SItt News တိုက်ပွဲတိုင်းအောင်မြင်စေရမည်🇲🇲🇲🇲🇲🇲 @bagonews7 Channel on Telegram

SItt News တိုက်ပွဲတိုင်းအောင်မြင်စေရမည်🇲🇲🇲🇲🇲🇲

@bagonews7


သတင်းပေါင်းစုံ စုည်းရေး

SItt News တိုက်ပွဲတိုင်းအောင်မြင်စေရမည်🇲🇲🇲🇲🇲🇲 (Burmese)

ယခုစာရင်းတွင်သည် SItt News တိုက်ပွဲတိုင်းအောင်မြင်စေရမည် အများဆုံးကျွေးများ၊ အခြားနည်းလမ်းများနှင့် အသက်မွေးများအတွက် အညီအမျှဝေမှုများ၊ နောက်ဆုံး ဖတ်ရှုများ အတွက် အသုံးဝင်မှုများဖြစ်ပါသည်။ သင်နှင့် သင့်ဖွင့်လှစ်သူများအတွက် SItt News တိုက်ပွဲတိုင်းအောင်မြင်စေရမည် ချင်းတယ်နေရာတွင် ဝင်ရောက်ခဲ့ပါသည်။ ဘာလုပ်ရမလဲဆိုတာလဲ လိုအပ်သည်လိုမျိုး စာအုပ်ကို အနည်းဆုံးထည့်သွင်းပြီး နောက်ဆုံး အသံထင်ကျော်အောင်စံအတိုင်း မှန်မမှန်လိုမျိုး သံတဖြတ်နိူငွေလိုက်ပြီး ပြန်လည်ပြောင်းထည့်ပါသည်။ အိမ်မှ သင့်မှာ ဆိုင်မှပြန်အိမ်တွင် ပြောပါသည်။ အိမ်မှ နေ့လည် ပြောခဲ့ပြီး ဒါပါသည်။

SItt News တိုက်ပွဲတိုင်းအောင်မြင်စေရမည်🇲🇲🇲🇲🇲🇲

24 Nov, 11:18


ဘွဲ့လက်မှတ် အတုက nug ရဲ့ အလှုငွေ လမ်းကြောင်းကို တော်တော်ထိသွားတယ်။ kaung 4 u ၊ foeim တို့လိမ်ပြေးတုန်းကလဲ လူငယ်တွေပညာရေး ထိခိုက်ပြီးပြီ။
ခုလဲ ကျောင်းအပ်လက်ခံလို့ ကျောင်းတက်နေပြီ ဆိုပြီး သတင်းလိမ်နဲ့ ဖွနေပြန်ပြီ။ ကျောင်းအပ်လက်ခံလိုက်ပြီဆို ဘယ် passport နဲ့ကျောင်းတက်တာလဲ။ admission letter က ဘယ်မှာလဲ။ ပြလေ။

SItt News တိုက်ပွဲတိုင်းအောင်မြင်စေရမည်🇲🇲🇲🇲🇲🇲

24 Nov, 11:18


တပ်ချုပ်ရဲ့ဇာတာလို့ပဲ ပြောရမလား၊ ဘုန်းကံလို့ပြောရမလား၊ မေတ္တာရှင်ကြီးကို စော်ကားကြလို့ ဘေးသင့်တယ်ပြောရမလားပဲ။ တပ်ချုပ်ကို တစ်ယောက်ချင်းချဖို့ စိန်ခေါ်တဲ့ ဖိုးသော် ဗုံးလုပ်ရင်း ပေါက်ကွဲပြီး တစ်ကိုယ်လုံး အရေပြားတွေ မီးလောင်သွားတယ်။ တပ်မတော် စစ်ဆေးရုံက ဆရာဝန်နဲ့ သူနာပြုတွေ မေတ္တာရှေ့ထားပြီး ကုသပေးကြလို့ အသက်ဘေးက လွတ်မြောက်ခဲ့ရတယ်။ အရေပြားမီလောင် အကြောတွေကပ်ကုန်လို့ ဖိုက်တာ ကစားသမားဘဝတော့ ပြီးဆုံးသွားတယ်။ တပ်မတော်ရဲ့ စေတနာနဲ့ တပ်ချုပ်ကြီးရဲ့ မေတ္တာကို ဖိုးသော် case မှာ မြင်ရတယ်။ ပြည်ဖျက်မီဒီယာတွေမှာ အဲ့သတင်းမတင်ကြဘူး။

ထိုင်းရောက်မြန်မာတွေ တပ်ချုပ်ကို မြို့လယ်ခေါင်မှာ ဆဲဆိုကြတယ်။ တပ်ချုပ်က မေတ္တာထားလို့ တန်ပြန်ထိတာ ထိုင်းရောက် မြန်မာတွေပဲ။ ထိုင်းလူမျိုးတွေနဲ့ ပြဿနာဖြစ်ပြီး အကုသိုလ်တွေတက်ကြတယ်။ အနေအထိုင် ကြပ်တည်းလာကြတယ်။

SItt News တိုက်ပွဲတိုင်းအောင်မြင်စေရမည်🇲🇲🇲🇲🇲🇲

24 Nov, 11:17


ကျုပ်တစ်ယောက်ထဲရဲ့ ပုဂ္ဂလိက အမြင်နဲ့ပြောရရင် nld ပါတီကိုထောက်ခံတဲ့ အနီတိုင်းက ကျုပ်တို့ရဲ့ ရန်သူမဟုတ်ပါဘူး။ တိုင်းပြည်ကို အကြမ်းဖက်ဖျက်စီးနေတဲ့ နီပိန်းတွေ ၊ ရိုးသားသူတွေကို မြောက်ပင့်ပေးပြီး ကိုယ်ကျိုးရှာနေတဲ့အနီတွေ ကသာ ရန်သူဖြစ်ပါတယ်။

ဒီမိုကျရေစီစနစ်က အာဏာရှင် မပေါ်ထွက်အောင်၊ အာဏာခွဲဝေကျင့်သုံးခြင်း မျှခြေစနစ်ကို ကျင့်သုံးတဲ့အတွက် ဝါစိမ်းနီပြာ မတူကွဲပြားတဲ့ အင်အားစုတွေက တည်ရှိနေရပါမယ် ။ တစ်ပါတီတည်း အာဏာ မျှခြေစောင်းသွားခြင်းက ဒီမိုကရေစီစနစ်ကို ယိမ်းယိုင်စေခဲ့ကြောင်း ၂၀၁၆-၂၀၂၀ ဖြစ်စဥ်ကို လေ့လာရင်ရပါတယ်။ ဒီမိုကရေစီစနစ်မှာ မဟုတ်တာလုပ်တဲ့ အနီတွေကို ဖော်ထုတ်ဖို့ အစိမ်းတွေလိုအပ်ပါတယ်။ မဟုတ်တာလုပ်တဲ့ အစိမ်းတွေကို ဖော်ထုတ်ဖို့ အနီတွေလိုအပ်ပါတယ်။

ဒီမိုကရေစီစနစ်မှာ ပြိုင်ဘက်ပါတီတစ်ခု နိုင်ငံရေးစင်မြင့်ကနေ ပျောက်ကွယ်သွားအောင်လုပ်ဆောင်ခြင်းက ဒီမိုကရေစီစနစ်ကို ဖျက်စီးခြင်းမည်ပါတယ်။

မျှခြေရှိတဲ့ ဒီမိုကရေစီစနစ် တည်ဆောက်ချင်လို့ တပ်မတော်ခေါင်းဆေင်တွေက ၂၀၁၂ မှာ nld ပါတီကို လွှတ်တော်ထဲ ခေါ်လာခဲ့ပါတယ်။ ၂၀၁၅ မှာ ရွေးကောက်ပွဲ နိုင်လို့ အာဏာလွှဲပေးခဲ့ပါတယ်။ ၂၀၁၆-၂၀၂၀ nld က အစိုးရ အာဏာ နဲ့ ဆိုရှယ်မီဒီယာကနေ လော်ဘီတွေရဲ့အားကို မသမာတဲ့နည်းနဲ့ ကိုင်စွဲပြီး ပြိုင်ဘက် အင်အားစုတွေကို နိုင်ငံရေးစင်မြင့်ကနေ ဖယ်ရှားဖို့ စီစဥ်ခဲ့ခြင်းကနေ ယခုလိုဖြစ်စဥ် ဖြစ်လာခဲ့ခြင်း ဖြစ်ပါတယ် ။

အမေရိကန်နိုင်ငံမှာ ဒီမိုကရက်ပါတီက ရီပတ်ပလစ်ကင်ပါတီကို နိုင်ငံရေးစင်မြင့်ကနေ ပျောက်ကွယ်အောင် မဖယ်ရှားပါဘူး။ အတိုက်အခံအနေနဲ့ ရပ်တည်နိုင်အောင် ထိန်းသိမ်းကြတာကို မြင်ရပါမယ်။

တပ်မတော်ခေါင်းဆောင်တွေ အနေနဲ့ တပ်မတော်က အုတ်မြစ်ချတည်ဆောက်ပေးခဲ့တဲ့ မြန်မာ့ ဒီမိုကရေစီစနစ် မပျက်စီးစေဖို့ အကြမ်းဖက်မှုကို မထောက်ခံတဲ့ nld ပါတီဝင်တွေ ပါတီပြန်ဖွဲ့ပြီး ရွေးကောက်ပွဲဝင်စေလိုတာကို အထင်အရှားမြင်ရပါတယ်။ အေးချမ်းစွာ နေထိုင်လိုကြတဲ့ nld ပါတီထောက်ခံသူတွေ ၊ ကြားနေပြည်သူတွေကလဲ အကြမ်းဖက်မှုတွေ ပပျောက်အောင် nld ပါတီ မှတ်ပုံပြန်တင်ပြီး ရွေးကောက်ပွဲဝင်စေလိုကြတာ အထင်အရှားမြင်ရပါတယ်။ nld ပါတီက ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် မြန်မာ့သမိုင်းမှာ သမိုင်းဝင်တဲ့ဆုံးဖြတ်ချက် ဖြစ်ပါလိမ့်မယ်။

အစိမ်းတွေကို မေတ္တာရပ်ခံလိုပါတယ်။ အနီအစိမ်းခွဲခြားခြင်း ပေတံဖြင့် ရန်သူမိတ်ဆွေ မခွဲခြားကြပဲ၊ တိုင်းပြည်ကို ဖျက်စီးသူ တိုင်းတာစမ်းစစ်ခြင်း ပေတံဖြင့် ရန်သူမိတ်ဆွေခွဲခြားကြဖို့ အကြံပြုအပ်ပါတယ်။

SItt News တိုက်ပွဲတိုင်းအောင်မြင်စေရမည်🇲🇲🇲🇲🇲🇲

24 Nov, 11:17


အမေရိကန် နိုင်ငံရောက် nug နီပိန်း မိသားစုတွေကို မိုးကြိုးပစ်ချမယ့် Tom Homan ဆိုတဲ့ဘဲကြီးပါနော်။ ထရမ့်ရဲ့ mass deportation ခိုလှုံနေတဲ့သူတွေ ပြန်ပို့မယ် အစီအစဥ်ကို ဦးဆောင်မယ့်သူပါ။ mass deportation မှာ လူဦးရေ သန်းနဲ့ချီပြီး နှင်ထုတ်ခံရမှာပါ။ မြန်မာနိုင်ငံမှာ လူသတ်အကြမ်းဖက်မှု ကျုးလွန်ထားကြတဲ့ nug ဝန်ကြီးတွေနဲ့ nug မိသားစုတွေကတော့ ပြေးလွတ်မယ် မထင်ဘူး။

SItt News တိုက်ပွဲတိုင်းအောင်မြင်စေရမည်🇲🇲🇲🇲🇲🇲

24 Nov, 11:16


ထောက်လှမ်းရေးအတွက် အသုံးပြုနိုင်ရင်ကို အတော်ဟုတ်နေပြီ။

SItt News တိုက်ပွဲတိုင်းအောင်မြင်စေရမည်🇲🇲🇲🇲🇲🇲

24 Nov, 11:16


nug နဲ့ nug နောက်လိုက် နိုင်ငံခြားရောက် နီပိန်းတွေ သူတို့ပြုခဲ့တဲ့ အကုသိုလ်ကံကြောင့် ဒုက္ခရောက်ကြရတော့မှာပါ။ လူအချင်းချင်းလိမ်လို့ရပါတယ်။ သတင်းမီဒီယာ အားကိုးနဲ့ လိမ်လို့ရပါတယ်။ ကံကို လိမ်လို့ မရပါဘူး။

ထိုင်းမှာ လက်ရှိဖြစ်ပျက်နေတဲ့ နီပိန်းတွေရဲ့ အခြေအနေတွေ၊ နိုင်ငံတကာမှာ ဖြစ်ပျက်နေတဲ့ နီပိန်းတွေရဲ့ အခြေအနေတွေက အကုသိုလ်ကံတွေ အကျိုးပေးနေတာပါ။ အကုသိုလ်ကံတွေက မနည်းပါဘူး။ ဆရာတော်ကြီးတွေကို စော်ကားတယ်။ ထမီနဲ့ တန်းပြီး ယုတ်ညံ့တယ်။ အမျိူးသမီး လစဥ်သုံးတွေနဲ့ ကပ်တယ်။ လူသတ်လက်နက်တွေ ဝယ်လှုတယ်၊ လူသတ်ဖို့အားပေးတယ်။ လူသေရင် ဝမ်းသာအားရ ပျော်ကြတယ်။

အကုသိုလ်ကံတွေ မများအောင် ကောင်းမှုများများလုပ်ကြပါလို့ တိုက်တွန်းပါတယ်။ ကံကို လိမ်လို့မရပါဘူးနော်။

SItt News တိုက်ပွဲတိုင်းအောင်မြင်စေရမည်🇲🇲🇲🇲🇲🇲

24 Nov, 11:16


ခေါကြီးတို့မြောက်ပေးလိုက်တာနဲ့ မြန်မာ gz တွေ သွေးကြွပြီး နေရာတကာမှာ အဆင်မပြေဘူးဆိုတဲ့ သတင်းတွေကြားလာရတယ်။ အလုပ်တွေထဲလဲ အလုပ်ရှင်ကို ဇောင်းကြွပြီး အဆင်မပြေဘူး။ ထိုင်းရောက် မြန်မာ gz တွေလဲ အဆင်မပြေဘူး။ နိုင်ငံခြားရောက် gz တွေလဲ အဆင်မပြေဘူး။ မြန်မာပြည်ထဲလဲ အဆင်မပြေဘူး။ လိုင်းပေါ်လဲ အဆင်မပြေဘူး။ တောထဲမှာလဲ အသုံးချခံရလို့ သေလိုက်တာ သောက်သောက်လဲပဲ။

နောက်ဆုံးဖြစ်ခဲ့တဲ့ ပုဂံဟိုတယ် ကိစ္စမှာ သေကြတာလဲ gz တွေပဲ။ ဇောင်းကြွပြီး ကခုန်နေကြတာကို အခန်းတွေက မခံနိုင်လို့ ဟိုတယ်ဝန်ထမ်းတွေကို ပြောရင်းကနေ ဟိုတယ်ဝန်ထမ်းတွေပါ ဇောင်းထလို့ ဖြစ်ကြတာပါပဲ။


ခေါကြီး နဲ့ မြောက်ပေးခဲ့တဲ့သူတွေ တာဝန်ယူရလိမ့်မယ်။ gz မျိုးဆက်ကို nug ဖြုတ်ခဲ့တာပေါ့နော်။

SItt News တိုက်ပွဲတိုင်းအောင်မြင်စေရမည်🇲🇲🇲🇲🇲🇲

24 Nov, 11:15


ထရမ့်လက်ထက်မှာ အမေရိကန်မှာ မရှိဖူးသေးတဲ့ ဌာနအသစ်ဖွဲ့ ပါလိမ့်မယ်။ Department of Efficiency အသုံးစရိတ် ထိရောက်စွာသုံးနိုင်ရေး ဌာနလိုဖြစ်ပါတယ်။ အမေရိကန်မှာ အကြွေး ၃၅ ထရီလီယံတင်နေပါတယ်။ ဘီလီယံနဲ့တွက်ရင် ၃၅၀၀၀ ဘီလီယံပါ။ အစိုးရက မလိုအပ်တဲ့ အသုံးစရိတ်တွေ လျော့ချနိုင်မှ အကြွေးတွေကို ပြန်ဆပ်နိုင်မှာပါ။
Department of Efficiency ကို ဦးဆောင်မှာက အီလွန်မက်စ်နဲ့ ဗီဗက်ပါ ။
ဒုက္ခသည်‌ထောက်ပံ့တာတွေကို လျော့ချမှာဖြစ်လို့ nug နဲ့ nug အားပေးနီပိန်းတွေ ထိုင်းနယ်စပ်မှာ ဒုက္ခ လှလှတွေ့တော့မှာပါ။ nug ဝန်ကြီးမိသားစုတွေကတော့ ၂၀၂၁ ထဲက ခိုလှုံခွင့်ရနေပါပြီ။ ပြည်တွင်းက ဒုက္ခသည်တွေကိုလဲ ပြန်ပို့ကြမှာပါ။ မြန်မာနိုင်ငံ ငြိမ်းချမ်းဖို့အတွက် လာမယ့် (၄) နှစ်က အခွင့်ရေး ရပါလိမ့်မယ်။

SItt News တိုက်ပွဲတိုင်းအောင်မြင်စေရမည်🇲🇲🇲🇲🇲🇲

24 Nov, 11:15


ချစ်ဦးညို
မောင်စိန်ဝင်း (ပုတီးကုန်း)
မောင်သာချို
ညီမင်းညို
ဦးဘုန်း (ဓာတု)
သရဝဏ်(ပြည်)
ဗေလုဝ တို့လို စာရေးဆရာတွေ စစ်တပ်ကို မုန်းတီးရေးတရားတွေဟောပြီး တိုင်းပြည်ကို ဖျက်ဆီးသွားတာနော်။

SItt News တိုက်ပွဲတိုင်းအောင်မြင်စေရမည်🇲🇲🇲🇲🇲🇲

24 Nov, 11:15


"တော်လှန်ရေးက တော်လှန်ရေး တစ်ကဏ္ဍ...

တော်လှန်ရေးလုပ်တာ တော်လှန်ရေးလုပ်တာပဲ
ဟေ့အောင်....

အူမတောင့်မှ သီလစောင့်တာ"

တော်လှန်ရေးဗန်းပြ ငွေရှာစားနေကြာင်း  စိန်သီး ဝန်ခံသွားပါတယ်။

SItt News တိုက်ပွဲတိုင်းအောင်မြင်စေရမည်🇲🇲🇲🇲🇲🇲

24 Nov, 11:13


NCA ရဲ့ မူလရည်မှန်းချက်က နိုင်ငံရေးဆွေးနွေးပွဲတွေ စနိုင်ဖို့ အပစ်အခတ်ရပ်စဲထားတဲ့ ငြိမ်းချမ်းရေးလမ်းပြမြေပုံအဆင့်ပဲ။ NCA ဟာ အကောင်းဆုံး၊ အပြည့်စုံဆုံးလို့ မဆိုနိုင်ပေမယ့် လက်ရှိအချိန်အထိ သူ့ထက်ကောင်းပါတယ်ဆိုတဲ့ မော်ဒယ်မျိုး ဘယ်အဖွဲ့ အစည်းကမှ ချမပြနိုင်သေးဘူး။ ဒါက NCA နဲ့ပတ်သက်တာ။
---
NCA သွားမယ့်ပုံစံက နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ပြီး အနက်အဓိပ္ပာယ်ဖွင့်ဆိုတာတွေ၊ လိုချင်တာတွေနဲ့ လိုက်လျောနိုင်မယ့် အချက်တွေကို ဒီအဆင့်မှာ ဆွေးနွေးကြမယ်။ သဘောတူညီမှု ရရင် ပြည်ထောင်စုအဆင့် စာချုပ်ချုပ်ပြီးတော့ လွှတ်တော်တင်မယ်။ ပြည်ထောင်စု လွှတ်တော်ကနေ ၂၀၀၈ ခြေဥကို ပြင်မယ်။ ဒီလို ရည်ရွယ်ထားခဲ့ကြတာ။ ဘာလို့လဲဆိုတော့ ၂၀၀၈ ခြေဥအတိုင်းသွားရင် ဖွဲ့စည်းပုံ ပြင်ဖို့က အရမ်းခက်နေလို့။
---
လက်ရှိအချိန်အထိ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)အထိ သဘောတူ ပြီးသွားပြီ။ ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်း(၁)ကို ၂၀၁၇ ခုနှစ် မေလ ၂၄ ကနေ ၂၉ အထိကျင်းပတဲ့ အစည်းအဝေးမှာ သဘောတူညီမှုရခဲ့တယ်။ အဲ့ဒီအစိတ်အပိုင်း မှာ နိုင်ငံရေးအတွက် (၁၂)ချက်၊ စီးပွားရေးအတွက် (၁၁)ချက်၊ လူမှုရေးအတွက် (၄)ချက်နဲ့ မြေယာ/သဘာဝနဲ့ပတ်သက်တာ (၁၀)၊ စုစုပေါင်း (၃၇)ချက်အထိ သဘောတူညီမှု ရခဲ့တယ်။ အဲ့ဒီလိုသဘောတူညီမှုရခဲ့တဲ့ (၃၇)ချက်ထဲမှာ စီးပွားရေးကဏ္ဍမှာဆိုရင် “ ပြည်နယ်/တိုင်းဒေသကြီးအစိုးရတွေဟာ ပြည်တွင်းနဲ့ နိုင်ငံတကာရင်းနှီးမြုပ်နှံ့မှုလုပ်ငန်း တွေကို အကောင်အထည်ဖော်ခွင့်ဆိုတဲ့ အချက်တွေတောင် ထည့်သွင်းထားတာ တွေ့ရတယ်။
--
ပြည်ထောင်စု သဘောတူစာချုပ်အစိတ်အပိုင်း(၂)ကို ၂၀၁၈ ခုနှစ်ဇူလိုင် ၁၁ ရက်ကနေ ၁၆ အထိ ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ သဘောတူနိုင်ခဲ့တယ်။ နိုင်ငံရေးအတွက် (၄)ချက်၊ လူမှုရေးအတွက် (၇)ချက်၊ စီးပွားရေးအတွက် (၁)ချက်နဲ့ မြေယာအတွက် (၂)ချက်၊ စုစုပေါင်း (၁၄)ချက် သဘောတူညီမှု ရခဲ့တယ်။ အဲ့ဒီ(၁၄)ချက်တွေထဲမှာ ကျား/မ တန်းတူမှုတွေ၊ ပညာရေးကဏ္ဍ၊ မသန်စွမ်းနဲ့သက်ကြီးရွယ်အိုတွေ၊ နိုင်ငံသားစစ်စစ်သာ မြေယာပိုင်ဆိုင်ရမယ်ဆိုတဲ့ အချက်တွေ သဘောတူညီမှုရခဲ့တယ်။
----
ပြည်ထောင်စု သဘောတူညီမှု အစိတ်အပိုင်း(၃)ကို ၂၀၂၀ ဩဂုတ်လ ၂၁ ရက်နေ့မှာ သဘောတူညီမှု ရခဲ့တယ်။ NCA မူဘောင်ကို အခြေခံတဲ့ (၁၅)ချက်၊ ၂၀၂၀ အလွန်မှာ အဆင့်လိုက် လုပ်ရမယ့် လုပ်ငန်းစဉ်တွေနဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ လမ်းညွှန်အခြေခံမူ (၅)ချက်ကို သဘောတူညီမှု ရခဲ့တယ်။ အဲ့ဒီအချက်တွေထဲမှာ လူမျိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုတွေကို ခွဲခြားခြင်းမပြုရဆိုတဲ့ အချက်တွေ ပါသလို လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းစဉ်တွေကို NCA ရဲ့ အပိုင်(၂၀)ပါ နိုင်ငံရေး လမ်းပြမြေပုံအတိုင်း ဆောင်ရွက်ဖို့ ဆိုတဲ့ အချက်တွေ ပါဝင်ခဲ့တာ တွေ့ရတယ်။
----
ဘယ်လိုပဲဖြစ်ဖြစ် ဒီလို သဘောတူညီချက်တွေ ရဖို့ဆိုတာ စကားလုံး တစ်လုံးချင်းစီက အစ အသေးစိတ်ညှိနှိုင်းခဲ့ရတာဖြစ်လို့ နောက်တက်လာမယ့် အစိုးရတွေအနေနဲ့ လက်တွေ့ ကျကျ အကောင်အထည်ဖော်ပြဖို့ တာဝန်ရှိတယ်။ ဒီလို သဘောတူညီမှု ရဖို့ အစိုးရ (၂)ဆက်က တာဝန်ရှိသူတွေ၊ တပ်မတော်နဲ့ EAO ဘက်က ခေါင်းဆောင်တွေ အကြေ အလည် ဆွေးနွေးခဲ့ကြတာလည်း သမိုင်းမှတ်တမ်းအဖြစ် ရှိနေတယ်။ ဒါပေမယ့် တစ်ခုတော့ ရှိတယ်။ လက်ရှိအချိန်မှာ NCA ဘာလား၊ ညာလား ပြောနေတဲ့ လျန်မှုန် ဆာခေါင်တို့၊ စောကွယ်ထူးဝင်းတို့ကလည်း ဒီအစိတ်အပိုင်းတွေမှာ ကျေကျေနပ်နပ် လက်မှတ်ထိုးခဲ့ကြသူတွေဖြစ်တယ်ဆိုတာ မမေ့ဖို့လိုတယ်။ အဓိကကတော့ ရှက်တတ်ဖို့ လိုတာပါပဲ။

(နရီမိုး)

SItt News တိုက်ပွဲတိုင်းအောင်မြင်စေရမည်🇲🇲🇲🇲🇲🇲

24 Nov, 11:12


Trend က ဖော်ပြခဲ့တဲ့ ဒေါ်စန္ဒာမင်း Interview မှာ NLD ကို မြေအောက်ပါတီ မဖြစ်စေချင်ဘူးဆိုတဲ့ စကားလုံး တစ်လုံး သွားတွေ့တယ်။ ပါတီအပေါ် နှစ်နှစ်ကာကာ ယုံကြည် ချစ်မြတ်နိုးသူတွေအတွက်တော့ NLD ပါတီ ခုလို အခြေအနေ ဖြစ်နေတဲ့အပေါ်မှာ ယူကျုံးမရ ဖြစ်မှာတော့ အမှန်ပဲ။


တကယ်လို့ နိုင်ငံရေးအရ မိုးမပြို၊ ပြိုခဲ့သည် ရှိသော်ပေါ့။ မြန်မာပြည်ထဲက CEC တွေနဲ့ အကြမ်းဖက်မပါတဲ့ လက်ကျန် အင်အားစုတွေကသာ NLD ကို ရွေးကောက်ပွဲ ဝင်ဖို့ လမ်းမှန်ပေါ် ထမ်းတင်ပေးနိုင်ရင်တော့ အခြေအနေတမျိုးပြောင်းနိုင်လိမ့်မယ်လို့ ထင်မိတယ်။ ဒီလိုဖြစ်ဖို့ကလည်း အထဲမှာ ရှိနေတဲ့ ပါတီခေါင်းဆောင်ရဲ့ ခွင့်ပြုချက်နဲ့ သဘောထားမှတ်ချက်လိုတယ်။ တကယ်လို့ ဒေါ်စုသာ သဘောတူခဲ့ရင် လက်ရှိ အကြမ်းဖက် လူသတ်နေတဲ့ NUG နဲ့ PDF တွေဆိုတာ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို မကျေနပ်လို့ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်အချို့နဲ့ ပါတီ ထောက်ခံသူတွေ ဆိုပြီး ၂ ပိုင်း ကွဲသွားလိမ့်မယ်။ NLD ပါတီကိုလည်း Image ကောင်းသွားစေလိမ့်မယ်။

ဒီလို ဖြစ်ဖို့ကလည်း ဒေါ်စု အပေါ် အများကြီး မူတည်သေးတယ်။ တကယ်တော့ NLD ပါတီမှာ ဒေါ်စုအလွန်ကာလအတွက် ခေါင်းဆောင်ပိုင်းဆိုင်ရာမှာ ကြိုပြီး ပြင်ဆင်ခဲ့ဟန်မရှိဘူး။ စပြီး တည်ထောင်ခဲ့ကြတဲ့ ဦးမောင်ကြီး၊ တပ်ချုပ်ကြီး ဟောင်း ဦးတင်ဦး တို့ကလည်း ဒေါ်စု အပေါ် ဩဇာအားဖြင့် မလွန်ဆန်နိုင်ခဲ့ကြဘူးလို့ အကြမ်းဖျင်း ယူဆရမယ်။ တကယ်လို့ ဒေါ်စုသာ NLD ပါတီကို တကယ်ချစ်ရင် ခုလို Image ပျက်စီးသွားတဲ့ ပါတီတခု အဖြစ်တော့ မြင်ချင်မယ်မထင်ဘူး။ ဒါပေမယ့် ခုထက်ထိလည်း ဖြစ်ချင်တိုင်း ဖြစ်ပျက်နေတဲ့အပေါ်မှာ မျက်နှာလွှဲခဲပစ်တော့ ထားနေတုန်းပဲ။


တကယ်လို့ UEC ကသာ PR စနစ် နဲ့ ရွေးကောက်ပွဲ လမ်းပြမြေပုံ ထွက်လာခဲ့ရင် ....လာမယ့် ရွေးကောက်ပွဲ အတွက် ယှဉ်ပြိုင်ကြမဲ့ နိုင်ငံရေးပါတီတွေဟာ တပါတီတည်း ကြီးစိုးနိုင်မှာ မဟုတ်တော့ဘူး။ NLD ပါတီသာ NUG နဲ့ မသက်ဆိုင်ဘူးဆိုတာ ဂဃနဏ ကွဲပြားလာရင်....နစက ဘက်ကလည်း All Inclusive ဖြစ်အောင် လုပ်လာနိုင်လိမ့်မယ်လို့ ယူဆရတယ်။ မဟုတ်ရင် သမိုင်းမှာ NLD ပါတီ ထောက်ခံသူတွေဟာ နိုင်ငံဝန်ထမ်းတွေကို CDM လုပ်ဖို့ ဖိအားပေးခဲ့ကြတာ၊ ဗီနိုင်းထုတ်ပြီး အရှက်ခွဲခဲ့ကြတာ၊ ရပ်ကျေးအုပ်ကြီးအယောက်ပေါင်း ထောင်ချီ သတ်ဖြတ်ခဲ့ကြတာ၊ နိုင်ငံပိုင်အဆောက်အဦတွေ ဖျက်ဆီးခဲ့ကြတာ စသဖြင့် မှတ်တမ်းဆိုးကြီး နဲ့ ဖြတ်သန်းသွားရလိမ့်မယ်။


လက်ရှိမြေပြင်မှာ ဂိတ်ဖွင့်ပြီး အခွန်ကောက်နေတဲ့ PDF တွေဟာ NLD နဲ့ မသက်ဆိုင်ကြောင်း ၊ ယင်းမာပင်-ပုလဲ ဘက်မှာ PDF အချင်းချင်း သတ်ဖြတ်နေတဲ့ အကြမ်းဖက် လုပ်ငန်းတွေဟာ NLD ပါတီထောက်ခံသူတွေ မဟုတ်ကြောင်း၊ ဘယ် EAO နဲ့မှလည်း မပူးပေါင်းနိုင်၊ ဘယ်နိုင်ငံတကာကမှလည်း ပြည်ပြေးဦးနု လောက်တောင် မထောက်ခံတဲ့ NUG ရဲ့ ထုတ်ပြန်ချက်၊ လုပ်ဆောင်ချက်တွေသာ NLD ပါတီရဲ့ အကြမ်းမဖက်တဲ့ မူကို ကျော်လွန်လုပ်ဆောင်နေကြောင်းကိုသာ NLD ပါတီက ထုတ်ပြန်ပြီး ၂၀၂၅ ရွေးကောက်ပွဲကို ဝင်နိုင်ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင်တော့......

ဒေါ်စန္ဒာမင်းပြောတဲ့ မြေအောက်ပါတီအဖြစ်နဲ့ သမိုင်းမှာ မကျန်ခဲ့နိုင်ဘူးလို့တော့ ယူဆမိပါကြောင်း။


(နရီမိုး)

SItt News တိုက်ပွဲတိုင်းအောင်မြင်စေရမည်🇲🇲🇲🇲🇲🇲

24 Nov, 11:12


ယူကရိန်းစစ်မြေပြင်တွင် လက်နက်သစ်များ စမ်းသပ်ရန် အသုံးပြုနိုင်သဖြင့် ဂုဏ်ယူကြောင်း ပြောခဲ့သည့် ဇလန်းစကီး ရုရှားက တကယ်လက်နက်ဆန်းများ စမ်းပြသောအခါ မပျော်နိုင်တော့။

SItt News တိုက်ပွဲတိုင်းအောင်မြင်စေရမည်🇲🇲🇲🇲🇲🇲

24 Nov, 11:12


ကျားသေကို အသက်မသွင်းနဲ့

Ko Thant Zin Hlaing

https://www.tiktok.com/@ko.thant.zin.hlai4?_t=8refVN88sAZ&_r=1

SItt News တိုက်ပွဲတိုင်းအောင်မြင်စေရမည်🇲🇲🇲🇲🇲🇲

24 Nov, 11:10


"မတန်ရေးချ မတန်"
----------------------

အဲ့သလို ကလေကဝ
ကလေကချေ ဘဝက
လာတဲ့ လူပြောင်လူပျက်။

သူ့ကြောင့် လူတွေသေ၊
ကမ္ဘာစစ် ဖြစ်ရတာ မတန်
လွန်းပါတကား။

(Andrew Soe)
23rd Nov 2024

SItt News တိုက်ပွဲတိုင်းအောင်မြင်စေရမည်🇲🇲🇲🇲🇲🇲

24 Nov, 11:09


-
ချမ်းအေးသာစံမြို့နယ်တွင် အကြမ်းဖက် PDF သင်တန်းဆင်း အမျိုးသမီးတစ်ဦး ဖမ်းဆီးရမိ
****
(ပြည်တွင်း) နိုဝင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်၊ ၇၅ လမ်း၊ ၂၈×၂၉ လမ်းကြားတွင် အကြမ်းဖက် PDF သင်တန်းဆင်းထောက်ပို့အမျိုးသမီးတစ်ဦး အိမ်ငှားရမ်းနေထိုင်နေကြောင်း
သတင်းအရ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများမှ သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်က၊ စိတ္တရမဟီရပ်ကွက်တွင် အိမ်ငှားရမ်းနေထိုင်သည့် ဇင်မင်းထက်၊ ၂၆ နှစ်၊ (ဘ)ဦးအောင်ကျော်ဟိန်း၊ စျေးရောင်း၊ လက်ပံကျင်းကျေးရွာ၊ မြင်းမူမြို့နယ်၊
စစ်ကိုင်းတိုင်းဒေသကြီးနေသူနှင့် အကြမ်းဖက် PDF သင်တန်းဆင်း ဒေါ်သွယ်သွယ်စိုး၊ ၄၂ နှစ်၊ (ဘ)ဦးစိုးမြင့်၊ အရောင်းအဝယ်၊ အနှိပ်တော်ရပ်ကွက်၊ အောင်မြေသာစံမြို့နယ်နေသူတို့အား
ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူတို့၏ဖုန်းအတွင်းမှ FB Page တွင် PDF သင်တန်းတက်ရောက်စဉ်က လက်နက်ကိုင်ဆောင်ထားသောပုံများတင်ထားခြင်း၊ နိုင်ငံရေး post များအား like, follow and Shareပြုလုပ်ထားသဖြင့်စစ်ဆေးလျှက်ရှိကြောင်းသိရသည်။

#MyanmarMilitaryPower

2,137

subscribers

24,067

photos

3,420

videos