Monywa News Agency-မုံရွာသတင်းအေဂျင်စီ @mnewsagency Channel on Telegram

Monywa News Agency-မုံရွာသတင်းအေဂျင်စီ

@mnewsagency


မုံရွာသတင်းအေဂျင်စီသည် ပြည်သူလူထုပိုင်သတင်းမီဒီယာတစ်ခုဖြစ်သည်။

Monywa News Agency-မုံရွာသတင်းအေဂျင်စီ (Burmese)

မုံရွာသတင်းအေဂျင်စီ အမည်နှင့် mnewsagency ကိုလည်း မြန်မာသို့သိရှိလာသည်။ ဤစားဗွီဒီယိုခန်းသည် မုံရွာမြို့တော် နှင့် နောင်ချမ်းများအပေါ်တွင် အနည်းဆုံးအချက်အလက်များကို ပြန်လည် ရှာဖွေပေးပါသည်။ ဤခန်းသည် သတင်းအချက်အလက်များ၊ နောင်ချမ်းများ၊ နေ့စဉ်များအား လေ့လာရေးအောင်မြင်ချခဲ့သည်။ ဤကဏ္ဍခန်းသည် မြန်မာနိုင်ငံတစ်ခုရှိသည်။ ထောက်ခံခန်းဖြစ်သည့် မြန်မာနိုင်ငံ နှင့် မြန်မာတိုင်းလူမျိုးတွင် သတင်းနိုင်ငံ မဟုတ် မီးဖြတ်တိုက်ပြန်များအား ပုံထဲဝင်၍ သတင်းမောင်ခြင်းတိုက် ပုံသေလိုပါသည်။ သတင်းအချက်အလက်များနှင့် နောင်ချမ်းများ လုပ်ငန်းအောင်မြင်ခြင်းသို့ ဤခန်းသည် မဟုတ်သည်။

Monywa News Agency-မုံရွာသတင်းအေဂျင်စီ

15 Feb, 16:08


မုံရွာတွင် စစ်ကောင်စီသတင်းပေးဟုဆိုသူ လင်မယားနှစ်ဦးကို မြိူ့ပြပြောက်ကျားအဖွဲ့နှစ်ဖွဲ့မှ သုတ်သင်ရှင်းလင်း

ဖေဖော်ဝါရီ၁၆၊မုံရွာ၊သတင်းအေဂျင်စီ

စစ်ကိုင်းတိုင်း၊မုံရွာမြို့တွင် စစ်ကောင်စီသတင်းပေးဟုဆိုသူ လင်မယားနှစ်ဦးကို ယနေ့နံနက်ပိုင်းက Monywa NightKingနှင့်Monywa Ninjaတို့မှ ရှင်းလင်းသုတ်သင်ခဲ့တယ်လို့ ထုတ်ပြန်ကြေညာသည်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ရာ သပိတိစစ်ကြောင်းများတွင် သတင်းလိုက်လံယူကာ စစ်တပ်ထံသတင်းပြန်လည်ပေးပို့နေသော လင်မယားနှစ်ဦးကို ရှင်းလင်းသုတ်သင်ခဲ့တယ်လို့ Monywa NightKingအဖွဲ့တာဝန်ရှိသူတစ်ဦးက မုံရွာသတင်းအေဂျင်စီသို့ပြောသည်။

"သူတို့လင်မယားက သပိတ်စစ်ကြောင်းတွေမှာ အရပ်ဝတ်နဲ့လိုက်ပြီး သတင်းယူတယ်၊စကစကိုလည်းသတင်းပို့တယ်၊လယ်ဇင် pdfစခန်းတွေ စကစဝင်စီးနင်းတော့ သူတို့ကလိုက်ပြတာတွေ ခိုင်လုံလို့ရှင်းလိုက်ရတာပါ"ပြောသည်။

လွန်ခဲ့သည့်ဇန်နဝါရီလပိုင်းအတွင်းက စစ်အင်အားအများအပြားဖြင့် လယ်ဇင်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး အသ တ်ခံရသူ လင်မယားနှစ်ဦးက နေရာအတိအကျဖြင့် PDFစခန်းတစ်ခုရှိရာကို လိုက်လံပြသခဲ့တာတွေရှိလို့ ရှင်းလင်းသုတ်သင်ခဲ့တာဟု သိရှိရပါသည်။

Monywa News Agency-မုံရွာသတင်းအေဂျင်စီ

15 Feb, 12:27


မုံရွာစီးပွားရေးဘဏ်အနီး သေနတ်ပစ်ခတ်သံများ ထွက်ပေါ်၊လူမသိသူမသိ ဖမ်းဆီးခံရသူများပြားပြီး စစ်ကောင်စီတပ်သားများမှ နန္ဒဝန်ရပ်ကွက်ရှိ နေအိမ်တစ်ခုကို ဝင်ရောက်ရှာဖွေဖျက်ဆီး

ဖေဖော်ဝါရီ၁၅၊မုံရွာ၊သတင်းအေဂျင်စီ

စစ်ကိုင်းတိုင်း၊မုံရွာမြို့ မြန်မာ့စီးပွားရေးဘဏ်အနီးတွင် ယနေ့ညနေ၆နာရီဝန်းကျင်ခန့်က သေနတိဖြင့်ပစ်ခတ်သံများထွက်ပေါ်ကြောင်း ဒေသခံများက မုံရွာသတင်းအေဂျင်စီသို့ ပြောသည်။

"ညနေ၆နာရီလောက်က သေနတ်သံကြားလိုက်တယ်၊ကောင်လေး၂ယောက်ကို လိုက်ပစ်တာလို့သိရတယ်၊ထိတော့ထိမသွားဘူး"ဟု ပြောသည်။

စီးပွားရေးဘဏ်စောင့် စစ်ကောင်စီတပ်သားများသည် အမျိုးသားနှစ်ဦးကို ဆိူင်ကယ်ဖြင့်လိုက်လံပစ်ခတ်တယ်လို့ သိရသည်။

ဒါ့အပြင် ယခုရက်ပိုင်းအတွင်း မုံရွာတွင် လူမသိသူမသိ ဖမ်းဆီးမှုတွေများပြားလျက်ရှိရာ ယမန်နေ့ ဖေဖော်ဝါရီ၁၄ရက်နေ့ ည၁နာရီဝန်းကျင်ခန့်က နန္ဒဝန်ရပ် ဂေါ်သဇင်လမ်းရှိ နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်သားများ ဝင်ရောက်ရှာဖွေပြီး နေအိမ်ရှိ ပစ္စည်းများကို ဖျက်ဆီးသွားကြောင်း သိရှိရပါသည်။

#monywanewsagency #မုံရွာသတင်းအေဂျင်စီ #စီးပွားရေးဘဏ် #နန္ဒဝန်ရပ်

Monywa News Agency-မုံရွာသတင်းအေဂျင်စီ

15 Feb, 12:13


မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများကို ချောင်းဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်၊စစ်ကောင်စီတပ်သားတစ်ဦးသေဆုံး

ဖေဖော်ဝါရီ၁၅၊မုံရွာ၊သတင်းအေဂျင်စီ

စစ်ကိုင်းတိုင်း၊မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် ကင်းပုန်းဝပ်စစ်ကောင်စီတပ်သားများကို ချောင်းဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ယနေ့နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးကြောင်း ချောင်းဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ကြေညာသည်။

ချောင်းဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်စစ်ကောင်စီတပ်သားများ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကူရောက်လာသော စစ်ကောင်စီတပ်သားများကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ပြီး ထိခိုက်သေဆုံးမှုအခြေအနေကိုမသိရှိရသေးကြောင်း သိရသည်။

#မုံရွာသတင်းအေဂျင်စီ #monywanewsagency #ချောင်းဦး

Monywa News Agency-မုံရွာသတင်းအေဂျင်စီ

14 Feb, 04:06


စစ်တပ်အာဏာသိမ်းပြီးသုံးရက်မြောက် ဈေးကောက်ဖြစ်လာသူတစ်ဦး နန္ဒဝန်ဈေးတွင်အသ တ်ခံရ

ဖေဖော်ဝါရီ၁၄၊မုံရွာ၊သတင်းအေဂျင်စီ

စစ်ကိုင်းတိုင်း၊မုံရွာမြိူ့ အေးရိပ်သာလမ်းပေါ်ရှိ နန္ဒဝန်ဈေးထဲတွင် စစ်တပ်အာဏာသိမ်းပြီးသုံးရက်မြောက် ဈေးကောက်ဖြစ်လာသူတစ်ဦး ယနေ့နံနက်၁၀နာရီဝန်းကျင်ခန့်က ဈေးထဲတွင် အသ တ်ခံရကြောင်း ဒေသခံများပြောကြားချက်အရသိရှိရပါတယ်။

"ညီမတို့လည်းကြောက်ပြီးထွက်ပြေးလာတာ၊ဈေးကောက်လို့ပြောကြတယ်၊စအာဏာသိမ်းပြီး သုံးရက်မြောက်မှ ဈေးကောက်ဖြစ်လာတာတဲ့၊သူမိန်းကဈေးသည်၊သူကဈေးကောက်၊ဈေးထဲမှာ မြောက်ကြွားမြောက်ကြွား လင်မယားလေ၊အခုတော့ အသ တ်ခံလိုက်ရပြီ"ဟု ဈေးဝယ်သူပြည်သူတစ်ဦးက မုံရွာသတင်းအေဂျင်စီသတင်းဌာနသို့ ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးသုံးရက်မြောက်နေ့မှာ သေဆုံးသူမှာဈေးကောက်အဖြစ်လုပ်ကိုင်နေပြီး ၎င်းအမျိုးသမီးမှာလည်း ဈေးသည်တစ်ဦးဖြစ်တယ်လို့သိရှိရပြီး ဈေးထဲမှာ မြောက်ကြွားမြောက်ကြွားပြုလုပ်တယ်လို့ သိရသည်။

သေဆုံးသူနှင့်ပက်သက်ပြီး အသေးစိတ်ကိုဆက်လက်စုံစမ်းဖော်ထုတ်နေဆဲဖြစ်ပြီး မည်သည့်အဖွဲ့အစည်းက ပြုလုပ်တယ်ဆိုတာ လတ်တလောမသိရှိရသေးပါ။

#MonywaNewsAgency #မုံရွာသတင်းအေဂျင်စီ #နန္ဒဝန်ဈေး #ဈေးကောက်

Monywa News Agency-မုံရွာသတင်းအေဂျင်စီ

14 Feb, 04:04


Channel created

Monywa News Agency-မုံရွာသတင်းအေဂျင်စီ

14 Feb, 04:04


Channel photo updated

2,821

subscribers

0

photos

0

videos