မချစ်ဘူးလားဆိုတာ သိနိုင်မယ့် အချက်လေးတွေ
1.
သူလိုင်းတက်တာနဲ့သင့်ကို
ပထမဆုံးစာပို့ပါလိမ့်မယ်။
ဘာဖြစ်လို့လဲဆိုတော့ ....
သင်နဲ့ဘယ်လိုဆက်ဆံရေးမျိုးကိုမှ
သွေးမအေးချင်တာက.....
သင့်ကိုသိပ်ချစ်လို့ပါ။
2.
တစ်ယောက်နဲ့တစ်ယောက်ရန်ဖြစ်ပြီးတော့
စိတ်ဆိုးစိတ်ကောက်တဲ့အချိန်တွေမှာ
သူ့ဘက်က မှန်နေရင်တောင်မှပဲ
သင့်ကိုတောင်းပန်လိမ့်မယ်။
သင် မှားမှားမှန်မှန် သူ့ဘက်ကနေပြီးတော့
ချော့ပါလိမ့်မယ်။ သင်နဲ့ရန်ဖြစ်ရင်လည်း
သူ့ဘက်ကနေပြီးတော့ အလျော့ပေးပါလိမ့်မယ်။
အဲ့လိုဆိုရင်တော့ သင့်ချစ်သူက
သင့်ကိုအရမ်းချစ်တယ်ဆိုတာကို
သင်မှတ်ထားလိုက်ပါ။
3.
သင်နဲ့ပတ်သက်တဲ့ အသေးမွှား
ကိစ္စလေးတွေကအစ သူမှတ်မိနေပါလိမ့်မယ်။
အဲဒါကဘာဖြစ်လို့လဲဆိုတော့....
သင့်ပေါ်မှာသူအလေးနက်ထားလို့ပါ။
4.
သူ့မှာ သင်နဲ့ပတ်သက်ပြီးတော့
အသေးမွှားကိစ္စလေးတွေက အစ
အတွေးတွေ များနေတက်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ သူကသင့်ကို
စိတ်ပူလိုပါ ။ သင်ကသူ့ကို ...
တကယ်မချစ်ဘူးထင်ပြီးတော့
တောင်တွေးမြောက်တွေးနဲ့
လျှောက်ထင်နေတတ်ပါတယ်။
5.
သင့်ရဲ့သူငယ်ချင်းမိန်းကလေးတွေပဲဖြစ်ဖြစ်
ယောက်ျားလေးတွေပဲဖြစ်ဖြစ် .....
သွားတာလာတာ နေတာထိုင်တာကအစ
အလိုလိုနေရင်းနဲ့ သူ့မှာသင့်ကို
သဝင်တိုနေပါလိမ့်မယ်။
အဲဒါကဘာဖြစ်လို့လဲဆိုတော့
တစ်ချိန်ချိန်မှာ သင်ကသူ့ကို
ထားသွားမှာကြောက်တဲ့စိတ်နဲ့
သဝန်တိုနေတာပါ။
6.
သင်လိုချင်တာမှန်သမျှကို
သူအလိုလိုက်ပါလိမ့်မယ်။
သူဖြစ်ချင်တဲ့ဆန္ဒထက်...
သင်ဖြစ်ချင်တယ်ဆန္ဒကို
ဦးစားပေးတယ်ဆိုတာ
သင့်ကိုပျော်စေချင်လို့
စိတ်ချမ်းသာစေချင်လို့ပါ။
7.
အရမ်းဂရုစိုက်ပေးပါလိမ့်မယ်။
8.
သင်စိတ်ချမ်းသာနေတာကိုပဲ
သူမြင်ချင်နေတတ်တယ်။
9.
အလုပ်မအားတဲ့အချိန်ကြားကတောင်မှ
သင့်ကိုအချိန်ပေးနေတတ်တယ်။
10.
လှည့်ကြည့်စရာမလိုအောင်
သင်ကလွဲပြီးတော့ တခြားဘယ်သူ့ကိုမှ
စိတ်မဝင်စားဘဲနဲ့ သင့်တစ်ယောက်တည်းပေါ်မှာ
သစ္စာရှိရှိ ချစ်ပေးတက်တဲ့သူဆိုတာ
သင့်ကိုတကယ်ချစ်တဲ့ချစ်သူပါပဲ။
အဲ့လိုချစ်သူမျိုးဆိုရင် ....
သင့်ဘဝလက်တွဲဖော်အဖြစ်
အကောင်းဆုံး လက်တွဲဖော်ပါလို့
ပြောချင်ပါတယ်။
#crd
#LaMinLay