KNDF B-05 official @kndfb05 Channel on Telegram

KNDF B-05 official

@kndfb05


Karenni Nationalities Defense Force B-05

KNDF B-05 official (English)

Welcome to KNDF B-05 official Telegram channel! Our channel, 'kndfb05,' is the official platform of the Karenni Nationalities Defense Force B-05. Established to protect the rights and interests of the Karenni people, KNDF B-05 is a dedicated force working tirelessly to ensure the safety and well-being of our community. Our channel provides regular updates on our activities, missions, and achievements, giving you an inside look into the important work we do. By joining our channel, you will have the opportunity to learn more about the Karenni Nationalities Defense Force B-05 and stay informed about the latest developments. Whether you are a supporter, a member of the Karenni community, or simply interested in learning more about our cause, our channel is the perfect place to connect and engage with us. Join us today and be a part of our mission to protect and empower the Karenni people!

KNDF B-05 official

27 Jan, 11:53


ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)အမှတ်(၅ )တပ်ရင်း ရဲဘော်တွေရဲ့ လှုပ်ရှားမှုပုံရိပ်နှင့် ပေးဆပ်ရမှု ပုံရိပ်တချို့...

ကျွန်‌‌တော်တို့ KNDF အမှတ်(၅)တပ်ရင်းဟာ စတင်ဖွဲ့စည်းချိန်မှစ၍ ယခုချိန်ထိ စစ်အာဏာရှင်ကို တစိုက်မတ်မတ် တော်လှန်တိုက်ပွဲ၀င်လာခဲ့တာ မိဘပြည်သူများအသိဖြစ်ပါတယ်။လက်ရှိအချိန်ထိ ပြည်တွင်းပြည်ပ မှာရှိတဲ့ မိဘပြည်သူတွေရဲ့ ထောက်ပံ့ပေးအပ်မှုတွေနဲ့ ရပ်တည်လျက်ရှိပါတယ်။
အောင်မြင်မှုတွေအများကြီးရှိသလို ပေးဆပ်ရမှုတွေလဲရှိနေပါတယ်။ အောင်မြင်မှုနောက်ကွယ်က ပေးဆပ်မှု ကြိုးစားမှုတွေကို လူအများစုဟာ စိတ်ဝင်စားမှုနည်းပြီး ရလဒ်ကိုပိုပြီးစိတ်ဝင်စားတာလဲ တွေ့ရပါတယ်။
ငြိမ်းချမ်းမှုသာ လိုလားတဲ့ လူငယ်တွေဟာ အဲ့ဒီအတွက် အောင်မြင်မှုကို ရရှိပိုင်ဆိုင်ဖို့ ခက်ခက်ခဲခဲကြိုးစားရ၊ အချိန်တွေပေးဆပ်ပြီး ရလဒ်ကောင်းရဖို့ အမြဲ ကြိုးစားနေကြရပါတယ်။ ဒီလို ကြိုးစားတဲ့ အဆင့်တိုင်းမှာ ဒီထက်ပို အရသာရှိတဲ့ တန်ဖိုးကြီးတဲ့ အောင်မြင်မှု ရလဒ်တွေကို တွေ့မြင်ချင်ရင် ကျွန်တော်တို့ကို ယုံယုံကြည်ကြည်နဲ့ ထောက်ပို့ကူညီပေးဖို့ မေတ္တာရပ်ခံလိုပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်
KNDF အမှတ် (၅) တပ်ရင်း
သတင်းနှင့်ပြန်ကြားရေးဌာန

KNDF B-05 official

16 Nov, 12:37


ကရင်နီအမျိုးသားများကာကွယ်‌ ရေး တပ်ရင်းအမှတ် (၅) နှင့် ဗဟိုကော်မတီ တွေ့ဆုံပွဲ

၁၆.၁၁.၂၀၂၄ ခုနှစ်။

ကျွန်တော်တို့ တော်လှန်ရေးအရှိန်အဟုန် စစ်ရေးအရှိန်အဟုန်တိုးလာသည်နှင့်အမျှ ရဲဘော်ရဲဘက် များလည်း စိတ်ပိုင်းဆိုင်ရာ ပင်ပန်းမှုများလည်း အနည်းငယ်ရှိလာကြပါသည်။

ထို့ကြောင့် KNDF ဒုစစ်ဦးစီးချုပ် ၊ ဗျူဟာ အမှတ် (၄) ဗျူဟာမှူး/စစ်နည်းဗျူဟာမှူး နှင့် တပ်ရင်းအမှတ် ၅ တပ်ရင်းမှူး / ဒုတပ်ရင်းမှူးတို့မှ စိတ်ဓာတ်ပိုင်းဆိုင်ရာ ၊စိတ် ခွန်အားမြင့်တင်ရေး အတွက် ရဲဘော်များကို အားပေးစကားပြော ပြီး ရဲဘော်များနှင့်အတူအပြန်အလှန်ဆွေးနွေးသော အခမ်း အနားတစ်ရပ်ပြုလုပ်ခဲ့ပါသည်။

၃ နှစ်ကျော် ကြာမြင့်လာသော ခရီးကြမ်း အတွင်း ပင်ပန်းလာခဲ့ သော်လည်း မိမိတို့ တပ်ဗိုလ် တပ်မှူများ ၏ အားပေးစကားများကြောင့် ရဲဘော်ရဲဘက်များမှာ လည်း စိတ်ဓာတ်ခွန်အား များစွာရရှိပြီ ဒီထက် မက အောင်မြင်မှုများကို ယူဆောင် လာနိုင်အောင် အကောင်းဆုံးကြိုစားသွားပါမည် ဟု ဂတိ သိစ္စာပြုအပ်ပါသည်။


ကရင်နီအမျိုးသားများကာကွယ်ရေးတပ်
KNDF တပ်ရင်းအမှတ် (၅)
သတင်းနှင့်ပြန်ကြားရေးဌာန

KNDF B-05 official

19 Sep, 04:04


စစ်ဘေးကြား ရေဘေးကို ကူရပြန်တဲ့ ရဲဘော်တွေ 🛶🏚️

ရဲဘော်တွေ အိမ်နဲ့အဝေးမှာ တိုက်ပွဲဝင်တယ်ဆိုတာ ပြည်သူတွေ လွတ်မြောက်ဖို့ မဟုတ်လား

ဒါကြောင့် ပြည်သူတွေ ဒုက္ခရောက်ပြီဆိုတော့လည်း နေလို့မရတာ ရဲဘော်တွေပါပဲ

ကရင်နီဒေသက ရေဘေးသင့်ပြည်သူတွေအတွက် Karenni Nationalities Defense Force B - 05 က ရဲဘော်တွေ ကူညီပံ့ပိုးခဲ့တဲ့ ပုံရိပ်လေးတွေပါ Lose and Hope အဖွဲ့သားတွေနဲ့အတူ သွားရောက်ခဲ့တာပါ

ရေဘေးတစ်ဖက်နဲ့ Way Back Home လက်မှတ်မရောင်းအားဖြစ်နေလို့မို့ အလုပ်များနေတဲ့ ရဲဘော်တွေ နည်းနည်းဖြစ်ဖြစ် ပျော်ရအောင် မဲလက်မှတ်လေးတွေ ဝယ်ကူကြပါဦးနော်

#ငါတို့ကအိမ်ပြန်မယ့်လူတွေ
#WayBackHome
#မဲလက်မှတ်ကမ်ပိန်း

KNDF B-05 official

15 Sep, 14:10


မဲဖောက်ပေးမယ့် တပ်ရင်းဂစ်တာလေးမှာ ကြယ်၂လုံးထပ်တိုးရတော့မှာ... 💔

ဒီဂစ်တာက ကြယ်လေးတွေက Karenni Nationalities Defense Force B - 05 ကနေ ခွဲခွာသွားကြတဲ့ ရဲဘော်တွေကို ကိုယ်စားပြုတာပါ

ဒီဂစ်တာလေး မဲပေါက်ခဲ့ရင် အတူတူမရှိတော့တဲ့ ရဲဘော်တွေရော... ဒီဂစ်တာလေးနဲ့ အပန်းဖြေခဲ့တဲ့ ရဲဘော်တွေရောရဲ့ အငွေ့အသက်အပြည့်နဲ့ တကယ့်ကို နွေဦးတော်လှန်ရေး အမှတ်တရဖြစ်နေမှာ

မဲလက်မှတ်တစ်စောင်မှ ၂၅,၀၀၀ ကျပ်တည်းနဲ့ Way Back Home ကို ဟဲလိုပြီး ပါဝင်လို့ ရပါပြီရှင့်

ကရင်နီဒေသက ရေဘေးရော စစ်ဘေးပါရင်ဆိုင်နေရပြီး ရဲဘော်တွေအတွက်လည်း လိုအပ်ချက်အများအပြားရှိနေတာမလို့ ပြည်သူတွေရဲ့ အားဖြည့်မှု အများကြီးကို မျှော်လင့်နေရတာပါ

#WayBackHome
#ငါတို့ကအိမ်ပြန်မယ့်လူတွေ
#မဲလက်မှတ်ကမ်ပိန်း

KNDF B-05 official

04 Sep, 15:49


အိမ်မှာ ဖဲမွေ့ရာ ရွှေကော်ဇောမရှိဘူး...🏡 ဒါပေမဲ့ သက်သောင့်သက်သာဖြစ်မှုတွေအပြည့်...

အိမ်နံရံတွေဟာ ဆင်စွယ်နန်း မဟုတ်ဘူး...🏡 ဒါပေမဲ့ စိတ်လုံခြုံမှုအပြည့်...

အိမ်မှာ ပရိဘောဂတွေဟာ စိန်မစီဘူး...🏡 ဒါပေမဲ့ ဝမ်းမြောက်ကြည်နူးရမှုတွေ အပြည့်....

အိမ်မှာ ဒဏ္ဍာရီတွေ မခမ်းနားဘူး...🏡 ဒါပေမဲ့ မိသားစုလက်ဆင့်ကမ်းလာတဲ့ ချစ်ခြင်းတွေအပြည့်.
..

အိမ်ကို မပြန်ချင်တဲ့သူမရှိဘူး...🏡 ဒါပေမဲ့ မပြန်နိုင်သေးတဲ့သူတွေလည်း အပြည့်... 💔

🏡🏡🏡🏡🏡🏡🏡

ကရင်နီရဲဘော်တွေ အိမ်မြန်မြန်ပြန်လို့ရစေဖို့ မဲလက်မှတ်တွေကို ၂၅,၀၀၀ ကျပ်တည်းနဲ့ အားပေးလို့ရပါတယ်ရှင့်... အခုပဲ မတ်စေ့ပို့ပြီး ဟဲလိုလိုက်ပါနော်

#WayBackHome
#ငါတို့ကအိမ်ပြန်မယ့်လူတွေ
#မဲလက်မှတ်ကမ်ပိန်း
#kndfb05
#kndf

KNDF B-05 official

01 Sep, 13:01


ကိုယ်တိုင်တောထဲ မသွားနိုင်သေးပေမဲ့ ရဲဘော်တွေနဲ့ နီးစပ်သွားတယ် ခံစားရစေမှာလေး 🧢🏡

ရိုးရိုးရှင်းရှင်း ဦးထုပ်အနက်လေးမှာ Karenni Nationalities Defense Force B - 05 ရဲ့ လိုဂိုလေးနဲ့ 🤩

ဦးထုပ်ချည်းပဲကို အလုံး ၁၂၀ တောင်ထည့်ဖောက်ပေးမှာဆိုတော့ ပေါက်နိုင်ခြေတအားများတာနော်

မဲလက်မှတ်တစ်စောင်မှ ၂၅၀၀၀ ကျပ်ပဲပေးရတာကို ထောက်ပို့ထီ တစ်စောင်ကလည်း လက်ဆောင်ရဦးမှာဆိုတော့ တန်တာထက်ကို တန်နေပြီ

အခုပဲ စီဘီကို ဟဲလိုလိုက်နော်၊ အိမ်တူတူပြန်ကြမယ်လေ

နမူနာဦးထုပ်များ ဖြစ်သောကြောင့် ပြထားပုံနဲ့ ဆုလက်ဆောင် အနည်းငယ် ကွဲလွဲနိုင်ပါသည်

#ငါတို့ကအိမ်ပြန်မယ့်လူတွေ
#WayBackHome

KNDF B-05 official

24 Aug, 14:55


၁ထည်လည်းမဟုတ်၊ ၂ထည်လည်း မဟုတ်၊ ၃ထည်လည်းမဟုတ်၊ ၄ထည်လည်းမဟုတ်.... အထည်၁၂၀ 🙀🙀

တကယ်နော်... ရဲဘော်တွေနဲ့ ဆင်တူဝတ်လို့ရမယ့် တီရှပ်က တအားပေါက်နိုင်ခြေများလို့ ဝယ်ကိုဝယ်ရမယ့် မဲပဲ

၂၅၀၀၀ နဲ့ တီရှပ်ဝယ်သလိုကို ဖြစ်နေမှာ 😊 အခုပဲ စီဘီလာပြီး Way Back Home လက်မှတ် လာဝယ်လိုက်တော့နော်

နမူနာတီရှပ်များ ဖြစ်သောကြောင့် ပြထားပုံနဲ့ ဆုလက်ဆောင် အနည်းငယ် ကွဲလွဲနိုင်ပါသည်

#ငါတို့ကအိမ်ပြန်မယ့်လူတွေ
#WayBackHome