ဒီအချိန် ဒီအခြေအနေမျိုးရောက်မှတော့
အပစ်ခတ်ရပ်စဲရေးတို့ ငြိမ်းချမ်းရေးတို့
၂၀၀၈ ခြေ ဥပြင်ရေးတို့ တရားမျှတမှုမရှိတာ
တို့ မပြောကြတာအကောင်းဆုံးပါပဲ ။နဂိုထဲက
ငြိမ်းချမ်းရေး အမှန်တကယ်လိုလားခဲ့မယ်
ဆိုရင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလထဲ က တပ်မတော်
အနေနဲ့ အကြိမ်ကြိမ် အပစ်ရပ်ပေးခဲ့တာ
မရပ်မနားပါပဲ ။အဲဒီချိန်ထဲ က ဆွေးနွေးညှိနှိုင်း
ခဲ့မယ်ဆိုရင် ငြိမ်းချမ်းတာကြာပါ့ ။
အခုမှ တရုတ်က လက်မခံတော့သလို
အရင်းအမြစ်အင်အားတွေကို ပုံအော
တိုက်ခိုက်ပြီးကာမှ ဗုံးမကျဲပါနဲ့ ဆိုရင်တော့
ကိုယ့်တောထဲကို ပြန်သွားကြတော့ ။
စစ်ရေးနည်းလမ်းကို ရွေးချယ်ခဲပြီးပြီမို့
အဆုံးထိ သွားနိုင်အောင်ပြင်ဆင်ထားကြပေါ့ ။
ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး
ကိုယ့်ဘက်က သမိုင်းမှာစကြုံစဖူးလောက်
တဲ့ အထိ သဘောထားကြီးပေးခဲ့ပြီးပြီ ။
အခုတော့ သူပုန်လည်း ဖြူကာပြာကာကျလို့
ကုန်သလောက်ဖြစ်နေပြီ ။
ရခိုင်မှာ ဆိုရင် AA က တိုက်စရာ အင်အား
မရှိတော့လို့ သူထိန်းချုပ်ထားတဲ့ မြို့တွေမှာ
၁၄ နှစ် ၁၅ နှစ် အရွယ် အမျိုးသား အမျိုးသမီး
တွေပါမကျန် အတင်းအဓမ္မ လူသစ်စုနေရပြီ ။
ရိုးရိုးစုတာတောင် မဟုတ်ဘူး ။အမ်းကိုမရ
တော့ဘူး ။သူတို့ စစ်ရှူံးသွားမယ်ဆိုရင် နောင်
တစ်သက်လုံး ဗမာကျွန်ဖြစ်ရတော့မယ် ပြော
ပြီး လူသစ်စုနေကြရတယ် ။ဗမာကျွန်ဖြစ်မဖြစ်
တော့ မသိဘူး ။
ရခိုင် လူငယ်တွေကို ၄၅ ရက်သာ စစ်ပညာ
သင်ပေးပြီး မူးယစ်ဆေးဝါး ရာဘဆေးပြား
ကို ရိက္ခာအဖြစ် ထုတ်ပေးရင်း စစ်တိုက်နေရ
တဲ့ AA ကြောင့် မူးယစ်ဆေးဝါးကျွန်ကတော့
ဖြစ်နေကြရပြီ ။ပညာရှင် တွေ အဆို ရတော့
နောင် ၃ လလောက်ဆိုရင် မူးယစ်ဆေးကျွန်
ဖြစ်သွားတဲ့ AA ကြောင့် ရခိုင်တွေ လုံးပါးပါး
ပြီး ရခိုင်စစ်ပွဲကြီး တစ်ခုလုံးကို AA က ရှူံးနိမ့်
သွားလိမ့်မယ်လို့ ဆိုပါတယ် ။
ပိုဆိုးတာက နောင်တစ်နှစ်
လောက် ဆိုရင် ရခိုင် ပြည်နယ်က ရခိုင်လူ့အဖွဲ့
အစည်းတစ်ခုလုံး ပျက်စီးကာ မျိုးဆက်ပျက်
သွားလိမ့်မယ်လို့ ဆိုပါတယ် ။
မတတ်နိုင်ဘူး ။ထွန်းမြတ်နိုင် ကို ကိုးကွယ်
ပြီး လူမျိုးရေး အစွန်းရောက်သွားလို့ ကပ်ဆိုဒ်
သွားတဲ့ သဘောပါပဲ ။
AA မှ မဟုတ်ဘူး ။ TNLA ကြောင့် ပလောင်
တွေလည်း လူမျိုးပျောက်မယ့် အရေးနဲ့ရင်
ဆိုင်နေရပြီ ။ လူမရှိတော့လို့ ပလောင်အမျိုး
သားတိုင်း TNLAထဲဝင်ရမယ်လို့ အမိန့်ထုတ်
ထားရပြီ ။ပိုဆိုး
တာ က UWSA ဝ ဆီကနေ ငွေ ၂ ဘီလီယံ
ဆပ်ဖို့ ပိုက်ဆံမရှိလို့ ပလောင်အမျိုးသမီး
တစ် ဦး ကို ယွမ်ငွေ ၂ သိန်းနဲ့ တရုတ်ပြည်ကို
ရောင်းစားမယ်ဆိုတဲ့ စီမံချက်ကို တာအိုက်ဘုန်း
တို့ အစီစ ဥ်ရေးဆွဲနေပါပြီ ။
ဉာဏ်ပညာ အမြောအမြင်မရှိဘဲ စစ်ပွဲကို
ဖော်ဆောင်ခဲ့ကြလို့ အခုဆိုရင် ပလောင်ရော
ရခိုင် ပါ နောင်ဆိုရင် မြင်ဖူးအောင် အရုပ်
ရေးပြရတော့မယ့် အခြေအနေကို ရောက်နေပြီ ။
ကိုးကန့် ကလည်း ကျီးလန်စာစားနဲ့ ဆုတ်လည်း
စူး စားလည်းရူး ဘဝ ကို ရောက်နေပြီ ။
KIA က ဂွမ်မော်တို့ ခေါင်းဆောင်ပိုင်း အုပ်စု
တွေ ရဲ့ တည်နေရာကို တရုတ်ထောက်လှန်ရေးက
သိရှိပြီး မြန်မာကို မြေပုံညွှန်း အတိအကျပေး
နေလို့ ဗုံးကျဲခံရမှာ ကြောက်ပြီး ဘင်္ဂလားဒေရှ့်
ကို ထွက်ပြေးခိုလှုံနေကြရပြီးလို့ သိရတယ်။
ဒါကြောင့် ဒီလို အချိန်ရောက်မှ အပစ်ခတ်
ရပ်စဲရေး တို့ ငြိမ်းချမ်းရေးတို့ ဆိုတဲ့ စကား
တွေ မပြောကြတာ အကောင်းဆုံးပါပဲ ။
အောင်နိုင်သူ