Lydia Support Myanmar @lydiasupportmyanmarbydkt Channel on Telegram

Lydia Support Myanmar

@lydiasupportmyanmarbydkt


လေဒီတို့ သိချင်တာတွေမေးနိုင်ဖို့ Lydia Support Myanmar နဲ့ ချိတ်ဆက်လိုက်ပါ

Lydia Support Myanmar (Burmese)

လေဒီတို့ သိချင်တာတွေမေးနိုင်ဖို့ Lydia Support Myanmar နဲ့ ချိတ်ဆက်လိုက်ပါ။ ယခုချိတ်ဆက်လိုက်တာသည် လေဒီတို့ မြန်မာနိုင်ငံတွင်မှ အသုံးပြုပြီး လျှောက်ထားသော အဆင့်မြှင့်ရှိလုပ်နိုင်သည်။ ဤကားဘုတ်သည် Lydia အစီအစဉ်သည် လျှောက်ထားသော စာအုပ်ကို မြှင့်လင်းအိမ်ထောင်သည်။ Lydia Support Myanmar ကာဘာသာလ်များ နှင့် အင်္ဂါရှင်များအတွက် အဆင့်အနည်းတက်သော သုံးသပ်ချက်များကို ပြုပြင်ခွင့်ပေးသည်။ ဤအက်ဆုံးသည် ပုံသဏ္ဌာန် လောင်း်ဖိတ်စာဥစ္စာတို့ ဆီကွက်လွန့်ပြင်ဗျနေဉ်နွွံအတ်ဆုတို့ အဓိပ္ပုချင်းအက်ဒဿဇွဲဉ်မေးနိဂ္နြဉွင့်လိုက်ဂ္ဣနေံ၊ အဓိအဓေဂါ၊ နဃမ္ခနဂ္မေးနီ့ထုနိုဃ္နှစအနေဠ် ပင့်တုအငှစအဥခ္ခိတ်ကာဗျှေးဃီဂထေနာန၊ အဥ၊ တီဂ္ဴးအငှစအ်ကနက်ပြင်ကိနိက်ပြဦဂထီဂိဳဒါ။

Lydia Support Myanmar

22 Oct, 06:53


သတင်းကောင်းပါရှင့်

Lydia 1SafePill (လေဒီယာ ဝမ်းဆေ့) ကို အမြို့မြို့ အနယ်နယ်က ဆေးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါပြီ။ ဒါအပြင် G&G, Capital , U Han Tin , Medicare ,City Express, City Care, One Stop Mart, Su Lub Pharmacy, Orchid Pharmacy, 365 Pharmacy, Shwe Oh , Easy Mart , Life Plus နဲ့ Aeon Orange တို့မှာလဲ အလွယ်တကူ ဝယ်ယူလို့ ရနေပါပြီရှင့်။

အထူးသတိပြုစေလိုတာကတော့ လေဒီယာ အမှတ်တံဆိပ် အရေးပေါ်သောက်ဆေးဟာ Lydia1SafePill အဖြူရောင်တစ်လုံးတည်းဆေး တစ်မျိုးတည်းရှိပါတယ်နော်။ အတုအပအထူး သတိပြုလိုပါတယ်။

Lydia Support Myanmar

19 Aug, 02:52


လေဒီတို့ရေ 💕

လေဒီတို့လည်း ကြုံဖူးသလို အမျိုးသမီးတိုင်းလိုလိုလည်း မိန်းမကိုယ် ယားယံခြင်းကို တစ်ချိန်မဟုတ်တစ်ချိန် ကြုံတတ်ကြပါတယ်။🩷

လေဒီတို့အနေနဲ့ မိန်းမကိုယ်ကို နည်းမှန်လမ်းမှန်နဲ့ ဘယ်လိုသန့်ရှင်းသင့်တယ်။ မိန်းမကိုယ်ယားယံခြင်း မဖြစ်ပေါ်အောင် သတိထားသင့်တဲ့ အချက် (၇) ချက်ကို ပြောပြပေးသွားပါမယ်။🩷

(၁) မိန်းမကိုယ်ယားယံခြင်းကို ခံစားနေရရင် ရေနွေးနွေးလေးနဲ့ ချိုးပါ။

(၂) ပေါင်ခြံနဲ့ မိန်းမကိုယ်တဝိုက်ကို သန့်ရှင်းခြောက်သွေ့အောင်ထားပါ။

(၃) အပေါ့အလေးသွားပြီး ရေသုံးတဲ့အခါ အရှေ့ကနေ အနောက်ကိုပဲ သန့်စင်ပါ။

(၄) ဆေးကြောတဲ့အခါမှာ ဓာတုပစ္စည်းမပါ၊ အရောင်တုမပါပဲ အမွှေးနံ့မပြင်းတဲ့ အမျိုးသမီးသန့်စင်ဆေးရည်နဲ့ ဆေးကြောပါ။

(၅) ရာသီရာစဉ် အမျိုးသမီးသုံးပစ္စည်းကို(၆)နာရီကြာ ပုံမှန်လဲပေးပါ။

(၆) အတွင်းခံကို သန့်သန့်ရှင်းရှင်း လျော်ဖွတ်ဝတ်ဆင်ပါ။

(၇) ညအိပ်ချိန်မှာ အတွင်းခံချွတ် အိပ်ပါ။

အစရှိတဲ့ အချက်လေးတွေကို သတိပြုလိုက်နာပေးမယ်ဆိုရင် မိန်းမကိုယ်ယားယံခြင်းဝေဒနာကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

#lydia #lydiamyanmar #လေဒီယာ #သင့်အနာဂတ်သင့်ဆုံးဖြတ်ချက်

Lydia Support Myanmar

14 May, 07:41


အပြည်ပြည်ဆိုင်ရာ အမေများနေ့ အမှတ်တရ အနေနဲ့ လေဒီယာ မေမေတို့ က အမေတစ်ယောက်ရဲ့ ဖြစ်တည်မှုကို မည်သို့မည်ပုံဂုဏ်ယူကြောင်းမျှဝေရင်း Giveaway လေးယူကြမယ်🎉

အသေးစိတ်သိဖို့ကိုတော့ Dr.မာမီ ရဲ့ အမေများနေ့ အမှတ်တရ Video လေးကို ဝင်ကြည့်လိုက်တော့နော် 💕
https://www.facebook.com/share/v/CyoYb7HkBMKe2nbX/?mibextid=WC7FNe

Lydia Support Myanmar

09 May, 08:18


Lydia Support Myanmar pinned «ပြီးခဲ့သော ၆ လတွင်း သားဆက်ခြားနည်းလမ်း တစ်ခုခု(သောက်ဆေး၊အရေးပေါ်တားဆေး၊ထိုးဆေး၊ကွန်ဒုံး) ဝယ်ခဲ့ပါသလား ?»

Lydia Support Myanmar

08 Mar, 12:19


International Women’s Day အထိမ်းအမှတ် “အမျိုးသမီး” စကားဝိုင်းလေး စတင်ပါပီရှင့် ။

https://www.facebook.com/share/v/iR1Re6Gnac2DD6TY/?mibextid=WC7FNe

Lydia Support Myanmar

08 Mar, 08:29


လေဒီယာ လေဒီတို့ရေ
လာမယ့် သောကြာနေ့ မတ်လ ၈ ရက်နေ့ဟာ International Women’s Day ကမ္ဘာ့အမျိုးသမီးများနေ့ပဲ ဖြစ်ပါတယ်။ ဒီနှစ်ရဲ့ ခေါင်းစဉ်လေးကတော့ “Inspire Inclusion” ဖြစ်ပါတယ်ရှင့်။ လေဒီယာ အနေနဲ့ ဒီနှစ်ရဲ့ International Women’s Day ကိုဂုဏ်ပြုသောအားဖြင့် “ အမျိုးသမီး” ဆိုတဲ့ ခေါင်းစဉ်နဲ့ စကားဝိုင်းကို စီစဉ်ထားပါတယ်။ ဒီစကားဝိုင်းမှာတော့ Lydia Myanmar မှ Dr. Su Mon Thaw နဲ့ မဝင်းမင်းသန်း (Win Min Than)တို့က ကိုယ်ပိုင်အတွေ့ အကြုံ တွေနဲ့ ယှဉ်ပြီး ဆွေးနွေးပြောပြပေးမှာပဲဖြစ်လို့ လာမယ့် သောကြာနေ့ ညနေ ၆:၃၀ မှာ စောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင့်။

#LydiaMyanmar
#InternationalWomenDay2024

Lydia Support Myanmar

15 Feb, 04:48


ချစ်တတ်တဲ့သူတိုင်း ရင်ခုန်ကြတဲ့ Valentine’s Day ရောက်လို့လာပါပီနော် ….❤️

လေဒီတို့ အတွက်ပျော်ရွှင်ရတဲ့ Valentine’s Day ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်….🥰

❤️ လေဒီယာ အနေနဲ့ ဒီနှစ် Valentines’ Day မှာ ချစ်တတ်တဲ့ သူတိုင်းအတွက် အစီအစဉ်လေးတစ်ခု လုပ်ပေးထားပါတယ်။

👉 ဒီအစီအစဉ်လေးကတော့ ကိုယ်ချစ်တဲ့ သူကို မန်းရှင်းခေါ်ပြီး သူကိုယ့်ဘဝထဲမှာ ရှိနေတာကျေးဇူးတင်ကြောင်း ပြောပေးဖို့ပါပဲ။

❤️ ဘယ်သူ့ကို ချစ်ချစ် အားလုံးကို ချစ်လို့ရပါတယ်။

👉 ဒီအစီအစဉ်လေးမှာ ပါဝင်ဖို့ဆိုရင် …

(1) Lydia Myanmar Page ကို Like & Follow လုပ်ပါ။
(2) အခုပိုစ့်ကို Public နဲ့ Share ပေးပါ။
(3) အခု Post ရဲ့ Comment မှာ ကိုယ်ချစ်တဲ့သူကို သူကိုယ့်ဘဝထဲမှာ ရှိနေတာကျေးဇူးတင်ကြောင်း ပြောပေးဖို့ပါပဲ။

👉 ဒီလို ပါဝင်ခဲ့ကြတဲ့သူတွေအားလုံးထဲက ကံထူးသူ (၂၀) ဦးကို ရွေးချယ်ပြီး ဖုန်းဘေလ်(၁၀,၀၀၀) စီ လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်...💞💞

👉 ဒီအစီအစဉ်လေးက ဖေဖော်ဝါရီ (19) ရက်နေ့ အထိပြောလို့ရတယ်ဆိုတော့ ကိုယ်ချစ်တဲ့သူကို ချစ်တဲ့အကြောင်းပြောပြီး ဖုန်းဘေလ်လက်ဆောင်ယူဖို့ ခုပဲပါဝင်လိုက်ဝောာ့...

Lydia Support Myanmar

07 Feb, 14:54


အချစ်တွေကို သက်သေပြရတော့မယ့် Valentine’s Day ရောက်တော့မယ်ဆိုတော့ လေဒီတို့ ကြိုတင်ပြင်ဆင် သင့်တာတွေ ပြင်ဆင်ဖို့ အချိန်ရောက်ပါပြီနော်… 🩷ရင်ခုန်စိတ်လှုပ်ရှားနေရင်း မလိုလား အပ်တဲ့ ကိစ္စတွေမဖြစ်လာအောင် လေဒီယာ ဝယ်ဖို့ မေ့မသွားဖို့ကလည်း အရေးကြီးပါတယ်။

လေဒီယာမှာ သားဆက်ခြားနည်းလမ်းတွေ အများကြီးရှိတဲ့ထဲက ကြိုတင်ပြင်ဆင်ဖို့အတွက် နေ့စဉ်သောက်ဆေးကို ရွေးချယ်ထားတယ်ဆိုရင်တော့ လေဒီယာ ဖိုင်း (Fine) နဲ့ ကလျာ (Clair) ရှိပါတယ်။ 🩷

နေ့စဉ်သောက်ဆေးကို သောက်မယ်ဆိုရင်တော့ အနည်းဆုံး (၇) ရက် ကြိုသောက်ပေးရပါမယ်။
ဒါကြောင့်လေဒီတို့ ဒီနေ့က စသောက်နော်…

📌 လေဒီတို့ထပ်မံသိရှိလိုတာတွေကို Page Chatbox မှာ အသေးစိတ်လာရောက်မေးမြန်းနိုင်ပါတယ်။

Lydia Support Myanmar

06 Feb, 10:16


လေဒီတို့ရေ…..
လေဒီယာမှာ အန်ဒလန် (Andalan) သုံးလခံထိုးဆေးရှိတယ်ဆိုတာ သိလား

လေဒီယာမှာ သားဆက်ခြားနည်းလမ်းတွေ အများကြီးရှိတယ်။ အဲ့ဒီထဲမှာ လေဒီယာအန်ဒလန် (Andalan) သုံးလခံထိုးဆေးလည်းပါတယ်။

လေဒီယာ အန်ဒလန် ( Andalan ) က နာကျင်မှုကို သက်သာစေတဲ့ Formula နဲ့ ထုတ်လုပ်ထားပါတယ်။

ဆရာဝန်ရဲ့ထောက်ခံမှုကို အပြည့်အဝရရှိထားလို့ နီးစပ်ရာ ဆေးခန်းတွေမှာ ဆရာဝန်နဲ့ တိုင်ပင်ပြီး ထိုးနှံနိုင်ပါတယ်။

⭐️ ဆေးခန်းတွေမှာ လေဒီယာ အန်ဒလန် ( Andalan) သုံးလခံထိုးဆေး ထိုးပေးပါလို့ ပြောလိုက်ရုံပါပဲ။👌

Lydia Support Myanmar

17 Jan, 12:05


Lydia Live လေးကြည့်ရင်း ဖုန်းဘေလ် ကံစမ်းကြမယ် 🎉
https://www.facebook.com/share/v/ahMAcZum2UpT1RGg/?mibextid=WC7FNe

Lydia Support Myanmar

17 Jan, 10:18


လေဒီတို့ရေ
ပျော်ရွှင်စရာ မိသားစု ကမ္ဘာလေးရဲ့ အခြေခံအုတ်မြစ်ကတော့ ကောင်းမွန်စွာ‌ရေးဆွဲထားတဲ့ မိသားစုစီမံကိန်းဆိုလဲ မမှားပါဘူး😍
အိမ်ထောင်ပြုပြီး နောင်သုံးနှစ် လေးနှစ်နေမှ သားသမီးယူဖို့ အတွက် စီမံကိန်းရေးဆွဲထားတဲ့ ‌လေဒီတို့ အတွက် နေ့တိုင်း ဆေးသောက်စရာ မလို ဆေးထိုးဖို့ ရက်ချိန်းကျော်သွားမှာတို့ကိုစိုးရိမ်စရာ မလိုပဲ ရေရှည်စိတ်ချလက်ချနေလို့ရတဲ့ ရွေးချယ်စရာသားဆကိခြားနည်းလမ်းတွေထဲကလေဒီယာ ရဲ့ Implanex II ကို မှ သတိရစေချင်ပါတယ်။👨‍👩‍👧
📌 Lydia ရဲ့ Implanex ll က လက်မောင်းထဲ ထည့်ထားရုံနဲ့ (၄) နှစ်အထိ ၉၉% ကိုယ်ဝန်တားပေးနိုင်လို့ အလုပ်ရှုပ်သက်သာပြီး စိတ်ချရတဲ့ သားဆက်ခြားနည်းလမ်းလေးပဲဖြစ်လို့ "ရေရှည်ဆို Implanex ll နဲ့မှစိတ်ချရမယ်“
လေဒီယာ Implanex II ထည့်ဖို့အတွက် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေကိုသွားရောက်ပြီး ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

Lydia Support Myanmar

10 Jan, 15:51


Lydia Myanmar အနေနဲ့ လစဥ်လတိုင်း လေဒီတို့တွက် စီစဥ်တင်ဆက်ပေးနေတဲ့ Live Talk အစီအစဥ်ပြန်လည်ရောက်ရှိလို့လာပါပြီ။ဒီတစ်ခေါက်မှာ တော့ Honest Hour နဲ့ Lydia Myanmar တို့ပူးပေါင်းပြီး " Trauma Healing အကြောင်းဆွေးနွေးကြမယ် "ဆိုတဲ့ ခေါင်းစဥ်ကို လေဒီတို့ ရဲ့ အချစ်တော် မဝင်းမင်းသန်း (Win Min Than ) နဲ့ Honest Hour မှ Counsellor Ma Su Lay တို့က ကိုယ်ပိုင် အတွေ့အကြုံ များနဲ့ ယှဥ်ပြီး ဆွေးနွေးပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ သတင်းကောင်းအနေနဲ့ Live ကြည့်ရှုသူထဲကမှ ၁၀ ယောက်ကို ရွေးချယ်ပြီး ဖုန်းဘေလ် များ ကံစမ်းပေးမှာ ဖြစ်သလို Honest Hour ရဲ့ Promo Code များကိုလဲ Live ကြည့်ရှု ရင်း ရယူနိုင်မှ ဖြစ်လို့ လာမယ့် ၁၇ ရက်နေ့ ညနေ ၆း၃၀ မှာ စောင့်မျှော်ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ #LydiaMyanmar #LydiaLiveTalk #trauma #healing

Lydia Support Myanmar

09 Jan, 10:19


လေဒီတို့
ချစ်သူနဲ့အတူ ကြည်နှုးစရာကောင်းတဲ့ အချိန်တွေကိုလွတ်လွတ်လပ်လပ် ဖြတ်သန်းပြီးရင်တော့ မနက်ဖြန်တိုင်းမှာ စိတ်ချရအောင် လေဒီယာ 1 Safe Pill ကို သောက်ဖြစ်ဖို့တော့လိုပါတယ်...💞

အရက်သောက်ထားလည်း သောက်လို့ရပါတယ်၊ ကော်ဖီတို့ Juice တို့သောက်ထားလည်း သောက်လို့ရပါတယ်။
အဓိက က သောက်ဖြစ်ဖို့ပဲလိုတာပါ...🍹

🕛 တစ်လုံးတည်းနဲ့ စိတ်ချရတဲ့ Lydia 1 Safe Pill ကို (၇၂) နာရီအတွင်း အချိန်မီသောက်ပေးဖို့တော့ မမေ့နဲ့နော်

Lydia Support Myanmar

08 Jan, 09:25


လေဒီယာနေ့စဉ်သောက်ဆေး (၃) မျိုးထဲကမှ လေဒီယာ ကလျာကတော့ (၂၁) လုံးပါတဲ့ဆေးကဒ်ဖြစ်တဲ့အတွက် ဆေးကဒ်တစ်ကဒ်ကုန်အောင်သောက်ပြီးတာနဲ့ နောက်တစ်ကဒ် တန်းသောက်စရာမလိုဘဲ ကြားမှာ (၇) ရက်ခြားရပါတယ်...

ဒီဆေးမသောက်ရတဲ့ ကြား (၇) ရက် မှာ အတူနေမယ်ဆို စိတ်ချရလား၊ အကာအကွယ် သုံးရမလား ဆိုပြီး လာမေးတဲ့မေးခွန်းတွေအတွက် ယာယာကဖြေပေးချင်ပါတယ်။

ဒီ ကြား (၇) ရက်မှာ အတူနေမယ်ဆိုစိတ်ချလက်ချ နေလို့ရပါတယ်။ ဆေးသာနားလိုက်ဖို့လိုတာပါ။ အတူနေဖို့ကိုတော့ နားစရာမလိုပါဘူး 🙅‍♀️

(၇) ရက်ခြားပြီးတဲ့အခါ ဆေးကဒ်အသစ်ကိုပြန်စသောက်ဖို့ နဲ့ နေ့တိုင်းအချိန်မှန်သောက်သွားဖို့ကိုတော့ မမေ့နဲ့နော်...

ခုမှစသောက်မယ့် လေဒီတို့အတွက်လည်း လေဒီယာကလျာကိုသောက်မယ်ဆိုရင် ရာသီလာတဲ့နေ့ကနေ (၅) ရက်အတွင်း စသောက်လို့ရပါတယ်။ တကယ်လို့ ကိုယ်အဆင်ပြေတဲ့အချိန်ကနေ စသောက်မယ်ဆိုရင်တော့ တစ်ပတ်အတွင်း အတူနေမယ်ဆို အကာအကွယ်သုံးပေးဖို့လိုပါတယ်။

Lydia Support Myanmar

26 Dec, 05:29


Lydia Fine က ရာသီရက်ရွှေ့လို့ရတယ်ဆိုတာ သိပြီးပြီလား 👀

🗓 Lydia Fine သောက်နေတဲ့လေဒီတို့အနေနဲ့ ပိတ်ရက်တွေမှာ ခရီးလည်းသွားချင်တယ်၊ သွားမယ့်နေ့ကလည်း
ရာသီလာမယ့်ရက်နေ့ ကွက်တိဖြစ်နေလို့ လွတ်လွတ်လပ်လပ် မသွားရဘဲ စိတ်အနှောင့်ယှက်ဖြစ်မှာ စိတ်ပူနေတယ်ဆို Lydia Fine နဲ့ ရာသီရက်ကို ကိုယ်လိုတဲ့အချိန်ထိ ရွှေ့လို့ရတယ်နော်...

🗓 ရာသီရက်ရွှေ့ဖို့လိုလာတဲ့အခါ နောက်ဆုံးက အညိုတန်းကို မသောက်ဘဲ နောက်ထပ်ဆေးကဒ်အသစ်ကို
ပြန်စသောက်မယ်ဆိုရင် ရာသီရက်ကိုရွှေ့သွားစေမှာ ဖြစ်ပါတယ်...

ဒါဆို Lydia Fine နဲ့အတူ ရာသီရက်ကို ကိုယ်လိုတဲ့အချိန်ထိရွှေ့ရင်း ပေါ့ပေါ့ပါးပါး ခရီးတွေစိတ်ကြိုက်ထွက်လိုက်တော့ကွာ 😍

Lydia Support Myanmar

22 Dec, 09:30


အလုပ်မရှုပ်ချင်တဲ့ လေဒီတွေ၊ ဆေးသောက်ဖို့ မေ့တတ်လွန်းလို့ ဘာဆေးမှ မသောက်ဖြစ်တဲ့ လေဒီတို့ အတွက် IUD နဲ့ မှ ကွက်တိကျတာ။

👉 IUD က တစ်ခါထည့်ထားရင် ရက်ပေါင်း (၃၆၅၀) အေးဆေးနေလို့ရတဲ့ နှစ်ရှည်ခံ သားအိမ်တွင်းထည့် သားဆက်ခြားနည်းလမ်းဖြစ်ပါတယ်။

👉 သားသမီးပြန်ယူတော့မယ်ဆိုလည်း ချက်ချင်းပြန်ထုတ်လိုက်တာနဲ့ သားသမီးပြန်ရနိုင်ပါတယ်။

📌 (၅) နှစ်ကနေ (၁၀) နှစ်အထိ အမျိုးအစားတွေရှိတာကြောင့် လေဒီတို့ စိတ်ကြိုက်ရွေးချယ်အသုံးပြုနိုင်ပါတယ်။

📌 ဒီလိုအားသာချက်ရှိတဲ့ လေဒီယာရဲ့ IUD ကို ထည့်မယ်ဆိုရင် ဆရာဝန်နဲ့ သွားရောက်ဆွေးနွေးနိုင်ပါတယ်။

Lydia Support Myanmar

21 Dec, 12:30


Lydia Live Talk “ New Year’s Resolution “ စတင်ပါပြီ။ Live ကြည့်ရင်း ဖုန်းဘေလ်လေးတွေ ကံစမ်းကြရအောင်နော် https://www.facebook.com/share/v/DjqUYR4BNgs1mspi/?mibextid=WC7FNe

Lydia Support Myanmar

20 Dec, 09:26


လေဒီယာ လေဒီတို့ရေ သိပ်မကြာတော့တဲ့ အချိန်မှာတော့ ၂၀၂၃ ကုန်ဆုံးပြီး နှစ်သစ် ၂၀၂၄ ကို ကူးပြောင်းတော့မှာ ပဲ ဖြစ်ပါတယ်။ နှစ်တစ်နှစ်ကုန်ဆုံးပြီးနောက်နှစ် တစ်ခုကို မကူးပြောင်းခင်မှာလေဒီတို့ အနေနဲ့ နှစ်ဟောင်းကမိမိကိုယ်မိမိ ပြန်လည်သုံးသပ် (Self Reflection) လုပ်ပြီး နောက်တစ်နှစ်မှာ ပိုမိုကောင်းမွန်တဲ့ Better Version တွေဖြစ်ဖို့ အတွက် လေဒီယာ က လာမယ့် ၂၁ ရက်နေ့ ကြာသပတေးနေ့ ည မှာ "New Year's Resolution" အမည်ရှိတဲ့ Live Talk တစ်ခုကို စီစဥ်ထားပါတယ်. ။ အဆိုပါ Live Talk မှာတော့ Purple Feminists Group ရဲ့ ပဲ့ကိုင်ရှင် Ma Nandar နဲ့ Tea Talk with Thiri Soe ရဲ့ ပဲ့ကိုင်ရှင် Ma Thiri Soe တို့က ကိုယ်တိုင် ကိုယ်ပိုင် အတွေ့အကြုံ များနဲ့ ယှဥ◌်ကာပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒါအပြင် နှစ်သစ်ကူးလက်ဆောင် အနေနဲ့ လေဒီယာက New Year's Resolution Live ကို Like and Share လုပ်ပေးတဲ့ ကြည့်ရှု သူတွေထဲမှာ ၁၀ ယောက်ကို ဖုန်းဘေလ် ၁၀,၀၀၀ ဆီ မဲဖောက်ပေးမှာ ဖြစ်လို့ စောင့်မျှော်ကြည့်ရှု ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင့် #LydiaMyanmar #LydiaLiveTalk #newyearresolution

Lydia Support Myanmar

08 Dec, 09:59


ရာသီစက်ဝန်းကို ပုံမှန်လည်ပတ်တာမျိုးကိုပဲ လိုချင်တဲ့လေဒီတို့အတွက် Lydia ရဲ့ နေ့စဉ်သောက် သားဆက်ခြားဆေးကဒ်တွေ ကို ရွေးချယ်နိုင်ပါတယ်။♥️

Lydia နေ့စဉ်သောက် ဆေးကဒ်တွေထဲမှာမှ Fine သောက်ဆေးကဒ်ဟာဆိုရင် နေ့စဉ်အချိန်မှန်မှန်သောက်သုံးမယ်ဆို ၉၉% အထိ ကိုယ်ဝန်တားပေးနိုင်တဲ့အပြင် ဓမ္မတာလာတဲ့အချိန် နာကျင်ကိုက်ခဲမှုတွေကိုပါ သက်သာစေနိုင်ပါတယ်။♥️

👉 ဒါဆို ရာသီစက်ဝန်းကို ပုံမှန်ဖြစ်ချင်လို့ ဆေးပဲသောက်မယ်ဆိုတဲ့ လေဒီတို့အတွက် Fine ကိုသာ ရွေးချယ်လိုက်ပါ။

အချိန်မှန်မှန်သောက်ဖို့က အရေးကြီးတာဖြစ်လို့ သေချာလေးဂရုစိုက်သောက်ပေးဖို့တော့လိုပါတယ်...

1,670

subscribers

51

photos

1

videos