Myanmar News 🇲🇲 @kokhantnews Channel on Telegram

Myanmar News 🇲🇲

@kokhantnews


Myanmar News 🇲🇲 (English)

Are you passionate about staying up to date with the latest news and updates from Myanmar? Look no further than the Myanmar News Telegram channel! With the username @kokhantnews, this channel is your go-to source for all things related to Myanmar, including politics, culture, entertainment, and more. Whether you are a resident of Myanmar or simply interested in learning more about this beautiful country, this channel has got you covered.nnThe Myanmar News channel provides timely and reliable information on a wide range of topics, ensuring that you are always in the know about what is happening in Myanmar. From breaking news stories to in-depth analysis, this channel offers a comprehensive view of current events in the country.nnWho is it for? Anyone with an interest in Myanmar will find value in this channel. Whether you are a journalist, academic, student, or simply a curious individual, the Myanmar News channel is a must-follow for keeping abreast of developments in Myanmar.nnWhat is it? The Myanmar News channel is a dedicated platform for sharing news and updates about Myanmar. With a focus on providing accurate and timely information, this channel serves as a reliable source for anyone interested in staying informed about the country.nnDon't miss out on the latest news from Myanmar – join the Myanmar News Telegram channel today and stay informed about this fascinating country!

Myanmar News 🇲🇲

18 Dec, 10:34


The account of the user that owns this channel has been inactive for the last 5 months. If it remains inactive in the next 29 days, that account will self-destruct and this channel may no longer have an owner.

Myanmar News 🇲🇲

18 Oct, 01:41


အားလုံး မင်္ဂလာရှိကြပါစေ။

တိုင်းပြည်အခြေအနေလည်း အရင်လောက်မဆိုးတော့ဘူး။ ဒါကြောင့် ဘာမှမတင်ဖြစ်တာပါ။

ဝေဖန်လေကန်ရေးတွေ လျှော့ပြီး အလုပ်ပြန်လုပ်ကြရမယ့်အချိန်ရောက်ပြီလေ။

လူငယ်တွေ အတတ်ပညာသင်ပြီး အလုပ်ကိုအင်တိုက်အားတိုက်လုပ်ရမယ်။ လူကြီးတွေလည်း ကုသိုလ်အလုပ်လုပ်ကြပါ။

ကိုမျိုးဝင်းထောင်အချခံလိုက်ရတယ်ကြားကတည်းက ဘာမှဝင်ပြီး ဝေဖန်လေကန်လိုစိတ်မရှိတော့တာ၊ အင်တာနက်လျှော့သုံးတော့လည်း တော်တော်အေးချမ်းတယ်။

Video လေးကတော့ Facebook မှာ ခုတလောတွေ့တွေ့နေရလို့ YouTube မှာသွားရှာထားတာ။ ခိုင်မာလွင်တဲ့။ အကကောင်းတယ်။ သီချင်းလေးလည်း ကောင်းတယ်။

Myanmar News 🇲🇲

20 Sep, 03:39


ဘယ်လိုအဆုံးသတ်ပါစေ ကမ္ဘာကြီးက အရင်ပုံစံအမေရိကန်တစ်နိုင်ငံတည်းရဲ့ကမ္ဘာကြီးတော့ မဖြစ်နိုင်တော့သလို ပုံမှန်တိုးတက်နေတဲ့ဥရောပဆိုတာမျိုး မဖြစ်နိုင်တော့ဘူး။ ကမ္ဘာ့စီးပွားရေးဗဟိုချက် အာရှဖက်ရောက်လာပါလိမ့်မယ်။ တစ်ဖက်ဖက် (ရုရှားက Underdog ဖြစ်နေတော့ ဥရောပဖက်ကစညှိရမယ်ထင်တယ်) က အလျော့ပေးလိုက်ရင်တော့ ပုံစံတစ်မျိုးဖြစ်သွားနိုင်တယ်။

မိုးတင့်(ရန်ကုန်တက္ကသိုလ်)
၁၅၊၉၊၂၀၂၂

Myanmar News 🇲🇲

20 Sep, 03:39


“GameChange ပုံပြောင်းပွဲ”

ရုရှားယူကရိန်းစစ်က တဖြေးဖြေးနဲ့ Game change ဆိုတဲ့ ပုံပြောင်းပွဲပုံစံဖြစ်လာတယ်။ ယူကရိန်းစစ်ကိုစတိုက်တဲ့အချိန်မှာ ရည်ရွယ်ချက်နဲ့တုန့်ပြန်မှုတွေကတစ်မျိုးဖြစ်ပြီး အခုနောက်ဆုံးတဖြေးဖြေးပုံသဏ္ဍန်ကော အနှစ်သာရကော ပြောင်းလာတယ်။ အစက ယူကရိန်းကိုသင်္ခန်းစာပေးပြီး Regime change လောက်အထိသာ ထင်မှတ်ခဲ့ရပြီး အခုတော့ ကမ္ဘာ့ချိန်ခွင်လျှာပါ အပြီးပြောင်းမယ့်ပွဲလို ဖြစ်လာတယ်။ အနောက်အုပ်စုက ရုရှားကို ဒီတစ်ခေါက်အပြီးရိုက်ချတော့မယ်ဆိုတဲ့ပုံစံနဲ့ ကိုယ်ပါအနာခံပြီး လောင်းကြေးထပ်လာသလို ရုရှားဖက်ကလည်း အနောက်အုပ်စုလောင်းကြေးအတိုင်း ပုံပြောင်းပွဲပုံစံ ဆက်လိုက်လာတယ်။

အနောက်အုပ်စုဖက်က အိပ်သွန်ဖာမှောက် အကုန်လောင်းကြေးထပ်ထားပြီးသလိုဖြစ်နေပြီး ရုရှားဖက်မှာ တရုတ်နဲ့ အိန္ဒိယဆိုတဲ့ ဖဲနှစ်ချပ်ကျန်နေသေးတယ်။ အမေရိကန်က တရုတ်ကို ထိုင်ဝမ်နဲ့ပွဲလုပ်ပြီး ရုရှားမှာဝင်မပါနိုင်ဖို့လုပ်ခဲ့ပေမယ့် တရုတ်က ထိုင်ဝမ်ပွဲကိုမကခဲ့ဘူး။ တရုတ်ရဲ့ရည်ရွယ်ချက်က ကိုယ်တိုင်ဝင်မကစားပဲ ရုရှားဖက်ကဘေးထိုးပေးမယ့်သဘော တွေ့ရပါတယ်။ ၁၅ ရက်နေ့က ရုရှားသမ္မတနဲ့တရုတ်သမ္မတတို့ ဥဇဘက်ကစ္စတန်မှာတွေ့ဆုံမယ့်ပွဲရဲ့ ဆွေးနွေးမယ့်အကြောင်းအရာတွေက ယူကရိန်းစစ်နဲ့ ထိုင်ဝမ်ကိစ္စဆွေးနွေးမယ်လို့ အတိအလင်းကြေငြာထားတယ်။ ဒါကြောင့် ယူကရိန်းရုရှားစစ်မှာ တရုတ်ပါဝင်ပတ်သက်မှုရှိလာနိုင်တယ်။

အိန္ဒိယက အမေရိကန်ဦးဆောင်တဲ့ အင်ဒိုပိစိဖိတ်စီးပွားရေးဖိုရမ်အဖွဲ့ IPEF ကနေ စက်တင်ဘာ ၁၅ နေ့ကနှုတ်ထွက်ခဲ့တယ်။ အဲ့ဒီကထွက်ပြီး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးအစည်းအဝေးကို အိန္ဒိယဝန်ကြီးချုပ်မိုဒီတက်ဖို့ လုပ်ဆောင်လာတယ်။ ဒါကိုကြည့်ရင် အိန္ဒိယက လတ်တလောပိုအကျိုးဖြစ်မှာသေချာတဲ့ အရှေ့အုပ်စုဖက်ကိုရွေးချယ်မယ်လို့ သုံးသပ်လို့ရတယ်။

ရုရှားတစ်နိုင်ငံတည်းနဲ့ အနောက်အုပ်စုကို ယူကရိန်းမှာယှဉ်နေတာ ရုရှားကနျူလက်နက်မသုံးဘူးဆိုရင် ကြာရင်ရှုံးသွားပါလိမ့်မယ်။ တကယ်လို့ တရုတ်သာ ရုရှားဖက်ပူးပေါင်းလာရင်တော့ အဖြေတစ်မျိုးပြောင်းလာနိုင်တယ်။ အနည်းဆုံး အချိန်ပိုကြာကြာ စစ်တိုက်နိုင်မှာပေါ့။ ဒါလည်းဗျူဟာလိုပါအုံးမယ်။ လက်ရည်တူရုံသာရှိသေးတဲ့အတွက် အကွက်ရွေ့မှားတဲ့ဖက် စားခံရမှာပဲ။

အမေရိကန်ဖက်က ဒေါ်လာရယ် Swift ရယ်ကိစ္စမှာ အသာရထားပြီး ရုရှားဖက်က ရေနံနဲ့တရားဝင်စစ်တိုက်ခွင့်ရထားတယ်။ သဘောက စစ်ပွဲအတိုးအဆုတ်ကို ရုရှားဆုံးဖြတ်ပိုင်ခွင့်ရှိနေတယ်။ ရူဘယ်လ်နဲ့ယွမ်ကို အချိုးကျကျလှုပ်ရှားနိုင်ရင် ဒေါ်လာကိုမနိုင်တောင် ခြေရည်တူကစားနိုင်လိမ့်မယ်။ ရုရှားဖက်မှာ အိန္ဒိယနဲ့နိုင်ငံတချို့ရှိနေနိုင်သေးတယ်။ ရုရှားရဲ့ဝင်ငွေနဲ့လိုအပ်ချက်တွေကို အိန္ဒိယနဲ့တချို့နိုင်ငံတွေကလည်း ဖြည့်ပေးနိုင်ပါတယ်။ ဥပမာ အီရန်တို့ မြောက်ကိုရီးယားတို့လည်း လိုအပ်ရင်ရုရှားကိုပံ့ပိုးနိုင်တယ်။ ဘာလို့ဆို အဲ့ဒီနိုင်ငံတွေက အမေရိကန်ကိုကြည့်မရကြဘူးလေ။

ယူကရိန်းစစ်ရဲ့အမြင့်ဆုံး Tempo က ဥရောပဆောင်းရာသီမှစပါလိမ့်မယ်။ ဥရောပနိုင်ငံတွေက ပြည်သူတွေရဲ့သည်းခံနိုင်မှုက အဆုံးအဖြတ်ပေးလိမ့်မယ်။ ပြည်သူတွေသည်းမခံနိုင်မှုမြင့်တက်လာရင် ဥရောပနိုင်ငံတွေအလျော့ပေးရလိမ့်မယ်။ မလျော့ရင် အစိုးရအပြောင်းအလဲတွေမြင်လာရမှာပဲ။ ယူကရိန်းစစ်ကြောင့် လောလောဆယ် နေတိုးဝင်ပါမယ်ဆိုတဲ့ ဆွီဒင်ဝန်ကြီးချုပ် ထပ်ပြုတ်သွားပြီ။ ဗီယက်နမ်နိုင်ငံကစက်ရုံတွေ အမေရိကန်နဲ့ဥရောပကအမှာစာတွေ လျော့ကျသွားပြီ။ ပြင်သစ်မှာ အီဖယ်မျှော်စင်အပါအဝင် အားလုံးကို မီးစောစောပိတ်ဖို့ကြေငြာလိုက်ရပြီ။ ယူကရိန်းနဲ့ရုရှားစစ်ဖြစ်တာ တခြားဥရောပနိုင်ငံကပြည်သူတွေ မှောင်ထဲမှာရေခဲတွေနဲ့အတူထိုင်နေရမယ့်ကိစ္စကို ဥရောပသားတွေ ဘယ်လောက်တောင့်ခံမလဲဆိုတာ ကြည့်ရပါမယ်။ ဥရောပဖက်ကဆောင်းရာသီမှာ ဥရောပသားတွေကျော်လွှားနိုင်ဖို့ လိုအပ်မယ့်လောင်စာကို အရှေ့အလယ်ပိုင်းကရယူရမှာဖြစ်ပေမယ့် ဒီနှစ်တော့ အဆင်သင့်မဖြစ်လောက်သေးပါဘူး။

ရုရှားဖက်က ပိတ်ဆို့ခံထားတဲ့ငွေရပေါက်တွေကို တရုတ်အိန္ဒိယအပါအဝင် သူ့ရဲ့မိတ်ဆွေနိုင်ငံတွေကနေ ရအောင်ယူနိုင်မှရလိမ့်မယ်။ အဲ့ဒီအချက်တွေက ရုရှားနဲ့အနောက်အုပ်စုရင်ဆိုင်ပြီးရအောင် ကျော်လွှားရမယ့်ကိစ္စတွေသာဖြစ်တယ်။ အောင်မြင်အောင်ဖြတ်ကျော်နိုင်တဲ့ဖက်က အသာရမှာဖြစ်ပြီး နှစ်ဖက်စလုံးကဖြတ်ကျော်နိုင်ရင် ကမ္ဘာကြီးကနောက်ပိုင်း အဲ့ဒီဖြတ်ကျော်ပြီးတဲ့ပုံစံအတိုင်းသာ ရှိနေတော့လိမ့်မယ်။ အဲ့လိုရှိနေတော့မှာက လက်ရှိအနေအထားကနေ ပုံသဏ္ဍန်ပြောင်းသွားမယ့် Game change ပုံစံဖြစ်သွားစေတာပါပဲ။

ရုရှားနဲ့ဥရောပ အကြောပြတ်သွားပြီး ရုရှားကအာရှဖက်ကိုရောက်လာလိမ့်မယ်။ အနောက်အုပ်စုက အရှေ့ဖက်ကိုလာပြီးစွက်ဖက်ဖို့ အရင်ကလောက်အာဏာထက်တော့မှာမဟုတ်တော့ဘူး။ ဒါကြောင့် နေရာမပျောက်သွားအောင် ထိုင်ဝမ်ကိုဥပဒေပြုပြီး ဆက်ပတ်သက်နေဖို့အမေရိကန်လုပ်တာ။ အရှေ့အုပ်စုက အမေရိကန်နဲ့အနောက်အုပ်စုမပါတဲ့ အသိုက်အဝန်းတစ်ခုအဖြစ် လည်ပတ်စေလိမ့်မယ်။ ဥရောပက အရင်လိုအဆင်ပြေပြေ ဈေးသက်သက်သာသာနဲ့ စီးပွားရေးလည်ပတ်ဖို့ မဖြစ်နိုင်တော့ပါဘူး။ အမြဲတမ်းရုရှားနဲ့ စစ်ရေးထိပ်တိုက်ရင်ဆိုင်နေရပြီး စစ်စရိတ်ပိုသုံးနေရပါတော့မယ်။

Myanmar News 🇲🇲

20 Sep, 00:17


နောက်ဘဝ မြန်မာပြည်မှာ လူလာမဖြစ်ပါစေနဲ့ ဆိုတာမျိုး တွေ့ရင်

ဟာ စောက်ပေါ စောက်ပေါမ ပါလားလိုတွေးမိတယ်...

မသိရင်ဘဲ မြန်မာပြည်ကလွဲ ကျန်နေရာတွေက နတ်ပြည်လိုလို ဘာလိုလိုပေါ့ 😛😛

ကံကံ၏အကျိုး ဝဋ် ကြွေးသဘော နားမလည်သေးတာကသာ... လူဖြစ်ရကျိုးမနပ်တာ 🤔🤔

Yz

Myanmar News 🇲🇲

13 Sep, 16:47


ရုရှား မိတ်ဆွေတစ်ယောက်နဲ့ စကားပြောဖြစ်တယ်

လဲမှို့၊ ဝါဂွမ်း ခေါင်းအုံးတို့ စောင်တို့ ရုရှားကိုပို့ပါလားတဲ့
ဆောင်းရာသီဆိုနွေးတယ်တဲ့ ဒီဇိုင်းလေးတွေတော့ စွဲဆောင်မှုရှိအောင်လုပ်ပေါ့တဲ့
ငါတို့ ထိုင်းကိုအလည်သွားရင် ဒေါ်လာရာချီပေးဝယ်နေရတယ်တဲ့
ခေါင်းအုံးလေးကအိပြီး စောင်လေးကနွေးတယ်တဲ့
ငါတို့လူမျိုးတွေကြိုက်ကြတယ်တဲ့... ဒီမှာ အဲ့ လဲမှို့ဆိုတဲ့ အပင်မပေါက်ဘူးလေတဲ့

Kyaw Swar Htet

(ဝယ်ချင်တဲ့သူရှိမရှိ အွန်လိုင်းကနေ အရင်ဆုံး အစမ်းသဘောရောင်းကြည့်ပေါ့။ ဒါက ဥပမာပြောတာပါ။ ရုရှားနဲ့တိုက်ရိုက်လေကြောင်းလိုင်းလည်းရှိတော့မှာဆိုတော့ တခြားပစ္စည်းတွေလည်း ရောင်းစရာစျေးကွက်တစ်ခုတော့ တိုးမယ်ထင်တယ်။)

Myanmar News 🇲🇲

13 Sep, 14:18


ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ (Shanghai Cooperation Organization (SCO) သို ဆွေးနွေးဖက်နိုင်ငံ (Dialogue Partner) အဖြစ် ဝင်ရောက်ရန် မြန်မာနိုင်ငံက လျှောက်ထားမှုအား စက်တင်ဘာ ၁၅ မှ ၁၆ ရက်အထိ ပြုလုပ်မည့် SCO နိုင်ငံ့အကြီးအကဲများ ကောင်စီ (Council of Heads of State) အစည်းအဝေးတွင် လက်ခံစဉ်းစားမည်ဖြစ်ကြောင်း ရုရှားသမ္မတ၏ SCO ဆိုင်ရာ အထူးကိုယ်စားလှယ် Bakhtiyor Khakimov က ထုတ်ဖော်ပြောကြားခဲ့တယ်လို သိရှိရ။

https://t.me/allnewsmm

Myanmar News 🇲🇲

12 Sep, 13:38


အာမေးနီးယား မှာလည်း RE သိုက်က ကြောက်စရာ
ဒါကြောင့် အာမေးနီးယား အဇာဘိုင်ဂျန် နယ်စပ်ပြသနာတင်သာမက စစ်ပါဖြစ်သွားခဲ့လေပြီးပြီ

ယူကရိမ်းမှာ ရှိတဲ့ သံရိုင်းသိုက် သတ္တုသိုက်(အဓိက RE) ကျောက်မီးသွေးသိုက်တွေ ရှိသမျှ Resources တွေ အကုန် ရုရှားထိမ်းချုပ်နယ်မြေထဲမှာ

၇ ကြိမ်မြောက် EEF မှာ ပူတင်ရဲ့ ဝဲယာ ၂ ဖက်က လူတွေကို ကြည့်မိရင်း ပူတင်ဟာ ကုန်းတွင်းပိတ် အာမေးနီးယားလို သေးငယ်တဲ့နိုင်ငံလေးနဲ့ ကမ္ညာကဆန်ရှင်တွေချမှတ်ခံထားရတဲ့ မြန်မာလိုနိုင်ငံငယ်လေးက ခေါင်းဆောင် 2ယောက်ကို ပွဲထုတ်ခြင်းက ကမ္ဘာကို RE နဲ့ ခြိမ်းခြောက်ခြင်းပါပဲ....

ကမ္ဘာပေါ်မှာ RE နယ်စုံမှာ ထွက်တယ်လို ပြောနေကြပေမယ့် တကယ်လိုအပ်တဲ့ ရှားပါး RE သတ္တုက နိုင်ငံတိုင်းမထွက်ပါဘူး လက်ချိုးရေလိုရပါတယ် အာဖရိကမှာရှိတဲ့ နိုင်ငံတိုင်းနီးပါး RE ရှိတယ် ဒါပေမယ့် အဲ့ RE က တန်ဖိုးရှိတဲ့ RE ရှားပါး RE ဆိုရင် တော့ အမေရိကန်ဟာ အာဖရိကတတိုက်လုံးနီးပါး တရုတ်ကို စီးပွားရေးအရ သိမ်းထားတာကို လက်ခံမှာမဟုတ်ပဲ တရုတ်ထက် သူလက်ဦးမှုယူလို သူ့အရင် လုပ်နေမှာပေါ့ဗျာ ... မဟုတ်ဘူးလား ပြော?

ကမ္ဘာ့ ပေါ်မှာ တရုတ်ပြီးရင် ဒုတိယ အများဆုံး RE reserve ရှိတဲ့ ဗီယက်နမ် နိုင်ငံမှာ အမေရိကန် အနေဖြင့် ဖွံဖြိုးမှုတွေ လုပ်ပေးတယ်ဆိုပြီး RE တွေက်ိ တူးနေမှာပေါ့.. .. ဟုတ်တယ်.. ဟုတ်? ??

RE က နိုင်ငံတိုင်းနီးပါးမှာ ရှိတယ် ဒါပေမယ့် စီးပွားဖြစ်ထုတ်လို ကိုက်မကိုက်ဆိုတာလည်း ကျန်သေးတယ် ယူရေနီယံ ဆိုတာတောင် RE ထဲ မပါဘူး နောက်ပြီး ရှားပါး တန်ဖိုးကြီးတဲ့ RE ဟာ နေရာတိုင်း နိုင်ငံတိုင်းမှာ မရှိဘူး RE အုပ်စုက စုစုပေါင်း 17 မျိုးရှိတယ်..

ပူတင်ကတော့ အချဥ်မဟုတ်ဘူးဗျ 1997 မှာ Economic နဲ့ Ph.D ရခဲ့တယ်... သူ့ Ph.D စာတမ်းခေါင်းစဥ်က (a thesis on the strategic planning of the mineral economy) တဲ့...ဗျာ

ထူးဥာဏ်

Myanmar News 🇲🇲

10 Sep, 17:56


မြန်မာမှာ ရုရှားတည်ဆောက်မယ့် နျူကလီးယား ဓါတ်အားပေးစက်ရုံ - အပိုင်း ၁

https://burmese.voanews.com/a/6739483.html

Myanmar News 🇲🇲

09 Sep, 06:42


ရုရှားရဲ့တစ်ချိန်ကလက်ဆောင်
၁ - အင်းယားလိပ်ဟိုတယ်ကြီး
၂ - တက္ကသိုလ်(၁) လိပ်ခုံးခန်းမကြီး
၃ - ရန်ကုန်စက်မှုတက္ကသိုလ်(RIT)
၄ - ရန်ကင်းကောလိပ်
၅ - ရန်ကင်းကလေးဆေးရုံ
၆ - တောင်ကြီးစဝ်စံထွန်းဆေးရုံကြီး
၇ - မြစ်ကြီးနားဒေသကောလိပ်

https://t.me/suemedia

အင်းယားလိတ်ဟိုတယ်ကို ၁၉၆၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၁၆ ရက်ထုတ် မြန်မာ့အလင်းသတင်းစာ၌ နိုင်ငံခြားအဆင့်အတန်းမီဟိုတယ်၊ ကလိုသူကို ခေါ်လာ၍ တွဲကနိုင်သည်။ ကချေသည်တော့ ထားမည်မဟုတ်ဆိုခြင်းဟူသော ခေါင်းစဉ်ဖြင့် သတင်းဖော်ပြခဲ့၏။ ကျပ် (၂၆၅) သိန်း ကုန်ကျခဲ့ပြီး ရုရှားနိုင်ငံမှ လက်ဆောင်အဖြစ် ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။


ရန်ကုန်စက်မှုတက္ကသိုလ်(RIT) တက္ကသိုလ်ပရဝုဏ်အား ၁၉၅၈ ခုနှစ်နှင့် ၁၉၆၁ ခုနှစ်အတွင်း ဆိုဗီယက်ပြည်ထောင်စု(ရုရှားနိုင်ငံ)မှ တည်ဆောက်ပေးခဲ့ပြီး ပင်မအဆောက်အအုံ ( ၈ ) ခုနှင့် ၎င်းတို့အား အမိုးပါ လျှောက်လမ်းများဖြင့် သွယ်ဆက်ပေးထားသည်။ ပင်မဆောင်နှင့် စီမံကွပ်ကဲမှုဌာနသည် ပင်မဆောင်(၁)တွင် တည်ရှိပြီး အဆောင်အမှတ် (၅-၈) မှာ ဗိသုကာကျောင်းနှင့် စမ်းသပ်အလုပ်ရုံဆောင်များ ဖြစ်သည်။ ကျောင်းပရဝုဏ်အတွင်း၌ ဝန်ထမ်းအိမ်ရာများ၊ စားသောက်ခန်းမကြီး၊ Bookshop၊ ဆေးခန်း၊ ဘောလုံးကွင်း၊ စားသောက်ဆိုင်နှင့် ကားရပ်နားရန် နေရာများလည်း ပါရှိသည်။

Myanmar News 🇲🇲

09 Sep, 06:06


မြန်မာဘုရင်
အိန္ဒိယဘုရင်တွေကို အမျိုးဖျက်
တိုင်းတစ်ပါးပို့ကာ
နှလုံးသဲပွတ် ပူဆွေးသောကနဲ့ ကြေကွဲ
အမျိုးပျက်
မထင်မရှား ကံကုန်စေခဲ့သော

လူယုတ်မာတို့ရဲ့ ခေါင်းဆောင်ဘုရင်မ
ကမ္ဘာ့သယံဇာတ သူခိုးတွေရဲ့အထွဋ်သေတဲ့ကိစ္စ
ဝမ်းနည်းနေစရာတော့ မရှိပါ....

ဝမ်းသာစရာလဲ မဟုတ်ပေ

ဝဋ်လည်မလည်ကတော့
သူ့မိသားစုဝင်တွေ
နောက်ဘာဆက်ဖြစ်မလဲက
ပြောပါလိမ့်မယ်။

Yz

Myanmar News 🇲🇲

08 Sep, 13:37


အနာဂတ်ကိုမျှော်ကြည့်ရင်....

စစ်ရေးဘက်ကိုကြည့်ရင် အနောက်အုပ်စုဘက်က နောက်ထပ်သာ လေးကေကော်လိုမျိုးအလုံးအရင်းနဲ့ထောက်ပံ့လာရင် နစက ဟာ EAOs PDF တွေရဲ့ အလုံးအရင်းထိုးစစ်ကိုခံရနိုင်ပါတယ်။

တစ်ဘက်မှာလဲနိုင်ငံရေးဘက်ကိုကြည့်ရင် NUG ဟာနိုင်ငံတကာစာမျက်နှာကနေ သံခင်းတမန်ခင်းနဲ့ထိုးနှက်တာကို ခံရဦးမှာပါ။ မြိုနယ်တွေမှာ UG တွေ၊ အကြမ်းဖက်လှုပ်ရှားမှုတွေ ဆက်လက်ဖြစ်နေဦးမယ့်သဘောပါ။ အထူးသဖြင့် ၂၀၂၃ ရွေးကောက်ပွဲကာလဟာ ပြင်းထန်တဲ့ပဋိပက္ခတွေဖြစ်လာနိုင်မလား စိုးရိမ်ရပါတယ်။

တဆက်တည်းမှာတော့ မြန်မာငွေတန်ဖိုးကျဆင်းခြင်း၊ ဒေါ်လာအပါအဝင် နိုင်ငံခြားငွေဈေးတက်ခြင်း၊ ကုန်ဈေးနှုန်းမြင့်တက်ခြင်းတွေဆက်လာနိုင်ပါတယ်။

ဒါဟာအချက်အချိုကိုသာ ချပြထားတာပါ။ နစကဟာ ဒါတွေကို ဘက်စုံကနေကြိုတင်မျှော်တွေးထားမယ်လိုတော့ မရဲတရဲယူဆမိပါတယ်။

၈.၉.၂၀၂၂
Geopolitics' Admin

Myanmar News 🇲🇲

08 Sep, 13:37


မြန်မာ့လှိုင်းကြီး၊ လေထန်ခရီး (၁)

မြန်မာနိုင်ငံရဲ့ဒီနောက်ပိုင်းလာမယ့်ကာလတွေဟာ တမျှော်တခေါ်တွေးကြည့်ရင် ပင်ပန်းစရာပါပဲ။ ဖြစ်စဥ်တွေဟာ တဆက်တည်းဆက်တိုက်ဖြစ်လာတယ်။ သတင်းအားလုံးကိုဆက်စပ်ကြည့်နိုင်ရင် အကြမ်းဖျင်းအခြေအနေကို ကောက်ချက်ချနိုင်ကောင်းပါတယ်။

၁။ Special Advisory Council for Myanmar (SAC-M) ကြေညာချက်

Special Advisory Council for Myanmar (SAC-M) က စက်တင်ဘာ ၅ ရက်နေ့မှာအစီရင်ခံစာတစ်ခုထုတ်ပြန်ခဲ့တယ်။ NUG နဲ့ EAOs တွေဟာ မြန်မာနိုင်ငံရဲ့ပိုင်နက်နယ်မြေ ၅၂ ရာခိုင်နှုန်းကျော်ကိုထိန်းချုပ်နိုင်ပြီ၊ ဒါကြောင့်နိုင်ငံတကာအသိုင်းအဝန်းကတရားဝင်အစိုးရအဖြစ် NUG ကိုအသိအမှတ်ပြုသင့်တယ်လိုဆိုပါတယ်။

NUG နဲ့ EAOs တွေကမြန်မာနိုင်ငံရဲ့ပိုင်နက်နယ်မြေ ၅၂ ရာခိုင်နှုန်းကျော်ကိုထိန်းချုပ်ထားနိုင်ပြီး၊ နစက,ကတော့ ၁၇ ရာခိုင်နှုန်းလောက်ကို ထိန်းထားနိုင်တယ်။ ၂၃ ရာခိုင် နှုန်းကို နစကနဲ့ PDF အဖွဲတွေကြားနယ်မြေထိန်းချုပ်နိုင်ဖို အားပြိုင်နေတယ်လို SAC-M ကဆိုပါတယ်။ (ဟုတ်သည်မဟုတ်သည်ထား)

၂။ UNGA ညီလာခံ

၂၀၂၁ စက်တင်ဘာလ UNGA ရဲ့ ၇၆ ကြိမ်မြောက်ညီလာခံမှာ ဦးကျော်မိုးထွန်းဟာ နစက ကိုဆန့်ကျင်ပြီး တော်လှန်ရေးလုပ်ကြောင်းမိန့်ခွန်းပြောခဲ့ပါတယ်။ မြန်မာသံအမတ်ကြီးနေရာကို နစက ဘက်ကအဆိုတင်ခဲ့ပေမယ့်နောက်နှစ် ၇၇ ကြိမ်မြောက်ရွှေ့ဆိုင်းဖို credential committe ကဆုံးဖြတ်ခဲ့ပါတယ်။

ယခုလထဲမှာ UNGA ညီလာခံကျင်းပမယ်။ ကျင်းပရင်ကမ္ဘာ့အရေးအခင်းတွေကိုကိုယ်စားလှယ်တွေဆွေးနွေးကြပါမယ်။ ယူကရိန်း-ရုရှား၊ မြန်မာ၊ ဘ င် ဂါ လီအရေးအခင်း ၊ ထိုင်ဝမ်-တရုတ်၊အရှေ့အလယ်ပိုင်း၊အာဖရိက စတဲ့အကြောင်းအရာတွေပါနိုင်ပါတယ်။ မြန်မာအရေးဟာဒီအစည်းအဝေးမှာတခုတ်တရထည့်သွင်းဆွေးနွေးအရေးတယူပြုဖိုအတွက်လိုအပ်ပါတယ်။ ဒါကြောင့် SAC-M ကအခုလိုမျိုးအချိန်ကိုက်သတင်းထုတ်ပြန်တယ်လိုယူဆလိုရပါတယ်။

၃။ NUG မိန့်ခွန်း

တိုက်တိုက်ဆိုင်ဆိုင်ပဲ SAC-M က၊အဲ့လိုထုတ်ပြန်ပြီးနောက်နေ့မှာ "ရန်သူကို အချိန်ထပ်ပေး၍မရတော့တာကြောင့်လာမည့် ၂၀၂၃ ခုနှစ်ဟာ တော်လှန်ရေးတွက်အရေးအကြီးဆုံးဖြစ်ကြောင်း၊ တော်လှန်ရေး အဆုံးအဖြတ်ကိုရယူဖိုစိတ်ပိုင်းဖြတ်ထားကြောင်း " NUG ကာကွယ်ရေးဝန်ကြီးဆိုတဲ့ဦးရည်မွန်ကပြောပါတယ်။

မနှစ်က၊ စက်တင်ဘာလ ၇ ရက်နေ့မှာ NUG သမ္မတဆိုတဲ့ဒူဝါလရှီးလဟာခုခံတော်လှန်စစ်ကြေညာခဲ့ပါတယ်။ D Day သတ်မှတ်အပြီး ၁ နှစ်အကြာမှာအခုလိုထုတ်ပြန်လာတာပါ။ " တော်လှန်ရေး အင်အားစုတွေနယ်မြေစိုးမိုးထားတဲ့ မြိုနယ် ၂၄ ခုမှာ တရားစီရင်ရေးယန္တရားများ ဖော်ဆောင်နိုင်ပြီဖြစ်ကြောင်း " လည်း မိန့်ခွန်းမှာ ထည့်သွင်းပြောကြားထားပါတယ်။
(မိန့်ခွန်းကြေညာချက်) https://fb.watch/fpwzFPqXvK/

၄။ မြန်မာ Black list စာရင်းသွင်းရန်ပြင်ဆင်

နစကဥက္ကဋ္ဌဟာ အရှေ့ဖျားစီးပွားရေးဖိုရမ်မှာ ရုရှားသမ္မတပူတင်နဲ့တွေ့ဆုံခဲ့တယ်။ ရုရှား-မြန်မာ စီးပွားရေးတွေပူးပေါင်းမြှင့်တယ်မယ်။ နျူကလီးယား MoU လက်မှတ်လဲထိုးခဲ့တယ်။ seating plan မှာ ဘယ်လာရုသမ္မတလိုအရေးကြီးသူတွေကိုပဲဘေးမှာထားလေ့ရှိတဲ့ရုရှားသမ္မတပူတင်ဟာ နစက ဥက္ကဋ္ဌကိုဘေးမှာနေရာချခဲ့ပါတယ်။

သူတို ၂ ဦးတွေ့ဆုံတဲ့ရက်မှာဘဲ Financial Action Task Force( FATF) အဖွဲက မြန်မာနိုင်ငံကို Black list ထည့်သွင်းဖိုပြင်ဆင်နေကြောင်း သတင်းထွက်ပေါ်လာခဲ့တယ်။ အမည်မည်းစာရင်းမှာအီရန်နဲ့မြောက်ကိုရီးယား ၂ နိုင်ငံပဲပါ၀င်နေတာဖြစ်ပါတယ်။ ဒါဟာအနောက်အုပ်စုဘက်ကမြန်မာအပေါ်ပြင်းထန်စွာအရေးတယူပြုတော့မယ်ဆိုတဲ့သဘောဖြစ်သလို၊ အရှေ့အနောက်အားပြိုင်မှုဟာမြန်မာနိုင်ငံမှာဆုံချက်ဖြစ်လာနိုင်တယ်ဆိုတာပါပဲ။

၅။ NUG၊ PDF အခြေအနေ

နစက ကိုတော်လှန်ကြသူတွေအတွက်တော့လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းကိုလျှောက်လာတာ ၁ နှစ်ပြည့်ခဲ့ပါတယ်။ ဘယ်လိုပဲအင်အားနည်းတယ်ပဲဆိုဆို ၁ နှစ်အတွင်းမှာ နစက ဒေါက်တိုင်တွေဖြစ်တဲ့အုပ်ချုပ်ရေးမှူးတွေ၊ နိုင်ငံတော်ဒေါက်တိုင်တွေဖြစ်တဲ့ပညာရေး၊ကျန်းမာရေး၊ပြည်သူ့ဝန်ထမ်းအသိုင်းအဝိုင်းကိုကောင်းကောင်းခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ နယ်စပ်ဒေသတွေနဲ့၊ဗမာအလယ်ပိုင်းဒေသတွေမှာပိုသိသာပါတယ်။

NUG ဟာနယ်မြေမစိုးမိုးထားနိုင်သည့်တိုင်ပြည်သူလူထုကိုအကြောက်တရားသွတ်သွင်းနိုင်ခဲ့တယ်။ PDF တွေဟာ အထိုက်အသင့်စစ်ရေးအတွေ့အကြုံရလာခဲ့တယ်။ NUG ဟာ အတန်အသင့်အနောက်နိုင်ငံတွေနဲ့သံတမန်ခင်းပြေလည်နေခဲ့တယ်။ (ပိုဆိုးတာက အနောက်ဘက်ဟာ ဘယ်လိုမှမြန်မာတပ်ကိုဆွဲခေါ်ဖိုမရှိတော့ဘဲ၊ရိုက်ချဖိုသာဆုံးဖြတ်လိုက်ပုံပါ)

အရင်လက KNU နယ်မြေ၊ လေးကေကော်မှာတိုက်ပွဲဖြစ်ခဲ့တယ်။ မဖြစ်ခင်မှာ CIA အကြီးအကဲထိုင်းနိုင်ငံကိုအလည်အပတ်လာခဲ့ပါတယ်။ လေးကေကော်ထိုးစစ်ဟာ NUG နဲ့ KNU အတွက် ဒေါ်လာသန်း ဆယ်ဂဏန်းထောက်ပံ့ပေးပြီးတိုက်ကွက်ဖော်ခိုင်းတာပါပဲ။ ဒါဟာ နစက ကိုအစမ်းတိုက်ကွက်ဆင်တဲ့သဘောလဲသက်ရောက်သလို၊နစက ရဲ့ အင်အားသတင်းကိုရယူချင်တဲ့သဘောလဲပါပါတယ်။

Myanmar News 🇲🇲

08 Sep, 11:29


Nikkei Asia က သူတိုဖြစ်စေချင်တာတွေကို ဇောင်းပေးရေးထားတာဘဲ။
မြန်မာပြည်ကိုတော်တော်ပျက်စီးစေချင်နေတဲ့သူတွေ။

https://asia.nikkei.com/Spotlight/Myanmar-Crisis/Myanmar-faces-blacklisting-risk-by-global-financial-crime-watchdog

Myanmar News 🇲🇲

07 Sep, 10:32


ကုဗပေ (၂)ထရီလီယံကျော် ထွက်ရှိမည့် ဓာတ်ငွေ့သိုက်တစ်ခု တွေ့ရှိထားပြီး မကြာမီ စီးပွားဖြစ် ထုတ်လုပ်မည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

ပိုမိုကြီးမားသည့် ဓာတ်ငွေ့သိုက်ကိုလည်း ထပ်မံတွေ့ရှိထားဟုဆို

ဘင်္ဂလားပင်လယ်အော်အတွင်း ကုဗပေ (၂) ထရီလီယံကျော် ထွက်ရှိမယ့် သဘာဝဓာတ်ငွေ့သိုက်တစ်ခုကို ရှာဖွေ့တွေ့ရှိထားတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

‘‘မကြာခင်မှာလည်း စီးပွားဖြစ် ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်’’လို့ နစကဥက္ကဋ္ဌဖြစ်သူက ယနေ့ပြုလုပ်ခဲ့တဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ် ၂၀၂၂ မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ၎င်းက ‘‘အလားတူ ထို့ထက် ပိုမိုကြီးမားတဲ့ ဓာတ်ငွေ့သိုက်တစ်ခုကိုလည်း တူးဖော်နိုင်မယ့် အလားအလာတွေလည်း တွေ့ရှိထားပါတယ်’’လို့ ဆက်ပြောပြန်ပါတယ်။

ဒါ့ကြောင့် နောင်လာမယ့် ၃ နှစ်အတွင်း မြန်မာနိုင်ငံမှာ သဘာဝဓာတ်ငွေ့ လိုအပ်မှုအခြေခံတဲ့ စက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်တဲ့အတွက်ကြောင့် ရင်းနှီးမြှုပ်နှံမှုကို စိတ်ဝင်စားကြတဲ့ သူများအားလုံးကို ဖိတ်ကြားပါကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

Myanmar News 🇲🇲

07 Sep, 10:32


အရှေ့ဖျားစီးပွားရေးဖိုရမ် ၂၀၂၂ တွင် နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောကြားသည့် မိန့်ခွန်း

Myanmar News 🇲🇲

06 Sep, 05:59


ဘောမတွေ အားပေးချင်လှသော်လည်း
နစက လုပ်ပြနိုင်တာ သိပ်မရှိ

ရွှေဈေးလည်း အပြင်ဈေးနဲ့တောင် အတူတူရောင်း‌လိုက်သေး
အပြင်ဈေးကို အသိအမှတ်ပြုလိုက်တာပါပဲ
ဈေးကစားနေတာ သူတိုထဲကလူတွေပါတယ်ပြောနေကြတာ ဟုတ်လိုပါပဲ

ဓါတ်ဆီလည်း ပြန်တတ်နေပြီ

ဒေါ်လာဈေးကလည်း ခပ်တန်းတန်း ဖြစ်နေတာဆိုတော့
ဒီဈေးတွေပဲ နေကြတော့မယ့်ပုံလားဆိုပြီး
စိတ်တွေ ပျက်တယ်

စကိုင်မယ်ဆိုတော့ ဈေးတွေပြုတ်ကျသေးသော်လည်း နစက က အသုံးမကျဘူးလို မြင်ပြီး ပြန်တက်ကုန်ကြတာပါပဲ
ရှင်းရှင်းပြောရရင် မလုပ်နိုင်ဘူး

https://t.me/suemedia

Myanmar News 🇲🇲

04 Sep, 14:52


ဒီနှစ်ကုန်ပိုင်းလောက်ကစပြီး India-Myanmar-China ရွှေ-ဒေါ်လာ မှောင်ခိုလမ်းကြောင်း ပြန်အသက်ဝင်လာမှာ ၁၀၀% သေချာတယ်။

ဒီတခါ ရုရှားပါ ပါလာပြီ...ရုရှားရဲ့ လျော့ဈေးရွှေတွေ တစ်နှစ်ကို တန် ၄၀-၅၀ (ပိဿချိန် ၂၀,၀၀၀-၃၀,၀၀၀) လောက်ဝင်လာမယ်။ ဒီပမာဏဟာ ပြည်တွင်းရွှေဝယ်လိုအားထက် အများကြီးကျော်လွန်နေတယ်။

ပြည်တွင်းက ဝယ်နိုင်လှရင် တစ်နှစ်ကို တန် ၂၀-၂၅ ( ပိဿာ ၁၅,၀၀၀-၂၀,၀၀၀) ပေါ့။ ကျန်တဲ့ ရွှေအားလုံး တရုတ်နဲ့ အိန္ဒိယ ကို ရွှေမှောင်ခိုပြန်ထွက်ပြီး တရုတ်နဲ့ အိန္ဒိယရဲ့မေကျင်း( ဒေါ်လာအရွက်) ပြည်တွင်းပြန်သွင်းလာကြမှာ။ ဖြစ်လာနိုင်တဲ့ Cycle က မြန်မာကျပ်ကနေ ရုရှားရူဘယ်ပြောင်း… ရုရှားရွှေလျှော့ဈေးနဲ့ဝယ် Import လုပ်... India နဲ့ China ကိုမှောင်ခိုပြန်ထုတ်... ဒေါ်လာအရွက်ပြန်သွင်း... ဒေါ်လာအရွက်ကို မြန်မာငွေပြန်ပြောင်း… ပြီးရင် ရူဘယ်ပြန်ပြောင်း...ရွှေပြန်ဝယ်။

ဒီလိုပုံစံမျိုးနဲ့ ငွေ(၁)ခါပဲရင်းပြီး အမြတ်(၃)ခါလောက်ရမှာကြောင့် အတော်များများ စလုပ်ဖို့တာစူနေကြတယ်။

(ဒီမှာဖတ်ပါ)
https://telegra.ph/Gold-09-04-5

Myanmar News 🇲🇲

04 Sep, 14:45


ဒေါ်လာဈေးလဲဒီတိုင်းပဲ... WG တက်ရင် ဒေါ်လာဈေးကျတယ်...WG နိမ့်ရင် ဒေါ်လာဈေးတက်တယ်။
ဦးသိန်းစိန်ခေတ်ဦးမှာ ဒေါ်လာဈေး ၆၇၀ အထိကျတယ်ဆိုတာ အစိုးရကဘာမှလုပ်ပေးလို့မဟုတ်ဘူး...
ရွှေဈေး ၈ သိန်းခွဲဝန်းကျင်မှာ အသေထားပြီး ကစားတဲ့အချိန် WG 1900 ကျော်အထိတက်သွားလို့။
နောက်ပိုင်းမှာ CMP သမားတွေမကိုက်မှာစိုးလို့ အစိုးရက ဒေါ်လာထွက်ဝယ်ပေးရာကနေ ဒေါ်လာဈေး အသေဖြစ်ပြီး ရွှေအတက်အကျက WG နဲ့ဖြစ်သွားတာ။
ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် India-Myanmar-China ရဲ့ ရွှေ,ဒေါ်လာ မှောင်ခိုလမ်းကြောင်းက အရေးပါနေဆဲပါ။

ခုနောက်ပိုင်းဖြစ်လာတဲ့ ပြဿနာက…

- ပြည်တွင်းရွှေထုတ်လုပ်မှုအတွက် မဖြစ်မနေအရေးပါတဲ့ ဆိုင်ယာနိုက်နဲ့ ယမ်းကုန်ကြမ်းတွေ ကန့်သတ်လိုက်တာကြောင့် ပြည်တွင်းရွှေအထွက်နည်းသွားတာရယ်
- လေပါတ်ကားတွေက ကောလာဟလမျိုးစုံထုတ်ပြီး ဈေးကစားကြတာရယ်… ကြောင့်တွေပဲ။

ဒီနှစ်ကုန်ပိုင်းလောက်ကစပြီး India-Myanmar-China ရွှေ-ဒေါ်လာ မှောင်ခိုလမ်းကြောင်း ပြန်အသက်ဝင်လာမှာ ၁၀၀% သေချာတယ်။
ဒီတခါ ရုရှားပါ ပါလာပြီ...ရုရှားရဲ့ လျော့ဈေးရွှေတွေ တစ်နှစ်ကို တန် ၄၀-၅၀ (ပိဿချိန် ၂၀,၀၀၀-၃၀,၀၀၀) လောက်ဝင်လာမယ်။ ဒီပမာဏဟာ ပြည်တွင်းရွှေဝယ်လိုအားထက် အများကြီးကျော်လွန်နေတယ်။
ပြည်တွင်းက ဝယ်နိုင်လှရင် တစ်နှစ်ကို တန် ၂၀-၂၅ ( ပိဿာ ၁၅,၀၀၀-၂၀,၀၀၀) ပေါ့။ ကျန်တဲ့ ရွှေအားလုံး တရုတ်နဲ့ အိန္ဒိယ ကို ရွှေမှောင်ခိုပြန်ထွက်ပြီး တရုတ်နဲ့ အိန္ဒိယရဲ့မေကျင်း( ဒေါ်လာအရွက်) ပြည်တွင်းပြန်သွင်းလာကြမှာ။ ဖြစ်လာနိုင်တဲ့ Cycle က မြန်မာကျပ်ကနေ ရုရှားရူဘယ်ပြောင်း… ရုရှားရွှေလျှော့ဈေးနဲ့ဝယ် Import လုပ်... India နဲ့ China ကိုမှောင်ခိုပြန်ထုတ်... ဒေါ်လာအရွက်ပြန်သွင်း... ဒေါ်လာအရွက်ကို မြန်မာငွေပြန်ပြောင်း… ပြီးရင် ရူဘယ်ပြန်ပြောင်း...ရွှေပြန်ဝယ်။

ဒီလိုပုံစံမျိုးနဲ့ ငွေ(၁)ခါပဲရင်းပြီး အမြတ်(၃)ခါလောက်ရမှာကြောင့် အတော်များများ စလုပ်ဖို့တာစူနေကြတယ်။
အစိုးရကတော့…
- တစ်ရူဘယ်= ၃၅-၃၇ ကျပ်
- တစ်ဒေါ်လာ = ၂၂၀၀-၂၄၀၀ ကျပ်
- ရွှေတစ်ကျပ်သား = (၂၂) သိန်း… ဝန်းကျင်လောက်ကို အထိုင်ချပြီး ကစားတော့မယ်လို့မှန်းမိတယ်။

အတိုချုပ်ပြောရရင်...
အဲ့ဒီရွှေဒင်္ဂါးတွေ မင်းရောဝယ်မှာလားလို့ မေးရင်...
ကျနော်ကတော့ လုံးဝ(လုံးဝ) မဝယ်ပါဘူး။ ဘာကြောင့်လဲဆို အလျော့တွက် သွန်းလောင်းခတွေအပြင် VAT ပါ ပါလာတော့ ရင်းနှီးမြှုပ်နှံစုဆောင်းဖို့အနေနဲ့ တော့ တွက်ခြေမကိုက်လို့ပါ။
ဒါကို အစိုးရရောင်းတဲ့ရွှေဒင်္ဂါးတွေ တန်းစီဝယ်ပြီး အရည်ပြန်ကြိုမယ်ဆိုပြီး ကလေးအတွေးနဲ့ သွားတွေးမိရင်တော့ ဂျင်းအကြီးကြီးမိသွားပါမယ်။ (ကိုယ့်ထက်လူလည်ပိုကျတတ်လို့ အစိုးရလုပ်နေတာပါ)
မှောင်ခိုသွင်းလာမဲ့ လူတွေထက် အနည်းဆုံး အလျော့တွက် သွန်းလုပ်ခနဲ့ VAT တွေ ၁၅% လောက် ပိုဈေးကြီးနေမှာကြောင့် အကြီးအကျယ်ကွဲပါလိုက်မယ်။
အစွမ်းရှိမယ် လုပ်နိုင်မယ်ဆိုရင်တော့ ရုရှားကနေမှောင်ခိုသွင်းပြီး Re-exports လုပ်ဖို့စဉ်းစားပါ။

ဒါကြောင့် လောလောဆယ် အနေနဲ့ကတော့...
- မြတ်ထားတဲ့လူတွေလဲ အနိုင်ပိုင်းပြီးစောင့်ကြည့်ပါ
- ရှုံးသွားတဲ့လူတွေကလဲ ရှုံးမဲ မမဲဘဲနဲ့ ကိုယ့်အလုပ်သာကိုယ်ကြိုးစားပါ

တခုခုကို မဖြစ်မနေစုချင်ရင်တော့ ရွှေတွေဒေါ်လာတွေမစုဘဲ ဘီယာအဝသောက်ပြီး ကိုယ့်ဗိုက်ထဲမှာပဲ အဆီတွေစုတာကောင်းပါတယ်။ ဒီအချိန် အနေမတတ်ရင် ရှိတာအကုန်ကုန်မှာ။

Min Min

4,544

subscribers

1,739

photos

175

videos