ရွှေချစ်သူ စိန်ရွှေရတနာ ရောင်းဝယ်ဆိုင်ရေးတွင် ပိုင်ရှင် ဒေါ်မိုးနှင်စိုး၊ မန်နေဂျာ ဦးဇော်ဌေး၊ ဝန်ထမ်း ဒေါ်တင်တင်ဝင်း တို့ (၃)ဦး ရှိနေစဉ် အသက်(၃၀)နှစ်ခန့်ရှိ ဘောင်းဘီရှည်ဝတ်ထားသည့် ကျား(၁)ဦး(စိစစ်ဆဲ)မှ အခန်းတံခါးဝသို့ ရောက်ရှိလာပြီး ရွှေရောင်းချင်ကြောင်း ပြောကြားသဖြင့် အခန်းတံခါးအား ဖွင့်ပေးခဲ့စဉ် ၎င်းနောက်မှ ဘောင်းဘီရှည်ဝတ်ထားသည့် ကျား(၂)ဦး(စိစစ်ဆဲ)မှ လိုက်ပါဝင်ရောက်ခဲ့ကြောင်း၊ ၎င်းတို့(၃)ဦးအနက် (၁)ဦးမှ သေနတ်အတို(စိစစ်ဆဲ) (၁)လက်၊ ဓါးမြှောင် (၁)ချောင်းတို့အား ပြသခြိမ်းခြောက်၍ ကောင်တာဘေး ကြမ်းခင်းတွင် ချထားသည့် ငွေစက္ကူမျိုးစုံ ကျပ်သိန်း(၅၀၀)၊ မှန်ကောင်တာအတွင်းရှိ စိန်ရွှေပစ္စည်းမျိုးစုံ(အရေအတွက်/တန်ဘိုး စိစစ်ဆဲ)၊ စုစုပေါင်းငွေကျပ်သိန်း(၁၀,၀၀၀)ခန့်၊ ဒေါ်မိုးနှင်းစိုး တို့ကိုင်ဆောင်သည့် Redmi ဖုန်း (၂)လုံး၊ OPPO ဖုန်း (၁)လုံး၊ Huawei ဖုန်း (၁)လုံးတို့အား ယူဆောင်ပြီး ဒေါ်မိုးနှင်းစိုး ပါ (၃)ဦး အား အခန်းအနောက်ရှိ ရေချိုးခန်းအတွင်းသို့ ထည့်၍ မှန်ဘောင်ဖြင့် ပိတ်ထားကာ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း၊ ဒေါ်မိုးနှင်းစိုး တို့မှ တံခါးအား တွန်းဖွင့်၍ ထွက်ခဲ့ပြီး သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့်
တရားခံဖမ်းဆီးရမိရေး ပူးပေါင်းအဖွဲ့များဖြင့် ပိတ်ဆို့ရှာဖွေ စိစစ်လျက်ရှိကြောင်း သတင်းရရှိပါတယ်။