စာပေ ဗဟုသုတ @sapaybahuthuta Channel on Telegram

စာပေ ဗဟုသုတ

@sapaybahuthuta


name ပတ်သက်တဲ့ စာပေ ဗဟုသုတတေထည့်နိုင်ပါတယ်

စာပေ ဗဟုသုတ (Burmese)

စာပေ ဗဟုသုတ ဆိုတာဘာလဲ? ဤကောင်းကို စာပေ ဗဟုသုတ ဟာဆိုတာပါ။ ဤ ခေတ်သို့ ဆက်လက်ရှာဖွေထားပါတယ်။ စာပေ ဗဟုသုတ ဟာ လူတစ်ယောက်အားဖြစ်စေနိုင်ပါသည်။ ဤကောင်းကို မျှော်ကြည့်စွကြပါပြီ။ စာပေ ဗဟုသုတ မှမြန်မာပြန်လြှင် လူတစ်ယောက်အား တည်ဆောက်ပါသည်။ သင့်အိတ်အင်းအား ပုံစံသတင်းဖြစ်စေနိုင်ရန် စာပေ ဗဟုသုတ တွေကို ထောက်ခံချင်ပါသည်။

စာပေ ဗဟုသုတ

04 Jul, 07:54


ယောက်ျားတိုင်း လိုချင်နေတဲ့ မိန်းမ ဖြစ်အောင် မနေပါနဲ့

ယောက်ျားတိုင်း မရနိုင်တဲ့ မိန်းမ ဖြစ်အောင်နေ..

ယောက်ျားတိုင်းလွယ်လွယ်ရတဲ့မိန်းမဖြစ်အောင်
မနေပါနဲ့......

ယောက်ျားတိုင်းလွယ်လွယ်မရနိုင်တဲ့မိန်းမဖြစ်အောင်ကြိုးစားပါ....

ပျော့ညံ့နေတဲ့မိန်းမဖြစ်အောင်မနေပါနဲ့..
စိတ်ဓာတ်မာကျော့တဲ့မိန်းမတစ်ယောက်ဖြစ်အောင်ကြိုးစားပါ..

မပြတ်သားတဲ့မိန်းမ ဖြစ်အောင်မနေပါနဲ့
ဆုံးဖြတ်ချက်ချပြီးနောက်လှည့်မကြည့်တတ်တဲ့မိန်းမဖြစ်အောင်ကြိုးစားပါ..

အရာရာအရှုံးပေးတတ်တဲ့မိန်းမဖြစ်အောင်မနေပါနဲ့
အရှုံးတွေထဲ့ကသင်ခန်းစာယူပြီးဘဝခရီးဆက်နိုင်တဲ့မိန်းဖြစ်အောင်နေထိုင်ပါ..

မျက်ရည်လွယ်တဲ့ မိန်းမတစ်ယောက်ဖြစ်အောင်
မနေပါနဲ့....
.မျက်ရည်ကျတိုင်းကိုယ်မျက်ရည်ကိုယ်တိုင်
သုတ်ပြီးပြုံးနိုင်
တဲ့မိန်းမတစ်ယောက်ဖြစ်အောင်ကြိုးစားပါ..

အချစ်တွေအလွမ်းတွေနဲ့အချိန်ကုန်နေတဲ့မိန်းမဖြစ်အောင်မနေပါနဲ့..အချစ်ဆိုတာမရှိမဖြစ်မဟုတ်ဘူးဆိုတဲ့စိတ်ဓာတ်နေထိုင်အောင်ကြိုးစားပါ..

အိမ်နောက်ဖေးမှာဘဝကုန်ဆုံးတော့မယ်မိန်းမတစ်
ယောက်ဖြစ်အောင်မနေပါနဲ့..
အိမ်ဦးခန်းမှာ​ နေ တဲ့အိမ်ထောင်
ဦးစီးကိုလမ်းပြနိုင်တဲ့မိန်းမတစ်ယောက်ဖြစ်အောင်
ကြိုးစား ပါ

အသိဥာဏ်မဲ့တဲ့မိန်းမတစ်ယောက်ဖြစ်အောင်
မနေထိုင်
ပါနဲ့..အသိဥာဏ်ကြွယ်တဲ့မိန်းမတစ်ယောက်ဖြစ်အောင်ကြိုးစားပါ

တန်ဖိုးမဲ့မိန်းမတစ်ယောက်ဖြစ်အောင်မနေထိုင်ပါနဲ့
တန်ဖိုးကြီးတဲ့မိန်းမတစ်ယောက်ဖြစ်အောင်ကြိုးစားပါ..

အနာဂတ်အမေဖြစ်လာမယ် မိန်းမတွေ ထက်မြက်ဖို့လို့ပါတယ်...

#Credit

စာပေ ဗဟုသုတ

26 Jun, 05:59


မုန်းဖို့လည်း
မကြိုးစားခဲ့ဘူး ။

မေ့ဖို့လည်း
မကြိုးစားခဲ့ပြန်ဘူး ။

ဆုလည်း
မတောင်းခဲ့ဘူး ။

ကျိန်စာလည်း
မတိုက်ခဲ့ပြန်ဘူး ။

အရာအားလုံးဟာ
ကံစီမံရာပေါ့ ။

အတိတ်ဘဝရဲ့
ရေစက်ကြောင့်သာဆိုရင်
ခဏတာတွေ့ဆုံခွင့်က
မဆုံဖြစ်တာထက်စာရင်
ကျေနပ်စရာကောင်းပါတယ် ။

#လွှမ်းရစ်ဖူး((Hlwan Yit Phoo))

စာပေ ဗဟုသုတ

26 Jun, 03:25


ဖေဖေ သမီး ဘုရားကို
နောက်တစ်ခါ ထပ်မသွားတော့ဘူး

ဘာဖြစ်လို့လဲ သမီး

ဘုရားကို သမီးသွားတော့
တွေ့တဲ့လူတိုင်းက ဘုရားဝတ်ပြုနေတဲ့ အချိန်မှာတောင် ဖုန်းသုံးနေတဲ့သူနဲ့
အတင်းပြောနေတဲ့သူနဲ့ ဘယ်သူမှ
တလေးတစား မရှိကြဘူး သူတို့အားလုံးဟာ သူတော်ကောင်းယောင်
ဆောင်နေကြတာပဲ ဖေဖေ

အင်း..

ဒါဆို သမီး ဘုရား
မသွားတော့ဖို့ မဆုံးဖြတ်ခင် ဖေဖေ
သမီးကို တစ်ခုလောက် လုပ်ခိုင်းလို့ရမလား

ပြောကြည့်လေ ဖေဖေ ဘာများလဲ

ဒါဆို သမီး.....
ဖန်ခွက်ထဲ ရေအပြည့်ထည့်ပြီး
ဘုရားကို ၂ ပတ် လမ်းလျောက်ရမယ်
ဒါပေမယ့် ရေတော့
လုံးဝမဖိတ်ရဘူးနော်

ဒါလေးများ သမီး လုပ်နိုင်ပါတယ်
ဖေဖေ....

ခဏအကြာ.... .

သမီး ပြန်ရောက်ပီ
ဖေဖေ ဒီမှာကြည့် ရေ လုံးဝမဖိတ်ဘူး

ဟုတ်ပီ ဒါဆို
ဖေဖေ သမီးကို မေးခွန်း ၃ ခု မေးမယ်

သမီး ဘုရားပေါ်မှာ
ဖုန်းသုံးနေတဲ့သူတွေ တွေ့ခဲ့လား.. .

အတင်းပြောနေတာတွေရော ကြားခဲ့လား...

သမာဓိပျက်နေတဲ့သူတွေရော ရှိခဲ့လား.. .

သတိမထားမိလိုက်ဘူး ဖေဖေရယ် အဲဒါတွေ သွားကြည့်ရင် သမီး ဖန်ခွက်ထဲကရေ ဖိတ်သွားမှာပေါ့ သမီးကိုယ်ကို အာရုံစိုက်ထားရတာ သူတို့ကို မကြည့်အားပါဘူး

ဟုတ်တယ် သမီး.. .

ဖေဖေလိုချင်တာ အဲဒါပဲ သမီး

သမီး ဘုရားကျောင်းကို
သွားတယ်ဆိုရင် လုပ်သင့်တာက
ကိုယ့်အလုပ်ကိုကိုယ် အာရုံစိုက်ပြီး ဘုရားကို အာရုံပြုနေဖို့ပဲ

ကျန်တာတွေက ကိုယ့်ကိစ္စ မဟုတ်ဘူး

ကိုယ့်သမာဓိ မပျက်ဖို့ပဲ
အရေးကြီးတယ် မဟုတ်လား သမီး

ဘယ်သူ တရားပျက်ပျက်
ကိုယ်မပျက်ဖို့ လိုတယ်သမီး

ဒါဆိုရင် သမီးဘဝ တစ်လျှောက်မှာ
ဘယ်လို အဖြစ်အပျက်နဲ့ပဲ ကြုံရကြုံရ
ကိုယ့်ရဲ့ အတွင်းစိတ်ထဲမှာသာ
အာရုံအပြည့်အဝ စူးစိုက်ထားမယ်ဆိုရင်
ပြင်ပ ဘယ်အရာကမှ သမီးကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်နိုင်တော့မှာ မဟုတ်ဘူး သမီး

ကျေးဇူးပါ ဖေဖေ
ဖေဖေပေးတဲ့ သင်ခန်းစာက
သမီးအတွက် တကယ်ကို
ကောင်းလွန်းပါတယ် ဖေဖေ

မေတ္တာဖြင့်.....မိုးဦး

စာပေ ဗဟုသုတ

25 Jun, 14:28


စိတ်
$$$
ပြတ်သားနိုင်တဲ့တနေ့
ချောင်းကြည့်ပေါက်ပါ
ပိတ်ပြစ်မယ်...... ။

📝မောင်လှမျိုး ချင်းချောင်းခြံ

စာပေ ဗဟုသုတ

25 Jun, 10:57


"#စကားအကုန်မပြောမိစေနဲ့''

လူရင်းထိုးတဲ့ဓားက. ပိုနက်တယ်

ဘယ်သူ့ကိုမှ စကားအကုန်မပြောပါနဲ့ သင်ကတော့
ယုံကြည်လွန်းလို့ သင့်မိသားစုအကြောင်းတွေ
သင့်အလုပ်အကြောင်းတွေ သင့်ရဲ့ပြဿနာတွေ
သင့်ရဲ့ထင်မြင်ယူဆချက်တွေ ဘာရယ်မဟုတ်ဘူး
လွတ်လပ်စွာ ရင်းနှီးစွာ ပွင့်လင်းစွာနဲ့
ပြောဆိုရင်ဖွင့်လိုက်တာပဲ...

ဒါပေမယ့် သူတို့က သင့်ဆီကနေ
ပွင့်လင်းမှုတွေ ခံယူချက်တွေ အမြင်တွေကိုနားထောင်ရင်း.,..
သူတို့စိတ်ထဲမှာမင်းကို တဖြေးဖြေးပုံဖော်လာကြတာ
ဒါကို သင်မသိလိုက်ဘူး...။

သင့်ရဲ့အောက်ဖဲတွေကို တဖြေးဖြေးရိပ်မိလာကြတာကို
သင်မသိလိုက်ဘူး။

သင်ကတော့ ပုံမှန်ပဲ ဆက်ပြောနေတယ်. တစ်နေ့ပြီးတစ်နေ့ တစ်ရက်ပြီးတစ်ရက် တစ်နှစ်ပြီးတစ်နှစ်ကြာလာတဲ့အခါ...

သူတို့စိတ်အမြင်မှာ သင်ဟာ တံဆိပ်တစ်ခုကပ်ထားတဲ့
လူသားတစ်ယောက်ဖြစ်လာတယ် အဲဒီတံဆိပ်က
သင်ဟာ အရည်အချင်းထင်သလောက်မရှိဘူး။

သင် ဟာ ငွေမက်တယ် သင်ဟာ
ထင်သလောက် စိတ်ထားမကောင်းဘူး။

သင်ဟာ စိတ်မမှန်ဘူး သင်က ငပေါတစ်ယောက်ဖြစ်တယ်။
သင်က အရူးတစ်ယောက်ဖြစ်တယ်...
သင်က သိပ်အထင်ကြီးစရာမကောင်းဘူး။
သင်ဟာ တရားမရှိဘူး သင်ဟာ ပါးစပ်မလုံဘူး...။

စသည်စသည်ဖြင့် သူတို့ထင်ရာ မြင်ရာ တွေးမိရာ တံဆိပ်တစ်ခုကို ကပ်လိုက်ကြတယ်။

နောက်ပိုင်းမှာတော့ သူတို့ကပ်ထားတဲ့အဲဒီတံဆိပ်ကိုကြည့်ပြီး။

သင့်ကိုသူတို့က ရာသက်ပန်အဲဒီအတိုင်း
ဆက်ဆံသွားကြတော့တယ်...။

သင့်ကိုမြင်တာနဲ့ အဲဒီတံဆိပ်ကိုသူတို့မျက်လုံးထဲ
တန်းမြင်ကြတော့တာပါ။

အဲဒါဘာလဲ သိလား စကားကိုအကုန်ပြောခဲ့လို့. ရင်တွေအကုန်ဖွင့်ခဲ့မိလို့....

လူရင်းလုပ်ပြီး ဘာမှမဖြစ်လောက်ပါဘူးလေဆိုပြီး အရာရာကိုဖွင့်ပြောခဲ့လို့...

ဟုတ်ကဲ့ လက်ဆောင်လေးတစ်ခုပေးလိုက်ချင်ပါတယ်.

ဘယ်သူ့ကိုမှ စကားကိုအကုန်မပြောပါနဲ့
သင့်ကို ဘယ်သူကမှ ရိုက်မစစ်ပါဘူး...။

ဘယ်သူကမှ ကြိုးတုပ်မမေးပါဘူး လူရင်းထိုးတဲ့ဓားက
ပိုနက်တယ်ဆိုတာ သတိထား စေလိုပါတယ်။

#ကိုယ်တိုင်ကြုံဖူးလို့စကားများများသိပ်မပြောကြပါနဲ့😊
Credit to original writer.

စာပေ ဗဟုသုတ

25 Jun, 10:36


အမေ့ရဲ့ မွေးနေ့ပွဲ

လူမှန်းသိတတ်စ အရွယ်ကတည်းက
ကျွန်တော့် မွေးနေ့လေးတွေကို
သတိရတယ်

တစ်နှစ်လောက် မလုပ်ရရင်
ငိုယိုပြီး ဂျီဂျခဲ့ဖူးတယ်

ကျွန်တော့် မျက်နှာ ပျက်ရင်
မနေနိုင်ရှာတဲ့ အမေက
ဟင်းကောင်းကောင်းချက်ကြွေးပြီး
မွေးနေ့ပွဲလေး လုပ်ပေးတယ်

ကျွန်တော်သိပ်ကိုပျော်ခဲ့တာပေါ့

မိသားစု အရေး
မိသားစု အရေး
မိသားစု အရေးတွေနဲ့
ပင်ပန်းနေတဲ့ အမေ့မွေးနေ့လေးကော
ဘယ်ရောက်နေတာလဲလေ...

အမေ...
ကျွန်တော် လူမှန်း သူမှန်းသိတတ်ကတည်းက
အမေ့ မွေးနေ့လတွေ ပျောက်နေတယ်
အမေ့ မွေးနေ့ရက်တွေ ပျောက်နေတယ်
အမေ့မွေးနေ့ အပျော်တွေ ပျောက်နေတယ်

အမေ....
တစ်နေ့တော့
မခမ်းနားရင်တောင်
မိသားစု အစုံအလင်နဲ့
အမေ့ မွေးနေ့လေး ကျင်းပပေးချင်တယ်

အမြဲ ပျော်ရွှင် ချမ်းမြေ့ပါစေ....အမေ ။ ။


#လက်သျှောင်း
#FOC

စာပေ ဗဟုသုတ

25 Jun, 10:35


ငိုရင်လဲငိုရ
ပြိုရင်လဲပြိုပါရစေတော့

အချို ပိုကဲပြီး ချစ်ရတော့
ဆိုတဲ့စကားတွေ ကဗျာဖြစ်သတဲ့

ရိသဲ့သဲ့ အပြုံးကလေးက
ချိနဲ့နဲ့ နှလုံးသားလေး
ယူပြေး /စတေးခဲ့ကြတော့
မယိုင်တယိုင် ပြိုင်ငိုကြရဦးမှာပေါ့

#ခွန်းညို (အင်္ဂပူ)
#FOC

စာပေ ဗဟုသုတ

19 Jun, 12:41


ဘဝအောင်မြင်ရေးနည်းလမ်း(၁၆)ချက်
=======================
၁။ ဘဝမှာ ကိုယ်လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကို
လုပ်ပါ။

၂။ ဝင်ငွေ နဲ့ထွက်ငွေ အချိန်ဇယားရေးဆွဲပါ"
အလုပ်ဟု၍ ဂုဏ်ရှိစွာ

၃။ အသက်ငယ်ရွယ်အချိန်မှာ ကိုယ့်ကိုယ်ဖိဖိစီးစီးခိုင်းပါ။
အပျော်အပါး လိုအပ်တာထက် မမက်မောမိပါစေနဲ့

၄။ ကိုယ်ရှားဖွေးနိုင်တာထက်ပို လို့
ငွေကိုမသုံးဖြုံန်းမိပါစေနဲ့

၅။ ငွေဆိုတာ ဒုတိယ ဘုရားသခင်ဆိုတာ
ယနေ့ခေတ်မှာ သိသာ မြင်သာ ထင်ရှားနေမိတယ်။

၆။ အတတ်ပညာကို လေ့လာပါ
အရင်းအနှီးကို ရှားဖွေးပါ အသက် ၃၀ နှင့် ၄၀ ကြား
ကိုယ်ပိုင် လုပ်ငန်းတခုခု လုပ်နိုင်အောင်ကြိုးစားပါ

၇။ တစ်သက်လုံးဝန်ထမ်းဘဝနဲ့အချိန်ကိုမဖြုံန်းပလိုက်ပါနဲ့
ကိုယ်ဦးနှောက်ကို ကိုယ့်ကိုယ်တိုင်း ခိုင်းစားပါ
သူတပါး အသုံးချခံဘဝနဲ့အဆုံးမသတ်လိုက်ပါနဲ့

၈။ အားလပ်ချိန်တွေမှာ အချိန်တွေမဖြုံန်းပလိုက်ပါနဲ့
ဦးနှောက်ပင်မ အကြောစုံကြီးကို ရေပုံမှန်လောင်းပေးပါ
ဘဝအတွက် အဖိုးတန်စာပေများများဖတ်ပေးပါ။

၉။ အချိန်နဲ့ကိုက်ညီစွာ ဘဝကိုအသုံးပြုပါ။
အချိန်ဆိုတာ လူကိုမစောင့်ဘူး
လူက အချိန်ကို ပြန်မစောင့်မိပါစေ နဲ့

၁၀။ အောင်မြင်နေတဲ့ သူတိုင်းက အချိန်ကို တန်ဖိုးထားကျတယ်
အချိန်ကို လေးစား ကောင်းမွန်းစွာ အသုံးပြုနိုင်ကျတယ်။

၁၁။ အချိန်ဆိုတာ ဘဝအောင်မြင်ရေးအတွက်
တန်ဖိုး ရှိတဲ့ အဖိုးတန်ပါပဲ။

၁၂။ စည်းကမ်းရှိပါ"လိုက်နာပါ" ကျင့်သုံးပါ"
လုံးလ ဝရိယ ဇွဲ ရှိပါ ကြိုးစားပါ။
အောင်မြင်သူတွေကို လေ့လာပါ မှတ်သာပါ

၁၃။ ဥပမာ
အနုပညာသမား ကမ္ဘာကျော် ဘောလုံးသမားကြီးတွေကို
အားမကျပါနဲ့သူတို့ရဲ့အောင်မြင်မှုက မတည်မြဲပါဘူး
တချိန်ထိုး တက်သွားနိုင်ပေမဲ့ အချိန်တိုးအတွင့်လဲ ဖြုတ်ကျလာ
နိုင်ပါတယ်။

၁၄။ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်ကိုတချက်ကြည့်ပါ
သင်ခန်းစာဆိုတာ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်မှာပဲ
ရှိနေတတ်တယ်။

၁၅။ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်မှာ တိုးတက်နေတာလဲ
မြင်ရမယ် ပျက်စီးနေတာလည်း မြင်တွေနိုင်ပါတယ်
အဲ့ဒါ သင်ခန်းစာတွေပါပဲ။

၁၆။ ကောင်းတာကို အတုယူပါ မကောင်းတာကိုစွန်းပစ်ပါ
အဝေးဆုံးကို လျှောက်မကြည့်ပါနဲ့
သင်ခန်းစာတွေက သင့်နဲ့အနီးဆုံးမှာပဲရှိနေတတ်တယ်။

စာပေချစ်သူတို့ဘဝအတွက်အောင်မြင်ရေး
နည်းလမ်းကောင်းတွေ့ရှားဖွေးတွေရှိနိုင်ကြပါစေ

ဘဝအောင်မြင်ရေးနည်းလမ်း(၁၆)ချက်
မိတ်ဆွေတို့လည်း ဝင်ရောက်အကြံပြုစေလိုပါတယ်။
#crd_to_owner
#မူရင်းရေးသားသူအားလေးစားစွာဖြင့်Crdပေးပါသည်

စာပေ ဗဟုသုတ

10 May, 00:25


လ္ဘက်ရည်ဆိုင်ရှင်များအား အသိပေးခြင်း
===============

လ္ဘက်ရည်တစ်ခွက် 800
တစ်ငုံစာပဲ ပါတယ်

ဘီယာတစ်ခွက် 800
လေးငါးခါ ငုံလို့ရတယ်

ဘီယာသောက်ရင်
ကားတွေ ရွှေတွေ ငွေတွေ
နောက်ဆုံး ဘီယာ freeပေါက်နိုင်သေးတယ်

မင်းတို့ဆိုင်က လ္ဘက်ရည်မှာ
ယင်ကောင်တွေ ဘာတွေပဲ ပေါက်ဖူးတယ်

ဘီယာ 3ခွက်သောက် တစ်ခွက် အလကားတိုက်တယ်

မင်းတို့ လ္ဘက်ရည်ဆိုင်မှာ
ဘယ်လောက်သောက်သောက် အပိုမရဘူး😎

ဘီယာဆိုင်ဆို
ကြက်ဂွေးတောက် မြေပဲဆားလှော်
အလကားချပေးတယ်😋

မင်းတို့ လ္ဘက်ရည်ဆိုင်မှာ
ရေနွေးကြမ်းတောင် တစ်အိုးထက်ပိုရင်
ချမပေးချင်တော့ဘူး😩

ဘီယာက ဆီးရွှင်တယ်😅

လ္ဘက်ရည်က
အခန့်မသင့်ရင် ဆီးချို ဖြစ်နိုင်တယ်😁

ဘီယာက အိပ်လို့ကောင်းတယ်
အသောက်များရင် ခလော ခလူးနဲ့တောင်မြည်သေး😴

မင်း လ္ဘက်ရည်က
အသောက်များရင် အိပ်မရဘူး😵

ဝန်ထမ်းချင်းလည်း ယှဉ်ကြည့်ဦး

နှပ်ချေးတွဲလောင်း မဲတူးညစ်ပေနေတဲ့
လက်နဲ့ လ္ဘက်ရည်လာချပေမယ့်

ဘီယာဆိုင်မှာဆို

ပေါင်တံဖွေးဖွေး ချက်ဖွေးဖွေးနဲ့
မျက်စိပဒသ ဖြစ်စေတယ်
ရွှေရင်အေးစေတယ်
တစ်ချို့ဆိုင်တွေဆို အမြည်းတောင်မှာစရာမလိုဘူး
အပြုံးတင်နဲ့ ပြီးတယ်😜

မင်းတို့လ္ဘက်ရည်ဆိုင်က
စားသုံးသူကို မယုံသလိုလိုနဲ့
မီးခြစ်တောင် ကြိုးနဲ့ချည်ထားတာ😞

ဘီယာဆိုင်ဆို
မီးတောင် လာညှိပေးတာ
ငါဆို အခြစ်ခံချင်လွန်းလို့
မီး ခဏ ခဏ သေရတယ်😉

ဘီယာနဲ့ရေချိုးရင် အသားအရေလှတယ်ကွ

လ္ဘက်ရည်နဲ့ ရေချိုးကြည့်ပါလား
စေးကပ်ကပ်နဲ့ ပုရွက်ဆိတ် အကိုက်ခံရဦးမယ်😂

Sorryပဲ ငါ့ကောင်
ဒီနေ့ကစပြီး
မင်း လ္ဘက်ရည်ဆိုင် မထိုင်တော့ဘူး

ရှင်းလား ။😏😏😏

#crd.

စာပေ ဗဟုသုတ

09 May, 11:19


💝💝💝💝💝

အမေ ဖြစ်ရခြင်းရဲ့နောက်ကွယ်မှာ....

ပင်ပန်းရတာတွေရှိတယ်။

ဝမ်းနည်းရတာတွေရှိတယ်။

ပူပင်ရတာတွေရှိတယ်။

ငိုကြွေးရတာတွေရှိတယ်။

စိတ်ဖိစီးမှု့တွေရှိတယ်။

နာကျင်မှု့တွေရှိတယ်။

အနစ်နာခံမှု့တွေရှိတယ်။

ပျော်ရွှင်မှု့တွေရှိတယ်။

အားငယ်မှု့တွေရှိတယ်။

အထီးကျန်ခြင်းတွေရှိတယ်။

သောကရောက်ရတာတွေ ရှိတယ်။

ယုံကြည်ချက်ပျောက်ရတာတွေရှိတယ်။

ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခြင်းတွေရှိတယ်။

အလိုမကျမှု့တွေရှိတယ်။

တခါတလေ သေလောက်အောင် စိတ်ဓာတ်ကျတဲ့
အချိန်မျိုးတွေရှိတယ်။

လွယ်တယ်မထင်ကြနဲ့နော်။

စာပေ ဗဟုသုတ

09 May, 11:19


""#မိန်းမ'''''

မိန်းမတော့ မိန်းမပဲ
မာယာတွေနဲ့ နေသားမကျပေမယ့်
ဘုရားစကားတော်နဲ့တော့ ပျော်မွေ့နေတတ်တယ်. . .

မိန်းမတော့ မိန်းမပဲ
တီတီတာတာ ချွဲချွဲနွဲ့နွဲ့ မပလီတတ်ပေမယ့် ကြည်ကြည်သာသာနဲ့ ပါဠိတော်တွေတော့ အာဂုံဆောင်တတ်တယ်. . .

မိန်းမတော့ မိန်းမပဲ
ကိုယ်ခန္ဓာ ဘယ်လောက်လှလှ လှစ်ဟမပြရဲပေမယ့်
သာသနာအတွက်ဆို အသက်ကိုတောင် ပေးရဲတယ် . . .

မိန်းမတော့ မိန်းမပဲ
အားငယ်တတ်ပေမယ့် အားကိုးစရာအတွက်
ဘယ်ယောက်ျားရဲ့ လက်မောင်းတစ်ဖက်ကိုမှ
မတောင့်တတတ်
ဘုရားအာဏာစက်နဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်
မတ်မတ်ရပ်နိုင်တယ် . . .

မိန်းမတော့ မိန်းမပဲ
ကံကြမ္မာဆိုးလို့ လက်ညှိုးထိုးခံရ ရင်တောင်
အတုန့်အလှန့်နဲ့ ကျိန်စာ မတိုက်တတ်
ဝဋ်ကြွေးလို့သာ သတ်မှတ်
ကြေအောင်လဲ ဆပ်တတ်တယ် . . .

မိန်းမတော့ မိန်းမပဲ
ကာမဂုဏ်ရစ်ပတ် တဏှာအထပ်ထပ်နဲ့
ရင်ခွင်တကာမှာ သာယာတတ်တဲ့ မိန်းမ မဟုတ်ဘူး

မြတ်ဗုဒ္ဓရင်ခွင်ရိပ်မှာ တရားတော်နဲ့ ချွေးသိပ်လို့
ကိလေသာနွံပျောင်းကြား ခွဲထွက်ဖို့ကြိုးစားနေတဲ့
ပဒုမ္မာကြာလို မိန်းမသား
ငါကလေ
ဘုရားသမီးတော် တစ်ပါးသာ . . .

မျှဝေပါသည်။

#Credit

စာပေ ဗဟုသုတ

09 May, 11:17


အချစ်ဆိုတာ
သူနဲ့အတူ ရှိနေရရုံနဲ့
အရာရာ...ပြီးပြည့်စုံတာမျိုး။ ။
မောင်လှမျိုး(ချင်းချောင်းခြံ)

1,902

subscribers

106

photos

3

videos