Hypen Education @hypen_edu Channel on Telegram

Hypen Education

@hypen_edu


Hypen Education (English)

Are you looking for a channel that offers valuable educational resources and tips to help you succeed in your academic journey? Look no further than Hypen Education! This Telegram channel is dedicated to providing students with insightful content on a wide range of subjects, including mathematics, science, history, and more. Whether you're struggling with a particular topic or simply looking to expand your knowledge, Hypen Education has got you covered. With regular updates and engaging quizzes, this channel is the perfect place to enhance your learning experience. Join us today and take your education to the next level with Hypen Education!

Hypen Education

21 Nov, 11:33


ဒီနေ့ 𝐒𝐥𝐚𝐧𝐠𝐬 ဆိုတာ ဘယ်လိုအဓိပ္ပာယ်ရလဲဆိုတာ Hypers🎓 လေးတို့ သိသွားကြပြီဆိုတော့ ရထားစီးနေတဲ့လူလို မဖြစ်အောင်တော့ ကြိုးစားရလိမ့်မယ်နော်🚂

ရထားစီးနေတဲ့လူဆိုတာက ကိုယ်ရွေ့တာနဲ့ သစ်ပင်တွေရော လမင်းရော တောင်ကြီးတွေရော လိုက်ရွေ့တယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ အမှန်ရွေ့နေတာကကိုယ်တိုင်ပါပဲ။ သူတို့လေးတွေကဒီတိုင်းပဲ နေမြဲ၊ ကျန်မြဲ ပါပဲ။ ဆိုတော့ ရထားစီးနေတဲ့လူလို ကိုယ်တစ်ယောက်တည်းရွေ့မသွားဘဲနဲ့ အခွင့်ကြုံရင်ပြန်လည်အသုံးချလို့ရတဲ့ 𝐒𝐥𝐚𝐧𝐠𝐬 တွေကိုပါအတူတူခေါ်ဆောင်သွားဖို့ တိုက်တွန်းလိုက်ပါတယ်☘️

နေရစ်ခဲ့တဲ့သူမ၊ ကျန်ခဲ့တဲ့သူမ၊ အခွင့်ကြုံရင် သတိရနေဆဲသူမကို ပြန်ခေါ်မပေးနိုင်ပေမဲ့ Hypers🎓 တို့အတွက် အသိပညာဗဟုသုတွေ၊ အခွင့်အလမ်းတွေကို အမြဲယူဆောင်လာပေးတဲ့ Hypen ကတော့ အမြဲရှိနေမှာပါ။ ဒါကြောင့် နောက်ထပ်အသစ်၊ အသစ်တွေကို မလွတ်တမ်း ဆုံစည်းနိုင်ဖို့ Hypen ရဲ့ Facebook page & Telegram channel ကို Like & Follow လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်💟

Hypen facebook page
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL

Hypen Main Channel
https://t.me/hypen_org

#ContentwriterbyEllaandThaeHsuHlaing
#GraphicDesignbySuuLae
#hypen_org
#hypen_edu
#BritishSlangs

Hypen Education

21 Nov, 11:32


📌7. 𝐘𝐨𝐮’𝐫𝐞 𝐚 𝐤𝐞𝐞𝐩𝐞𝐫

တစ်ယောက်ယောက်ကို အမွှန်းတင်ချင်တဲ့အခါ You’re a keeper လေးကိုသုံးလို့ရပါတယ်။ အရည်အချင်းရှိတဲ့သူ၊ အကျင့်ကောင်းတဲ့သူတစ်ယောက်ယောက်ကို ချီးမွမ်းချင်တဲ့အခါသုံးလို့ရပါတယ်။
Exp:  “You can cook – you’re such a keeper.”

📌8. 𝐔𝐧𝐝𝐞𝐫 𝐭𝐡𝐞 𝐜𝐨𝐬𝐡

Hypers🎓 လေးတို့စိတ်ဓာတ်ကျနေတဲ့အခါ ဒါမှမဟုတ် တစ်စုံတစ်ခုကြောင့် ထိန်းချုပ်ခံနေရတာလေးတွေရှိရင် ဒီ 𝐬𝐥𝐚𝐧𝐠 လေးကို သုံးလို့ရပါတယ်။ 
Exp:  “She is under the cosh to deliver that project on time.”

Hypen Education

21 Nov, 11:31


📌5. 𝐀𝐝𝐚𝐦 𝐚𝐧𝐝 𝐄𝐯𝐞
 
Adam and Eve ကိုမြင်တိုင်း Bible ထဲက အာဒံနဲ့ ဧဝကို ပြောချင်တာမဟုတ်ပါဘူးနော်။ Adam and Eve ရဲ့ အဓိပ္ပာယ်လေးကတော့ တစ်ခုခုကို ယုံကြည်ခြင်းပဲဖြစ်ပါတယ်တဲ့☘️
Exp: "Would you Adam and Eve it? The train’s late again!"


📌6. 𝐌𝐢𝐧𝐝 𝐲𝐨𝐮𝐫 𝐏’𝐬 𝐚𝐧𝐝 𝐐’𝐬

ဒီ စကားလုံးလေးကတော့ ဂရုမစိုက်ခြင်းအနုပညာကို ရုပ်လုံးပေါ်အောင် ဖော်ပြတဲ့နေရာမှာ သုံးလို့ရပါတယ်နော်။ Mind your P’s and Q’s ရဲ့ အဓိပ္ပာယ်လေးကတော့ ကိုယ့်ကိစ္စအာရုံစိုက်စေဖို့၊ အပြုအမူဆင်ခြင်စေဖို့ပဲ ဖြစ်ပါတယ်။ Mind your language နဲ့အတူတူပါပဲ💯
Exp: “My parents are very conservative - mind your p’s and q’s.”

Hypen Education

21 Nov, 11:31


📌3. 𝐂𝐡𝐞𝐞𝐫𝐢𝐨 

ဒီစကားလုံးလေးကိုတော့ အားလုံးရင်းနှီးကြမယ်လို့ ယုံကြည်ပါတယ်။ အထူးသဖြင့် တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်တဲ့အခါ Bye Bye👋 အစားပြောလေ့ရှိကြပါတယ်။
Exp: "Well, it's been lovely catching up, but I’d best be off. Cheerio!"


📌4. 𝐃𝐢𝐬𝐡𝐲

👉 Dishy ဖြစ်တယ်ဆိုတာကတော့ တစ်ယောက်ယောက်က အရမ်းစိတ်ဝင်စားဖို့ကောင်းတယ် သို့မဟုတ် ဆွဲဆောင်မှုရှိတဲ့အခါမျိုးမှာ သုံးလေ့ရှိကြပါတယ်။
Exp: "That actor in the movie we watched last night was so dishy!"

Hypen Education

21 Nov, 11:31


📌1. 𝐀 𝐥𝐨𝐚𝐝 𝐨𝐟 𝐭𝐨𝐬𝐡

💌A load of tosh ဆိုတာကတော့ အကြောင်းအရာ၊ ကိစ္စတစ်ခုခုဟာ ဆိုးရွားပြီး စိတ်ပျက်ဖို့ကောင်းနေတဲ့အခါ သုံးလေ့ရှိတဲ့ 𝐬𝐥𝐚𝐧𝐠 လေးတစ်ခုပဲဖြစ်ပြီး Hypers🎓 လေးတို့ လုပ်နေတဲ့အရာတစ်ခုခုက အရမ်းဆိုးရွားနေတဲ့ အခါမျိုးမှာ သုံးလေ့ရှိပါတယ်။
Exp: Your lecturer might describe your essay “as a load of tosh” …. Harsh!

📌2. 𝐀𝐜𝐞

💁Ace ဆိုတဲ့ စကားလုံးလေးကတော့ လူငယ်တွေကြားမှာ ရေပန်းစားတဲ့ အသုံးအနှုန်းလေးပါ။ ဒီစကားလုံးလေးကိုတော့ တစ်ခုခုက စိတ်ဝင်စားဖို့ကောင်းတဲ့ အခါဖြစ်ဖြစ်၊ အံ့သြဖို့ကောင်းတဲ့အခါဖြစ်ဖြစ် သုံးလေ့ရှိပါတယ်☘️
Exp: "Did you see her skateboarding tricks? They were absolutely ace!"

Hypen Education

21 Nov, 11:30


English စာမှာ native တစ်ယောက်လိုမျိုးပြောချင်ရင်တော့ ဒီစကားလုံးတွေမသိဘဲ ပြောနိိုင်မှာမဟုတ်ဘူးနော် Hypers🎓 လေးတို့ရေ😉

🗣အဲ့ဒါကြောင့် Hypen Org က အခုတစ်ခါ 🌊ခေတ်နဲ့အညီလိုက်လျောညီထွေ ပြောဆိုနိုင်ဖို့၊ သူများတွေကြားမှာ မျက်စိသူငယ်၊နားသူငယ်မဖြစ်အောင်လို့ 𝐁𝐫𝐢𝐭𝐢𝐬𝐡 𝐒𝐥𝐚𝐧𝐠𝐬 တွေကိုတင်ပေးလိုက်ရပါတယ်ရှင်💌

𝐒𝐥𝐚𝐧𝐠𝐬 ဆိုတာဘာလဲ

💫 𝐒𝐥𝐚𝐧𝐠𝐬 ဆိုတာက ဗန်းစကားပါ။ လူငယ်တွေသုံးတဲ့ ဗန်းစကားတွေ၊ လူကြီးတွေသုံးတဲ့ဗန်းစကားတွေလည်းရှိပါတယ်။ အခုတစ်ခါမှာတော့ British people တွေသုံးတဲ့ 𝐒𝐥𝐚𝐧𝐠𝐬 တွေကို Hypers🎓 လေးတွေအတွက် တင်ပြပေးသွားမှာဖြစ်တာကြောင့် အဆုံးထိိလိုက်ဖတ်ပေးကြပါဦးဗျို့🗣

Hypen Education

19 Nov, 11:50


ကိုယ့်ရဲ့ အဖိုးတန်လှတဲ့ အချိန်တွေကို ဘယ်သူတွေနဲ့ ဘယ်လိုမျိုး ကုန်ဆုံး‌နေကြပါသလဲ⁉️

🗣️ : Hypen Org ကို စောင့်မျှော်နေကြတဲ့ Hypers🎓 လေးတို့အားလုံး မင်္ဂလာအချိန်အခါလေးပါရှင် 🙏🏽

ဒီကနေ့မှာတော့ ခါတိုင်းနဲ့မတူ ထူးခြားတဲ့ အစီအစဉ်လေးကို ယူဆောင်လာပါတယ်ရှင် Hypers🎓 လေးတို့ သေချာပေါက် နှစ်သက်သဘောကျလိမ့်မယ်လို့ ထင်ပါတယ်နော်🤭

ဆိုတော့...အစီအစဉ်လေးကတော့ Hypen ကို အမြဲစောင့်ကြည့်အားပေးနေတဲ့ Hypers🎓 လေးတွေထဲက Active Hyper🎓 လေး တစ်ယောက်ကို ဖိတ်‌ခေါ်ထားပါတယ်ရှင်🥳

🎓 : ဟုတ်...မင်္ဂလာပါရှင့်🙏🏽

🗣️ : မင်္ဂလာပါ Hyper🎓 လေးရေ 🍀 ဆိုတော့ အစ်မတို့ ဒီနေ့အစီအစဉ်အရ မေးခွန်းလေးတွေ မေးသွားမယ်ပေါ့နော်💨

1️⃣ ပထမဦးဆုံးမေးခွန်းလေးကတော့ ညီမ ဒီ Hypen Org ကို ဘယ်လိုစသိပြီး Active Hyper🎓 တစ်ယောက် ဘယ်လိုဖြစ်လာတာလဲနော်💁🏽

🎓 : အာ... ဟုတ်! ပြောရမယ်ဆိုရင်တော့ ညီမက introvert တစ်ယောက်ပေါ့နော်၊ အဲတော့ အပြင်သွားမဲ့ အချိန်တွေအစား Hypen ရဲ့ ဗဟုသုတရစရာတွေကိုပဲ အမြဲလေ့လာဖြစ်ပါတယ် 🤩 ဒီလိုနဲ့ပဲ အကြောင်းအရာတိုင်းကို လက်မလွှတ်နိုင်လောက်အောင် ပြည့်စုံတဲ့ Hypen Org ရဲ့ Active Hyper🎓 တစ်ယောက် ဖြစ်လာတာပါပဲ💫

🗣️ : ဝါးးး ဆိုတော့ တခြားအားလပ်ချိန်တွေမှာရော ဘာလေးတွေ လုပ်လဲ၊ အခန်းထဲပဲ အမြဲတစ်ယောက်တည်းဆိုရင် အစ်မအနေနဲ့သာဆို ပျင်းနေမှာ အသေအချာပါပဲ😑

🎓 : အာ..ညီမကတော့ ပျင်းနေတာ သိပ်မရှိပါဘူး၊ ညီမ ‌pets လေးတွေကိုတော့ တကယ်သဘောကျတာမို့ အိမ်မှာ မွေးထားဖြစ်ပါတယ်၊ သူတို့လေးတွေက အကောင်းဆုံးသူငယ်ချင်းတွေလိုပါပဲ 💯

🗣️ : အယ်... Pets လေးတွေ ချစ်တတ်တာလား ဒါဆိုရင်တော့ Hypen က Club တစ်ခုကို အစ်မ ညွှန်းပေးရတော့မှာပဲ 🤭 ဒါနဲ့ ညီမက Japanese language ကိုလည်း ပြောနိုင်တယ်မလား !?

🎓 : ဟုတ် ! ညီမ ဒီ Hypen ကနေပဲ ဆက်လက်လေ့လာနေပါတယ်ရှင့် 😚 စောနက club လေး ဆက်ပါအုံးရှင့်💁🏽 အရမ်းကိုမှ သိချင်နေပါပြီ !

🗣 : ဪ...အဲဒါလေးကတော့ ညဘက် တက်လို့ရတဲ့ Hypen Night Club တွေထဲက တစ်ခုဖြစ်တဲ့ Japanese Speaking Club Topic လေးနဲ့မိတ်ဆက်ပေးမလို့ပါ Hyper🎓 လေးရေ...

ဒီတစ်ပတ်မှာဆိုရင် Hypers🎓 လေးတို့လို တိရစ္ဆာန်ချစ်သူလေးတွေရဲ့ Pet လေးတွေနဲ့အတူ ရှင်သန်နေထိုင်ရတဲ့ ဘဝက ဘယ်လောက်လှပကြောင်း၊ အဲဒီလို လှပခြင်းရဲ့ တစ်ဖက်မှာ Pets လေးတွေကို မွေးမြူရတဲ့အခါ တွေ့ကြုံရတတ်တဲ့အခက်ခဲလေးတွေနဲ့ အမှတ်တရ ဟာသအလွဲလေးတွေကို ဂျပန်လို တော်ကီဖုတ်ရင်း တစ်ညတာ ကုန်ဆုံးလို့ရအောင် စီစဉ်ပေးထားတာလေးပါ💯

📆 𝐃𝐚𝐭𝐞 - 𝟐𝟐.𝟏𝟏.𝟐𝟎𝟐𝟒(𝐅𝐫𝐢𝐝𝐚𝐲)
𝐓𝐢𝐦𝐞 - 𝟕:𝟎𝟎𝐏𝐌-𝟖:𝟑𝟎𝐏𝐌
🚀 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 - 𝐙𝐨𝐨𝐦
💭 𝐓𝐨𝐩𝐢𝐜 - 𝐋𝐢𝐟𝐞 𝐰𝐢𝐭𝐡 𝐚 𝐏𝐞𝐭
🗣 𝐌𝐚𝐢𝐧 𝐅𝐚𝐜𝐢(𝐬) - 𝐄𝐦𝐢𝐤𝐨 & 𝐍𝐠𝐰𝐞

🎓 : ဟုတ်လား ဒါဆို အရင်အပတ်တွေကတည်းက သွားနေကြ Night Club လေးကို ဒီတစ်ခေါက်လည်း လက်လွှတ်ခံလို့ ဘယ်ဖြစ်ပါ့မလဲနော်🤭

🗣 : ဒါပေါ့ Hyper🎓 လေးရေ။ Hyper🎓 လေးကတော့ အရင်ကတည်းက Japanese Night Club ကို Join နေကျဆိုတော့ 𝐇𝐲𝐩𝐞𝐧 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐂𝐥𝐮𝐛 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐆𝐫𝐨𝐮𝐩 ထဲ ရောက်နေပြီးသား ဖြစ်နေမှာပေါ့နော်။ အကယ်၍ မိုင်ဟိုက်ပါလေးလို တခြား တိချစ်သူလေးတွေရယ်၊ N4 level နဲ့အထက်ရှိသူ‌လေးတွေရယ်ကိုလည်း တစ်ပါတည်း ခေါ်လာပေးချင်တယ် ဆိုရင်တော့...

🔗𝐇𝐲𝐩𝐞𝐧 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐂𝐥𝐮𝐛 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐆𝐫𝐨𝐮𝐩 - https://t.me/+ipZXsSdt_pMxODdl ဒီ Link လေးကို Join ခိုင်းဖို့ မမေ့နဲ့ဦးနော်‼️

🎓 : ဟုတ်ကဲ့ ဟုတ်ကဲ့။ သေချာပေါက် သူငယ်ချင်းတွေကို အရောက်ခေါ်လာခဲ့ပြီး လာခဲ့ပါ့မယ်လို့။ နောက်ပြီး Night Club လေးတက်ရဖို့ ရင်ခုန်နေပါပြီ💃

🗣 : 🥂ဒါဆို လာမဲ့ ကြာသပတေးနေ့မှာ Night Club ခွက်ချင်းတိုက်ရင်း တော်ကီဖုတ်ကြမယ်နော် Hyper🎓 လေးရေ။ အခုလို Hypen ရဲ့ ထူးခြားလှတဲ့ အစီအစဉ်လေးမှာ ပါဝင်လာပေးလို့လည်း ကျေးဇူးတင်ပါတယ်နော်...အာဘွား😘

Hypen Telegram Channel - https://t.me/hypen_org

Hypen Education Channel - https://t.me/hypen_edu

#ContentwriterbyTarEhandSweSN
#GraphicDesignbyPan
#hypen_org
#HypenJapaneseSpeakingClub

Hypen Education

19 Nov, 06:33


အခုဆိုရင် 𝐇𝐲𝐩𝐞𝐫𝐬🎓 လေးတို့ 𝐓𝐫𝐨𝐥𝐥𝐞𝐲 𝐏𝐫𝐨𝐛𝐥𝐞𝐦 က ဘာလဲဆိုတာနဲ့ ဘယ်လိုမျိူးအခြေအနေရှိလဲဆိုတာ ရှင်းရှင်းလင်းလင်း နားလည်သွားပြီလို့ ထင်ပါတယ်။ ဒါဆိုရင်တော့ အခုလို 𝐇𝐲𝐩𝐞𝐧 ကနေပြီး မျှဝေပေးလိုက်တဲ့ 𝐓𝐫𝐨𝐥𝐥𝐞𝐲 𝐏𝐫𝐨𝐛𝐥𝐞𝐦 အကြောင်းကို 𝐇𝐲𝐩𝐞𝐫𝐬🎓 တို့ရဲ့သူငယ်ချင်း၊ မိတ်ဆွေ အားလုံးကို လက်ဆင့်ကမ်းပြီး ပြန်လည် 𝐒𝐡𝐚𝐫𝐢𝐧𝐠 လုပ်ပေးလို့ရပါပြီနော်။

အခုလို ဗဟုသုတတွေ စုစည်းတည်ရှိနေတဲ့ 𝐇𝐲𝐩𝐞𝐧 ရဲ့ 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐩𝐚𝐠𝐞 & 𝐜𝐡𝐚𝐧𝐧𝐞𝐥 ကို 𝐋𝐢𝐤𝐞 𝐚𝐧𝐝 𝐅𝐨𝐥𝐥𝐨𝐰 လုပ်ထားဖို့ လုံးဝမ‌မေ့သင့်ဘူးနော် 🧏‍♀️

𝐇𝐲𝐩𝐞𝐧 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL

𝐇𝐲𝐩𝐞𝐧 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://t.me/hypen_org

#Hypen_Org
#ContentwriterbyNyeinSuThawandMyintMyatKhine
#GraphicDesignbyWutHlwar
#TrolleyProblem

Hypen Education

19 Nov, 06:32


𝐖𝐡𝐚𝐭 𝐢𝐬 𝐓𝐫𝐨𝐥𝐥𝐞𝐲 𝐏𝐫𝐨𝐛𝐥𝐞𝐦

𝐓𝐫𝐨𝐥𝐥𝐞𝐲 𝐏𝐫𝐨𝐛𝐥𝐞𝐦 ဆိုတာရောသိကြလား 𝐇𝐲𝐩𝐞𝐫𝐬🎓 လေးတို့ရေ....🪄

💁 𝐓𝐫𝐨𝐥𝐥𝐞𝐲 𝐏𝐫𝐨𝐛𝐥𝐞𝐦 ဆိုတာကို အရိုးရှင်းဆုံးပြောရရင် အတွေးအခေါ် (𝐏𝐡𝐢𝐥𝐨𝐬𝐨𝐩𝐡𝐲) နဲ့ဆက်စပ်ပြီး လူ့ကျင့်ဝတ်ဆိုင်ရာ အကျပ်အတည်းများကို စူးစမ်းလေ့လာ သုံးသပ်နိုင်ဖို့အတွက် 𝐏𝐡𝐢𝐥𝐢𝐩𝐩𝐚 𝐅𝐨𝐨𝐭 ဆိုတဲ့ အတွေးအခေါ်ပညာရှင်တစ်ဦးက 𝟏𝟗𝟔𝟕 မှ စပြီး သုံးပြုခဲ့တဲ့ စမ်းသပ်ချက် တစ်ခုဖြစ်ပါတယ် 🌟

📌 ဒီအတွေးအခေါ်စမ်းသပ်ချက်က ကိုယ်ကျင့်တရားဆိုင်ရာ အကျိုးအကြောင်းဆင်ခြင်မှု၊ လူ့တန်ဖိုးများနဲ့ အသက်သေဆုံးမှု အခြေအနေများကို ဆုံးဖြတ်ချက်ချတဲ့‌နေရာမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပါတယ်။ ဒါပေမဲ့လည်း 𝐓𝐫𝐨𝐥𝐥𝐞𝐲 𝐏𝐫𝐨𝐛𝐥𝐞𝐦 နဲ့ ပက်သက်ပြီး နောက်ပိုင်းမှာ အသုံးချမှုဝါဒနဲ့ ကိုယ်ကျင့်တရားဆိုင်ရာ ရွေးချယ်မှု‌တွေရှိတဲ့အတွက်‌ ငြင်းခုံမှုတွေ အများကြီးဖြစ်ပေါ်လာတာ တွေ့ရပါတယ် 🧑‍⚖️

⚓️ ဘယ်လိုမျိုးလဲဆိုရင် 𝐒𝐜𝐞𝐧𝐚𝐫𝐢𝐨 တစ်ခုမှာ လူငါးဦးကို ကယ်တင်ဖို့ လူတစ်ဦးကို အသက်စွန့်ပြီး ဆုံးဖြတ်ကြပါတယ်။

🏷 ဒါဆိုရင် 𝐓𝐫𝐨𝐥𝐥𝐞𝐲 𝐏𝐫𝐨𝐛𝐥𝐞𝐦 ဆိုတာကို ပိုပြီးနားလည်သွားအောင် အောက်ကပေးထားတဲ့ 𝐄𝐱𝐚𝐦𝐩𝐥𝐞 လေးတွေကို 𝐇𝐲𝐩𝐞𝐫𝐬🎓 လေးတွေနဲ့ အတူတူသွားကြည့်ကြရအောင် 🔜


🚨ပထမတစ်ခုကတော့ သံလမ်းပေါ်မှာ လူ ၅ ဦးရပ်နေတယ်။ အဲဒီအချိန်မှာ တွန်းလှည်းတစ်စီးက သံလမ်းပေါ်မှာ ချိတ်ထားတဲ့ လူ ၅ ဦးဆီကို ဦးတည်လာနေတယ်။ လူ ၅ ဦးထဲမှာ သင်က မောင်းတံဘေးမှာ ရပ်နေတယ်လို့ ဆိုပါစို့။ 𝐓𝐫𝐨𝐥𝐥𝐞𝐲 𝐏𝐫𝐨𝐛𝐥𝐞𝐦 ရဲ့သဘောအရ အများသူထဲမှာမှ လူတစ်ဦးကတော့ အသက်ပေးဆပ်ရမှာ ဖြစ်တဲ့အတွက်ကြောင့် တကယ်လို့ သင်က အဲဒီတွန်းလှည်းရဲ့ လီဗာကိုဆွဲလိုက်ရင် တွန်းလှည်းဦးတည်ပြီး လာနေတဲ့သံလမ်းကနေ ပြောင်းသွားပြီး ရှိနေတဲ့လူ ၅ ဦးအစား တစ်ဦးကိုထိသွားမှာပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်ရပ်မျိုးကို 𝐂𝐥𝐚𝐬𝐬𝐢𝐜 𝐓𝐫𝐨𝐥𝐥𝐞𝐲 𝐏𝐫𝐨𝐛𝐥𝐞𝐦 လို့ခေါ်ပါတယ် 🙌

📍နောက်ထပ် ဥပမာတစ်ခုကတော့ 𝐅𝐚𝐭 𝐌𝐚𝐧 ပါ။ သူ့ရဲ့ဖြစ်ပွားပုံကတော့ လမ်းမပေါ်မှာ လူ ၅ ဦးရှိနေတယ်။ လက်တွန်းလှည်းတစ်စီးက သူတို့ ၅ ဦးဆီကို ပစ်မှတ်အနေနဲ့ ဦးတည်လာနေတယ်။ သင်က လူ ၅ ဦးထဲမှာ တစ်ဦးအပါအဝင်ပေါ့၊  သင်ဟာ လက်တွန်းလှည်းရဲ့ လမ်းကြောင်းအထက် တံတားတစ်ခုအပေါ်မှာ ရပ်နေတယ်။ နောက်ပြီး သင့်ဘေးမှာ အလွန်ကြီးမားတဲ့ လူတစ်ယောက်လည်းရှိနေမယ် 👤

👀 တကယ်လို့ သင်က အဲဒီကြီးမားတဲ့လူကို တံတားပေါ်ကနေ တွန်းချလိုက်မယ်ဆိုရင် သူ့ခန္ဓာကိုယ်က ဦးတည်လာနေတဲ့ တွန်းလှည်းကို ရပ်ပေးပြီး လူ ၅ ယောက်ကို ကယ်တင်တဲ့ သဘောဖြစ်သွားပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစရာက သူ့အသက်ကိုတော့ရင်းလိုက်ရတာပေါ့နော်🙇‍♂️

💥 𝐓𝐫𝐨𝐥𝐥𝐞𝐲 𝐏𝐫𝐨𝐛𝐥𝐞𝐦 ရဲ့ဖြစ်ပွားမှုပုံစံတွေကို အပေါ်မှာ ဥပမာနဲ့တကွ ဖော်ပြပေးပြီးပါပြီ။ ဒါဆိုရင်တကယ်လက်တွေ့မှာ ဒီလိုပြဿနာမျိုးဖြစ်လာရင် ဘယ်လိုမျိုးလုပ်ရမလဲ၊  တခြားသူ‌တွေရဲ့အသက်ရော ထိခိုက်နိုင်လားဆိုတာ 𝐇𝐲𝐩𝐞𝐫𝐬🎓 လေးတွေ မေးခွန်းထုတ်နေကြ ပြီထင်ပါတယ်။


🖇 ဒီလိုမျိုး ပြဿနာတွေက ဘယ်အချိန် ဘယ်အခါမှာ ဖြစ်နိုင်လဲဆိုတာ ဘယ်သူမှ ကြိုပြောလို့မရပါဘူး။
ဒီလိုမျိုးပြဿနာရဲ့ အဖြေကို  𝐏𝐡𝐢𝐥𝐨𝐬𝐨𝐩𝐡𝐲 𝐅𝐨𝐨𝐭 က အခုလိုမျိုး ဖြေရှင်း‌ချက်လေးတစ်ခုပေးထားပါတယ် "တွန်းလှည်းပြဿနာ‌အတွက် ကိုယ်ပိုင် တုံ့ပြန်ချက်မှာ ကျင့်ဝတ်အရ လုပ်ဆောင်ချက်က အလုပ်သမားရဲ့ အသက်ကို စတေးရန် တွန်းလှည်းကို မောင်းခုတ်ရန်ဖြစ်ပြီး လူလေးဦးရဲ့ အသက်တွေကို ကယ်တင်ပေးခြင်းသာဖြစ်တယ်"။

💡𝐅𝐨𝐨𝐭 တင်ပြလိုက်တဲ့ ယူဆချက်ကို လူအများစုကတော့ သူတစ်ပါးရဲ့ အသက်ကို ထိပါးစေနိုင်တယ်လို့ စွဲချက်တွေတင်ကြပါတယ်။ ဘယ်လိုမျိုးလဲဆိုရင်  တွန်းလှည်းနဲ့ ပတ်သက်ပြီး အလုပ်လုပ်တဲ့ အလုပ်သမားတွေက "အသက်မ‌စတေးရဘဲနဲ့ ကာကွယ်နိုင်တဲ့ အချက်ရောရှိလား" ဆိုပြီးမေးခွန်းထုတ်လာကြပါတယ် ☑️

♻️ 𝐎𝐦𝐢𝐝 𝐏𝐚𝐧𝐚𝐡𝐢 လို့ခေါ်တဲ့ နောက်ထက် 𝐅𝐫𝐞𝐞𝐥𝐚𝐧𝐜𝐞 𝐒𝐜𝐢𝐞𝐧𝐜𝐞 𝐚𝐧𝐝 𝐏𝐡𝐢𝐥𝐨𝐬𝐨𝐩𝐡𝐲 𝐰𝐫𝐢𝐭𝐞𝐫 က 𝐓𝐫𝐨𝐥𝐥𝐞𝐲 𝐏𝐫𝐨𝐛𝐥𝐞𝐦 နဲ့ ပတ်သက်ပြီး ဒီယူဆချက်တွေအားလုံးက လုံးဝတရားမဝင်နိုင်ကြောင်းနဲ့ ဒီလိုမျိုးကိစ္စအတွက်တွေ လူ့ကျင့်ဝတ်ဆိုင်ရာ အကျပ်အတည်းတွေရှိလာနိုင်ပြီး ဆင်ခြင်တုံတရားနဲ့ အကျိုးအကြောင်းဆီလျော်မှုရှိတာကိုတော့ လက်ခံနိုင်ကြောင်း ထုတ်ဖော်လာပါတယ်။ ဒါပေမဲ့ 𝐓𝐫𝐨𝐥𝐥𝐞𝐲 𝐏𝐫𝐨𝐛𝐥𝐞𝐦 နဲ့ ပတ်သက်ပြီး အခုချိန်ထိ ပြီးပြည့်စုံတဲ့ ဖြေရှင်းချက်တွေတော့ မရှိသေးပါဘူး။ ဒီပြဿနာ‌အတွက် မျှော်လင့်နိုင်တာက‌တော့ဒဿနိကဗေဒဆိုင်ရာ ကိရိယာများနဲ့ သိပ္ပံနည်းလမ်းတွေကို အသုံးပြုခြင်းသာဖြစ်နိုင်ပါတယ်💯

Hypen Education

17 Nov, 11:53


💌အခုလို အသုံးဝင်စေမဲ့ Tips and Tricks လေးတွေကို အမြဲမပြတ် Sharing လုပ်ပေးနေတဲ့ Hypen page လေးကိုလည်း Like and Follow လုပ်ထားပြီး လာမဲ့ 2025 အတွက် ကြိုတင်ပြီး ကိုယ့်ကိုယ်ကိုယ် Improve ဖြစ်အောင်လုပ်သွားကြရအောင်နော် Hypers🎓 လေးတို့ရေ🤗

📌Hypen Main Channel
https://t.me/hypen_org

📌Hypen Facebook Page
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL

#ContentwriterbyMyintMyatPhyoandPyone
#GraphicDesignbyPan
#hypen_edu
#Social_anxiety

Hypen Education

17 Nov, 11:52


🍀ယုံကြည်မှုကို တည်ဆောက်ပါ 💪🌟

🌤️Positive thoughts တွေကို တစ်စတစ်စ တည်ဆောက်ရင်း ကိုယ့်ရဲ့ ယုံကြည်မှုကိုလည်း တိုးမြှင့်ပါ။ “𝘉𝘦𝘭𝘪𝘦𝘷𝘦 𝘪𝘯 𝘺𝘰𝘶𝘳𝘴𝘦𝘭𝘧, 𝘢𝘯𝘥 𝘺𝘰𝘶’𝘳𝘦 𝘩𝘢𝘭𝘧𝘸𝘢𝘺 𝘵𝘩𝘦𝘳𝘦.” ဆိုတဲ့ စကားလေးအတိုင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့သူဟာ ဘာပဲလုပ်လုပ် အောင်မြင်ပါတယ်။

🏃‍♀️ပြိုင်ပွဲတစ်ခုဝင်ပြိုင်ရင်တောင် ယုံကြည်မှုမြင့်မားတဲ့သူဟာ နိုင်ဖို့ 70% သေချာနေပါပြီတဲ့။ ဒီလိုပါပဲ လူတွေနဲ့ Interact လုပ်တဲ့ အချိန်လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိခြင်းအားဖြင့် Social Anxiety ကို 100% beat နိုင်မှာဖြစ်ပါတယ်ရှင်။

🎗️ဒီ‌လောက်ဆို Hypers🎓 လေးတို့လည်းအခုလို Anxiety တွေဖြစ်လာရင် စိတ်ရှည်သည်းခံပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ဘဲ ဘယ်လိုပုံစံနဲ့ ကျော်လွှားကြရမလဲဆိုတာကို သိသွားလောက်ပြီ ထင်ပါတယ်🤗

💁‍♀️ Social Anxiety ဆိုတာ ဒီနေ့ကု မနက်ဖြန်ပျောက်တဲ့ အရာမျိုးမဟုတ်ပေမဲ့ အခုပြောသွားတဲ့ နည်းလမ်းလေးတွေကိုသာ သေချာလေးကျင့်သုံးသွားမယ်ဆိုရင် ခဏလေးနဲ့ ပျောက်ကင်းသွားမှာ သေချာပါတယ် 💯လို့ ပြောရင်းအဆုံးသတ်လိုက်ပါတော့မယ်ရှင်🧘‍♀️

Hypen Education

17 Nov, 11:52


🍀“သူတစ်ပါးတွေက အမြဲကိုယ့်ကို စောင့်ကြည့်နေတယ်" ဆိုတဲ့အတွေးကို ပြင်ကြည့်ပါ 💬🧠

🦋ကိုယ်ထင်သလို၊ လူတွေက ကိုယ့်အကြောင်းကို အမြဲတစေ စောင့်ကြည့်နေကြတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ အတွေးလွန်စိတ်ကသာ အဲဒီလိုထင်အောင်လုပ်နေတာပါ။

ဒါကြောင့် သူများအပြစ်ပြောမှာကို ကြောက်နေတဲ့စိတ်တွေ၊ သူများ ကိုယ့်ကို တစ်မျိုးထင်သွားမလားဆိုတဲ့ စိတ်တွေကို အရင်ဆုံး အမြစ်ပျောက်အောင် ဖျောက်ပစ်ကြရပါမယ်။ ကိုယ်လုပ်စရာရှိတာကို အကောင်းဆုံးကြိုးစားလုပ်ကိုင်တဲ့သူကို ဘယ်သူမှ အပြစ်မမြင်ကြပါဘူး‌နော် 🥰

Hypen Education

17 Nov, 11:51


🍀 Social Anxiety ကိုလက်ခံကြည့်ပါ 🤗

🧘‍♀️လူတိုင်းမှာ စိုးရိမ်ရတဲ့ အခြေအနေဆိုတာရှိလာကြတာပါပဲ။ ဒီစိုးရိမ်စိတ်ကို လက်ခံပြီး အတတ်နိုင်ဆုံးကျော်လွှားဖို့ ကြိုးစားကြတဲ့လူတွေကိုတော့ စိုးရိမ်စိတ်ဟာ ကြာကြာအနိုင်မယူနိုင်ပါဘူး။

ဒါကြောင့် စိတ်ရှည်သည်းခံပြီး ကိုယ့်ရဲ့ Social Anxiety ကိုလက်ခံကြည့်ပါ။ ဒီလို ကိုယ့်ရဲ့ ခံစားချက်တွေကို လက်ခံလိုက်ခြင်းဟာ စိတ်သက်သာရာရစေနိုင်သလို ကိုယ်ဖြေရှင်းရမဲ့ အခက်အခဲတွေကိုလည်း အကောင်းဆုံးရင်ဆိုင်‌ဖြေရှင်းလာနိုင်မှာဖြစ်ပါတယ်✍️

Hypen Education

17 Nov, 11:50


Social Anxiety ဆိုတဲ့ အတွင်းစိတ်တွေကို လွှတ်ချပြီး တစ်ခါလောက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပေးလိုက်ကြရအောင်🌈🕊️

ဒါနဲ့ Social Anxiety ဆိုတာကရော ဘာကိုဆိုလိုတာလဲ🤷

Hypers🎓 လေးတို့ နားလည်လွယ်အောင် အရိုးရှင်းဆုံးပြောရမယ်ဆိုရင်တော့ Social Anxiety ဆိုတာက Social Phobia😱 ကြောက်ရွံ့မှု တစ်မျိုးပဲဖြစ်ပါတယ်။

✍️Social Anxiety ဆိုတာက လူအများနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါ လူတွေက မိမိအပေါ်ဘယ်လိုမြင်မလဲ၊ မိမိကို ဘယ်လိုထင်မြင်ချက်တွေပေးမလဲ ဆိုပြီး သူတစ်ပါးရဲ့ထင်မြင်ယူဆချက်‌တွေကို အတွေးလွန်ရင်း တစ်ပါးသူနဲ့ပြောဆိုဆက်ဆံရမှာကို ကြောက်ရွံ့လာပြီး စိုးရိမ်ပူပန်မှုတွေ ဖြစ်လာတတ်တဲ့ စိတ်ခံစားချက်တစ်မျိုးဖြစ်ပါတယ်။ 🥀

😰Social Anxiety ခံစားနေရတဲ့သူတွေက အခြားသူများထံမှ အဆိုးမြင်အကဲဖြတ်ခြင်းခံရမှာကို ကြောက်ရွံ့တတ်ကြပါတယ်။

Hypers🎓 လေးတို့ရော မိမိလည်း Social Anxietyကို ခံစားနေရပြီလား ဆိုပြီး သံသယဝင်နေကြပြီလား

ဒါဆိုရင်တော့ စိတ်မပူပါနဲ့ 🙅‍♀️

Hypen ကနေ Hypers🎓 လေးတို့အတွက် Social Anxiety ကို တကယ်ပဲခံစားနေရပြီလားဆိုတာကို သိအောင် ဆန်းစစ်နိုင်မဲ့ အရာလေးတွေကိုဖော်ပြရင်း Social Anxiety လို့ခေါ်တဲ့ Social Phobia ကို အနိုင်ယူနိုင်မဲ့ အလေ့ကျင့်လေးတွေကို မျှဝေပေးသွားမှာပါ🧸

✍️လူအများနဲ့ ပြောဆိုဆက်ဆံရတော့မဲ့အချိန်ကျရင် ချွေးထွက်လွန်လာခြင်း၊ တုန်လှုပ်ခြင်း နဲ့ နှလုံးခုန်နှုန်းမြန်လာခြင်း ကဲ့သို့သော လက္ခဏာတွေ၊ ကိုယ့်ကိုယ်ကိုယ် သတိမထားမိခြင်း၊ 👩‍⚖️အကဲဖြတ်ခံရမှာကို ကြောက်ရွံ့ခြင်း သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် အရှက်ရမိစေမဲ့ အရာတွေ လုပ်မိသွားမှာကို လိုတာထက်ပိုပြီး စိတ်ပူခြင်းလိုမျိုး သို့မဟုတ်
🧑‍🤝‍🧑👫လူအများနှင့် ပေါင်းသင်းဆက်ဆံရမှာကို ရှောင်ကြဉ်ခြင်း၊ 👀 သူတစ်ပါးနဲ့ စကားပြောရာတွင် မျက်လုံးချင်းဆုံပြီး မပြောနိုင်ခြင်း နဲ့ Communication Problem တွေကို ခံစားနေရပြီး အခုလိုမျိုးတွေ ပြုမူနေမိပြီဆိုရင်တော့ သင်ဟာ Social Phobia ကို အနည်းနဲ့အများ ခံစားနေရပြီဖြစ်ပါတယ်။

😰Social Anxiety ရဲ့ symptoms တွေကိုလည်း Hypers🎓 လေးတို့က သိပြီးပြီဆိုတော့ Social Phobia ကို အနိုင်ယူနိုင်မဲ့ အလေ့ကျင့်လေးတွေကို တူတူလေ့လာကြည့်လိုက်ရအောင်💁

Hypen Education

15 Nov, 11:30


3. 원숭이도 나무에서 떨어진다.

အဓိပ္ပာယ်လေးကတော့ ❝ မျောက်တောင်မှ သစ်ပင်ပေါ်က ပြုတ်ကျတတ်တယ် ❞ ပဲ ဖြစ်ပါတယ်။ ဆိုလိုချင်တာကတော့ လူတိုင်းအမှားလုပ်မိတတ်ကြတာမို့ အားမလျှော့ဘဲ ဆက်လက် ကြိုးစားကြဖို့ အားပေးတဲ့ စကားမျိုး ဖြစ်ပါတယ် 💪🏻

예: 원숭이도 나무에서 떨어진다니까 실수해도 괘찮아요.
🐵 မျောက်တောင်မှ သစ်ပင်ပေါ်က ပြုတ်ကျတတ်တာမို့လို့ အမှားလုပ်မိလည်း ရပါတယ်။

🎀 စိတ်ဝင်စားဖို့ကောင်းတဲ့ Idioms တွေကို အပတ်စဉ် ဝေမျှပေးသွားမှာမို့ Idioms Friday ကိုစောင့်ရင်း အသစ်သစ်သော Idioms လေးတွေကို အမြဲတမ်း 📚လေ့လာလို့ရ‌အောင် Hypen ရဲ့ Facebook page & Telegram channel တွေကို Like & Follow လုပ်ဖို့လည်း မမေ့ကြနဲ့ဦးနော် ‼️

❇️𝙃𝙮𝙥𝙚𝙣 𝙁𝙖𝙘𝙚𝙗𝙤𝙤𝙠 𝙋𝙖𝙜𝙚
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL

❇️𝙃𝙮𝙥𝙚𝙣 𝙈𝙖𝙞𝙣 𝘾𝙝𝙖𝙣𝙣𝙚𝙡
https://t.me/hypen_org

#ContentwriterbyShuneandPyone
#GraphicdesignbyHaru
#Idiom_Friday
#hypen_org

Hypen Education

15 Nov, 11:30


2. 입이 무겁다.

တိုက်ရိုက်ဘာသာပြန်မယ်ဆိုရင်တော့ "ပါးစပ်က လေးတယ်" ဆိုပြီး အဓိပ္ပာယ်သက်ရောက်ပါတယ်။
အဓိက ဆိုလိုရင်းကတော့ “လျှို့ဝှက်ချက်တွေကို  ထိန်းသိမ်းတဲ့နေရာမှာ တော်တယ်” လို့ ဆိုလိုချင်တာ ဖြစ်ပါတယ် 🕵🏻‍♀️

예 : 그 사람은 입이 무거워서 그는 믿을 수 있어요.
သူက လျှို့ဝှက်ချက်ကို ထိန်းသိမ်းတာ တော်တာမို့ သူ့ကိုဆို ယုံလို့ရတယ်👥

Hypen Education

15 Nov, 11:30


1. 낮말은 새가 듣고 밤말은 쥐가 듣는다.

သူ့ရဲ့ တိုက်ရိုက် ဘာသာပြန်ကတော့ ❝ နေ့စကားကို ငှက်က နားထောင်ပြီးတော့ ညစကားကိုတော့ ကြွက်က နားထောင်တယ် ❞ လို့ ပြန်ဆိုလို့ ရပါတယ်📜
မြန်မာစကားပုံဖြစ်တဲ့ ❝ နံရံ‌တိုင်းမှာ နားတွေရှိတယ် ❞  ဆိုတဲ့ ဆိုရိုးစကားနဲ့ အဓိပ္ပာယ် ‌ဆင်တူပါတယ်။

예 : 낮말은 새가 듣고 밤말은 쥐가 들으니까 말을 할 때는 조심해서 말하세요.
နံရံတိုင်းမှာ နားတွေရှိတာမို့လို့ စကားပြောမယ်ဆိုရင် သတိထားပြီးပြောပါ👂🏻

Hypen Education

15 Nov, 11:29


🚪ဒေါက် ဒေါက်...ဒေါက် !!!

အချိန်တွေ ကုန်ဆုံးတာက မြန်လိုက်တာနော်

🗓️တစ်ရက်ပြီး တစ်ရက် တရွေ့ရွေ့ကုန်ဆုံးရင်း ဘာလိုလိုနဲ့  🦒သစ်ကုလားအုတ် မဖြစ်‌ရုံတစ်မယ်
စောင့်မျှော်နေကြတဲ့ Hypers🎓 လေးတို့ရဲ့  𝐈𝐝𝐢𝐨𝐦 𝐅𝐫𝐢𝐝𝐚𝐲 တောင် တစ်ဖန်ပြန်လည် ရောက်ရှိလို့လာပါပြီ📑

ကဲ ဒီတစ်ပတ်မှာရော  Hypen ကနေ Hypers🎓 လေးတွေအတွက် ဘာ Idioms လေးတွေ မျှဝေပေးသွားမလဲဆိုတာ🤔 သိချင်နေကြပြီလား

👉 ဒီတစ်ပတ်ရဲ့ Idioms Friday မှာတော့ ကင်ချီမြေရဲ့ Idioms လေးတွေကိုမျှဝေပေးသွားမှာပါ

Hypen Education

14 Nov, 05:09


🌄ဟိုးအ‌ရှေ့အရပ်ဆီက မိုးကုတ်စက်ဝိုင်းထက်မှာ လောကတစ်ခွင်လုံးကို သူ့ရဲ့အလင်းရောင်ထွန်းညှိပေးဖို့ အချိန်မှန်မှန်နိုးထလာတဲ့ နေမင်းကြီးထွက်ပေါ်လာတာနဲ့အတူ ကျွန်မရဲ့ တစ်နေ့တာဟာလည်း စတင်ခဲ့ပါတယ်🔥

နိုးလာခါစပဲရှိသေးတယ် Ting…. ဆိုတဲ့အသံရဲ့နောက်မှာ you have a new message from… ဆိုတာလေးကြောင့် ဖွင့်ကြည့်ချင်စိတ်ကို တားမရခဲ့ပါဘူး👀

🔎အတန်းဖော်သူငယ်ချင်းဆီက ဝင်လာတဲ့ Message ဖြစ်ပြီး အကြောင်းအရာကတော့ ဒီလိုလေးပါ👀

❝ငါ့ချစ်သူနဲ့ ပြတ်သွားကြပြီဟာ…
တစ်ယောက်နဲ့တစ်ယောက် နားလည်မှုမပေးနိုင်ကြတော့ နောက်ဆုံးအပြီးတိုင်ခွဲခွာတဲ့လမ်းကိုပဲ ရွေးလိုက်ကြရတော့တယ်💔

သူမရှိတော့တဲ့နောက်မှာ ငါ့ဘဝကတဖြည်းဖြည်းချင်း ပိုပိုပြီးဆိုးလာတယ်🥺

တစ်ယောက်ထဲရှိနေတဲ့အချိန်တွေဆို တကယ့်ငရဲလိုပဲ သူ့အကြောင်းကလွဲလို့ တခြားဘယ်အရာကိုမှ စဉ်းစားလို့မရဘူး💦

ဘာကိုမှ စားချင်စိတ်လဲမရှိ၊ ဘယ်မှလဲမသွားချင်၊ ဘယ်သူနဲ့မှလဲစကားမပြောချင်နဲ့ ညဖက်တွေဆို ခေါင်းအုံးအစိုကြီးနဲ့ပဲ အမြဲတမ်းအိပ်ရာဝင်နေရတာ😭

မနက်မနက်ဆို မျက်လုံးတွေ တအားစပ်တာပဲသူငယ်ချင်းရယ်၊
အတိတ်ကအတူရှိခဲ့ဖူးတဲ့အချိန်တွေဆီပဲ စိတ်ကပြန်ပြန်ရောက်နေလို့ ဒီစိတ်နဲ့ကြာရင် ငါရူးတော့မှာပဲ😑

သင်တန်းတွေလဲ တက်ရတာစိတ်မပါတော့ဘူး စာတွေလဲမလုပ်ချင်တော့ဘူး ချစ်တဲ့သူနဲ့ ကွေကွင်းရတဲ့နောက်မှာ ငါဘယ်လိုရှင်သန်ရမလဲဟင်

🌟အဲဒီစာလေးကို ဖတ်ပြီးပြီးချင်းပဲ ညတုန်းက New feed ပေါ်မှာ ဖတ်ခဲ့ရတဲ့ The art of moving on ဆိုတဲ့ အကြောင်းအရာနဲ့ ဆွေးနွေးသွားကြမဲ့ Hypen ရဲ့ Speaking Club လေးရှိ‌နေတာကို သတိရလိုက်မိတယ်💡

ဆိုတော့...ကျွန်မ သူ့ကို ဒီအတိုင်းလေး reply ပြန်‌လိုက်ပါတော့တယ်

❝ ငါနားလည်ပါတယ် သူငယ်ချင်းရယ် ၊ နင် ဒီတစ်ယောက်နဲ့ အချိန်အကြာကြီး နားလည်မှုတွေနဲ့ လက်တွဲခဲ့ကြတာဆိုတော့ လွယ်လွယ်နဲ့တော့ မေ့မရနိုင်ဘူးပေါ့🥲 ဒါပေမဲ့ ငါတို့ရဲ့ အိပ်မက်တွေ၊ အနာဂတ်တွေကို အကောင်အထည်ဖော်နိုင်အောင် ကြိုးစားကြရအုံးမယ်လေ👊🏽

ပြီးတော့ ငါတို့က အခုအရွယ်မှာ ရင့်ကျက်မှုတွေ လိုအပ်နေသေးသလို၊ အသိပညာ ဗဟုသုတတွေလည်း ဖြည့်တင်းဖို့ လိုသေးတယ်လေ💥

🌊 "There are plenty of fish in the sea"ဆိုတဲ့ စကားပုံလေးလိုပဲ ဒီတစ်ယောက်နဲ့ ခွဲလိုက်ရတာဟာ ပိုကောင်းတဲ့ သူတွေနဲ့ တွေ့ဆုံရဖို့အတွက် ဖြစ်တယ်လို့ပဲ ယူဆလိုက်ပါ သူငယ်ချင်းရယ်🤍 နင့်ဘေးမှာ ငါအမြဲ ရှိနေတယ်နော်🫂

ဪ...ပြီးတော့ ဒီအပတ် တနင်္ဂနွေနေ့မှာ Hypen ကနေပြီးတော့ "The art of moving on" ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ဆွေးနွေးသွားကြမဲ့ Club လေးရှိတယ် 🌈

ငါပြောပြတာတွေက မဖြစ်စလောက်လေးနဲ့ လက်လှမ်းမီသလောက်ပဲ ပြောနိုင်တာလေ🥴 Hypen English Speaking Club မှာဆိုရင် move on ရမဲ့နည်းလမ်းတွေကို သေချာပြောပြပေးမှာဖြစ်ပြီး ဘာကြောင့် move on လုပ်ဖို့ လိုတာလဲ⁉️ စတဲ့ အကြောင်းအရာတွေကိုပါ အသေးစိတ်ပြောပြပေးမှာမို့ နင်မဖြစ်မနေ join သင့်တယ် သူငယ်ချင်း🔥

အခု နင်ကြုံနေရတဲ့ အခြေအနေနဲ့လည်း လုံးဝအဆင်ပြေ အိုကေပဲ၊ သူ့ကြောင့် စိတ်ညစ်ရမဲ့အချိန်‌တွေမှာ ကိုယ့်ရဲ့ speaking skill တွေတိုးတက်အောင် ပြောင်းလဲပစ်လိုက်စမ်းပါ🔥 အတွေးမှားမနေဘဲနဲ့ ငါနဲ့ တူတူ အဲ့ Club ကို join ကြရအောင်နော်

ကဲ...Hypers🎓 လေးတို့ထဲမှာရော ဒီဖြစ်ရပ်ထဲကလိုမျိုး လောလောလတ်လတ် အသည်းကွဲနေကြသူတွေ ရှိကြလား👀 ကိုယ်တိုင်ကပါ ဒီဖြစ်ရပ်ထဲက သူငယ်ချင်းလိုမျိုး ဖြစ်နေပြီလား⁉️

Move On လုပ်တယ်ဆိုတာ တစ်ချိန်ချိန်မှာ မဖြစ်မနေကြုံတွေ့ရမဲ့ ကိစ္စပါနော်🙃 ကိုယ်တိုင်မဟုတ်ရင်တောင် ကိုယ့်ရဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေကို move on နိုင်မဲ့ နည်းလမ်းကောင်းတွေပေးနိုင်ဖို့အတွက်ဆိုရင်တော့ ဒီ club လေးက Hypers🎓 လေးတို့ လုံးဝလက်မလွှတ်သင့်တဲ့ Club လေးပါပဲနော်🥳

Hypen English Speaking Club Time~
📆Date : 17.11.2024
🕰️Time : 8:00 PM - 9:30 PM
📌Topic : The Art Of Moving On
💻Platform : Zoom

Hypers🎓 လေးတို့ရဲ့ ရင်တွင်းခံစားချက်တွေနဲ့ အတွေ့အကြုံလေးတွေကို မျှဝေရင်း English Speaking Skill ကိုပါ တစ်ဆင့်မြှင့်တင်ဖို့အတွက်ဆိုရင် ဒီ Link 🖇️ လေးကို join ထားဖို့ လိုပါမယ်နော်🤗

Speaking Club Channel Link 🖇️
https://t.me/+2r9q0GIZZ-w3ZGM1

Hypers🎓 လေးတို့ရဲ့ နှလုံးသားရေးရာကို ကုစားဖို့ လိုတဲ့အခါမှာဖြစ်စေ၊ ပညာရေးအတွက် အကြံဉာဏ်တွေ လိုအပ်နေတဲ့အခါဖြစ်စေ အမြဲအသင့်ရှိနေတဲ့ Hypen Page & Telegram Channal ကို Like & Follow လုပ်ထားလိုက်ပါတော့နော်😍

Hypen Facebook Page-
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL

Hypen Education Channel- https://t.me/hypen_edu

#ContentwriterbyH13INandTarEh
#GraphicDesignbySuuLae
#TheArtOfMovingOn
#hypen_org

Hypen Education

13 Nov, 02:42


Hello Hypers🎓 လေးတို့ရေ အခုဆိုရင် Hypen ရဲ့ Education Class လေးတွေအကုန်လုံး ယနေ့ ညနေ 4:00PM ဆိုရင် form လေးတွေပိတ်တော့မှာပဲဖြစ်​ပါတယ်ရှင့်။ ဒါကြောင့် Hypers🎓 လေးတို့ အနေနှင့် Hypen ရဲ့ free class လေးတွေကို သင်ယူဖို့ form ဖြည့်ချင်တယ်ဆိုရင် ယနေ့ နေ့လည် 4:00PM မတိုင်ခင်အထိ ဖြည့်လို့ရပါသေးတယ်နော်။ 🙋

Registration Form လေးတွေ
ဖြည့်ပြီးပြီဆိုလျှင် Hypen ရဲ့ Page Messenger ၊ သို့မဟုတ် Telegram Channel မှာပဲဖြစ်ဖြစ် မိမိအဆင်ပြေ
သည့်နေရာမှာ Registration Form
ဖြည့်ထားပြီးကြောင်း Ss လာပြလို့ရပါတယ်ရှင့်။ ထိုအခါ သက်ဆိုင်ရာ Admin တွေက Hypers🎓လေးတို့ကို Main Hall link လေး ချပေးမှာဖြစ်ပါတယ်ရှင့်။

Registration Form လဲဖြည့်ပြီးပြီ၊ Ss လဲပြပြီးပေမဲ့ Main Hall ထဲ မရောက်သေးဘူးဆိုလျှင်လဲ လာပြောလို့ရပါတယ်ရှင့်။🏃‍♀️

ယနေ့ ညနေ 4:00PM အချိန်ဆိုရင် Form များ အားလုံးပိတ်တော့မည်ဖြစ်သောကြောင့် ကိုယ်တက်ရောက်၊ တတ်မြောက် ချင်တဲ့အတန်းလေးတွေကို တက်ရဖို့ အခုပဲ မြန်မြန်လေး Registration Form လေးတွေ
ဖြည့်ပေးဖို့ သတိပေးအပ်ပါတယ်ရှင့်။ 🙆‍♀🤍

Language Class Post -
https://t.me/hypen_org/2509

Korean & Other Classes Post -
https://t.me/hypen_org/2523

Kid Class Post -
https://t.me/hypen_org/2545

Hypen Education

12 Nov, 10:34


အခုလို အမျိုးသားပညာရေးရက်သတ္တပတ်အဖြစ် သတ်မှတ်ထားခြင်းဟာ ပညာရေး၏တန်ဖိုးနှင့် နိုင်ငံတစ်ဝှမ်း တိုးတက်စေရန်အတွက် ဆက်လက်ကြိုးပမ်းအားထုတ်မှုများအပေါ် ပြန်လည်သုံးသပ်ရမဲ့အချိန်တစ်ခုအဖြစ် ရည်ရွယ်ခဲ့တာမို့ Hypers🎓 လေးတို့အနေနဲ့လည်း ကြိုးစားကြဖို့ Hypen Org ကနေ တိုက်တွန်းလိုက်ရပါတယ်နော် 🫶❤️

အခုလို ပညာရေးရဲ့ အရေးပါပုံကို Hypers🎓 လေးတို့ အရင်ကသိခဲ့တာတွေနဲ့အတူ Hypen က ဝေမျှလိုက်တဲ့အချက်တွေကိုပါ ဖတ်ရှုလိုက်ရတော့ ပိုမိုသိရှိသွားမယ် မျှော်လင့်ပါတယ်။ နောက်ထပ်လည်း Hypers🎓 လေးတို့ သိရှိထားတဲ့ ဗဟုသုတတွေအပြင် ပိုမိုကျယ်ပြန်တဲ့ အသိပညာတွေကို ဝေမျှပေးသွားဖို့ ရှိသေးတာမို့ Hypen Org ရဲ့ Platform တွေကို See First လုပ်ထားဖို့ မမေ့ပါနဲ့ဦးနော် 🪄

Hypen Facebook Page -
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL

Hypen Telegram Channel -
https://t.me/hypen_org

#ContentwriterbyShuneandSandar
#GraphicDesignbyY
#NationalEducationWeek
#hypen_org

Hypen Education

08 Nov, 11:36


2. ยิ่งจับยิ่งลื่น ( ယင်းကျက်(ပ်)ယင်းလင်း(န်) )
လုပ်လေဆိုးလေ(ပိုဖြေရှင်းဖို့ကြိုးစားလေ ပိုရှုပ်လေ)
ဆိုတဲ့ အဓိပ္ပါယ်လေးပဲဖြစ်ပါတယ်။
Hypers🎓 လေးတို့မြင်အောင် ပြောရမယ်ဆိုရင် သူမရဲ့အချစ်ကို ရဖို့ကြိုးစားပေမဲ့ ဘယ်လောက်ကြိုးစား၊ ကြိုးစား မအောင်မြင်ပါဘူး😮‍💨 ဆိုတာကိုလည်း သုံးလို့ရပါတယ်။
Example
ระบบนี้ยิ่งจับยิ่งลื่น แก้ปัญหาเท่าไหร่ก็ไม่ได้
( လဘို့နိ ယင်းကျက်(ပ်)ယင်းလင်း(န်) ကဲ့ပန်ဟာထောက်ရိုင်ကော မိုက်ဒိုက် )
💫ဒီ system က လုပ်‌လေဆိုးလေးပဲ၊ဘယ်လောက် ကြိုးစားလုပ်လုပ် မရနေဘူး ဆိုတဲ့ အဓိပ္ပာယ်လေးပဲ ဖြစ်ပါတယ်။

💁ဒီလိုမျိုး ထိုင်း idiom လေးတွေကို သိပြီး ထိုင်းမင်းသားလေးတွေကို ခြွေချင်ရင်တော့😉 Hypen Org ကို Like and Follow လေးလုပ်ပေးကြပါဦးဗျို့ 💌|

𝐇𝐲𝐩𝐞𝐧 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL

𝐇𝐲𝐩𝐞𝐧 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://t.me/hypen_edu

#Hypen_Org
#ContentwriterbyellaandTarEh
#GraphicDesignbyZinThaw
#Friday_Idiom

Hypen Education

08 Nov, 11:35


1. กล้วยๆ (ကလွေ့ကလွေ့) (လွယ်လွယ်လေး)

ပထမဆုံး Idiom လေးကို မပြောခင် သိထားသင့်တာလေး အရင်ပြောပြပေးပါမယ်နော်🤭
Hypers🎓 လေးတို့ရေ ငှက်ပျောသီးကို ထိုင်းလို กล้วย (ကလွေ့) လို့ ခေါ်ပါတယ်။
💫အဲဒီစကားလုံး‌လေးကို နှစ်ခါထပ်ပြီး กล้วยๆ (ကလွေ့ကလွေ့) လို့ ပြောလိုက်တဲ့အခါမှာတော့ သူ့ရဲ့ အဓိပ္ပာယ်က "လွယ်လွယ်လေး" (ငှက်ပျောသီးအခွံနွှာသလို လွယ်တယ်) လို့ ပြောချင်တာဖြစ်ပါတယ်💌

🗣️ ပုံမှန်အားဖြင့်ဆိုရင်တော့ လွယ်လွယ်လေးဆိုတဲ့ အဓိပ္ပာယ်ကို ง่ายๆ ( ငိုင့်ငိုင့် ) ဆိုပြီး သုံးကြပြီးတော့ Idiom အနေနဲ့ ဆိုရင် กล้วยๆ (ကလွေ့ကလွေ့) "လွယ်လွယ်လေး" လို့ သုံးကြပါတယ်နော်💯

🤎 ဒီ Idiom လေးကတော့ ဘယ်လိုကိစ္စမဆို ရဲရဲရင့်ရင့်ကျော်ဖြတ်ကြမဲ့ Hypen ရဲ့ Hypers🎓 လေးတို့ အခါအခွင့်သင့်တိုင်း ပြန်သုံးနိုင်ဖို့ရာ မဖြစ်မနေသိထားသင့်တဲ့ Idiom လေးတစ်ခုပါပဲနော်😎

Hypen Education

08 Nov, 11:35


ဒန် ဒန့် ဒန်.....အစဉ်အလာမရိုင်းတဲ့ သောကြာနေ့တိုင်းရဲ့ Idioms Friday အစီအစဉ်လေး လာပါပြီဗျာ🎉 Hypers🎓 လေးတို့ရေ🤩
ဒီအပတ်မှာတော့ ထိုင်း Idiom လေးနှစ်ခုကို Hypers🎓 လေးတို့အတွက် Sharing လုပ်ပေးသွားပါမယ်ဗျာ🤗

Hypen Education

07 Nov, 12:46


❝ ပြုပြင်ပြောင်းလဲ သုံးစွဲခြင်း...🔍 ‌❞

ကျွန်တော်တို့ ကမ္ဘာကြီးဟာ နေ့စဉ်နဲ့အမျှ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ရင်ဆိုင်ကျော်ဖြတ်နေရပါတယ်။ လူဦးရေ တိုးပွားလာတာနဲ့အမျှ မိခင်ကမ္ဘာမြေကြီးအတွက်လည်း အန္တရာယ်တွေ တစ်စတစ်စ ပိုပြီး များပြားလာပါတယ်🚨

ဒါတွေရဲ့ အဓိက တရားခံကတော့ ကျွန်တော်တို့ လူသားတွေ‌ကြောင့်ပါပဲ‌။ ဥပမာ ရာသီဥတုပြောင်းလဲလာတာ၊ ကမ္ဘာကြီးပူနွေးလာတာတွေဟာ လူသားတွေရဲ့ မိခင်ကမ္ဘာမြေကြီးကို တန်ဖိုးမထားတတ်မှုကြောင့်ပါ။ သူမ ပြောင်းလဲသွားတာကတော့ ကျွန်တော်တို့ အပြစ်မဟုတ်ပါဘူးခင်ဗျာ 🫂

❝ Recycling ❞ " ပြန်လည်အသုံးပြုခြင်း " ဆိုတာဘာလဲ။ နေ့စဉ်နဲ့အမျှ ပြန်လည်အသုံးပြုလို့ရနိုင်တဲ့ ပစ္စည်းတွေကို  ပြန်လည်အသုံးပြု၊ အသုံးချခြင်းပါ။စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးချခြင်းဖြင့် ပတ်ဝန်းကျင်သန့်ရှင်းလှပကာ ကမ္ဘာကြီးလည်း ပိုမိုကျန်းမာလာစေပြီး ပူနွေးမှုကိုလည်း လျှော့ချနိုင်မဲ့အပြင် အောက်ပါအကျိုးကျေးဇူးတွေကိုလည်း ထပ်တိုးရရှိနိုင်မှာပါ💯

📌 သဘာဝအရင်းအမြစ်ထိန်းသိမ်းစောင့်ရှောက်ခြင်းအပါအဝင် စွမ်းအင်ချွေတာမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချစေနိုင်ပါတယ်။
📌ပြန်လည်ပြုပြင်ပြီးပစ္စည်းအသစ်တွေ တီထွင်နိုင်သောကြောင့် လုပ်ငန်းအခွင့်အလမ်းတွေပိုတိုးစေနိုင်ပါတယ်။
📌စုပေါင်းအဖွဲ့အစည်းဆက်နွယ်မှုကြောင့် လှုမှုပတ်ဝန်းကျင်အကျိုးကျေးဇူးတွေလည်း ရရှိနိုင်ပါတယ်။

Coffee အိတ်အခွံလေးတွေနဲ့ လက်ကိုင်ခြင်းတောင်းလေးတွေ ဖန်တီးတာမျိုး‌၊ ယခုလိုတိုးတတ်နေတဲ့ခေတ်ကာလမှာ ရေသန့်ဗူးခွံတွေကို အသုံးပြုပြီး အဝတ်အစားတွေကိုပါ ထုတ်လုပ်နိုင်ကြတာကိုလည်း Hypers🎓 လေးတို့မြင်ဖူးကြမှာပါ👀

ဒါဟာ သူ့နည်းသူ့ဟန်နဲ့ ပတ်ဝန်းကျင် စောင့်‌ရှောက်မှုလေးတစ်ခု ဖြစ်သလို၊ ပြောင်မြောက်လှတဲ့ လက်မှုပညာတစ်ခုဆိုလည်း မမှားပါဘူး။ စီးပွားရေးကို ဆန်းသစ်ဖွံ့ဖြိုးတိုးတက်စေတဲ့အပြင် သဘာဝပတ်ဝန်းကျင်ကိုပါ အကျိုးပြုစေတဲ့ recycling  ပါ♻️

ဒီလိုမျိုး ပြန်လည်အသုံးပြုခြင်းတွေကနေ ကျွန်တော်တို့ဘဝအတွက်ရော မိခင်ကမ္ဘာမြေကြီးအတွက်ပါ ဘယ်လိုအကျိုးကျေးဇူးတွေ ပြန်ရနိုင်လဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး ဒီအပတ်ရဲ့ English speaking club မှာ စုံစုံလင်လင် သိရအောင် ဆွေးနွေးသွားကြမှာပါ 🎉

𝙃𝙮𝙥𝙚𝙣 𝙀𝙣𝙜𝙡𝙞𝙨𝙝 𝙎𝙥𝙚𝙖𝙠𝙞𝙣𝙜 𝘾𝙡𝙪𝙗 𝙏𝙞𝙢𝙚𝙡𝙞𝙣𝙚 ~
🗓 𝐃𝐚𝐭𝐞       : 10. 11. 2024
🕰 𝐓𝐢𝐦𝐞      : 8 P.M - 9:30 P.M
📍 𝐓𝐨𝐩𝐢𝐜.    :  The Importance Of Recycling In Our Lives
💻 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦: Zoom

သူမကို လွမ်းနေရင်းနဲ့ Hypers 🎓 လေးတို့ရဲ့ Speaking Skill ကို တစ်ဆင့် မြှင့်တင်ဖို့အတွက် ဒီ Link လေးကိုလည်း join ထားဖို့ လိုမယ်နော် 👀

Speaking Club Channel Link 🪄
https://t.me/+2r9q0GIZZ-w3ZGM1

Hypen ဟာ သူမလိုလည်း မရက်စက်တတ်တဲ့အပြင် Knowledge sharing တွေ ၊ Speaking club တွေနဲ့ အမြဲ ပျော်စရာတွေကိုပဲ Hypers 🎓 လေးတို့ဆီကို ယူဆောင်လာပေးနေကြမို့ နောက်ထပ်အကြောင်းအရာအသစ်တွေကိုလည်း လက်မလွတ်ရလေအောင် Hypen Page & Telegram channel ကို Like& Follow လုပ်ဖို့လည်း မမေ့ပါနဲ့ဗျ ‼️

Hypen Facebook Page -
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL

Hypen Education Channel-
https://t.me/hypen_edu

#ContentwriterbyMyaKhatMonandThaeHsuHlaing
#GraphicDesignbyEaindraKo
#TheImportanceOfRecyclingInOurLives
#EnglishSpeakingClub
#hypen_org

Hypen Education

07 Nov, 05:34


𝗖𝗹𝗮𝘀𝘀 𝗖𝗼𝗱𝗲 : Kid K13A
𝗡𝗮𝗺𝗲 : Tr.Shoon
𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 : Korean
𝗟𝗲𝘃𝗲𝗹 : Basic
𝗖𝗼𝘂𝗿𝘀𝗲 : 한글학교 한국어1
𝗧𝗶𝗺𝗲𝘁𝗮𝗯𝗹𝗲 : Wed to Fri ( 7:00 PM - 8:00 PM)
𝗗𝘂𝗿𝗮𝘁𝗶𝗼𝗻 : 2.5 Months or 3 Months
𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺 : Zoom
𝗚𝗿𝗼𝘂𝗽𝘀 : Homework
𝗦𝘁𝘂𝗱𝗲𝗻𝘁 𝗟𝗶𝗺𝗶𝘁 : 25

◾️𝗖𝗹𝗮𝘀𝘀 𝗙𝗼𝗿𝗺𝗮𝘁 : 

ကိုရီးယားဘာသာစကားကို အခြေခံလုံးဝမရှိပေမဲ့ စိတ်ဝင်စားတယ်ဆိုတဲ့ ကလေးတို့ တက်ရောက်နိုင်တဲ့ Class လေး ဖြစ်ပါတယ်🤘

ဒီအတန်းလေးမှာ အခြေခံဗျည်းတွေ၊ သရတွေ၊ အသတ်တွေအပြင် အသုံးဝင်မဲ့ Meaning တွေကိုပါ ထည့်သွင်းသင်ကြားပေးသွားမှာပါ။ Meaning တွေကို မေ့မသွားအောင် ပုံလေးတွေနဲ့ Practice လုပ်တာအပြင် Matching Exercise တွေနဲ့ပါ လေ့ကျင့်ပေးသွားမှာပါနော်🤜🤛

 ဒါ့အပြင် ရေးနည်းတွေ၊ အသံထွက်နည်းတွေကအစ အသေးစိတ် သင်ပေးသွားမှာဖြစ်ပါတယ်။ သင်ခန်းစာတစ်ခုပြီးတိုင်း Quiz လေးတွေ ဖြေခိုင်းမှာမို့ ပျင်းစရာမကောင်းစေမှာ အမှန်ပါ။ သင်ခန်းစာအနေနဲ့ စုစုပေါင်း Lesson 10 ခန်း ရှိပါတယ်။ စာနည်းနည်း၊ ပုံများမျာနဲ့ လေ့လာရမှာမို့ ငြီးငွေ့မှာလည်း စိတ်ပူစရာ မလိုပါဘူးနော်။  Lesson 5 ခု ပြီးရင် Mid Term လေး ရှိမှာဖြစ်ပြီး အိမ်စာလေးတွေလည်း ရှိမှာပါ။ သင်ခန်းစာအကုန်လုံး ပြီးဆုံးသွားပြီဆိုရင်တော့ Final Exam ဖြေဆိုရမှာ ဖြစ်ပြီး Certificate ပါ ပေးအပ်သွား မှာပါ🎓

Youtube Video တွေကို ပြသပေးပြီး Classmate အချင်းချင်း ရင်းနှီးအောင်လည်း စကားပြောရင်း၊ စာသင်ရင်း သင်ကြားရမှာဖြစ်လို့ ကိုရီးယားဘာသာစကားသင်ရင်း ပျော်ကြမယ်၊ ရွှင်ကြမယ်အစီအစဥ်လေးမှာ အခုပဲ ပါဝင်လိုက်တော့နော်👀

Hypen Education

07 Nov, 05:34


𝗖𝗹𝗮𝘀𝘀 𝗖𝗼𝗱𝗲 : Kid E13E
𝗡𝗮𝗺𝗲 : Tr.Nay Chi
𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 : English for Kids
𝗟𝗲𝘃𝗲𝗹 : Intermediate and Upper 
𝗖𝗼𝘂𝗿𝘀𝗲 : Speaking & Reading for Kids
𝗧𝗶𝗺𝗲𝘁𝗮𝗯𝗹𝗲 : Sat & Sun (4:00 PM - 5:00 PM)
𝗗𝘂𝗿𝗮𝘁𝗶𝗼𝗻 : 1 Month
𝗚𝗿𝗼𝘂𝗽𝘀 : Homework
𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺 : Zoom
𝗦𝘁𝘂𝗱𝗲𝗻𝘁 𝗟𝗶𝗺𝗶𝘁 : 25


◾️𝗖𝗹𝗮𝘀𝘀 𝗙𝗼𝗿𝗺𝗮𝘁 :

 ဒီ Class လေးကိုတော့ဖြင့်  Speaking နဲ့ Reading ကို ကလေးတို့အနေနဲ့  အခြေခံကစပြီး လေ့လာနိုင်စေဖို့အတွက် စီစဥ်ပေးထားပါတယ်🙆‍♂️

Speaking နဲ့ Reading ပိုင်းမှာ တဖြည်းဖြည်း တိုးတက်လာစေဖို့ သင်ခန်းစာတွေကို သေချာလေးပြင်ဆင်ပေးထားမှာဖြစ်တာကြောင့် အထောက်အကူဖြစ်စေမှာ အသေအချာပါ။ ဒါ့အပြင် စကားလုံးအသစ်တွေကိုလည်း လေ့လာရမှာဖြစ်ပြီး Reading Tasks တွေနဲ့ Speaking Practice တွေလည်း ထည့်သွင်းသင်ကြားသွားမှာမို့ တိုးတက်မှုရှိလာနိုင်မှာ ဧကန်ပါနော်။ 

Games တွေအပြင် Power Point Slides တွေနဲ့ Reading & Speaking ကို Boost လုပ်ပေးမှာမို့ စိတ်ဝင်စားပြီး Join ချင်တဲ့ ကလေးတို့ကို အပြေးလေးလှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါရစေ💃

Hypen Education

07 Nov, 05:33


𝗖𝗹𝗮𝘀𝘀 𝗖𝗼𝗱𝗲 : Kid E13D
𝗡𝗮𝗺𝗲 : Tr.Megan
𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 : English For Kids
𝗟𝗲𝘃𝗲𝗹 : Beginner
𝗖𝗼𝘂𝗿𝘀𝗲 : Grammar One By Jennifer Seidel
𝗧𝗶𝗺𝗲𝘁𝗮𝗯𝗹𝗲 : Sat & Sun (7:30PM - 9:00PM)
𝗗𝘂𝗿𝗮𝘁𝗶𝗼𝗻 : 2.5 Months 
𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺 : Zoom

◾️𝗖𝗹𝗮𝘀𝘀 𝗙𝗼𝗿𝗺𝗮𝘁 : 

Grammar ကို အခြေခံကစပြီး လေ့လာနိုင်စေဖို့နဲ့ Own Sentence တွေ တည်ဆောက်နိုင်ဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်မဲ့ Class လေး ဖြစ်ပါတယ်🎉

ကလေးတို့အနေနဲ့ Grammar အပြင် Vocabulary တွေကိုပါ လေ့လာရမှာဖြစ်ပြီး Unit တစ်ခုပြီးတိုင်း Exercise တွေ ပါဝင်တာမို့ လေ့ကျင့်ပြီးသား ဖြစ်နေမှာပါ။ Test တွေလည်း ရှိတဲ့အတွက် သင်ခန်းစာတွေကို နားလည်၊ မလည် စစ်ဆေးနိုင်တာပေါ့နော်📝

Games တွေ၊ Short Stories တွေပါ ပါဝင်ပြီး Reading နဲ့ Speaking ကို ထပ်ဆောင်း လေ့လာလို့ရမဲ့ Class ဖြစ်တာကြောင့် Join လိုက်ကြပါတော့ဗျို့ 📢

Hypen Education

07 Nov, 05:33


𝗖𝗹𝗮𝘀𝘀 𝗖𝗼𝗱𝗲 : Kid E13B
𝗡𝗮𝗺𝗲 : Tr Katherine
𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 : English
𝗟𝗲𝘃𝗲𝗹 : Beginner
𝗖𝗼𝘂𝗿𝘀𝗲 : Canva Slides (References from    Oxford book and own curriculum)
𝗧𝗶𝗺𝗲𝘁𝗮𝗯𝗹𝗲 : Mon, Tue ( 7:00pm - 8:00pm ) 
𝗗𝘂𝗿𝗮𝘁𝗶𝗼𝗻 : 3 months
𝗦𝘁𝘂𝗱𝗲𝗻𝘁 𝗟𝗶𝗺𝗶𝘁 : 25
𝗚𝗿𝗼𝘂𝗽𝘀 : Channel and Conversation 
𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺 : Zoom

◾️𝗖𝗹𝗮𝘀𝘀 𝗙𝗼𝗿𝗺𝗮𝘁 :
 
🍀 ဒီအတန်းလေးကတော့ English ကို အခြေခံမရှိလို့ ဘယ်ကစသင်ရမလဲမသိဘူးဆိုပြီး လမ်းပျောက်နေတဲ့ ကလေးလေးတွေ အပြင် English နဲ့လုံးဝအထိအတွေ့မရှိသေးတဲ့ ကလေးလေးတွေပါ တက်ရောက်သင်ယူနိုင်မဲ့ English beginner level class လေးပဲဖြစ်ပါတယ်။

👩‍🏫ဒီအတန်းမှာ သင်ကြားပေးမဲ့  Tr က ကလေးလေးတို့ သင်ကြားရမဲ့သင်ခန်းစာတွေကို အလွယ်တကူမှတ်မိနိုင်ပြီး ဦးနှောက်ထဲ‌စွဲနေအောင်လို့ Tr ကိုယ်တိုင်ပြင်ဆင်ထားတဲ့ class slide တွေ၊ ကဗျာတွေ ကို အသုံးပြုသင်ကြားပေးသွားမှာပါ။
ဒါ့အပြင် စကားပြောရာမှာ  ကြောက်ရွံ့မှုမရှိစေဘဲ ရင်းနှီးမှုတွေတိုးတက်လာအောင် Tr နဲ့ ကလေးလေး‌တွေ အပြန်အလှန်ဆွေးနွေးရင်း လေ့လာသင်ယူရမှာဖြစ်ပါတယ်။🗣️

📚တစ်နေ့သင်ခန်းစာတစ်နေ့မှတ်မိအောင် homework တွေလုပ်ရမှာဖြစ်ပြီး
လေ့လာသင်ယူထားတဲ့ သင်ခန်းစာတွေကို မမေ့ရလေအောင် တစ်လတစ်ခါ recap homework တွေလည်း ပေးသွားဦးမှာဖြစ်ပါတယ်။
Homework တွေရှိလို့ဘယ်လိုလုပ်ရမလဲဆိုပြီး စိတ်မပူပါနဲ့ 🙅‍♀️ Tr က သေချာရှင်းပြပေးသွားမှာပါ။

✍️တစ်ပတ်မှာ နှစ်ရက်ပဲတက်ရတဲ့ အတန်းလေးကို ‌ပုံမှန်လေးတက်ပြီး Tr ပေးတဲ့ homework တွေကိုလည်း သေချာလုပ်တယ်ဆိုရင်တော့ 3 လ အချိန်ပေးရုံနဲ့ နေ့စဉ်အသုံးပြုနေရတဲ့ ဝေါဟာရ(vocabularies)၊ အခြေခံသဒ္ဒါ(Basic Grammar)၊စာကြောင်းတည်ဆောက်ပုံ အစရှိတာတွေကို နားလည်သဘောပေါက်ပြီး
လက်တွေ့မှာ အခက်ခဲမရှိ အသုံးပြုနိုင်သွားမှာဖြစ်ပါတယ်။🥳

👧ကလေးတွေအတွက် ‌ပေါ့ပေါ့ပါးပါးဖြစ်စေပြီး နားလည်လွယ်ကူတဲ့ activities လေးတွေနဲ့ ဖွဲ့စည်းထားတဲ့ အတန်းလေးဖြစ်တာကြောင့် ပျော်ပျော်ရွှင်ရွှင် သင်ယူရင်း English ကို လုံးဝ‌မပြောတတ် နားမလည်တဲ့ အဆင့်ကနေ နေ့စဉ်သုံးစကားပြော (Daily conversation) တွေကိုပါ ပြောတတ်လာနိုင်အောင် အခုပဲ register form လေးဖြည့်၊ Page Cb မှာ screenshot လေးပြရင်း Telegram link ထုတ်ယူလိုက်ပါ🖇️

Hypen Education

07 Nov, 05:33


𝗖𝗹𝗮𝘀𝘀 𝗖𝗼𝗱𝗲 : Kid E13A
𝗡𝗮𝗺𝗲 : Tr.Alinkar
𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲 : English
𝗟𝗲𝘃𝗲𝗹 : Basic + YLE
𝗖𝗼𝘂𝗿𝘀𝗲 : Own Curriculum + references from Cambridge YLE
𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺 : Zoom
𝗗𝘂𝗿𝗮𝘁𝗶𝗼𝗻 : Around 3 months
𝗧𝗶𝗺𝗲𝘁𝗮𝗯𝗹𝗲 : Thursday and Friday ( 7:00p.m to 8:30p.m)
𝗔𝗰𝘁𝗶𝘃𝗶𝘁𝗶𝗲𝘀 : Online games/ Google form/ Monthly test/ Short stories PDF

◾️𝗖𝗹𝗮𝘀𝘀 𝗙𝗼𝗿𝗺𝗮𝘁 : 

📌 ဒီအတန်းလေးဟာဆိုလို့ရှိရင် ကလေးလေးတွေအတွက် English အခြေခံကို ပိုင်နိုင်သွားအောင် သင်ပြပေးသွားမဲ့ 3လအကြာ သင်တန်းလေးဖြစ်ပါတယ်☀️

💥English စာအခြေခံ Grammar ကနေစပြီး Learning Tips and Tricks တွေကိုပါ သေသေချာချာ အသေးစိတ်ကို Tr.Alinkar ကနေပြီးတော့ သင်ကြား ပို့ချသွားမှာဖြစ်ပါတယ် 💁‍♀

🌻 Grammar တွေအပြင် တခြားစိတ်ဝင်စားဖွယ် activitiesတွေနဲ့ Games လေးတွေလည်း သင်တန်းမှာ ပါဝင်သွားမှာဆိုတော့ ပျော်စရာကောင်းမှာ အသေချာပါပဲနော်😉

❄️ ဒီ3လအကြာ English Course တက်ပြီးသွားတဲ့အနောက် Kids လေးတွေက Grammar နဲ့ sentence structure ပုံစံတွေကို လုံးဝ နားလည်သဘောပေါက်သွားမှာကတော့ အသေချာပါပဲ💯 ဆိုတော့ တွန့်ဆုတ်မနေပဲ အခုပဲ Registration Form ကိုသွားဖြည့်လိုက်ကြရအောင် 🏃‍♀‍➡️

Hypen Education

07 Nov, 05:32


Hypen ရဲ့ Kid Classes အသစ်လေးတွေနဲ့ သားသားမီးမီးလေးတွေရဲ့ ပညာရေးခရီးကို ပြန်လည်စတင်လိုက်ပါစို့

ဖေဖေမေမေတို့ရေ Hypen ကနေ သားသားမီးမီးလေးတွေအတွက် Kid Classes လေးတွေပြန်လည်ယူဆောင်လာနေပြီဆိုတာ သိပြီးကြပြီလား

 ✍️ဒီအတန်းလေးတွေဟာ အသက် ၁၄ နှစ်အောက် ကလေးတွေအတွက် အထူးပြင်ဆင်ထားတာဖြစ်ပြီး ပညာရေးပုံစံအသစ်တွေနဲ့ လေ့လာရင်း စိတ်ဝင်စားစရာကောင်းတဲ့ ဘာသာစကားတွေကို သင်ယူနိုင်အောင် အခမဲ့ ဖွင့်လှစ်သွားမဲ့ အတန်းလေးတွေပဲဖြစ်ပါတယ်💭

🕊️ဘဝတစ်လျှောက် အသုံးတည့်စေမဲ့ ဘာသာစကား၊ အခြေခံပညာနဲ့ ဘေဘီလေးတွေရဲ့ တီထွင်မှုစွမ်းရည်တွေပါဖွံ့ဖြိုးလာနိုင်‌စေရန် နောက်ဆုံးပေါ် သင်ကြားမှုနည်းစနစ်တွေကို လက်တွေ့ကျကျ သင်ကြားပေးသွားမှာဖြစ်ပါတယ် 🧩

🌟 ဒီတစ်ခေါက် Kid Classes မှာ ဖွင့်လှစ်သွားမဲ့ အတန်းတွေကတော့...

Kid-E13A
Kid-E13B
Kid-E13D
Kid-E13E
Kid-K13A

🎗️အတန်းလေးတွေက အစုံပဲဆိုတော့ ကိုယ့်ရဲ့  ရင်သွေးငယ်လေးတွေရဲ့ Level နဲ့ကိုက်ညီပြီး သားသားမီးမီးလေးတွေ အားနိုင်မဲ့ အချိန်မှာရှိတဲ့ အတန်းလေးတွေကို သေချာလေးရွေးချယ်ပေးလိုက်ပါဦးနော် ပါးပါးမားမားတို့ရေ🤩

📝အရည်အချင်းပြည့်မှီတဲ့ တီချယ်တွေကနေ စီမံသွားမဲ့ အတန်းတွေဖြစ်တဲ့အတွက် ကလေးလေးတွေ စာမလိုက်နိုင်မှာကိုလည်း စိတ်ပူစရာမလိုပါဘူးနော်။ စာလုပ်ချင်စိတ်ရှိတဲ့ Hypers🎓 ဘေဘီလေးတွေအားလုံးကို နွေးထွေးစွာ ကြိုဆိုလျက်ပါ🤗

သားသားမီးမီးလေးလေး တွေရဲ့ အခြေအနေတွေကိုလည်း သေချာစောင့်ကြည့်ပြီး အုပ်ထိန်းသူတွေနဲ့ အမြဲမပြတ်တင်ပြဆွေးနွေးပေးသွားမှာဖြစ်လို့ Hypen Kid Classes တွေကနေ ကလေးလေးတွေရဲ့ တိုးတက်မှုတွေကို ကိုယ်တိုင်ကိုယ်ကျ စောင့်မျှော်ကြည့်ရှုသွားလို့ရပါတယ်နော်👏

📌တစ်ခုရှိတာက Free Classes လေးတွေဆိုပြီး Join လိုက်ပေမဲ့ အတန်းပုံမှန်မတက်တာမျိုး၊ စာလိုက်မလုပ်တာမျိုးတော့ မလုပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။ ကိုယ်တက်မဲ့ အတန်းရဲ့ Rules တွေကိုတော့‌ သေချာလေးဖတ်ပေးပြီး လိုက်နာပေးဖို့တော့ လိုပါမယ်နော်🥰 

အတန်းတက်ရောက်ရန်အတွက် 👇

✍️ကိုယ်တက်ချင်တဲ့အတန်းတွေကို စနစ်တကျ လေ့လာကြည့်ရှုပြီး ကျောင်းသား၊ကျောင်းသူတွေအနေဖြင့် အောက်မှာပေးထားတဲ့ Google Form ကိုဖြည့်ရပါမယ်။

 💢သတိပြုစရာလေးကတော့-
📍Language တစ်ခုလျှင် အတန်းတစ်ခုသာ Join လို့ရမှာဖြစ်ပြီး၊
📍 Language မတူတဲ့ အတန်းနှစ်ခုကိုတော့ Join လို့ရပါတယ်ရှင်။

Form လေးဖြည့်ပြီးပြီဆိုတာနဲ့  ဖြည့်ပြီးကြောင်း screenshot  ရိုက်ပြီး Page Messenger📲 ကို ပို့ပေးရပါမယ်။

✍️ Messenger မှာ Form ဖြည့်ပြီးကြောင်း screenshot shot ကို လာပြမှသာ Telegram Group Link ချပေးသွားမှာဖြစ်ပါတယ်။ 

Regisrtation Form : https://forms.gle/Y5qopQ9kykDWPTyT7


🧚ဒါဆို Hypers🎓 ဘေဘီလေးတွေရဲ့ ပညာရေးကို Hypen နဲ့အတူမြင့်တင်နိုင်ရန် အခုပဲ Regisrtation Form လေးသွားဖြည့်လိုက်ကြပါတော့နော်။ အခုလို အတန်းသစ်တွေအပြင် Knowledge sharing များစွာကို ဝေမျှသွားဖို့ ရှိတာမို့ Hypen Page ကို 👍Like & Follow လုပ်ပြီးစောင့်မျှော်ပေးသွားကြပါဦးနော်🫶

Hypen Facebook Page -
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL

Hypen Education Channel-
https://t.me/hypen_edu

#ContentWriterbyMyintMyatPhyo 
#GraphicDesignerbyPyaeShinKhaing
#hypen_org
#hypen_edu 
#classopening
#studentcalling

Hypen Education

06 Nov, 12:59


𝗖𝗹𝗮𝘀𝘀 𝗖𝗼𝗱𝗲 : S13A
𝗡𝗮𝗺𝗲 : Tr.Mob
𝗖𝗹𝗮𝘀𝘀  : Research Reading 101
𝗦𝘂𝗯𝗷𝗲𝗰𝘁 : Science Research 
𝗟𝗲𝘃𝗲𝗹 : Beginner
𝗖𝗼𝘂𝗿𝘀𝗲 : Own course 
𝗧𝗶𝗺𝗲𝘁𝗮𝗯𝗹𝗲 : Mon,Tues (10:00 am-11:00 am)
𝗗𝘂𝗿𝗮𝘁𝗶𝗼𝗻 : One month
𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺 : Zoom
𝗚𝗿𝗼𝘂𝗽𝘀 : 
𝗦𝘁𝘂𝗱𝗲𝗻𝘁 𝗟𝗶𝗺𝗶𝘁 : 15

◾️𝗖𝗹𝗮𝘀𝘀 𝗙𝗼𝗿𝗺𝗮𝘁 :

"စူးစမ်း‌‌ လေ့လာ သိပ္ပံကမ္ဘာ" ထဲသို့ ခုန်၀င်ဖို့ ခြေလှမ်းပြင်နေကြတဲ့ Hypers🎓 တိုင်းတက်ထားသင့်တဲ့ ဒီအတန်းလေးမှာ Science Research နဲ့ပတ်သက်ပြီး သိထားသင့်တဲ့ 

🎯 Research Methodology 
🎯 Components and Structures 
🎯 Critical Thinking
🎯 Analytical Skill

အစရှိတာတွေနဲ့ပတ်သက်ပြီး "တကယ့်လက်တွေ့ဘဝမှာ နည်းစနစ်မှန်မှန်နဲ့ ဘယ်လို တွေးခေါ်ရမလဲ၊ဒါတွေကို အသုံးချနိုင်ဖို့ ဘယ်လိုအရာတွေကို သိထားသင့်လဲ" ဆိုတာတွေပါ သင်ကြားခွင့်ရမှာပဲဖြစ်ပါတယ်💁

📌 ဒါ့အပြင် Google Scholar, JSTOR တို့ကနေ Research articles တွေဖတ်ကြည့်ချင်တဲ့သူ၊ ကိုယ်တိုင်လည်း Research paper တွေ ရေးဖြစ်ခဲ့ရင် မသိမဖြစ် သိထားသင့်တဲ့ Rules and Process အကြောင်းတွေ ကို Sharing လုပ်ပေးသွားမှာ ဖြစ်ပါတယ်...။

🗣ဒီသင်တန်းလေးကိုတော့ သင်ကြား‌ပေးတယ်ဆိုတာထက် ဆရာနဲ့အတူတူ Discussion Panel ပုံစံမျိုးသွားမှာဖြစ်တာကြောင့် Science  Research နဲ့ပတ်သက်ပြီး တီးမိခေါက်မိ ရှိချင်တဲ့ Hypers🎓 လေးတို့အတွက်လက်လွှတ်မခံသင့်တဲ့အခွင့်ရေးတစ်ခုပါ 🤲

" Science Research ကို ဘယ်ကနေစရမလဲမသိဘူး" ဆိုတဲ့ Hypers 🎓 လေးတို့အတွက် ဒီသင်တန်းလေးက သဲကန္တာရထဲမှာ အိုအေစစ် တွေ့သလိုဖြစ်မှာဆိုတော့ အခုပဲ Page CB လာပြီး အပြေးလေး လာ join လိုက်တော့နော်🏃📱

🌈 ဒါဆို 2024 ရဲ့ ကျန်ရှိနေတဲ့ နှစ်လမှာ ကိုယ့်ရဲ့ level ကို upgrade လုပ်ဖို့ အခုပဲ အတန်းလေးကို register လုပ်ပြီး telegram link ကို မြန်မြန်လေး ထုတ်ယူလိုက်ရအောင်နော်👋

Hypen Education

06 Nov, 12:59


𝗖𝗹𝗮𝘀𝘀 𝗖𝗼𝗱𝗲 : CF13A
𝗡𝗮𝗺𝗲 : Tr.Ivy
𝗦𝘂𝗯𝗷𝗲𝗰𝘁 : Crochet flowers
𝗟𝗲𝘃𝗲𝗹 : Basic ပြီးသူများသာ
𝗖𝗼𝘂𝗿𝘀𝗲 : Own course
𝗧𝗶𝗺𝗲𝘁𝗮𝗯𝗹𝗲 : Friday 
𝗗𝘂𝗿𝗮𝘁𝗶𝗼𝗻 : Above 2 months
𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺 : Video record
𝗚𝗿𝗼𝘂𝗽𝘀 : Homework,Channel
𝗦𝘁𝘂𝗱𝗲𝗻𝘁 𝗟𝗶𝗺𝗶𝘁 : -

◾️𝗖𝗹𝗮𝘀𝘀 𝗙𝗼𝗿𝗺𝗮𝘁 :

🍀 ဒီအတန်းလေးကတော့ Crochet ကို စိတ်ဝင်စားပြီး ဝါသနာပါတဲ့သူများ၊အားလပ်ချိန်မှာ ချည်ထိုးခြင်းဖြင့် တစ်ဖက်တစ်လမ်းကနေ  အပိုဝင်ငွေရှာလိုသူများ လာတက်ရောက်လို့ရပါတယ် 💁‍♀

🍀 မိမိရဲ့ကိုယ်ပိုင် စိတ်ကူးတွေနဲ့ ပန်းပုံစံ အမျိုးမျိုးကို လက်တွေ့ပုံဖော်နိုင်သလို ချစ်ခင်ရသူတွေဆီကိုလည်း ကိုယ်တတ်ထားတဲ့ ချည်ထိုးပညာနဲ့ သီးသန့် လက်ဆောင်‌‌လေးတွေပို့ပေးလို့လည်း ရပါသေးတယ် 🎁

🍀 ဒါ့အပြင် ရာသီအလိုက်ပွင့်တဲ့ ပန်းတွေရဲ့ အခေါ်အဝေါ်တွေ 🗣 ပန်းတစ်ခုချင်းစီရဲ့ အနက်ဖွင့်ဆိုပုံတွေကို ချည်ထိုးနေရင်း တီချယ်နဲ့အတူတူ လေ့လာခွင့်ရမှာမို့ပန်းတွေကို အမြတ်တနိုး တန်ဖိုးထားတတ်တဲ့သူ‌လေးအတွက် အထူးသင့်တော်ပါတယ်🌷

🍀 ဒီအတန်းလေးကိုတော့ Video lectures တွေနဲ့သင်ပေးမှာဖြစ်တာ‌‌ကြောင့်သင်တန်းတက်ဖို့ မအားလပ်တဲ့ Busy Bee🐝 လေးတွေလည်းကိုယ်ရဲ့အားလပ်ချိန်နဲ့တိုက်ပြီး  အချိန်မရွေး ဝင်ရောက်လေ့လာလို့ရပါတယ်‌နော်🤭

🍀တစ်ပတ်ပြီးတစ်ပတ် လေ့လာထားပြီးသား သင်ခန်းစာတွေကိုလည်း  အိမ်စာပုံမှန်ထပ်ပေးရမှာဖြစ်တာကြောင့် ကိုယ့်ဘက်ကနေ ဇွဲမလျှော့တဲ့စိတ်နဲ့ အချိန်ပေးနိုင်ဖို့တော့(အထူး) လိုအပ်ပါတယ်‼️

ကဲ...ဒါဆိုလူပြည့်သွားလို့ သင်တန်းမအပ်လိုက်ရဘူး မဖြစ်ရလေအောင် အခုပဲ Register Form ဖြည့်ပြီး Telegram Group link ကိုအရယူလိုက်ကြရအောင်နော်

Hypen Education

06 Nov, 12:59


𝗖𝗹𝗮𝘀𝘀 𝗖𝗼𝗱𝗲 : GED-M13A
𝗡𝗮𝗺𝗲 : Tr. Zin Wai Hnin
Subject: GED Maths 
𝗟𝗲𝘃𝗲𝗹 : Above age 15
𝗖𝗼𝘂𝗿𝘀𝗲 : Own Course - Basic Math and Basic Algebra (Reference from Kaplan, Princeton, and MC Graw Hill)
𝗧𝗶𝗺𝗲𝘁𝗮𝗯𝗹𝗲 : Mon, Tue ( 4 to 5:30 p.m )
𝗗𝘂𝗿𝗮𝘁𝗶𝗼𝗻 : 2 month 
𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺 : Zoom
𝗚𝗿𝗼𝘂𝗽𝘀 : -
𝗦𝘁𝘂𝗱𝗲𝗻𝘁 𝗟𝗶𝗺𝗶𝘁 : 30
 

◾️𝗖𝗹𝗮𝘀𝘀 𝗙𝗼𝗿𝗺𝗮𝘁 :

💁 ဒီအတန်းလေးကတော့ GED ကို လေ့လာနေတဲ့ သူတွေထဲမှာ Math ကို အားနည်းတယ်လို့ ခံစားရတဲ့ Hypers🎓 လေးတို့အတွက် ဖြစ်ပါတယ်။ ဘယ်လိုမျိုးသူတွေ တက်လို့အဆင်‌ပြေလဲဆိုရင် GED Math ကို အခုမှစလုပ်တဲ့သူတွေ တက်လို့ရသလို Revision ပြန်လုပ်ချင်တဲ့ သူတွေအတွက်ပါ အဆင်ပြေစေမဲ့ Class လေးဖြစ်ပါတယ် 🧮

🚨ဒီ Class မှာဆိုရင် GED Math ရဲ့ Topic ကြီး ၄ ခုဖြစ်တဲ့ (Basic Math၊ Basic Algebra၊ Basic Geometry၊ Graphs and Function) တို့ထဲမှာမှ Basic Math နဲ့ Basic Algebra ကို Main Topic အနေနဲ့ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်

🚧 ပြီးတော့ Lecture‌ တွေ Practice တွေ လုပ်တဲ့အချိန် နားမလည်မှာလည်း စိတ်ပူစရာမလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အတန်းချိန်တိုင်းမှာ တီချယ်နဲ့အတူတူ ပေါ့ပေါ့ပါးပါးလေး ‌အတူတူတွက်သွားမှာ ဖြစ်ပါတယ်။ Topic တစ်ခုပြီးတိုင်းလည်း သင်ခန်းစာကို ကြေညက်မှုရှိမရှိ ကိုယ်တိုင်သိရအောင် Mini Test လေး‌တွေလည်း စစ်ပေးသွားမှာဖြစ်ပါတယ် 🙌

ဒါဆိုရင်တော့ GED Math ကို Level Up လုပ်ချင်တဲ့သူတွေ တက်သင့်တဲ့ Class လေးတစ်ခုဖြစ်ပါတယ်။ Class လေးကို စိတ်ဝင်စားတယ်ဆိုရင်တော့ လာ Join လို့ရပါတယ် 🫴

Hypen Education

05 Nov, 07:20


ကလင် ကလင် ကလင် 🔔🔔🔔

ဟဲလို..Hypers🎓 လေးတို့ရေ..‌ဆာကူရာမြေလေးကို Hypen ရဲ့နွေးထွေးမှုတွေနဲ့ လျှောက်လှမ်းလိုက်ကြရအောင်လား💁‍♀

အားလုံးပဲ မကြာခင်မှာ 2024 ကို ဘိုင်ဘိုင်👋 လုပ်ရတော့မယ်ဆိုတော့ နှစ်မကုန်ခင်လေးအတွင်းမှာ ဆာကူရာမြေကို Crush နေတဲ့🙊 တခြား Hypers 🎓လေးတွေနဲ့အတူ အမှတ်တရလေးတစ်ခု ဖန်တီးသွားချင်ကြတယ်မလား

But အခုဆို 🎇သီတင်းလည်းကျွတ်ပြီးသွားပြီ လက်ဆောင်တွေလည်းမရလိုက်ကြဘူး ဆိုပြီး စိတ်မကောင်းဖြစ်နေတဲ့သူလေးတွေရှိကြတယ် ဟုတ် 🧐
ဒါကြောင့် Hypen ကနေ နှစ်သိမ့်တဲ့အနေနဲ့ ချစ်သက်လက်ဆောင်မဟုတ်တဲ့ နိုက်ကလပ်ထဲမှာရွက်လွှင့်မဲ့ ခရီး‌လက်ဆောင်လေးတစ်ခု ယူဆောင်လာပါပြီ

🧳 ဒီတစ်ခါထွက်မဲ့ ခရီးစဉ်ကတော့‌ တော‌တောင်နဲ့ ပင်လယ်တွေဆီကို မဟုတ်ဘဲ သင်ယူစရာတွေနဲ့ပြည့်နှက်နေတဲ့ အတိတ်ကာလတွေ၊ ပြောင်းလဲမှုကြီးတွေက Hypers🎓 လေး‌တို့ကို လက်ညှိုးထိုးမလွဲဆီးကြိုနေတဲ့ အနာဂတ်နေ့ရက်တွေဆီကိုပဲ ဖြစ်ပါတယ်

🎰 Travel Machine မရှိသေးတဲ့ လက်ရှိပစ္စုပ္ပန်မှာတော့ အတိတ်၊ အနာဂတ်တွေဆီ ခရီးသွားချင်မိတဲ့ ဆန္ဒလေးတစ်ခုကို အရင်းတည်ပြီး စိတ်ကူးလေးရွက်လွှင့်ကြမယ်ဆိုရင်ရော💭 မကောင်းဘူးလား Hypers🎓 လေး‌တို့ရေ..

ဟောဒီစိတ်ကူးအိမ်မက်လေးကိုပဲ စကားလုံးလေးတွေအ‌ဖြစ်🗣️ Hypen ရဲ့ Japanese Speaking Club မှာပြောင်းလဲထုဆစ်ပုံဖော်ကြည့်ကြဖို့ ဆာကူရာ‌မြေချစ်သူတွေကို ဖိတ်ကြားလိုက်ပါတယ်နော် 💌

💭 𝐓𝐨𝐩𝐢𝐜 : タイムトラベル ( 𝐓𝐢𝐦𝐞 𝐭𝐫𝐚𝐯𝐞𝐥)
🗓️ 𝐃𝐚𝐭𝐞 : 𝟖𝐭𝐡 𝐍𝐨𝐯𝐞𝐦𝐛𝐞𝐫 ,𝟐𝟎𝟐𝟒 (𝐅𝐫𝐢𝐝𝐚𝐲)
𝐓𝐢𝐦𝐞 : 𝟕𝐩𝐦 𝐭𝐨 𝟖:𝟑𝟎𝐩𝐦
🚀 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 : 𝐙𝐨𝐨𝐦
👥 𝐌𝐚𝐢𝐧 𝐅𝐚𝐜𝐢(𝐬) : 𝐍𝐨𝐫𝐚 𝐚𝐧𝐝 𝐇𝐧𝐢𝐧

🦉Hypen ရဲ့ Friday Night Club လို့ တင်စားနိုင်တဲ့ မြန်မာစံတော်ချိန်ည၇နာရီမှာ စတင်နေကျရပ်ဝန်းလေးမှာ ပါဝင်ချင်ရင်...

ဟောဒီဖောင်လေးကိုဖြည့်ပြီး ☑️
🔗𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐂𝐥𝐮𝐛 𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐅𝐨𝐫𝐦 - https://forms.gle/WJne8io4G4dgwBAS7

ဒီ Gp Link လေးကို Click လိုက်တာနဲ့ Friday Night Club လေးမှာ ပါဝင်ခွင့်ရရှိသွားပါပြီရှင် ☑️
𝐇𝐲𝐩𝐞𝐧 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐂𝐥𝐮𝐛 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐆𝐫𝐨𝐮𝐩 - https://t.me/+ipZXsSdt_pMxODdl

ဒါနဲ့ အကယ်၍များ Hypers🎓 လေးတို့မှာ Travel Machine ကို ပိုင်ဆိုင်ခွင့်ရခဲ့မယ်ဆိုရင်🪄 ဘယ်ခေတ်ကိုသွားပြီး ဘာတွေလုပ်ချင်ကြတာလဲဆိုတာကို ရင်ဖွင့်ဖို့🦜 နောက်နှစ်ပေါင်းများစွာကြာတဲ့အခါမှာ ကမ္ဘာကြီးကဘယ်လိုဖြစ်နေလောက်မလဲ🌎 စတဲ့အတွေးအမြင်တွေကို နှီး‌နှောဖလှယ်နိုင်ဖို့ Japanese Speaking Club ဆီအရောက်လှမ်းခဲ့ကြပါလို့ ထပ်မံဖိတ်ခေါ်လိုက်ပါတယ်နော်။

Hypers🎓 လေးတို့‌ရဲ့အနာဂတ်လှပဖို့ အမြဲတွေးတောနေတဲ့ Hypen နဲ့ အဆက်အသွယ်မပြတ်ဖို့

Hypen Facebook Page -
https://www.facebook.com/profile.php?id=100083376309050&mibextid=LQQJ4d

Hypen Education Channel -
https://t.me/hypen_edu

#ContentwriterbyBaeline
#ContentwriterbyLia
#GraphicDesignbyWutHlwar
#hypen_org
#HypenJapaneseSpeakingClub

Hypen Education

02 Nov, 11:31


불 난 집에 부채질한다. (ဘူးလ်နားန်ဂျီ့ပ်ဘယ်း ဘူချဲဂျီးလ်ဟားန်ဿာ)

❝ မီးလောင်နေသောအိမ်အား ယပ်ခတ်သည် ❞
"ဖြစ်မြောက်ပြီးသား တစ်စုံတစ်ခုသောအခြေအနေ (သို့မဟုတ်) တစ်စုံတစ်ယောက်၏ ဆုံးဖြတ်ချက်နှင့် အပြုအမူများကို မြှောက်ပေးသည်" ဆိုတဲ့အဓိပ္ပာယ်နဲ့ အသုံးပြုသော စကားပုံဖြစ်ပြီး မြန်မာစကားပုံ ❝ မီးလောင်ရာလေပင့် ❞  နဲ့ တူတူပါပဲ Hypers🎓 လေးတို့ရေ 🔥

ဒီတစ်ပတ်မှာတော့ Hypen ရဲ့ Hypers🎓 လေးတို့အတွက် Idioms လေးတွေကို သေချာဝေမျှပေးသွားတာမို့ စနစ်တကျ လေ့လာကြမယ်လို့ ယုံကြည်ပါတယ်💪🏻
ဒါနဲ့ မိုင်ဟိုက်ပါလေးတို့ရေ 𝟐𝟎𝟐𝟒 ဆိုတဲ့ တစ်နှစ်တာကာလ ကုန်ဆုံးဖို့ အချိန်နှစ်လတာပဲ ကျန်ပါတော့တယ်နော်။ ဆိုတော့ကာ Hypers🎓 လေးတို့အတွက် ဒီကာလလေးကို အကျိုးရှိရှိ အသုံးချနိုင်ဖို့ Class လေးတွေ စီစဉ်ထားတာမို့ Like and Follow လုပ်ပြီး စောင့်မျှော်ပေးပါဦးနော် 🎬

Hypen Facebook Page -
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL

Hypen Telegram Channel -
https://t.me/hypen_org

#ContentwriterbyShune
#GraphicDesignbyPan
#Friday_idioms
#Koreanlanguage
#hypen_org

Hypen Education

02 Nov, 11:31


새 발이 피. (ဆဲဘားလ်ရီဖီ)

❝ ငှက်ခြေထောက်မှ သွေး ❞
"အလွန်အမင်းနည်းပါးသည်" "မပြောပလောက်စရာအခြေအနေဖြစ်သည်" စတဲ့ အခြေအနေတွေကို ညွှန်းဆိုရာမှာ အသုံးပြုပြီး ပမာဏအားဖြင့် နည်းပါးသော အခိုက်အတန့်အခြေအနေများမှာလည်း အသုံးပြုတဲ့ စကားပုံတစ်ခုပဲ ဖြစ်ပါတယ် 💭

Hypen Education

02 Nov, 11:30


병 주고 약 준다. (ဘျောင်းဂျူဂို ယာ့ဂ်ဂျူးန်ဿာ)

သူ့ရဲ့ မူရင်းအဓိပ္ပာယ်လေးကတော့ ❝ အနာပေးပြီး ဆေးပေးသည် ❞ ဖြစ်ပါတယ်။
💔🩹 တစ်ခဏတာ အချိန်လေးမှာပဲ အပြောင်းအလဲမြန်တဲ့ လူတွေကိုရည်ညွှန်းပြောဆိုရာမှာ အသုံးပြုသောစကားပုံဖြစ်ပြီးတော့ မြန်မာစကားပုံ "အနာပေးလိုက် ဆေးပေးလိုက်" ဆိုတာနဲ့ ထပ်တူညီသော ကိုရီးယားစကားပုံလေး ဖြစ်ပါတယ်။ တစ်နည်းပြောရရင်တော့ သူမလို ပစ်ထားကာ ဒဏ်ရာတွေပေးပြီး ချစ်တယ်ပြောကာ ဆေးပေးလိုက်ပေါ့ကွယ် ☹️

Hypen Education

02 Nov, 11:30


안녕하세요 (အာန်းညောင်းဟာဆယ်ယိုလ်) Hypen ရဲ့ အချစ်ကလေးတို့ရေ 🙋🏻‍♀️

အချိန်တွေ ကုန်ဆုံးတာမြန်လိုက်တာနော်
တစ်ပတ်တာရဲ့ 𝐈𝐝𝐢𝐨𝐦 𝐅𝐫𝐢𝐝𝐚𝐲 သို့ တစ်ဖန်ပြန်လည် ရောက်ရှိလာပါပြီ📑

သို့ပေမဲ့ အကြောင်းကိစ္စလေး တချို့ကြောင့် Hypen တို့ တစ်ပတ်တာ 𝐈𝐝𝐢𝐨𝐦𝐬 𝐒𝐚𝐭𝐮𝐫𝐝𝐚𝐲 လေး ဖြစ်သွားပါတယ် 📅 ဒါကိုတော့ Hypers🎓 လေးတို့က နားလည်ပေးကြမယ်ဟုတ် 🥺

자기야 (ချာကီးယား) လေးတို့အတွက် ဒီနေ့လေးမှာတော့ Korean Idiom လေးတွေကို အတူတူ လေ့လာဖို့ Hypen က တင်ဆက်ပေးလိုက်ပါတယ်📱

Hypen Education

31 Oct, 11:51


8️⃣ Stay Open to New Experiences

အတွေ့အကြုံသစ်များကို ဖွင့်ထားပါ
“ကြောက်လျှင်လွဲ ရဲလျှင်မင်းဖြစ်” ဆိုတဲ့စကားပုံလေးအတိုင်း အခြေအနေတစ်ခုကို အကြောက်တရား‌ရှေ့တန်းတင်စရာမလိုပါဘူးတဲ့😟 ကြောက်နေမဲ့အစား စူးစမ်းလိုစိတ်နဲ့ အခြေအနေသစ်တွေကို ချဉ်းကပ်လိုက်ပါ။ ဒါက Hypers🎓 လေး‌တို့ကို သင်ယူမှုလုပ်ငန်းစဉ်တွေအတွက် စိတ်ဓာတ်တက်ကြွစေဖို့ ကူညီပေးနေပါလိမ့်မယ်💯

သင်ယူမှုလုပ်ငန်းစဉ်တွေ၊ အ‌ကြောင်းအရာအသစ်တွေကတော့ ဟုတ်ပါပြီ
တစ်နေရာထဲမှာပဲ နေ့ရက်တိုင်းစိတ်ဝင်စားဖွယ် အကြောင်းအရာတွေနဲ့အတူ သုတတိုးလေ့လာဆည်းပူးနိုင်မဲ့ ရပ်ဝန်းဖြစ်တဲ့ Hypen ရဲ့ Facebook Page နဲ့ Telegram Channel တွေကို Like & Follow လုပ်ရင်း🔔 Notification ယူဖို့ သတိရလိုက်ပါဦးနော်💡

Hypen Facebook Page -
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL

Hypen Main Channel -
https://t.me/hypen_org

#ContentwriterbyLia
#GraphicDesignbySuuLae
#stepping_out_of_comfortzone
#hypen_edu

Hypen Education

31 Oct, 11:50


7️⃣ Maintain a Growth Mindset

ကြိုးစားအားထုတ်မှုသာရှိရင် Hypers🎓 လေး‌တို့ရဲ့ အရည်အချင်းနဲ့ စွမ်းရည်တွေကို မြှင့်တင်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကို လက်ကိုင်ထားပြီး 👀 အဲဒီယုံကြည်ချက်ကို အာရုံစိုက်ထားဖို့လည်းအရေးကြီးပါတယ်။ ဒီလို Mindset က စိန်ခေါ်‌မှုတွေကို ရင်ဆိုင်တဲ့အခါ ခံနိုင်ရည်ရှိ‌စေပြီး ဇွဲလုံ့လကိုဖြစ်စေပါတယ်တဲ့🧠

Hypen Education

31 Oct, 11:50


6️⃣ Reflect and Adjust

ဆင်ခြင်သုံးသပ်ပြီး ချိန်ညှိပါ
Hypers🎓 လေး‌တို့ရဲ့ အတွေ့အကြုံတွေကို ပြန်လည်သုံးသပ်ဖို့ အချိန်ယူပါ။
ဘာသင်ယူခဲ့လဲ
ဘယ်လိုခံစားရလဲ
စတဲ့မေးခွန်းတွေနဲ့အတူ အနာဂတ်ခြေလှမ်းတွေကို ချိန်ဆတတ်ဖို့ Self- reflection ကို အသုံးချလိုက်ပါ။

Hypen Education

31 Oct, 11:50


5️⃣ Learn from Failures

ကျရှုံးမှုတွေကနေ သင်ယူပါ
ပထမဦးဆုံး အဆင်မပြေမှု‌တွေနဲ့ အခက်အခဲတွေဆိုတာ သွားချင်တဲ့ခရီးရဲ့ မပါမဖြစ်အစိတ်အပိုင်းဖြစ်တယ် ဆိုတာကို နားလည်ရပါမယ်💨 Depressed ဖြစ်နေမဲ့အစား အကောင်းမြင်မြင်၊ အဆိုးမြင်မြင်အတွေ့အကြုံတိုင်းမှာ သင်ခန်းစာ‌တွေကို ရှာဖွေလိုက်ပါ😉

Hypen Education

31 Oct, 11:49


4️⃣ Seek Support

ပံ့ပိုးထောက်ပံ့မှုကို ရှာဖွေကြည့်ပါ
Hypers🎓 လေးတို့ကို အားပေးကူညီ‌ဖေးမနိုင်တဲ့ သူငယ်ချင်း‌‌၊ မိသားစုနဲ့ လမ်းညွှန်‌ပေးသူ‌တွေ ( ဥပမာ - Hypen Organization ) တို့နဲ့ ဝန်းရံထိတွေ့လိုက်ပါ‌💌

Hypen Education

31 Oct, 11:49


3️⃣ Embrace Discomfort

မသက်မသာမှုကို ထွေးပွေးကြည့်ပါ
အသစ်အဆန်းတွေကို စမ်းသပ်ကြည့်တဲ့အခါ စိတ်ပူတာ ဒါမှမဟုတ် စိတ်မသက်မသာခံစားရတယ် ဆိုတာက တကယ်တော့ပုံမှန်ပါပဲ🤝 ဒီလိုမျိုးခံစားချက်တွကို အသိအမှတ်ပြုရင်း Growth ဆိုတာက များသောအားဖြင့် အဆင်မပြေမှု‌တွေကနေတစ်ဆင့် လာတာဖြစ်ကြောင်းကို Hypers🎓 လေး‌တို့ကိုယ်တိုင် Remind လိုက်ပါဦး🎗️

Hypen Education

31 Oct, 11:48


2️⃣ Set Clear Goals

ရှင်းလင်းသောပန်းတိုင်များ သတ်မှတ်ပါ
သက်တောင့်သက်သာရှိတဲ့ဇုန်ရဲ့ အပြင်ဘက်က‌နေ Hypers🎓 လေးတို့က ဘယ်လိုအရာတွေကို Achieve ဖြစ်စေချင်လဲဆိုတာကို သတ်မှတ်ထားပါ ပြီးတော့ Personal & Professional development တွေအတွက် တိကျသေချာတဲ့ ပန်းတိုင်တွေရှိနေခြင်းက အလိုလိုနေရင်း စိတ်အားတက်ကြွစေပါလိမ့်မယ်💪

Hypen Education

31 Oct, 11:48


1️⃣ Identify Your Comfort Zone

သင့်ရဲ့ Comfort Zone ကို ခွဲခြားသတ်မှတ်ပါ
Hypers🎓 လေး‌တို့ နေ့စဉ်နဲ့အမျှလုပ်ဆောင်နေတဲ့ လုပ်ရိုးလုပ်စဉ်တွေသာမက Surrounding & Performance တွေအပေါ် ပြန်လည်သုံးသပ်ကြည့်ပါ🪞ဒါတွေလုပ်လိုက်ဖို့ နားလည်ခြင်းက ပြောင်းလဲမှုအတွက် အဆင်သင့်ဖြစ်နေပြီဆိုတဲ့ Sign တစ်ခု အမှတ်အသားတစ်ခု ဆိုလည်းမမှားပါဘူး Hypers🎓 လေးတို့ရေ...

Hypen Education

31 Oct, 11:47


Hypers🎓 လေး‌တို့ရဲ့ တက်လမ်းတွေကို ပိတ်မှန်းမသိ ပိတ်နေတဲ့ Block တစ်ခုကိုဖယ်ရှားကြမယ် 💫

“ပြောင်းလဲချင်တယ်၊ ဒါပေမဲ့ အလုပ်မဖြစ်ဘူး” ဆိုတဲ့ အတွေးတွေကို ဒီနေ့ကစပြီး အတိတ်မှာပဲချန်ရစ်ခဲ့ချင်တဲ့ Hypers🎓 လေးတွေက ဒီစာလွှာလေးကို အဆုံးထိစိတ်ဝင်တစား စီးမျောဖတ်ရှုလိုက်ကြပါဦးနော်🙌

မေး။ ။ 🤔 ပိုမိုကောင်းမွန်တဲ့ဘဝကို ပိုင်ဆိုင်ရဖို့ ကိုယ့်ကိုယ်ကိုယ်ပြုပြင်ပြောင်းလဲရမဲ့ အရိုးရှင်းဆုံးအချက်တစ်ချက်ကဘာလဲ။

ဖြေ။ ။ 🤓 Comfort Zone ထဲမှာ နေတတ်တဲ့အကျင့်ကို ပြုပြင်ပြောင်းလဲဖို့ပါပဲ။

🦜 အခုလို “Comfort Zone ထဲက ထွက်လိုက်ပါ” ဆို‌တဲ့ စကားလုံးတွေနဲ့ ရင်းနှီးနေတဲ့ Hypers🎓 လေးတို့အနေနဲ့“Comfort Zone”ကို ဘယ်လိုနားလည်လဲဆိုတာ Comment မှာဝင်ရောက်ဆွေးနွေးသွားကြပါဦးနော် 💁‍♀️ Hypen မိသားစုအတွက်တော့ Comfort Zone ဆိုတာ လူတစ်ယောက်က ကိုယ်လုပ်လေ့လုပ်ထရှိတဲ့ အရာတွေကိုပဲ လုပ်နေချင်တာ၊ အားစိုက်ထုတ်စရာ၊ ဦးနှောက်အခြောက်ခံစရာမလိုဘဲ လွယ်လွယ်ကူကူပြီးသွားမဲ့ အရာတွေကိုပဲ ရွေးချယ်ချင်‌နေတဲ့ အခြေအနေမျိုးဖြစ်ပါတယ်👀

💭 ဒီ Zone မှာတွေ့ရတဲ့ လှုပ်ရှားမှု‌တွေ၊လုပ်ရပ်တွေနဲ့ အပြုအမူတွေဟာ Hypers🎓 လေးတို့နဲ့ ဖက်လဲတကင်း အကျွမ်းတဝင်ရှိနေပြီး Stress နဲ့ Risk တွေ နည်းပါးတယ်ဆိုတာကို ပြေးကြည့်စရာမလိုဘဲ တွေးကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။ Realistic ဖြစ်တဲ့ ဥပမာတစ်ခုပေးရရင် 🙈အခန်းသန့်ရှင်းရေးထလုပ်ဖို့ထက် အိပ်ရာထဲလှဲပြီး ဖုန်းသုံး‌ဖို့ကို ရွေးချယ်တာမျိုးပါ🤳

“ဟာ၊ ဒါဆို Comfort Zone က လူတိုင်းအတွက် Safe ဖြစ်ပြီး နေလို့ကောင်းနေတာကို ဘာကြောင့်ဒီ Zone ထဲကနေထွက်ရမှာလဲ” 🧐 ဆိုပြီး မေးခွန်းထုတ်စရာတွေရှိလာရင်တော့ ရှည်ရှည်ဝေးဝေးစဉ်းစားမနေဘဲ “အနာခံမှ အသာစံရ” ဆိုတဲ့ မြန်မာစကားပုံလေးကို တမ်းတလိုက်ကြမယ် ဟုတ်

ဒါပေါ့၊ Comfort Zone မှာပဲပိတ်မိနေခြင်းရဲ့ ဆိုးကျိုးက Hypers🎓 လေး‌တို့ရဲ့ ဘဝနဲ့ချီတဲ့တိုးတက်မှုတွေအတွက် ရွှေ‌အိုရောင်အခွင့်လမ်းတွေကို ကိုယ်တိုင်ကန့်သတ်လိုက်လျက်သား ဖြစ်သွားတာပါပဲ ⚔️

ဆိုတော့ Temporary ဆန်တဲ့ စိတ်ပိုင်းဆိုင်ရာ “ဘေးကင်းတဲ့နေရာ”(Comfort Zone) ကိုရွေးချယ်မလား
ဒါမှမဟုတ် သင့်တင့်တဲ့ စိုးရိမ်ပူပန်မှုတွေ ကြားက တိုးတက်မှုတွေနဲ့ အတွေ့အကြုံအသစ်တွေကို လက်ဝယ်ပိုင်ဆိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ဖို့ ရွေးချယ်မလား

Hypers🎓 လေး‌တို့ရဲ့ Choice က Hypers🎓 တို့ရဲ့ Life မလို့ Hope you choose wise🦉 ပါလို့ပြောရင်း Comfort Zone ထဲကနေ ရုန်းထွက်ကြမဲ့ Fighter Hypers🎓 လေး‌တို့ကို ဦးနှောက်စားမနေရအောင် Hypen ကနေ “ How to stepping out of comfort zone? ” ဆိုတဲ့ ခေါင်းစဉ်လေးကို အမှီပြုပြီး အဆင့်အလိုက်စာရင်းပြုစုထားတာလေးကို ချပြပေးသွားမှာပါ✍️

Hypen Education

31 Oct, 05:30


စိတ်ပျော်ချင်ရင် ချိုတာလေးရွေးစား 🍰

စိတ်ကောက်နေတဲ့သူကို ကိတ်မုန့်ချိုချိုလေး ကျွေးပြီး ချော့တတ်တဲ့ ချစ်သူလေးများ ပိုင်ဆိုင်ထားကြပြီလား Hypers🎓 လေးတို့ရေ 🤖

ကျွန်တော်တို့ နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေရဲ့ အစွမ်းသတ္တိတွေဟာ ကျွန်တော်တို့ရဲ့ စိတ်ခံစားချက် အပေါ်ကို သက်ရောက်မှုအများကြီး ရှိပါတယ်။ ဥပမာ - ရန်ကုန်နွေလို ပူလွန်းတဲ့အချိန်မှာ ရင်ထဲအေးစေမဲ့ ရေခဲရေ မသောက်ဘဲ ရေနွေးကြမ်းတော့ ဘယ်သူမှ မသောက်ဘူးလေနော် 🍂

အဲဒီလိုပဲ... ကျွန်တော်တို့တွေဟာ ရာသီဥတုနဲ့ ကိုက်ညီစေမဲ့၊ စိတ်ခံစားချက်ကို အဆင်ပြေစေမဲ့ အရာတွေကိုပဲ ရွေးချယ်စားသောက်တတ်ကြပါတယ်။ ခက်တာက တချို့အစားအစာတွေက တစ်နေ့လုံးပင်ပန်းထားသမျှကို ကြက်ပျောက်ငှက်ပျောက် ပျောက်သွား‌သလို စိတ်အပန်း‌ပြေစေနိုင်ပေမဲ့ တချို့ အစားအစာတွေကတော့ စားလိုက်ရုံနဲ့ ပင်ပန်းနွမ်းနယ်သလိုလို၊ စိတ်တိုလာသလိုလို ခံစားရတတ်ပါတယ်🫂

ဒီအပတ်မှာတော့ သိပ္ပံဓာတ်သဘောနဲ့ ဆက်စပ်နေတဲ့ စွမ်းအင်ဖြည့်တင်းပေးသော ဘယ်လိုအစားအစာမျိုးတွေက ဦး‌နှောက်အလုပ်လုပ်ပုံကို ဘယ်လိုအကျိုး သက်ရောက်စေသလဲ၊ အချို့သောအစားအစာတွေက ဘာကြောင့် ခန္ဓာကိုယ်အားအင်ပြည့်တင်းမှုနှင့် စိတ်အခြေအနေ တက်ကြွလန်းဆန်းမှုတွေကိုပေးလဲ  ဆိုတဲ့ အကြောင်းအရာတွေကို ဆွေးနွေးသွားကြမှာပါ 💨

ဒါတွေအပြင် တစ်နေ့တာအစားအသောက်ပုံစံက စိတ်ဖိစီးမှုနဲ့ ပျော်ရွှင်မှုကို ဘယ်အတိုင်းအတာအထိ သက်ရောက်နေတာလဲ? သင့်တော်တဲ့ အစားအစာတွေကို ရွေးချယ်စားသောက်ပုံတွေကရော သင့်ကိုပိုပြီး အားပြည့်စေတာ၊ အကောင်းမြင်စိတ်ရှိစေတာ ဖြစ်မလဲ? စတာတွေကိုပါ ဖော်ထုတ်ကြမှာပဲ ဖြစ်ပါတယ် 👀

Hypers🎓 လေးတို့က အစားတစ်လိုင်းသမားလေးတွေလား ? ကျန်းမာကြံ့ခိုင်ရေး စိတ်ဝင်စားသူလား ? ဒါမှမဟုတ် တစ်နေ့တာကို ပိုမိုတိုးတက်စေမဲ့ ပုံစံတွေကိုသိချင်နေတာလား? ဒီလိုဆိုရင်တော့ ဒီတစ်ခေါက် English Speaking club လေးက Hypers🎓 တို့ အတွက်ပါပဲ 🔍

အစားအသောက်တွေထဲမှာ မြှုပ်‌နှံထားတဲ့ စွမ်းအင်တွေ အပါအဝင် စားပုံစားနည်းတွေ၊ စိတ်ခံစားချက်‌တွေရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်နေတဲ့အကြောင်း‌တွေကိုပါ အတူတကွ ဆွေးနွေးချင်တယ်ဆိုရင်တော့ ဒီအပတ် Sunday English speaking club လေးမှာ ကျွန်တော်တို့နဲ့ အတူတူ စိတ်ဝင်စားစရာ အစားကမ္ဘာလေးဆီကိုလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော် 🔔

𝙃𝙮𝙥𝙚𝙣 𝙀𝙣𝙜𝙡𝙞𝙨𝙝 𝙎𝙥𝙚𝙖𝙠𝙞𝙣𝙜 𝘾𝙡𝙪𝙗 𝙏𝙞𝙢𝙚𝙡𝙞𝙣𝙚 ~
🗓 𝐃𝐚𝐭𝐞       : 3. 11. 2024
🕰 𝐓𝐢𝐦𝐞      : 8 P.M - 9:30 P.M
📍 𝐓𝐨𝐩𝐢𝐜.    :  How does food influence your mood?
💻 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦: Zoom

အပတ်စဉ် ကျင်းပလေ့ရှိတဲ့ Hypen ရဲ့ Speaking club လေးကို လက်မလွတ်ရလေအောင် ဒီ link လေးကိုလည်း join ထားကြပါဦးနော် 👇

📌 𝐇𝐲𝐩𝐞𝐧 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐂𝐥𝐮𝐛 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐆𝐫𝐨𝐮𝐩- https://t.me/+2r9q0GIZZ-w3ZGM1

Hypen ဟာ အမြဲတမ်းနွေးထွေးမှုတွေနဲ့ ဆီးကြိုနေတဲ့အပြင်၊ Knowledge sharing တွေ Speaking club တွေနဲ့ အသည်း‌ကွဲနေရင် မျက်ရည်ကျစေမဲ့ Content လှလှလေးတွေပါ ရှိတာမို့ Hypen organisation ရဲ့ Facebook page & Telegram channel လေးကို like and follow လုပ်ဖို့လည်း မမေ့ရဘူးနော် 🚨

Hypen Facebook Page -
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL

Hypen Organization Channel- https://t.me/hypen_org

#ContentwriterbyMyaKhatMon
#GraphicDesignbyPyaeShinKhaing
#hypen_org
#HypenEnglishSpeakingClub

Hypen Education

27 Oct, 12:33


♦️𝗧𝗵𝗲 𝗮𝗿𝘁 𝗼𝗳 𝗹𝗲𝘁𝘁𝗶𝗻𝗴 𝗴𝗼

🩹နာကျင်မှန်းသိသိကြီးနဲ့ ဆုပ်ကိုင်ထားလဲ ‌ပြတ်သွားတဲ့လေတံခွန်လိုပဲ ကိုယ်နဲ့ဝေးရာကိုသာ နောက်ဆုံးမှာ ပြေးထွက်သွားကြတာပါပဲ💧 ဒီလိုပဲ ကိုယ့်ရဲ့ခံနိုင်ရည်ကို ကျော်လွန်ပြီး ကျွန်တော်တို့ဟာ တစ်ခါတလေမှာ အပြင်းအထန်ကို ကြိုးစားတတ်ကြပါတယ်🔥 နောက်ဆုံးမှာတော့ ဖြစ်မလာတဲ့အပေါ်မှာ ခံစားချက်တွေအရမ်းနစ်ဝင်သွားရင်းနဲ့ ပြန်လမ်းမဲ့သွားကြတဲ့ သာဓကတွေ အများအပြားရှိတာကြောင့် ကိုယ်ချလိုက်တဲ့ ပန်းတိုင်တိုင်းမှာ 𝗥𝗲𝗮𝗹𝗶𝘀𝘁𝗶𝗰 𝘃𝗶𝗲𝘄 လေးရှိဖို့ အကြံပေးချင်ပါတယ်☑️

Hypen Education

27 Oct, 12:33


♦️𝗧𝗮𝗸𝗲 𝗿𝗲𝘀𝗽𝗼𝗻𝘀𝗶𝗯𝗶𝗹𝗶𝘁𝘆

🚫လူသားတိုင်း အမှားလုပ်မိမှာကိုတော့ စိုးရိမ်တတ်ကြတာပါပဲ။ လူတိုင်းဟာအမှားနဲ့မကင်းကြပေမဲ့ အမှားတွေအပေါ်ကို သင်ခန်းစာယူရင်း နောက်တစ်ခေါက်မမှားမိအောင် ဆင်ခြင်ရင်းနဲ့ပဲ ရှေ့ဆက်နေကြရတာပါ💯 ဒီလိုမျိုး‌ဆက်လို့လျှောက်နေမှလည်း ကိုယ့်ရဲ့အောင်မြင်မှုပန်းတိုင်က တဖြည်းဖြည်းနဲ့ နီးစပ်လာမှာမို့ အမှားကိုဝန်ခံရဲပြီး တာဝန်ယူစိတ်အပြည့်နဲ့သာဆက်လျှောက်လှမ်းမယ်ဆိုရင် အခွင့်ထူးခံလူတန်းစားထဲက လွန်မြောက်ပြီး ကိုယ့်ရဲ့ဘဝအနာဂတ်လမ်းက ပိုပြီးအောင်မြင်လာမှာပါ💪 ဒါကြောင့် 𝗛𝘆𝗽𝗲𝗿𝘀🎓 လေးတို့လဲ ပြတ်သွားတဲ့ ရည်းစားဟောင်းတွေအားလုံးကိုမေ့ပစ်ပြီး အချစ်သစ်၊ လူသစ်၊ စိတ်သစ်နဲ့ အနာဂတ်လမ်းခရီးဆုံးတဲ့အထိ လျှောက်လှမ်းနိုင်ကြပါစေလို့ ဆုတောင်းပေးရင်းနဲ့ပဲ ဒီနေ့အစီအစဉ်လေးကို နိဂုံးချုပ်လိုက်ပါမယ်

Hypen Education

27 Oct, 12:33


📢နောက်လာမဲ့နေ့တွေမှာလဲ စိတ်ဝင်စားစရာအကြောင်းအရာတွေအများကြီးကို မျှဝေပေးသွားဦးမှာမို့ 𝗛𝘆𝗽𝗲𝗻 𝗢𝗿𝗴 ရဲ့ 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 𝗖𝗵𝗮𝗻𝗻𝗲𝗹𝘀 တွေကို 𝗝𝗼𝗶𝗻 ထားဖို့ မမေ့နဲ့နော်💯

Hypen's Facebook Page -
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL

Hypen's Telegram channel -
https://t.me/hypen_org

#PrivilegeSyndrome
#Hypen_edu
#ContentwriterByH13IN
#GraphicDesignByPyaeShinKhaing

Hypen Education

27 Oct, 12:32


🔷𝗦𝗼𝗰𝗶𝗲𝘁𝘆 𝗘𝗿𝗿𝗼𝗿

💭နောက်တစ်ခုက ❝တစ်ခုခုကိုရဖို့ ကိုယ်က သူများထက်ပိုပြီး ထိုက်တန်ပါတယ်❞ ဆိုပြီး ကျွန်တော်တို့တွေဟာ တွေးတတ်ကြပါတယ်🔎 ❝အိမ်မှာအငယ်ဆုံးဖြစ်လို့ အားလုံးထက်ပိုပြီး အလိုလိုက်ရမယ်၊ 𝗥𝗲𝗹𝗮𝘁𝗶𝗼𝗻𝘀𝗵𝗶𝗽 မှာလည်း မိန်းကလေးဖြစ်နေလို့ ကိုယ့်ဘက်က အကြောင်းပြချက်မရှိ စိတ်ကောက်လည်း ယောက်ျားလေးဖြစ်သူက အမြဲချော့ရမယ်၊ ယောက်ျားလေးမို့လို့ ကိုယ်ကပဲ ဆုံးဖြတ်ချက် အမြဲချရမယ်❞ စတဲ့ ကိုယ့်ကသူများထက် ပိုပြီးထိုက်တန်တယ်၊ ပိုပြီးအခွင့်အရေးရှိရမယ် ဆိုပြီး တွေးလေ့ရှိပါတယ်။ အဲ့ဒါကိုလည်း 𝗣𝗿𝗶𝘃𝗶𝗹𝗲𝗴𝗲 𝗦𝘆𝗻𝗱𝗿𝗼𝗺𝗲 လို့ပြောရင် မှားမယ်မထင်ပါဘူး🔥

Hypen Education

27 Oct, 12:32


🔷𝗛𝗼𝗽𝗲 𝗢𝗿 𝗙𝗮𝗹𝘀𝗲 𝗛𝗼𝗽𝗲

‼️နောက်တစ်ခုက 𝗣𝗿𝗶𝘃𝗶𝗹𝗲𝗴𝗲 𝗦𝘆𝗻𝗱𝗿𝗼𝗺𝗲 ရှိတဲ့သူတွေက တခြားသူတွေအပေါ် 𝗘𝘅𝗽𝗲𝗰𝘁𝗮𝘁𝗶𝗼𝗻 အများကြီး ထားတတ်ကြပါတယ်💭 ❝ကိုယ်ကမပြည့်စုံလို့ ကိုယ့်ကိုလာပြီး ကူညီရမယ်၊ ကိုယ်ကအားငယ်နေလို့ ကိုယ့်ကိုလာပြီး အားပေးရမယ်❞ စတဲ့ ပုံစံအမျိုးမျိုးနဲ့ လူတွေအပေါ် မျှော်လင့်ချက်တွေ အများကြီးထားနေတဲ့အတွက် ဖြစ်မလာတဲ့အခါ ပိုပင်ပန်းရပြီး ကြာလာတာနဲ့အမျှ 𝗠𝗲𝗻𝘁𝗮𝗹 𝗛𝗲𝗮𝗹𝘁𝗵 ကိုပါ ထိခိုက်လာနိုင်ပါတယ်🌡️ ဒါ့အပြင် 𝗣𝗿𝗶𝘃𝗶𝗹𝗲𝗴𝗲 𝗦𝘆𝗻𝗱𝗿𝗼𝗺𝗲 ရှိတဲ့သူတွေက သူများအပေါ်  𝗘𝘅𝗽𝗲𝗰𝘁𝗮𝘁𝗶𝗼𝗻 တွေထားတဲ့အတွက်ကြောင့် တခြားသူဆီကပဲ မျှော်လင့်ပြီး ကိုယ့်ကိုကိုယ် တာဝန်ယူစိတ်လျော့စေပါတယ်။ ကိုယ်မအောင်မြင်တာ ဘယ်သူမကူညီလို့ ၊ ဟိုလူကြောင့် ဒီလူကြောင့်ဆိုပြီး 𝗖𝗼𝗺𝗽𝗹𝗮𝗶𝗻𝘁𝘀 တွေတတ်ကြပါတယ်🗯️

Hypen Education

27 Oct, 12:32


⬆️𝗛𝗼𝘄 𝘁𝗼 𝗼𝘃𝗲𝗿𝗰𝗼𝗺𝗲 𝘁𝗵𝗲 𝗣𝗿𝗶𝘃𝗶𝗹𝗲𝗴𝗲 𝗦𝘆𝗻𝗱𝗿𝗼𝗺𝗲

𝗣𝗿𝗶𝘃𝗶𝗹𝗲𝗴𝗲 𝗦𝘆𝗻𝗱𝗿𝗼𝗺𝗲 ဆိုတာကလဲ လူတစ်ယောက်ရဲ့ 𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹𝗶𝘁𝘆 လို့ ပြောမရပြန်ပါဘူး။ မရင့်ကျက်သေးတဲ့အချိန်မှာ ဖြစ်တတ်တဲ့ စိတ်တစ်ခုပါပဲ။ဒါကြောင့် ကျွန်တော်တို့မှာ ဒီ 𝗣𝗿𝗶𝘃𝗶𝗹𝗲𝗴𝗲 𝗦𝘆𝗻𝗱𝗿𝗼𝗺𝗲 ရှိနေတယ်ဆိုရင်တောင် အဲဒီစိတ်တွေ တဖြည်းဖြည်းချင်းနည်းသွားအောင် ကြိုးစားပြီး ပြင်ဆင်လို့ရပါတယ်☑️

Hypen Education

27 Oct, 12:32


♦️𝗢𝗽𝘁𝗶𝗺𝗶𝘀𝘁𝗶𝗰 𝗔𝗰𝘁𝗶𝗼𝗻𝘀

📢အလွယ်ကူဆုံးနဲ့အထိရောက်ဆုံးနည်းလမ်းကတော့ ပထမဆုံးအနေနဲ့ 𝗣𝗲𝗿𝗳𝗲𝗰𝘁𝗶𝗼𝗻𝗶𝘀𝘁 ဖြစ်ချင်တဲ့နေရာမှာ 𝗢𝗽𝘁𝗶𝗺𝗶𝘀𝘁 ဆိုတဲ့အချက်လေးကို အစားထိုးကြည့်ဖို့ပါပဲ💯 𝗢𝗽𝘁𝗶𝗺𝗶𝘀𝘁𝗶𝗰 𝗔𝗰𝘁𝗶𝗼𝗻𝘀 လေးတွေလဲ ပါဝင်ဖို့တော့လိုအပ်ပါတယ်☑️ တွေးတောနေတာထက် လက်တွေ့ချလုပ်လိုက်တာ ပြောလိုက်တာတွေက အထိရောက်ဆုံးမလို့ အရာရာမှာ 𝗔𝗰𝘁𝗶𝗼𝗻𝘀 ပါဝင်နေဖို့တော့ အရေးကြီးပါတယ်🔥 ချစ်သူကိုသတိရလာရင်လဲ ချက်ချင်းသာဖုန်းပြေးဆက်လိုက်ပါ 🌼

Hypen Education

27 Oct, 12:31


🔷𝗣𝗲𝗿𝗳𝗲𝗰𝘁𝗶𝗼𝗻𝗶𝘀𝘁, 𝗶𝘀 𝗶𝘁 𝗚𝗼𝗼𝗱 𝗼𝗿 𝗕𝗮𝗱

ငယ်စဉ်ကတည်းက အရာရာပြည့်စုံနေတဲ့အတွက် တခြားသူတွေထက် ပိုပြီး အခွင့်ထူးခံစားခွင့်ရချင်တာလေးတွေ အများအားဖြင့် တွေ့ရပါတယ်👀 ကိုယ်ကပြည့်စုံနေတဲ့အတွက် သူများထက် နောက်မကျချင်ဘူး၊ သူများနောက်မရောက်ချင်ဘူး၊ သူများထက်သာမှဖြစ်မယ် ဆိုတဲ့စိတ်တွေ ကြုံတွေ့ရပြီး ကြာလာတဲ့အခါ 𝗔𝗻𝘅𝗶𝗲𝘁𝘆 တွေများကာ 𝗗𝗲𝗽𝗿𝗲𝘀𝘀𝗶𝗼𝗻 ဝင်လာတတ်ပါတယ်🆘 ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ နှိုင်းယှဉ်ပြီး မကျေနပ်တာတွေ၊ 𝗝𝗲𝗮𝗹𝗼𝘂𝘀 ဖြစ်တာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုခံစားချက်တွေဟာ ကြာလာတဲ့အခါ 𝗠𝗲𝗻𝘁𝗮𝗹 𝗛𝗲𝗮𝗹𝘁𝗵 ကိုပါထိခိုက်လာနိုင်ပါတယ်‼️

Hypen Education

27 Oct, 12:31


🔎လူသားတိုင်းဟာ ကိုယ့်ရဲ့ဘဝမှာတော့ 𝗠𝗮𝗶𝗻 𝗖𝗵𝗮𝗿𝗮𝗰𝘁𝗲𝗿 တစ်ဦးအနေနဲ့ပဲ ပုံဖော်ကြည့်ကြတာ သဘာဝပါ💯

🌟ဒီလိုအဓိကဇာတ်ဆောင်အနေနဲ့ ပုံဖော်ကြရင်းနဲ့ အရာရာမှာ ကိုယ့်ရဲ့ဆန္ဒတစ်ခုထဲကိုပဲ ရှေ့တန်းတင်ပြီး သွားနေကြတဲ့သူတွေကိုလဲ မြင်ဖူး၊ဆုံဖူး၊ခံစားဖူးကြမှာပါ💯 အရာရာမှာ ကိုယ်ပဲဖြစ်ချင်တဲ့စိတ်တွေနဲ့ သွားကြရင်း လမ်းခုလတ်တွေမှာ ဝင်လာတတ်တဲ့ ဆူး‌ငြောင့်ခလုတ်တွေအောက် ခံနိုင်ရည်မရှိတော့ပဲ ပြိုလဲကျသူတွေလဲ ဒုနဲ့ဒေးပါပဲ👀

ဒါဆို ဒီနေ့ရဲ့ ခေါင်းစဉ်လေးတစ်ခုအနေနဲ့ အခွင့်ထူးခံရောဂါဆိုတဲ့ 𝗣𝗿𝗶𝘃𝗶𝗹𝗲𝗴𝗲 𝗦𝘆𝗻𝗱𝗿𝗼𝗺𝗲 ဆိုတဲ့အကြောင်းအရာလေးတစ်ခုကို 𝗛𝘆𝗽𝗲𝗿𝘀🎓 လေးတို့အတွက် ဝေမျှပေးချင်ပါတယ်💯

🖇️ပထမဦးဆုံး 𝗣𝗿𝗶𝘃𝗶𝗹𝗲𝗴𝗲 𝗦𝘆𝗻𝗱𝗿𝗼𝗺𝗲 ဆိုတာကို ❝အခွင့်ထူးခံ ရောဂါ❞ ဆိုပြီး 𝗧𝗵𝘂𝗺𝗮 ❝သူမ❞ 𝗬𝗼𝘂𝗧𝘂𝗯𝗲 𝗖𝗵𝗮𝗻𝗻𝗲𝗹 မှာ မှတ်သားမိပါတယ်📝 ပြီးတော့ ကျွန်တော်တို့တွေ တော်တော်များများရင်ဆိုင်နေရတဲ့ 𝗠𝗲𝗻𝘁𝗮𝗹 𝗛𝗲𝗮𝗹𝘁𝗵 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲 တစ်ခုလို့လည်း ပြောလို့ရပါတယ်။ အထူးသဖြင့် အရာရာပြည့်စုံစွာ နေလာရတဲ့ လူတွေမှာ ပိုပြီးတွေ့ရတတ်တဲ့ 𝗠𝗲𝗻𝘁𝗮𝗹 𝗛𝗲𝗮𝗹𝘁𝗵 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲 တစ်ခုပါ

📢ဒီလိုမျိုး 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲𝘀 လေးတွေကို ဘယ်လိုကျော်လွှားကြမလဲ ဆိုတာနဲ့ ဘယ်နေရာလေးတွေကို ပြုပြင်ပြီး လိုရာပန်းတိုင်ဆီ ဦးတည်ကြမလဲဆိုတာသိချင်ရင်တော့ ဒီစာလေးကို ဆုံးအောင်ဖတ်စေချင်ပါတယ်🎁

Hypen Education

25 Oct, 11:34


🤫 ဒါနဲ့ N4 level နှင့်အထက် ရှိထားပြီး သုတတိုးရင်း ဂျပန်စကားမွတ်မွတ်ကျေချင်တဲ့ Hypers🎓 လေး‌တိုင်းအတွက် Hypen ကနေ ကြီးမှူးတဲ့ Japanese Speaking Club ရပ်ဝန်းလေးရှိတယ်ဆိုတာ သိပြီးကြပြီလား

Hypen Japanese Speaking Club Telegram Channel - https://t.me/+ipZXsSdt_pMxODdl

💁‍♀️ ဒီလိုမျိုး ဘာသာစကားနဲ့ ပတ်သက်တဲ့ အဖိုးတန်ရပ်ဝန်းတွေနဲ့ Friday Idiom ကဏ္ဍတွေသာမက Hypers🎓 လေးတို့အတွက် အကျိုးရှိစေမဲ့ အကြောင်းအ‌ရာမှန်သမျှကို နေ့စဉ်နေ့တိုင်း အစဉ်အလာမပြတ်‌ အိတ်သွန်ဖာမှောက် ပြောပြပေးနေတာဖြစ်လို့ “ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ” ဆိုသလို Hypers🎓 လေး‌တို့ အနေနဲ့ Hypen ရဲ့ Facebook Page နဲ့ Telegram Channel လေးတွေကို 👍 Like and Follow လုပ်ခဲ့ဖို့ မမေ့ပါနဲ့ဦး။

Hypen Facebook Page -
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL

Hypen Main Channel -
https://t.me/hypen_org

#ContentwriterbyLia
#GraphicDesignbyPyaeShinKhaing
#Friday_idiom
#hypen_edu

Hypen Education

25 Oct, 11:32


🔰 虻蜂取らず
      あぶはちとらず
      အဘု၀ချိတိုရဇု

: ဒီစကားပုံလေးကို တိုက်ရိုက်ဘာသာပြန်မယ်ဆိုရင်တော့
🐝 “ယင်ကောင်ရော၊ ပျား‌ရော မရ” လို့ပြန်လို့ရပါတယ်။

: မြန်မာမှာဆိုရင်တော့
🔪“ဖွတ်မရ ဓားမ ဆုံး”ဆိုတဲ့စကားပုံလေးနဲ့ ကွက်တိပါ။

: အဓိပ္ပာယ်ကတော့...
🤧 ရည်ရွယ်ချက်နှစ်ခုသုံးခုကို တစ်ပြိုင်နက် လုပ်ချင်တဲ့အခါ၊ လိုချင်တာတွေအများကြီးကို အကုန်ပြည့်ချင်တဲ့အခါ တစ်ခုမှ မပြည့်လိုက်တာ၊ တစ်ခုမှ မရလိုက်တာမျိုး ဖြစ်တတ်တာကို ဖော်ပြချင်တာမျိုး ဖြစ်ပါတယ်‌။

Hypen Education

25 Oct, 11:32


🔰 馬の耳に念仏
     うまのみみにねんぶつ
      အုမနို့ မိမိနိ နမ်းဘုကျွတ်

: ဒီစကားပုံလေးက မြန်မာမှာဆိုရင်တော့
🐃 “ကျွဲပါးစောင်းတီး” ဆိုတဲ့စကားပုံလေးနဲ့ ထပ်တူကျပါတယ်။

: အဓိပ္ပာယ်ကတော့...
😞 ဘယ်လိုပြောပြော နားမလည်နိုင်တဲ့သူကို သူနဲ့ မထိုက်တန်တာတွေ၊ မလိုက်ဖက်‌တာတွေ ပြောမိတဲ့အခါ သုံးနိုင်တဲ့ အသုံးအနှုန်းပဲ ဖြစ်ပါတယ်။

Hypen Education

25 Oct, 11:31


🔰 苦しい時の神頼み
     くるしいときのかみだのみ
      ခုရုရှိးအီး တိုခီနို့ ကမိဒနိုမီ

: ဒီစကားပုံလေးကို တိုက်ရိုက်ဘာသာပြန်မယ်ဆိုရင်တော့
🙏 “ခက်ခဲတဲ့အချိန်မှာ နတ်ဘုရားထံတောင်းဆိုခြင်း” လို့ ဘာသာပြန်နိုင်ပါတယ်။

: မြန်မာမှာဆိုရင်တော့
👩‍👦 “ခလုတ်ထိမှ အမိတ” ဆိုတဲ့စကားပုံလေးနဲ့အတူတူပါပဲ။

: အဓိပ္ပာယ်ကတော့...
🥺 “လူတွေက ကိုယ်ခက်ခဲတဲ့အချိန်ကျမှ တစ်စုံတစ်ယောက်ကို အကူညီတောင်းဖို့ သတိရတာမျိုး” ကိုပြောချင်တာပါ။ “သူတို့အခက်အခဲနဲ့ရင်ဆိုင်ရမှ သတိရတတ်တာမျိုး” လို့လည်းဆိုလိုပါတယ်နော်။

Hypen Education

25 Oct, 11:31


🔰 嘘も方便
     うそもほうべん
      အုဆိုးမို့ ဟိုးးဘန်း

: ဒီစကားပုံလေးကို တိုက်ရိုက်ဘာသာပြန်မယ်ဆိုရင်တော့
🤫 “အလိမ်အညာကလည်း အသုံးတည့်တယ်” လို့ ပြန်လို့ရပါတယ်နော်။

: မြန်မာမှာဆိုရင်တော့
🦜 “မုသားမပါ လင်္ကာမချော” ဆိုတဲ့စကားပုံလေးနဲ့  ချွတ်စွတ်နီးပါး တူပါတယ်။

: အဓိပ္ပာယ်ကတော့...
🎭 တစ်ခါတလေကျ‌တော့ မုသားသုံးပြီး ပြောဆိုလိုက်တာတွေက မကောင်းတာမဖြစ်စေဘဲ အကျိုးရှိသွားတာမျိုး၊ ပြဿနာမဖြစ်စေတာမျိုးတွေ ရှိနိုင်ပါတယ်။ ဒါကြောင့်မလို့ တချို့သောအခြေအနေတွေမှာ စကားဆင်ခြင်ပြောတတ်ဖို့ လိုအပ်ကြောင်းကို ‌ပြောပြပေးထားတဲ့ စကားပုံလေးလို့ ဆိုရရင်လည်း မမှားပါဘူး။

Hypen Education

25 Oct, 11:31


🔰鉄は熱いうちに打て
     てつはあついうちにうて
     တဲကျွတ်၀ အာကျွတ်အိအုချိနိ အုတဲ့

: ဒီစကားပုံလေးကို တိုက်ရိုက်ဘာသာပြန်မယ်ဆိုရင်တော့
🔨 “သံပူတုန်းမှာ ထုရိုက်ပါ” လို့ ဘာသာပြန်လို့ရပါတယ်။

: မြန်မာမှာဆိုရင်တော့
💪 “လသာတုန်းဗိုင်းငင်” ဆိုတဲ့ စကားပုံလေးနဲ့ ဆင်တူပါတယ်နော်။

: အဓိပ္ပာယ်ကတော့...
🏆 “အခွင့်အရေးတွေကို အခွင့်အခါသင့်တုန်းမှာ လက်လွတ်မခံဘဲ အရယူထားရမယ်” ဆိုပြီး ဖြစ်ပါတယ်။

Hypen Education

25 Oct, 11:30


👅 ကိုယ်မြည်းစမ်းကြည့်မဲ့ ဂျပန်အစားအသောက်တွေကိုကျတော့ မုန့်ပဲသရေစာလေးကစလို့ အရသာကောင်းမွန်ကြမယ်လို့ ထင်ကြတယ်မလား

💭 ဒါဆို ကိုယ့်ပြောချင်၊ ဆိုလိုချင်တဲ့ ဂျပန်စကားတွေကိုလည်း Food ရဲ့ Taste တွေလို ထိမိဂွိဖြစ်‌စေဖို့ မခဲယဉ်းဘူးဆိုရင် ပုံပြင်တစ်ပုဒ်များ ‌ဖြစ်နေမလားဆိုတော့...

နိုး ပါနော်🙅‍♀️

ဘာလို့လဲဆိုတော့ အခုဒီစာကို ဖတ်နေတဲ့ Hypers🎓 လေး‌တို့ ပြောချင်တဲ့ Message တွေ လိုရင်းရောက်ဖို့ ရှေးရှုရင်း Hypen ကနေ ဆာကူရာမြေကို crush နေတဲ့သူလေးတွေအတွက် Japanese Idiom ရတနာသိုက်လေးကို လက်ဆင့်ကမ်းအ‌မွေပေးမဲ့ Friday ကိုတစ်ဖန်ပြန်လည်ရောက်ရှိလာလို့ပါပဲ

ဒီလိုဆိုရင် Treasure box လေးထဲမှာ ဘယ်လိုမျိုး Idiom တွေ ရှိနေမလဲ၊ ‌Idiom တစ်ခုချင်းစီကို နောင်ခါကျ ဘယ်လိုနေရာတွေမှာ အသုံးချနိုင်မလဲ ဆိုတာကို သိရဖို့ လှန်လှောပြီး မွှေ‌ကြည့်ကြရအောင် 🔎

Hypen Education

25 Oct, 04:31


🌈Gender စုံလင်ကွဲပြားခြားနားခြင်း ဆိုတဲ့ ခေါင်းစဉ်အောက်က စည်းခြားထားတဲ့ ကန့်သတ်ချက်တွေနဲ့ ကင်းဝေးရာ ကမ္ဘာသစ်ဆီ...

Hypers🎓 လေးတို့ရေ သာယာဝပြောတဲ့ ရပ်ဝန်းတစ်ခုလို့ ဆိုလိုက်တာနဲ့ ချစ်ခြင်းမေတ္တာ၊ စာနာထောက်ထားမှုတွေအပြင် ခွဲခြားမှုတွေမရှိဘဲ တန်းတူအခွင့်အရေး‌တွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ အသိုက်အမြုံတစ်ခုကို ပြေးမြင်မိကြမယ်ထင်ပါတယ်🌻

🗣အဲဒီလို တန်းတူအခွင့်အရေးတွေထဲမှာ 𝐆𝐞𝐧𝐝𝐞𝐫 𝐄𝐪𝐮𝐚𝐥𝐢𝐭𝐲 လို့ ပြောတဲ့ ကျား၊ မ တန်းတူညီမျှမှုအခွင့်‌အ‌ရေးရှိခြင်းကလည်း တစ်ခုအပါအဝင်ပါပဲ။ ဒီနေရာမှာ Hypers🎓 လေးတို့ကို တစ်ခု သတိချပ်စေချင်တာက 𝐆𝐞𝐧𝐝𝐞𝐫 𝐄𝐪𝐮𝐚𝐥𝐢𝐭𝐲 ဆိုတာ အမျိုးသမီးအတွက်သာလျှင် ထူးခြားတဲ့ အခွင့်အရေးရသင့်ကြောင်းကို ဆိုလိုတာမျိုးမဟုတ်ဘဲ ဘယ်လိုအခွင့်အလမ်းမျိုးအတွက်မဆို Gender ကွဲပြားမှုပေါ်လိုက်ပြီး ကန့်သတ်ခြင်းမရှိဘဲ တန်းတူထားသင့်ကြောင်းကို ဆိုလိုတာဖြစ်ပါတယ်

🫵ဒါဆို ကျား၊ မ တန်းတူညီမျှမှုလို့ ဆိုအပ်တဲ့ 𝐆𝐞𝐧𝐝𝐞𝐫 𝐄𝐪𝐮𝐚𝐥𝐢𝐭𝐲 အကြောင်းကို လာမဲ့ Sunday English Nightclub မှာ ဆွေးနွေးသွားဖို့ စီစဉ်ထားတယ်ဆိုရင် Hypers🎓 လေးတို့ စိတ်ဝင်စားသွားကြပြီမဟုတ်လား⁉️

🔹ပညာရေး၊ အလုပ်အကိုင်၊ ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်နဲ့ နိုင်ငံရေး ကိုယ်စားပြုမှုနယ်ပယ် အပါအဝင် တခြားနယ်ပယ်‌ပေါင်းများစွာမှာ တချို့ Gender တွေကြား တန်းတူညီမျှမှုမရှိတဲ့ ကွာဟမှုတွေ...

🔹လူ့အဖွဲ့အစည်း‌တွေမှာ Gender ကွဲပြားမှုက စွမ်းရည်နဲ့ လုပ်နိုင်စွမ်းအပေါ် တကယ်ပဲ သက်ရောက်မှု‌တွေရှိတာလားဆိုတဲ့ မေးခွန်းထုတ်စရာတွေ အပြင်...

🔹မည်သူတစ်ဦးတစ်ယောက်ကိုမှ ခွဲခြားဆက်ဆံခြင်းမပြုဘဲ အခွင့်အလမ်းတွေမှန်သမျှ အားလုံးအတွက် တန်းတူဖြစ်စေဖို့ ဘယ်လိုအရာတွေ လုပ်ဆောင်ဖို့ လိုသလဲ... စတဲ့ စတဲ့ အကြောင်းအရာတွေကို ရှုထောင့်ပေါင်းစုံ၊ နေရာပေါင်းစုံက အမြင်တွေဖလှယ်ပြီး အဖြေရှာကြဖို့ တနင်္ဂနွေနေ့ စံတော်ချိန် ည၈နာရီမှာ 𝐇𝐲𝐩𝐞𝐧 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐍𝐢𝐠𝐡𝐭𝐜𝐥𝐮𝐛 ဆီကို အရောက်လှမ်းခဲ့ပါရှင်

📆 𝐃𝐚𝐭𝐞 - 𝟐𝟕. 𝟏𝟎. 𝟐𝟎𝟐𝟒(𝐒𝐮𝐧𝐝𝐚𝐲)
𝐓𝐢𝐦𝐞 - 𝟖𝐩𝐦 𝐭𝐨 𝟗:𝟑𝟎 𝐩𝐦
🚀 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 - 𝐙𝐨𝐨𝐦
💭 𝐓𝐨𝐩𝐢𝐜 - 𝐆𝐞𝐧𝐝𝐞𝐫 𝐄𝐪𝐮𝐚𝐥𝐢𝐭𝐲
🗣 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 - 𝐄𝐧𝐠𝐥𝐢𝐬𝐡

အခုလို အပတ်စဉ် တနင်္ဂနွေ‌နေ့ မြန်မာစံတော်ချိန် ည(၈)နာရီမှာ ကျင်းပလေ့ရှိတဲ့ Hypen ရဲ့  𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐍𝐢𝐠𝐡𝐭𝐜𝐥𝐮𝐛မှာ အပတ်တိုင်း မလွတ်တမ်း ပါ၀င်နိုင်ဖို့ဆို  ဒီ Link လေးကို Join ထားဖို့ လိုမယ်နော်

📌 𝐇𝐲𝐩𝐞𝐧 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐂𝐥𝐮𝐛 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐆𝐫𝐨𝐮𝐩- https://t.me/+2r9q0GIZZ-w3ZGM1

🗣အင်္ဂလိပ်စကားပြောတိုးတက်စေဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ထားတဲ့ Hypen ရဲ့ Speaking Club ကို Join ရင်း Positive Energy ပြည့်ဝတဲ့ ရပ်ဝန်းလေးထဲမှာ အပတ်စဉ် ဆန်းဒေးတိုင်း အတူ စီးမြောနိုင်‌ဖို့ Hypen Org ရဲ့ Facebook Page နဲ့ Telegram channel ကို 👍Like & Follow လုပ်ပြီး နိုက်ကလပ်ရဲ့ နောက်ထပ် စိတ်၀င်စားဖွယ်ရာ Topic လေးတွေကို မပျက်မကွက် စောင့်မျှော်ပေးကြပါဦးရှင်💋

Hypen Facebook Page -
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL

Hypen Organization Channel - https://t.me/hypen_org

#hypen_org
#hypen_edu
#ContentwriterbySweSN
#GraphicDesignbyY
#EnglishSpeakingClub

Hypen Education

24 Oct, 12:52


https://www.google.com/url?sa=t&source=web&rct=j&opi=89978449&url=https://www.youtube.com/watch%3Fv%3D9pNNfC51CPE&ved=2ahUKEwiwyryJgIyJAxU71jgGHTspHAUQwqsBegQIZBAF&usg=AOvVaw1WYZOzg15uyLjYVHqdJLBK

Wallace line overview

https://www.google.com/url?sa=t&source=web&rct=j&opi=89978449&url=https://www.sciencedirect.com/topics/agricultural-and-biological-sciences/wallace-line&ved=2ahUKEwiwyryJgIyJAxU71jgGHTspHAUQFnoECGIQAQ&usg=AOvVaw2ojGkWC9FVXIdi2I3T

အခုလိုမျိုး Knowledge sharing တွေအပြင် စိတ်ဝင်စားစရာ အကြောင်းအရာတွေ အများကြီးကို လက်မလွတ်ရလေအောင် Hypen ရဲ့ Facebook page နဲ့ Telegram channel လေးကို Like & Follow လုပ်ခဲ့ဖို့ မမေ့နဲ့ဦးနော် 🫶

Hypen's Main channel - https://t.me/hypen_org

Hypen Facebook Page -
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL

#hypen_org
#hypen_edu
#ContentwriterbyMyaKhatMon
#GraphicDesignbyPoepo

Hypen Education

24 Oct, 12:52


❝ ပိုင်းခြားထားသော စည်းတစ်ခု‌...🧠

တစ်စုံတစ်ယောက်နဲ့ Hypers🎓 လေးတို့ကြားမှာရော လူ့ကျင့်ဝတ်အရ ပိုင်းခြားထားရတဲ့ စည်းတွေ ရှိကြလားဟင် 🙆

ဒီနေ့မှာတော့ Hypen ကနေပြီး စည်းလေးတစ်ခုဖြစ်တဲ့ Wallace Line နဲ့ ပတ်သက်သော Knowledge sharing လေး လုပ်ပေးသွားမှာမို့ စလိုက်ကြရအောင်💨

Wallace Line ဟာ အာရှနဲ့ ဩစတြေးလျရဲ့ ဂေဟစနစ်တွေကို ပိုင်းခြားထားတဲ့ ဇီဝပထဝီဝင် နယ်နိမိတ်တစ်ခုပဲ ဖြစ်ပါတယ်။ ဘော်နီယိုနှင့် ဆူလာဝေစီကျွန်းများကြား၊ အင်ဒိုနီးရှားနိုင်ငံ ဘာလီနှင့် Lombok ကြားမှာ တည်ရှိပါတယ် ✌️

မျဉ်းရဲ့အနောက်ဘက်၊ ဘော်နီယိုနှင့် ဘာလီစတဲ့ နေရာ‌တွေမှာ တွေ့ရတဲ့ မျိုးစိတ်တွေဟာ အာရှနွယ်ဖွားများ ဖြစ်ပြီး အရှေ့ဘက် ဆူလာဝေစီနှင့် Lombok နေရာများမှာတော့ ဩစတြေးလျ (သြစတေးလျနှင့် နယူးဂီနီ) တို့မှ မျိုးစိတ်တွေနဲ့ ပိုမိုနီးစပ်ပါတယ် 🧚

Wallace Line ဟာ တစ်ချိန်တုန်းက ပင်လယ်ရေမျက်နှာပြင်နိမ့်ကျတဲ့ ကာလတွေမှာ ဒေသနှစ်ခုကြားမှာရှိတဲ့ မျိုးစိတ်တွေရဲ့ ရွှေ့ပြောင်းခြင်းကို တားဆီးခဲ့တဲ့ နက်ရှိုင်းသော ကတုတ်ကျင်းများလည်း ရှိပါတယ် 🪨

အဆိုပါလိုင်းကို ၁၉ ရာစုမှာ ဗြိတိသျှ သဘာဝပညာရှင် Alfred Russel Wallace က ပထမဆုံး အဆိုပြုခဲ့တာဖြစ်ပြီး Wallace Line ဆိုတဲ့ အမည်ကို ပေးခဲ့ခြင်းဖြစ်ပါတယ်။ သူဟာ ဒေသနှစ်ခုရှိ မျိုးစိတ်တွေရဲ့ ထူးခြားသော ဆင့်ကဲဖြစ်စဉ်သမိုင်းများကို မီးမောင်းထိုးပြ‌ ပေးခဲ့သူဆိုလည်း မမှားပါဘူး 💯

Wallace Line ဟာ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး ဇီဝပထဝီဝင်နယ်နိမိတ်များထဲမှ တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ပထဝီဝင်အတားအဆီးများ၊ ရေနက်လမ်းကြောင်းများနှင့် နှစ်သန်းပေါင်းများစွာအတွင်း မျိုးစိတ်များရဲ့ ဖြန့်ဖြူးမှုနှင့် ဆင့်ကဲဖြစ်စဉ်‌တွေအပေါ် သြဇာသက်ရောက်ပုံကိုလည်း အလေးပေးဖော်ပြထားခြင်း ဖြစ်ပါတယ် 🎉

အဓိကအချက်များ အနေဖြင့် -

🪐 ပထဝီဝင်အနေအထား - Wallace Line ဟာ အင်ဒိုနီးရှားကျွန်းစု၊ Borneo နှင့် Sulawesi ကျွန်းများကြား၊ Bali နှင့် Lombok များကြားမှာ တည်ရှိတာပါ။ အဲဒီကျွန်းတွေဟာ ပထဝီဝင်အနေအထားအရ နီးစပ်ပြီး ထူးခြားတဲ့ ဂေဟစနစ်များလည်းရှိပါတယ်

🪐 ဇီဝမျိုးစုံမျိုးကွဲ - Wallace Line (Asia) ရဲ့ အနောက်ဘက်ခြမ်းမှာ ကျား၊ ကြံ့နှင့် မျောက်ဝံစတဲ့ တိရစ္ဆာန်များလည်း ရှိပါတယ်။ အပင်နှင့် တိရစ္ဆာန်တို့ရဲ့သက်တမ်းဟာလည်း အာရှတိုက်လိုပဲ ပုံမှန်ဖြစ်ပါတယ်။ ဆန့်ကျင်ဘက်အ‌နေနဲ့၊ အရှေ့ဘက်ခြမ်း (Australasia) မှာတော့ ဩစတေးလျရှိ မျိုးစိတ်များနှင့် ဆင်တူတဲ့ marsupials (ဥပမာ၊ သစ်ပင် သားပိုက်ကောင်) နှင့် monotremes (ဥ ဥသော နို့တိုက်သတ္တဝါများ) တို့ကို တွေ့ရှိနိုင်ပါတယ် 🪺

🪐 သမိုင်းဆိုင်ရာ အရေးပါမှု - Bali နှင့် Lombok ကြားမှာရှိတဲ့ နက်ရှိုင်းတဲ့ ကတုတ်ကျင်း‌တွေဟာ ပင်လယ်ရေမျက်နှာပြင်အောက်ပိုင်းမှာ အရေးပါတဲ့ အတားအဆီးတစ်ခုဖြစ်ပြီး အာရှနှင့် သြစတြေးလျကြားက မျိုးစိတ်များ ရွှေ့ပြောင်းခြင်းကိုလည်း တားဆီးပေးပါတယ်။ တားဆီးပေးမှုရဲ့ ရလဒ်အနေနဲ့ ပထဝီဝင်အနေအထားအရ နီးစပ်‌ပေမဲ့၊ ဒေသအများစုမှာ အလွန်ကွဲပြားတဲ့ သစ်ပင်ပန်းမန်‌တွေ၊ တိရစ္ဆာန်တွေ ဖြစ်ပေါ်လာခြင်းပါပဲ 🏞️

🪐 Wallace's Discovery - ဗြိတိသျှ သဘာဝပညာရှင် အဲလ်ဖရက် ရပ်ဆဲလ်ဝေါလက်စ်က 19 ရာစုမှာ မလေးကျွန်းစုကို ဖြတ်သန်း သွားလာ‌စဉ် မျိုးစိတ်များ ခွဲခြားမှုကို ထူးခြားဆန်းပြားစွာ တွေ့ရှိခဲ့ရတာပါ။ သူ့ရဲ့ ရှာဖွေတွေ့ရှိမှုဟာ ဇီဝပထဝီဝင်နယ်ပယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးပါလှပါတယ် 🫧

🪐 နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများ - နောက်ပိုင်းမှာတော့ Wallace Line အပြင်၊ နောက်ဆက်တွဲ သုတေသနများကို သြစတြေးလျက မျိုးစိတ်တွေ၊ ပစိဖိတ်ရဲ့ နက်ရှိုင်းတဲ့ အစိတ်အပိုင်း‌တွေက မျိုးစိတ်တွေကို ခွဲခြားပေးတဲ့ အရှေ့ဘက်ရှိ Lydekker Line နဲ့ တခြား နယ်နိမိတ်များကိုလည်း ဖော်ထုတ်နိုင်ခဲ့ပါတယ် 🚨

Hypen Education

24 Oct, 05:50


🙌 ဒေါ့ဒေါ့ဒေါ့…

🪔 သီတင်းလဲကျွတ်ပြီးပြီဆိုတော့ မုန့်ဖိုးမရလိုက်တဲ့ 𝐇𝐲𝐩𝐞𝐫𝐬🎓 လေးတွေရှိလား 🙋

💥 မုန့်ဖိုးမရလို့ စိတ်ဆိုးနေတဲ့ 𝐇𝐲𝐩𝐞𝐫𝐬🎓 လေးတွေအတွက် 𝐇𝐲𝐩𝐞𝐧 ကနေပြီးတော့ သီတင်းကျွတ်လက်ဆောင်လေး စီစဉ်ပေးထားပါတယ် 👀

🎁 လက်ဆောင်လေးကတော့ ဆာကူရာမြေကို သွားချင်တဲ့ 𝐇𝐲𝐩𝐞𝐫𝐬🎓 လေးတို့အတွက် နှစ်ပတ်တစ်ခါ ပြုလုပ်ပေးနေတဲ့ 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐂𝐥𝐮𝐛 လေးတစ်ဖန် ပြန်ရောက်ရှိလာတာဖြစ်ပါတယ် 🫶


🧨 ဝါလကင်းလွတ် သီတင်းကျွတ်အချိန်ခါက မြန်မာလူ‌မျိုးတွေအတွက် အမှတ်တရကောင်းတွေနဲ့ အထွတ်အမြတ်ထားရတဲ့ ကာလဖြစ်တဲ့အတွက် ဒီအပတ် 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐂𝐥𝐮𝐛 ရဲ့ 𝐓𝐨𝐩𝐢𝐜 လေး‌ကတော့ 𝐓𝐡𝐚𝐝𝐢𝐧𝐠𝐲𝐮𝐭 🎆 ဆိုတဲ့ 𝐓𝐨𝐩𝐢𝐜 လေးဖြစ်ပါတယ်။

💁 ဘယ်လိုမျိုးလေးတွေကို အတူတူ ဆွေးနွေးသွားကြမလဲဆိုရင် ပျော်ပျော်ပါးပါးနဲ့ ကုန်ဆုံးသွားခဲ့တဲ့ သီတင်းကျွတ် အမှတ်တရလေးတွေနဲ့အတူ 👣 ကလေးဘဝရဲ့ ဖြတ်သန်းခဲ့တဲ့ သီတင်းကျွတ် ကာလလေးတွေအကြောင်း ပြောကြရင်း သီတင်းကျွတ် အငွေ့အသက်လေးတွေနဲ့ အာလူးဖုတ်ကြမှာ ဖြစ်ပါတယ်

💫 ပြီးတော့ မပျင်းရအောင် 𝐆𝐚𝐦𝐞 𝐒𝐞𝐜𝐭𝐢𝐨𝐧 လေးတွေလည်း ပါဝင်တဲ့အတွက် တစ်ခဏတာ အမောပြေကြရင်း ပျော်ပျော်ရွှင်ရွှင် လေ့ကျင့်ရမှာဖြစ်ပါတယ် 🧸 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐒𝐤𝐢𝐥𝐥 ကိုလည်းတိုးတတ်ချင်တယ်။ 𝐒𝐩𝐞𝐚𝐤𝐞𝐫 𝐏𝐚𝐫𝐭𝐧𝐞𝐫 လေးလည်းလိုချင်ရင်တော့ 𝐇𝐲𝐩𝐞𝐧 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐂𝐥𝐮𝐛 ကို လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်🫴

𝙏𝙞𝙢𝙚𝙩𝙖𝙗𝙡𝙚 𝙤𝙛 𝙅𝙖𝙥𝙖𝙣𝙚𝙨𝙚 𝙎𝙥𝙚𝙖𝙠𝙞𝙣𝙜 𝘾𝙡𝙪𝙗

🗓️𝘿𝙖𝙩𝙚 -  𝟮𝟱.𝟭𝟬.𝟮𝟬𝟮𝟱 (𝙁𝙧𝙞𝙙𝙖𝙮)
𝙏𝙞𝙢𝙚 - 𝟳 𝙥𝙢 𝙩𝙤 𝟴:𝟯𝟬 𝙥𝙢
🪧𝙋𝙡𝙖𝙩𝙛𝙤𝙧𝙢 - 𝙕𝙤𝙤𝙢
⚠️𝙏𝙤𝙥𝙞𝙘 - 𝐓𝐡𝐚𝐝𝐢𝐧𝐠𝐲𝐮𝐭
👤𝙈𝙖𝙞𝙣 𝙁𝙖𝙘𝙞 (𝙨) - 𝙉𝙤𝙧𝙖 𝙆𝙪𝙚 & 𝙃𝙣𝙞𝙣

📌 𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐂𝐥𝐮𝐛 မှာဆိုရင် အနည်းဆုံး 𝐍𝟒 𝐋𝐞𝐯𝐞𝐥 နဲ့ အထက်ရှိတဲ့သူတိုင်း 𝐉𝐨𝐢𝐧 လို့ရပါတယ်။ လာမဲ့ သောကြာနေ့မှာ 𝐉𝐨𝐢𝐧 ချင်တယ်ဆိုရင်တော့ 👇ဒီအောက်က 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 လေးကို 𝐉𝐨𝐢𝐧 ထားလို့ရပါတယ်။

𝐉𝐚𝐩𝐚𝐧𝐞𝐬𝐞 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐂𝐥𝐮𝐛 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://t.me/+ipZXsSdt_pMxODdl

𝐇𝐲𝐩𝐞𝐧 𝐎𝐫𝐠 ကနေပြီးတော့ အမြဲ ဗဟုသုတရှိတဲ့ ဟာတွေကို 𝐒𝐡𝐚𝐫𝐢𝐧𝐠 လုပ်ပေး‌နေတာဖြစ်တဲ့အတွက် မလွဲရအောင် အောက်က 𝐂𝐡𝐚𝐧𝐧𝐞𝐥 လေးတွေကိုလည်း 𝐉𝐨𝐢𝐧 ထားဖို့မမေ့နဲ့နော် 🙆


𝐇𝐲𝐩𝐞𝐧 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL

𝐇𝐲𝐩𝐞𝐧 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://t.me/hypen_org

#Hypen_Org
#ContentwriterbyMyintMyatKhine
#GraphicDesignbyPyaeShinKhaing
#JapanesesSpeakingClub

Hypen Education

13 Oct, 13:00


ဒါဆို စိတ်ကျန်းမာရေးအပေါ်ရော ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်သလဲ

📍နွေးထွေးတဲ့ ကုသမှု၊ စာနာတဲ့ ဖေးမမှုတွေသာ မရှိရင် သေးငယ်တဲ့ စိတ်ခံစားချက်လေးတစ်ခုကလည်း ပြင်းထန်တဲ့ စိတ်ကျန်းမာရေး အခြေအနေတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်🔥

ဒါကြောင့်~
🔷 Post-Traumatic Stress Disorder (PTSD) - စိတ်အနှောင့်အယှက်ဖြစ်စေသော မှတ်ဉာဏ်များ၊ ရှောင်ရှားမှု၊ တုံ့ပြန်မှုများ မြင့်မားလာခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထုံထိုင်းခြင်းစတဲ့ လက္ခဏာရပ်များ။

🔷 Depression and Anxiety - Trauma ရဲ့သားကောင်အဖြစ် စတင်လာရာကနေ ဝမ်းနည်းမှု၊ မျှော်လင့်ချက်ကင်းမဲ့မှုနှင့် ပူပင်သောကများ မြင့်မားသော ကာလများကိုလည်း ရေရှည် ခံစားရနိုင်ပါတယ်။

🔷 Substance Abuse & Suicidal Thinks - အချို့သော ဒဏ်ရာဒဏ်ချက်ခံရသူများဟာ စိတ်ခံစားချက်ကို ဖြေရှင်းသည့်အနေနဲ့ မူးယစ်ဆေးဝါး 🚬 ၊ အရက်သေစာများကို 🍺 သုံးစွဲလာနိုင်ပြီး အထူးသဖြင့် အထီးကျန် ခံစားရသူများဟာလည်း မိမိကိုယ်ကို အဆုံးစီရင်ရန် အတွေးများ🧷 စသဖြင့် ဖြစ်ပေါ်နိုင်ပါတယ်။

ကဲ Hypers🎓 လေးတို့ရေ...
ကိုယ့်ရဲ့ စိတ်ခံစားမှုတွေကနေတစ်ဆင့် ဖြစ်ပေါ်ရရှိလာရတဲ့ Trauma တွေဟာ အင်မတန်မှ ကြောက်စရာကောင်းတာကို သိရှိသွားလိမ့်မယ်လို့ ထင်ပါတယ်နော်🪄

🐐 စိတ်ဒဏ်ရာတွေက လူတစ်ဦးချင်းစီရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအပေါ် ရေရှည်အကျိုးသက်ရောက်မှုရှိနိုင်တာမို့ သင့်လျော်တဲ့ ပံ့ပိုးကူညီမှုနှင့် ကုသမှုမရှိပါက ကိုယ်ရည်ကိုယ်သွေး ပြောင်းလဲခြင်း၊ စိတ်ပိုင်းဆိုင်ရာ တွယ်တာခြင်းနဲ့ ပေါင်းသင်းဆက်ဆံရေး ခက်ခဲခြင်းကဲ့သို့သော နာတာရှည် စိတ်ကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်လာစေနိုင်ပါတယ်😰

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ရဲ့ အဆိုအရလည်း ခန့်မှန်းခြေအားဖြင့် လူ ၇၀ ရာခိုင်နှုန်းလောက်က တစ်သက်တာတွင် အနည်းဆုံး စိတ်ထိခိုက်စရာ အဖြစ်အပျက်တစ်ခုကို ကြုံတွေ့ရလေ့ ရှိပါသတဲ့ 😭

အဲဒီကနေတစ်ဆင့် စိတ်ဒဏ်ရာ ခံစားရသူတွေရဲ့ 20% လောက်က PTSD ဖြစ်လာပါတယ်👤
"Women are about twice as likely as men to develop PTSD after a traumatic event"
PTSD ဖြစ်ပေါ်ရာမှာ အမျိုးသမီးရာခိုင်နှုန်းက ပိုများတယ်လို့လည်း ဖော်ပြထားပါသေးတယ်📜

💪🏻 ဒါဆိုရင်တော့ မိမိကိုယ်ကိုယ်သာမက ပတ်ဝန်းကျင်က မိသားစု၊ မိတ်ဆွေသူငယ်ချင်းများကိုပါ ဒီလို ဝေဒနာဆိုးကို မဖြစ်စေဖို့၊ မဖြစ်နိုင်ဖို့ အချင်းချင်း ခံစားချက်တွေကို ဖွင့်ဟရင်း ဖေးမလိုက်ကြပါစို့နော်🫂

အခြားသော Hypers🎓 လေးတို့ ပတ်ဝန်းကျင်လေးကို သာယာလှပစေဖို့ လမ်းညွှန်ပြသပေးမဲ့ အဖော်မွန်ကောင်းလေးအဖြစ်တည်ရှိရင်း များစွာသော ဗဟုသုတ၊ ပညာရပ်တွေကို ဝေမျှပေးဦးမှာ ဖြစ်တဲ့ Hypen Org လေးကို စဉ်ဆက်မပြတ် စောင့်ကြည့်ပေးပါဦးနော် 🫶❤️

Hypen Facebook Page -
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL

Hypen Telegram Channel -
https://t.me/hypen_org

#ContentwriterbyShune
#GraphicDesignbyEaindraKo
#Mentalhealth
#Victimstraumaandmentalhealth
#hypen_org

Hypen Education

13 Oct, 13:00


📝 ဒီစာလေးမှာ နောက်ထပ် Trauma အမျိုးအစားတွေနဲ့ သူတို့လေးတွေက ဘယ်ကနေ အရင်းခံဖြစ်သလဲဆိုတာကို Hypen ကနေ ဝေမျှပေးသွားပါမယ်နော်။

Acute trauma - ရုတ်တရက် စိတ်ထိခိုက်စရာ ဖြစ်ရပ်တစ်ခု (ဥပမာ၊ ကားမတော်တဆမှု) မှ ရလဒ်များ

Chronic trauma - ရေရှည်အလွဲသုံးစားပြုမှုကဲ့သို့သော စိတ်ဒဏ်ရာ အခြေအနေများ၊ ထပ်ခါတလဲလဲ ဖြစ်ရပ်တစ်ခုကို ထိတွေ့ခံစားရခြင်းမှ ဖြစ်ပေါ်လာတဲ့ Trauma များ

Complex trauma - များပြားလှသော ရေရှည်စိတ်ထိခိုက်စရာ အဖြစ်အပျက်များ (အထူးသဖြင့် လူအချင်းချင်း အကြမ်းဖက်မှု သို့မဟုတ် အလွဲသုံးစားပြုမှုများ) ရဲ့ အကျိုးဆက် ဝေဒနာတစ်ခုတို့ ဖြစ်ပါတယ်။

Hypen Education

13 Oct, 12:59


လူ့ပတ်ဝန်းကျင်တွေကြားထဲမှာ မသိမသာ စိုးမိုးနေတဲ့အရာက ဘာလဲဆိုတာ သိကြလား မိုင်ဟိုက်ပါလေးတို့ရေ~

ဖွင့်ဟခွင့် မရရှိတဲ့အရာတွေပေါ်မှာ မြိုသိပ်လာခဲ့ကြရရင်း တစ်ဖက်မှာ ဒီအရာတွေက သာမန်ပါပဲလို့ ခံစားလာရတဲ့အခါ မသိစိတ်နဲ့ သိစိတ်တွေကြားမှာ စိတ်ဒဏ်ရာဆိုတဲ့ Trauma ဆိုတာက ရရှိလာခဲ့ကြပါတယ်😌

🐐 ဒီ Trauma ဆိုတဲ့ စိတ်ဒဏ်ရာက ဘယ်လိုကနေ စတင်ဖြစ်ပေါ်လာလဲဆိုရင်တော့...
Abuse, Violence, or A sudden life-changing event ဆိုတာတွေကနေတစ်ဆင့် တဖြည်းဖြည်း စတင်လာခဲ့တာပေါ့ကွယ်။

ဒီဒဏ်ရာတွေဟာ လူတစ်ယောက်ရဲ့ စိတ်ကျန်းမာရေးအပေါ် ရေရှည်အကျိုးသက်ရောက်မှု ရှိမရှိဆိုတာမျိုးကိုတော့ Hypen တို့တစ်တွေ သေချာမသိရှိနိုင်သေးပါဘူး 🤒

🐐 စိတ်ဒဏ်ရာရသူအများစုဟာ လွဲမှားတဲ့ ခံယူချက်တွေ၊ ဆင်ခြင်တုံတရားမဲ့တဲ့ ကြောက်ရွံ့မှုတွေ 😥၊ စိုးရိမ်ပူပန်မှုတွေနဲ့အတူ စိတ်ပိုင်းဆိုင်ရာထုံကျဉ်မှု(fear, anxiety, and emotional numbness.) တို့ကို မကြာခဏ ရင်ဆိုင်ရလေ့ရှိပြီး ဘဝလမ်းကြောင်းနဲ့ ဆုံးဖြတ်ချက်တွေအပေါ်မှာလည်း အဟန့်အတားသဘော ဖြစ်ပေါ်စေပါတယ် 🛣️

Hypers🎓 လေးတို့ရေ အမျိုးမျိုးသော စိတ်ဒဏ်ရာတွေကနေမှ PTSD၊ Depression များသာမက မူးယစ်ဆေးဝါးသုံးစွဲခြင်းကဲ့သို့သော အန္တရာယ်ရှိတဲ့ ယန္တရားများဆီ ပြောင်းလဲသွားနိုင်တဲ့ အခြေအနေမျိုးကိုလည်း ဖြစ်ပေါ်ရောက်ရှိသွားစေနိုင်ပါသေးတယ်နော် 🥀

Hypen Education

12 Oct, 11:35


🔍𝗛𝗶𝘁 𝘁𝗵𝗲 𝗻𝗮𝗶𝗹 𝗼𝗻 𝘁𝗵𝗲 𝗵𝗲𝗮𝗱
𝐓𝐨 𝐝𝐞𝐬𝐜𝐫𝐢𝐛𝐞 𝐞𝐱𝐚𝐜𝐭𝐥𝐲 𝐰𝐡𝐚𝐭 𝐢𝐬 𝐜𝐚𝐮𝐬𝐢𝐧𝐠 𝐚 𝐬𝐢𝐭𝐮𝐚𝐭𝐢𝐨𝐧 𝐨𝐫 𝐩𝐫𝐨𝐛𝐥𝐞𝐦.

ခေါင်းပေါ်မှာ သံမှိုလာရိုက်တယ်ဆိုပြီး တဲ့တိုးကြီးဘာသာပြန်လို့မရတဲ့ ဒီ 𝗜𝗱𝗶𝗼𝗺 လေးရဲ့ အဓိပ္ပာယ်ကတော့ အဖြစ်အပျက်တစ်ခု၊ အဖွဲ့အစည်းတစ်ခုရဲ့ ပြဿနာရင်းမြစ်ကို ထောက်ပြ၊ပြောပြတာကို ဆိုလိုတာပါ☑️

Example: “𝐖𝐡𝐞𝐧 𝐒𝐚𝐫𝐚𝐡 𝐩𝐨𝐢𝐧𝐭𝐞𝐝 𝐨𝐮𝐭 𝐭𝐡𝐚𝐭 𝐭𝐡𝐞 𝐭𝐞𝐚𝐦’𝐬 𝐥𝐚𝐜𝐤 𝐨𝐟 𝐜𝐨𝐦𝐦𝐮𝐧𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐰𝐚𝐬 𝐭𝐡𝐞 𝐢𝐬𝐬𝐮𝐞, 𝐬𝐡𝐞 𝐫𝐞𝐚𝐥𝐥𝐲 𝗵𝗶𝘁 𝘁𝗵𝗲 𝗻𝗮𝗶𝗹 𝗼𝗻 𝘁𝗵𝗲 𝗵𝗲𝗮𝗱.”

🔊𝐒𝐚𝐫𝐚𝐡 ‌ပြောလိုက်တဲ့ အသင်းသားအချင်းချင်း 𝐜𝐨𝐦𝐦𝐮𝐧𝐢𝐜𝐚𝐭𝐢𝐨𝐧 ကောင်းကောင်းတည်ဆောက်ဖို့ လိုအပ်နေတယ်ဆိုတဲ့အချက်က ပြဿနာရဲ့အဓိကရင်းမြစ်ကို ထောက်ပြလိုက်သလိုပဲ🔥

🛸ဒီအပတ်ရဲ့ ကြယ်ကမ္ဘာခရီးစဉ်မှာ အတူတူလိုက်ပါစီးမျောကြရင်း 𝗛𝘆𝗽𝗲𝗿𝘀🎓 လေးတို့အတွက် စကားလုံးအသစ်တွေရလာမယ်လို့‌ မျှော်လင့်ပါတယ်🔥ရှေ့လာမဲ့အပတ်တွေမှာတော့ 𝗛𝘆𝗽𝗲𝗻 ရဲ့ 𝗩𝗲𝗻𝘂𝘀 ဆီသွားမဲ့ 𝗧𝗶𝗰𝗸𝗲𝘁 ဟာ အပြောင်းအလဲမရှိတဲ့ သောကြာနေ့ပဲ ဖြစ်ပါမယ် ဆိုတာကို အသိပေးရင်းနဲ့ နောက်ထပ်လာမဲ့အပတ်တွေမှာလဲ ဘယ်လို အသစ်အသစ်သောခရီးစဉ်တွေ ဆက်ပြီးရှိလာဦးမလဲဆိုတာတွေကို သိနိုင်ဖို့ 𝗛𝘆𝗽𝗲𝗻 ရဲ့ 𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 𝗖𝗵𝗮𝗻𝗻𝗲𝗹𝘀 တွေကို 𝗝𝗼𝗶𝗻 ထားကြဖို့မမေ့နဲ့နော်👀

Hypen Main Channel -
https://t.me/hypen_org

Hypen Facebook Page -
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL

#ContentwriterbyH13IN
#GraphicDesignbyPoepo
#hypen_edu
#Idiom_Friday

Hypen Education

12 Oct, 11:35


🧊𝗕𝗿𝗲𝗮𝗸 𝘁𝗵𝗲 𝗶𝗰𝗲
𝐓𝐨 𝐢𝐧𝐢𝐭𝐢𝐚𝐭𝐞 𝐜𝐨𝐧𝐯𝐞𝐫𝐬𝐚𝐭𝐢𝐨𝐧 𝐢𝐧 𝐚 𝐬𝐨𝐜𝐢𝐚𝐥 𝐬𝐞𝐭𝐭𝐢𝐧𝐠, 𝐦𝐚𝐤𝐢𝐧𝐠 𝐩𝐞𝐨𝐩𝐥𝐞 𝐟𝐞𝐞𝐥 𝐦𝐨𝐫𝐞 𝐜𝐨𝐦𝐟𝐨𝐫𝐭𝐚𝐛𝐥𝐞.

💬ဒီ 𝗜𝗱𝗶𝗼𝗺 လေးကိုတော့ တစ်ယောက်နဲ့တစ်ယောက် စကားစပြောတဲ့နေရာမှာ 𝗮𝘄𝗸𝘄𝗮𝗿𝗱 ဖြစ်မနေအောင်နဲ့ ပွင့်ပွင့်လင်းလင်းဖြစ်အောင် စကားစတဲ့အနေနဲ့ သုံးကြလေ့ရှိပါတယ်☑️

Example: “𝐓𝐨 𝗯𝗿𝗲𝗮𝗸 𝘁𝗵𝗲 𝗶𝗰𝗲 𝐚𝐭 𝐭𝐡𝐞 𝐦𝐞𝐞𝐭𝐢𝐧𝐠, 𝐓𝐨𝐦 𝐬𝐭𝐚𝐫𝐭𝐞𝐝 𝐰𝐢𝐭𝐡 𝐚 𝐟𝐮𝐧𝐧𝐲 𝐚𝐧𝐞𝐜𝐝𝐨𝐭𝐞.”

အစည်းအဝေးမှာ အားလုံးပြောရဲဆိုရဲဖြစ်အောင်လို့ တွမ်ဟာ ရယ်စရာပုံတိုပတ်စလေးနဲ့ အစပြုခဲ့တယ်💯

Hypen Education

12 Oct, 11:34


🔫𝗕𝗶𝘁𝗲 𝘁𝗵𝗲 𝗯𝘂𝗹𝗹𝗲𝘁
𝐓𝐨 𝐟𝐚𝐜𝐞 𝐚 𝐝𝐢𝐟𝐟𝐢𝐜𝐮𝐥𝐭 𝐨𝐫 𝐮𝐧𝐩𝐥𝐞𝐚𝐬𝐚𝐧𝐭 𝐬𝐢𝐭𝐮𝐚𝐭𝐢𝐨𝐧 𝐰𝐢𝐭𝐡 𝐜𝐨𝐮𝐫𝐚𝐠𝐞.

📈တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ ဆိုသလိုပဲ 𝗛𝘆𝗽𝗲𝗿𝘀🎓 လေးတို့ဘဝမှာ ကြုံလာရတဲ့အခက်အခဲတွေနဲ့ ဆူးညောင့်ခလုတ်တွေကို သတ္တိရှိရှိ၊ အားအင်အပြည့်နဲ့ ရင်ဆိုင်ကျော်ဖြတ်တဲ့နေရာမှာဆို ဒီ 𝗜𝗱𝗶𝗼𝗺 လေးကိုအသုံးပြုနိုင်ပါတယ်💪

Example: “𝐄𝐯𝐞𝐧 𝐭𝐡𝐨𝐮𝐠𝐡 𝐬𝐡𝐞 𝐰𝐚𝐬 𝐬𝐜𝐚𝐫𝐞𝐝 𝐨𝐟 𝐡𝐞𝐢𝐠𝐡𝐭𝐬, 𝐉𝐚𝐧𝐞 𝐝𝐞𝐜𝐢𝐝𝐞𝐝 𝐭𝐨 𝗯𝗶𝘁𝗲 𝘁𝗵𝗲 𝗯𝘂𝗹𝗹𝗲𝘁 𝐚𝐧𝐝 𝐠𝐨 𝐬𝐤𝐲𝐝𝐢𝐯𝐢𝐧𝐠.”

ဂျိမ်းဟာအမြင့်ကြောက်သော်ငြားလည်းပဲ အားတင်းပြီးတော့ 𝘀𝗸𝘆𝗱𝗶𝘃𝗶𝗻𝗴 ကိုလုပ်ခဲ့ပါတယ်

Hypen Education

12 Oct, 11:34


👀သူပြန်လာမဲ့အချိန်ကို မျှော်လင့်နေရင်းနဲ့ ကြားထဲက 𝗛𝘆𝗽𝗲𝗻 ကိုပါမျှော်နေရတဲ့ 𝗛𝘆𝗽𝗲𝗿𝘀🎓 လေးတို့ကို 𝗦𝗽𝗿𝗶𝘁𝗲 မဟုတ်တဲ့ 𝗦𝘂𝗿𝗽𝗿𝗶𝘀𝗲 𝗽𝗮𝗿𝘁𝘆 တစ်ခု ကျင်းပပေးဖို့ ပြင်ဆင်နေရင်းနဲ့ လွန်ခဲ့တဲ့အပတ်ကနဲ့ အခုအပတ်မှာ နောက်ကျသွားတဲ့ 𝗜𝗱𝗶𝗼𝗺 𝗙𝗿𝗶𝗱𝗮𝘆 လေးပြန်လည်ရောက်လာပြီနော်💯

ဒီတစ်ခေါက်ပြင်ဆင်ထားတဲ့ 𝗙𝗿𝗶𝗱𝗮𝘆 𝗰𝗼𝗻𝗰𝗲𝗿𝘁 လေးကတော့
𝗩𝗲𝗻𝘂𝘀 မှာ 𝗛𝘆𝗽𝗲𝗻 ကနေလုပ်တဲ့ 𝗜𝗱𝗶𝗼𝗺 𝗰𝗼𝗻𝗰𝗲𝗿𝘁 လေးတစ်ခုပါဒီပွဲလေးကိုတော့ ကမ္ဘာမြေပေါ်မှာ ကျင်းပနေတာမဟုတ်ပဲ 𝗩𝗲𝗻𝘂𝘀 မှာမို့ အခုသွားမဲ့ 𝗦𝗽𝗮𝗰𝗲𝘀𝗵𝗶𝗽 နဲ့အတူတူ အလည်တစ်ခေါက်သွားရင်း 𝗜𝗱𝗶𝗼𝗺 𝗰𝗼𝗻𝗰𝗲𝗿𝘁 မှာ အတူတူကခုန်ကြရအောင်💯

Hypen Education

10 Oct, 11:32


ကိုယ့်စိတ်ကိုယ်ကိုယ် ဘာဖြစ်ချင်လို့ ဖြစ်ချင်မှန်းမသိ၊ ကိုယ့်စိတ်ကို မပိုင်ဘူးလို့ ခံစားနေရတဲ့ Hypers🎓 လေးတွေ ရှိကြလားဗျို့📢

ရှိတယ်ဆိုရင်တော့ ဒီစာလေးကို ဆက်ဖတ်လိုက်ကြရအောင်~

💭 လှုပ်ရှားသွားလာလုပ်ကိုင်နေတဲ့ နေ့စဉ်ဘဝမှာ အခြေခံတာဝန်တွေဖြစ်တဲ့ စားသောက်တာ၊ စာလုပ်တာတွေကအစ အလုပ်လုပ်တာတွေအပေါ်မှာ လုပ်ချင်ကိုင်ချင်စိတ် မရှိတော့ဘူး😌
💭 Social Media ကိုပဲ ထိုင်သုံးနေချင်တော့တယ်📱
💭 အိပ်ယာထဲမှာပဲ လှဲနေပြီး ဘယ်သူနဲ့မှ အဆက်အသွယ် မလုပ်ချင်တော့ဘူး 🛏️
ဒီလိုတွေက ဘာကြောင့်ဖြစ်တယ်လို့ Hypers🎓 လေးတို့အနေနဲ့ ထင်မြင်ပါသလဲ

🐐 ဒါတွေဟာ ကိုယ်လုပ်မဲ့ အလုပ်မှာ Interest or Stimulation မရှိလို့ဖြစ်တဲ့ Boredom လို့ခေါ်တဲ့ ပျင်းရိခြင်းလား🤷🏻‍♀️ ဒါမှမဟုတ် စိတ်ရောကိုယ်ရော ပင်ပန်းပြီး မိမိလုပ်နေကျအလုပ်တွေမှာ စိတ်အားထက်သန်မှုမရှိတော့တာ၊ ကိုယ့်အတွက်အရေးကြီးတဲ့အရာတွေဟာ အရေးမပါတော့သလို ခံစားလိုက်ရတဲ့ burnout ဖြစ်နေတာလား⁉️

🔎 ဒီနှစ်ခုက ဘယ်လိုကွဲပြားသလဲဆိုတာတွေနဲ့ အကယ်၍ သိသွားတဲ့အခါမျိုးတွေမှာ ဘယ်လိုတွေလုပ်သင့်သလဲ စတာတွေကို ဒီတစ်ပတ်ရဲ့ English Speaking Club လေးမှာ ဆွေးနွေးပြောဆိုရင်း Speaking လေ့ကျင့်စေမှာပဲ ဖြစ်ပါတယ်။

🌱 Hypers🎓 လေးတို့ရေ ပျင်းတာက ခဏတာ Interest ပျောက်ဆုံးတာမလို့ အဆင်ပြေနိုင်ပေမဲ့ Burnout ဖြစ်နေတာသာဆိုရင်ရော.....
ဒါဆိုရင်တော့ အမြန်ဆုံးကုသဖို့ လိုအပ်နေပါပြီ။ အဲလိုကုသတဲ့နေရာမှာလည်း ဆေးမီးတိုဖြစ်မနေဘဲ ပေါ့ပေါ့ပါးပါး Recover ယူနိုင်ဖို့က အရေးကြီးပြန်ပါတယ်📍

🪄 ဒါကြောင့် ကိုယ်က ပျင်းရိခြင်း စွဲကပ်နေတာလား၊ Burnout ဖြစ်နေသလားဆိုတာ ရှင်းရှင်းလင်းလင်းသိပြီး Burnout ဖြစ်‌နေတယ်ဆိုရင် ဘယ်လို အမြန်ဆုံးနဲ့ အထိရောက်ဆုံး Recover ယူနိုင်မလဲဆိုတာ‌တွေကို How to recover from burnout ဆိုတဲ့ ခေါင်းစဉ်လေး‌အောက်ကနေ Intermediate Level အထက်ရှိတဲ့ Hypers🎓 လေးတိုင်းအတွက် Hypen ကနေ စီစဉ်ပေးထားပါတယ်🎉

𝙃𝙮𝙥𝙚𝙣 𝙀𝙣𝙜𝙡𝙞𝙨𝙝 𝙎𝙥𝙚𝙖𝙠𝙞𝙣𝙜 𝘾𝙡𝙪𝙗 𝙏𝙞𝙢𝙚𝙡𝙞𝙣𝙚 ~
🗓 𝐃𝐚𝐭𝐞       : 13. 10. 2024
🕰 𝐓𝐢𝐦𝐞      : 8 P.M - 9:30 P.M
📍 𝐓𝐨𝐩𝐢𝐜.    :  How to recover from burnout?
💻 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦: Zoom

ကိုယ့်ရဲ့English  Speaking Skill ကိုလည်း မြှင့်တင်ရင်း Burnout ဖြစ်ရာကနေ Recover ယူကာ ကိုယ့်ရဲ့goalsတွေကို ရောက်နိုင်ဖို့ အခုပဲ မြန်မြန်လေး လာ  Joinလိုက်တော့နော်

Speaking Club Channel Link 🪄
https://t.me/+2r9q0GIZZ-w3ZGM1

Hypen Org ဆိုတာက Hypers🎓 လေးတို့အတွက် စိတ်ဝင်စားစရာဗဟုသုတတွေအပါအဝင် သိထားသင့်တဲ့ ပညာရပ်၊ အကြောင်းအရာမျိုးစုံကို ဝေမျှနေတယ်ဆိုတာ သိကြတယ် ဟုတ်
ဆိုတော့ကာ ဒီထက်ပို စိတ်ဝင်စားစရာအကြောင်းအရာမျိုးစုံကို သိရနိုင်ဖို့ Like and Follow လုပ်ထားကြမယ်နော

Hypen Facebook Page -
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL


Hypen Telegram Channel -
https://t.me/hypen_org


#ContentwriterbyShune
#GraphicDesignbyEaindraKo
#Howtorecoverfromburnout
#EnglishSpeakingClub
#hypen_org

Hypen Education

08 Oct, 05:55


皆さん、こんにちは...🎎

🎌ဂျပန်သွားဖို့ ပြင်နေကြတဲ့ မီနားစံတို့အတွက် ဂျပန်စကားပြောလေ့ကျင့်လို့ရမဲ့ Hypen ရဲ့ 𝙅𝙖𝙥𝙖𝙣𝙚𝙨𝙚 𝙎𝙥𝙚𝙖𝙠𝙞𝙣𝙜 𝘾𝙡𝙪𝙗 လေး တစ်ဖန်ပြန်လည်ရောက်ရှိလာပါပြီ🎉

ဒီအပတ်မှာရော ဘယ်လိုမျိုးစိတ်၀င်စားဖို့ကောင်းပြီး သူငယ်ချင်းတွေနဲ့ တော်ကီများများဖုတ်လို့ရမဲ့ ဘာ Topic အကြောင်းပြောရမလဲဆိုတာကို ကျွန်တော်နဲ့အတူတူ ခန့်မှန်းကြည့်ကြမလား...🫣

🎶လက်ရှိမှာရေပန်းစားနေတဲ့ Pop culture trend အချို့ဟာ ကျွန်တော်တို့ အားပေးနေတဲ့ ဂီတ၊ ရုပ်ရှင်အသိုင်းအဝိုင်းမှ အနုပညာရှင်တွေကနေတစ်ဆင့် ကူးစက်လာတယ်လို့ ပြောရင် မမှားပါဘူး။ ဒါပေမဲ့ Pop culture လို့ပြောလိုက်တာနဲ့ ကျွန်တော်တို့လို လူငယ်တွေအတွက် Fashion ကပြေးမလွတ်အောင် နံပါတ်တစ် ချိတ်နေမှာအမှန်အကန်ပါပဲ🥇

🎬ကမ္ဘာကျော် မင်းသမီးကြီး Marilyn Monroe တို့ကအစ ၀တ်ပြခဲ့တဲ့ Skinny Jeans တွေဟာ Cowboy တွေခေတ်စားတဲ့ 1950 နှောင်းပိုင်းနှစ်တွေမှာ အတော်လေးကို Trend ဖြစ်ခဲ့သလို ကျွန်တော်တို့ မြန်မာမှာဆိုရင်လည်း Fashion icon တွေဖြစ်ကြတဲ့ တင့်တင့်ထွန်းနဲ့ အိန္ဒြာကျော်ဇင်တို့လို မင်းသမီးကြီးတွေကိုတောင် သူတို့ဘာ၀တ်သလဲဆိုတာကိုပါ လိုက်စိတ်၀င်စား၊ အတုယူရင်းအပြိုင်အဆိုင် ရှိုးထုတ်ခဲ့ကြဖူးမှာပါ💃

ဒါကြောင့်ပဲ “Fashion က လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာ”ဆိုတာကို ငြင်းလို့မရတာကြောင့်မလို့ စတိုင်ကျကျ၀တ်တတ်စားတတ်ဖို့ကို ဟိုးအရင်ခေတ်ကနေ အခုချိန်အထိ ကြိုးစားနေကြတာပေါ့👠

Hypers🎓လေးတို့ရော... ဒီလိုမျိုး ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းနဲ့ ကိုယ့်စတိုင်ကို ပြောင်းလဲ၀တ်ဆင်တတ်တဲ့သူလား ဒါမှမဟုတ်ပဲ ဘာမှမပြောင်းမလဲ ကိုယ်ကြိုက်တာကိုယ်၀တ်ဆင်တတ်တဲ့သူလား စတဲ့မေးခွန်းမျိုးလေးတွေကို “𝙋𝙤𝙥 𝘾𝙪𝙡𝙩𝙪𝙧𝙚 𝙍𝙚𝙫𝙤𝙡𝙪𝙩𝙞𝙤𝙣” ဆိုတဲ့ ခေါင်းစဉ်အောက်ကနေပြီးတော့ ဒီတစ်ခေါက်လာမဲ့ 𝙅𝙖𝙥𝙖𝙣𝙚𝙨𝙚 𝙎𝙥𝙚𝙖𝙠𝙞𝙣𝙜 𝘾𝙡𝙪𝙗 လေးမှာ သူငယ်ချင်းတွေနဲ့အတူတူ အကြိတ်အနယ် စကားဖောင်ဖွဲ့ကြရတော့မှာပါ🗨

📌𝙏𝙞𝙢𝙚𝙩𝙖𝙗𝙡𝙚 𝙤𝙛 𝙅𝙖𝙥𝙖𝙣𝙚𝙨𝙚 𝙎𝙥𝙚𝙖𝙠𝙞𝙣𝙜 𝘾𝙡𝙪𝙗

𝘿𝙖𝙩𝙚 - 𝟏𝟏.𝟏𝟎.𝟐𝟎𝟐𝟒 (𝙁𝙧𝙞𝙙𝙖𝙮)
𝙏𝙞𝙢𝙚 - 𝟕𝙥𝙢 𝙩𝙤 𝟖:𝟑𝟎𝙥𝙢
𝙋𝙡𝙖𝙩𝙛𝙤𝙧𝙢 - 𝙕𝙤𝙤𝙢
𝙏𝙤𝙥𝙞𝙘 - 𝙋𝙤𝙥 𝘾𝙪𝙡𝙩𝙪𝙧𝙚 𝙍𝙚𝙫𝙤𝙡𝙪𝙩𝙞𝙤𝙣
𝙈𝙖𝙞𝙣 𝙁𝙖𝙘𝙞 (𝙨) - 𝙉𝙤𝙧𝙖 𝙆𝙪𝙚 & 𝙃𝙣𝙞𝙣

🎏ဒီလိုမျိုး N4 level နဲ့အထက်ရှိတဲ့ Hypers🎓 တိုင်းပါ၀င်လို့ရမဲ့ 𝙅𝙖𝙥𝙖𝙣𝙚𝙨𝙚 𝙎𝙥𝙚𝙖𝙠𝙞𝙣𝙜 𝘾𝙡𝙪𝙗 လေးကို လာမဲ့ သောကြာနေ့ည ၇နာရီမှာ ပြုလုပ်သွားမှာဖြစ်တာကြောင့် စိတိ၀င်စားလို့ Join ချင်တယ်ဆိုရင်တော့ အောက်က Telegram Channel လေးထဲ၀င်ပြီး Noti on ထားလိုက်ကြပါဦး🩷

📌𝙃𝙮𝙥𝙚𝙣 𝙅𝙖𝙥𝙖𝙣𝙚𝙨𝙚 𝙎𝙥𝙚𝙖𝙠𝙞𝙣𝙜 𝘾𝙡𝙪𝙗 𝙏𝙚𝙡𝙚𝙜𝙧𝙖𝙢 𝘾𝙝𝙖𝙣𝙣𝙚𝙡 - https://t.me/+ipZXsSdt_pMxODdl

💡ဒါ့အပြင် Hypen Org ရဲ့“လူငယ်တွေကနေ လူငယ်တွေဆီ”အမြဲမျှဝေပေးနေတဲ့ Program တွေအကြောင်းကို ပိုသိချင်တယ်ဆိုရင်တော့ အောက်က Hypen ရဲ့ Telegram channel တွေကို Join ထားဖို့တော့လိုမယ်နော်😉

📌𝙃𝙮𝙥𝙚𝙣 𝙁𝙖𝙘𝙚𝙗𝙤𝙤𝙠 𝙋𝙖𝙜𝙚 -
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKw

📌𝙃𝙮𝙥𝙚𝙣 𝙈𝙖𝙞𝙣 𝘾𝙝𝙖𝙣𝙣𝙚𝙡 -
https://t.me/hypen_org

#ContentwriteybyAmara
#GraphicDesignbyPan
#JapansesSpeakingClub
#Hypen_org

Hypen Education

03 Oct, 05:29


🎯တစ်ချိန်က သမိုင်းစာမျက်နှာပေါ်မှာ မာတင်လူသာကင်းရဲ့ ❝ 𝐈 𝐡𝐚𝐯𝐞 𝐚 𝐝𝐫𝐞𝐚𝐦 ❞ လို့ အမည်ရတဲ့ Speech တစ်ခု ထင်ရှားကျော်ကြားစွာ တည်ရှိခဲ့ဖူးသလို...

Hypers🎓 လေးတို့ရဲ့ ဘဝစာမျက်နှာထဲမှာလည်း 𝐈 𝐡𝐚𝐯𝐞 𝐚 𝐝𝐫𝐞𝐚𝐦 ဆိုပြီး ထူးခြားလှပတဲ့ အိပ်မက်လှလှလေးတွေအ‌ကြောင်းကမ္ဗည်းတင် ရေးထိုးခဲ့ဖူးကြမှာပါ🫵

💭အိပ်မက်ရဲ့နောက်ကို ယုံကြည်စွာလိုက်ပါရင်း ချစ်ရသူတွေနဲ့ အဝေးမှာ ရှင်သန်ကြရဖို့ အကြောင်းဖန်လာတဲ့အခါ ပတ်ဝန်းကျင်အသစ်မှာ တစ်ယောက်တည်း ရှင်သန်ရခြင်းကလည်း စိန်ခေါ်မှု‌‌တွေပြည့်နှက်နေတဲ့ စွန့်စားမှုခရီးတစ်ခုပါပဲ💢

🔰ဒါဆိုရင်တော့ ဒီတစ်ပတ်ရဲ့ ဆန်းဒေးနိုက်ကလပ်မှာ ကိုယ့်ရဲ့ လှပဆန်းကြယ်တဲ့ အိပ်မက်တွေကို နွေးထွေးလုံခြုံမှုတွေ တည်ရှိရာ အိမ်ဆိုတဲ့ အသိုက်အမြုံရဲ့ အဝေးမှာ အကောင်အထည်ဖော်ကြရတဲ့အခါ ကြုံတွေ့ရတတ်တဲ့ အိမ်လွမ်းနာ ဆိုတဲ့ စိန်ခေါ်မှုအပြင် အခြား စိန်ခေါ်မှုတွေကိုပါ ဆွေးနွေး၊ တိုင်ပင်ပြီး ခရီးတစ်ထောက်နားရင်း အမောဖြေ၊ အားယူလို့ရမဲ့ အခွင့်အရေးလေးနဲ့ မိတ်ဆက်ပေးပါရစေခင်ဗျာ

📌ဒီတစ်ခေါက် ကျွန်တော်တို့ Hypen ရဲ့ ဆန်းဒေးနိုက်ကလပ်လေးမှာ ဇာတိမြေနဲ့ အိမ်ကို လွမ်းတသသနဲ့ တမ်းတနေရသူတွေအပြင် Study abroad ဖို့ အားယူနေကြတဲ့ Hypers🎓 လေးတွေပါ ဒီစွန့်စားမှုတွေရဲ့နောက်ကွယ်က စိန်ခေါ်မှုတွေကို ဘယ်လို ရင်ဆိုင်ပြီး ကျော်လွှားကြမလဲဆိုတာ ရင်ဖွင့်တိုင်ပင်ရင်း လှပဆန်းကြယ်လှတဲ့ အိပ်မက်တွေဆီ အရောက်သွားဖို့ အားသစ်တစ်ဖန် လောင်းပြီး အားမွေးကြဦးမှာပါ

✍️ဒါ့အပြင် ဒီနိုက်ကလပ်လေးကို တက်ရင်း Hypers🎓 လေးတို့နဲ့ အိပ်မက်တူ၊ ပန်းတိုင်တူတဲ့ ခရီးသွားဖော် သူငယ်ချင်းအသစ်လေးတွေလည်း ရမဲ့အပြင် စကားခြွေရင်း Hypers🎓 လေးတို့ အကြိုက် အချိုအချဉ် အရသာစုံတဲ့ Game activities လေးတွေပါ ပါဝင်သွားဖို့ရှိတာမို့ ဆန်းဒေး ည၈နာရီရောက်ရင် Hypen ရဲ့ English Speaking Night Club လေးဆီ အရောက်လာဖို့ ပြင်ထားကြပါတော့ဗျို့❗️

📆 𝐃𝐚𝐭𝐞 - 𝟔. 𝟏𝟎. 𝟐𝟎𝟐𝟒(𝐒𝐮𝐧𝐝𝐚𝐲)
𝐓𝐢𝐦𝐞 - 𝟖𝐩𝐦 𝐭𝐨 𝟗:𝟑𝟎 𝐩𝐦
🚀 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦 - 𝐙𝐨𝐨𝐦
💭 𝐓𝐨𝐩𝐢𝐜 - 𝐋𝐢𝐯𝐢𝐧𝐠 𝐀𝐥𝐨𝐧𝐞 𝐢𝐧 𝐍𝐞𝐰 𝐀𝐫𝐞𝐚
🗣 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 - 𝐄𝐧𝐠𝐥𝐢𝐬𝐡

အပတ်စဉ် တနင်္ဂနွေ‌နေ့ မြန်မာစံတော်ချိန် ည(၈)နာရီမှာ ကျင်းပလေ့ရှိတဲ့ Hypen ရဲ့ English Speaking Club မှာ အပတ်တိုင်း မလွတ်တမ်း ပါ၀င်နိုင်ဖို့ ဒီ Link လေးကိုလည်း Join ထားဖို့မမေ့ပါနဲ့နော်

📌 𝐇𝐲𝐩𝐞𝐧 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐂𝐥𝐮𝐛 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐆𝐫𝐨𝐮𝐩- https://t.me/+2r9q0GIZZ-w3ZGM1

🗣ကိုယ့်ရဲ့ English Speaking skills ဓားသွားလေးထက်အောင် သွေးလို့ရမဲ့ Hypen နိုက်ကလပ်ရဲ့ နောက်ထပ် Topic လေးတွေက ဘာတွေဖြစ်မလဲဆိုတာ အချိန်နဲ့ တပြေးညီ သိရှိနိုင်ဖို့ Hypen Org ရဲ့ Facebook Page နဲ့ Telegram channel ကို 👍Like & Follow လုပ်ပြီး စောင့်မျှော်ပေးကြဖို့ လိုမယ်နော်💋

Hypen Organization Channel- https://t.me/hypen_org

Hypen Facebook page -
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL


#ContentwriterbySweSN
#GraphicDesignbyPyaeShinKhaing
#hypen_org
#HypenEnglishSpeakingClub

4,326

subscribers

971

photos

1

videos