မန္တလေး၊ အောက်တိုဘာ ၁၉
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်း၊ သိပ္ပံလမ်းနှင့် ငုရွှေဝါလမ်းကြားရှိ တရုတ်ကောင်စစ်ဝန် ရုံးအတွင်းသို့ စစ်သွေးကြွ PDF အဖွဲ့ဝင်များက ဗုံးဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားသည်။
အောက်တိုဘာလ (၁၈)ရက် ညနေ (၅)နာရီ (၄၅)မိနစ်အချိန်က တရုတ်ကောင်စစ်ဝန်ရုံးကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ဗုံးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှု ဖြစ်ပွါးခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် တရုတ်ကောင်စစ်ဝန်ရုံးအနီးရှိ လမ်းများကို ယာယီပိတ်ထားပြီး ဗုံးဖြင့် ပစ်ခတ်သွားသည့် စစ်သွေးကြွ PDF အဖွဲ့ဝင်များကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှ်နေသည်။
အလားတူ NUG အုပ်စုများသည် ပြည်ပနိုင်ငံ အသီးသီးရှိ တရုတ်သံရုံးများ၌ မကြာခဏ ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။
Photo- ပုံဟောင်း
#PeopleMedia