာ တကယ်မလွယ်ကူပါဘူး။ ဒါပေမယ့် မဖြစ်နိုင်ဘူးလား ဆိုရင်လည်း မဟုတ်ပါဘူး။ မျက်လုံးကို သေချာဂရုစိုက်ရင်၊ မျက်စိအားကောင်းစေတဲ့ အစားအသောက်တွေ စားပေးရင်၊ ဖုန်းကြည့်ချိန်တွေ နည်းနိုင်သမျှနည်းအောင် လုပ်မယ်ဆိုရင်၊ Blood Sugar Level မများအောင် ထိန်းပေးနိုင်ရင်၊ Visionace ကဲ့သို့ မျက်စိအားဆေးကောင်းကောင်းကို ရေရှည်မှီဝဲမယ်ဆိုရင် အသက်အရွယ်ကြီးသွားရင်တောင် မျက်စိရောဂါများကင်းဝေးပြီး အမြင်အာရုံ ကောင်းမွန်နေမှာဖြစ်ပါတယ်။
မျက်လုံးအားပြည့်ကျန်းမာဖို့နဲ့ အမြင်အာရုံ ကြည်လင်ပြတ်သားဖို့အတွက် Visionace ကို ဘာကြောင့် စွဲစွဲမြဲမြဲမှီဝဲသင့်တာလဲဆိုတော့ Visionace မှာမျက်လုံးအတွက် အထူးကောင်းမွန်တဲ့ Lutein Esters ၊ Vitamin A,C,D,E , Vitamin B အုပ်စု, Magnesium, Citrus Bioflavonoids, Pantothenic Acid စတဲ့ အာဟာရဓာတ်များစွာ ပါဝင်ခြင်းကြောင့်ပါပဲ။
ဒါကြောင့် Visionace ကို တစ်နေ့ ( ၁ ) လုံးမှီဝဲပြီး အသက်ကြီးတဲ့အထိ “အမြင်အာရုံ၏ ကောင်းခြင်းÓကို ထာဝရ ပိုင်ဆိုင်လိုက်ပါနော်။

Vitabiotics Myanmar

19 Oct, 02:30


ဖိအားအမျိုးမျိုးနဲ့ ရင်ဆိုင်ရတဲ့နေ့ရက်တွေမှာ စိတ်ရော လူပါ ပင်ပန်းရတတ်ပါတယ်။ အဲဒီအခါ ကျော်ဖြတ်နိုင်စေဖို့ ဒီနည်းလမ်းလေးတွေကို မမေ့ပါနဲ့နော်။
-သူများနဲ့ မနှိုင်းယှဉ်ပါနဲ့။
-ကိုယ့်ပန်းတိုင်၊ ကိုယ့်ရည်မှန်းချက်အတိုင်း လျှောက်လှမ်းပါ။
-ကိုယ့်ကိုယ်ကို ချစ်ပါ၊ တန်ဖိုးထားပါ။
- တန်ဖိုးမရှိတဲ့အရာတွေနဲ့ အချိန်မဖြုန်းပါနဲ့။
- လှပ ကျန်းမာဖို့ ဂရုစိုက်ပါ။
- အနားယူပါ။
- သံဓာတ်အားဆေး မှီဝဲပါ။
Feroglobin သံဓာတ်အားဖြည့်ဆေးဆိုရင် ဆေးရည် နှင့် ဆေးတောင့်အနေနဲ့ပါ (၂)မျိုးလုံးရနိုင်ပြီး အလွယ်တကူ သောက်သုံးနိုင်တဲ့အပြင် ဗီတာမင် B6၊ ဗီတာမင် B12နဲ့ ဖောလစ်အက်စစ်ကိုပါ ထည့်သွင်းထားတဲ့အတွက် ပင်ပန်းနွမ်းနယ်မှု၊ နုံးချည့်မှုတွေကို သိသိသာသာ လျော့ကျစေပါတယ်။ သံဓာတ်လိုအပ်ချက်ရှိသူတိုင်းနဲ့ အထူးသင့်တော်ပါတယ်။

Vitabiotics Myanmar

18 Oct, 05:30


ကျန်းမာသန်စွမ်းတဲ့ အမျိုးသားတစ်ယောက်အဖြစ် သင့်ကိုယ်သင် ဂုဏ်ယူဝင့်ကြွားနိုင်ပြီလား?
နေ့ရက်တိုင်း ကျန်းမာသန်စွမ်း၊ လန်းဆန်းတက်ကြွနေဖို့ဆိုတာ မလွယ်ကူပေမယ့် Wellman အားဆေးနဲ့ဆိုရင်တော့ အဲဒီအဖြစ်ကိုရဖို့ မခက်ခဲပါဘူး။
Wellman မှာပါဝင်တဲ့ Siberian ဂျင်ဆင်းနဲ့ အာဟာရဓာတ်တွေက အမျိုးသားတိုင်း သက်ရှည်ကျန်းမာဖို့ကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ပြီး
-ကိုယ်ခံအားကိုတိုးစေကာ အဖျားကူးစက်မှုဒဏ်တွေကို ခံနိုင်ရည်ရှိစေခြင်း
-အမောခံနိုင်၊ အပင်ပန်းခံနိုင်စေခြင်း
-မျိုးပွားအင်္ဂါကျန်းမာရေးကို အထောက်အကူပြုပြီး မျိုးအောင်နိုင်ခြေကို မြင့်တက်စေခြင်း
-တစ်နေ့တာလှုပ်ရှားရုန်းကန်မှုတွေအတွက် စွမ်းအင်လုံလောက်စွာ ထုတ်ပေးနိုင်ခြင်းတွေကြောင့်
ကျန်းမာတဲ့စိတ်လက်ခန္ဓာနဲ့အတူ ဘယ်လိုစိတ်ပင်ပန်း/ကိုယ်ပင်ပန်းမှုမျိုးကိုမဆို သာသာယာယာနဲ့ ရင်ဆိုင်ဖြတ်ကျော်နိုင်စေမှာပါ။

Vitabiotics Myanmar

18 Oct, 02:30


ကြက်သွန်ဖြူနဲ့ နှမ်းကြတ်စေ့ဆိုတာ နှလုံးအတွက် ပါရမီဖြည့်ဖက် ( ၂ ) ပါးလို့တောင် ပြောလို့ရပါတယ်။
Antioxidant ဂုဏ်သတ္တိတွေရှိတာကြောင့် နှလုံးကျန်းမာရေးအတွက် အကျိုးများလှတဲ့အပြင် သွေးဖိအားကို လျှော့ချပေးခြင်း၊ ကိုလက်စထရော Level ကို ထိန်းညှိပေးခြင်း၊ သွေးလည်ပတ်မှုကို ကောင်းစေခြင်း၊ သွေးခဲခြင်းကို ကာကွယ်ပေးခြင်း၊ နှလုံးခုန် (Heart Rhythm)ကို မှန်စေခြင်း၊ Heart Attack ဖြစ်နိုင်ခြေကို လျှော့ချပေးခြင်း စတဲ့ အကျိုးအာနိသင်တွေရှိတာမို့ နှလုံးအတွက် အထူးကောင်းမွန်တဲ့ သဘာဝဆေးဖက်ဝင် ( ၂ )မျိုး ဖြစ်ပါတယ်။
Cardioace နှလုံးအားတိုးဆေးမှာလည်း ကြက်သွန်ဖြူနဲ့ နှမ်းကြတ်စေ့ရဲ့ အဆီအနှစ်တွေပါဝင်တာမို့ နှလုံးအားတိုးကျန်းမာဖို့အတွက် ယုံကြည်စိတ်ချစွာ မှီဝဲနိုင်ပါတယ်နော်။

Vitabiotics Myanmar

17 Oct, 02:31


မိတ်ဆွေဟာ သက်သတ်လွတ်စားသုံးသူတစ်ယောက်ဆိုရင်တော့ မိတ်ဆွေရဲ့ ခန္ဓာကိုယ်ထဲမှာ Vitamin B ချို့တဲ့မှု မဖြစ်အောင် Ultra Vit B Complex က ကူညီပေးနိုင်ပါတယ်။
Ultra Vit B Complex မှာ ဗီတာမင်ဘီအုပ်စုဝင် Vitamin B အမျိုးအစား ( ၈ )မျိုးစလုံး ပါရှိတာကြောင့် ခန္ဓာကိုယ်ရဲ့ စွမ်းအင်ထုတ်လုပ်မှုအတွက် အရေးကြီးတဲ့ Vitamin B ကို နေ့ရက်တိုင်း ပြည့်ဝစွာရရှိမှာ ဖြစ်ပါတယ်။
Vitamin B ဟာ ခန္ဓာကိုယ် ကျန်းမာဖျတ်လတ်စွာ လှုပ်ရှားသွားလာနိုင်ဖို့အတွက် အထူးလိုအပ်တဲ့ အာဟာရဓာတ်ဖြစ်တာကြောင့် လုံလောက်စွာမရရှိဘူးဆိုပါက ရေရှည်မှာ ကျန်းမာရေး ထိခိုက်လာနိုင်ပါတယ်။
အထူးသဖြင့် သက်သတ်လွတ်သမားတွေဟာ အသားငါးတွေကနေ ပေါပေါများများရတဲ့ Vitamin B ဓာတ်ကို ရရှိဖို့ မဖြစ်နိုင်တာကြောင့် Vitamin B ဖြည့်စွက်အားဆေး Ultra Vit B Complex ကို နေ့စဉ်သောက်သုံးဖို့ မမေ့သင့်ပါဘူးနော်။

Vitabiotics Myanmar

17 Oct, 00:30


ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့မှာ ပြည်သူ/ပြည်သားအပေါင်း ကောင်းခြင်းမင်္ဂလာ အဖြာဖြာတိုး၍ အေးချမ်းသာယာရှိပါစေကြောင်း Vitabiotics Myanmar မှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။

Vitabiotics Myanmar

16 Oct, 05:30


ကလေးထမင်းစားတဲ့အခါ အာဟာရစုံလင်မျှတစွာ ရရှိစေဖို့ ဒီအစာအုပ်စု(၅) ခုထဲက အနည်းဆုံး တစ်မျိုးစီ ပါအောင်ကျွေးပေးပါ။
(၁) ဟင်းသီးဟင်းရွက်
-မုန်လာဥနီ
-အစိမ်းရောင် ဟင်းရွက်
-ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီပွင့် စတာတွေ။
(၂) ပရိုတင်း
-အသား
-ငါး၊ ပင်လယ်စာ
-ပဲ
-အခွံမာစေ့၊ အစေ့အဆန်
-ဥအမျိုးမျိုး စတာတွေ။
(၃) နို့နဲ့ နို့ထွက်ပစ္စည်း
-နွားနို့
-ပဲနို့
-ဒိန်ချဉ်
- ဒိန်ခဲ စတာတွေ။
(၄) ကောက်နှံစာ
-အုတ်ဂျုံ
-ပေါင်မုန့်
-ခေါက်ဆွဲ
-ထမင်း စတာတွေ။
(၅) သစ်သီး
-ငှက်ပျောသီး
-လိမ္မော်သီး
-ပန်းသီး
-စပျစ်သီး။
အဲဒါတွေအပြင် မေမေတို့ရဲ့ သားသားမီးမီးလေးတွေ အာဟာရပြည့်ဝကျန်းမာဖို့အတွက် Wellkid အားဆေးကို နေ့စဉ် ကျွေးပေးဖို့လည်း မမေ့ပါနဲ့နော်။

Vitabiotics Myanmar Product များနဲ့ ပတ်သက်ပြီး Up to date information များ၊ ကို Vitabiotics Myanmar ရဲ့ Official Telegram channel ဖြစ်တဲ့ https://t.me/vitabioticsmm မှာ ဝင်ရောက် subscribe ပြုလုပ်ပြီး ရယူနိုင်ပါပြီ
#Wellkid
#wellman
#wellwoman

Vitabiotics Myanmar

15 Oct, 05:30


(၅၀) ကျော်အရွယ်ရောက်ပေမဲ့ ပတ်ဝန်းကျင်က (၃၀) ကျော် (၄၀) လောက်ထင်ရအောင်ကို တက်ကြွလန်းဆန်းပြီး စမတ်ကျနေတဲ့ ဦးဦးတွေ တကယ်ရှိတယ်နော်။ အိမ်ထဲမှာရော လုပ်ငန်းခွင်မှာပါ စွမ်းဆောင်ရည်မြင့်မားပြီး အလုပ်တာဝန်တွေကြား အပြုံးမပျက် ပေါ့ပါးသွက်လက်နေတဲ့ အောင်မြင်သူကြီးတွေရဲ့ လျှို့ဝှက်ချက်က အားဆေးကောင်း တစ်လက်ဖြစ်တဲ့ (UK နိုင်ငံထုတ်) Wellman50+ ပါဗျ။ ၅၀ကျော် အမျိုးသားတွေအတွက် လိုအပ်တဲ့ အာဟာရပေါင်း (၃၁) မျိုးပါဝင်ပြီး အားအင်ပြည့်ဝ စွမ်းဆောင်ရည်မြင့်မားနေစေမယ့် Wellman50+ကို နေ့စဉ် မှီဝဲသောက်သုံးနိုင်ပါတယ်။

Vitabiotics Myanmar

15 Oct, 02:30


အသည်းအားတိုးကျန်းမာဖို့အတွက်ဆို Liveril ရှိဖို့ပဲလိုတယ်နော်။ Liveril က မိတ်ဆွေတို့ရဲ့ အသည်းကို အားပြည့်စေပြီး Liver Function တွေကို ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်အောင် ကူညီပေးနိုင်လို့ပါ။
အဲဒီလို ကူညီပေးနိုင်ဖို့အတွက် Silymarin, L-Glutathione, N-acetyl cysteine, L- carnitine, Co-enzyme Q10, Choline, Inositol ,Artichoke extract, Natural mixed carotenoids စတဲ့ အသည်းအတွက် အထူးကောင်းမွန်တဲ့ အာဟာရဓာတ်တွေနဲ့ ပေါင်းစပ်ထုတ်လုပ်ထားတာကလည်း Liveril ရဲ့ အားသာချက်တစ်ခုပါပဲ။

ဒါကြောင့် မိတ်ဆွေတို့ရဲ့ အသည်းဒေါင်ဒေါင်မြည်ကျန်းမာဖို့၊ အရက်ကြောင့် အသည်းမထိခိုက်ဖို့၊ လက်ရှိခံစားနေရတဲ့ အသည်းရောဂါတွေ ပိုမို ဆိုးရွားမလာဖို့အတွက် Liveril ကို တစ်နေ့ ( ၂ )ကြိမ် အစာစားပြီးတိုင်း မှီဝဲခြင်းက အမှန်ကန်ဆုံးရွေးချယ်မှု ဖြစ်မှာပါ။

Vitabiotics Myanmar

14 Oct, 07:30


ကိုယ်ဝန်ဆောင်ချိန် စားသင့်သည့် သစ်သီး (၅) မျိုး
ကိုယ်ဝန်ဆောင်ချိန်မှာ ရာသီပေါ်သစ်သီးဝလံလေးတွေကို စားပေးတာ ကျန်းမာရေးအတွက် ကောင်းပါတယ်။
(၁) လိမ္မော်သီးစားပေးတာကြောင့် ရေဓာတ်ပြည့်ဝပြီး ဗီတာမင်စီရရှိစေပါတယ်။
(၂) ထောပတ်သီးစားပေးတာကြောင့် ဖောလိတ်ဓာတ် ရရှိစေပါတယ်။
(၃) သရက်သီးစားပေးတာကြောင့် ဗီတာမင်စီ ရရှိပြီး အအေးမိခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။
(၄) စတော်ဘယ်ရီသီးစားပေးတာကြောင့် အမျှင်ဓာတ်နဲ့ ဗီတာမင်စီရရှိစေပါတယ်။
(၅) ပန်းသီးစားပေးတာကြောင့် အမျှင်ဓာတ်နဲ့ ဗီတာမင်စီရရှိပြီး ကိုယ်ခံအားကောင်းစေပါတယ်။
(UKနိုင်ငံထုတ်) နံပါတ်တစ် Pregnacare ကိုယ်ဝန်ဆောင်အားဆေးကို ကိုယ်ဝန်စဆောင်ချိန်မှ သုံးလအထိ တစ်နေ့ တစ်လုံး မှီဝဲပေးပါ။ ကိုယ်ဝန် (၃) လနောက်ပိုင်းမှာ Pregnacare Plus ကိုယ်ဝန်ဆောင်အားဆေးကို သောက်ပေးပါ။ Pregnacare Plus ကိုယ်ဝန်ဆောင်အားဆေးကတော့ မိခင်နဲ့ ရင်သွေးအတွက် လိုအပ်တဲ့ အာဟာရတွေအပြည့်အ၀ပါ၀င်ပါတယ်။ Pregnacare ဆေးပြားနဲ့ အိုမီဂါ၃ ဖက်တီးအက်စစ်ဆေးတောင့်တို့ ပါဝင်လို့ ကလေးကို ဦးနှောက်နဲ့ မှတ်ဉာဏ်အားကောင်း စေပါတယ်။ ကလေးမွေးပြီး (၆)လအထိ ဆက်သောက်နိုင်ပါတယ်။