MYANMA GON NEWS AGENCY @myanmagone99 Channel on Telegram

MYANMA GON NEWS AGENCY

@myanmagone99


ပြည်တွင်းသတင်းမှန်များအတည်ပြုနိုင်ပါသည်။

MYANMA GON NEWS AGENCY (Burmese)

MYANMA GON NEWS AGENCY ဆိုတာကို ပိုမိုသည်ဆိုတာနဲ့ myanmagone99 အား အသက်ရှင်မှ အောင်မြင်ရမည်။ ဒီ Channel ကို ဘာကြောင့် ယူခဲ့လျှင် ဘယ်လို အတိုင်းအတာ ပြောရမည်ဆိုတာကို လှပပြောသံသေခြင်း လိုက်ပါစေ။ ဤ Channel သည် မြန်မာနိုင်ငံ၏ အခြေခံသတင်းမှန်များကို ပြတင်းတွေးနိုင်အောင် ပြုပြင်နိုင်သော Channel ဖြစ်ပါသည်။ ထို Channel သည် နိုင်ငံများနှင့် အားလူးလေးများကို ဆောင်ရွက်သော တိုးတက်သတင်းများမပါရရှိနိုင်သေးပါသည်။ ဥပမာ အတတ်မြောက်စနစ်နှင့် လူကြီးများ ၏ မြင့်မာငွေ နှင့် ဖြည့်ပြီး တည်ရှိသော သတင်းများ ပေးနိုင်ရပါမည်။ ဤ Channel ကို နိုင်ငံရေး သတင်းများ ပုံစံ နီးစပ်ရေးသတင်ထောက်မှ ရယူရန် myanmagone99 အား Follow လုပ်ပါ။

MYANMA GON NEWS AGENCY

23 Nov, 16:12


ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၇/၂ဝ၂၄)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်တွေ့ဆုံ

နိုဝင်ဘာလ - ၂၃

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၇/၂၀၂၄)သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများအား ယနေ့နံနက်ပိုင်း တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက အနောက် တောင်တိုင်းစစ်ဌာနချုပ်၊ တပ်နယ်အားကစားရုံ၌ သွားရောက်တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၇/၂၀၂၄)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်း ရတနာများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် ကာ လိုအပ်သည့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

MYANMA GON NEWS AGENCY

23 Nov, 16:10


(၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များသေနတ်ပစ်ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားသို့ ညှိနှိုင်းကွပ် ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်

နိုဝင်ဘာလ ၂၃

ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော် (ကြည်း)များသေ နတ် ပစ်ပြိုင်ပွဲ (32nd ASEAN Armies Rifle Meet 32nd AARM) ပိတ်ပွဲသို့ တက်ရောက်ရန်အတွက် ဖိလစ်ပိုင်နိုင်ငံ Mabalacat မြို့သို့ရောက်ရှိနေသည့် ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦး ဆောင်သောကိုယ်စားလှယ် အဖွဲ့သည် နိုဝင်ဘာလ ၂၂ ရက် နံနက်ပိုင်းတွင် Tarlas မြို့ ၊ Camp O'Donnell ရှိ လက်နက်ငယ် ကျွမ်းကျင်မှု လေ့ကျင့်ရေးကွင်း၌ကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မ တော် (ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (32nd ASEAN Armies Rifle Meet 32nd AARM) ပိတ်ပွဲအခမ်း အနားသို့ အာဆီယံနိုင်ငံများမှကြည်းတပ်ဦးစီးချုပ်များ၊ ခေါင်းဆောင်များနှင့် အတူ တက်ရောက်ခဲ့သည်။

ယင်းနောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး သည် အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များနှင့်အတူ (၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ ပိတ်ပွဲ၏ ဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ သည်။

ဆုချီးမြင့်ပွဲအပြီးတွင် မြန်မာ့တပ်မတော်ကိုယ် စားပြု ဝင်ရောက်ယှဉ်ပြိုင်နေသည့် သေနတ်ပစ်အသင်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြော ကြားခဲ့သည်။ (၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော် (ကြည်း)များသေနတ်ပစ်ပြိုင်ပွဲတွင် သေနတ်ပစ် အသင်း ၁၀ သင်း ဝင်ရောက်ယှဉ်ပြိုင်သည့်အနက် မြန်မာ့တပ်မတော်ကိုယ်စားပြုအသင်း အနေဖြင့် အမှတ်ပေး ပစ်ခတ်စဉ်များတွင် နိုင်ငံအလိုက် အဆင့်(၄)၊ အမှတ်ပေးပစ်ခတ်စဉ်နှင့် ထိလဲပြား ပစ်ခတ်စဉ် စုစုပေါင်းတွင် နိုင်ငံအလိုက် အဆင့်(၃) ရရှိခဲ့သည်။

ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး သည် Camp O'Donnell ရှိ ဖိလစ်ပိုင်ကြည်းတပ်ဗိုလ်သင်တန်းကျောင်း၌ ဖိလစ်ပိုင်ကြည်းတပ်ဦးစီးချုပ် Lt. Gen Roy M Galido က တည် ခင်း ဧည့်ခံသော အထူးနေ့လယ်စာစားပွဲသို့ အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များ နှင့်အတူတက်ရောက် ခဲ့သည်။

ထို့ပြင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် နိုဝင်ဘာလ ၂၀ ရက် နံနက်ပိုင်းတွင် Hilton Clark Hotel ရှိ Meeting Room-1 ၌ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီ တာဝန် ခံနှင့်ဝန်ထမ်းများ၊ မိသားစုဝင်များ ၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)နှင့် စစ်သံရုံး ဝန်ထမ်းများ၊ မိသားစုဝင်များ နှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်စကားပြောကြား၍ စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။

ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ သည် နိုဝင်ဘာလ ၂၃ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိ ကြောင်းသတင်းရရှိသည်။

ဖိလစ်ပိုင်နိုင်ငံတွင် နိုဝင်ဘာ၁၂ ရက်မှ ၂၃ ရက်ထိကျင်းပခဲ့သည့် (၃၂)ကြိမ်မြောက် အာဆီယံ နိုင်ငံတပ်မတော် ကြည်းများ သေနတ်ပစ်ပြိုင်ပွဲ (32nd ASEAN Armies Rifle Meet - 32nd AARM) ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းသည် ယနေ့ညပိုင်းတွင် နေပြည်တော် လေဆိပ်သို့ ပြန်လည်ရောက်ရှိရာ လေဆိပ်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ စစ်ဦးစီအရာရှိချုပ်(ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး အေးမင်းထွေး၊ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်နှင့် တပ်မတော်အရာ ရှိကြီးများ က လေဆိပ်၌ကြိုဆိုနှုတ်ဆက်ကြသည်။

မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းတွင် အသင်းခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး သိန်းစိုးထွန်း ဦးဆောင်၍ အုပ်ချုပ်သူ၊ နည်းပြများနှင့် သေနတ်ပစ်အားကစားသမား စုစုပေါင်း ၄၂ ဦးတို့ ပါဝင်ခဲ့ကြပြီး ပစ္စတိုအမျိုးသား အသင်း၊ ပစ္စတိုအမျိုးသမီးအသင်း၊ ကာဘိုင်အမျိုးသားအသင်း၊ ရိုင်ဖယ်အမျိုးသားအသင်း နှင့် စက်သေနတ်အ မျိုးသားအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဦးချင်းအမှတ်ပေးပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခု၊ ကြေးတံ ဆိပ် ၆ ခု၊ အသင်းလိုက် ထိလဲပြား ပစ်ခတ်စဉ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၅ ခု၊ ငွေတံဆိပ် ၃ ခု၊ ကြေးတံဆိပ် ၁ ခု တို့ရရှိခဲ့ပြီး စုစုပေါင်း ရွှေတံဆိပ် ၅ ခု၊ ငွေတံဆိပ် ၄ ခု၊ ကြေးတံဆိပ် ၇ ခု အသီးသီး ဆွတ်ခူးရရှိခဲ့ကာ နိုင်ငံအ လိုက် တတိယအဆင့်တွင် ရပ်တည်နိုင်ခဲ့ကြောင်းသိရသည်။

MYANMA GON NEWS AGENCY

23 Nov, 14:27


ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် အမျိုးသား အလွတ်တန်း ဖိတ်ခေါ် စက်ဘီးပြိုင်ပွဲ (MOUNTAIN BIKE) တက်ရောက်ဖွင့်လှစ်ပေး

နိုဝင်ဘာ၂၃

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၂၀၂၄ခုနှစ်ဒီဇင်ဘာအားကစားလအကြိုအမျိုးသားအလွတ်တန်းဖိတ်ခေါ် (MOUNT AIN BIKE)စက်ဘီးပြိုင်ပွဲကို ယနေ့နံနက်၆နာရီခွဲကရန်ကုန်မြို့ ၊ ကန်ရိပ်သာလမ်း၌ ကျင်းပရာရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ်ဦးစိုးသိန်းတက်ရောက်ဖွင့်လှစ်ပေး သည်။

ပြိုင်ပွဲဝင်အားကစားသမားများသည် ကန်ရိပ်သာလမ်း တင့်ကားကုန်းဝင်ပေါက်ရှေ့မှ တာလွှတ်ကာကန်‌​တော်ကြီးငါးပတ်ယှဥ်ပြိုင်ကြကာယင်းနေရာသို့ ပြန်လည်ပန်းဝင်ခဲ့ကြ‌သည်။

ပြိုင်ပွဲများအပြီးဆုပေးပွဲကိုကျင်းပရာတိုင်းဒေသကြီး၀န်ကြီးချုပ်ကပထမ၊ဒုတိယ၊တတိယဆုရရှိသူများအားဆုတံဆိပ်နှင့်‌​ငွေသားဆုများကိုလည်းကောင်း၊တိုင်းဒေသကြီး၀န်ကြီးများနှင့်တာ၀န်ရှိသူများကစတုတ္ထဆု၊ ပဉ္စမဆု ၊ အမှတ်စဉ် ၆မှ ၁၀ အထိပန်းဝင်သူများအားငွေသားဆု များချီးမြှင့်ခဲ့ကြောင်း သိရသည်။ယင်းပြိုင်ပွဲသို့အမျိုးသား၊အမျိုးသမီးစက်ဘီးအားကစားသမား၂၀၀ခန့်၀င်‌​ရောက်ယှဥ်ပြိုင်ခဲ့ကြ‌​ကြောင်းသိရသည်။

MYANMA GON NEWS AGENCY

23 Nov, 13:58


(၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲတွင် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်း ရွှေတံဆိပ် ၅ ခု၊ ငွေတံဆိပ် ၄ ခု၊ ကြေးတံဆိပ် ၇ ခုတို့ ရရှိခဲ့ပြီး နိုင်ငံအလိုက် တတိယအဆင့်တွင် ရပ်တည်နိုင်ခဲ့

နိုဝင်ဘာ ၂၃

ဖိလစ်ပိုင်နိုင်ငံတွင် နိုဝင်ဘာ၁၂ ရက်မှ ၂၃ ရက်ထိကျင်းပခဲ့သည့် (၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ (32nd ASEAN Armies Rifle Meet - 32nd AARM) ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းသည် ယနေ့ညပိုင်းတွင် နေပြည်တော် လေဆိပ်သို့ ပြန်လည်ရောက်ရှိရာ လေဆိပ်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ စစ်ဦးစီအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေး၊ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်နှင့် တပ်မတော်အရာရှိကြီးများက လေဆိပ်၌ကြိုဆိုနှုတ်ဆက်ကြသည်။

MYANMA GON NEWS AGENCY

23 Nov, 13:56


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ စုပေါင်းသန့်ရှင်းရေးပြုလုပ်

နိုဝင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ သန့်ရှင်းသာယာ လှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား နိုဝင်ဘာလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၂၈)မြို့နယ်၌ တစ်ပြိုင်တည်း ပြုလုပ်ခဲ့သည်။
         
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းနှင့် ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် မေတ္တေယျအာနန္ဒာဘုရားကြီး၌ စုပေါင်း သန့်ရှင်းရေးပြုလုပ်နေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး စာသင်ကျောင်းဝန်းအတွင်း သန့်ရှင်း သပ်ရပ်စေရေး၊ စိမ်းလန်းစိုပြေစေရေး၊ အရိပ်ရသီးပင်စားပင်များ စိုက်ပျိုးသွားရန်၊ မီးဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် မီးတားလမ်းများဆောင်ရွက်ထားရန်၊ သာသနိကအဆောက်အုံများ ရှေးမူမပျက် ပြန်လည်ဆေးဆေးသုတ်ခြင်းနှင့် ဘုရားဖူးလာပြည်သူများ ကြည်ညိုသဒ္ဒါဖြစ်ပေါ်စေရေး လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
    

MYANMA GON NEWS AGENCY

23 Nov, 07:33


ဆိုက်ခေါင်-မိုင်းဆတ် တံတားသစ် စတင်ဖြတ်သန်းခွင့်ပြု

နိုဝင်ဘာ ၂၃

ရေတိုက်စားမှုကြောင့် ပြိုကျခဲ့ရသည့် ရှမ်းပြည်နယ်အ‌ရှေ့ပိုင်း ဆိုက်ခေါင်-မိုင်းဆတ် သံဘေလီတံတားတည်‌ဆောက်မှု ပြီးစီးပြီဖြစ်သဖြင့် ယမန်နေ့ နိုဝင်ဘာ (၂၂)ရက်ညနေပိုင်းတွင် စတင်ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း သိရပါတယ်။

လက်ရှိ တည်ဆောက်ပြီးစီးပြီဖြစ်သည့် သံဘေလီတံတားမှ ၁၃ တန် ယာဉ်များကိုပါ ဖြတ်သန်းခွင့်ပြုနေခြင်းဖြစ်သည့်အတွက် ဒေသတွင်ကုန်စည် သယ်ယူပို့ဆောင်မှု မြန်ဆန်လာနိုင်မည်ဟု မျှော်လင့်ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

"မနေ့က ညနေ (၃)နာရီလောက်က စပြီးဖြတ်သန်းခွင့်ပြုနေပါပြီ။ တံတားပြီးစီးပြီဆိုတော့ ဒေသတွင်းကုန်စည်စီးဆင်းမှုမြန်ဆန်လာမှာဖြစ်တဲ့အတွက် ကုန်ဈေးနှုန်းတွေလည်း အနည်းနဲ့အများ ကျဆင်းလာနိုင်ပါတယ်" ဟု ဒေသခံတစ်ဦးက ဆိုပါတယ်။

အဆိုပါ တံတားမှာ နမ့်ခုတ်ချောင်းကို ဖြတ်ဆောက်ထားသည့် သံဘေလီအမျိုးအစား အရှည်ပေ (၁၅၀) ရှိပြီး၊ ယခင် ‌တံတားအကျယ် (၁၂)ပေ အစား ယခု (၁၅) ပေအထိ တိုးချဲ့ပြင်ဆင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။