စစ်မှူးငယ် @myanmar_news1985 Channel on Telegram

စစ်မှူးငယ်

@myanmar_news1985


အမှန်တရားကိုရှာဖွေသူ

tiktok.com/@unaylattyar

စစ်မှူးငယ် (Burmese)

စစ်မှူးငယ် ဆိုတာဘာလဲ။ ဒီကနေ အခုမှာ ၂၀၁၈ မှာ မြန်မာနိုင်ငံနှင့် ပြည်သူများအတွက် အသံထွက်ရှိနေနိုင်ပါသည်။ ဒီနေရာမှာ မြန်မာနိုင်ငံရဲ့ အသံသစ်များ၊ အသက်ရှင်များ၊ အသည်းနှင့် အကြား ရပ်ကွက် စောင့်ရှု၍ အသံထွက်ခြင်း ရှိနေပါသည်။ မြန်မာနိုင်ငံအဖွဲ့မှလည်း အမြန်ဆုံးယှဉ်ပြိုင်ခွင့်ပြုပါသည်။ စစ်မှူးငယ်သည် မြန်မာနိုင်ငံ နှင့် ကိုယ့်အခြေအနေများကို အလုပ်လုပ်ခွင့် ပြုခဲ့သောနေရာဖြစ်ပါသည်။ အမြန်ဆုံးယှဉ်ပြိုင်ခွင့် နှင့် အကြာများ အတွေးအခေါ်အခွင့် အသုံးပြုပါသည်။ စစ်မှူးငယ် အသစ်ထည့်ခြင်း အနည်းဆုံးအတွက် ဒီမှာ သင့်ရဲ့ အသုံးပြုစနစ်ကို ရရှိနိုင်ပါသည်။

စစ်မှူးငယ်

02 Nov, 06:53


NLD လက်ထက် ဝန်ကြီးချုပ်တွေကိုယ်တိုင် မဲခိုးဖို့ ဘယ်လိုကြိုးစားခဲ့တာလဲ

၂-၁၁-၂၀၂၄

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီဟာ နိုင်ငံတော်အာဏာကို မတရားတဲ့နည်းနဲ့ အတင်း အဓမ္မရယူဖို့အတွက် မဲ ၁၁ သန်းကျော် ခိုးခဲ့တယ်ဆိုတာ အားလုံးသိပြီးဖြစ်ပါတယ်။ အဲဒီ ရွေးကောက်ပွဲမှာ NLD ဝန်ကြီးချုပ်ဟောင်းတွေကိုယ်တိုင် သူတို့အုပ်ချုပ်တဲ့ တိုင်းထဲက သူတို့ ဝင်ရောက်အရွေးခံမယ့်နေရာတွေအပြင် သူတို့အုပ်ချုပ်တဲ့တိုင်းထဲက တခြားနေရာတွေမှာပါ NLD ပါတီ အနိုင်ရရှိအောင် နည်းလမ်းမျိုးစုံနဲ့ ကူညီခဲ့တာတွေ၊ မသမာတဲ့နည်းလမ်းမျိုးစုံနဲ့ မဲခိုးပြီး မနိုင်နိုင်အောင် လုပ်ဖို့ဆောင်ရွက်ခဲ့ကြတာတွေ အများကြီးပါ။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဖြစ်သူ ဦးဇော်မြင့်မောင်ဟာ သူဝင်ရောက်အရွေးခံမယ့် အမရပူရမြို့နယ်အပြင် သူအုပ်ချုပ်တဲ့ မန္တလေးတိုင်းထဲက တခြားမြို့နယ် နေရာအားလုံးမှာပါ NLD ပါတီ အနိုင်ရရှိအောင် နည်းလမ်းမျိုးစုံနဲ့ကူညီခဲ့တာတွေ၊ မသမာတဲ့ နည်းလမ်းမျိုးစုံနဲ့ မဲခိုးပြီး မနိုင်နိုင်အောင် ဆောင်ရွက်ခဲ့တာမျိုးတွေပဲဖြစ်ပါတယ်။
NLD ပါတီ ဝန်ကြီးချုပ်ဟောင်းတွေဟာ သူတို့ဝင်ရောက်အရွေးခံမယ့် နေရာတွေမှာ မသမာတဲ့ နည်းလမ်းမျိုးစုံနဲ့ မဲခိုးခဲ့တဲ့အထောက်အထားတွေလည်း အများကြီးပါပဲ။ သေဆုံးသွား ပြီဖြစ်တဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဖြစ်သူ ဦးဇော်မြင့်မောင် ဝင်ပြိုင်ခဲ့တဲ့ အမရပူရ မြို့နယ်မှာဆိုရင် UEC ရဲ့ မဲရလဒ်ထုတ်ပြန်ချက်အရ ဆန္ဒ မဲပေးပိုင်ခွင့်ရှိသူ ၁၈၁၆၆၄ ဦးနဲ့ ပုံစံ ၁ အရ ဆန္ဒမဲပေးခွင့်ရှိသူစာရင်းမှာ ၁၇၄၃၆၉ ဦးရှိခဲ့ပြီး စိစစ်တွေ့ရှိချက် တွေအရ မဲမသမာမှု ဖြစ်နိုင်တဲ့ ထပ်နေတဲ့မဲစာရင်းနဲ့ အခြားမဲစာရင်းအရေအတွက်မှာ ၂၃၇၅၆ ဦးရှိတာကို စစ်ဆေး တွေ့ရှိခဲ့ရတယ်။ မကွေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးအောင်မိုးညို ဝင်ပြိုင်ခဲ့တဲ့ ပွင့်ဖြူမြို့နယ်မှာ ဆိုရင်လည်း UEC ရဲ့ မဲရလဒ် ထုတ်ပြန်ချက်အရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၃၆၁၃၆ ဦးနဲ့ ပုံစံ ၁ အရ ဆန္ဒမဲပေးခွင့်ရှိသူစာရင်းမှာ ၁၃၃၄၂၇ ဦးရှိခဲ့ပြီး စိစစ်တွေ့ရှိချက်တွေအရ မဲမသမာမှုဖြစ် နိုင်တဲ့ ထပ်နေတဲ့မဲစာရင်းနဲ့ အခြားမဲစာရင်း အရေအတွက်မှာ ၃၁၀၁၂ ဦးရှိတာကို စစ်ဆေးတွေ့ ရှိခဲ့ရတယ်။ ပဲခူးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်း ဝင်ပြိုင်ခဲ့တဲ့ ရေတာရှည်မြို့နယ်မှာဆိုရင် UEC ရဲ့ မဲရလဒ် ထုတ်ပြန်ချက်အရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၆၇၀၂၀ ဦးနဲ့ ပုံစံ ၁ အရ ဆန္ဒမဲပေးခွင့်ရှိသူစာရင်းမှာ ၁၆၅၂၁၀ ဦးရှိခဲ့ပြီး စိစစ်တွေ့ရှိချက်တွေအရ မဲမသမာမှုဖြစ်နိုင်တဲ့ ထပ်နေတဲ့မဲစာရင်းနဲ့ အခြားမဲစာရင်းအရေအတွက်မှာ ၅၉၇၃၃ ဦးရှိတာကို စစ်ဆေးတွေ့ရှိခဲ့ရတယ်။  ဒါတွေဟာ မဲမသမာမှု မဟုတ်ဘူး၊ မဲခိုးခဲ့တာမဟုတ်ဘူးလို့ ဘယ်လိုအထောက်အထား တွေနဲ့ ဘယ်လိုလူတွေက ငြင်းနိုင်မှာလဲ…? ဒါ့ကြောင့်လည်း သူတို့တွေကို မဲသူခိုးတွေလို့ ခေါ်ကြတာပေါ့။
၂၀၂၀ ရွေးကောက်ပွဲမှာ အဲဒီလိုမျိုး မဲခိုးပြီးအနိုင်ယူဖို့ NLD ဝန်ကြီးချုပ်ဟောင်းတွေ ကိုယ်တိုင် မသမာတဲ့ နည်းလမ်းမျိုးစုံနဲ့ ဘယ်လိုတွေ ကြိုတင်ကြံစည်အားထုတ်ခဲ့တာလဲ ဆိုတော့ သူတို့အုပ်ချုပ်တဲ့၊ သူတို့ ဝင်ရောက် အရွေးခံမယ့်၊ သူတို့ဝင်ပြိုင်ချင်တဲ့ နေရာတွေနဲ့ တခြား နေရာတွေမှာ လဝက ဝန်ကြီးတွေ တိုးချဲ့ခန့်အပ်ပြီး UEC မဲစာရင်းနဲ့ လဝက ရဲ့စာရင်းကို သိပ်မကွာအောင် ညှိဖို့ကြိုးစားခဲ့တာတွေ၊ မဲလက်မှတ်တွေ အပိုရိုက်ထုတ်တာတွေ၊ ဒီလို မဲလက်မှတ်အပိုတွေ ရိုက်ထုတ်ပြီး ကြိုတင်မဲတွေနဲ့ လိုအပ်တဲ့နေရာတွေမှာ လိုသလိုဖြည့်လို့ လှည့်လို့ရအောင် လုပ်ခဲ့တာတွေ၊ NLD ပါတီအလံတွေ၊ NLD တံဆိပ်တွေအသုံးပြုကာ NLD တံဆိပ်တပ်ထားတဲ့ ဆိုက်ကားတွေ၊ ဆိုင်ကယ်တွေ၊ မြင်းလှည်းတွေ၊ ကားတွေနဲ့ အိမ်တိုင်ရာ ရောက်သွားပြီး ကြိုတင်မဲကောက်ခိုင်းခဲ့တာတွေ၊ UEC တံဆိပ်မပါ၊ တံဆိပ်တုံးမထုဘဲ ဘောပင် နဲ့အမှန်ခြစ်ထားလည်း ခိုင်လုံမဲထည့်ရေတွက်လို့ရအောင် ညွှန်ကြား ချက်ထုတ်ခဲ့တာတွေ၊ Covid ကြောင့် ကြိုတင်မဲပေးထားပြီးသူတွေလည်း မဲထပ်ပေးလို့ရအောင် တစ်ဖက်လှည့်နဲ့ ညွှန်ကြားချက်တွေ ထုတ်ခဲ့တာတွေ၊ NLD ထောက်ခံသူတွေနဲ့ အမာခံတွေကို ရပ်/ကျေးဥက္ကဋ္ဌတွေအဖြစ်၊ ရွေးကော်အဖွဲ့ဝင်တွေအဖြစ် ကြိုတင်အစားထိုးခဲ့တာတွေ၊ သာဓကအနေနဲ့ ပဲခူးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဝင်းသိန်းက သူ့ရဲ့တူမ NLD အမာခံ ဒေါ်စန်းစန်းမြတ်ကို ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်အဖြစ် ထည့်ဖွဲ့ထားသလိုမျိုးတွေပေါ့။ ပြီးတော့ မဲရုံမှူးတွေနဲ့ မဲရုံအဖွဲ့ဝင် တွေကိုလည်း NLD ထောက်ခံသူတွေကိုပဲ ခန့်အပ်တာဝန်ပေးပြီး ကိုယ့်ဖဲကိုယ်ချိုး၊ ကိုယ်လိုသလိုဝေပြီး အနိုင်ယူဖို့ ကြိုးစားခဲ့တာတွေ၊ အဲဒီလို ထောက်ခံသူ တွေကို အစားထိုးခန့်အပ်ပြီး မဲလာမပေးနိုင်တဲ့သူကိုပဲဖြစ်ဖြစ်၊ သေဆုံးပြီး မဲစာရင်းမှာ ပါဝင်နေသူကိုပဲဖြစ်ဖြစ် NLD ရပ်/ကျေး ကော်မရှင်တွေနဲ့ NLD ထောက်ခံသူ မဲရုံမှူးတွေ၊ မဲရုံအဖွဲ့ဝင်တွေဟာ NLD အမတ်လောင်း နေရာတွေမှာ တံဆိပ်တုံးထုပြီး မဲပုံးထဲထည့်ခြင်း စတဲ့ ဥပဒေမဲ့လုပ်ရပ်များ လျှို့ဝှက်ကျူးလွန် ခိုင်းခဲ့တာတွေ စတဲ့ မသမာတဲ့ နည်းလမ်းမျိုးစုံနဲ့မဲခိုးပြီး မနိုင်နိုင်အောင်

ဆက်ရန်👇🏻

စစ်မှူးငယ်

30 Oct, 19:43


တပ်မတော်သားမိသားစုဝင်
ရဲတပ်ဖွဲ့မိသားစုဝင်ဆိုတာကို
ခနထားဦး_ကြံ့ခိုင်ရေးပါတီဝင်
သာမာန်အရပ်သားပြည်သူတွေ
ကျောင်းဆရာဆရာမတွေ၊ကျမ္မာရေး
ဝန်ထမ်းတွေ၊ရဟန်းသံဃာတွေ
ကုန်ကုန်ပြောမယ်ကိုယ်ဝန်ဆောင်
အမျိုးသမီးနဲ့ကျောင်းနေအရွယ်ကလေး
သူငယ်တွေပါမချန်အကြမ်းဖက်မိစ္ဆာPDF တွေကလူမဆန်စွာရက်ရက်စက်စက်သတ်ဖြတ်နေလို့သိုသိုသိပ်သိပ်နေကြတဲ့အချိန်မှာ​နခခ(၇)ကရဲတစ်ယောက်ရဲ့ညီမပါဆိုပြီးSocialပေါ်တက်ငိုပြနေတာက စောက်ရမ်းသိသာလွန်းနေတယ်။
ရဲတစ်ယောက်ရဲ့ပုံကိုနောက်ခံထားပြီး
ငိုပြနေတိုင်း(ရတဖ)ဝင်တစ်ဦးရဲ့မိသားစုဝင်ပါလို့ကောက်ချက်ချလို့မရပါဘူးတပ်မတော်ကထိုးစစ်ပြန်စတင်နေတဲ့အချိန်မှာအာရုံထွေပြားဝေဝါးသွားစေဖို့နဲ့တစ်ဖက်ကတပ်မ​တော်ရဲ့ထိုးစစ်
ကြောင့်အကြမ်းဖက်တွေရဲ့ငရဲအထိကျနေတဲ့စိတ်ဓာတ်တွေကိုပြန်လည်
မြင့်တက်လာအောင်ချိန်ကိုက်​ပြီးဝါဒဖြန့်စိတ်ဓာတ်စစ်ဆင်ရေးလုပ်တဲ့ရုပ်သံလို့ပဲသုံးသပ်လိုက်ပါတယ်။


သတင်းအမှန်တွသိခြင်တယ်ဆို
👉🏻စစ်မှူးငယ်👈🏻 ကိုနှိပ်ပါ။

စစ်မှူးငယ်

30 Oct, 14:13


လမ်းဘေးသူခိုးဂျပိုးအဆင့်ပဲရှိတဲ့
ကောင်တွေလက်ထဲလက်နက်ရသွားရင်

Credit Photo
သတင်းအမှန်တွသိခြင်တယ်ဆို
👉🏻စစ်မှူးငယ်👈🏻 ကိုနှိပ်ပါ။

စစ်မှူးငယ်

30 Oct, 11:49


တေဇာဆန်းနဲ့ PDF တွေကို လုံခြုံရေးနဲ့ ဆိုင်တဲ့ သတင်းတွေ ပေးပို့မှုကြောင့် မန္တလေးရှိ ပရဟိတ မင်းခေါင်အဖွဲ့ကို ဖမ်းဆီးစစ်ဆေးနေ

အောက်တိုဘာ ၃၀
 
အောက်တိုဘာ ၂၈ ရက်နေ့က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ပရဟိတမင်းခေါင် လူမှုကူညီရေးရုံးကို လုံခြုံရေးအဖွဲ့တွေက ဝင်ရောက်စစ်ဆေးခဲ့ပြီ်းနောက် အဖွဲ့၏ ဥက္ကဋ္ဌ အပါအဝင် သက်ဆိုင်သူများကို ခေါ်ဆောင်ပြီး စစ်ဆေးလျက်ရှိနေကြောင်း မန္တလေးမြို့ရှိ ပရဟိတ အဖွဲ့အစည်းတစ်ခုက ပြောဆိုသည်။
 
“သိရသလောက်က ပရဟိတမင်းခေါင်ဥက္ကဋ္ဌက အရပ်ဘက်၊ စစ်ဘက် တာဝန်ရှိသူတွေနဲ့ အဝင်အထွက်ရှိ တယ်။ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်။ မန္တလေးမြို့မှာရှိတဲ့ လုံခြုံရေးသတင်းတွေကို သူက သတင်းယူပြီး PDF တွေထံကို သတင်းပြန်ပို့နေတာ။ ဒါကြောင့် စစ်ဆေးနေတာလို့ သိရတယ်” လို့ အဆိုပါ ဖြစ်စဉ်ကို သိရှိသူ တစ်ဦးက ပြောဆိုသည်။
 
ပရဟိတမင်းခေါင်အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ခင်မောင်တင့် အပါအဝင် ၎င်းအဖွဲ့နဲ့ သက်ဆိုင်သူအချို့ကို တာဝန်ရှိသူများ က လက်တလော ဖမ်းဆီးစစ်ဆေးလျက်ရှိနေသည်။ ထိုကဲ့သို့ ဖမ်းဆီးစစ်ဆေးမှုကို ပြည်ပမီဒီယာများက ဒေါက်တာဇော်မြင့်မောင် နာရေး၌ ပါဝင်ကူညီ၍ ဖမ်းဆီးခံရကြောင်း ရေးသားနေမှုများသည် မှန်ကန်မှု မရှိကြောင်း မန္တလေးမြို့ရှိ ပရဟိတအဖွဲ့များက ပြောဆိုသည်။
 
“ဒေါက်တာဇော်မြင့်မောင် နာရေးပို့တဲ့ ပရဟိတအဖွဲ့ကို ဖမ်းမယ်ဆိုရင် မန္တလေးမြို့မှာ အများကြီးပါပဲ။ သူတို့တစ်ဖွဲ့ထဲပဲ ဖမ်းသွားတာပါ။ ဒါတောင် သက်ဆိုင်သူတွေပဲ ဖမ်းသွားတာပါ။ ဒါကြောင့် မဟုတ်ပါဘူး” လို့ မန္တလေးမြို့ရှိ ပရဟိတအဖွဲ့အချို့က ပြောဆိုသည်။
 
ပရဟိတမင်းခေါင်အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ခင်မောင်တင့်သည် တေဇာဆန်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိသလို အကြမ်းဖက်အဖွဲ့များထံ သတင်းပေးပို့၍ ဖမ်းဆီးခံရမှုသာဖြစ်ကြောင်း မန္တလေးမြို့ရှိ ပရဟိတအဖွဲ့များက လက်ခံထားကြသည်။
 
#PeopleMedia
သတင်းအမှန်တွသိခြင်တယ်ဆို
👉🏻စစ်မှူးငယ်👈🏻 ကိုနှိပ်ပါ။

စစ်မှူးငယ်

30 Oct, 06:31


မိုးမောက်မြို့နယ်၊မံပုံကျေးရွာအုပ်စု၊ပီမိုးညှင်းရွာ ရှိ KIA / PDF ကို တပ်မတော်ကရှင်းလင်းခဲ့မှု

သတင်းအမှန်တွသိခြင်တယ်ဆို
👉🏻စစ်မှူးငယ်👈🏻 ကိုနှိပ်ပါ။

စစ်မှူးငယ်

30 Oct, 05:03


စစ်မှူးငယ် pinned «သတင်းအမှန်တွသိခြင်တယ်ဆို 👉🏻စစ်မှူးငယ်👈🏻 ကိုနှိပ်ပါ။»

စစ်မှူးငယ်

30 Oct, 05:03


သတင်းအမှန်တွသိခြင်တယ်ဆို
👉🏻စစ်မှူးငယ်👈🏻 ကိုနှိပ်ပါ။

စစ်မှူးငယ်

30 Oct, 05:00


သုံးခွမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၏ ဇနီးကို စစ်သွေးကြွ PDF တွေ ဝင်ရောက်သတ်ဖြတ်သွား
………………………………………………………

နေပြည်တော်၊ အောက်တိုဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ အနောက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအေးမြင့်၏ ဇနီး ဒေါ်မာမာအေးကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ဝင်ရောက်သတ်ဖြတ်သွားကြောင်း သိရသည်။

Credit
သတင်းအမှန်တွသိခြင်တယ်ဆို
👉🏻စစ်မှူးငယ်👈🏻 ကိုနှိပ်ပါ။

စစ်မှူးငယ်

26 Oct, 07:33


အဇာတသတ်ကဖအေကိုသတ်သလိုPDFကဆရာကိုသတ်ခဲ့တယ်။

2-12-2022 ခုနှစ်တုန်းကပေါ့
တပြည့်ကဆရာကိုသတ်ခဲ့တာ
---------------------------------------------
မကွေးတိုင်းထဲက ကျောင်းဆရာမလေးပါ ပါးနားရိုက်ပြီးရက်ရက်စက်စက်
သတ်သွားတဲ့သူတွေကတော့ သူမ
စာသင်ပေးခဲ့ရတဲ့သူမရဲ့တပြည့်PDF
တွေပဲဖြစ်ပါတယ်။

သူမကိုသတ်မယ်ဆိုတဲ့သတင်းကြားမိတဲ့
သူမသူငယ်ချင်း လုပ်ဖော်ကိုင်ဖက်တွေက
အကြိမ်ကြိမ်သတိပေးခဲ့ပါတယ်။

သူမ ဘာပြန်ပြောခဲ့သလဲဆိုတော့
သူမဟာနိုင်ငံရေးလုပ်နေတာမဟုတ်ပါဘူးတဲ့ပြီးတော့သူမ မကောင်းတဲ့စိတ်မထားတဲ့အတွက် သူမကိုမသတ်လောက်ပါဘူးတဲ့ ပြီးတော့ သူ့တပြည့်တွေ၊တပြည့်မလေးတွေကအရမ်းလိမ္မာကြတယ်တဲ့ ဆရာကိုသတ်မဲ့တပြည့်တွေမဟုတ်ပါဘူးလို့ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေကိုပြောခဲ့ပြီး သူမဟာမကွေးတိုင်းတစ်နေရာမှာပဲ သူမရဲ့ တပြည့်မ ဦးဆောင်ပြီးသတ်တာကိုခံခဲ့ရပါတယ်။

ပါးနားရိုက်နေတဲ့PDFမကတော့ သူရဲ့ တပြည့်မပဲဖြစ်ပါတယ်။

မှတ်ချပ်-ရုပ်သံအဟောင်း

https://t.me/sitthmue1500/442
Hmue

စစ်မှူးငယ်

25 Oct, 07:55


သူငယ်ချင်း

မင်းနဲ့ငါနာမ်စားမတူသလိုသဏ္ဍာန်အားဖြင့်လဲမတူပါဘူး တာဝန်ထမ်းဆောင်ရတာခြင်းကတော့အတူတူပါပဲ သူငယ်ချင်း----

https://t.me/sitthmue1500/410
မူရင်းရေးသားသူ NaylattYar

စစ်မှူးငယ်

24 Oct, 09:51


ခင်ဗျားတို့ကိုယ်တိုင်ရွေးချယ်ကြပေါ့ဗျာ ခင်ဗျားတို့ထောက်ပံ့တဲ့ငွေကြေးနဲ့လက်နက်ဝယ်ပြီး ခင်ဗျားတို့ကိုပြန်သတ်မှာ စောက်လုပ်ကိုလက်ကျောတင်းအောင်လုပ်မစားချင်ကြတဲ့ကောင်တွေကလူကြားကောင်းအောင်စစ်အာဏာရှင်ကျဆုံးရေး၊ဒီမိုကရေစီရရှိရေး၊ဘာညာနဲ့သေနပ်လက်ထဲရောက်သွားတော့ဆက်ကြေးတောင်းဓားမြတိုက်လူသတ်တော့တာပဲ ကိုယ့်ငွေနဲ့ကိုပြန်ပြီးအသတ်ခံချင်ကြရင်တော့လှူကြပေါ့ဗျာ ရှေ့မှာဘုတလင်၊စီပါရွာဖြစ်စဥ်ဖြစ်ပြီးပြီဒါမှအမှတ်မရှိသေးကြရင်တော့လည်းသဘောပဲ အခုအလှူခံနေတာဘုတလင်ကအကြမ်းဖက်PDF တွေပဲ

https://t.me/sitthmue1500/356?single
Hmue