ခင် ညို ချော @khinnyochaw8888 Channel on Telegram

ခင် ညို ချော

@khinnyochaw8888


Freelance Journalist

ခင် ညို ချော (Burmese)

ခင် ညို ချော ဆိုတာကို ဆက်ဖတ်နိုင်သူတွေ အတွက်ရှေ့နှင့် အနုပညာ တွေအားလုံး အခမ်းအနားဖြင့် မြင့်မားနိုင်မယ့် အလုပ်တွေကို ရယူပြီး ဖော်ပြပေးနိုင်ပါသည်။ ခင် ညို ချော ဆိုင်ကို ကျွန်တော်ပန်းခန့်က အချိန်မှာ ရေဖျက်ခြင်းအားဖြင့် စိတ်ကြိုက်အခြေစိုက် မြင့်မားနိုင်သည်။ ခင် ညို ချော ဆိုင်သည် လူ များစွာကူးစက် အဖြစ်တစ်ယောက်ပြန်လာရွေးပါသည်။ အဖြစ်တစ်ယောက်မှာ ရေဖျက်ခြင်း အားဖြင့် ခေါ်ကားကို စည်းမိုးမှာ မြင်ရပါသည်။ ခင် ညို ချော ဆိုင်သည် လူ သို့မဟုတ် အခမ်းအနား အနေဖြင့် အလုပ်တွေအား စက်နှင့် စမှတ်မိသည်။ ခင် ညို ချော ဆိုင် သည် လူများတွင် လူမဆို စွာ လူ တစ်ဦးပါ လိုပြီး လိဂံလိဂံ လွတ်လပ်တဲ့ အခမ်းအနား အနေ ခံစားပါသည်။ ထို့အတွက် ခင် ညို ချော ဆိုင်သည် လူမဆို လွတ်လပ်တဲ့ အခမ်းအနားအနေ ကို ခံစားရပါသည်။

ခင် ညို ချော

22 Nov, 07:01


Naypyitaw State Polytechnic University

ခင် ညို ချော

22 Nov, 06:13


တရုတ်-မြန်မာ လုံခြုံရေးကုမ္ပဏီပူးပေါင်းတည်ထောင်ခြင်းအလားအလာ

မြန်မာနိုင်ငံတွင်းမှာရှိတဲ့ တရုတ်စီမံကိန်းတွေနဲ့
အဲ့ဒီ စီမံကိန်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ တရုတ်နိုင်ငံသားတွေဘေးကင်းစေဖို့ အတွက် လုံခြုံရေးကုမ္ပဏီ ပူးပေါင်းတည်ထောင်မယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
မြန်မာအစိုးရရဲ့ထုတ်ပြန်ချက်အရ
အဖွဲ့ဝင် ၁၃ ဦးပါဝင်တဲ့ လုပ်ငန်းကော်မတီမှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်တိုးရီက ဦးဆောင်ပြီး ဒုရဲချုပ်၊ ကာကွယ်ရေး ၊ ဆက်သွယ်ရေးနဲ့ ပို့ဆောင်ရေး ဝန်ကြီးဌာနက တာဝန်ရှိတဲ့သူတွေပါဝင်တယ်လို့ဆိုပါတယ်။

ဒီလုံခြုံရေးကုမ္ပဏီဟာ ဆက်သွယ်ရေးကိရိယာတွေ၊ ကန့်သတ်ပစ္စည်းတွေအပါအဝင် လက်နက်နဲ့ အထူးကိရိယာတွေကို တပ်ဆင်မယ်လို့ ဆိုပါတယ်။

လက်နက်တပ်ဆင်ထားတဲ့ တရုတ်လုံခြုံရေးဝန်ထမ်းတွေ တာဝန်ထမ်းဆောင်မယ်ဆိုရင်တော့ အခြေခံဥပဒေမှာပြဌာန်းထားတဲ့ လက်နက်ကိုင် နိုင်ငံခြားသားတပ်တွေ အခြေချခွင့်မပြုရဆိုတဲ့ ပုဒ်မနဲ့ ငြိနိုင်ပါတယ် ဒါကြောင့် ပူးတွဲလုံခြုံရေး ကုမ္ပဏီမှာ တာဝန်ထမ်းဆောင်မယ့် တရုတ်နိုင်ငံသားတွေက လက်နက်မတပ်ဆင်တဲ့ နည်းပညာကျွမ်းကျင်သူပညာရှင်တွေ သို့မဟုတ် မြန်မာနိုင်ငံကလက်နက်တပ်ဆင်ပေးထားတဲ့ ဝန်ထမ်းတွေ ဖြစ်မယ်လို့ယူဆရပါတယ်။

အဲ့ဒီပူးတွဲလုံခြုံရေးကုမ္ပဏီထူထောင်ဖို့ ဖြစ်ပေါ်လာတဲ့ အကြောင်းအရင်းကတော့ဇူလိုင်လမှာ PDF အဖွဲ့က မန္တလေးမှာရှိတဲ့ တရုတ်ရင်းနှီးမြုပ်နှံမှုဖြစ်တဲ့ Alpha Cement စက်ရုံနဲ့ စစ်ကိုင်းတိုင်း ထီးချိုင့်က နီကယ်စက်ရုံကို သိမ်းယူခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွါးခဲ့ပြီး မြန်မာနိုင်ငံအတွင်းမှာ စီးပွါးရေးလာလုပ်နေတဲ့ တရုတ်နိုင်ငံသားတွေကို မကြာခနဖမ်းဆီးပြီး PDF တွေ ပြန်ပေးဆွဲနေကြလို့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တရုတ်ရင်းနှီးမြုပ်နှံမှူတွေနဲ့ တရုတ်နိုင်ငံသားစီးပွါးရေးသမားတွေကို ကာကွယ်ပေးဖို့လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တွေ့ဆုံစဉ်မှာ ဝမ်ယိက မြန်မာနိုင်ငံတွင်းမှာရှိနေတဲ့ တရုတ်ဝန်ထမ်းတွေနဲ့ စီမံကိန်းတွေရဲ့လုံခြုံရေးကို အလေးအနက်ထား ကာကွယ်ပေးဖို့ ပြောကြားခဲ့တဲ့အတွက်ကြောင့်လည်း နစကဥက္ကဌအနေနဲ့ မလွန်ဆန်နိုင်ပဲ တရုတ်အဆိုပြုတဲ့ ပူးတွဲလုံခြုံရေးကုမ္ပဏီကို လက်ခံလိုက်ရခြင်း ဖြစ်မယ်ထင်ပါတယ်။

ပူးပေါင်းလုံခြုံရေးကုမ္ပဏီကို ဘယ်အချိန်မှာ တည်ထောင်မလဲဆိုတာကိုတော့ သေချာမသိရှိရသေးပါဘူး။ NUG အဖွဲ့ဟာ မြန်မာနိုင်ငံထဲမှာရှိတဲ့ တရုတ်ရဲ့ရင်းနှီးမြုပ်နှံမှုတွေကို ကာကွယ်မယ်လို့ အကြိမ်ကြိမ်ကတိပြုထားပေမယ့် ……….

အပိုင်း ၂ မျှော်

Crd Aung Shinn

ခင် ညို ချော

21 Nov, 09:44


မနေ့က နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (United Nations World Food Programme - WFP) မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Michael John Dunford ၎င်း၏ ခန့်အပ်လွှာကို နိုင်ငံခြားရေးဝန်ကြီးကို လာပေးတယ်လို့ သိရပါတယ်…

အဲ့ဒီခန့်အပ်မှုအရ ကုလသမဂ္ဂအဖွဲ့အစည်းရဲ့ ဝန်ထမ်းကို နစကအစိုးရက လက်ခံအသိအမှတ်ပြုတဲ့ သဘောဖြစ်ပါတယ်…

ကုလသမဂ္ဂရဲ့ ဌာနေကိုယ်စားလှယ်ကို နစက အစိုးရက လက်ခံပေမယ့် နစက အစိုးရရဲ့ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဦးအောင်သူရိန်ကိုတော့ အသိအမှတ်ပြု လက်မခံသေးတာကို တွေ့ရပါတယ်…

NLD အစိုးရလက်ထက် ခန့်အပ်ထားတဲ့ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်ဆိုသူ ဝရမ်းပြေး ကျော်မိုးထွန်းကို တရားဝင်အသိအမှတ် မပြုပေမယ့် ပြောရေးဆိုခွင့်ပေးထားလို့ နစကအစိုးရအနေနဲ့ သံတမန်ရေးအရ နစ်နာမှုရှိပါတယ်….

ကိုယ့်လူကို မခန့်သေးတဲ့ ကုလသမဂ္ဂကို သူ့လူကိုလည်း မခန့်ဘဲ ခပ်တင်းတင်း ခပ်မာမာတုံ့ပြန်နိုင်ရင် နစကရဲ့ သံတမန်ရေး အောင်မြင်မှုတစ်ခုဖြစ်မယ်လို့ ထင်မြင်ယူဆမိပါတယ်…

ခင်ညိုချော

ခင် ညို ချော

20 Nov, 12:38


“ စိတ် ဓာတ် “

စစ် ဖြစ် လာ ရင် ဆောင် ရွက် ရ မယ့် လက် စွဲ တွေ ကို ဥ ရော ပ နိုင် ငံ တွေ ပြင် ဆင် လာ ကြ တယ် ။

အ ထူး သ ဖြင့် ဆွီ ဒင် ၊ နော် ဝေ ၊ ဖင် လန် နဲ့ ဒိန်း မတ် တို့ က ပို ပြီး အ လျှဉ် စ လို လုပ် လာ တယ် ။

က မ္ဘာ ပေါ် မှာ အ အေး ချမ်း ဆုံး နိုင် ငံ တွေ လို့ သတ် မှတ် ခံ ထား ရ တဲ့ ဒေ သ က နိုင် ငံ တွေ စစ် ဖြစ် မှာ ကြောက် လို့ အ မြန် ပြင် ဆင် လာ ကြ ရ တယ် ။

အဲ့ ဒါ သက် တမ်း ကုန် ခါ နီး မီး မွှေး ပေး ခဲ့ တဲ့ Biden ကြောင့် ပါ ။

Biden က သ မ္မ တ သက် တမ်း နှစ် လ လောက် ပဲ ကျန် တော့ တယ် ။ ဒီ အ ချိန် မှာ ကြီး မား တဲ့ ဆုံး ဖြတ် ချက် တွေ ချ ဖို့ မ သင့် တော့ ဘူး ။ ဆုံး ဖြတ် ချက် ကြီး ကြီး ချ ခဲ့ ရင် ဆက် ရင် ဆိုင် ရ မှာ နောက် လာ မယ် သ မ္မ တ နဲ့ အ စိုး ရ သစ် ဖြစ် တယ် ။ နောက် အ စိုး ရ က သူ့ မူ သူ့ ပုံ စံ နဲ့ အ လုပ် လုပ် တာ ကောင်း ပါ တယ် ။

အ ခု ယူ က ရိန်း ကို ရု ရှား ထိ ပစ် ခတ် နိုင် တဲ့ ဒုံး ကျည် တွေ နဲ့ ပစ် ခွင့် ပေး လိုက် လို့ ယူ က ရိန်း က လည်း ပစ် လိုက် ပြီ ။ တ ကယ် လို့ ရု ရှား က မ ကျေ နပ် လို့ နျူ လက် နက် လို မျိုး လက် နက် နဲ့ တုံ့ ပြန် မယ် ဆို စစ် ကို ဆက် ရင် ဆိုင် ရ မှာ နောက် တက် လာ မယ့် ထ ရမ့် အ စိုး ရ ဖြစ် တယ် ။

ထ ရမ့် က ယူ က ရိန်း စစ် ကို ရပ် မယ် လို့ တ ရား ဝင် ပြော ထား တာ စစ် မ ရပ် နိုင် ပဲ ပို ကြီး အောင် လုပ် ခဲ့ တယ် ဆို တော့ Biden ညစ် ပတ် တာ ပါ ။

သူ့ ကြောင့် ဥ ရော ပ နိုင် ငံ တွေ စစ် ပြင် ဆင် နေ ရ ပြီ ။ ပုန်း ခို ဖို့ နေ ရာ တွေ ရှာ နေ ရ ပြီ ။ တ တိ ယ က မ္ဘာ စစ် ထိ မျှော် မှန်း ပြီး စိုး ရိမ် နေ ကြ ရ ပြီ ။

နိုင် ငံ တစ် ခု မှာ အ ရည် အ ချင်း မ ရှိ တဲ့ သူ ခေါင်း ဆောင် ဖြစ် ခဲ့ ရင် ဘယ် လောက် ထိ အ န္တ ရယ် ကြီး ပြီး ထိ ခိုက် ရ လဲ ဆို တာ အ မေ ရိ ကန် သ မ္မ တ Biden နဲ့ ယူ က ရိန်း သ မ္မ တ ဇ လင် စ ကီး က ပြ ခဲ့ တယ် ။

ပြည် သူ ဆို တာ နိုင် ငံ ကို အောင် မြင် အောင် မ အုပ် ချုပ် နိုင် ရင် တောင် ပျက် ဆီး အောင် မ လုပ် တဲ့ ခေါင်း ဆောင် တွေ ကို သာ အ လို ရှိ တယ် ။

Biden က အ သက် ကြီး ပြီ ၊ အ နာ ဂါတ် လည်း မ ရှိ တော့ ဘူး ။ သူ့ လက် ကျန် ဘ ဝ ကို ဘာ အ ကြောင်း မှ မ ရှိ ဘဲ ဖြတ် သန်း ရ တော့ မှာ ဖြစ် တယ် ။

သို့ ပေ မဲ့ က မ္ဘာ သူ က မ္ဘာ သား တွေ မှာ အ နာ ဂါတ် ရှိ တယ် ။ လူ ငယ် တွေ အ တွက် အ နာ ဂါတ် ရှိ တယ် ။ အဲ့ ဒီ အ နာ ဂါတ် တွေ ကို Biden ရဲ့ လုပ် ရပ် က ဖျက် ဆီး ပစ် ဖို့ တာ စူ နေ ပြီ ။

က မ္ဘာ စစ် ကြီး ဖြစ် လို့ Biden အ သ-က် ဆုံး ရှုံး သွား လည်း ၈၀ ကျော် လူ တစ် ယောက် အ တွက် ဝမ်း နည်း စ ရာ မ ရှိ ဘူး ။ ဘီ လီ ယံ ချီ တဲ့ လူ ငယ် တွေ အ တွက် ပြန် မ ရ နိုင် တော့ မယ့် ဆုံး ရှုံး မှု ကြီး ဖြစ် ရ မယ် ။

Biden လုပ် ရပ် က မေး ခွန်း ထုတ် စ ရာ ပါ ။ ဇ လင် စ ကီး က တော့ ပြန် မ ရ နိုင် တော့ မယ့် ဆုံး ရှုံး မှု တွေ အ တွက် သူ နဲ့ အ တူ အ ကုန် ခေါ် သွား မှာ ပဲ ။

ဇ လင် စ ကီး အ မေ ရိ ကန် ဒုံး ကျည် သုံး ပြီး ရု ရှား ကို ပစ် ခတ် လိုက် ပြီး မ ကြာ မီ အ င်္ဂ လန် က သူ့ ဒုံး ကျည် တွေ နဲ့ မ ပစ် ရ ဘူး လို့ ထုတ် ပြန် တယ် ။ သ မိုင်ရ တ ရား ခံ ထဲ မှာ အ င်္ဂ လန် မ ပါ ချင် ဘူး လို့ ယူ ဆ ရ တယ် ။

အ စ က အ င်္ဂ လန် နဲ့ ပြင် သစ် က တာ ဝေး ပစ် ဒုံး ကျည် တွေ အ သုံး ပြု ဖို့ သ ဘော တူ ထား တာ ။

ရု ရှား က ငြိမ် ခံ နေ မ လား တုံ့ ပြန် မ လား စောင့် ကြည့် ရ မယ် ။ တုံ့ ပြန် ရင် ဘယ် ပုံ တုံ့ ပြန် မ လဲ စိတ် ဝင် စား ဖို့ ကောင်း တယ် ။ ရု ရှား ပြော ထား တာ ဒုံး ကျည် ပေး တဲ့ နိုင် ငံ ကို တုံ့ ပြန် မယ် ဆို တော့ အ မေ ရိ ကန် ကို ဘယ် လို တုံ့ ပြန် မ လဲ စိတ် ဝင် စား ဖို့ ကောင်း ပါ တယ် ။

ထ ရမ့် ရဲ့ သား က တော့ သူ့ အ ဖေ အ ပေါ် တ မင် သက် သက် အ နှောက် အ ယှက် ပေး တာ လို့ သူ့ ဆို ရှယ် မီ ဒီ ယာ X ပေါ် မှာ ရေး တင် တယ် ။

Biden လုပ် ရပ် က ထ ရမ့် သား ပြော သ လို ဖြစ် နေ တယ် ။ ဒီ မို က ရက် တွေ မ စား ရ တဲ့ အ မဲ ကို သဲ နဲ့ ပက် တာ အ ခု တစ် ခါ တည်း မ ဟုတ် ဘူး ။ အ မေ ရိ ကန် တစ် နိုင် ငံ ထည်း လည်း မ ဟုတ် ဘူး ။

ဒီ မို က ရေ စီ တွင် တွင် အော် ပြီး စိတ် ဓာတ် မ မှန် တဲ့ သူ တွေ က မ္ဘာ ပေါ် မှာ မ ရှိ တော့ မှ အေး ချမ်း မယ် ထင် ပါ တယ် ။

ဘာ တွေ ဆက် ဖြစ် မ လဲ စောင့် ကြည့် ရ မှာ ပဲ ။

မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
၂၀ ၊ ၁၁ ၊ ၂၀၂၄

မိုး တင့် ဆွေ
၂၀ ၊ ၁၁ ၊ ၂၀၂၄
ဗု ဒ္ဓ ဟူး ။

ခင် ညို ချော

20 Nov, 10:02


နိုင်ငံရေးပါတီများ၏ လက်ရှိအခြေအနေ

ခင် ညို ချော

20 Nov, 09:02


ပြည်ပပို့ကုန်တင်ပို့မှုအခြေအနေ

ခင် ညို ချော

20 Nov, 08:17


မူးယစ်ရာဇာ ဖုန်တာရွှင်ရဲ့ နောက်ခံသမိုင်း
===============================
၂၀၀၉ ခုနှစ် စက်တင်ဘာမှာ MNDAA ခေါင်းဆောင် ဖုန်တာရွှင်ရဲ့ နေအိမ်ခြံဝန်းအတွင်းက ဘိန်းဖြူ ၁၃၀ ဂရမ်၊ စိတ်ကြွဆေးပြားထုတ်လုပ်ရာမှာ အသုံးပြုတဲ့ အက်စစ်အရည် ၁၄၉ ဂါလံနဲ့ ၂၀၀၉ ခုနှစ်၊ ဩဂုတ္လမွာ ဖုန်တာရွှင်ပိုင်တဲ့ ခြံဝန်းတစ်ခုထဲမှာ ဆောက်လုပ်ထားတဲ့ လက်နက်စက်ရုံနဲ့အတူ စိတ်ကြွဆေးထုတ်တဲ့ Acetone ၃၄၀ ကီလိုဂရမ်၊ အက်စစ် ၂၀၀ ဂါလံတို့ကို ဖမ်းဆီးရမိလို့ အဲ့ဒီအချိန်က နယကအစိုးရက တရားခံပြေး မူးယစ်ရာဇာအဖြစ် ဖမ်းဝရမ်း ၆၀/၂၀၀၉ နဲ့ ၆၉/၂၀၀၉ တို့ကို ၂၀၀၉ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့မှာ ထုတ်ပြန်ပြီး နိုင်ငံတကာမူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့များကို ဖြန့်ဝေခဲ့ပါတယ်

ဖုန်တာရွှင်ဦးစီး MNDAA အဖွဲ့ဟာ မူးယစ်ဆေးဝါး(စိတ်ကြွဆေး) ထုတ်လုပ်မှု၊ ကုန်သွယ်မှုတွေလုပ်နေတာကို အထောက်အထားခိုင်လုံတဲ့အတွက် အမေရိကန်နိုင်ငံ Drug Enforcement Administration (DEA) က အရှေ့ဖျားဒေသနိုင်ငံများအလိုရှိ ပစ်မှတ်တရားခံစာအုပ်များ(Far East Region Target Lists) တွင် ထည့်သွင်းထားရှိပါတယ်

ဒါကြောင့် ကျန်းမာရေးအကြောင်းပြပြီး ယူနန်ပြည်နယ်ထဲမှာ ဖုန်တာရွှင်ကို အကျယ်ချုပ် ထိန်းထားတယ်လို့ အနောက်ထောက်ပံ့ပေးထားတဲ့ မီဒီယာတွေကစတင်ပြီး သတင်းတွေ ထွက်ပေါ် လာတာ သွေးရိုးသားရိုးမဟုတ်ပါဘူး

မူးယစ်ရာဇာအဖြစ် ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ ဖုန်တာရွှင်ဟာ ၂၀၁၀ ပြည့်နှစ်တွေနောက်ပိုင်း တရုတ်- မြန်မာနယ်စပ်ဒေသမှာ တိမ်းရှောင် ပုန်းအောင်း အင်အားစုဖွဲ့ နေခဲ့ပြီး ၂၀၁၇ မှာ ကိုးကန့်ဒေသကို ပြန်လည်တိုက်ကွက်ဖော်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက် NUG နဲ့ ထိုင်ဝမ်တရုတ်တွေရဲ့ ချိတ်ဆက်လာမှုတွေကို လက်ခံပြီး နစက အစိုးရကို KIA ၊ AA ၊ TNLA တို့နှင့်အတူ
ပြန်လည်တိုက်ခိုက်ရာမှာတော့ သိသိသာသာ အမေရိကန်ဘက် ယိမ်းခဲ့ပါတယ်။

NUG ကတစ်ဆင့် အမေရိကန် CIA နဲ့ ချိတ်ဆက်မှု၊ ပေါက်ဖော်ကြီးရဲ့ အမိန်မနာခံမှုတွေကြောင့် မူးယစ်ရာဇာအဖြစ် ကမ္ဘာသိသတ်မှတ်ခံထားရတဲ့ လက်နက်ကိုင်အုပ်စုခေါင်းဆောင်ကို တရုတ်ကြီး ဘယ်လို ကစားကွက်သုံးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ

ခင်ညိုချော

ခင် ညို ချော

20 Nov, 07:11


မဲစာရင်းမှားယွင်းမှု ငြင်းလို့မရသော သက်သေးအထောက်အထားများ

ခင် ညို ချော

19 Nov, 08:12


"ရန်မျိုးနွယ်တို့ ပြန်လည် ထိန်းချုပ်မည့် ကိုးကန့်ဒေသ"
======================================

ကိုးကန့် စစ်သားမျိုး MNDAA သူပုန် ခေါင်းဆောင် ဖုန်တာ့ရွှင် ကိုတရုတ်က ဖမ်းဆီး လိုက်ပြီ။MNDAA သိမ်းပိုက်ထားသော လားရှိုးမှ ပြန်ဆုတ်ခွာရန်၊မြောက်ပိုင်းမဟာမိတ် အဖွဲ့ မှ နှုတ်ထွက်ရန်၊ မြန်မာစစ်အစိုးရကို ဆန့်ကျင်သော စစ်ရေးလှုပ်ရှားမှုများမပြုလုပ်မပါဝင်ရန် တရုတ်၏ ရာဇသံကို မနာခံသောကြောင့်ဟု ဆိုသည်။

တရုတ်အစိုးရ အနေဖြင့် မြန်မာပြည် တည်ငြိမ်သည် ကို လိုလားသောကြောင့် ဟု ဖြစ်စဉ်ပေါ်ထင်ကြေးပေးကြသည်။

အခြားသော အကြောင်းအရာတစ်ခုမှာ ကိုးကန့်နယ်သည် တရုတ် မင်မင်းဆက်ကို သစ္စာခံပြီး နန်းတွင်းအာဏာသိမ်းပွဲတွင် ထွက်ပြေးလာသောရန် စစ်သူကြီး မိသားစုမှ တည်ထောင်ခဲ့သော ပြည်နယ် ဖြစ်သည်၊ ထို့ကြောင့် တရုတ်အစိုးရ အစဥ်အဆက်မှ ရန်စစ်သူကြီးမျိုးရိုး ကိုသာ ကိုးကန့်စော်ဘွားများ အဖြစ် မြင်လ်ုကြသည် လက်ခံကြသည်။

ရန်မျိုးကို အာဏာသိမ်းကာဘုရင်တက်လုပ် ဘိန်းစိုက် ကျားဖြန့် လုပ်နေသော သာမာန်စစ်သည် ဘဝမှ တက်လာသည့် ဖုန်မျိုး နှင့် ၄င်း၏ မဟာမိတ် ကိုးကန့် မိသားစုကြီး၄ခုကို ကြည့်မရသော်လည်း မြန်မာ့ပြည်တွင်းရေး တွင် ဝင်မပါခဲ့ပေ။

အများမသိသော အချက်မှာ ယခင်လများကမြန်မာ့ထောက်လှမ်းရေးတပ်မှုးဟောင်းများ တရုတ်ပြည်သွား ဆွေးနွေးကြစဥ်တွင်ရန်မိသားစုမှ လက်ရှိ Generation ခေါင်းဆောင်များ ပါဝင်ခဲ့ခြင်းပင်။
နာမည်ကျော် တရုတ်စစ်သူကြီး General Yang ၏ Yang Family သည် ကိုးကန့်ဒေသကို တရုတ် မြန်မာ ရှမ်း အင်္ဂလိပ် ဂျပန် US.တို့ ရန်ပေါင်းစုံကြားမှ အောင်မြင်စွာ တည်ထောင်ခဲ့ကာ နန်းကျ အိမ်နိမ့်စံ ဘဝ တွင်လည်း Yang Family ၏ စီးပွားရေး အင်ပါယာကြီးကို တရုတ် ထိုင်ဝမ် ဟောင်ကောင် မကာအို စင်္ကာပူ မလေးရှား သာမကပဲ အမေရိကန် ဥရောပ သြစတြေးလျ ဂျပန် ကိုးရီးယား တို့ထိပါ ဖြန့်ကျက်ထားနိုင်သော ထရီလျံနာများအဖြစ် စီးပွားရေးတွင် အောင်မြင်နေသောကြောင့်တရုတ်အနေဖြင့် ၄င်း၏ ပိုးလမ်းမကြီး ပရောဂျက်မှာ အရေးပါသော မြန်မာပြည် ဝင်ပေါက်တွင် စာမတတ် ပေမတတ် ဘိန်းစားလူမိုက်သာသာ ဖုန် မိသားစု အစား စော်ဘွားမျိုးဆက် စာတတ်ပေတတ် ပညာတတ်ဘီလျံနာ သူဌေး စီးပွားရေး ဂုရု ရန်မိသားစု ကိုသာ လူမှန် နေရာမှန် ပြန်ထားချင်သည်မှာအကြောင်းရင်း
၁ခုဖြစ်သည်။

ထို့အပြင် ယခုအခါ ခေါင်းဆောင်မဲ့ကာ ဝါးအစည်းပြေနေသော ပယ် ဝေ လျု အစရှိသော ကိုးကန့် ခေါင်းဆောင် လေးဦး၏ နှစ်သောင်းခန့်ရှိ ပြည်သူ့စစ်များမှာ ယခင်က ရန်မျိုးကို သစ္စာခံခဲ့သူများ ဖြစ်၍ အများစုမှာ ဖုန်မျိုး လက်အောက် မခံကြပဲ အခြေအနေ စောင့်ကြည့် နေကြသည်မှာလည်း အကြောင်းတစ်ခု ဖြစ်သည်။

မည်သို့ဖြစ်စေကာမူ၊၄ဦးပေါင်းလျှင် ဖုန်တာ့ရှင်ထက် အစွမ်းရှိသောကိုးကန့် ခေါင်းဆောင်၄ဦး ကိုပင် နေပြည်တော်ထိ လာဖမ်း ကြိုးပေးသတ်ခဲ့သော တရုတ်က လိုလားလျှင်ဖြင့်ဖုန်တစ်မျိုးလုံးအပြတ်ရှင်းခံရပြီးလပိုင်းအတွင်း လာရှိုးတစ်ခွင်တပ်မတော်လက်အောက် ပြန်ရောက်ကာ ရန်မိသားစု ပြန်လည် အုပ်ချုပ်သော ကိုးကန့် အထူးဒေသ ကို ပြန်လည် မြင်ရဖွယ် ရှိပါသည် ...

crd: ypt.18/11/2024.

ခင် ညို ချော

18 Nov, 08:32


ဘယ်သူသေသေ ကိုယ့်နိုင်ငံသားတွေပါပဲ

အလောင်းကောက်အဖွဲ့နဲ့ အလောင်းတွေ ဖျောက်ဖျက်ပေမယ့် အွန်လိုင်းပေါ်က အထောက်အထားတွေကိုတော့ ဖျောက်ဖျက်လို့ မရပါဘူး

ရခိုင်လူငယ်တွေ ထိခိုက်ဆုံးရှုံးမှုတွေ သိပ်များနေတာ စိုးရိမ်စရာပါပဲ…

ခင်ညိုချော

ခင် ညို ချော

16 Nov, 07:22


ဖတ်မိတဲ့…..
မီးပုံးပျံပျက်ကျမှုကြောင့် အင်းလေးဟိုတယ် အကြီးအကျယ်မီးလောင်။
မဲခေါင်၊ နိုဝင်ဘာ ၁၅

မီးပုံပျံပျက်ကျမှုကြောင့် ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသမှာ ဟိုတယ်တစ်ခု ဒီနေ့နိုဝင်ဘာလ ၁၅ ရက်၊ ညပိုင်းမှာ မီးအကြီးအကျယ် လောင်သွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ မန်ကျည်းစင်ရွာက Inle Princess Resort မီးပုံးပျံ ပျက်ကျရာကနေ စတင်မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး ဟိုတယ်တစ်ခုလုံးနီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

"မီးကတော့ ငြိမ်းသွားပြီ။ ဟိုတယ်တစ်ခုလုံးကတော့ ဘာမှရစရာမကျန်တော့ဘူး။ ကုန်သလောက်ဖြစ်သွားတယ်။ မီးပုံးပျံပြုတ်ကျလာ၊ ချက်ချင်းဝိုင်းငြိမ်းပေမယ့် လူနည်းတော့ မနိုင်ဘူး။ မီးကအရမ်းကြီးတော့ အနားကိုလည်း ဘယ်သူမှမကပ်နိုင်သေးတော့ သေချာမသိရသေးဘူး။ သိရတာနဲ့ ပြန်ပြောပေးပါမယ်"လို့ ဒေသခံတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

လက်ရှိမှာတော့ မီးငြိမ်းသွားပြီဖြစ်ပြီး မီးလောင်မှုဖြစ်စဉ်အသေးစိတ်နဲ့ မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရ၊ သေဆုံးမှု ရှိ မရှိ အခြေအနေ၊ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးသွားမှု အခြေအနေတွေကို မဲခေါင်သတင်းဌာနက စုံစမ်းနေဆဲဖြစ်ပါတယ်။

#MeKongNews
#အင်းလေး

ခင် ညို ချော

15 Nov, 15:10


သူပုန်မရှိတဲ့မြိုတွေမှာ
တန်ဆောင်တိုင် ပွဲစည်ကား။

ခင် ညို ချော

13 Nov, 02:39


သူပုန်မရှိတဲ့မြို့တွေမှာ
တန်ဆောင်တိုင် ပွဲ
ပျော်ပါးလို့
သူပုန်လက်ခံအားပေးတဲ့
နေရာတွေကြတော့ မြင်ရက်စရာမရှိဘူး
တန်ရာတန်ရာတွေပေါ့

#crd
(မှန်သလိုလို ခံစားရလို့ copy ယူလာတာ)

ခင် ညို ချော

12 Nov, 06:58


လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) စနစ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် မဲပေးစက် အသုံးပြုခြင်း ဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိ။
-
ခင်ညိုချော

ခင် ညို ချော

12 Nov, 04:25


COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ အပတ်စဉ် သတင်းထုတ်ပြန်ချက် (၁၁-၁၁-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီ
-

ခင် ညို ချော

08 Nov, 09:28


နစက ဥက္ကဋ္ဌနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် တွေ့ဆုံခဲ့ပြီး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ကုန်သွယ်ရေးနှင့် အလုပ်သမားဆိုင်ရာကိစ္စရပ်များ ဆွေးနွေး

နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာ ၇ ရက်မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပပြုလုပ်သည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီး အစည်းအဝေးအပါအဝင် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်လာသည့် ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarn Shinawatra နှင့် ကူမင်းမြို့ရှိ Wyndham Grand ဟိုတယ်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

■ Read More - - - >>> https://news-eleven.com/article/297243

►► (Zawgyi ဖြင့်ဖတ်ရန်)

နစက ဥက္ကဋ္ဌနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် တွေ့ဆုံခဲ့ပြီး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ကုန်သွယ်ရေးနှင့် အလုပ်သမားဆိုင်ရာကိစ္စရပ်များ ဆွေးနွေး

နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာ ၇ ရက်မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပပြုလုပ်သည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီး အစည်းအဝေးအပါအဝင် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်လာသည့် ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarn Shinawatra နှင့် ကူမင်းမြို့ရှိ Wyndham Grand ဟိုတယ်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ခင် ညို ချော

08 Nov, 01:48


TRUMP..ရဲ့ပထမဦးဆုံးမိန့်ခွန်းနှင့်မြန်မာ့အရေး
____________

#အမေရိကန်တွေကို
#အနာကျက်အောင်
#ကုစားပေးသွားမှာပါ တဲ့။

ဒါဟာ
အမေရိကန်ရဲ့လက်ရှိအခြေအနေကို
သိသာစေတဲ့ မိန့်ခွန်း။
အားပေးတဲ့မိန့်ခွန်း။
တာဝန်ယူမယ့်မိန့်ခွန်း

အမေရိကန်ဟာ
ရီပါတ်ဘလီကန်တွေကို
တစ်လှည့်ပြန်မပေးလို့
မဖြစ်တော့တဲ့အခြေအနေ။
ဒီမိုကရက်တွေသာ
ဆက်ပေးထားမယ်ဆိုရင်တော့
အမေရိကန်ဟာ
စင်ပေါ်ပြန်မရောက်နိုင်တော့တဲ့အပြင်
ခွက်ဆွဲရတော့မယ့် ကိန်းဆိုက်နေပြီ။

ယူကရိန်းအရေးမှာ
သိပ်မကြာလောက်ဘူးထင်ပြီး
ဝင်ကစားလိုက်တာမှာ
ကိုပူတင်ရဲ့ ပညာပြမှုကို
အမေရိကန်ဟာ အကြီးအကျယ်
ခံလိုက်ရတယ်။
ဘတ်ဂျက်တွေ မနည်းမနောကုန်သွားတာပဲ
အဖတ်တင်တယ်။

အရှေ့အလယ်ပိုင်းမှာ
အာဖဂန်စစ်ပွဲမှာ
ဘက်ဂျက်တွေ ကုန်တဲ့အပြင်
ရုပ်ပျက်ဆင်းပျက်
ထွက်ပြေးရတဲ့အထိ
ဖြစ်ခဲ့ရတယ်။

အခု အစ္စရေးလ်စစ်ပွဲမှာလည်း
ဘတ်ဂျက်တွေ ကုန်နေဆဲပဲ။

မြန်မာမှာလည်း
အမေရိကန်ဟာ
နောက်ကွယ်က
ဝင်ရှုပ်ခဲ့တဲ့အတွက်
ဘတ်ဂျက်တွေ မနည်းမနော
အကုန်အကျခံခဲ့ရတယ်။
ကိုယ်တိုင် အမည်မခံပဲ
ထိုင်ဝမ်လို
စင်္ကာပူလို ဟာတွေကတစ်ဆင့်
ကြားခံပြီးပေးခဲ့တော့
လိုတာထက် ပိုသုံးခဲ့ရမှာ
သေချာတယ်။

အခုတော့
ယူကရိန်းအရေးလည်း
ဖြတ်တော့မယ်။

အရှေ့အလယ်ပိုင်းလည်း
ဖြတ်တော့မယ်။

မြန်မာ့အရေးလည်း
ဖြတ်တော့မယ် ဆိုတာ
ခန့်မှန်းလို့ ရနေပြီ။

ဒါတွေအားလုံးကို
အချိန်ကိုက်တွက်ချက်ပြီး
ကစားသွားတာက
ရုရှား
တရုတ်
မြန်မာ
အချိန်ကွက်တိကို
ကစားနိုင်တာတွေ့ရတယ်ဆိုတော့
သုံးသပ်ရတဲ့သူတွေကတောင်မှ
နောက်ကျနေသေးတယ်။

အမေရိကန်ရဲ့ရလာဒ်က
ဘာဖြစ်လာမလဲဆိုတာကို
ကြိုသိနေတဲ့
သဘောမျိုးတွေ့ရတယ်။

မဟာမဲခေါင်အစည်းအဝေးနဲ့
အမေရိကန်ရွေးကောက်ပွဲနဲ့
အချိန်ကိုက်။

ဒီမိုကရက်တွေက
တရုတ်ရဲ့အကြွေးနွံမှာနစ်နေပြီဆိုတော့
ရီပါတ်ဘလီကန်တွေနဲ့
တစ်လှည့်ပြန်ကစားဖို့ပဲ ရှိတော့တယ်။
ဒီအကွက်ကလည်း
တရုတ်လက်ကနေ
ပြေးမလွတ်။
ရီပါတ်ဘလီကန်ကို
ငွေကြေးထောက်ပံ့တဲ့
အီလွန်မက်စ်က
တရုတ်နဲ့ စီးပွားဖက် တရုတ်ရဲ့လူပါပဲ။

အမေရိကန်မှာ
ဘယ်သူပဲတက်တက်
တရုတ်လက်က ပြေးမလွတ်တော့ဘူး။
ဒီတော့
အမေရိကန်တွေလည်း
အတော်လက်ပန်းကျနေလောက်ပြီဆိုတော့
ထရန့်ကို ပြန်တင်ပြီး
အမေရိကန်တွေရဲ့ ငွေတွေကို
အလဟဿ အကုန်မခံတော့တဲ့စနစ်ကို
ပြန်သွားတော့မယ်။

ယူကရိန်းနဲ့ မြန်မာမှာတော့
အမေရိကန်တွေရဲ့
တရားမဝင်သုံးစွဲပေးနေတဲ့
ဘတ်ဂျက်တွေ
ရပ်ဆိုင်းသွားတော့မယ်လို့
ယူဆတယ်။

photo.crd.

ခင် ညို ချော

07 Nov, 08:12


နစကဥက္ကဋ္ဌ နှင့် တရုတ်ဝန်ကြီးချုပ်တွေ့ဆုံ

ခင် ညို ချော

02 Nov, 16:44


မကြာမီ သတင်းကောင်းကြားရတော့မည့် ခရီးစဥ်

ခင် ညို ချော

02 Nov, 10:15


မူးယစ်ဖမ်းမိ

ခင် ညို ချော

02 Nov, 06:47


ရေဦး၊ အုန္နဲပေါင်းရွာ ဘုန်းကြီးအသတ်ခံရမှု ဖြစ်စဥ်အမှန်
-------------------------------------------------

၎င်းဖြစ်စဥ် ဖြစ်ပွားရာ ဘုန်းကြီးကျောင်းသို့ ခေတ္တလာရောက်ခိုလှုံသော Pdf အဖွဲ့များ အရက်သောက်သည်ကို ကျောင်းဝန်းအတွင်း မသောက်သုံးရန် ဆရာတော်မှ တားမြစ်သည်ကို မကျေနပ်၍ အငြိုးထားကါ သတ်ပစ်ခြင်းဖြစ်ကြောင်း သိရပါသည်။

ကျောင်းထိုင်ဆရာတော် အရှင်က္ကုန္ဒကသီရိသည် သက်တော် ၄၃ နှစ် နှင့် ဝါတော်  ၂၃ ဝါ ရှိပြီးဖြစ်ပြီး နိုင်ငံရေးနဲ့ ဖြစ်စဥ်များတွင် ပါဝင်မှူမရှိပဲ တရားအားထုတ်နေသော သံဃာတစ်ပါးဖြစ်သောကြောင့် ဒေသခံများနှင့် ၎င်းဒေသရှိ အကြမ်းဖက်အဖွဲ့များကပင် လေးစားကြည်ညိုရသော ဆရာ​တော်​တပါးဖြစ်ကြောင်း သိရပါတယ်။ဆေးခန်းကို လိုက်ပို့နိုင်ခဲ့ပေမယ့် ကျည်ထိမှန်ချက်တွေ များတာကြောင့် အသက်ပါ မလာတော့ဘူးလို့ သိရပါတယ်။

ကျောင်းဝင်းအတွင်းမှာ ရပ်ထားတဲ့ ကား ၂ စီးကိုလည်း ၎င်း Pdf အဖွဲ့က မလိုက်နိုင်အောင် ကားဘီးတွေ ပစ်ဖောက်ထားခဲ့ကြောင်းသိရပြီး အဖြစ်မှန်ပေါ်ပေါက်ရေးအတွက် ဖော်ထုတ်နေကြောင်း အကြမ်းဖက်အဖွဲ့များမှ သတင်းထုတ်ပြန်ထားပါတယ်။

crd.khla
2.11.2024.sat

ခင် ညို ချော

31 Oct, 08:41


အစ္စရေလေကြောင်းတိုက်ခိုက်မှုကြောင့် ဒုံးကျည်ထုတ် လုပ်ရေးစက်ရုံ ထိခိုက်ပျက်စီးမှုမရှိကြောင်း အီရန်ပြော
…………………………………………………

နိုင်ငံတကာ၊ အောက်တိုဘာ ၃၁

အစ္စရေးဂျက်တိုက်လေယာဉ်တွေက ပြီးခဲ့တဲ့သီတင်းပတ်က အီရန်စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပြီးနောက် မှာ အီရန်နိုင်ငံရဲ့ဒုံးကျည်ထုတ်လုပ်ရေးလုပ်ငန်းဟာ ဘာမှမဖြစ်ဘဲ အကောင်းပကတိကျန်ရှိနေဆဲဖြစ်ကြောင်း အီရန်အစိုးရက အောက်တိုဘာလ ၃၀ ရက်နေ့က ပြောကြားလိုက်ပါတယ်။

ခင် ညို ချော

31 Oct, 06:13


ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံ ဆိုင်ရာ လာအိုနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံခဲ့ပြီး..

🔶🔶 နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်း နှီးမြှုပ်နှံမှုကဏ္ဍ၊ ခရီးသွားကဏ္ဍနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု အစရှိသည့် ကိစ္စရပ်များသာမက ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားရေးကိစ္စရပ်တို့အပေါ် ဆွေးနွေးခဲ့..

#ခင်ညိုချော

ခင် ညို ချော

31 Oct, 06:12


အာဏာရူးနေသော AA ကို ချင်းပြည်နယ်က အလိုမရှိဟု ကန်ပက်လက်ဒေသခံများဆန္ဒပြ

၃၁.၁၀.၂၀၂၄
Written By Zun

ချင်းပြည်နယ်တွင် အာဏာရူးနေသော AA ကို အလိုမရှိဟု ကန်ပက်လက်ဒေသခံများက ဆန္ဒပြခဲ့ကြကြောင်း ချင်းပြည် နယ်ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

ယင်းဆန္ဒပြပွဲတွင် “AA အလိုမရှိ၊ ချင်းပြည်က အမြန်ဆုံးထွက်ခွာသွားပါ၊ ချင်းလူမျိုးများ ညီညွတ်ရေး တည်ဆောက်ကြ၊ သွေးကွဲစေသည့် ရခိုင်သားအလိုမရှိ” စသည့် ပိုစတာများကိုင်ဆောင်၍ အောက်တိုဘာလ ၂၆ ရက်က ကန်ပက်လက်မြို့နယ်အတွင်း ဆန္ဒပြခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။

“ရခိုင်ကို မလိုတာမဟုတ်ဘူး။ ချင်းပြည်နယ်မှာအာဏာရူးနေတဲ့ AA ကိုအလိုမရှိတာ”ဟု ချင်းဒေသခံတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

ချင်းဒေသခံများက AA ကို ခေါ်ခဲ့သည့်အဖွဲ့မှာ ကန်ပက်လက် (CDF)ဖြစ်သောကြောင့် ယင်းအဖွဲ့တွင် တာဝန်ရှိကြောင်း၊ ထို့အတွက်လည်း လူမျိုးရေးပြဿနာမဖြစ်စေရန် လုပ်ဆောင်သင့်ကြောင်းလည်း ပြောဆိုနေကြ...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=80171

#AA #အာဏာရူး #အလိုမရှိ #ဆန္ဒပြ #CDF #ကန်ပက်လက် #MT #mtnews

ခင် ညို ချော

30 Oct, 09:55


မြန်မာအစိုးရနှင့် UNOCHA တို့အကြား ရှေ့ဆက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေး

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲနှင့် တွေ့ဆုံကာ မြန်မာအစိုးရနှင့် UNOCHA တို့အကြား ရှေ့ဆက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ အောက်တိုဘာ (၂၉) ရက်က နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်သည် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Mr. Sajjad Mohammad Sajid အား လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုသို့ တွေ့ဆုံစဉ် မြန်မာအစိုးရနှင့် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) တို့အကြား လတ်တလော ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခင် ညို ချော

30 Oct, 03:52


စစ်သွေးကြွ ကချင်တွေလည်း ငတ်တော့မယ်

ခင် ညို ချော

30 Oct, 03:32


လာအိုက ကျည်ဆံရထားနဲ့ မြန်မာ DEMU လေအေးစက်တပ်ရထား နှိုင်းယှဉ်ချက်
==============================*********
ရန်ကုန်နဲ့ ပဲခူး ခရီးတိုလေးကို DEMU လေအေးပေးရထားတွဲ ပြေးဆွဲနိုင်တာလောက်ကို မေမေလုပ်တယ်..ဖေဖေလုပ်တယ် အငြင်းပွားနေချိန်မှာ ဘာစစ်ပွဲ၊ လာလက်နက်ကိုင်မှ မရှိတဲ့ လာအိုလို ကုန်းတွင်းပိတ်နိုင်ငံမှာ ကျည်ဆံရထား ပြေးဆွဲနေပါပြီနော်…

ရန်ကုန်-ပဲခူး ကီလိုမီတာ ၆၀ ကျော်ကို ၂ နာရီခွဲလောက်ပြေးဆွဲနေတဲ့ DEMU ရထားပေါ်ကို အဆင့် ၃ ဆင့်ပါသံလှေခါးနဲ့ တက်ရပြီး ထိုင်ခုံနေရာမရှိလို့ ကြိတ်ကြိတ်တိုးစီးနေရတဲ့ မြန်မာနိုင်ငံက အောက်ခြေ လူတန်းစားတွေက ကျေနပ်နေချိန်မှာ လာအိုနိုင်ငံရဲ့ ရှေးဟောင်းမြို့တော် လော်ဘရာဘန်ကနေ ခေတ်သစ်မြို့တော် ဗီယန်ကျင်းအထိ ကီလိုမီတာ ၃၀၀ ကျော်ကို ၂ နာရီလောက်နဲ့ သက်တောင့်သက်သာ စီးနေရတဲ့ လာအိုပြည်သူများကို အားမကျနိုင်ပါဘူး…

ပေါက်ဖော်ကြီးရဲ့ ရင်းနှီးမြှုပ်နှံမှုကြောင့် လာအိုနိုင်ငံ ဗီယန်ကျင်းကနေ တရုတ် ယူနန် ကူမင်းအထိ ရောက်ရှိနေပြီး ထိုင်းနိုင်ငံအထိ ဆက်သွယ်သွားမဲ့ လာအို-ကျည်ဆံရထားဟာ အချိန်တိကျပြီး လက်မှတ်ကို ဘူတာရုံမှာသာမက Online ကနေ ဝယ်ယူနိုင်ပြီး သန့်ရှင်းသပ်ရပ်စနစ်ကျနမှုက ဖွံ့ဖြိုးပြီး နိုင်ငံများအဆင့်ရှိတယ်လို့ ဆိုပါတယ်…

လာအိုရထားနဲ့ မြန်မာရထား နှိုင်းယှဉ်ကြည့်ပြီး ပေါ်လာတဲ့ အတွေးတစ်ခုကတော့..

စစ်ပွဲတွေဖြစ်၊ အုပ်စုတွေကွဲ၊ မနာလိုစိတ်တွေများ၊ သူများမြှောက်ပေးတိုင်းမိုက်မဲနေတဲ့ မြန်မာပြည်သူ များ လာအိုနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကို မြင်အောင်ကြည့်ပြီး အသိတရားရှိရှိနဲ့ အေးချမ်းတည်ငြိမ် စည်းရုံးကြ စေချင်ပါတယ်ရှင့်…

ခင်ညိုချော

ခင် ညို ချော

28 Oct, 14:52


#CIA နဲ့ တရုတ်ကြီး ကြားက KIA

#နယ်စပ်ဂိတ်

ခင် ညို ချော

28 Oct, 14:49


ပြိုင်တိုင်း သရဖူရချင်ရင် ကိုယ့်ဘာသာ
ပြိုင်ပွဲကျင်းပပြီး ယူလို့ MGI ဥက္ကဌ ပြော
မြန်မာဒါရိုက်တာကို MGI ပြိုင်ပွဲဝင်ခွင့်ပါ ပိတ်သိမ်း

အောက်တိုဘာ ၂၈

ထိုင်းမီဒီယာ Khaosod English ရဲ့ ဖော်ပြမှုအရ
Miss Grand International ပြိုင်ပွဲ ဥက္ကဌ နာဝပ်ဟာ
မြန်မာ ကိုယ်စားပြုအလှမယ် သဲစုငြိမ်းနဲ့ မြန်မာ
National Director (ND) ထူးအံ့လွင်တို့ရဲ့ မတော်မလျှော်
ပြုမူလုပ်ဆောင်မှုတွေကြောင့် ဒီပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့်ကို
စာချုပ်ဖျက်သိမ်း လိုက်တယ်လို့ သိရှိရပါတယ်။

မြန်မာကိုယ်စားပြုအလှမယ် သဲစုငြိမ်း ခေါ်
သဲသဲဟာ နောက်ဆုံး ဆန်ခါတင်မယ်ရွေးပွဲမှာ
second runner-up (တတိယသရဖူဆုရှင်) သာ
ရရှိမှုအတွက် မျက်နှာပျက် ငိုယိုခဲ့သလို

ထူးအံ့လွင်ကလည်း သရဖူကို လက်မခံ
ရလဒ်ကို လက်မခံကြောင်း အခမ်းအနားအတွင်းမှာ
ရုပ်ပျက်ဆင်းပျက် တုံ့ပြန်ခဲ့လို့ မတော်မလျှော်
လုပ်ရပ်ဆိုပြီး မြန်မာကို MGI ပြိုင်ပွဲဝင်ခွင့်
ဖျက်သိမ်းလိုက်ကြောင်းနဲ့ ထူးအံ့လွင်ကို
ရာသက်ပန်ပြိုင်ပွဲက ပိတ်တယ်လို့ ဥက္ကဌ နာဝပ်က
ဒီနေ့မှာ အတည်ပြု ကြေညာလိုက်တာပါ။

နာဝပ်ဟာ သဲစုငြိမ်းရဲ့ ငယ်ရွယ်မှုနဲ့ ထူးချွန်မှုကို
အသိအမှတ်ပြုနိုင်သော်လည်း နိုင်ငံတကာအဆင့်
ပြိုင်ပွဲမှာ အရှုံး ဒဏ်ကို မခံနိုင်၊ အားကစားစိတ်ဓာတ်
မရှိဘဲ နံပါတ် (၁) အလှမယ် သရဖူရချင်ရင်

ကိုယ်တိုင် ပြိုင်ပွဲကျင်းပ၊ကိုယ့် သရဖူကိုယ်ယူ
ပြိုင်ဘက်တွေနဲ့ စိန်ခေါ်ရင်ဆိုင်ရတဲ့ဘယ်ပြိုင်ပွဲမျိုးမှ
ဝင်မပြိုင်သင့်တော့သူ၊ ကိုယ့်စိတ်ကူးယဉ်
ကိုယ့်ကမ္ဘာထဲမှာပဲ နေသင့်တယ်။

ဒါဇာတ်လမ်းအဆုံးသတ်ပဲလို့ ပြောသွားခဲ့ကြောင်းနဲ့
ထိုင်းသတင်းတွေမှာ ဒီသတင်းက လက်ရှိ
Trending အဖြစ်ဆုံး Topic တစ်ခုအဖြစ်
မီဒီယာများစွာက ဖော်ပြနေခဲ့ကြပါတယ်။

Ref: Khaosod English

ခင် ညို ချော

28 Oct, 09:46


ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲတွင် မြန်မာလှေလှော် အားကစားအဖွဲ့ ရွှေတံဆိပ်နှစ်ခုနှင့် ငွေတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိ

ခင် ညို ချော

28 Oct, 06:47


ပဲခူး - ရန်ကုန်နှင့် ရန်ကုန် - ပဲခူး ခရီးစဉ် အမှတ်(၁၆)အစုန်၊ အမှတ်(၁၅)အဆန် လေအေးစက်တပ် ခေတ်မီဒီဇယ်လျှပ်စစ် (DEMU) ရထား ခရီးသည်စီးနင်းမှုများပြား၍ ဘူတာများ၌ လက်တန်းပါသံလှေကားများ စီစဉ်ထားရှိ

အောက်တိုဘာ ၂၈

မြန်မာ့မီးရထားအနေဖြင့် ပြည်သူများခရီးသွားလာမှု လွယ်ကူအဆင်ပြေချောမွေ့စေရေးအတွက် ရထားလမ်းပိုင်းအသီးသီး၌ လူစီးရထားများ ပြေးဆွဲဆောင်ရွက်ပေးလျက်ရှိပြီး ခေတ်မီလေအေးပေးစက် ပါ DEMU ရထားတွဲဆိုင်းများ အသုံးပြု၍ ပဲခူး-ရန်ကုန် - ပဲခူး ခရီးစဉ်ကို ပြေးဆွဲပေးလျက်ရှိရာ ရထားစီးခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် အဆင့်မီမီလိုက်ပါစီးနင်းနိုင်ပြီး ပဲခူးမြို့တွင်းနှင့် ရန်ကုန်မြို့တွင်းသို့ ယာဉ်ကြောပိတ်ဆို့မှုမရှိဘဲ အချိန်တိုအတွင်း ရောက်ရှိစေကာ ဈေးနှုန်းသက်သာစွာဖြင့် စီးနင်းနိုင်မှုကြောင့် ခရီးသည်များ ကြိုက်နှစ်သက်ကြပြီး ရထားစီးခရီးသည် စီးနင်းမှုများပြား လျက်ရှိသည်။

အဆိုပါ အမှတ်(၁၆)အစုန် ပဲခူး-ရန်ကုန် DEMU ရထားသည် ပဲခူးဘူတာမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ ရန်ကုန်ဘူတာသို့ နံနက် ၈ နာရီ မိနစ် ၂၀ တွင် ရောက်ရှိပြီး အမှတ် (၁၅)အဆန် ရန်ကုန်-ပဲခူး DEMU ရထားသည် ရန်ကုန်ဘူတာမှ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ပြန်လည်ထွက်ခွာ၍ ပဲခူးဘူတာသို့ ည ၇ နာရီ ၅ မိနစ်တွင် ရောက်ရှိသဖြင့် ပဲခူးမှရန်ကုန်သို့ အလုပ်သွား အလုပ်ပြန်အဆင်ပြေမှုရှိကြောင်းနှင့် လမ်းခရီးတွင် ပုဇွန်တောင်၊ မလွှကုန်း၊ သင်္ဃန်းကျွန်း၊ တိုးကြောင်ကလေး၊ ရွာသာကြီး၊ လေးဒေါင့်ကန်၊ ဒါးပိန်၊ ကော့ချဲ၊ ထုံးကြီး၊ ကျောက်တန်း၊ တာဝ၊ ဘုရားသုံးဆူ စုစုပေါင်း ၁၂ ဘူတာ၌ ရပ်တန့်ပေးခြင်းကြောင့် လမ်းခရီးတွင် လိုက်ပါစီးနင်းကြသူ များအတွက်ပါ အဆင်ပြေမှုရှိပြီးရထားစီးခရီးသည် စီးနင်းမှုများပြားခြင်းဖြစ်သည်။ မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသွားပြည်သူများ စိတ်ချမ်းမြေ့စွာ ခရီးသွားလာနိုင်စေရေး အဆိုပါရထားအတွက် ဘူတာများတွင် လက်တန်းပါသံလှေကားများ ပြုလုပ်တပ်ဆင် ပေးထားပြီး ရထားဆိုက်ရောက်/ ထွက်ခွာချိန်များ၌ အဆင်ပြေလွယ်ကူစွာ လိုက်ပါစီးနင်းနိုင်စေရေး စီစဉ်ထားရှိကြောင်း သတင်းရရှိသည်။

ခင် ညို ချော

28 Oct, 02:49


မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အား အပြည့်အဝ ရရှိရန် ဆောင်ရွက်နေကြောင်း ဝန်ကြီးပြောကြား

ခင် ညို ချော

27 Oct, 14:34


နစက ဒုဥက္ကဌ နှင့် တရုတ်သံအမတ်ကြီး တွေ့ဆုံ

ခင် ညို ချော

27 Oct, 08:52


ဂျာမန်လွှတ်တော်အမတ်ကြီးပေးတဲ့ သင်ခန်းစာ
============****==================
လတ်တလော နိုင်ငံတကာမှာ လူစိတ်ဝင်စားနေတဲ့
သတင်းလေးတစ်ပုဒ်အကြောင်း ပြောပြချင်ပါတယ်…

ဂျာမန်လွှတ်တော်ထဲမှာ
ယူကရိန်းဖက်ကို အမြဲအလွန်အကြူးထောက်ခဲ့တဲ့
ဂျာမန်အမတ်အမျိုးသမီးကြီးက

“နေတိုးစစ်သားတွေ ယူကရိန်းစစ်ဝတ်စုံဝတ်ပြီး
ယူကရိန်းနိုင်ငံထဲ စစ်တိုက်လွှတ်လိုက်” လို့ ပြောတာကို
ဂျာမန်ပြည်သူတွေက အုံးအုံးကြွက်ကြွက်
ဝိုင်းပြီးတုန့်ပြန်ပြောတာက

“ခင်ဗျားရဲ့သားနဲ သမီးကို ယူကရိန်းစစ်ဝတ်စုံဝတ်ပြီး
ယူကရိန်းစစ်ထဲ အရင်လွှတ်လိုက်ပါ
လွှတ်တော်ထဲကနေ လေနဲ့ မြှောက်ပေးမနေနဲ့” တဲ့

စဉ်းစားတွေးခေါ် ဉာဏ်အပြည့်ရှိတဲ့ ဂျာမန်လူထုရဲ့တုန့်ပြန်အသံကြောင့်
အဲ့လွှတ်တော်အမတ် ငြိမ်ကုတ်နေပါတယ်…

အဲ့ဒီဖြစ်စဉ်ကြောင့် အတွေးလေးတစ်ခုပေါ်လာတာက
မြန်မာနိုင်ငံမှာလည်း ပြည်ပတိမ်းရှောင်နေတဲ့ NUG ၊ CRPH က ပုဂ္ဂိုလ်တွေက
လေထဲကနေ PDF လေးတွေကို မြှောက်ပေးနေပြီး
သူတို့ရဲ့ သား၊ သမီးတွေကိုတော့
ပြည်ပနိုင်ငံကြီးတွေမှာ ပညာသင်ကြားခိုင်းနေကြတာပဲဖြစ်ပါတယ်…

ပြည်တွင်းလက်နက်ကိုင်လမ်းစဉ်ကို ထောက်ခံသူများ၊ PDF လေးတွေရဲ့ မိဘပြည်သူများ၊ ဂျာမန်လွှတ်တော်အမတ်ကို ဂျာမန်ပြည်သူတွေ ပြောတဲ့စကားသံကြားစေချင်ပါတယ်…

ခင်ညိုချော

ခင် ညို ချော

27 Oct, 04:11


မစိုးရိမ်ကြပါနဲ့၊ အစိုးရက သူ့အလုပ်သူလုပ်ပါလိမ့်မယ်...

ခင် ညို ချော

25 Oct, 04:37


လှုံ့ဆော်ဝါဒဖြန့်သူ့ Dr နေစိုးမောင် အဖမ်းခံရ

ခင် ညို ချော

25 Oct, 04:05


NLD ပါတီ မှတ်ပုံတင် ပြန်လျှောက်ထားမယ်ဆိုရင်

ခင် ညို ချော

24 Oct, 12:03


အကြမ်းဖက်မှုတိုက်ဖျက်ရေး INTERPOL ဥက္ကဌနဲ့ မြန်မာနိုင်ငံရဲချုပ်တွေ့ဆုံ
ဆွေးနွေး

အောက်တိုဘာ-၂၄

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ ၄၂ ကြိမ်မြောက် အာဆီယံရဲတပ်ဖွဲ့
ညီလာခံကို အာဆီယံနိုင်ငံတွေက ရဲချုပ်တွေအပြင် အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့
(INTERPOL) ဥက္ကဌကပါ တက်ရောက်ခဲ့တယ်လို့ သိရတယ်။

ဒါ့အပြင် ဆွေးနွေးဖက်နိုင်ငံတွေဖြစ်တဲ့ ရုရှား၊ တရုတ်၊
ဩစတြေးလျ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနဲ့ လေ့လာသူတွေဖြစ်တဲ့
အရှေ့တီမော၊ ICRC၊ UAE တို့ စုံစုံညီညီတက်ရောက်ခဲ့တယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့တော့ ဒီအစည်းအဝေးမှာ
မူးယစ်ဆေးဝါး၊ လူမှောင်ခို၊ အကြမ်းဖက်ဝရမ်းပြေးဖမ်းဆီးရမိရေး၊
လက်နက်မှောင်ခိုနဲ့ ကျားဖြန့်ကိစ္စတွေကို
အထူးအလေးထား ဆွေးနွေးခဲ့နိုင်တဲ့အပြင်
နိုင်ငံတကာရဲတပ်ဖွဲ့တွေနဲ့ နိုင်ငံဖြတ်ကျော်မှုခင်းတွေမှာ
ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အခွင့်အလမ်းကောင်းတွေ ရရှိခဲ့တယ်။

အထူးသဖြင့် INTERPOL ဥက္ကဌ၊ ထိုင်းရဲချုပ်တို့နဲ့လည်း
သီးခြားဆီတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံက အကြမ်းဖက်အဖွဲ့အဖြစ်
သတ်မှတ်ထားတဲ့ NUG၊ CRPH၊ PDF အဖွဲ့က
ဝရမ်းပြေးတွေအနေနဲ့ ပြည်ပနိုင်ငံတွေမှာ ခိုလှုံပြီး
လှုပ်ရှားနေတာတွေကို ထိန်းချုပ်ဖို့နဲ့ ဖမ်းဆီးနိုင်ဖို့
နည်းလမ်းတွေကိုလည်း ရှာဖွေ ဖော်ထုတ်
ဆွေးနွေးခဲ့တယ်လို့ သိရတယ်။

INTERPOl နဲ့ ASEANPOL တို့ကြားမှာ အကြမ်းဖက်မှု
နှိမ်နင်းတိုက်ဖျက်ရေးသဘောတူညီချက်အရ
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ဝရမ်းပြေးလို့
ထုတ်ပြန်ထားတဲ့ တရားခံပြေးတွေကို ဖမ်းပြီး
မြန်မာနိုင်ငံကို ပြန်လွှဲပေးဖို့ကိုလည်း ဆွေးနွေးခဲ့တယ်လို့
သိရပါတယ်။


မင်းခန့်

ခင် ညို ချော

24 Oct, 10:55


ပေါက်ဖော်ကြီး ပြလိုက်တဲ့ လှပတဲ့ ရိုက်ချက်
================================
UWSA ၊ MNDAA ၊ KIA ၊ SSA ၊ TNLA နဲ့ AA အဖွဲ့တွေထိန်းချုပ်ထားတဲ့ နယ်မြေကနေ စိတ်ကြွဆေးနဲ့ အိုက်စ်တွေထုတ်လုပ်ဖို့ ဓာတုဆေးဝါးတွေကို တရုတ်နဲ့ အိန္ဒိယက အဓိက တင်သွင်းရပါတယ်။

တရုတ်က နယ်စပ်ဂိတ်တွေ တင်းတင်းကျပ်ကျပ် ပိတ်လိုက်တော့ ဓာတုဆေးဝါးမရလို့ အဲ့ဒီနယ်မြေက ထွက်ရှိမဲ့ မူးယစ်ဆေးဝါးတွေ သိသိသာသာ လျော့နည်းသွားမှာ ဖြစ်တယ်။

ပေါက်ဖော်ကြီးရဲ့ လှပတဲ့ရိုက်ချ​​က်​ကြောင့် ထုတ်လုပ်သူ UWSA၊ MNDAA၊ SSA တို့ ကြီးမားစွာအထိနာပြီး မူးယစ်ဆေးဝါး သယ်ဆောင်၊ ရောင်းချပြီး စစ်အသုံးစရိတ်ရှာနေရတဲ့ KIA ၊ AA နဲ့ TNLA အဖွဲ့တွေအတွက် ကြီးမားတဲ့ အကြပ်အတည်းဖြစ်ပါတယ်။

တရုတ်ကြီးက သိသိကြီးနဲ့ သူ့စကား နားမထောင်သူတွေကို ပြလိုက်တဲ့အကွက် သိပ်လှပါတယ်နော်…..

ခင်ညိုချော

ခင် ညို ချော

24 Oct, 06:36


ကိုယ့်ယုံကြည်ချက်အရ
တောထဲမှာ ခက်ခဲပင်ပန်းနေတဲ့ အနုပညာရှင်တွေ.....

သူများနိုင်ငံမှာ မျက်နှာငယ်စွာနဲ့ ရုန်းကန်နေရတဲ့ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ ...

ဆူရှီလိပ်ပြီး မိသားစု စားဝတ်နေရေး ကြိုးစားနေရတဲ့ အဆိုတော်နဲ့
ပြည်ပမှာ လူရာမဝင်၊ အထင်မကြီး၊ လူချစ်မခံရတဲ့ ပြည်ပြေးအနုပညာရှင်တွေ...

ဘယ်လိုပဲ မနာလိုဖြစ်ဖြစ်၊ ဝေဖန်ပြစ်တင်ရှုတ်ချကြပေမဲ့
သဘင်ပညာကို မြတ်နိုးတဲ့ သဘင်ပညာရှင်တစ်ယောက်အနေနဲ့
သဘင်ရိုးရာအမွေအနှစ်ကို ထိန်းသိမ်းလက်ဆင့်ကမ်းဖို့ လုပ်သင့်တာ လုပ်နေတာကို အသိအမှတ်ပြုပါတယ်။

ခင်ညိုချော

ခင် ညို ချော

23 Oct, 11:46


ထိုင်းနိုင်ငံထဲသို့ ခိုး၀င်လာသည့် PDF ၁၃ ဦး ထိုင်းရဲမှ  ဖမ်းဆီး

မြဝတီမြို့မှ ထိုင်းနိုင်ငံသို့ တရားမဝင် ခိုးဝင်လာသူ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၆ ဦးကို ဖမ်းမိခဲ့ကြောင် ထိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားပြီး  ဖမ်းဆီးရမိသူများမှ မြန်မာနိုင်ငံတွင် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့သည့်အထောက်အထားများတွေ့ရကြောင်း ထုတ်ပြန်ထား။

ခင် ညို ချော

23 Oct, 11:33


🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲

21-10-2024 ရက်နေ့ ယနေ့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ လေ့ကျင့်ရေးကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၆)ဖွင့်လှစ်။

#PMS

ခင် ညို ချော

17 Oct, 03:37


■ သီတင်းကျွတ် လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့) တွင် ရွှေတိဂုံစေတီတော်၌ ဘုရားဖူး လာရောက်သူ များပြား

သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) တွင် ရွှေတိဂုံစေတီတော်သို့ ဘုရားဖူး လာရောက်သူ များပြားခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁၇ ရက် (မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် ၊ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့) တွင် ရွှေတိဂုံစေတီတော်သို့ လာရောက် ဖူးမြှော်သူ များပြားခဲ့သည်။

ရွှေတိဂုံစေတီတော်တွင် နံနက် အရုဏ်တက်ချိန်မှစ၍ ဆွမ်းတော်ကြီးကပ်သူများ၊ ဆီမီးပူဇော်သူများ၊ ပန်းရေချမ်းကပ်သူများ၊ ကန်တော့ပွဲ ကပ်လှူသူများ၊ရွှေသင်္ကန်းကပ်လှူသူများ၊ ဘုရားဖူးများ၊ အလှူဒါနပြုသူများ၊ အလှူခံများဖြင့် စည်ကားခဲ့ပြီး ဘုရားရင်ပြင်ပေါ်၌ ဘုရားဖူးများဖြင့် ပြည့်နေခဲ့ကြောင်းသိရသည်။

#ခင်ညိုချော

ခင် ညို ချော

17 Oct, 03:35


#နစက ဥက္ကဋ္ဌ
#NCA

ခင် ညို ချော

15 Oct, 06:19


မြန်မာ့ရိုးရာ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ
၂၀၂၄

ခင် ညို ချော

14 Oct, 09:03


မြန်မာပြည်တွင်းစစ် ချက်ချင်းရပ်တန့်ဖို့နဲ့ ငြိမ်းချမ်းရေးကို အမြန်ဆုံးဆွေးနွေးကြဖို့ အာဆီယံအစည်းအဝေးက ကြေညာချက်ထုတ်

𝙈𝙃𝙏𝙉𝙀𝙒𝙎 (14~Oct)

လက်ရှိဖြစ်ပွါးနေတဲ့ မြန်မာနိုင်ငံအတွင်းက ပြည်တွင်းစစ်ကို ချက်ချင်းရပ်တန့်ကြဖို့နဲ့ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးကို အမြန်ဆုံးဆွေးနွေးကြဖို့ အာဆီယံအစည်းအဝေးက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်၊ ရုရှား၊ တရုတ်၊ ဂျပန်၊ အိန္ဒိယနဲ့ တောင်ကိုရီးယားတို့က သံတမန်တွေ ပါဝင်တဲ့ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ အစည်းအဝေးကို လာအိုနိုင်ငံမှာ ကျင်းပခဲ့တာဖြစ်ပြီး အစည်းအဝေးပြီးဆုံးစဉ်မှာ အစည်းအဝေးရဲ့ သဘောထားကို အာဆီယံ ဥက္ကဋ္ဌက ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

မြန်မာပြည်တွင်းမှာ ဖြစ်ပွါးနေတဲ့ စစ်ပွဲတွေ အဆုံးသတ်ရေးအပါအဝင် တောင်တရုတ်ပင်လယ်အတွက် နိုင်ငံတကာဥပဒေအပေါ် အခြေခံတဲ့ ကျင့်ဝတ်ဆိုင်ရာ သဘောတူညီချက်ကို အမြန်လက်ခံဖို့ အာဆီယံခေါင်းဆောင်တွေက ယမန်နေ့ အောက်တိုဘာ ၁၃ ရက်နေ့က တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံလူဦးရေရဲ့ သုံးပုံတစ်ပုံကျော်ဖြစ်တဲ့ လူဦးရေ ၁၈ ဒသမ ၆ သန်းမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ လိုအပ်နေသေးနေသေးတယ်လို့ အာဆီယံက...

Read More... https://telegra.ph/Myanmar-Hard-Talk-10-14-10

ခင် ညို ချော

14 Oct, 08:18


သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လယ်မြေတွေမှာ ကောက်စိုက်စက်များဖြင့် အခမဲ့ စိုက်ပျိုးပေး

ခင် ညို ချော

14 Oct, 08:12


Oct 14

Breaking News
ထားဝယ်ကမ်းနားစျေးမှာ ဗုံးပေါက်
=======================
အောက်တိုဘာလ ၁၄ ရက်

ထားဝယ်မြို့ပေါ်က ကမ်းနားစျေးမှာ ဒီနေ့မနက်ပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

အခုမနက် ၁၁ နာရီ‌ကျော်လောက်မှာ ကမ်းနားစျေးရဲ့ အနောက်ဘက်ခြမ်းက ဆိုင်ကယ်နဲ့ကားတွေရပ်နားထားတဲ့ နေရာမှာ ပေါက်ကွဲမှုတစ်ကြိမ်ဖြစ်ပွားခဲ့တာပါ။

"ကျမကြားတာ အသံတစ်ချက်ပဲ။ တော်တော်ကိုကျယ်တယ်။ မီးခိုးတွေတောင်ထွက်လာတယ်" လို့ ကမ်းနားစျေးမှာ စျေးရောင်းနေတဲ့ စျေးသည်အမျိုးသမီးတစ်ဦးကပြောပါတယ်။

အဲဒီပေါက်ကွဲမှုကြောင့် လူထိခိုက်မှုတော့မရှိခဲ့ဘူးလို့ ကနဦးသိရပါတယ်။

ခင် ညို ချော

13 Oct, 07:05


အိပ်ပျော်နေတဲ့ မြန်မာ့နိုင်ငံခြားရေးအသံထွက်လာပါပြီ...

ခင် ညို ချော

13 Oct, 06:21


ရန်ကုန်မှာရှိတဲ့ သံတမန်လို့ သိရပါတယ်..

သံတမန် diplomacy အရ သူ့နာမည်တော့ မပြောတော့ပါဘူး..

သေချာတာတော့ အနောက်အုပ်စု နိုင်ငံတွေက အဲ့ဒိပုဂ္ဂိုလ်အပေါ် ထားရှိ​တဲ့ သဘောထားကိုတော့ သိရပါတယ်..

ခင် ညို ချော

11 Oct, 13:17


နိုင်ငံရေးပါတီများအတွက် အခွင့်အလမ်းကောင်းဖြစ်တဲ့ မုန်းတိုင်းသင့် ကယ်ဆယ်ရေးလုပ်ငန်း
=========================
အမေရိကန် ဖလော်ရီဒါမှာ တစ်နာရီ ကီလိုမီတာ ၂၅၀ နှုန်းလောက်နဲ့ Milton လို့ အမည်ပေးထားတဲ့ Hurricane ကြီး တိုက်ခတ်နေပါတယ်။

လွန်ခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း ဒီပြည်နယ်မှာ တစ်နာရီကို ၂၂၅ ကီလိုမီတာနှုန်းနဲ့ Helene မုန်တိုင်းတိုက်လို့ သေဆုံးသူ ၂၂၇ ဦးရှိပြီး ပျောက်ဆုံးသူ ရာချီ ရှိခဲ့ပါတယ်။

Helene က အဆင့် ၄ ဖြစ်ပြီး အခု Milton က အဆင့် ၅ ဖြစ်လို့ ဖလော်ရီဒါမှာ လူတွေ သန်းချီပြီး မုန်တိုင်းလွတ်ရာ ထွက်ပြေးနေကြရပါတယ်။

အဲ့ဒီမုန်တိုင်းကြောင့် သမ္မတဘိုင်ဒင်ရဲ့ ဂျာမနီခရီးစဉ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ရဲ့ အာဆီယံအပြန် ဂျာမနီခရီးစဉ်ကို ဖျက်သိမ်းပြီး ကယ်ဆယ်ကူညီရေးလုပ်ဖို့ ပြင်ဆင်နေကြရပါတယ်။

မကြာမီ အမေရိကန်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလမှ မုန်တိုင်းသင့်ပြည်သူတွေကို ကယ်ဆယ်ရေးတွေ ဖိဖိစီးစီးလုပ်ပြပြီး မဲဆွယ်ဖို့ ဘိုင်ဒင်အတွက် အခွင့်ရေးကောင်းဖြစ်သလို ပြည်သူထံက ကောက်ယူထားတဲ့ အခွန်ဘဏ္ဍာတွေကို ယူကရိန်းစစ်မှာ ဘီလျံနဲ့ချီပြီး သုံးနေပေမဲ့ မုန်တိုင်းကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ထိထိရောက်ရောက်မသုံးတဲ့အတွက် ဘိုင်ဒင်အစိုး၇ ဝေဖန်ခံနေရပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာလည်း ရာဂိမုန်တိုင်းသင့်ပြည်သူတွေကို နစကအစိုးရက အလေးထားကူညီကယ်ဆယ်မှုတွေ ပြုလုပ်နေသလို ကြံ့ခိုင်ရေးလို အင်အားကြီးပါတီကလည်း ရေဘေးသင့် ဒေသတွေမှာ ကူညီကယ်ဆယ်ရေးတွေလုပ်ပြပြီး ပြည်သူတွေကို စည်းရုံးရေးလုပ်ပြနေပါတယ်။

ရာသီဥတု ဖောက်လွှဲဖောက်ပြန်ဖြ
စ်မှုတွေကြောင့် ကမ္ဘာအနှံ့ဖြစ်ပေါ်နေတဲ့ သဘာဝဘေးအန္တရာယ်တွေက သက်ဆိုင်ရာနိုင်ငံအစိုးရတွေကို ဆိုးကျိုးများစွာဖြစ်ပေါ်စေသလို လုပ်တတ်ကိုင်တတ်ရင် ပြည်သူမေတ္တာ အပြည့်ရနိုင်တဲ့ အခွင့်အလမ်းကောင်းတွေဖြစ်ပါတယ်။

ခင်ညိုချော

ခင် ညို ချော

11 Oct, 08:34


တရားမဝင်ကုန်သွယ်မှုတွေနဲ့ သယံဇာတပစ္စည်း ထုတ်လုပ်နေမှုတွေကို ထိထိရောက်ရောက် တားဆီးစစ်ဆေးအရေးယူဖို့လိုပါတယ်..

ခင် ညို ချော

11 Oct, 04:28


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ (၁၈)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေးသို့တက်ရောက်မည့် အာဆီယံရေတပ်အကြီးအကဲများနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ လာရောက်ဂါရဝပြုတွေ့ဆုံ