Ramree (10)
၂၀၂၅ ခုနှစ်၊ ဂျန်နဝါရီလ (၈)ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ (SAC) မှ ဂျက်ဖိုက်တာဖြင့် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ရပ်ကွက် (၃)ခုရှိ လူနေအိမ်များ မီးပြင်းပြင်းထန်ထန်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ် အများအပြား မီးထဲအသက်ဆုံးရှုံးခဲ့ရပြီး နေအိမ်စုစုပေါင်း (၃၉၈)လုံး မီးလောင်ကျွမ်းပျက်စီးသွားခဲ့ပါသည်။
အကြမ်းဖက်စစ်ကောင်စီ (SAC) သည် တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွါးခြင်းမရှိဘဲ ငြိမ်းချမ်းစွာနေထိုင်နေကြသော အပြစ်မဲ့ပြည်သူများအား ရည်ရွှယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဆေးခန်းများ၊ ဘာသာရေးအဆောက်အအုံများ၊ စျေးများ၊ လူနေရပ်ကွက်များ နှင့် လမ်းတံတားများကို နေ့စဥ်နှင့်အမျှ လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ဖျက်ဆီးခြင်းများ ပြုလုပ်လျှက်ရှိနေသည်။
လက်ရှိအချိန်ထိ HDCO မှ ပြုစုထားသောစာရင်းများအရ သေဆုံးသူ (၂၆)ဦး၊ အလတ်စား၊ အပြင်းအထန်ဒဏ်ရာရသူ (၁၂) ဦး နှင့် အသေးစားဒဏ်ရာရရှိသူ (၁၅)ဦးအထက်မနည်း ရှိသည်။ ၎င်းအပြင် အလောင်းရှာမတွေ့ဘဲ ပျောက်ဆုံးနေသူများလည်း ရှိသည်ဟု သိရသည်။
အရေးပေါ်စားနပ်ရိက္ခာထောက်ပံ့မှု
၂၀၂၅ ခုနှစ်၊ ဂျန်နဝါရီလ (၈)ရက်နေ့တွင် အာရက္ခပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာအား အကြမ်းဖက်စစ်ကောင်စီလေတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် နှင့် ပစ္စည်းဥစ္စာများ မီးလောင်ဆုံးရှုံးခဲ့ရပြီး အခက်အခဲများစွာ ကြုံတွေ့နေရသော ပြည်သူများအား ULA/AA မှ အိမ်ထောင်စု (၃၇၉) စု၊ ကျား (၇၃၂) ဦး၊ မ(၉၅၀) ဦး၊ စုစုပေါင်း (၁၆၈၂) ဦး တို့အား ၁၄-၀၁-၂၀၂၅ ရက်နေ့တွင် စားနပ်ရိက္ခာ အရေးပေါ်ကူညီထောက်ပံ့မှု တစ်ရပ်ပြုလုပ်ခဲ့ပါသည်။
Arakan Diary (19)
Ramree (10)
On January 8, 2025, an airstrike by the terrorist military council (SAC) using jet fighters intentionally targeted and bombed three residential neighborhoods. This resulted in severe fires that consumed homes, leaving many elderly individuals and children dead in the blaze. A total of 398 houses were destroyed by fire.
The terrorist military council (SAC), without any active battle occurring, deliberately targeted and attacked innocent civilians who were living peacefully. Their bombing campaign intentionally included schools, hospitals, clinics, religious structures, markets, residential areas, and bridges, which they bombed daily using aircraft.
According to the records currently maintained by HDCO, there have been at least 26 fatalities, 12 moderate to severe injuries, and no less than 15 minor injuries. Additionally, there are individuals still missing whose bodies have not been recovered.
Emergency Food Assistance
On January 8, 2025, the village of Kyaukni Maw in Ramree Township, Arakan, suffered significant losses of homes and belongings due to the SAC air force’s bombing campaign using jet fighters. To alleviate the hardships faced by the affected population, the ULA/AA provided emergency food assistance on January 14, 2025, to 379 households, including 732 males, 950 females, totaling 1,682 people.
Contact(ဆက်သွယ်ရန်):[email protected]/[email protected]/https://t.me/ULAHDCOAVM/ @ULAHDCOAVM
#HDCO #ULA
#ULA #HDCO #Food_assistance #SAC #Airstrike #Kyaukni_Maw #Ramree #Arakan
https://youtu.be/CW-t2qFNfmU