JFA၊ အောက်တိုဘာ ၂၅
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်နိညည့် ၈ နာရီ၊၂၀ မိနစ်ခန့်က မြောက်ဦးမြို့နယ်၊ လောင်းကြက်ရွာတွင် သားဖြစ်သူအား အဖဖြစ်သူက ကတ်ကျစ်နန့် ထိုးသတ်မှုတခုဖြစ်ပွားခသည်။
ယင်းဖြစ်စဉ်အရ အဖ ဦးအောင်မင်းစိန်၏ သား အသက် ၂၉ နှစ်အရွယ် ကိုအောင်မင်းသန်းသည် ၂၀၂၃ ခုနှစ်၊ အောက်တို ဘာ ၂၄ ရက်နိညည့် ၈ နာရီ ၂၀ မိနစ်ခန့်တွင် အရက်သီစာသောက်စားမူးယစ်ပြီး တအိမ်တည်းနီ အစ်မဖြစ်သူအား မခံမရပ်နိုင်အောင် ဆဲဆိုကြိမ်းမောင်းလျက် အစ်မဖြစ်သူ၏ လိုင်ပင်းကို ဖျစ်သတ်နီသောကြောင့် ဖခင်ဖြစ်သူ ဦးအောင်မင်းစိန်(၆၂နှစ်)က သားဖြစ်သူအားဟန့်တားခသည်။
ကိုအောင်မင်းသန်းသည် ဖခင်၏ဟန့်တားမှုကို မလိုက်နာဘဲ ဖခင်ဖြစ်သူကို ပြန်လည် လုံးထွီး တိုက်ခိုက်စဉ် ဦးအောင်မင်းစိန်က ကတ်ကျစ်နန့်ထိုးသွင်းရာတွင် ထိုးသွင်းဒဏ် ရာ (၁၉)ချက်နန့် အစ်မဖြစ်သူ၏ နီအိမ် ဂြောက်၌ ကိုအောင်မင်းသန်း လဲကျ သီဆုံးခသည်။
ဒေအမှုနန့် ပတ်သက်၍ လူသတ်တရားခံ ဦးအောင်မင်းစိန်အား ယင်းနိ ညည့် ၁၁ နာရီခန့်က အာရက္ခပြည်သူ့အစိုးရ၏ မြောက်ဦးမြို့နယ်ရဲတပ်ဖွဲ့၊ အမှတ်(၄) နယ်မြီရဲစခန်းက ဖမ်းဆီးခပြီး ယင်းရဲစခန်း၌ပင် ၎င်းအားထိန်း သိမ်းထားခပါသည်။
ဦးအောင်မင်းစိန်အား ထိန်းသိမ်းထားခသည့် နီရာသည်ကျန်းမာရီးနန့်ညီညွတ်၍ ကောင်းမွန်သော အိပ်ဆောင်တခုဖြစ်ပြီး၊ ပျဉ်ခင်းထားသည့် အခန်းအတွင်း ထိန်းသိမ်း ထားခြင်းဖြစ်ကာ ၎င်း အတွက်လိုအပ်သော ပုဆိုး စသည့် အသုံးအဆောင်များကိုလည်း မိမိရို့တပ်ဖွဲ့ဝင်များက စနစ်တကျ ထုတ်ပီးထားခပါသည်။
ရဲတပ်ဖွဲ့ဝင်များက ၎င်းအားဖမ်းဆီးစဉ် ကလည်း သတ်ပုတ်ရိုက်နှက်ခြင်းလုံးဝမဟိခသည့်အပြင် သက်ကြီးပိုင်းဖြစ်၍ လက်ထိပ်မခတ်ဘဲခေါ်ဆောင်လာခခြင်း ဖြစ်သည်။
ဦးအောင်မင်းစိန်သည် နဂိုကပင် သွီးတိုး၊ နှလုံး ရောဂါအခံဟိသူဖြစ်ပြီး၊ သားဖြစ်သူ၏ ရိုက်နှက်ခြင်းကို (၂) ကြိမ်တိုင်တိုင်ခံထားရကာ မိမိသားကို မိမိသတ် မိသည့် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုနန့်အတူ အခင်းဖြစ်ပွားစဉ်အတွင်း သားဖြစ်သူနန့် လုံးထွီးသတ်ပုတ်ခမှုကြောင့် ရင်ဖတ်အောင့်သည်ဟုလည်း ၎င်းက ပြောဆိုခသည်။
ယင်း တညည့်တာ ထိန်းသိမ်းထားစဉ်ကာလအတွင်း ဦးအောင်မင်းစိန်သည် ၂၀၂၃ ခုနှစ်၊ အောက်တို ဘာ ၂၅ ရက်နိ၊ စော စော ၁ နာရီကျော်ခန့်တွင် (၁)ကြိမ်၊၂ နာရီကျော်၌ (၁) ကြိမ် အပေါ့လားခပြီး၊ မိုးထ ၆ နာရီ ၂၀ မိနစ်ခန့်ရောက်သော အခါ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်မှ အချုပ် တရားခံ ဦးအောင်မင်းစိန်အား အပေါ့၊အလီး လားရန် နှိုးရာ၌ မှောက်ခုံအနီအထားဖြင့် သီဆုံးနီသည်ကို တွိခရသည်။
သီဆုံးမှုနန့်ပတ်သက်၍ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA မှ တာဝန်ဟိပုဂ္ဂိုလ်များက အောက်တိုဘာ ၂၅ ရက်နိ မိုးထပိုင်းတွင် သီဆုံးသူ၏ မိသားစုဝင်များကို ခေါ်ယူတွိဆုံကာ ဦးအောင်မင်းစိန်၏ သီဆုံးမှုဖြစ်စဉ်အား ယှင်းပြခပါ သည်။
သီဆုံးသူ၏ မိသားစုဝင်များက ဦးအောင်မင်းစိန်မှာ နှလုံးရောဂါ နန့် သွီးတိုးရောဂါဟိ ပြီး နှလုံးမကြာမကြာရပ်တန့်လိဟိကြောင်း၊ ဒေဂုသီဆုံးမှုသည် နဂိုခံရောဂါဖြင့် သမရိုးကျ သီဆုံးလားခြင်းရာဖြစ်ပြီး၊ သီဆုံးမှုနန့် ပတ် သက်၍ ULA/AA တပ်ဖွဲဝင်များအပေါ် သံသယလုံးဝမဟိပါကြောင်း ရိုးသားပွင့်လင်းစွာပြောဆိုလားကတ်ပါသည်။
ယင်းနောက် အောက်တိုဘာ ၂၅ ရက်နိ နိခင်း ၁ နာရီ ၅၀ မိနစ်တွင် ဦးအောင်မင်းစိန်၏ ရုပ်အလောင်းကို မိသားစုထံသို့ လွှဲပြောင်းပီးအပ်လိုက်ပြီးနောက် ညဇာ ၃ နာရီ မိနစ် ၃၀ တွင် အလောင်းအား လောင်းကြက်ရွာ သင်္ချိုင်း၌ ကောင်းမွန်စွာ မြီမြှုပ်သင်္ဂြိုလ်ခကတ်ကြောင်း သိဟိရပါသည်။
ဒေသတင်းတိကို တပြိုင်တည်းသိလိုပါက အောက်ဖော်ပြပါ Facebook Page Link တွင်လည်း လားရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/Justice4arakan