New Generation Myanmar - NGM @newgenerationmyanmar Channel on Telegram

New Generation Myanmar - NGM

@newgenerationmyanmar


New Generation Myanmar - NGM (English)

Are you looking for a fresh perspective on all things related to Myanmar? Look no further than the New Generation Myanmar (NGM) Telegram channel! NGM is a platform created for the new generation of individuals who are passionate about Myanmar's culture, history, current affairs, and more. This channel serves as a hub for like-minded individuals to discuss, share, and explore all aspects of Myanmar in a modern and innovative way. Whether you are a local resident looking to connect with others or an international enthusiast wanting to learn more about this beautiful country, NGM has something for everyone. Join us today and be a part of the new generation shaping the future of Myanmar!

New Generation Myanmar - NGM

21 Feb, 15:25


သားသားမီးမီးတို့အတွက် နိုင်ငံတကာအဆင့်မီပညာရေးကို လေ့လာသင်ယူ​စေချင်တဲ့ မိဘ​တွေအ​နေနဲ့ New Generation Myanmar - NGM (Online School) မှာ သူငယ်တန်းမှ (၁၂)တန်းထိ KG+12 အတန်းများမှာ ကျောင်းလာအပ်ဖို့ ဖိတ်ခေါ်ကြိုဆိုပါတယ်ခင်ဗျာ...
မတ်လမှာ ဖွင့်လှစ်မယ့် NGM 2025 ပညာသင်နှစ်အတွက်
☀️"နေ့ကျောင်း" နဲ့
🌙"ညကျောင်း" (Special Program)
အဆင်ပြေတဲ့အချိန်ကို ရွေးပြီး ကျောင်းအပ်နှံလို့ရနေပါပြီ…
ကျောင်းရဲ့ Facebook Page မတ်ဆင်ဂျာကနေ အသေးစိတ်မေးမြန်းပြီး ကျောင်းအပ်နိုင်ပါပြီခင်ဗျာ… 🥳

New Generation Myanmar - NGM

08 Feb, 07:07


အ​မေရိကန်နိုင်ငံ၊ Florida ပြည်နယ် Department of Education ရဲ့ Private School Directory မှာ​တွေ့ရတဲ့ New Generation Myanmar (Online School) 🫶🏻🥳

NGM ကျောင်း စတည်​ထောင်ဖွင့်လှစ်ကတည်းက
သားသားမီးမီး​တွေ၊ ဆရာ ဆရာမ​တွေ၊ က​လေးမိဘ​တွေက ကျ​နော့်ကို ယုံကြည်အားထားပြီး​တော့ ဒီကျောင်း​လေးနဲ့ လက်တွဲခဲ့ကြပါတယ်…

ကျ​နော့်ဘက်ကလည်း လူ​တွေက ယုံကြည်ပြီးသားပဲ
လူသိများတဲ့သူပဲဆိုပြီး ဘယ်​တော့မှ အလုပ်ကို ပေါ့​ပေါ့တန်တန် လုပ်လေ့မရှိပါဘူး…
ကျ​နော်တို့ ကျောင်းရဲ့အနာဂတ်၊ က​လေး​တွေရဲ့ အနာဂတ်ကို အမြဲ​မျှော်တွေးပြီး အ​ကောင်းဆုံးဖြစ်​အောင် စီစဉ်ဆောင်ရွက်ပါတယ်…

NGM မှာ ရှေ့နှစ်က ၂၀၂၄ ပညာသင်နှစ် တစ်နှစ်လုံး အဆင်​ပြေ​ပြေ​ အောင်​အောင်မြင်မြင်နဲ့ ကျောင်းသူ ကျောင်းသားများ ပညာလေ့လာသင်ယူနိုင်ခဲ့ကြတယ်…

အ​ကြောင်းအမျိုးမျိုး​ကြောင့် ပညာ​သင်ကြားခွင့်ရပ်တန့်​နေရတဲ့ က​လေး​တွေ ပညာဆက်လက် သင်ကြားနိုင်​စေဖို့ မြန်မာပြည်က ကျောင်းသူ​ကျောင်းသား​တွေအတွက်
ကျောင်းဖွင့်ပေးတာဆိုသည့်တိုင်
ကျ​နော့်ရဲ့​Online School ကို
တရားဥ​ပဒေ​ဘောင်အတွင်းက​နေပဲ လည်ပတ်​ဆောင်ရွက်ခဲ့ပါတယ်…

အ​မေရိကန်အ​ခြေစိုက်ကျောင်းတစ်ခု ဖြစ်လာ​စေဖို့
အ​မေရိကန်နိုင်ငံ၊ Florida ပြည်နယ်မှာ တရားဝင်ကုမ္ပဏီ မှတ်ပုံတင်ထားတယ်…
Florida Department of Education မှာလည်း
Online School ရဲ့ လိုအပ်ချက်များ criteria များအားလုံးပြည့်ဝ​အောင်ဖြည့်ဆည်းပြီး မှတ်ပုံတင်ထားခဲ့တာ Private School Directory မှာ တရားဝင်​ ဖော်ပြခြင်း ခံထားရပြီဖြစ်ပါတယ်…

ကျောင်းရဲ့ School Code က 9406 ပါ…
Florida Department of Education (Official Website)မှာ ခုလို ဝင်​ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်ခင်ဗျာ… 🥰

နိုင်ငံတကာ Accreditation ရဖို့အတွက်လည်း
ဆရာ၊ မိဘ၊ ကျောင်းသားအားလုံး NGM နဲ့အတူ လက်တွဲညီညီနဲ့ အတူတကွ ရှေ့ဆက်ကြိုးစားသွားကြရ​အောင် 🤩💪🏻

Wai Yan Aung
President
New Generation Myanmar

New Generation Myanmar - NGM

07 Feb, 14:09


ခုလို ဖေဖေမေမေတို့ရဲ့ စကားသံလေးတွေ ကြားရတာ အင်မတန်မှ ပီတိဖြစ်ရသလို ရှေ့ဆက်ဖို့ စိတ်ခွန်အားတွေ အများကြီးရပါတယ်… 🌟🙏🏻

ဆရာ မိဘ ကျောင်းသား လက်တွဲညီညီနဲ့ နိုင်ငံတကာအဆင့်မီပညာရေးကို အ​ကောင်းဆုံးကြိုးစားဖော်ဆောင်ရင်း သားသားမီးမီးတို့ရဲ့ အတောက်ပဆုံးအနာဂတ်ကို ဖန်တီး ပျိုးထောင်ပေးကြမယ်ခင်ဗျာ… 🫶🏻

New Generation Myanmar - NGM

06 Feb, 12:01


အောက်ပါ ကျောင်းအပ်နှံရန် ဖောင်လင့်ခ်ကို နှိပ်၍ အချက်အလက်များကို ဖြည့်သွင်းပြီး ကျောင်းအပ်နှံလို့ရပါပြီခင်ဗျာ။

နေ့ကျောင်းအတွက် ကျောင်းအပ်ရန်-

https://docs.google.com/forms/d/e/1FAIpQLSc1vYb-dn-hloRnIii9CNletP0Ypr_wztxjQfQP2yHTcupOBQ/viewform?usp=dialog

ညကျောင်းအတွက် ကျောင်းအပ်ရန်-

https://docs.google.com/forms/d/e/1FAIpQLSd6SdptIO9Vt0Co6gYj7AYxBlOjJ1Vds8ExzRlA634psmC0dg/viewform?usp=dialog

အောက်ပါလင့်ခ်လေးကို နှိပ်၍ အတန်းများနဲ့ပတ်သက်လို့ အသေးစိတ် ကြည့်ရှု လေ့လာနိုင်ပါတယ်။

နေ့ကျောင်း Day Class -

https://drive.google.com/file/d/1CpwpW0qNtlDEE73brq12iVI9xfqHrgUa/view?usp=sharing

ညကျောင်း Night Class -

https://drive.google.com/file/d/1bgDu0mF5-49C1zzFjdGL07a-z5fjD9K2/view?usp=sharing

📚 ကျောင်းအပ်နှံခြင်းနဲ့ ပတ်သက်လို့
သိချင်တာတွေ၊ အကူညီလိုအပ်တာရှိရင် NGM Page Messenger သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်…

📚 အရည်အသွေးပြည့်ဝပြီး ထူးချွန်ထက်မြက်တဲ့ မျိုးဆက်သစ်များရဲ့ ကမ္ဘာ့အဆင့်မီပညာရေးအတွက် New Generation Myanmar (International Online School) မှာ ယခုပဲ ကျောင်းအပ်နှံကြဖို့ ဖိတ်ခေါ်ပါရစေ… 🤩

New Generation Myanmar - NGM

06 Feb, 04:19


လွန်ခဲ့တဲ့ (၅)ရက်ခန့်က Facebook Group တစ်ခုမှာ ကျနော်နဲ့ ကျနော့်ကျောင်းကို အကောင့်တုတစ်ခုက မဟုတ်မမှန် နာမည်ဖျက် တိုက်ခိုက်ခဲ့ပါတယ်…
အကောင့်တုရဲ့အောက်မှာ မနာလိုသူ တချို့ကလည်း အကြောင်းမဲ့ စော်ကား တိုက်ခိုက် ဖြန့်ဝေခဲ့ကြပါတယ်…

ကျနော် အဲဒီပို့စ်ကိုမြင်မြင်ချင်းမှာ Group ရဲ့Admin အချို့ကို ဆက်သွယ်အကြောင်းကြားခဲ့ပေမဲ့ တာဝန်ယူမှု တာဝန်ခံမှု မရှိခဲ့ကြဘဲ လစ်လျှူရှုခဲ့ကြပါတယ်…

အဲဒါကြောင့် ကျနော့်အနေနဲ့ Local Authorities များထံ cyber crime ဥပဒေနဲ့အညီ ကျူးလွန်သူများကို အရေးယူပေးဖို့ တိုင်ကြားခဲ့ပါတယ်ဗျ…

Cyber Police👮ထံတိုင်ကြားပြီးနောက်
ချက်ချင်းဆိုသလို Facebook Team ဘက်ကနေလည်း အဲဒီ post ကို ဖြုတ်ချခဲ့ပြီး တင်ဖို့ခွင့်ပြုခဲ့တဲ့
Group ကိုပါ အရေးယူခဲ့ပြီ ဖြစ်ပါတယ်ခင်ဗျ…

Postတင်ခဲ့တဲ့ fake account ကိုရော
ဒီ case မှာ အဓိက ပါဝင်ပတ်သက်ခဲ့တဲ့သူများကိုရော နောက်ဆက်တွဲ Legal Action ယူပြီး
ကျနော့်အနေနဲ့ တရားဥပဒေရဲ့အကာအကွယ် ရယူသွားမှာ ဖြစ်ပါတယ်ခင်ဗျ…

လူသိများသူတစ်ယောက်အနေနဲ့
Social Media မှာ စော်ကားတိုက်ခိုက်ခံရမှုတွေကို အဖက်လုပ်ပြီး အရေးတယူ တုံ့ပြန်နေစရာ မလိုဘူးဆိုတာ ကျနော် နားလည်ပါတယ်ခင်ဗျ…

ဒါပေမဲ့ လူတစ်ဖက်သား ဂုဏ်သိက္ခာကျဆင်းအောင် စည်းမဲ့ကမ်းမဲ့ စော်ကားချင်တိုင်း စော်ကားလို့ မရဘူးဆိုတာကို ဒီ case က ဥပမာကောင်းတစ်ခုအနေနဲ့ သင်ခန်းစာပေးချင်ပါတယ်ဗျ… နောက်နောင် ဆင်ခြင်ကြဖို့အတွက်ပါ…

ကျနော့်အနေနဲ့ လိုင်းပေါ်ကနေတော့ တုံ့ပြန်နေမှာမဟုတ်ပါဘူး… တရားဥပဒေနဲ့အညီသာ ဆောင်ရွက်သွားမှာပါဗျ…

တရားဥပဒေစိုးမိုးတဲ့ အမေရိကန်နိုင်ငံမှာ
ကျူးလွန်သူအနေနဲ့ ကိုယ် ဘယ်သူဘယ်ဝါမှန်း မသိလောက်ဘူးထင်ပြီး အကောင့်တုနဲ့
ဥပဒေချိုးဖောက်လို့ မရဘူးဆိုတာ
မသိဘူးထင်တယ်ခင်ဗျ…

Cybercrime ပြစ်မှုကျူးလွန်ရင် ဒီနိုင်ငံမှာရှိတဲ့ Cyber Police တွေက အကောင့်တုရဲ့ IP address , အသုံးပြုခဲ့တဲ့ Device တွေကနေ ဘယ်သူလဲဆိုတာ လိုက်လို့ရတယ် ဆိုတာ နားလည်စေချင်ပါတယ်…

နောက်နောင်လည်း ဒီလို မဟုတ်မမှန် လုပ်ကြံတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ကျနော့်အနေနဲ့ တရားဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ပါတယ်ခင်ဗျာ…

Wai Yan Aung

New Generation Myanmar - NGM

05 Feb, 06:38


ကလေးတို့ရေ…
ဘယ်သူ့ တီချယ်တွေပါလဲဆိုတာ ဝင်ကြည့်ကြဦးနော် 🥰🤩

https://www.facebook.com/share/p/1XjSdjBA63/?mibextid=wwXIfr

New Generation Myanmar - NGM

04 Feb, 15:15


NGM ကျောင်း တည်ထောင်သူ Sayar Wai Yan Aung ဆိုတာ ဘယ်သူလဲ သိချင်သူများအတွက် 🫶🏻
https://www.waiyanaung.com/biography

အင်္ဂလိပ်လို နားမလည်ရင် စာသားတွေကို
Copy & Paste လုပ်ပြီး Google Translate ကို ဘာသာပြန်ခိုင်းပြီး ဖတ်နိုင်ပါတယ်ခင်ဗျာ… 🥰

New Generation Myanmar - NGM

01 Feb, 13:42


https://www.facebook.com/share/v/1QiDRZdRwj/?mibextid=wwXIfr
☝🏻☝🏻☝🏻
ဆရာ Alvin ရဲ့ Live စနေပါပြီခင်ဗျာ

New Generation Myanmar - NGM

01 Feb, 12:20


ဆရာ Alvin နဲ့ တိုက်ရိုက် LIVE
ဆွေးနွေးနိုင်မယ့် အခွင့်အရေး 👏👏

မင်္ဂလာပါ ချစ်ရတဲ့ ကျောင်းသား၊ ကျောင်းသူတို့ခင်ဗျာ။ 🤍

၂၀၂၅ ပညာသင်နှစ် KG+12 မူလတန်း၊ အလယ်တန်း၊ အထက်တန်း ပညာရေးစနစ်အကြောင်းနဲ့ ကျောင်းသား၊ ကျောင်းသူတို့ရဲ့ ပညာရေးခရီးလမ်းအတွက်
ည (၈)နာရီမှာ ဆရာ Alvin ကိုယ်တိုင် တိုက်ရိုက် LIVE လွှင့်ပြီး သိချင်သမျှ ဖြေကြားပေးသွားမှာဖြစ်လို့ ဆရာ Alvin နဲ့ တိုက်ရိုက်သိချင်တာတွေ မေးနိုင်မယ့်အခွင့်အရေးကို လက်လွှတ်မခံနဲ့နော်။

📌📌မြန်မာပြည်အနှံ့မှာရှိတဲ့ ဒေသအသီးသီးမှ သားသား၊ မီးမီးတို့အတွက် နိုင်ငံတကာ ပညာရေးစနစ်ကို လက်လှမ်းမီစေရန် ရည်ရွယ်ပြီး ~

👉🏻ဖုန်းလေးတစ်လုံးတည်းရှိရုံနဲ့ ကျောင်းတက်နိုင်မယ်၊
👉🏻ကျောင်းစရိတ်ကလည်း သက်သာတယ်၊
👉🏻စာမေးပွဲအောင်ပြီးအတန်းတက်ရုံမဟုတ်ဘဲ အခြေခံကောင်းကောင်းနဲ့ တတ်သိလိမ္မာတဲ့၊ ထူးချွန်တဲ့ ကျောင်းသား၊ ကျောင်းသူများဖြစ်အောင် NGM မှာ ကျောင်းအပ်နှံလိုက်ပါတော့ခင်ဗျာ။

NGM 2025 Admission School Year အကြောင်း အသေးစိတ်ဖတ်ရှုလေ့လာရန် အောက်ပါလင့်ခ်ကိုနှိပ်ပါ။ 🫶🏻
https://shorturl.at/YmkhA

“အကောင်းဆုံး နိုင်ငံတကာ ပညာရေးခရီးလမ်းကို အခုပဲ NGM ကျောင်းတော်ကြီးနဲ့အတူ စတင်လိုက်ပါ။”

#NGMEducation #InternationalSchool
#OnlineLearning #NGM #ChaseEDU
#NewGenerationMyanmar
#KarenniStudents

New Generation Myanmar - NGM

29 Jan, 16:04


NGM မှာ ဆရာ၊ ဆရာမ ဖြစ်ဖို့
ဘယ်လောက်ခက်ခဲသလဲ?

(၁)
NGM ကျောင်းတော်ကြီးနဲ့ လက်တွဲလုပ်ကိုင်ချင်လို့ အနယ်နယ် အရပ်ရပ် ၊ နိုင်ငံအသီးသီးက ဆရာ၊ ဆရာမတွေ ထောင်ပေါင်းများစွာ အလုပ် လျှောက်ထားကြပါတယ်…
လျှောက်ထားသူများလွန်းတာကြောင့် NGM နဲ့ လက်တွဲခွင့်ရဖို့ဆိုတာကလည်း ဆရာ၊ ဆရာမတိုင်းအတွက်တော့ မလွယ်ကူလှပါဘူး…
NGM ရဲ့ သက်ဆိုင်ရာ Department အသီးသီးက ဒါရိုက်တာများနဲ့ပညာရှင်တွေ ဖွဲ့စည်းထားတဲ့ Selection Committee ကနေ အဆင့်ဆင့် ခက်ခက်ခဲခဲနဲ့ကို စီစစ် ရွေးချယ်ကြရတာပါ…
အဲထဲကမှ အယောက် (၁၀၀) မှာ (၆)ယောက် (သို့မဟုတ်) (၇)ယောက်ပဲ NGM နဲ့ လက်တွဲဖို့ ရွေးချယ် တာဝန်ပေးအပ်ခြင်းခံရတယ်…
ဒီလို ဆန်ခါတင် လက်ရွေးစင်တွေဖြစ်နေလို့ဘယ်လောက်တော်ကြ၊ ထူးချွန်ကြသလဲ
စဉ်းစားသာကြည့်ပါခင်ဗျာ…

(၂)
မိမိသင်ကြားပေးတဲ့ သက်ဆိုင်ရာနယ်ပယ်မှာ ဘယ်လောက်ပဲတော်တော် ဒီကနေ့ခေတ်နဲ့အညီ နည်းပညာကျွမ်းကျင်ပြီး Online ကနေ အဆင့်မြင့်မြင့်သင်တတ်ဦးမှ အဆင်ပြေမှာပါ…

(၃)
ကလေးတွေကို သင်ပေးရုံတင်မဟုတ်ဘူး
NGM နဲ့လက်တွဲပြီဆိုတာနဲ့ ကိုယ်တိုင်ကလည်း အသစ်အသစ်တော့ စိန်ခေါ်မှုတွေ၊ လေ့လာသင်ယူမှု အသစ်တွေ၊ အရည်အချင်းတိုးမြှင့်ပေးတဲ့ သင်တန်းတွေနဲ့ သင်ယူလေ့လာလိုစိတ် အပြည့်ရှိကြသူတွေ… အမြဲတိုးတက်ဖို့ ကြိုးစားကြရပါတယ်…

(၄)
နိုင်ငံတကာအဆင့်မီပညာရေး အကောင်းဆုံးဖော်ဆောင်ဖို့ Department အသီးသီးက ဒါရိုက်တာတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်တတ်ကြရတယ်… ကလေးတွေအတွက် အကျိုးရှိ ထိရောက်တဲ့ Quality Education ကို ပေးနိုင်ဖို့ အမြဲ ကြိုးစားနေကြတယ်…

(၅)
NGM Guidelines တွေနဲ့အညီ မိမိသင်ချင်တဲ့ Syllabus ကို မိမိစိတ်ကြိုက် ကိုယ်တိုင်ရေးဆွဲပြီး မိမိအတန်းကို မိမိစိတ်တိုင်းကျ ပုံဖော်ဖန်တီးကာ ကလေးတွေ သင်ကြားပေးရတာ…
ဒါကြောင့်လည်း စာသင်ခန်းလေးက ဘယ်လောက်တောင် လွတ်လပ်ပြီး ကျေနပ်ပျော်ရွှင်ဖို့ ကောင်းသလဲ?

(၆)
လစဉ် ကျောင်းသူ၊ကျောင်းသားတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေဆီက survey ကောက်ခံပြီး
Best Teacher of The Month ဆုကို
ဂုဏ်ပြုချီးမြှင့်ပေးတာ… 🥇🏆

ဒါပေမဲ့ ကလေးတွေဆီက ဒီဆရာ၊ ဆရာမ သင်ပေးတာ နားမလည်ဘူး၊ အဆင်မပြေဘူး ဆိုတဲ့ feedback တွေ ရတာ များလာရင်တော့
မိမိရဲ့ သင်ကြားရေး အရည်အချင်းကို မြှင့်တင်ဖို့ လိုအပ်နေပြီဆိုတာ ပြန်သိရမှာ…
အရည်အချင်းတွေ မြှင့်တင်ပြီးမှ NGM ရဲ့ အတန်းတွေထဲ ပြန်ဝင်နိုင်မှာ… 😱

(၇)
စာတစ်ခုတည်းမဟုတ်ဘူး ခေတ်စနစ်နဲ့အညီ အသိပညာ၊ ဗဟုသုတ ပြည့်စုံကြွယ်ဝပြီး အမြဲတက်ကြွပြီး ထူးချွန်ထက်မြက်တဲ့ ဆရာ၊ ဆရာမတွေနဲ့ အတူ လက်တွဲ လုပ်ကိုင်ရတာ ကျနော်ကတော့ လေးစားဂုဏ်ယူလို့ မဆုံးဘူးခင်ဗျာ…

NGM ဆိုတာ မိုင်ပေါင်းများစွာ ဘယ်လောက်ပဲဝေးဝေး မတူညီကြတဲ့ နေရာဒေသတွေ နိုင်ငံတွေကနေ အတော်ဆုံး၊ အရည်အချင်းအရှိဆုံး လက်ရွေးစင် ဆရာကောင်းသမားကောင်းတွေကို ရွေးချယ် စုစည်းထားတဲ့ ကျောင်းတော်ကြီး။

ကျနော့်ကျောင်းက သားသား မီးမီးလေးတွေအတွက်ကတော့ ဒီလို သင်ကြားရေးအတွေ့အကြုံများစွာရှိပြီး ပညာပြည့်ဝ နှလုံးလှတဲ့ ဆရာကောင်းတွေနဲ့
ပညာလေ့လာသင်ယူခွင့်ရတာ မဟာ့မဟာ အထူးအခွင့်အရေးကြီးတစ်ရပ်ပါပဲ… အားလုံး တန်ဖိုးထား ကြိုးစားကြရမယ်ခင်ဗျာ…
🥰🫶🏻🤩

New Generation Myanmar - NGM

28 Jan, 13:44


Follower 5 သောင်းအတွက် Lucky money 5 သောင်းကျပ် 5 ယောက်ပေးသွားပါမယ်ခင်ဗျာ အသေးစိတ်ကို ဒီမှာကြည့်ပေးပါခင်ဗျာ 🥳🎉ပါဝင်ကံစမ်းလိူ့ရပါပြီခင်ဗျ

https://www.facebook.com/share/p/15tfZ8xak1/?mibextid=wwXIfr

New Generation Myanmar - NGM

27 Jan, 04:51


NGM မှာ ကျောင်းအပ်ဖို့
နေ့ကျောင်းလား? ညကျောင်းလား? ကြိုက်နှစ်သက်ရာ ရွေးချယ်လိုက်ပါ 🥰🤩🥳

https://www.facebook.com/share/p/1F1Qba71ib/?mibextid=wwXIfr

New Generation Myanmar - NGM

26 Jan, 07:13


သားသားမီးမီးတို့အတွက် မတ်လမှာ ဖွင့်လှစ်မယ့်
ကျနော်တို့ New Generation Myanmar (International Online School) ရဲ့ KG + Grade 12 (မူလတန်း၊ အလယ်တန်း၊ အထက်တန်း) အတန်းများအားလုံးအတွက် ကျောင်းသားသစ်များကို
ဒီကနေ့ညမှာ ကျောင်းအပ် စတင်လက်ခံပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ…

NGM ရဲ့မွှေးပျံ့တဲ့ ဂုဏ်သတင်းတွေကို တွေ့မြင်ကြားသိပြီး NGM မှာပဲ မဖြစ်မနေ ကျောင်းလာအပ်ချင်ပါတယ်ဆိုတဲ့ ဖေဖေ၊ မေမေတို့ရဲ့ တောင်းဆိုမှုများကြောင့်
ဒီနှစ် ပညာသင်နှစ်မှာ ထူးထူးခြားခြား
တိုးချဲ့ဖွင့်လှစ်ပေးသွားမယ့် Special Program
လည်း ရှိနေပါတယ်… 🤩

ကြေညာချက်ကို ဒီညမှာ စောင့်မျှော်ပေးပါဗျ… 🥰

နိုင်ငံတကာအဆင့်မီ ပညာရေးကို
NGM နဲ့ အတူ လက်တွဲပြီး
မျိုးဆက်သစ်များရဲ့ တောက်ပတဲ့အနာဂတ်ကို
ဖန်တီးပေးကြတဲ့ ဖေဖေ၊မေမေတို့ကို
ကျေးဇူးအထူးတင်ရှိပါတယ်…
ကျနော်တို့အတူ အကောင်းဆုံး ကြိုးစားပေးကြမယ်ခင်ဗျာ… 🥰💪🏻

Wai Yan Aung
Founder & President
New Generation Myanmar

New Generation Myanmar - NGM

25 Jan, 05:35


https://www.facebook.com/share/19C4K648pg/?mibextid=wwXIfr

New Generation Myanmar - NGM

23 Jan, 14:03


“၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာ KG+12 သင်ကြားပေးနိုင်သော ဆရာ၊ ဆရာမများ လျှောက်လွှာခေါ်ယူခြင်း”

ကျွန်တော်တို့ NGM ကျောင်းတော်ကြီး၊ ၂၀၂၅ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာရေး မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ဘာသာရပ်ဆိုင်ရာ သင်ကြားပေးနိုင်တဲ့ ဆရာ၊ ဆရာမများလျှောက်လွှာ ခေါ်ယူနေပါပြီခင်ဗျာ။ 🎓🎓

👩‍🏫 အချိန်ပြည့် Full Time ဆရာ၊ ဆရာမများ ခေါ်ယူတာဖြစ်ပြီး Online School ဖြစ်တာကြောင့် ဆရာ၊ ဆရာမတို့အနေနဲ့ Online ကနေ စာသင်ကြားပေးရမှာဖြစ်ပါတယ်။

ဘာသာရပ်များအနေဖြင့် -
Myanmar
English
Mathematics
Science (for Primary and lower secondary)
Chemistry (for Upper Secondary)
Physics (for Upper Secondary)
Biology (for Upper Secondary)
Economics (for Upper Secondary)
Social Science
English Language Series
Jolly Phonics (for Primary)
Hand Abacus (for Primary)
Painting
Music
ICT

📌📌 အကျိုးခံစားခွင့်များ

-Competitive Salary
-အခြားစွမ်းရည်မြှင့်အတန်းများ တက်ရောက်နိုင်ခွင့်
-International မှ Curriculums များ System များကို အနီးကပ်လေ့လာနိုင်ခွင့်
-Skills improvement training များ
-Mentoring နှင့် အခြားခံစားခွင့်များ

စာသင်ကြားရေးကိုချစ်မြတ်နိုးတဲ့ ဆရာ၊ ဆရာမတို့အတွက် ကလေးများကို လမ်းညွှန်ပြသနိုင်မယ့် အခွင့်အရေးရရှိမှာကတော့ အကောင်းဆုံးခံစားခွင့်တစ်ခုပဲ မဟုတ်လားခင်ဗျာ။

လိုအပ်တဲ့ Qualification များနဲ့ သက်ဆိုင်ရာ JDs များကို ဘာသာရပ်အလိုက် အသေးစိတ် အောက်ပါလင့်ခ်ကိုနှိပ်၍ လေ့လာဖတ်ရှုလျှောက်ထားနိုင်ပါတယ်။
https://shorturl.at/VTwSj

လျှောက်ထားရန်လင့်ခ်-
https://forms.gle/PF4WbXEm4b5mgF5k6

မြန်မာနိုင်ငံရှိ ပညာရေးနယ်ပယ်အသီးသီးမှ ဘာသာရပ်ဆိုင်ရာ ဆရာ၊ဆရာမများအားလုံးကို လျှောက်ထားနိုင်ပါရန် ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။ 🙏🤍

New Generation Myanmar - NGM

13 Jan, 13:40


၂၀၂၄ ပညာသင်နှစ် NGM - KG+12 Batch 1 နှင့် Grade 11 (Old) သင်ယူပြီးမြောက်ခြင်းလက်မှတ် ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြီးစီးခဲ့ 🎊

မင်္ဂလာပါခင်ဗျာ။ 🙏
၂၀၂၄ ပညာသင်နှစ်အတွက် ကျွန်တော်တို့ New Generation Myanmar KG+12 Batch 1 နှင့် Grade 11 (Old) သင်ယူပြီးမြောက်ခြင်းလက်မှတ် ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ ဇန်နဝါရီလ (၁၃)ရက်နေ့၊ ၂၀၂၅ခုနှစ်၊ တနင်္လာနေ့၊ နံနက် (၉:၀၀) နာရီအချိန်မှာ။ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ပါတယ်ခင်ဗျာ။

📌ကျောင်းတာဝန်ရှိသူများမှ ဂုဏ်ပြုအမှာစကားများ ပြောကြားခဲ့ပြီး ထက်လယ်ဆင့် အောင်မြင်ကြတဲ့ ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုလက်မှတ်ပေးအပ်ခဲ့ပါတယ်ခင်ဗျာ။ ဆက်လက်ပြီး သက်ဆိုင်ရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများမှ အမှတ်တရဂုဏ်ပြုစကားပြောကြားခဲ့ပြီး ဖျော်ဖြေရေးအစီအစဉ်များလည်း ပါဝင်ကျင်းပခဲ့ပါတယ်ခင်ဗျာ။

📌အခမ်းအနားကို တက်ရောက်ချီးမြှင့်ဂုဏ်ပြုပေးကြပါသော ကျွန်တော်တို့ NGM ကျောင်းတော်ကြီးမှ BODs များ၊ သက်ဆိုင်ရာဌာနမှ ဆရာ၊ ဆရာများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျောင်းသားမိဘများနဲ့အတူ NGM ကျောင်းသား၊ ကျောင်းသူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိအပ်ပါတယ်ခင်ဗျာ။

နိုင်ငံတကာသင်ရိုးနဲ့အညီ မူလတန်း၊ အလယ်တန်း၊ အထက်တန်းပညာရေးကို အပ်နှံလိုတဲ့ မိဘများအတွက်လည်း မကြာခင်မှာ ၂၀၂၅ ခုနှစ်အတွက် ကျောင်းအပ်နှံရေးရက်သတ္တပတ် စတင်တော့မှာဖြစ်လို့ ကျောင်းထားဖို့အတွက် အခုကတည်းက စုံစမ်းထားနိုင်ပါတယ်ခင်ဗျာ။ 🙏🌟

#KG12 #ပညာရေး
#နိုင်ငံတကာပညာရေး #၂၀၂၄ပညာသင်နှစ်
#NGM #ChaseEDU
#NewGenerationMyanmar

New Generation Myanmar - NGM

12 Jan, 13:16


ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်စာရင်းဝင် ကို့ရဲ့ကျောင်းတော်ကြီးရယ်…
ဖြူစင်တဲ့ နှင်းရယ်…
မြန်မာပြည်ကလာတဲ့ ဂုဏ်ယူရတဲ့ မဟာတန်း မြန်မာကျောင်းသားကြီး ကိုရယ်… 🤩🥰🫶🏻

ဝင်ခွင့် အခက်ခဲဆုံးထဲက ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးမှာ မြန်မာလူငယ်တစ်ယောက်အနေနဲ့ ဂုဏ်ယူစွာ တက်ရောက်ပညာသင်ကြားဖို့ ရွေးချယ်ခြင်းခံခဲ့ရတယ်… 🎊

နိုင်ငံတကာနည်းတူ မြန်မာလူငယ်တွေ ထူးချွန်ကြတယ် လုပ်နိုင်ကြတယ်ဆိုတာ သက်သေပြမယ်…

သင်ယူတတ်မြောက်လာတဲ့ ပညာရပ်တွေ၊ အချိတ်အဆက်တွေနဲ့ မြန်မာ့ပညာရေးတိုးတက်ပြောင်းလဲလာဖို့အတွက် ကြိုးစားပေးမယ် 💪🏻 မျိုးဆက်သစ်လူငယ်လေးတွေရဲ့ စံပြကောင်းဖြစ်ရမယ်…

New Generation Myanmar - NGM

12 Jan, 09:36


မနှစ်က ကျနော့်ရဲ့ NGM ကျောင်း စဖွင့်ဖွင့်ချင်းဆိုတော့ ကျောင်းလာအပ်ချင်ပေမဲ့
ကလေး မိဘ တော်တော်များများက
သူတို့ရဲ့ ကလေးတွေအတွက် အဆင်မှ ပြေပါ့မလား?
Online ကဆိုတော့ တကယ့် Quality Education ပေးနိုင်ပါ့မလားစသဖြင့် စိုးရိမ်ချက်လေးတွေကြောင့် မအပ်ဖြစ်ခဲ့တာမျိုးတွေ ရှိကြတယ်…
ဘယ်လိုလာမလဲ စောင့်တော့ ကြည့်ဦးမယ်…
အဆင်ပြေရင်တော့ နောက်တစ်နှစ်မှာ တက်မယ်ပေါ့…
ကလေးတွေ ပညာရေးအတွက်ဆိုတော့လည်း ဒီလို စဉ်းစားချက်လေးတွေ ရှိကြတယ်…

တချို့ကလည်း ကျနော့်ကို Influencer လို့ပဲ သိကြပြီး ကျနော့် educational background ကို မသိကြတာလည်းများတယ်…
ဒါတောင် စစချင်းမှာ ကလေးမိဘတွေအနေနဲ့ ကျနော့်ရဲ့လုပ်ဆောင်နိုင်စွမ်းကို အပြည့်အဝ ယုံကြည်တဲ့စိတ်နဲ့ ကလေးပညာရေးအတွက် NGM နဲ့ လက်တွဲအပ်နှံပေးခဲ့ကြတာ ကျောင်းသူကျောင်းသားပေါင်း (၂)ထောင်ကျော် ရှိတယ်ဗျာ…
NGM နဲ့အတူ လက်တွဲလုပ်ကိုင်ချင်ကြတဲ့ ဆရာ၊ ဆရာမ အရေအတွက်ကတော့ ပိုများတာပေါ့ဗျာ…

ပထမဆုံးနှစ်မှာပဲ NGM ကို ကျောင်းသားပေါင်း (၂)ထောင်ကျော်နဲ့ အောင်အောင်မြင်မြင် ဖွင့်လှစ်နိုင်ခဲ့ပါတယ်…
NGM ဆိုတာ ဘယ်လောက်တောင် ကောင်းမွန်ပြီး စနစ်တကျနဲ့ အဆင့်မြင့်မြင့် လည်ပတ်ဆောင်ရွက်နိုင်တယ်… ကလေးတွေအတွက် နိုင်ငံတကာအဆင့်မီ Quality Education ကို ပေးနိုင်တဲ့ ကျောင်းဆိုတာ အလုပ်နဲ့ သက်သေပြနိုင်ခဲ့တယ်…
ကျနော့်ကျောင်းက ကလေးတွေကို ကျောင်းစာတစ်ခုတည်းမဟုတ်ဘဲ စာတွေ့ လက်တွေ့သာမက သူတို့လေးတွေရဲ့ ကိုယ်ရည်ကိုယ်သွေး ဥာဏ်ရည်ဥာဏ်သွေးနဲ့ Talent တွေကို မြှင့်တင်ပေးနိုင်ဖို့ Project တွေ Event တွေ Activities တွေများစွာ ကျင်းပပြုလုပ်ပေးတဲ့အပြင် ကလေးတွေအတွက် အကျိုးရှိထိရောက်စေမယ့် ဒီကနေ့ ခေတ်နဲ့ကိုက်ညီတဲ့ Extra curriculum တွေကို ထည့်သွင်းသင်ကြားကာ အနာဂတ် မျိုးဆက်သစ်ခေါင်းဆောင်ကောင်းတွေဖြစ်လာအောင် ငယ်စဉ်ကတည်းက စနစ်တကျ လေ့ကျင့်ပြုစု ပျိုးထောင်ပေးပါတယ်…

ကျနော် ကိုယ်တိုင်က​လည်း အမေရိကန်နိုင်ငံရဲ့ အကောင်းဆုံး Top (6) တက္ကသိုလ်ကြီး၊ ကမ္ဘာမှာအကောင်းဆုံး Top (13) စာရင်းဝင်၊ ဝင်ခွင့်အင်မတန်ခက်ခဲလွန်းလှပါတယ်ဆိုတဲ့ Johns Hopkins University မှာ ပညာရေးနဲ့ပဲ Education Policy ကို မဟာတန်း (Master Degree) တက်ရောက်ဖို့ ဂုဏ်ယူစွာနဲ့ ရွေးချယ်ခြင်းခံခဲ့ရတယ်…

ဒီလိုနဲ့ ကျနော့်ရဲ့ NGM ဟာလည်း ဆရာ မိဘ ကျောင်းသားအားလုံးအတွက် ပညာရေးအတွက် အထိရောက်ဆုံးနဲ့ စိတ်ကျေနပ်မှု အပြည့်အဝပေးနိုင်တဲ့ ယုံကြည်အားထားရတဲ့ ကျောင်းတော်ကြီး ဖြစ်လာတယ်…

အခုတော့ ဒီလို ဂုဏ်သတင်းကောင်းတွေကြောင့်ပဲ လာမယ့်ပညာသင်နှစ်အတွက်
ကျနော် ယူပေးရမဲ့ တာဝန်တွေက ပိုများလာပါတယ်…

အခု ပညာသင်နှစ်အတွက် NGM မှာ လာအပ်ကြမယ့် ကျောင်းသား၊ ကျောင်းသူတွေ ပိုများလာမယ်…
အားလုံး အဆင်ပြေ ချောမွေ့ဖို့ သေချာ ကြိုတင်ပြင်ဆင်ထားကြတယ်…
ဘာသာရပ်အသီးသီးအတွက် အရည်အသွေးပြည့်ဝတဲ့ ဆရာ၊ ဆရာမတွေလည်း အလုံအလောက် စီစစ် ရွေးချယ် ခန့်အပ်သွားဖို့ ပြင်ဆင်ထားတယ်…
အားလုံးကို အလုပ်ခန့် မပေးနိုင်တာတော့ နားလည်ပေးပါဗျ…
NGM နဲ့ လက်တွဲလုပ်ကိုင်ဖို့ ရည်ရွယ်ထားရင် သေချာ ကြိုးစားပြင်ဆင်ထားစေချင်ပါတယ်ခင်ဗျာ…

NGM မှာ ကျောင်းလာတက်ချင်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့လည်း
အရေအတွက် အကန့်အသတ်နဲ့သာ လက်ခံပေးနိုင်မှာဖြစ်လို့ စောစော ကျောင်းအပ်နှံထားနိုင်ဖို့ လိုပါလိမ့်မယ်…
Classroom တစ်ခုစီမှာ ကျောင်းသားအရေအတွက် အကန့်အသတ်နဲ့ပဲ ထားရှိတာမလို့ပါ… အသိနောက်ကျပြီးမှ ကျောင်းလာတက်ချင်ရင် ကျောင်းဝင်ခွင့်လက်ခံပေးဖို့ အခက်အခဲရှိနိုင်ပါတယ်…

တက်ခွင့်မရမှာ အရမ်းတော့ မစိုးရိမ်ပါနဲ့…
ဝန်ထမ်းအင်အား ဆရာအင်အား အလုံအလောက် ဖြည့်တင်းပေးသွားပါ့မယ်…

အခုကတော့ ကျောင်းအပ် လက်ခံ မပေးသေးပါဘူးခင်ဗျ…

ကျောင်းအပ်နှံရေးကာလ ဒီလထဲမှာ စတင်ပါမယ်… ကျောင်းအပ် စတင်လက်ခံပေးတာနဲ့ အချိန်နဲ့တပြေးညီ ကြေညာပေးသွားမှာဖြစ်လို့ အဆင်သင့် ကြိုတင်ပြင်ဆင်ထားကြပါခင်ဗျာ…

နိုင်ငံတကာအဆင့်မီ ပညာရေးအတွက် NGM က ဆရာ၊ မိဘ၊ ကျောင်းသားအားလုံးကို နွေးထွေးစွာ ကြိုဆိုလျက်ပါခင်ဗျာ…

Wai Yan Aung

New Generation Myanmar - NGM

10 Jan, 12:47


Happy Birthday ပါ ဆရာဟန်🎂🎉

ဒီနေ့ကတော့ ကျွန်တော်တို့ New Generation Myanmar ကျောင်းတော်ကြီးရဲ့ Co-founder and Vice president ဆရာ ဟန်ဇော်လတ်ရဲ့ မွေးနေ့အခါသမယလေးပဲ ဖြစ်ပါတယ်ခင်ဗျာ။

ကျွန်တော်တို့ New Generation Myanmar ကျောင်းတော်ကြီးအတွက် ဂုဏ်ယူထိုက်စရာ၊ အားကျစရာ ခေါင်းဆောင်ကောင်းတစ်ယောက်အနေနဲ့ ဦးဆောင်ကာ အမြဲလမ်းညွှန်ဆုံးမပေးနေတဲ့ ဆရာ့ကို ကျွန်တော်တို့ NGM Team တစ်ခုလုံးကနေ ကျေးဇူးတင်ဂုဏ်ပြုပါရစေခင်ဗျာ။

ယနေ့ကျရောက်တဲ့ မွေးနေ့အခါသမယလေးမှ စတင်ပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ ချစ်တဲ့သူတွေနဲ့အတူ၊ ကျွန်တော်တို့ New Generation Myanmar ကျောင်းတော်ကြီးနဲ့အတူ ရှေ့ဆက်ပြီး အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ပါစေ၊ လိုရာပန်းတိုင်ကို အခက်အခဲမရှိ အမြန်ဆုံး ရောက်ရှိနိုင်ပါစေလို့ ဆုတောင်းပေးပါရစေ ဆရာခင်ဗျာ။ 🙏🎂🎂

မင်္ဂလာရှိတဲ့ မွေးနေ့လေးဖြစ်ပါစေဆရာ။ 🤍

#BirthdayWishPost #HanZawLatt
#NGM #ChaseEDU
#NewGenerationMyanmar

New Generation Myanmar - NGM

08 Jan, 13:50


အခု တီချယ်တွေ အတန်း ၁ တန်းချင်းစီအကြောင်း သေချာလေးရှင်းပြပေးနေပါပြီနော် 💯🥰 သိချင်တာအကုန် ဝင်ရောက်မေးမြန်းနိုင်ပါတယ်
ပြီးရင် ဒီ open house မှာ ဝင်နားထောင်ပြီး Discount တွေ ရယူနိုင်ပါပြီနော် 🌟

https://t.me/NewGenerationMyanmar/531

New Generation Myanmar - NGM

08 Jan, 12:26


Open House session စပါပြီခင်ဗျာ ဒီ Link ကနေဝင်ပြီး နားထောင်နိုင်ပါပြီခင်ဗျာ
Topic: NGM - Winter Program Open House Event

Time: Jan 8, 2025 07:00 PM Asia/Yangon

Join Zoom Meeting
https://us06web.zoom.us/j/84522002959?pwd=hEkadIrFoNPhZyGV0D1cbr53LDEGpG.1

Meeting ID: 845 2200 2959
Passcode: 836440

---

New Generation Myanmar - NGM

07 Jan, 13:52


https://www.facebook.com/share/v/18RUPTqrrZ/?mibextid=wwXIfr
☝🏻☝🏻☝🏻
ဆရာ Alvin အခု LIVE လွှင့်နေတယ်နော်…
သိချင်တာတွေ ဝင်မေးကြပါခင်ဗျာ…

New Generation Myanmar - NGM

06 Jan, 13:51


GED Batch 2 Live စနေပါပြီခင်ဗျ

https://www.facebook.com/share/v/19dyVjLvSY/?mibextid=wwXIfr

☝🏻☝🏻☝🏻

New Generation Myanmar - NGM

06 Jan, 09:07


Winter School - Young Learner English Class
Webinar Series - Part 1

မင်္ဂလာပါခင်ဗျာ။ 🙏

Winter School Program အကြောင်း၊ Winter School ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ၊ Winter School အောက်မှာ ဖွင့်လှစ်ထားတဲ့ အတန်းများအကြောင်း အသေးစိတ်ကို သိရှိစေရန်အတွက် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများကနေ Talk Show Webinar Series လေးကို စီစဉ်ကျင်းပပေးလိုက်ပါတယ်ခင်ဗျာ။

ကျွန်တော်တို့ New Generation Myanmar မှာ Winter School Program အောက်မှာဖွင့်လှစ်ထားတဲ့ Young Learner English အတန်းလေးအကြောင်း၊ ဘယ်သူတွေတက်ရောက်သင့်သလဲ၊ ဘယ်လိုသင်ခန်းစာမျိုးတွေနဲ့သင်ပေးမှာလဲ၊ သင်ရိုးအကြောင်း၊ သင်ကြားနည်းပုံစံအသေးစိတ်ကို တီချယ်ဟေမာနဲ့အတူ ဆွေးနွေးဝေမျှပေးလိုက်ပါရစေခင်ဗျာ။

https://www.facebook.com/share/v/1Ax83JajoL/?mibextid=wwXIfr

အပေါ်ကlinkကနေ ဝင်ရောက်နားထောင်ကြည့်လို့လည်း ရပါတယ် ခင်ဗျာ။

ထပ်မံသိရှိလိုတဲ့မေးခွန်းများ၊ အကြောင်းအရာများကို ဒီ Webinar Video Post အောက်မှာလည်း မေးမြန်းနိုင်သလို NGM Page Messenger မှလည်း အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။


#WebinaeSeries #YoungLearnerEnglish
#WinterSchoolProgram #NGM #ChaseEDU
#NewGenerationMyanmar

New Generation Myanmar - NGM

04 Jan, 13:17


New Generation Myanmar - NGM ကျောင်းတော်ကြီးရဲ့ Founder & President ဆရာ Wai Yan Aung ရဲ့ နှစ်သစ် ဆုတောင်းစကား 💙

၂၀၂၅ နှစ်သစ်မှာ ချစ်ရသူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပြီး တောက်ပတဲ့အနာဂတ်ခရီးလမ်းကို လျှောက်လှမ်းရင်း လိုရာပန်းတိုင်ကို အရောက်လှမ်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ…💙

New Generation Myanmar - NGM

03 Jan, 15:34


မင်္ဂလာပါခင်ဗျာ 🙏🏻🤍
လူကြီး လူငယ်အားလုံး နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့ ပညာလေ့လာသင်ယူနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ New Generation Myanmar (Online School) ခုပဲ လာရောက် အပ်နှံလိုက်ပါခင်ဗျာ…

ယခု ဖွင့်လှစ်ပေးသွားမယ့် အတန်းတွေကတော့

🏆 အသက်အရွယ်မရွေး English Skills မြှင့်တင်ချင်သူတွေအတွက် English Batch (6)
-Beginner Class
-Elementary Class
-Pre Intermediate Class
-Intermediate Class

🌏 နိုင်ငံခြားမှာ ကျောင်းတက်ဖို့ပြင်နေသူတွေအတွက် GED Batch (2)

Young Learner, Teen အတန်းလေးတွေဖြစ်တဲ့ Winter School Language အတန်းများ
❄️ Winter Korean Class for Pre teens
(Basic + Yonsei 1)

❄️ Winter Japanese Class
(Basic + N5 Part 1)

❄️ Winter Young Learners’ English Class
-Winter Kids English (Level 1)
-Winter Kids English (Level 2)
-Winter Pre-Teens English (Level 1)
-Winter Pre-Teens English (Level 2)

🇹🇭ထိုင်းနိုင်ငံ၊ ထိုင်းဘာသာစကား သင်ယူချင်သူတွေအတွက် Thai Batch (2)
-Thai Basic Class
-Thai Beginner Class

🌟 Online Class ဖြစ်ပြီး ရုံးချိန်၊ အတန်းချိန်လွတ်တဲ့ အချိန်လေးတွေသာဖြစ်လို့ စိတ်အေးလက်အေးနဲ့ ပညာအသစ်အသစ်တွေကို သင်ယူလိုက်ပါတော့ခင်ဗျာ။

www.facebook.com/NewGenerationMyanmar

New Generation Myanmar ပေ့ဂျ်မတ်ဆင်ဂျာမှာ ခုပဲ ကျောင်းလာအပ်လိုက်နော်… 🫶🏻🤍

New Generation Myanmar - NGM

31 Dec, 00:01


Winter School Language Program လေးအကြောင်း သိပြီးပြီလားဗျ 💭

မင်္ဂလာပါခင်ဗျာ။
နှစ်သစ်ကူးပိတ်ရက်လေးမှာ ကိုယ်ကျန်းမာလို့ စိတ်ချမ်းသာကြပါစေဗျ။ ပိတ်ရက်လေးမှာ သားသား၊ မီးမီးတို့အတွက် Winter School Language Program လေးအကြောင်း မိတ်ဆက်ပေးပါရစေ ဖေဖေမေမေတို့ရေ။ 🙏🤍

ကျွန်တော်တို့ New Generation Myanmar ကနေ စာမေးပွဲတွေပြီးလို့ ကျောင်းပိတ်ရက်လေးမှာ ကလေးတွေရဲ့ လေ့လာသင်ကြားမှု မပြတ်လပ်သွားရအောင် Winter School Language Program လေးကို ဖွင့်လှစ်ပေးထားပါပြီခင်ဗျာ။

☃️ Winter Language အတန်းလေးတွေမှာ ရွေးချယ်တက်ရောက်နိုင်တဲ့ ဘာသာစကားအတန်းလေးတွေကတော့ -

🌨Winter Korean Class for Pre-teens
(Basic + Yonsei 1)

🌨Winter Japanese Class for Pre-teens
(Basic + N5 Part 1)

🌨Winter Young Learners’ English Class
-Winter Kids English (Level 1)
-Winter Kids English (Level 2)
-Winter Pre-Teens English (Level 1)
-Winter Pre-Teens English (Level 2)

❄️ သင်တန်းကြေး၊ အသက်ကန့်သတ်ချက်၊ သင်တန်းကာလ၊ သင်တန်းချိန် အသေးစိတ်ကိုတော့ အောက်ပါလင့်ခ်ကိုနှိပ်၍ အသေးစိတ်ဝင်ရောက်လေ့လာနိုင်သလို NGM Page Messenger မှလည်း ဆရာ၊ ဆရာမများကို တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။
https://shorturl.at/FeTQk

သင့်ကလေးပညာရေး နောက်ကျမကျန်ခဲ့ဖို Winter School မှာ အခုပဲ အပ်နှံထားလိုက်ပါတော့။ 🎊

New Generation Myanmar - NGM

30 Dec, 03:36


❄️Winter School for Winter Season❄️
(Language Program)

မင်္ဂလာပါ ဖေဖေမေမေတို့ရေ…
ကျောင်းပိတ်ရက်တွေမှာ ကလေးတွေရဲ့ စွမ်းရည်တွေ တိုးတက်လာဖို့အတွက် Winter Class အတန်းလေးတွေကို ဖွင့်လှစ်ပေးလိုက်ပါပြီခင်ဗျာ။ 🥳

Winter Class အတန်းလေးတွေ သဘောကျရာကို ရွေးချယ်တက်ရောက်လို့ရမှာဖြစ်ပြီး ဒီနေ့ကြေညာပေးချင်တာကတော့ ဘာသာစကား Winter Class အတန်းလေးတွေပဲ ဖြစ်ပါတယ်ဗျ။

☃️ Winter Language အတန်းလေးတွေမှာ ရွေးချယ်တက်ရောက်နိုင်တဲ့ ဘာသာစကားအတန်းလေးတွေကတော့ -

🌨Winter Korean Class for Pre teens
(Basic + Yonsei 1)

🌨Winter Japanese Class
(Basic + N5 Part 1)

🌨Winter Young Learners’ English Class
-Winter Kids English (Level 1)
-Winter Kids English (Level 2)
-Winter Pre-Teens English (Level 1)
-Winter Pre-Teens English (Level 2)

အတန်းအသေးစိတ်လေးတွေကိုတော့ အောက်ပါပုံများမှတစ်ဆင့် အသေးစိတ်ကြည့်ရှုနိုင်ပါတယ်။

သင့်ကလေးလေးတို့အတွက် နောက်ကျမကျန်ခဲ့ဘဲ ထူးချွန်ထက်မြက်စေဖို့ အခုပဲ Winter Class အတန်းလေးတွေမှာ အပ်နှံထားလိုက်ပါတော့ ဖေဖေမေမေတို့ခင်ဗျာ။ 🎊☃️

#WinterClasses #LanguageProgram
#NGM #ChaseEDU
#NewGenerationMyanmar

New Generation Myanmar - NGM

25 Dec, 17:21


Happy 1st Anniversary NGM and Merry Christmas 🎄 ☃️

New Generation Myanmar - NGM

19 Dec, 10:59


Big Congratulations to our president 🥳

ကျွန်တော်တို့ New Generation Myanmar ရဲ့ Founder and President ဖြစ်တဲ့ ဆရာ ဝေယံအောင်ဟာ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်တွေထဲက တစ်ခုဖြစ်တဲ့၊ World Rank 13 University ဖြစ်တဲ့ Johns Hopkins University မှာ Education Policy Major နဲ့ မဟာဘွဲ့တက်ရောက်ခွင့်ရတဲ့အတွက် New Generation Myanmar မိသားစုမှ အထူးပင်ဂုဏ်ပြုအပ်ကြောင်း ဂုဏ်ယူစွာဖြင့် ကြေညာပါရစေခင်ဗျာ။

ကျွန်တော်တို့ President ဆရာ Wai Yan Aung အမြဲပြောနေကြဖြစ်တဲ့ “ကောင်းမွန်တဲ့အပြောင်းအလဲတွေဟာ ပညာနဲ့ယှဉ်ပြီးပြောင်းလဲရမယ်” ဆိုတဲ့အတိုင်း ရွေးချယ်စရာ မေဂျာအများကြီးတွေထဲကမှ Education Policy Major ကို ရွေးချယ်ခဲ့တဲ့ ဆရာ့ရဲ့ရွေးချယ်မှုက တကယ်ကိုပဲ ကောင်းမွန်တဲ့ ပညာရေးစနစ်တစ်ခုကို ဖော်ဆောင်နိုင်လိမ့်မယ်လို့ အပြည့်အဝယုံကြည်ပါတယ်ခင်ဗျ
ကျွန်တော်တို့ New Generation Myanmar ကနေ လူတိုင်းလက်လှမ်းမီနိုင်တဲ့ အဆင်မြင့်ပညာရေးစနစ်တစ်ခုကို ပေးနိုင်ဖို့အတွက် ဆက်လက်ကြိုးစားဆောင်ရွက်နိုင်ပါစေလို့ ဆန္ဒပြုရင်း ထပ်မံဂုဏ်ပြုအပ်ပါရစေခင်ဗျာ။ 🙏🤍

#CongratulationsPost #WaiYanAung
#NGM #ChaseEDU
#NewGenerationMyanmar

New Generation Myanmar - NGM

17 Dec, 14:45


ဒီရက်ပိုင်း ဝေယံ့ကို လိုင်းပေါ် active မဖြစ်တာ သတိထားမိမယ် ထင်ပါတယ်ခင်ဗျာ…
မဟာတန်းတက်ဖို့ ကျောင်းလျှောက်ထားပြီး
Decision တမျှော်မျှော်နဲ့ ဘာမှ မလုပ်နိုင် မကိုင်နိုင် တစ်ရက် တစ်ရက် ကြိတ်ရင်ခုန်နေခဲ့တာ လိုင်းပေါ်တောင် သိပ်မတက်အားခဲ့ပါ… 🥺

ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်တွေထဲက
တစ်ခုဆိုတော့လည်း သိပ်မှန်းမထားခဲ့ပါဘူး…
ဒီတက္ကသိုလ်မှာ ဝင်ခွင့် Acceptance Rate ကလည်း 7% ပဲဆိုတော့
ကိုယ်လျှောက်ထားတာ လူသိပြီး မရခဲ့ရင်
မကောင်းလို့ ပေးမသိခဲ့တာပါ… 😬😁

ပညာရေးနဲ့ Master တန်း ဆက်တက်ချင်တာမလို့
တခြား Acceptance Rate ပိုလက်ခံပေးတဲ့ တက္ကသိုလ်ကိုလည်း ပြိုင်တူ လျှောက်ထားခဲ့တာ…
ကိုယ့်ကို ဘယ်က လက်ခံမလဲကို
မျှော်ရင်း ဒီရက်ပိုင်း တစ်ယောက်တည်း ကြိတ်ပြီး
ကြိုးစားနေခဲ့တာ…

ဒီနေ့မှာတော့ mail ဝင်လာလို့ စစ်လိုက်တာ Acceptance Letter လေး ဖြစ်နေပါတယ်ခင်ဗျာ…
ဝင်ခွင့်ရမဲ့ရတော့လည်း JHU ပါတဲ့ခင်ဗျာ 🤩

Johns Hopkins University ရဲ့ Educational Policy မဟာတန်း (Master of Science) Program ကို
ကျနော် တက်ရောက်ခွင့် ရရှိပါပြီခင်ဗျာ…

ကျနော့်အတွက်တော့ ကံ၊ ကံ၏အကျိုးကို ရရှိခံစားရတယ်လို့ ယုံကြည်သလို
ဒီနှစ်အတွက်တော့ တန်ဖိုးအရှိဆုံး The Best Christmas Gift လေး ရလိုက်တာပါပဲခင်ဗျာ 🥳🤩

အမေရိကန်နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်ကြီးကနေ
ရရှိလာမဲ့ ပညာရပ်တွေ၊ အချိတ်အဆက်တွေနဲ့
ကျနော်တို့ မြန်မာနိုင်ငံရဲ့ ပညာရေးတိုးတက်ပြောင်းလဲဖို့အတွက်၊ အထူးသဖြင့် ယခုလက်ရှိမှာ ကျနော့်ရဲ့ New Generation Myanmar - NGM Online School က သားသားမီးမီး မျိုးဆက်သစ်လူငယ်လေးတွေရဲ့ နိုင်ငံတကာအဆင့်မီ ပညာရေး၊ တောက်ပတဲ့အနာဂတ်အတွက် ကျနော် အများကြီး ပိုကြိုးစားပေးနိုင်တော့မှာမို့ ရှေ့ဆက်အတူတူ အောင်ပွဲတွေ ဆင်နွှဲကြမယ်နော်…

New Generation Myanmar - NGM

06 Dec, 11:39


Final Show စနေပြီနော်
Zoom Event ထဲ ရောက်ပြီလားခင်ဗျာ…

New Generation Myanmar - NGM

03 Dec, 11:36


https://www.facebook.com/share/v/19oYB6do9p/?mibextid=UalRPS

ကျောင်းမှာ စာအပြင် ဘာတွေ သင်ယူသင့်လဲ ?

New Generation Myanmar - NGM

20 Nov, 04:01


မနေ့က University Of Virginia မှာ Professor ဆရာကြီး ဆရာမကြီးများ၊ UVA တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများနဲ့အတူ 🥰💪🏻

ဒီမိုကရေစီအရေးနှင့် မြန်မာပြည်သူတွေရဲ့ အသံများအကြောင်းကို စာအုပ်ပြုစုပြီး University of Virginia မှ ထုတ်ဝေတဲ့ “People Demand Democracy”စာအုပ်မိတ်ဆက်ပွဲကို ဆရာဟန်ဇော်လတ် က တက်ရောက်စကားပြော ဖြစ်ပါတယ်…

ဒီစာအုပ်က မြန်မာ့အရေးနဲ့ပတ်သက်ပြီး မြန်မာပြည်သူတွေ ရင်ဆိုင်ရတဲ့အခြေအနေတွေကို UVA ကျောင်းသားများက ဆရာဟန်ဇော်လတ် အပါအဝင် မြန်မာပြည်သူတွေကို အင်တားဗျူးပြီး ရေးသားပြုစုထားတာပါ…

တကယ်တော့ University of Virginia က US တစ်နိုင်ငံလုံးမှာ Top 5 ဝင်တဲ့ Public University ပါ
ကျောင်းကောင်းဖြစ်တာနဲ့အညီ
ကျောင်းသားတွေကလည်း အရမ်းတော်ကြတယ်… Academic မှာတင် တော်ကြတာမဟုတ်ဘဲ ဒီလိုအရေးတွေမှာပါ တော်တော်လေး စိတ်ဝင်တစားနဲ့ အများကြီး တက်ရောက် နားထောင်ကြတာတွေ့ရတယ်…
အချို့ဆို ဒီအသက်အရွယ်လေးတွေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ စာအုပ်တွေပါ ထုတ်နိုင်နေပြီ…
ကျနော်တို့ အများကြီး လေ့လာခဲ့ရပြီး တကယ်ကို Effective ဖြစ်တဲ့ ပွဲလေးတစ်ခုပါလို့ ဆရာ Alvin က ပြောပါတယ်… 👏🏻

UVA မှာ Professor များ၊ ကျောင်းသားကျောင်းသူများ၊ မြန်မာ့အရေးစိတ်ဝင်စားသူများရှေ့မှာ ကျနော်တို့ သတင်းစကားပြောခွင့် ရခဲ့ကြပါတယ်ခင်ဗျာ… 🥰💪🏻

#NGM
#NewGenerationMyanmar

New Generation Myanmar - NGM

16 Nov, 14:57


မျိုးဆက်သစ်တို့အတွက်
“Love Begins to Home” 🏡🤍

New Generation Myanmar -NGM မှာ တက်ရောက်ပညာသင်ယူနေကြတဲ့ မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ၊ အဓိကပဲ့ကိုင်ရှင် အုပ်ထိန်းသူမိဘများ၊ ဆရာ၊ ဆရာမများနဲ့အတူ “Love Begins to Home” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ Motivational Speaker တစ်ဦးဖြစ်တဲ့ တီချယ် Energy မှ အသိပညာပေး ဆွေးနွေးပွဲလေးကို ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ (၁၆)ရက်နေ့၊ စနေနေ့၊ ယနေ့ ည၆နာရီအချိန်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

🌟 မိဘတွေရဲ့ သား/သမီးတွေအပေါ် ပြောဆိုဆက်ဆံပုံ၊ ထိန်းသိမ်းစောင့်ရှောက်မှုပုံစံ၊ အိမ်တွင်းဆက်ဆံရေးများကို ပြန်လည်သုံးသပ်ခဲ့ကြပြီး ဘယ်လိုပုံစံမျိုးက ကိုယ့်ကလေးတွေအတွက် အကောင်းဆုံးပြုစုပျိုးထောင်နည်းဖြစ်မလဲဆိုတာလည်း တိုင်ပင်ဆွေးနွေးခဲ့ကြပါတယ်ဗျ။

ဆွေးနွေးပွဲပုံရိပ်လေးတွေကိုလည်း ဝေမျှပေးလိုက်ပါရစေခင်ဗျာ။ 🥳🎊

—————————————————————
ကျွန်တော်တို့ New Generation Myanmar မှာ ကျောင်းသား၊ ကျောင်းသူတွေကို ကျောင်းစာပဲ မဟုတ်ဘဲ လက်တွေ့ Project များ၊ ဟောပြောပွဲ၊ စွမ်းရည်ပြိုင်ပွဲများ၊ ပွဲတော်များနဲ့ ကျောင်းသားမိဘ ဆွေးနွေးပွဲများအပြင် ကလေးတွေရဲ့ ဖန်တီးမှုစွမ်းရည်တိုးတက်ဖို့အတွက် Workshop များ၊ အနာဂတ်ပညာရေးအတွက် Consulting, စိတ်ကျန်းမာရေးအတွက် Counseling Session များကို ပြုလုပ်ပေးနေပြီး ဘက်စုံထူးချွန်တဲ့ ကျောင်းသား၊ ကျောင်းသူများကို မွေးထုတ်ပေးနေတဲ့ ကျောင်းတော်ကြီးပဲ ဖြစ်ပါတယ်။

KG+12, GED, English 4 Skills, Korea, Thai အတန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ကျောင်းအပ်နှံစုံစမ်းလိုတယ်ဆိုရင်တော့ အခုပဲ Page Messenger မှာ Hi ထားလိုက်တော့နော်။ 🌟🎊

#Parenting #Webinar
#Lovebeginstohome #ChaseEDU
#NGM #NewGenerationMyanmar

New Generation Myanmar - NGM

17 Oct, 14:03


ပျော်ရွှင်စရာ သီတင်းကျွတ်လေးဖြစ်ပါစေခင်ဗျာ။ 🙏🤍

New Generation Myanmar - NGM

06 Oct, 06:33


GED Preparation အတန်းလေးစဖို့ ၂ရက်သာ လိုပါတော့တယ်ဗျ။ 🗓️

GED Exam အတွက် ပေါ့ပေါ့ပါးပါး Online ကနေပဲ တက်ချင်တယ်၊ Highest Score တွေရထားတဲ့ တီချယ်တွေနဲ့ အနီးကပ် သင်ကြားချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ NGM မှာ လာမယ့် အောက်တိုဘာလ ၇ရက်နေ့မှာ GED Preparation အတန်းလေး စပါတော့မယ်။

အတန်းအသေးစိတ်ကိုတော့ အောက်ပါလင့်ခ်မှ ဝင်ရောက်ကြည့်ရှုနိုင်ပြီး Page Messenger မှလည်း တီချယ်တွေဆီ တိုက်ရိုက်ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ 🤍
https://shorturl.at/SI5IT

“နိုင်ငံတကာအဆင့်မီပညာရေးဆီသို့
NGM နှင့် လျှောက်လှမ်းစို့”

New Generation Myanmar - NGM

08 Sep, 06:15


ကျွန်တော်က English စာ အားနည်းတယ်။ ဒါပေမယ့် ဘယ်ကနေ စသင်ရမလဲ မသိဘူး ဖြစ်နေရင် မကြာခင် ဖွင့်လှစ်တော့မယ့် English 4 Skills (Batch 5) နဲ့ စတင်လိုက်ပါ။

အတန်းချိန်တွေကလည်း ညပိုင်းအချိန်တွေသာဖြစ်လို့ အလုပ်ရှိနေမှာ၊ အတန်းရှိနေမှာတွေကြောင့်နဲ့ ပူစရာမလိုတော့ဘူးပေါ့။

Zoom Platform, LMS Website အသုံးပြုသင်ကြားပေးမှာဖြစ်ပြီး အတန်းတိုင်းမှာ Assistant Teacher, Facilitator Teacher တွေ ရှိတာကြောင့် စာလိုက်မမှီတာ၊ နားမလည်တာ၊ မသုံးတတ်တာတွေကအစ သေချာ သင်ကြားပေးမှာပါဗျ။

Grammar, Vocabulary, Reading, Writing, Listening, Speaking Skills တိုးတက်ဖို့ စာတွေ့တင်သာမကပဲ Lessons, Practice, Speaking Clubs, Assignments, Events မျိုးစုံနဲ့ အမှန်တကယ်ကို တတ်မြောက်ပြီး ပျော်ရွှင်တဲ့ Learning Environment လေးကို ဖန်တီးသင်ကြားပေးမှာ ဖြစ်ပါတယ်။

အတန်းအသေးစိတ်ကို လေ့လာကြည့်ရှု ပြီး New Generation Myanmar Facebook Page Messenger မှာ အပ်နှံနိုင်ပါပြီ ခင်ဗျာ။

New Generation Myanmar - NGM

07 Sep, 12:37


𝐂𝐨𝐧𝐠𝐫𝐚𝐭𝐮𝐥𝐚𝐭𝐢𝐨𝐧𝐬 𝐭𝐨 𝐨𝐮𝐫 𝐨𝐮𝐭𝐬𝐭𝐚𝐧𝐝𝐢𝐧𝐠 𝐬𝐭𝐮𝐝𝐞𝐧𝐭𝐬 📣

New Generation Myanmar ရှိ အလယ်တန်း၊ အထက်တန်းမှ First Assessment အတွက် ထူးချွန် ကျောင်းသူ၊ကျောင်းသားများရဲ့ ဆုစာရင်းပဲဖြစ်ပါတယ်ဗျ။

ထူးချွန်ကျောင်းသူ၊ ကျောင်းသားများကို စာမေးပွဲရလဒ်တွေအပြင် အတန်းတွင်း Activities များတွင်ပါဝင်မှု၊ စည်းကမ်းလိုက်နာမှု၊ ဆရာ၊ဆရာမများအပေါ်လေးစားမှု၊ ကျောင်းတက်ရက်မှန်ကန်မှု စတဲ့အချက်တွေနဲ့အတူ CMO ဆရာ၊ဆရာမများ ရဲ့သုံးသပ်ချက်များ မှတစ်ဆင့်ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်ဗျ။

ဆုစာရင်းလေးစစ်ပြီး သက်ဆိုင်ရာဆုတွေကို CMO ဆရာ၊ ဆရာမတွေဆီမှာ Certificate လေးထုတ်ယူလို့ရပါတယ်နော်။

#NewGenerationMyanmar #NewGeneration #ChaseEduMyanmar #ChaseEdu #InternationalSchool #OutstandingStudents

New Generation Myanmar - NGM

03 Sep, 04:34


From Triumph to Survival: My Fight for Myanmar

https://www.waiyanaung.com/

New Generation Myanmar - NGM

31 Aug, 03:52


NGM မှာ အားလုံးစောင့်မျှော်နေကြတဲ့ Young Learner’s English Class Batch-2 ကို စက်တင်ဘာလအတွင်း ထပ်မံဖွင့်လှစ်သွားဖို့ရှိပါတယ်ခင်ဗျာ။

ဒီအတန်းလေးမှာ အသက် (၇) နှစ်ကနေ (၁၄) နှစ်အတွင်း ကလေးများတက်ရောက်နိုင်မှာဖြစ်ပြီး

နိုင်ငံတကာပညာရေးနဲ့ ထိတွေ့ချင်သူတွေ

English စာကို ထိထိမိမိနဲ့ ယုံကြည်ချက်ရှိရှိပြောဆိုချင်တဲ့ ကလေးတွေအတွက် အထူးသင့်တော်တဲ့ အတန်းဖြစ်ပါတယ်။

Online Platform ကနေသင်ကြားပေးမှာဖြစ်လို့ နေရာမရွေး အလွယ်တကူ သင်ယူနိုင်မှာပါ။

ကျောင်းသင်ခန်းစာတွေအပြင် Activities များ၊ ပြိုင်ပွဲများ၊ Training များစီစဉ်ထားရှိပေးထားတာကြောင့်လည်း Critical Thinking Skill များစွာတိုးတက်စေမယ့် အတန်းဖြစ်ပါတယ်။

ဒါကြောင့်ကိုယ့်ရဲ့ကလေးကို အိမ်မှာနေပြီး နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းတွေနဲ့ ထိတွေ့စေချင်ရင်တော့ ဒီအတန်းလေးကို အပ်ထားဖို့မမေ့နဲ့နော်။

အသေးစိတ်ကိုတော့
New Generation Myanmar - NGM
☝🏻☝🏻☝🏻
Page Messenger မှာမေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျာ။

New Generation Myanmar - NGM

19 Aug, 12:20


GED - Preparation Class (Batch-1) ကို New Generation Myanmar - NGM မှာ ဖွင့်လှစ်ပေးပါတော့မယ်ခင်ဗျာ…

GED ကို ဘယ်သူတွေ တက်သင့်လဲ

အထက်တန်းမအောင်သေးလို့ နိုင်ငံခြားမှာ ဘယ်လိုကျောင်းတက်ရမှန်းမသိဖြစ်နေတဲ့သူတွေ၊ အလုပ်လျှောက်ဖို့ GED High Scores လိုအပ်နေတဲ့သူတွေ တက်ရောက်သင့်ပါတယ်ခင်ဗျာ။

ဘယ်သူတွေ သင်ကြားပေးမှာလဲ

🔸 ဝါရင့်ဆရာကြီး၊ ဆရာမကြီးတွေကိုယ်တိုင် အနီးကပ်သင်ကြားပေးမယ့်အပြင်

🔸 Assistant Teacher တွေလည်း ထားရှိပေးထားမှာဖြစ်လို့ စာမလိုက်နိုင်မှာ၊ နားမလည်တာမျိုးတွေ စိတ်ပူစရာမလိုပါဘူး။

🔸ညပိုင်းအချိန်တွေဖြစ်တာကြောင့် လူကြီး၊လူငယ်မရွေး တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

🔸 သင်တန်းကာလကတော့ (၆)လ ကြာမြင့်မှာဖြစ်ပါတယ်။

GED - Preparation Class ရဲ့စျေးနှုန်းကတော့
▪️ ဘာသာစုံ တစ်လ (၁၂၀,၀၀၀) ကျပ် ဖြစ်ပါတယ်။

GED နဲ့ပတ်သက်တဲ့ စာတင်မကဘဲ ဘဝအတွက်အကျိုးရှိစေမယ့် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတရစရာ အကြောင်းအရာတွေကိုပါ သင်ကြားပေးသွားမှာဖြစ်ပါတယ်။

လူဦးရေ ကန့်သတ်ထားတာဖြစ်လို့ တက်ရောက်ချင်တယ်ဆိုရင် အခုပဲသင်တန်းအပ်နှံလိုက်ပါခင်ဗျာ…

NGM Facebook Page Messenger မှာ ဆက်သွယ်ပြီး သင်တန်း အပ်နှံနိုင်ပါတယ်ခင်ဗျာ…

New Generation Myanmar - NGM

17 Aug, 11:58


ဒီနေ့ည NGM မှာ
𝐓𝐡𝐚𝐢 𝐁𝐞𝐠𝐢𝐧𝐧𝐞𝐫 𝐂𝐥𝐚𝐬𝐬 🇹🇭 စဖွင့်ပါတယ်ခင်ဗျာ…

🔸 အခြေခံစာကြောင်းတည်ဆောက်ပုံ (Sentence Structure )
🔸 Vocabulary
🔸 Basic Grammar
🔸 ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ခြင်းများနဲ့ နေ့စဉ်သုံးစကားများ (Introductory Conversation) စတဲ့ သင်ခန်းစာတွေ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

သင်တန်းကာလ (၃)လ ကြာမြင့်မှာ ဖြစ်ပါတယ်။

🗓️ သင်တန်းချိန်က Sat & Sun (7:00 PM to 9:00 PM) ဖြစ်ပြီး

🔸 သင်တန်းကြေးကတော့ (၃ လ) ကိုမှ (၁) သိန်းကျပ်သာ ကျသင့်ပါတယ်။

Thai Beginner Class ကိုအချ်ိန်တိုအတွင်း fees သက်သက်သာသာနဲ့တက်လို့ရမယ့် သင်တန်းကိုရှာနေတယ်ဆိုရင် NGM မှာ အခုပဲ သင်တန်းလာတက်ဖို့ မှီပါသေးတယ်ခင်ဗျာ။

New Generation Myanmar - NGM

17 Aug, 11:39


ကလေးလေးတို့၊ ကလေးကြီးတို့ရေ… 🥰
ကျောင်းအုပ်ကြီးတို့ဆီမှာ ဘယ်အတန်းတက်ချင်လဲ?

🌟GED
🌟KG+12
🌟English 4 Skills
🇰🇷 Korean
🇯🇵 Japanese
🇹🇭 Thai Language အတန်းတွေကို
NGM မှာ ဖွင့်လှစ်ထားပါတယ်ခင်ဗျာ…

NGM မှာ ကလေး၊ လူကြီး အသက်အရွယ်မရွေး Online ကနေ ပညာလေ့လာသင်ယူနိုင်ပါပြီ…
အတန်းအပ်ချင်ရင် Facebook Page Messenger ကို အချိန်မရွေး လာခဲ့လိုက်ပါခင်ဗျာ…

https://www.facebook.com/NewGenerationMyanmar

New Generation Myanmar - NGM

16 Aug, 11:28


NGM မှာ အပတ်စဉ် သောကြာနေ့ ညရောက်တိုင်း
❝သုတ၊ရသ စာပေစကားဝိုင်း❞ ပြုလုပ်ကြပြီး
အလယ်တန်း၊ အထက်တန်းမှ ကျောင်းသူ၊ကျောင်းသားများ တက်ရောက်ဆွေးနွေးကြပါတယ်။

ဒီတစ်ပတ် ❝သုတ၊ရသ စာပေစကားဝိုင်း❞မှာ ဆွေးနွေးကြမယ့် ခေါင်းစဉ်ကတော့ ❝လူငယ်နှင့် ပျော်ရွှင်မှု❞ ဖြစ်ပါတယ်။

New Generation Myanmar ကျောင်းသူ၊ ကျောင်းသားလေးများရဲ့အသိပညာ၊ ဗဟုသုတမျှဝေပုံ၊ တွေးခေါ်ပုံ၊ ဆွေးနွေးပုံလေးတွေကို မျှဝေပေးသွားမှာမို့ စောင့်မျှော်အားပေးကြပါဦးနော်။

#NewGeneration #NewGenerationMyanmar #ChaseEduMyanmar #ChaseEdu #InternationalSchool #သုတရသစာပေစကားဝိုင်း

New Generation Myanmar - NGM

16 Aug, 07:20


New Generation Myanmar ရဲ့ အတန်းသစ်များ၊ သင်ကြားမှုပုံစံများ၊ ဗဟုသုတရစရာ အကြောင်းအရာများကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ အောက်ဖော်ပြပါ Channel တွေကို Join ထားဖို့မမေ့နဲ့ဦးနော်။

TikTok

https://www.tiktok.com/@new.generation.my2?_t=8osjDcJQbo0&_r=1

YouTube

http://www.youtube.com/@ngmedu

Telegram

https://t.me/NewGenerationMyanmar

Facebook

https://www.facebook.com/NewGenerationMyanmar

Instagram

https://www.instagram.com/NewGenerationMyanmar

Twitter X

https://www.twitter.com/ngmschool

#NewGenerationMyanmar #NewGeneration #ChaseEduMyanmar #ChaseEdu #InternationalSchool

New Generation Myanmar - NGM

15 Aug, 11:57


We Are Hiring ❗️

ပန်းချီပညာရပ်နဲ့ ဘောဂဗေဒဘာသာရပ်ကို သင်ကြားပေးနိုင်သော ဆရာ၊ဆရာမများလျှောက်ထားလို့ရပါပြီဗျ။

Job Requirements နဲ့ Responsibility တွေကိုတော့ အောက်ကလင့်ခ်မှာဝင်ရောက်ကြည့်ရှုပြီးလျှောက်ထားနိုင်ပါတယ်။

https://forms.gle/SPCY8KCN9z9zsWcY7

2,102

subscribers

338

photos

42

videos