နိုင်ငံတကာက မြန်မာ့သတင်းများ @myanmarupdatesnews Channel on Telegram

နိုင်ငံတကာက မြန်မာ့သတင်းများ

@myanmarupdatesnews


နိုင်ငံတကာ စာမျက်နှာပေါ်က မြန်မာ သတင်းများ

နိုင်ငံတကာ မြန်မာ့သတင်းများ (Burmese)

နိုင်ငံတကာ မြန်မာ့သတင်းများ ဆိုတာကို လိုအပ်ပါသည်။ ဒီမွန်မာ့ သတင်းများ ဂုဏ်ပြိုင်မှ ဥပမာအလုပ်လုပ်ခြင်း။ ဒီ ခေါ်ဆိုရမယ်ဆိုရမယ်ဆိုမယ်။ အဆင့်အတန်းများအမြဲဆောင်နေလိုပါသည်။ ဒီလို အင်ဂါလိုက်တယ်ဆိုရင် ဒီလို အလုပ်လုပ်ပေးမယ်။ ဘာကြောင့်လဲဆိုတာဆိုရင် ဒီလို ကြည့်ရမယ်။ နိုင်ငံ သတင်းများကို အလုပ်လုပ်ကြည့်ရန် ဒီမွန်မြန်မာ့သတင်းများကို follow လုပ်ပါ။

နိုင်ငံတကာက မြန်မာ့သတင်းများ

09 Feb, 16:48


The account of the user that owns this channel has been inactive for the last 5 months. If it remains inactive in the next 30 days, that account will self-destruct and this channel may no longer have an owner.

နိုင်ငံတကာက မြန်မာ့သတင်းများ

01 Aug, 14:53


အာဆီယံ နဲ့ 5 ရက်ဆက်တိုက် အစည်းအဝေး လုပ်မယ့် အန်သိုနီဘလင်ကန်
**************************

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်သိုနီ ဘလင်ကန် ဟာ သြဂုတ် လ 2 ရက် ကနေ 6 ရက် နေ့အထိ ၊ 5 ရက် ဆက်တိုက် အာဆီယံ က သက်ဆိုင်ရာ ဝန်ကြီးတွေ နဲ့ အွန်လိုင်း အစည်းအဝေး ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အဲဒီ အထဲမှာ -
1. US – ASEAN
2. East Asia Summit
3. ASEAN Regional Forum
4. Mekong – US Partnership
5. Friends of the Mekong Ministerial

စတဲ့ အစည်းအဝေးတွေ ပါဝင်လျှက် ရှိပါတယ်။

မြန်မာ နိုင်ငံ ဆိုင်ရာ ကိစ္စရပ်တွေကိုလဲ ထဲထဲဝင်ဝင် ဆွေးနွေးသွားဖွယ် ရှိနေတယ်လို့ ယူဆရပါတယ်။

နိုင်ငံတကာက မြန်မာ့သတင်းများ

31 Jul, 22:18


မြန်မာ ကိစ္စ ထပ်ပြီး ဆွေးနွေးဖို့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ နဲ့ တွေ့ဆုံမယ့် အန်သိုနီ ဘလင်ကန်
*******************************

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်သိုနီ ဘလင်ကန် ဟာ ရှေ့တပတ်ထဲမှာ 5 ရက် ဆက်တိုက် ကျင်းပမယ့် အာဆီယံ နိုင်ငံတွေ နဲ့ အစည်းအဝေး ကို တက်ရောက်မယ့် အကြောင်း ၊ သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူက မနေ့ကပဲ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

အဲဒီ အစည်းအဝေးတွေ ထဲမှာ “ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ နှစ်ပတ်လည် အစည်းအဝေး” ၊ “မဲခေါင် ဒေသ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး” နဲ့ အခြား သီးသန့် အစည်းအဝေးတွေလဲ ပါဝင်နေလျှက် ရှိပါတယ်။

“ ဒီအစည်းအဝေး ကို တက်ရောက်ခြင်းဟာ အမေရိကန် ရဲ့ အာဆီယံ ဒေသအပေါ် ဘယ်လောက်အထိ စိတ်ဝင်စားမှု ရှိလဲ ဆိုတာ ပြသလိုက်တာ ဖြစ်ပါတယ်” လို့ သမ္မတရုံး ရဲ့ တရားဝင် ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန် ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာတော့ အာဆီယံ ဒေသတွင်း အစည်းအဝေးတွေကို ပုံမှန် တက်ရောက်လေ့ မရှိသလို ၊ တချို့ ထိပ်သီး အစည်းဝေးတွေကိုတောင် လစ်လျူရှုထားခဲ့တာမျိုးတွေ ရှိခဲ့ပါတယ်။

သို့သော် ပြီးခဲ့တဲ့ လပိုင်း အတွင်းမှာ အမေရိကန် အစိုးရ ထိပ်တန်း တာဝန်ရှိသူတွေဟာ အာဆီယံ ခရီးစဉ်တွေကို အလှည့်ကျ လာရောက်တာမျိုးတွေ မြင်တွေ့ခဲ့ရ ပါတယ်။

ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဝင်ဒီ ရှာမန် က အင်ဒိုနီးရှား ၊ ကမ္ဘောဒီးယား ၊ ထိုင်း နိုင်ငံတို့ဆီ ကို မေလ အတွင်းမှာ လာရောက် လည်ပတ်ခဲ့သလို ၊ ကာကွယ်ရေး ဝန်ကြီးဌာန အတွင်းရေးမှုး လွိုက် အော်စတင် ကလဲ ဒီတပတ်ထဲမှာပဲ ဗီယက်နမ် ၊ ဖီလစ်ပိုင် ၊ စင်္ကာပူ နိုင်ငံတွေဆီ သွားရောက် လည်ပတ်ခဲ့ပါတယ်။

ဒါ့အပြင် ဒုသမ္မတ ကမလာ ဟားရစ် ဟာလဲ စင်္ကာပူ နဲ့ ဗီယက်နမ် နိုင်ငံတွေ ကို လာရောက် လည်ပတ်ဖို့ စီစဉ်ထားပြန်ပါတယ်။


ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာတော့ အမေရိကန်ဟာ ဗီယက်နမ် နိုင်ငံဆီ ကိုဗစ် ကာကွယ်ဆေး 3 သန်း ပေးပို့ လှူဒန်းခဲ့သလို ၊ ထိုင်းနိုင်ငံ ဆီ 1.5 သန်း ၊ ကမ္ဘောဒီယား နိုင်ငံ ကို 1 သန်း အသီးသီး လှူဒန်းခဲ့ပါတယ်။ တရားဝင် ထုတ်ပြန်တဲ့ စာရင်းတွေ အရ အမေရိကန် အစိုးရက အာဆီယံ နိုင်ငံတွေ ဖြစ်တဲ့ အင်ဒိုနီးရှား ၊ မလေးရှား ၊ ထိုင်း ၊ ဖီလစ်ပိုင် ၊ လာအို ၊ ကမ္ဘောဒီးယား ၊ ဗီယက်နမ် နိုင်ငံတွေ ဆီကို စုစုပေါင်း ကိုဗစ် ကာကွယ်ဆေး 23 သန်း အထိ ပေးပို့ ထောက်ပံ့ခဲ့ပါတယ်။

စင်္ကာပူ နဲ့ ဘရူနိုင်း တို့က ချမ်းသာတဲ့ နိုင်ငံတွေ ဖြစ်တာကြောင့် ပြင်ပ နိုင်ငံကြီးတွေ ရဲ့ အကူအညီကို ရယူခဲ့ခြင်း မရှိသော်လဲ ၊ မြန်မာ နိုင်ငံကိုတော့ စစ်တပ်က အာဏာလုယူထားတဲ့ အတွက် ကူညီ ထောက်ပံ့မယ့် စာရင်းကနေ ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။

အိုသိုနီ ဘလင်ကန် တက်ရောက်မယ့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာ စစ်ကောင်စီ က ခန့်ထားတဲ့ တဝဏမောင်လွင်လဲ တက်ရောက်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လ အစည်းအဝေးမှာတုန်းကတော့ ဘလင်ကန် က မြန်မာပြည် အတွင်း အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ နဲ့ ဒီမို ကရေစီ လမ်းကြောင်းဆီ ပြန်လည် ဦးတည်ဖို့ တိုက်တွန်းခဲ့ပေမယ့် အရာထင်ခဲ့ခြင်းတော့ မရှိပါဘူး။

နိုင်ငံတကာက မြန်မာ့သတင်းများ

31 Jul, 21:44


မြန်မာပြည်သူတွေဟာ အသက်ရှုဖို့တောင် ခက်ခဲနေကြပြီ ၊ ဒါတွေက အာဆီယံ က အချိန်ဆွဲခြင်းရဲ့ အကျိုးဆက်များပင် ဖြစ်နေပေတော့သည်………..

Jakata Post ရဲ့ အယ်ဒီတာ့ အာဘော် ကို ဘာသာပြန်ထားခြင်း ဖြစ်သည်

နိုင်ငံတကာက မြန်မာ့သတင်းများ

31 Jul, 21:44


မြန်မာ့ကိစ္စ အရေးတယူ ဆောင်ရွက်ဖို့ အချိန်ဆွဲနေတဲ့ အာဆီယံ
*****************************

မြန်မာနိုင်ငံက အကျပ်တည်းတွေ ကို ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ အတွက် အာဆီယံ ဘုံသဘောတူညီချက် 5 ချက် ကို ချမှတ်ခဲ့တာ 3 လ ဝန်းကျင် အထိ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ဒီအတော အတွင်း တိုးတက်မှု တစုံတရာ ပေါ်ပေါက်လာခြင်း မရှိတဲ့ အပြင် ၊ ထိုအချက်တွေ ကလဲ စာရွက်ပေါ်မှာသာ ချရေးထားသော အကြောင်းအရာမျှသာ ရှိနေခဲ့သည်။

သို့သော် မြန်မာ ပြည်တွင်းမှာတော့ သတ်ဖြတ်မှုတွေ က ဆက်တိုက် ကျူးလွန်နေဆဲ ဖြစ်သလို ၊ ကိုဗစ် တတိယ လှိုင်းဒဏ်ကိုပါ အလူးအလဲ ခံစားနေရလျှက် ရှိသည်။ အောက်ဆီဂျင် ပြတ်တောက်မှု ၊ ကျန်မားရေး စောင့်ရှောက်မှု ကဏ္ဍပြိုလဲသွားခြင်း နဲ့ အတူ ပြည်သူတွေဟာ ဘေးဒုက္ခများစွာကို ရင်နင့်နေအောင် ခံစားနေကြရသည်။

အာဆီယံ ဘုံသဘောတူညီချက် 5 ခု ထဲမှာ မြန်မာပြည် အတွက် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေ ပေးအပ်မယ့် အချက် တခုပါ ထည့်သွင်းထားခဲ့သည်။ သို့သော် လက်ရှိ အချိန်ထိ အဲဒီ အချက်ပေါ် အကောင်ထည် ဖော်နိုင်မှု အလျဉ်းမရှိတဲ့ အပြင် ၊ အလားလာကောင်းတွေလဲ မြင်တွေ့ ရခြင်း မရှိပေ။

ရှေ့တပတ်ထဲမှာ ဘရူနိုင်း နိုင်ငံက အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး ကို လက်ခံကျင်းပဖို့ စီစဉ်ထားသည်။ ထို အစည်းအဝေးမှာ အာဆီယံ ဘုံသဘောတူညီချက် 5 ခုထဲက တခု ဖြစ်တဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်အပ်လိုက်ကြောင်း ကြေငြာချက် ထုတ်ပြန်လာနိုင်ဖွယ် ရှိမယ်လို့ မျှော်လင့်ရသည်။

သို့သော် ဒီလို ခန့်အပ်လိုက်ခြင်းသည် မြန်မာပြည်က ကိစ္စတွေ အားလုံး ပြေလည်သွားတော့မည်ဟု ယူဆလို့ မရ ၊ အာဆီယံ က ဘယ်လို ပုံစံမျိုး က ချဉ်းကပ်ကြမလဲ ဆိုတဲ့ ကိစ္စက အရေးပါလာပြန်သည်။

Special Advisory Council for Myanmar အဖွဲ့ ကတော့ အာဆီယံ အနေနဲ့ ရှေ့ဆက် လုပ်ဆောင်သင့်တဲ့ အကြောင်းအရာတွေ ကို ဆွဲထုတ်ကာ တင်ပြထားသည်။ အကူညီ ထောက်ပံ့ရေး လမ်းကြောင်းတွေက နယ်စပ် ဂိတ်များအားလုံးကိုလဲ ဖွင့်လှစ်ပေးနိုင်ရမည် ဖြစ်သလို ၊ နယ်စပ် တလျှောက် ကနေ တနိုင်ငံလုံး အထိ ထိထိရောက်ရောက် ဖြစ်အောင် ဆောင်ရွက်နိုင်ဖို့ လိုအပ်နေသည်။

အာဆီယံ အနေနဲ့ ဒေသခံ ကျန်မားရေး စောင့်ရှောက်မှု အဖွဲ့အစည်းတွေ နဲ့ နီးနီးကပ်ကပ် ပူးပေါင်းက အောက်ခြေ လူတန်းစားအထိ အကျိုးသက်ရောက်မှု ရှိအောင် ဆောင်ရွက်နိုင်ရမည် ဖြစ်သည်။

NUG အစိုးရကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ နဲ့ ပူးပေါင်းကာ ကိုဗစ် 19 တိုက်ဖျက်ရေး အဖွဲ့တွေကို ဖွဲ့စည်းထားပြီးပြီ ဖြစ်သည်။ အဲဒီ အထဲမှာ စစ်တပ်ကနေ CDM လုပ်ပြီး ၊ နှစ်ပေါင်းများစွာ အတွေ့ကြုံရင့် စစ်ဘက်ဆိုင်ရာ ဆေးဝန်ထမ်းတွေပါ ပါဝင်လျှက် ရှိသည်။

အဆိုပါက အဖွဲ့များသည် မြန်မာ နိုင်ငံအတွင်း ကိုဗစ် ကာကွယ်ရေး လုပ်ငန်းများ ၊ အခြေခံ စောက်ရှောက်မှု လုပ်ငန်းများကို ဘယ်လိုလုပ်ကိုင် ဆောင်ရွက်ရမည် ဆိုတာကို ကောင်းကောင်း နားလည် သဘောပေါက်ထားသူတွေ ဖြစ်သဖြင့် ၊ အာဆီယံ အနေနဲ့ သူတို့ကို အပြည့်အ၀ ထောက်ပံ့ပေးနိုင်ရမည် ဖြစ်သည်။

နောက်ထပ် အချိန်တွေ ထပ်ပြီး ဆွဲဖို့ လုံး၀ မဖြစ်သင့်တော့ပေ။ အချိန်တွေ ကြာလေလေ မြန်မာ စစ်တပ် ရဲ့ ကြမ်းတမ်း ဖိနှိပ် ထားမှုတွေက ပိုပြီး ရှုပ်ထွေးလာလေလေ ဖြစ်သည်။

အာဏာသိမ်း ခေါင်းဆောင် မအလ ကလဲ အာဆီယံ ဆီကနေ ကိုဗစ် ကာကွယ်ရေး ဆိုင်ရာ အကူအညီတွေ လိုအပ်ကြောင်း ပြီးခဲ့တဲ့ အပတ်က ထုတ်ဖော် ပြောဆိုထားသည်။

သူဟာ အာဏာသိမ်းချိန်က စလို့ မြန်မာပြည်မှာ တည်ဆောက်ထားခဲ့တဲ့ ကိုဗစ် တားဆီရေး ဆိုင်ရာ လုပ်ငန်းစဉ်တွေ ၊ ကာကွယ်ဆေး ဝယ်ယူရေး ဆိုင်ရာ လုပ်ငန်းစဉ်တွေကို ဖျက်သိမ်းထားသူ ဖြစ်တဲ့အပြင် ၊ ကျန်မာရေး ဝန်ထမ်းတွေကိုလဲ ဆက်တိုက် ဖမ်းဆီးကာ ဖိနှိပ်နေသူ ဖြစ်သည်။ ဒါ့အပြင် ဆေးရုံတွေကိုလဲ သူတို့ တပ်စွဲရာ စခန်းတွေ အဖြစ် အသုံးချလျှက် ရှိနေသေးသည်။

မကြာသေးခင် အချိန်က ဆိုရင် အောက်ဆီဂျင် ရယူဖို့ တန်းစီနေတဲ့ လူအုပ်ကြီးကို သေနပ် ပစ်ဖောက်ကာ ဖြိုခွဲပစ်ခဲ့သလို ၊ ပြည်သူက ထောက်ပံ့ပေးနေတဲ့ အောက်ဆီဂျင် တွေကိုလဲ ဖြတ်တောက်ပစ်ခဲ့သည်။

ဒီလို အာဏာရူး တယောက်ဆီကို အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေက အလှူငွေ ထောက်ပံ့ကြေးတွေ ပေးကြမယ် ဆိုရင် ၊ ဒါဟာ ရူးနှမ်းတဲ့ လုပ်ရပ်မျိုးသာ ဖြစ်ပေလိမ့်မယ်။ 2018 ခုနှစ် ကတည်းက မအလ ဟာ လူမျိုးတုန့် သတ်ဖြတ်မှုတွေ ရဲ့ အဓိက တရားခံ တယောက်ဆိုတာ UN Fact Finding Mission က အချက်အလက်တွေ က သက်သေခံလျှက် ရှိသည်။

လက်ရှိ အချိန်ထိ အာဆီယံ ဘုံသဘောတူညီချက် 5 ခုကို အကောင်ထည်ဖော် ဆောင်ရွက်ဖို့ နှောင့်နှေးနေတဲ့ အပေါ်လဲ အာဆီယံ အနေနဲ့ လက်ခံပေးနိုင်စရာ မရှိပေ။ ဒီကိစ္စ အပေါ် အာဆီယံ အလှည့်ကျ ဥက္ကဌ နဲ့ အာဆီယံ အတွင်းရေးမှုတို့ က ဦးဆောင်ကာ အဆုံးသတ်သင့်နေပြီ ဖြစ်သည်။

ဒါကြောင့် လာမယ့် အပတ် အစည်းအဝေး အတွင်း အာဆီယံ ရဲ့ အခြေခံ သဘောတူညီမှုတွေ ဖြစ်တဲ့ အခြေခံ လွတ်လပ်ပိုင်ခွင့် ၊ လူ့အခွင့်အရေး ကို လေးစားတန်ဖိုးထား လိုက်နာဖို့ ၊ တရားမျှတမှု ရှိဖို့ နဲ့ ဒေသတွင်း တည်ငြိမ်မှုတွေ ပေါ်ပေါက်လာဖို့ အတွက် မြန်မာ ကိစ္စကို မဖြစ်မနေ အကောင်ထည်ဖို့ လိုလျှက် ရှိနေပြီသည်။

နိုင်ငံတကာက မြန်မာ့သတင်းများ

30 Jul, 01:10


အင်ဒိုနီးရှား က နဂို ကတည်းက Active အဖြစ်ဆုံး နိုင်ငံပီပီ အာဆီယံ ဘုံသဘောတူညီချက် ကို အမြန်ဆုံး အကောင်ထည်ဖော်ရမယ် ၊ နိုင်ငံတကာကလဲ ဆက်ပြီး ဝန်းရံပေးကြပါ ၊ UNSC ကလဲ တိုက်တွန်းကြပါ ဆိုပြီး ပြောပါတယ်။

မလေးရှား ကတော့ အမေစု နဲ့ သမ္မကြီး ကို လွှတ်ပေးဖို့ပါ ထပ်ပြီး တောင်းဆိုပါ။

စင်္ကာပူကတော့ ဘက်မလိုက်ဘူး ဆိုတဲ့ ပုံစံမျိုး ၊ ကိုဗစ် အကြောင်းခေါင်းစဉ် နဲ့ ဆွေးနွေးကြချိန်မှာ နိုင်ငံရေးတွေ မထည့်ဘူး ဆိုတဲ့ အထာနဲ့ Script ကို ဂရုတစိုက် ရေးပြီး ဖတ်ပြသွားပါတယ်။

နောက်ထပ် ဆွေးနွေးတဲ့ နိုင်ငံတွေ က ကင်ညာ နဲ့ ဘင်းဂလားဒေ့ရှ် ဖြစ်ပြီး ၊ ထုံးစံအတိုင် ဘင်းဂလားဒေ့ရှ် က သူတို့ ရဲ့ ရို လက်ခံမှုတွေ ကို ပုံကြီးချဲ့ နှမ်းဖြူးပြီး ၊ အလှူငွေတွေ ဆက်ပေးကြဖို့ ရေလာမြောင်းပေး ပြေားသွားခဲ့ ပါတယ်။


ခေါင်းစဉ် က ကိုဗစ် ကိစ္စဆွေးနွေးတာဖြစ်လို့ ၊ အကူညီတွေ ဝိုင်းပေးကြဖို့ တိုက်တွန်းခဲ့ကြတာမို့ ၊ နိုင်ငံတကာလဲ သိလောက်ပါပြီ။ ဒီလောက် ဆိုရင် ကျနော်တို့ ရဲ့ အခက်ခဲ တချို့ကို ကူညီပေးကြလိမ့်မယ် ထင်ပါတယ်။

နိုင်ငံတကာက မြန်မာ့သတင်းများ

30 Jul, 01:10


အောင်မြင်တယ်လို့ ဆိုနိုင်တဲ့ UNSC က Arria Formula Meeting
******************

မနေ့ညက အစည်းအဝေး အကြောင်း မရေးခင် ကျနော် နားလည်ထားသလောက် ပြောပြချင်ပါတယ်။ ဒီအစည်းအဝေးမှာ NUG က ဝန်ကြီးတွေ ဖြစ်တဲ့ ဒေါ်ဆူဇန်နာလှလှစိုး ၊ ဦးကျော်မိုးထွန်း တို့ တက်ရောက် စကားပြောခွင့်ရပေမယ့် UN က NUG ကို အသိအမှတ်ပြုလိုက်တယ်လို့ မဆိုလိုပါဘူး။

ဧပြီလ တုန်းကလဲ UNSC မှာပဲ Arria Formula Meeting တခု ကျင်းပခဲ့ပေးခဲ့ဖူးပါတယ်။ အဲဒီအချိန်က ဒေါ်ဇင်မာအောင် နဲ့ ဦးကျော်မိုးထွန်းတို့ တက်ရောက်ခဲ့တာပါ။

Arria Formula Meeting က informal ဖြစ်ပါတယ်။

လုံခြုံရေး ကိစ္စတွေ ၊ ကပ်ရောဂါ ကိစ္စတွေ ဆွေးနွေးတဲ့ အခါမှာ UNSC က ထွက်လာတဲ့ ရလာဒ် ဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်းက မဖြစ်မနေ လိုက်နာ ဆောင်ရွက်ကြရပါတယ်။ အဲဒီလောက်အထိ လွှမ်းမိုးမှု ကြီးမားတာပါ။

သို့သော် UNSC ရဲ့ တလတာ လုပ်ဆောင်ကြမယ့် အစီအစဉ်တွေ ကို ရေးဆွဲတဲ့ အခါတိုင်း ၊ မြန်မာ အရေးကို ထည့်သွင်းဆွေးနွေးဖို့ အတွက် အဖွဲ့ဝင် နိုင်ငံတွေက အများကြီး ဆန္ဒမရှိကြပါဘူး။ ဘာလို့လဲ ဆိုတော့ သူတို့လဲ နီးစပ်ရာ မကင်းရာ မကင်းကြောင်းတွေပဲ ဆွေးနွေးပြီး Political Influence ရယူချင်ကြတဲ့ အတွက်ကြောင့်ပါ။

ပြီးတော့ တရုတ် နဲ့ ရုရှား တို့ရဲ့ ငြင်းပယ်ချက်တွေကြောင့်လဲ သက်ဆိုင်ပါတယ်။

ဒါကြောင့် မြန်မာ့ အရေးဟာ UNSC လို နေရာမျိုးမှာ အမြဲတမ်း ရှင်သန်နေရမယ့် ကိစ္စမျိုး ဖြစ်ပေမယ့် ကံမကောင်း အကြောင်းမလှစွာ တိမ်မြုပ် ပျောက်ကွယ်လျှက်ရှိပါတယ်။

ဒီလိုအချိန်မျိုးမှာ အဖွဲ့ဝင် နိုင်ငံ တခုခု က “မြန်မာ့ အရေးကိစ္စတွေ ထဲက ဒီအကြောင်းအရာတွေ မဖြစ်မနေ ဆွေးနွေးဖို့ လိုတယ်” ဆိုတဲ့ ယုံကြည်ချက် နဲ့ အတင်းတိုက်တွန်းလာချိန်လို့ နောက်တနည်း နဲ့ ဆွေးနွေးနိုင်ဖို့ စဉ်းစားရပါတယ်။

Arria Formula Meeting ဆိုတာ အဲဒီလို အကြောင်းအရာတွေ ကနေ ပေါ်ပေါက်လာတာပါ။ ဝင်ပြီး မတက်ရောက်ချင်တဲ့ UNSC အဖွဲ့ဝင်တွေအနေနဲ့ ကြိုက်သလို နေလို့ရတယ် ၊ နားမထောင်ချင်လဲ ရတယ်။

ဒါပေမယ့် ဒီကိစ္စကို ကမ္ဘာသိအောင်တော့ ဆွေးနွေးပေးရမှာပဲ ဆိုပြီး လုပ်ကြတာပါ။

တကယ်လိုက်နာ ဆောင်ရွက်ကြမလား ၊ မဆောင်ရွက်ကြဘူးလား ဆိုတာတော့ 100% သေချာတယ်လို့ ပြောလို့ မရပါဘူး။

မနေ့ညက မြန်မာ နိုင်ငံ ကိုဗစ် ကပ်ရောဂါ ဆိုးဝါးနေတဲ့ ကိစ္စ ဆွေးနွေးကြပါတယ်။

UNSC မှာ ဗီတို အာဏာ ကိုင်ထားတဲ့ ရုရှား က “ဒါတွေ ဆွေးနွေးဖို့ အချိန်မတန်သေးဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ အစည်းအဝေး မတက်ပါဘူး”

စိတ်ဓါတ်တွေက တဖြေးဖြေး ပေါ်လွင်လာပါပြီ။

ဒါပေမယ့် အစည်းအဝေး နဲ့ ပတ်သက်ပြီး အားရဖို့ ကောင်းတဲ့ အချက်တွေ အများကြီး ရှိပါတယ်။ ဒေါ်ဆူဇန်နာလှလှစိုး က NUG ဝန်ကြီး တစ်ယောက် အနေနဲ့ တင်ပြတယ် ၊ ရိုအကြောင်း ပါတယ် ၊ နိုင်ငံသား ဖြစ်ပိုင်ခွင့် ဥပဒေတွေ အကြောင်းပါ ထည့်ပြောပါတယ်။

ပိုအားကောင်းတဲ့ အချက်က ကချင် ကိုယ်စားလှယ် ပါလာတာပါ။ သူကလဲ ပြည့်ပြည့်စုံစုံ တင်ပြတာသလို ၊ သူ့ရဲ့ နောက်ကို လှမ်းကြည့်လိုက်ရင် KIA နဲ့ NUG တို့ အကြားက တသားတည်း ကျမှုကို ခန့်မှန်းလို့ ရနေပါတယ်။

မနေ့က အစည်းအဝေးပွဲမှာ တက်ရောက်နားထောင်တဲ့ နိုင်ငံပေါင်း ဘယ်လောက်ရှိလဲ ဆိုတာတော့ ကျနော်လဲ မသိပါဘူး။ ဒါပေမယ့် ဝင်ရောက် ဆွေးနွေးကြတဲ့ နိုင်ငံက 15 နိုင်ငံ အထိရှိပါတယ်။

မြန်မာပြည်ကို ကိုဗစ် ကာကွယ်ဆေး လှူဒါန်းထားတယ် ဆိုပြီး ဂျာနယ်တွေမှာ ခဏခဏကြွားနေတဲ့ တရုတ်က ဗီတို အာဏာရှင် ဖြစ်နေတာတောင် ဒီပွဲမှာ လူလုံးမပြခဲ့ပါဘူး။ (အစည်းအဝေး မတက်လဲ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်)

ဒီပွဲ ဖြစ်မြောက်ဖို့ အတွက် ကမကထ ပြုတာကတော့ ဇာတ်လိုက်ကျော်ကြီး UK ပါ။

ပြီးတော့ နော်ေ၀ ၊ တူနီးရှား ၊ နိုက်ဂျာ က ကိုယ်စားလှယ်တွေ အရင်ဆုံး တင်ပြ ဆွေးနွေးကြပါတယ်။

သူတို့ပြီးတာ နဲ့ အက်စတိုးနီးယား ၊ အိုင်ယာလန် တို့ ဆွေးနွေးပြီး ၊ ပြင်သစ် ကိုယ်စားလှယ်ကတော့ “စစ်ကောင်စီ ကို ဘယ်နည်းနဲ့မှ အသိအမှတ် မပြုဘူး” လို့ ပေါ်ပေါ်တင်တင် ထည့်သွင်း ပြောဆိုသွားခဲ့ ပါတယ်။

US ကိုယ်စားလှယ် သုံးတဲ့ စကားလုံးကို ကျနော် အကြိုက်ဆုံးပါ။ သူပြောသွားတာက “UNSC က အရေးယူမှုတွေ လုပ်ဆောင်ဖို့ အချိန်ဆွဲလေလေ ၊ မြန်မာပြည်မှာ လူတွေ ပိုပြီး သေကြရလေလေ” ပဲလို့ ဝေဖန်သွားပြီး “UNSC ဟာ မြန်မာ့ အရေးကို ကိုင်တွယ်ဖို့ ရှက်ဖွယ်လိလိ ပျက်ကွက်နေတယ်” လို့ ရှုတ်ချသွားပါတယ်။

အဲဒီနောက်မှာတော့ မက္ကဆီကို Saint Vincent and the Grenadines နိုင်ငံတွေက ကိုယ်စားလှယ်တွေ ဆက်ပြီး ဆွေးနွေးကြပါတယ်။

လုံး၀ ထင်မထားတာ က ဒီအစည်းအဝေးပွဲမှာ အရှေ့တောင် အာရှက နိုင်ငံတွေ ပါဝင်လာလိမ့်မယ်လို့ မျှော်လင့်မထားခဲ့တာပါ။

စစ်တပ် နဲ့ စီးပွားရေး ဆက်နွှယ်မှု ရှိနေပေမယ့် ဗီယက်နမ် ကလဲ တာဝန်ကျေပါတယ်။ ဒါပေမယ့် အာဆီယံ ဘုံသဘောတူညီချက် ကို အမြန်ဆုံး အကောင်ထည်ဖော်အောင် အတင်းကြီး ဖိအားမပေးကြဖို့ ၊ လောလောဆယ် အတတ်နိုင်ဆုံး ကြိုးစားနေတယ် ဆိုတာမျိုးတော့ မတင်မကျလေး ပါးပါး ထည့်သွားပါတယ်။

နိုင်ငံတကာက မြန်မာ့သတင်းများ

28 Jul, 11:53


မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်ရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ် အန်ဒရူးက နောက်ထပ် ကြေငြာချက် တခုကို အခုလို ထုတ်ပြန်လိုက်ပြန်ပါတယ်

နိုင်ငံတကာက မြန်မာ့သတင်းများ

26 Jul, 23:47


Tokyo Olympic Stadium ရှေ့မှာ ဆန္ဒပြခဲ့တဲ့ ဂျပန်ရောက် မြန်မာများ

မြန်မာ နိုင်ငံမှာ စစ်အာဏာသိမ်းမှု ပေါ်ပေါက်ခဲ့ပြီး နောက်ပိုင်း ၊ စစ်အစိုးရ ကို ဆန့်ကျင်ခဲ့ကြတဲ့ အထဲမှာ ဂျပန်ရောက် မြန်မာတွေလဲ တက်တက်ကြွကြွ ပါဝင်လျှက် ရှိနေပါတယ်။

ယခင်က မြန်မာ့ အရေးကို နိုင်ငံတကာ အာရုံစိုက်လာစေဖို့ အတွက် သက်ဆိုင်ရာ သံရုံးအသီးသီးရှေ့မှောက် နဲ့ ကုလ သမဂ္ဂ ရုံးခွဲရှေ့လို နေရာမျိုးတွေမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပေမယ့် ၊ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာတော့ လက်ရှိ အားကစား ပြိုင်ပွဲတွေ လက်ခံကျင်းပနေတဲ့ Tokyo Olympic Stadium ရှေ့ကို သွားရောက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

မြန်မာ အားကစား ပရိသတ်တွေ အကြားမှာလဲ အိုလံပစ် ပြိုင်ပွဲနဲ့ ပတ်သက်ပြီး အမြင်တွေ အမျိုးမျိုး ရောထွေးလျှက်ရှိနေကြပါတယ်။

တချို့ က အားကစား နဲ့ နိုင်ငံရေး က ရောလို့ မရဘူး သပ်သပ်စီစီ ဖြစ်ရမယ် ဆိုတဲ့ အချက်ကို ဆွဲကိုင်ကြသလို ၊ တချို့ကလဲ နိုင်ငံရေး မတည်မငြိမ်ဖြစ်လို့ ပြည်သူတွေ အများကြီး အသက်ပေးနေချိန်မှာ ကိုယ့်အတ္တကို ရှေ့တန်းတင်လို့ မရဘူး ဆိုပြီး ယူဆထားကြပါတယ်။

စစ်အာဏာ သိမ်းမှု ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေဟာ မြန်မာ့ အားကစား လောကသားတွေ အထိပါ ပျံ့နှံ့ခဲ့ပြီး ၊ ရိုတ်ခတ်မှုကလဲ အခုထိ ကြီးမားနေဆဲ ဖြစ်ပါတယ်။ လက်ရွေးစင် ဂိုးသမား ပြည့်လျံအောင် ဆိုရင် ကမ္ဘာ့မီဒီယာတွေ စောင့်ကြည့်နေတဲ့ အချိန်မျိုးမှာ လက်သုံးချောင်ထောင် ဆန့်ကျင်ပြခဲ့လို့ ၊ အားကစား ပရိသတ်တွေ အကြား လက်ခုပ်သံတွေ ဆူညံခဲ့သလို ၊ သူ့ဘက်ကနေ ရပ်တည်ခဲ့တဲ့ လူတွေလဲ အများကြီး ရှိခဲ့ပါတယ်။

နောက်ဆုံးမှာ ဂျပန် အစိုးရ ကိုယ်တိုင်က ယာယီ နေထိုင်ခွင့် ထုတ်ပေးပြီး ၊ နိုင်ငံရေး အရ ခိုလှုံခွင့်ရဖို့အတွက် ကြိုးစားနိုင်တဲ့ အခွင့်အရေး တရပ်ကိုပါ ဖန်တီးပေးခဲ့ ပါတယ်။

Tokyo Olympic Stadium ရှေ့မှာ ဆန္ဒပြခဲ့သူ တစ်ယောက် ဖြစ်တဲ့ မလဲ့လဲ့လွင် ကတော့ “ ကျမတို့ မြန်မာပြည် ရဲ့ အခြေအနေက ငြိမ်းငြိမ်းချမ်းချမ်း မဟုတ်ပါဘူး ။ ပြောရရင် အားကစား ပြိုင်ပွဲတွေကို ဝင်ရောက် ယှဉ်ပြိုင်နိုင်တဲ့ အခြေအနေမျိုးမှာကို မရှိတာပါ။

ကျမတို့ က ဒီအကြောင်းတွေကို ကမ္ဘာလုံး လေးလေးနက်နက် သိစေချင်ပါတယ်။

ဒီလိုကြမ်းတမ်းလှတဲ့ နိုင်ငံရေး ပဋိပက္ခတွေ အကြားမှာ အိုလံပစ် ရဲ့ ဆောင်ပုဒ် ဖြစ်တဲ့ “သာတူညီမျှ ၊ ငြိမ်းချမ်းစွာ” ဘယ်လိုလုပ် ယှဉ်ပြိုင်နိုင်မလဲ? ဒါဆိုရင် မြန်မာပြည်မှာ ဖြစ်နေတဲ့ ကိစ္စတွေကို လစ်လျူရှုထားကြတော့မှာလား? ကျမ ကတော့ ဒီအကြောင်းအရာတွေကို တကမ္ဘာလုံး ကို သိသွားစေချင်တာပါ” လို့ ပြောပြသွားခဲ့ ပါတယ်။

ဆန္ဒပြလာသူတွေဟာ မြန်မာပြည် ကိုယ်စားပြု လာရောက် ယှဉ်ပြိုင် ကစားသမားတွေ နဲ့ ပတ်သက်ပြီးတော့လဲ အခုလို မှတ်ချက် ပေးသွားခဲ့ ပါတယ်။

“ ဒီ အိုလံပစ် ပြိုင်ပွဲမှာ မြန်မာ ကစားသမားတွေလဲ လာပါတယ်။ ကျနော်တို့ သိချင်တဲ့ အဖြေက သူတို့ဟာ မြန်မာ လူထုကို ကိုယ်စားပြုပြီး လာရောက် ယှဉ်ပြိုင်တာလား ဒါမှမဟုတ် စစ်တပ် ကို ကိုယ်စားပြုတာလား ပေါ့။

သူတို့ဟာ စစ်အာဏာသိမ်းမှု ကို လက်ခံလိုက်တယ် ဆိုရင် ၊ ကျနော်တို့ကလဲ သူတို့ကိုပါ တပါတည်း ဆန့်ကျင်သွားမှာပါ” လို့ ကိုသန့်ဇော်ထက် က The National သတင်းဌာန ကို ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

သတင်းတွေ အရတော့ မြန်မာနိုင်ငံ ကနေ အိုလံပစ် ပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်တဲ့ ကစားသမား 3 ဦးရှိတယ်လို့ သိရပြီး သေနပ်ပစ် ကစားသမား ရဲထွန်းနိုင်ဟာ မီတာ 10 Air Pistol လက်ရည်စစ်ပွဲ အဆင့်ကနေပဲ ထွက်လိုက်ရပြီ ဖြစ်ပါတယ်။

ကြက်တောင် ကစားသမား သက်ထားသူဇာ ကလဲ အဖွင့်ပွဲစဉ်မှာ အင်ဒိုနီးရှားသူ ကို နှစ်ပွဲပြတ် နဲ့ ရှုံးနိမ့်လို့ နောက်တဆင့် တက်ရောက်နိုင်ဖို့ မသေချာတော့ပါဘူး။

ဂျူဒို ကစားနည်းမှာ ဝင်ရောက် ယှဉ်ပြိုင်မယ် ချူးမြတ်နိုးေ၀ က ယှဉ်ပြိုင် ကစားရခြင်း မရှိသေးပါဘူး။

ရေကူး ကစားသမား ဝင်းထက်ဦး ကတော့ သူ့ရဲ့ အိုလံပစ် အိပ်မက်ကို မြို့သိပ်ကာ ၊ စစ်အာဏာသိမ်းမှု ကို ဆန့်ကျင်တဲ့ အနေနဲ့ တိုကျို အိုလံပစ်ကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း မရှိပါဘူး။

နိုင်ငံတကာက မြန်မာ့သတင်းများ

26 Jul, 22:34


ရင်လေးစရာ ကောင်းလွန်းတဲ့ ကျနော်တို့ ရဲ့ အနာဂတ်များ
*************************

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ယိုင်နဲ့သွားတဲ့ မြန်မာ့ စီးပွားရေး အ​ခြေအနေဟာ 2021 ခုနှစ်မှာ 18% ထိုးကျသွားတယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန် ကြေငြာလိုက်ပါတယ်။

မြန်မာတွေ ရဲ့ ဘဏ္ဍာရေးနှစ်ဟာ စက်တင်ဘာလမှ ကုန်ဆုံးတာ ဖြစ်လို့ 2022 ခုနှစ်ရောက်ရင် အခြေအနေတွေက ဒီထက်ပိုပြီး ဆိုးဝါးလာဖွယ် ရှိနေပါတယ်။

ကမ္ဘာ့ အလုပ်သမားရေးရာ အဖွဲ့ကြီး ILO ကတော့ အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံဟာ 2021 ခု အတွင်း အလုပ်လက်မဲ့ ဖြစ်သွားသူ ဦးရေ 2 သန်းခန့် ရှိနေတယ် လို့ ဆိုပါတယ်။

ငွေကြေးလည်ပတ်မှု မရှိသလောက် ရပ်ဆိုင်းသွားတာ ၊ ဘဏ်စနစ် ယိုင်နဲ့နဲ့ ဖြစ်နေတာတွေ နဲ့ နောက်ဆုံး ကိုဗစ် တတိယလှိုင်း ကိစ္စတွေကြောင့် စီးပွားရေး လုပ်ငန်းတွေ အကုန်လုံး ကျားကန်ရတဲ့ အခြေအနေကို ရောက်ရှိသွားခဲ့ပါတယ်။

ဒါ့အပြင် ကမ္ဘာ့ ကလေးများ ရံပုံငွေ အဖွဲ့ကလဲ လက်ရှိ အခြေအနေတိုင်း တိုးတက်လာခြင်း မရှိဘူး ဆိုရင် ၊ မြန်မာပြည် က ကလေးငယ်တွေဟာ ပြည်တွင်းမတည်မငြိမ် ဖြစ်မှုကြောင့် စိတ်ဒဏ်ရာတွေ မျိုးဆက်အလိုက် ရရှိသွားနိုင်တယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။

ကျနေယ်တို့ရဲ့ အနာဂတ်ကို ကျနော်တို့ ကိုယ်တိုင်ပဲ ဖန်တီးယူကြရမှာပါ။

5,383

subscribers

104

photos

1

videos