ဗြုတ်စဗျင်းတောင်း သတင်းများ @pkgyi Channel on Telegram

ဗြုတ်စဗျင်းတောင်း သတင်းများ

@pkgyi


ဗြုတ်စဗျင်းတောင်း သတင်းများ (Burmese)

ဗြုတ်စဗျင်းတောင်း သတင်းများ လုပ်ငန်းသို့မဟုတ် အခြေခံထိုးအကြံပြုပြီး နေဖိုလ်စားတန်းများ၊ အကောင်းဆုံးများနဲ့ စာအုပ်ရှင်တန်းများဖြင့် ဗျို့ဗျို့ အခတ္တထိုးဖြင့် အခြေအနေနေ့စွန်း တန်းခေါင်းတန်းမဟုတ်ပြီး ဗြုတ်စဗျင်းတောင်း သတင်းများက နောက်လိုင်း လှပလေ့ရှိနေပါသည်။ ဤများကို စောက်ကပြပါအခြေခံထိုးအကြံပြုအတွက် တည်းဖြတ်ပြီး ဗဟုိးကျိုးစွာ တွေ့ လျှင် သတင်းမှ ပတ်သက်ပြီး အမှာစာများ လက်ခံရပါသည်။

ဗြုတ်စဗျင်းတောင်း သတင်းများ

19 Feb, 16:11


🔺🔴🔻🔴🔴🔺🔴🔻🔴

(အရေးကြီး)
နွားထိုးကြီးသတင်း
==============

၁၉-၂-၂၀၂၅ ရက်နေ့
ည(၇)နာရီအချိန်ခန့်တွင်
အကြမ်းဖက် PDFအင်အား (၂၀ဝ)ခန့်သည် ကား (၆)စီးဖြင့် နွားထိုးကြီးမြို့ အရှေ့မြောက်ဘက်ရှိ လက်ပန်ကျေးရွာအတွင်းသို့ ရွာ၏အ​နောက်ဘက်မှဝင်ရောက်လာကြောင်း၊

တစ်အိမ်လျှင် ၅ယောက်စာ
ညစာထမင်းပို့ရမည်ဟု ပြောကြားခဲ့ကြောင်း၊

မနက်ဖြန် ၂၀-၂-၂၀၅ ရက်နေ့
မနက်ပိုင်းတွင် ကနားရဲစခန်းနှင့်
ပြင်စည်လုံခြုံရေးစခန်းအား ဝင်ရောက်တိုက်ခိုက်မည်ဟု သတင်းများလည်း ထွက်ပေါ်နေကြောင်း၊

လက်ပန်ကျေးရွာအတွင်း
နေရာ (၂)နေရာနှင့်လက်ပန်ရွာနှင့်ဂွေ့ကြီးရွာသွားလမ်းဘေးရှိ တဲတန်းရှည်အဆောင်များတွင် ညအိပ်စခန်းချမည်ဖြစ်ကြောင်း ။

(တာဝန်ရှိသူများသိရှိနိုင်ပါရန်နှင့်သတိမပေါ့ရန်)

ဗြုတ်စဗျင်းတောင်း သတင်းများ

19 Feb, 15:52


19-2-2025
မန္တလေးမြို့တော်
စည်ပင်သာယာရဲတပ်ဖွဲ့မှ ရဲတပ်သား
ရှိုင်းကိုကိုလွင် ၎င်းကိုင်ဆောင်သည့် သေနတ်မှ ကျည်မတော်တဆချော်ထွက်ရာမှ ထိမှန်သေဆုံး။

ဗြုတ်စဗျင်းတောင်း သတင်းများ

19 Feb, 15:21


🔻🔻🔻🔻🔻🔻

မလှိုင်သတင်း
==========

၁၈-၂-၂၀၂၅ ရက်နေ့တွင်
မလှိုင်မြို့ နယ်၊သမန်းကန်​ကျေးရွာ​နှင့်
နွားထိုးကြီးမြို့နယ်၊မနှိုင်းသာကျေးရွာကြားရှိ အကြမ်းဖက် PDF များ အခြေပြုရာနေရာအား တပ်မ​​​တော်လေမှ လေကြောင်းဖြင့် တိုက်ခိုက်ရှင်းလင်းခဲ့ရာ

အကြမ်း ဖက် PDF (၂၀)ဦးခန့်သေဆုံးပြီး
(၅ဝ)ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊

၎င်းအကြမ်းဖက် PDF များကို​
ဆေး ဝါးကုသရန်အတွက်
သရက်ကန်မြောက်ရွာနေ အကြမ်းဖက်
PDF ခေါင်းဆောင် အောင်ဆန်းဝင်းမှ
ကားများဖြင့် လာရောက်ခေါ်ဆောင် သွားပြီး ၎င်း၏နေအိမ်နှင့်အခြားနေရာ (၄)ခုတွင် ဆေးဝါးကုသနေကြောင်း။

(တာဝန်ရှိသူများသိရှိနိုင်ပါရန်)

ဗြုတ်စဗျင်းတောင်း သတင်းများ

03 Feb, 10:03


PDF တွေ
သူများကိုဒုက္ခပေးဖို့စိတ်ကူးနဲ့
လုပ်တာပဲ ဒါပေမယ့်။

ဗြုတ်စဗျင်းတောင်း သတင်းများ

03 Feb, 09:52


တမူးသတင်း
=========
3-2-2025

တမူးမြို့နယ်ရှိ လုံခြုံရေးအဖွဲ့များသည်
ပန်းသာရွာအနီး နယ်မြေရှင်းလင်းစဉ်

- အကြမ်းဖက် PDF ၁ လောင်း
-Type-81 သေနတ် ၃ လက်
- RPG ဒုံးသီး ၂ လုံး
- လက်လုပ် ဘန်ဂလို တိုပီဒို ၁ ခု
- ကျည် ၂၀ တောင့်
- ကျည်အိမ် ၂ ခု
- ကျည်ကာဦးထုပ် ၂ လုံး
- ကျည်ကာအင်္ကျီ ၂ ထည်
- လမ်းလျှောက်စကားပြောစက် ၆ လုံးတို့အား သိမ်းဆည်းရမိ။

ဗြုတ်စဗျင်းတောင်း သတင်းများ

03 Feb, 09:07


ငါန်းဇွန်မြို့နယ်မှအပြစ်မဲ့ပြည်သူ (၄)ဦးအား
အကြမ်းဖက်လူသတ်သမားPDFများကသတ်ဖြတ်
=============================
2-2--2025

မန္တလေးတိုင်း
ငါန်းဇွန်မြို့နယ်၊ဂျွန်းကန်အနောက်ကျေးရွာသို့ (2-2-2025)(၈:၃၀)နာရီအချိန်ခန့်က
အကြမ်း ဖက် PDF ၂၅ဦးခန့်သည် သေနတ် အတို/အရှည်များ ကိုင်ဆောင်ကာ မော်တော်ယာဥ် ၁စီးဖြင့် ရောက်ရှိလာပြီး ၎င်း​ကျေးရွာတွင်နေထိုင်သူများဖြစ်ကြသည့်
ဦးမင်းနိုင်
ဦးအောင်ဆန်းမင်း
ဦးမောင်မောင်
ဦးအောင်လွင်
တို့ (၄)ဦးအား လက်ပြန်ကြိုးတုပ်၍
ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဂျွန်ကန်အနောက်ကျေးရွာ၏ တောင်ဘက်ရေကန်အနီးတွင် သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ၄ဦးစလုံး သေဆုံးကြောင်းသိရ။


(လုံခြုံရေးအ​ခြေအနေအရတာဝန်ရှိသူများ
သွားရောက်စစ်ဆေးနိုင်ခြင်းမရှိ၍အလောင်းပုံများမရပါ)

ဗြုတ်စဗျင်းတောင်း သတင်းများ

03 Feb, 08:58


ဖေဖော်ဝါရီ ၃


ပေါင်မြို့၊ မိုးနိုင်းရပ် ကွက်နှင့် ဥတ္တံတားကျေးရွာကြား ရန်ကုန် - မော်လမြိုင်ကားလမ်း ရှိ ချောင်း ကူးတံတားအောက်တွင် လက်လုပ်မိုင်းအကြီး (၁၀ )လုံး ခန့်အား ဝါယာကြိုးများဖြင့်ချိတ်ဆက်သွယ်တန်း၍ ထောင်ထားကြောင်း သတင်းအရ တာဝန်ရှိသူများသွားရောက်ရှင်လင်း။

ဗြုတ်စဗျင်းတောင်း သတင်းများ

03 Feb, 04:55


ရာအိမ်မှူးကိုသတ်သည့်အကြမ်းဖက်
လူသတ်သမားPDFများကိုဖမ်းမိ
====================

ဇန်နဝါရီ ၂၆ ရက်နေ့က
ချမ်းမြသာစည်မြို့နယ်၊အောင်သာယာရပ်ကွက်တွင် ရာအိမ်မှုး ဦးဝင်းဦးသည်
ကွမ်းယာဆိုင်တွင်ကွမ်းထုပ်ပြီးထိုင်နေစဥ်အကြမ်းဖက်သမား ၂ဦးက သေနတ်ဖြင့်ပစ်ခတ်သဖြင့်သေဆုံးခဲ့ရပြီး၎င်းနှင့်အတူထိုင်နေသည့် သူရိန်ထွန်း သေနတ်ထိမှန်ဒဏ်ရာရှိအောင် လုပ်ဆောင်ခဲ့ကြတဲ့အကြမ်းဖက်PDF တွေကို
ချမ်းမြသာစည်မြို့နယ်၊
ထွန်တုံးရပ်ကွက်မှာလက်နက်များ နဲ့အတူ
ဖေဖော်ဝါရီ(၂)ရက်မနေ့က ဖမ်းမိခဲ့ပါတယ်။

ဗြုတ်စဗျင်းတောင်း သတင်းများ

02 Feb, 13:19


ကျောက်ပန်တောင်းသတင်း
===================

၁-၂-၂၀၂၅ ရက်နေ့ ၁၉:၀၀ အချိန်ခန့်တွင် ကျောက်ပန်းတောင်းမြို့နယ်၊စက္ထိန်းကျေးရွာအုပ်စု၊စက္ထိန်း (တောင်)ကျေးရွာအတွင်းသို့ အကြမ်းဖက် PDFများ
ဝင်ရောက်လာပြီး
အုပ်စုအုပ်ချုပ်ရေးမှုး ဦးခင်မောင်ဝင်း၊၆၂နှစ်၊အား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရ။

ဗြုတ်စဗျင်းတောင်း သတင်းများ

02 Feb, 06:12


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေး ( ၁/၂၀၂၅) နှင့်ပက်သက်၍
မေးမြန်းချက်များအပေါ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ
ဦးခင်ရီ ၏ကောက်နှုတ်ဖြေကြားချက်များ။
(၂-၂-၂၀၂၅)

ဗြုတ်စဗျင်းတောင်း သတင်းများ

01 Feb, 14:27


🔴🔴🔴🔴🔴

နွားထိုးကြီးသတင်း
=============
1-2.2025

နွားထိုးကြီး​ အကြမ်းဖက် PDF အဖွဲ့မှ
အင်အား (၂၀၀)ဦးခန့်သည်

- နွားထိုးကြီးမြို့နယ်၊
အ​နောက်မြောက်ဘက်၊ပဲက််််ြီးခင်းကျေးရွာအတွင်းရှိ ၎င်းတို့အကြမ်းဖက်များအား ထောက်ခံသူများ၏ နေအိမ်များတွင် နေရာ ၅နေရာဖြန့်ခွဲ၍ ခိုအောင်းနေထိုင်လျက်ရှိကြောင်း၊

- ၎င်းအကြမ်းဖက်များတွင်
လက်နက်/ခဲယမ်းပစ္စည်း အများအပြား?ပါရှိလာကြောင်းဉ

- ၎င်းလက်နက်၊ခဲယမ်းများအား
ပဲကြီးခင်းကျေးရွာအတွင်း​​​ နေရာ ၅​ နေရာ၌ သိုဝှက်သိမ်းဆည်းထား​ပြီး ခိုအောင်းနေထိုင်လျှက်ရှိကြောင်း။



(တာဝန်ရှိသူများသိရှိနိုင်ပါရန်)

ဗြုတ်စဗျင်းတောင်း သတင်းများ

01 Feb, 13:59


စဥ့်ကိုင်သတင်း
===========
1-2-2025

စဥ့်ကိုင်မြို့နယ်၊ရွာဘိုကျေးရွာရှိ
စိန်စံပယ်ဦးလက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်နေသော ဦးထွန်းထွန်းအား အကြမ်းဖက်PDF ၂ဦးက သေနတ်ဖြင့်ပစ်ခတ် သတ် ဖြတ်။

ဗြုတ်စဗျင်းတောင်း သတင်းများ

23 Jan, 15:31


မုံရွာသတင်း
========

(23-1-2025)ရက်နေ့ နံနက် (11:40) အချိန်တွင် မုံရွာမြို့၊ချမ်းမြဝတီရပ်ကွက်၊ လမ်းသွယ်(၂၀)ရှိ
တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုဦးစီးဌာနရုံးအတွင်းသို့ အကြမ်းဖက်pdf
(၇)ဦးတို့သည် သေနတ် အရှည်(၃)လက်နှင့်အတို(၄)လက်ကိုင်ဆောင်ကာအဖြူရောင်မော်တော်ယာဥ်ဖြင့်ရောက်ရှိလာပြီး ရုံးအတွင်းရှိ ဒုဦးစီးမှူးနှင့်အတူ
ဝန်ထမ်း(၂)ဦးကို ကြမ်းပြင်တွင်ထိုင်ခိုင်းကာ ရုံးဝင်းအတွင်း၌ရပ်ထားသော
7M/7981 Odyssey အဖြူရောင်ယာဥ်(၁)စီး၊ Suzuki Swiss ယာဥ်(၂)စီး (နံပါတ် စုံစမ်းဆဲ)နှင့် ဌာနပိုင်ငွေ(၃)သိန်း(၄)သောင်းကျပ်၊ ဌာနပိုင် လက်မ(၄၀) TV (၁)လုံး၊ ဌာနပိုင် ကင်မရာ(၁)လုံးနှင့် ရုံးစာရွက်စာတမ်းများအားယူဆောင်ကာ ရေကူးကန်လမ်းမှတစ်ဆင့် မုံရွာမြို့ အရှေ့ဘက်(၄)မိုင်အကွာရှိ ကံမကျေးရွာဘက်သို့ ထွက်ပြေးသွားကြောင်း။

ဗြုတ်စဗျင်းတောင်း သတင်းများ

23 Jan, 15:07


ကျွန်တော့်သူငယ်ချင်းမိတ်ဆွေတွေသတိထားရအောင်ပါ
====================

ဒီနေ့
နေ့လည် တစ်နာရီခွဲလောက်က
Contact မှာ မရှိတဲ့ ဖုန်းတစ်လုံးက
ဖုန်းခေါ်လာလို့ ကိုင်လိုက်တယ်

ကိုယ်ကလည်း အလုပ်နဲနဲရှုပ်နေတော့
ဖုန်းကို ပခုံးပေါ်တင် ခေါင်းလေးစောင်း
နားရွက်နဲ့ဖိပြီး ဟုတ်ကဲ့ အမိန့်ရှိပါ ခင်ဗျာလို့
ပြောလိုက်တော့

ဟုတ်ကဲ့ မင်္ဂလာပါအစ်ကို
KBZ ရဲ့Kpay Center ကဆက်တာပါ
(၅)မိနစ်လောက်ဖုန်းပြောလို့
အဆင်ပြေမလားရှင့် ဆိုပြီး မိန်းကလေးတစ်ယောက် က ပြောပါတယ်

ဟုတ် ပြောပါ ရပါတယ်လို့ ပြန်ပြောလိုက်တော့
အစ်ကိုက လေဖြတ်နေတာလားတဲ့
ကိုယ်တောင် ကြောင်အမ်းအမ်းဖြစ်သွားတယ်
(ဖုန်းကို ပခုံးပေါ်တင် ခေါင်းလေးစောင်း
နားရွက်နဲ့ဖိပြီးပြောနေတော့ အသံက
လုံးထွေးသွားတယ်ထင်ပါတယ်)

လေမဖြတ်ပါဘူး ဆက်ပြောလို့ ပြန်​ပြောတော့

အစ်ကို့ KPay အကောင့်က
လုပ်ငန်းသုံးလား ပါစင်နယ် သုံးလားတဲ့
ဖျက်သိမ်းရမယ့် စာရင်းထဲ ပါနေလို့ပါ တဲ့

အမ်
ဘာလို့ဖျက်သိမ်းရမယ်စာရင်းထဲ ပါနေရတာတုန်း
လို့ ပြန်မေးလိုက်တော့

အစ်ကို ဖုန်းနံပါတ်က ဒါနော်ဆိုပြီး
ဖုန်းနံပါတ်ရွတ်ပြတယ် (မှန်တယ်)
အစ်ကိုနာမည် ဒါ နော် (ဟုတ်တယ်)
ဖျက်သိမ်းမယ့်စာရင်းထဲ မပါအောင်
အဆင့်မြှင့်ရမှာပါ တဲ့

ဗုဒ္ဓေါ
နောက်ထပ် အဆင့်တစ်ခုမြှင့်လိုက်ရင်
ဖျက်သိမ်းမယ့် စာရင်းထဲ မပါတော့ပေါ့ ဟုလား

ဟုတ်တယ်
အခုတစ်ခါထဲ မြှင့်လို့ရအောင် Kpay Center က နေ
ဝန်ဆောင်မှုပေးနေပါတယ်
အာ့ကြောင့် အစ်ကို့မှတ်ပုံတင်ရဲ့ မျဥ်းစောင်းရှေ့က နံပါတ်လေး ပြောပါ တဲ့ အခုတစ်ခါထဲ
အဆင့်မြှင့်ပေးလိုက်ပါမယ်ရှင့်
ဒါဆို အစ်ကို့Kpay အကောင့် ဖျက်သိမ်းခြင်း
မခံရတော့ပါဘူတဲ့

ငါ့များ မအဘူး ထင်နေလားမသိ ဆိုပြီး
အေး ကောင်းတာပေါ့ကျေးဇူးပါ
အခုလိုဖုန်းဆက်ပြီး ပြောပြတဲ့အတွက်
ကျေးဇူးတင်ပါတယ် နို့မို့ဆို Kpay အကောင့်
ဖျက်သိမ်းခံရပြီး အကောင့်ထဲရှိတဲ့ ပိုက်ဆံလေး
မတွေးဝံ့စရာ အခုလို ပြောပေးတဲ့အတွက်
ကျေးဇူးတကယ်တင်ပါတယ် ညီမရေ
တကယ်တော့ အစ်ကို လေလဲ မဖြတ်ပါဘူး
အစ်ကိုနေတဲ့နေရာနဲ့ KBZ ဘဏ်နဲ့က
ကားလမ်းပဲခြား တာဆိုတော့ အခုပဲဘဏ်သွားပြီး
အဆင့်မြှင့်လိုက်မယ် ခုလိုပြောပေးတဲ့အတွက်
တကယ်ကျေးဇူးတင်ပါတယ် လို့ ပြောလိုက်တော့
@#&%$&*@@#$%&%$ ဆိုပြီး ဖုန်းချသွားရော။

ကိုယ့်ကိုမအဘူးထင်ပြီး ဒါမျိုးလာလုပ်လို့ရမလား
လာလိမ်နေမှန်းသိနေတယ် ပိုသေချာအောင်
ချက်ခြင်းပဲ Kpay Center ကို ဖုန်းခေါ်ပြီး
အကျိုးအကြောင်းမေးကြည့်တော့
Kpay Center က မဆက်ပါဘူးတဲ့
ကိုယ်ရေအချက်အလက်မတောင်းပါဘူးတဲ့
ဆက်လေ့ဆက်ထလဲမရှိပါဘူးတဲ့
ကိုယ်ရေးအချက်အလက်ပြင်ဖို့
လိုအပ်လို့ ဆက်ခဲ့ရင်လည်း Kpay Center က
ဆက်တဲ့ ဖုန်းက အခု အစ်ကိုဆက်လာတဲ့
နံပါတ်နဲ့ပဲဆက်တာပါ တဲ့

မတော်တဆ ယောင်ရမ်းပြီး
မှတ်ပုံတင်မျဥ်းစောင်းရှေ့က နံပါတ်လေးကို
လွှတ်ကနဲ ပြောလိုက်မိရင်။

ဒါမျိုး Kpay Center ကပါဆိုပြီး
ဖုန်းဆက်လာခဲ့သည် ရှိသော်
ကျွန်တော် သူငယ်ချင်းတွေလည်း
သတိထားကြပါခင်ဗျာ။

(ကိုယ်တွေ့)

ဗြုတ်စဗျင်းတောင်း သတင်းများ

22 Jan, 13:30


ကျိုက်ထိုသတင်း
=============
22-1-2025

ဒီနေ့မနက် (၁၁)နာရီခန့်က
ကျိုက်ထိုမြို့နယ် မလော့ချောင်ကျေးရွာ
ပြည်ခိုင်ဖြိုးကော်မတီဝင် ဦးစိုးနိုင်ဦး( ခြံလုပ်ငန်း) သည် နေအိမ်၌
အိပ်ပျော်နေစဉ် PDF အကြမ်းဖက်အဖွဲ့အဖွဲ့မှ ဆိုင်ကယ်(၃)စီး၊ လူ(၆)ဦးဖြင့် ရောက်ရှိလာပြီး နေအိမ်ပေါ်သို့တက်ရောက်၍ သေနတ် (အတို)ဖြင့်(၅/၆)ချက်ခန့်ပစ်ခတ်ခဲ့သဖြင့်သေဆုံးသွားကြောင်းသိရ။

ဗြုတ်စဗျင်းတောင်း သတင်းများ

22 Jan, 13:26


မတ္တရာသတင်း
==========
၂၂-၁-၂၀၂၅

အကြမ်းဖက် PDF များ ​
ရောက်ရှိစခန်းချနေသော မတ္တရာမြို့နယ်၊
မြို့ဆိုးကုန်းကျေးရွာနှင့် မတ္တရာမြို့နယ်နှင့်ပုသိမ်ကြီးမြို့နယ်အစပ်ရှိ ALPHA ဘိလပ်မြေစက်ရုံ အနီးဝန်းကျင်အား မတ္တရာမြို့ပေါ်တွင် အခြေပြုထားသည့် တပ်မတော် အမြှောက်တပ်ဖွဲ့မှ အမြှောက်ဖြင့် (၁၁)ချက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တပ်မတော်စစ်ကြောင်းမှ ရှင်းလင်းတိုက်ခိုက်ခဲ့ကြောင်း၊

အကြမ်းဖက် PDF များ
အကျအဆုံးများစွာဖြင့် ဆုတ် ခွာထွက်ပြေးသွားကြောင်းသိရ။

ဗြုတ်စဗျင်းတောင်း သတင်းများ

22 Jan, 13:24


ငါန်းဇွန်သတင်း
==========

၂၂-၁-၂၀၂၅ နေ့လည်(၁)နာရီခန့်က
မန္တလေး
ငါန်းဇွန်းမြို့နယ်၊မဂျီကျေး ရွာအုပ်စု၊
ကမ္မကျေးရွာနေ ဦးစောလွင်၊
ရွာခွဲအုပ်ချုပ်ရေးမှုး၊ရပ်ကျေး ပြည်ခိုင်ဖြိုးပါတီကော်မ တီဝင်၊(ဘ)ဦးသိန်းမြင့်သည် မိသား စုနှင့်အတူ နေအိမ်၌ရှိနေစဉ် အကြမ်းဖက် PDF ၁၀ဦး ဆိုင်ကယ် ၅စီးဖြင့် ရွာအတွင်းသို့ သေနတ်များ ပစ်ဖေါက်ဝင်ရောက်လာပြီး
ဦးစောလွင်အား ဖမ်းဆီးကာ ဦးစောလွင် ၏ HONDA Fit မော်တော်ယာဉ်ကိုပါယူသွားကြောင်းသိရ။

ဗြုတ်စဗျင်းတောင်း သတင်းများ

22 Jan, 02:40


(21-1-2025)
NUG မှ
အကြမ်းဖက်လုပ်ရပ်များ
လုပ်ဆောင်နိုင်ရန် အတွက်
ကရင်နီ လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး(KNPLF)အား လက်နက်များ
ပေး။

ဗြုတ်စဗျင်းတောင်း သတင်းများ

21 Jan, 15:09


🔴🔴🔴🔴🔴

နွားထိုးကြီးသတင်း
============
(တာဝန်ရှိသူများ သိရှိနိုင်ပါရန်)

နွားထိုးကြီးမြို့
တောင်ဘက် (၈)မိုင်ခန့်အကွာ၊
ကြာပွားကျေးရွာ၏ အနောက် မြောက်ဘက် (၁)မိုင်ခန့်အကွာရှိ -

- ဦးအောင်ဒင်၏တဲများတွင်
အကြမ်း ဖက် PDF များ အင်အား
(၁၅၀)ခန့် စခန်းချထားကြောင်း။

- တဲမျာ၊းဗုံးခိုကျင်းများ၊ဘန်ကာများကို ထန်းလုံး၊ထန်းသား၊ထန်းရွက်များဖြင့် အခိုင်အမာပြုလုပ်ထားကြောင်း။

- ၎င်းနေရာ၏အနောက် မြောက်ဘက်
(၂)ဖာလုံခန့်အကွာ ဒေသအခေါ်
ဆည်ကြီးတောအထက်ပိုင်း၊မကျီးကန်ရွာရှိ ဦးကံရင်၏ တဲများတွင်လည်း အကြမ်းဖက် PDF အင်အား(၁၀၀)ခန့်
စခန်းချ ထားကြောင်း။

- ၎င်းနေရာတွင်လည်း တဲများ၊ဗုံးခိုကျင်းများ၊ဘန်ကာများ၊ကတုတ်ကျင်းများကို ထန်းလုံး၊ထန်းသား၊ထန်းရွက်များဖြင့် အခိုင်အမာပြုလုပ်ထားကြောင်း။

ဗြုတ်စဗျင်းတောင်း သတင်းများ

21 Jan, 15:03


အပစ်ရပ်တယ်ဆိုပြီး
အသံတွေထွက်နေပေမယ့်
တပ်မတော်ဖက်ကရောMNDAAဖက်ကရော
တရားဝင်ထုတ်ပြန်တာမျိုး မတွေ့သေးပါဘူး။

ဒီသတင်းကြားရတော့
နေရပ်စွန့်ခွာပြီး တစ်ခြားတစ်မြို့မှာ
တိမ်းရှောင်နေရတဲ့ ရှမ်းမြောက်ကကိုယ်နဲ့သိသူ
တော်တော်များများကို ဖုန်းဆက်မိတယ်
သူတို့လည်းသတင်းကြားပြီး ဝမ်းသာနေကြတယ်။

ဝမ်းသာကြမှာပဲလေ
ကိုယ့်အရပ်ကိုယ့်ဒေနဲ့ကိုယ့်အိမ်ကိုစွန့်ပြီး
တစ်ခြားတစ်မြို့မှာတိမ်းရှောင်နေရတာ
တစ်ရက်နှစ်ရက်မှ မဟုတ်တော့
အခက်အခဲမျိုးစုံ နဲ့ပါ ရေရှည်နေဖို့စားဖို့
ဖြေရှင်းရတာလွယ်ကူတဲ့ ကိစ္စ မဟုတ်ပါဘူး။

အခုလို အပစ်ရပ်တယ်ဆိုတဲ့
သတင်းမျိုးကြားရတော့ ဝမ်းသာကြတာပေါ့
ပြည်ဖျက်အုပ်စုတွေကလွဲရင်
ကျန်တဲ့ပြည်သူတွေကတော့
ကိုယ့်ထမင်းကိုယ်ရှာစားပြီး
အေးအေးချမ်းချမ်းနေရရင်
ဘယ်မူနဲ့ဘယ်သူပဲအုပ်ချုပ်အုပ်ချုပ်
လက်ခံပါတယ်။
သူပုန်အုပ်ချုပ်မှာကိုတော့လက်မခံကြပါဘူး။

တစ်နိုင်ငံလုံး မှာ နေရပ်စွန့်ခွာပြီး
တိမ်းရှောင်နေရတဲ့ပြည်သူတွေအများကြီးပါ
သူတို့လည်း ကိုယ့်အရပ်ကိုယ့်အိမ်ကို
လွမ်းနေကြသူတွေပါ။သူတို့လဲပြန်ချင်ကြမှာပဲ။

တကယ်တော့ တိုင်းပြည်ကို
မတည်မငြိမ်ဖြစ်အောင်လုပ်ပြီး
ပျက်စီးအောင်ဖျက်ဆီးတာ
ပြည်သူမဟုတ်ပါဘူး နိုင်ငံရေးသမားတွေပါ
ပြည်သူတွေကတော့ နိုင်ငံရေးသမားတွေရဲ့
အသုံးချခံ စတေးခံ မြေဇာပင်တွေပါ
ဒါကြောင့် နိုင်ငံရေးသမားကောင်းမှ
တိုင်းပြည်ကောင်းမယ်လို့ ပြောကြတာပါ
နိုင်ငံနဲ့လူမျိုးအကျိုးကို ဦးထိပ်ထားတဲ့
နိုင်ငံရေးသမားကောင်းတွေဖြစ်မှ
တိုင်းပြည်ကကောင်းမှာပါ။

မြန်မာပြည်ကြီး
အမြန်တည်ငြိမ်အေးချမ်းပြီး
ပြည်သူတွေလည်း အိမ်အပြန်လမ်း
ရွှင်လန်းဖြောင့်တန်း စေချင်ပါပြီ။

#Kp

ဗြုတ်စဗျင်းတောင်း သတင်းများ

21 Jan, 03:08


WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အမေရိကန်နိုင်ငံက နှုတ်ထွက်ကြောင်း သမ္မတသစ် ဒေါ်နယ်ထရမ့်က ကြေညာ။
=====================

လူဦးရေ သန်း ၃၀၀ ရှိသော အမေရိကန်က တစ်နှစ် ဒေါ်လာသန်း ၅၀၀ ကျော် ပေးသွင်းရပြီး တစ်ဘီလျံကျော်ရှိသော
တရုတ်၊ အိန္ဒိယတို့က ဆယ်ဂဏန်းသာ ပေးသဖြင့် မျှတမှု မရှိခြင်းက အဓိက အကြောင်းရင်းဖြစ်ပြီးWHOကိုပေးသွင်းရတဲ့ငွေသူ့နိုင်ငံကသူ့ပြည်သူတွေအတွက် အကျိုးရှိတာတွေလုပ်ဆောင်ပေးနိုင်ဟုဆို။

သူ့နိုင်ငံအမျိုးသားအကျိုးစီးပွားအတွက်ပြတ်ပြတ်သားသားလုပ်ဆောင်တာလေးစားစရာပါ။

ဘယ်နိုင်ငံမဆို
သူ့နိုင်ငံသူ့အမျိုးသားအကျိုးစီးပွားအတွက် ပဲလုပ်ကြတာပါ

ကျွန်တော်တို့နိုင်ငံလည်း
ကိုယ့်နိုင်ငံ
ကိုယ့်အမျိုးသားအကျိုးစီးပွားအတွက်
ပြတ်ပြတ်သားသား လုပ်သင့်ရင်လုပ်ရမှာပါ။

ဗြုတ်စဗျင်းတောင်း သတင်းများ

20 Jan, 14:09


မြစ်သားသတင်း
============
၂၀-၁-၂၀၂၅

မြစ်သားမြို့နယ်၊မကျီးကန်ကျေးရွာနေ
ဦးဆယ်မြင့်၊(ပြည်ခိုင်ဖြိုးပါတီဝင်)အား
မကျီးကန်ကျေးရွာ အရှေ့ဘက်ရှိ ဇရပ်အနီးတွင် အမည်မသိအကြမ်းဖက် PDF အမျိုးသား ၃ဦးမှ သေနတ်ဖြင့် ပစ်ခတ်
သတ်ဖြတ်။

ဗြုတ်စဗျင်းတောင်း သတင်းများ

20 Jan, 13:56


တပ်မတော်နဲ့ MNDAA
တရားဝင် အပစ်ရပ်ပြီလို့
တရုတ်ကြီးက ထုတ်ပြောတယ်ဆိုတဲ့
သတင်းတွေ တွေ့ရတော့
ကိုယ့်မွေးရပ်မြေရှမ်းမြောက်အတွက်
ကောင်းမွန်တဲ့သတင်းတစ်ခုပါပဲ။

ဝမ်းသာမိပါတယ်
ရှမ်းမြောက် အပါအဝင်
တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းစေချင်ပြီ။

ဗြုတ်စဗျင်းတောင်း သတင်းများ

20 Jan, 13:32


ကျောက်ပန်းတောင်းသတင်း
===================

ကျောက်ပန်းတောင်းမြို့နယ်၊
ကမ္ဘားတဲ (မြောက်)ကျေးရွာတွင်
စခန်းချနေသောအကြမ်းဖက်PDF စခန်းအား
တပ်မတော်လေမှ လေယာဥ်ဖြင့်
ဗုံးကြဲတိုက် ခိုက်ခဲ့ရာ

အကြမ်းဖက် PDF (၁၂)ဦး သေဆုံးခဲ့ပြီး
ထိခိုက်ဒဏ်ရာရရှိသူများစွာရှိကြောင်း၊

ထိခိုက်ဒဏ်ရာရရှိသူများအား အကြမ်းဖက် PDF များက ဖောကား ၂စီးဖြင့် မလှိုင်မြို့နယ်ဘက်သို့ သယ်ဆောင်သွားကြောင်းသိရှိရ။

ဗြုတ်စဗျင်းတောင်း သတင်းများ

20 Jan, 08:02


🔴🔴🔴🔴🔴

နွားထိုးကြီးသတင်း
==============
(တာဝန်ရှိသူများ သိရှိနိုင်ပါရန်)

နွားထိုးကြီး PDF အကြမ်းဖက်အ ဖွဲ့
(မြင်းခြံခရိုင်၊အမှတ်(၄)တပ်ရင်း) မှ
နွားထိုးကြီးမြို့နယ်၊ဒေါင့်ဘိုးကျေးရွာ၏
အရှေ့ဘက်၊မိုးကောင်းဘုရားနေရာတွင် အင်အား (၄၀)ဦးခန့်၊

နရွဲတောကျေးရွာ၏ အရှေ့ တောင်ဘက်၊လမ်းဆုံဇရပ်နေရာတွင်
အင်အား (၁၅)ဦးခန့်၊

နရွဲတောကျေးရွာ၏ တောင်ဘက်
နဂါးရုံ ဘုရားအနီး၊သရက်ခြံဝင်းအတွင်း (တဲ ၃ လုံး)တွင် အင်အား (၄၀)ဦးခန့်

ဖြန့်ခွဲအ​ခြေပြုထားကြောင်း။

ဗြုတ်စဗျင်းတောင်း သတင်းများ

19 Jan, 14:36


🔴🔴🔴🔴🔴

မလှိုင်သတင်း
=========
(တာဝန်ရှိသူများသိရှိနိုင်ပါရန်)


မန္တလေးတိုင်းဒေသကြီး၊
မလှိုင်မြို့နယ်၊သရက်ကန်တောင်ရွာနှင့်
သရက်ကန်မြောက်ရွာတွင်
အကြမ်း ဖက် PDF များ ရုံးခန်းဖွင့်လှစ်၍ (၁၀) နေရာခန့် ဖြန့်ခွဲကာ စခန်းချနေထိုင်လျှက်ရှိကြောင်း

- သရက်ကန်မြောက်ရွာ
ကြည်ဇော်၏နေအိမ်တွင် အင်အား (၇၀)ခန့်၊

- လင်းအောင်၏နေအိမ်တွင်
အင်အား (၆၀)ခန့်၊

- နွဲ့ရီ၏နေအိမ်တွင် အင်အား (၆၀)ခန့်၊

- အောင်ဘု၏နေ အိမ်တွင်
အင်အား (၅၀)ခန့်၊

-ဌေးကြည်၏နေအိမ်တွင်
အင်အား (၇၀)ခန့်နှင့်

- သရက်ကန်တောင်ရွာ
မောင်နိူင်၏နေအိမ်တွင် အင်အား
(၈၀)ခန့်၊

- ဦးမာ၏နေအိမ်တွင်အင်အား(၇၀)ခန့်၊

- ကျော်ဆန်းဝင်း၏နေ အိမ်တွင် အင်အား (၇၀)ခန့်၊

- သိန်းဆွေ၏နေအိမ်တွင်
အင်အား (၈၀)ခန့်၊

- ပေလုံး၏နေအိမ်တွင်
အင်အား (၅၀)ခန့် အသီးသီးစခန်းချနေထိုင်လျှက်ရှိကြောင်း၊

- ရွာအတွင်း အိမ်တိုင်းတွင် ဗုံးခိုကျင်းများတူးခိုင်းထားပြီး ရွာအဝင်အထွက်နှင့် ရွာအတွင်းတွင် ဘန်ကာများ၊ကတုတ်ကျင်များနှင့် ဆက်သွယ်ရေးမြောင်းများ ပြုလုပ်ထားကြောင်း။

ဗြုတ်စဗျင်းတောင်း သတင်းများ

17 Jan, 06:55


17-1-2025 သိရှိရသတင်း။

ဗြုတ်စဗျင်းတောင်း သတင်းများ

16 Jan, 15:25


ဆားလင်းကြီးသတင်း
===============

စစ်ကိုင်းတိုင်း၊
ဆားလင်းကြီးမြို့နယ်က
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနဲ့စံပယ်တောင်ကြေးနီစီမံကိန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ Nan - CDM ဝန်ထမ်းတွေကို ဖမ်းဆီးအရေးယူတော့မယ်လို့ ဆားလင်းကြီးPDFတွေက ထုတ်ပြန်ကြောင်း
ဇန်နဝါရီ လ နောက်ဆုံးထားပြီး CDMလုပ်ကြဖို့နဲ့အရေးပါယူမယ်လို့ ခြိမ်းခြောက်နေကြောင်း

ဗြုတ်စဗျင်းတောင်း သတင်းများ

16 Jan, 15:21


၁၆-၁-၂၀၂၅

မန္တလေး
မဟာအောင်မြေမြို့နယ်၊
အဟာအောင်မြေအနောက်ရပ်ကွက်မှ
အကြမ်းဖက်အဖွဲ့ဝင်တရားခံပြေး
ဆုစန္ဒီမွန်အား ၎င်း၏ နေအိမ်တွင် ဖမ်းဆီးရမိ။

ဗြုတ်စဗျင်းတောင်း သတင်းများ

16 Jan, 15:19


16-1-2025
မန္တလေး၊ချမ်းအေးသာစံမြို့နယ်၊
ကဥ္စဏမဟီရပ်ကွက်ရှိ Diamond Plaza ဒုတိယထပ် လုပ်ငန်းခွင်မှ ပန်းရံလုပ်ကိုင်သူ အမျိုးသမီး ၁ဦး ပြုတ်ကျ သေ ဆုံးသွားကြောင်း။

ဗြုတ်စဗျင်းတောင်း သတင်းများ

16 Jan, 15:17


ရေစကြိုမြို့နယ်သတင်း
=================
၁၆.၁.၂၀၂၅

မကွေးတိုင်းဒေသကြီး
ရေစကြိုမြို့နယ် ရေလယ်ကျွန်းရှိ
သာဂေါင်လေးကျေးရွာ နှင့် ဇရပ်နီကျေးရွာအကြားရှိ အကြမ်းဖက် စခန်းအား ၁၆.၁.၂၀၂၄ ယနေ့နံနက် ၀၀း၄၅ နာရီအချိန်က တပ်မတော်မှ လေကြောင်းဖြင့် ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်များ များစွာ ထိခိုက်သေဆုံးခဲ့ကြောင်း။

ဗြုတ်စဗျင်းတောင်း သတင်းများ

16 Jan, 15:16


ပွင့်ဖြူသတင်း
==========

မကွေးတိုင်းဒေသကြီး
ပွင့်ဖြူမြို့နယ်အတွင်းရှိ ဆင်လူးပြည်သူ့စစ်ကျေးရွာအား ၁၅.၁.၂၀၂၅ နေ့ နံနက် ၆း၃၀ နာရီအချိန်မှစတင်၍ အကြမ်းဖက်များက
ဒရုန်း ၄ စီးဖြင့် ဗုံးအလုံး ၃၀ ပစ်ချတိုက်ခိုက်ခံ့ကြောင်း။

ဗုံးချတိုက်ခိုက်ခြင်းခံရမှုကြောင့် နေအိမ်တစ်လုံး မီးလောင်ခဲ့ပြီး မီးငြိမ်းသတ်နေသူတစ်ဦး သေဆုံးခဲ့ကြောင်း။

အနီးအနားရှိ စလင်းမြို့နယ် ကံပြား ရဲစခန်းမှ လုံခြုံရေးအဖွဲ့ နှင့် ပြည်သူ့စစ်များက ဒရုန်း ပျံတက်ရာသို့ လိုက်လံရှင်းလင်းစဥ် ဒေသအခေါ် အေးရှားဝေါပေါက်အနီး မိုင်းဆွဲတိုက်ခိုက်ရန် အကြမ်းဖက်များ စောင့်ဆိုင်းနေကြောင်း သတင်ဦရ၍ တောတိုးချီတက်စဥ် အကြမ်းဖက်များက ထောင်ထားသောမိုင်းအား ဖောက်ခွဲပြီး ဆုတ်ခွာထွက်ပြေးသွားကြောင်း။

ဗြုတ်စဗျင်းတောင်း သတင်းများ

16 Jan, 15:14


ကြားသိရသတင်း။

ဗြုတ်စဗျင်းတောင်း သတင်းများ

16 Jan, 15:11


ကြားသိရသတင်း
=============

ဘာဖြစ်ဖြစ်
သတိမပေါ့ဖို့လိုပါတယ် ခင်ဗျာ။

ဗြုတ်စဗျင်းတောင်း သတင်းများ

16 Jan, 03:57


ဒီနေ့၁၆-၁-၂၀၂၅ မနက် ၅နာရီခွဲခန့်က
မန္တလေး၊ပြည်ကြီးတံခွန်မြို့နယ်၊
(စ)ရပ်ကွက်တွင် လုံခြုံရေးဆောင်ရွက်
နေသော ပူးပေါင်းအဖွဲ့အားဓါးဖြင့်ဝင်ခုတ်သူ (အမည်မသိ) ထာဝရအနားယူ။

ဗြုတ်စဗျင်းတောင်း သတင်းများ

15 Jan, 09:29


တောင်သာသတင်း
============

တောင်သာမြို့နယ်၊
ရုံးစဥ်လေး ကျေးရွာအတွင်း
အကြမ်းဖက် PDF များ
ရောက်ရှိစုဖွဲ့နေကြောင်း သတင်းအရ တပ်မတော်လေမှလေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊

ထိုသို့ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့်
PDFရန်ကြောင့်တိမ်း ရှောင်နေရသော
ကျေးရွာအုပ်ချုပ်ရေးမှူး၏နေအိမ်တွင်
ခံစစ်ပြင်ဆင်ကာ အခြေပြုနေသော အကြမ်းဖက် PDF (၁၂)ဦးသေဆုံးသွားကြောင်းသိရ။

ဗြုတ်စဗျင်းတောင်း သတင်းများ

15 Jan, 09:26


စဥ့်ကိုင်သတင်း
=========-==

၁၅-၁-၂၀၂၅
စဥ့်ကိုင်မြို့နယ်၊ကျွဲနဖား(တောင်) ကျေးရွာ၊ကျေးရွာချင်းဆက်လမ်းပေါ်တွင် ဦးထွန်းနိူင်ဦးအား သေနတ်ဒဏ်ရာများဖြင့် လဲကျသေဆုံးနေ​ပြီး
ဖြစ်စဥ်အားစုံစမ်းလျှက်ရှိကြောင်း။

ဗြုတ်စဗျင်းတောင်း သတင်းများ

10 Jan, 13:35


ညောင်ဦးသတင်း
===========

ညောင်ဦးမြို့နယ်၊
အောက်ညဥ့်ကျေးရွာအနီး
ညောင်ဦး-မြင်းခြံ-ပခုက္ကူသွား
ကားလမ်းဘေးတွင် ဖွင့်လှစ်ထားသည့်
BOB စက်သုံးဆီအရောင်းဆိုင်သို့
အကြမ်းဖက်PDF ၅ဦးသေနတ်များကိုင်ဆောင်ရောက်ရှိလာပြီး
ငွေ သိန်း(၂၀) ကျပ်နှင့်ဆိုင်ကယ်(၁)စီး လုယက်ယူဆောင်သွား။

ဗြုတ်စဗျင်းတောင်း သတင်းများ

10 Jan, 08:54


နွားထိုးကြီးသတင်း
(တာဝန်ရှိသူများသိရှိနိုင်ပါရန်)
=====================

နွားထိုးကြီးမြိုနယ်၊အရှေ့မြောက်ဘက်၊
ကနားရွာ၏ အနောက်​မြောက်ဘက်
(၄)မိုင်ခန့်အကွာ၊ဝမ်းသာကုန်း(ခ) မြင်းစားကျက်ရွာ၏ အ​​နောက်​မြောက်ဘက် (၂)မိုင်ခန့်အကွာ ဒေသအခေါ် ဘုန်းကြီးကန်တောရိုးတွင် ပဲချက်ရွာ၊မျက်ရှုရွာ၊နဘဲမြစ်ရွာတို့မှ ဆုတ်ခွာလာသောအကြမ်းဖက် PDF အင်အား (၁၀၀)ခန့် တဲများထိုး ၍ စခန်းချနေထိုင်လျှက်ရှိကြောင်း

ကနားရွာ၏ အနောက်ဘက် ၄မိုင်ခန့်အကွာ လက်ပန်ရွာ၏ အနောက်မြောက်ဘက် ၂မိုင်ခန့်အကွာ ကြက်ခြံဟောင်းနေရာတို့တွင်အကြမ်းဖက် PDF အင်အား (၁၀၀)ခန့်
စခန်းချနေထိုင်ပြီးလက်လုပ်မိုင်းများနှင့် Droneများ၊ဗုံးသီးများ ပြုလုပ်လျှက်ရှိကြောင်း

ဘုန်းကြီးကန်တောရိုးတွင် စခန်းချနေထိုင်လျက်ရှိသော အကြမ်းဖက် PDF များက Drone ၂စီးဖြင့် အတက်အဆင်း လေ့ကျင့်လျက်ရှိကြောင်း

ဗြုတ်စဗျင်းတောင်း သတင်းများ

09 Jan, 11:13


ညောင်ဦးသတင်း
===========
9-1-2025

ညောင်ဦးမြို့နယ်၊
ဥယျာဥ်ကျေးရွာအနီးတွင် ဆိုင်ကယ်ဖြင့်
ငါးခြောက် လှည့်လည်ရောင်းချသူ
ဦးအောင်မင်းလွင်အား အကြမ်းဖက်
PDFများကသေနတ်ဖြင့်ပစ်ခတ် သတ် ဖြတ်သွား။

ဗြုတ်စဗျင်းတောင်း သတင်းများ

09 Jan, 07:53


ပုသိမ်ကြီးသတင်း
============

ပုသိမ်ကြီးမြို့နယ်၊
မဲကင်းကုန်းကျေးရွာတွင်
ကိုမျိုးသန့်နှင့်ကိုမျိုးဇော်တို့
တစ်ဦးနှင့်တစ်ဦး အပြန်အလှန်
ဆဲဆိုရင်း ကိုမျိုးသန့်မှ
ကိုမျိုးဇော်အားဓားနှင့်ခုတ်သတ်။

ဗြုတ်စဗျင်းတောင်း သတင်းများ

09 Jan, 05:05


ကျောက်တံခါးသတင်း
===============

ညောင်လေးပင်ခရိုင်၊ကျောက်တံခါး မြို့
တောင်ခင် ကျေးရွာ အုပ်စု ထဲ မှာ
KNU+PDF အကြမ်းဖက် အင်အား
၄၀၀ ကျော် အင်အားဖြည့်ထပ်မံ
ရောက်ရှိနေကြောင်း
သတင်းပေးပို့လာပါတယ်။

ဗြုတ်စဗျင်းတောင်း သတင်းများ

08 Jan, 14:57


နတ်မောက်သတင်း
============

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်
အိုင်ဇောက်ကျေးရွာနေ၊ပြည်ခိုင်ဖြိုးပါတီ
မြို့နယ်အလုပ်အမူဆောင် ဦးဘိုဝင်းဆိုသူအားအကြမ်းဖက် ကျား ၂ ဦးက နေအိမ်အတွင်းဝင်ရောက်ပြီး သတ်ဖြတ်သွားကာ၊ ဆိုင်ကယ်နှင့်ဖုန်းယူသွားကြောင်းသိရှိရ။

ဗြုတ်စဗျင်းတောင်း သတင်းများ

08 Jan, 14:24


မန္တလေးတောင် အဆင်းလမ်းတွင် ဘုရားဖူး မော်တော်ယဥ်တစ်စီး အရှိန်မထိန်းနိူင်ဘဲ တောင်အောက်သို့ ထိုးကျ
=========================

၈-၁-၂၀၂၅ ရက်နေ့ ၂:၃၀ အချိန်ခန့်တွင်
မန္တလေးတောင် အဆင်းလမ်း၌
ကားတစ်စီး‌ အရှိန်လွန်၍ တောင်အောက်သို့ ထိုးကျခဲ့ရာယာဉ်ပေါ်ပါလာသူ ယာဉ်မောင်းပါ(၁၇)ဦးအနက် (၁၁)ဦးမှာ မစိုးရိမ်ရ ဒဏ်ရာများရရှိခဲ့ပြီး မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသထားကြောင်း သိရှိရ။

ဗြုတ်စဗျင်းတောင်း သတင်းများ

08 Jan, 13:54


နွားထိုးကြီးသတင်း
============
(၈-၁-၂၀၂၅)

နွားထိုးကြီးမြို့၏
မြောက်ဘက် ၇မိုင်ခန့်အကွာရှိ
မျက်ရှုကျေး ရွာအတွင်း၌ အကြမ်းဖက်
PDF အင်အား ၁၀၀ခန့် ရောက်ရှိ
စခန်းချနေကြောင်း။

ဗြုတ်စဗျင်းတောင်း သတင်းများ

04 Jan, 15:27


မြစ်သားသတင်း
===========
၄-၁-၂၀၂၅

မြစ်သားမြို့နယ်၊ဆီဆုံကန်ကျေးရွာနေ
ပရဟိတလုပ်ကိုင်သူ ညီညီထွန်းအား
အကြမ်းဖက် PDF များက သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်သွား။

ဗြုတ်စဗျင်းတောင်း သတင်းများ

04 Jan, 13:56


ကားတားပြီးလူကိုဖမ်းခေါ်သွား
====================

ဒီနေ့ (ဇန်နဝါရီ -၄)
ညနေ ၅:၃၀ နာရီခန့်က
မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊
ကန်ကောက်ရပ်ကွက်၊ မြို့ပတ် လမ်း၊၃၃×၃၄ လမ်းထောင့်ရှိ The wood စားသောက်ဆိုင်အနီး၌
ပုသိမ် ကြီးမြို့နယ်၊နန်းဦးလွင်ကျေးရွာ၊၁၉လမ်းရှိ စတားပါဝါ စက်သုံးဆီ
အရောင်းဆိုင်ပိုင်ရှင် ဦးထွန်းလင်းနိုင်ဦး
ဆိုသူအားအမည်မသိ အမျိုးသား ၅ဦးမှ
ဦးထွန်းလင်းနိုင်ဦး မောင်းနင်သည့် မော်တော်ယာဉ်အား တားဆီးကာ
ကားပေါ်မှဆွဲခေါ်၍ ၎င်းတို့စီးနင်းလာသည့် အနက်ရောင်ကားပေါ်သို့ တင်ဆောင်ကာ မြို့ပတ် လမ်းအတိုင်း မြောက်မှ တောင်သို့ မောင်းနှင်သွားခဲ့ကြောင်း

အဓမ္မဖမ်းဆီး ခေါ်ဆောင်သွားသူများအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရှိရ။

ဗြုတ်စဗျင်းတောင်း သတင်းများ

02 Jan, 15:19


ပဲခူးတိုင်း အရှေ့ခြမ်း
ညောင်လေးပင် ခရိုင်

ကျောက်တံခါးမြို့နယ်
ဒိုက်ဦး မြို့နယ်
ညောင်လေးပင်မြို့နယ်
ပဲနွယ်ကုန်း မြို့နယ်

သံဃာစီးကားများ
ပရဟိတကားများ ကိုလည်း
သတိထားသင့်ကြောင်း။

သံဃာများနှင့်ပရဟိတသမားများကို
စော်ကားခြင်းမဟုတ်ပါ
သံဃာနှင့်ပရဟိတ အမည်သုံးပြီး
ခုတုံးလုပ်နေကြသည်ဟုသတင်းရ။

ဗြုတ်စဗျင်းတောင်း သတင်းများ

02 Jan, 13:41


ငါန်းဇွန်သတင်း
===========
2-1-2025

ယနေ့
ငါန်းဇွန်မြို့နယ်၊မင်းနေကုန်းကျေးရှိ
မင်းနေကုန်း ရဲကင်းစခန်းအား အကြမ်းဖက် PDF များဖြစ်သည့် နဘူးအိုင်(မြင်းခြံ)၊နွားထိုးကြီး၊ငါန်းဇွန် PDF များပူးပေါင်း ၍ အင်အား ၂၀၀ခန့်မှ လက်နက် ကြီး၊Drone ၃စီးတို့ဖြင့် ဦးစွာပစ် ခတ် တိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊

တိုက်ခိုက်မှုဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ရဲတပ်ဖွဲ့ဝင်များမှ ပြန်လည် ခုခံတိုက်ခိုက်ခဲ့ပြီးတပ်မတော်လေမှလည်း လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့်
အကြမ်းဖက် PDF များ အထိနာပြီး ဆုတ်ခွာထွက်ပြေးသွားကြောင်းနှင့်တိုက်ပွဲဖြစ်စဥ်တွင် မိမိဘက်မှ စစ်သည် ၁ဦးနှင့်ရဲတပ်သား၏ဇနီး ၁ဦး ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရှိရ။

ဗြုတ်စဗျင်းတောင်း သတင်းများ

02 Jan, 13:37


၂-၁-၂၀၂၅ ရက်နေ့
သိရှိရသော သတင်း။

ဗြုတ်စဗျင်းတောင်း သတင်းများ

02 Jan, 11:43


တာဝန်ရှိသူများသိရှိနိုင်ပါရန်

ဝေါသတင်း
=======

ဝေါမြို့နယ်အစပ် ရွာများတွင်
တရုတ်စကားပြောပြီး
လက်နက်ကိုင်ဆောင်ထားသည့်
လူများ ငါးဆယ်ခန််ရောက်ရှိနေ​ကြောင်း
နယ်မြေအခြေအနေစုံစမ်းနေကြောင်း
MNDAA ကိုးကန့်သူပုန်များဖြစ်နိုင်ကြောင်း
ဒေသခံတစ်ဦးမှ ဖုန်းဆက်သတင်းပို့လာ။

ဗြုတ်စဗျင်းတောင်း သတင်းများ

02 Jan, 11:25


ကျောက်ပန်တောင်းသတင်း
=================

ကျောက်ပန်းတောင်းမြို့နယ်၊
မြောက်တောကျေးရွာအတွင်းသို့
အကြမ်းဖက် PDF များ
ဆိုင်ကယ် ၅စီးဖြင့် ဝင်ရောက်လာပြီး
ကျေးရွာအတွင်းနေသူများဖြစ်သည့်
ဦးရွှေသိန်း၊(၆၄နှစ်)နှင့်
ဦးကံညွန့်မောင်၊(၆၅)နှစ်တို့အား
ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရ။

ဗြုတ်စဗျင်းတောင်း သတင်းများ

02 Jan, 11:22


မလှိုင်​မြိုနယ် သတင်း
==============

၂-၁-၂၀၂၅ မနက်ပိုင်း၌
မလှိုင်မြို့နယ်၊သုံးတောင်ကျေးရွာနှင့်
သရက်ကောင်းပင်ကျေးရွာသွား လမ်းမပေါ်၌ အကြမ်းဖက် PDF အင်အား ၁၅၀ခန့် ကား ၅စီး၊ဆိုင်ကယ် ၁၀စီးဖြင့် ရောက်ရှိစုဖွဲ့ခဲ့ပြီး ၁၀း၃၀ အချိန်တွင် မလှိုင်မြို့နယ်၊သရက်ကောင်းပင်​ကျေးရွာအတွင်း လုံခြုံရေးအဖွဲ့များ အခြေပြုရာနေရာသို့ အကြမ်းဖက် PDF များမှ Drone ဖြင့် Drop Bomb ၅လုံးချတိုက်ခိုက်ခဲ့ကြောင်းနှင့်အကြမ်း ဖက် PDF များက သုံးတောင်ကျေး ရွာအား ဝိုင်းဝန်းပိတ်ဆို့ထားကြောင်း သိရှိရ။

ဗြုတ်စဗျင်းတောင်း သတင်းများ

01 Jan, 16:18


ရိုဟင်ဂျာ မဟာမိတ်ညီနောင်လေးဖွဲ့
Four Brothers Alliance ကိုဖွဲ့လိုက်ကြောင်း
=============================

ရိုဟင်ဂျာ (၄)ဖွဲ့ဖြစ်တဲ့
RSO-ARSA-RIM-ARA
ဒီ (၄)ဖွဲ့ပေါင်းပြီး
ရိုဟင်ဂျာ မဟာမိတ်ညီနောင်လေးဖွဲ့
Four Brothers Alliance ကိုဖွဲ့လိုက်ကြောင်းနဲ့
All Rohingya Army အားလုံးရိုဟင်ဂျာ
စစ်သားလို့ ကြေညာလိုက်တယ်လို့သိရပါတယ်

ရိုဟင်ဂျာမဟာမိတ်ညီနောင်လေးဖွဲ့ ဖွဲ့ပြီး
AA ကို တိုက်မယ်လို့လည်း သိရပါတယ်။

ဗြုတ်စဗျင်းတောင်း သတင်းများ

01 Jan, 16:09


(၁-၁-၂၀၂၅)
သိိရှိရ လားရှိုးသတင်း။

ဗြုတ်စဗျင်းတောင်း သတင်းများ

01 Jan, 15:32


မြစ်ငယ်သတင်း
==========
၁-၁-၂၀၂၅

မန္တလေးတိုင်း၊
မြစ်ငယ်မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး
ဦးစောနေထွန်း၊၄၇နှစ်၊(ဘ)ဦးငွေတင်အား လမ်းဖြတ်ကူးစဥ် CZI အနက်ရောင်ဆိုင်ကယ်ပေါ်မှ MASK တပ်ထားသော အမည်မသိ အမျိုးသား၂ဦးမှ သေနတ်ဖြင့် ပစ်ခတ်သွားသဖြင့် ရရှိဒဏ်ရာဖြင့် သေဆုံးသွား။

ဗြုတ်စဗျင်းတောင်း သတင်းများ

01 Jan, 15:06


မန္တလေးတိုင်း၊ငါန်းဇွန်သတင်း
====================
၁-၁-၂၀၂၅

အကြမ်းဖက်PDF များမှ
ငါန်းဇွန်၊ငါန်းမြာ၊မြို့သာကျေးရွာများအား နှစ်သစ်ကူးအချိန်တွင် ဝင်ရောက်တိုက်ခိုက်ရန် သားကျင်ကျေးရွာအတွင်းရှိ နေအိမ်တစ်ချို့၌ အင်အားစုဖွဲ့နေကြောင်း သတင်းရရှိမှုကြောင့် တပ်မတော်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ PDF များသေဆုံးထိခိုက်ဒဏ်ရသူများပြားဟုသိရ။

ဗြုတ်စဗျင်းတောင်း သတင်းများ

01 Jan, 15:00


မြစ်သားသတင်း
==========
၁-၁-၂၀၂၅

မြစ်သားမြို့နယ်၊
မြစ်သားမြို့၏အနောက်မြောက်ဘက် ၈ မိုင်ခန့်အကွာရှိ ဝက်ထိန်းကျေးရွာသို့ အမည်မသိ အကြမ်းဖက် PDF ၄ ဦး ဆိုင်ကယ် ၂စီးဖြင့် ဝင်ရောက်လာပြီး ဝက်ထိန်းကျေးရွာနေ ဦးတင်မောင်မြင့်၊၅၅နှစ်၊(ဘ)ဦးနီ၊တောင် သူ၊ဝက်ထိန်းကျေးရွာ​နေသူနှင့် ဦးတင်မျိုးလွင်၊၄၀နှစ်၊(ဘ)ဦးကျော်ဌေး၊တောင်သူ၊ဝက်ထိန်းကျေးရွာနေသူတို့၏ နေအိမ်များသို့ အကြမ်း ဖက် PDF ၄ဦးမှ ၂ ဦးစီ အဖွဲ့ ၂ဖွဲ့ခွဲ၍ ဝင်ရောက်၍ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့။

ဗြုတ်စဗျင်းတောင်း သတင်းများ

30 Dec, 16:58


ငါန်းဇွန်သတင်း
===========
ဒီဇင်ဘာ ၃၀

မန္တလေးတိုင်းဒေသကြီး
ငါန်းဇွန်မြို့နယ်၊ရေလည်သောင်အရှေ့ရွာ၊ကူးတို့ကုန်း(ကတို့ကုန်း)အရှေ့ဘက် ဇီးတောအတွင်း၌ အကြမ်းဖက် PDF များမှ အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်နိူင်ရန် အကြမ်းဖက်သင်တန်းများ ပို့ချနေကြောင်း သတင်းအရ တပ်မတော်လေမှ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ပြီး ကုလကျေးရွာအတွင်း ခိုအောင်းနေထိုင်နေသော အကြမ်းဖက် PDF များရှိရာသို့လည်း ဝေဟင်မှ စက်သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရ။

ဗြုတ်စဗျင်းတောင်း သတင်းများ

30 Dec, 16:55


ဒီဇင်ဘာ ၃၀

တောင်သာမြို့နယ်၊ဆင်ဖြူကျေးရွာရှိ ပြည်သူ့စစ်အဖွဲ့ဝင်များ အခြေပြုသည့်နေရာအား အကြမ်းဖက် PDF များက လာရောက်တိုက်ခိုက်။

ဗြုတ်စဗျင်းတောင်း သတင်းများ

27 Dec, 08:30


သို့

ဘိုဂျုတ်

ဘိုဂျုတ် 2021 တုန်းကပြောခဲ့တာလေ
ခု 2025 က ဘိုဂျူတ်ဖျင်ထဲဝင်နေပြီနော်😁😁

ဗြုတ်စဗျင်းတောင်း သတင်းများ

27 Dec, 07:28


နွားထိုးကြီးသတင်း
=============

- နွားထိုးကြီးမြို့အရှေ့မြောက်ဘက်
ပဲချက်ရွာ၏ မြောက်ဘက် ၁မိုင်ခန့်အကွာရှိ ကြက်ခြံ ၂ခြံနှင့်နေအိမ်တိုက်တစ်လုံးတွင် အကြမ်းဖက် PDF အင်အား (၁၅၀)ခန့်သည်ဘန်ကာများ၊ကတုတ်ကျင်းများ အခိုင်အ မာပြုလုပ်လျက် စခန်းချနေထိုင်လျှက်ရှိကြောင်း

- ပဲချက် (အနောက်)ရွာ ၏ တောင်ဘက် ၁မိုင်ခွဲခန့်အကွာရှိ ကြက်ခြံ ၃ခြံတွင်လည်း အကြမ်း ဖက် PDF အင်အား
(၂ဝဝ)ခန့်စခန်း ချနေထိုင်လျက်ရှိကြောင်း၊

- ၎င်းကြက်ခြံပိုင်ရှင်များ၏ သား/သမီးများကိုယ်တိုင် PDF အဖွဲ့ဝင်များဖြစ်ကြောင်း

- ထန်းခွရွာ၊ဂွေးပင်တောရွာနှင့်ပဲချက်ကျေးရွာသွား လမ်းဆုံတွင် လုံခြုံရေးစစ်ကြောင်းများ လာလျင် တိုက်ခိုက်ရန်အတွက် သဲအိတ်များဖြင့် အခိုင်အမာအကာအကွယ်များ ပြုလုပ်ထားကြောင်း



(ရသမျှသတင်းတော့တင်ပေးတယ်အသိပေးတယ် လုပ်တာမလုပ်တာတော့
တာဝန်ရှိသူတွေအပိုင်းပါပဲ)

ဗြုတ်စဗျင်းတောင်း သတင်းများ

08 Dec, 11:32


စစ်ကိုင်းတိုင်းဒေသကြီး
ကလေးဝမြို့နယ်သတင်း
================
(8-12-2024)

ကလေးဝမြို့ ​ကလေးဝ -မော်လိုက်ကားလမ်း အထွက်ဂိတ်အနီး သုခဝေစည်ဘုန်းကြီးကျောင်းဝင်းအတွင်း၌ (၈. ၁၂ .၂၀၂၄) ရက်နေ့ ညနေ ( ၄) နာရီ
အချိန်ခန့်တွင် အကြမ်းဖက်
pdf များက drone ဗုံး (၁)လုံး ကြဲချ၍ကျရောက်ပေါက်ကွဲခဲ့သော်လည်းအထိခိုက်မရှိကြောင်း သိရပါသည်။

ထို့နောက်
ကလေးဝမြို့ ​ရဲစခန်းအနီး ကိုးနဝင်း ဘုန်းကြီးကျောင်းဝင်းအတွင်း (၈. ၁၂ .၂၀၂၄) ရက်နေ့ ညနေ ( ၄:၃ဝ) နာရီခန့်တွင် အကြမ်းဖက် pdf များက drone ဗုံး (၂)လုံးဖြင့် ဆက်လက်ကြဲချခဲ့ရာ
ကျရောက်ပေါက်ကွဲခဲ့သော်လည်း အထိခိုက်မရှိကြောင်းသိရှိရပါသည်။

ဗြုတ်စဗျင်းတောင်း သတင်းများ

08 Dec, 11:31


(8-12-2024)

စစ်ကိုင်းမြို့နယ်
ကတက်ကျွန်းကျေးရွာအနီး အကြမ်းဖက် PDF အလောင်း
လက်နက် ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ

ဗြုတ်စဗျင်းတောင်း သတင်းများ

08 Dec, 11:29


ညောင်ဦးသတင်း
============

ညောင်ဦးမြို့နယ်၊မီးလောင်ဖျား (မြောက်)ကျေးရွာအနီးရှိ မေရီမြင့်စက်သုံးဆီအရောင်းဆိုင်တွင် ပိုင်ရှင် ဒေါ်ရီရီမြင့်နှင့်
ဆိုင်အကူ ဒေါ်ချောစုတို့အား အကြမ်းဖက် PDF များက သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်။

ဗြုတ်စဗျင်းတောင်း သတင်းများ

07 Dec, 13:51


နွားထိုးကြီးသတင်း
============

နွားထိုးကြီးမြို့ အနောက်တောင်ဘက်ရှိ
လက်ဝဲ၊မြင်းနီကျေးရွာအတွင်းတွင်
ရွာသူ/ရွာသားများအားလုံး ရွာအတွင်းမရှိတော့ကြောင်း

ကျေးရွာအတွင်း၌ အကြမ်းဖက် PDF များ
စုဖွဲ့အခြေပြုနေပြီး တပ်မတော်စစ်ကြောင်းများ ဝင်ရောက်လာပါက တိုက်ခိုက်ရန်အတွက် ကတုတ် ကျင်းများ၊ဘန်ကာများအခိုင်အမာ ပြုလုပ်ကာ ရွာအဝင်အထွက်နေရာများတွင်လည်း မိုင်းများထောင် ထားကြောင်း၊အကြမ်းဖက် PDF များမှာ နေရာ ၅နေရာ ဖြန့်ခွဲ၍ စခန်းချနေရာယူထားပြီး သစ်ပင်ကြီးများပေါ်တွင်လည်း လင့်စင်များထိုး၍ (Sniper)သမားများဖြင့် အသင့် ကင်းထောက်ထားကြောင်း၊၎င်းကျေးရွာအတွင်း ကား ၁၀စီး၊ဆိုင်ကယ်အစီး ၅၀ခန့်ဖြင့် အကြမ်း ဖက် PDF စုစုပေါင်းအင်အား ၃၀၀ကျော်ရှိကြောင်း။

(ကဲ ဒီလောက်ဆိုအဘတို့ ဘာလုပ်သင့်ဆိုတာ)

ဗြုတ်စဗျင်းတောင်း သတင်းများ

07 Dec, 05:06


အုတ်ဖိုမြို့နယ်သတင်း
=============
၇-၁၂-၂၀၂၄

ပဲခူးတိုင်းဒေသကြီး (အနောက်)
အုတ်ဖိုမြို့နယ်၊ချောင်းဂွဂျီအုပ်စု၊
သဲကုန်းလေးရွာ ခမရ၆ လမ်းပေါ်တွင်
ယနေ့မနက် အပြစ်မဲ့ပြည်သူ(၄)ဦးကို
အကြမ်းဖက်PDF မျာက အကြောင်းမဲ့
ပစ်သတ်သွားကြောင်းသိရှိရ။

ဗြုတ်စဗျင်းတောင်း သတင်းများ

06 Dec, 08:02


မြင်းခြံသတင်း
=========

၆-၁၂-၂၀၂၄

မြင်းခြံမြို့နယ်၊သစ်ရုံကျေးရွာအတွင်း
အကြမ်းဖက် PDF ၇၀ခန့် ရောက်ရှိနေပြီး ကျေးရွာအတွင်းရှိ နေအိမ်များတွင် စခန်းချနေထိုင်လျက်ရှိကြောင်း သတင်းအရ တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက်ရှင်းလင်း တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် PDF ၂လောင်း၊သေနတ် ၂လက် ရရှိခဲ့ကြောင်း၊ဖြစ်စဥ်တွင် အကြမ်းဖက် PDF ၁၀ဦးခန့်သေဆုံးပြီး အလောင်းများအား ဆွဲထုတ်ထွက်ပြေးသွားကြောင်းနှင့်ထိခိုက်ဒဏ်ရာရရှိသူ ၅ဦးခန့်ရှိကြောင်းသိရှိရ။

ဗြုတ်စဗျင်းတောင်း သတင်းများ

06 Dec, 03:33


မလှိုင်မြို့နယ်သတင်း
=============

(၅-၁၂-၂၀၂၄)မနေ့က
ညနေ (၄)နာရီလောက်မှာ
မလှိုင်မြို့နယ်၊ရေနီကျေးရွာနေ
ကျေးရွာအုပ်ချုပ်ရေးမှုး ဦးဝင်းအောင်(ယခင် မလှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၊မြို့နယ်ကော်မတီဝင်)နှင့်သဖန်းကန်ကျေးရွာနေ ဦးဇော်မင်း(မလှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ယာဥ်မောင်း)၊ဦးအောင်နေဦးတို့
(၃)ဦးအားအကြမ်းဖက် PDF များက သတ်ဖြတ်သွားကြောင်းသိရ။

ဗြုတ်စဗျင်းတောင်း သတင်းများ

06 Dec, 03:20




တာဝန်ရှိသူများသိရှိနိုင်ပါရန်
===================

ယနေ့(6)ရက်နေ့၊မနက်(9)နာရီခန့်က
ဗန်းမော်မြို့
လျှပ်စစ်ကုန်း၊သာစည်ရပ်ကွက်ရှိ
နေအိမ်များတွင် KIA+PDF များ
ရောက်ရှိနေကြောင်း
သတင်းပေးပို့လာ။

ဗြုတ်စဗျင်းတောင်း သတင်းများ

09 Nov, 14:17




တာဝန်ရှိသူများသိရှိနိုင်ပါရန်
====================

သံတွဲမြို့နယ်
ဒွါရာဝတီ ရခိုင်မ အရက်ဆိုင်၊
GTI သုံးထပ်ဆောင်နှင့်
TMP ရေခဲစက်တို့တွင်
AA အကြမ်းဖက်အင်အား (၇၀၀)ခန့်
ရောက်ရှိနေကြောင်း ။

ဗြုတ်စဗျင်းတောင်း သတင်းများ

09 Nov, 10:57


(အမ်း)

နိုဝင်ဘာ ၉ ရက် (ယနေ့)မနက်ပိုင်းအချိန်က  မ ၃၇၁ အနီးရှိ အကြမ်းဖက် AA များအား Drop Bomb ပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် ချေမှုန်းရာ -
(၁) AA အလောင်းများ (ရေတွက်ဆဲ)
(၂) သေနတ် ၁၅ လက်
  - AK-47 ၅ လက်
  - M-22 ၄ လက်
  - MA-1 ၂ လက်
  - MA-2 ၁ လက်
  - MA-3 ၃ လက်
(၃) ခဲယမ်းများ၊ လက်ပစ်ဗုံးများ

သိမ်းဆည်းရရှိခဲ့ပါသည်။
-
နယ်မြေဆက်ရှင်းနေဆဲဖြစ်တဲ့အတွက် အလောင်း/ လက်နက်များ ထပ်တိုးရရှိပါက ထပ်မံဖော်ပြပေးပါမည်။
-
အလောင်းကောက်ပြီး ပြန်ပြန်ပြေးတတ်တဲ့ အကြမ်းဖက် AA လည်း အခုတော့ အလောင်းတောင် မကောက်နိုင် တော့ပါ။ လက်ရှိအချိန် နယ်မြေဆက်ရှင်းနေဆဲဖြစ်။

တိုက်ပွဲသတင်းစုံ

ဗြုတ်စဗျင်းတောင်း သတင်းများ

28 Oct, 08:42


နွားထိုးကြီးသတင်း
============

နွားထိုးကြီးမြို့နယ် တောင်ဘက်ရှိ
အောင်ပန်းကုန်းကျေးရွာအတွင်း
နွားထိုးကြီးမြို့ နယ်၊အကြမ်းဖက် PDF များ
၁၀၂၇ ရှမ်းမြောက်စစ်ဆင်ရေး တစ်နှစ်ပြည့်
အောင်ပွဲကျင်းပပြုလုပ်နေစဥ်လေကြောင်းမှ
ဗုံးသီးလက်ဆောင်ပေးခဲ့ရာ
အကြမ်းဖက် PDF (၁၅)ဦးခန့် သေဆုံးပြီး
(၄ဝ)ဦးခန့်ဒဏ်ရာရရှိ
ဒဏ်ရာရရှိသူများအား ညတွင်းချင်း
ကားများဖြင့် အရှေ့ဘက်ရှိ ဒေါင့်ဘိုးကျေး ရွာဘက်သို့ ခေါ်ဆောင်သွားကြောင်း သိရ။

ဗြုတ်စဗျင်းတောင်း သတင်းများ

28 Oct, 08:39


၂၈.၁၀.၂၀၂၄

တောင်သာမြို့နယ်၊
ရုံးစည်ကြီးကျေးရွာ၊
နယ်မြေရဲကင်းစခန်းအား
လက်ပံတောကျေးရွာဘက်မှ အကြမ်းဖက် PDF အဖွဲ့က လက်နက်ကြီးဖြင့် ၂ချက် ပစ်ခတ်ခဲ့ရာ
စခန်းရုံးခေါင်မိုးပေါ် ကျရောက် ပေါက်ကွဲခဲ့ပြီးရဲတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း သိရ။

ဗြုတ်စဗျင်းတောင်း သတင်းများ

28 Oct, 04:59


ဟုတ်သည်ဖြစ်စေ
မဟုတ်သည်ဖြစ်စေ
သတိထားဖို့တော့လိုတယ်။

ဗြုတ်စဗျင်းတောင်း သတင်းများ

28 Oct, 04:44


Miss Grand ပြိုင်ပွဲက ပြီးသွားပေမယ့်
မပြီးသေးတာတွေက ဘာတွေမှန်းမသိ
ပွင့်ပွင့်လင်းလင်းပြောရရင်
ကျွန်တော်ဒီပွဲကို မကြည့်ခဲ့ပါ။

ပြိုင်ပွဲဆိုတဲ့အတိုင်း
ပြိုင်ဆိုင်မှုတွေပြင်းထန်ကြတာ သဘာဝပါ
ပွဲကပြီးသွာပေမယ့် နောက်ဆက်တွဲတွေရှိနေဆဲလို့
သိရပါတယ်။ဘာတွေမှန်းကျွန်တော်မသိပါ
စိတ်လည်းမဝင်စားပါ။

စိတ်ဝင်စားမိတာတစ်ခုတော့ရှိပါတယ်
Miss ရသွားတဲ့ အိန္ဒိယ Miss ကို
ကျွန်တော်တို့ မြန်မာတစ်ချို့ ဆဲနေကြတဲ့ကိစ္စ
ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံကြီးသားပီသမှုတွေပေါ့

ဟိုဖက် Miss အိန္ဒိယ ရဲ့Fan တွေက
ပြန်မန့်ထားတယ်
တော်တော်စိတ်ထားယုတ်တဲ့
မြန်မာနိုင်ငံသားတွေပဲတဲ့ စစ်ဖြစ်နေတာတောင်
နည်းသေးတယ်ဆိုတဲ့ အဓိပ္ပါယ်မျိူး ပြန်မန့်ထားကြသလို မြန်မာနိုင်ငံကို အထင်သေး
အပြစ်တင်တဲ့ မန့်တွေမန့်ထားကြတယ်

အခုလို ကိုယ့်နိုင်ငံ
အထင်သေးခံရတာက
ကျွန်တော်တို့နိုင်ငံရဲ့ အဆဲသမားတွေကြောင့်ပါ
တော်တော်လည်း ရှက်ဖို့ကောင်းပါတယ်။
ကိုယ့်လူဆုမရလို့ဆုရသူကို သွား ဆဲတာမျိုးက
မဖြစ်သင့်မလုပ်သင့်တဲ့ကိစ္စလို့ ယူဆပါတယ်။

ဗြုတ်စဗျင်းတောင်း သတင်းများ

28 Oct, 03:49


ပြင်ဦးလွင်သားတွေကို လာစ တဲ့ ငနဲ့ 1027 နှစ်ပတ်လည်နေ့မှာ ကြွ သွားတာ အားရစရာပါ။ စီမံခန့်ခွဲမှု ကောင်းတဲ့ ပြင်ဦးလွင် တပ်နယ်မှူး နှင့် တကွ၊ အရာရှိစစ်သည် အားလုံးကို လေးစားဂုဏ်ယူရပါတယ်ခင်ဗျာ။

#BAK

ဗြုတ်စဗျင်းတောင်း သတင်းများ

25 Oct, 14:08


AA လှုပ်ရှားမှုသတင်းများ
==================

- သံတွဲမြို့တွင် (၁၃)နှစ်အရွယ် ကလေးငယ်များမှစပြီး AA မှ အတင်းအဓမ္မဖမ်းဆီးကာ သင်တန်းပေးလျက်ရှိ​ကြောင်း။

- သံတွဲမြို့နှင့် (၁၈)မိုင်ကွာဝေးသော
သံတွဲ ၊ချောင်းဖျား၊ကညင်ကုန်းအုပ်စု၊ရွာရှည်ကျေးရွာအနီး၊ယခင်အစိုးရဆင်စခန်း တည်ရှိရာနေရာတွင်AAမှ စစ်စခန်းတစ်ခု အခိုင်အမာ တည်ဆောက်နေကြောင်း။

- သံတွဲမြို့နှင့် (၃၀)မိုင်ကွာဝေးသော
ပုဇွန်ဖြေချောင်းကျေးရွာ၊တုန်းတောအုပ်စု(ပန်းတောပြင်ရွာ) ဘုန်းကြီးကျောင်းနောက် သီဟိုလ်ခြံတွင်
AA အကြမ်းဖက်များမှ ဒေသခံပြည်သူ(၃၀၀)ခန့်အား အတင်းအဓ္ဓမခေါ်ယူ၍ သင်တန်းပေးလျက်ရှိကြောင်း။

- သံတွဲမြို့မှ မိုင် (၂၀)ကွာဝေးသော
ပုဇွန်ဖြေကျေးရွာတွင် NLD အမာခံ
AA ထောက်ပို့ ၊မင်းသူ၏ နေအိမ်တွင် AAများ
စုစည်းတည်းခိုနေကြောင်း။

ဗြုတ်စဗျင်းတောင်း သတင်းများ

25 Oct, 05:27


ဦးသန်းရွှေ သာမက်ဟုဆိုသော
ဖိုးလပြည့် အဖေ ဖြစ်သူဟုပြောသော
လက်သုံးချောင်းထောင်
အနီကြောင် နေစိုးမောင်အား
ဖမ်းဆီးလိုက်ကြောင်း သိရ။

ဗြုတ်စဗျင်းတောင်း သတင်းများ

25 Oct, 05:20


ဒီ သတင်း
မှန်လား....မှားလား
ဟုတ်လား....မဟုတ်ဘူးလား တော့
မသိပါ။

ဗြုတ်စဗျင်းတောင်း သတင်းများ

24 Oct, 04:49




ဗုံးသီး လက်ဆောင်ပေးရန်
===================

သပိတ်ကျင်းမြို့နယ်၊
အုန်းဇုန်း​ကျေးရွာအုပ်စု၊၊ဇရပ်ကွင်း​ကျေးရွာ
ကောင်းမွန်​ ဆေးခန်းမှာ
အကြမ်းဖက် PDF ခေါင်းဆောင် ယက္ခရယ်
ဒဏ်ရာတွေရထားကြတဲ့
KIA+PDF တွေ ဆေးကုနေကြကြောင်း။

ဗြုတ်စဗျင်းတောင်း သတင်းများ

23 Oct, 14:43




AAသတင်း
=========

- သံတွဲ မှ ၂၈ မိုင်ဝေးသော
ပုဇွန်ဖြေ (အော်ဖော်ပြပါနေရာ)
နေရာများတွင် AA အင်အား
(၁၀၀၀) ခန့်ရောက်ရှိနေပါကြောင်း၊

- ဂွ ဖက်သွားနိုင် ခြေရှိပါကြောင်း