စစ်မှုထမ်းစာရင်းသွင်းမခံရမှီ -
၁။ စစ်မှုထမ်းစာရင်းသွင်း လုပ်ဆောင်နေမှုများအား အမြဲသိရှိဖို့ လေ့လာစောင့်ကြည့်ရန်။
၂။ ဖြစ်လာနိုင်သည့် အခြေအနေများအား အမြဲလေ့လာ စောင့်ကြည့် သုံးသပ်ရန်။
၃။ အရေးကြီးသည့် မိတ်ဆွေသူငယ်ချင်း မိသားစုများ၏ အဆက်အသွယ် ဖုံးနံပါတ်များအား အလွတ်ကျက်မှတ်ထားရန်။
၄။ လိုအပ်ပါက အရေးပေါ် ရှောင်တိမ်းထွက်ခွာရန် အရေးကြီးစာရွက်စာတမ်း၊ လမ်းကြောင်း အခြေအနေများ ကြိုတင်ပြင်ဆင် ချိတ်ဆက်ဆောင်ရွက်ထားရန်။
စစ်မှုထမ်းစာရင်းသွင်းခံရပါက -
၁။ စစ်တပ်၊ စစ်သင်တန်း ခေါ်ဆောင်ခံရပြီးနောက် အဆက်အသွယ် ဖုံး အင်တာနက် ဖြတ်တောက်မှုများ လုပ်ဆောင်လာနိုင်ပါသည်။
၂။ စည်းရုံးတာ၊ ဖိအားပေးတာ၊ ခြောက်လှန့် ခြိမ်းခြောက်တာမျိုး ရှိလာနိုင်ပါသည်။
၃။ သင်တန်းဆင်းပြီး တပ်ဖွဲ့များသို့ ရောက်ရှိပါက မိမိ ရောက်ရှိသွားသည့် မြို့နယ်ဒေသရှိ အနီးစပ်ဆုံး တော်လှန်ရေးအင်အားစုများထံ ကြိုတင်ဆက်သွယ်ချိတ်ဆက်၍ အကူအညီတောင်းခံရန်။
၄။ မိမိ ရောက်ရှိနေသည့် တပ်ဖွဲ့၊ နယ်မြေဒေသ အခြေအနေ၊ စစ်ရေး လုံခြုံရေး အချက်အလက်များအား တော်လှန်ရေးအဖွဲ့များထံ ပေးပို့ရန်။
၅။ ရှေ့တန်းစစ်မြေပြင်သို့ စေလွှတ်ခံရပါက အခြေအနေကို မပြတ်လေ့လာပြင်ဆင်ပြီး တော်လှန်ရေးတပ်ဖွဲ့များထံ ဆက်သွယ်၍ အလံဖြူထောင် ပူးပေါင်းရန်။
ပြည်သူ့ပန်းတိုင်