Saw Nay Thar Channel @sawnaythar Channel on Telegram

Saw Nay Thar Channel

@sawnaythar


Facebookမှာ ခဏခဏ အပိတ်ခံရလို့ဖွင့်လိုက်တာဖြစ်ပါတယ်

Saw Nay Thar Channel (Burmese)

ဆောန်ဒါးကြောင်းချက်သည် ခဏခဏ အပိတ်ခံရလို့ဖွင့်လိုက်တာဖြစ်ပါတယ်။ 'Saw Nay Thar Channel' သည် 'sawnaythar' အားဖွင့်နေပါသည်။ ဤခေတ်စားလျင်မှုက ဖေါ်ပြထားသောအခါ Who is it? နှင့် What is it? အလိုအလျောက်အောင်ဖြစ်သည်။ အခုလော့ဂ်ကတွေကို အနည်းဆုံး ၁၀၀၀ စာလို လေ့လာလျက်ရှိနိုင်ပါသည်။

Saw Nay Thar Channel

15 Oct, 17:01


ဒီအကောင့်သုံးနေပါတယ်

Saw Nay Thar Channel

15 Oct, 16:53


ကျွန်တော် Saw Nay Thar facebook အကောင့်ကို အခုချိန်ထိပြန်ဝင်လို့မရသေးပါဘူး
Telegramကိုတော့ ဒီည ပြန်ရပါပြီး။
အခုလောလောဆယ် သုံးနေတဲ့ Facebook အကောင့်တစ်ခုကို follow ထားလို့ရအောင် လင့်ပို့ထားလိုက်ပါ့မယ်။

အားလုံးကို ကျေးဇူး တင်ပါတယ်။

https://www.facebook.com/profile.php?id=61566875692006&mibextid=ZbWKwL

Saw Nay Thar Channel

12 Sep, 07:38


မြဝတီဘက်မှဆင်းလာသည့် ကား​​တွေထဲ ၁၄/ မှတ်ပုံတင်ကိုင်​ဆောင်ထားသူများပါမပါ ထီလုံ​ခွေးတပ်ရင်း​ရှေ့မ​ရောက်ခင် အရိုးကိုက် BGF ဂိတ်မှ အထူးစစ်​ဆေး​နေပြီး ပြည်မထဲပြန်လည်ဝင်​​ရောက်ခွင့်ကို ထီလုံရဲ​ခွေးစခန်းမှူးမှ ပိတ်ထားဟု သတင်းရရှိ

Saw Nay Thar Channel

09 Sep, 07:05


Update News- ယနေ့ စက်တင်ဘာလ ၉ ရက်နေ့ တစ်ရက်လုံး လေယာဉ်ဖြင့် ဗုံးကျဲမှုများ နေရာအနှံ့အပြားတွင် ဆောင်ရွက်ရန်ရှိနေ၊ လေတပ်အသီးသီးမှ ယနေ့ ပျံသန်းရမည့် လေယာဉ် စာရင်း များပြားနေပြီး ရန်နိုင်မင်း စစ်ဆင်ရေး ဆောင်ရွက်နေဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၉

အကြမ်းဖက်စစ်ကောင်စီက ယနေ့ စက်တင်ဘာလ ၉ ရက်နေ့ တစ်ရက်လုံး နေ့အချိန်နှင့် ညအချိန်တွင်ပါ လေယာဉ်ဖြင့် ဗုံးကျဲမှုများ နေရာအနှံ့အပြားတွင် ဆောင်ရွက်ရန်ရှိနေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်(ဖရဲသီး)က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

"ဒီနေ့ လေတပ်အသီးသီးက ပျံသန်းမယ့် အတက် တိုက်လေယာဉ် List တွေ များနေတယ်။ ရန်နိုင်မင်း စစ်ဆင်ရေးအောက်မှာ ပျံသန်းကြမှာ။ လေယာဉ်အတက်များတာက ဗုံးကျဲမှုတွေ များနိုင်တဲ့သဘောပါ။ ဒီနေ့ တစ်နေ့လုံး ၊တစ်ရက်လုံး၊ တစ်ညလုံး လွတ်မြောက်နယ်မြေဘက်တွေ သတိထားရမယ်ထင်ပါတယ်" ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်(ဖရဲသီး) က ပြောဆိုသည်။

ယနေ့ နံနက် ၁၀ နာရီ ၂၈ မိနစ်အချိန် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို င် အကြမ်းဖက်စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးများ ထပ်မံကျဲချသဖြင့် ပြည်သူများထိခိုက်မှုရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီ ၂၈ မိနစ်အချိန် စစ်ကောင်စီက လားရှိုးမြို့ ရပ်ကွက် ၁ အတွင်းသို့ လေယာဉ်ဖြင့် ဗုံး ၂ လုံး ကျဲချခြင်းဖြစ်ကြောင်း၊ လေယာဉ်ဖြင့် ဗုံးကျဲချမှုကြောင့် လတ်တလော ပြည်သူများ ထိခိုက်မှုရှိကြောင်း၊ အသေးစိတ်ကို မသိရှိရသေးကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

"ရပ်ကွက် ၁ ၊ ဗျူဟာလမ်းနဲ့ တိုင်းရုံးဘက်လို့ ပြောတယ်။ ပြည်သူတွေ ထိခိုက်မှုရှိတယ်။ အကုန်လုံး ထွက်ပြေးနေရတယ်။ အဆောက်အအုံတွေ ပြိုကုန်တယ်။ ကားတွေလည်း ထိကုန်တယ်။ လေယာဉ်က ဝဲနေတုန်းပဲ။ ဗုံး ၂ လုံးကျဲပြီးသွားတာတောင် ထပ်ဝဲနေတယ်" ဟု လားရှိုးဒေသပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ နံနက်ပိုင်း စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုမှာ တတိယအကြိမ်ဗုံးကျဲမှုဖြစ်ပြီး ပထမအကြိမ်အဖြစ် သြဂုတ် ၃၀ ရက်နေ့ ညနေ ၄ နာရီအချိန်တွင်လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် စက်တင်ဘာ ၈ ရက်နေ့ နံနက် ၄ နာရီတွင်လည်းကောင်း လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက "ရန်နိုင်မင်း စစ်ဆင်ရေး" အမည်ဖြင့် ဆုံးရှုံးထားသော နယ်မြေများအားလုံးကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်ရန် စစ်ဆင်ရေးတစ်ရပ်ကို စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်လိုက်ပြီး ယင်းစစ်ဆင်ရေးမှာ နိုင်ငံအဆင့် စစ်ဆင်ရေးဖြစ်ကာ လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်ထိုးစစ်များကို အချိန်မရွေး ဆောင်ရွက်နေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က အတည်ပြု ပြောဆိုထားသည်။

ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင် Su 30 အမျိုးအစား တိုက်လေယာဉ် သစ်ကို စစ်ဆေးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

Saw Nay Thar Channel

28 Aug, 13:48


သံတွဲက လက်ကျန် မောင်ရွှေလေးရေတပ်စခန်းကို AA သိမ်းပိုက်၊
စစ်ကောင်စီအလောင်းနဲ့ ဒဏ်ရာရသူတွေကို စစ်တွေသို့ သယ်ဆောင်

CJ Platform

ရခိုင်ပြည်(တောင်ပိုင်း)၊ သံတွဲမြို့ရှိ လက်ကျန် မောင်ရွှေလေးရေတပ်စခန်းကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်နိုင်ပြီဖြစ်တယ်လို့ CJ Platform ရဲ့ သတင်းရင်းမြစ်ထံမှ သိရပါတယ်။

“မောင်ရွှေလေး Sold Out သွားပြီ။ အလောင်းနဲ့ ဒဏ်ရာရသူတွေကို ရေယာဉ်နဲ့ စစ်တွေကိုသယ်သွားပြီ။ စစ်သင်္ဘောတွေတော့ကျန်သေးတယ်။ ရမ်းပစ်နေသေးတယ်” လို့ ၎င်းက ပြောပါတယ်။

အဲဒီရေတပ်ကို ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက် မနက်ပိုင်းမှာ အာရက္ခတပ်တော် AA က စတင် ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ငါးရက်အတွင်း သိမ်းပိုက်လိုက်နိုင်တာဖြစ်ပါတယ်။

စတင်တိုက်ခိုက်ချိန်မှာလည်း စစ်ကောင်စီရေတပ်က ဗိုလ်မှူးဖြိုးမောင်မောင်အပါအဝင် ရေတပ်သား ဆယ်နဲ့ချီ သေဆုံးခဲ့တယ်လို့ CJ Platform ရဲ့ တပ်တွင်း သတင်းရင်းမြစ်က ပြောကြားထားပါတယ်။ ဒါ့အပြင် အဲဒီနေ့တိုက်ပွဲအတွင်း ရိက္ခာတင် သင်္ဘောတစ်စင်းလည်း ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

လတ်တလော အာရက္ခတပ်တော် AA တပ်တွေဟာ ရခိုင်တောင်ပိုင်း၊ ဂွမြို့နယ်အတွင်းက ကျိန္တလီမြို့ကို တိုက်ခိုက်နေသလို ဂွမြို့ကိုလည်း တိုက်ခိုက်တော့မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

🖋ကိုထားဝယ်

ဓာတ်ပုံ - AA

#CJPlatform #ရခိုင်ပြည်(တောင်ပိုင်း) #သံတွဲမြို့

Saw Nay Thar Channel

28 Aug, 13:22


သံတွဲရှိ မောင်ရွှေလေး ရေတပ်စခန်းကြီးကို AA သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီက ပထမဆုံးအကြိမ် လက်လွှတ်ခဲ့ရသည့် ရေတပ်စခန်းဖြစ်လာ

ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၈ရက်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ မောင်ရွှေလေး ရေတပ်စခန်းကို အာရက္ခတပ်တော် (AA) က သိမ်းယူ လိုက်ပြီဖြစ်ကြောင်း သိရသည်။

သံတွဲမြို့နယ်တွင် နောက်ဆုံးကျန်ရှိနေသည့် စစ်ကောင်စီ၏ မောင်ရွှေလေးရေတပ်စခန်းကို ယနေ့ ဩဂုတ် ၂၈ ရက် နံနက်ပိုင်းတွင် AA က သိမ်းယူလိုက်ပြီး လက်နက်ခဲယမ်းများပါရရှိကာ နယ်မြေရှင်း လင်း ရေးလုပ်ဆောင်နေကြောင်း သိရသည်။

"ထွက်ပြေးသွားသူတွေကို လိုက်လံဖမ်းဆီးနေပါတယ်။ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီလို့ သိထားပါတယ်" ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၅ ရက်နေ့က မောင်ရွှေလေးရေတပ်စခန်းတွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲပြင်း ထန်စွာဖြစ်ပွားခဲ့ပြီး AA က ရှော့တိုက်ဒုံးများဖြင့်ပါ ပစ်ခတ်ခဲ့သည့်အတွက် စစ်ကောင်စီဘက်မှ ဗိုလ်မှူး နှင့် အရာရှိများပါ သေဆုံးခဲ့ကြပြီး စစ်သင်္ဘောများပါ ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက အလံဖြူထောင်ကာ စခန်းစွန့်ခွာထွက်ပြေးသူများ ယမန်နေ့ကအထိရှိ ‌ခဲ့ပြီး ယနေ့ နံနက်တွင် AA က စခန်းသိမ်းယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အလံဖြူထောင်ကာ ထွက်ပြေးသွားကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရေတပ်အနီးရှိ တောင်ပေါ်နှင့် ကျေးရွာများအတွင်းသို့ ဝင်ရောက်ထွက်ပြေး သွားကြကြောင်း သိရသည်။

စစ်ကောင်စီဘက်က လေကြောင်းမှ တိုက်ခိုက်ခဲ့သည့် အတွက် မော်ရုံကျေးရွာအတွင်း အရပ်သား ဒါဇင်နှင့်ချီသေဆုံးမှုရှိကြောင်း သိရသည်။

ယခု မောင်ရွှေလေးရေတပ်စခန်းကို ဆုံးရှုံးလိုက်ရ ခြင်းမှာ စစ်ကောင်စီအတွက် ပထမဦးဆုံးရေတပ်စခန်းကြီးကို လက်လွှတ်လိုက်ရခြင်းဖြစ်ပြီး မောင်ရွှေလေးရေတပ်စခန်းကို ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်နေ့မှစတင်ကာ AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး တစ်လကျော်ကြာ တိုက်ခိုက်ခဲ့ရခြင်းဖြစ် သည်။

စစ်ကောင်စီသည် မောင်ရွှေလေး ရေတပ်စခန်း တပ်မကျစေရေးအတွက် စစ်ကောင်စီက ကြည်း၊ရေ၊လေမှ စစ်ကူဖြည့်ကာ လက်နက်ကြီးများဖြင့် ခုခံမှုပြုလုပ်ခဲ့သော်လည်း သံတွဲတွင် လေဆိပ်သာမကဘဲ ရေတပ်စခန်းကိုပါ ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

ပုံစာ-သံတွဲရှိ မောင်ရွှေလေးရေတပ် ကို စစ်ခေါင်းဆာင်သွားရောက်ခဲ့စဥ် (ပုံဟောင်း)

#ရခိုင် #သံတွဲ #မောင်ရွှေလေး #ရေတပ်စခန်း #AAသိမ်းပိုက် #Ayeyarwaddy_Times

Saw Nay Thar Channel

26 Aug, 04:55


လားရှိုးကဲ့သို့ မြို့ပြတိုက်ပွဲများဖြစ်ပွားလာလျှင် အသက် ၃၅ နှစ် အထက် သက် ကြီးပိုင်း အမျိုးသားများ ပါဝင်သော ပြည်သူ့လုံခြုံရေးအဖွဲ့များက အဓိက ခုခံစစ်အဖြစ် တိုက်ပွဲဝင်ရမည်ဟု စစ်ကောင်စီက ညွှန်ကြား

ဘားအံ၊ ဩဂုတ် ၂၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကဲ့သို့ မြို့ပြုတိုက်ပွဲများ ဖြစ်ပွားလာပါက အသက် ၃၅ နှစ်အထက် သက်ကြီးပိုင်း အမျိုးသားများ ပါဝင်သော ပြည်သူ့လုံ ခြုံ ရေးအဖွဲ့များသည် အဓိက ခုခံစစ်အဖြစ် တိုက်ပွဲဝင်ရမည်ဟု စစ်ကောင်စီက ညွှန်ကြားထားကြောင်း နေပြည်တော်၊ ပြည်ထဲရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၆ ရက်နေ့က ဖွဲ့စည်းလိုက်သော အဖွဲ့ဝင် ၁၄ ဦးပါ ပြည်သူ့လုံခြုံ ရေးနှင့် အကြမ်းဖက်မှု နှိမ်နင်းရေးဗဟိုကြီးကြပ်ကွပ်ကွဲမှု အဖွဲ့က ပြည်နယ်/တိုင်း၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်ကျေးရွာအဆင့် လုံခြုံရေး ကြီးကြပ်ကွပ်ကဲမှု အဖွဲ့များ ဖွဲ့စည်းလျက်ရှိကြောင်း၊ ဖွဲ့စည်းလိုက်သော ရပ်ကွက်နှင့်ကျေးရွာ ပြည်သူ့လုံခြုံရေးအဖွဲ့များသည် အခြေခံအကျဆုံးသော လက်နက်တပ်ဆင်မည့် ခုခံစစ်တပ်များဖြစ်ပြီး လားရှိုးကဲ့သို့ မြို့ ပြ တိုက်ပွဲများဖြစ်ပွားလာလျှင် စစ်တပ်နှင့်အတူ လက်တွဲ၍ တိုက်ပွဲဝင်ရမည်ဖြစ်ကြောင်း၊ စစ်ကောင်စီတပ်များက တပ်စခန်းများကို ကာကွယ်နေချိန်တွင် ပြည်သူ့လုံခြုံရေးအဖွဲ့များက မြို့ပြ၊ ရပ်ကွက်နှင့်ကျေးရွာများကို ကာကွယ်ရမည်ဖြစ်ကြောင်း ၊ လက်ရှိတွင် PDF များ စိမ့်ဝင်မှုကို ပြည်သူ့လုံခြုံရေးအဖွဲ့များက တားဆီးရှာဖွေ ဖမ်းဆီးရမည်ဟု ညွှန်ကြားချက်များရှိနေကြောင်း သိရှိရသည်။

"ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်မှု နှိမ်နင်းရေး ဗဟိုကြီးကြပ် ကွပ်ကဲမှုရဲ့ အကြောင်း ရှင်းပြခိုင်းတာတွေ ရှိနေတယ်။ ဘာကြောင့် ဒီအဖွဲ့က အရေးကြီးလဲဆိုတာက အချက်အလက်တွေနဲ့ ရှင်းပြခိုင်းတာတွေရှိပါတယ်။ အဓိက ဒီအဖွဲ့က ပူးပေါင်းအဖွဲ့ဖြစ်တယ်။ လူထုကို အခြေပြုထားတဲ့ နောက်ဆုံး ခုခံစစ်လိုင်းဖြစ်တယ်။ ဒီအဖွဲ့မှာ အားလုံးက တက်တက်ကြွကြွ ပါဝင်ရမယ်။ လားရှိုးလို မြို့ပြ တိုက်ပွဲတွေဖြစ်လာရင် ကိုယ့်မြို့ ကိုယ့်ရပ်ရွာထဲကို တစ်ဖက် လက် နက်ကိုင်တွေ ဝင်မလာစေဖို့ နောက်ဆုံးအချိန်အထိ ခုခံစစ်ဆင်နွှဲရမယ်။ ကိုယ့်မြို့ ကိုယ့်ရွာ မပျက်အောင် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့တွေကပဲ ကာကွယ်နိုင်မယ်ဆိုတာတွေကို ရှင်းပြဖို့ ထွေ/အုပ်ဘက်ကနေ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တွေဆီ ညွှန်ကြားထားတာရှိတယ်" ဟု နေပြည်တော်ပြည်ထဲရေး သတင်းရင်းမြစ်က ဆိုသည်။

ထို့ပြင် လက်ရှိ ပြည်ထဲရေးက စစ်ကောင်စီ၏ လုပ်ငန်းစဉ်များတွင် တက်တက်ကြွကြွ ပူးပေါင်းခြင်းမရှိသော ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများကို ကြံ့ဖွတ်ပါတီအမာခံများ၊ စစ်တပ်ထောက်ခံသူများနှင့် အစားထိုးလျက်ရှိကြောင်း၊ ယခု ပြည်သူ့လုံခြုံရေးအဖွဲ့များသည် လက် နက် တပ်ဆင်မည်ဖြစ်သည့် အ တွက် စစ်တပ်က အမှန်တကယ် အလုပ်လုပ်မည်ဟု ယုံကြည်စိတ်ချရသူများဖြင့်သာ လဲလှယ်အစားထိုးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

"အရင် NLD ခေတ်ကတည်းက ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေဆိုရင် လဲဖို့ ။ ဖရဲသီးလို့ မသင်္ကာသူတွေ၊ သံသယရှိသူတွေကို ဖြုတ်ပြီး အစားထိုးတာတွေလည်းရှိတယ်။ ဒီပြည်သူ့လုံခြုံရေးတပ်တွေက လက်နက်တပ်ဆင်မှာဖြစ်လို့ တပ်အတွက် အမှန်တကယ်ယုံကြည်စိတ်ချရသူတွေကိုပဲ ရွေးချယ်ခန့်အပ်ဖို့တွေလည်း ညွှန်ကြားမှုရှိတယ်" ဟု နေပြည်တော်ပြည်ထဲရေး သတင်းရင်းမြစ်က ဆက်လက်ရှင်းပြသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရပ်ကွက်နှင့် ကျေးရွာအဆင့် ပြည်သူ့လုံခြုံရေးအဖွဲ့ ၂ လ အတွင်း အပြီး ဖွဲ့စည်းပြီး လက်နက်ပစ်ခတ်မှု သင်တန်းများကိုလည်း စစ်ကောင်စီက အမြန်ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အရပ်သားလူငယ်များကို တပ်သားအဖြစ် စုဆောင်းပြီး စစ်တပ်က စစ်သင်တန်းပို့ချနေသည့် မြင်ကွင်းများ။

Saw Nay Thar Channel

20 Aug, 05:38


ရဲဘော်တစ်ယောက်
တိုက်ပွဲမှာကျလို့
တိုင်းပြည်တာဝန်ကျေသွားတဲ့အခါ
သူ့မိသားစုတာဝန်ကို ဘယ်သူထမ်းပေးမလဲ။

မပြီးပြတ်သေးတဲ့ သူ့ရဲ့လုပ်လက်စ
တော်လှန်ရေးတာဝန်တွေကို
ဘယ်သူကူထမ်းပေးမလဲ။

တော်လှန်ရေးက ကြာဦးမလား
ခနခနမေးခံရလို့ ပြန်ဖြေလိုက်ပါတယ်
'' ဘယ်ချိန်ပြီးမယ်လို့ ထင်လဲ'' လို့
'' ကိုယ်ကရော ဘယ်အပိုင်းမှာ ပါဝင်နေပြီလဲ''

အားလုံးက ကိုယ့်ပေါ်မှာမူတည်ပါတယ်။
ဒီအချိန်မှာ ကိုယ့်မိသားစုအရေး ဦးစားပေးကြရင် ရေရှည်ရုန်းကန်ရမယ်၊ တော်လှန်ရေးကို ဦးစားပေးရင် မိသားစုအရေးကို ရေတိုအချိန်အတွင်း ပြန်ပြေလည်နိူင်တယ်။

#ကိုယ့်သားကို ရဲဘော် ပေးမလုပ်ချင်တဲ့ မိဘတွေရယ်
#တော်လှန်ရေးကာလအတွင်း နေသားကျသွားတဲ့ စီးပွားရေးသမားတွေနဲ့ အတ္တသမားတွေရယ်
#ရွာမီးလောင်မှ ချမ်းသာရေး ရှာနေကြတဲ့
သူခိုး ဓားပြတွေရယ်
#စစ်ဘေးရှောင်မဖြစ်ဖူးသေးလို့ ကိုယ်ချင်းမစာတတ်သေးတဲ့သူတွေရယ်ကြောင့်တော့

မလိုအပ်ဘဲစကားတွေများများပြောနေ၊လုပ်နေရတယ်ကွယ်။

03 Oct 2023
19 Aug 2024
#TheSameFeeling

Saw Nay Thar Channel

15 Aug, 11:38


https://www.facebook.com/share/p/CNtuXZG3yeyGmHje/?mibextid=qi2Omgလ

Saw Nay Thar Channel

14 Aug, 11:56


မျက်ရည်ခိုင်မှ နားထောင်ပါ
ကရင့်အာဇာနည်တစ်ယောက်ရဲ့ ချစ်သူ

အဲလိုဘဝ တွေအများကြီး ပဲ

Saw Nay Thar Channel

13 Aug, 14:49


Nay Myo Zin, a former military officer and political activist, claimed that the second chief of the junta regime - Vice-Senior General Soe Win - has fled the country, while Senior General Min Aung Hlaing is reportedly seeking political asylum in China. According to Nay Myo Zin, the claim is made based on several reports he received that indicate that a coup within the Tatmadaw, the military of Myanmar, has occurred against Senior General Min Aung Hlaing.

The Chindwin, however, is not unable to independently verify the report.

Nay Myo Zin has been jailed several times since he started his political activism in 2007, particularly during the Saffron Revolution. Despite his imprisonment, he has remained a vocal critic of the military junta regime and continues to advocate for political change in Myanmar.

If the reports about the military coup against the junta regime's chief and internal chaos, it could bring about significant changes to Myanmar's political landscape.

Photo/Old File

Saw Nay Thar Channel

13 Aug, 14:46


74th Karen Martyrs' Day

2,573

subscribers

319

photos

26

videos