ရေဦးဆုံမှတ် @sonemark0 Channel on Telegram

ရေဦးဆုံမှတ်

@sonemark0


လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်တို့ကို အာမခံချက်ပေးသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မုချပေါ်ထွန်းရမည်။

သတင်းများပို့ရန် @yeuscouts(or)
@SonemarkInfo

ရေဦးဆုံမှတ် (Burmese)

ရေဦးဆုံမှတ် ဆိုတာကို လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်တို့ကို အာမခံချက်ပေးသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မုချပေါ်ထွန်းရမည်။ ဤ channel သည် ရေဦးဆုံမှတ်အနည်းဆုံးတော့ သို့ သတင်းများကို မြောက်ရေးနိုင်သော channel ဖြစ်ပါသည်။ သတင်း၊ လက်နှာ၊ လိပ်စာအခြေစိုက်ကို ရေဦးဆုံမှတ်မှာ ပြန်လည်တင်ရမည်။ တရားမျှတမှု ၊ အနည်းဆုံး သတင်း များ မှာ ရေဦးဆုံမှတ် က အမှားပြတာ များ ပြုလုပ်နိုင်သည်။ ဒါ့အဆုံးသတင်းတွေအား သက်ဆိုင်ရာ အလိုအလျောက် အဆင့်များ နှင့် သက်ဆိုင်ရာ မီးစွဲများ အား ယောက်ျာပါလိမ့်မည်။ @yeuscouts သို့ပြန်ရောင်းပါ သို့မဟုတ် @SonemarkInfo မှာ သတင်းများနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်သည်။

ရေဦးဆုံမှတ်

14 Nov, 08:17


ခေါင်း ပါသော်လည်း
ဦးနှောက် မပါသူတွေ
အများကြီး တွေ့နေရတယ်။

ရင်ဘတ် ပါသော်လည်း
နှလုံးသား မပါသူတွေ
အများကြီး တွေ့နေရတယ်။

အလင်းရောင်ထဲ နေပြီး
အမှောင်ကျ နေသူတွေ
အများကြီး တွေ့နေရတယ်။

မျက်လုံး ပါသော်လည်း
အမှန်ကို မမြင်တဲ့သူတွေ
အများကြီး တွေ့နေရတယ်။

တရားတွေ ကျင့်နေ ပါသော်လည်း
တရားမျှတမှုကို ကျောပေး နေသူတွေ
အများကြီး တွေ့နေရတယ်။

မေးတော့ မေးရမယ် ...
ကိုယ်ချင်းစာတရား ဆိုတာ ဘယ်မှာလဲပေါ့...။

@kannlet02

ရေဦးဆုံမှတ်

13 Nov, 13:22


သူ ပြန် ရောက် လာပြီ
*

မင်းအောင်လှိုင်သည် ဘီဂျင်းသို့ ခြေချခွင့် မရခဲ့သော်လည်း ကူမင်း နှင့် ချုံချင်း မြို့များသို့ ရောက်ရှိခဲ့ပြီး နောက် နေပြည်တော်သို့ ပြန်ရောက်လာသည်။

ကူမင်းတွင် ၎င်းကဲ့သို့ပင် မဲခေါင်အစည်း အဝေး တက်ရန် ရောက်နေကြသော ကမ္ဘောဒီယား ဝန်ကြီးချုပ်၊ ထိုင်း ဝန်ကြီးချုပ် တို့ နှင့် ၂၀၂၁ ဧပြီ နောက်ပိုင်း နိုင်ငံ ပြင်ပ တွင် ပထမဦးဆုံး အကြိမ် တွေ့ဆုံခွင့် ရသွားခဲ့သည်။

အဆိုပါ နှစ်ယောက် နှင့် တွေ့ဆုံရာမှ ထူးထူးခြားခြား ထွက်ပေါ် မလာသော်လည်း ၎င်း အတွက်တော့ ကမ္ဘာ အလယ်တွင် အပယ်ခံ ဘဝ ရောက်‌ နေသည့် အနေအထားမှ အိမ်နီးချင်း နိုင်ငံများက ထောက်ခံ နေကြသညိ ဆိုသည်ကို ပြသနိုင်ရန် မဟာ အခွင့်အရေးကြီး ရသွားခဲ့သည်။ ၎င်း၏ sidekick ဖြစ်သူ ဇော်မင်းထွန်းကလည်း ယင်းကို လက်လွတ် မခံပဲ အောင်ပွဲရလာသည့်အလား အကြီးအကျယ် ဝါဒ ဖြန့်လာခဲ့သည်။

တရုတ် အပါအဝင် အာဆီယံရှိ မဲခေါင်ဒေသ  နိုင်ငံ အချို့သည် စစ်တပ် ဦးဆောင်သည့် တိုင်းပြည် ပြန်လည် နာလံ ထူလာရေးကို လိုလားနေကြသည်ဟု ဂျပန်၏ နစ်ကီ အေးရှား ရီဗြူး တွင် ရေးသားထားသည်။ ထိုနိုင်ငံများ အဖို့က ဒီမိုကရေစီစနစ်သို့ တဖြေးဖြေး အသွင် ကူးပြောင်းလာပြီး ဖွံ့ဖြိုးတိုးတက်လာမည့် အရေးသည် ၎င်းတို့ အုပ်ချုပ်ရေး အား ခြိမ်းခြောက်လာတော့မည်ဟု ခံယူထားကြပြီး ဖြစ်သည်။

ထို့အတွက် စစ်ခေါင်းဆောင်များ ဆက်၍ အုပ်ချုပ်မည့် အရေးကို မလိုလားသော အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ နိုင်ငံများ နှင့် သဘောထား ကွဲလာကြသည်။

မြန်မာသည် ‌‌ဒေသတွင်းရှိ အာဏာရှင် နိုင်ငံများ နှင့် လုံးလား ထွေးလား ဖြစ်လာ နေချိန်တွင် ဒေါ်နယ် ထရန့် အမေရိကန် သမ္မတ ဖြစ်လာမှု နှင့် အတူ မြန်မာ အရေးသည် ‌ဦးစားပေး အဆင့် အောက်ဆုံးသို့ ထိုးကျသွားမည်ဟု ယူဆရကြောင်း ဆောင်းပါးတွင် ဖေါ်ပြထားသည်။

တရုတ်သည်လည်း ၎င်းတို့ မြန်မာ ပြည် အပေါ် အစဉ်တစိုက် ကျင့်သုံးခဲ့သော မဟာဗျူဟာ အရ အီးအေအို နှင့် စစ်တပ် အကြား တွင် တသမတ်တည်း ထောက်ခံသွားခြင်းမျိုး မဟုတ်ဘဲ စစ်တပ်က အရေးနိမ့်လျင် စစ်တပ်ကို၊ အီးအေအို ဖက်က အရေးနိမ့်လျင် အီးအေအို ဖက် ကူညီနေခြင်းမျိုး ဖြင့် နှစ်ဖက် အကြား အင်အားချိန်ခွင်လျှာ ထိန်းညှိပေးနေခြင်း ဖြစ်သည်။ ထို့အတွက် စစ်တပ်အဖို့လည်း ယခုလို အခွင့်အရေး မျိုး ရေရှည်မရနိုင် ဆိုသည်ကို သိထားပြီး ဖြစ်သည်။

လက်ရှိ တွင် တရုတ်၏ ထောက်ခံမှု ကို ရထား၍ စိတ်အား တက်ကြွလာမှု ကို ရိုက်ချိုးပစ်နိုင်ရန် ထိုးစစ်များ ဆင်နွှဲ ရန် လိုအပ်လာပြီ ဖြစ်သည်။

ထိုသို့ အနေအထား များ မြင်တွေ့လာရ၍ မြန်မာ တော်လှန်ရေး အင်အားစုများသည် မိမိတို့ အရေး မိမိတို့ အမြန် ဖြေရှင်းမှ ဖြစ်မည်ဆိုကာ စစ်ကောင်စီ တပ်များ အား အရှိန်မြှင့်၍ တိုက်ခိုက်လာသည်ကို တွေ့လာရသည်။

မိတ္ထီလာ ရှိ ရှမ်းတဲ လေတပ်စခန်းအား အမည်မဖေါ်လိုသည့် တော်လှန်ရေး အဖွဲ့က တနင်္လာနေ့ မနက် လင်းအားကြီး အချိန်တွင် ၁၀၇ မမ ရှော့တိုက် ဒုံး တဒါဇင် ခန့် အပြင် တောင်ပံ့ပါ ကာမီကာ‌ ဇေ ဒရုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပေါက်ကွဲသံများ ဆူညံစွာ ထွက်ပေါ်လာကြောင်း ဒေသခံများက ဆိုသည်။

ပျက်စီးမှု အတိုင်းအတာ ကို မသိရသေး ဟု ဆိုသည်။

ယခုအခါ ပွင့်လင်းရာသီ ရောက်လာပြီ ဖြစ်၍ တော်လှန်ရေး တပ်များဖက်က ဒရုန်းများသုံး၍ ၎င်းတို့ အခိုင်အခန့် ကာကွယ်ထားသော စခန်းများကို တိုက်ခိုက်နိုင်ခွင့် ရလာပြီ ဖြစ်သည်။ စစ်တပ်သည်လည်း ရိက္ခာ နှင့် လူအင်အား ဖြည့်တင်းခြင်းများအား ခြုံခို တိုက်ခံရမည် စိုး၍ လေကြောင်းကိုသာ အားကိုး အားထား ပြုနေရသည်။

အားလုံးက မိမိတို့ ဖက်က အရေးနိမ့်သွား၍ မဖြစ်၊ ထိုသို့ဖြစ်က တတိုင်းပြည်လုံး ဒုက္ခသုက္ခ ပေါင်းစုံ နှင့်  တရုတ် ကျွန်ဘဝ ကျရောက်တော့မည် ဖြစ်၍ မဆုပ်မနစ် တိုက်ခိုက်တွန်းလှန် မှ ဖြစ်မည်ဟူ သော စိတ်ဓါတ် ခွန်အား ပိုင်းတွင် မယှဉ်နိုင်အောင် အသာစီး ရထားပြီး ဖြစ်သည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!
Hal Soewai

ရေဦးဆုံမှတ်

12 Nov, 12:36


❐ ပြောင်းလဲချိန်တန်ပြီ

"တော်လှန်တယ်ဆိုတဲ့ထဲမှာ ကိုယ့်ကိုယ်ကို တော်လှန်ဖို့လည်း လိုတယ်"

မြန်မာနိုင်ငံမှာ နွေဦးတော်လှန်ရေး စတင်ခဲ့ရတဲ့ အခြေခံ အကြောင်းတရား များစွာထဲမှာ သိသာထင်ရှားပေမယ့် လူတွေ သိပ်ဂရုမပြုမိကြတဲ့ အကြောင်းတရားတစ်ခု ရှိတယ်။ အဲဒါက ကိုယ်နားမလည်တဲ့ နယ်ပယ်အသစ်ကို အခြေချဖို့ (ဝါ) နည်းပညာအသစ်တွေကို လေ့လာဖို့ ဆာလောင်ပြင်းပြပြီး အကြောက်တရား ကင်းမဲ့တဲ့၊ ခေတ်နဲ့အညီ တိုးတက်ဖွံ့ဖြိုးမှုကို လိုချင်တဲ့ လူငယ်ထုနဲ့ ကိုယ်နားမလည်တဲ့ နယ်ပယ်အသစ်၊ နည်းပညာအသစ်ကို ကြောက်လန့်ပြီး ခေတ်နောက်ပြန်ဆွဲချင်တဲ့ အာဏာရှင်တွေကြားက ကွာဟချက် ဆိုတဲ့ အကြောင်းတရား ဖြစ်တယ်။

ဒီသဘောတရားကို မြန်မာနိုင်ငံ သုတေသနအသင်းကို ဖျက်ဆီးခဲ့တဲ့ နေ၀င်းကအစ ကျောင်းတွေကို တောထဲပို့ပြီး ပညာရေးကို ဖျက်ဆီးခဲ့တဲ့ သန်းရွှေအလယ် သမဝါယမခေတ်ကို ပြန်သွားဖို့ တတွင်တွင်ပြောနေတဲ့ မင်းအောင်လှိုင်အဆုံး အာဏာရှင်အဆက်ဆက်ရဲ့ခေတ်နောက်ပြန်ဆွဲဖို့ ကြိုးပမ်းမှုတွေက သက်သေခံနေတယ်။

ဆိုတော့ အခုလက်ရှိ ကမ္ဘာကြီးဟာ လိုက်မီဖို့ မလွယ်လောက်အောင် လျှင်မြန်စွာ ပြောင်းလဲနေတယ်။ နည်းပညာခေတ်မှာ မလိုက်ပဲ နေခဲ့တဲ့သူတွေက ကျန်ခဲ့မှာဖြစ်တယ်။ ကျန်ခဲ့တာက ပြသနာ မဟုတ်ပေမယ့် လိုက်ဖို့မကြိုးစားပဲ ကြောက်လန့်နေတာကသာ ပြသနာ ဖြစ်လာတယ်။

လက်ရှိ အမေရိကန်မှာ ထရမ့် အနိုင်ရပြီး သမ္မတ ပြန်ဖြစ်လာတယ်။ ဒါက နွေဦးတော်လှန်ရေးအပေါ် သက်ရောက်မှု ဘယ်လိုရှိလာမလဲ ဆိုပြီး ရှူထောင့်ပေါင်းစုံကနေ သုံးသပ်နေကြတာလည်း တွေ့ရတယ်။ ဒါပေမယ့် ဖြစ်လာနိုင်တဲ့ ဘဏ္ဍာရေးဆိုင်ရာ အရွေ့ကို ပြောကြတာ သိပ်မတွေရဘူး။ ဒါကလည်း သဘာ၀ကျပါတယ်။ မြန်မာနိုင်ငံသားတွေ တစ်ထောင်မှာ တစ်ယောက်လောက်သာ Crypto Currency ဆိုတဲ့ ခရစ်ပ်တို ငွေကြေးနဲ့ ရင်းနှီးတာ ဆို‌တော့လေ။

လက်ရှိ အသစ်တက်လာမယ့် သမ္မတ ထရမ့်ဟာ Crypto Currency ကို ထောက်ခံအားပေးတဲ့ သမ္မတ ဖြစ်တယ်။ အဲဒီလိုပဲ လက်ရှိမှာ NUG ရဲ့ SDB ဟာ Blockchain နည်းပညာ သုံးထားတဲ့အပြင် လက်ရှိ ခေတ်စားနေတဲ့ တယ်လီဂရမ် Bot trend ကို အမီလိုက်ပြီး Spring Bees နဲ့ Community တည်ဆောက်ဖို့ ကြိုးစား‌နေသလို ICO round 2 လိုမျိုး Seed fund ရှာတာပါ လုပ်နေတယ်။ သေချာပြောနိုင်တာက ထရမ့်ကြောင့် ဖြစ်လာတဲ့ Crypto Currency ဈေးကွက် တက်ရိပ်ပြမှုနဲ့ တိုးတက်လာမယ့် Crypto Industry ရဲ့ အရွေ့ကို NUG ဟာ အမီလိုက်ပြီး ဘဏ္ဍာရေးအင်အား ပိုမိုတောင့်တင်းအောင် ကြိုးစားနေတယ် ဆိုတာပါပဲ။

ပြသနာရှိလာတာက NUG အနေနဲ့ ဘယ်လိုပဲ ရှေ့ကပြေးပြေး နောက်ကလိုက်မယ့် မြန်မာလူထု အတော်များများဟာ အခုချိန်ထိ နည်းပညာအသစ်အဆန်း၊ နယ်ပယ် အသစ်အဆန်းကို တိုး၀င်ဖို့၊ လေ့လာအသုံးပြုဖို့ ကြောက်လန့်နေကြခြင်းပဲ ဖြစ်တယ်။

ခေတ်အဆက်ဆက် ပညာရေး နှိမ့်ချခံခဲ့ရမှုရဲ့ အကျိုးဆက်၊ ခိုင်မာမှုမရှိခဲ့တဲ့ တရားဥပဒေတွေကြောင့် အကြောက်တရားများစွာရဲ့ဖိနှိပ်မှုအောက်မှာ အခုထိ အသားကျနေကြတာ မြင်ရတယ်။ ခေတ်နောက်ကျ ကျန်နေခဲ့ကြပြီး ဘာမှ မသုံးတာ၊ မသုံးတတ်တာက ပိုနားအေးတယ်၊ ပိုအန္တရာယ်ကင်းတယ် ဆိုတဲ့ အတွေးအခေါ်အထိပါ လူအချို့မှာ မြင်‌နေရတယ်။ တကယ်လည်း အဲဒီအတိုင်းပဲ တစ်ကမ္ဘာလုံးက Web 3 နည်းပညာဆီ ကူးပြောင်းနေချိန်မှာ မြန်မာပြည်သူ သန်း ၅၀ ကျော်ထဲက ၉၅% လောက်က Security ပိုင်းဆိုင်ရာ သေချာပြင်ဆင်ထားတဲ့ ကိုယ်ပိုင် Gmail တစ်ခုတောင် မရှိဘူးဆိုတာ ကျနော် သေချာပြောရဲတယ်။ Gmail တစ်ခုရှိ ရုံနဲ့တင် အလွယ်တကူဖွင့်လို့ရတဲ့ SDB အကောင့်ရှိဖို့ ဆိုတာက ဟိုးအဝေးကြီးမှာ။

ဆိုတော့ လက်ရှိခေတ်ပြောင်း တော်လှန်ရေးမှာ လူကြီး လူငယ်မရွေး ခေတ်နဲ့အညီ လိုက်ပါတိုးတက်ဖို့ လိုအပ်တယ်။ ဘာမှန်းမသိတဲ့ နည်းပညာနဲ့ နယ်ပယ်အသစ်တွေကို လေ့လာဖို့၊ တိုး၀င် ကူးပြောင်းဖို့ ကြောက်လန့်နေသရွေ့ကတော့ ကြောက်ခေတ်ကို မှောက်ပစ်ဖို့ဆိုတာ ကြွေးကြော်ရုံသက်သက်ပဲ ဖြစ်နေလိမ့်မယ်။ တော်လှန်တယ်ဆိုတဲ့ထဲမှာ ကိုယ့်ကိုယ်ကို တော်လှန်ဖို့လည်း လိုတယ်။

ခေတ်ကြီးကို ပြောင်းလဲချင်တယ်ဆိုရင် အရင်ဆုံး ကိုယ်တိုင်က ခေတ်ကို မီအောင်လိုက်ဖို့ လိုတယ်။ လက်ရှိအချိန်မှာ‌တောင် သက်သာရင်ပြီး‌ရော ဆိုပြီး ခေတ်နောက်ကျကျန်အောင် နေရစ်နေပြီးမှ ထပ်ပြီး ခေတ်ပြောင်းလာတာကို လိုချင်နေတာကြီးကတော့ အတော်‌လေး အံဩစရာလည်း‌ ကောင်းတယ်။

အခုချိန်မှာ လှေကားထစ် တစ်ထစ်စာပဲ လိုက်ရမယ့်ကိစ္စဟာ ကြာလာလေလေ လှေခါးထစ် များလာလေလေ ဖြစ်လာမှာပါ။ စဉ်းစားကြဖို့ပါ..။

✍️ မင်းသူဝေး

ရေဦးဆုံမှတ်

12 Nov, 12:22


"မြေပြန့် မဟာဗျူဟာ ထိုးစစ်မှာ ထိရောက်တဲ့ အားဖြစ်ရေး COC အောက်မှာ ပူးပေါင်းဖို့ ကျန်ရှိနေတဲ့ တပ်ဖွဲ့တွေကို အတူလက်တွဲ ဆောင်ရွက်နိုင်ဖို့ ဖိတ်ခေါ်"

■ တပ်ရင်းတပ်ဖွဲ့ အားလုံးအတွက် ထောက်ပို့ငွေမှာ လစဉ် ဒေါ်လာ ၁ သန်းကျော် ကျသင့်ပြီး PRF အစီအစဉ်မှ လစဉ် ဒေါ်လာ ၈ သိန်း ရရှိခဲ့

COC အောက်မှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီမှု မရှိထားတဲ့ ကျန်တပ်ဖွဲ့တွေကိုလည်း အတူလက်တွဲ ဆောင်ရွက်နိုင်ဖို့ အမြဲလမ်းဖွင့်ထားပြီး စတင်နေပြီဖြစ်တဲ့ မြေပြန့် မဟာဗျူဟာ ထိုးစစ်မှာ ထိရောက်တဲ့ အားတခုဖြစ်ရေး စနစ်ကျတဲ့ စုဖွဲ့မှု ပုံစံမျိုးနဲ့ ပူးပေါင်းနိုင်ကြဖို့ အရေးကြီးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က နိုဝင်ဘာ ၁၂ ရက်မှာ ဖိတ်ခေါ်လိုက်ပါတယ်။

"တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်း တည်ဆောက်ထားတဲ့ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ Chain of Command အောက်မှာ တပ်ရင်းတွေ အဖြစ် ဖွဲ့စည်းဆောင်ရွက်နေကြတဲ့ တပ်ဖွဲ့တွေရှိသလို ကာကွယ်ရေးဝန်ကြီးဌာနနဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ သဘောတူညီမှုနဲ့အတူ လက်တွဲဆောင်ရွက်နေကြတဲ့ တပ်ဖွဲ့တွေလည်း ရှိပါတယ်။ COC အောက်မှာ မရှိသလို ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီမှု ရှိမထားတဲ့ ကျန်ရှိနေသေးသော တပ်ဖွဲ့တွေနဲ့လည်း တူညီတဲ့ တော်လှန်ရေး ရည်မှန်းချက်တွေအတွက် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အမြဲ လမ်းဖွင့်ထားကြောင်း ပြောလိုပါတယ်"

ဒါ့အပြင် ဦးနေဘုန်းလတ်က MOD ရဲ့ COC အောက်မှ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းတပ်ဖွဲ့ အားလုံးထံ တကြိမ်ထောက်ပို့လျှင် အမေရိကန်ဒေါ်လာ ၁ သန်းကျော် ကျသင့်ပြီး ပြီးခဲ့တဲ့ တနှစ်အတွင်း PRF - People's Revolution Supply Family ရဲ့ ထောက်ပို့တပ်သားတွေဆီကရရှိတဲ့ ထောက်ပို့ငွေနဲ့ လစဉ် ဒေါ်လာ ၈ သိန်းနီးပါး ရရှိခဲ့တယ်လို့ ဆိုပါတယ်။

"PRF - ရဲ့ ထောက်ပို့တပ်သားတွေဆီက ရရှိတဲ့ ငွေတွေကို တပ်ရင်းရိက္ခာနဲ့ အထွေထွေ အသုံးစရိတ် အတွက် အဓိက အသုံးပြုလျက် ရှိပါတယ်။ တပ်ရင်းတွေရဲ့ ရိက္ခာဖိုးနဲ့ အထွေထွေအသုံးစရိတ်တွေကို ပို့ရာမှာ လစဉ်ပို့ဆောင်ခြင်းမျိုး မဟုတ်ပဲ ရက် ၄၀ ဒါမှမဟုတ် ၅၀ မှ တကြိမ်ပို့ဆောင်ခြင်း ဖြစ်ပါတယ်။

PDF တပ်ရင်းအားလုံးကို တကြိမ်ပို့ပေးရင် အမေရိကန်ဒေါ်လာ ၁ သန်းကျော် ကျသင့်ပါတယ်။ လက်ရှိ PRF က ပြီးခဲ့တဲ့ တနှစ်စာ အကျဉ်းချုပ်ကို ကြည့်ပြီးတွက်ရင် တစ်လ ပျမ်းမျှ ဒေါ်လာ ၈ သိန်း နီးပါး ရရှိတဲ့အတွက် PRF ထောက်ပို့တပ်သားအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။

လိုငွေကို ပြည်ထောင်စုဘက်ဂျက်ကနေ ဖြည့်ပါတယ်။ ပြည်ထောင်စု ဘက်ဂျက်က ရရှိငွေဟာ ရိက္ခာ၊ အထွေထွေအသုံးစရိတ် မဟုတ်တဲ့ အခြားသော အရေးကြီး ကိစ္စရပ်တွေမှာလည်း သုံးစွဲရတာဖြစ်လို့ PRF မှာ ထောက်ပို့တပ်သားတွေ ထပ်မံရရှိဖို့လည်း အရေးတကြီး လိုအပ်နေပါတယ်"

လို့ နိုဝင်ဘာ ၁၂ ရက်မှာ ထုတ်လွှင့်ထားတဲ့ ပြည်သူလူထုနဲ့ နိုင်ငံတကာကို ပုံမှန်အစီရင်ခံ တင်ပြတဲ့ Press Briefing အစီအစဉ်မှာ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က အသိပေး ပြောဆိုခဲ့ပါတယ်။

4C_TruthNews

ရေဦးဆုံမှတ်

22 Aug, 17:52


-ကြယ်တွေကြွေတာ မြင်တော့
အင်္ဂါမစုံတော့တဲ့ ကောင်က
ကပျာကယာ အလေးပြုတယ်....
'RIP ငါ့ကောင်ရေ....'တဲ့.......

-ငါတို့ အနာဂတ်ကလည်း
ပတ်တီးတွေနဲ့.......။

#မြူမှော်ရုံ
pic-#pinterest

@kannlet02

ရေဦးဆုံမှတ်

28 Aug, 01:36


https://t.me/realnewsmyanmar2023/213

ရေဦးဆုံမှတ်

28 Aug, 00:59


https://t.me/yeuscouts/6602

ရေဦးဆုံမှတ်

28 Aug, 00:33


ဒီပဲယင်းမှပြန်ထွက်လာသောခွေးစစ်ကြောင်းမောင်းဇင်းဘုရားဘက်မှမစိုးရိမ်ရွာမြောက်ဘက်ရှိ(၇)လက်တံဘက်ရောက်ရှိနေသည်ဟု သတင်းထပ်မံရရှိ။
Aug.28/6:57AM
သတင်းများပို့ရန် @yeuscouts(or)
@SonemarkInfo

ရေဦးဆုံမှတ်

28 Aug, 00:21


ဒီပဲယင်းမှပြန်ထွက်လာသောခွေးစစ်ကြောင်းမောင်းဇင်းဘုရားရောက်ရှိနေသည်ဟု သတင်းရရှိ။
အနီးဝန်းကျင်ကျေးရွာမှပြည်သူများမြေပြင်သတင်းများရယူပြီးကြိုတင်တိမ်းရှောင်ထားကြပါဗျ။
Aug.28/6:42AM
သတင်းများပို့ရန် @yeuscouts(or)
@SonemarkInfo

ရေဦးဆုံမှတ်

27 Aug, 08:50


               တိုက်ပွဲသတင်းထုတ်ပြန်ချက်ကြေငြာခြင်း
(27.8.2023) ရက်နေ့  ရေဦးတိုင်းရင်းခွေးခြံမှထွက်လာသော ခလရ(၇၁) စစ်ကြောင်းဟာ ခြုံရွာကျေးရွာ အနောက်ဘက်တွင် မဟာမိတ်ပူးပေါင်းအဖွဲ့များဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ မိမိတို့ Freedom Revolution Force (FRF) အဖွဲ့မှ (၄၀မမ) ၊ စက်ကလေး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။တိုက်ပွဲချိန် မိနစ်သုံးဆယ်ခန့်အတွင်းစခများထိခိုက်သေဆုံးမှုများစွာရှိပြီး မိမိတို့မဟာမိတ်အဖွဲ့များဘက်မှ ထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။
မိမိတို့ Freedom Revolution Force (FRF)နှင့်အတူ ရေဦးအနောက်ခြမ်းပကဖ ၊ DRPA ၊Burmese Guerrilla Force မြင်းခြံ၊ ရွှေဘိုခရိုင်အမှတ်(၂၄) တို့မှပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
Facebook page -
https://www.facebook.com/profile.php?id=100079907512393&mibextid=ZbWKwL
Telegram - https://t.me/frfnews24
အရေးတော်ပုံအောင်ရမည်
#Freedom Revolution Force
#ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန(FRF)

ရေဦးဆုံမှတ်

27 Aug, 06:25


NUG နဲ့ ဆက်ဆံရေးကောင်းလို့
တီမောသံရုံးကို စကစ နှင်ထုတ်တဲ့။

ဒါမှ ငို့အဘကွ

NUG နဲ့ ပိုဆက်ဆံရေးကောင်းနေတဲ့
US သံရုံးကိုရော အဘ။

ဟဲဟဲ

ရေဦးဆုံမှတ်

27 Aug, 06:23


ရေဦးမှထန်းတောရွာဘက်သို့ယနေ့မနက်ပိုင်းအချိန်စတင်ထွက်သောအကြမ်းဖက်ခွေးစစ်ကြောင်း မောင်းဇင်းဘုရားဘက်မှတဆင့်ဒီပဲယင်းကံပြားသို့ဝင်ရောက်နေသည်ဟု သတင်းရရှိ။
Aug.27/12:48PM
သတင်းများပို့ရန် @yeuscouts(or)
@SonemarkInfo

ရေဦးဆုံမှတ်

27 Aug, 05:54


ရေဦးမှထွက်သောအကြမ်းဖက်စစ်ခွေးရှေ့ကင်းများမောင်းဇင်းဘုရားဘက်သို့ရောက်ရှိနေသည်ဟုသတင်းရရှိပြီးနောက်ချန်စစ်ခွေးများလက်တံ(၇)ဘက်တွင်ကျန်
ရှိနေဆဲဟုသိရ။
Aug.27/12:18PM
သတင်းများပို့ရန် @yeuscouts(or)
@SonemarkInfo

ရေဦးဆုံမှတ်

27 Aug, 04:48


ရေဦးနယ်ရွာသာလေးမှကြာဖူးအဝိုင်းဘက်သို့ပြန်ခေါက်လာသောပျူခွေးများနတ်မူးမြစ်တံတားဖြတ်ကူးပြီးခင်ဦးနယ်ရွာသစ်ကုန်းခွေးခြံဘက်ပြန်သွားသည်ဟု သတင်းထပ်မံရရှိ။
Aug.27/11:18AM
သတင်းများပို့ရန် @yeuscouts(or)
@SonemarkInfo

ရေဦးဆုံမှတ်

27 Aug, 04:42


ရေဦးတိုင်းရင်းမှထွက်သောခွေးစစ်ကြောင်းကျီကုန်းရွာနှင့်မစိုးရိမ်ရွာကြားရောက်ရှိနေသည်ဟုသတင်းထပ်မံရရှိ။
Aug.27/11:12AM
သတင်းများပို့ရန် @yeuscouts(or)
@SonemarkInfo

ရေဦးဆုံမှတ်

27 Aug, 04:14


ရေဦးနယ် ရွာသာလေးရောက်နေသောပျူခွေး+စစ်ခွေး၃၀ခန့် ရေဦးကြာဖူးအဝိုင်းဘက်သို့ပြန်ခေါက်တယ်ဟု သတင်းထပ်မံရရှိ။
Aug.27/10:43AM
သတင်းများပို့ရန် @yeuscouts(or)
@SonemarkInfo

ရေဦးဆုံမှတ်

27 Aug, 04:12


ရေဦးနယ်ရွာမိဿာရွာဘက်မှထွက်လာသောခွေးစစ်ကြောင်းဇီးကုန်းကျေးရွာလက်တံအနီးရောက်ရှိနေသည်ဟု သတင်းထပ်မံရရှိ။
လက်နက်များဆက်တိုက်ပစ်နေတယ်ဟုသိရ။
Aug.27/10:40AM
သတင်းများပို့ရန် @yeuscouts(or)
@SonemarkInfo

ရေဦးဆုံမှတ်

27 Aug, 03:36


ရေဦးနယ်ခွေးစစ်ကြောင်း ရွာမိဿာရွာမှတောင်ဘက်ရှိအမှတ်(၁)လက်တံကူးဖြတ်ကာ တောင်ဘက်သို့ဆက်လက်ဦးတည်ရွေ့နေသည်ဟု သတင်းထပ်မံရရှိ။
Aug.27/10:06AM
သတင်းများပို့ရန် @yeuscouts(or)
@SonemarkInfo

ရေဦးဆုံမှတ်

27 Aug, 02:23


ရေဦးနယ်ခွေးစစ်ကြောင်း ရွာမိဿာရွာထဲမှတောင်ဘက်ရှိအမှတ်(၁)လက်တံဘက်သို့ဦးတည်
၍ရှေ့ကင်းထွက်နေသည်ဟုသတင်းထပ်မံရရှိ။
Aug.27/8:53AM
သတင်းများပို့ရန် @yeuscouts(or)
@SonemarkInfo

2,109

subscribers

250

photos

4

videos