Htet Myat @htetm1 Channel on Telegram

Htet Myat

@htetm1


Htet Myat (English)

Are you a fan of travel, adventure, and exploring new cultures? Then look no further than the Htet Myat Telegram channel, curated by the talented individual behind the username @htetm1. This channel is dedicated to sharing breathtaking travel experiences, stunning photography, and insightful cultural observations from around the world. Join Htet Myat on a virtual journey to exotic destinations, hidden gems, and off-the-beaten-path locations. Whether you're seeking travel inspiration, tips on planning your next adventure, or simply enjoy armchair traveling from the comfort of your home, this channel has something for everyone. Follow Htet Myat on Telegram and embark on a global exploration like never before. Who is Htet Myat? A passionate traveler, storyteller, and cultural enthusiast who aims to inspire and connect people through the beauty of travel. What is Htet Myat? A digital platform where wanderlust meets wanderlust, offering a unique perspective on the world and its wonders. Join Htet Myat today and let the adventure begin!

Htet Myat

12 May, 10:07


သူတစ်ယောက်ဖြစ်ပါတယ်။

ဂဂမ်စခန်းမှာ သူရောက်ပြီးမှဆောက်တဲ့အခိုင်အမာအဆောက်အဦးတွေ အများကြီးရှိတယ်။ မြေပုံခန်းမတွေ ဗျူဟာမှူးနေတဲ့အဆောက်အဦးတွေ၊ ရိက္ခာတစ်သောင်းဆံ့တဲ့ ရိက္ခာဂိုဒေါင်တွေ၊ ရေဂါလံထောင်နဲ့ချီဆံ့တဲ့မြေအောက်အရန်ရေကန်တွေ၊ ခဲယမ်းတိုက်တွေ၊ လူနေတဲ့တွေ စသဖြင့်အကုန်လုံးကို အခိုင်အမာပုံစံဆောက်တယ်။ မြေပြတ်ကျင်းတွေ၊ ကတုတ်ကျင်းတွေကို အသစ်နီးပါးပြန်လုပ်တဲ့အပြင် ကွန်ကရစ်ဘန်ကာတွေကအစ အသစ်ဆောက်ပစ်တယ်။ စခန်းကိုလွယ်လွယ်နဲ့ တက်သိမ်းလို့မရအောင် ကွန်ကရစ်ဘန်ကာတွေကို စခန်းတစ်ခုလုံးအနေအထားနဲ့ ထိန်းနိုင်တဲ့နေရာတွေမှာ သူကိုယ်တိုင်တွက်ချက်ပြီး နေရာချတယ်။ ဆောက်တယ်။ ကွန်ကရစ်ဘန်ကာတွေကို လက်နက်ကြီးဒဏ်ခံနိုင်လောက်တဲ့အနေအထားမျိုး ထုနဲ့ထည်နဲ့ဆောက်တယ်။ ဘယ်လောက်အသေးစိတ်ကျသလဲဆိုရင် သူနေတဲ့အဆောက်အဦးရဲ့ဘေးမှာ တိုက်ပွဲဖြစ်တဲ့အခါ တိုက်ပွဲကွပ်ကဲဖို့ ကွပ်ကဲမှုဘန်ကာကိုပါဆောက်လုပ်ခဲ့တယ်။ ရေပိုက်စနစ်တွေ သေချာလုပ်ထားပြီး လူတောင်မနည်းရောက်အောင်သွားရတဲ့နေရာမျိုးမှာ သူနေတဲ့အဆောက်အဦးထဲကို ဘိုထိုင်အိမ်သာနဲ့ရေပန်းသုံးလို့ရအောင်ထိ လုပ်ခဲ့ရတယ်။ ရဟတ်ယာဥ်ဆင်းကွင်းတွေ အသစ်ပြုပြင်တယ်။ အားလုံးနီးပါပြီးသွားတဲ့အချိန်မှာ စခန်းကြီးကတော်တော်ကို တိုက်ယူရမယ့်စခန်းကြီးလို့ကို ယုံကြည်ဖူးတယ်။ ဒါပေမယ့်လည်း အခုတော့ အဲ့ဒီလိုအခိုင်အမာစခန်းကြီးလည်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့တိုက်ခိုက်သိမ်းပိုက်ခြင်းခံလိုက်ရပါတယ်။ အခုတပ်မမှူးဖြစ်နေတဲ့ ဗိုလ်မှူးကြီးတင်မင်းလတ်အနေနဲ့လည်း သူကိုယ်တိုင်စနစ်တကျနဲ့ဆောက်လုပ်ခဲ့တဲ့ဗျူဟာစခန်းကုန်းကြီးဟာ နာရီပိုင်းနဲ့ ကျဆုံးသွားတာကိုမြင်ရတဲ့အခါ အတော်လေးစိတ်မသက်မသာ ဖြစ်နေလိမ့်မယ်။ ကျေနပ်ဖို့ ကောင်းပါတယ်။

ပိုဆိုးတာက အကြမ်းဖက်စစ်တပ်ဟာ ဂဂမ်လိုစခန်းကြီးအပြင် နာမည်ကြီးဂီဒုံလိုစခန်းကြီးတွေ၊ အင်္ဂလိပ်ခေတ်ကတည်းကခံတပ်ဖြစ်ခဲ့တဲ့ ဆမားလိုစခန်းကြီးတွေပါ တစ်ချိန်တည်းဆုံးရှုံးလိုက်ရတာ ဖြစ်ပါတယ်။ ဒီစခန်းကုန်းကြီးတွေဟာ ဟိုးအရင်သူတို့စစ်တပ်ကတိုက်ရချိန်မှာ စစ်ကြောင်းတွေ၊ တပ်ရင်းတွေ၊ အသက်တွေ အများကြီးနဲ့ ကာလအကြာကြီးတိုက်ယူခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်ပြီးတိုက်ယူတဲ့အခါ အချိန်ပိုင်းလောက်နဲ့ပြန်ရခဲ့တာဟာ အတော်လေးအားရကျေနပ်စရာကောင်းပါတယ်။ မြောက်ပိုင်းက KIA နဲ့တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိတ်ဓာတ်တွေဟာအမြင့်ဆုံးမှာရောက်နေပါလိမ့်မယ်။ ဒီလိုခက်ခဲမယ်လို့ယူဆထားတဲ့စခန်းကုန်းကြီးတွေကို သက်တောင်သက်သာနဲ့ အရသိမ်းနိုင်တာဟာ အရမ်းချီးကျူးဖို့ကောင်းသလို ဘယ်လိုစခန်းမျိုးမဆိုသူတို့သိမ်းနိုင်သွားပြီလို့ကို ပြောလို့ရနေပါပြီ။ ရှေ့ဆက်ပြီးတော့ မြောက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့အောင်ပွဲကို စောင့်မျှော်နားစွင့်ပြီး တတ်နိုင်တာဝိုင်းကူကြရုံပါပဲ။

အခုဆိုရင် ကျနော်နေခဲ့ဖူးသမျှ ဒေါ့ဖုန်းယန်၊ ယောယုံ၊ စိန်လုံနဲ့ ဂဂမ်လိုဗျူဟာအဆင့်စခန်းကြီးတွေအကုန် ရပြီးပါပြီ။ ပြီးတော့ အမှတ်၂၁စစ်ဆင်ရေးကွပ်ကဲမှုဋ္ဌာနချုပ်၊ ဗန်းမော်မှာလည်း ကျနော်နေခဲ့ဖူးပါတယ်။ နေခဲ့သမျှနေရာတွေအကုန် အဗျင်းခံနေရတာဆိုတော့ ဗန်းမော်လည်း မျှော် တာ ပေါ့။

တတ်နိုင်သမျှလည်း ဝိုင်းကူပေးကြပါ။ မြောက်ပိုင်းအတွက် ချစ်ခြင်းတည်စေ မနောမြေ ကမ်ပိန်းလေး ရှိထားပါတယ်။

#HtetMyat(CDM)

Htet Myat

12 May, 10:07


နေခဲ့သမျှ အကုန်ရနေတယ်

အခုရက်ပိုင်းအတွင်း မြောက်ပိုင်းမှာ ဂဂမ်၊ ဆမား၊ ဂီဒုန်စတဲ့စခန်းကြီးတွေအပါ စခန်းတော်တော်များများကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့တယ်။ အဲ့ဒီအထဲကမှ ဂဂမ်ဆိုတဲ့ဗျူဟာအဆင့် စခန်းကုန်းကြီးမှာတော့ ကျနော်တစ်နှစ်ကျော်လောက် နေခဲ့ရဖူးပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက တော်လှန်ရေးတပ်ဖွဲ့တွေဟာ စစ်တပ်ရဲ့အထင်ကရစခန်းကုန်းတွေအများကြီးကို တစ်ချိန်တည်းတစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ကြတယ်။ အထင်ကရစခန်းကုန်းတွေ၊ အခိုင်အမာစခန်းကုန်းတွေဆိုပေမယ့် စိတ်ဓာတ်နဲ့ခံယူချက်ကဟိုးအောက်ဆုံးရောက်နေတဲ့ အကြမ်းဖက်စစ်တပ်ကစစ်သားတွေဟာ အချိန်ပိုင်းလောက်သာခံပစ်ပြီး အလွယ်တကူပဲ စခန်းတွေကိုစွန့်ခွာသွားကြတယ်။ လာတိုက်တာကိုထွက်ပြေးမလို့စောင့်နေသလားလို့တောင် ထင်ရပါတယ်။

ကျနော်ဂဂမ်ဗျူဟာစခန်းကုန်းမှာနေရတုန်းက ၂၀၂၀ ခုနှစ်လောက်ကဖြစ်ပါတယ်။ ဂဂမ်စခန်းကုန်ကို မြစ်ကြီးနားဗန်းမော်လမ်းပေါ်က ဆမားလမ်းခွဲကနေဝင်သွားရပါတယ်။ လမ်းကြောင်းကလည်း တော်တော်ကြမ်းတမ်းတဲ့ တောလမ်းဖြစ်ပါတယ်။ ဂဂမ်ဗျူဟာကုန်းကို စတက်ရတဲ့အချိန် ကားဘီးတွေကို ချိန်းပတ်ပြီး တက်ရပါတယ်။ တော်ရုံကားနဲ့တက်ဖို့ ဘယ်လိုမှ အဆင်မပြေဘူး။ လမ်းကြောင်းမှာ ရွှံ့တွေအပြည့်နဲ့ချိုင့်တွေ၊ ကျဥ်းမြောင်းတဲ့လမ်းသွယ်နေရာတွေ၊ ကုတ်ဖတ်တက်ရလောက်မယ့်ကုန်းတွေ၊တက်အဆင်းတွေ အများကြီးရှိတယ်။ ကျနော်တို့နေရချိန် အဲ့လိုခက်ခက်ခဲခဲတက်ရတဲ့အခါ စျေးကားတွေမလာမှာစိုးလို့ အဲ့ဒီလမ်းတွေကိုပြင်ကြရတယ်။ စိုထိုင်းတဲ့မြေအနေအထားကြောင့်ဘယ်လိုမှအဆင်မပြေတဲ့အခါ ဝါးကပ်တွေယက်ပြီးခင်းတဲ့အထိပြုပြင်ရတယ်။ မဟုတ်ရင်ကားတွေက ချောက်ထဲပြုတ်ကျနိုင်လောက်တဲ့အထိ အန္တရာယ်များပါတယ်။ ပြီးတော့ စျေးကားမလာရင်လည်း ငတ်ကြပါတယ်။ ဒါကြောင့် တစ်ပတ်ကိုနှစ်ကြိမ် စျေးကားလာနိုင်အောင် လမ်းတွေကိုပြုပြင်ကြရတယ်။

စခန်းကုန်းကြီးရဲ့အနေအထားက တော်တော်လေးခက်ခက်ခဲခဲတိုက်ယူရမယ့် အနေအထားဖြစ်တယ်။ ကုန်းကြီးကတစ်ဖက်ဖွင့်ကြီးဖြစ်သလို ဘေးနားမှာလည်း ကာကင်းကုန်းတွေရှိတယ်။ ဂဂမ်စခန်းမရောက်ခင် ခြေလျင်တပ်ရင်းက တပ်စုတစ်စုနေရာယူထားတဲ့ ကာကင်းကုန်းတစ်ခုရှိတယ်။ ဆက်သွားရင် စစ်မြေပြင်အင်ဂျင်နီယာတပ်က တပ်စုတစ်စုနေရာယူထားတဲ့ ကာကင်းတစ်ခုလည်းရှိတယ်။ ဂဂမ်ရဲ့ဘယ်ဘက်ကပ်လျက်မှာဆိုရင် အမြောက်တပ်ခွဲတစ်ခွဲ နေရာယူထားသလို အမြောက်နှစ်လက်ရှိတယ်။ ညာဘက်ကပ်လျက်မှာ ခြေလျင်တပ်စုတစ်စုနေရာယူထားတဲ့ ကာကင်းတစ်ခုလည်းရှိတယ်။ ပြောရရင် ဂဂမ်ဗျူဟာကုန်းဘေးပတ်ချာလည်မှာကို ကာကင်းကုန်းတွေ အများကြီးပဲ။ အင်အားအနေနဲ့ဆိုရင်လည်း ဗျူဟာသီးသန့်အပြင် တွဲဘက်ထားတဲ့ ဆေး ဆက်သွယ်ရေး စစ်မြေပြင်အင်ဂျင်နီယာ အမြောက်တပ်ခွဲနဲ့ ခြေလျင်တပ်စုတွေပါပါတော့အင်အားရာကျော်ရှိပါတယ်။

စခန်းမှာကျနော်နေရတဲ့အချိန် စကခ၂၁ရဲ့ ဗျူဟာ(၁)ဗျူဟာမှူး ဗိုလ်မှူးကြီး တင်မင်းလတ်နဲ့ဖြစ်ပါတယ်။ သူက စကခ၂၁ ကို မရောက်ခင် ရခိုင်မှာစစ်ဆင်ရေးG1တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့လုပ်ရည်ကိုင်ရည်ကတော့ အခြားသူတွေနဲ့မတူပဲတော်တော်လေး စွမ်းဆောင်ရည်ရှိတဲ့သူတစ်ယောက်လို့ ပြောလို့ရတယ်။ အကြံကြီးတယ်။ ခေါင်းအေးအေးထားပြီး လုပ်ဆောင်တတ်တယ်။ လက်အောက်ကိုလည်း အတော်ကြည့်တဲ့သူဖြစ်တယ်။ ရည်မှန်းချက်ကြီးတယ်။ အခြားဗျူဟာမှူးတွေနဲ့ယှဥ်ရင် ခေါင်းတစ်လုံးသာနေအောင် အမြဲလုပ်ဆောင်တတ်တယ်။ အလုပ်ကိုလည်း အောက်ခြေအဆင့်ထိဆင်းပြီး သေချာစနစ်တကျလုပ်တတ်တယ်။ စေ့စပ်တယ်။ လက်နက်ကြီးအမြောက်နဲ့ လေကြောင်းပစ်ကူကို လှိုင်လှိုင်သုံးတတ်တတ်သူဖြစ်တယ်။ ဗိုလ်ချုပ်ခင်လှိုင်တို့လို စစ်ဗိုလ်ချုပ်တွေနဲ့ သားအဖလိုခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးတွေရှိတယ်။ ဒါကြောင့် သူသာလိုအပ်လို့အထက်ကိုတောင်းမယ်ဆိုရင် လေကြောင်းပစ်ကူအချိန်မရွေးပေးမယ့် အနေအထားရှိပါတယ်။

ဂဂမ်မှာသူနဲ့နေရတုန်းက နေ့စဥ်နဲ့အမျှ ခံစစ်စခန်းပြင်ဆင်မှုတွေကို လုပ်ဆောင်ကြရတယ်။ လုပ်ရင်လည်း အဖြစ်လောက်မဟုတ်ဘဲ တကယ်ကိုအသုံးဝင်အောင် လုပ်ဆောင်တတ်တယ်။ သူရောက်ပြီးမှ စခန်းကိုအစအဆုံးပြန်ပြင်ဆင်တယ်လို့တောင်ပြောရမယ်။ အဆောက်အဦးတွေအကုန် အသစ်ပြန်ဆောက်တယ်။ စခန်းပြင်ဆင်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကို သူ့ကားနဲ့သူကိုယ်တိုင်ကားမောင်းပြီးမြစ်ကြီးနားကို ဆင်းဝယ်တယ်။ ကျနော်က AQဆိုတဲ့အတိုင်း သူအဲ့လိုသွားရင် ဘေးကနေအမြဲလိုက်ပေးနေရတော့ အကုန်လုံးသိခဲ့ရတယ်။ တော်တော်လေးအားထည့်တယ်ပြောရမယ်။ တော်တော်လေးလည်းချမ်းသာတဲ့သူ။ သိန်းပေါင်းနှစ်သောင်းလောက်ထိ ချမ်းသာတယ်ဆိုပြီး သူကိုယ်တိုင်ပြောဖူးတယ်။ အပြင်မှာရွှေတူးတဲ့လုပ်ငန်းကို ကိုယ်ပိုင်အဖွဲ့တွေနဲ့လုပ်ဆောင်တဲ့အပြင် တူးမယ့်နေရာကိုရွေးချယ်ဖို့ မြေပုံကိုတောင် နာဆာကနေဝယ်ယူတယ်လို့သူကိုယ်တိုင်ပြောပြခဲ့ဖူးတယ်။ ဘာလို့သူ့အကြောင်းပြောလည်းဆိုရင် အခုစကခ၂၁တပ်မမှူးအဖြစ် ဗိုလ်မှူးကြီး တင်မင်းလတ်က ပြန်ပြီးတာဝန်အပေးခံရတာ လပိုင်းလောက်ပဲရှိသေးတယ်လို့ သိထားရတယ်။ ဒါကြောင့်တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့သတိထားလုပ်ဆောင်နိုင်အောင် ပြောပြခြင်းဖြစ်ပါတယ်။ လက်နက်ကြီး လေကြောင်းပစ်ကူနဲ့ Droneကို လှိုင်လှိုင်သုံးပါလိမ့်မယ်။ စီမံချက်ကို ပိုင်ပိုင်နိုင်နိုင်နဲ့ ကောင်းကောင်းအသုံးချတတ်သူ ဖြစ်ပါတယ်။ ပေါ့ပေါ့တန်တန်လုပ်လို့မရတဲ့

Htet Myat

05 Feb, 08:11


သဘောကျတယ်😁

Htet Myat

04 Feb, 16:04


ပြေးချက်ကလက်လန်တယ်😁

Htet Myat

02 Feb, 18:56


ကြိုက်တာယူ ၁၀၀၀တဲ့😂

Htet Myat

31 Jan, 09:41


ဆီဆိုင်မှာ အကြမ်းဖက်စစ်သားတွေ အိပ်နေကြတာတဲ့😁

Htet Myat

27 Jan, 16:43


😁 ခွေးကို ခွေးဆွဲရတယ်လို့😁

Htet Myat

27 Jan, 10:37


အိန္ဒိယဘက်ထွက်ပြေးတဲ့စစ်ခွေးများကို ဒေသခံတွေကမောင်းထုတ်တာတဲ့😁

Htet Myat

22 Jan, 21:22


တော်တော်ကို တိုက်ရည်ခိုက်ရည်ပြည့်ဝနေမယ့် အဖွဲ့ကြီး😁

Htet Myat

12 Jan, 14:43


၂၀၂၄ရဲ့ အပြုံးပိုင်ရှင်ကြီး သက်အောင်😁

Htet Myat

11 Jan, 13:00


😁

Htet Myat

05 Jan, 16:59


https://m.facebook.com/story.php?story_fbid=pfbid025f98UKsxcaZc1NoQAZn4jPVVZ9jam4MkRRDLrZRM1PRtt3QD6ATFRE1NhcyZxSZsl&id=100094693794015&mibextid=Nif5oz

Htet Myat

04 Jan, 15:45


ဒကစ လောက်ကိုင် ဆို့အောက်😁

Htet Myat

04 Jan, 08:28


ဘယ်သူ လက်ကမြင်းလိုက်တာတုန်း😂😂😂

Htet Myat

30 Dec, 14:49


https://m.facebook.com/story.php?story_fbid=pfbid02aksSrUSEvJhCWyQmskyv9Qhjs6E83QYAicgeXZKEcsqukui2eCCdWrba5HZbBmSql&id=100094693794015&mibextid=Nif5oz

ပါဝင်ပံ့ပိုးကြသူ အားလုံးကို ကျေးဇူးတင် လေးစားပါတယ်ခင်ဗျာ🙏

Htet Myat

27 Dec, 10:55


သံတိုသံစတွေ ရောင်းဝယ်နေသလားမှတ်ရတယ်😁