Myanmar Newspapers @myanmarnewspaper Channel on Telegram

Myanmar Newspapers

@myanmarnewspaper


Myanmar Newspapers (English)

Are you interested in staying updated with the latest news and headlines from Myanmar? Look no further! Join our Telegram channel, 'Myanmar Newspapers,' to get access to a comprehensive collection of news articles, editorials, and opinion pieces from various newspapers in Myanmar. Whether you are a resident of Myanmar, an expatriate, or simply interested in the country's current affairs, our channel is the perfect source for keeping yourself informed. From politics to business, sports to entertainment, we cover a wide range of topics, ensuring that you are always in the know. With a diverse selection of newspapers featured on our channel, you can explore different perspectives and stay well-informed about all the developments in Myanmar. Join us today and never miss a headline again!

Myanmar Newspapers

17 Nov, 03:02


နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ခြင်း

ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးအခွင့်အရေးဆိုင်ရာ ပြဿနာများကိုဖြေရှင်းရန်အတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများနှင့် မိတ်ဖက်များပူးပေါင်းဆောင်ရွက်ခြင်းသည် အရေးကြီးပါသည်။ ကောင်းသောအလေ့အကျင့်များနှင့် အရင်းအမြစ်များကို မျှဝေခြင်းသည် ပိုမိုကျယ်ပြန့်သော အကျိုးသက်ရောက်မှုကို အထောက်အကူပြုပါသည်။

စောင့်ကြည့်ခြင်းနှင့် အကဲဖြတ်ခြင်း

အမျိုးသမီးများ၏ အခွင့်အရေးများကို အကာအကွယ်ပေးရန်အတွက် ရည်ရွယ်သောမူဝါဒများနှင့် အစပြုမှုများ၏ ထိရောက်မှုကိုပုံမှန်စောင့်ကြည့် အကဲဖြတ်ရပါမည်။ အထက်ပါကြိုးပမ်းအားထုတ်မှုများကို ပေါင်းစပ်ခြင်းသည် အမျိုးသမီးများ၏ အခွင့်အရေးများကို ကာကွယ်ခြင်းနှင့် မြှင့်တင်ခြင်းအတွက် ကမ္ဘာတစ်ဝန်းတွင် ကျယ်ကျယ်ပြန့်ပြန့် ချဉ်းကပ်မှုတစ်ရပ်ကို အထောက်အကူဖြစ်စေပါ သည်။

အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် ပညာရေး၊ စီးပွားရေးအခွင့်အလမ်းများ၊ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီခြင်း၊ ဥပဒေဆိုင်ရာရပိုင်ခွင့်များနှင့် လူမှုရေးသဘောထားများ စသည့်အချက်များသည် အရေးကြီးပါသည်။ ပညာရေးနှင့်တန်းတူ အလုပ်အကိုင်အခွင့်အလမ်း များမှတစ်ဆင့် အမျိုးသမီးများအား စွမ်းဆောင်ပေးခြင်းဖြင့် စီးပွားရေးလွတ်လပ်မှုကို ဖြစ်ပေါ်စေ ပါသည်။ အရည်အသွေးပြည့်မီသော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဥပဒေဆိုင်ရာအခွင့်အရေးများကို လက်လှမ်းမီရရှိစေရေး၊ ကျား၊ မစံနှုန်းများနှင့် ပုံသေပုံစံများကို ကိုင်တွယ်ဖြေရှင်းခြင်းသည် အမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အားလုံးပါဝင်ပြီး ပံ့ပိုးကူညီသောလူ့အဖွဲ့အစည်းကို ဖန်တီး ရာတွင် အရေးပါသော အခန်းကဏ္ဍမှပါဝင်ပါသည်။

အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကာအကွယ်ပေးရေးတွင် ရင်းနှီးမြှုပ်နှံမှုများသည် အရေးကြီးသော်လည်း အမျိုးမျိုးသောပြဿနာများ ရှိနေပါ သည်။ ကျား၊ မ အခြေပြုအကြမ်းဖက်မှု၊ ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများမညီမျှစွာ ဝင်ရောက်မှုနှင့် ခေါင်းဆောင်မှုအခန်းကဏ္ဍများတွင် အကန့်အသတ်ဖြင့် ကိုယ်စားပြုမှုသည် တိုးတက်မှုကို ဟန့်တားစေပါသည်။

အဆိုပါစိန်ခေါ်မှုများကို ဖြေရှင်းရန် ကျယ်ကျယ်ပြန့်ပြန့် မဟာဗျူဟာများ၊ မူဝါဒများပြုပြင်ပြောင်းလဲမှုများနှင့် အမျိုးသမီးများ၏ ဘဝတိုးတက်မှုနှင့် ဘေးကင်းရေးတို့အတွက် ပါဝင်သော ပတ်ဝန်း ကျင်တစ်ခုဖန်တီးရန် စဉ်ဆက်မပြတ် ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးကူညီမှုများ လိုအပ်ပါသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများမှ တားဆီးကာကွယ်ရန် ၎င်းတို့နှင့်နီးစပ်သော အသိုက်အဝန်းသည် အရေးပါပြီးအကြမ်းဖက်မှုပြဿနာကို ပွင့်လင်းစွာဆွေးနွေးနိုင်သည့် ပတ်ဝန်းကျင်မျိုး ဖြစ်ရန်လိုသည်။ ထို့ကြောင့် ကျား၊ မ တန်းတူညီမျှမှုနှင့် အကြမ်းဖက်မှု၏ အကျိုးဆက်များအကြောင်း ကို လူထုအကြားသိရှိနားလည်အောင် ပညာပေးသင့်သည်။ အမျိုးသမီးများ စီးပွားရေးစွမ်းဆောင်မှုက အကြမ်းဖက်မှုကို လျှော့ချနိုင်သည့် အချက်တစ်ချက်ဖြစ်ပြီး ထိုသို့ဆောင်ရွက်နိုင်ရန် အမျိုးသမီးများ၏ ပညာသင်ကြားခွင့်နှင့် အလုပ်အကိုင် အခွင့်အလမ်းမြှင့်တင်ပေးခြင်းများ ပါဝင်သည်။ ဥပဒေရေးရာကဏ္ဍအနေဖြင့်လည်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို ဥပဒေကြောင်းအရ ပိုမိုကာကွယ်ပေးနိုင်ရန် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနှင့်ပတ်သက်သည့် ရှိရင်းစွဲ ဥပဒေများကို လိုအပ်ပါက ပြန်လည်ပြင်ဆင်ခြင်း၊ အသစ်ပြဋ္ဌာန်းရန်လိုအပ်ပါက အသစ်ပြဋ္ဌာန်းခြင်းများ လုပ်ဆောင်ရပါမည်။

အမျိုးသမီးများအပေါ် နည်းအမျိုးမျိုးဖြင့် အကြမ်းဖက်မှုများသည် နေရာအသီးသီးရှိ အမျိုးသမီးများအပေါ် သက်ရောက်နေသော ကမ္ဘာလုံးဆိုင်ရာပြဿနာဖြစ်သည်။ ထို့ကြောင့် အမျိုးသမီးများအတွက် လုံခြုံမှုရှိသည့် ကမ္ဘာကြီးကိုဖန်တီးရန် ရပ်ရွာ၊ မြို့နယ်အဆင့်ဆင့်မှသည် အမျိုးသားအဆင့်၊ နိုင်ငံတော်အဆင့်၊ ကမ္ဘာလုံးဆိုင်ရာအဆင့်အထိ ပူးပေါင်းကြိုးပမ်းကြရမည် ဖြစ်ကြောင်းကို တိုက်တွန်းရေးသားလိုက်ရပါသည်။ ။

https://t.me/myanmarnewspaper/155067

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

Myanmar Newspapers

17 Nov, 03:02


အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ဖို့ အားလုံးဝိုင်းဝန်းကြိုးပမ်းစို့

ကိုဘုန်း (ထုတ်လုပ်)

အမျိုးသား၊ အမျိုးသမီးနှစ်ဦးစလုံးတို့သည် မွေးဖွားသည်မှစ၍ တူညီသောအခွင့်အလမ်းများနှင့် အခွင့်အရေးများရှိကြသည်။ လူသားဖြစ်တည်မှုတွင် လူသားတစ်ယောက်၏ ရပိုင်ခွင့်၊ ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးတို့သည် ညီမျှသောအခြေခံစံနှုန်းများဖြစ်သည်။ နိုင်ငံတကာတွင် ကျား၊ မ တန်းတူညီမျှ အခွင့်အရေးရရှိမှုကို ဆန်းစစ်ကြည့်ပါက နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးစသည့် အခန်းကဏ္ဍများတွင် အမျိုးသားများနည်းတူ အမျိုးသမီးများပါဝင်ခွင့်ရရှိရေး အားနည်းခဲ့သည်။ ကမ္ဘာပေါ်တွင် အမျိုးမျိုးသောအခြေအနေများကြောင့် သန်းပေါင်းများစွာသော အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ အလွဲသုံးစားမှုများ ခံစားနေရချိန်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်၍ အသိပညာပေးနိုင်ရေးသည် အထူးအရေးပါသည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုသည် ကမ္ဘာတစ်ဝန်းတွင် ပျံ့နှံ့နေပြီးနက်နဲစွာအမြစ် တွယ်နေသည့် ပြဿနာတစ်ရပ်လည်းဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အဆိုအရ ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးသုံးဦးတွင် တစ်ဦးခန့်သည် ၎င်းတို့၏ တစ်သက်တာတွင် ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို တွေ့ကြုံခံစားခဲ့ကြရသည်။ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုသည် ရေတွက်ရန်ခက်ခဲသော်လည်း အမျိုးသမီးများအပေါ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေသော အကြမ်းဖက်မှုများရှိနေသည်။ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွင် စိတ်ပိုင်းဆိုင်ရာခြယ်လှယ်မှုများ၊ ခြိမ်းခြောက်မှုများနှင့် အရှက်ရစေသည့် အပြုအမူများ ပြသခံရခြင်းတို့ ပါဝင်သည်။ အမျိုးသမီးအများအပြားသည် ၎င်းအကြမ်းဖက်မှုများကို တိတ်ဆိတ်စွာ ခံစားနေကြရသည်။ အမျိုးသမီးများ၏ ၃၅ ရာခိုင်နှုန်းနီးပါးသည် ၎င်းတို့၏ လက်တွဲဖော် သို့မဟုတ် လက်တွဲဖော်မဟုတ်သော သူများ၏လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပုံစံအချို့ကို တွေ့ကြုံခံစားခဲ့ရကြောင်း ကုလသမဂ္ဂ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ အမျိုးသမီးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သုတေသနစင်တာမှ ခန့်မှန်းသည်မှာ နှစ်စဉ် အသက် ၁၈ နှစ်မတိုင်မီ ကမ္ဘာပေါ်ရှိ မိန်းကလေး ၁၂ သန်းခန့်သည် ၎င်းတို့၏ဆန္ဒကိုဆန့်ကျင်ပြီး လက်ထပ်ကြရသည်။ ယင်းသို့ ကလေးထိမ်းမြားလက်ထပ်ခြင်းက မိန်းကလေးငယ်များအား အကြမ်းဖက်မှုဖြစ်နိုင်ခြေ ပိုများစေသည်။

အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည် လူကုန်ကူးခံရသူအားလုံး၏ ၇၁ ရာခိုင်နှုန်းရှိသည်။ လူကုန်ကူးခြင်းခံရပါက လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း သို့မဟုတ် အိမ်တွင်းကျွန်အဖြစ် အတင်းအဓမ္မခိုင်းစေခြင်းများ ပြုလုပ်လေ့ရှိသည်။ အင်တာနက် ထွန်းကားလာသည်နှင့်အမျှ အွန်လိုင်းပေါ်မှ နှောင့်ယှက်ခံရမှုသည်အရေးပါသော ပြဿနာတစ်ခု ဖြစ်လာသည်။ အမျိုးသမီးများသည် မကြာခဏဆိုသလို ဆိုက်ဘာတိုက်ခိုက်ခံရခြင်း၊ ၎င်းတို့၏ဆိုရှယ်မီဒီယာအကောင့်များမှ အချက်အလက်များရယူ၍ နှောင့်ယှက်ခံရခြင်း၊ ငွေညှစ်ခံရခြင်း၊ အမျိုးသမီးများ၏ပုံများကို ကာယကံရှင်၏ သဘောတူညီချက်မပါဘဲမျှဝေခြင်းတို့ဖြင့် အွန်လိုင်းပေါ်မှ နှောင့်ယှက်မှုခံရခြင်းများ ကြုံတွေ့ နေကြရသည်။

နိုင်ငံတော်၏ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးလုပ်ငန်းအစီအစဉ်များ

မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးလုပ်ငန်း အစီအစဉ်များကိုအကောင်အထည်ဖော်လျက်ရှိသည်။ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို မြန်မာနိုင်ငံက ၁၉၉၇ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြုလက်မှတ်ရေးထိုးခဲ့ပါသည်။ ထို့အပြင် အာဆီယံအမျိုးသမီးကော်မတီ၊ ကလေးသူငယ်အခွင့်အရေးများမြှင့်တင်ရေးနှင့် ကာကွယ် စောင့်ရှောက်ရေးကော်မရှင်အဖွဲ့ဝင် နိုင်ငံလည်းဖြစ်ပြီး ကျန်အာဆီယံနိုင်ငံများနည်းတူ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးလုပ်ငန်းများအား တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီသည်လည်း အမျိုးသမီးအခွင့်အရေးမြှင့်တင်ဖော်ဆောင်သည့် လုပ်ငန်းများကို မူဝါဒ(၄)ရပ်၊ လုပ်ငန်းတာဝန်(၁၂)ရပ်ချမှတ်ပြီး ဆောင်ရွက်လျက်ရှိသည်။

Myanmar Newspapers

17 Nov, 03:02


နိုင်ငံတော်အဆင့်အနေဖြင့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီနှင့် လုပ်ငန်းကော်မတီများကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို သတင်းပို့ တိုင်ကြားနိုင်ရန် ၂၄ နာရီ Help Line ဝန်ဆောင်မှုကို ၂၀၁၆ ခုနှစ်ကတည်းက စတင်ထူထောင်ထားခဲ့ပြီးဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအခမ်းအနားများကို စတင်ကျင်းပခဲ့သည်။ အကြမ်းဖက်ခံရသူများကို တရားရင်ဆိုင်ခရီးစရိတ်နှင့် အသက်မွေးဝမ်းကျောင်းစရိတ်များ ထောက်ပံ့ပေးခြင်း၊ လုံခြုံရေးအတွက် နားခိုရာနေရာများ စီစဉ်ပေးခြင်း၊ အခြားသောဝန်ဆောင်မှုများ ရရှိနိုင်ရေး ညွှန်းပို့ချိတ်ဆက်ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။ အကြမ်းဖက်ခံရသည့် အမျိုးသမီးများကို ယာယီလက်ခံစောင့်ရှောက်ပေးနိုင်ရေးအတွက် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ လားရှိုး၊ လွိုင်ကော်နှင့်မုံရွာမြို့တို့တွင် One Stop Women Support Center များ ဖွင့်လှစ်ထားရှိပြီး ဝန်ဆောင်မှုများပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်ကို အသုံးပြုပြီး လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲသူ (Case Manager) ၂၅၀ ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။

အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးခြင်း

အမျိုးသမီးများ၏ စွမ်းရည်ကိုမြှင့်တင်ပေးခြင်းဖြင့် နိုင်ငံတစ်နိုင်ငံချင်းစီ၏ ကုန်ထုတ်စွမ်းအားများ တိုးတက်မြင့်မားလာမည်ဖြစ်သည်။ ထို့ကြောင့် အမျိုးသမီးတစ်ဦးချင်းစီ၏ အရည်အချင်း၊ အရည်အသွေးလုပ်ကိုင်နိုင်စွမ်းတို့ကို မြှင့်တင်ပေးပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကိုင်ဆောင်ရွက်သင့်သည်။ ထိုသို့ဆောင်ရွက်ရာတွင် အမျိုးသမီးများ၏ အခွင့်အရေးကို ကာကွယ်ပေးခြင်း၊ ကျား၊ မတန်းတူညီမျှမှုကိုမြှင့်တင်ခြင်း၊ အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးမြှုပ်နှံခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်သည်။ အမျိုးသမီးများ၏အခွင့်အရေးကို အောက်ပါအချက်များဖြင့် ကာကွယ်ပေးနိုင်သည်။

ခိုင်မာသောဥပဒေမူဘောင်

ကျား၊ မရေးရာအခြေခံအကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှုနှင့် တန်းတူညီမျှအခွင့်အရေးများကဲ့သို့ သောပြဿနာများကို ဖြေရှင်းပေးသည့် အမျိုးသမီးများ၏ အခွင့်အရေးကိုအာမခံသည့် ခိုင်မာသော ဥပဒေမူဘောင်များကို လိုက်နာကျင့်သုံးရန် လိုအပ်ပါသည်။

ပညာရေး

မိန်းကလေးငယ်များနှင့် အမျိုးသမီးများအတွက် ပညာရေးကိုမြှင့်တင်ပေးပြီး အရည်အသွေး ပြည့်မီသောပညာရေးကို တန်းတူရရှိစေရမည်။ ပညာရေးသည် အမျိုးသမီးများ၏ အရည်အချင်းများကို မြှင့်တင်ပေးပြီး ကျား၊ မ စံနမူနာများကိုချိုးဖျက်ရန် ပံ့ပိုးပေးပါသည်။

စီးပွားရေးစွမ်းဆောင်မှု

တန်းတူညီမျှ စီးပွားရေးအခွင့်အလမ်းများ၊ မျှတသောလုပ်ခလစာနှင့် အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိရေးကို ဆောင်ရွက်ရမည်။ စီးပွားရေးစွမ်းဆောင်မှုသည် ၎င်းတို့၏ လွတ်လပ်မှုကို မြှင့်တင်ပေးပြီး အားနည်းချက်ကို လျှော့ချပေးပါသည်။

ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုများ၊ မိခင်စောင့်ရှောက်မှုနှင့် အမျိုးသမီးများအပေါ် သက်ရောက်မှုရှိသော သီးခြားကျန်းမာရေးပြဿနာများကို ဖြေရှင်းပေးခြင်းအပါအဝင် အမျိုးသမီးများကို အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုများ လက်လှမ်းမီနိုင်စေရန်ဆောင်ရွက် ပေးရမည်ဖြစ်သည်။

နိုင်ငံရေးပါဝင်မှု

နိုင်ငံရေးလုပ်ငန်းစဉ်များနှင့် ခေါင်းဆောင်မှုအခန်းကဏ္ဍများတွင် အမျိုးသမီးများ၏ တက်ကြွစွာပါဝင်မှုကို အားပေးရမည်။ ကျား၊ မရေးရာရှုထောင့်များကို ထည့်သွင်းစဉ်းစားသည့် မူဝါဒများအတွက် အမျိုးသမီးများဆုံးဖြတ်ချက်ချသည့်ရာထူးများတွင် ထားရှိခြင်းသည် မရှိမဖြစ် လိုအပ်ပါသည်။

လူမှုအသိအမြင်နှင့် ယဉ်ကျေးမှုဆိုင်ရာများ

ကျား၊ မ မညီမျှမှုကို ဆက်လက်တည်မြဲစေမည့် ကျား၊မ မညီမျှမှုများကို ဆန့်ကျင်သည့် စံနမူနာများနှင့် ယဉ်ကျေးမှုစံနှုန်းများကို စိန်ခေါ်ရန်အတွက် လူမှုအသိအမြင်ကို မြှင့်တင်ပေးရပါမည်။ ကျား၊ မ တန်းတူညီမျှမှုအပေါ် လူ့အဖွဲ့အစည်း၏ သဘောထားများ အပြောင်းအလဲကို အားပေးအားမြှောက် ပြုခြင်းသည် အရေးကြီးပါသည်။

မီဒီယာကိုယ်စားပြုမှု

ပုံသေပုံစံများကိုစိန်ခေါ်ပြီး လူမှုအသိုင်းအဝိုင်း၏ ခံယူချက်များကို ပြောင်းလဲရန်အတွက် အထောက်အကူဖြစ်စေရန်အတွက် မီဒီယာများတွင် အမျိုးသမီးများ၏ အပြုသဘောဆောင်ပြီး တိကျမှန်ကန်သော ကိုယ်စားပြုမှုကို မြှင့်တင်ပေးရမည်။

ပံ့ပိုးမှုစနစ်များ

အကြမ်းဖက်မှု သို့မဟုတ် ခွဲခြားဆက်ဆံခံရမှု ရင်ဆိုင်နေရသော အမျိုးသမီးများအတွက် ရုပ်ဝတ္ထု ပစ္စည်းများနှင့် အကြံဉာဏ်ပေးခြင်းဝန်ဆောင်မှုများ အပါအဝင် ပံ့ပိုးမှုစနစ်များ ထူထောင်ပေးခြင်း၊ ကျား၊ မ အခြေပြုအကြမ်းဖက်မှုများကို အစီရင်ခံခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းသည် အရေးကြီးပါသည်။

Myanmar Newspapers

17 Nov, 02:22


အာရှဒေသသစ်တောကဏ္ဍပူးပေါင်းဆောင်ရွက်ရေးအဖွဲ့

သိန်းသန်းထွန်း(သစ်တော)

နိဒါန်း

မြန်မာနိုင်ငံ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့သစ်တောမူဝါဒ ပဓာနအချက် (၆)ချက်နှင့်အညီ မြန်မာ့သစ်တော သယံဇာတများ ရေရှည်တည်တံ့စေရေး၊ သစ်တောဂေဟစနစ်များ ထိန်းသိမ်းကာကွယ်ရေး၊ သစ်တောထွက်ပစ္စည်းများ ရေရှည်စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန် စီမံအုပ်ချုပ်ရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေး၊ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးဌာနနှင့် ပုဂ္ဂလိကသစ်တောစိုက်ခင်းများ အောင်မြင်စွာ တည်ထောင်စိုက်ပျိုးရေး၊ သစ်တောပြုန်းတီးခြင်းနှင့် တောအဆင့်အတန်းကျဆင်းခြင်းမှ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးလုပ်ငန်း စဉ်များဆောင်ရွက်ရေး၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ပင်လယ်ကမ်းရိုးတန်း ဒေသများစီမံအုပ်ချုပ်ရေးနှင့် ကုလသမဂ္ဂထောင်စုနှစ် ရည်မှန်းချက်ပါ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းများအောင်မြင်စေရေး၊ ပါရီ ညီလာခံသဘောတူညီချက်ပါ နိုင်ငံအလိုက် ကတိကဝတ်များ အောင်မြင်စေရေး စသည့်လုပ်ငန်းများကို နိုင်ငံတော်က ပြည်ထောင်စုနှင့် တိုင်းဒေသကြီးရန်ပုံငွေများအသုံးပြုကာ ဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရန်ပုံငွေနှင့်နည်းပညာအကူ အညီအထောက်အပံ့များရယူပြီး စီမံကိန်းလုပ်ငန်းများ (Projects) ပူးပေါင်း ဆောင်ရွက်လျက်ရှိနေပါသည်။

သစ်တောဦးစီးဌာနနှင့်ရန်ပုံငွေနှင့် နည်းပညာအကူအညီပေးအပ်နေသော ပူးပေါင်းလုပ်ကိုင်နေသည့် နိုင်ငံတကာ အဖွဲ့အစည်းများအနက်မှ “အာရှဒေသ သစ်တောကဏ္ဍပူးပေါင်းဆောင်ရွက်ရေးအဖွဲ့” (Asian Forest Cooperation Organization- AFoCO) အကြောင်းကို မျှဝေတင်ပြအပ်ပါသည်။

အဖွဲ့အစည်းဖြစ်ပေါ်လာမှု သမိုင်းကြောင်း အကျဉ်းချုပ်

(က) အဖွဲ့အစည်းဆိုင်ရာ အချက်အလက် များ

(၁) အာရှဒေသ သစ်တောကဏ္ဍ

ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ အစည်း (Asian Forest Cooperation Organization-AFoCO)သည် အာရှနိုင်ငံများအတွင်း အစိုးရအဖွဲ့အစည်းများအကြား သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အားကောင်းခိုင်မာစေရေး နည်းပညာဆိုင်ရာ ကူညီထောက်ပံ့ပေးရေးနှင့် ထာဝစဉ်တည်တံ့စေမည့် သစ်တောစီမံအုပ်ချုပ်မှု (Sustainable Forest Management)နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆိုးကျိုးများလျော့ပါးသက်သာ စေရေးလုပ်ငန်းများ၊ လက်တွေ့လုပ်ကိုင်ရာတွင် မူဝါဒအုတ်မြစ် ခိုင်မာစေရေး ရည်ရွယ်လျက်ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်ပါသည်။
၂၀၀၉ ခုနှစ် တောင်ကိုရီးယားနိုင်ငံဂျေဂျူး (Jeju ၊ South Korea) တွင် တောင်ကိုရီးယားနိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများ (ASEAN) ၏ ထိပ်သီးဆွေးနွေးပွဲတွင် AFoCO ဖွဲ့စည်းရန် စတင်အဆိုပြုတင်ပြခဲ့ပါသည်။ အာဆီယံနိုင်ငံ အကြီးအကဲများကလည်းဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြပါသည်။

ထို့နောက် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့တွင် ကျင်းပခဲ့သော (၁၄)ကြိမ်မြောက် အာဆီယံ-ကိုရီးယား ထိပ်သီးညီလာခံတွင် သစ်တောကဏ္ဍပူးပေါင်းဆောင်ရွက် ရေးအတွက် အဖွဲ့ဝင်နိုင်ငံများ၏ အစိုးရများအကြား သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ကြပါသည်။ ထိုသဘောတူညီမှုသည် ၂၀၁၂ ခုနှစ် သြဂုတ်လ ၅ ရက်နေ့မှ စတင်သက်ဝင်လှုပ်ရှား သက်ရောက်လာခဲ့ပါသည်။

တောင်ကိုရီးယားနိုင်ငံနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအပြင် အခြားသော အာရှတိုက်ရှိနိုင်ငံများဖြစ်သော ဘူတန်၊ ကာဇက်စတန်၊ မွန်ဂိုလီးယားနိုင်ငံတို့ကိုလည်း ဖိတ်ကြား၍ ရှင်းလင်းဆွေးနွေး ဖိတ်ခေါ်ခဲ့ကြ ပါသည်။

ဆက်လက်၍ တောင်ကိုရီးယားနိုင်ငံ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အခြားသော အလားအလာရှိသည့် နိုင်ငံများအနေဖြင့် AFoCO ဖွဲ့စည်းတည်ထောင်ရေးဆိုင်ရာ သဘောတူညီမှုရရှိရေးအတွက် ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ဆွေးနွေးပွဲ(၆)ကြိမ် အောင်မြင်စွာကျင်းပ၍ ဆောင်ရွက်ခဲ့ကြပါသည်။

ထို့နောက် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် AFoCO တည်ထောင်ရေး သဘောတူညီချက် ပြဋ္ဌာန်းကာ ၂၀၁၈ ခုနှစ်ဧပြီလ ၂၇ ရက်နေ့မှစတင်၍ စတင်အာဏာသက်ဝင်လှုပ်ရှား လုပ်ကိုင်လာခဲ့ပါသည်။

မျှော်မှန်းချက်များ (AFoCO’s Vision)

“အာရှဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝတည်ငြိမ်တိုးတက်စေရေး၊ သစ်တောနှင့် သယံဇာတအရင်းအမြစ်များ ထိန်းသိမ်းကာကွယ်ရေးနှင့်စိမ်းလန်းသော အာရှဒေသတစ်ခုအဖြစ် ရေရှည်ရပ်တည်ရှင်သန်ရေး” မျှော်မှန်းချက်များထားရှိ ဆောင်ရွက်လျက်ရှိနေပါသည်။

လုပ်ငန်းတာဝန်များ (AFoCO Mission)

အာရှဒေသ၏ သစ်တောကဏ္ဍပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းခိုင်မာစေရေး၊ ထာဝစဉ်တည်တံ့စေသော သစ်တောစီမံအုပ်ချုပ်မှုလုပ်ငန်းစဉ်များ အောင်မြင်စေရေးအတွက် မူဝါဒဆိုင်ရာ ထောက်ပံ့ပေးရေး၊ စွမ်းဆောင်ရည် မြှင့်တင်ပေးရေးနှင့် ရာသီဥတုပြောင်းလဲ မှုဆိုင်ရာ ဆိုးကျိုးများကိုတွန်းလှန်ရာတွင် သက်ဆိုင်သူများအားလုံး အတူတကွပူးပေါင်းပါဝင် လုပ်ကိုင်လာစေရေးတို့ကို အဓိကလုပ်ငန်းတာဝန်များအဖြစ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိနေပါသည်။

Myanmar Newspapers

17 Nov, 02:22


ပူးပေါင်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းနယ်ပယ်များ

ပူးပေါင်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းနယ်ပယ်များမှာ-

(က) ထာဝစဉ် တည်တံ့စေသော သစ်တောစီမံအုပ်ချုပ်မှု

(ခ) သစ်တော အတန်းအစား ကျဆင်းခြင်းနှင့် သစ်တော ပြုန်းတီးမှုမှ ကာကွယ်ခြင်း

(ဂ) ရာသီဥတု ပြောင်းလဲမှု လျော့ပါးသက်သာစေရေးနှင့် သစ်တောကာဗွန် တိုးတက် စေခြင်း

(ဃ) သစ်တောကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနလုပ်ငန်းများ အောင်မြင်စေရေးနှင့် စွမ်းဆောင်ရည်မြင့်မားရေးလုပ်ငန်းစဉ်များ ထောက်ပံ့ပေးရေး၊

အဓိကအင်္ဂါရပ်(၂)ခု(Main Organs of AFoCO)

AFoCO အဖွဲ့အစည်း၏ အဓိကအင်္ဂါရပ်(၂)ခုမှာ

(က) မျက်နှာစုံညီအစည်းအဝေး (Assembly) နှင့်

(ခ) ဌာနချုပ်ရုံး(Secretariat) တို့ ဖြစ်ကြသည်။

(က) မျက်နှာစုံညီအစည်းအဝေး (Assembly)

AFoCO အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်ပေးစွမ်းသော စုဖွဲ့ထားရှိသည့်အရာဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံတိုင်းမှ အဆင့်မြင့် သစ်တောအရာရှိကြီးများ ကိုယ်စားပြု ပါဝင်ကြသည်။

(ခ) ဌာနချုပ်ရုံး(Secretariat)

AFoCO ဌာနချုပ်ရုံးကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ရုံးစိုက်အခြေပြု ဆောင်ရွက်လျက်ရှိပြီး ဌာနချုပ်ရုံးကို ဦးဆောင်ညွှန်ကြားရေးမှူး (Executive Director)က စီမံအုပ်ချုပ်ပါသည်။ ဦးဆောင်ညွှန်ကြားရေးမှူးကို အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်တော်ကြီးများ ပါဝင်သော မျက်နှာစုံညီအစည်းအဝေးမှ ရွေးချယ်တင်မြှောက်ခြင်းဖြစ်ပါသည်။

AFoCO အဖွဲ့အစည်း၏ ဦးဆောင်ညွှန်ကြားရေးမှူးများ

AFoCO အဖွဲ့အစည်း၏ ဦးဆောင် ညွှန်ကြားရေးမှူးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့မှုမှတ်တမ်းကို တင်ပြအပ်ပါသည်။

AFoCO အဖွဲ့အစည်း၏ အမြုတေတန်ဖိုး (၆)ခု (Six Core Values of AFoCO) အာရှဒေသသစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း၏ မူဝါဒရေးရာ (၁၀) ချက်

မူဝါဒရေးရာ (၁၀)ချက်ကို ဦးထိပ်ထား၍ လုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။

(၁) အာရှနှင့် ပစိဖိတ်ဒေသ၏ သစ်တော မြေယာရှုခင်း ပြန်လည် တည်ထောင်ရန်၊

(၂) သစ်တောအခြေခံသော ရာသီဥတု ပြောင်းလဲမှုနှင့် လိုက်လျောညီထွေ စွာ နေထိုင်တတ်စေရန်၊

(၃) လူထုအခြေပြုသစ်တောစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊

(၄) သစ်တောကဏ္ဍတွင် ပြည်သူနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက် မှုကို မြှင့်တင်ရန်၊

(၅) သစ်တောမီး စီမံအုပ်ချုပ်ရေး အတွက် စုပေါင်းဆောင်ရွက်သော သတင်းအချက်အလက်စနစ်ဖော် ဆောင်ရန်၊

(၆) ဂေဟစနစ် ဝန်ဆောင်မှုပေးချေ ခြင်းစနစ်ဖော်ဆောင်ရန်၊

(၇) သစ်တောပြစ်မှုများ ထိန်းချုပ်ရေးနှင့် ထာဝစဉ်တည်တံ့စေသော သစ်တောစီမံအုပ်ချုပ်မှုစနစ် ဖော်ဆောင်ရန်၊

(၈) သစ်တောပြုန်းတီးခြင်းနှင့် တော အဆင့်အတန်း ကျဆင်းခြင်းမှ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး လုပ်ငန်းစဉ်နှင့် သစ်တောမြေယာ ရှုခင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို ဟန်ချက်ညီ မျှတစွာ ပေါင်းစပ်လုပ်ကိုင်သွားရန်၊

(၉) အာရှတိုက်၏ သစ်တောကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ပတ်သက်ဆက်နွှယ်သူများ၏ စွမ်းဆောင် ရည်မြှင့်တင်ရန်၊

(၁၀) ပဲရစ်သဘောတူညီချက်ပါ ကာဗွန် အကျိုးအမြတ်နှင့် ရာသီဥတု ဆိုင်ရာရန်ပုံငွေ လိုအပ်ချက်ကို ရှာဖွေထောက်ပံ့ပေးရန်တို့ ဖြစ်ကြပါသည်။

အဖွဲ့ဝင် (၁၅) နိုင်ငံနှင့် လေ့လာသူ နှစ်နိုင်ငံစာရင်း

အဖွဲ့ဝင်နိုင်ငံ(၁၅)နိုင်ငံမှာ-

(၁) ဘူတန်၊ (၂) ဘရူနိုင်းဒါရူဆလမ်၊ (၃) ကမ္ဘောဒီးယား၊ (၄) အင်ဒိုနီးရှား၊ (၅) ကာဇက်စတန်၊ (၆) လာအို၊ (၇) မွန်ဂို လီးယား၊ (၈) မြန်မာ၊ (၉) ဖိလစ်ပိုင်၊ (၁၀) တောင်ကိုရီးယား၊ (၁၁) ထိုင်း၊ (၁၂) တီမောလက်စတေ၊ (၁၃) ဗီယက်နမ်၊ (၁၄) တာဂျစ်ကစ္စတန်နှင့် (၁၅) ခရိုင် ဆက်စတန်နိုင်ငံတို့ ဖြစ်ကြသည်။ လေ့လာသူနှစ်နိုင်ငံမှာ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့ ဖြစ်ကြသည်။

မဟာဗျူဟာမြောက်ဦးစားပေးအစီအစဉ် များ(Strategic Priorities)

AFoCO အဖွဲ့အစည်းအနေဖြင့် ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ငါးနှစ်ကြာကာလ အတွင်း မဟာဗျူဟာမြောက် ဦးစားပေး အစီအစဉ်များ ရေးဆွဲ၍ လုပ်ငန်းစီမံကိန်း များကို အဖွဲ့ဝင်နိုင်ငံများတွင် လက်တွေ့ အကောင်အထည်ဖော် အောင်မြင်အောင် ဆောင်ရွက်လျက်ရှိပါသည်။

(က) သစ်တောပြန်လည်ထူထောင်ခြင်း စံပြလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း

သစ်တောဂေဟစနစ်များ သဘာဝနေရင်းဒေသများနှင့် ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝ အထောက်အကူပြုစေရန် ရည်ရွယ်လျက် သစ်တောပြန်လည်စိုက်ပျိုးခြင်းနှင့် ဂေဟစနစ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဦးစားပေးဒေသများ ရွေးချယ်လုပ်ကိုင် ဆောင်ရွက်ပေးရန်ဖြစ်ပါသည်။

(ခ) ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျော ညီထွေမှုရှိစွာ နေထိုင်နိုင်ရေးအတွက် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များဆောင်ရွက်ပေးခြင်း

အားနည်းချက်ရှိသော အဖွဲ့ဝင်နိုင်ငံများတွင် မူဝါဒချမှတ်ရေးဆိုင်ရာများ သိပ္ပံနည်းကျလေ့လာခြင်းနှင့် လက်တွေ့ အကောင်အထည်ဖော်ရာတွင် သင့်လျော်သော နည်းစနစ်များနှင့် ချဉ်းကပ်မှု နည်းလမ်းများအသုံးပြုစေရေး ထောက်ပံ့ ကူညီမှုပြုပေးရန်ဖြစ်ပါသည်။

Myanmar Newspapers

17 Nov, 02:22


(ဂ) သစ်တောနှင့်ဆက်နွှယ်သည့် သဘာဝဘေးအန္တရာယ်များ စီမံခန့်ခွဲရာတွင် ထိရောက်သောနည်းပညာများ အသုံးပြု နိုင်ရန် ဆောင်ရွက်ပေးခြင်း

သစ်တောနှင့် ဆက်နွှယ်သည့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ နည်းပညာအသုံးပြုကာ ကြိုတင်ကာကွယ်ရေးနှင့် ထိရောက်သော တုံ့ပြန်ထိန်းချုပ်နိုင်စွမ်းအားများ ရရှိစေရေး နမူနာပြလုပ်ဆောင်ခြင်းများ ဆောင်ရွက်ပေးသွားရန်ဖြစ်သည်။

(ဃ) ဒေသနေပြည်သူများ၏ လူမှုဘဝတိုးတက်စေရေးနှင့် လူထုအခြေပြု အသေးစားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး ဆောင်ရွက်ပေးခြင်း

ဂေဟစနစ် ဝန်ဆောင်မှုပေးချေခြင်း စနစ်ဆောင်ရွက်ရန် နည်းလမ်းပြသပေး ခြင်း၊ သစ်တောအခြေပြုနှင့် လူထု အခြေပြု အသေးစားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် သင့်လျော်သော လက်မှုလုပ်ငန်း သင်တန်းများပို့ချပေး ခြင်း၊ ဝင်ငွေတိုးအခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ဥယျာဉ်သီးနှံနှင့် စားသုံးသီးနှံ ပင်များကို သစ်တောစိုက်ခင်းများတွင် စုစည်းစိုက်ပျိုးစေပြီး တစ်ဖက်တစ်လမ်းမှ ဝင်ငွေတိုးတက်ရရှိစေမည့် လုပ်ငန်းများ ဆောင်ရွက်ပေးရန်ဖြစ်သည်။

(င) အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည် တိုးတက်မြင့်မားစေခြင်းနှင့် ဒေသတွင်း တိုးတက်ရေးလုပ်ငန်းများအား စုပေါင်း စုစည်း ဆောင်ရွက်ပေးခြင်း

အဖွဲ့ဝင်နိုင်ငံများအတွင်းရှိ သစ်တောအဖွဲ့အစည်းများ၏ လုပ်ငန်းဆိုင်ရာ စွမ်းဆောင်ရည် တိုးတက်မြင့်မားစေရေးနှင့် အခြားသောမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ် ချဲ့ထွင်ကာ ပိုမိုထိရောက်အောင်မြင်စွာစုပေါင်းလုပ်ဆောင်တတ်စေရန် လေ့ကျင့်ပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

“အာရှဒေသ သစ်တောကဏ္ဍပူးပေါင်းဆောင်ရွက်ရေးအဖွဲ့” (Asian Forest Cooperation Organization AFoCO) အဖွဲ့အစည်းနှင့် AFoCO RETC သင်တန်းကျောင်း ဖွဲ့စည်းတည်ထောင် ခြင်း (၇)နှစ်ပြည့် (၂၀၁၈ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ) အထိမ်းအမှတ်နှင့် မြန်မာ နိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံများ၏ သစ်တောကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝ တည်ငြိမ်တိုးတက်စေရေးတို့ကို ဆောင်ရွက်ပေးနေသော “အာရှဒေသသစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့” AFoCO အဖွဲ့အစည်း၊ ကိုရီးယား-မြန်မာချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေရေးနှင့် သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အဓွန့်ရှည်တည်တံ့ပါစေကြောင်း ရေးသား လိုက်ရပါသည်။ ။

https://t.me/myanmarnewspaper/155064

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

Myanmar Newspapers

17 Nov, 02:22


အာရှဒေသသစ်တောကဏ္ဍပူးပေါင်းဆောင်ရွက်ရေးအဖွဲ့

Myanmar Newspapers

17 Nov, 02:04


လက်ဆောင်

မဝယ်ဘူး
မယ်ခူးတဲ့ ဖက်စို။
မီးမကူ နေပူမှာ မကင်အားလို့
ထားရတယ် အိပ်ရာအောက်မှာ
မင်းသောက်ဖို့ကို။
ညှာအနား
ရှေ့သွားနှင့် ကိုက်လို့ တို
မချိုတောင့် လိပ်ဆေး။
ပိုးမကူ
ဝါချည်ဖြူ တစ်ပင်ရစ်ကယ်နှင့်
ငယ်ချစ်မောင် ရွှေဝသွားကို
ပါးလိုက်ကဲ့လေး။ ။
မိန်းမပျိုလေးက ချစ်သူမောင်ကို ဆေးလိပ်လက်ဆောင်ပေးသော ကဗျာ ဖြစ်သည်။ ထိုလက်ဆောင်သည် သာမန် လက်ဆောင်မဟုတ်။ ထူးထူးခြားခြား ပြုလုပ်ထားသော ပစ္စည်းဖြစ်သည်။ ချစ်သူ မောင်အတွက် ဆေးလိပ်ကို မယ်ကိုယ်တိုင်လိပ်သည်။ ဆေးလိပ်လိပ်မည့်ဖက်ကို ဝယ်ယူခြင်း မဟုတ်ဘဲ မယ်ကိုယ်တိုင် လတ်ဆတ် စိမ်းစိုသောဖက်ကို ခူးထားခြင်းဖြစ်သည်။ ဖက်ကိုခြောက်သွေ့စေရန် မီးလည်း မကင်၊ နေပူလည်းမလှန်းရက်။ ဖက်ခြောက်၍ နူးညံ့ပျော့ပျောင်းအောင် မယ့်အိပ်ရာအောက်တွင်ထား၍ ကိုယ်ငွေ့ဖြင့် ခြောက်သွေ့စေသည်။ တစ်ဖန်ဆေးလိပ်လိပ်ရန် ဖက်အညှာကိုရက်စက် စိမ်းကားခြင်း အရိပ်အငွေ့တို့ဖြစ်စေမည့် ကတ်ကြေး၊ ဓားတို့ဖြင့်လှီးညှပ်ဖြတ်ခြင်းမပြုဘဲ ရှေ့သွားလေးဖြင့် အသာကိုက် ဖြတ်ပါသည်။ မယ့်မေတ္တာဖြင့် ပေါင်းစပ်လိပ်ထားသော ဆေးလိပ်ဖြစ်၍ မချိုစဖူး အထူးချိုမည့် (သောက်ကောင်းမည့်) ဆေးလိပ်ဖြစ်သည်။ ဆေးလိပ်ကို ရစ်ပတ်ချည်နှောင်သည့် ချည်ကိုပင်လျှင်သူ တစ်ပါးအသက်ပါသည့် ပိုးချည်မျှင်ကိုမသုံးဘဲ ဝါချည်မျှင်အဖြူလေးကို တစ်ပင်တည်း ရစ်ချည်ထားသည်။ ဝါချည်ဖြူ တစ်ပင်တည်း ရစ်ပတ်ထားခြင်းသည် တစ်ပင်တည်းနွယ်သော သံယောဇဉ်နှင့် ချစ်ခြင်းမေတ္တာသစ္စာကို ဖော်ညွှန်းခြင်းကို နားလည်သိမြင်သည်အထိ သင်ပြနိုင်မှ တာဝန်ကျေမည်ဖြစ်သည်။

မြတ်နိုးထိန်းသိမ်းအပ်

ဖော်ပြပါ ကဗျာများတွင်စာဆိုတို့သည် အမျိုးသမီးများဖြစ်သကဲ့သို့ ရေးဖွဲ့သော ကဗျာများတွင် မြန်မာအမျိုးသမီး တို့၏ကြီးမား၍ ဖြူစင်မြင့်မြတ်သော မေတ္တာ၊ တည်ကြည်ခိုင်မြဲသော သစ္စာ၊ စောင့်ထိန်းနိုင်သော အကျင့်သိက္ခာတို့ကို လေးစားဂုဏ်ယူဖွယ် တွေ့ရသည်။ မျိုးဆက်သစ် မြန်မာသမီးပျိုတို့သည်လည်း ကဗျာများကို ဖတ်ရှုလေ့လာ၍ မြတ်နိုးထိန်းသိမ်းအပ်သည့် မျိုးရိုးဂုဏ်သိက္ခာနှင့် မေတ္တာ၊ သစ္စာတရားတို့ကို မှတ်သားလိုက်နာကျင့်သုံးအပ်ကြောင်း အကိုးအကားနှင့်တကွ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းအသိပေး သင်ကြားမှသာ မြန်မာစာဆရာ၏ တာဝန် ပြီးမြောက်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပေသည်။ ။

ကိုးကား-
အခြေခံပညာ အထက်တန်း
ဆင့် မြန်မာစာပြဋ္ဌာန်းစာအုပ်များ။

https://t.me/myanmarnewspaper/155058

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

Myanmar Newspapers

17 Nov, 02:04


မြန်မာတို့၏ ချစ်ခြင်းမေတ္တာ

ညွန့်ဝင်း(နတ်တလင်း)

မြန်မာစာသင်ရိုးပြဋ္ဌာန်းစာအုပ်များတွင် ချစ်ခြင်းမေတ္တာကိုရေးဖွဲ့ထားသော စကားပြေ၊ ကဗျာအချို့ ပါဝင်ပါသည်။ ချစ်ခြင်းမေတ္တာဆိုရာ၌ မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့်၊ ညီနှင့် အစ်ကို၊ မောင်နှင့် နှမတို့၏ ၅၂၈ မေတ္တာ၊ ချစ်သူများ၊ ဇနီးမောင်နှံများ၏ ၁၅၀၀ မေတ္တာဟူ၍ရှိပါသည်။ ၎င်းမေတ္တာများ ကို ဖော်ကျူးထားသောစာများကို သင်ကြားပေးရသည့်အခါ မြန်မာစာဆရာတို့၏ သင်ကြားမှုအတတ်ပညာ နှင့် တာဝန်သည် အလွန်အရေးကြီးသည်။

ကျွန်တော်တို့ငယ်ငယ်က ကြုံဖူးသော အဖြစ်တစ်ခုကို တင်ပြလိုသည်။ မြန်မာစာတွင် ပြဋ္ဌာန်းထားသော ၁၅၀၀ ချစ်ခြင်းမေတ္တာပါဝင်သည့် သင်ခန်းစာများကို ရွတ်ဆိုကျက်မှတ်သည့်အခါ တောသူတောင်သားမိဘများက မင်းတို့ကျောင်းက သည်လိုစာတွေလည်း သင်ရတာလားဟု မေးမြန်းပါသည်။ ဤတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီသော၊ သစ္စာမေတ္တာကို တန်ဖိုးထားသော လေးစားမြတ်နိုးဖွယ် ချစ်ခြင်းများကို နားလည်သိမြင်အောင် သင်ကြားရခြင်းဖြစ်ကြောင်း ဆရာဆရာမတို့ သွန်သင်ပြသည့်အတိုင်း ပြောပြလိုက်ပါသည်။ ထိုအခါမှ မိဘများက ခေါင်းညိတ်လက်ခံ ကြသည်။ ကျွန်တော်တို့ ငယ်ဆရာများ၏ မြန်မာစာ နိုင်နင်းစွာသင်ပြနိုင်မှုနှင့် လိုရင်းရည်ရွယ်ချက်ပေါက်မြောက် အောင် သင်ပြနိုင်မှု၊ တာဝန်ကျေမှု ကျေးဇူးကြောင့်ဖြစ်ပါသည်။

အခြေခံပညာ ပြဋ္ဌာန်းမြန်မာစာ သင်ခန်းစာများတွင် မြန်မာအမျိုးသမီး အမျိုးသားတို့သည် ချစ်ခြင်းမေတ္တာကို တန်ဖိုးထားတတ်သူများဖြစ်ကြောင်း၊ တစ်ဖက်ကလည်း မိမိတို့၏ကိုယ်ကျင့် သိက္ခာကို ကောင်းမွန်စွာ စောင့်ထိန်းနိုင် သူများဖြစ်ကြောင်း သိစေလိုခြင်းဖြစ်သည်။ မြန်မာအမျိုးသမီး အမျိုးသားများ၏ ဂုဏ်ရည်ဖွဲ့ကဗျာများ ထည့်သွင်းသင်ကြားစေခြင်းမှာ မြန်မာလူမျိုးတို့၏ လေးနက်တည်ကြည်သော မေတ္တာတရားနှင့် စံထားရမည့် ကိုယ်ကျင့်သိက္ခာများကို နောင်မျိုးဆက်သစ် သားငယ်သမီးငယ်တို့ အတုယူလိုက်နာတတ်စေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။

မြန်မာအမျိုးသမီးများသည် အခြားတိုင်းသားအမျိုးသမီးများနှင့်မတူ။ မိမိ၏ချစ်သူအပေါ် ခိုင်မြဲသောသစ္စာတရားနှင့် မေတ္တာသက်ဝင်ချစ်ခင်သည်။ မဖောက်ပြားသော ကိုယ်ကျင့်သိက္ခာကို တန်ဖိုးထား ထိန်းသိမ်းသည်။ ခေတ်အဆက်ဆက် စာဆိုတို့ရေးဖွဲ့ခဲ့သော မြန်မာကဗျာများတွင် မြန်မာအမျိုးသမီးတို့၏သစ္စာ၊ မေတ္တာကြီးမားပုံနှင့်လေးစားဖွယ် ကိုယ်ကျင့်တရားတို့ကို တွေ့ရသည်။ ပုဂံခေတ်အမည်မသိ ရှေးစာဆိုတစ်ဦးရေးဖွဲ့သော “ရွှေနှင့်ယိုးမှားပန်းစကား” လင်္ကာကဗျာကို ဖတ်ရှုလေ့လာကြည့်ပါ။

ရွှေနှင့်ယိုးမှား ပန်းစကား

သိုးကလေ
ပုပ္ပားနတ်တောင်
အခေါင်မြင့်ဖျား၊ စုံတောပြား၌
နံ့ရှားကြိုင်လွင့်၊ ခါတန်ပွင့်သည်
ရွှေနှင့် ယိုးမှားပန်းစကား။
သိုးကလေ
စကားပွင့်နှင့်
နှိုင်းတင့်နိုးသည်၊ ရဲမျိုးသမီး
မောင်ကြီးနှမ၊ ညက်လှပြာစင်
မယ့်သည်ပင်သည် ခရီးသား။
သိုးကလေ
မြိတ်လွတ်စုလည်း
အငယ်တည်းက၊ ကျွမ်းဝင်ကြသည်
မွေးဖတူရင်း၊ မျိုးသည်မင်းနှင့်
ချစ်ခြင်းစုရုံး၊ သက်ထက်ဆုံးသည်
နှလုံးမခြား၊ စောင့်တရား။
ဆွေမိမင်း
မျက်သုတ်နီစင်
ရထည်းဖျင်နှင့်၊ ကျိုင်းစင်မြဝါ
မတ်ကြီးလျာကို
မယ်သာကြိုက်မိ တုမရှိ။

လင်္ကာရှေးစာဆို

ဤကဗျာကို တက္ကသိုလ်ဝင်တန်း (စနစ်ဟောင်း)နှင့် အထက်တန်းစနစ်သစ် မြန်မာစာတွင် ပြဋ္ဌာန်းထားသည်။ ကဗျာထဲတွင် “စကားပွင့်နှင့် နှိုင်းတင့်နိုး” ဟူ၍ ရှေးပုဂံခေတ်မြန်မာမိန်းမပျိုလေး ၏ အလှအပကို အချိန်အခါမီ ဖူးပွင့်တတ် သည့် ပုပ္ပားတောင်မှ စကားဝါပန်းလေး နှင့် နှိုင်းယှဉ်ထားသည်။ မိန်းမပျိုလေးသည် ချစ်သူမောင်ကြီးနှင့် တစ်ပတ်လျှို တစ်ပတ်ရစ် ဆံထုံးလေးထုံးစအရွယ် ငယ်စဉ်ကတည်းက ချစ်ကျွမ်းဝင်ခဲ့သည်။ ချစ်သူဟုဆိုသော်လည်း မွေးဖခင်ကဲ့သို့ ရင်းနှီးရိုသေပြီး ခင်ပွန်းလင်အဖြစ် လက်ထပ်ရန် ရည်ရွယ်ထားသူဖြစ်သည်။ ချစ်သူအပေါ်ထားရှိသည့် ချစ်ခြင်းမေတ္တာသည် ရှိသမျှသောချစ်ခြင်းမေတ္တာ အားလုံးစုပြုံအပ်နှင်းထားကာ အသက်ထက်ဆုံးချစ်မည့်သူ (ချစ်ခြင်းစုရုံးသက်ထက်ဆုံး) ဖြစ်သည်။ အခြားတစ်ပါးသော မည်သည့်အမျိုးသားအပေါ်တွင်မျှ ပြောင်းလဲ၍ မေတ္တာသက်ဝင်ခြင်းမရှိဘဲ ချစ်သူမောင်ကြီးကိုသာ သစ္စာစောင့်သိချစ်ခင်သည်။ မောင်ကြီးအပေါ်တွင် မည်သည့်မိန်းကလေးမျှတုနှိုင်းမမီသော ချစ်ခြင်း မေတ္တာဖြင့် ချစ်ခင်ကြောင်းရေးဖွဲ့ထားသည်ကို တွေ့ရမည်ဖြစ်သည်။ ဤတွင် ပုဂံခေတ် မြန်မာသမီးပျိုတို့၏ မေတ္တာ၊ သစ္စာနှင့် ကိုယ်ကျင့်သိက္ခာသည် ဂုဏ်ယူမြတ်နိုးလေးစားဖွယ်ဖြစ်ကြောင်း အသိမှန်ရသည်အထိ သင်ပြနိုင်မှသာ မြန်မာစာဆရာ၏ တာဝန်ကျေပေလိမ့်မည်။

Myanmar Newspapers

17 Nov, 02:04


တစ်ဖန်ညောင်ရမ်းခေတ် စာဆိုတောင်တွင်းရှင်ငြိမ်းမယ်ရေးဖွဲ့ခဲ့သည့် အိုင်ချင်းများကို လေ့လာကြည့်နိုင်သည်။ ထိုခေတ်က နန်းတွင်း၌ ရတု၊ တေးထပ်တို့ တွင်ကျယ်ထွန်းကားခဲ့ပြီး ကျေးလက် ဒေသတို့၌ကား အိုင်ချင်း၊ အဲချင်းကဗျာများ တွင်ကျယ်ထွန်းကားခဲ့သည်။ ရတု၊ တေးထပ်တို့ကဲ့သို့ နန်းမူနန်းရာ စကားအသုံးများမပါဘဲ ကျေးလက်သံ၊ ကျေးလက်စကားဖြင့် ရေးဖွဲ့သီဆိုရသည်။ တစ်ဦးတစ်ယောက်တည်း ရွတ်ဆိုရသော ကဗျာမျိုးမဟုတ်ဘဲ အများစုပေါင်းသီဆိုရသော ကဗျာမျိုး ဖြစ်သည်။ ထို့ကြောင့် အိုင်ချင်းဆိုသည်မှာ အများဝိုင်းဖွဲ့၍ အသံအိုင်အိုင် အသံ မြိုင်မြိုင်ဖြင့် သီဆိုရသော ကျေးလက် ရိုးရာတေးကဗျာတစ်မျိုးဟု ဆိုနိုင်သည်။ ပထမဦးစွာ “နှမထွေး မယ့်ကိုလိုလျှင်” ဟူသော အိုင်ချင်းကို လေ့လာကြည့်ပါ။

နှမထွေး မယ့်ကိုလိုလျှင်

ချစ်တဲ့သူငယ်လေ
သူငယ်ချင်းကောင်း
ယောက်မတို့လေ။
နှမထွေး မယ်တို့အိမ်ကို
သိလိုချင်မူ
နတ်ခရိုင်နှင့် ဈေးဆိုင်နှင့်။
အိမ်ရှေ့ကမူ
အုတ်ပလ္လင်နှင့် ညောင်ပင်နှင့်။
အိမ့်တောင်ကမူ
ကြက်သွန်ခင်းနှင့် ရေတွင်းနှင့်။
အိမ့်မြောက်ကမူ
စပါးလင်နှင့် ဒန်းပင်နှင့်။
အိမ့်နောက်ကမူ
မိဿလင်နှင့် ချင်းပင်နှင့်။
မိဿလင်နှင့် ချင်းကိုလိုလျှင်
ဝါဆိုငယ်မှ ဝါဦး၊ မြေနူးနူးကို
တူးလှည့်ပါရှင်။
မိဿလင်နှင့် ချင်းကိုမလို
နှမထွေး မယ့်ကိုလိုလျှင်
တပေါင်းငယ်မှ တန်ခူး၊ ရွှေဖီဦးကို
ခူးလှည့်ပါရှင်။
အလိုအပျိုဖြူ သူနှင့်ဆုံသည်
ဂုံချိုကုံးငယ်နှင့်
ဆောင်လုံးညီးလေး။

၁၇ ရာစု တောင်တွင်းရှင်ငြိမ်းမယ်

ဤကဗျာတွင် အိုင်ချင်းတို့၏အစချီ အာလုပ်စကားဖြစ်သည့် “ချစ်တဲ့သူငယ် လေ၊ သူငယ်ချင်းကောင်း ယောက်မတို့ လေ” ဟူသောအရေးအဖွဲ့၌ မိန်းကလေးသူငယ်ချင်းချင်း ယောက်မဟု ချစ်ခင် ရင်းနှီးစွာခေါ်ဆိုသော မိတ်သဟာ မေတ္တာကိုတွေ့နိုင်သည်။ ချစ်သူကို မိမိ၏အိမ်တည်နေရာကို လမ်းညွှန်ရာ၌ တိုက်ရိုက်ပြောခြင်းမဟုတ်ဘဲ သူငယ်ချင်းကို ပြောပြဟန်ရေးဖွဲ့ထားသည်မှာ မြန်မာမိန်းမပျိုတို့၏ ဟီရိသြတ္တပ္ပဟူသော အရှက်အကြောက်တရားရှိခြင်း ကိုပြသည်။ ချစ်သူကို မိမိအိမ်သို့ အလည်လာစေချင်သည်။ သို့သော် မိန်းမသားတို့ရှိအပ်သော ဣန္ဒြေသိက္ခာကို စောင့်ထိန်းသည်။ ကိုယ်ကျင့်တရား ထိပါးမည့်အရေးကိုလက်မခံ။ ချစ်သူက မိမိကိုတောင်းရမ်းလိုလျှင် ရိုးရာဓလေ့အတိုင်း လူကြီးမိဘများထံ လာရောက်ခွင့်တောင်းစေချင်သည်။ ၎င်းကိစ္စကိုလည်း တိုက်ရိုက်မပြော။ ခြံတွင် စိုက်ထားသည့် မိဿလင်နှင့်ချင်းကို ရလိုလျှင်မှစ၍ သရဖီပန်းဦးကိုခူးလို လျှင်အထိ စကားပရိယာယ်သုံး၍ ပြောခဲ့သည်။ ဤအချက်ကိုကြည့်လျှင် စစ်မှန်သော ချစ်ခြင်းမေတ္တာကို တန်ဖိုးထားပြီး ရိုးရာဓလေ့အတိုင်း မိဘခွင့်ပြုချက်ဖြင့်သာ လက်ထပ်လိုသည့် မြန်မာမိန်းမပျိုတို့၏ ကိုယ်ကျင့်သိက္ခာကို သိမြင်နိုင်သည်အထိ မှန်ကန်ထိရောက်သော စကားသုံးဖြင့် ရှင်းလင်းသင်ကြားနိုင်မှ မြန်မာစာဆရာ၏ တာဝန်ကျေသည်ဟု မှတ်ယူရမည်။

တောင်တွင်း ရှင်ငြိမ်းမယ်၏ နောက်ထပ်အိုင်ချင်းတစ်ပုဒ်ဖြစ်သည့် “စစ်မှာတစ်မူ” အိုင်ချင်းတွင်လည်း မြန်မာအမျိုးသမီးတို့၏ မေတ္တာနှင့် စိတ်နေသဘောထားကို တွေ့နိုင်သည်။ ထိုအိုင်ချင်းကဗျာကို တက္ကသိုလ်ဝင်တန်း (စနစ်ဟောင်း)တွင် ပြဋ္ဌာန်းထားသည်။

စစ်မှာ တစ်မူ

ချစ်တဲ့သူငယ်လေ
သူငယ်ချင်းကောင်း
ယောက်မတို့လေ။
သူများ မောင်မှာ
စစ်သံကြားလျှင်
နာဖျားဥပါယ်ခိုကြတယ်။
နှမလေး မယ်တို့မောင်မှာ
စစ်သံကြားလျှင်၊ ရွှေဓားပိုက်ကာ
အိုးစားဖက်ကို၊ လိုက်လို့ ရှာသည်
ရိက္ခာကနည်း၊ မိုးက သည်းသနှင့်
သင်းတွဲကို ကူးပါလိမ့်မလားတော်။
စစ်မှာ တစ်မူ
နှမလေး မယ့်ထက်ဖြူကို
ယူမလားတော်။
စစ်မှာ ယွန်းမ
နှမလေး မယ့်ထက်လှကို
ရမလားတော်။
စစ်မှာ ဆွေမျိုး
ဘိုးဘွားမောင့်မှာ ရှိသလားတော်။
စစ်မှာ တစ်မူ
နှမလေး မယ့်ထက်ဖြူကို
မယူဘူးဗျာ။
စစ်မှာ ယွန်းမ
နှမလေး မယ့်ထက်လှကို
မရဘူးဗျာ။
စစ်မှာ ဆွေမျိုး
ဘိုးဘွားမောင့်မှာ မရှိဘူးဗျာ။
ရေမြေ့သခင်၊ ရှင်ဘုရင်က
မိန့်တော် စာနှင့်၊ အပါချသည်
လိုက်ရတော့မယ်။
မြင်းမှာ အုန်းခွံ၊ကျွန်မှာ ကုလား
ဓားမှာ မိုးကြိုး၊ ယွန်းပုဆိုးနှင့်
အိုးစားဖက် စုံ၊ စစ်သည် ပုံမှာ
ကျွန်ယုံစားမို့၊ မောင်ကလေးငယ်
မောင်သာ လိုက်တဲ့၊
တောင်ပတ်လည်နှင့်
ဇင်းမယ်ဆိုသည့် ညိုတဲ့မြို့မှာ ပျို့လွမ်းဖွယ်လေး။

ထိုကဗျာတွင် စစ်ကိုသာ တွယ်တာ လွန်းသော၊ တာဝန်ကို လေးစားလွန်း သော ချစ်သူမောင်ကို ကရုဏာဒေါသဖြင့် ပြောဆိုထားသော မေတ္တာစကားများကို တွေ့ရသည်။ သူများ၏ ချစ်သူမောင်များ မလုပ်ရဲသော စစ်သူရဲကောင်းအလုပ်ကို လုပ်ရဲသူ၊ တာဝန်ကျေပွန်သူ ချစ်သူမောင်ကို အဝေးမှလှမ်း၍ လွမ်းနေရကြောင်း ရေးဖွဲ့တင်ပြထားသည်။ ချစ်သူစစ်သည် မောင်အတွက် ဂုဏ်ယူပုံ၊ စိုးရိမ်သောက ရောက်ရပုံ၊ ချစ်ပရိယာယ်ဖြင့် ရန်တွေ့ပုံ၊ ကြည်နူးရပုံ၊ လွမ်းဆွတ်ရပုံများသည် ချစ်သူအပေါ်ထားရှိသည့် မြန်မာမိန်းမ ပျိုတို့၏ မေတ္တာတရားကို ဖော်ကျူးနေ ကြောင်း လိမ္မာပါးနပ်စွာ ရှင်းပြသင့်ပေသည်။

ကုန်းဘောင်ခေတ် စာဆိုမယ်ခွေ၏ “လက်ဆောင်” လေးဆစ်ကဗျာတွင်လည်း မြန်မာမိန်းမပျိုလေးတို့၏ ချစ်သူအပေါ်ထားရှိသော မေတ္တာတရားကို တွေ့ရသည်။ ထိုကဗျာကို စနစ်သစ် Grade - 10 တွင် ပြဋ္ဌာန်းထားသည်။

Myanmar Newspapers

17 Nov, 00:55


ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနအဆင့်၌ ပြေးခုန်ပစ်၊ ဘောလုံး၊ ဖူဆယ်၊ ဂေါက်သီး၊ ပိုက်ကျော်ခြင်းနှင့်ဘော်လီဘော အားကစားနည်းခြောက်မျိုးနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်တွင် ပြေးခုန်ပစ်၊ ဘတ်စကက် ဘော၊ ကြက်တောင်၊ ဘိလိယက်၊ စနူကာ၊ လက်ဝှေ့၊ ကာယဗလနှင့် ကာယကြံ့ခိုင်မှု၊ ခရစ်ကက်၊ ဘောလုံး၊ ဖူဆယ်၊ ဂေါက်သီး၊ ဂျူဒို၊ ကရာတေး၊ ပိုက်ကျော်ခြင်း၊ ရေကူး၊ စားပွဲတင် တင်းနစ်၊ တိုက်ကွမ်ဒို၊ တင်းနစ်၊ ရိုးရာခြင်းလုံး၊ မြန်မာ့သိုင်း၊ ဘော်လီဘော၊ ဗိုဗီနမ်၊ အလေးမ၊ ဝူရှူး စသည့် အားကစားနည်း ၂၃ မျိုး ထည့်သွင်းကျင်းပသွားမည် ဖြစ်ပြီး အားကစားသမား စုစုပေါင်း ၆၅၀၀ ခန့် ပါဝင်ယှဉ်ပြိုင်ရန် ပြင်ဆင်လျက်ရှိသည်။

အခွင့်အလမ်းကောင်းများ

ယခုကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် အခွင့်အလမ်းကောင်းများ ရရှိမည်ဖြစ်သည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံ တကာအားကစားပြိုင်ပွဲများအတွက် အလားအလာရှိသည့် လက်ရွေးစင်အားကစားသမားများ၊ မျိုးဆက်သစ်အားကစားသမားများကို ရွေးချယ်သွားမည်ဖြစ်သည်။ ပြိုင်ပွဲကြီးပြီးသည့်အခါတွင် ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများ အနေ ဖြင့် မိမိတို့ဌာနနှင့် ဒေသအလိုက် ကိုယ်စားပြုပြီး စွမ်းစွမ်းတမံပါဝင်ယှဉ်ပြိုင်ကြကာ ဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့သည့် အားကစားသမားများကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ပေးအပ်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်ပေးအပ်ခြင်း စသည့်အစီအစဉ်များဖြင့် အားပေးမြှင့်တင်သွားမည်ဟု သိရသည်။

အောင်မြင်မှုသက်သေထူ

ထို့ပြင် ယခုကျင်းပမည့် အမျိုးသားအားကစား ပြိုင်ပွဲကြီးသည် မြန်မာတစ်မျိုးသားလုံး၏ မျိုးချစ်စိတ်ဓာတ်၊ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်ရှိမှု၊ စည်းလုံးညီညွတ်မှု၊ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် မှုများနှင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို ထုတ်ဖော်ပြသနိုင်မည့် အခွင့်အလမ်းကောင်း တစ်ခုဖြစ်နေသည်။ အားကစားပြိုင်ပွဲတစ်ခုမှ ပေါ်ထွက်လာသည့် စွမ်းပကားများ၊ အားအင်များ၊ အခွင့်အလမ်းများမှာ အားကစားကဏ္ဍသက်သက် တစ်ခုတည်းသာ မဟုတ်ဘဲ တိုင်းပြည်ကောင်းရာ ကောင်းကျိုး ဖြစ်ထွန်းမှုအမျိုးမျိုးအတွက်လည်း ခွန်အားများဖြစ်စေသည်ကို ဝိုင်းဝန်းညီညာ ပြသ ကြရမည်ဖြစ်သည်။ အားကစားကဏ္ဍတွင် ကမ္ဘာ တစ်လွှားမှ ရှားမှရှားပြိုင်စံရှားသော နိုင်ငံကြီးများအဖြစ် မီးရှူးတန်ဆောင်သဖွယ် တည်တံ့ဖြစ်ထွန်း နေသော နိုင်ငံများသည် အခြားကဏ္ဍအသီးသီးတွင်လည်း တိုးတက်အောင်မြင် ဖြစ်ထွန်းမှုအမျိုးမျိုး ရရှိနေသည်ကို သက်သေသာဓကအဖြစ် မြင်တွေ့နိုင်ပါသည်။

ခွန်အားများတဖွားဖွား

ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့လူမျိုးကိုလည်း အားကစားကဏ္ဍတွင် အောင်မြင်ဖြစ်ထွန်းပြီး အဘက်ဘက်တွင်လည်း အောင်မြင်နေသည့် ကမ္ဘာ့ထိပ်သီးနိုင်ငံကြီးများကဲ့သို့ ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့ လူမျိုး၏အားကစားအဆင့်အတန်း အောင်မြင်ဖြစ်ထွန်းမှုများကို ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကြီးမှတစ်ဆင့် ထုတ်ဖော်ပြသရမည်ဖြစ်သည်။ စွမ်းရည်ပြည့်ဝကျင့်သားရနေပြီဖြစ်သော မြန်မာအားကစားသမားများ၏ ရေကုန်ရေခန်း ကြိုးပမ်းအားထုတ်မှုများနှင့်အတူ ပြည်သူလူထုတစ်ရပ်လုံး၏ တစ်ခဲနက်အားပေးမှုများသည် နိုင်ငံ့ဂုဏ်နှင့် အားကစားအဆင့်အတန်း မြင့်မားစေနိုင်သည့် အမျိုးသားအားကစားစွမ်းပကားများ၊ အားကစားနှင့်ဆက်နွှယ်၍ အောင်မြင်ဖြစ်ထွန်းမှုများနှင့် ကြီးပွားတိုးတက် အဆင့်အတန်းမီလာသည့်ခွန်အားများ တဖွားဖွားဖြစ်ပေါ်လာမည်ဟု ယုံကြည်မိပါကြောင်း။ ။

https://t.me/myanmarnewspaper/155055

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

Myanmar Newspapers

17 Nov, 00:55


နိုင်ငံ့ဂုဏ်နှင့် အားကစားအဆင့်အတန်း မြင့်မားစေနိုင်သည့် အမျိုးသားအားကစား စွမ်းပကားများ

ကိုရင်မောင်

ကမ္ဘာပေါ်ရှိ နိုင်ငံများတွင် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာခြင်းမှာ ပြည်သူလူထုတစ်ရပ်လုံး၏ တစ်ခဲနက် အားပေးမှုအပေါ်တွင် များစွာတည်ရှိ နေသည်ကို အကဲခတ် တွေ့ရှိနိုင်ပါသည်။ ပြည်သူ လူထု တစ်ခဲနက်အားပေးကြရန်အတွက် နိုင်ငံတကာအဆင့်မီ အားကစားပြိုင်ကွင်းကြီးများ၊ အားကစားခန်းမကြီးများ၊ လက်ရွေးစင်အားကစားသမားများ၊ ၎င်းတို့၏ တက်ကြွလှုပ်ရှားသည့် အားမာန်များ၊ ရေကုန်ရေခန်း ယှဉ်ပြိုင်ကစားကြပုံများ၊ အားကစားနည်းစနစ်များ စုံလင်စွာဖြင့် ခင်းကျင်းမှုများအပြင် ပွဲမဝင်ခင်ကကြိုတင်ပြင်ဆင်မှုများ၊ အသိပေးလှုံ့ဆော်မှုများမှာ အထူးအရေးပါသည်ကို မြင်တွေ့နိုင်ပါသည်။

နိုင်ငံတကာအားကစားပြိုင်ပွဲများကို လေ့လာကြည့်လျှင် အားကစားပြိုင်ပွဲကြီးသို့ လာရောက်လေ့လာ ကြည့်ရှုအားပေးနိုင်ရန် အနူးအညွတ်ဖိတ်ခေါ် ခရီးဦးကြိုဆိုပြုထားသည့် စာတန်းများကို တွေ့ရမည်ဖြစ်၍ မည်သူမဆိုသွားရောက်ကြည့်ရှု အားပေးလိုစိတ်များ တဖွားဖွားဖြစ်ပေါ်လာမည်မှာ မလွဲသေချာဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း အထင်ကရကျင်းပခဲ့သည့် ပြည်တွင်း၊ ပြည်ပ အားကစားပြိုင်ပွဲများတွင် အားကစားပြိုင်ပွဲများကို ပြည်တွင်း၊ ပြည်ပမှ တစ်ခဲနက်အားပေးနိုင်ရန် ကြိုဆိုဖိတ်ခေါ် အသိပေးနှိုးဆော်မှုများကို ပြုလုပ်ပေးခဲ့သဖြင့် ကိုယ်တိုင်လာရောက်အားပေးကြသူများအပြင် ကိုယ်တိုင်လာရောက်အားမပေးနိုင်သော်လည်း တီဗွီဖန်သားပြင်မှ တစ်ခဲနက်အားပေး ကြသည်ကို တွေ့ရပါသည်။

ကြည့်ရှုအားပေးခွင့်ရ

ကျွန်တော် ဖြတ်သန်းခဲ့သော ဘဝတစ်လျှောက်တွင် ပြည်တွင်း၊ ပြည်ပအားကစားပြိုင်ပွဲအမျိုးမျိုးကို ကြုံတွေ့ခဲ့ဖူး၊ အားပေးခဲ့ဖူးပါသည်။ အားကစားကဏ္ဍအသီးသီးမှ နိုင်ငံ့ဂုဏ်ဆောင် အောင်မြင်မှုအမှတ်တရများနှင့် တစ်တိုင်းတစ်ပြည်လုံး ပြည်သူလူထုတစ်ရပ်လုံး တစ်ခဲနက်အားပေးမှုများကို ရင်ထဲအသည်းထဲ လှိုက်လှိုက်လှဲလှဲနှင့် ကြုံခဲ့ဖူးပါသည်။ အားကစားအောင်မြင်မှုများသည် နိုင်ငံတော်နှင့်ပြည်သူလူထုတစ်ရပ်လုံးအတွက် ဝမ်းမြောက် ဂုဏ်ယူစရာများပင်ဖြစ်သည်။ အားကစားပြိုင်ပွဲများကို စိတ်ရောကိုယ်ပါ ကိုယ်တိုင်ကိုယ်ကျ သွားရောက်အားပေးချီးမြှောက်ခဲ့ကြသည့် ပြည်သူများကို အသိအမှတ်ပြုရမည်ဖြစ်သည်။ ကျွန်တော့်အနေဖြင့် အားကစားဝါသနာအိုးမဟုတ်သော်လည်း နေပြည်တော်တွင် နိုင်ငံ့တာဝန်ထမ်းဆောင် စဉ်က ၂၀၁၃ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ ၂၀၁၄ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၊ ၂၀၁၅ စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော်၊ ၂၀၁၈ အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲများကို ကြည့်ရှုအားပေးခွင့် ရခဲ့ဖူးသည်။

အားကစားဖြင့်အကျိုးပြု

လုပ်ငန်းတာဝန်အရ အားကစားပြိုင်ပွဲကြီးများကျင်းပရာ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ ဇေယျာသီရိ အားကစားကွင်းနှင့် အားကစားခန်းမကြီးများသို့ ရောက်ရှိသည့်အခါ နိုင်ငံတကာအဆင့်မီ ခမ်းနားထည်ဝါမှုနှင့် စနစ်တကျယှဉ်ပြိုင်နိုင်ရန် ဆောင်ရွက်ထားမှုများကို ရင်သပ်ရှုမောဖွယ် တွေ့မြင်ခံစားခဲ့ရသည်။ အားကစားပြိုင်ပွဲအသီးသီးတွင် ရေကုန်ရေခန်း ယှဉ်ပြိုင်ခဲ့ကြသော အားကစားသမားများ၏ တက်ကြွဖွယ်အားမာန်များကို ကိုယ်တိုင်မြင်တွေ့ခဲ့သည်။ ကြီးကျယ်ခမ်းနားလှသည့် အားကစားပြိုင်ပွဲများကို ကိုယ်တိုင်လာရောက်ကြည့်ရှု အားမပေးနိုင်သော်လည်း ဝေးလံသည့်ဒေသ နိုင်ငံတစ်ဝန်းမှ ပြည်သူများနှင့် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံမှ ပြည်သူအများ၏ရှေ့မှောက် တီဗွီဖန်သားပြင်ပေါ်တွင် ယှဉ်ပြိုင်ကြသည့် မြင်ကွင်း များမှာ ယနေ့အချိန်အထိ ရင်ထဲစွဲနေအောင် မှတ်မိနေဆဲဖြစ်ကြပေလိမ့်မည်။ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ၊ အားကစားတစ်ဖွဲ့နှင့်တစ်ဖွဲ့ ယှဉ်ပြိုင်ကြသည့်အခါ မိမိနိုင်ငံ၏ဂုဏ်သိက္ခာ တိုးတက်မြင့်မားရေးကို အားကစားဖြင့် လုပ်ဆောင်ပေးနေခြင်းဖြစ်သည့်အတွက် အားကစားဖြင့် နိုင်ငံတော်ကို အကျိုးပြုနေသည့် အချက်တစ်ချက်အဖြစ် သတ်မှတ်ရှုမြင်မိပါသည်။

Myanmar Newspapers

17 Nov, 00:55


မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့်(၂၇)ကြိမ် မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၈၆ ခု ဆွတ်ခူးရရှိခဲ့သည့်အတွက် မြန်မာနိုင်ငံတော်အလံကို တိုင်ထိပ်မှာတင် မြန်မာနိုင်ငံတော်သီချင်းဖွင့်ပြီး အလေးပြုခဲ့ရသည့် ၈၆ ကြိမ်တိုင် မျက်ရည်ကျသည်အထိ ဝမ်းသာ ပီတိများနှင့် ဂုဏ်ယူခဲ့ကြရပါသည်။ ဤကဲ့သို့ ဂုဏ်သိက္ခာကို လိုချင်သည့်အတွက် တစ်နှစ်တာပတ်လုံး ငွေကြေးသန်းပေါင်းများစွာ အကုန်အကျခံစခန်းသွင်းလေ့ကျင့်ပြီး အောင်မြင်မှုရအောင် ကြိုးပမ်းတည်ဆောက်ခဲ့ကြခြင်း ဖြစ်ပါသည်။ အဆိုပါခံစားမှုများကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင် ခဲ့ကြရသူများသာမက တီဗွီဖန်သားပြင်ပေါ်မှ မြင်တွေ့ကြရသော ပြည်သူအားလုံး၏ ခံစားချက်မှာ တို့မြန်မာဟူသည့် မျိုးချစ်စိတ်ဓာတ်ပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကျင်းပပြီးစီးခဲ့သော အားကစားပွဲတော်များ၊ အားကစားပြိုင်ပွဲကြီးများ၏ အထူးခံ့ညား ကြီးကျယ်ခမ်းနားမှုများကို ရင်သပ်ရှုမောဖွယ်၊ တက်ကြွလန်းဆန်းဖွယ် ရှုမြင်ရသောအခါ နိုးကြားတက်ကြွသော၊ မလျှော့သောဇွဲလုံ့လ၊ စွဲမြဲသောဝီရိယ၊ အားကျစရာကောင်းသော ကြိုးပမ်းမှုအစုစုတို့အတွက် များစွာအတုယူ မှတ်သားဂုဏ်တင် စရာများပင်ဖြစ်သည်။

အားကစားစိတ်ဓာတ်

အားကစားစိတ်ဓာတ်သည် လွန်စွာအရေးကြီးပါသည်။ လူတိုင်းလူတိုင်းဘဝတွင် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ဖူးကြပါလိမ့်မည်။ အားကစားစိတ်ဓာတ်အပြည့်အဝရှိသူ၊ အားကစားကို အပြည့်အဝအားပေးသူ တစ်ယောက်အနေဖြင့်ဆိုလျှင် မည်သည့်အခက်အခဲပင် တွေ့ကြုံရသည်ဖြစ်စေ အားကစားမှ ပေးစွမ်းခဲ့သော အနိုင်မခံအရှုံးမပေး လိုသည့်စိတ်ဓာတ်၊ မိမိကိုယ်ကို ယုံကြည်ရဲရင့်သည့် စိတ်ဓာတ်များဖြင့် ရင်ဆိုင်ကျော်ဖြတ်သွားနိုင်သည့် စိတ်ဓာတ်မျိုးကို အားကစားမှ ရရှိနိုင်မည်ဖြစ်ပါသည်။ အားကစားဆိုင်ရာခံယူချက်အမျိုးမျိုး ရှိသည့်အနက် “အားကစားမြှင့်တင် တည်ဆောက်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်တည်ဆောက် နေခြင်းဖြစ်ပါသည်” ဟူသောအချက်သည် အမြင့် မားဆုံးခံယူချက်ဟု ဆိုချင်ပါသည်။

နိုင်ငံ့ဂုဏ်လူမျိုးဂုဏ်မြှင့်တင်

အားကစားသည် သာမန်အားဖြင့်ကြည့်လျှင် အသေးအဖွဲကိစ္စဟုထင်ရသော်လည်း နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ၊ ဒေသတစ်ခုနှင့်တစ်ခု၊ အဖွဲ့အစည်းတစ်ဖွဲ့နှင့်တစ်ဖွဲ့ ယှဉ်လာသည့်အခါတွင် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန်ပေါက်ဖွားလာစေပြီး ပြည်သူတစ်ရပ်လုံး တစ်သွေးတည်း၊ တစ်သားတည်း၊ တစ်စိတ်တည်း၊ တစ်ဝမ်းတည်း ဖြစ်သွားစေသည့်အရာဖြစ်၍ အားကစား၏ စွမ်းပကားသည် ကြီးကျယ်မြင့်မားလှပါသည်။ တစ်ချိန်သောကာလက ပြည်တွင်း၊ ပြည်ပ အားကစားပြိုင်ပွဲများကို ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်ကွင်း၊ သုဝဏ္ဏအားကစားပြိုင်ကွင်း တို့တွင် ကျင်းပခဲ့ပါသည်။ ရန်ကုန်မြို့တစ်ခွင် အားပေးခဲ့ကြသည့် ပြည်သူလူထုကြီး၏ တစ်ခဲနက်အားပေးမှုများမှာ ဘဝဂ်ထိညံ သိမ့်သိမ့်တုန်ဟည်းခဲ့ပါသည်။ ပြည်သူလူထုကြီး၏ တစ်ခဲနက်အားပေးမှုနှင့်အတူ မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ ထူးချွန်ပြောင်မြောက်သည့် စွမ်းပကားများမှာ ရွှေရောင်တောက်ပခဲ့ပြီး နိုင်ငံနှင့်လူမျိုးဂုဏ်ကို မြှင့်တင်ဖော်ဆောင်ပေးနိုင်ခဲ့သည်။

အဆင့်အတန်းမီအားပေးနိုင်

မျက်မှောက်ကာလတွင် နိုင်ငံ၏ မြို့တော်ဖြစ်သည့် နေပြည်တော် ပြည်ထောင်စုနယ်မြေရှိ ဇမ္ဗူသီရိမြို့နယ်တွင် ပရိသတ် ၃၀၀၀၀ ကျော် ဝင်ဆံ့သည့် ဘက်စုံသုံးခေတ်မီ ဝဏ္ဏသိဒ္ဓိအားကစား ကွင်းကြီးကို တည်ဆောက်ပေးထားပြီး ပြည်တွင်း၊ ပြည်ပ ဘောလုံးအားကစားပြိုင်ပွဲများနှင့် ပြေးခုန်ပစ် အားကစားပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိသည်။ အလားတူနေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်တွင်လည်း နိုင်ငံတကာအဆင့်မီ ဇေယျာသီရိတပ်မတော်အားကစားကွင်းကြီးကို တည်ဆောက်ပေးထားပြီး အဆိုပါခေတ်မီအားကစားကွင်းကြီးများတွင် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ၊ အာဆီယံအားကစားပြိုင်ပွဲများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများ၊ ကျောင်းသားအားကစားပွဲတော်များနှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို အဆင့်အတန်းမီမီ ယှဉ်ပြိုင်အားပေး ကြည့်ရှုနိုင်ကြပြီဖြစ်သည်။

အားကစားနည်းစုံပါဝင်

ခမ်းနားထည်ဝါပြီး နိုင်ငံတကာအဆင့်မီသည့် နေပြည်တော်ကောင်စီ ပြည်ထောင်စုနယ်မြေ အတွင်းရှိ ဇမ္ဗူသီရိမြို့နယ်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းကြီးတွင် ပဉ္စမအကြိမ်အမျိုးသားအားကစား ပွဲတော်ကြီးကို
စည်ကားသိုက်မြိုက်စွာ ကျင်းပတော့မည်ဖြစ်သည်။ သွားရောက်ကြည့်ရှုအားပေးခွင့်မရခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သော နိုင်ငံတကာအဆင့်မီ အားကစားကွင်းကြီးနှင့် အဆင့်အတန်းမြင့်မားသော အားကစားပြိုင်ပွဲများကို ကြည့်ရှုခွင့်ရတော့မည်ဖြစ်သည်။

Myanmar Newspapers

17 Nov, 00:55


နိုင်ငံ့ဂုဏ်နှင့် အားကစားအဆင့်အတန်း မြင့်မားစေနိုင်သည့် အမျိုးသားအားကစား စွမ်းပကားများ

Myanmar Newspapers

17 Nov, 00:47


မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မသိုးရွှေကြာသင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် မန္တလေးတိုင်းဒေသကြီးကိုယ်စားပြုအသင်း အမရရွှေပြည်ရက်ကန်းအဖွဲ့အား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဂုဏ်ပြုချီးမြှင့်

မန္တလေး နိုဝင်ဘာ ၁၆

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်တော် ဝတ္ထုကံတော်အတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မသိုးရွှေကြာသင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် မန္တလေးတိုင်းဒေသကြီးကိုယ်စား ပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပထမဆုရရှိခဲ့သည့်အမရ ရွှေပြည်ရက်ကန်းအဖွဲ့အား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဂုဏ်ပြုသည့်အခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်သည်။

ပညာအမွေများ လက်ဆင့်ကမ်း

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် မန္တလေးတိုင်းဒေသကြီး ဂုဏ်ဆောင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ကြိုတင်ပြင်ဆင်ကြိုးစားခဲ့မှု၊ အသင်းအဖွဲ့စိတ်ဓာတ်အပြည့်ဖြင့် ဟန်ချက်ညီ လုပ်ဆောင်ခဲ့မှု၊ ပြိုင်ပွဲစည်းကမ်းများနှင့်အညီ ယှဉ်ပြိုင်ရက်လုပ်ခဲ့မှုတို့ကြောင့် အောင်မြင်မှုပန်းတိုင်ကို စိုက်ထူနိုင်ခဲ့ပါကြောင်း၊ နောင်ပြိုင်ပွဲများတွင်လည်း တိုင်းဒေသကြီးဂုဏ်ကို ဆက်လက်ဆောင်နိုင်အောင်၊ ရိုးရာအမွေအနှစ် မတိမ်ကောမပျောက်ပျက်သွားအောင် မျိုးဆက်သစ်လူငယ်များအား ပညာအမွေများ လက်ဆင့်ကမ်းလှမ်းရင်း စဉ်ဆက်မပြတ်ကြိုးစား လုပ်ဆောင်နေကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ပြိုင်ပွဲအတွေ့အကြုံများတင်ပြ

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးများက ဂုဏ်ပြုစကားများပြောကြားပြီး အသင်းအုပ်ချုပ်သူများက ပြိုင်ပွဲအတွေ့အကြုံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ အမရရွှေပြည်ရက်ကန်းအဖွဲ့မှ အသင်းအုပ်ချုပ်သူများက ပထမဆုရရှိခဲ့သည့် ဆုဖလားအားပေးအပ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အမရရွှေပြည် ရက်ကန်းအဖွဲ့ကို ဂုဏ်ပြုငွေကျပ် ၁၁ သိန်းကို ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/155053

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

Myanmar Newspapers

17 Nov, 00:46


မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မသိုးရွှေကြာသင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် မန္တလေးတိုင်းဒေသကြီးကိုယ်စားပြုအသင်း အမရရွှေပြည်ရက်ကန်းအဖွဲ့အား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဂုဏ်ပြုချီးမြှင့်

Myanmar Newspapers

17 Nov, 00:38


ကမ္ဘာကြည့်မြင်ကြည့်ပါ၊ မျိုးချစ်စိတ်ရှိသောခေါင်းဆောင်နှင့် နိုင်ငံချစ်စိတ်ရှိသောနိုင်ငံသားများ ဦးဆောင်သောတိုင်းပြည်များတွင် အမျိုးသားအကျိုးစီးပွား အဓွန့်ရှည်တည်တံ့ပြီး ပို၍ရှင်သန်တိုးတက် နေသည်ကို အကဲခတ်မိကြမည်ထင်သည်။ နိုင်ငံတိုင်းမှာ အမျိုးသားအကျိုးစီးပွားကသာ အဓိကဖြစ်နေရာ အမျိုးသားရေးစိတ်ဓာတ်မရှိဘဲနှင့် အမျိုးသားအကျိုးစီးပွားဖော်ဆောင်၍ ရမည်မဟုတ်သလို အမျိုးသားရေးစိတ်ဓာတ်ရရှိရန်မှာလည်း မျိုးချစ်စိတ်ကသာ အခြေခံဖြစ်နေကြောင်း တွေ့ရပြန်သည်။ သို့သော် အစွန်းနှစ်ဖက်ရောက်မသွားရန်တော့ လိုအပ်သည်။ အစွန်းရောက်ခြင်းက ဖောက်ပြန်သောမျိုးချစ်စိတ်နှင့် အနုတ်လက္ခဏာဆောင်သောအမျိုးသားရေးဘက်သို့ ရောက်သွား တတ်၍ဖြစ်သည်။

ပြန်၍ချုပ်ရလျှင် နိုင်ငံနှင့်လူမျိုးပြည်ထောင်စုကြီး၏ ပုံရိပ်မြင့်မား စေရေးမျိုးချစ်စိတ်ကို အစဉ်ထာဝရပုံဖော်နေရန်သာ အရေးကြီးပါသည်။ လက်ရှိအခြေအနေများအရ ယခုပစ္စုပ္ပန်ကော နောင်အနာဂတ်အတွက်ပါ မှန်ကန်ပြီးအရောင်အသွေးကင်းသည့် မျိုးချစ်စိတ်ကို အခြေခံသောအမျိုးသားရေးနှင့်အမျိုးသားအကျိုးစီးပွားမှလွဲ၍ အခြားအရေးကြီးဆုံးသောအရာမရှိနိုင်ပါ။ ထိုဆိုသောအချက်သည်သာ အရာအားလုံးအတွက် အဓိကအကြောင်းတရား ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ ။

https://t.me/myanmarnewspaper/155049

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

Myanmar Newspapers

17 Nov, 00:38


လက်ရှိအခြေအနေမှာ လိုအပ်နေသောတရားများနှင့်အတူ

ထိုကဲ့သို့မျိုးချစ်စိတ်ဓာတ်အရင်းခံ၍သာ နယ်ချဲ့တို့ကို အန်တုတော်လှန်ပြီး လွတ်လပ်ရေးပန်းတိုင် အရောက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုစိတ်ဓာတ်မျိုး လက်ဆင့်ကမ်းနိုင်၍သာ ပြည်ထောင်စုကြီးတည်မြဲနေခြင်းဖြစ်သည်၊ အချုပ်အခြာခိုင်ခံ့နေခြင်းဖြစ်သည်ကို မြန်မာ့သမိုင်းဖြစ်ရပ်များစွာက သက်သေထူခဲ့ထူနေဆဲလည်းဖြစ်သည်ကို အသိအမှတ်ပြုရပါမည်။ မျိုးချစ်စိတ်ကင်းမဲ့ပါက ပြည်ထောင်စုကြီး အစိတ်စိတ်အမြွှာမြွှာပြိုကွဲ အချုပ်အခြာဖရိုဖရဲဖြစ်မှာ သေချာလှသည်။

သို့သော် ယခုဆယ်စုနှစ်တစ်ခုအတွင်းမှာ နိုင်ငံချစ်စိတ်၊ မျိုးချစ် စိတ်၊ နိုင်ငံအရေး၊ အမျိုးသားရေးဟူသည် ရိုက်ချိုးဖျက်ဆီးခံနေရသည့် အနေအထား၊ ပြည်တွင်းပြည်ပစိန်ခေါ်မှုဗရပွနှင့် အကျပ်အတည်း အမျိုးစုံအောက်တွင် မဆုတ်မနစ်ခုခံကာကွယ်စောင့်ရှောက်ရသည့် အနေအထားဖြစ်နေသည်။ နိုင်ငံချစ်စိတ်မဆိုထားနှင့် ကိုယ့်လူမျိုး အချင်းချင်းပင် မေတ္တာထားချစ်တတ်ကြဖို့ ခဲယဉ်းနေကြသည်။ နိုင်ငံ့အရေး၊ အမျိုးသားရေးထက် ကိုယ့်အရေးကအဓိက၊ အတ္တပဓာနဖြစ်လာကြလျှင်... ထိုအခြေအနေမျိုးမှာ တိုးတက်မှုအရေး၊ ဖွံ့ဖြိုးမှုအရေးတို့ပါ နောက်ကျသွားနိုင်သည်ကို သတိပြုသင့်ပါသည်။

မြန်မာသာမဟုတ် ကမ္ဘာမှာလည်း အပြောင်းအလဲများက မြန်ဆန်လွန်းလှသည်။ များသောအားဖြင့် အဖျက်သဘောနှင့် အပျက်ဘက် ဦးတည်သည်က များနေသည်။ မိမိနိုင်ငံအကျိုးစီးပွား ရှေ့တန်းတင်ကြ လွန်းပြီးမလျော်သြဇာလွှမ်းမိုးမှု ဖိအားပေးမှုများပြားလာသည့်အခါကမ္ဘာအနှံ့ ပဋိပက္ခများချည်းတွေ့လာရသည်။ အထူးသဖြင့် မျိုးချစ်စိတ်အခံအားနည်းသောနိုင်ငံများတွင် အချုပ်အခြာဆုံးရှုံးမှုပိုများပြီး ပျက်စီးဆုံးရှုံးမှုပိုများကြောင်းလည်း တွေ့ရသည်။ အပျက်များကြားထဲ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအပျက်အစီးအဆုံးအရှုံး နည်းနိုင်သမျှ နည်းအောင်စည်းလုံးညီညွတ်ဖို့က အဓိကလိုအပ်ချက်ဖြစ်နေသည်။ ကိုယ့်လူမျိုးအချင်းချင်း၊ ကိုယ့်နိုင်ငံသားအချင်းချင်း အသက်ပေးကာကွယ် စောင့်ရှောက်ကြမည်ဟူသောစိတ်ဓာတ်၊ ကိုယ့်နိုင်ငံနယ်နိမိတ် မည်သည့်အစိတ်အပိုင်းမျှ အပွန်းအရှအထိခိုက်မခံဟူသော စိတ်ဓာတ်၊ သွေးကပြောသောအမျိုးချစ်စိတ် ထိုစိတ်ဓာတ်မျိုးမရှိဘဲနှင့် မည်သို့ သောစည်းလုံးညီညွတ်မှုမျိုးမှ ရနိုင်မည်မဟုတ်ပါ။

အပြန်အလှန်ယုံကြည်မှု၊ နားလည်ပေးမှု၊ သည်းခံမှုနှင့်ကိုယ်ချင်းစာတရား၊ မေတ္တာတရားနှင့် သံယောဇဉ်၊ တစ်ဦးနှင့်တစ်ဦးကူညီဖေးမမှု စသည့်လောကပါလတရားများသည် မြန်မာတို့၏အမျိုးသားရေး စရိုက်များလည်းဖြစ်နေသည်။ ကောင်းမြတ်သောထိုအသွင်အပြင်များ မိမိတို့လူမျိုးများအကြား စိမ့်ဝင်နေရန်သည် ယခုအချိန်မှာ အရေးတကြီးလိုအပ်နေပြီး ထိုအခြင်းအရာတို့ကို မျိုးချစ်စိတ်ကသာလျှင် ယူဆောင်ပေးနိုင်လိမ့်မည်ဟုလည်း ယုံကြည်ထားပါသည်၊၊

အမျိုးသားရေးတည်ဆောက်မှုဆီသို့

ထို့ကြောင့် မျိုးချစ်စိတ်တို့၊ နိုင်ငံချစ်စိတ်တို့ဆိုသည်ကို အလွှာအားလုံးမှ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်နေရန်နှင့် ယခုထက်ပို၍ အာရုံစိုက်ပြုပြင်ရန် လိုအပ်နေသည်ဆိုသောအချက်မှာ ထင်ရှားလှပါသည်။

အတိတ်ကာလက အမျိုးသားပညာရေးမျိုးစေ့ဖြင့် လိုချင်သည့်အရာကို ခူးဆွတ်နိုင်ခဲ့ပြီး အောင်ပွဲများရယူနိုင်ခဲ့သည်ကို သင်ခန်းစာယူ၍ ယနေ့အခြေခံပညာကျောင်းများကို မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်များ ထာဝရကိန်းအောင်းရာ ပျံ့နှံ့တိုးတက်ရာ အုတ်မြစ်များအဖြစ် ခိုင်ခံ့အောင်ဆက်လက်ဆောင်ရွက်ရပါမည်။ ယခုလိုနိုင်ငံတည်ငြိမ်ရေး၊ အမျိုးသားလုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားအရေး ဦးစားပေးဖြေရှင်းနေရသည့်အခြေအနေတွင် နိုင်ငံနှင့်လူမျိုးချစ်စိတ်များ တိုးပွားရန်အတွက် အခြေခံအကျဆုံးသည် ပညာရေးကဏ္ဍပင်ဖြစ်သည်ကို ငြင်းချက်ထုတ်ရန်မရှိပါ။

သို့မှသာ အမျိုး၊ ပညာ၊ ဘာသာသာသနာ၊ ယဉ်ကျေးမှုအမွေအနှစ်များကို စနစ်တကျထိန်းသိမ်းစောင့်ရှောက်နိုင်မည်ဖြစ်ပြီး တိုင်းပြည်၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများလည်း အရှိန်အဟုန်ရလာ မည်ဖြစ်ပါသည်။ သို့မှသာ သိမ်မွေ့နက်နဲသော အမျိုးသားရေး တည်ဆောက်မှု Nation building လက္ခဏာများ ပီပီပြင်ပြင်ဖြစ်ပေါ် လာမည်ဟု ယုံကြည်ပါသည်။

အဓိကအချက်က မိမိတို့ဆီမှာ မျိုးဆက်နှင့်ချီပြီး ရှိရမည့် မျိုးချစ်စိတ်ကို မယုတ်လျော့ မဆုံးရှုံးစေလိုသော စေတနာပင်ဖြစ်သည်။ မျိုးချစ်စိတ်မျိုးဆက်ပြတ်သည့်အနေအထားတစ်ခုအထိ Genera-tional patriotism gap မဖြစ်အောင် ဝိုင်းဝန်းကာကွယ်စောင့်ရှောက် ကြရေးသည် ယခုအချိန်တွင် အလွန်အရေးကြီးနေပါသည်။ နေသာသလိုမနေဘဲ ငါတို့နိုင်ငံ၊ ငါတို့လူမျိုးအတွက်ပေးဆပ်မည်ဆိုသည့် စိတ်နေစိတ်ထား၊ ငါတို့ဘာသာ၊ ငါတို့သာသနာ၊ ငါတို့ယဉ်ကျေးမှု၊ ငါတို့ပိုင်မြန်မာစာပေ ၊ မြန်မာစကားကို နည်းလမ်းမျိုးစုံဖြင့် ထိန်းသိမ်း စောင့်ရှောက်ရမည်ဟူသောခံယူချက်... ထိုအချက်များထက်ပို၍ အရေးကြီးသောအချက်များ ရှိမည်မထင်ပါ။

Myanmar Newspapers

15 Nov, 02:32


ဒုတိယဝန်ကြီး ဦးဝင်းရှိန် ရွှေပြည်သာမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့ရှိ အထည်ချုပ်စက်ရုံနှင့် ဖိနပ်ချုပ်စက်ရုံများ ကြည့်ရှုအားပေး

ရန်ကုန် နိုဝင်ဘာ ၁၄

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်ရှိ Alpha Best Global Limited ဖိနပ်ချုပ်စက်ရုံ၊ အထည်ချုပ်စက်ရုံများဖြစ်သည့် Rong Da Gar-ments Co.,Ltd. နှင့် ရွှေဇာမဏီစက်ရုံများသို့ သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းပေးကာ စက်ရုံအတွင်း လှည့်လည်ကြည့်ရှု၍ လုပ်သားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မှော်ဘီမြို့နယ်ရှိ အထည်ချုပ်စက်ရုံများဖြစ်သည့် ဝမ်ပင်းစက်ရုံ၊ Wan He Garment နှင့် ကီဒိုရန်ကုန်စက်ရုံတို့သို့ သွားရောက်ကြည့်ရှုအားပေးရာ စက်ရုံတာဝန်ခံများ၊ မန်နေဂျာများ၊ ကြီးကြပ်ရေးမှူးများနှင့် စက်ရုံအလုပ်သမားအဖွဲ့အစည်းဝင်များ၊ လုပ်ငန်းခွင်ညှိနှိုင်းရေး ကော်မတီဝင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးတာဝန်ခံများက လုပ်ငန်းခွင်အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက အလုပ်သမားရေးရာ ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ လုပ်သားများ၏ သက်သာချောင်ချိရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးအတွက် အလုပ်ရှင်၊ အလုပ်သမား အပြန်အလှန်နားလည်ယုံကြည်မှု၊ စေတနာပါမှုတို့ဖြင့် ဆောင်ရွက်ပေးရန်၊  ကုန်ထုတ်စွမ်းအားတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရန်၊ လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်မှုသည် စက်ရုံ၏ကုန်ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်သဖြင့် အလုပ်ရှင်၊ အလုပ်သမားများက အလေးထား ဆောင်ရွက်ရန်လိုကြောင်း မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/154844

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

Myanmar Newspapers

15 Nov, 02:31


ဒုတိယဝန်ကြီး ဦးဝင်းရှိန် ရွှေပြည်သာမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့ရှိ အထည်ချုပ်စက်ရုံနှင့် ဖိနပ်ချုပ်စက်ရုံများ ကြည့်ရှုအားပေး

Myanmar Newspapers

15 Nov, 02:30


မြန်မာစာဖွံ့ဖြိုးတိုးတက်ရေးဦးစီးကော်မတီ ဒုတိယအကြိမ်အစည်းအဝေး ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၄

မြန်မာစာဖွံ့ဖြိုးတိုးတက်ရေးဦးစီးကော်မတီအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက မြန်မာဘာသာစကားနှင့် စာပေကို ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရန်၊ မြန်မာစာနှင့် တိုင်းရင်းသားဘာသာစကားများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်အတွက် AI နည်းပညာအကူအညီနှင့် ကိုယ်ပိုင်ဆိုက်ဘာပလက်ဖောင်းများ ဖန်တီးရေးသည် အရေးတကြီး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များဖြစ်လာပါကြောင်း၊ စီမံကိန်းက ထွက်လာသည့်ရလဒ်များသည် မြန်မာစာအရေးအသား မှန်ကန်စေရေးအတွက် အထောက်အကူဖြစ်မည့် Spell Checking ၊ Text Prediction စသည့် အက်ပလီကေးရှင်းများကို ဖန်တီးတီထွင်နိုင်ပြီး ရုံးများ၊ ကျောင်းများသာမက အများပြည်သူများအတွက်လည်း အကျိုးများစေမည်ဖြစ်ပါကြောင်း၊ စီမံကိန်းမှရရှိလာသည့် အဆင့်မြင့်နည်းပညာရလဒ်များသည် နိုင်ငံတော်၏ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် e-Governance ကွန်ရက်များကို အဆင့်မြှင့်တင်ပေးရန်အတွက် အထောက်အပံ့ကောင်းတစ်ခုဖြစ်လာရန် မျှော်လင့် ပါကြောင်း ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က စီမံကိန်းနှင့်ပတ်သက်၍ မိတ်ဆက်ရှင်းလင်းဆွေးနွေးပြီး ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက စီမံကိန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ စီမံကိန်းဒါရိုက်တာ AI နည်းပညာရှင် ဒေါက်တာတင်ဘုန်းကျော်က စီမံကိန်းတိုးတက်အောင်မြင်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး နည်းပညာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် NLP ဌာန ပါမောက္ခ ဒေါက်တာဝင်းပပက နည်းပညာလုပ်ငန်းဆိုင်ရာများကို ရှင်းလင်း တင်ပြသည်။

ထို့နောက် ဦးစီးကော်မတီတွဲဖက်အတွင်းရေးမှူး၊ ဘာသာဗေဒလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒေါက်တာသန့်စင်အေးက ဘာသာဗေဒလုပ်ငန်းဆိုင်ရာ ရှင်းလင်းတင်ပြပြီး ဦးစီးကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများနှင့် ပညာရှင်ကြီးများ၊ တက်ရောက်လာသူများက စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။

အစည်းအဝေးသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနတို့မှ မြန်မာစာဖွံ့ဖြိုးတိုးတက်ရေးဦးစီးကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများ၊ မြန်မာစာအဖွဲ့ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့မှ တာဝန်ရှိသူများနှင့် အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/154842

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

Myanmar Newspapers

15 Nov, 02:30


မြန်မာစာဖွံ့ဖြိုးတိုးတက်ရေးဦးစီးကော်မတီ ဒုတိယအကြိမ်အစည်းအဝေး ကျင်းပ

Myanmar Newspapers

15 Nov, 01:51


ပြည်သူများသို့ အသိပေးကြေညာချက်

လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်သည့် လဝကရုံး (ဟစ်တိုင်) ဟု အမည်ပေးထားသော Facebook Group တွင် ပွဲစားများနှင့် ချိတ်ဆက်၍ နိုင်ငံသားစိစစ်ရေးကတ်ပြား (အတု)၊ Unique ID (UID) အတုများဖြင့် နိုင်ငံကူးလက်မှတ်လျှောက်ထားဆောင်ရွက်လျက်ရှိပြီး ယင်းသို့ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထု၏ လုံခြုံရေးကို များစွာထိခိုက်စေသဖြင့် ဝန်ကြီးဌာနမှ ယင်းဖြစ်စဉ်အား စစ်ဆေးဖော်ထုတ်ခဲ့ရာ Jack But Jaxk အကောင့်ပိုင်ရှင် ချစ်မင်းခိုင်ပါ (၃) ဦးအား သင်္ကန်းကျွန်းမြို့မရဲစခန်းတွင်လည်းကောင်း၊ Aent Hmue အကောင့်ပိုင်ရှင် အံ့မှူးပါ (၁၁) ဦးအား မင်္ဂလာဒုံမြို့မရဲစခန်းတွင်လည်းကောင်း၊ ရဲထက်စိုးပါ (၅) ဦးအား မြဝတီမြို့မရဲစခန်းတွင်လည်းကောင်း၊ သန့်ဇင်ထွန်းအား အင်းစိန်မြို့မရဲစခန်း၊ အောင်သူထက်အား စမ်းချောင်းမြို့မရဲစခန်း၊ ခင်မောင်ကျော်အား မော်လမြိုင်မြို့မရဲစခန်းနှင့် ထက်မြတ်အောင်အား ဒလမြို့မရဲစခန်းတွင်လည်းကောင်း တည်ဆဲဥပဒေနှင့်အညီ တရားစွဲဆိုအမှုဖွင့်လှစ်ဆောင်ရွက်ခဲ့ရပါသည်။

သို့ဖြစ်ပါ၍ ရုံးလုပ်ငန်းများနှင့်ပတ်သက်၍ ပြည်သူများ၏ မသိနားမလည်မှုအပေါ် အခွင့်ကောင်းယူ၍ ငွေကြေးရယူ အမြတ်ထုတ်သူများအား ထိရောက်စွာ ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်းနှင့် e-ID စနစ်ဖြင့် UID နံပါတ်ရယူလိုသည့် ပြည်သူများအနေဖြင့် သက်ဆိုင်ရာလဝကမြို့နယ်ရုံးများတွင် မိမိကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့်အတူ လူကိုယ်တိုင်သွားရောက်၍ အခကြေးငွေကုန်ကျမှုမရှိဘဲ ဆောင်ရွက်နိုင်ပါကြောင်း၊ လုပ်ငန်းဆိုင်ရာအခက်အခဲများရှိပါက အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန၏ Facebook စာမျက်နှာဖြစ်သည့် www.facebook.com/eIDDept မှတစ်ဆင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

https://t.me/myanmarnewspaper/154840

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

Myanmar Newspapers

15 Nov, 01:45


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ရန်အောင်မြေရပ်ကွက်ရှိ First Rate Mobile ဖုန်းဆိုင်အား သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်လုယက်မှုကျူးလွန်သူ တရားခံအမျိုးသားလေးဦးအား သက်သေခံပစ္စည်းများ၊ လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် လက်နက်ခဲယမ်းများနှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ရန်အောင်မြေရပ်ကွက် ဗိုလ်ချုပ်လမ်းမဘေးရှိ First Rate Mobile ဖုန်းဆိုင်သို့ အမျိုးသားလေးဦး (စိစစ်ဆဲ) က နိုဝင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် သေနတ်များကိုင်ဆောင်၍ ဝင်ရောက်လာပြီး ဆိုင်ဝန်ထမ်းများကို ကြမ်းပြင်၌ မှောက်ခိုင်းထားကာ ဆိုင်၏နောက်ခန်းအတွင်း ဖုန်းပြင်နေသော ဆိုင်ဝန်ထမ်းဖြစ်သူ ကိုဟိန်းမြတ်သူ (၂၁) နှစ်အား သေနတ်ဖြင့်ပစ်ခတ်၍ ဆိုင်အတွင်းရှိ iPhone အမျိုးအစား လက်ကိုင်ဖုန်း ၂၀၊ တန်ဖိုးငွေကျပ် ၁၁၂၁ သိန်းခန့်အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့ပြီး ဖြစ်စဉ်အတွင်း ကိုဟိန်းမြတ်သူတွင် ကျည်ထိမှန်ဒဏ်ရာတစ်ချက်ရရှိကာ သေဆုံးသွားခဲ့သဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၁၆၈/၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၂/၃၀၂/၃၄ ဖြင့် အမှုဖွင့်လှစ်ကာ တရားခံများဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့သည်။

ဖြစ်စဉ်မှ လုယက်မှုကျူးလွန်သူတရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်း၊ အသွင်ယူစောင့်ကြည့်ခြင်းများဆောင်ရွက်ခဲ့ရာ တာချီလိတ်မြို့နယ် ဖန်ပင်ကျေးရွာအုပ်စု ဝမ်ကျောက်လုံကျေးရွာရှိ ဦးဆမ်ကြွက် (စိစစ်ဆဲ) ၏ အငှားနေအိမ်လိုင်းခန်းတွင် လုယက်မှုကျူးလွန်သူတရားခံများ ခိုအောင်းရောက်ရှိနေထိုင်လျက်ရှိကြောင်း သတင်းအရ ယင်းနေ့ ည ၁၂ နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါအငှားနေအိမ်လိုင်းခန်းသို့ ဝင်ရောက်စီးနင်းရှာဖွေခဲ့သည်။

ထိုသို့ဝင်ရောက်ရှာဖွေစဉ် အဆိုပါအငှားနေအိမ်လိုင်းခန်းရှိ အခန်းအမှတ် (၁၀) အတွင်းမှ လုယက်မှုကျူးလွန်ခဲ့သူတရားခံများက သေနတ်များဖြင့် စတင်ပစ်ခတ်ကာ ထွက်ပြေးရန်ကြိုးစားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ဖမ်းဆီးခဲ့ရာ လုယက်မှုကျူးလွန်ခဲ့သူတရားခံများဖြစ်ကြသည့် လားရှိုးမြို့နယ် နယ်မြေ (၁၉)၊ ရပ်ကွက် (၁၂) နေ ဖန်လီ(၃၄)နှစ် (ဘ) ဦးဖန်ကျင်းလျှမ်ပါ အမျိုးသားလေးဦးအား အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ပြီး အခင်းဖြစ်နေရာအား အသေးစိတ်စစ်ဆေး ရှာဖွေမှုများဆောင်ရွက်ခဲ့ရာ လုယက်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့် BWHE 610 Glock အမျိုးအစား ပစ္စတိုသေနတ်တစ်လက်၊ ၎င်းကျည်နှစ်တောင့်၊ ကျည်အိမ်နှစ်ခု၊ အမေရိကန်နိုင်ငံထုတ် ZEV အမျိုးအစား ပစ္စတိုသေနတ်တစ်လက်၊ ၎င်းကျည်နှစ်တောင့်၊ ကျည်အိမ်တစ်ခု၊ အသံတိတ်ပြောင်းတစ်ခု၊ အမေရိကန်နိုင်ငံထုတ် SIGSAUER အမျိုးအစား ပစ္စတိုသေနတ်တစ်လက်၊ ကျည်အိမ်တစ်ခု၊ ဩစတြေးလျနိုင်ငံထုတ် TARAN TACTICAL INNOVATION (COMBAT MASTER) အမျိုးအစား ပစ္စတိုသေနတ်တစ်လက်၊ ၎င်းကျည်သုံးတောင့်၊ ကျည်အိမ်တစ်ခု၊ အသံတိတ်ပြောင်းတစ်ခု၊ နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်ခု၊ ယာဉ်မောင်းလိုင်စင်ကတ်ပြားတစ်ခု၊ SHN-12 1K-7890 ယာဉ်နံပါတ်ပြား တပ်ဆင်ထားသည့် TOYOTA WISH အမျိုးအစား မော်တော်ယာဉ်တစ်စီးနှင့် အနက်ရောင်လက်ဆွဲ အိတ်အတွင်းထည့်ထားသော လုယက်မှုကျူးလွန်ရာမှ ရရှိသည့် လက်ကိုင်ဖုန်း ၁၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်တွင် First Rate Mobile ဖုန်းဆိုင်အတွင်း ဝင်ရောက်ကာ လူသေဆုံးစေသည်အထိ သေနတ်ဖြင့် ပစ်ခတ်၍ လုယက်မှုကျူးလွန်သူတရားခံလေးဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်တိုအတွင်း သက်သေခံပစ္စည်းများ၊ လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် လက်နက်ခဲယမ်းများနှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/154839

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

Myanmar Newspapers

15 Nov, 01:45


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ရန်အောင်မြေရပ်ကွက်ရှိ First Rate Mobile ဖုန်းဆိုင်အား သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်လုယက်မှုကျူးလွန်သူ တရားခံအမျိုးသားလေးဦးအား သက်သေခံပစ္စည်းများ၊ လုယက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် လက်နက်ခဲယမ်းများနှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိ

Myanmar Newspapers

15 Nov, 01:39


ယူအေအီးနိုင်ငံ ဖူဂျဲရာ့ပြည်နယ်အတွင်း နေအိမ်တစ်အိမ်၌ အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူတစ်ဦးအား အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်

ရန်ကုန် နိုဝင်ဘာ ၁၄

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင် ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့ရပါက နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုးထားသည့်အနေဖြင့် မည်သို့သောအခြေအနေနှင့် တွေ့ကြုံရသည်ဖြစ်စေ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် မြန်မာသံရုံးတို့သည် သက်ဆိုင်ရာ သံရုံးများနှင့်ချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အမြန်ဆုံး အေးချမ်းလုံခြုံစွာ ပြန်လည်ရောက်ရှိရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယူအေအီးနိုင်ငံ ဖူဂျဲရာ့ပြည်နယ် (Fujairah) အတွင်း နေအိမ်တစ်အိမ်၌ အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံသူ မဇင်မျိုးသူအား အမိနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရန် မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ယူအေအီးနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးဌာန၊ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းရုံးချုပ်အပါအဝင် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ရာ ပြန်လည်ထွက်ခွာခွင့် Out Pass ရရှိခဲ့၍ နိုဝင်ဘာ ၁၃ ရက်၌ ဒူဘိုင်း - ရန်ကုန်ခရီးစဉ်ဖြင့် ထွက်ခွာခဲ့ရာ ည ၉ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင် အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ခဲ့ရသည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့မှ ညှိနှိုင်းကူညီဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိရာ ယခုကဲ့သို့ အမိနိုင်ငံသားများ အတိဒုက္ခကြုံတွေ့နေရစဉ် ကူညီကယ်တင်ပေးသည့်အတွက် အလုပ်သမားနှင့် မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရ၊ မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့အား လှိုက်လှဲစွာ အထူးကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။

ကျော်ကြီး ၊ ဓာတ်ပုံ-သီဟ

https://t.me/myanmarnewspaper/154836

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

Myanmar Newspapers

15 Nov, 01:39


ယူအေအီးနိုင်ငံ ဖူဂျဲရာ့ပြည်နယ်အတွင်း နေအိမ်တစ်အိမ်၌ အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူတစ်ဦးအား အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်

Myanmar Newspapers

15 Nov, 01:34


တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား မိုးရာသီစခန်းချလေ့ကျင့်ရေးသင်တန်းဆင်းပွဲများ ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၄

နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ အသိအမြင်များရရှိ၍ အနာဂတ်နိုင်ငံတော်၏ တာဝန်များ ထမ်းဆောင်သည့်အခါတွင် အထောက်အကူရရှိကာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ပိုမိုရင့်သန်လာစေရန်နှင့် ယုံကြည်ချက်၊ ခံယူချက်မြင့်မားပြီး အရည်အချင်း ပြည့်ဝစေရန် ရည်ရွယ်ချက်ဖြင့် တက္ကသိုလ်အသီးသီးမှ ကိုယ်တိုင်ဆန္ဒပြုသည့် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင်ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ ပထမနှစ် အခြေခံစစ်ပညာသင်တန်း၊ ဒုတိယနှစ် အခြေခံစစ်ပညာသင်တန်းနှင့် ပထမနှစ်တန်းမြင့်စစ်ပညာသင်တန်းတို့ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှစ၍ သင်တန်းများ ဖွင့်လှစ်ကာ လေ့ကျင့်သင်ကြားပေးခဲ့သည်။

ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းဆင်းပွဲများကို နေပြည်တော်ကောင်စီနယ်မြေတွင်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်တွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်၊ မိုင်းမောမြို့တွင်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင်လည်းကောင်း နယ်မြေခံသင်တန်းကျောင်းခန်းမများ၌ ပြုလုပ်ကြသည်။

အဆိုပါ သင်တန်းဆင်းပွဲများသို့ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်း နည်းပြများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းဆင်းအမှာစကားများ ပြောကြားကြသည်။

ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက မိုးရာသီစခန်းချလေ့ကျင့်ရေးသင်တန်းများအတွက် အမှတ်တရလက်ဆောင်ပစ္စည်း၊ ဆုတံဆိပ်ရရှိကြသည့် ကျောင်းသား ကျောင်းသူများအား ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ရာ တာဝန်ရှိသူများနှင့် ဆုရရှိကြသူများက လက်ခံရယူကြသည်။ ယင်းနောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

အဆိုပါ သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများ၏ ရင်းတွင်းစကားသံများကိုလည်း ယခုလို ကြားသိခဲ့ရပါသည် -

စိတ်ဝင်စားတဲ့ဘာသာရပ်ကတော့ ကိုယ်စီစစ်မြေပြင်ကျွမ်းကျင်မှုဘာသာရပ်ပဲဖြစ်ပါတယ်။ ပြီးတော့ လက်နက်မဲ့စစ်ရေးပြဘာသာရပ်ဖြစ်ပါတယ်။ အကောင်းဆုံးစံပြဆုရတာကို ကျွန်မအလွန်ဝမ်းသာပါတယ်။ ကြိုးစားခဲ့ရတာတွေ အရာထင်ခဲ့တယ်။ ပင်ပန်းခဲ့ရတာတွေ၊ ကျွန်မတို့ကျောင်းအတွက်လည်း အလွန်ဝမ်းသာဂုဏ်ယူရပါတယ်။ ဒီသင်တန်းကို နောက်ထပ်လာမယ့်သူတွေလည်း လာရောက်တတ်သင့်တယ်လို့ ထင်တယ်။

နိုင်ငံတော်ကာကွယ်ရေးဆိုတာ တပ်မတော်သားတွေမှာပဲ တာဝန်ရှိတာမဟုတ်ပါဘူး။ ကျွန်တော်တို့ နိုင်ငံသားတိုင်းမှာလည်း နိုင်ငံတော်ကာကွယ်ရေးနဲ့ပတ်သက်ပြီး တာဝန်ရှိတယ်။ ကျွန်တော်ဆိုရင် အခြေခံဒုတိယနှစ်သင်တန်းကို ရောက်ရှိနေပြီဖြစ်ပါတယ်။ အခြေခံဒုတိယနှစ်သင်တန်းမှာဆိုရင် အခြေခံပထမနှစ်ကတော့ တပ်နဲ့ပတ်သက်တဲ့ အခြေခံအကြောင်းအရာတွေ သင်ကြားရတာပါ။ အခြေခံဒုတိယနှစ် ရောက်သွားတော့ ပထမနှစ်ထက်တစ်ဆင့်မြင့်ပြီးတော့ ခုဆိုရင် တိုက်ပွဲဝင်နိုင်တဲ့အဆင့်ထိပါ သင်ကြားပေးထားပြီးဖြစ်တဲ့အတွက် လေ့ကျင့်သားပြည့်ဝနေပြီလို့ ပြောလို့ရပါတယ်။ အဲတာကြောင့် ခုဆို ကျွန်တော်တို့လည်း တပ်မတော်သားတွေလိုပဲ လေ့ကျင့်သားပြည့်ဝတဲ့ တက္ကသိုလ်တပ်ဖွဲ့ဝင်တစ်ယောက်အနေနဲ့ နိုင်ငံတော်ကာကွယ်ရေးမှာ အရေးကြုံရင် လိုအပ်တဲ့နေရာကနေ စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်သွားဖို့လည်း ရှိပါတယ်။

ဒီသင်တန်းကို လာရောက်တက်ရတဲ့အတွက်ကြောင့် အချိန်နဲ့တစ်ပြေးညီလုပ်ဆောင်ရတာတွေ။ နောက်မတူညီတဲ့ တက္ကသိုလ်ကနေတွေ့ရတဲ့ သူငယ်ချင်းအပေါင်းအသင်းတွေအချင်းချင်း ကူညီရိုင်းပင်းမှုတွေ၊ သင်ခန်းစာတွေကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခဲ့ရတာတွေနဲ့ အပြင်မှာသင်ဖို့မလွယ်ကူတဲ့ စစ်ပညာတွေကို သင်ကြားရတဲ့ ကောင်းမွန်တဲ့အတွေ့အကြုံတွေ ရရှိပါတယ်။ ကျွန်မရရှိတဲ့ဆုကတော့ စံပြကျောင်းသူဆု ရရှိခဲ့တာဖြစ်ပါတယ်။ ဒီဆုကိုရရှိခဲ့တဲ့ အတွက်ကြောင့် ကျေနပ်မှုရှိပါတယ်။ ဒီပညာတွေကို နိုင်ငံအတွက် အရေးတကြီးလိုအပ်တဲ့အခါမှာ လိုအပ်တဲ့ဘက်ကနေ စွမ်းစွမ်းတမံဆောင်ရွက်ဖို့ ခံယူချက်ရှိပါတယ်။ စခန်းချလေ့ကျင့်ခြင်းကို သင်တန်းကျောင်းမှာဆိုရင် အချိန်နဲ့တစ်ပြေးညီ လုပ်ဆောင်ရတယ်။ သင်တန်းကိုလည်း ခက်ခက်ခဲခဲကြိုးစားရတယ်။ ဒီလိုကြိုးစားခဲ့ရတဲ့အပေါ်မှာ ဆရာ ဆရာမတွေရဲ့ ထောက်ပံ့ပေးမှုတွေ၊ နည်းပြတွေရဲ့ ထောက်ပံ့ပေးမှုတွေ သင်တန်းသားအချင်းချင်း ရိုင်းပင်းကူညီမှုတွေနဲ့ အဘက်ဘက်ကနေ ကြိုးစားပြီး ရရှိခဲ့တဲ့အတွက်ကြောင့် ဂုဏ်ယူ ပါတယ်။

Myanmar Newspapers

15 Nov, 01:34


နေရေးထိုင်ရေးအတွက် အဆင်ပြေအောင် စီစဉ်ထားရှိမှုတွေရှိပါတယ်။ ပြီးတော့ ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းတွေ၊ ကိုယ်ခံပညာတွေကိုလည်း သင်ကြားပေးပါတယ်။ အခြေခံစစ်နည်းဗျူဟာတွေလည်း ကောင်းစွာသင်ယူရရှိခဲ့ပါတယ်။ ကျွန်တော်တို့သင်ကြားခဲ့ရတဲ့ အခြေခံစစ်နည်းဗျူဟာတွေကိုလည်း နောင်အနာဂတ်မှာ ခေါင်းဆောင်ဖြစ်လာမယ့် ကျွန်တော်တို့ရဲ့ ညီငယ်၊ ညီမငယ်တွေကို ပြန်လည်မျှဝေပေးချင်ပါတယ်။ နိုင်ငံတော်ကာကွယ်ဖို့အတွက် ကျွန်တော် တို့ လူငယ်မောင်မယ်တွေမှာလည်း တာဝန်ရှိတာဖြစ်တဲ့အတွက်ကြောင့် လူငယ်မောင်မယ်တွေကို အခြေခံစစ်နည်းဗျူဟာတွေ ပြန်လည်မျှဝေပေးရင်းနဲ့ အနာဂတ်နိုင်ငံတော်ရဲ့ တာဝန်ကို တစ်ဖက်တစ်လမ်းကနေ ထမ်းဆောင်ကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်။

အဆိုပါ သင်တန်းများတွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၇၆၈ ဦးတို့ကို သင်တန်းကာလ ခုနစ်ပတ် ဖွင့်လှစ်၍ ကိုယ်လက်ကြံ့ခိုင်ရေးဘာသာရပ်၊ မြန်မာ့သိုင်းဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ လက်နက်ငယ်ဘာသာရပ်၊ ကိုယ်စီစစ်မြေပြင်ကျွမ်းကျင်မှုဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ်၊ သဘောတရားရေးဆိုင်ရာဘာသာရပ်၊ စစ်မြေပြင်အင်ဂျင်နီယာဘာသာရပ်၊ ကျန်းမာရေးနှင့် ရှေးဦးသူနာပြုဘာသာရပ်များနှင့် စက်ပစ်ကွင်းလက်တွေ့ပစ်ခတ်ခြင်းသင်ခန်းစာများအား လေ့ကျင့်သင်ကြားပေးခြင်းအပြင် အထွေထွေဗဟုသုတရရှိစေရေးအတွက် ပြင်ပလေ့လာရေးခရီးစဉ်များကိုလည်း လိုက်ပါပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/154834

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

Myanmar Newspapers

15 Nov, 01:33


တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား မိုးရာသီစခန်းချလေ့ကျင့်ရေးသင်တန်းဆင်းပွဲများ ကျင်းပ

Myanmar Newspapers

15 Nov, 01:24


အလုပ်သမားဝန်ကြီးဌာန ထုပ်ဆီးတိုးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၄

အလုပ်သမားဝန်ကြီးဌာန ထုပ်ဆီးတိုးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးရုံးရှေ့မြက်ခင်းပြင်၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ ပြိုင်ပွဲဝင်အသင်းများ၏ အုပ်ချုပ်သူများ၊ နည်းပြများ၊ အားကစားသမားများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဒိုင်အဖွဲ့ဝင်များ တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးရုံးအပါအဝင် ဦးစီးဌာန၊ အဖွဲ့ရုံးများမှ ဝန်ထမ်းအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရေး၊ ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်သန်စွမ်းမှုရရှိစေရေး၊ ဝန်ထမ်းအချင်းချင်း ရိုင်းပင်းကူညီစိတ်များနှင့် စုပေါင်းလုပ်ဆောင်တတ်သည့် အလေ့အထများ ရရှိစေရန်ရည်ရွယ်၍ ထုပ်ဆီးတိုးအားကစားပြိုင်ပွဲကို ကျင်းပပေးခြင်းဖြစ်ကြောင်း၊ အားကစားပြိုင်ပွဲများကို ပုံမှန်ကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် အဘက်ဘက်က ဝိုင်းဝန်းကူညီပံ့ပိုးပေးကြရန် ပြောကြားသည်။

ထို့နောက် ပထမရရှိသည့်အသင်းကို ပြည်ထောင်စုဝန်ကြီးကလည်းကောင်း၊ ဒုတိယဆုရရှိသည့်အသင်းကို အမြဲတမ်းအတွင်းဝန်ကလည်းကောင်း၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသည့်အသင်းများကို ညွှန်ကြားရေးမှူးချုပ်များကလည်းကောင်း ဆုများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/154825

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

Myanmar Newspapers

09 Nov, 03:10


ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

Myanmar Newspapers

09 Nov, 03:04


ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း၊ ရန်ကုန်) တို့တွင် တက်ရောက်ကြမည့် သင်တန်းသား သင်တန်းသူများ စိစစ်အတည်ပြုရွေးချယ်

နေပြည်တော် နိုဝင်ဘာ ၈

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်နှင့် တာဝန်ရှိသူများသည် နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်တို့တွင် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း) နှင့် (ရန်ကုန်) တို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်သင်တန်းသို့ တက်ရောက်ကြမည့် သင်တန်းသား သင်တန်းသူများအား စိစစ်အတည်ပြုရွေးချယ်ကြကြောင်း သိရသည်။

ကြည့်ရှုစစ်ဆေး

ထို့ပြင် ဒုတိယဝန်ကြီးသည် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း၊ ရန်ကုန်) တို့ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ပထမနှစ်သင်တန်းတက်ရောက် မည့် သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး သင်တန်းသား သင်တန်းသူများ ထားရှိမည့် အိပ်ဆောင်များ၊ စာသင်ဆောင်များ၊ စားရိပ်သာများနှင့် ကျောင်းဝင်းအတွင်း စိုက်ပျိုး/ မွေးမြူရေး ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း၊ ရန်ကုန်) တို့သို့ တက်ရောက်ကြမည့် သင်တန်းသား သင်တန်းသူများကို ရွေးချယ်ရာတွင် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ၄၅ ကျောင်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး သတ်မှတ်အမှတ်ပြည့်မီသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများမှ ဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်နှင့် ကိုက်ညီသော တိုင်းရင်းသား၊ တိုင်းရင်းသူများကို လူတွေ့စစ်ဆေးအတည်ပြုရွေးချယ်ခဲ့ခြင်းဖြစ်သည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် သင်တန်းသားရွေးချယ်ရေးဗဟိုကော်မတီက မြန်မာနိုင်ငံတစ်ဝန်းရှိ ဝေးလံခေါင်းပါးသော နယ်စပ်ဒေသများမှ ကျောင်းသား ကျောင်းသူများအား ဝိဇ္ဇာဘွဲ့၊ သိပ္ပံ ဘွဲ့နှင့် A.G.T.I ဒီပလိုမာသင်တန်းများအတွက် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း) တွင် ၂၂၁ ဦး၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) တွင် ၂၂၃ ဦး စုစုပေါင်း ၄၄၄ ဦးကို စိစစ် အတည်ပြု ရွေးချယ်ခဲ့ပြီး ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့လေးနှစ်နှင့် A.G.T.I ဒီပလိုမာသုံးနှစ် သင်ကြားပေးသွားမည်ဖြစ်ကာ ကျောင်းဆင်းပြီးချိန်တွင် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာရရှိသူများကို ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ မိမိဒေသအုပ်ချုပ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် MSMEs လုပ်ငန်းများနှင့် သက်ဆိုင်သည့် ဝန်ကြီးဌာနများ၌ အကြီးတန်းစာရေးနှင့် အဆင့်တူရာထူးနေရာများအတွက် နိုင်ငံ့ဝန်ထမ်းများအဖြစ် ခန့်အပ်တာဝန်ပေးအပ် မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/154048

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

Myanmar Newspapers

09 Nov, 03:04


ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း၊ ရန်ကုန်) တို့တွင် တက်ရောက်ကြမည့် သင်တန်းသား သင်တန်းသူများ စိစစ်အတည်ပြုရွေးချယ်

Myanmar Newspapers

09 Nov, 02:55


ပြည်နယ်တိုင်းရင်းသားယဉ်ကျေးမှုဗဟိုစင်တာကို ပြည်နယ်ဂုဏ်ဆောင် ပြယုဂ်တစ်ခုဖြစ်လာရန် ရည်ရွယ်ဆောင်ရွက်

နေပြည်တော် နိုဝင်ဘာ ၈

ကရင်ပြည်နယ် ဘားအံမြို့၌ ရောက်ရှိနေသော တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ကရင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုတို့နှင့်အတူ ယမန်နေ့က ပြည်နယ်တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ပြောကြား

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားလူမျိုးများရေးရာလုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်က ပြဋ္ဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျ မှန်ကန်စွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းများတွင် ဝန်ထမ်းများအနေဖြင့် ကျရာကဏ္ဍမှ အစွမ်းကုန်ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးက အမှာစကားပြောကြားပြီး ဝန်ထမ်းများက လုပ်ငန်းတာဝန်ထမ်းဆောင်မှုနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့သည် မွန်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ တာဝန်ရှိသူများနှင့်အတူ မွန်ပြည်နယ် မော်လမြိုင်မြို့သို့ ရောက်ရှိပြီး ပြည်နယ်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးတို့က လုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်မြို့နယ် မင်းရွာကျေးရွာရှိ ပြည်နယ်တိုင်းရင်းသားယဉ်ကျေးမှုဗဟိုဌာန(Ethnic Cultural Center) သို့ သွားရောက်၍ အဝင်မုခ်ဦး၊ လေးထပ်မျှော်စင်၊ ဝန်ထမ်းအိမ်ရာ၊ ဝင်းခြံစည်းရိုး၊ ယဉ်ကျေးမှုပြတိုက်အဆောက်အအုံနှင့် အခြားဆက်စပ်လုပ်ငန်းများ ဆောင်ရွက် နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

အဆိုပါ တိုင်းရင်းသားယဉ်ကျေးမှုဗဟိုစင်တာသည် မွန်ပြည်နယ်အတွင်းရှိ မွန်၊ ဗမာ၊ ပအိုဝ်းနှင့် ကရင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအနုပညာများကို တစ်နေရာတည်းတွင် အလွယ်တကူဝင်ရောက်လေ့လာနိုင်ရန်နှင့် ပြည်နယ်ဂုဏ်ဆောင်ပြယုဂ်တစ်ခုဖြစ်လာနိုင်ရန် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/154046

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

Myanmar Newspapers

09 Nov, 02:55


ပြည်နယ်တိုင်းရင်းသားယဉ်ကျေးမှုဗဟိုစင်တာကို ပြည်နယ်ဂုဏ်ဆောင် ပြယုဂ်တစ်ခုဖြစ်လာရန် ရည်ရွယ်ဆောင်ရွက်

Myanmar Newspapers

09 Nov, 02:50


အင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်ကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၈

မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်ကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံဗိသုကာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ခေတ်အဆက်ဆက် မြန်မာ့အင်ဂျင်နီယာများ၏ နိုင်ငံ့အကျိုးပြုစွမ်းဆောင်နိုင်မှု သမိုင်းမှတ်တိုင်များကို လူငယ်များက အားကျအတုယူပြီး ခေတ်မီအင်ဂျင်နီယာနည်းပညာ တီထွင် ဖန်တီးနိုင်မှုများကို ပိုမိုဖွံ့ဖြိုးလာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ထို့အတူ ပြည်သူများအတွက် အားထားရသည့် လူငယ်အင်ဂျင်နီယာကောင်းများ ပိုမိုပေါ်ထွန်းလာစေရန်နှင့် လူငယ်အင်ဂျင်နီယာများ၏စွမ်းရည်ဖြင့် နိုင်ငံ့အနာဂတ်ကောင်းများ ထွန်းလင်းနိုင်စေရန်၊ နိုင်ငံတကာအဆင့်မီ အင်ဂျင်နီယာပညာရေးလုပ်ငန်းစဉ်များကို Stakeholders များနှင့် ပူးပေါင်းဖော်ထုတ်နိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ရာပြည့်ဂုဏ်ပြုသဘင်ကျင်းပရန် ဆောင်ရွက်နေကြောင်း ပြောကြားသည်။

ယင်းနောက် တက်ရောက်သူများက ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်မှုများကို ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/154044

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

Myanmar Newspapers

09 Nov, 02:50


အင်ဂျင်နီယာပညာရေး နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်ကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

Myanmar Newspapers

09 Nov, 02:44


သင်ကြားပေးခဲ့သည့် စာတွေ့၊ လက်တွေ့ ပညာရပ်များနှင့် အတွေ့အကြုံများကို ပေါင်းစပ်ပြီး ထိထိရောက်ရောက် အကျိုးရှိအောင် အသုံးချ၍ ပြည်သူလူထုက အားကိုးထိုက်သော ဝန်ထမ်းကောင်းများဖြစ်အောင် လေ့ကျင့်ကြိုးစား

နေပြည်တော် နိုဝင်ဘာ ၈

မြန်မာနိုင်ငံ သစ်တောကျောင်း အခြေခံသစ်တောပညာသင်တန်း အမှတ်စဉ် (၁၁၇) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံ သစ်တောကျောင်း ကျွန်းရတနာ ခန်းမ၌ ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ သစ်တော ကျောင်းသည် ၁၈၉၈ ခုနှစ်မှစပြီး အခြေခံသစ်တောပညာရပ်များကို သင်ကြားပို့ချပေးခဲ့ရာ ယခု ၁၂၆ နှစ်တိုင်ခဲ့ပြီဖြစ်ပြီး ခေတ်အဆက် ဆက် သစ်တောအမှုထမ်းကောင်း များစွာမွေးထုတ်ပေးနိုင်ခဲ့ရာ ယနေ့အထိ ၆၆၁၄ ဦးရှိပြီဖြစ် ကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စည်းကမ်းပြည့်ဝ၍ စွမ်းဆောင်ရည်မြင့်မားသော ဝန်ထမ်းကောင်းများဖြစ်စေရန် ရည်ရွယ်ကာ ယခုသင်တန်းကို ဖွင့်လှစ်သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း၊ ရေရှည်တည်တံ့စေသော သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှုတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးပါသည့် အခန်းကဏ္ဍဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် စွမ်းဆောင်ရည် မြင့်မားတိုးတက်စေရန် ခေတ်စနစ်နှင့်အညီ လေ့လာကြိုးစားသွားကြရမည်ဖြစ်ကြောင်း၊ သင်ကြားပေးခဲ့သည့် စာတွေ့၊ လက်တွေ့ပညာရပ်များနှင့် အတွေ့ အကြုံများကိုပေါင်းစပ်ပြီး ထိထိရောက်ရောက် အကျိုးရှိအောင် အသုံးချ၍ ပြည်သူလူထုက အားကိုးထိုက်သော ဝန်ထမ်းကောင်းများဖြစ်အောင် လေ့ကျင့် ကြိုးစားသွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းဘက်စုံထူးချွန် ကျောင်းသားဆု၊ စာပေထူးချွန်ကျောင်းသားဆု၊ လက်တွေ့ထူးချွန်ကျောင်းသားဆုများကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီး ချုပ်က သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူများကိုလည်းကောင်း၊ တာဝန်ရှိသူများက အဆင့်အလိုက်ထူးချွန်ဆုရသူများနှင့် ဘာသာရပ်ထူးချွန်ဆုရသူများကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်းကျောင်းသားများနှင့် မိဘများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့နယ် အင်းယားသစ်တောပျိုးဥယျာဉ်အတွင်း ပျိုးပင် ၅၈၀၀၀ ကျော် ပျိုးထောင်ထားမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/154042

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

Myanmar Newspapers

09 Nov, 02:44


သင်ကြားပေးခဲ့သည့် စာတွေ့၊ လက်တွေ့ ပညာရပ်များနှင့် အတွေ့အကြုံများကို ပေါင်းစပ်ပြီး ထိထိရောက်ရောက် အကျိုးရှိအောင် အသုံးချ၍ ပြည်သူလူထုက အားကိုးထိုက်သော ဝန်ထမ်းကောင်းများဖြစ်အောင် လေ့ကျင့်ကြိုးစား

Myanmar Newspapers

09 Nov, 01:43


ရေစကြိုမြို့နယ် နေရင်းကျေးရွာကို နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင်ပစ္စည်းများကို ယူဆောင်သွားကြောင်း မဟုတ်မမှန်လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် နိုဝင်ဘာ ၈

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် နေရင်းကျေးရွာကို နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်တို့တွင် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကာ ပြည်သူပိုင်ပစ္စည်းများကို ယူဆောင်သွားခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ရေစကြိုမြို့နယ်မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ နေရင်းကျေးရွာကို လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက သွားရောက်ခဲ့ခြင်းမရှိကြောင်းနှင့် အဆိုပါသတင်းမှာလည်း သတင်းအမှားသာဖြစ်ကြောင်း၊ PDF အမည်ခံ အကြမ်းဖက်သမားများက ၎င်းတို့ကို ထောက်ခံအားပေးခြင်းမရှိသည့် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်လျက်ရှိသည့်အတွက် နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများသည် ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်နေသည့် PDF အမည်ခံ အကြမ်းဖက်သမားများကို ဖုံးကွယ်ပြီး နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် မဟုတ်မမှန် စွပ်စွဲရေးသားကာ ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/154040

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

Myanmar Newspapers

09 Nov, 01:43


ရေစကြိုမြို့နယ် နေရင်းကျေးရွာကို နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင်ပစ္စည်းများကို ယူဆောင်သွားကြောင်း မဟုတ်မမှန်လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

Myanmar Newspapers

09 Nov, 01:35


အလွတ်တန်းဆောင်းပါးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခြင်း

Myanmar Newspapers

09 Nov, 01:35


အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းဆင်းပွဲကျင်းပ

ရန်ကုန် နိုဝင်ဘာ ၈

အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၁၀၇) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ အဖွဲ့ဝင် ဦးစိုးတင့်၊ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက နိုင်ငံ့ဝန်ထမ်း ဆရာ ဆရာမများသည် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး နိုင်ငံ့ဝန်ထမ်းများနှင့် သက်ဆိုင်သော ဗဟုသုတနှင့် အတွေ့အကြုံများ တိုးပွားလာစေရန်၊ ချစ်ကြည်ရင်းနှီး စည်းလုံးညီညွတ်မှုရရှိစေရန်နှင့် ယုံကြည်ချက်၊ ခံယူချက်၊ စိတ်နေစိတ်ထားများ ကောင်းမွန်လာစေရန် ရည်ရွယ်လေ့ကျင့်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ လက်တွေ့လုပ်ငန်းခွင်နယ်ပယ်တွင် အကျိုးရှိအောင် အသုံးပြုကြပြီး မျိုးဆက်သစ် ကျောင်းသားလူငယ်များအား နိုင်ငံတော်ကို အကျိုးပြုနိုင်သည့် လူကောင်း၊ လူတော် နိုင်ငံ့သားကောင်းများဖြစ်အောင် ဆက်လက်ပြုစုပျိုးထောင်ကြစေလိုကြောင်း၊ ပါတီနိုင်ငံရေးကင်းရှင်းပြီး တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်ဖွံ့ဖြိုးတိုးတက်ရေးကို ဆတက်ထမ်းပိုးကြိုးပမ်းကြရန် တိုက်တွန်းပါကြောင်း ပြောကြားပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသူများကို ဆုများချီးမြှင့်၍ သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။

အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၁၀၇) သို့ သင်တန်းသား ၃၁ ဦး၊ သင်တန်းသူ ၃၅၈ ဦး စုစုပေါင်း ၃၈၉ ဦး တက်ရောက်ကြပြီး သင်တန်းကာလ ရက်သတ္တငါးပတ်ကြာမြင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/154037

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

Myanmar Newspapers

09 Nov, 01:35


အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းဆင်းပွဲကျင်းပ

Myanmar Newspapers

09 Nov, 01:25


မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် မိဘမဲ့ဂေဟာများ ကြည့်ရှုစစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၈

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သောအဖွဲ့သည် ကော်မရှင်ဥပဒေ ပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ယမန်နေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ အဝါရောင်မျိုးဆက်သစ်ပရဟိတ မိဘမဲ့ကျောင်းနှင့် ယနေ့တွင် လယ်ဝေးမြို့နယ်ရှိ မဟာပရဟိတ လူငယ်ဖွံ့ဖြိုးရေးဥယျာဉ် (စမတောင်) တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ကော်မရှင်အဖွဲ့ဝင်သည် ကလေးများကို ကျား/ မ ခွဲခြားပြီး ဂေဟာရှိ အိပ်ဆောင်များအလိုက်ထားရှိမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အစားအစာ ကျွေးမွေးမှုအခြေအနေ၊ အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးမှု၊ သန့်ရှင်းသော သောက်သုံးရေသုံးစွဲနိုင်မှုအခြေအနေများနှင့် ကလေးငယ်များအား စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာစေ‌ရန် ပြုစုစောင့်ရှောက်ပေးမှုအခြေအနေ၊ ပညာသင်ကြားခွင့်၊ အသက်မွေးဝမ်းကျောင်းပညာသင်ကြားခွင့်စသည့် အခြေခံလူ့အခွင့်အရေး များရရှိစေရန် ဆောင်ရွက်ပေးမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေး သည်။

အဆိုပါအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို ဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာဌာနသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/154035

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

Myanmar Newspapers

09 Nov, 01:25


မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် မိဘမဲ့ဂေဟာများ ကြည့်ရှုစစ်ဆေး

Myanmar Newspapers

09 Nov, 01:25


ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များ ပေးအပ်ရန် အသိပေးကြေညာချက်

၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ် ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့် စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနသို့ ၁ အုပ် ပေးပို့လျက်ရှိပါသည်။

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရ ထုတ်ဝေသူသည် မိမိထုတ်ဝေသော ထုတ်ဝေစာ ၅ အုပ် သို့မဟုတ် ၅ စောင်ကို ဖြန့်ချိသည့်နေ့မှစ၍ ၁၄ ရက်အတွင်း ပုံစံ (၁၁) ဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲသို့ ပေးပို့အပ်နှံရမည်ဖြစ်ပါသည်။ ယခုအခါ အောက်ဖော်ပြပါထုတ်ဝေသူများသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲသို့ ပေးပို့အပ်နှံရန် ပျက်ကွက်လျက်ရှိပါသဖြင့် အမြန်ဆုံးပေးအပ်နိုင်ပါရန် အသိပေးကြေညာအပ်ပါသည်-

ပြန်ကြားရေးဝန်ကြီးဌာန

https://t.me/myanmarnewspaper/154033

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

Myanmar Newspapers

09 Nov, 01:24


ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များ ပေးအပ်ရန် အသိပေးကြေညာချက်

Myanmar Newspapers

09 Nov, 01:15


ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မြန်မာ - လာအို နှစ်နိုင်ငံနယ်စပ် ဝမ်ပုံအပြည်ပြည်ဆိုင်ရာ ဝင်ထွက်မှုစစ်ဆေးရေးဂိတ်နှင့် မြန်မာ - ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား ကြည့်ရှုစစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၈

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်ရှိ မြန်မာ-လာအို နှစ်နိုင်ငံနယ်စပ် မဲခေါင်မြစ်၏ မြန်မာဘက်ခြမ်းရှိ ဝမ်ပုံဆိပ်ကမ်းလှေဆိပ်နေရာနှင့် ဝမ်ပုံ အပြည်ပြည်ဆိုင်ရာဝင်ထွက်မှု စစ်ဆေးရေးဂိတ်သို့ ရောက်ရှိပြီး ဝမ်ပုံဆိပ်ကမ်း လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ နယ်စပ်ဖြတ်သန်းခွင့်စာအုပ် (Border Pass) ဆောင်ရွက်သည့်နေရာနှင့် ဝမ်ပုံလှေဆိပ်နေရာတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ဝမ်ပုံအပြည်ပြည်ဆိုင်ရာဝင်ထွက်မှု စစ်ဆေးရေးဂိတ်အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့ခွဲ (ဝမ်ပုံ) တပ်ဖွဲ့ ခွဲဆိပ်ကမ်း၌ ဆိုက်ကပ်ထားသည့် ရဲတပ်ဖွဲ့ရေယာဉ်ပေါ်သို့ တက်ရောက်ကြည့်ရှု၍ ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို မေးမြန်းကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ရေကြောင်း ရဲတပ်ဖွဲ့ခွဲ (ဝမ်ပုံ) အစည်းအဝေးခန်းမ၌ မြန်မာ - လာအို နှစ်နိုင်ငံ နယ်စပ်လုပ်ငန်းများဆောင်ရွက်နေသည့် ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့်တွေ့ဆုံကာ မြန်မာ-လာအို နှစ်နိုင်ငံ နယ်စပ်ဒေသ စီမံခန့်ခွဲမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်နှင့်အညီ နှစ်နိုင်ငံ ကူးသန်းသွားလာမှုနှင့် ကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်များကို ကြိုတင်စီစဉ်ဆောင်ရွက်ထားနိုင်ရေး၊ လန်ချန်း - မဲခေါင်ကုန်သွယ်မှု မူဘောင်အရ ဆောင် ရွက်နေသော်လည်း လက်ငင်းဆောင်ရွက်ရန် လိုအပ်ပါက အချိန်မီဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေးအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တင်ပြချက်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ် အမှတ် (၂) ချစ်ကြည်ရေးတံတား၌ ကုန်တင်ယာဉ်နှင့် လူစီးယာဉ်များ ဝင်ထွက်သွားလာနေမှုအပေါ် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ အမှတ်(၁) ချစ်ကြည်ရေးတံတား၌ နှစ်နိုင်ငံ နယ်စပ်နေပြည်သူများအား နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (BP) နှင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP) တို့ဖြင့် ဖြတ်သန်းခွင့်ပြုဆောင်ရွက်နေမှု၊ (TBP) လာရောက်ဆောင်ရွက်သည့် ပြည်သူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ် ထုတ်ပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများ အား လုပ်ငန်းဆိုင်ရာ အခက်အခဲများ မေးမြန်း၍ ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ထို့နောက် အမှတ် (၁) ချစ်ကြည်ရေးတံတားအနီးရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တာချီလိတ်ခရိုင်ဦးစီးမှူးရုံးသို့ ရောက်ရှိပြီး မယ်ဆိုင်ချောင်း ရေကြီးရေလျှံမှုဖြစ်ပွား၍ ရုံးအဆောက်အဦများ ပြန်လည်သန့်ရှင်းသပ်ရပ်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ တာချီလိတ်၊ မိုင်းတုံနှင့် မိုင်းဆတ်ခရိုင်ရှိ ခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးဌာနခွဲမှ ဝန်ထမ်းများအား တွေ့ဆုံ၍ နှစ်နိုင်ငံပြည်သူများ ဝင်ထွက်သွားလာမှုနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး၊ ပြည်သူကို ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် အပြန် အလှန် ရိုင်းပင်းကူညီဆောင်ရွက်ကြရေး မှာကြားသည်။

ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ စာရင်းဇယားအချက်အလက်များ မှန်ကန်ရေးနှင့် ပြည်သူကို ထိရောက်သော ဝန်ဆောင်မှုများပေးနိုင်ရေး အလေးထားဆောင်ရွက်ရန်နှင့် လုံခြုံရေးသတိအမြဲရှိရန် မှာကြားကာ လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/154031

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

Myanmar Newspapers

09 Nov, 01:14


ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မြန်မာ - လာအို နှစ်နိုင်ငံနယ်စပ် ဝမ်ပုံအပြည်ပြည်ဆိုင်ရာ ဝင်ထွက်မှုစစ်ဆေးရေးဂိတ်နှင့် မြန်မာ - ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား ကြည့်ရှုစစ်ဆေး

Myanmar Newspapers

04 Nov, 06:27


၂ဝ၃ဝ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရာနှုန်းပြည့်သုံးစွဲရရှိရေးအတွက် စွမ်းအင်အရင်းအမြစ်အမျိုးမျိုးမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အနာဂတ်တွင် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် လူဦးရေတိုးတက်များပြားမှုတို့ ဖြစ်ပေါ်လာခြင်းနှင့်အတူ လျှပ်စစ်ဓာတ်အားလိုအပ်ချက် ဆက်လက်မြင့်တက်နေမည်ဖြစ်ရာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များမှ မြန်မာနိုင်ငံနှင့်ကိုက်ညီမည့် နည်းလမ်းများဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ဆောင်ရွက်လျက်ရှိသည်။ ပြည်သူအားလုံး လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေး မျှော်မှန်းဆောင်ရွက်လျက် ရှိရာတွင် ၂ဝ၃ဝ ပြည့်နှစ်တွင် ရေအားလျှပ်စစ်ပါဝင်မှု ၂၈ ရာခိုင်နှုန်း (၅၁၅၆ မဂ္ဂါဝပ်)၊ နေရောင်ခြည်နှင့် လေစွမ်းအင်လျှပ်စစ် ၁၁ ရာခိုင်နှုန်း (မဂ္ဂါဝပ် ၂၀ဝ၀) ထုတ်လုပ်နိုင်ရန် လျာထားအကောင်အထည်ဖော်လျက်ရှိကြောင်း ရေးသားလိုက်ရပါသည်။ ။

https://t.me/myanmarnewspaper/153352

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

Myanmar Newspapers

04 Nov, 06:27


ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုပါ

မေယု-မျိုးအောင် (MANA)

မြန်မာနိုင်ငံသည် ကမ္ဘာ့ရာသီဥတုဆိုးရွားစွာ ပြောင်းလဲမှုကိုရင်ဆိုင်နေရသည့် နိုင်ငံဖြစ်ရာ မိုးရာသီတွင် ရေကြီးမှု၊ နွေရာသီတွင် အပူချိန်မြင့်မားခြင်းကြောင့် သောက်သုံးရေရှားပါးမှု၊ ဆောင်းရာသီကာလတိုတောင်းမှုဒဏ်များကို နှစ်အနည်းငယ်အတွင်း ပြင်းပြင်းထန်ထန်ခံစားလာကြရသည်။ ထိုသို့သော အခြေအနေမျိုးအတွက် အကြောင်းရင်းများစွာရှိသော်လည်း လူသားတို့၏ပယောဂကြောင့် သစ်ပင်၊ သစ်တောများပြုန်းတီးခြင်းမှာ အဓိကအချက်ဖြစ်သည်။ သစ်တောပြုန်းတီးခြင်း၏ အဓိကအကြောင်းရင်းများအနက် လောင်စာအတွက် ထင်း၊ မီးသွေးထုတ်ယူခြင်းသည်လည်း အပါအဝင်ဖြစ်သည်။ လျှပ်စစ်မီးမရရှိနိုင်သေးသည့်ဒေသများ၌ သစ်တောပြုန်းတီးမှုကို ကာကွယ်ရန်နှင့် ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချနိုင်ရန်မှာ ထင်းအစားထိုး အခြားလောင်စာသုံးစွဲခြင်းနှင့် ထင်းအကုန်အကျ သက်သာစေသည့် စွမ်းအားမြှင့်မီးဖိုသုံးစွဲခြင်း ဖြစ်သည်။ စွမ်းအားမြှင့်မီးဖိုဆိုသည်မှာ ရိုးရိုးထင်းမီးဖိုဖြင့် အသုံးပြုပါက ထင်းတစ်ပိဿာ အသုံးပြုရသော်လည်း စွမ်းအားမြှင့်မီးဖိုဖြင့် အသုံးပြုပါက ထင်း ၄ဝ ကျပ်သားသာ ကုန်ကျသည့်မီးဖိုအမျိုးအစား ဖြစ်သည်။ ကျေးလက်ပြည်သူများအနေဖြင့် တစ်နှစ် လျှင် ထင်း ၂ ဒသမ ၅ တန် သုံးစွဲရသော်လည်း စွမ်းအားမြှင့်မီးဖိုတစ်လုံး သုံးစွဲပါက တစ်နှစ်စာအတွက် ထင်းတစ်တန် ချွေတာနိုင်သည်။ ထင်းသုံးစွဲမှု၊ သဘာဝတောများအပေါ် မှီခိုမှုလျော့ကျလာပြီး အချိန်ကုန်၊ ငွေကုန် သက်သာမည်ဖြစ်သည်။

၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် အိမ်ထောင်စုအားလုံး၏ ၆၉ ရာခိုင်နှုန်းခန့်သည် အစားအစာချက်ပြုတ်စားသောက်ရန် လောင်စာအဖြစ် သစ်သား၊ ထင်းများကို အသုံးပြုလျက်ရှိသည်။ ကျေးလက်တွင် အိမ်ထောင်စု ၈၆ ရာခိုင်နှုန်းခန့်သည် အစားအစာချက်ပြုတ်ရန် လောင်စာအဖြစ် သစ်သား၊ ထင်းကို အသုံးပြုကြပြီး ၅ ဒသမ ၆ ရာခိုင်နှုန်းသာ လျှပ်စစ်မီးကို အသုံးပြုသည်။ မြို့ပြတွင် အိမ်ထောင်စု ၅၂ ရာခိုင်နှုန်းသည် သစ်သား၊ ထင်း သို့မဟုတ် မီးသွေး၊ လောင်စာတောင့်ကို အသုံးပြုကြသည်။ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းမှရရှိလာသော အချက်အလက် များအရ နေအိမ်အဆောက်အအုံတွင် အစားအစာချက်ပြုတ်ရန်အတွက် အဓိကအသုံးပြုသည့် လောင်စာအမျိုးအစားများမှာ သစ်သား၊ ထင်း ၅၃ ဒသမ ၃ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး လျှပ်စစ် ဓာတ်အားမှာ ၃၇ ဒသမ ၇ ရာခိုင်နှုန်းဖြင့် ဒုတိယအများဆုံးဖြစ်သည်။ မီးသွေး၊ လောင်စာတောင့် ၆ ဒသမ ၄ ရာခိုင်နှုန်း၊ ဘိုင်အိုဂက်စ် ၁ ဒသမ ၁ ရာခိုင်နှုန်းနှင့် အခြားလောင်စာအမျိုးအစားများမှာ တစ်ရာခိုင်နှုန်းထက် လျော့နည်းသည်။

စွမ်းအားမြှင့်မီးဖိုများ ဦးစားပေးသုံးစွဲကြရန် လိုအပ်

မြန်မာနိုင်ငံတွင် ထင်းလောင်စာအသုံးပြုမှု အများဆုံးမှာ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ဖြစ်ကြသည်။ စစ်တမ်းများအရ ကျေးလက်နှင့် မြို့ပြပြည်သူများအတွက် ထင်းလိုအပ်ချက်မှာ တစ်နှစ်လျှင် ကုဗတန် ၁၆ ဒသမ ၅၃ သန်းခန့်ရှိပြီး ထင်း၊ မီးသွေးသုံးစွဲမှုပမာဏမှာ ၇၆ ဒသမ ၄၁ ရာခိုင်နှုန်းအထိရှိသည်။ အုတ်ဖုတ်ခြင်း အပါအဝင် မြို့ပြရှိ စက်ရုံ၊ အလုပ်ရုံများသည်လည်း ထင်း၊ မီးသွေးလောင်စာအသုံးပြုမှု ပိုမိုများပြား လျက်ရှိရာ လောင်စာသုံးစွဲမှု အချိုးအစားကို ပြောင်းလဲနိုင်ခြင်းမရှိပါက အနာဂတ်တွင် ပတ်ဝန်း ကျင် ပျက်စီးဆုံးရှုံးမှု ပိုမိုများပြားလာပြီး မမျှော်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ဆက်လက် ရင်ဆိုင်ကြရမည်ဖြစ်သည်။ စွမ်းအားမြှင့် မီးဖိုတစ်လုံးသုံးစွဲပါက တစ်နှစ်စာအတွက် ထင်းတစ်တန် ချွေတာနိုင်ခြင်း၊ ထင်းသုံးစွဲမှု၊ သဘာဝသစ်တောများအပေါ် မှီခိုမှုလျော့ကျလာပြီး အချိန်ကုန်၊ ငွေကုန်သက်သာစေခြင်း၊ ကာဗွန်ထုတ်လွှတ်မှုနည်းပါးစေခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူပြုခြင်းနှင့် သဘာဝဘေးအန္တရာယ်များကို လျှော့ချစေနိုင်ခြင်း စသည့်အကျိုးကျေးဇူး များကို ရရှိနိုင်မည်ဖြစ်ရာ ကျေးလက်ဒေသနေ ပြည်သူများအနေဖြင့် စွမ်းအားမြှင့်မီးဖိုများကို ဦးစားပေး သုံးစွဲကြရန်လိုအပ်သည်။

Myanmar Newspapers

04 Nov, 06:27


မြန်မာနိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ်သို့ ကူးပြောင်းပြီးနောက် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံ မှုများအတွက် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ရှိလာခြင်း၊ လူဦးရေတိုးပွားလာသည်နှင့်အမျှ လူနေမှု အဆင့်အတန်း မြင့်မားလာခြင်းတို့ကြောင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက် တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးမြင့်လာသည်။ လက်ရှိတွင် လျှပ်စစ်ကဏ္ဍအတွက် ကျောက်မီးသွေး၊ ရေအားလျှပ်စစ်တို့ဖြင့် ထပ်မံတိုးချဲ့ထုတ်ယူရန် ရည်ရွယ်ချက်များရှိသော်လည်း ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများဖြစ်ပေါ် နိုင်ကြောင်း ဝေဖန်မှုများရှိသဖြင့် ထိခိုက်မှုအနည်း ဆုံးဖြစ်သော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရရှိမှုကို စဉ်းစားလာရသည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုသည်မှာ သဘာဝအလျောက် စဉ်ဆက်မပြတ်ရရှိ နေသော နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်၊ ဇီဝစွမ်းအင်၊ ရေစွမ်းအင်နှင့် ဘူမိစွမ်းအင်တို့ဖြစ်သည်။ ကမ္ဘာပေါ်တွင် လက်ရှိအသုံးပြုနေသော သမားရိုးကျ ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာများဖြစ်သော ကျောက်မီးသွေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့များသည် နောင်တစ်ချိန်တွင် ကုန်ခန်းသွားမည်သာ ဖြစ်သည်။ သို့ရာတွင် သဘာဝအတိုင်းတည်ရှိနေသော နေ၊ ရေ၊ လေတို့၏ စွမ်းအားဖြင့် ထုတ်ယူရရှိသော စွမ်းအင်များသည် နေစကြဝဠာတည်ရှိနေသရွေ့၊ လေတိုက်ခတ်နေသရွေ့၊ ရေထုများ တည်တံ့နေသရွေ့ ကုန်ခန်းနိုင်မည်မဟုတ်သဖြင့် မြန်မာနိုင်ငံ၏ ရေရှည်စွမ်းအင်ဖွံ့ဖြိုးမှုတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များက အရေးပါသည့်အခန်းကဏ္ဍသို့ ရောက်လာသည်။

မြန်မာနိုင်ငံသည် နေရောင်ခြည်ကို ရာသီမရွေး အပြည့်အဝရရှိနေသည့် နိုင်ငံတစ်ခုဖြစ်ရာ နေရောင် ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်ယူသုံးစွဲခြင်းက လျှပ်စစ်ဓာတ်အားမလုံလောက်မှု ပြဿနာ ကို တစ်ဖက်တစ်လမ်းမှ ဖြေရှင်းနိုင်မည်ဖြစ်သည်။ နေရောင်ခြည်စွမ်းအင်သည် လောင်စာသုံး ဓာတ်အား ပေးစက်ရုံများကဲ့သို့ လောင်စာလိုအပ်မှုမရှိခြင်း၊ ထိန်းသိမ်းပြုပြင်မှုစရိတ်သက်သာခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုလျှော့ချပေးနိုင်ခြင်း၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုရရှိစေနိုင်ခြင်း၊ ပတ်ဝန်း ကျင်ညစ်ညမ်းစေသော ပစ္စည်းများ၊ စွန့်ထုတ်မှု အလွန်နည်းပါးခြင်း စသည့်အားသာချက်များစွာ ရှိသည်ဖြစ်ရာ နိုင်ငံတော်အနေဖြင့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ မူဝါဒများကို တစိုက်မတ်မတ် ဆက်လက်ကျင့်သုံးသင့်သည်။ မြန်မာနိုင်ငံအနေဖြင့် နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်နှင့် အခြားသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များအနက် မင်းဘူးဒေသရှိ မဂ္ဂါဝပ် ၄၀ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ မှ ထုတ်လုပ်သည့် ဓာတ်အားကို နိုင်ငံတော်ဓာတ်အား စနစ်သို့ ချိတ်ဆက်၍ ဓာတ်အားဖြန့်ဖြူးပေးလျက် ရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ပါဝင်မှုအချိုးကိုတိုးမြှင့်နိုင်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိသည်။ လျှပ်စစ်ယူနစ်ပေါင်း များစွာထုတ်ယူသုံးစွဲနိုင်သည့် နေစွမ်းအင်နှင့် လေစွမ်းအင်တို့ကို စနစ်တကျ အစားထိုးသုံးစွဲနိုင်ရေး အတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ ဥပဒေတစ်ရပ်ပေါ်ပေါက်ရေးကို အလေးထား လုပ်ဆောင်သင့်သည်။

ဆိုလာစီမံကိန်းများ တိုးတက်များပြားလာ

နေရောင်ခြည်စွမ်းအင်နှင့် လေစွမ်းအင်တို့မှ လျှပ်စစ်ဓာတ်အား တိုးတက်ထုတ်လုပ်လာမှုကြောင့် ၂ဝ၂၃ ခုနှစ်အတွင်း ကမ္ဘာ့လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၏ ၃၀ ရာခိုင်နှုန်းကို ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များက ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။ ၂ဝ၃ဝ ပြည့်နှစ်အရောက်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မှု သုံးဆတိုးလာရေး ရည်မှန်းချက်သည် လက်လှမ်းမီသော အနေအထားဖြစ်ကြောင်း Ember ပညာရှင်အဖွဲ့က ပြောကြားခဲ့သည်။ နေရောင်ခြည်စွမ်းအင် အသုံးချ ဆိုလာစီမံကိန်းများ တိုးတက်များပြားလာမှုကြောင့် ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့လျှပ်စစ်ဓာတ်အား ၃ဝ ဒသမ ၃ ရာခိုင်နှုန်းကို ပြန်လည်ပြည့်ဖြိုးမြဲအရင်းအမြစ်များက ဖြည့်ဆည်းပေးခဲ့သဖြင့် ၂ဝ၂၂ ခုနှစ်ကထက် ၂၉ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း၊ ဆိုလာ စွမ်းအင်နှင့် လေအားလျှပ်စစ်ထုတ်လုပ်မှု ထက်ဝက်ကျော်ကို တရုတ်နိုင်ငံက လုပ်ဆောင်ခဲ့ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။

Myanmar Newspapers

04 Nov, 06:27


မျက်မှောက်ကာလသည် ကမ္ဘာကြီးပူနွေးလာမှုကြောင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးနှင့် ရင်ဆိုင်နေရသည်။ ထိုနည်းတူ ကမ္ဘာတစ်လွှား ဖြစ်ပေါ်နေသော စစ်ပွဲများနှင့် လက်နက်ကိုင်ပဋိပက္ခများ၊ ရှုပ်ထွေးသော နိုင်ငံရေးအခြေအနေများကြောင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ဈေးနှုန်း မတည်ငြိမ်မှုဒဏ်ကို ခံစားနေကြရသည်။ ယင်းအကျပ်အတည်းများသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုမှုကို အရှိန်မြှင့်တင်နိုင်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ အခွင့်အလမ်းတစ်ခုဖြစ်လာခဲ့သည်။ ယမန်နှစ်က ဒူဘိုင်းတွင်ကျင်းပသည့် COP 28 ရာသီဥတု ထိပ်သီး ဆွေးနွေးပွဲတွင် နိုင်ငံပေါင်း ၁၀၀ ကျော်က ၂ဝ၃ဝ ပြည့်နှစ်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် သုံးဆတိုးလာရန် ကတိပြုခဲ့ကြသည်။ မှတ်တမ်းများအရ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များသည် ၂၀၀၉ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်အကြား တစ်နှစ်လျှင် ငါးရာခိုင်နှုန်း နီးပါး တိုးတက်ခဲ့သည်။ ၂၀၂၁ ခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် လေနှင့် နေရောင်ခြည်စွမ်းအင်မှ ကမ္ဘာလုံးဆိုင်ရာ လျှပ်စစ်ဓာတ်အား၏ ၁ဝ ရာခိုင်နှုန်းကို ထုတ်လုပ်သုံးစွဲနိုင်ခဲ့သည်။ ၂ဝ၂၃ ခုနှစ်တွင် ကမ္ဘာ့လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၏ ၃၀ ရာခိုင်နှုန်းအထိ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များက ထုတ်လုပ်နိုင်ခဲ့ခြင်းသည် ရေရှည်တည်တံ့သော ကမ္ဘာကြီးဖြစ်လာစေရေးအတွက် တွန်းအားဖြစ်သည်။ ရာသီဥတုပြောင်းလဲမှုကြောင့် မိုးခေါင် ရေရှားမှုဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော ဒေသအချို့၌ ရေအားလျှပ်စစ်ထုတ်လုပ်မှုကို ထိခိုက်စေခဲ့ ခြင်းသည် ကျောက်မီးသွေးထုတ်လုပ်မှုကို ပိုမိုမြင့်တက်စေခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ အခွင့်အလမ်းတစ်ခု

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှုကို သဘာဝအလျောက် စဉ်ဆက်မပြတ်ရရှိနေသော ရေစွမ်းအင်၊ နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်တို့သည် အခမဲ့ဖြစ်သော်လည်း ကနဦးကုန်ကျစရိတ် များပြားသောလုပ်ငန်းဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလျှော့ချနိုင်ပြီး ရုပ်ကြွင်း လောင်စာကို အစားထိုးနိုင်သည့် ကောင်းကျိုးများကြောင့် ရာသီဥတုပြောင်းလဲမှုကို လျှော့ချရန် နည်းလမ်းကောင်းတစ်ခုအဖြစ် ကမ္ဘာ့နိုင်ငံများက လက်ခံကျင့်သုံးနေကြခြင်းဖြစ်သည်။ ရုပ်ကြွင်း လောင်စာကြောင့် ဘေးဥပဒ်မျိုးစုံဖြင့် ရင်ဆိုင်နေရသော ယနေ့ကာလတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို ပိုမိုအသုံးပြုခြင်းကသာ ချူချာနေသော ကမ္ဘာကြီး၏ ကျန်းမာရေးကို ပြန်လည်ကုစားနိုင်မည့် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ဆိုသည်မှာ သဘာဝအလျောက် စဉ်ဆက်မပြတ်ရရှိနေသော ရေစွမ်းအင်၊ နေရောင် ခြည်စွမ်းအင်၊ လေစွမ်းအင်၊ ဇီဝစွမ်းအင်နှင့် ဘူမိစွမ်းအင်တို့ဖြစ်သည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် များသည် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်သဖြင့် မျက်မှောက်ကာလတွင် လူအများကို စိတ်ဝင်စား စေသည့် စွမ်းအင်ဖြစ်သည်။ လက်ရှိဖြစ်ပေါ်နေသော ရုပ်ကြွင်းလောင်စာဈေးနှုန်းများ မတည်ငြိမ်မှု၊ ဈေးနှုန်းမြင့်တက်မှုတို့သည် ပြည့်ဖြိုးမြဲစွမ်းအင်ကို ပိုမိုအသုံးပြုရန် အရှိန်မြှင့်တင်နိုင်ရေးအတွက် ကမ္ဘာ လုံးဆိုင်ရာ အခွင့်အလမ်းတစ်ခုဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူထု၏ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားမှုတို့အတွက် လျှပ်စစ်ဓာတ်အားသည် အခြေခံအကျဆုံးနှင့် မရှိမဖြစ်လိုအပ်ချက် ဖြစ်သည်။ အဆိုပါလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် အရင်းအမြစ်များစွာကို မိမိတို့နိုင်ငံက ပိုင်ဆိုင်ထားသော်လည်း ယခုအထိ မဖြည့်ဆည်းနိုင်သေး။ နိုင်ငံ၏ အဓိကစီးပွားရေးမောင်းနှင်အားဖြစ်သော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင် လျှပ်စစ်ဓာတ်အားအခက်အခဲကြောင့် နှေးကွေးလေးလံလျက် ရှိနေပြီး ပြည်သူများ၏ နေ့စဉ်လူမှုဘဝများတွင်လည်း ဓာတ်အားတောင်းဆိုမှု ပိုမိုမြင့်မားလာနေ သည်။ ရေအားလျှပ်စစ်စီမံကိန်းများမှာ ရင်းနှီးမြှုပ်နှံမှုပမာဏကြီးမားပြီး တည်ဆောက်ရေးကာလမှာ ရှည်ကြာသည်။ သဘာဝအလျောက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်ပြီး ရုပ်ကြွင်းလောင်စာများ ကဲ့သို့ ကုန်ခန်းနိုင်ခြင်းလည်းမရှိသလို ကာဗွန်ဒိုင်အောက်ဆိုက်ကဲ့သို့ စွန့်ပစ်အခိုးအငွေ့များ ထုတ်လွှတ်မှုမရှိခြင်းကြောင့် သန့်ရှင်းသော စွမ်းအင်လည်းဖြစ်သည်။ လူသားတို့အနေဖြင့် ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် မပျက်စီးရေး၊ လူမှုစီးပွားဘဝများ၊ ထိခိုက်ဆုံးရှုံးမှုမရှိရေး ထိန်းညှိဆောင်ရွက်သွားရမည်ဖြစ်သော်လည်း တစ်ဖက်စွန်းမရောက်ရန် လိုသည်။

Myanmar Newspapers

04 Nov, 06:14


တိုးတက်ပြောင်းလဲလာသော စာကြည့်တိုက်ဝန်ဆောင်မှုများဖြင့် အမျိုးသားစာကြည့်တိုက် (ရန်ကုန်)

ဒေါက်တာကေသီအေး

နိုင်ငံတစ်နိုင်ငံ၏ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံအတွင်း စာပေပြန့်ပွားတိုးတက်မှုအပေါ် မှီတည်နေပါသည်။ စာကြည့်တိုက်အမျိုးအစား အမျိုးမျိုးရှိပြီး မြန်မာနိုင်ငံအတွင်းရှိ စာကြည့်တိုက်များအနေဖြင့် စာပေအသိပညာဗဟုသုတများ ပြန့်ပွားရန်၊ စာပေဝန်ဆောင်မှုများ ဆောင်ရွက်ပေးရန်တို့ကို နည်းအမျိုးမျိုးနှင့် ဆောင်ရွက်လျက်ရှိကြပါသည်။

အမျိုးသားစာကြည့်တိုက်သည်လည်း နိုင်ငံကိုကိုယ်စားပြုသည့် နိုင်ငံတော်အဆင့် စာကြည့်တိုက်တစ်ခုအဖြစ်ဖြင့် စာပေအမွေအနှစ်များကို ထိန်းသိမ်းနိုင်ရုံမကဘဲ နောင်လာ နောက်သားများအတွက် လက်ဆင့်ကမ်း သယ်ဆောင်ပေးလျက်ရှိပါသည်။

ယနေ့ခေတ်တွင် ခေတ်မီသတင်း အချက်အလက်နည်းပညာတိုးတက် ပြောင်းလဲလာသည်နှင့်အမျှ စာကြည့်တိုက်အများစုတွင်လည်း စုဆောင်းထားရှိသည့် စာပေပစ္စည်းအထောက်အထားများကို ဒစ်ဂျစ်တယ်ပုံစံပြောင်းလဲထိန်းသိမ်း၍ ဝန်ဆောင်မှုနှင့် သတင်းအချက်အလက်ဝေမျှမှုများကို ခေတ်မီ ဒစ်ဂျစ်တယ်စနစ်သုံး စာကြည့်တိုက်များအဖြစ် ပြောင်းလဲဆောင်ရွက်လာကြပါသည်။

မြန်မာနိုင်ငံ အမျိုးသားစာကြည့်တိုက်သည် ဘားနတ်စာကြည့်တိုက်မှ စာစုကို အရင်းတည်၍ ဖွင့်လှစ်သော စာကြည့်တိုက်ဖြစ်ပါသည်။ ၁၈၈၃ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ဝန်ရှင်တော်မင်းကြီး ဆာချားအက်ဒွပ်ဘားနတ် (Sir Charles Edward Bernard) နှင့် အောက်မြန်မာပြည်တရားပိုင်မင်းကြီး၊ ပညာရေးဆင်ဒီကိတ်အဖွဲ့ဝင်ဥက္ကဋ္ဌ ဆာဂျွန်ဂျာဒင်း (Sir John Jardine) တို့က အမှူးပြု၍ “ဘားနတ်အခလွတ် စာကြည့်တိုက်” ကို ဖွင့်လှစ်ခဲ့ပါသည်။

လွတ်လပ်ရေးရပြီးကာလ ၁၉၅၂ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် ယဉ်ကျေးမှုဝန်ကြီးဌာနမှ နိုင်ငံတော်စာကြည့်တိုက်၊ ၁၉၆၄ ခုနှစ်တွင် အမျိုးသားစာကြည့်တိုက်ဟူသောအမည်များဖြင့် ပြောင်းလဲဖွင့်လှစ်ခဲ့ပါသည်။

အမျိုးသားစာကြည့်တိုက်သည် နေရာအသီးသီး ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီးနောက် ယခုအခါ အများပြည်သူသွားလာရ လွယ်ကူသောနေရာဖြစ်သည့် ရန်ကုန်မြို့လယ် ကုန်သည်လမ်းပေါ်တွင်ရှိသည့် ယခင်မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းရုံးချုပ်အဖြစ် အသုံးပြုခဲ့သည့် နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံကို ပြုပြင်မွမ်းမံခဲ့ပါသည်။ ထို့နောက် ခေတ်မီစာကြည့်တိုက်တစ်ခုအဖြစ် ပြောင်းလဲဆောင်ရွက်၍ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး အများပြည်သူအား ဝန်ဆောင်မှုပေးနိုင်ခြင်းသည်လည်း ဂုဏ်ယူစရာတစ်ခု ဖြစ်ခဲ့ပါသည်။

ခေတ်မီအမျိုးသားစာကြည့်တိုက် (ရန်ကုန်) အဆောက်အအုံသည် လေးထပ်အဆောက်အအုံဖြစ်ပြီး မြေညီထပ်တွင် Data Center ၊ CCTV Control Room စာအုပ်စင်ခန်းများနှင့် Exhibition Hall တို့ဖြင့် ဖွဲ့စည်းထားပါသည်။ Exhibition Hall တွင်လည်း အခမ်းအနားများ၊ ပြပွဲများ၊ ပွဲတော်များ ကျင်းပနိုင်ပါသည်။

ပထမထပ်တွင် Multimedia Room ၊ Audio & Video Room ၊ Digital Library Room နှင့် ညီလာခံခန်းမ (Conference Hall) စသည်တို့ဖြင့် ဖွဲ့စည်းထားပါသည်။

Digital Data Base များကို အများပြည်သူ အသုံးပြုနိုင်စေရန် Multimedia Room တွင် စီစဉ်ထားရှိပါသည်။ Audio & Video Room တွင် မှတ်တမ်းရုပ်ရှင်နှင့် သတင်းကားများ၊ မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ Documentary Film များ စုဆောင်းထားရှိပြီး အပတ်စဉ် စနေနေ့ မွန်းလွဲပိုင်းတွင် မှတ်တမ်းရုပ်ရှင်ပြသခြင်း အစီအစဉ်ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ယင်းပြသမည့်အစီအစဉ်ကို အမျိုးသားစာကြည့်တိုက် (ရန်ကုန်) လူမှုကွန်ရက်စာမျက်နှာ (National Library- Yangon Facebook Page) မှ အပတ်စဉ် ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိပါသည်။

Digital Library Room တွင် အမျိုးသားစာကြည့်တိုက်ပိုင် စုဆောင်းထားသည့် စာပေပစ္စည်းများ၊ အခြား Electronic Form ဆောင်ရွက်ပြီး ဖြစ်သည့် Digital စာစုများကို စာဖတ်သူများအနေဖြင့် စာကြည့်တိုက်တွင် လာရောက်အသုံးပြုနိုင်သကဲ့သို့ Online မှ မည်သူမဆို အခမဲ့ဖတ်ရှုနိုင်ပါသည်။

အွန်လိုင်းမှ အသုံးပြုရှာဖွေသူများအနေဖြင့် စာကြည့်တိုက်ပိုင် စာပေပစ္စည်းများ၏ အွန်လိုင်းကက်တလောက် အချက်အလက်များကို အမျိုးသားစာကြည့်တိုက် website www.nlm.gov.mm တွင် ဝင်ရောက်၍ Online Public Access Catalogue (OPAC) တွင် စာအုပ် ကက်တလောက်ပေါင်း တစ်သိန်းကျော်ကို ရှာဖွေနိုင်မည်ဖြစ်ပါသည်။ အမျိုးသားစာကြည့်တိုက်ပိုင် စုဆောင်းထားသည့် ဒစ်ဂျစ်တယ်စာစုများဖြစ်သည့် စာအုပ်၊ စာနယ်ဇင်း၊ ပေ၊ ပုရပိုက်၊ ပညာရေး ဆိုင်ရာ အစီရင်ခံစာများ၊ ရှေးဟောင်းသုတေသနဆိုင်ရာစာစုများ၊ ဗုဒ္ဓစာပေဆိုင်ရာစာအုပ်များ၊ စွယ်စုံကျမ်းများ၊ ကလေးစာပေဆိုင်ရာ စသည့် e-Resources ပေါင်း ၂၀၀၀၀ ကျော်အား ချိတ်ဆက် ဆောင်ရွက်ထားပြီး စာကြည့်တိုက်အသုံးပြုသူများအနေဖြင့် အမျိုးသားစာကြည့်တိုက် Website ရှိ NL e-Resources နှင့် Quick Links တို့တွင် ဝင်ရောက်ရှာဖွေအသုံးပြုနိုင်ပါသည်။

Myanmar Newspapers

04 Nov, 06:14


ထို့ပြင် IG Publishing Database ကိုလည်း National Library Website တွင် အများပြည်သူ အသုံးပြုဖတ်ရှုနိုင်ရန် ဆောင်ရွက်ထားရှိပါသည်။ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) Website www.nlm.gov.mm တွင် OPAC Catalogue နှင့် e-resources များအား ဝင်ရောက်အသုံးပြုသူများ အနေဖြင့် User Name နှင့် Password များ အသုံး ပြုရန်မလိုဘဲ Library Home Page ရှိ Resources မှတစ်ဆင့် အခမဲ့အလွယ်တကူ အသုံးပြုနိုင်ပါသည်။

ပထမထပ်ရှိ ညီလာခံခန်းမ (Conference Hall) သည် လူဦးရေ ၂၅၀ ဆံ့ ခန်းမတစ်ခုဖြစ်ပြီး စာကြည့်တိုက် ပညာရပ်ဆိုင်ရာနှင့် သုတေသနဆိုင်ရာ စာတမ်းဖတ်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပလေ့ရှိပါသည်။

ဒုတိယထပ်တွင် ရည်ညွှန်းစာဖတ်ခန်း၊ အထွေထွေစာဖတ်ခန်းနှင့် ပေ၊ ပုရပိုက်နှင့် ရှားပါးစာစုများ စာဖတ်ခန်းတို့ ထားရှိပါသည်။

ရည်ညွှန်းစာဖတ်ခန်းတွင် ရည်ညွှန်းအမျိုးအစားအလိုက် စာအုပ်များကို စီစဉ်ထားရှိ၍ မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာစာအုပ်များ၊ အာဆီယံနှင့် ကုလသမဂ္ဂဆိုင်ရာ စာအုပ်များနှင့် လတ်တလော အသစ်ထွက်ရှိသည့် စာအုပ်၊ စာနယ်ဇင်းများကို ဖတ်ရှုနိုင်ရန် စီစဉ်ထားရှိပါသည်။

အထွေထွေစာဖတ်ခန်းတွင်လည်း စာအုပ်၊ စာနယ်ဇင်းများကိုထားရှိပြီး ပညာရပ်အလိုက် စင်တင်ထားရှိ၍ ဖတ်ရှုလိုသည့်စာအုပ်များကို စာဖတ်သူကိုယ်တိုင်ရွေးချယ် ရယူနိုင်ပြီး ယင်းစာဖတ်ခန်းရှိ စာအုပ်များအား ငှားရမ်း ဖတ်ရှုလိုပါက အသင်းဝင်ကတ်ပြုလုပ်၍ စာငှားစည်းမျဉ်း သတ်မှတ်ချက်အတိုင်း ငှားရမ်းနိုင်မည်လည်း ဖြစ်ပါသည်။

ရှားပါးစာနယ်ဇင်းနှင့် ပေ၊ ပုရပိုက်များကို ဒုတိယထပ်တွင် သီးခြားစာဖတ် ခန်းထားရှိ၍ သုတေသီများ၊ ပညာရှင်များနှင့် အများပြည်သူဖတ်ရှုလေ့လာနိုင်စေရန်အတွက် သီးခြားစာဖတ်ခန်းဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

တတိယထပ်တွင်မူ ကလေးစာကြည့် တိုက်စာဖတ်ခန်းနှင့် ပုံပြောခန်း၊ မသန် စွမ်းသူများ စာဖတ်ခန်း၊ အထူးစာဖတ် ခန်းများ စီစဉ်ထားရှိပါသည်။

ကလေးစာကြည့်တိုက်တွင် ကလေးများအတွက် ပြည်တွင်း၊ ပြည်ပမှထုတ်ဝေသည့် ကလေးစာပေဆိုင်ရာ စာအုပ်၊ ဂျာနယ်၊ ကာတွန်းရုပ်ပြနှင့် သင်ကြားရေးအထောက်အကူပြု စာအုပ်၊ စာစောင်များကိုစီစဉ်ထားရှိပြီး အပတ်စဉ်စနေနေ့ မွန်းလွဲပိုင်းတွင် ပုံပြောခြင်းနှင့် စာဖတ်ခြင်းအစီအစဉ်ကို ဆောင်ရွက်ပေးလျက်ရှိပြီး ကလေးစာကြည့်တိုက် အသင်းဝင်များအနေဖြင့်လည်း ဖတ်ရှုလိုသည့်စာအုပ်များကို အသင်းဝင်ကတ်ဖြင့် ငှားရမ်းဖတ်ရှု နိုင်ပါသည်။

မသန်စွမ်းသူများ စာဖတ်ခန်းတွင် အမြင်အာရုံချို့ယွင်းသူများဖတ်ရှုနိုင်ရန် မျက်မမြင်စာဖြင့် ရေးသားထားသည့် စာအုပ်များ၊ Audio Book များ၊ MP3 Player နှင့် DVD Player များ ထားရှိပြီး စာကြည့်တိုက်မှူးများနှင့်အတူ စာဖတ် ခြင်းအစီအစဉ်များ သတ်မှတ်ဆောင်ရွက် ပေးလျက်ရှိပါသည်။

စာကြည့်တိုက်ဖွင့်ချိန်မှာ- နေ့စဉ် အင်္ဂါနေ့မှ စနေနေ့အထိ (နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ) ဖွင့်လှစ် ပေးလျက်ရှိပြီး တနင်္ဂနွေနေ့၊ တနင်္လာနေ့နှင့် အစိုးရပြန်တမ်းဝင်ရုံးပိတ်ရက်များသည် စာကြည့်တိုက်ပိတ်ရက်ဖြစ်ပါသည်။

အမျိုးသားစာကြည့်တိုက် (ရန်ကုန်) တွင် ဆောင်ရွက်ထားရှိသည့် Digital Database လေးခုအနက် နှစ်ခုဖြစ်သည့် အမျိုးသားစာကြည့်တိုက်ပိုင် e-resources ပေါင်း ၂၀၀၀၀၀ ကျော်နှင့် IG Publishing Database ၏ E-Books ပေါင်း ၃၀၀၀၀၀ ကျော် ဖြစ်သည့် Asian Literature Collection ၊ Rare Books On Asian Literature ၊ Children’s Literature Collection ၊ Children’s Literature Collection-Audio စသည်တို့ကို website တွင်ဖြစ်စေ၊ စာကြည့်တိုက်တွင် လာရောက်၍ဖြစ်စေ နှစ်နေရာစလုံးတွင် ရယူအသုံးပြုနိုင်ပါသည်။

သို့သော် အခြား Digital Library Database (၂) ဖြစ်သည့် eTekkatho MyLibrary နှင့် Research 4Life Database တို့ကိုမူ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) အနေဖြင့် သီးသန့်အသုံးပြုခွင့် User-Name၊ Password တို့ဖြင့် ခွင့်ပြုချက်ရရှိဆောင်ရွက်ထားပါသဖြင့် စာဖတ်သူများအနေဖြင့် ယင်း Digital Data Base များကိုမူ စာကြည့်တိုက်တွင်သာ လာရောက်အသုံးပြုနိုင်မည်ဖြစ်ပါသည်။

eTekkatho MyLibrary သည် အဓိကအားဖြင့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ မူလတန်းမှ အထက်တန်းအထိ ကျောင်းသား ကျောင်းသူများ၊ ကလေးများအတွက် ပညာရေးဆိုင်ရာ အချက်အလက် အကြောင်းအရာများ၊ အင်္ဂလိပ်ဘာသာစကားများကို ရှာဖွေလေ့လာဖတ်ရှုနိုင်သည့် Database တစ်ခုဖြစ်ပါသည်။ eTekkatho MyLibrary တွင် ပညာရပ်ပေါင်း ၁၇၀၀ ကျော်ရှိပြီး Full text ဖတ်ရှုနိုင်သည့်အပြင် Download ပြုလုပ်နိုင်ပါသည်။

Myanmar Newspapers

04 Nov, 06:14


Research 4 Life သည် WHO ၊ FAO ၊ UNEP ၊ ILO အစရှိသည့် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် Microsoft ကဲ့သို့ ကုမ္ပဏီများ၊ နိုင်ငံတကာတက္ကသိုလ်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ပေါင်းစည်း ထားသော အစီအစဉ်တစ်ခုဖြစ်ပါသည်။ ဆေးပညာဆိုင်ရာများ၊ စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်း၊ အစားအစာ၊ ပတ်ဝန်းကျင်နှင့် လူမှုရေးသိပ္ပံအကြောင်းအရာများ၊ သဘာဝပတ်ဝန်းကျင်နှင့် ရူပဗေဒ၊ ဓာတုဗေဒကဲ့သို့သော သိပ္ပံပညာရပ်ဆိုင်ရာများ၊ ဖန်တီးမှု၊ ဆန်းသစ်တီထွင်မှုဆိုင်ရာများကို ကာကွယ်ပေးထားသည့် အကြောင်းအရာများ၊ ဥပဒေနှင့်လူမှုရေး သိပ္ပံဆိုင်ရာပညာရပ်များ၊ နိုင်ငံရေး၊ စီးပွားရေး၊ ဒဿနိကဗေဒ၊ သမိုင်းနှင့်အခြားသောပညာရပ်ဆိုင်ရာ ထုတ်ဝေသူများ၏ သုတေသနဆောင်းပါးများ စသည့်အကြောင်းအရာ၊ ပညာရပ်ပေါင်းများစွာ၏ နှစ်စဉ် တွေ့ရှိချက် များနှင့်ပတ်သက်၍ ထုတ်ဝေသည့်စာအုပ်၊ စာနယ်ဇင်းပေါင်းများစွာကို လေ့လာသိရှိနိုင်ပါသည်။

ထို့ပြင် အမျိုးသားစာကြည့်တိုက်ရှိ e-resource အသွင်ဆောင်ရွက်ပြီး ပေ၊ ပုရပိုက်နှင့် ရှားပါးစာအုပ်၊ စာနယ်ဇင်းများ၏ URL Link များကိုလည်း ASEAN Digital Library Portal သို့ ပေးပို့ချိတ်ဆက်ခြင်းဖြင့် မြန်မာ့စာပေအမွေ အနှစ်များအား နိုင်ငံတကာမှ လေ့လာသိရှိနိုင်စေရန် ဆောင်ရွက်လျက်ရှိပါသည်။

စာပေပစ္စည်းများ စုဆောင်းထိန်းသိမ်းခြင်း၊ ဝန်ဆောင်မှုပေးခြင်း၊ သတင်းအချက်အလက် မျှဝေခြင်း၊ စာကြည့်တိုက် လှုပ်ရှားဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ခြင်း၊ နိုင်ငံတကာ စာကြည့်တိုက်များနှင့်ချိတ်ဆက်၍ စာကြည့်တိုက်ပညာရပ်ဆိုင်ရာ လှုပ်ရှားမှုများကို ပူးပေါင်းဆောင်ရွက်ခြင်း စသည့်လုပ်ငန်းအသီးသီးကို နည်းပညာပံ့ပိုးမှု များနှင့်အတူ ပိုမိုထိရောက်စွာ မြှင့်တင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ခဲ့သည့်အတိုင်း ခေတ်မီဒစ်ဂျစ်တယ်စာကြည့်တိုက်တစ်ခုအဖြစ် ပြောင်းလဲဖွင့်လှစ် နိုင်ခဲ့ပြီဖြစ်ပါသည်။

အမျိုးသားစာကြည့်တိုက်(ရန်ကုန်)အနေဖြင့် စာကြည့်တိုက်အသင်းဝင်များဖိတ်ခေါ်၍ စာငှားဝန်ဆောင်မှုကို ၂၀၂၃ ခုနှစ် မေလမှ စတင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ အမျိုးသားစာကြည့်တိုက် အသင်းဝင် ၁၆၀ နှင့် ကလေးစာကြည့်တိုက်အသင်းဝင် ၂၅ ဦး စုစုပေါင်း ၁၈၅ ဦးရှိပြီဖြစ်ပါသည်။

ထို့ပြင် စာဖတ်သူအလိုရှိသည့် စာပေပစ္စည်းများ၏ အချက်အလက်များကို အွန်လိုင်းမှပေးပို့သည့် Document Delivery Service ကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ အွန်လိုင်း ဝန်ဆောင်မှုတစ်ခုဖြစ်သည့် ရည်ညွှန်းမေးခွန်းများနှင့် စာဖတ်သူသိရှိလိုသည်များကို Library Website ရှိ Ask a Librarian တွင် ဝင်ရောက်မေးမြန်းနိုင်ပါသည်။

မေးမြန်းလိုသူများအနေဖြင့် ဦးစွာမေးမြန်းစုံစမ်းခြင်းကို စာကြည့်တိုက် website ရှိ Query Form (သို့) မေးမြန်းစုံစမ်းလွှာပုံစံကိုအသုံးပြု၍ မေးခွန်းများကို တင်ပြမေးမြန်းနိုင်သည်။ မေးမြန်းလာသည်များကို ပုံမှန်အားဖြင့် တစ်ပတ်အတွင်း [email protected] မှ ပြန်လည်ဖြေကြားခြင်းကို ဆောင်ရွက်ပေးနေပါသည်။

ယခုကဲ့သို့သော စာကြည့်တိုက်ဝန်ဆောင်မှုများကို အများပြည်သူအတွက် ပိုမိုတိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန် အစဉ်ကြိုးစားဆောင်ရွက်လျက်ရှိသည့် အမျိုးသားစာကြည့်တိုက် (ရန်ကုန်) ၏ ဆောင်ရွက်ထားရှိမှုများကို ပြည်သူများသိရှိအသုံးပြုနိုင်စေရန်အလို့ငှာ အသိပေး ရေးသားလိုက်ရပါသည်။ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) အမှတ် ၆၀၄/၆၀၈၊ ကုန်သည်လမ်း၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်။ www.nlm.gov.mm/၀၁ ၈၃၇၇၃၅၂။ ။

https://t.me/myanmarnewspaper/153349

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

Myanmar Newspapers

04 Nov, 06:14


တိုးတက်ပြောင်းလဲလာသော စာကြည့်တိုက်ဝန်ဆောင်မှုများဖြင့် အမျိုးသားစာကြည့်တိုက် (ရန်ကုန်)

Myanmar Newspapers

04 Nov, 06:14


အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်ရန်

တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငအတွက်ရရှိမည့် အခွန်အခများ ဆုံးရှုံးခြင်း၊ ကုန်သွယ်မှုဆိုင်ရာ စာရင်းဇယားကိန်းဂဏန်းအချက်အလက်များ မှားယွင်းနိုင်ပြီး ဆုံးဖြတ်ချက်များ မှားယွင်းနိုင်ခြင်း၊ နိုင်ငံတော်ဘဏ်စနစ်နှင့် ငွေကြေးစီးဆင်းမှုစနစ် ထိခိုက်စေနိုင်ပြီး နိုင်ငံခြား ငွေကြေးဈေးနှုန်း မတည်ငြိမ်မှုဖြစ်ပေါ်နိုင်ခြင်း၊ တရားမဝင်တင်သွင်းလာသည့် ကုန်စည်များကြောင့် ပြည်တွင်းကုန်စည်ထုတ်လုပ်မှုများ ဈေးကွက်ယှဉ်ပြိုင်နိုင်မှု ကျဆင်းလာနိုင်ခြင်း၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ လျော့နည်းကျဆင်းစေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးနိုင်ခြင်း၊ တရားမဝင်တင်သွင်းလာသည့် ဆေးနှင့်ဆေးပစ္စည်းများ၊ စားသောက်ကုန်နှင့် အလှကုန်ပစ္စည်းများတွင် အတုအပများ၊ သက်တမ်းလွန်ကုန်စည်များကြောင့် သုံးစွဲသူပြည်သူများ ထိခိုက်နစ်နာမှု ဖြစ်ပေါ်နိုင်ခြင်းစသည့် ဆိုးကျိုးများအပြင် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသည့် ကုန်ထုတ် လုပ်မှုနှင့် ကုန်သွယ်မှုတို့ကို ထိခိုက်ကျဆင်းမှုများ ဖြစ်ပေါ်စေခြင်းကြောင့် တရားမဝင်ကုန်သွယ်မှုများကို တိုက်ဖျက်ရေးဆောင်ရွက်ရာတွင် မိမိတို့အားလုံးက “အမျိုးသားရေးတာဝန်” တစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များနှင့် အကောက်ခွန်ဦးစီးဌာနတို့အနေဖြင့်လည်း တရားမဝင်ကုန်သွယ်မှုများကို ချမှတ်ထားသော မဟာဗျူဟာ၊ နည်းဗျူဟာများနှင့်အညီ ထိရောက်စွာ တားဆီးစစ်ဆေးဆောင်ရွက်လျက်ရှိ ပါသည်။

သတင်းအချက်ရယူရေး၏ အရေးကြီးသော အခန်းကဏ္ဍ

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရာတွင် သတင်းအချက်အလက်ရရှိရေးသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ သာဓကများအနေဖြင့် သတင်းပေးတိုင်ကြားချက်အရ တိုင်းဒေသကြီး၊ ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များက သဘာဝသယံဇာတများ တရားမဝင်တူးဖော်၍ သယ်ယူပို့ဆောင်ရောင်းဝယ်မှုများကို ဖမ်းဆီးအရေးယူနိုင်ခဲ့ခြင်း၊ သတင်းပေးတိုင်ကြားချက်အရ အကောက်ခွန်ဦးစီးဌာနက ပြည်ပနိုင်ငံမှ ဝင်ရောက်လာသည့် လေယာဉ်တွင် လိုက်ပါလာသည့် ခရီးသည်များကို စောင့်ကြည့် စိစစ်ရှာဖွေခဲ့ရာ ရွှေ ၊ ငွေ ၊ လက်ဝတ်ရတနာပစ္စည်းများ၊ ဆက်သွယ်ရေးပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများ၊ အဖိုးတန်လူသုံးကုန်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ သည်။

ဤကဲ့သို့ သတင်းပေးတိုင်ကြားမှုများကြောင့် တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရမိခဲ့သည့်အတွက် နိုင်ငံတော်မှ တာဝန်သိသတင်းပေးသူများကို ထိုက်သင့်သော ဆုကြေးငွေများ မြန်မြန်ဆန်ဆန် ချီးမြှင့်ပေး ခဲ့ပြီး သတင်းကွန်ရက်တည်ဆောက်ထားရန်နှင့် ရရှိလာသည့် သတင်းများကို အကျိုးရှိစွာ အသုံးချ တားဆီးစစ်ဆေးအရေးယူကြရန် ဖြစ်ပါသည်။

ပြည်တွင်းရှိ သက်ဆိုင်ရာဌာနဆိုင်ရာ အချင်းချင်း သတင်းဖလှယ်ပြီး ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်းများသာမက အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ (INTERPOL)ကဲ့သို့သော ပြည်ပရှိ နိုင်ငံတကာအဖွဲ့ အစည်းများနှင့်လည်း သတင်းဖလှယ်ပူးပေါင်းဆောင်ရွက်နိုင်ခြင်းကြောင့် တရားမဝင်ဆေးဝါးများ၊ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများ ပိုမိုလုပ်ဆောင်နိုင်ခဲ့ ပါသည်။

တရားမဝင်ကုန်သွယ်မှုလျော့နည်းပပျောက်စေရေးအတွက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို တာဝန်ရှိသက်ဆိုင်ရာဌာနအဖွဲ့အစည်းများ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြသကဲ့သို့ တာဝန်သိအများပြည်သူများအနေဖြင့်လည်း မိမိတို့ရရှိသော သတင်းအချက်အလက်များ ကို သက်ဆိုင်ရာသို့ သတင်းပေးတိုင်ကြားခြင်းဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပေသည်။ ။

https://t.me/myanmarnewspaper/153347

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

Myanmar Newspapers

04 Nov, 06:14


ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဝိုင်းဝန်းတိုက်ဖျက်ကြပါစို့|

အလင်းရောင် (ထွန်း)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံ့ဝင်ငွေတိုးတက်ရရှိစေရေးအတွက် ရသင့်ရထိုက်သော အကောက်ခွန်နှင့် အခွန်အခများ ဆုံးရှုံးမှုမရှိစေရေး၊ ပြည်တွင်းတိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်ထုတ်လုပ်မှု၊ ကုန်ရောင်းကုန်ဝယ်ကုန်သွယ်မှုလုပ်ငန်းများကို လုပ်ကိုင်ရာတွင် လွတ်လပ်စွာ ယှဉ်ပြိုင်လုပ်ကိုင်နိုင်စေရေးနှင့် စားသုံးသူပြည်သူများအတွက် အာမခံချက်ရှိသော လုံခြုံဘေးကင်းစိတ်ချရသည့် ကုန်ပစ္စည်းများကို သုံးစွဲခွင့်ရရှိနိုင်ရန်တို့အတွက် တရားမဝင်ကုန်သွယ်မှုများ လုံးဝပပျောက်ရေးကို ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါသည်။

တရားမဝင်ကုန်သွယ်မှုဆိုသည်မှာ

World Trade Organization (WTO) ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးက တရားမဝင်ကုန်သွယ်မှုကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် “နိုင်ငံတကာ ဥပဒေများအရ သတ်မှတ်ထားသည့် တရားမဝင်ကုန်ပစ္စည်း များကို ထုတ်လုပ်ခြင်း၊ ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ ပို့ဆောင်ခြင်း၊ ရွှေ့ပြောင်းခြင်း၊ လွှဲပြောင်းခြင်း၊ လက်ခံရရှိ ခြင်း၊ လက်ဝယ်ထားရှိခြင်း (သို့မဟုတ်) ဖြန့်ဖြူးခြင်းနှင့် အဆိုပါဆောင်ရွက်ချက်များကို အားပေးရန် ရည်ရွယ်သည့် မည်သည့်လုပ်ဆောင်မှုကိုမဆို တရား မဝင်ကုန်သွယ်မှု”ဟု ဖွင့်ဆိုထားပါသည်။

ကမ္ဘာ့နိုင်ငံများရှိ အစိုးရများအနေဖြင့်လည်း မက်ခရို စီးပွားရေးတည်ငြိမ်မှုကို ခြိမ်းခြောက်လာသည့် တရားမဝင်ကုန်သွယ်မှုများကို လုံးဝပပျောက်အောင် တိုက်ဖျက်နိုင်ရန် နည်းလမ်းမျိုးစုံဖြင့် အထူးအာရုံစိုက်ဆောင်ရွက်လာကြသည်ကို လေ့လာတွေ့ရှိရပါသည်။ မည်သည့်နိုင်ငံတွင်မဆို နိုင်ငံ၏ ဈေးကွက်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အစိုးရ၊ စီးပွားရေးလုပ်ငန်းရှင်နှင့် စားသုံးသူပြည်သူတို့က အဓိကနေရာမှ ပါဝင်လျက်ရှိပါသည်။

တရားမဝင်ကုန်သွယ်မှုများကို စနစ်တကျတားဆီးအရေးယူဆောင်ရွက်ရန်

မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ရာတွင် နိုင်ငံအတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSMEs) လုပ်ငန်းများနှင့် စက်မှုဇုန်များက သွင်းကုန်အစားထိုးထုတ်ကုန်များ ပိုမိုထုတ်လုပ်ရန်၊ နိုင်ငံ့ဝင်ငွေနှင့် သုံးစွဲငွေမျှတရန်အတွက် ပို့ကုန်တင်ပို့မှု ပိုမိုအားကောင်းလာစေရန်နှင့် ကုန်ကြမ်းပစ္စည်းများ တင်ပို့ခြင်းထက် စက်မှုထွက်ကုန်တစ်နည်းအားဖြင့် Supply Chain မှ Value Added ကုန်ချောပစ္စည်း များ (တန်ဖိုးမြှင့်ထုတ်ကုန်များ) တင်ပို့ခြင်းဖြင့် နိုင်ငံ့ဝင်ငွေ ပိုမိုတိုးတက်ရရှိရေး ဆောင်ရွက်လျက်ရှိပါသည်။

ဖွံ့ဖြိုးပြီး ပြည်ပနိုင်ငံများတွင် စက်မှုထုတ်ကုန်ချောပစ္စည်းများကို ဈေးကွက်လိုအပ်ချက်နှင့်အညီ အမြောက်အမြား ထုတ်လုပ်သည့်အတွက် ပစ္စည်းတစ်ခုချင်း၏ ကုန်ကျမှုတန်ဖိုးအနေဖြင့် ပိုမိုသက်သာမှုရှိသည်ကို တွေ့ရှိရပြီး မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းစက်မှုလုပ်ငန်း ထုတ်ကုန်ချော ပစ္စည်းများထုတ်လုပ်ရာတွင် အရည်အသွေးမြှင့်ထုတ်လုပ်နိုင်မှု အားနည်းချက်၊ အရေအတွက်အမြောက်အမြားထုတ်လုပ်နိုင်မှု ကန့်သတ်ချက်များရှိခဲ့ပါက ပစ္စည်းတစ်ခုချင်း၏ ကုန်ကျစရိတ်တန်ဖိုးအနေဖြင့် ဈေးနှုန်းကြီးမြင့်ပြီး ပြည်ပမှ တရားမဝင်တင်သွင်းလာမှုများကို ယှဉ်ပြိုင်နိုင်စွမ်းမရှိဘဲ စက်မှု ဇုန်များနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSMEs) လုပ်ငန်းများ၏ ကုန်ထုတ်လုပ်ငန်းများအတွက် ထိခိုက်နစ်နာမှုများ ရှိလာနိုင်ပေသည်။

ထို့ကြောင့် ပြည်တွင်းထုတ်လုပ်ကုန်ချောပစ္စည်းများကို ပြည်တွင်းသုံးအတွက်သာမက ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရန် အရည်အသွေး တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် ပြည်ပမှ တရားမဝင်ကုန်ချောပစ္စည်းများ တင်သွင်းလာမှုကိုလည်း စနစ်တကျ တားဆီးစစ်ဆေးအရေးယူ ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။

Myanmar Newspapers

04 Nov, 05:49


နေ့သင်တန်းများ ဖွင့်လှစ်ကြောင်း ကြေညာခြင်း

Myanmar Newspapers

04 Nov, 05:44


ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားတွင် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် ကျောင်းသူများ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ကြည့်ရှုလေ့လာ

နေပြည်တော် နိုဝင်ဘာ ၃

၂၀၂၄ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားများတွင် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် အခြေခံပညာကျောင်းများမှ ကျောင်းသူများနှင့် ကြီးကြပ်သူ စုစုပေါင်း ၃၂၆ ဦးတို့သည် ယနေ့မွန်းလွဲပိုင်းက နေပြည်တော်-တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ကြည့်ရှုလေ့လာကြသည်။

ဦးစွာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ပင်မအဆောက်အအုံရှိ Auditorium ခန်းမ၌ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများက “အားလုံးချစ်သည် MRTV” သီချင်းဖြင့် ကပြဖျော်ဖြေကြပြီး “နုပျို ဆန်းသစ် (၇၈) နှစ်မှသည် ပြည်သူ့အတွက် MRTV” Video Clip ဖြင့် ရှင်းလင်းပြသသည်။

စုပေါင်းဖျော်ဖြေ

ဆက်လက်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဒုတိယညွှန်ကြားရေးမှူးချုပ်က နှုတ်ခွန်းဆက်ပြောကြားပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများက “လတ်တီး”သီချင်းဖြင့် စုပေါင်းဖျော်ဖြေရာ ကျောင်းသူ များ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။

ထို့နောက် လေ့လာရေးအဖွဲ့ဝင်များသည် MRTV News Channel Studio တွင် သတင်းထုတ်လွှင့်ရန် ရိုက်ကူးရေးဆောင်ရွက်မှုနှင့် Virtual Studio တွင် NRC ရုပ်သံလိုင်းမှ တိုင်းရင်းသားဝန်ထမ်းများ၏ ကယားရိုးရာပုံပြင် သရုပ်ဖော်ရိုက်ကူးမှုတို့ကို ကြည့်ရှုလေ့လာကြ သည်။

ယင်းနောက် လေ့လာရေးအဖွဲ့များသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ခေတ်အဆက်ဆက် ရုပ်သံထုတ်လွှင့်မှုများတွင် အသုံးပြုခဲ့သည့် စက်ပစ္စည်းများ၊ တိုက်ရိုက်ထုတ်လွှင့်ရေး မော်တော်ယာဉ်များ၊ သတင်းတင်ဆက်မှုပုံစံငယ်များ၊ ခေတ်အဆက်ဆက် ထုတ်လွှင့်တင်ဆက်ခဲ့သည့် အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့သူများ၏ မှတ်တမ်းဓာတ်ပုံများ၊ တူရိယာပစ္စည်းများ၊ သတင်းစတူဒီယိုခန်းများ၊ ရေဒီယိုအစီအစဉ်တွင် အသုံးပြုခဲ့သည့် ခေတ်ဟောင်းဓာတ်ပြားများနှင့် အခြားအသုံးအဆောင်ပစ္စည်းများစသည့် စုစုပေါင်း ပြခန်း ၄၀ တွင် ခင်းကျင်းပြသထားမှုများ လေ့လာကြပြီး သိရှိလိုသည်များ မေးမြန်းမှုအပေါ် တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခြင်း၊ ပြတိုက်ဆိုင်ရာ မှတ်သားဖွယ်ရာ အဖြေလွှာများ၌ ကျောင်းသူများ၏ ဖြည့်စွက်မှုများအား စိစစ်၍ ပြည့်စုံစွာ ဖြေဆိုနိုင်သူများအား အမှတ်တရ လက်ဆောင်ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး အဆိုပါလေ့လာရေးအဖွဲ့သည် မွန်းလွဲပိုင်းတွင် ပြန်လည်ထွက်ခွာသွားကြသည်။

အသိပညာ၊ ဗဟုသုတရရှိနိုင်

၂၀၂၄ခုနှစ် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ကျင်းပမည်ဖြစ်ရာ နေပြည်တော်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသူ ၃၀၀ တို့က ပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် “လှပချစ်စရာတို့ ရွှေမြန်မာ “သီချင်းဖြင့်လည်းကောင်း၊ ပိတ်ပွဲအခမ်းအနားတွင် “ရွှေပြည်တော်သို့ တို့အတူ” သီချင်းဖြင့်လည်းကောင်း အကအလှများဖြင့် ပါဝင်ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်၍ ကြိုတင်ပြင်ဆင်လေ့ကျင့်ချိန်ကာလတွင် အဆိုပါကျောင်းသူများ စိတ်အပန်းပြေစေရန်၊ ရွှင်လန်း တက်ကြွစေရန်နှင့် အသိပညာ၊ ဗဟုသုတရရှိနိုင်ရန် ရည်ရွယ်ပြီး ယခုကဲ့သို့ လေ့လာရေးခရီးစဉ်အား စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/153344

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

Myanmar Newspapers

04 Nov, 05:43


ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားတွင် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် ကျောင်းသူများ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ကြည့်ရှုလေ့လာ

Myanmar Newspapers

04 Nov, 03:08


စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆၅၉၅ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

နေပြည်တော် နိုဝင်ဘာ ၃

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

ထုတ်ပြန်ကြေညာ

ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ နိုဝင်ဘာ ၄ ရက်မှ နိုဝင်ဘာ ၁၀ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆၅၉၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ဥပဒေအရအရေးယူဆောင်ရွက်မည်

ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူရေးရာ ဦးစီးဌာန၏ Website: www.doca.gov.mm၊ Facebook Page နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/153342

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

Myanmar Newspapers

04 Nov, 02:40


ဒုတိယဝန်ကြီး ဦးဝင်းရှိန် ညောင်ဦးမြို့ Sanon Assessment Center ၌ Waiting Staff Level-1 စစ်ဆေးအကဲဖြတ်နေမှု ကြည့်ရှုအားပေး

နေပြည်တော် နိုဝင်ဘာ ၃

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့မွန်းလွဲပိုင်းတွင် ညောင်ဦးမြို့နယ် ညောင်ဦးသံတဲဝင်း ပျူစောထီးလမ်း အမှတ် (၃) ရပ်ကွက်ရှိ Sanon Assessment Center သို့ ရောက်ရှိပြီး ဟိုတယ်စားပွဲထိုး (Waiting Staff) Level-1 အလုပ်အကိုင်အတွက် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်နေမှုကို ကြည့်ရှုစစ်ဆေးကာ ဟိုတယ်လုပ်ငန်းဆိုင်ရာ လုပ်ငန်းရှင်များ၊ တာဝန်ခံများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးသည်။

အသိအမှတ်ပြုလက်မှတ်များထုတ်ပေး

တွေ့ဆုံဆွေးနွေးစဉ် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ”သတ်မှတ်ပြဋ္ဌာန်း ရေးအဖွဲ့(NSSA)အနေဖြင့် လုပ်သားထုကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်မှု “စံ” များ ရေးဆွဲခြင်း၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းနှင့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းကဏ္ဍနှင့်ပတ်သက်၍ Level 1 အလုပ်အကိုင် ရှစ်မျိုး၊ Level 2 အလုပ်အကိုင် ရှစ်မျိုးနှင့် Level 3 အလုပ်အကိုင် နှစ်မျိုး၊ စုစုပေါင်းအလုပ်အကိုင် ၁၈ မျိုးအတွက် ကျွမ်းကျင်မှုစံများ အတည်ပြုထားပြီး ၂၀၁၄ ခုနှစ်မှ ယနေ့ထိ ဟိုတယ်စားပွဲထိုး၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးနှင့် ဧည့်ကြိုအလုပ်အကိုင်သုံးမျိုးတွင် သတ်မှတ်အရည်အချင်းကိုက်ညီသူ ၁၄၈၅ ဦးကို ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနိုင်ခဲ့ကြောင်း။

အလေးထားဆောင်ရွက်

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းကဏ္ဍဆိုင်ရာ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရန်နှင့် အသိအမှတ်ပြုလုပ်ငန်းစဉ်များ ဆောင်ရွက်ပေးလျက်ရှိရာ Sanon Assessment Center အနေဖြင့် NSSA လုပ်ငန်းစဉ်တွင် စဉ်ဆက်မပြတ် ပါဝင်ဆောင်ရွက်ပေးရန်၊ ဟိုတယ်အလုပ်အကိုင်ဆိုင်ရာ အလုပ်ရှာဖွေသူများအတွက် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည့် ဟိုတယ်အလုပ်အကိုင်ဆိုင်ရာသင်တန်းများ ဖွင့်လှစ် သင်ကြားခြင်းနှင့် အရည်အသွေးရှိ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းများ ဆောင်ရွက်နိုင်ရေး ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန တည်ထောင်၍ စဉ်ဆက်မပြတ်ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်နိုင်ရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/153341

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

Myanmar Newspapers

04 Nov, 02:40


ဒုတိယဝန်ကြီး ဦးဝင်းရှိန် ညောင်ဦးမြို့ Sanon Assessment Center ၌ Waiting Staff Level-1 စစ်ဆေးအကဲဖြတ်နေမှု ကြည့်ရှုအားပေး

Myanmar Newspapers

04 Nov, 01:27


အပြန်အလှန်ချစ်ကြည်ရင်းနှီးမှုဖြင့် နိုင်ငံ့အကျိုး ဝိုင်းဝန်းသယ်ပိုး

မြန်မာနိုင်ငံတွင် မတူကွဲပြားသော တိုင်းရင်းသားလူမျိုးတစ်ရာကျော် စုစည်းနေထိုင်ကြသည်။ ထို့အပြင် မတူကွဲပြားသော ဗုဒ္ဓ၊ ဟိန္ဒူ၊ မွတ်စလင်၊ ခရစ်ယာန်ဘာသာကြီးလေးမျိုးနှင့် အခြားသောနှစ်သက်ရာတို့ကို လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ရှိသည်။ မတူကွဲပြားမှုများပေါင်းစုပြီး နားလည်မှုရှိရှိဖြင့် စုဝေးနေထိုင်ကြသော ပြည်ထောင်စုကြီးသည် နှစ်လိုဖွယ်ရာအတိဖြစ်သည်။ အေးချမ်းသာယာဝပြောမှုအပေါင်းကို ဆောင်ကြဉ်းပေးနိုင်သည်။

၂၀၂၄ ခုနှစ် ဟိန္ဒူဘာသာဝင်တို့၏ ဒီပါဝလီနေ့အထိမ်းအမှတ်အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မိမိတို့ မြန်မာနိုင်ငံသားများသည် လူမျိုးအရဖြစ်စေ၊ ဘာသာတရားအရဖြစ်စေ ကွဲပြားမှုများရှိကြောင်း၊ သို့သော်လည်း အမိမြေပေါ်တွင် အတူတကွ ကြီးပြင်းလာကြသူများဖြစ်ကြသည်မှာ တူညီသည့်အတွက် တစ်ဦး၏ ယုံကြည်ရာဘာသာတရားကို အခြားတစ်ဦးက လေးစားကြရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုများကတစ်ဆင့် မြန်မာနိုင်ငံ၏အကျိုးကို ဝိုင်းဝန်းသယ်ပိုးသွားကြစေလိုကြောင်း” ပြောကြား ခဲ့သည်။

ပြည်ထောင်စုအတွင်း၌ မတူကွဲပြားသော ဘာသာတရားများ၊ လူမျိုးများ ပေါင်းစုနေထိုင်ကြသော်လည်း မြန်မာနိုင်ငံတွင် တည်ငြိမ်အေးချမ်းမှုများ ထိခိုက်ပြီး စည်းလုံးညီညွတ်မှု ပျက်ပြားနေရသည့်အကြောင်းရင်းကို ဆန်းစစ်လေ့လာသုံးသပ်ကြည့်ရမည်ဖြစ်သည်။ မျက်မှောက်ကာလတွင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် ပြဿနာပဋိပက္ခများသည် နိုင်ငံရေးအရဖြစ်ပေါ်လာသောပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းလိုမှုမရှိသောကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံသည် နှစ်ပေါင်းထောင်ချီရှည်လျားသည့် သမိုင်းကြောင်းတစ်လျှောက်တွင် ဘာသာရေးအရလည်းကောင်း၊ လူမျိုးရေးအရလည်းကောင်း ပြဿနာကြီးမားကြာရှည်စွာ မဖြစ်ပေါ်ခဲ့သော်လည်း မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုကာလမှစ၍ နိုင်ငံရေးပြဿနာများဖြစ်ပေါ်ခဲ့သည်။

လက်ရှိအချိန်ကာလတွင် မြန်မာနိုင်ငံနှင့်ခံယူချက်မတူသော ပြည်ပနိုင်ငံအချို့က နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး စသည့်လှုံ့ဆော်မှုအမျိုးမျိုးကိုအခြေခံသည့် ပြဿနာများ ဖန်တီးနေသည်ကို တွေ့ရမည်ဖြစ်သည်။ ဤအမိမြန်မာပြည်တွင် ဤမြေ၊ ဤရေ၊ ဤလေ၊ ဤသယံဇာတများကို အညီအမျှသုံးစွဲနေထိုင်ကြသည့် မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်ဖြစ်စေ မြန်မာနိုင်ငံကို ချစ်သည့်စိတ်၊ တန်ဖိုးထားသည့်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်မွေးမြူပြီး နေထိုင်ကြရန်လိုအပ်သည်။

မျက်မှောက်ကာလတွင် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ပြန်လည်လျှောက်လှမ်းနိုင်ရန်အတွက် နိုင်ငံတော်က ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်အတိုင်း အကောင်အထည်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ဖြစ်ပေါ်နေသော ပဋိပက္ခပြဿနာများ လုံးဝချုပ်ငြိမ်းပြီး အေးချမ်းစွာအတူ လက်တွဲနေထိုင်ကြကာ မျှော်မှန်းထားသော လမ်းကြောင်းအမှန်ပေါ်သို့ အမြန်ဆုံးရောက်ရှိရေးအတွက် မတူကွဲပြားသူအားလုံး ပေါင်းစည်းလက်တွဲပြီး ဆောင်ရွက်ကြရန်လိုသည်။

မတူကွဲပြားမှုများ ပေါင်းစည်းပြီး အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စုစည်းညီညွတ်သော အင်အားများရရှိလာစေရန် နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ဦးဆောင်ပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေးအတွက် စဉ်ဆက်မပြတ် ဖိတ်ခေါ်ကြိုဆိုလျက်ရှိသည်။ မြန်မာနိုင်ငံသည် လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်နှင့် လွတ်လပ်စွာနေထိုင်လုပ်ကိုင်ခွင့်ရှိသည့် လွတ်လပ်သောနိုင်ငံဖြစ်သည်။ အများပြည်သူတို့၏ လွတ်လပ်သောဆန္ဒဖြင့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေသောနိုင်ငံဖြစ်သည်။ လူမျိုးရေးအရလည်းကောင်း၊ ယုံကြည်မှုအရလည်းကောင်း၊ နယ်မြေဒေသအရလည်းကောင်း ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်ပေးလျက်ရှိသည်။

Myanmar Newspapers

04 Nov, 01:27


မြန်မာနိုင်ငံတွင် ဖြစ်ထွန်းနေသည့် ဘာသာပေါင်းစုံတို့နှင့်ပတ်သက်သည့် ဘာသာရေးဆိုင်ရာအခမ်းအနားများ၊ လူမျိုးစုများဆိုင်ရာ အထိမ်းအမှတ်နေ့များနှင့် အခမ်းအနားများကို နိုင်ငံတော်အစိုးရအနေဖြင့် တတ်နိုင်သမျှ အားပေးကူညီနေသည်ကို တွေ့ရမည်ဖြစ်သည်။ ပဋိပက္ခများ ချုပ်ငြိမ်းသွားမှသာ မတူကွဲပြားသော ပြည်ထောင်စုသားများအားလုံး အေးချမ်းစွာ အတူလက်တွဲနေထိုင်နိုင်မည်ဖြစ်သည့်အတွက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနေသလို နိုင်ငံရေးနည်းလမ်းကိုလက်မခံဘဲ အကြမ်းဖက်လက်နက်ကိုင်နည်းလမ်းရွေးချယ်သူ အကြမ်းဖက်သမားများကို စုစည်းညီညွတ်သောအင်အားဖြင့် ဝိုင်းဝန်းတိုက်ဖျက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်၍ မတူကွဲပြားမှုများ ပေါင်းစုပြီး စုစည်းညီညွတ်သောအင်အားဖြင့် နိုင်ငံသားအချင်းချင်း တစ်ဦးအပေါ် တစ်ဦး ချစ်ခင်လေးစားမှု၊ နားလည်ခွင့်လွှတ်မှု၊ ရိုင်းပင်းကူညီမှုများ မျှဝေကြပြီး နိုင်ငံ့အကျိုးနှင့်ကမ္ဘာတစ်ခွင် ငြိမ်းချမ်းသာယာဝပြောမှုအပေါင်းကို ဆောင်ကြဉ်းပေးနိုင်ရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

https://t.me/myanmarnewspaper/153339

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

Myanmar Newspapers

04 Nov, 01:22


လူမှုကွန်ရက်ကို အသုံးပြု၍ ပုံစံပြောင်းလာသည့် လူကုန်ကူးမှု

“မြန်မာနိုင်ငံတွင် ယခင်ကာလများက ဆင်းရဲနွမ်းပါးမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးမှုများကြောင့် ပညာအရည်အချင်းနိမ့်ပါးသူများသာ လူကုန်ကူးခံရသည့် ပြဿနာများ ပေါ်ပေါက်ခဲ့သော်လည်း ယခုကာလတွင် ပညာတတ်များလည်း လူကုန်ကူးခံရ သည့် ဖြစ်စဉ်များတွင် ပါဝင်နေကြောင်း တွေ့ရှိနေရပါသည်။ လူကုန်ကူးသူများသည် တိုးတက်ပြောင်းလဲလာသည့် နည်းပညာများကို အခြေခံကာ Facebook, Wechat, Telegram, TikTok များအသုံးပြုပြီး မက်လုံးပေးစည်းရုံး၍ အွန်လိုင်းလိမ်လည်မှုခင်းများ ကျူးလွန်လာကြရာမှ ၎င်းနှင့်ဆက်နွှယ်ပြီး လူကုန်ကူးမှုများ၊ တရားမဝင်လူစုဆောင်းခြင်းများ၊ လိမ်လည်မှုများ ပြုလုပ်ကာ လူသားအချင်းချင်းအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း၊ အဓမ္မခိုင်းစေခြင်း၊ အဓမ္မလက်ထပ်ခိုင်းစေခြင်းနှင့် အဓမ္မအငှားကိုယ်ဝန်ဆောင်စေခြင်း စသည်တို့ကို ကျူးလွန်လျက်ရှိကြောင်း တွေ့ရှိလာရပါသည်” ဟူ၍ ယခုနှစ် (၁၂) ကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့သို့ပေးပို့သည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၏ သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြခဲ့သည်။

တရုတ်အမျိုးသား၏ ဇနီးမယားအဖြစ် ဝယ်ယူရန် အထက်ပါလူမှုကွန်ရက်များပေါ်မှ ကြော်ငြာမှုများ အများအပြားရှိနေပြီး ငွေကြေးပမာဏများပြားစွာပေးမည်၊ တရားဝင်လက်ထပ်ယူမည်စသည့် မက်လုံးများပေးကာ ဆွဲဆောင်စည်းရုံးကြပြီး ရလာသည့် သားကောင်ကို ရောင်းစားကြခြင်းဖြစ်သည်။ အချို့လည်း အလုပ်ကောင်းကောင်းရမည်ဟု လိမ်ညာခေါ်ဆောင်သွားပြီး တစ်ဖက်နိုင်ငံတွင် ပွဲစားမှတစ်ဆင့် လိမ်လည်ရောင်းစားကြခြင်းဖြစ်ရာ အချို့မြန်မာအမျိုးသမီးများမှာ မိုင်ထောင်ချီဝေးကွာသည့် တရုတ်နိုင်ငံအတွင်းပိုင်းဒေသများအထိ လူကုန်ကူးခံကြရကြောင်း သတင်းများတွင်တွေ့ရသည်။ လူကုန်ကူးမှုတွင် တရားမဝင်လမ်းကြောင်းက ပြည်ပသို့သွားရောက်ကြရာမှ လူကုန်ကူးခံရသည့်ဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိသော်လည်း နောက်ပိုင်းတွင် နိုင်ငံကူးလက်မှတ်ဖြင့် တရားဝင်သွားရောက်သည့်ပုံစံများဖြင့် လူကုန်ကူးသည့် ဖြစ်စဉ်များလည်း ဖြစ်ပေါ်လာသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက်က မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ထိုင်းနိုင်ငံသို့ထွက်ခွာမည့် တရုတ်နိုင်ငံသားတစ်ဦးနှင့် မြန်မာအမျိုးသမီးငယ်သုံးဦးတို့ကို မသင်္ကာဖွယ် တွေ့ရှိသဖြင့် သက်ဆိုင်ရာက စစ်မေးခဲ့ရာမှ Facebook, TikTok အသုံးပြုဆက်သွယ်၍ တရုတ်နိုင်ငံသို့ တရုတ်မယားပြုလုပ်ရန် စည်းရုံးစုစည်းခေါ်ဆောင်ခံရသူများဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည့်အပြင် မန္တလေးမြို့တွင်းတစ်နေရာတွင် စုစည်းထိန်းချုပ်ထားသည့် အခြားအမျိုးသမီးငယ် ၁၁ ဦးတို့ကိုပါ ဖော်ထုတ်ကယ်တင်နိုင်ခဲ့သည်။ မန္တလေးမြို့တွင် အခြေချ၍ လူကုန်ကူးမှုဂိုဏ်းဖွဲ့ကျူးလွန်သူများမှာ မြန်မာနိုင်ငံတွင် အသုံးများသည့် Facebook, TikTok လူမှုကွန်ရက်တို့မှတစ်ဆင့် အမျိုးသမီးငယ်များကိုရှာဖွေကာ မက်လုံးပေးစည်းရုံးခဲ့ကြခြင်းဖြစ်သည်။ မိမိနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်း၊ ဝင်ငွေနည်းပါးခြင်းစသည့်အကြောင်းများနှင့် မိသားစုကို ပိုမိုထောက်ပံ့ပေးနိုင်ရန်၊ ကြွေးမြီများပေးဆပ်နိုင်ရန်စသည့် ရည်ရွယ်ချက်များ၊ လူကုန်ကူးသူများက ပြောကြားသည့် မြူဆွယ်စကားများနှင့် မက်လုံးများစသည်တို့က အမျိုးသမီးငယ်များကို စည်းရုံးမှုခံရသည့်အခြေအနေသို့ ကျရောက်စေခဲ့ခြင်းဖြစ်သည်။

သတိပြုရမည့်အချက်မှာ လူကုန်ကူးသူများက အွန်လိုင်းပလက်ဖောင်းများမှတစ်ဆင့် အမျိုးသမီးအချင်းချင်း စည်းရုံးမြူဆွယ်မှုပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး တရားဝင်လမ်းကြောင်းမှတစ်ဆင့် ပြည်ပသို့ ထွက်ခွာသည့်ပုံစံသို့ ပြောင်းလဲလာခြင်းပင်ဖြစ်သည်။ ထို့အပြင် အလုပ်အကိုင်ကောင်းကောင်းရမည်၊ ဝင်ငွေကောင်းကောင်းရမည်၊ ငွေကြေးပမာဏ အမြောက်အမြားရမည်၊ ချမ်းချမ်းသာသာနေရမည်စသည်ဖြင့် လိမ်ညာမှုများ၊ မြူဆွယ် မှုများ၊ မက်လုံးပေးမှုများ၏ နောက်ကွယ်တွင် လူလူချင်း ခေါင်းပုံဖြတ်အမြတ်ထုတ်မှု၊ ကျေးကျွန်သဖွယ် အဓမ္မခိုင်းစေမှုတို့၏ သားကောင်ဘဝသို့ ကျရောက်နိုင်သည်ကို သတိကြီးစွာ ပြုကြရန်နှင့် ပြည်သူအားလုံး လူကုန်ကူးမှုအသိပညာဗဟုသုတ ပြည့်စုံကြစေရန် မိမိတို့ပတ်ဝန်းကျင်၌ လူကုန်ကူးမှု မသင်္ကာဖွယ်များတွေ့ရှိပါက သက်ဆိုင်ရာသို့ သတင်းပေးပို့ကြရန် တိုက်တွန်းလိုက်ရပါကြောင်း။ ။

https://t.me/myanmarnewspaper/153337

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

Myanmar Newspapers

04 Nov, 01:15


အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော် နိုဝင်ဘာ ၃

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေး သတင်းထုတ်ပြန်ပြီးဖြစ်သည်။

ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း နိုဝင်ဘာလ ၂ ရက်နေ့တွင် အသိပေး ထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့် "Ye Htet Naing" Facebook အကောင့်နှင့် “Ye Htet" Tik Tok အကောင့်ပိုင်ရှင်ဖြစ်သူ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ခြောက်မိုင်ကျွဲခြံကုန်းရပ်ကွက်နေ ရဲထက်နိုင်(ခ)အိုဝိုက်စ်နှင့် တစ်ရပ်ကွက်တည်းနေ "Min Htet Naing" Facebook အကောင့်ပိုင်ရှင်ဖြစ်သူ မင်းထက်နိုင်(ခ)ကေကဘားတို့အား ညနေ ၅ နာရီခွဲတွင် မြိုင်သာယာမြို့မရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

Myanmar Newspapers

25 Oct, 07:05


ဒုတိယဝန်ကြီး ဦးလွင်ဦး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာ အဘ်ဟေး တာကူးရ်ကို လက်ခံတွေ့ဆုံ

နေပြည်တော် အောက်တိုဘာ ၂၄

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာ အဘ်ဟေး တာကူးရ်ကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား အစဉ်အလာရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုမြှင့်တင်ခိုင်မာရေးနှင့် နှစ်နိုင်ငံအပြန်အလှန် အကျိုးရှိမည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားနိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/152168

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

Myanmar Newspapers

25 Oct, 07:05


ဒုတိယဝန်ကြီး ဦးလွင်ဦး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာ အဘ်ဟေး တာကူးရ်ကို လက်ခံတွေ့ဆုံ

Myanmar Newspapers

25 Oct, 07:01


ဂဟေဆက်သင်တန်းအမှတ်စဉ် (၄/၂၀၂၄) နှင့် လေအေးပေးစက် တပ်ဆင်/ပြုပြင်ခြင်း သင်တန်းအမှတ်စဉ် (၃/၂၀၂၄) သင်တန်းဖွင့်ပွဲကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၄

ဂဟေဆက်သင်တန်း အမှတ်စဉ် (၄/၂၀၂၄) နှင့် လေအေးပေးစက် တပ်ဆင်/ပြုပြင်ခြင်း သင်တန်းအမှတ်စဉ် (၃/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ အလုပ်သမားရေးရာဌာနများမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးလုပ်ငန်း ကော်မတီဝင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းများ တည်ထောင်ဖွင့်လှစ်ပြီး လုပ်သားဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသော အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း။

ယခုသင်တန်းတွင် ပါဝင်တက်ရောက်ကြမည့် သင်တန်းသားလူငယ်များအနေဖြင့် လုပ်ငန်းဆိုင်ရာ စာတွေ့အသိပညာဗဟုသုတများနှင့် လက်တွေ့ကျွမ်းကျင်မှုများကို စနစ်တကျ လေ့လာဆောင်ရွက်ကြရန်နှင့် သင်တန်းပြီးမြောက်ချိန်တွင် လက်တွေ့လုပ်ငန်းခွင်များ၌ ပြန်လည်အသုံးချလုပ်ကိုင်ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ကြည့်ရှုအားပေး

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မင်္ဂလာဒုံစက်မှုဇုန်ရှိ ASIA OPTICAL စက်ရုံသို့ရောက်ရှိပြီး စက်ရုံတွင်းလှည့်လည်ကြည့်ရှု၍ အလုပ်သမားများ လုပ်ငန်းခွင်အတွင်း အေးချမ်းစွာလုပ်ကိုင်နေမှုအခြေအနေများကို ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်းသို့သွားရောက်၍ ထိုင်းနိုင်ငံ၊ ကိုရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံတို့သို့ သွားရောက်အလုပ် လုပ်ကိုင်မည့် အလုပ်သမားများအားတွေ့ဆုံကာ သွားရောက်မည့်နိုင်ငံများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ သက်ဆိုင်ရာနိုင်ငံများ၏ဥပဒေများ၊ လုပ်ငန်းခွင်အတွင်း ဆောင်ရန်/ ရှောင်ရန်အချက်များ သင်ကြားပို့ချနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သင်တန်းကျောင်းဝင်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/152166

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

Myanmar Newspapers

25 Oct, 07:01


ဂဟေဆက်သင်တန်းအမှတ်စဉ် (၄/၂၀၂၄) နှင့် လေအေးပေးစက် တပ်ဆင်/ပြုပြင်ခြင်း သင်တန်းအမှတ်စဉ် (၃/၂၀၂၄) သင်တန်းဖွင့်ပွဲကျင်းပ

Myanmar Newspapers

25 Oct, 06:51


မြန်မာနိုင်ငံတွင် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားနိုင်ခြေများကိုလေ့လာခြင်း သုတေသန (၂၀၂၄) ဆောင်ရွက်ရန် သင်တန်းဖွင့်ပွဲကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၄

မြန်မာနိုင်ငံတွင် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားနိုင်ခြေလေ့လာခြင်း သုတေသန (၂၀၂၄) (STEPS Survey-2024) ဆောင်ရွက်ရန် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနသင်တန်းကျောင်း၌ ကျင်းပသည်။

အကောင်အထည်ဖော်ဆောင်ရွက်

သင်တန်းဖွင့်ပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုအတွင်း မကူးစက်နိုင်သော ရောဂါများ ဖြစ်ပွားသေဆုံးမှုကိုလျှော့ချနိုင်ရေးအတွက် မကူးစက်နိုင်သောရောဂါများ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇) ကို ရေးဆွဲပြီး ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊ ကျေးလက်ဒေသ အောက်ခြေအထိ မကူးစက်နိုင်သောရောဂါများဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီစေရေးအတွက် ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါ စစ်ဆေးကုသမှု ဆေးခန်းများကို ကျေးလက်ကျန်းမာရေးဌာနများတွင် အပတ်စဉ်ဖွင့်လှစ်ထားရှိပြီး လိုအပ်သော အခြေခံဆေးများနှင့် ဆေးပစ္စည်းများကို ဝယ်ယူပံ့ပိုးပေးလျက်ရှိကြောင်း၊ STEPS Survey ဆောင်ရွက်နိုင်ခြင်းဖြင့် ပြည်သူလူထုအတွင်း မကူးစက်နိုင်သောရောဂါများ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော်ရေးအတွက် များစွာအထောက် အကူပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

သုံးသုတ်ခွဲ၍ ဆောင်ရွက်သွားမည်

သင်တန်းဖွင့်ပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးတက္ကသိုလ်တို့မှ သင်တန်းဆရာများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ သင်တန်းသားများ တက်ရောက်ကြပြီး သင်တန်းကို အောက်တိုဘာ ၂၃ ရက်မှ နိုဝင်ဘာ ၂ ရက်အတွင်း သုံးသုတ်ခွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် STEPS Survey (၂၀၂၄) ကို တိုင်းဒေသကြီး /ပြည်နယ် ၁၃ ခုတွင် ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/152164

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

Myanmar Newspapers

25 Oct, 06:51


မြန်မာနိုင်ငံတွင် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားနိုင်ခြေများကိုလေ့လာခြင်း သုတေသန (၂၀၂၄) ဆောင်ရွက်ရန် သင်တန်းဖွင့်ပွဲကျင်းပ

Myanmar Newspapers

25 Oct, 05:34


ရန်ကုန်တိုင်းဒေသကြီးတွင် ငွေကျပ် ၃ ဒသမ ၉၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၉ ဒသမ ၈ သိန်း ဖမ်းဆီးရမိ

နေပြည်တော် အောက်တိုဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီးတွင် ငွေကျပ် ၃ ဒသမ ၉၈ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၉ ဒသမ ၈ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၄ ရက် ညနေ ၄ နာရီခွဲတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၂၉)ရပ်ကွက်တွင် ဝင်းထွဋ် မောင်းနှင်ပြီး တင်မောင်လတ် (ခ) ကရဒ်ဘိုင် လိုက်ပါလာသည့် FIELDER မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ် ဆေးပြားသုံးသိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ ၅ နာရီတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၂၉) ရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြားများသယ်ဆောင်ခဲ့သည့် TOYOTA SUCCEED မော်တော် ယာဉ်တစ်စီးနှင့် ညနေ ၅ နာရီခွဲတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ကျီစု (အနောက်) ရပ်ကွက် ရွှေကျီးလမ်းသွယ်ရှိ ဝင်းထွဋ်၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃၆ ဒသမ ၈ သိန်း ထပ်မံ သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုး ငွေကျပ် ၃ ဒသမ ၉၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၉ ဒသမ ၈ သိန်း သိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ် ဆေးပြားများအား ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်မြို့နယ်နေ စိုင်းဆိုင်နွံ (ခ) ပီနွံနှင့် ကျေးသီးမြို့နယ်နေ ဟန်သိန်း(ခ) စိုင်းဆန် ဆွေတို့မှ ရောင်းချခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ် မောင်တောမြို့နေ စိုးမြင့်(ခ)ဇီဘူရာမောက်က ဝယ်ယူ ခြင်းဖြစ်ကြောင်း၊ သယ်ဆောင်ရောင်းဝယ်ခြင်းနှင့် ငွေကြေးလွှဲပြောင်းခြင်းတို့ ဆောင်ရွက်သည့် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်နေ စိုးမိုးအောင် (ခ) မိုလ်ဇူရာမန်၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်နေ ကျော်ဝင်းစိုးနှင့် ဇနီး မသီတာဝင်း(ခ) ယာစမင်းတို့အား ဆက်လက်ဖော်ထုတ် ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင် ဆက်စပ်ပါဝင်သူများနှင့် ၎င်းတို့မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်ရာမှရရှိသည့် ငွေကြေး အကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက်ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/152162

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

Myanmar Newspapers

25 Oct, 05:34


ရန်ကုန်တိုင်းဒေသကြီးတွင် ငွေကျပ် ၃ ဒသမ ၉၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၉ ဒသမ ၈ သိန်း ဖမ်းဆီးရမိ

Myanmar Newspapers

25 Oct, 05:27


တရားမဝင်သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ တိရစ္ဆာန်များ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် အောက်တိုဘာ ၂၄

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ

အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၂၁ ရက်တွင် အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာနှစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စက်ယန္တရားအပိုပစ္စည်းအမျိုး ၉၀၊ လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၈၉၈၅၆၄၄) ကို လည်းကောင်း၊ အောက်တိုဘာ ၂၂ ရက်တွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ တစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၂၂၃၀၀) ကိုလည်းကောင်း၊ ရွာသာကြီး Dry Port ၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းနှစ်မျိုး၊ လူသုံးကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၂၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် MAN Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၀၀၀၀၀၀၀) ကိုလည်းကောင်း၊ အောက်တိုဘာ ၂၃ ရက်တွင် သီလဝါဆိပ်ကမ်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက် အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၉၆၇၃၆၀) ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ် (သွင်းကုန်) ၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၃၈၁၄၀၀) ကိုလည်းကောင်း၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မော်လမြိုင်မြို့မှ မန္တလေးမြို့သို့မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းတစ်မျိုး၊ စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၆၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် ANKAI Express Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၂၁၅၆၇၀၄ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

ထို့အတူ အောက်တိုဘာ ၂၂ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မကွေးခရိုင်နှင့် သရက်ခရိုင်အတွင်း၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်လေးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ သရက်ခရိုင် သရက်-မင်းတုန်း ကားလမ်းမအနီး၌ မော်တော်ယာဉ်သုံးစီးပေါ်မှ တရားဝင်သယ်ဆောင်ခွင့်အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် နွားထီး ၄၁ ကောင် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀) နှင့် အဆိုပါနွားထီးများ တင်ဆောင်လာသည့် Fuso Truck တစ်စီး၊ Canter Truck တစ်စီးနှင့် Toyota Crown တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀၀) ကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၂၀၀၀၀၀၀ ကို ဖမ်းဆီး အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် အောက်တိုဘာ ၂၃ ရက်တွင် နေပြည်တော်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပျဉ်းမနားခရိုင်အတွင်း၌ တရားမဝင် အခြားသစ် ၄၁ ဒသမ ၅၈၄ တန် စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၄၂၃၉၄၄ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မူဆယ်မြို့ ဆင်ဖြူဂိတ်အကျော် လမ်းဘေးတစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့မော်တော်ဆိုင်ကယ်အပိုပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သစ်တောဥပဒေနှင့်အညီ အရေးယူ

ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင်ကျွန်းသစ် ၁ ဒသမ ၂၅၈ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀၂၀၆၄၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

Myanmar Newspapers

25 Oct, 05:27


ထို့အပြင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပုလိပ်မြို့အနီး၌ ရပ်တန့်ထားသော မော်တော်ယာဉ်သုံးစီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၆ မျိုး၊ လူသုံးကုန်ပစ္စည်း ၁၆ မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၀၇၀၂၆၂၉) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hiace Mini Bus တစ်စီးနှင့် JIN BEI Mini Bus နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၂၀၀၀၀၀၀) ကိုလည်းကောင်း၊ ကျောက်ဆည်မြို့ ဟန်မြင့်မိုရ်ကျေးရွာအနီး၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် ဆိုင်ကယ်အပိုပစ္စည်းခြောက်မျိုး၊ စားသောက်ကုန်ပစ္စည်း တစ်မျိုး၊ လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၉၄၅၂၅၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Dong Feng Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၆၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၆၆၄၇၈၇၉ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် အောက်တိုဘာ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်နှင့် တောင်ငူခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၅ ဒသမ ၆၂၄ တန်၊ သစ်မာ ၀ ဒသမ ၇၄၁ တန်၊ အခြားသစ် တန် ၅ ဒသမ ၆၅၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၁၃၃၈၃)ကို သစ်တောဥပဒေအရလည်းကောင်း၊ ပြည်ခရိုင်အတွင်း၌ လိုင်စင်မဲ့ Toyota Mark-II မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၉၅၁၃၃၈၃ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူ

ထို့အပြင် အောက်တိုဘာ ၂၄ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်၌ လိုင်စင်မဲ့ Honda Wave မော်တော်ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန် သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အောက်တိုဘာ ၂၁ ရက်၊ ၂၂ ရက်၊ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၃၁ မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၁၉၆၂၅၅၀ ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင်ကုန်သွယ်မှုများကြောင့် အသေးစား၊ အငယ်စားနှင့်အလတ်စား ပြည်တွင်းစီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သည့်ကုန်ပစ္စည်းများ စျေးကွက်အတွင်း မျှတစွာယှဉ်ပြိုင်နိုင်မှုမရှိခြင်းနှင့် စျေးကွက်ပျောက်ဆုံးခြင်းတို့ဖြစ်ပေါ်စေပြီး ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေးအတွက် ကြီးမားသည့်ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေသည်။ သို့ဖြစ်ပါ၍ သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သတင်းရရှိသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/152159

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

Myanmar Newspapers

25 Oct, 05:27


တရားမဝင်သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ တိရစ္ဆာန်များ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

Myanmar Newspapers

25 Oct, 05:19


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော

ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့

အမိန့်ကြော်ငြာစာအမှတ်၊ ၇ / ၂၀၂၄

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၃ ရက်

(၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်)

ထိန်းချုပ်ဓာတုပစ္စည်းကို ပြည်ပမှ တင်သွင်းခြင်း၊ ပြည်တွင်းတွင် သယ်ဆောင်ခြင်း၊ သိုလှောင်ခြင်းနှင့် ဖြန့်ဖြူးခြင်းဆိုင်ရာ စံသတ်မှတ်ချက်များ

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့သည် ထိန်းချုပ်ဓာတုပစ္စည်း ကြီးကြပ်ရေးဆိုင်ရာနည်းဥပဒေ ၂ နည်းဥပဒေခွဲ (ခ) အရ ထိန်းချုပ်ဓာတုပစ္စည်းအား ပြည်ပမှတင်သွင်းခြင်း၊ ပြည်တွင်းသို့ သယ်ဆောင်ခြင်းနှင့် သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းတို့ပြုရာတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၃၀ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤအမိန့် ကြော်ငြာစာဖြင့် ထုတ်ပြန်သတ်မှတ်လိုက်သည်။

၁။ အခွင့်ရအရောင်းကိုယ်စားလှယ်(Authorized Dealer) ရသည့် ကုမ္ပဏီတွင်ရှိသင့်သည့် စံသတ်မှတ်ချက်များ (Criteria)

(က) မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့်အညီ မှတ်ပုံတင် လက်မှတ်ရရှိပြီးသော ကုမ္ပဏီဖြစ်ရမည်။

(ခ) တင်သွင်းမည့် ထိန်းချုပ်ဓာတုပစ္စည်း အမျိုးအမည်နှင့် အလေးချိန်၊ ထုတ်လုပ်သည့် ပြည်ပကုမ္ပဏီထံမှ အခွင့်ရအရောင်းကိုယ်စားလှယ် (Authorized Dealer) အထောက်အထား စာရွက်စာတမ်း၊ လက်မှတ်မူရင်း တင်ပြနိုင်သူဖြစ်ရမည်။

(ဂ) ထုတ်လုပ်သည့် ပြည်ပကုမ္ပဏီထံမှရယူတင်ပြသော အခွင့်ရအရောင်းကိုယ်စားလှယ် (Authorized Dealer) ၏ အထောက်အထား စာရွက်စာတမ်း၊ လက်မှတ်မူရင်းတို့တွင် သက်ဆိုင်ရာနိုင်ငံ တရားဥပဒေစိုးမိုးရေးအဖွဲ့ (Law Enforcement) ထံမှ ဥပဒေနှင့်အညီ ခွင့်ပြုထား သော ပစ္စည်းဖြစ်ကြောင်း ထောက်ခံချက်နှင့် သက်ဆိုင်ရာသံရုံး၏ မှန်ကန်ကြောင်း အထောက်အထား ပူးတွဲတင်ပြနိုင်ရမည်။

(ဃ) တင်သွင်းသည့် ထိန်းချုပ်ဓာတုပစ္စည်း အမျိုးအစားအလိုက် အမှတ်တံဆိပ်ကို တင်သွင်းသည့်နိုင်ငံတွင် ဥပဒေနှင့်အညီ မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ်ရရှိပြီးဖြစ်ရမည်။

(င) မြန်မာနိုင်ငံ သွင်းကုန်ဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်သော ကုမ္ပဏီဖြစ်ရမည်။

(စ) ပြည်တွင်းအခွန်ဦးစီးဌာနတွင် အခွန်ကင်းရှင်းကြောင်း သို့မဟုတ် အခွန်အပြည့်အဝ ပေးဆောင်ပြီးကြောင်း အထောက်အထားနှင့်တကွ တင်ပြရမည်။

(ဆ) အခွင့်ရအရောင်းကိုယ်စားလှယ် (Authorized Dealer) မရရှိသည့် ကုမ္ပဏီအနေဖြင့် ထိန်းချုပ်ဓာတုပစ္စည်း ကြီးကြပ်ရေးဆိုင်ရာ နည်းဥပဒေများနှင့်အညီ ပြည်တွင်း ပြန်လည်ရောင်းချသုံးစွဲရန် မူပိုင်ခွင့်ရရှိသည့် ကုမ္ပဏီမှတစ်ဆင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဝယ်ယူဆောင်ရွက်နိုင်သည်။

(ဇ) ထိန်းချုပ်ဓာတုပစ္စည်း ပြည်ပမှတင်သွင်းခွင့် လျှောက်ထားရာတွင် ပါရှိရမည့် စာရွက်စာတမ်းများအပြင် သိုလှောင်ခြင်း သို့မဟုတ် သယ်ဆောင်ခြင်းတို့အတွက် မလိုလားအပ်သော ဘေးအန္တရာယ်နှင့် ဘေးထွက်ဆိုးကျိုးများမရှိစေရေး လုံခြုံရေးအစီအမံများ စနစ်တကျဆောင်ရွက်ထားသည့် အထောက်အထားများ တစ်ပါတည်းတင်ပြရမည်။

(ဈ) ပြည်တွင်းထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်သည့် ကုမ္ပဏီများအနေဖြင့် ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေးဆိုင်ရာ နည်းဥပဒေများကို တိကျစွာလိုက်နာဆောင်ရွက်ရမည်။

၂။ ထိန်းချုပ်ဓာတုပစ္စည်း သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း ဆောင်ရွက်ရာတွင် ရှိသင့်သည့် စံသတ်မှတ်ချက်များ (Criteria)

(က) နိုင်ငံတကာသတ်မှတ်ထားသော စံချိန်၊ စံညွှန်းပြည့်မီသည့် နေရာနှင့် သိုလှောင်ရုံအဆင့်ရှိရမည်။

(ခ) သိုလှောင်ရုံသည် ပြည်သူ့ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့မှ စိစစ်ခွင့်ပြုသော သီးသန့်ဇုန်တွင် တည်ရှိရမည်။

(ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ခရိုင်၊ မြို့နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ထိန်းချုပ်ဓာတုပစ္စည်း စစ်ဆေးရေးအဖွဲ့တို့မှ ဘေးအန္တရာယ်နှင့် လုံခြုံရေးဆိုင်ရာ စိစစ်ထောက်ခံချက်ပါရှိရမည်။

(ဃ) ထိန်းချုပ်ဓာတုပစ္စည်းများ သိုလှောင်ရုံတွင် မမျှော်မှန်းနိုင်သည့် အရေးပေါ်ကိစ္စများ ဖြစ်ပေါ်လာပါက အချိန်မီထိန်းချုပ်နိုင်ရေးအတွက် အရေးပေါ်ထိန်းချုပ်ဓာတုပစ္စည်းဆိုင်ရာ ကျွမ်းကျင်သင်တန်း တက်ရောက်ထားပြီးသော ဂိုဒေါင်လုံခြုံရေးဝန်ထမ်းများဖြင့် စနစ်တကျ ဆောင်ရွက် ရမည်။

(င) သိုလှောင်ရုံအတွင်း အရေးပေါ်ဖြစ်စဉ် ပေါ်ပေါက်ပါက တုံ့ပြန်ထိန်းချုပ်နိုင်ရေး မီးစနစ်၊ ရေစနစ်၊ လေဝင်၊ လေထွက်စနစ်များ အမြဲကောင်းမွန်စေရေး စစ်ဆေးကြပ်မတ်နေရမည်။

(စ) သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိန်းချုပ်ဓာတုပစ္စည်း ကြီးကြပ်ရေးဆိုင်ရာ နည်းဥပဒေများပါ လုပ်ထုံးလုပ်နည်းများအတိုင်း တိကျစွာလိုက်နာရမည်။

Myanmar Newspapers

25 Oct, 05:19


(ဆ) သက်ဆိုင်ရာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့များနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ထိန်းချုပ်ဓာတု ပစ္စည်းစစ်ဆေးရေးအဖွဲ့များက ထိန်းချုပ်ဓာတုပစ္စည်း သိုလှောင်ရုံများသို့ လာရောက်စစ်ဆေးခြင်းကို ကုမ္ပဏီ တာဝန်ရှိသူများက ခွင့်ပြု၍ ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

၃။ ထိန်းချုပ်ဓာတုပစ္စည်း သယ်ဆောင်ခြင်း ဆောင်ရွက်ရာတွင်ရှိသင့်သည့် စံသတ်မှတ်ချက်များ (Criteria)

(က) ထိန်းချုပ်ဓာတုပစ္စည်းအမျိုးအစားအလိုက် နိုင်ငံတကာ သတ်မှတ် စံချိန်၊ စံညွှန်းမီသော သယ်ယူပို့ဆောင်ရေးယာဉ်အမျိုးအစားဖြင့်သာ သယ်ဆောင်ရမည်။

(ခ) ထိန်းချုပ်ဓာတုပစ္စည်းများကြီးကြပ်ရေးအဖွဲ့မှ ခွင့်ပြုချက် ပုံစံ (၁၀) မူရင်း တစ်ပါတည်းပါရှိရမည်။

(ဂ) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီး ကာကွယ်ရေးဗဟိုကြီးကြပ်ရေးအဖွဲ့၏ လိုင်စင်နှင့် မှတ်ပုံတင်လက်မှတ်တို့ ပါရှိရမည်။

(ဃ) ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၏ သတ်မှတ်ခွင့်ပြုသည့် လုပ်ငန်းလိုင်စင်ရရှိပြီးသော မော်တော်ယာဉ်ဖြစ်ရမည်။

(င) ထိန်းချုပ်ဓာတုပစ္စည်းသယ်ဆောင်မည့် မော်တော်ယာဉ်၏ ယာဉ်မောင်းသည် “င” ယာဉ်မောင်းလိုင်စင်ကိုလည်းကောင်း၊ ယာဉ်နောက်လိုက်သည် ယာဉ်အကူလိုင်စင်ကို လည်းကောင်းရရှိပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အန္တရာယ်ရှိသော ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် လိုက်နာရမည့်ရှောင်ရန်နှင့် ဆောင်ရန်အချက်များကို သိရှိလိုက်နာသူ ဖြစ်ရမည်။

(စ) ထိန်းချုပ်ဓာတုပစ္စည်းအမျိုးအစားအလိုက် သိုလှောင်မှုနှင့် သယ်ဆောင်မှုစနစ်များအတိုင်း စနစ်တကျလိုက်နာရမည်။

ဥက္ကဋ္ဌ

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့

https://t.me/myanmarnewspaper/152156

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

Myanmar Newspapers

25 Oct, 05:07


ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဘရူနိုင်းနိုင်ငံ ဘန်ဒါဆရီဘီဂါဝမ်တွင် ကျင်းပသည့် (၁၂) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့တက်ရောက်

နေပြည်တော် အောက်တိုဘာ ၂၄

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၂၃ ရက်မှ ၂၅ ရက်အထိ ဘရူနိုင်းနိုင်ငံ ဘန်ဒါဆရီ ဘီဂါဝမ်မြို့၌ ကျင်းပလျက်ရှိသည့် (၁၂) ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေး (ASEAN Ministerial Meeting on Disaster Management-AMMDM) နှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်လျက်ရှိသည်။

အောက်တိုဘာ ၂၃ ရက်တွင် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံအလိုက် အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် အစည်းအဝေးဆိုင်ရာကိစ္စရပ်များ ကြိုတင်ညှိနှိုင်းဆွေးနွေးပြီး အိမ်ရှင်ဘရူနိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး ဖြစ်သူ၊ အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးဥက္ကဋ္ဌ၊ H.E. Dato Seri Setia Awang Haji Ahmaddin bin Haji Abdul Rahman က တည်ခင်းဧည့်ခံသော ညစာစားပွဲအခမ်းအနားသို့ အခြားသော အာဆီယံနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာတာဝန်ရှိ ဒုတိယဝန်ကြီးချုပ်များ၊ ဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့သည်။

ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၄ ခုနှစ် အာဆီယံနေ့အခမ်းအနားနှင့် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနား ပထမပိုင်းအစီအစဉ်များသို့ တက်ရောက်သည်။ ယင်းနောက် “Building Resilient ASEAN through Inclusive and Sustainable Disaster Recovery” ဆောင်ပုဒ်ဖြင့် ကျင်းပသည့် (၁၂) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ဆက်လက်တက်ရောက်သည်။

အစည်းအဝေးတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲဆောင်ရွက်မှုများကို သက်ဆိုင်ရာ နိုင်ငံအလိုက် ဝန်ကြီးများက ပြောကြားကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ယနေ့အစည်းအဝေး၏ ဆောင်ပုဒ်ဖြစ်သော “Building Resilient ASEAN through Inclusive and Sustainable Disaster Recovery” သည် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သော အာဆီယံဖြစ်လာစေရေးအတွက် လွန်စွာအရေးကြီးပါကြောင်း၊ အာဆီယံဒေသတွင်း နိုင်ငံများအနေဖြင့် ရာသီဥတုပြောင်းလဲမှုနှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးတို့ကို ဘက်ညီမျှတအောင် ကြိုးပမ်းအားထုတ်နေရပါကြောင်း၊ တွေ့ကြုံလာရသော အဟန့်အတားမှန်သမျှကို တစ်နိုင်ငံချင်းစီအလိုက် တုံ့ပြန်ရန် အကန့်အသတ်များစွာ ရှိပါကြောင်း၊ ဒေသတွင်းနိုင်ငံအားလုံး ပါဝင်သည့် တစ်ခုတည်းသော အာဆီယံ၊ တစ်ခုတည်းသော တုံ့ပြန်မှုဟူသည့် အာဆီယံ၏ ခိုင်မြဲသောဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒလမ်းစဉ်ဖြင့်သာ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သော အာဆီယံအသိုက်အဝန်းကို ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။ အာဆီယံနိုင်ငံများကလည်း သက်ဆိုင်ရာနိုင်ငံများအလိုက် ဘေးအန္တရာယ်စီမံခန့်ခွဲဆောင်ရွက်နေမှုများကို ပြောကြားကြသည်။

ယင်းနောက် အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးဌာန (AHA Centre) တို့က ၂၀၂၄ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံသဘောတူစာချုပ် အကောင်အတည်ဖော် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် အာဆီယံသဘာဝဘေး အန္တရာယ်ဆိုင်ရာ ရန်ပုံငွေရရှိသုံးစွဲမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ အာဆီယံအဖွဲ့ဝင်နိုင်ငံဝန်ကြီးများက မေးမြန်းဆွေးနွေးကြသည်။

ယင်းနောက် အစည်းအဝေးကို ခေတ္တရပ်နား၍ အာဆီယံနိုင်ငံများမှ ဒုတိယဝန်ကြီးချုပ်များ၊ ဝန်ကြီးများသည် ဘရူနိုင်းနိုင်ငံ တော်ဝင်အိမ်ရှေ့မင်းသားအိမ်တော်သို့ သွားရောက်ကာ အိမ်ရှေ့မင်းသား HaJi AI-Muhtadee Billah ကို တွေ့ဆုံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/152155

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

Myanmar Newspapers

25 Oct, 05:07


ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဘရူနိုင်းနိုင်ငံ ဘန်ဒါဆရီဘီဂါဝမ်တွင် ကျင်းပသည့် (၁၂) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့တက်ရောက်

Myanmar Newspapers

25 Oct, 04:59


နေပြည်တော်ကောင်စီနယ်မြေ Naypyitaw State Academy ပညာ့ရိပ်သာအိမ်ရာ ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၄

နေပြည်တော်ကောင်စီနယ်မြေ Naypyitaw State Academy ပညာ့ရိပ်သာ အိမ်ရာတည်ဆောက်ရေး ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ပညာ့ရိပ်သာအိမ်ရာဝန်း တည်ဆောက်မည့်နေရာ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ ပညာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ Naypyitaw State Academy မှ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ ဆရာမများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ မင်္ဂလာအချိန်တွင် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များက Naypyitaw State Academy ပညာ့ရိပ်သာအိမ်ရာတည်ဆောက်မည့် နေရာအသီးသီး၌ ရတနာပန္နက်ကိုစိုက်ထူပေးပြီး အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် ဧည့်သည်တော်များသည် Naypyitaw State Academy ပညာ့ရိပ်သာအိမ်ရာ တည်ဆောက်မည့် ပုံစံဒီဇိုင်းများကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/152153

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

Myanmar Newspapers

25 Oct, 04:59


နေပြည်တော်ကောင်စီနယ်မြေ Naypyitaw State Academy ပညာ့ရိပ်သာအိမ်ရာ ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပ

Myanmar Newspapers

25 Oct, 04:51


(၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံ ပိတ်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၄

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံကို အောက်တိုဘာ ၂၃ ရက် နှင့် ၂၄ ရက်တို့တွင် နေပြည်တော်၌ ကျင်းပလျက်ရှိရာ ညီလာခံပိတ်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ပတ္တမြားခန်းမ၌ကျင်းပသည်။

ညီလာခံပိတ်ပွဲ အခမ်းအနားသို့ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှ ရဲချုပ်များ၊ အဆင့်မြင့် ရဲအရာရှိ ကြီးများ၊ ၎င်းတို့၏ဇနီးများ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ဆွေးနွေးဖက်နိုင်ငံနှင့် အဖွဲ့အစည်းများ (Dialogue Partners) ဖြစ်သည့် ရုရှား၊ သြစတြေးလျ၊ တရုတ်၊ အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့ (INTERPOL) နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့မှ ကိုယ်စားလှယ်များ၊ လေ့လာဖက်နိုင်ငံနှင့် အဖွဲ့အစည်းများ (Observers) ဖြစ်သည့် တီမောလက်စ်တေ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) တို့မှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ညီလာခံပိတ်ပွဲ အခမ်းအနားတွင် (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံ၏ ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးခြင်း၊ အာဆီယံရဲအဖွဲ့ အထိမ်းအမှတ်ကမ္ပည်းပြားကို (၄၃) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ညီလာခံအား အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ထိုင်းတော်ဝင်ရဲအဖွဲ့သို့ လွှဲပြောင်းပေးခြင်း၊ ထိုင်းတော်ဝင်ရဲအဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က ဝမ်းမြောက်ကြိုဆိုကြောင်း ပြောကြားခြင်းနှင့် ထိုင်းနိုင်ငံ၏ သဘာဝအလှတရားများကို ဖော်ကျူးထားသည့် ဗီဒီယိုအားပြသခြင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်က ညီလာခံအပိတ်မိန့်ခွန်းပြောကြားခြင်းတို့ ဆောင်ရွက်ကြပြီး ညပိုင်းတွင် နှုတ်ဆက်ဂုဏ်ပြု ညစာစားပွဲကို မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံအား နေပြည်တော်တွင် အောက်တိုဘာ ၂၁ ရက်မှ ၂၄ ရက်အထိ အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပခဲ့ခြင်းဖြစ်ပြီး ညီလာခံကျင်းပစဉ်ကာလအတွင်း အောက်တိုဘာ၂၃ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အင်ဒိုနီးရှားနိုင်ငံ ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် လာအိုနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ထိုင်းတော်ဝင်ရဲအဖွဲ့တို့အကြား သီးခြားစီတွေ့ဆုံ၍ ရဲတပ်ဖွဲ့အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရန်ဆွေးနွေးခြင်း၊ ချစ်ကြည်ရေး အားကစားပြိုင်ပွဲများကျင်းပခြင်း၊ လက်ရှိအိမ်ရှင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ၂၀၂၅ ခုနှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ထိုင်းတော်ဝင် ရဲအဖွဲ့တို့အကြား ချစ်ကြည်ရေး ဖူဆယ်ဘောလုံး ပြိုင်ပွဲကျင်းပခြင်း၊ ဧည့်သည်တော်များ၏ ဇနီးများအတွက် နေပြည်တော် ပြည်ထောင်စုနယ်မြေရှိ အထင်ကရနေရာများသို့ လိုက်လံပို့ဆောင်သည့် အစီအစဉ်အဖြစ် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်လေ့လာ ခြင်း၊ မြန်မာ့ကျောက်မျက်ရတနာပြတိုက်၊ အမျိုးသားပြတိုက်တို့အား သွားရောက်လေ့လာခြင်း၊ သဘာဝပတ်ဝန်းကျင်ရှုခင်းများအား ကြည့်ရှုလေ့လာခြင်း၊ ဒုတိယအကြိမ် စုံညီအစည်းအဝေးကျင်းပ ခြင်းနှင့် ညီလာခံပိတ်ပွဲ အခမ်းအနားပြီးစီးချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံအား အိမ်ရှင်အဖြစ် အောင်မြင်စွာလက်ခံကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/152151

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd

Myanmar Newspapers

25 Oct, 04:51


(၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံ ပိတ်ပွဲအခမ်းအနားကျင်းပ

Myanmar Newspapers

25 Oct, 04:45


ဝန်ကြီးများ အစည်းအဝေးများမတိုင်မီ ကြိုတင်ပြင်ဆင်သည့် အစည်းအဝေးများဖြစ်သည့် (၄၆) ကြိမ်မြောက် အာဆီယံလယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးအတွက် အဆင့်မြင့်အရာရှိများ အစည်းအဝေး၊ (၂၄) ကြိမ်မြောက် အာဆီယံအပေါင်းသုံးနိုင်ငံများ၏ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်သည့် အဆင့်မြင့်အရာရှိများ အစည်းအဝေး၊ (၈) ကြိမ်မြောက် အာဆီယံ - အိန္ဒိယ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်သည့် အဆင့်မြင့်အရာရှိများ အစည်းအဝေးများကို အောက်တိုဘာ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင်ကျင်းပခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံလယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ အဆင့်မြင့်အရာရှိဖြစ်သူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းက အစည်းအဝေးများ၏ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ကျင်းပမည်

အာဆီယံ အပေါင်းသုံးနိုင်ငံ အစည်းအဝေးများနှင့် အာဆီယံ အပေါင်း အိန္ဒိယအစည်းအဝေးများကို အောက်တိုဘာ ၂၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

https://t.me/myanmarnewspaper/152148

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd