မြန်မာ့သတင်းစုံ @myanmarchannel5 Channel on Telegram

မြန်မာ့သတင်းစုံ

@myanmarchannel5


မြန်မာ့သတင်းစုံ (Burmese)

မြန်မာ့သတင်းစုံ ဆိုတာဆိုတာကို လေ့လာနေတဲ့ သတင်းစုံ ခန့်အပါးတစ်ချက်တွေဖြစ်ပြီး မြန်မာနိုင်ငံ၏ နေ့စဉ် နေ့စဉ်အထူးမှာ ထုတ်ကုန်သော အချက်အလက်များကို စုံစံစွမ်းမှုအတွင်း ပေးသွင်းပေးဖွယ်ေးနိုင်စွာဖြစ်ပါသည်။ ဤခန့်အပါးသတင်းစုံသည် စုံစံစွမ်းမှု အတွက် နောင်မြန်မာ့ စုံစံစွမ်းမှုအား ရေးဆွဲဆောင်ရွက်စွာ ဆွစ်ဆွစ် ထားပြီး အချက်အလက်တို့ကို အမျဉ်းအစချင်း ဖြေဆိုဖြစ်သည်။ မြန်မာနိုင်ငံအားလုံး နော်ဆောင်အားဖြင့်ပြုလုပ်ပါသည်။

မြန်မာ့သတင်းစုံ

13 May, 13:18


ကန့်ကွက်မှုများကြောင့် အကြမ်းဖက်စစ်တပ်၏ ဩစတြေးလျသံအမတ် သာအောင်ညွန့် သြစတြေးလျ-အာဆီယံ ထိပ်သီးစီးပွားရေးဖိုရမ် တက်ခွင့် ဖယ်ရှားပိတ်ပင်ခံရ
ရန်ကုန်၊ မေ ၁၃
အကြမ်းဖက်စစ်တပ်ရဲ့ ဩစတြေးလျသံအမတ် သာအောင်ညွန့်ကို မေလ ၂၃ ရက်နေ့ ကျင်းပမယ့် သြစတြေးလျ-အာဆီယံ ထိပ်သီးစီးပွားရေးဖိုရမ်တက်ဖို့ ဖိတ်ကြားခဲ့ပေမယ့်လည်း ကန့်ကွက်မှုတွေ ရှိတာကြောင့် ဖိုရမ်တက်ရောက်ခွင့် မပြုတော့ဘဲ ဖယ်ရှားခံလိုက်ရတယ်လို့ သိရပါတယ်။
ဩစတြေးလျ-အာဆီယံ ထိပ်သီး စီးပွားရေး ဖိုရမ်ကို ဗစ်တိုးရီးယားပြည်နယ် အစိုးရက ဦးစီးကျင်းပမှာဖြစ်ပြီး Justice for Myanmar က စစ်ကောင်စီသံအမတ်ကို ဖိုရမ်ဖိတ်ကြားမှုအပေါ် ကန့်ကွက်ခဲ့တာလည်း ဖြစ်ပါတယ်။
အာဆီယံ စီးပွားရေးဖိုရမ်မှာ မိန့်ခွန်းပြောဖို့ မြန်မာပြည်သူတွေရဲ့ တရားဝင် ကိုယ်စားလှယ် NUG ကို မဖိတ်ဘဲ အကျင့်ပျက်ခြစားမှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ စက်ဆုပ်ဖွယ် စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို ဘာကြောင့် ဖိတ်ကြားခဲ့သလဲ ဆိုတဲ့အပေါ် မနေ့ကပြုလုပ်တဲ့ ပါလီမန်အစည်းအဝေးမှာ ဗစ်တိုးရီးယားပြည်နယ် ဂရင်းပါတီခေါင်းဆောင် Samantha Ratnam က မေးခွန်းထုတ်ခဲ့ပြီးနောက် စစ်ကောင်စီသံအမတ်ကို ဖိုရမ်တက်ခွင့် ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။
Samantha Ratnam ကို မြန်မာပြည်သူလူထုနဲ့ အတူတကွ ရပ်တည်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်တယ်လို့ JFM က သတင်းထုတ်ပြန်ပါတယ်။
ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ မေလ ၂၃ ရက်နေ့ ကျင်းပမှာဖြစ်တဲ့ ဩစတြေးလျ-အာဆီယံ စီးပွားရေး ဖိုရမ်သို့ တက်ရောက်ဖို့ မြန်မာအကြမ်းဖက် စစ်ကောင်စီ သံအမတ်ကို ပွဲတာဝန်ရှိသူများက ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဖိုရမ်ရဲ့ ညစာစားပွဲ မတိုင်မှီ ညနေပိုင်းမှာ စစ်ကောင်စီ သံအမတ်ဖြစ်တဲ့ သာအောင်ညွန် က ကျေးဇူးတင်စကား ပြောကြားမယ့် အစီအစဥ် ရှိတယ်လို့လည်း လူ့အခွင့်အရေး လှုပ်ရှားသူများအဖွဲ့ဖြစ်တဲ့ Justice for Myanmar အဖွဲ့ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အဆိုပါ ဩစတြေးလျ-အာဆီယံ စီးပွားရေး ဖိုရမ်ကို ဩစတြေးလျနိုင်ငံရဲ့ ဒုတိယ အကြီးဆုံး ပြည်နယ်ဖြစ်တဲ့ ဗစ်တိုရီးယားပြည်နယ်ရဲ့ အစိုးရအေဂျင်စီ ဖြစ်တဲ့ Global Victoria က ဦးစီး ဦးဆောင်ပြုပြီး ကျင်းပခြင်းလည်း ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗစ်တိုးရီးယားပြည်နယ် ဂရင်းပါတီခေါင်းဆောင် Samantha Ratnam က မဲလ်ဘုန်းမှာကျင်းပမဲ့ အာဆီယံစီးပွားရေးဖိုရမ်မှာ မိန့်ခွန်းပြောဖို့ မြန်မာစစ်အာဏာရှင် ကိုယ်စားလှယ်ကို ဘာကြောင့်များ ဖိတ်ကြားရတာလဲ လို့ သူမရဲ့ တွစ်တာအကောင့်ကနေ စတင်ပြီး မေးခွန်းထုတ်ခဲ့ပါတယ်။
အတိုက်အခံပါတီခေါင်းဆောင်လည်း ဖြစ်တဲ့ Samantha Ratnam က ပါလီမန်အတွင်း အစိုးရခေါင်းဆောင် တာဝန် ထမ်းဆောင်နေတဲ့ ရှေ့နေချုပ်ကို မနေ့က ကျင်းပတဲ့ လွှတ်တော်အတွင်း အခုလိုလည်း တင်ပြပြောဆိုခဲ့ပါတယ်။
"ဗစ်တိုးရီးယားအစိုးရက မြန်မာပြည်သူတွေရဲ့ တရားဝင် ကိုယ်စားလှယ်တွေအဖြစ် NUG ကို ထောက်ခံရမယ့်အစား၊ အကျင့်ပျက်ခြစားမှုတွေနဲ့ လူ့အခွင့် အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ စစ်အာဏာရှင်တွေကို ဘာကြောင့် တရားဝင်မှု ပေးနေရတာလဲ" လို့ ပြောဆိုခဲ့တာပါ။
ဒါ့ကပြင် သူမအနေနဲ့ မြန်မာစစ်ကောင်စီကိုယ်စားလှယ်ကို ဖိတ်ကြားထားမှုနဲ့ ပတ်သက်ပြီး ချက်ချင်း ရုပ်သိမ်းဖို့ပေး‌ဖို့အတွက် ဗစ်တိုးရီးယား ဝန်ကြီးချုပ် ဒန်နီရယ် အင်ဒရူးကို တောင်းဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။
အာဆီယံ စီးပွားရေး ဖိုရမ်မှာ မြန်မာအကြမ်းဖက် စစ်တပ်ရဲ့ ကိုယ်စားလှယ်ကို ဖိတ်ကြားပြီး မိန့်ခွန်းပြောဆိုခွင့်ပေးခြင်းဟာ မြန်မာစစ်တပ်ကို လူရာသွင်းရာ ရောက်ပြီး သူတို့အတွက် တရားဝင်မှုကို ပေးလိုက်သလိုပါပဲ၊ ဒါ့အပြင် ဒါဟာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေကို ငွေကြေးထောက်ပံ့နိုင်ဖို့အတွက် စီးပွားရေး အခွင့်အလမ်းတွေကို ပေးအပ်နေရာ ရောက်တယ်လို့လည်း Justice for Myanmar အဖွဲ့က ထောက်ပြ ပြောဆိုပါတယ်။
စစ်အစိုးရ ကိုယ်စားလှယ်ကို ဖိတ်ကြားထားခြင်း မပယ်ဖျက်ဘူးဆိုရင် ဖိုရမ်ကို သပိတ်မှောက်ကြဖို့ ဖိုရမ်အတွင်း တက်ရောက်ဆွေးနွေး ဟောပြောကြမည့်သူများကို JFM က တောင်းဆိုခဲ့တာပါ။
လက်ရှိမြန်မာနိုင်ငံဟာ မအောင်မြင်တဲ့ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ပိုင်း နိုင်ငံတကာရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကြောင့် စီးပွားရေး အကြပ်အတည်းနှင့် ရင်ဆိုင်နေရပါတယ်။ မြန်မာငွေကြေးတန်ဖိုးမှာ စံချိန်တင် ကျဆင်းခဲ့သလို၊ အာဏာသိမ်းမှု၏ အကျိုးဆက်အနေနှင့် နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှုများ ရပ်တန့်နေပြီး၊ ရှိရင်းစွဲ နိုင်ငံတကာ ကုမ္ပဏီကြီးတွေကလည်း တစတစ ပြန်လည်ထွက်ခွာနေတာကြောင့် နိုင်ငံခြားငွေ အသည်းအသန် လိုအပ်နေချိန်လည်း ဖြစ်ပါတယ်။
အခု ဩစတေးလျှ-အာဆီယံ စီးပွားရေး ဖိုရမ် ဟာ အကြမ်းဖက် စစ်တပ်အတွက် နိုင်ငံခြားဝင်ငွေ ရှာပေါက် ရှာလမ်း ရရှိနိုင်တဲ့ အခွင့်အရေး ဖြစ်နေပါတယ်။ ဒါကြောင့်မို့လည်း ယခု ဩစတြေးလျ-အာဆီယံ စီးပွားရေး ဖိုရမ်အပါအဝင် မည်သည့်နိုင်ငံတကာ စင်မြင့်များမှာမဆို မြန်မာ အကြမ်းဖက်စစ်တပ်ကို အသိအမှတ်ပြု ဖိတ်ကြား ဆက်ဆံခြင်းများ မပြုလုပ်ကြဖို့ JFM က တစိုက်မတ်မတ် တောင်းဆိုခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီရဲ့ သံအမတ် သာအောင်ညွှန့်။

မြန်မာ့သတင်းစုံ

12 May, 11:26


Khit Thit သတင်းဌာန၏ မေ ၁၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မေ ၁၂ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-ရှမ်း-ကရင်နီ အစပ်၊ မိုးဗြဲအင်း အနောက်ဘက်ကမ်းက ထီရိကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီ ဂိတ်စခန်းကို ဒီကနေ့ မေလ ၁၂ ရက်နေ့ မနက်အစောပိုင်းမှာ ကရင်နီပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီရဲ့ ဗိုလ်မှူးအဆင့် ၁ ဦးအပါအဝင် ၅ ဦး ကို အရှင်ဖမ်းမိတယ်လို့ သိရပါတယ်။
-ကရင်နီပြည်နယ်မှာ စစ်ကောင်စီယာဉ်တန်းကို မေလ ၇ ရက်နေ့က KNDF တပ်ရင်း ၁၆ နဲ့ ကရင်နီတပ်မတော်KA တို့ပူးပေါင်ကာ ဆက်တိုက် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပါတယ်။
- စစ်ကိုင်းတိုင်း တောင်ပိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာက အကြမ်းဖက်စစ်ကောင်စီ တပ်သား တွေနဲ့ ပျူစောထီးတွေ ပူးပေါင်း တပ်စွဲထားတဲ့ စခန်းကို မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA နဲ့ KUG ကိုယ်စားပြု GYZ အဖွဲ့တို့က တိုက်ခိုက်ခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
https://youtu.be/WVuHsh0Cthk

မြန်မာ့သတင်းစုံ

12 May, 11:26


ထီရိကျေးရွာရှိ စစ်တပ်စခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်တိုက်စဉ် ဗိုလ်မှူးအပါအဝင် ၅ ဦး အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ရန်ကုန်၊ မေ ၁၂

ရှမ်း-ကရင်နီအစပ်၊ မိုးဗြဲအင်း အရှေ့ဘက်ကမ်းရှိ ထီရိကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ ဂိတ်စခန်းကို ယနေ့ မေလ ၁၂ ရက် နံနက် အစောပိုင်းတွင် ကရင်နီပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီ၏ ဗိုလ်မှူးအဆင့် ၁ ဦးအပါအဝင် ၅ ဦး ကို အရှင်ဖမ်းမိကြောင်း၊ လက်နက်ခဲယမ်းများရရှိကြောင်း KnICနှင့် ဒေသခံများထံမှ သိရှိရသည်။

"မနက် ၄ နာရီလောက်ကနေ သေနတ်သံ စကြားရတယ်၊ မနက် ၆ နာရီဝန်းကျင်ကျတော့ ဖယ်ခုံကနေ လက်နက်ကြီးနဲ့ စပစ်တယ်။ ၇ နာရီခွဲ ၈ နာရီလောက်မှာ လေယာဉ်ပစ်ကူလာတယ်။ တိုက်ပွဲအသေးစိတ်တော့ မသိဘူး၊ ၅ ယောက်ကို အရှင်ဖမ်းမိတယ်လို့ကြားတယ်။ စခန်းမှာ ဘယ်နှစ်ယောက်ရှိလဲတော့ အတိအကျမသိဘူး၊ ဗိုလ်မှူးအဆင့်ထိုင်တယ်လို့ ကြားတယ်။ ညောင်ရွှေဘက်ကလည်း စစ်ကား ၅ စီး ဆင်းလာပြီလို့ သိရတယ်။ ရွာသားတွေက မြောက်ဘက် နမ့်ပွန်ဘက်လည်းပြေးတယ်၊ တောင်ဘက် လွယ်ပေါဘက်လည်း ပြေးကြတယ်။ ရွာသားတွေ ထိခိုက်မှု ရှိ၊ မရှိတော့ မသိရသေးဘူး" ဟု ဒေသခံ ၁ ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါ စစ်ကောင်စီဂိတ်စခန်းကို KNDF တပ်ရင်း ၃ (ဖယ်ခုံ) နှင့် ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရပြီး တိုက်ပွဲဖြစ်စဉ်အသေးစိတ်ကို ကနဦး မသိရှိရသေးပေ။

ညောင်ရွှေမြို့နယ်၊ ထီရိကျေးရွာသည် ရှမ်း-ကရင်နီအစပ် မိုးဗြဲအင်း အရှေ့ဘက်ကမ်းတွင်တည်ရှိပြီး ညောင်ရွှေ-နမ့်ပွန်-ထီရိ-လွယ်ပေါ လမ်းကြောင်းတွင်ရှိပြီး လင်ဖုံလေးလမ်းခွဲမှတဆင့် မိုးဗြဲသို့လည်းကောင်း လွိုင်ကော်သို့လည်းကောင်း ဆက်သွယ်ထားသည်။

အဆိုပါ ထီရိကျေးရွာ ရှိ စစ်ကောင်စီဂိတ်စခန်းကို ကရင်နီပူပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီးနောက် ထီရိကျေးရွာမြောက်ဘက် ၂ မိုင်ခန့်အကွာရှိ နမ့်ပွန်ကျေးရွာဂိတ်စခန်းတွင် ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့များ အင်အားဖြည့်တင်းလိုက်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

အဆိုပါ ထီရိကျေးရွာရှိ စစ်ကောင်စီဂိတ်သည် ဖြတ်သန်းသွားလာသော ခရီးသွားကားများ၊ ကုန်တင်ကားများထံမှ ပိုက်ဆံတောင်းခံမှုနှင့် အစစ်အဆေး ကြမ်းသော ဂိတ် ၁ ခုဖြစ်ကြောင်းနှင့် ကားအများစုမှာ ရှောင်ကွင်းသွားလေ့ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

တိုက်ပွဲဖြစ်စဉ်အသေးစိတ်နှင့် ပတ်သက်ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF တပ်ရင်း ၃ ဖယ်ခုံဇုံက မကြာမီ သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဓာတ်ပုံ- ဖမ်းဆီးရမိသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးနှင့်လက်နက်များ။

Photo- KnIC

မြန်မာ့သတင်းစုံ

12 May, 04:49


ခင်ဦးမြို့နယ်၊ ကားဆိပ်ရွာကို စစ်တပ်က မီးရှို့ပြီး ပြည်သူများကို ဖမ်းဆီးရိုက်နှက် ၊ နတ်မောက်တွင်လည်း စစ်တပ်က ပြည်သူ ၁၅ ဦးကို ဖမ်းဆီးနှိပ်စက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ မေ ၁၂

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ်၊ ကားဆိပ်ကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီ အင်အား ၆၀ ခန့်ဖြင့် ယနေ့ နံနက် ၆ နာရီခန့်အချိန် ဝင်ရောက် မီးရှို့ခဲ့ပြီး ကားဆိပ်ရွာရှိ ပြည်သူများ ဖမ်းဆီးထားကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။

“မူးမြစ်အရှေ့ဘက် (ခင်ဦးမြို့နယ်) ကားဆိပ်ကျေးရွာကို စခတွေက ရွာကို ဝိုင်း ထားပါတယ်။ ပြည်သူတွေ ရွာပြင်ထွက်ခွင့်မရသေးဘူး။ ကားဆိပ်ရွာဘက်မှာ အိမ်တစ်လုံးကို စတင်ရှို့နေပါတယ်ဗျ” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

လက်ရှိအချိန်ထိ အကြမ်းဖက်စစ်ကောင်စီတပ်များ ကားဆိပ်ကျေးရွာအတွင်းရှိနေဆဲ ဖြစ်ပြီး ဒေသခံပြည်သူများ၏ အခြေအနေနှင့် မီးလောင်ပျက်စီးမှု အတိ အကျကို မသိရှိရသေးပေ။

ထို့ပြင် မကွေးတိုင်း နတ်မောက်မြို့နယ်ရှိ အောင်ချမ်းသာကျေးရွာ စာသင် ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းတွင် မေလ ၇ ရက်နေ့၌ အကြမ်းဖက်စစ်ကောင်စီမှ အင်အား ၇၀ ခန့်ဖြင့် တပ်စွဲနေထိုင်ခဲ့ကြောင်း၊ မေလ ၈ ရက်နေ့တွင် ဖက်တောရေကျေးရွာနှင် ကျောက်အိုးကျေးရွာမှ ဒေသခံပြည်သူ ၁၅ ဦးကို စစ်တပ်က ဖမ်းဆီးရိုက်နှက်ကြောင်း၊ ကျောက်အိုးကျေးရွာတဲစုမှ အသက် ၅၀ ကျော် အမျိုး သမီး၏ လက်မောင်းနှစ်ဖက်ကို မီးရှို့ခြင်း၊ တစ်ကိုယ်လုံးနေရာအနှံ့ ရိုက်နှက်ခြင်းတို့ ကျူးလွန်ခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သတင်းရရှိသည်။

“ဒေသခံပြည်သူတွေကို PDF တွေ အသွားအလာရှိတာ မြင်လား မေးပြီး မမြင်ဖူး မတွေ့ဖူးကြောင်း ပြောနေပေမယ့်လည်း မတရား ရိုက်နှစ်စစ်ကြောတယ်။ ဖမ်းခံရတဲ့ ၁၅ ယောက် အပြင်းအထန် ရိုက်ပုတ်ခံရတယ်။ ကျောက်အိုးကျေးရွာတဲစုမှာ တစ်ဦးတည်းနေတဲ့ အသက် ၅၀ ကျော် အမျိုးသမီးကို တစ်ကိုယ်လုံးနေရာ အနှံ့ ညိုပုပ်တဲ့အထိ ရိုက်ပြီး လက်မောင်းနှစ်ဖက်ကိုလည်း မီးရှို့တယ်ဗျာ၊ သူ့နေအိမ်တဲနဲ့ ရှိသမျှ ပစ္စည်းအားလုံးလည်း မီးရှို့ခံလိုက်ရသေးတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

ဖမ်းဆီးထားသော ပြည်သူ ၁၅ ဦးကို ၎င်းတို့ တပ်စွဲထားသည့် အောင်ချမ်းသာ ကျေးရွာကို ဖမ်းဆီးခေါ်ဆောင်စစ်မေးခဲ့ပြီး မေလ ၉ ရက်နေ့ ညနေပိုင်းတွင်မှ ပြန်လွှတ်ပေးခဲ့ကြောင်း၊ လက်မောင်းနှစ်ဖက်မီးရှို့ခံရသည့် အမျိုးသမီးပိုင်နေအိမ်တဲကိုလည်း မီးရှို့ဖက်ဆီးခဲ့ပြီး အနီးအနားရှိ ယာစောင့်တဲတစ်လုံးကိုလည်း မီးရှို့ခဲ့ကြောင်း၊ ထို့ပြင် နေအိမ်တဲများအတွင်းမှ သေတ္တာ၊ ဗီရို များကို ရိုက်ဖွင့်ကာ ပျားရည်၊ ငှက်ပျောသီးများ၊ အသုံးအဆောင်၊ ငွေကြေး၊ မုန့်၊ ဂစ်တာ၊ အစရှိသည်များအပြင် ပြည်သူပိုင်ပစ္စည်းများကိုလည်း မတရားယူဆောင်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

မြန်မာ့သတင်းစုံ

09 May, 15:50


မင်းတပ်-မတူပီလမ်း မိုင်တိုင် ၂၅ တွင် စစ်ကောင်စီယာဉ်တန်းကို CDF မင်းတပ် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁၀ ဦးခန့်သေဆုံး၊ မိုင်းကွင်းအတွင်း ဝင်လာသော စစ်သား အယောက် ၅၀ ကို ထိထိမိမိ ဖောက်ခွဲ၍ စစ်သား ၃၀ ခန့် သေနိုင်ဟုဆို
ရန်ကုန်၊ မေ ၉
ချင်းပြည်နယ်၊ မင်းတပ်- မတူပီလမ်း မိုင်တိုင် ၂၅ တွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို CDF မင်းတပ်က ယနေ့ မေလ ၉ ရက် နံနက် ၁၁ နာရီတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးခန့်သေဆုံးကြောင်း၊ CDF များထောင်ထားသော မိုင်းကွင်းထဲသို့ စစ်ကောင်စီတပ်သား ၅၀ ခန့် ဝင်ရောက်လာစဉ် အောင်မြင်စွာခွဲနိုင်၍ စစ်သား ထိခိုက်သေဆုံးမှုများကြောင်း CDF မင်းတပ်က သတင်းထုတ်ပြန်သည်။
"ဒီနေ့ ၂၅ မိုင်မှာ ကျနော်တို့က အနီးကပ် မောင်းပြန်တွေ၊ RPG တွေနဲ့ ပစ်တာ ၁၀ ယောက်လောက် သေနိုင်တယ်။ အဲဒီမှာပဲ မိုင်းကွင်းထဲကို စစ်သား အယောက် ၂၀ လောက် ရောက်နေချိန်ခွဲလိုက်တာ ရှေ့တန်းက ရဲဘော်တွေ ပြောတာတော့ ၂၀ လုံး သေနိုင်တယ်လို့ ပြောတယ်။ နောက် အယောက် ၃၀ လောက်ရှိတဲ့ ရှေ့ပြေးအဖွဲ့က ၂၄ မိုင်မှာ မိုင်းကွင်းထဲကို ဝင်လာတဲ့အချိန် ဖောက်ခွဲလိုက်တာ အကြီးအကျယ်ပေါက်ကွဲသွားတယ်၊ သေဆုံးထိခိုက်မှုများနိုင်တယ်ပေါ့" ဟု CDF မင်းတပ် ပြောခွင့်ရ ဆလိုင်းဟာအွမ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
CDF မင်းတပ်အဖွဲ့က မိုင်းအလုံးပေါင်းများစွာကို ပတ်ပတ်လည် ထောင်ထားခဲ့ပြီး အဆိုပါ မိုင်းကွင်းအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို မျှားခေါ်ကာ ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆလိုင်းဟာအွမ်က ဆက်ပြောသည်။
"မိုင်းတွေက အများကြီးထောင်ထားတာ၊ မိုင်းကွင်းထဲကို ဝင်လာတာ ၂ ကြိမ်မှာ အယောက် ၅၀ လောက်ရှိတယ်။ မိုင်းကလည်း အကြီးကြီး ကွဲတာဆိုတော့ သဲသဲကွဲကွဲ မမြင်ရဘူးလေ။ အဲဒါကြောင့် ထိခိုက်သေဆုံးမှု များနိုင်တယ်လို့ပဲ ထုတ်ပြန်ထားတာပါ။ ကျနော့် တယောက်တည်း အမြင်အရကတော့ အယောက် ၅၀ မှာ ၃၀ လောက် သေနိုင်တယ်လို့ ခန့်မှန်းတယ်" ဟု ဆလိုင်းဟာအွမ်က ရှင်းပြသည်။
မေလ ၇ ရက်နှင့် ၈ ရက်နေ့များတွင်လည်း မိုင်တိုင် ၃၂ မှ ၂၇ အတွင်း၌ စစ်ကောင်စီယာဉ်တန်းကို CDF က တိုက်ခိုက်ခဲ့ပြီး စစ်သား ၇ ဦးထက်မနည်းသေဆုံးကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ စစ်ယာဉ်တန်းသည် သံချပ်ကာ ၂ စီးအပါအဝင် စစ်ကား အစီး ၇၀ ကျော်ဖြင့် မတူပီမှ ဧပြီလ ၂၇ က်နေ့တွင် စတင်ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ချင်းတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းခံခဲ့ရသည်။
ဓါတ်ပုံ - မင်းတပ်ဘက်သို့ ထွက်ခွာလာနေသော စစ်ယာဉ်တန်း

မြန်မာ့သတင်းစုံ

04 May, 13:46


အယောင်ဆောင် CDM လုပ်သည့် သူလျှို ၃ ဦး ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြော

ရန်ကုန်၊ မေ ၄

တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ ERO များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ PDF များထံ CDM ပြုလုပ်သူ အယောင်ဆောင်၍ သူလျှို လုပ်သည့် စစ်ကောင်စီဘက်တော်သား ၃ ဦးကို ဖော်ထုတ်နိုင်ပြီး ဖမ်းဆီးထိန်းသိမ်းထားကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းသည့်အစီအစဉ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

"CDM လုပ်တယ်ပဲ ပြောပြော ပြည်သူနဲ့ ပူးပေါင်းတယ်ပြောပြောပေါ့ဗျာ၊ ပြည်သူ့ဘက်တော်သားဖြစ်လာတဲ့ တပ်မတော်သား၊ ရဲတပ်ဖွဲ့ ၁ ဦးချင်းစီကို ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ်အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ အလုပ်အဖွဲ့ ၁ခုကနေ အင်တာဗျူးတာ ရှိပါတယ်။ အခုအချိန်ထိဆိုလို့ရှိရင် ဒလန်၊ သူလျှို သဘောမျိုးနဲ့ ဝင်လာတဲ့ ၃ ယောက်ကို ဖော်ထုတ်နိုင်တယ်။

အများစုကတော့ တကယ်စိတ်ရင်းအမှန်နဲ့ ပြည်သူနဲ့ ပူးပေါင်းလာသူတွေ ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ အခုလို ပြည်သူနဲ့ ပူးပေါင်းလာပြီးတဲ့အချိန်မှာလည်း အများစုက ပြည်သူ့တော်လှန်ရေးမှာ ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်နိုင်မလဲဆိုပြီး ပြင်ဆင်နေတဲ့ ရဲဘော်တွေလည်း အများကြီး ရှိပါတယ်" ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုသည်။

အဆိုပါ သူလျှို ၃ ဦးကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရှိရသည်။

"မြန်မာနိုင်ငံ အနောက်ပိုင်းမှာ ၁ ယောက် ဖော်ထုတ်ရရှိပါတယ်၊ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ၂ ယောက် ဖော်ထုတ်ရရှိပါတယ်။ အလယ်ပိုင်းနဲ့ တောင်ပိုင်းမှာတော့ အခုချိန်ထိ အဲလိုမျိုး မရှိသေးဘူး။ လက်ရှိမှာတော့ ဒေသခံတော်လှန်ရေး အဖွဲ့တွေကပဲ ယာယီအချုပ်ခန်း ဆောက်ပြီးတော့ ထိန်းသိမ်းထားပါတယ်" ဟု ဦးရည်မွန်က ရှင်းပြသည်။

လက်ရှိတွင် မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာပြီး CDM ပြုလုပ်လာသူ စစ်သား ၃,၀၀၀ ဝန်းကျင်နှင့် ရဲတပ်ဖွဲ့ဝင် ၇,၀၀၀ ဝန်းကျင်ရှိကြောင်း ပြည်သူ့ပန်းတိုင်အစီအစဉ်မှ CDM ဗိုလ်ကြီး ညီသုတက ပြောဆိုသည်။

ယင်းအပြင် CDM ပြုလုပ်ရန် စာရင်းသွင်းထားသူ ၃,၀၀၀ ဝန်းကျင်ရှိနေသလို CDM မပြုလုပ်သော်လည်း စစ်ကောင်စီမှ စွန့်ခွာပြီး သီးသန့်နေထိုင်နေသူ အမြောက်အများရှိကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့ထံမှ သိရှိရသည်။

ဓါတ်ပုံ - ရှေ့တန်းတနေရာတွင် တွေ့ရသည့် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်

မြန်မာ့သတင်းစုံ

04 May, 13:03


စဉ့်ကူးမြို့တွင် စစ်တပ်ယာဉ်တန်း မိုင်းဆွဲ ခံရပြီး စစ်သား ၁၂ ဦးသေဆုံး

ရန်ကုန်၊ မေ ၄

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ထုံးကြီးရွာဘက်မှ တက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကား ၄ စီးပါယာဉ်တန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ယနေ့ မေလ ၄ ရက်နေ့တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၂ ဦးသေဆုံး ခဲ့ကြောင်း ဥဒေါင်းမင်း-The KING Peacock တပ်ဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်ကောင်စီ စစ်ကား ၄ စီးကို မတ္တရာ ပကဖ အဖွဲ့နှင့် စဉ့်ကူးမြို့နယ် မြေပြင်‌ ပြောက်ကျား မဟာမိတ် တပ်ပေါင်းစုအဖွဲမှ ယနေ့ မွန်းလွဲ ၁၁ နာရီခန့်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ စစ်သား ၁၂ ဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာ ရရှိ သူများလည်း ရှိကြောင်း သိရသည်။

မြန်မာ့သတင်းစုံ

04 May, 01:17


ယင်းမာပင်-ပုလဲ လမ်းပိုင်းတွင် တပ်စွဲထားသော စစ်တပ် စခန်းနှင့် စစ်ကြောင်းများ တိုက်ခိုက်ခံရကာ စစ်သား ၃ဦးသေဆုံး၊ ဟားခါးတွင်လည်း စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်သား ၁၃ဦး သေဆုံး

ရန်ကုန်၊ မေ ၃

စစ်ကိုင်းတိုင်း ယင်းမာပင်-ပုလဲ လမ်းပိုင်းရှိ လယ်ငေါက်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် ပုလဲဖက်မှ လာသည့် စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ မေလ ၃ရက်နေ့ ညနေ ၅နာရီခန့်တွင် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် တပ်စွဲထားသော စခန်းကို ဆရာစံ YMB PDFနှင့် ယင်းမာပင် PDF တပ်ပေါင်းစုများတို့က ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်ချိန် မိနစ် ၃ဝခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။

အလားတူ ချင်းပြည်နယ် ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာနှင့် ဒေါက်ထက်ကျေးရွာအကြားတွင် ယနေ့ မေလ ၃ရက်၊ ညနေ ၄နာရီ ၃ဝမိနစ်ခန့်တွင် CDF-Hakha နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၁၃ ဦးသေဆုံးကြောင်း CDF-Hakha တပ်ဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို CDF-Hakha တပ်ဖွဲ့က ၄ဝ မမ ဗုံးပစ်လောင်ချာများ၊ စနိုက်ပါ များဖြင့် ပစ်ခတ်ခဲ့သောကြောင့် စစ်သားများ ထိခိုက်သေဆုံးမှု များပြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းသည် မေလ ၂ရက်နေ့တွင် ဟားခါးမြို့မှ ကလေးမြို့သို့ သံချပ်ကာ ကား ၂စီး၊ စစ်ကား ၂၀ ကျော်ဖြင့် ထွက်ခွာလာသော ယာဉ်တန်းဖြစ်ကာ စစ်သား ၁၀၀ခန့် ပါဝင်ကြောင်း သိရသည်။

Photo- Reuters

မြန်မာ့သတင်းစုံ

03 May, 16:54


မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၅ ဦးသေဆုံး

ရန်ကုန်၊ မေ ၃

မြန်မာနိုင်ငံတစ်ဝန်း မေလ ၃ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၅ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

မြန်မာ့သတင်းစုံ

03 May, 15:39


မြင်းမူတွင် ကျေးရွာ ၃ရွာကို မီးရှို့ ဖျက်ဆီးခဲ့သော စစ်တပ် စစ်ကြောင်းကို PDF အဖွဲ့များ ဝင်တိုက်ရာစစ်သား ၂၁ ဦးသေဆုံး၊ ကော့မှူး ငှက်အော်စမ်းရွာတွင်လည်း စစ်ယာဉ်တန်း မိုင်း ဆွဲခံရပြီး စစ်ဗိုလ် ၁ဦး အပါအဝင် ၂ ဦးသေဆုံး

ရန်ကုန်၊ မေ ၃

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်တွင် ဝက်ကျ၊ ကန်ရင်းနှင့် မလဲသာ ကျေးရွာများကို ဝင်ရောက် စီးနင်း မီးရှို့ခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂၁ ဦးသေဆုံးခဲ့ကြောင်း People's Defence Force - South Monywa တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ မေလ ၃ရက်နေ့တွင် အကြမ်းဖက် စစာတပ် စစ်ကြောင်းသည် မြင်းမူမြို့နယ် ပဒတ်ထိုင်းကျေးရွာသို့ ရောက်လာစဉ် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို Black Dragon Special Task Force
Golden Eagle Force - Monywa၊ Black Dragon Special Task Force၊ Golden Eagle Force Monywa၊ အရာတော်မြို့နယ် တော်လှန်ရေး အင်အားစုများ နှင့် Monywa သွေးကြွေး Fighter Group (MFG) တပ်ဖွဲ့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ ငှက်အော်စမ်းကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို တောင်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ မေလ ၃ ရက် မွန်းလွဲ ၃ နာရီခွဲခန့်တွင် ပစ်ခတ်တိုက်ခိုက်ရာ ၃ ပွင့် စစ်ဗိုလ်အပါအဝင် ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရကြောင်း သတင်းရရှိသည်။

ကော့မှူးမြို့နယ်၊ မကျီးကန်-ကျိုက်ထော်လမ်းမပေါ်တွင် နယ်မြေရှင်းရန် ကင်းပတ်လာသည့် စစ်ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ၃ ပွင့် စစ်ဗိုလ်မှာ ခေါင်းပွင့်သေဆုံးကာ ဒဏ်ရာရသူ ၂ ဦးကို ရန်ကုန်ဘက်သို့ ပို့ဆောင်လိုက်ကြောင်း ဒေသသတင်းရင်းမြစ်များတွင် ဖော်ပြသည်။

ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အနီးဝန်းကျင်၌ လုံခြုံရေးတင်းကြပ်ထားပြီး တောနင်းရှာဖွေမှုများ လုပ်ဆောင်နေကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

Photo - The Hill

1,632

subscribers

12

photos

1

videos