ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) @kyunhlakanbaluactivistsgroup Channel on Telegram

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)

@kyunhlakanbaluactivistsgroup


ကျွန်းလှ ကန့်ဘလူ သတင်း အပါအဝင် ကျန်အရေးကြီး သတင်းများကို တင်ပေးမည်

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) (Burmese)

ကန့်ဘလူခရိုင် သည် ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ မှ ထိပ်တန်ဖို့၌ သတင်းအပါအဝင် ကျန်အရေးကြီး သတင်းများကို တင်ပေးပါသည်။ ဤ ခရိုင်သည် ဆက္ကပ်ဆိုင်မှာ မြှင်မြှင်စိတ်ကျန်များ၊ အပူတွေ့ စိန်ဖိုပ်ထဲမှ ပြောပြတဲ့ ဘုရားသားများအဖွဲ့ဖြင့် နှင့် အခြား ဝန်ဆောင်များအဖွဲ့ဖြင့် ပြောသည်။ သတင်းများအား ဆက္ကပ်ဆိုင်သော အကယ်ဒမီများနှင့် လူဝင်များတွင် အပြည့်အဝယ်ဖြင့် သတင်းအား တင်ပေးပါသည်။ အချက်အလက်ဖြင့် ကျန်အရေးကြီး သတင်များကို စိတ်ကျန်အားဖြင့် အသုံးပြုလိမ့်မည်။

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)

20 Nov, 13:15


20-11-2024/7:35PMကျွန်းလှမြို့နယ်၊တကုန်း၊ကုက္ကိုကုန်းရွာအနီးအား တံတားဦးတက် JF ဖြင့် ဗုံးသီး ၂ လုံးချကာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။


ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)

20 Nov, 07:05


20-11-24/1:05pm ကျွန်းလှမြို့နယ် ကုက္ကိုကုန်းတိုက်နယ်ဆေးရုံတွင် ရောက်ရှိနေသော စစ်ကောင်စီတပ်နှင့် ပျူစောထီးအင်အား ၂၀၀ ခန့်သည် ကုက္ကိုကုန်းရွာအား မီးစရှို့နေပြီး Drone ဖြင့် ၆၀ ဗုံးသီးများ ရွာပတ်လည် ဆက်တိုက်ချနေကြောင်းသိရသည်။ကျွန်းလှမြို့မှ နောက်ထပ်ထွက်လာသော ကား ၃ စီး အင်အားအပြည့်ဖြင့် ကံပေါက်ရွာသို့ ထပ်မံဝင်ရောက်သွားကြောင်းသိရသည်။


ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)

20 Nov, 02:53


20-11-2024/8:30AM ကျွန်းလှမြို့မှ ကံပေါက်ရွာသို့ ကားများဖြင့် ရောက်ရှိလာသော စစ်ကောင်စီတပ်နှင့် ပျူစုပေါင်းအင်အား 200 ခန့်သည် ကံပေါက်ရွာမှ မြောက်ဘက်သို့ ခြေလျင်စစ်ကြောင်းထိုးထွက်ခွါသွားပြီး Drone များဖြင့် အနီးအနားရွာများအား ဗုံးသီးချတိုက်ခိုက်နေခြင်းကြောင့် တကုန်း၊ကုက္ကိုကုန်း၊သံပုရာပင်စု နှင့် မြဘုံသာရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။


ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)

18 Nov, 09:30


ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်း၌ စစ်ကောင်စီတပ်မှ ဗုံးသီးချတိုက်ခိုက်၍ ပြည်သူ ၃ ဦးသေဆုံးကာ ဘုန်းကြီးတစ်ပါးပျံလွန်တော်မူ‌ပြီး ၁၀ ဦး ဒဏ်ရာရရှိ။

နိုဝင်ဘာ ၁၈၊၂၀၂၄။


နိုဝင်ဘာလ ၁၈ ရက်နေ့မနက်တွင် ကန့်ဘလူမြို့နယ်တောင်ခြမ်း၊ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်း၌ ဇီးကုန်းသကြားစက်အထိုင် စစ်ကောင်စီတပ်များမှ Droneဖြင့်ဗုံးသီးချ တိုက်ခိုက်ခဲ့သဖြင့် ခရီးသွားပြည်သူ ၃ ဦးသေဆုံးကာ ဘုန်းကြီးတစ်ပါးပျံလွန်တော်မူပြီး နောက်ထပ်ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦး ရှိကြောင်းသိရသည်။

ယနေ့ မနက် ၇ နာရီ ၃၀ မိနစ်တွင် ကန့်ဘလူမြို့နယ် တောင်ခြမ်း ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်းတစ်နေရာအား ဇီးကုန်းသကြားစက်အထိုင်မှ စစ်ကောင်စီတပ်နှင့် ပျူများမှ ပထမအကြိမ်Drone ဖြင့် 81 ဗုံးသီး သုံးလုံးနှင့် ၈ နာရီ ၂၀ မိနစ်တွင် နောက်ထပ် ဗုံးသီး နှစ်လုံး စုစုပေါင်း ဗုံးသီး ၅ လုံးချတိုက်ခိုက်ခဲ့ရာ ခရီးသွားကားဘေးတည့်တည့်ကျပြီး ကားပေါ်ပါလာသည့် ဘုန်းကြီးတစ်ပါး နှင့် အမျိုးသား၂ ဦး၊အမျိုးသမီးတစ်ဦး စုစုပေါင်း ၄ ဦးထိမှန်သေဆုံးခဲ့ပြီး နောက်ထပ်ခရီးသွားပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ၊ကားနှစ်စီးလဲပျက်ဆီးသွားကြောင်းသိရသည်။

ထိခိုက်သေဆုံးသွားသည့် ဘုန်းကြီးတစ်ပါးနှင့် ပြည်သူ ၃ ဦးမှာ ငွေတိုးမန်း ခရီးသည်ကားဖြင့် လိုက်ပါလာသည့် ခရီးသွားပြည်သူများ ဖြစ်ပြီး အမည်နှင့် နေရပ်လိပ်စာများဆက်လက်စုံစမ်းနေစဲဖြစ်သည်။စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့တွင် ပြည်သူပိုင်နေအိမ်များအား စစ်ကြောင်းထိုးမီးရှို့ပြီး ပြည်သူများသတ်ဖြတ်ခြင်း၊ ရွာများအားပစ်မှတ်ထားပြီး Drone ဗုံးသီးချခြင်း၊ပျူသင်တန်းတက်ရန် ပြည်သူများအားအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်းများကို လုပ်ဆောင်နေသည်မှာ ၂ ပတ်ကျော်ကြာမြင့်ပြီ ဖြစ်ပြီး ၎င်းတို့ ဖမ်းဆီးခေါ်ဆောင်သွားသည့် ပြည်သူ (၁၃၀) ခန့်လဲ ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်းသိရသည်။

ထို့အပြင် နိုဝင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်နေ့တို့တွင် ကန့်ဘလူမြို့နယ်၊အလယ်ခုံရွာ၊ကျွန်းလှမြို့နယ် ရွာကုန်းကြီးနှင့် လိပ်ဆင်းတောင်ရွာတို့အား တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ စစ်ကောင်စီဘက်မှ JF ဖြင့် နှစ်ရက်ဆက်တိုက်အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သဖြင့် ရွာကုန်းကြီးရွာမှ နေအိမ် ၃ လုံး မီးလောင်ပျက်ဆီးပြီး၊လိပ်ဆင်းတောင်ရွာမှ နေအိမ် ၆ လုံး၊ကားဝပ်ရှော့မှ ကားပေါက်စ ၇ စီး၊ကင်ဒါကားတစ်စီး၊ဆိုင်ကယ်တစ်စီး၊နွားတစ်ကောင်သေ၊တစ်ကောင်ထိခိုက် ပျက်ဆီးခဲ့ကာ ခပေါင်းရုံရွာမှာ ဦးမောင်နိုင် ဗုံးစထိမှန်၍ အသက်သေဆုံးခဲ့ကြောင်းသိရသည်။


ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)

18 Nov, 04:14


18-11-2024/7:30AMနှင့် 8:20AMတွင် ကန့်ဘလူမြို့နယ်တောင်ခြမ်း၊
မန္တလေး-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းအား ဇီးကုန်သကြားစက်အထိုင်မှ Droneဖြင့် နှစ်ကြိမ်တိုင် ဗုံးသီးချတိုက်ခိုက်မှုကြောင့် ခရီးသွား ပြည်သူ တစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများလဲ ရှိကြောင်း ကနဦးသိရသည်။



ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)

17 Nov, 13:25


17-11-2024/4:20PMကျွန်းလှမြို့နယ်၊လိပ်ဆင်းတောင်ရွာအား စစ်ကောင်စီတပ်မှ JF ဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် ကားဝပ်ရှော့မှ ကားများနှင့် နေအိမ် ၃ လုံးပျက်ဆီးကာ အပြစ်မဲ့ပြည်သူ အမျိုးသားတစ်ဦးသေဆုံးကြောင်း သတင်းရရှိသည်။


ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)

17 Nov, 13:19


17-11-2024/7:35PM ကျွန်းလှမြို့နယ် အနောက်ခြမ်း၌ ကင်းထောက်‌လေယာဥ်တစ်စီး ဆက်တိုက်ဝဲနေကြောင်းသတင်းရရှိသည်။

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)

17 Nov, 10:39


17-11-2024/4:20PM ကျွန်းလှမြို့နယ် အနောက်ခြမ်းတစ်နေရာအား JF ဖြင့် လေကြောင်းတိုက်ခိုက်မှု 2 ကြိမ်ပြုလုပ်ခဲ့ကြောင်းသိရသည်။


ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)

17 Nov, 04:11


Morning exercise🚶🚶🚶

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)

16 Nov, 15:07


16-11-2024/4:30PMကန့်ဘလူမြို့နယ်၊ဇီးကုန်းမြို့၊လက်ဆည်ရပ်ကွက်အား ဇီးကုန်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများမှ ဒုတိယအကြိမ် ထပ်မံမီးရှို့ဖျက်ဆီးနေကြောင်းသိရသည်။


ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)

16 Nov, 13:46


16-11-2024/5:26PM ကျွန်းလှမြို့နယ် အနောက်ခြမ်းကျေးရွာတရွာအား စစ်ကောင်စီတပ်မှ တံတားဦးတက် JF ဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်သဖြင့် နေအိမ်တစ်ချို့မီးလောင်ပျက်ဆီး‌ကြောင်းသိရပြီး ပြည်သူထိခိုက်မှုရှိမရှိ ဆက်လက်စုံစမ်းလျက်ရှိသည်။


ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)

16 Nov, 13:27


16-11-2024/ကျွန်းလှမြို့နယ် အနောက်ခြမ်းအား တံတားဦးတက် JF နှစ်စီးဖြင့် 5:26PM တွင် နှစ်ကြိမ်၊7:30PMတွင် တစ်ကြိမ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။


ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)

14 Nov, 07:35


14-11-2024 ရက်နေ့မနက် 9:30AM တွင် ကန့်ဘလူမြို့နယ်၊ဇီးကုန်းမြို့အနီးရှိ သပြေသာရွာအား ဇီးကုန်းမြို့မှ ထွက်လာသော စစ်ကောင်စီတပ် နှင့် ပျူစောထီးများမှ ဒုတိယအကြိမ် ထပ်မံအကြမ်းဖက်ဝင်ရောက်မီးရှို့ဖျက်ဆီးကြောင်းသိရပြီး၊၎င်းစစ်ကောင်စီတပ်နှင့်ပျူစောထီးများသည် နေ့လယ် 12 နာရီကျော်တွင် ဇီးကုန်းမြို့ထဲသို့ ပြန်လည်ဝင်ရောက်သွားကြောင်းသိရသည်။မီးလောင်ပျက်ဆီးဆုံးရှုံးမှုများအား ဆက်လက်စုံစမ်းနေစဲဖြစ်သည်။


ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်

ဓာတ်ပုံ#နိုဝင်ဘာလ ၉ ရက်နေ့တွင် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံရသည့် သပြေသာရွာ၊ဖိုလ်ကုန်းနှင့် ကျောင်းကုန်း

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)

14 Nov, 02:21


ခရီးသွားရင်း.....

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)

13 Nov, 05:18


ဒီလို တိကျမှန်ကန်မှုမရှိသည့် သတင်းမျိုးကို ကျွန်တော်တို့ တင်ထားခြင်းမျိုးမရှိပါဘူးဗျ၊ကျွန်တော်တို့ သတင်းတစ်ခု တင်ရင် တိကျမှုမရှိတောင် အနီးစပ်ဆုံး သေချာလေ့လာစီစစ်ပြီးမှသတင်းတင်ပါတယ်။နောက်တစ်ခု စာလုံးပေါင်းသတ်ပုံကိုလည်း အလေးထားဂရုစိုက်တတ်ပါတယ်။တာဝန်ယူမှု၊တာဝန်ခံနိုင်မှုရှိမှလည်း သတင်းတင်ပါတယ်ဗျ။ကျွန်တော်တို့ page နာမည်ကို သုံးပြီး မြေပြင်မှာ ဖုန်းမက်ဆေ့ခ်ျနဲ့ သတင်းဖြန့်နေတာ ဘယ်လိုရည်ရွယ်ချက်လဲဆိုတာ မသိပေမယ့် စာလုံးပေါင်းတော့ ဂရုစိုက်စေချင်ပါတယ်ဗျ🙏🙏🙏


ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)

05 Nov, 14:18


ကန့်ဘလူမြို့နယ်အတွင်း အောက်တို ဘာလ ၃၀ နေ့မှ နိုဝင်ဘာလ ၄ ရက်အတွင်း စစ်ကောင်စီတပ်၏ အကြောင်း မဲ့ဖမ်းစီးမှုကြောင့် အပြစ်မဲ့ပြည်သူပေါင်း ၁၂၂ ဦးထိရှိလာ

ကန့်ဘလူ
၅-၁၁-၂၀၂၄

အောက်တိုဘာ ၃၀ ရက်နေ့ ကာဘိုးအ ထိုင်စခန်းမှထွက်လာသော အကြမ်း ဖက်စစ်ကောင်စီတပ်နှင့်ပျူပူးပေါင်းအင်အား ၁၆၀ ခန့်သည် ကျောက်တိုင်၊ကျီစုကျေးရွာများကို မီးရှို့ဖျက်စီးခဲ့အပြီး အိုင်ပေါင်းချောင်ကျေးရွာမှ အပြစ်မဲ့ပြည်သူ ၃၇ ဦးကိုဖမ်းစီးခေါ်ဆောင်သွားခဲ့သည်။ထို့နောက် ၎င်းစစ်ကြောင်းသည် နိုဝင်ဘာ ၁ ရက်နေ့တွင် ကာဘိုးတိုက်နယ်အတွင်းရှိ ဝက်တိုး(တ)ရွာအားထပ်မံမီးရှို့ဖျက်ဆီးခဲ့ရာ ပြည်သူပိုင်နေအိမ် ၁၀၀ နီးပါးမီးလောင်ပျက်ဆီးခဲ့ပြီး အပြစ်မဲ့ပြည်သူ ၅ ဦးကိုလည်းဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

နိုဝင်ဘာ ၄ ရက်နေ့ မနက် ၁၀ နာရီ ၁၅ မိနစ်တွင်လည်း ကာဘိုးပျူအထိုင်မှ ကား ၃ စီးဖြင့်ထွက်လာသောစစ်ကောင်စီတပ်နှင့် ပျူပူးပေါင်းအင်အား ၁၀၀ ခန့်သည်ဘူးကြီးကျေးရွာသို့၀င်ရောက်ခဲ့ပြီး ရွာထဲတွင်ပိတ်မိနေသည့် အပြစ်မဲ့ပြည်သူ ၅၀ အားဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့်အပြင် ညနေ ၄ နာရီခွဲအချိန်တွင် ကျီကုန်းကျေးရွာသို့ဝင်ရောက်ခဲ့ပြီး အပြစ်မဲ့ပြည်သူ ၃၀ ဦးအားအကြောင်းမဲ့ ထပ်မံဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၄ ရက်နေ့ထိ စစ်ကောင်စီတပ်၏ အ ကြောင်းမဲ့ဖမ်းဆီးခံရသူပေါင်း ၁၂၂ ဦးထိရှိလာခဲ့ပြီဖြစ်သည်။ထို့အပြင် ယနေ့နိုဝင်ဘာ ၅ ရက်နေ့ ညနေ ၃ နာရီ ၅၀ မိနစ်အချိန်တွင် ဇီးကုန်းမြို့၊လက်ဆည်ရပ်ကွက်ကို စစ်ကောင်စီတပ်နှင့် ပျူပူးပေါင်းအဖွဲ့မှ မီးရှို့ဖျက်စီးသွားခဲ့သည့်အပြင် အပြစ်မဲ့ပြည်သူများကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရပြီး အသေးစိတ်သိရှိနိုင်ရန်ဆက်လက်စုံစမ်း‌နေစဲဖြစ်ပါသည်။

ယနေ့နိုဝင်ဘာ ၅ ရက်နေ့၌ ကန့်ဘလူမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့်ပျူ‌စောထီးများသည်စစ်ကြောင်း (၃) ကြောင်းဖြင့် စစ်ကြောင်းထိုးနေပြီး မလယ်ရွာအထိုင်မှ ထွက်လာသော စစ်ကောင်စီစစ်ကြောင်း၊ကာဘိုးအထိုင်မှထွက်ပြီး ဇီးကုန်းမြို့၊လက်ဆည်ရပ် ကွက်ဘုန်းကြီးကျောင်း၌ ယာယီတပ်စွဲနေသောစစ်ကြောင်း နှင့် ကန့်ဘလူ ၆၀၀၆ တကရတပ်မှထွက်လာပြီး နတ်အင်းရွာသို့ ရောက်ရှိနေသောစစ် ကြောင်းတို့ဖြစ်ကြသည်။

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)

05 Nov, 12:49


ကန့်ဘလူခရိုင်၊ကန့်ဘလူမြို့နယ်တွင်း နောက်ဆုံးရသတင်းများ

-ငါတို့ကျေးရွာမှထွက်လာသောစကစ+ပျူအင်အား(၁၂၀)ခန့်ပါစစ်ကြောင်းနတ်အင်းခွေးခြံ၏အရှေ့ဘက်ဝက်ပုတ်ကျေးရွာတွင်ယာယီတပ်စွဲထား

-မလယ်ခွေးခြံမှထွက်လာသောစကစ+ပျူအင်အား(၁၃၀)ခန့်ပါစစ်ကြောင်းညောင်အိုက်ကုန်းတောတိုက်သို့ရောက်ရှိ

-ဇီးကုန်းမြို့၊လက်ဆည်ရပ်ကွက်အားမီးရှို့ခဲ့သောစကစ+ပျူအင်အား (၁၀၀) ဝန်းကျင်ခန့်သည်လက်ဆည်ရပ်ကွက်ဘုန်းကြီး‌ ကျောင်းထဲတွင်ယာယီတပ်စွဲထား

-ကာဘိုးကျေးရွာမှထွက်လာသောစကစ+ပျူအင်အား(၆၀)ခန့်သည်-၁၂ဘီးကားဖြင့်ဇီးကုန်းသကြားစက်သို့ရောက်ရှိ

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)

05 Nov, 09:57


၅-၁၁-၂၀၂၄ ရက်နေ့ ၁၂နာရီအချိန်တွင် ကာဘိုးအထိုင်စခန်းမှ ထွက်ခွါလာသော စစ်ကောင်စီတပ်နှင့် ပျူပူးပေါင်းအဖွဲ့သည် ညနေ ၃ နာရီ ၅၀ မိနစ်အချိန်တွင် ဇီးကုန်းမြို့ပေါ်ရှိ လက်ဆည်ရပ်ကွက်ကိုစတင်မီးရှို့နေသည်ဟု ကနဦးသတင်းရရှိထားပါသည်။

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)

05 Nov, 02:07


5-11-2024/8:00AM ကန့်ဘလူမြို့နယ်၊မလယ်ရွာအထိုင်မှထွက်လာသော ခမရ-361နှင့် ပျူစု‌ပေါင်းအင်အား 130 ခန့်သည် ထန်းတောရွာအရှေ့ဘက် ချောင်းဆုံကြီးသို့ ရောက်ရှိနေကြောင်း ကနဦးသတင်းရရှိသည်။


ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)

04 Nov, 14:21


4-11-24/8:30PMကန့်ဘလူ 6006 တကရတပ် မှ ထွက်လာသော စကစ နှင့်ပျူပူးပေါင်းအင်အား ၁၅၀ ခန့်သည် ငါတို့ရွာနှင့် ရွာမရွာကြားရှိ ဆည်အနီးသို့ရောက်ရှိနေပြီး Drone နှစ်စီးပါရှိကြောင်းသိရသဖြင့် အနီးအနားကျေးရွာများရှိ ပြည်သူများ သတိထားကြစေချင်ပါတယ်ဗျ။


ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)

04 Nov, 13:08


ကန့်ဘလူမြို့နယ်ထဲ ခရီးသွားရင် တွေ့ရတဲ့ အမောပြေ ကလေးလေးတွေ“မင်္ဂလာပါရှင့်/မင်္ဂလာပါဗျ”တဲ့၊စစ်ရှောင်ရင်း ကျောင်းတက်နေကြရပေမယ့် သိပ်ချစ်စရာကောင်းတဲ့ကလေးလေးတွေရယ်။အဲ့ဒီအမူအကျင့်လေးတွေရအောင် သင်ကြားပေးကြတဲ့ မြေပြင်ကဆရာ၊ဆရာမအားလုံးကိုလည်း အရမ်းလေးစားမိပါတယ်ဗျ။ကြုံရင် ကြုံသလို သကြားလုံးလေးတွေ ဝေငှပေးဖြစ်ပေမယ့် ဘာမှမပါတဲ့အခါ သူတို့နဲ့ပဲ အပြန်အလှန်နှုတ်ဆက်ဖြစ်ပါတယ်ဗျ။

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)

04 Nov, 09:44


ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်မှ ၆ ရက်အတွင်း နေအိမ် ၈၀၀ ခန့်မီးရှို့ဖျက်ဆီးပြီး ကျေးရွာ ၃ ရွာမှ ပြည်သူ ၉၂ ဦးအား ဖမ်းဆီးသွား။

စစ်ကောင်စီတပ်မှ အောက်တိုဘာလ ၃၀ ရက်နေ့မှ နိုဝင်ဘာလ ၄ ရက်နေ့အထိ ၆ ရက်အတွင်း ကန့်ဘလူမြို့နယ်၊ကာဘိုးတိုက်နယ်အတွင်းရှိ ကျေးရွာများအား မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် ကျေးရွာ ၃ ရွာမှာ နေအိမ် ၈၀၀ ခန့် မီးလောင်ပျက်ဆီးခဲ့ပြီး ပြည်သူ ၉၂ ယောက်လည်း ဖမ်းဆီခံထားရကြောင်း မြေပြင်သတင်းပေးပို့ချက်များအရသိရသည်။

အောက်တိုဘာလ ၃၀ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ကာဘိုးပျူအထိုင်မှထွက်ခဲ့သော စစ်ကောင်စီတပ်နှင့် ပျူပူးပေါင်းအင်အား ၁၅၀ ခန့်မှ အကြမ်းဖက်ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သဖြင့် ကျီစုရွာနှင့်ကျောက်တိုင်ရွာတို့မှ နေအိမ် ၇၀၀ နီးပါးမီးလောင်ပျက်ဆီးခဲ့ပြီး အိုင်ပေါင်းချောင်ရွာမှ အပြစ်မဲ့ပြည်သူ ၃၇ ဦး(က=၃၄/မ=၃)ဖမ်းဆီးခံခဲ့ရသည်။ထို့နောက်၎င်းစစ်ကြောင်းသည် နိုဝင်ဘာ ၁ ရက်နေ့တွင် ကာဘိုးတိုက်နယ်အတွင်းရှိ ဝက်တိုး(တ)ရွာအား ထပ်မံဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ ပြည်သူပိုင်နေအိမ် ၁၀၀ နီးပါးမီးလောင်ပျက်ဆီးခဲ့ပြီး အပြစ်မဲ့ပြည်သူ ၅ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

၎င်းအပြင် နိုဝင်ဘာလ ၄ ရက်နေ့၊ယနေ့မနက် ၁၀ နာရီ ၁၅ မိနစ်တွင်လည်း ကာဘိုးပျူအထိုင်မှ ကား ၃ စီးဖြင့် ထွက်လာသော စစ်ကောင်စီတပ်နှင့် ပျူစောထီးစုပေါင်းအင်အား ၁၀၀ ခန့်သည် ဘူးကြီးရွာသို့ဝင်ရောက်ခဲ့ပြီး စစ်မရှောင်ဘဲ ရွာထဲပိတ်မိနေသည့် အပြစ်မဲ့ပြည်သူ ၅၀ အား ဖမ်းဆီးသွားကြောင်းသိရသည်။“ဘူးကြီးက စစ်ကြောင်းမဝင်ဖူးဘူး၊အဲ့ဒါကြောင့် စစ်မရှောင်ကြတာများတယ်၊တချို့လဲ ရှောင်တဲ့သူရှောင်ကြပါတယ်၊ရွာထဲမဝင်ဘူးထင်လို့ မရှောင်ဘဲနေကြတော့ အဖမ်းခံရတာများတာထင်တယ်” ဟု အနီးနားရှိ ဒေသခံတစ်ဦးမှ ပြောပြသည်။

ထိုစစ်ကောင်စီစစ်ကြောင်းသည် အောက်တိုဘာလ ၂၉ ရက်နေ့တွင် ကန့်ဘလူ ၆၀၀၆ တကရတပ်မှတဆင့် ကာဘိုးအထိုင်သို့ ပူးပေါင်းဝင်ရောက်ခဲ့သော စစ်ကြောင်းဖြစ်ပြီး ၎င်းတို့စစ်ကြောင်းထိုးသည့် ၆ ရက်အတွင်း ကန့်ဘလူမြို့နယ်၊ကာဘိုးတိုက်နယ်ရှိ ကျီစု၊ကျောက်တိုင်နှင့် ဝက်တိုး(တ)ရွာမှ ပြည်သူပိုင်နေအိမ် ၈၀၀ နီးပါး မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ပြီး အိုင်ပေါင်းချောင်ရွာ၊ဝက်တိုး(တ)ရွာ နှင့် ဘူးကြီးရွာတို့မှ စုစုပေါင်းပြည်သူ ၉၂ ဦးထိ ဖမ်းဆီးခံရပြီး ကန့်ဘလူ ၆၀၀၆ တကရတပ်သို့ ခေါ်ဆောင်သွားရာ ယနေ့ချိန်ထိ တစ်ယောက်မှပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်းသိရသည်။


ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်

၄-၁၁-၂၀၂၄

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)

04 Nov, 08:25


4-11-2024/1:00PM ကန့်ဘလူမြို့နယ်၊ဘူးကြီးရွာမှ အပြစ်မဲ့ပြည်သူ ၅၀ အား စစ်ကောင်စီတပ်နှင့် ပျူစောထီးများမှ ဖမ်းဆီးကာ ကန့်ဘလူ၆၀၀၆ တကရတပ်သို့ ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။


ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)

04 Nov, 04:38


4--11-2024/10:15AM ကန့်ဘလူမြို့နယ်၊ကာဘိုးပျူအထိုင်စခန်းမှ ကား3စီးဖြင့် ထွက်လာသော စကစနှင့် ပျူစုပေါင်းအင်အား 100 ခန့်သည် ဘူးကြီးရွာသို့ ရောက်ရှိနေပြီး ရွာထဲပိတ်မိနေသည့် ပြည်သူများအား အစည်းဝေးလုပ်ရန် စုဝေးခိုင်းနေကြောင်း ကနဦးသတင်းရရှိသည်။

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်

၄-၁၁-၂၀၂၄

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)

31 Oct, 15:29


ရဲဘော်တွေအတွက် ဆိုင်ကယ်တစ်စီးဝယ်ဖို့ အလှူခံတာ အလှူငွေ ၁၀သိန်း၅ သောင်းတိတိ ရရှိခဲ့ပါတယ်ဗျ။လိုနေတဲ့ ၂ သိန်း ၅ သောင်း ဖြည့်ပြီး ၁၃ သိန်းတန် ဆိုင်ကယ်လေး တစ်စီးဝယ်လိုက်ပါပြီဗျ။အလှူရှင်တွေကိုလည်း ကျေးဇူးတင်ပါတယ်ဗျ၊ဂုဏ်ပြုလွှာမယူတဲ့ အလှူရှင်တစ်ဦးမှ ၅သောင်းကျပ်ပါဝင်လှူဒါန်းထားပါတယ်ဗျ🙏🙏🙏


ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်

၃၁-၁၀-၂၀၂၄

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)

26 Oct, 08:49


သတင်းတွေမတင်ဘူးနော်၊ဖုန်းလဲ ခေါ်မရလို့ဆိုပြီး ကျွန်တော်တို့ကို ခဏခဏမေးကြတယ်။သတင်းတင်ဖို့က အင်တာနက်လိုင်းက သိတဲ့အတိုင်းပဲ စတားလင့်ရှိမှ သုံးလို့ရတာ၊အရင်ကဆို သူများတွေဌာနေ လိုက်သွားပြီး သုံးရတာ၊အခုတော့ နည်းနည်းအဆင့်တက်လာပြီ စတားလင့်လေးနဲ့ သုံးနေရပြီ။အဲ့တော့ အကုန်ရပြီလားဆိုတော့လဲ မဟုတ်သေးဘူး။အဲ့ဒီစတားလင့် သုံးရဖို့ power stationကို တခြားဌာနေသွားပြီး နေ့တိုင်း အားသွားသွင်းရသေးတယ်။အဲ့လိုသွားရတာလဲ ဆိုင်ကယ်လေးနဲ့ဆို မြန်တာပေါ့ဗျာ ဆိုင်ကယ်မရှိရင်တော့ ကျောပိုးအိတ်ထဲ power station ထည့်ပြီး ခြေလျင်ဒိုးရတာပေါ့။အခက်အခဲ‌ တွေကြားမှာ ကျွန်တော်တို့တွေ အဆင်ပြေပါတယ်ဗျ။


ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်
၂၆-၁၀-၂၀၂၄

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)

26 Oct, 07:50


အလှူခံပိုစ့်ပါဗျ🙏🙏🙏

သွားလာရခက်ခဲတဲ့ ရဲဘော်တွေအတွက် ဆိုင်ကယ်လေးတစ်စီး ဝယ်ပေးချင်လို့ပါ။အသစ်မဟုတ်ပါဘူး တပတ်ရစ်ကို ၁၃ သိန်းပါတဲ့။ဆိုင်ကယ်လဲ လိုနေတာမို့ ဝယ်ပေးချင်တာပါဗျ။ကျွန်တော်တို့မှာလဲ ငွေအားမတတ်နိုင်တာကြောင့် တတ်နိုင်သလောက်ပါဝင်လှူဒါန်းပေးကြပါအုံးဗျ🙏🙏🙏🙏

မှတ်ချက် #ပုံထဲက ဆိုင်ကယ်က စခန်းမှာရှိတဲ့ အကောင်းဆုံးဆိုင်ကယ်တွေထဲက တစ်စီးပါဗျ😁😁


ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်

၂၆-၁၀-၂၀၂၄

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)

25 Oct, 08:40


25.10.2024/1:25pm
ကန့်ဘလူ မြို့ ၆၀၀၆ တကရတပ်မှ မြောက်ဘက်သို့ထွက်လာသော ကားနှစ်စီးသည် စစ်ကောင်စီတပ်နှင့် ပျူအင်အား ၇၀ ခန့်နှင့် ဟောင်ဝစ်ဇာပါရှိပြီး ကျွန်းလှမြို့မှတဆင့် မြောက်ဘက်သို့ဦးတည်ထွက်ကာ ပေကုန်းရွာသို့ရောက်ရှိနေကြောင်းသိရသည်။

25.10.2024/2:35pm
ကန့်ဘလူမြို့၆၀၀၆တကရတပ်မှ အနောက်တောင်ဘက်သို့ ဦးတည်ထွက်သော တုန်ဖုန်းကားနှစ်စီးသည် စစ်ကောင်စီတပ်နှင့်ပျူအင်အား(၆၀)ခန့် ပါရှိပြီး ချင်မြစ်ကျင်းရွာမှတဆင့် ကာဘိုးသို့ 3:00pmတွင် ရောက်ရှိနေကြောင်းသိရသည်။


ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)

15 Oct, 15:29


ရည်းစားနှင့် လာတွေ့သည့် ဒုတပ်ကြပ်နှင့် ပျူစောထီးတစ်ဦးအား ဖမ်းဆီးရမိ

အောက်တိုဘာ ၁၅ ရက်နေ့မနက် ၁၀ နာရီခန့်တွင် ကန့်ဘလူမြို့နယ်၊ဇီးကုန်းမြို့ပေါ်သို့ ရည်းစားနှင့်လာတွေ့သည့် ဒုတပ်ကြပ် ကျော်မင်းနိုင်နှင့် ပျူစောထီး ဝေဖြိုးအောင်တို့အား KBU-တောလေးအဖွဲ့မှ သတင်းအတိအကျရ၍ အရှင်ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။အသက် ၄၅ နှစ်ရှိ ဒုတပ်ကြပ် ကျော်မင်းနိုင်မှာ ကျောက်ပန်းတောင်းဇာတိဖြစ်ပြီး ကြံစိုက်ပျိုးရေးတပ်မှ ဖြစ်ကာ လုပ်သက် ၂၅ နှစ်ရှိ၍ ယခုအခါ ချင်မြစ်ကျင်းရွာပျူအထိုင်၌ တာဝန်ထမ်းဆောင်လျက်ရှိသည်။၎င်းနည်းတူ အသက်၂၇ နှစ်ရှိ ပျူစောထီး ဝေဖြိုးအောင်မှာ တန့်ဆည်နယ်၊စံပယ်ဖြူကုန်းရိုး ဇာတိဖြစ်ပြီး ပျူစောထီးလုပ်သက် တစ်နှစ်ရှိ၍ ချင်မြစ်ကျင်းပျူအထိုင်၌ တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

ချင်မြစ်ကျင်းရွာတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ အထိုင်ချတပ်စွဲထားခြင်းကြောင့် ချင်မြစ်ကျင်းရွာဒေသခံအချို့နှင့် အနီးအနားရှိကျေးရွာများမှာ ရွာထဲတွင်မနေရဲဘဲ စစ်ဘေးရှောင်နေရသည်မှာ တစ်နှစ်ကျော်ခန့်ကြာမြင့်ပြီဖြစ်ကြောင်းသိရသည်။


ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်

၁၅-၁၀-၂၀၂၄

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)

13 Oct, 15:03


သက်တန့်နှစ်ခုဖြစ်နေလို့ ထိုင်ကြည့်ရင်းရိုက်ထားမိတယ်၊အ‌ပေါ်ကတစ်ခုက ဒီဗီဒီယိုမှာ သိပ်မမြင်ရပေမယ့် အပြင်မှာတော့ အတော်လှတယ်......

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)

13 Oct, 08:18


မြေပြင်တချို့ရဲဘော်တွေမှာ ဆိုင်ကယ်စီးစရာ မရှိကြဘူး။အသစ်ဝယ်ဖို့ဆိုတာ ဝေလာဝေး ရှိနေတဲ့အစုတ်တောင်ပြင်ရင် တစ်သိန်းခွဲ၊နှစ်သိန်းကုန်မှာမို့ နောက်တွန့်နေကြရတဲ့အဖြစ်တွေ။ဒီကြားထဲ ဆွေရှိ၊မျိုးရှိကူမယ့်သူရှိရင်ကတော်သေး ကူကယ်ရာမဲ့ ရဲဘော်တွေကျ ဖုန်းဘေလ်လေးထည့်ဖို့တောင် အနိုင်နိုင်ဘဝတွေပါဗျာ။ရဲဘော်တွေကို အလေးထားလှူဒါန်းပေးကြတဲ့ အလှူရှင်တစ်ဦးတစ်ယောက်စီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ဗျ။


ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်

၁၃-၁၀-၂၀၂၄

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)

12 Oct, 12:29


12-10-2024ရက်နေ့ နံနက်1:30AMတွင် ကန့်ဘလူမြို့နယ်၊အင်းလယ်ကြီးရွာအား ငါတို့ရွာပျူအထိုင်မှ Droneဖြင့် ဗုံးသီး 6 လုံးချတိုက်ခိုက်ခဲ့၍ အသက်မပြည့်သေးသည့် ကလေးငယ်နှစ်ဦးနှင့် မိခင်တစ်ဦးသေဆုံးကာ ပြည်သူ 9ဦးထိထိခိုက်ဒဏ်ရာရရှိ၍ ၎င်းတို့ထဲမှ အမျိုးသားတစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရကြောင်းသိရသည်။စစ်ကောင်စီတပ်နှင့် ပျူများ၏ ဗုံးသီးချတိုက်ခိုက်ခြင်းကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးရသည့်အပြင် နေအိမ် နှစ်လုံး ပျက်ဆီးဆုံးရှုံးပြီး နွား 6 ကောင်သေဆုံးခဲ့ကြောင်းသိရသည်။


ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်

၁၂-၁၀-၂၀၂၄

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)

12 Oct, 01:59


စစ်ကောင်စီတပ်ဘက်မှ Droneဖြင့် ဗုံးသီးချတိုက်ခိုက်၍ ကလေးငယ် ၂ဦးအပါအဝင် ၃ ဦးသေဆုံးကာ ၈ ဦးထိခိုက်ဒဏ်ရာရ။

အောက်တိုဘာလ ၁၂ ရက်နေ့ မနက် ၁ နာရီ ၃၀ မိနစ်တွင် ကန့်ဘလူမြို့နယ်၊အင်းလယ်ကြီးရွာရှိ ပြည်သူပိုင်နေအိမ်များအား ငါတို့ရွာပျူအထိုင်မှ စစ်ကောင်စီတပ်နှင့်ပျူစောထီးများမှ Drone ဖြင့် ဗုံးသီး ၃ လုံးချ တိုက်ခိုက်ခဲ့၍ ကလေးငယ် နှစ်ဦးအပါအဝင် ၃ ဦးသေဆုံးကာ ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးစုံစမ်းသိရှိရသည်။

ထိုစစ်ကြောင်းသည် အောက်တိုဘာလ ၁၁ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်တွင် ကန့်ဘလူ ၆၀၀၆ တကရတပ်မှ Drone ၂ စီးအပါအဝင် စစ်ကောင်စီတပ်နှင့် ပျူစုပေါင်းအင်အား ၇၀ ခန့်ဖြင့် ငါတို့ရွာပျူအထိုင်သို့‌ ရောက်ရှိခဲ့‌ခြင်းဖြစ်သည်။ယင်းနောက် ထိုစစ်ကောင်စီစစ်ကြောင်းသည် ကန့်ဘလူမြို့နယ်၊အင်းလယ်ကြီးရွာအား အောက်တိုဘာလ ၁၂ ရက်နေ့မနက် ၁ နာရီ၃၀ မိနစ်၊၂ နာရီ ၁၃ မိနစ်နှင့် ၂ နာရီ ၁၄ မိနစ်တို့တွင် Drone ဖြင့် ဗုံးသီး၃ လုံးချ တိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ပြည်သူပိုင်နေအိမ်အချို့ပျက်ဆီးသည့်အပြင် မဖြူဝင်း (၃၀)နှစ်၊အသက်မပြည့်သေးသည့် မသိမ့်သိမ့်ဖြူ( ၄ )နှစ် နှင့် မငြိမ်းအိစံ(၁၀)နှစ်တို့ ၃ ဦးထိခိုက်သေဆုံးကာ နောက်ထပ် ၈ ဦးလဲ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

တချိန်တည်းမှာပင် ထိုစစ်ကြောင်းသည် အောက်တိုဘာလ ၁၂ ရက်နေ့မနက် ၂ နာရီခန့်တွင်လည်း ရွာမရွာရှိ ပြည်သူပိုင်နေအိမ်များပေါ်သို့လည်း Droneဗုံးသီးချတိုက်ခိုက်ခဲ့ရာ အထိအခိုက်ရှိမရှိ အတိအကျမသိရသေးချေ။ကန့်ဘလူ ၆၀၀၆ အထိုင်မှ ထွက်လာသော စစ်ကြောင်းများသည် ယခင်ကဲ့သို့ စစ်ကြောင်းထိုးခြင်းများမလုပ်ဘဲ အနီးအနားတဲတိုက်ရှိ ပြည်သူပိုင် ပစ္စည်းများနှင့် ကျွဲ၊နွား၊ဝက်၊ကြက်များအား ခိုးယူရှာဖွေစားသောက်ကာ ပျူအထိုင်စခန်းများမှ Drone ဖြင့် လှည့်ပတ်ပြီး ပြည်သူများနေထိုင်သည့် ကျေးရွာများအား အကြောင်းမဲ့သက်သက် ဗုံးသီးချတိုက်ခိုက်မှုများအား ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ကန့်ဘလူမြို့နယ်တွင် ထိုသို့ စစ်ကောင်စီတပ်များ၏ ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်းကြောင့် စက်တင်ဘာလတွင်လည်း အပြစ်မဲ့ပြည်သူ ၆ ဦးအထိ ဗုံးသီးထိမှန်သေဆုံးခဲ့ရသည်။


ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်

၁၂-၁၀-၂၀၂၄

ဓာတ်ပုံ#စက်တာလ ၂၉ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ပင်းတည်းရွာလေကြောင်းပစ်ခတ်ခံရ၍ ပျက်ဆီးသွားသည့် ပြည်သူပိုင်နေအိမ်

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)

11 Oct, 08:49


အောက်တိုဘာ ၈ ရက်နေ့ညနေတွင် ကန့်ဘလူမြို့နယ်၊ဇီးကုန်းမြို့လယ်ခေါင်အရက်ဆိုင်၌ တော်လှန်ရေးအဖွဲ့များ သွားရောက်ပစ်ခတ်ရှင်းလင်း၍ သေဆုံးသွားသည့် ရဲတပ်ကြပ် ချင်းလေး(ခ)ခွါကြီး(ခ) ရန်ရှင်းခွါ ရဲ့ မှတ်တမ်းဓာတ်ပုံလေးပါဗျ။နတ်လူသာဓုခေါ်စေသော်......😏😏😁😁


ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်

၁၁-၁၀-၂၀၂၄

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)

11 Oct, 05:22


ဒေသခံပြည်သူတွေပေးတဲ့ မေတ္တာစာ စစ်စစ်🤤🤤🤤ကျွန်တော်တို့ ဒေသအခေါ် ဒေါင်းမှိုအဝါလေးတွေ.....