နိုင်စိုးနှင့် အမျိုးများ @sn01c Channel on Telegram

နိုင်စိုးနှင့် အမျိုးများ

@sn01c


ြဖစ်လေသမျှ

နိုင်စိုးနှင့် အမျိုးများ (Myanmar/Burmese)

နိုင်စိုးနှင့် အမျိုးများ ကို ရေးသားပြီးပါက သင့်တည်နေရာ သို့ ကြိုးစား အထူးမျိုးစုံအမည် ရေးပါ။ ဒီ Channel သည် ုင်းစိုး ၇ လမျက်နှာကို သို့ မဟုတ်ရသင့်ရင သူငယ်နှင့် အခန်းအခြား လူမှမလိုမီ ဒီ Channel မှာ ြဖစ်လေသမျှ လေ့လာနိုင်စိုးမှာ မြန်မာနိုင်ငံ ပြည်သူများ အတွက် အခမ်းအနား နှင့် အမျိုးများကို ဖော်ပြပါလို့ အထူးမျိုးစုံစာရင်း လိုအပ်ပါတယ်။ ဒီ Channel သည် လူပုဂ္ဂိုလ်အဖွဲ့ ဖြစ်လေ အစာကို စတင်ပြီး မျှဝေမည့် နိုင်စိုးများအတွက် အခမ်းအနား ဖော်ပြစေပါလို့။ ဝင်ရောက်ချက်များတွင် မြန်မာနိုင်ငံ ပြည်သူလူမျိုးအတွင်း အမြဲဆဖျာပါက Channel ဖော်ပြပေးပါလို့ရန်ဖွင့်ပါလို့ရန်ကိုန်သပ်ထည့်ပေးပါ။

နိုင်စိုးနှင့် အမျိုးများ

04 Dec, 14:31


"ကြောက်ကန်ကန်မိခြင်း"
---------------------------

မနေ့ည တောင်ကိုရီးယား
အဖြစ်အပျက်မှာ စစ်သားဆီက
သေနတ်ကို ဝင်လုလို့ ကမ္ဘာ
တခွင် လူအများ၏ အာရုံကို
ဖမ်းစားပြီး နာမည်ကြီးသွားသူ
ကတော့ အတိုက်အခံ ဒီမိုက
ရက်တစ်ပါတီရဲ့ ပြောရေးဆို
ခွင့်ရှိသူ အသက်(၃၅) နှစ်
အရွယ် `Ahn Gwi-ryeong´
ဆိုသူဖြစ်ပြီး ကြောက်ကြောက်
နဲ့ပဲ လုပ်မိပါတယ်လို့ နောက်
ပိုင်း အင်တာဗျူးမှာ ဝန်ခံရှာ
တယ်။

(Andrew Soe)
4th Dec 2024

နိုင်စိုးနှင့် အမျိုးများ

04 Dec, 11:42


"အဖြေကဒါပဲ"
---------------

ပြုံးယမ်း၊ ပီကင်းနှင့် မော်စကိုရှိ
ခေါင်းဆောင်များကတော့ အမေရိ
ကန်ရဲ့ အဓိကခံတပ် ပျက်ပြားသွား
စေမယ့် အလားအလာကို အာရုံ
စိုက်လျှက် ဆိုးလ်၏ ဖြစ်ပေါ်တိုး
တက်မှုကို စောင့်ကြည့်နေတယ်။

မြောက်ကိုရီးယားကို ဆန့်ကျင်ပြီး
မဟာဗျူဟာအရ အရေးပါသည့်
တောင်ကိုရီးယားတွင် တရုတ်နိုင်
ငံကို တန်ပြန်စောင့်ကြည့်နေသော
အမေရိကန်သည် သူ၏တပ်ဖွဲ့ဝင်
(၃၀,၀၀၀) ကျော်နှင့် အခြေစိုက်
စခန်းတွေအတွက် မနေ့ကအဖြစ်
အပျက်ကြောင့် သွေးပျက်နေရှာ
တယ်။

“Democracy is at the foundation”
of the US - South Korea alliance.

“ဒီမိုကရေစီသည် အမေရိကန်နှင့်
တောင်ကိုရီးယား မဟာမိတ်အဖွဲ့
၏ အခြေခံအုတ်မြစ်ဖြစ်သည်”
ဆိုသည့် စကားလုံး နောက်ကွယ်
မှာ စီးပွါးပြိုင်ဖက် တရုတ်ကြီးကို
အနီးကပ် စောင့်ကြည့် ဒုက္ခပေးရန်
တောင်ကိုရီးယားကို အမေရိကန်
က အသုံးချနေခြင်းကို ကင်ဂျုံအွန်း
က ကောင်းစွာ သိရှိတာကြောင့်
တည်ငြိမ်မှု မရှိအောင် သူ့ရဲ့ စွမ်း
ဆောင်ချက်က သူ့အဖေလက်
ထက် ၁၉၅၀ - ခုနှစ်တွေလို
ဝင်ရောက် ကျူးကျော်တိုက်ခိုက်
စရာ မလိုဘဲ ဒုံးပျံအသစ်တွေ
ကိုသာ တစိုက်မတ်မတ် ထုတ်
လုပ် ပစ်ပြနေခြင်းဖြစ်တယ်။

တဖက်မှာလည်း ယူကရိမ်း စစ်ပွဲ
အတွက် မော်စကို,ကို ခဲယမ်းမီး
ကျောက်တွေ၊ ဒုံးကျည်တွေ၊
စစ်သားတွေ ပံ့ပိုး ကူညီခြင်း
သည်လည်း ဒေသတွင်း တည်
ငြိမ်မှု မရှိအောင်နှင့် အမေရိကန်
- တောင်ကိုရီးယား မဟာမိတ်
ဖြစ်ခြင်းကို အိပ်မတ်တစ္ဆေအဖြစ်
အမြဲ ကြောက်နေအောင် ခြောက်
လှန့်နေခြင်းဖြစ်တယ်။

လက်ရှိ တောင်ကိုရီးယား သမ္မတ
ယွန်းဆော့ယိုးကလည်း သူ့ထက်
အသက် (၁၂) ငယ်တဲ့ မိန်းမလှကို
ယူထားပြီး ငွေမက်လွန်းတဲ့ မိန်းမ
ကြောင့် အမြဲ ငွေလိုအပ်နေသူ
ဖြစ်သလို ထရမ့်တက်လာရင်
ရရှိနေကျ အမေရိကန်ထံက
ဘဏ္ဍာရေးဆိုင်ရာ (လာဘ်လာ
ဘ) ငွေကို သံသယ ရှိနေသူ
ဖြစ်တာကြောင့် သေချာစေခြင်း
အလို့ငှါ မနေ့က ကိစ္စမျိုး လုပ်
ပြပြီး အညှာကိုင်ခြင်းဖြစ်တယ်။

အချုပ်ဆိုရလျှင် အကျိုးစီးပွါး၊
ငွေရေးကြေးရေးနှင့် ပူစီ အတွက်၊
လူသားတွေနှင့် ကမ္ဘာကြီး တစ်ခု
လုံး ရုန်းကန်နေခြင်းသာ ဖြစ်ပါ
လေတော့သတည်း။

(Andrew Soe)
4th Dec 2024

နိုင်စိုးနှင့် အမျိုးများ

04 Dec, 11:42


"အဖြေကဒါပဲ"
---------------

နိုင်စိုးနှင့် အမျိုးများ

04 Dec, 01:05


"လန့်နိုးသွားတာ"
--------------------

ဒီမိုကရေစီကို ကာကွယ်ရန်
ဆိုတဲ့စကားကို ရေလဲပုဆိုးလို
အမြဲသုံးပြီး တကယ်ကြောက်
နေတာက ကွန်မြူနစ်တွေရဲ့
ညူကလီးယားတစ္ဆေ အိပ်
မက်ဆိုး ဖြစ်နေတယ်။

ကင်ဂျုံအွန်းကတော့ လှောင်
ရယ် နေမှာ သေချာတယ်။

(Andrew Soe)
4th Dec 2024

နိုင်စိုးနှင့် အမျိုးများ

03 Dec, 17:17


"ပျက်မှာပဲ"
-------------

မနေ့ကပဲ ကိုးရီးယား
တောင် - မြောက် ကိစ္စ
ရေးပါတယ်။

ဗမာ အစုတ်ပလုတ်တွေ
ရှိတဲ့ တိုင်းပြည် ပျက်တာပဲ။

ပညတ်သွားရာ
ဓာတ်သက်ပါတဲ့ သီအိုရီအရ
ဗမာ အစုတ်ပလုတ်တွေ
ရှိတဲ့ တိုင်းပြည် ပျက်ကို
ပျက်တယ်။

ထိုင်းကိုပဲကြည့်လေ။

(Andrew Soe)
3rd Dec 2024

နိုင်စိုးနှင့် အမျိုးများ

03 Dec, 16:48


"ပျက်ကိုပျက်ရမယ်"
----------------------

မနေ့ကပဲ ကိုးရီးယား
တောင် - မြောက် ကိစ္စ
ရေးပါတယ်။

လာမယ်မှန်းသိလို့
ကြိုရေးပါတယ်။

လာတာပါပဲ။

လာပုံက တောင်ကိုရီးယား
သမ္မတက မြောက်ကိုရီးယား
ပြည်သူလူထုကို စာနာတာ။

`South Korean president
declares martial law´

အဲ့တော့ စစ်အုပ်ချုပ်ရေး
ဖြစ်သွားတာပေါ့။

ကမ္ဘာကြီးကတော့ ပျက်မှာ
သေချာသလို ကမ္ဘာ့ လူတဝက်
လောက် လျှောမှာလည်း သေ
ချာတယ်။

နောက်ဆုံးသတင်းအရ
လွှတ်တော်က စစ်အုပ်ချုပ်ရေး
ပျက်သုဉ်းတယ်လို့ ပြောပေမယ့်
စောင့်ကြည့်ရအုံးမယ်။

(Andrew Soe)
3rd Dec 2024

နိုင်စိုးနှင့် အမျိုးများ

03 Dec, 12:51


"ကိုယ်ပြုသည့်ကံ"
-------------------

သတင်းတွေမှာ အဲ့သလို
မြင်ရတယ်။

ကိုယ့်ဘဝ ကိုယ်ဖျက်ကြ
သူတွေရဲ့ သွားရာလမ်းပါပဲ။

ဇင်ဝိုင်းသား ကြွက်သွားလည်း
အောက်ပိုင်းသေနေပြီ။

(Andrew Soe)
3rd Dec 2024

နိုင်စိုးနှင့် အမျိုးများ

02 Dec, 15:39


"အားလုံး အမေရိကန်ကြောင့်သာ"
--------------------------------------

အင်္ဂလိပ်နှင့် အမေရိကန် အစိုးရ
တူညီသည့် အချက်က နိုင်ငံတိုင်း
ကို သွေးခွဲပြီး ဗိုလ်ကျတာပဲ။

ယခု ကုလားသိုက် ကျားဝင်ကိုက်
နေတာလည်း အချိန်ကိုက် သေ
သေချာချာ သွေးခွဲတာပဲဖြစ်တယ်။

အာရပ်နွေဦး ဆိုတာလည်း သူတို့
လက်ချက်ပဲ။ ထိုအချိန် အဓိက
ပစ်မှတ်က အီရတ်က `ဆဒမ်ဟူစိန်´၊
လစ်ဗျားက `ကဒါဖီ´ နှင့် ဆီးရီးယား
က `အာဆတ်´ ဖြစ်တယ်။

`ဆဒမ်ဟူစိန်´နှင့် `ကဒါဖီ´ ကျဆုံးခဲ့
ရပေမဲ့ `အာဆတ်´ က ရူရှ၊ အီရန်
နောက်ခံကြောင့် အခုထိ တည်မြဲ
နေတာကို သူတို့ မရှုစိမ့်နိုင်တဲ့
အတွက် လိုရင် အသုံးချဖို့ ချန်
ထားတဲ့ ဝှက်ဖဲ တစ်ချပ်သာဖြစ်
လို့ အခုတော့ အသုံးချနေပြီ။

ဒုတိယ ကမ္ဘာစစ်အပြီး နိုင်ငံတိုင်း
ကို သွေးခွဲရုံမက အချို့နိုင်ငံတွေ
ကိုကျ နှစ်ပိုင်း ခွဲပစ်လိုက်ကြတယ်။

အာရှမှာဆို ဗီယက်နမ်၊ ကိုရီးယား
က အထင်ရှားဆုံးဖြစ်တယ်။

ရက်စက်ကြမ်းကြုတ်သော ဂျပန်
တို့၏ သိမ်းပိုက်မှုအောက်တွင်
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း
ငရဲကျခဲ့သော ကိုရီးယားနိုင်ငံ
ကို ၁၉၄၅ - ခုနှစ်တွင် ဂျပန်က
လက်နက်ချပြီးနောက် နိုင်ငံကို
`၃၈ မျဉ်းပြိုင်လိုင်း (38th Par
- allel Line´ အတိုင်း နှစ်ပိုင်းခွဲ
ကာ ဆိုဗီယက်တို့က မြောက်ဘက်
ဒီမိုကရက်တစ် ပြည်သူ့ သမ္မတနိုင်ငံ
ရှိ `ကင်အီဆွန်း (Kim Il-sung)´ ကို
ထောက်ခံခဲ့ပြီး အမေရိကန်က ကိုရီး
ယား သမ္မတနိုင်ငံ တောင်ဘက်
`ရီဆွန်းမန်း (Syngman Rhee)´
ကို ကျောထောက်နာက်ခံပေးခဲ့
ကြတယ်။

ဘာသာစကားတူ၊ ယဉ်ကျေးမှုတူ၊
ကိုးကွယ်မှု တူညီသော တိုင်းပြည်
ကို အတွေးအခေါ်ကွဲ၊ ဝါဒကွဲအောင်
သွေးခွဲခဲ့ကြတယ်။

ဒါကြောင့် သူတို့ ဆုတ်ခွါသွားသော်
လည်း နှစ်နိုင်ငံ တင်းမာမှု တစ်ကျီကျီ
ဖြစ်နေပြီး နယ်စပ်မျဉ်းတစ်လျှောက်
မှာလည်း မကြာခဏ ထိပ်တိုက်တိုး
ကြပြီး သွေးထွက်သံယိုမှုတွေ ဖြစ်
လာကြတယ်။

၁၉၅၀ - ခုနှစ်၊ ဇွန်လ (၂၅) ရက်
နေ့မှာတော့ မြောက်ကိုရီးယား
ခေါင်းဆောင် `ကင်အီဆွန်း´ က
နယ်စပ်မျဉ်းကို ရုတ်တရက် ဖြတ်
ကျော်ပြီး စတင်တိုက်ခိုက်တော့
တယ်။

ဆိုဗီယက် လက်နက်များ တပ်ဆင်
ထားသော မြောက်ကိုရီးယားတပ်
များသည် ကိုရီးယား သမ္မတနိုင်ငံ
စစ်တပ်ကို လျင်မြန်စွာ လွှမ်းခြုံ
သွားခဲ့သည်။ ရက်ပိုင်းအတွင်း
၎င်းတို့သည် တောင်ဘက် မြို့
တော် `ဆိုးလ် (Seoul) ´ မြို့ကို
သိမ်းပိုက်နိုင်ခဲ့တယ်။

`ဒိုမီနို သီအိုရီ (Domino Theory)´
အရ တစ်နိုင်ငံပြိုလျှင် အခြားနိုင်ငံ
တွေပါ ပြိုလဲနိုင်တယ်ဆိုတဲ့ အတွေး
အခေါ်ကို ကမ္ဘာကြီးကို ရိုက်သွင်းပြီး
အမေရိကန် သမ္မတ `ဟယ်ရီ ထရူး
မန်း´က ဒုတိယကမ္ဘာစစ်အပြီးတွင်
ဂျပန်၏ လက်နက်ချမှုကို လက်ခံ
ခဲ့သော အမေရိကန် ဗိုလ်ချုပ်ကြီး
`မက်အာသာ (Douglas MacAr
- thur)´ ကို ကုလသမဂ္ဂတပ်ဖွဲ့၏
တပ်မှူးအဖြစ် ခန့်အပ်ပြီး ပြန်လည်
ခုခံခဲ့တယ်။

၁၉၅၀ - ခုနှစ်၊ စက်တင်ဘာ (၁၅)
ရက်နေ့မှာ ပင်လယ်ကနေ ဖြတ်ပြီး
အင်ချွန်းမြို့ကို ဦးတည်၍
`Operation Inchon´ ကြောင့်
မြောက်ကိုရီးယားတပ်တွေ
နယ်စပ်မျဉ်းကို ပြန်လည်ဆုတ်
ခွါပေးလိုက်ရတယ်။

ကင်အီဆွန်းတပ်တွေ ဝင်လာတုန်း
ကလည်း သစ္စဖောက်တွေဟု စွပ်
စွဲကာ အရပ်သား အများအပြား
ရက်စက်စွာ အသတ်ခံရသလို
မတ်အာသာတပ်တွေ ဝင်လာတော့
လည်း မြောက်ကိုရီးယားဖက် ပါသူ
တွေ၊ သစ္စဖောက်တွေဟုဆိုကာ
အရပ်သား မြောက်များစွာ အသတ်
ခံကြရပြန်တယ်။

(၃) နှစ်တာ ကိုရီးယား စစ်အတွင်း
အရပ်သား (၃) သန်းကျော်နှင့် နှစ်
ဖက် စစ်သား တစ်သန်းကျော် သေ
ဆုံးခဲ့ရတယ်။

ပြောချင်တာက အမေရိကန်ရဲ့
သွေးခွဲမှုအောက်မှာ လူ့အသက်
ပေါင်း များစွာနှင့် နိုင်ငံတွေ တစ်
စစီ ကွဲပြဲ ဆုံးရှုံးခဲ့ကြရတယ်။

ယူကရိမ်းစစ်၊ ပါလက်စတိုင်းစစ်၊
ယခု ဆီးရီးယားစစ်နှင့် မကြာမီ
ရုရှနိုင်ငံနှင့် ကပ်နေတဲ့ ဂျော်ဂျီ
ယာမှာလည်း စစ်ဖြစ်လာအောင်၊
ရုရှကို အရူးမီးဝိုင်းဖြစ်အောင်
လုပ်နေကြပြန်တယ်။

အချုပ်အနေနှင့် ပြောချင်တာက
အမေရိကန်ကြောင့် ကမ္ဘာကြီး
ကျန်းမာရေး ဆိုးရွားနေတာ
မည်သူမှ ငြင်းလို့ မရပါလေ
တော့သတည်း။

(Andrew Soe)
2nd Dec 2024

နိုင်စိုးနှင့် အမျိုးများ

02 Dec, 15:39


"အားလုံး အမေရိကန်ကြောင့်သာ"
--------------------------------------

#ဓာတ်ပုံကတော့ တောင်ကိုရီး
ယားရဲ့ ပထမဆုံး သမ္မတ ရီဆွန်း
မန်းနှင့် ဗိုလ်ချုပ်ကြီး မက်အာသာ
ဖြစ်တယ်။

နိုင်စိုးနှင့် အမျိုးများ

01 Dec, 18:02


"မှတ်ပါ"
---------

ဘီဒူဝင်တွေအကြောင်းပဲ
ရေးနေပေမဲ့ ရွာထဲမှာ ဟော့
ဖြစ်နေတဲ့ ပေါက်ပန်းသေး
သတင်းတွေကိုလည်း မြင်
ရတယ်၊ ကြားရတယ်။

ကိုယ့်အဆင့်နဲ့ မတန်လို့
ဒါတွေ မရေးပေမယ့် သင်ခန်း
စာ ရစေလိုခြင်း အလို့ငှာနှင့်
ဉာဏ်မရှိ တုံးလွန်းလှချည်
လား၊ မြင်မိလို့ အခုလို
အနည်းငယ် ရေးခြင်း
ဖြစ်တယ်။

ရွာပြင်၊ ရွာထဲက မီဒီယာ
အစုတ်ပလုတ်တွေနဲ့ တွေ့ဆုံ
စကားပြောခြင်းဟာ.....

၁)။ မင်းကိုယ်၌ ကျပ်မပြည့်ခြင်း။
စာမတတ်ခြင်း။ ဗမာစာ ရေးတာ
တောင် လဲနှင့် လည်းကို မှန်အောင်
မသုံးတတ်ခြင်း။

၂)။ လက်ရှိ အခြေအနေ
ကာလံ ဒေသံ အဂ္ဃံ ဓနံကို
မသိခြင်း။

၃)။ ဘွဲ့၊ ရာထူး၊ ဂုဏ် အရှိန်
အဝါ ရှိသော်လည်း အချောင်
ရရှိထားသူ ဖြစ်နေခြင်း။

၄)။ မပြုံးလို မတန်မရာ၊ အရောင်
မထွက်၊ အရှက်မရှိ မပြည့်တဲ့အိုး
ဘောင်ဘင်ခတ်ချင်သူ ဖြစ်နေခြင်း။

၅)။ လူ့အန္ဓ လက်သုံးချောင်း
ထောင် ဖြစ်နေခြင်း။

၆)။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ
အရည်မရ၊ အဖတ်မရ နေ့စဉ်
မိမိကိုယ်၌ စောက်တစ်လွဲတွေ
လုပ်နေတာကို လူအထင်ကြီး
စေချင်တဲ့ စိတ္တဇ ဝေဒနာသည်
လို တင်ပြနေခြင်းနှင့် တုတ်စာ၊
အဖုတ်စာလောက်သာသိသော
အောက်တန်းစား အတွေးအခေါ်
ရှိသူတွေ ဖြစ်နေခြင်း။

အစရှိတဲ့ သူတွေသာ မီဒီယာ
အစုတ်ပလုတ်တွေနှင့် ဗျူးလေ့
ရှိတယ်။

ဆိုလိုတာ မီဒီယာတိုင်းကို
ပြောတာ မဟုတ်ဘူးဆိုတာကို
တော့ ထည့်ပြောစရာ မလိုဘူး
ထင်တယ်။

(Andrew Soe)
1st Dec 2024

နိုင်စိုးနှင့် အမျိုးများ

01 Dec, 18:02


"မှတ်ပါ"
---------

နိုင်စိုးနှင့် အမျိုးများ

01 Dec, 17:06


"အလှ"
-------

မိမိ ဆွီဒင်မှာ နေတဲ့ မြို့ရဲ့
`1st December 2024´
ဒီကနေ့ အလှ အချို့။

(Andrew Soe)
1st Dec 2024

နိုင်စိုးနှင့် အမျိုးများ

19 Nov, 17:40


"စိတ်မထိန်းနိုင်"
-----------------

`ကင်ဂျုံအမ်း (Kim Jong Un)'
အရမ်း စိတ်ဆိုးနေပြီ။

သူ့စစ်သား (၁၀,၀၀၀) ရုရှကို
စစ်ကူဖို့ လွှတ်ထားသလို အခု
အခြေအနေအရ နောက်ထပ်
စစ်သား (၁၀၀,၀၀၀) ထပ်လွှတ်
အုံးမယ် ဖြစ်သလို ငါ့ဆီမှာလည်း
ဘာလက်နက် ညူတွေရှိလဲ
ကြည့်ထားကြလို့ဆိုချင်တာ။

(Andrew Soe)
19th Nov 2024

နိုင်စိုးနှင့် အမျိုးများ

19 Nov, 15:53


"Dead Hand"
-----------------

ရုရှက ညူကို ဘယ်လို
ဘယ်နည်း ပုံစံ စနစ်နှင့်
ပစ်ခတ်မှာလည်းဆိုတာကို
အမျိုးတွေ ကြည့်စေချင်။

ဒီစနစ်ကို သူတို့အခေါ်
"လူသေလက်(Dead Hand)"
လို့ ခေါ်သတဲ့လေ။

(Andrew Soe)
19th Nov 2024

နိုင်စိုးနှင့် အမျိုးများ

19 Nov, 15:37


"ဆုသာတောင်းထား"
-----------------------

သူပြောထားတဲ့ ဂတိအတိုင်း
သူ့မြေပေါ် တာဝေးပစ်ဒုံး
တစ်လုံးကျတာနဲ့ ညူကလီး
ယား သုံးမယ်ဆိုတာ တကမ္ဘာ
လုံးသိအောင် ပြောထားတာ၊
မလုပ်ဘူးဆိုရင် စောက်ရှက်
ကွဲသွားမှာပေါ့။ အရိုအသေ
တန်ကုန်ကြမှာပေါ့။

အဲဒီတော့ ဇာလန်စကီး ခေါင်း
ပေါ်ကို အနည်းဆုံး ညူဗုံးတစ်
ဗုံးလောက်တော့ ရှေ့အပတ်ထဲ
အယားပြေချမှာ သေချာတယ်။

ဒါကို ဘိုင်ဒင်၊ ယူကေ၊ ပြင်သစ်
မကျေနပ်လို့ ညူတွေ ပြိုင်လွှတ်
ကြစတမ်း လုပ်ရင်သာ ကမ္ဘာ
ပျက်မှာ။

မဟုတ်ရင် ဟိုအကောင်
တစ်ကောင်ပဲ ခံရမယ်။

(Andrew Soe)
19th Nov 2024

နိုင်စိုးနှင့် အမျိုးများ

19 Nov, 15:18


"တကယ်ပဲလား"
-----------------

တတိယ ကမ္ဘာစစ်ပွဲ၏
ညူကလီးယား အသုံးပြုဖို့
အတွက် နေတိုးက စစ်ပြင်
နေသလို ရုရှ၊ မြောက်ကို
ရီးယားနှင့် တရုတ်ကလည်း
ပြင်နေကြပြီ။

ဒီတစ်ခါတော့
တကယ်ချကြတော့မယ်
ထင်တယ်။

(Andrew Soe)
19th Nov 2024

နိုင်စိုးနှင့် အမျိုးများ

19 Nov, 15:10


"ချပြီဝေ့"
----------

ဒီလူရွှင်တော်ကတော့
ဘိုင်ဒင် မြှောက်ပေးတိုင်း
ဂွေးတက်အောင် ကတော့
တာပဲ။

မျောက်လက်ထဲ အုန်းသီး
ရသလို အမေရိကန်က
ထောက်ပံ့ပေးထားသော
တာဝေးပစ် ဒုံးကျည် (၆)
စင်း ဒီကနေ့မှာ ပစ်ခတ်
ခဲ့ကြောင်း ရုရှ ကာ/ဝန်က
အတည်ပြုပါတယ်။

(၅) လုံးကို ပစ်ချနိုင်ခဲ့ပြီး
တစ်လုံးက ပျက်စီးကာ အပိုင်း
အစအချို့ စစ်ဘက်ဆိုင်ရာ
အဆောက်အဦး တစ်ခုကို
မီးလောင်ကြောင်း ဖော်ပြ
ပါရှိတယ်။

ဒီတော့ ရုရှက ငြိမ်ခံမလား။

သူပြောထားသလို
ညူကလီးယား သုံးတော့မှာ
သေချာနေပြီပေါ့။

ရုရှ၊ တရုတ်ပေါင်းပြီး စစ်ပြင်
နေကြပြီ။

ဒီကနေ့လား၊
နက်ဖြန်လားပဲ။

တကမ္ဘာလုံး သေကြလည်း
ပြီးတာပဲ။

(Andrew Soe)
19th Nov 2024

နိုင်စိုးနှင့် အမျိုးများ

19 Nov, 07:27


"ဘယ်ပြေးမလဲ"
-----------------

ထရမ့် တက်လာရင် ကလေကဝ
တွေကို မောင်းထုတ်ဖို့ စစ်တပ်
ကို အသုံးပြုမယ်ဆိုတာ မှန်ကန်
ကြောင်း အတည် ပြုထားချက်။

(Andrew Soe)
19th Nov 2024

နိုင်စိုးနှင့် အမျိုးများ

19 Nov, 07:16


"ပွဲကတော့ လှနေပြီ"
----------------------

ဒီတစ်ခါတော့ ဒီလူ အနည်းငယ်
ကျားကျားယားယား ပြောလာ
တယ်။

ဗမာပြည်သူ တရပ်လုံးဆီက
နည်းအမျိုးမျိုးနှင့် အလှူခံ ခိုး
ယူပြီး ဒေါ်လာ သန်းကျော်တန်
အိမ်ကို ဘဏ်ချေးငွေ တစ်ပြား
တစ်ချပ်မှ မပါ၊ လက်ငင်း ငွေ
ချေပြီး ဝယ်ယုံတင်မက တဆွေ
တမျိုးလုံးကိုလည်း ကလိမ်ခြုံ
သူခိုးမက အမေရိကားကို ခေါ်ယူ
ထားတဲ့အကြောင်း တရားဝင်
ဝက်ဘ်ဆိုဒ်မှာ လူတိုင်း ဒေါ်
လာ (၂၀) ပေးပြီး ကြည့်ရှုနိုင်
ကြောင်း သက်သေနှင့်တကွ
ဖွင့်ပြောလာတာတွေ့ရတယ်။

တဖက်မှာလည်း......
ထရမ့် တက်လာရင် ကလေကဝ
တွေကို မောင်းထုတ်ဖို့ စစ်တပ်
ကို အသုံးပြုမယ်ဆိုတာ မှန်ကန်
ကြောင်း အတည် ပြုထားတယ်။

ဘာတွေ ဖြစ်လာမလဲ
စောင့်ကြည့်ကြအုံးစို့။

(Andrew Soe)
19th Nov 2024

နိုင်စိုးနှင့် အမျိုးများ

18 Nov, 18:50


"ယုတ်မာချက်ကမ်းကုန်"
---------------------------

ထရမ့် တရားဝင် မတက်ခင်လေး
ဒီမိုတွေ မစားရတဲ့အမဲ၊ သဲနဲ့ပက်
ခဲ့ပြီ။

ရုရှ အတွင်းပိုင်းအထိ ရောက်ရှိ
မည့် `ATACMS Missiles´ ကို
ယူကရိန်းကို ပစ်ခွင့် ပြုလိုက်တဲ့
အတွက် တတိယ ကမ္ဘာစစ် ဖြစ်
အောင် ဘိုင်ဒင်က မီးမွှေးလိုက်
ခြင်း ဖြစ်တယ်။

ဇာလန်စကီး စပစ်တဲ့နေ့ဟာ
ကမ္ဘာစစ်ဖြစ်မဲ့နေ့ပါပဲ။

ပစ်၊ မပစ်။
ဖြစ်၊ မဖြစ် စောင့်ကြည့်ရုံကလွဲ
ဘယ်သူမှ ဘာမှ မတတ်နိုင်ပါ။

(Andrew Soe)
18th Nov 2024

နိုင်စိုးနှင့် အမျိုးများ

18 Nov, 15:23


"ဖမ်းပြီ"
--------

ဗမာစကား တစ်လုံးမှ မတတ်ဘဲ
အဖွဲ့အစည်းအမည်ကတော့
မတန်မရာကြီး ပေးထားတာ။

"မြန်မာ့အမျိုးသား ဒီမိုကရက်တစ်
မဟာမိတ် တပ်မတော် [Myanmar
Democratic National Alliance
Army (MNDAA)]"

နဝတ၊ နအဖခေတ် ဗိုလ်သန်းရွှေ၊
ဗိုလ်မောင်အေး၊ ဗိုလ်ခင်ညွှန့်တို့
အရှုပ်တွေကို ဗိုလ်မအလ ရှင်းနေ
ရတာပေါ့။

အဲ့ဒီ (MNDAA) ခေါင်းဆောင်
`ဖုန်တာရွှင် (Pheung Daxun)´
ကို လားရှိုးမြို့မှ ဆုတ်ခွါပေးရန်နှင့်
နစက လက်ထဲ ပြန်ပေးရန် သူ့အဖေ
တရုတ်ကြီးက တောင်းဆိုသည်ကို
ငြင်းဆန်သည့်အတွက် ယူနန်ပြည်
နယ်သို့ တဖက်လှည့်နှင့် ဖိတ်ခေါ်ပြီး
ဖမ်းဆီးလိုက်သည်ဟု သတင်းတွေ
အရ သိရှိရတယ်။

တရုတ်ကြီးက ကလေကဝ ဘိန်းစား
`ဖုန်မျိုးနွယ်´ ထက် အစဉ်အလာရှိတဲ့
`ရန်မျိုးနွယ်´ လက်ထဲ ကိုးကန့်ကို
အာဏာအပ်ချင်တဲ့ သဘောလည်း
ရှိပုံပေါ်တယ်။

သိပ်မကြာခင် ဓာတ်ခဲနှင့် တင်နီ
လာအေး ဘိန်းစားတွေလည်း
တရုတ်ဒုတ်စာ ဘယ်တော့ မိကြ
လေမလဲ စောင့်ကြည့်နေယုံသာ။

(Andrew Soe)
18th Nov 2024

နိုင်စိုးနှင့် အမျိုးများ

17 Nov, 17:38


"ရှုပ်ကုန်ပြီ"
------------

`ပီဒီဒီ (P.Diddy)´ ဇာတ်လမ်း
အရှုပ်တော်ပုံမှာ ကမ္ဘာကျော်
သေဋ္ဌေးကြီး တစ်ဦးဖြစ်တဲ့
`ဘီလ်ဂိတ်စ် (Bill Gates)´
လည်း ပါလာပြန်တယ်။

ဒီဓာတ်ပုံကြောင့် တကမ္ဘာလုံး
မျက်လုံးပြူးကုန်ကြတယ်။

တကယ်က ဗီဒီယိုဖိုင် တစ်ခု
ဖြစ်တယ်။

အဲ့ဒီမှာ သူတို့သုံးယောက်
ဘာလုပ်ကြတာလဲ ဖြည့်သာ
စဉ်းစားပေါ့။

The Scene: Diddy, Bill Gates,
and J-Lo။

(Andrew Soe)
17th Nov 2024

နိုင်စိုးနှင့် အမျိုးများ

16 Nov, 11:38


"သိပ်မကြာတော့ပါ"
----------------------

အမေရိကန် နိုင်ငံသား
ခံယူထားတဲ့ ဥက္ကာမင်းမောင်က၊
အပျံမ အသက်က (၃၆) နှစ် ဖြစ်
ကြောင်း၊ အိမ်ဝယ်တာ သူပြော
သလို ဘဏ်ချေးငွေ တစ်ပြားမှ
မပါဘဲ ငွေသား ဒေါ်လာ တစ်
သန်းကျော် လက်ငင်း ငွေချေ
ပြီး ဝယ်ယူထားတာကို ရှာဖွေ
တွေ့ရှိကြောင်း စသဖြင့် ရီပို့
အထု ခံရမည်စိုး၍ သီချင်းလုပ်
သီဆိုပြီး ဖော်ပြတာကို တစ်
တော့ခ်မှာ မြင်လိုက်ရတယ်။

တဖက်က သူခိုးမကလည်း
နောက်ထပ်တွေ အလှူခံနေ
တာတွေလည်း လွန်စွာ အင်
မတန် အောင်မြင်နေကြောင်း
ပေါ်ပေါ်ထင်ထင် ဖော်ပြနေ
တာတွေကို မမြင်ချင်လည်း
မြင်နေရတယ်။

ဒီနှစ်ဖက် ဖော်ပြချက်တွေကို
ကြည့်ပြီး ဘယ်သူတွေက မှား
နေတာလဲဆိုတာ ဘွင်းဘွင်းကြီး
လယ်ပြင် ဆင်သွားသလို ပေါ်
နေတယ်။

ဆိုလိုတာ သူတို့ရဲ့ ကလိမ်ခြုံ
တော်လှန်ရေးဆိုတာ နောက်နှစ်
တစ်ထောင် မအောင်မြင်နိုင်
သလို ရွာပြင်ရွာထဲ ငတုံးငအ
ငစနှူ လဒူ စာမဖတ် ပေမတတ်
ဦးနှောက်မဲ့ အကြမ်းဖက် အား
ပေး အလှူရှင်တွေသာ ထမီ
ပေါင်စား အဆင့် ရောက်မယ်
ဖြစ်ပြီး သူခိုးမကတော့ သာ
သာလေး အချောင်ရနေ
တဲ့အတွက် သူ့အလုပ်က
လိမ်ပြီးယင်း လိမ်နေမည်
ဖြစ်သလို ဝေဖန် ထုတ်ဖော်
သူတွေကလည်း သူ့ကလိမ်
ဇာတ်လမ်းကို အမျိုးမျိုး
ဖော်ပြယင်း မုန့်လုံး စက္ကူကပ်
ဂျာအေး သူ့အမေရိုက်နေတာ
ပြီးဆုံးဖို့ရာက မကြာခင် ဒီသူခိုး
မ အသေထွက်မလား၊ အရှင်
မောင်းထုတ် ပြန်ပို့ ခံရမလား
ဆိုတာကတော့ အတော်ကြီး
ကို နီးလာပြီဖြစ်ကြောင်း အလို
လို သတိထားမိပါလေတော့
သတည်း။

(Andrew Soe)
16th Nov 2024

နိုင်စိုးနှင့် အမျိုးများ

15 Nov, 18:21


"အားပေးပါ"
-------------

ကပြားမလေးမို့
ရွာသူရွာသား အများစုက
ပစ်ပယ်ထားလေလျော့
သလားပေါ့။

ဘယ်မှာမွေးမွေး၊ ဘယ်နိုင်ငံ
သား ခံယူထားထား၊ သူက
မြန်မာတနိုင်ငံလုံးကို ကိုယ်စား
ပြုပြီး ဝင်ပြိုင်နေတာဖြစ်သလို
လွန်စွာ အင်မတန် ဗမာဆန်
သည့် အလှမယ်လေး တစ်ဦး
ပါ။

အလှမယ် အားလုံးထဲမှာ
ဘာသာစကား (၆) မျိုးကို
အရေး၊ အဖတ်၊ အပြော
ကျွမ်းကျင်ပိုင်နိုင်စွာပြော
နိုင်တာ သူတစ်ဦးထဲ ရှိ
တယ်။

(Andrew Soe)
15th Nov 2024

နိုင်စိုးနှင့် အမျိုးများ

15 Nov, 17:02


"မူရင်းကို အားပေးပါ"
-----------------------

ဒီသီချင်းကို ရွာထဲမှာ
ဘယ်သူတွေ စာသား ပြန်လည်
သွပ်သွင်းပြီး ပြန်ဆိုထားကြလဲ
သိကြပါမည်။

ခွေးမင်းနဲ့ စမနန္ဒာတို့ အရည်လူး
ကာလ ဗီဒီယိုတွေမှာ သရုပ်ဆောင်
ထားကြသေးတယ်။

"သုံးရာသီ" ဆိုလား ဘာလားပေါ့။

မူရင်းကတော့ ၁၉၇၈ - ခုနှစ်က
`Boney - M´ သီဆိုထားသည့်
"Never Change Lovers In
The Middle Of The Night"
ဖြစ်တယ်။

(Andrew Soe)
15th Nov 2024

နိုင်စိုးနှင့် အမျိုးများ

15 Nov, 16:44


"သီအိုရီ အမှန်"
----------------

မဆလ၊ နဝတ၊ နအဖခေတ်မှာ
အစိုးရ ပြောတာကို ပြောင်းပြန်
နားလည်။

အခုခေတ်မှာ အကြမ်းဖက်
သူပုန် ပြောတာကို ပြောင်းပြန်
စဉ်းစား နားလည်။

စီးပွါးရေး၊ နိုင်ငံရေး၊ လူမှုရေး
အားလုံး ဒီသီအိုရီအရ အမြဲမှန်
တယ်။

(Andrew Soe)
15th Nov 2024

နိုင်စိုးနှင့် အမျိုးများ

15 Nov, 15:03


"ရိုးရာကထိန်"
----------------

မြို့တိုင်းလိုလို တန်ဆောင်မုန်း
လပြည့်ည တန်ဆောင်တိုင်
အခမ်းအနား ပျော်ပွဲရွှင်ပွဲတွေနှင့်
ကြိတ်ကြိတ်တိုး ကြက်ပျံမကျ
စည်ကားနေကြတာ တွေ့ရလို့
ကြည်နူးမိတယ်။

ကထိန်ခင်းတဲ့အခါ
ရိုးရာ ယဉ်ကျေးမှုမပျက်
ဒီလိုမျိုးလေးက ကျက်သရေ
ပိုရှိပါ့။

(Andrew Soe)
15th Nov 2024

နိုင်စိုးနှင့် အမျိုးများ

15 Nov, 14:23


"ပြုံးမိလေခြင်း"
---------------

နယူးဇီလန်နိုင်ငံမှာ
ဋ္ဌာနေ `မော်ရီ (Maori)´
လူမျိုးနွယ်စုနှင့် နှစ်ပေါင်းများစွာ
က သဘောတူညီထားသော
မြေယာလုပ်ပိုင်ခွင့်နှင့် ပတ်
သက်ပြီး လွှတ်တော်အတွင်း
အငြင်းပွါးကြရာမှ မော်ရီလူမျိုး
ဥပဒေပြုလွှတ်တော်အမတ်က
သူတို့မျိုးနွယ်စု `ဟက (Haka)´
အကနှင့် ကန့်ကွက်ဆန့်ကျင်
ခြင်းကြောင့် ကမ္ဘာအနှံ့ ကြည့်
ရှုသူ သန်းပေါင်းများစွာ ရှိတဲ့
တစ်တော့ခ်ပို့စ်တစ်ခုဖြစ်တယ်။

မိမိ တင်တာက
အဲ့ဒီအကြောင်းထက်ကို
ရွာစွန်ရောက် အမဲမ မဲမဲ
ကျော်သိန်းနဲ့ ရုပ်ရည်
ဟန်ပန် အမူအယာ၊
ကပြပုံ အတော်တူနေ
လို့ရယ်သာ။

(Andrew Soe)
15th Nov 2024

နိုင်စိုးနှင့် အမျိုးများ

14 Nov, 17:08


"ထောင်ပါ"
-------------

ကျော်စိုးဦး
ဒီကနေ့ ပြောတာလေး
နားထောင်ကြည့်စေချင်။

(Andrew Soe)
14th Nov 2024

နိုင်စိုးနှင့် အမျိုးများ

13 Nov, 18:51


"အမြန်ဖြုတ်ပစ်ပါ"
--------------------

ရွာထဲက စာမဖတ် ပေမတတ်
နီပိန်း ငပိန်း နီပိတ်တွေလို
အမေရိကားမှာလည်း ထရမ့်
နိုင်လို့ ဆန္ဒပြခြင်းတွေ ပြုလုပ်
နေကြသလို စာသင်ကျောင်း
တွေမှာလည်း အမေရိကန်
အလံကို ဖြုတ်ပစ်ခြင်းတွေကို
ဆရာ၊ ဆရာမ အချို့တွေ
ကိုယ်တိုင် အောက်တန်းစား
စိတ်ဓာတ်နှင့် ပြုလုပ်နေကြ
တာကို ကမ္ဘာကျော် ဟောလိဝုဒ်
မင်းသားကြီး `မတ်ခ်ဝိုင်းလ်ဘတ်
(Mark Wahlberg)´ က ထိုသူ
များကို အမြန်ဆုံး ချက်ချင်း
အလုပ်ဖြုတ်ပစ်ရန် တောင်းဆို
သည့် သတင်းကတော့ အတော့်
ကို ဟော့ဖြစ်လျှက် ရှိနေပါကြောင်း။

(Andrew Soe)
13th Nov 2024

နိုင်စိုးနှင့် အမျိုးများ

13 Nov, 18:43


"နိုင်ငံကြီးသား ပီသကြပုံ"

နိုင်စိုးနှင့် အမျိုးများ

13 Nov, 17:13


"နိုင်ငံကြီးသား ပီသကြပုံ"
---------------------------

ထရမ့်နှင့် ဘိုင်ဒင်
အခု အိမ်ဖြူတော်မှာ
တွေ့ဆုံပြီး ရှေ့နှစ်
ချောမွေ့စွာ အာဏာ
လွှဲပြောင်းရေးကိစ္စ
ဆွေးနွေးနေကြတယ်။

ရာထူးက ထွက်ပြီးနောက်
အိမ်ဖြူတော်ကို ထရမ့်
ပထမဦးဆုံးအကြိမ် ရောက်
ရှိလာခြင်းဖြစ်တယ်။

(Andrew Soe)
13th Nov 2024

နိုင်စိုးနှင့် အမျိုးများ

13 Nov, 16:10


"သူမြင်သွားပြီ"
----------------

ရွာထဲက အရူး ငတုံး ဆယ်လီ
ငစနှူ လဒူတွေ ကြားထဲမှာမှ
အင်မတန် တုံးလွန်းလှတဲ့
ချမ်းချမ်းတောင် အမှန်ကို
အနည်းငယ် မြင်လာပြီ။

ကျန်တဲ့ ငစနှူတွေ ဘယ်တော့
မြင်ကြမလဲ ?

(Andrew Soe)
13th Nov 2024

နိုင်စိုးနှင့် အမျိုးများ

13 Nov, 15:27


ထူးခြားတာက ယခင်က မရှိခဲ့
ဘူးတဲ့ ဋ္ဌာန အသစ်တစ်ခုကို
သမ္မတ၏ တောင်းဆိုမှုအရ
အသစ်ဖွဲ့စည်း တည်ထောင်
လိုက်တာပဲဖြစ်တယ်။

`Department of Government
Efficiency´ ဟု ခေါ်ဆိုပြီး အတို
ကောက်အားဖြင့် `(DOGE)´ လို့
ခေါ်တယ်။

ဒီဋ္ဌာနရဲ့ အကြီးအကဲက ကမ္ဘာ
ကျော် သေဋ္ဌေးကြီး `Elon Musk´
ဖြစ်ပြီး သူနှင့် တွဲအလုပ်လုပ်မဲ့
သူက `Vivek Ramaswamy´
ဖြစ်တယ်။

ဒီဋ္ဌာနက ဘာလုပ်မှာလဲ
ဆိုတော့ "အစိုးရတစ်ရပ်၏
လူထုအတွက် မလိုလားအပ်
သော အဆင့်ဆင့် ဗျူရိုကရေ
စီ ယန္တရားကို ဖြတ်တောက်
တားဆီးရန်၊ လိုတာထက်
ပိုသော အသုံးစရိတ် ဖြုန်းတီး
မှုများကို ဖြတ်တောက်ရန်နှင့်
ပြည်နယ် အေဂျင်စီများ ပြန်
လည် ဖွဲ့စည်းရေး" တို့ ပါဝင်
တယ်။

ဆိုလိုတာ လူပိန်းနားလည်
အောင် ဥပမာ ပြောရရင် နိုင်ငံ့
အကြီးအကဲက မလိုအပ်ပဲ
တစ်နေ့ကို သိန်းဆယ်ချီ
ဝတ်စုံ နှစ်စုံကို တစ်ခါပဲ
ဝတ်ပြီး ပြန်မဝတ်ဘဲ နေ့စဉ်
အသစ်လဲလှယ် ဝတ်ဆင်တာ
မျိုး၊ တိုင်းပြည် အခြေအနေနှင့်
လူထု စားစရာ မရှိတဲ့အချိန်မှာ
တန်ဖိုးကြီး ရဟတ်ယာဉ်
အသစ် ဝယ်စီးတာမျိုးတွေရဲ့
ဘတ်ဂျက်တွေကို ဖြတ်တောက်
ပစ်မှာ ဖြစ်တယ်။

ဒီစီမံကိန်းကို ထရမ့်က
ဒုတိယ ကမ္ဘာစစ်အတွင်း
အနုမြူဗုံး ထုတ်လုပ်သည့်
ဒေါက်တာ ကိုပင်ဟိုင်းမား
ဦးစီးသည့် `Manhattan
Project´ နှင့် နှိုင်းယှဉ်ထားပြီး
ဝန်ထမ်းပေါင်းများစွာ အသုံး
ပြုမည့် အစီအစဉ်ဖြစ်တယ်။

သူ့အစိုးရအဖွဲ့မှာ ခန့်ထားတဲ့
သူတွေအားလုံး တကယ့် ဆရာ
ကြီးတွေ ဖြစ်သလို အပီအပြင်
ဆော်မဲ့ ဖိုက်တာတွေချည်း
ဖြစ်နေတယ်။

၁)။ ကာကွယ်ရေးဝန်ကြီး။
`Pete Hegseth (Secretary
of defense)´

၂)။ ပြည်ထဲရေးဝန်ကြီး
(အမျိုးသမီး)
`Kristi Noem (Secretary
of homeland security)´

၃)။ အစ္စရေးလ်နိုင်ငံဆိုင်ရာ
သံအမတ်ကြီး။
`Mike Huckabee,
(Ambassador to Israel)´

၄)။ ကုလသမဂ္ဂဆိုင်ရာ
သံအမတ်ကြီး (အမျိုးသမီး)
`Elise Stefanik, (United
Nations ambassador)´

၅)။ အိမ်ဖြူတော် ဝန်ထမ်း
အကြီးအကဲ (အမျိုးသမီး)
`Susie Wiles, (Chief of
staff)´။ ဒီရာထူးမှာ ပထမ
ဦးဆုံး အမျိုးသမီး ရရှိတာ
ဖြစ်ပြီး သူ့ရဲ့ အဓိက တာဝန်
က သမ္မတ မကြားချင်တာကို
ပြောရတဲ့သူ ဖြစ်ပြီး သူခွင့်
မပြုဘဲ သမ္မတကို ဘယ်သူက
မှ တွေ့ခွင့် မရှိသလို စကား
လည်း ပြောခွင့် မရှိပါ။

သမ္မတရဲ့ လူယုံတော်နှင့်
တံခါးစောင့် ဖြစ်တယ်။

၆)။ အမျိုးသား လုံခြုံရေး
အကြံပေး။
`Mike Waltz,
(National security adviser)´

၇)။ နယ်စပ်ရေးရာဝန်ကြီး
`Tom Homan, (Border czar)’

၈)။ ဗဟို ထောက်လှမ်းရေး
ညွန်ကြားရေးမှူး။
`John Ratcliffe
[Central Intelligence Agency
(CIA) Director]’ တို့ဖြစ်တယ်။

စာရှည်မည်စိုး၍ အရေးကြီးသော
ဋ္ဌာနကလွဲ အခြား ဋ္ဌာနတွေ မဖော်
ပြတော့ပါ။

တစ်ခု သိထားရမှာက နယ်စပ်
ရေးရာဝန်ကြီးက တကယ့် ဖိုက်
တာ တစ်ယောက် ဖြစ်သလို
သူ့ကို ခန့်လိုက်တာ အထောက်
အထားမဲ့တွေ၊ ပညာသင် ဗီဇာ
သမားတွေ၊ ပဲရိုး ဗီဇာသမားတွေ
အကြီးအကျယ် ကံဆိုးကြတော့
မှာ သေချာနေပါလေတော့
သတည်း။

(Andrew Soe)
13th Nov 2024

နိုင်စိုးနှင့် အမျိုးများ

13 Nov, 15:26


"ဖိုက်တာတွေစာရင်း"
------------------------

ထရမ့် အစိုးရ အဖွဲ့ဝင်တွေထဲမှာ
ပါဝင်တဲ့ သူတွေရဲ့ စာရင်းတော့
အကြမ်းဖျင်း ထွက်ရှိလာပြီ။

အပြောင်းအလဲအချို့ ရှိနိုင်ပေမဲ့
အတည်ဖြစ်ဖို့များတယ်။

`နိုင်ငံခြားရေးဝန်ကြီး (Secretary
of State)´ စာရင်းတော့ ထွက်မ
လာသေးပေမဲ့ `Marco Rubio´
ဖြစ်နိုင်ချေများတယ်။

နိုင်စိုးနှင့် အမျိုးများ

12 Nov, 14:30


"ဘယ်ရောက်ကုန်လဲ"
------------------------

ဘူးလက်ကြီး ပြောပုံအရဆို
ဒေါ်စုက ဒီလို ဖြစ်လာမယ်
ဆိုတာ ကြိုတင် ရိပ်မိထား
တာကြောင့် အလကား ရ
ထားတဲ့ အဝတ်အစားတွေ
ပါမကျန် အကုန် နိုင်ငံခြားကို
ပို့လိုက်တယ်ဆိုတာ အသေ
အချာပဲ။

နစကကို တစ်ကွက်အသာ၊
နှာတစ်ဖျား ကြောသွားတဲ့
သဘောရှိတယ်။

ဗမာပြည် လာတုန်းကလည်း
လက်ဆွဲသေတ္တာတစ်လုံး၊
အရောင်ခပ်မှိန်မှိန် စလင်း
ဘက်အိတ်တစ်ခုနှင့် အဝတ်
တစ်ထည် ကိုယ်တစ်ခုနဲ့
ရောက်လာတာပဲလေ။

သူ့အတွက် အရှုံး မရှိပါဘူး။

(Andrew Soe)
12th Nov 2024

နိုင်စိုးနှင့် အမျိုးများ

11 Nov, 19:32


"ပျော်ကြစမ်းပါကွယ်"
---------------------

ကလေကဝ၊ ပဒတ် ကင်းစင်
တောင်ကြီး တန်ဆောင်တိုင်၊
ဖွင့်ပွဲ။

(Andrew Soe)
11th Nov 2024

နိုင်စိုးနှင့် အမျိုးများ

11 Nov, 16:39


"လျှပ်စစ်မီး မလို"
-------------------

အမျိုးတွေအတွက်
ဒီနည်းက လက်တွေ့
အသုံးဝင်မယ်ထင်
တယ်။

ဘလိတ်ဓား နှစ်ချောင်း
အသစ်၊ ဝါယာကြိုး တစ်
ချောင်း၊ ဖန်ခွက် နှစ်လုံး၊
အိမ်သုံးဆား၊ ဖုန်းအား
သွင်းကြိုးတစ်ခု။

ပုံထဲက အတိုင်းကြည့်ပြီး
လုပ်။

လျှပ်စစ်မီး မလို၊
ဖုန်းအားသွင်းလို့ရမယ်။

(Andrew Soe)
11th Nov 2024

နိုင်စိုးနှင့် အမျိုးများ

11 Nov, 11:45


"ကိုယ်ရောင်ကိုယ်ဝါ"
-----------------------

ဒီတရုတ်ကြီး
သုံးသပ်ပြသွားတာ
အောက်က စာတွေ
လိုက်ဖတ်ကြည့်။

လူမလေး ခွေးမခန့်တဲ့
ဘိုင်ဒင်လက်ထက်မှာ
တကမ္ဘာလုံး မီးထတောက်
ရဲကြပေမယ်.............

ရွှေပလ္လင်ပေါ် တက်မထိုင်
ရသေးဘူး၊ ထရမ့်ကို ခန့်
ညားကြပုံက အဲ့လို ရှိတယ်။

လူမှာ အဟန့်ရှိဖို့ လိုသလို၊
အုပ်ချုပ်သူမှာလည်း ကိုယ်ရှိန်
ကိုယ်ဝါ ရှိဖို့လိုတယ်။

(Andrew Soe)
11th Nov 2024

နိုင်စိုးနှင့် အမျိုးများ

11 Nov, 11:21


"လူပေါင်း မမှားကြနဲ့"
-----------------------

နှစ်ပေါင်းများစွာ
ဝါဒမှိုင်းတိုက် ခံရမှုကြောင့်
စစ်တပ်ကို မယုံကြည်ကြ
ဘူး။

လက်ခံတယ်။

ဒါပေမယ့်.............
တစ်ဦးချင်းဆီကို
သေချာမေးကြည့်
စစ်တပ်ကြောင့် မင်းရဲ့ဘဝ
တိုက်ရိုက် ဘာထိခိုက်ဘူး
သလဲ မေးရင် ခွေးအ လှည်း
နင်းခံရသလို အင်းအဲ ဖြစ်ရော။

သီအိုရီအရ မှိုင်းဝါဒတွေကြောင့်
မသိစိတ်ကနေ အလကားနေ
အမုန်းပွါးနေကြတာ၊ မယုံ
မကြည် ဖြစ်နေကြတာ။

အလယ်အလတ် စိတ်ထားပြီး
နေရင် ကိုယ်လည်း သူ့ကို
မထိခိုက်သလို သူလည်း
ကိုယ့်ကို ထိခိုက်လိမ့်မယ်
မဟုတ်ဘူး။

ပုံထဲက အဖြစ်အပျက်ကိုပဲ
ကြည့်။

ဒီလို ကလေကချေ၊ ကလေ
ကဝ၊ အောက်တန်းစား အကြမ်း
ဖက်တွေကို သွားယုံမိလိုက်
တဲ့ အတွက် တမိသားစုလုံး
အသက်ပေးလိုက်ရတယ်၊
ရက်ရက်စက်စက် အသတ်
ခံလိုက်ကြရတယ်။

ဘယ်သူမပြု မိမိမှု၊
အဖြေက ရှင်းတယ်။

ဒီအကြမ်းဖက်တွေထက်
စာရင် စစ်တပ်က အများကြီး
စိတ်ချလို့ရတယ်။ ယုံကြည်
လို့ရတယ်။ ဒါမျိုး ဘယ်တော့မှ
တပ်က မလုပ်သလို ငါ့အတွေ့
အကြုံအရ လုပ်ခဲ့တဲ့ သမိုင်း
လည်း မကြားဘူးပါ။ မရှိပါ။

ရွာထဲကလူတွေ
အမှန်မြင်တတ်ဖို့
စာတွေဖတ်ပါ။

တောကျင့်တောကြံ
စရိုက်တွေ စွန့်ပါ။

မြို့ကြီးသား၊
နိုင်ငံကြီးသား စိတ်မွေးပါ။

(Andrew Soe)
11th Nov 2024

နိုင်စိုးနှင့် အမျိုးများ

11 Nov, 10:48


"ဂုဏ်ယူပါ"
------------

အံမယ်..... !
ဇော်မဲလုံးတောင်
တရုတ်ပြည်ရောက်ပြီး
အသားတွေ လတ်လာ
တယ်။

ဘယ်လိုပဲဖြစ်ဖြစ်
အောင်မြင်တဲ့ ခရီးစဉ်
ဖြစ်လို့ တိုင်းပြည်အတွက်
ဂုဏ်ယူပါတယ်။

(Andrew Soe)
11th Nov 2024

နိုင်စိုးနှင့် အမျိုးများ

10 Nov, 20:48


၁)။ `Tom Hanks´
ရွေးကောက်ပွဲပြီးနောက်
သူကိုယ်၌ မနေလိုတော့ပါဟု
လူသိရှင်ကြား ပို့စ်တင်ထား
သူ ဖြစ်တယ်။

သူနှင့် သူ့မိန်းမ `ဂရိ (Greek)´
နိုင်ငံကို ထွက်ပြေးသွားပြီး နိုင်ငံ
သား ခံယူမယ်လို့ ဆိုပါတယ်။

၂)။ `Beyonce and Jay Z´
လင်မယား နှစ်ယောက်စလုံး
ထွက်ခွါသွားပြီလို့ဆိုတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ တမြန်နေ့က
ကြေညာထားတဲ့ (၆၇) ကြိမ်မြောက်
ဂရမ်မီ ဆုပေးပွဲ စာရင်းမှာ (၁၁) ဆု
စာရင်း တင်သွင်း ခံရတာကြောင့်
ပွဲကိုတော့ ပြန်လာတက်နိုင်တယ်။

၃)။ `Taylor Swift´
သူကတော့ ကနေဒါကို
ထွက်ပြေးသွားပြီလို့ဆိုတယ်။

၄)။ `Cher´
အသတ် (၇၈) နှစ်အရွယ်
အဆိုတော်၊ သရုပ်ဆောင်၊
သီချင်းရေးသူ `ရှဲရ်´ ကတော့
ထရမ့်ကို လူလိမ်၊ အရူး၊
နာဇီလက်သစ်လို့ စွပ်စွဲထား
ပြီး သူနိုင်လျှင် တိုင်းပြည်မှာ
မနေဟု ကြေညာထားသူ
ဖြစ်တယ်။ ဘယ်ရောက်နေ
သည်ကို မသိကြပါ။

၅)။ `Barack Obama´
(၄၄) ကြိမ်မြောက် အမေရိကန်
သမ္မတ ဖြစ်ခဲ့သူ၊ ဘိုင်ဒင်နှင့်
ကမာလာ ဟားရစ်ကို ကြိုးကိုင်
ထားသူ၊ ဒီမိုကရက်တစ် ဂေါင်း
ကြီး တစ်ယောက်ဖြစ်ပြီး ထိပ်
ဆုံးက ကွိုင်အကြီးစား ရှိသူ
ဖြစ်တာကြောင့် ထရမ့် အနိုင်
ရရှိပြီးနောက် မည်သည့် မီဒီ
ယာနှင့်မှ အတွေ့မခံသလို၊
သူဘယ်ရောက်နေမှန်းလည်း
ဘယ်သူမှ မသိပါ။

ပျောက်ဆုံးနေပါတယ်။

(Andrew Soe)
10th Nov 2024

နိုင်စိုးနှင့် အမျိုးများ

10 Nov, 20:48


"ပြေးကြပြီ"
------------

ထရမ့်က ပြည်တွင်းရှိ သူ့ရဲ့
ရန်သူတော်တွေ စာရင်း အချို့
ကို ကြေညာပြီးနောက် ထိပ်ဆုံး
မှာ ရှိသည့် ဆယ်လီ (၅) ဦး
အမေရိကန် ပြည်ထောင်စု
ကနေ ထွက်ခွါသွားပြီလို့
သတင်းတွေမှာ ဖော်ပြပါ
ရှိတယ်။

နိုင်စိုးနှင့် အမျိုးများ

10 Nov, 14:17


"နိုင်ငံရေးဆိုတာ ဒါပဲ"
-----------------------

ထရမ့် မနိုင်ဘူး၊ နိုင်လို့
မဖြစ်ဘူး၊ သူနိုင်ရင် ငါ
မနေတော့ဘူး ဘာညာ
ကြိမ်းထားတဲ့ `ဘီလ်ဂိတ်
(Bill Gates)´ နောက်ဆုံး
ကျ နံရံကို ဆေးသုပ်သလို
အပြားလိုက် လျက်ရတာပဲ။

(Andrew Soe)
19th Nov 2024

နိုင်စိုးနှင့် အမျိုးများ

10 Nov, 13:29


"ကွဲကြေစမ်း"
--------------

ကမ္ဘာကျော် မင်းသမီး `အိန်
ဂျလီနာ ဂျိုလီ (Angelina
Jolie)´ ၏ အဖေဖြစ်သူ
အသက် (၈၆) နှစ် အရွယ်၊
ကမ္ဘာကျော် ဟောလိဝုဒ်
မင်းသားကြီး `ဂျွန် ဗွိုက်
(Jon Voight)´ က အထက်
ပါအတိုင်း ထရမ့်ကို ကြိုဆို
လိုက်ပေမယ့် အသက် (၈၁)
နှစ် အရွယ် မင်းသားကြီး
`ရောဘတ် ဒီ နီ ရိုး (Robert
De Niro)´ ကတော့ ကြေကွဲ
နေလေရဲ့။

သူဖုန်းကို ထုရိုက်နေတာက
`Goodfellas´ ရုပ်ရှင်ထဲက
ဇာတ်ဝင်ခန်း တစ်ခု ဖြစ်ပေမဲ့
ထရမ့်ကို လွန်စွာ မုန်းတီးသူ
ဖြစ်တာကြောင့် အပြင်မှာ
လည်း တကယ် ကြေကွဲနေ
မှာ သေချာတယ်။

(Andrew Soe)
19th Nov 2024

နိုင်စိုးနှင့် အမျိုးများ

10 Nov, 11:54


"တုနှိုင်းရယ် မယှဉ်နိုင်"
------------------------

အောင်ခြင်း ရှစ်ပါးနှင့်
ပြန်လာသူကို ကြိုဆိုကြတာ
ဖက်ခွက်စား အကြမ်းဖက်
တွေကို ကြိုဆိုပုံနှင့် ကွာခြား
လွန်းလှပါတကား။

(Andrew Soe)
19th Nov 2024

နိုင်စိုးနှင့် အမျိုးများ

10 Nov, 10:47


ရွာထဲမှာ (၂၁) အခင်းအကျင်းမှာ
အမေရိကားကို ရောက်သွားကြတဲ့
ကလေကဝတွေကို ဒီမိုကရက်တစ်
အစိုးရ လက်ထက်တွင် တိုင်းပြည်ထဲ
`ယာယီနေထိုင်ခွင့် (Parole Visa)´
ကို `အမေရိကန် ပြည်တွင်း လုံခြုံရေး
ဋ္ဌာန (U.S. Department of Home
- land Security (DHS)´ မှ ထုတ်
ပေးခြင်းထားခြင်းဖြစ်တယ်။

ယာယီလို့ တရားဝင် ပြောထား
တာနော်။ ထိုယာယီကနေ `အမြဲ
တမ်း နေထိုင်ခွင့် (Green Card)´
ရဖို့က နှစ်ပေါင်းများစွာကြာပြီး၊
ထိုမှ နိုင်ငံသား လျှောက်ဖို့ရာ
လည်း နှစ်တွေကြာပါဦးမည်။

(Green Card) ရလို့ (၁၈) နှစ်
ဆိုရင်လည်း စစ်မှု့ အရင် ထမ်း
ရပါသေးတယ်။ ထိုကဒ် ရတိုင်း
လည်း မင်းက တိုင်းပြည်ထဲ
အကျင့်စာရိတ္တ ကောင်းမွန်စွာ
မနေ၊ မှန်ကန်သော အခွန်
ဆောင်မှု မရှိ၊ တရားဝင် အလုပ်
အကိုင် မပြနိုင်၊ အကြွေးထူ၊
မဟုတ်တန်းတရားတွေ လုပ်
ထားခဲ့လျှင်လည်း အချိန်မရွေး
ကန်ထုတ် ခံရပါမယ်။

ဥရောပ နိုင်ငံသား ဖြစ်စဉ်မှာ
လည်း ထိုနည်းလည်းကောင်း
ဥပဒေတွေ အများကြီး ရှိပါ
တယ်။

ရွာထဲက ဂျန်းဂလီးတွေ ထင်
သလို သိပ်လွယ်တယ်လို့
စောက်ရမ်းတွေ မှတ်မနေနဲ့။

အစိုးရအသစ် တက်လာရင်
နိုင်ငံတိုင်းမှာ သူ့အစိုးရ ဥပဒေ
အသစ်တွေနှင့်အတူ သူတို့
စိတ်ကြိုက် အုပ်ချုပ်ချယ်လှယ်
ပါတယ်။

ထရမ့်အစိုးရလက်ထက်မှာ
`အမေရိကန် ပြည်တွင်း လုံခြုံရေး
ဋ္ဌာန´ က ဒါရိုက်တာဟောင်းလည်း
ဖိုင်းယားခံရမှာ အသေအချာ ဖြစ်
သလို သူ့ရဲ့ နှင်ထုတ်ရေး အစီ
အစဉ် စတာနဲ့ လူတစ်သန်းကျော်
ကို အရင် မောင်းထုတ်မယ် ဖြစ်ပါ
လေတော့သတည်း။

(Andrew Soe)
19th Nov 2024

နိုင်စိုးနှင့် အမျိုးများ

10 Nov, 10:47


"ရှိသမျှ ဘုရားသာ တထားကြ"
---------------------------------

သမ္မတရာထူးနှင့် အိမ်ဖြူတော်ကို
ထရမ့် တရားဝင် ရောက်မှာက
လာမည့်နှစ် ဇန်နဝါရီလ (၂၀) ရက်
နေ့မှ ဖြစ်သော်လည်း ခုကတည်း
က သူ့အစိုးရအဖွဲ့လုပ်မည့် အစီ
အစဉ်တွေကို လူသိရှင်ကြား ပါးစပ်
က ပြောတာလေးနဲ့တင် လက်ရှိ
အုပ်ချုပ်ရေး အရာထမ်းတွေက
လိုက်လုပ်ပေးနေရတဲ့ အထဲ၊
ထင်ရှားတဲ့ သာဓကတွေထဲမှာ
ပြည်နယ် အချို့ရှိ တရားမဝင်
ဝင်ရောက်သူတွေကို ထုတ်ပေး
တဲ့ `အစားအသောက် ဘောင်ချာ
(Vouchers for food)´ အစီအမံ
ကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်သလို
`အစုလိုက် အပြုံလိုက် နှင်ထုတ်
ခြင်း (Mass Deportation)´
အစီအစဉ်မှာလည်း တောင်အမေ
ရိကနိုင်ငံ တစ်ခုဖြစ်သည့် ဂွါတီ
မာလာနိုင်ငံက အထောက်အထား
မဲ့ ခိုးဝင်သူတွေနှင့် `ယာယီနေထိုင်
ခွင့် (Parole Visa)´ ရထားသူ
(၄၀၀) ကျော်ကိုလည်း ဗွေဆော်
ဦး ပြန်ပို့ခံရကြောင်း သတင်းတွေ
အရ သိရှိရတယ်။

နိုင်စိုးနှင့် အမျိုးများ

09 Nov, 13:01


"Nancy Pelosi"
-------------------

နန်စီပလိုစီကို ခေါ်လိုက်တော့
သူက လှည့်လာပြီး ဟဲလိုလို့
နုတ်ဆက်ပြီး ချိုသာသော
စကား ကြားရမယ်ထင်လိုက်
တာ ဟိုက မေးခွန်းလည်း
ထုတ်လိုက်ရော ပါးစပ်ပိတ်
ပြေးတော့တာပဲ။

"နန်စီ........... !
အချိန်တော့ ရောက်လာပြီ
အဆင်သင့် ဖြစ်ပြီလား ?
ဒေါ်နယ် ထရမ့်လေ.......

ခင်ဗျားအတွက် အချိန် ဘယ်
လောက် ရသေးသလဲ ?"

အထုပ်ပြင် ထွက်ပြေးဖို့ပေါ့။

(Andrew Soe)
9th Nov 2024

နိုင်စိုးနှင့် အမျိုးများ

09 Nov, 11:50


"ကျေးဇူးပါ"
-------------

ကျော်စိုးဦးကို ခေါ်စစ်တုန်းက
လူအများ စိတ်ဆိုးကြတယ်၊
ငါလည်းပါတယ်။

အခု ဟိုငပေါကြီး ငါးမင်းဆွေကို
ဆွဲစိတယ်လို့ သတင်းတွေမှာ
တွေ့ရတယ်။

နောက်တောင် ကျနေသေး
တယ်။

လူအများ ပျော်ကြတယ်၊
ငါလည်း ပျော်တယ်၊ မျက်စိ
နောက် သက်သာသွားတယ်။

ပြန်ကို မလွှတ်နဲ့၊
ဟိုနီပိန်းတွေလို ပြီးကာနီးမှ
အမိန့်ပြန်တမ်းထုတ်ပေး
လိုက်။

(Andrew Soe)
9th Nov 2024

နိုင်စိုးနှင့် အမျိုးများ

09 Nov, 08:17


"အဲ့လို ဗျင်းပါ"
----------------

ထရမ့်ဘက်က မေဂင် ကယ်လီ
`Megyn Kelly (US-American
journalist and television
presenter)´ ဆယ်လီတွေကို
တစ်ဦးချင်း နာမည်တပ်ပြီး
ဘယ်လို အခွဲရှက်ပြလဲ ကြည့်။

တတိုင်းပြည်လုံး လူသတ်ပွဲတွေ
ဖြစ်အောင် လုပ်ခဲ့ကြတဲ့ ရွာထဲက
အောက်တန်းစား ဖာဆယ်လီတွေ
ကို အဲ့ဒီအတိုင်း ဘာလို့ မလုပ်
ကြတာလဲ ?

သူတို့ကို လူ့အသိုင်းအဝိုင်းထဲ
ဝင်လို့ မရအောင် ကျဉ်ရမယ်၊
လမ်းတွေ့ရင်တောင် မျက်နှာ
လွဲရမယ်။

သူတို့လုပ်ခဲ့တဲ့ စီဒီအမ် အတိုင်း
သူတို့ကို ပြန်လုပ်ကြရမယ်။

(Andrew Soe)
9th Nov 2024

နိုင်စိုးနှင့် အမျိုးများ

08 Nov, 19:54


"နားထောင်"
------------

အတွေအကြုံ
အနေအထား
အချိန်အခါအရ
စကားအချို့
စိတ်ရင်းအရ
ပြောလိုက်တယ်။

(Andrew Soe)
8th Nov 2024

နိုင်စိုးနှင့် အမျိုးများ

08 Nov, 17:52


"ခံပါ"
------

မင်းတို့ကို..............
မိမိ ဘဝ အတွေ့အကြုံအရ
ကြုံဆုံခဲ့ရတဲ့ အဖြစ်အပျက်
တွေ အပေါ်မှာ မူတည်ပြီး
သင်္ခန်းစာ ရစေချင်လို့
တစ်ခု ပြောပြမယ်။

အဓိက,က၊ ကံ ကံ၏
အကျိုးနှင့် `ဖြစ်ပျက်´ ပဲ။

မင်းရှောင်တိမ်း သွေဖယ်
လို့ မရဘူး။

နွားခြေရာနောက်ကို
လှည်းဘီးက ထပ်ချပ်မခွါ
လိုက်ရသလို "မင်းပြုလုပ်
ထားတဲ့ ကံကြမ္မာ" ကလည်း
ထိုနည်းလည်းကောင်း
လိုက်လိမ့်မယ်။

ကြမ္မာရဟတ်သည် နွားလှည်း
က ဘီးလို အမြဲတမ်း မဖြူသလို၊
အမြဲတမ်းလည်း မဲမနေဘူး။

ဆိုလိုတာ ရွှံ့နွံဗွက်အိုင်ထဲ
သွားခဲ့ရလို့ လှည်းဘီးက
မဲပေလျှက်တစ်မျိုး၊ သန့်
ရှင်းတစ်လှည့် ရှိသလို၊
လူ့ဘဝ ဆိုတာလည်း
အမြဲတမ်း မှောင်မိုက်မနေ
သလို၊ အမြဲတမ်းလည်း
ပြောင်တလင်း သန့်ရှင်း
မနေဘူး။

ဗုံလုံ တစ်လှည့်၊
ငါးပျံ တစ်လှည့်လို့ ဆိုချင်
တာပဲ။

တူဖြစ်တုန်း နှံခဲ့ပြီးတဲ့
အပတ်နှံ့ မစင်သေးတဲ့
စောက်နှမဇောင်းမတွေ၊
နှမဇောင်းလေးတွေ အခု
ပေဖြစ်ပြီ၊ ခံပါ။

စောက်စောဒက၊
ဆင်လီး ခွေးလီး မပြောနဲ့။

ရဲရဲကြီး ခံပါ။

(Andrew Soe)
8th Nov 2024

နိုင်စိုးနှင့် အမျိုးများ

08 Nov, 15:33


သူ့မိန်းမက `အူရှာ (Usha Vance)´
ဖြစ်ပြီး အသက် (၃၉) နှစ်အရွယ်၊
သူ့လိုပဲ ရှေ့နေတစ်ယောက် ဖြစ်
သလို ယေးလ်တက္ကသိုလ်မှာတွေ့၊
ချစ်ကြိုက်ကြပြီး (၂၀၁၄) ခုနှစ်မှာ
လက်ထပ်ကြတယ်။

သားနှစ်ယောက်၊ သမီး
တစ်ယောက် ထွန်းကားတယ်။

စိတ်ဝင်စားဖို့ကောင်းတာက အူရှာ
က အိန္ဒိယ၊ ဟိန္ဒူ အနွယ်ဝင် ရွေ့
ပြောင်း မိဘနှစ်ဦးကနေ အမေရိ
ကားမှာ မွေးဖွားသူဖြစ်တယ်။

အမေရိကန် သမ္မတ သမိုင်းမှာ
ပထမဦးဆုံး ဟိန္ဒူ အနွယ်ဝင်
ဒု - သမ္မတ ကတော် ဖြစ်တယ်။

သို့သော်လည်း သူတို့ နှစ်ဦးစလုံး
ရဲ့ ရည်ရွယ်ချက် အာသီသက နည်း
အမျိုးမျိုးနှင့် တရားဝင်၊ မဝင် ဝင်ရောက်
လာကြတဲ့ လူတွေကို ဥပဒေကြောင်း
အရ မကြိုက်တာခြင်း တူညီကြတယ်။

ဒါကြောင့်လည်း ထရမ့်နှင့်
ပေါင်းမိကြခြင်းဖြစ်တယ်။

(Andrew Soe)
8th Nov 2024

နိုင်စိုးနှင့် အမျိုးများ

08 Nov, 15:33


"ဒါလည်း သိထား"
--------------------

ထရမ့်နှင့်အတူ ဒု - သမ္မတ
တာဝန် ထမ်းဆောင်မည့်
`ဂျေဒီ ဗန့် (James David
"JD" Vance)´ က ၁၉၈၄
ခုနှစ်မွေး၊ အသက် (၄၀)
အရွယ်နှင့် စာရေးဆရာ၊
စစ်သားနှင့် `ယေးလ် တက္က
သိုလ် (Yale University)´
ကနေ ဥပဒေဘွဲ့ရ ရှေ့နေ
တစ်ဦးလည်း ဖြစ်တယ်။

သူရေးခဲ့တဲ့ ကမ္ဘာကျော်
စာအုပ်က `Hillbilly Elegy´
ဖြစ်ပြီး ရုပ်ရှင်အဖြစ် ဟောလိ
ဝုဒ်က `Hillbilly Elegy (2020)´
အမည်နဲ့ပဲ ပြန်ရိုက်ထားတယ်။

နိုင်စိုးနှင့် အမျိုးများ

27 Oct, 19:24


"MMI"
--------

ထိုင်းမှာ ပြုလုပ်ခဲ့တဲ့
`MGI´ ပြိုင်ပွဲကို ချက်ကျ
လက်ကျ ဒီခလေးလေး
ဝေဖန်ပြသွားတာကို
နားထောင်ကြည့်တာ
နဲ့တင် တရားသလား၊
မတရားဘူးလားဆိုတဲ့
အဖြစ်မှန်ကို ရှင်းရှင်း
လင်းလင်း သိနိုင်တယ်။

`MGI´ မဟုတ်တဲ့..........
`Miss Money International
(MMI)´ ဆိုလား။

ဗမာတွေ စည်းလုံးကြဖို့
လိုပြီ။

(Andrew Soe)
27th Oct 2024

နိုင်စိုးနှင့် အမျိုးများ

27 Oct, 14:33


"သမိုင်းရှိတယ်"
-----------------

အခုတစ်လော ရွာထဲက သတင်း
တွေမှာ အီရန်နှင့် ဆော်ဒီ ပေါင်း
ဖက်သွားပြီ။ အီရန်ဘက်မှာ အီ
ရတ် ပါလာပြီ စသဖြင့် ရေးနေ
ကြတာတွေတွေ့လို့ ဒါတွေဟာ
ဟန်ပြတွေသာ ဖြစ်တယ်လို့
ပြောချင်တယ်။

အဝိုင်းထဲကို လေးထောင့်
ရိုက်သွင်းလို့ မရသလို ဒီအုပ်
စု နှစ်ခုက ဂျူးနှင့် အာရပ်တွေ
လိုပဲ ကမ္ဘာပျက်သည်အထိ
ပေါင်းဖက် စည်းလုံးသွား
စရာ အကြောင်း မရှိပါ။

အီရတ်မှာ ဆွန်နီ မူဆလင်
ခေါင်းဆောင် ဆက်ဒမ်ဟူစိန်
ကွယ်လွန်ပြီးနောက် အမေရိ
ကန်ရဲ့ ထောက်ပံ့မှုနှင့် ရှီအာ
အုပ်စု နေရာရပြီး ဆွန်နီတွေ
အသတ်ခံရတယ်။ အနှိမ်ခံရ
တယ်။ ယခုထိ ရှီအာနှင့် ကာဒ်
အနွယ်ဝင်တွေ အုပ်ချုပ်လျှက်
ရှိတယ်။

ဆိုလိုတာ အီရတ်မှာ ဆွန်နီ
အနွယ်ဝင်တွေ အာဏာပါဝါ
လုပ်ပိုင်ခွင့် လုံးဝ မရှိပါ။

ထိုနည်းလည်းကောင်း ဆီးရီး
ယားမှာလည်း ရှီအာ အုပ်စု
အားကောင်းတယ်။

ဒီအုပ်စု နှစ်စု ပေါင်းဖက်လို့
မရတာ အခုမှ မဟုတ်ဘဲ
အေဒီ - ၆၃၂ ခုနှစ်ကတည်း
က ဖြစ်တယ်။

ထိုခုနှစ်မှာ တမန်တော် မိုဟာ
မက် ကွယ်လွန်ပြီးနောက် သူ့
နေရာ ဆက်ခံမည့်သူ မည်သူ
ဖြစ်သင့်သည် နေရာလုကြရင်း
ကနေ စကွဲကြတာဖြစ်တယ်။

ပထမ အုပ်စုက မိုဟာမက်ရဲ့
ယောက္ခထီး `အဘူ ဘာကာ
(Abu Bakr)´ ကို ခါလီဖာ
ခေါင်းဆောင် ဖြစ်စေချင်သလို
ဒုတိယ အုပ်စုက မိုဟာမက်ရဲ့
ညီဝမ်းကွဲလည်းဖြစ်သလို၊
သားမက်လည်းဖြစ်သည့်
`အလီ (Alī ibn Abī Ṭālib)´
ကို ခါလီဖာ ဖြစ်စေချင်တယ်။

ဒီကိစ္စနှင့် အချင်းများပြီး
ကြီးကျယ်သည့် စစ်ပွဲနှစ်ခု
ဖြစ်သည့် `(Battle of the
Camel and Battle of
Siffin)´ ဖြစ်လာတယ်။

ဒါကို သမိုင်းကြောင်းအရ
`ဂိုဏ်းဂဏစွဲ (Sectarianism)´
စစ်ပွဲလို့ခေါ်တယ်။

ထိုစစ်ပွဲတွေကို နောက်ဆုံး
အနိုင်ရရှိခဲ့တဲ့ အူမေယာဒ် မင်း
ဆက်ကို ထူထောင်ခဲ့သည့်
`Umayyad Caliph Yazid I´
က မိုဟာမက်ရဲ့ မြေးတော်သူ၊
သူ့သမီး ဖာတီမာနှင့် အိမ်ထောင်
ကျသူ၊ အလီ၏ သားဖြစ်သူ
`(Husayn ibn Ali)´ အပါအဝင်
မိုဟာမက်ရဲ့ အိမ်သူ တစ်ဦးဖြစ်
သော (Ahl al-Bayt) နှင့် သား
သမီးများသာမက ရှီအာ အမျိုး
အနွယ် အတော်များများ
အသတ်ခံခဲ့ကြရတယ်။

ဒါ့ကြောင့် တစ်ကမ္ဘာလုံးမှာ
ဆွန်နီ ၉၀% ရှိပြီး၊ ရှီအာ ၁၀%
သာ ရှိတာ ဖြစ်တယ်။

သမိုင်းကြောင်းတွေ ရေးရလျှင်
စာဖက်သူတွေ ပျင်းသွားမည်
စိုး၍ အဓိက ပြောချင်တာက
ဒီဇာတ်လမ်း အရှုပ်တော်ပုံက
နေ စပြီး ကွဲလွဲကြတဲ့ ဒီအုပ်စု
နှစ်ခုဟာ ဘယ်တော့မှ တည့်
ကြမယ် မဟုတ်ဘူးလို့ ဆိုချင်
တာ ဖြစ်တယ်။

ထိုအချိန်အခါကတည်းက
အမြူတေလာခဲ့တဲ့ `ဂိုဏ်းဂဏစွဲ
(Sectarianism)´ နှင့် `အစ္စလာမ့်
အစွန်းရောက်မှု (Islamic schism)´
ယနေ့အထိ ပေါ်ပေါ်လွင်လွင်
ရှိတယ်။

ထို့ကြောင့် ဆွန်နီ - ရှီအာ
ဘယ်တော့မှ ပေါင်းစည်းမည်
မဟုတ်သလို ဘုံရန်သူ ဂျူးကို
တိုက်ရာမှာလည်း ရှီအာ အနွယ်
ဝင်တွေ အားကောင်းတဲ့ နိုင်ငံ
အချို့ကြောင့် ပေါင်းစည်း နေ
သယောင်ယောင် ထင်မြင်နေ
ရတာဖြစ်တယ်။

ဆော်ဒီဟာ အမေရိကန်
အိမ်မွေးဆိုတာ မမေ့ဖို့
လိုသလို တူရကီ ဆိုတာ
လည်း ဆွန်နီ အားကောင်းပြီး
အမေရိကန်ကို မော်မကြည့်
ရဲသူသာဖြစ်တယ်။

(Andrew Soe)
27th Oct 2024

နိုင်စိုးနှင့် အမျိုးများ

26 Oct, 14:57


"သက်စံ အန်ဒါဆန်"
----------------------

ထိုင်းမှာ ဝင်ပြိုင်တဲ့ `သဲသဲ´
ကတော့ အများသိတော်မူသည့်
အတိုင်း ပွဲကျင်းပသူတွေ ဝိုင်းညစ်
ပတ်ကြလို့ ဆုနှင့် လွဲခဲ့ရတယ်။

သို့သော်လည်း ကမ္ဘာ့အလှမယ်
ဝင်ပြိုင်ဖို့ မြန်မာပြည်ကို ကိုယ်
စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့်
`Miss Universe Myanmar
2024´ ဗမာ - ဆွီဒင် `Anglo
- Burmese´ ကပြားမလေး
`သက်စံ အန်ဒါဆန် (Thet San
Andersen)´ တစ်ယောက်
ကတော့ဖြင့် မက္ကဆီကို နိုင်ငံ
ကို ရောက်ရှိလို့နေပါပြီ။

အသက် (၂၇) နှစ်အရွယ်၊
(၂၃) ရက်၊ မေလ ၁၉၉၇
ခုနှစ်တွင် ဆွီဒင်နိုင်ငံ တောင်
ပိုင်း `လွန်း (Lund)´ မြို့မှာ
ဗမာ မိခင်နှင့် ဆွီဒင် ဖခင်မှ
မွေးဖွားသူ တစ်ယောက်
ဖြစ်ပါတယ်။

မိမိသကဲ့သို့ ဗမာ သိပ်ဆန်တဲ့
ဆွီဒင်သူလေးပေါ့။

အားမငယ်ကြနဲ့ နောက်တစ်ပွဲ
အားပေးကြတာပေါ့နော်။

(Andrew Soe)
26th Oct 2024

နိုင်စိုးနှင့် အမျိုးများ

26 Oct, 14:22


"ညီညွှတ်ပါစေအုံး"
---------------------

အီရန်ကို တိုက်ခိုက်စဉ်
မူဆလင်နိုင်ငံတစ်ခုဖြစ်သည့်
`ဂျော်ဒန် (Jordan)´ က သူ့ရဲ့
လေပိုင်နက်ကို ဖြတ်သန်းပြီး
အီရန်ကို တိုက်ခိုက်ဖို့
အစ္စရေးလ်လေတပ်ကို ခွင့်ပြု
ခဲ့တဲ့ ကိစ္စမှာ ဂျော်ဒန်က အေး
ဆေးပေမယ့် နိုင်ငံတကာ လေ
ကြောင်း ပျံသန်းမှုဆိုင်ရာ ဥပဒေ
မှာတော့ အငြင်းပွါးဖွယ် ပြဿနာ
ဖြစ်နေကြတယ်။

ဖြစ်တဲ့ ပြဿနာက နောက်၊
ဟိုက လုပ်ချင်တိုင်းလုပ်ပြီး
သွားပြီ။

အစ္စလာမ် ဘာသာ ကိုးကွယ်
တာချင်း အတူတူ ဂျော်ဒန်က
ဘာလို့ အီရန်ဘက် မလိုက်
တာလဲ ?

အီရန်က ကမ္ဘာသိ အကြမ်းဖက်
နိုင်ငံ ဖြစ်တာရယ်၊ ဆွန်နီ - ရှီယာ
ကွဲတဲ့ အကြောင်းတရားက အဓိ
က ဖြစ်တယ်။

ပြောချင်တာက ဂျူးကို တိုက်ဖို့
ရာ သူတို့ အာရပ်ကမ္ဘာ အရင်
ညီညွှတ်ပါစေအုံး။

(Andrew Soe)
26th Oct 2024

နိုင်စိုးနှင့် အမျိုးများ

26 Oct, 11:56


"တိုင်းပြည်ကံကြမ္မာ"
-----------------------

တမြန်နေ့က အပြောမှာ
မိမိတင်တာက ဂီဂါဗိုက်
များပြီး ရှည်တာကြောင့်
အချို့က ပြန်ချုံ့ပြီး အဓိ
က ပြောသည့် အချက်
တွေ ပေါ်လွင်အောင်
တစ်တော့မှာ ပြန်တင်
ထားတာတွေ့လို့ တင်
ပေးလိုက်တယ်။

မူရင်း ခရက်ဒစ်ပါ။

(Andrew Soe)
26th Oct 2024

နိုင်စိုးနှင့် အမျိုးများ

26 Oct, 11:24


"Days of Repentance"
----------------------------

အစ္စရေးလ်၏ အီရန်အပေါ်
ဂလဲ့စားချေ စစ်ပွဲကို ဒီကနေ့
စနေနေ့၊ အီရန် စံတော်ချိန်
မနက်လင်းအားကြီးအချိန်
နံနက် (၅) နာရီ (၄၅) မိနစ်
မှာ ဝင်တိုက်ပါတယ်။

စစ်ဆင်ရေး အော်ပရေးရှင်း
'နောင်တ နေ့ရက်များ
(Days of Repentance)' ဟု
အမည်ပေး၍ အမေရိကန်က
ဘယ်နိုင်ငံကိုမှ ထုတ်မရောင်း
သည့် ကမ္ဘာပေါ်တွင် အဆင့်
အမြင့်ဆုံး တိုက်လေယာဉ်များ
ဖြစ်သော (F-35) အစင်း တစ်
ရာကျော်နှင့် အီရန်၏ အဓိက
ပစ်မှတ် (၂၀) ကျော်ကို ပျံသန်း
တိုက်ခိုက်ပြီး လေယာဉ် အား
လုံး ဘေးမသီရန်မခ ပွန်းပဲ့ရာ
မရှိဘဲ မိခင် လေတပ်စခန်းကို
ပြန်ရောက်လာပါတယ်။

(၃) နာရီအတွင်း သုံးကြိမ်သုံးခါ
လှိုင်းသုံးလှိုင်း ပုံစံဖြင့် လေယာဉ်
များ တစ်သုတ်ပြီး တစ်သုတ်
ပျံသန်း ဗုံးကြဲ တိုက်ခိုက်ရာမှာ
ပထမလှိုင်းတွင် အီရန်၏ စစ်
ဋ္ဌာနချုပ် အပါအဝင် တီဟီရန်
မြို့တော် တောင်ပိုင်းနှင့်
အနောက်တောင်ပိုင်းရှိ စစ်စခန်း
များ အားလုံးအပြင် နျူကလီးယား
ဓာတ်အားပေး စက်ရုံများ ပါဝင်ပါ
တယ်။

ရေနံထွက်ရာ ရေနံမြေများကိုတော့
တိုက်ခိုက်ခြင်း မပြုခဲ့ပါ။

ဒုတိယနှင့် တတိယလှိုင်းကျမှ
ဗုံးတွေ၊ ဒရုန်းတွေ၊ ဒုံးကျည်တွေ
ထုတ်လုပ်ရာ စက်ရုံများကို တစ်
ခု မကျန် စနစ်တစ်ကျ တိုက်ခိုက်
ပါတယ်။

အကောင်းဆုံးတွေနှင့် အပြင်း
ထန်ဆုံး တိုက်ခိုက်တာကို အီ
ရန်က လူ (၂) ယောက်ပဲ သေ
တယ်ဆိုလေတော့ ရွာထဲက
အကြမ်းဖက် ကလေကဝ
ပဒတ်တွေလိုပဲ ပေါက်ကရ
အတော်ပြောတယ်မှတ်ရမယ်။

အီရန်ကို ဒီလို တိုက်ခိုက်နေချိန်
တစ်ချိန်တည်းမှာပဲ အကြမ်းဖက်
တွေ ခိုအောင်းရာ ဂါဇာကမ်းမြှောင်
ရှိ `Al-Bureij´ ဒုက္ခသည် စခန်း
ကိုလည်း မြေပြင်၊ ဝေဟင်နှင့်
ထိုးစစ်ဆင် တိုက်ခိုက်ပါတယ်။

ဒီ့အပြင် ဆီးရီးယားနှင့် အီရတ်ကို
လည်း လမ်းကြုံ ဗုံးဝင်ကြဲလိုက်ပါ
သေးတယ်။

ဒါကြောင့် ဂျူးလူမျိုး ဖြစ်ရတာ
မလွယ်ဘူး။ ဘေးလွတ်ရာမှာ
ဇိမ်နှင့် ထိုင်ကြည့်နေရတာ
တောင်မှ ရင်မောရတယ်။

ဒီစစ်ပွဲတွေဟာ တကယ်တော့
ဂျူးလူမျိုး ဖြစ်တည်မှုကို အာရပ်
ကမ္ဘာက လက်မခံခြင်းနှင့် ဘာ
သာရေး ကွဲလွဲမှုအရ ဖြစ်နေကြ
ခြင်း ဖြစ်သည့်အတွက် ကမ္ဘာ့
နောက်ဆုံးနေ့အထိ သူတို့ရဲ့
ဇာတ်လမ်းက ပြီးဆုံးမယ်
မထင်ပါလေတော့သတည်း။

(Andrew Soe)
26th Oct 2024

နိုင်စိုးနှင့် အမျိုးများ

24 Oct, 16:50


https://www.facebook.com/profile.php?id=61558965207363

နိုင်စိုးနှင့် အမျိုးများ

24 Oct, 16:22


"တိုင်းပြည်ကံကြမ္မာ"
----------------------

လူငယ်တွေကို အားပေးစကား
ပြောချင်လို့ ပြောမယ်ဆိုပြီး ပြော
လိုက်တာ ရှေးဟောင်းနှောင်းဖြစ်
တွေပါ၊ ဗဟုသုတအဖြစ် ပါသွား
တာတော့ နားလည်ပေးစေချင်
တယ်ပေါ့နော်။

(Andrew Soe)
24th Oct 2024

နိုင်စိုးနှင့် အမျိုးများ

24 Oct, 00:41


"ပျော်ပျော်နေ သေခဲ"
------------------------

နေပြည်တော်၊ ရေပန်းဥယျာဉ်က
သီတင်းကျွတ်ပွဲတော်မှာ ပျော်ရွှင်
နေကြတဲ့ လူတွေကိုကြည့်ပြီး ဝမ်း
သာမိတယ်။

ဘဝတိုတိုလေးမှာ
ပျော်ကြပါစေ။

လူတွေ ပျော်ရွှင် ချမ်းမြေ့နေတာ
ကို လူစိတ်မရှိ၊ လူမဟုတ်တဲ့
သူတွေသာ ကဲ့ရဲ့ အမုန်းပွါးကြ
လိမ့်မည်။

(Andrew Soe)
24th Oct 2024

နိုင်စိုးနှင့် အမျိုးများ

22 Oct, 19:28


"တန်ဘိုးသိကြလား"
------------------------

စစ်တပ် ဂုဏ်ဆောင်ခြင်း
မဟုတ်ဘဲ `တိုင်းပြည်နှင့်
လူမျိုး´ ဂုဏ်ဆောင်၍
ဝင်ရောက် ယှဉ်ပြိုင်နေ
သော `သဲသဲ (ခ) သဲစုငြိမ်း´
နိုင်သည်ဖြစ်စေ၊ ရှုံးသည်
ဖြစ်စေ ဂုဏ်ယူသည်။

သူမသည်.......
တောင့်သည်၊ ဖြောင့်သည်၊
လှသည်။ ထို့အပြင် လွန်စွာ
တော်သည်။

(Andrew Soe)
22nd Oct 2024

နိုင်စိုးနှင့် အမျိုးများ

22 Oct, 19:13


"ဘာစားကြလဲ"
-----------------

လွန်ခဲ့သော နှစ် (၆၀) ကျော်
ဗမာ့တပ်မတော်မှ ကာ/ ချုပ်
ဗိုလ်နေဝင်း ဦးဆောင်ပြီး
အာဏာသိမ်းခဲ့တာကြောင့်
တပ်မတော် နာမည် ပျက်ခဲ့
သော်လည်း စစ်တပ်သည်
ကျူးကျော်သူ သူပုန်တွေ
လက်ထဲမှ တိုင်းပြည်ကို
အကြိမ်ကြိမ် ကယ်တင်ခဲ့
သည်ကို မည်သူမျှ ငြင်း
မရပါ။

ထို့ကြောင့် တိုင်းပြည် ကာကွယ်
ရေးတပ်သည် ယခုခေတ် တော်
လှန် ခွက်ခေါက် အကြမ်းဖက်
အခြောက်တွေလို ပြည်သူကို
ဒီလို ဘယ်တုန်းကမှ မသတ်
ဘူးပါ။

ရန်သူကိုလည်း စစ်တိုက်ရင်းဖြင့်
သာ မျက်နှာချင်းဆိုင် ဘတစ်ပြန်
ကျားတစ်ပြန် ယောကျ်ား ပီသစွာ
တိုက်ခိုက်သည်။

ထို့ကြောင့် ခွက်ခေါက် ကလေ
ကဝတွေ အုပ်စုအားကိုးဖြင့် ဝါဒ
ဖြန့်နေသော `ဘုတလင်´ ကိစ္စကို
မစင်စား လူဖြစ်သော သူများသာ
ယုံမည်၊ ထမင်းစားကြီးသော
မိမိ မယုံပါ။

စကားမစပ် စည်းဘောင်အချို့
ကို ခုခေတ်လူတွေ သိထားစေ
ချင်တယ်။

ဗိုလ်နေဝင်းက သိမ်းတာ။
လုပ်ချင်တိုင်း လုပ်လို့ရသလို
လုပ်လည်း လုပ်ခဲ့တယ်။

ဗိုလ်မင်းအောင်လှိုင်က
မသိမ်းသေး၊ ထိမ်းရုံထိမ်းနေ
တာ၊ မတူတာကြောင့် သူရော၊
သူ့လူတွေရော ဒီလို လုံးဝ
လုပ်လို့ မရပါ။

(Andrew Soe)
22nd Oct 2024

နိုင်စိုးနှင့် အမျိုးများ

20 Oct, 16:47


"ဘာလို့လဲ"
--------------

အပေါ်မှာ နော်ဝေ၊ ဖင်လန်
ဘယ်လို ဖြစ်ပေါ်လာသလဲ
လိုရင်းတိုရင်း ရှင်းပြီးနောက်
အဲ့ဒီနိုင်ငံတွေလို ရာသီနှင့်
အလှအပရှိတဲ့ `ပန်ဝါမြို့´
ကို တင်ပြခဲ့တယ်။

ဒီမြို့ကို ကချင်လူမျိုး သူပုန်တွေ
ဦးဆောင်တဲ့ `ကေအိုင်အေ´ က
မကြာသေးခင်က သိမ်းပိုက်လိုက်
တယ်။

ဒါပေမယ့် ဘာလို့ ပန်ဝါမြို့ခံ
ကချင်လူမျိုးတွေက တရုတ်
နယ်စပ်ကို ထွက်ပြေးပြီး ဂိတ်
တံခါး ဖွင့်ပေးပါလို့ တရုတ်ကို
တစာစာ အော်ခေါ် အသနား
ခံနေကြရတာလဲ။ (ဗီဒီယိုရှု)#

ဗမာကို ရွံတယ်၊ စစ်တပ်ကို
မုန်းတယ်၊ အခု ကချင်လူမျိုး
အချင်းချင်းလေ၊ ဝမ်းသာအား
ရ ကြိုဆိုရမှာလေ။

ဘာလို့ မကြိုဆိုသလဲ ?

အချက်က တစ်ချက်ထဲပဲ
သူတို့က "မကောင်းဆိုးဝါး
သူပုန် သောင်းကျန်းသူ"
တွေ ဖြစ်နေလို့ပဲ။

ဒါ့ကြောင့် ရွာထဲက ငစနှူ လဒူ
နီပိန်းတွေလည်း အင်တာနက်
ဖရီးရတဲ့ လဘ္ဘက်ရည်ဆိုင်ထိုင်၊
အဖန်ရည် အလကားသောက်ပြီး
ဘူမသိ၊ ကိုးမသိ လက်မကမြင်း
ကြနဲ့၊ ခံရတဲ့သူတွေကို ကိုယ်
ချင်းစာ၊ မဟုတ်ရင် ဒီ အကု
သိုလ်က မင်းတို့ဆီ မကြာခင်
ပြန်လာ အကျိုးပေးလိမ့်မယ်။

(Andrew Soe)
20th Oct 2024

နိုင်စိုးနှင့် အမျိုးများ

20 Oct, 16:01


"ပန်ဝါမြို့"
----------

ပုံတွေကြည့်ပြီး ဆွီဒင်၊ နော်ဝေ၊
ဖင်လန် ထင်မနေကြနဲ့။

အဲ့ဒါ ကချင်ပြည်နယ် ချီဖွေခရိုင်၊
ချီဖွေမြို့နယ်ရှိ တရုတ် - မြန်မာ
နယ်စပ်မြို့ တစ်မြို့ဖြစ်သည့်
`ပန်ဝါမြို့´ ဖြစ်၏။

ကေအိုင်အေ သူပုန်တွေ
သိမ်းပိုက်လိုက်ပြီလို့
သိရတယ်။

(Andrew Soe)
20th Oct 2024

နိုင်စိုးနှင့် အမျိုးများ

20 Oct, 15:25


ပုံ (၁) ဆွီဒင်မြို့တော်
`စတော့ဟုမ်း (Stockholm)´။

ပုံ (၂) နော်ဝေနိုင်ငံရှိ
`Ålesund´ မြို့။

ပုံ (၃) ဖင်လန်နိုင်ငံမြို့တော်
ဟယ်လ်ဆင်ကီမြို့ရှိ ဆီးနိတ်
ရင်ပြင် `Senate Square,
Helsinki´။

မိမိ နိုင်ငံသား ခံယူထားသည့်
`Sweden (ဆွီဒင်)´ နိုင်ငံသည်
ဇွန်လ (၇) ရက်၊ ၁၉၀၅ - ခုနှစ်
တွင် `နော်ဝေ (Norway)´ နှင့်
အတူတကွ ပေါင်းစည်းနေထိုင်
ခြင်းကို လမ်းခွဲခဲ့ပြီး `ဖင်လန်
(Finland)´ နိုင်ငံနှင့် (၁၈၀၉)
ခုနှစ်၊ စက်တင်ဘာ (၁၇) ရက်
နေ့တွင် `ဟာမီနာ စာချုပ်
(Treaty of Hamina)´ အရ
စစ်ပွဲကို အဆုံးသတ်၍
ဆွီဒင်၏ အရှေ့ဖက် သုံးပုံ
တစ်ပုံကို ရုရှ အင်ပါယာသို့
အပ်နှင်းခဲ့ပြီး နောက်ပိုင်းကျမှ
ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နိုင်ငံ
`Grand Duchy of Finland´
စသည်တို့ ပေါ်ပေါက်လာခြင်း
ဖြစ်သည်။

(Andrew Soe)
20th Oct 2024

နိုင်စိုးနှင့် အမျိုးများ

20 Oct, 13:21


"နန္ဒာသိန်းဇံ - ဘဝအဓိပ္ပာယ်"
---------------------------------

ဖုံးကိုဘေးချ အိပ်ယာပေါ်လှဲ၊
မျက်လုံးမှိတ်၊ အာရုံစိုက်၊
အသံကိုသာ နားထောင်။

အတိုလေးတွေ ဖြတ်ပြီးသား
နားထောင်တာထက် အပြည့်
အစုံ ပြောထားတာ နားထောင်
စေချင်တယ်။

စာရေးဆရာ၊ ပါမောက္ခ
္ခ(ဒဿနိကဗေဒ) နန္ဒာသိန်းဇံကို
၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီ၊ (၂၅)
ရက်နေ့တွင် ပေါင်းတည်မြို့မှာ
ဖွားမြင်ပါတယ်။

ဒဿနိကဗေဒ ပါမောက္ခ
ဆိုသည့်အတိုင်း အတွေးအမြင်
ဆိုင်ရာ စာတမ်းတွေ အများကြီး
ရေးခဲ့တယ်။ ရှာဖတ်ပါ။

နှမြောစရာ ကောင်းတာက
အသက်ငယ်ငယ်ရွယ်ရွယ်
(၆၄) နှစ် အရောက် ၂၀၁၁
ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်
နေ့၊ ရန်ကုန်မြို့မှာ ကွယ်
လွန်သွားရှာတယ်။

(Andrew Soe)
20th Oct 2024

နိုင်စိုးနှင့် အမျိုးများ

20 Oct, 12:42


"နန္ဒာသိန်းဇံ"
---------------

ပေါက်တတ်ကရ လုပ်ကြံ
ဟောပြောချက်တွေနှင့် အတင်း
အဖျင်းတွေကိုသာ နားထောင်
ကြပေမယ့် ဒါမျိုးကို လူတိုင်း
နားထောင်လေ့ မရှိပါ။

သို့သော် အမျိုးတွေတော့
နားထောင်ပါ။

ခေါင်းစဉ်က "မိမိတို့ ဘာ့ကြောင့်
လူ့လောကထဲ ရောက်လာကြ
တာလဲ ? "

စိတ်ဝင်စားရင် `Sign (လက္ခဏာ)´
ပြ၊ နောက်တစ်ပိုင်း တင်ပေးမယ်။

(Andrew Soe)
20th Oct 2024

နိုင်စိုးနှင့် အမျိုးများ

20 Oct, 11:57


ဒုတိယပုံကတော့..........
လှပျိုဖြူများ၏ တိုက်တွန်း
နိုးဆော်ချက်ကြောင့် ဝန်ကြီးချုပ်
နေတန်ယာဟုက ဒီကနေ့
တနင်္ဂနွေ မနက်မှာ အကြမ်းဖက်
တွေရှိရာ ဂါဇာကမ်းမြှောင်
မြောက်ဖက်ရှိ `Beit Lahiya´ မြို့
ကို ဗုံးကြဲရာ (၈၇) ဦး သေဆုံး၍
(၄၀) ကျော် ဒဏ်ရာရပြီး မြို့ကြီး
ကတော့ ပုံပါအတိုင်း အုတ်ပုံသာ
ကျန်ခဲ့ရ။

ပြည်သူနှင့် အုပ်ချုပ်သူ
စည်းချက်ညီတဲ့သဘော။

အစ္စရေးလ် စစ်သားတွေက
တစ်နေ့ကို ပါလက်စတိုင်းလူမျိုး
အနည်းဆုံး ငါးဆယ်နှင့် တစ်ရာ
ကြား သတ်ဖြတ်နှိမ်နှင်းတယ်။

ဘယ်သူ အသက်ရှင်စေ၊
ဘယ်သူကတော့ သေဆုံးစေလို့
ဆုံးဖြတ်နိုင်တဲ့ ထာဝရ ဘုရား
သခင်တွေအလားပေါ့။

မေးခွန်းက ဒီလူတွေ ကိုးကွယ်
ကြတဲ့ `ဘုရားသခင်´ က သူ့လူ
တွေကို မကယ်တင်ဘဲ နတ်သမီး
(၅၀၀) နဲ့ စောင်ခြုံ အိပ်နေတာ
လား။

ဒါကရော အရှင်မြတ် အလိုတော်
အတိုင်းလား မေးချင်စရာ။

(Andrew Soe)
20th Oct 2024

နိုင်စိုးနှင့် အမျိုးများ

20 Oct, 11:56


"အရှင်မြတ် အလိုတော်"
----------------------------

ပထမပုံက ..........
ဂျူးအမျိုးသမီး ပျိုဖြူလေးတွေ
က မြို့တော် တယ်လ်အဗီးက
`ဓားစာခံ ရင်ပြင် (Hostage
Square)´ မှာ သူတို့လူမျိုး
ဓားစားခံတွေကို ဂါဇာမှာ အကြမ်း
ဖက်တွေ ဖမ်းထားတာ ကျန်နေ
သေးတာကို ဝန်ကြီးချုပ် နေတန်
ယာဟု မမေ့လျော့အောင် မနေ့
က ဆန္ဒပြ တိုက်တွန်း နိုးဆော်
နေကြစဉ်။

နိုင်စိုးနှင့် အမျိုးများ

19 Oct, 15:20


"အပြုသဘောပါ"
-------------------

စိတ်ထဲမှာ မတင်မကျလေး
တစ်ခု ရှိနေတာကြာပြီ။

ရွာထဲက သတင်းတွေနှင့်
ပတ်သက်ပြီး ဟိုဖက် ဒီဖက်၊
ဘက်မလိုက်ဘဲ အလယ်ကနေ
ကြားခံ အမုန်းခံ၊ လောက်လောက်
ငြားငြား၊ ခန့်ခန့်ထည်ထည်၊
ပြည့်ပြည့်စုံစုံ၊ မှန်မှန်ကန်ကန်၊
ထင်ထင်ရှားရှား ပြောရဲသူက
`ပြီးပြည့်စုံ (Perfect)´ တယ်
မဟုတ်သော်ငြားလည်း မြန်
မာ တစ်နိုင်ငံလုံးမှာအနှူတော
က လူချောလို့ မနှိုင်းပါဘူး၊
ဒါပေမယ့် `မောင်ကျော်နု´
တစ်ယောက်ထဲပဲ ရှိတယ်။

စစ်အအစိုးရ အဆက်ဆက်၊
ယခုလက်ရှိ `နစက´ အစိုးရ
အပါအဝင်၊ သူ့အရင် ဖင်တုမ
အစိုးရအလယ် လူတွေ စိတ်
ဝင်စားအောင် သူတို့ သတင်း
မတင်ဆက်တတ်၊ မပြောတတ်
ကြပါ။

သတင်းဋ္ဌာန တည်ထောင်ပြီး
သတင်းကို သတင်းနှင့် တတ်နိုင်
သမျှ လူအများ စိတ်ဝင်တစား၊
ယုံကြည်လာအောင် ပြောနိုင်သူ
`မောင်ကျော်နု´ ပြီးရင် နောက်
တစ်ယောက်က `ကျော်စိုးဦး´၊
မဆိုးပါ။

ဒါပေမယ့် နှစ်ဦးစလုံးက စကား
တစ်ခွန်းကို ထပ်ခါ ထပ်ခါ သံတူ
ကြောင်းမကွဲ ပြောတတ်သလို
သူတို့မပိုင်တဲ့ ဘိုလို ထည့်ညှပ်
ပြောတဲ့အခါ အသံထွက် အမှားေ
တွေနှင့် ပြောတာ အလွန်အင်မ
တန် ဆိုးရွားပါတယ်။ အထူးသ
ဖြင့် မောင်ကျော်နုပါ။

ပိုကောင်း၊ ပိုတော်အောင်
ဗမာလိုပဲ ပိုင်ပိုင်နိုင်နိုင် ပြောစေ့
ချင်တယ်လို့ အပြုသဘော မကြာ
ခဏ ထောက်ပြတာကို အမျက်
မရှစေချင်ပါ။

မိမိတို့မှာလည်း သူတို့ နှစ်ဦး
ကလွဲ နားသောတ ဆင်စရာ
မရှိတဲ့ ဘဝတွေပါ။

ဘယ်လိုပဲဖြစ်ဖြစ်...........
သူတို့နှစ်ဦးသည်လည်း ဖြူဖြူတွေး
လိုပဲ တိုင်းပြည်ရဲ့ ရတနာ ဖြစ်တယ်
ဆိုတာတော့ မမှိတ်မသုံ မိမိ ယုံကြည်
ထားပါလေတော့သတည်း။

(Andrew Soe)
19th Oct 2024

နိုင်စိုးနှင့် အမျိုးများ

19 Oct, 14:44


သူတို့တင်လား၊ မကပါ။

တရားမဝင် အထောက်အထားမရှိ
ခိုးဝင်ရွေ့ပြောင်း နေထိုင်သူတွေ
နှင့် ရာဇဝတ် ကျူးလွန်သူများကို
တိုင်းပြည်ကနေ နှင်ထုတ်ရန် စီမံ
ကိန်းတွေလည်း ရေးဆွဲထားပါ
သေးတယ်။

အိုဘားမား `စဆရက´ လုပ်တဲ့
ဒီမိုကရက်တစ် အစိုးရတွေကြောင့်
တိုင်းပြည်အတွင်း ခန့်မှန်းချေ
ခိုးဝင်ရွေ့ပြောင်း နေထိုင်သူ (၁.၅)
သန်း ရှိပြီး ရာဇဝတ်ကျူးလွန်သူ
(၃) သန်းခန့်ကို နှင်ထုတ်မည်
ဖြစ်ကြောင်း မဲဆွယ်စည်းရုံးမှု
ဟောပြော ခရီးစဉ်တိုင်းလိုလို
ထည့်သွင်း ပြောကြား ဂတိပေး
ထားတာကို အမေရိကန်လူမျိုး
များက တခဲနက် ထောက်ခံကြ၊
သဘောကျကြတယ်။

တရုတ်ကြီးက သူ့ကို မချစ်သော်
လည်း စစ်ရေးအရ မဟုတ်ဘဲ စီးပွါး
ရေး အရသာ ယှဉ်ပြိုင် တိုက်ခိုက်
နိုင်တာမို့ အောင့်ကာ နမ်းပါမယ်။

အဓိက ခံရမှာက အီရန်ပါပဲ။

ဒါကြောင့်လည်း သူ့ကို အခု
တစ်လော လုပ်ကြံမှုတိုင်းမှာ
အီရန် လက်ချက် မကင်းတဲ့
အရိပ်အယောင်တွေ တွေ့
မြင် နေရတာ ဖြစ်တယ်။

သူပြောတဲ့ ခိုးဝင်ရွေ့ပြောင်းတွေ
ဆိုတာ အာရပ်နိုင်ငံက အများစု
ဖြစ်ပြီး ရာဇဝတ်မှုခင်း မကင်းသူ
အများစုက လာတီးနိုးတွေ ဖြစ်
တာကြောင့် ခါမေနီလူတွေ
အမေရိကန် ပြည်ထောင်စုမှာ
ဘယ်လောက်များပြားနေသလဲ၊
လုပ်ကြံမှုမှာ ဘယ်လို ပါဝင် ပတ်
သက်နေသလဲ၊ ဒီလူတန်းစား နှစ်
ရပ်ကလည်း ဘယ်လို ပေါင်းဖက်
ပတ်သက်နေကြသလဲ ပြေးကြည့်
စရာမလို၊ သူမြင်တယ်။

ယခင် သမ္မတ သက်တမ်းတုန်းက
ရာဇဝတ်သားတွေကို ပြည်နှင်ဒဏ်
ပေးခဲ့သော်လည်း ဘီလျံနှင့်ချီ ကုန်
ကျစားရိတ်ကြောင့် ထင်သလောက်
ခရီး မပေါက်ခဲ့တာကို အခုလာမယ့်
သမ္မတ သက်တမ်းမှာ အပီအပြင်
ရှင်းမည့် သဘောရှိတယ်။

အစ္စရေးလ်က အီရန်ကို ဂလဲ့စားချေ
စစ်ပွဲ ဆင်နွှဲဖို့ရာ ဒီရွေးကောက်ပွဲကို
ချိန်နေတာမို့ မစခင်လား၊ အပြီးမှာ
လား မေးခွန်းက စိတ်ဝင်စားဖို့
ကောင်းသလို သတင်း အချက်
အလက်တွေအရတော့ ဂျူးတွေက
လုပ်လိုက်လျှင်လည်း ထူးထူးဆန်း
ဆန်းတွေမို့ မိမိအထင် ရွေးကောက်
ပွဲ ကာလ အချိန်တည့်တည့်မှာကိုပဲ
ဆော်ပလော်တီးမယ် ထင်မြင်မိပါ
လေတော့သတည်း။

(Andrew Soe)
19th Oct 2024

နိုင်စိုးနှင့် အမျိုးများ

19 Oct, 14:43


"သူမှ သူပါပဲ"
---------------

(၂၀၂၄) ခုနှစ် နိုဝင်ဘာလ (၅)
ရက်နေ့မှာ ကျင်းပမယ့် အမေရိ
ကန် သမ္မတ ရွေးကောက်ပွဲမှာ
`ထရမ့် (Donald John Trump)´
ပြန်လည် ဝင်ရောက် ယှဉ်ပြိုင်
မည်ဟု ကြေညာကတည်းက
ထရမ့်သာလျှင် နိုင်မည်ဟု
ပြောထားသော မိမိ ထင်ကြေး၊
ဒီကနေ့အထိ တစ်ပြားသားမှ
လျော့သွားခြင်း မရှိပါ။

သူနိုင်၍ သမ္မတဖြစ်လျှင် ကမ္ဘာကြီး
ယခုထက် ပိုမိုငြိမ်းချမ်းမည်၊ ပိုတိုး
တက်မည်ဟု မိမိ ယုံကြည်တယ်။

အိုင်းစတိုင်းက အိုင်ကျူ (၁၆၀)
သာရှိပြီး အိုင်ကျူ (၃၀၀) နီးပါးရှိတဲ့
ကမ္ဘာ့သေဋ္ဌေးကြီးနှင့် စွယ်စုံ သိပ္ပံ
ပညာရှင် `အီလွန်မက်စ် (Elon
Musk)´ ကလည်း သူ့ဖက်မှာ
ရှိနေတယ်။

ရွာပြင် ရွာထဲက ခွက်ခေါက်တွေ
လို လူပျက် ဇာလန်ဇကီးကို သူ
ရွံမုန်းသလို အီရန်ကိုလည်း သူ
မကြိုက်ပါ။

ဒီနှစ်ဦးကတော့ သူသာ အိမ်ဖြူ
တော် ရောက်တဲ့နေ့ ဗိုလ်နေဝင်း
ပြောသလို စစ်တပ်ဆိုတာ ပစ်ရင်
မှန်အောင်ပစ်တယ်၊ မိုးပေါ်ထောင်
ပစ်တာ မရှိ၊ မသက်သာဘူးသာ
မှတ်ပေတော့လို့ ဆိုရေးစကား
အတိုင်း၊ ချောင်မယ် မထင်။

နိုင်စိုးနှင့် အမျိုးများ

19 Oct, 12:56


ရောမစစ်ဘုရင်ကြီး ဂျူးလီး
ယက် ဆီဇာ အမည်နှင့် သူ့
နေအိမ် ဧရိယာကို နာမည်
ပေးထားသော်လည်း တစ်
ဖက်က ဒုံးကာစနစ်ကို ထိုး
ဖောက်ပြီး တိုက်ခိုက်လာနိုင်
တဲ့ တိုးတက်မှုမျိုးကို မြင်ရ
တယ်။

ဒါပေမယ့် အစ္စရေးလ် စစ်တပ်
က ဒီတစ်လအတွင်း ဂါဇာမှာ
လူပေါင်း (၄၅၀) ကို သတ်ဖြတ်
ခဲ့တယ်။

ဒီကနေ့ တစ်ရက်ထဲမှာကို
ပါလက်စတိုင်းလူမျိုး (၄၄) ဦး
သေဆုံးပြီး (၈၀) ကျော် ဒဏ်
ရာ ရရှိတယ်။

သူတို့ဂျူးလူမျိုး (၁,၂၀၀) ခန့်
မနှစ်က သတ်ဖြတ်ခံလိုက်ရလို့
လက်စားချေယင်းက ပြန်သတ်
လိုက်ကြတာဟာ လူဦးရေ (၂)
သန်းကျော်နှင့် စတုရန်းမိုင်
(၁၄၁) မိုင်သာရှိတဲ့ ဂါဇာ
ကမ်းမြှောင်မှာ အခုဆိုရင်
လူဦးရေ (၄၂,၅၁၉) ဦး သေဆုံး
၍ (၉၉,၆၃၇) ဦး ဒဏ်ရာရတယ်
လို့ သိရှိရတယ်။

ဂါဇာရှိ အကြမ်းဖက်တွေကို
ရှင်းနေယင်းက လက်ဘနွန်က
ဒုံးတွေကိုလည်း ရှောင်ယင်း၊
ယီမင်က တာဝေးပစ် ဒုံး၊ ဒရုန်း
တွေကိုလည်း ကာကွယ်ယင်း
ကနေ အီရန်ကို ပြန်တိုက်ဖို့
လည်း အစီအစဉ်တွေ ဆွဲနေ
ရတာကြောင့် ဂျူးလူမျိုး ဖြစ်
ရတာ တယ်မလွယ်ပါလားလို့
သက်ပြင်းချမိတယ်။

မဖြစ်မနေ အီရန်ကို ပြန်ဂလဲ့စား
ချေမှာ သေချာနေတဲ့ အချိန်မှာ
အီရန်က စစ်ကို မလိုလားကြောင်း
နှင့် သူတို့မှာ ညူကလီးယားထက်
အစွမ်းပိုထက်တဲ့ `လေဆာသုံး
ဗုံးလက်နက် `Laser-guided
bomb (LGB)´ တွေရှိကြောင်း
ခြိမ်းခြောက်တာမျိုးတွေလည်း
ရှိနေတယ်။

`The God Particle´ လို့ အခေါ်
ရှိတဲ့ `ဘုရားသခင်၏ စွမ်းအားအချို့´
ဒီလက်နက်မျိုးကို ဂရိလူမျိုးတွေ
ခေတ်တုန်းကတည်းက အသုံးပြု
ခဲ့တယ်လို့ စာပေအရ သိရှိဖူးတယ်။
#(The God Particle အကြောင်း
အချိန်ရရင် အကျယ် ရေးပါဦးမယ်)။

မှန်ထောင်ပြီး နေရောင်အားကိုယူ၍
အလင်းပြန်ကာ လိုရာပစ်မှတ်ကို
ထိမှန်တိုက်ခိုက်တာမျိုးလို့ အလွယ်
မြင်နိုင်တယ်။

ခုခေတ် နည်းပညာနှင့် ပေါင်းစပ်ပြီး
အင်္ဂလိပ်တွေ (၁၉၆၂) လောက်
ကတည်းက စမ်းသပ်တီထွင်နေ
တာကြာပြီ။

အီရန်မှာသာ တကယ်ရှိလျှင်
တစ်ဖက်က အမေရိကန်၊ ဗြိတိန်
မှာလည်း ရှိမယ် သေချာတာမို့
အစ္စရေးလ်မှာလည်း ရှိနိုင်တယ်။

ဂါဇာ၊ လက်ဘနွန်စစ်ပွဲဆိုတာ
လက်ရည်စမ်းပွဲလောက်သာဖြစ်ပြီး
အကယ်၍သာ အစ္စရေးလ်ရဲ့
ဂလဲ့စားချေ စစ်ပွဲကြီး ဖြစ်လာရင်
တော့ ကမ္ဘာပျက်မည့် စစ်ပွဲကြီး
သာ ဖြစ်ပါလေတော့သတည်း။

(Andrew Soe)
19th Oct 2024

နိုင်စိုးနှင့် အမျိုးများ

19 Oct, 12:56


"စစ်၏ ဆိုးကျိုးများ"
----------------------

ကမ္ဘာ့သတင်းတွေ ဖတ်ရ၊ မြင်ရ
တာတွေက ဗမာသတင်းတွေလိုပဲ
တစ်ခါခါ တစ်ဖက်က တစ်မျိုး ရေး
သလို၊ တစ်ဖက်ကလည်း တစ်မျိုး
ရေးကြတယ်။

သူ့ဘက် ကိုယ့်ဘက်၊
ဘက်ကတော့ နေရာတိုင်းမှာ
ရှိတယ်။

နေတန်ယာဟုလို့ တစ်ဖက်က
ခေါ်ပေမယ့် တစ်ဖက်ကတော့
`စေတန်ယာဟု (Satanya)´
လို့ ခေါ်တာမျိုးပေါ့။

ဆိုလိုတာ မကောင်းဆိုးဝါး
နေတန်ယာဟုပေါ့။

သူနေတဲ့ အိမ်တော်ရာ `ဆီဇာ
ရီယာ (Caesarea Building)´
ကို ဟဇ်ဘိုလာက ဒီမနက်
ဒရုန်းနှင့် တိုက်ခိုက်ပေမယ့်
ဘာမှ ထိခိုက်မှု မရှိဘူးလို့
သိရတယ်။ (ဗီဒီယိုရှု)#

နိုင်စိုးနှင့် အမျိုးများ

18 Oct, 21:17


တနေ့ကလည်း ရှမ်းပြည်နယ်
ကလာတဲ့ ကလေကဝ
တစ်ယောက်က လူစည်ကား
ရာ ကုန်တိုက်ထဲကိုဝင်ပြီး
သေနတ်နဲ့ လူအယောက်
(၅၀) လောက် ပစ်ခတ်
သတ်ဖြတ်ပြမယ်ဆိုပြီး
`ဖေ့ဘွတ်ခ်´ ပေါ်ကနေ
ရှမ်းဘာသာနှင့် ရေးတင်
တာကြောင့် ထိုင်းရဲတွေ
အတော် အလုပ်ရှုပ်သွား
တယ်လို့ သိရတယ်။

ဒါပေမယ့် အဖြစ်အပျက်
ကတော့ ဖြစ်မသွားဘူးလို့
သိရတယ်။ ရေးသူ ကလေ
ကဝကို အပူတပြင်း ရှာဖွေ
နေကြတယ်။

ရှမ်းဘာသာနှင့် ရေးပေသိ၊
ထိုင်းတွေကတော့ မြန်မာပြည်
ကလို့ပဲ သိထားသည့်အတွက်
တိုင်းပြည်ပဲ သိက္ခာကျရပြန်
တယ်။

ရွာထဲက ကလေကဝ အများစု
တင်မက ပြည်ပြေး မီဒီယာတွေ
အပါအဝင် `ဖေ့ဘွတ်ခ်´ ပေါ်မှာ
ကိုယ့်တိုင်းပြည်အကြောင်း ရေး
ချင်တာ ရေးလို့ရပေမယ့် ထိုင်း
နိုင်ငံကို ထိခိုက်ပြီး ရေးလို့ မရ
ဘူး ဆိုတာ ဒင်းတို့ မသိကြပါ။

မြန်မာပြည်ကလွဲ ထိုင်းတင်မက
အခြားနိုင်ငံတွေမှာပါ ဒီလို ရေး
ချင်တိုင်း ရေးလို့ မရပါ။

(Andrew Soe)
18th Oct 2024

နိုင်စိုးနှင့် အမျိုးများ

18 Oct, 21:16


"အကျင့်ဆိုးနှင့် ကလေကဝတွေ"
------------------------------------

ရွာထဲမှာ လုပ်နေကျ အကျင့်
စရိုက်ဆိုးတွေကို ရွာထဲမှာ
မထားခဲ့ဘဲ ထိုင်းနိုင်ငံကို
အောက်လမ်းက လာကြတဲ့
ကလေကဝတွေ အများစု
လုပ်ရပ်တွေကြောင့် တိုင်းပြည်
နှင့် လူမျိုးပါ သိက္ခာကျနေရတဲ့
ဒီလိုအဖြစ်မျိုးတွေ ဆိုရှယ်မီဒီ
ယာနှင့် သတင်းတွေအပေါ်မှာ
မကြာခဏ မြင်ရ၊ ကြားရ
တယ်။ (ဗီဒီယိုရှု)#

နိုင်စိုးနှင့် အမျိုးများ

17 Oct, 21:56


"သွားပြန်ပြီ"
-------------

ဟားမတ်စ် အကြမ်းဖက်
ခေါင်းဆောင် ဆင်ဝါ
(Yahya Sinwar)´ ကို
(၂၉) ရက်၊ အောက်တိုဘာ
၁၉၆၂ ခုနှစ်၊
ခန်းယူနစ်
(Khan Yunis) မှာ မွေးတယ်။

ဒီကနေ့ (၁၇) ရက်၊ အောက်
တိုဘာ ၂၀၂၄ ခုနှစ်၊ အသက်
(၆၂) နှစ်မှာ အစ္စရေးလ်စစ်တပ်
(IDF)´ လက်ချက်နှင့် ကျဆုံး
သွားတယ်။

သူမွေးရာဇာတိ
ခန်းယူနစ်မြို့
(Khan Yunis)´ ဆိုတာလည်း
(IDF) ကြိတ်လို့ အုတ်ပုံဘဝ
ပဲ ကျန်တော့တယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ (၇)
ရက်၊ ဂျူးလူမျိုးတွေ အစုလိုက်
အပြုံလိုက် သတ်ဖြတ်ခံရမှု
နောက်ကွယ်က အဓိက
`ဆရာကြီး (Mastermind)´
တစ်ယောက်ဖြစ်လို့အစ္စရေးလ်
အစိုးရရဲ့ အလိုချင်ဆုံးသူ
တစ်ယောက်လည်းဖြစ်တယ်။

(၁၉၈၉) ခုနှစ်မှာ အစ္စရေးလ်
စစ်သား (၂) ယောက် သတ်မှုနှင့်
အစ္စရေးလ် အကျဉ်းထောင်မှာ
ထောင် (၂၂) နှစ်ကျခံပြီး အကျဉ်း
သား လဲလှယ်ရေး အစီအစဉ်နဲ့
(၂၀၁၁) မှာ ပြန်လွတ်လာပြီး
နောက် (၂၀၁၇) ခုနှစ်မှာ
ဟားမတ်စ် အဖွဲ့ရဲ့ ဦးစီး တစ်
ယောက် ဖြစ်လာတယ်။

အခု အရှင်းခံလိုက်ရတယ်။

ဘယ်တိုင်းပြည် ဘယ်နိုင်ငံမှာ
မဆို အကြမ်းဖက်ဘဝကို ခံယူ
ထားရင် တစ်ချိန်မဟုတ် တစ်
ချိန်တော့ အရှင်းခံရမှာ သေချာ
နေပါလေတော့သတည်း။

(Andrew Soe)
17th Oct 2024

နိုင်စိုးနှင့် အမျိုးများ

17 Oct, 16:16


"ဂျင်းအကြီးစားတွေ"
----------------------

ချစ်ဦးညို၊ မောင်စိန်ကုန်း
(ပတီးဝင်း)၊ မောင်ဖုန်း (ဓာတု)၊
မောင်သာခါး၊ ခင်ခင်ဝ၊ ညီမင်း
ပြာ၊ ဗေလုပိန်၊ အနှောက်တော်
စသဖြင့် ဒီလူ့ပေါ်ပင်တွေ
ဗမာတစ်ပြည်လုံး လှည့်လည်
ပြီး ဒေါ်စု အဖေ ဗိုလ်အောင်
ဆန်းဟာ လွန်စွာ အင်မတန်
တော်တတ်ကြောင်းနှင့် သူ
တစ်ဦးတည်း လွတ်လပ်ရေး
ရအောင် လုပ်ခဲ့သလိုလို ဖြစ်
အောင် အမှန်နှင့် ပေါက်တတ်
ရတွေ ညှပ်ပြော ဂျင်းထည့်
လိုက်တာ ယနေ့ တောသား
အများစု၊ အောင်ဆန်းသမီး
လည်း အလွန် အင်မတန်
တော်တတ်တယ် ထင်မြင်၊
အထင်ကြီးကုန်ကြတော့
တာပဲ။

ဒီလိုအခြေအနေပေါ်မှာ
မခိုင်မာတဲ့ အများ အပြောအရ
ဗိုလ်အောင်ဆန်း သမီး မဟုတ်
လေဘဲ `ဗိုလ်ထွန်းလှ´ သမီး၊
ဒေါ်စုကလည်း မှိန်းခံ သာယာ
နေသလိုရှိတယ်။

စန္ဒာမင်းရဲ့ ထုတ်ပြန်ပြောစကား
အရ သူကိုယ်၌ လက်နက်ကိုင်
အကြမ်းဖက် လမ်းစဉ်ကို မကြိုက်
ဘူး၊ လက်မခံဘူး၊ အားမပေးဘူး
ဆိုရင် ဘာလို့ အခုထိ လူသိရှင်
ကြား မပြောရဲတာလည်း မေးခွန်း
ထုတ်စရာပါ။

မည်သို့ပင် ဆိုစေကာမူ
ဘူမသိ၊ ကိုးမသိ တောသား
အများစု အသက်တွေကတော့
ဘာမှန်းမသိဘဲ ပေးဆပ်နေ
ကြရအုံးမှာ သေချာနေပါ
လေတော့သတည်း။

(Andrew Soe)
17th Oct 2024

နိုင်စိုးနှင့် အမျိုးများ

17 Oct, 15:21


"အတိတ်နိမိတ်"
-----------------

ပုံပါအရ
သုသာန်သင်္ချိုင်းရှိ
လူသေမြှုပ်နှံရာ
မြေစာပေါ်ပုံက
လက်ဝါးကပ်တိုင်
ပုံနှင့် အတိတ်နိမိတ်
က ပြနေတယ်။

ဝတ်ထားတာလည်း
အနက်ရောင်တွေ။

မကြာတော့ဘူး။

(Andrew Soe)
17th Oct 2024

နိုင်စိုးနှင့် အမျိုးများ

17 Oct, 13:56


"နားဆင်ကြည့်စေချင်"
-------------------------

ဒီသီချင်းက `TikTok´ ပေါ်မှာ
အတော့်ကို ဟော့ဖြစ်နေတဲ့
သီချင်းတစ်ပုဒ်လို့ပြောရမယ်။

မူရင်းသီဆိုသူက ၁၉၇၆ - ခုနှစ်
တဝိုက်မှာ နာမည်ကြီးခဲ့တဲ့
အမေရိကန် ကျေးလက်နှင့်
ပေါ့ပ် အဆိုတော် `The
Bellamy Brothers´ ညီ
အစ်ကို နှစ်ယောက်ရဲ့
သီချင်းတစ်ပုဒ် ဖြစ်တယ်။

သို့သော် ဟာဝိုင်အီက
သာမန် အပျော် အဆိုတော်
တစ်ယောက်ဖြစ်တဲ့ `Maoli´
ပြန်ဆိုတော့မှ တကမ္ဘာလုံး
သိပြီး ကြိုက်နှစ်သက်လာ
ကြတယ်။

သူကတော့ ခုခေတ်
`Reggae´ ပုံစံနဲ့ ပြန်ဆို
လိုက်တော့ သီချင်းနှင့်
စာသား အဓိပ္ပာယ်က
ပိုပြီး ရုပ်လုံးကြွလာတဲ့
သဘောဖြစ်သွားတော့
တာပေါ့။

သီချင်းနာမည်က.......
`If I Said You Had A
Beautiful Body´ ပါ။

(Andrew Soe)
17th Oct 2024

နိုင်စိုးနှင့် အမျိုးများ

17 Oct, 12:16


ကမ္ဘာတနံတလျားရှိ
ဆွေတော်မျိုး
မျိုးတော်မျိုးများ
သီတင်းကျွတ်
အချိန်အခါ သမယမှာ
ဘေးဘယာ ကင်းကွာ
စိတ်ချမ်းသာ
ကိုယ်ကျန်းမာ ရှိကြ
ပါစေကုန်လေသတည်း။

(Andrew Soe)
17th Oct 2024

နိုင်စိုးနှင့် အမျိုးများ

14 Oct, 14:44


ယီမင်က အစ္စရေးလ်ကို ပစ်တဲ့
ဒုံးကျည်ဒရုန်းတွေကို ကြားကနေ
ဂျော်ဒန်ကလည်း ဖြတ်ပြီး ပစ်ချ
ကူညီပေးတယ်။

သူတို့ နှစ်ဖွဲ့စလုံး သုံးနေတဲ့
ဒီဒရုန်းတွေအားလုံးရဲ့ အခြေခံ
က အီရန်ဖြစ်ပြီး ဒုံးကျည်ကို
ဒရုန်းဖြစ်အောင် ပြန်လည်
ပြုပြင် ဆန်းသစ်ထားတာမျိုး
ဖြစ်တယ်။

ထိုဒုံးကျည်ဒရုန်းတွေကြောင့်
မနေ့က အစ္စရေးလ်စစ်သား
(၄) ယောက် အသက်ဆုံးရှုံးခဲ့
ရပြီး ဒဏ်ရာရမှုတွေလည်း
ရှိတယ်။

ဒါ့ကြောင့် အမေရိကန်က
ဒီဒုံးကျည်ဒရုန်းတွေကို ကြားဖြတ်
ပစ်ချနိုင်ရန် စောနက ပို့စ်မှာ
ရေးထားသလို `သာဒ် (THAAD)´
ကာကွယ်ရေး လက်နက်တွေ
ချက်ချင်း ပို့ပေးလိုက်တာ
ဖြစ်တယ်။

မိတ်ဆွေကောင်းဆိုတာ ဒီလိုမျိုး
ဖြစ်နေရမယ်လေ။

(Andrew Soe)
14th Oct 2024

နိုင်စိုးနှင့် အမျိုးများ

14 Oct, 14:44


"မိတ်ဆွေကောင်းဆိုတာ"
----------------------------

လက်ဘနွန်က ဟဇ်ဘိုလာ
သူပုန်တွေ အစ္စရေးလ် နိုင်ငံ
အတွင်းထဲအထိရောက်အောင်
ပစ်ခတ်တိုက်ခိုက်နေတဲ့
`ဒရုန်း (Drone)´ အမျိုး
အစားက (Mirsad-1) နှင့်
(Mirsad-2) ဖြစ်တယ်။

ကီလိုဂရမ် (၄၀) အလေးချိန်
ရှိပြီး ကီလိုမီတာ (၁၂၀) အကွာ
အဝေးထိ ပျံသန်းနိုင်တယ်။

ခါမီခါဇေ အသေခံ ဒရုန်း အမျိုး
အစားဟု တင်စားကြတယ်။

ယီမင်ကနေ ဟူသီသူပုန် အသုံး
ပြု လှမ်းပစ်နေတဲ့ ဒရုန်း အမျိုး
အစားက `(Shahed)´ ဖြစ်တယ်။

ကီလိုဂရမ် (၂၀၀) အလေးချိန်
ရှိ၍ နှစ်မီတာခွဲကနေ သုံးမီတာခွဲ
ထိ အရှည်ရှိပြီး ကီလိုမီတာ
(၂,၀၀၀) ကျော်အထိ ပစ်ခတ်
တိုက်ခိုက်နိုင်တယ်။

ဒီဒရုန်းကို ယီမင်ကလည်း
ပေါ်ပေါ်တင်တင် ထုတ်ကြွား
ထားတာကို ဗီဒီယိုကလစ်မှာ
ကြည့်ရှုနိုင်တယ်။

ယီမင်ကနေ အစ္စရေးလ်နိုင်ငံ
အကွာအဝေးက (၂,၂၁၁) ကီလို
မီတာ ဝေးတယ်။

နိုင်စိုးနှင့် အမျိုးများ

14 Oct, 13:39


"THAAD"
-----------

အမေရိကန်၏ အစွမ်းအထက်ဆုံး
ဒုံးကျည် ကာကွယ်ရေး စနစ်တစ်ခု
ဖြစ်သည့် `သာဒ် (THAAD)´ ကာ
ကွယ်ရေး လက်နက်များအပြင်
ထိုလက်နက်ကို ပစ်ခတ်ရာတွင်
အော်ပရိတ် လုပ်နိုင်သူ စစ်သား
(၁၀၀) ကိုပါ အစ္စရေးလ်သို့
ပေးပို့လိုက်ကြောင်း ပင်တဂွန်
စစ်ဋ္ဌာနချုပ်က ထုတ်ပြန်တာကို
ဖတ်ရတယ်။

အဆင့်မြင့် ရေဒါစနစ်များနှင့်
ကြားဖြတ် ကိရိယာများ ပေါင်း
စပ်အသုံးပြုထားသော `Ter
- minal High-Altitude Area
Defense (THAAD)´ လို့
ခေါ်တဲ့ ထိုလက်နက်သည်
အကွာအဝေး ကီလိုမီတာ
(၁၅၀ မှ ၂၀၀)၊ မိုင်အားဖြင့်
(၉၃ မိုင်မှ ၁၂၄ မိုင်) အတွင်း
ဝင်လာသမျှ ပဲ့ထိန်း ဒုံးကျည်
များကို မလွဲတမ်း ပစ်ချနိုင်
တယ်လို့ သိရှိရပါတယ်။

(Andrew Soe)
14th Oct 2024