ကဗျာစာအုပ် @poem2112 Channel on Telegram

ကဗျာစာအုပ်

@poem2112


"နှလုံးသားတစ်စုံ"

ငါတို့ မရရှိခဲ့ကြ
ငါတို့ ဆုံးရှုံးခဲ့ကြ။ ။

-ကြယ်ကြွေဆောင်း
_ကဗျာစာအုပ်

ကဗျာစာအုပ် (Burmese)

ကဗျာစာအုပ် အားလုံးသည် ရှေ့သားကို ဝေးထိုးလိုက်ပြီး လွတ်လပ်စွယ်ကျေးဇူးပြုပါသည်။ ဤ ခေတ်အုပ်သည် စာအုပ်များကို သို့မဟုတ် စာရင်းစာရုဏ်းတွင် အသက်ရင်များအား ထည့်ဆဲပေးသည်။ ကြွယ်ကြေစောင်းနှလုံးသားတစ်စုံ ငါတို့သည် ပျံစမြှောင်စောင်ခဲ့ပြီး ငါတို့လည်း ငါတို့ဦးဆေးပေးခဲ့ပြီ။ ကဗျာစာအုပ် အားဝေးထိုးစွယ်ရန် ငန်းစွယ်ပါသည်။

ကဗျာစာအုပ်

21 Nov, 14:51


ကိုယ်သူများတွေလို ကဗျာတွေစာတွေဖွဲ့ပြီးမပြောတတ်ဘူး...
ကမ္ဘာကြီးလောက်ချစ်တယ်တို့ စကြာဝဠာကြီးလောက်ချစ်တယ်တို့ပေါ့
ခင်များလေး ကိုယ့်အချစ်ကိုယုံကြည်ပေးပါလို့ မတောင်းဆိုပဲ ယုံကြည်လာအောင် လုပ်ဆောင်ပါ့မယ်...

-စိုင်းနောင်ခမ်း
(နှင်းရိပ်မြုံ's BF)

ကဗျာစာအုပ်

21 Nov, 14:12


ယုန်ကလေးတစ်ကောင်လို
ကျွန်တော့ပခုံးပေါ် သူငိုက်ဆင်းလာတယ်

ဘာမှမသက်ဆိုင်တဲ့
ပသိုင်းမွှေးတွေနဲ့ ကျွန်တော်
ရင်ခုန်တက်ခဲ့ပါတယ် ။

ဂန္ဓမာ
ဘုရားသခင် ကျကျန်ခဲ့သော

ကဗျာစာအုပ်

21 Nov, 13:54


ချစ်သည်
‌အသက်ရှုမောလောက်အောင်
ချစ်သည်
သို့သော်
မင်းနှင့် ဘယ်သောခါမှ
ပြန်မဆုံချင်တော့ပါ...

-မိုဃ်း

ကဗျာစာအုပ်

21 Nov, 12:50


ငါတို့ကတစ်သက်လုံးအတူရှိလို့ရပါတယ်။
ဒါပေမယ့် အတူရှိနေရင်တောင်
အတူဖြစ်နေတော့မှာမဟုတ်ဘူး။
မီးရထားသံလမ်းတွေကို တွေ့တိုင်း
ငါ ဒါကိုပိုပိုနားလည်လာခဲ့တယ်။
ဝေးကွာခြင်းဆိုတာကို စကားလုံးနဲ့တောင်
ပုံဖော်လို့မရတဲ့ မနီးစပ်ခြင်းမျိုးကို
ငါတို့ရရှိခဲ့ကြပါတယ် ။

နောက်တော့လည်းတွေ့ဆုံခြင်းဆိုတာဟာ
အာကာသထဲကဥက္ကာခဲအချင်းချင်း
တိုက်မိတဲ့အခိုက်အတန့်တွေလိုမျိုးပဲလို့
ခံစားမိလာတယ်။
ကမ္ဘာက အကျယ်ကြီး ၊
ငါတို့တွေ့ဖို့အတွက် အခွင့်အရေးက
အများကြီးမရှိဘူး။
ဒါပေမယ့် ငါတို့တွေ့ခဲ့ကြတယ်။
တစ်နည်းအားဖြင့်
ငါတို့တိုက်မိခဲ့ကြတယ်။
ပြီးတော့ အပွန်းအပဲ့ကိုယ်စီနဲ့
ကိုယ့်လမ်းကိုဆက်လျှောက်ရင်း
ဆက်လက်ထွက်ခွာခဲ့ကြတယ်ပေါ့။

-အလိမ္မာထူး

ကဗျာစာအုပ်

21 Nov, 10:20


မင်းယုံကြည်လို့ မင်းဆိုးနေတာ
မင်း စိတ်ချလို့ မင်း ပြေးနေတာ။

ထားမသွားတဲ့ လူတွေဟာ
ဘဝထဲကို သီးသန့်ရထားနဲ့ လာတာ
မင်း သိပါတယ် ။     ။

-မြကျေး

ကဗျာစာအုပ်

20 Nov, 15:15


အချစ်နဲ့ ပတ်သက်လာရင်
ကံတရားက မျက်နှာသာပေးခြင်း
မခံရသူမို့ ထားခဲ့တဲ့ မင်းကိုလည်း
ငါအပြစ်မဆိုပါဘူးအချစ်ရေ..

-Thu Thu

ကဗျာစာအုပ်

20 Nov, 08:54


တကယ်တော့ ဖြစ်ပျက်ခြင်းတရားဆိုတာ

တစ်ဖက်မှာ နှစ်ယောက်ပေါင်း
ကမ္ဘာလေးတစ်ခု ဖြစ်တည်နေချိန်

တစ်ဖက်မှာတော့ တစ်ယောက်ထဲ
ကမ္ဘာပျက်နေရတာမျိုးပေါ့ကွာ..။

-ရွှေစွန်ညို-

ကဗျာစာအုပ်

19 Nov, 20:07


နာကျင်တယ်ဆိုတာ စောက်ရှက်ကွဲတာပဲ
ခင်ဗျား ကျောကို သပ်နေတဲ့
လက်တွေရဲ့ နောက်ဘက်ခြမ်းမှာ ဟာသတွေရှိတယ်။

လူတွေက ရေချိုးခန်းလောက်တောင်
ငိုဖို စိတ်မချရတော့ဘူး။

ကိုယ်ထမ်းတဲ့ဝန်က အလေးဆုံးပဲ ဆိုရင်တောင်
ကိုယ်မထမ်းနိုင်တော့ပါဘူး။

ကျွန်တော်နှုတ်ထွက်ပါတယ်။

ဘုန်းပြည့်စုံမင်း

ကဗျာစာအုပ်

19 Nov, 18:14


ဒီကမ္ဘာပေါ်ကို
ကျနော်ရောက်မလာသေးခင်
သုံးနှစ်စွန်းစွန်းလောက်မှာ
ကလေးတစ်ယောက်ရဲ့ငိုသံဟာ
လေထုထဲမှာ ပျံ့လွင့်နေလေရဲ့။
အဲ့ဒီ့ငိုသံက
ကျနော်မွေးဖွားလာခြင်းအတွက်
အကောင်းဆုံးလက်ဆောင်
ဖြစ်လာမယ်လို့ ဘယ်သူကထင်မှာလဲ
နွေဦးရဲ့အစလေးမှာပေါ့
ထင်မှတ်မထားတဲ့
ဘဝအချိုးအကွေ့တွေနဲ့
ဆယ်စုနှစ်တစ်စုစာလောက်
တစ်ယောက်တည်းမျောလွင့်နေရင်း
မန္တလေးမြို့ရဲ့ လမ်းသွယ်လေး
တစ်ခုအနားမှ ကျနော့်ဘဝရဲ့
အကောင်းဆုံး လက်ဆောင်လေး
တစ်ခုက ကျနော့်ကိုစောင့်နေခဲ့လေရဲ့
ကျေးဇူးပါအချစ်ရေ
ပျော်ရွှင်စေတဲ့အတွက်ရော
လုံခြုံရခြင်းအတွက်ရော
ကြုံဆုံခွင့်လေးအတွက်ရော
ရှင်သန်ခြင်းလေးအတွက်ရော
အခက်အခဲတွေကို
မကြောက်ရွံစေခြင်းများအတွက်ရောပေါ့
ရှေ့ဆက်မယ့်နေ့ရက်တိုင်းမှာ
မောင့်အချစ်တွေကို ပိုပိုပြီး
သိမ်းပိုက်နိုင်ပါစေ....၊
From zenith Happy birthday ❤️
-ဆန်းသစ်စ

ကဗျာစာအုပ်

19 Nov, 17:14


ဘဝမှာ အနာကျင်ရဆုံးအချိန်ကလေ
လူတစ်ယောက်ကို ချစ်နေလျှက်
နှစ်နှစ်ကာကာကို သဘောကျနေပါလျှက်
တတိယလူအဖြစ် နောက်ဆုတ်လိုက်ရတဲ့
အခိုက်အတန့်တွေပဲ။

လက်လွှတ်လိုက်တာကလေ
မချစ်လို့လည်းမဟုတ်ဘူး..
မပိုင်ဆိုင်ချင်လို့လည်း မဟုတ်ဘူး..။
ချစ်ရတဲ့သူ ပျော်ရွှင်ရဖို့
သူ့အပြုံးတွေက အခြားသူလက်ထဲမှာ
ပိုတောက်ပနေလို့ အလိုက်တသိနဲ့
နာနာကျင်ကျင် ဘေးထွက်ရပ်ပေးလိုက်တာ။

မချစ်လို့ စွန့်လွှတ်လိုက်တာ မဟုတ်ဘဲ
ချစ်လို့ စွန့်လွှတ်လိုက်တာ။

-Thu Thu

ကဗျာစာအုပ်

19 Nov, 16:11


တစ်ခုခုဆိုရင် အရင်ဆုံးသတိရမိတာဟာ
မင်းပဲ ။အဆင်ပြေတဲ့ အချိန်တွေမှာရော
အဆင်မပြေ ဖြစ်ရတဲ့ အချိန်‌တွေမှာရော
အရင်ဦးဆုံး အသိပေးချင်တာ မင်းပဲ ဖြစ်မယ် ။
ကိုယ့်မှာ မင်းကလွဲပြီး များများစားစားမရှိတာ
မင်းလည်း သိမှာပါ။

- ခက်နှောင်

ကဗျာစာအုပ်

19 Nov, 15:57


ဆောင်းဝင်လာတာနဲ့အမျှ တစ်နေ့ထက်တစ်နေ့
တဖြည်းဖြည်း တမြေ့မြေ့ တစိမ့်စိမ့်
အအေးပိုလာပြီ။
အလွမ်းဓာတ်ဟာလည်း အေးလာတာနဲ့အမျှ
တစ်ရစ်ပြီး တစ်ရစ် ဖြေးဖြေးချင်း
ပိုပိုတိုးလာနေတယ်။
ဆောင်းမှာ အစပြုပြီး ဆောင်းမှာအဆုံးသတ်ခဲ့ရတဲ့
အချစ်ဇာတ်လမ်းလေးတစ်ခုရဲ့
အတိတ်ပုံရိပ်တွေကလည်း တစ်စတစ်စ
ပြန်ထင်ရှားလာနေတယ်။

တစ်ဖန် ပြန်အစပြုချင်ပေမဲ့
မဖြစ်နိုင်တော့တဲ့..
တစ်စုံကပျော်ရွှင်နေပြီး
တစ်ယောက်က ငိုကြွေးနေရတဲ့
ဒီဇာတ်လမ်းမှာ ကိုယ်ကအရှုံးပဲ..။

ဆွဲထားပါလျက် မမြဲခဲ့တဲ့ လက်တစ်စုံ..
ဒူးထောက်ထားပါလျက် လှည့်မကြည့်ခဲ့တဲ့ လူတစ်ယောက်..
ပိုင်ဆိုင်ချင်ပါလျက် စွန့်လွှတ်လိုက်ရတဲ့ ကြိုးတစ်ချောင်း..
နီးလျက်နဲ့ အဝေးကငေးနေရတဲ့ ကျောပြင်တစ်ခု..
ဒီလိုအဖြစ်မျိုး ကိုယ်သာ နောက်ဆုံးဖြစ်ပါရစေ။

-Thu Thu

ကဗျာစာအုပ်

19 Nov, 08:21


စားကြပါအုံး

ကဗျာစာအုပ်

19 Nov, 02:36


သူတို့တွေ ခင်များကိုပိုင်သွားမှာကြောက်တယ်
ပိုင်သွားတာလဲသဘောမကျဘူး
ကျွန်တော် အတ္တကြီးတယ်ဗျာ.. ခင်များကိုကျုပ်ပဲပိုင်ချင်တာ.. ခင်များနှုတ်ခမ်းကို ဖိနှိပ်မိချင်တယ်.. ခင်များရင်ခွင်ထဲအမြဲတိုးဝင်ချင်တယ် ခင်များကို တခြားသူတွေ ချစ်မိမှာမကြိုက်ဘူးဗျာ


-နှင်းရိပ်မြုံ

ကဗျာစာအုပ်

18 Nov, 07:45


ကျွန်တော်က သိပ်ကို
အတ္တကြီးတာဗျ
သူ့အပြုံး သူ့မျက်ဝန်းလေး
အိုဗျာ ကုန်ကုန်ပြောရရင်
သူ့ရဲ့အရိပ်လေးကအစ
ကျွန်တော်ပဲပိုင်ချင်တာ
-ဆန်းသစ်စ

ကဗျာစာအုပ်

18 Nov, 01:15


ပြီးခဲ့တဲ့စနေတနဂ်နွေနှစ်ရက်လုံးရှိတာ တောင် အခုမှဖုန်းဆက်ပြီး ဆရာမက အမျိုးသာ‌း‌ေန့ပန်းချီဆွဲဝင်ပြိုင်းခိုင်းတာ် ပြိုင်ပွဲက ၉နာရီ ‌

အော်အေးအေ
ငါကမှော်ဆရာလေ တန်းကြည့် အလွတ်တန်းရတာ 🙆🥲

ကဗျာစာအုပ်

17 Nov, 14:45


ငါအိပ်ပျော်ပြီး
နိုးလာတော့ ခန်းမတစ်ခုလုံး
ပူဖောင်း‌တွေ စီခြယ်လို
သတိုသားရဲ့လက်ဟာ သတိုသမီးကို ဆွဲတဲ့
ကျမ်းကျိန်ခန်းကို အနှေးကွက်နဲ့ ပြတယ်။
ပန်းတွေကို ကြဲလိုက်တိုင်း
ငရဲမီးတွေဟာ ထ ထပွင့်လို
ရှင်ဟာ သိပ်စေ-ာက်ကြောတင်းတဲ့လူ ဆိုတဲ့
အသံကို မကြားရတော့ဘူး။
ရေခဲမုန့်ကို စားနေရင်း
ကိုယ့်မျက်နှာကို လက်ဖဝါးနဲ့ အပ်မိ
ကိုယ်ဟာ ငိုမိခဲ့ပေါ့။

-ဘုန်းပြည့်စုံမင်း

ကဗျာစာအုပ်

17 Nov, 14:02


ဒီနေ့ကစပြီး မင်းနဲ့ပတ်သက်တဲ့ အမှတ်တရတွေ
အကုန်မေ့ပစ်လိုက်တော့မှာ။

နောက်ထပ်လည်း မင်းကို မလွမ်းတော့ဘူး။
နောက်ထပ်လည်း မင်းရှေ့ပေါ်မလာတော့ဘူး။
ဒီဘဝ ဒီမျှနဲ့ ငါကျေနပ်လိုက်ပြီ။

ထပ်လည်းမချစ်ချင်တော့ဘူး။
ထပ်လည်းမချစ်ရဲတော့ဘူး။
အချစ်ဆိုတာကြီးကို ငါကြောက်နေပြီ။

-Thu Thu

ကဗျာစာအုပ်

17 Nov, 12:17


ငါ့စုဗူး - ၆၄

မုန်တိုင်းထဲက
မီးထဲက ငါ့စာမူ။

စာမူပြီးလျှင်
စာမူခဆိုတာ
ဖြစ်လာခဲ့တယ်
လျော်ကန်ပါတယ်။

ငါ့စာမူခ ငါရတာ
ငါ ပျော်တာပေါ့လေ။ ။

ငါ့စုဗူး - ၆၅

အကောင်းချည်း မျှော်လင့်တာ
ဘယ်တရားမလဲ
အပြစ်အနာ အဆိုးများလည်း ပါနေမှာပဲ
လောကဓံ မျက်မျက်ပေါ့လေ။

အကောင်းချည်း မဖြစ်နိုင်ဘူး
ဘယ်တော့မှ မဖြစ်နိုင်ဘူး
ဖြစ်ခဲ့လို့လား
ရောဦး။ ။


အောင်ချိမ့်

ကဗျာစာအုပ်

16 Nov, 18:37


ငါ့တကိုယ်လုံး အနုဆုံးဟာ
နှလုံးသားလို့ တဖွဖွပြောတဲ့ကြားက
အနုဆုံးနေရာကိုမှ မင်းကရွေးထိုးတယ်....

စည်းမျည်းတွေနဲ့ထိုးခိုင်းတဲ့ ကြိုးဝိုင်းမှမဟုတ်တာကွယ် ဒီပွဲလည်းမင်းနိုင်ပါတယ်...။

-ဆန်းကျော်စွာဝင်း

1,081

subscribers

535

photos

22

videos