၎င်းတို့သည် အွန်လိုင်းလိ-မ်လည်မှု(Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများအား အမြန်ဆုံးလွှဲပြောင်းလက်ခံနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ကြခြင်းဖြစ်သည်။
တွေ့ဆုံစဥ် မြန်မာ-ထိုင်း-တရုတ်(၃)နိုင်ငံပူးပေါင်း ၍ (Online Scam)နှင့် (Online Gambling)တိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်ရေး၊ မူရင်းနိုင်ငံ၊ ဖြတ်သန်းနိုင်ငံနှင့် ဆိုက်ရောက်နိုင်ငံတို့ကြား လွှဲပြောင်းလက်ခံရေးလုပ် ငန်းစဉ်များကို စနစ်တကျဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် (၃)နိုင်ငံကြား Task Force ဖွဲ့စည်းပြီး Action Plan ရေးဆွဲ၍ ပူးပေါင်းဆောင်ရွက်သွားမည့် အစီအမံများ၊ တတိယနိုင်ငံသားများအား ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးလွှဲပြောင်းနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထဲရေးဝန်ကြီး ဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒု-ရဲချုပ်(၁)ရဲဗိုလ်ချုပ် တင်ကိုကို၊ ထိုင်းနိုင်ငံ၊ တာ့ခ်ပြည်နယ်၊ ဒု-ပြည် နယ်အုပ်ချုပ်ရေးမှူး Mr.Narongchai Jindaphan ၊ တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ပြစ် မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန ဒု-ညွှန်ကြားရေး မှူးချုပ် Mr. Liu Ning Ning တို့တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးမှုများပြုလုပ်လျက်ရှိသည့်အ ပြင် မြန်မာအစိုးရမှ နယ်စပ်ဒေသများတွင်ဖြစ်ပေါ်လျက်ရှိသည့် တရားမဝင် Online လောင်း ကစားမှုများ၊ အွန်လိုင်းလိ-မ်လည်မှုများအပါအ ဝင် ဒုစရိုက်မှုများကိုထိထိရောက်ရောက်နှိမ်နင်းလျက်ရှိရာ ဖေဖော်ဝါရီ ၁၉ ရက်တွင်လည်း မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ် မြေများသို့ တရားမဝင်လမ်းကြောင်းများမှ တစ်ဆင့်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား (၂၅၀) ဦးကို ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။
အဆိုပါ ပြည်ပနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေး နိုင်ရန် လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများကို စာရင်းကောက်ယူခြင်း လုပ်ငန်းများအား ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက နေ့ချင်းပြီးဆောင်ရွက်လျက်ရှိသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၁၉ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား(၁၅၅၃)ဦးကို စစ်ဆေးဖော်ထုတ်နိုင်ခဲ့ပြီးဖြစ်၍ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။