Book Paradise Myanmar 📚📚 @bookparadisemyanmar Channel on Telegram

Book Paradise Myanmar 📚📚

@bookparadisemyanmar


စာဖတ်ဝါသနာရှင်များ အတွက် စာအုပ်များ မျှဝေရာ 📚📚
https://www.bookparadisemm.com

Book Paradise Myanmar 📚📚 (Myanmar)

စာဖတ်ဝါသနာရှင်များ အတွက် စာအုပ်များ မျှဝေရာ 📚📚nnBook Paradise Myanmar သည် စာအုပ်များနှင့် ပြည်ထောင်စု ကိုယ်ဝန်ဆောင်မှုများနှင့် အဖွဲ့ဝင်များအတွက် အင်တာနည်းချခဲ မိုးဦးပိုင်မှုများကို ပြန်လည်သင်ယူနိုင်ရန် စာဖတ်ဝါသနာရှင်များ အတွက် စာအုပ်များ မျှဝေရာ ဖြစ်ပါသည်။ ဤနေရာသည် စာအုပ်များနှင့် စာအုပ်များအတွက် စိုးရိမ်မျှဝေရာတွင် ပြည်သူများ အနည်းဆုံး ကိုယ်ဝန်ဆောင်မှုနှင့် တည်နေအပ်တိုက်ရှိသူများ ပြန်လည်သင်ယူပါသည်။ အပိုင်းအသင်လိုသော အစာစားစစ်မှုများနှင့် အဖွဲ့ဝင်များနှင့် စာဖတ်ဝါသနာရှင်များ အတွက် ပုံစံကျင်မပျောထားပါက ဤနေရာကို လုံးဝ စာဖတ်ဝါသနာရှင်များအတွက် အလျော့ရှင်များ စာဖတ်ဝါပေးသည်။ ဤနေရာနှင့် ဆက်စပ်ခြင်း မပြုရပ်ကို အပြောင်းအလဲ လေ့လာလိုပါက သင်သည် စာဖတ်ဝါသနာရှင်များအတွက် အတွက် အတွက် အလျော့ခံစားအရာ လုပ်နိုင်ပါသည်။ ဤမှတ်ချက်မှာတင်တင်လျှင် သင်လက်ဆောင်မှုအသစ် အတိုကောက်ဆုံးပွဲများကို နောက်ထပ် လုံးဝ ရှာနေပြီး ဤနေရာကို ယုံကြည်ရန် ပဲ တောင်းဆိုပါက ဤကောင်ထဲသို့ ရောက်ရှိပါပြီ။nnဤနေရာကို ကြည့်ရှုသင့်တဲ့ ပရိုဂရများကို ကိုယ်လွန်ခဲ့ပါ။ မိုးဦးပိုင် ဖျော့ဝင် ဝယ်ယူပါ။ အပြောင်းအလဲ မေးခွန်နိုင်ပါက ပွဲများနှင့် အစာစားစစ်မှုများကို တိုက်ရိမ် လုပ်ကိုင်သော စာဖတ်ဝါသနာရှင်များကို ဤနေရာမှ ရွေးချယ်ပါ။nnယနေ့အတွက် ဂျပန်ဟန် မွှ်သတောရှင် အတွက် ဖတ်ရှင်အတွက် နောက်ဆုံး အင်တာနည်းများ၏ ကောင်းလေးတစ်ခုရှိသည်။

Book Paradise Myanmar 📚📚

12 Nov, 05:23


နိုင်ငံပေါင်း 100 ကျော် server 3200+ ပါတဲ့ Shurfshark Premium VPN ၀ယ်ရင်း Book Paradise VIP Members GP လက်ဆောင်ထည့်ပေးနေပါပြီဗျ။

6 Months - 5000 MMK

Contact - @HtetShineLynn ကို ဆက်သွယ်ပါ။

Book Paradise Myanmar 📚📚

11 Nov, 13:24


Surfshark Premium VPN 6 လစာ - 5000 ကျပ်ဖြင့်ရပါမယ်။

VPN ၀ယ်ပီးရင် Book Paradise Myanmar VIP Members လည်း အခမဲ့ လက်ဆောင်ပေးသွားပါမယ်ဗျ။

@HtetShineLynn ကို ဆက်သွယ်ပေးပါဗျ။

Book Paradise Myanmar 📚📚

01 Nov, 03:43


ဆရာမ ခင်ခင်ထူး စာအုပ်များ

https://t.me/bookparadisepremiumchannel/615

Book Paradise Myanmar 📚📚

31 Oct, 13:35


PAWS ဆိုတဲ့ Project လေးရှိတယ်။

Telegram Account သက်တမ်းအလိုက် Coins လေးတွေရတယ်။ သေချာပေါက်ရမယ်ထင်လို့ စလုပ်ချင်သူတွေ အောက်က Link ကို နှိပ်ပီး Start ပါ ပီးရင် သက်တမ်းအလိုက် ကိုယ်ဘယ်လောက်ရမလဲဆိုတာ တွေ့ရပါလိမ့်မယ် ။

https://t.me/PAWSOG_bot/PAWS?startapp=nLaHh1P6

Book Paradise Myanmar 📚📚

31 Oct, 03:20


The Guys of Rangoon 1930 Audio + Book

Get Here 📚

Book Paradise Myanmar 📚📚

30 Oct, 12:55


ရွာထဲတွင် လူစင်စစ်က လည်ပတ်နှင့် ချွင်ချွင်ခါနေလျှင် သူဘယ်ဘဝက လူဖြစ်လာသည်ကို လူတိုင်းသိ ပါသည်။

(အိန္ဒိယပုံပြင်တစ်ပုဒ်ကို ကိုးကားပါသည်)

တင်ညွန့်

၂၉.၁၀.၂၀၂၁

Book Paradise Myanmar 📚📚

30 Oct, 12:55


ခွေးလည်ပတ်
-------------
ဒေါ်ကြီးစိုး ဈေးကိုလာသည်။ သူနှင့်အတူ ခွေးတစ်ကောင်ပါလာသည်။ ခွေးပုမျိုးလေးဖြစ်ပါသည်။ ဈေးသည်တွေက ပြောကြသည်။

“ကြီးစိုးကချောတယ်တော့”

“ဒေါ်ကြီးစိုးက ခန့်တာပါအေ”

“ဟုတ်တယ်နော် ဒေါ်ကြီးစိုးအလှက နန်းဆန်တာအေ့”

ခွေးကနည်းနည်း သဝန်တိုစိတ်ဝင်လာသည်။ သခင်မနှင့်အတူ ဈေးကိုလာသည်။ သူ့ကို လူတွေကမမြင်။ သခင်မကိုသာ ချီးမွမ်းနေကြသည်။

“ဝုတ် … ဝုတ်”

ခွေးက သူပါမှန်းသိစေလိုသောကြောင့် ဟောင်သည်။ ဒေါ်ကြီးစိုးက

“သားလေး တိတ်တိတ်နေလေ … ဒါဈေးကွယ့်”

“ဝုတ် … ဝုတ်”

ထပ်ဟောင်ပြန်သည်။ ဒေါကြီးစိုးက ထိုအချိန်တွင် တိရစ္ဆာန်အသုံးအဆောင်ပစ္စည်းများ ရောင်းသည့် ဆိုင်ရှေ့ကို ရောက်နေသည်။

“ဒေါ်ဒေါ် ခွေးအတွက် တစ်ခုလောက် ဝယ်ပါဦး”

“ဪ အေး အေး ငါ့ခွေးလေးက ဘာလိုချင်လို့လဲ မသိဘူး ဟောင်နေတာ … ဘာဝယ်ပေးရင်းကောင်း မလဲကွယ်”

“ဒေါ်ဒေါ်ရေ … ဟောဒီမှာ လည်ပတ်လေးတွေ အသစ်ရောက်တယ်။ ချူလုံးလေးလည်းပါတယ်။ လည်ပတ်လေး ဝယ်ဆင်ပေးပါလား”

“ကောင်းသားပဲ … တစ်ခုပေးပါကွယ် … သူနဲ့သင့်တော်တာပေါ့”

ချက်ချင်းပင် ခွေးလည်ပင်း၌ လည်ပတ်ကို တပ်ဆင်လိုက်သည်။ ခွေးက လည်ပတ်လေး တပ်ပေးခြင်း ခံရပြီးနောက် လမ်းလျှောက်တိုင်း တချွင်ချွင်မြည်နေသည်ကို သဘောကျသည်။ ထို့ပြင် ရေအိုင်ထဲက သူ့ပုံကို ပြန်လိုက်သည့်အခါတွင် ပိုပြီး ဘဝင်စိတ်တွေဖြစ်လာသည်။

“အလို ငါလည်ပင်းမှာ ကျောက်စီလည်ပတ်နဲ့ … ချူလုံးတောင်ပါသေး”

ခွေးကို လည်ပင်းတွင် လည်ပတ်တပ်ပေးလိုက်သည့်နေ့ကစပြီး တစ်အိမ်လုံးကို လှည့်ပတ်ဟောင်တော့ သည်။ ကြောင်ကိုလည်းကောင်း၊ နွားကိုလည်းကောင်း၊ ကြက်ကိုလည်းကောင်း၊ ဝက်ကိုလည်းကောင်း၊ ဘဲငန်းတို့ကိုလည်းကောင်း ရန်လိုက်ရှာသည်။

“ဟေ့ … တိရစ္ဆာန်ချင်းအတူတူ ငါ့ကို ဘာမှတ်သလဲ။ လည်ပင်းမှာ ဆွဲထားတာ နှယ်နှယ်ရရမမှတ်နဲ့။ ငါ့လည်ပင်းက လည်ပတ်မျိုး မင်းတို့မှာ ရှိသလား … ဒီလည်ပတ်က ဟောဒီခြံကြီးထဲမှာ မင်းတို့ အားလုံးထက် ငါကပိုမြတ်တယ်ဆိုတာ ပြတာပဲ”

တစ်ခြံလုံးလှည့်ပတ်ကြွားသည်။ ချူသံက ဆူညံနေတော့သည်။ ဦးနွားကြီးက ပြောသည်

“ဟေ့ … လည်ပင်းမှာ ချူဆွဲခံရတာ ဂုဏ်ဆာမနေနဲ့ … လူတွေက နင်ဘယ်မှရှိတယ်ဆိုတာ သတိထား မိအောင် လုပ်ထားတာ”

“ဦးနွား ခင်ဗျားလည်ပင်းက ခလောက်နဲ့ ကျုပ်လည်ပင်းကချူ တူသလား … ခက်ပါတယ် … ဒီခြံထဲက တိရစ္ဆာန်တွေနဲ့နေရတာ … မတူမတန်”

ခွေးက ခွေးတိုးပေါက်ကတစ်ဆင့်ထွက်ကာ လမ်းပေါ်ကို တစ်ကောင်တည်းရောက်လာသည်။

ရွာလယ်ရေတွင်းတွင် လုံမေများ ရေခပ်နေကြသည်။

“ချွင် … ချွင် … ချွင်”

ယခုတော့ ခွေးမှန်းသိအောင် မဟောင်တော့။ ချူရေးပြကာ အသံပေးသည်။ ကောင်မလေးတွေက

“တယ် … ဒီခွေးဆိုကာ” ရေနှင့်ပက်သဖြင့် ပြေးရပြန်သည်။

လက်ဖက်ရည်ဆိုင်ရှေ့ရောက်လာသည်။ ဘောလုံးပွဲကြည့်နေကြသည်။ ခွေးက တချွင်ချွင်ဖြင့် လူတွေထဲ ဝင်တိုးကာကြည့်သည်။ သူ့ကိုယ်သူ လူဟု ထင်နေပုံပေါ်သည်။

ကောင်လေးတစ်ယောက်က

“ဟာ လက်ဖက်ရည်ဆိုင်ဆိုတာ နင့်နေရာလား” ဆိုကာ ရေနွေးပူနှင့်ပက်သည်။
ထို့ကြောင့် ပြေးရပြန်သည်။

လူစုလူဝေးရှိသည့်နေရာတိုင်းကို သူသွားသည်။ သူ့ကို လူတွေက အထင်ကြီးလေးစားကာ သူ့သခင်လို ချီးမွမ်းမည်ဟုလည်း ထင်သည်။ ထို့ကြောင့် ချူသံပေးကာ လူတွေနောက်လိုက်သည်။ လူတွေက ဘုရားပေါ်တက်သွားကြသည်။

တံခါးတွင် စာကပ်ထားသည်

“ခွေးမတက်ရ”

ခွေးက အဘယ်မှာလျှင် လူစာကို ဖတ်တတ်မည်နည်း။ လည်ပင်းလေးခါပြီး လှေခါးများပေါ်တက်သည်။ ကလေးတစ်ယောက်က တံမြက်စည်းချောင်းနှင့် လိုက်ရိုက်သဖြင့် ပြေးရပြန်သည်။

ဟိုနေရာလည်း မောင်းထုတ်၊ သည်နေရာလည်း မောင်းထုတ် ခွေးစိတ်ညစ်လာသည်။

တစ်နေရာတွင် လူတွေ အုပ်စုလိုက်တွေ့ပြန်သည်။ မျက်လှည့်ပွဲဖြစ်သည်။ သူက လူတွေခြေထောက် ကြားက တိုးဝှေ့ကာကြည့်သည်။

မျက်လှည့်ဆရာက ခွေးကိုတွေ့သည်

“လာ … လာ” ဟု လက်ဖျောက်တီးကာ ခေါ်သည်။

“အလို ငါ့ကို အရေးတယူပါလား”

ခွေးက အံ့အားသင့်ကာ ဝိုင်းထဲကို ဝင်သည်။ မျက်လှည့်ဆရာက ခွေးလေးကို ကောက်ပွေ့လိုက်သည်။ ထို့နောက်

“ကိုင်း … ကျွန်တော် ဘယ်မှာမှ မပြဖူးသေးတဲ့ ပြကွက်ကို ပြပါ့မယ် … ဟောဒီခွေးလေးကို လူဖြစ်အောင် လုပ်ပြပါ့မယ်”

“ဟာ”

လူတွေက အံ့အားသင့်သွားကြသည်။

“ဘာလဲ ခင်ဗျားတို့က မယုံလို့လား … ကိုင်း ကျုပ်အစွမ်းကို ပြရသေးတာပေါ့”

မျက်လည့်ဆရာက ခွေးကို ခုံပေါ်တင်သည်။ ထို့နောက် အဝတ်နီဖြင့် အုပ်လိုက်သည်။

“ခွေးလေးရေ … မင်း ရှိနေသေးတယ်ဆိုတာ ချူသံပေးပါဦး”

ခွေးက နားလည်သည့်အလား ချူသံပေးရန် ခေါင်းခါပြလိုက်သည်။

“ကြားတယ်နော်”

မျက်လှည့်ဆရာက

“ကိုင်း … ကြည့်ကြ … ဟိုက်ချလောင်း”

အဝတ်နီကို ဆွဲဖယ်လိုက်သည်။ ခွေးပျောက်သွားသည်။

“ဘယ်မှာလဲ လူဖြစ်လာမယ်ဆို … ဘယ်မှာလဲ”

“ခွေးပျောက်သွားပြီ … လူဘယ်မှာလဲ”

မျက်လှည့်ဆရာက

“ကျွန်တော့်ပြပွဲ ပြီးပါပြီခင်ဗျာ” ဟုပြောသည်။

“ဟေ့ မျက်လှည့်ဆရာ … ခင်ဗျား ညာတာပဲ … ခွေးကို လူဖြစ်အောင် လုပ်မယ်ဆိုတာ ဘယ်မှာလဲ”

မျက်လှည့်ဆရာက ပြုံးသည်

“ကျွန်တော် ခွေးကို လူဖြစ်အောင် လုပ်လိုက်ပါပြီ …”

“အေးလေ ဘယ်မှာလဲ သက်သေပြ”

“ခင်ဗျားတို့ ရွာထဲမှာ လျှောက်သွားနေပါပြီ”

“ခင်ဗျားညာတာပဲ ဘယ်လိုလုပ် သိနိုင်မှာလဲ”

“သိပ်သိနိုင်တာပေါ့ဗျာ … အဲဒီခွေးက လူသာဖြစ်သွားတာ … သူ့လည်ပင်းက လည်ပတ်ကို ချွတ်ဖို့ မေ့နေမှာ”

Book Paradise Myanmar 📚📚

29 Oct, 14:32


စာရေး ဆရာ အရိုးစာအုပ်များ -

📚https://t.me/bookparadisepremiumchannel/580

📚 https://t.me/c/1507448007/75

Book Paradise Myanmar 📚📚

21 Oct, 14:34


မင်မင်တို့ဆီမှာ အင်တာနက် အခက်အခဲဖစ်နေလို့ စာအုပ်တွေလဲ မတင်ဖစ်ဘူး။ နောက်ရက်တော့ အချိန်ရရင် တင်ပေးပါအုံးမယ်။

Book Paradise Myanmar 📚📚

21 Oct, 14:33


အမေဆိုတာက...👪
ကိုယ်ဘာတွေကြိုက်တတ်တယ်
ဆိုတာ မှတ်ထားပြီး
ကိုယ်မထင်မှတ်ထားတဲ့
အချိန်မျိုးမှာ ချက်ကျွေးတတ်တယ်။

အမေဆိုတာက
ကိုယ်က အမေပြန်လာရင်
ဟိုဟာလေး ဝယ်ခဲ့
ဒီဟာလေးဝယ်ခဲ့လို့ မှာတိုင်း
ဝယ်ခဲ့မှာ မဟုတ်တဲ့ပုံမျိုးနဲ့
ပြန်လာရင် ကိုယ်မှာတာကို
မရရအောင် ဝယ်ခဲ့ပေးတတ်တယ်။

အမေဆိုတာက
ကိုယ်ကြိုက်တဲ့ အရောင်လေးတွေကို
မှတ်ထားပြီး
ကိုယ်ကြိုက်မယ်ဆိုတဲ့ အရာလေးတွေကို
အဲဒီ အရောင်လေးတွေအတိုင်း
ဝယ်ပေးတတ်တယ်။

အမေဆိုတာက
ကိုယ်နဲ့ အပြန်အလှန်
စိတ်ကောက်နေရင်တောင်
ကိုယ့်ကိုယ် ထမင်းစားချိန်ရောက်ရင်
ထမင်းစားတော့လေလို့
သတိပေးတတ်တယ်။

အမေဆိုတာက
ကိုယ်အပြင်သွားတိုင်း
ဖုန်းလေးတောက်လျှောက်ခေါ်ပြီး
နောက်ကျနေပြီ ပြန်လာတော့ဆိုပြီး
အမြဲသတိပေးတတ်တယ်။

အမေဆိုတာက
ကိုယ့်အဝတ်တွေ ပုံနေပြီ
ဘယ်တော့လျှော်မှာလဲလို့
ဆူပူပြီး ကိုယ်မရှိတဲ့အခါ
လျှော်လှမ်းထားပေးတတ်တယ်။

အမေဆိုတာက
ပါးစပ်ကသာ ကိုယ့်ကိုယ်ဆူပူနေတာ
ပြီးရင် ကိုယ်ဖြစ်ချင်တာတွေ
ကိုယ်လုပ်ချင်တာတွေ မှန်သမျှကို
လိုက်ဖြည့်ဆည်းပေးတတ်တယ်။

အမေဆိုတာက
ကိုယ့်စိတ်နှလုံးနဲ့ ကိုယ်
ဖြစ်ချင်တာမှန်သမျှကို
အသိဆုံးသော ကမ္ဘာပေါ်မှာ
ကိုယ့်ကိုယ် အချစ်တတ်ဆုံးသော
မိခင်ကောင်း တစ်ဦးပဲ။

သူများတွေ ကိုယ့်ကိုယ်
ချစ်တယ်ဆိုတာ
အမေ မုန်းနေသလောက်ပဲရှိတယ်။

#မေတ္တာဖြင့်ပြန်လည်မျှဝေလိုက်ပါသည်

Book Paradise Myanmar 📚📚

18 Oct, 13:20


Operator promotion SMS ပိတ်နည်း

Phone Operator များရဲ့ ကြော်ငြာ Message များ ပိတ်နည်း....

▪ MPT အသုံးပြုသူများအတွက် -
Dialpad မှတဆင့် *2007# ကို နှိပ်ပြီး Call ကိုနှိပ်ပါ။
ထပ်မံပေါ်လာသော Option (1 or 2) မှ Option (1) MPT မှ
ပရိုမိုးရှင်း SMS မရယူပါ။
- ဆိုတာကို ရွေးချယ်ပြီး Reply ပြုလုပ်ပေးပါ။ ခဏနေရင် SMS တခု၀င်လာပြီး MPT မှ ပရိုမိုးရှင်း SMS ရယူခြင်းကို ရက် (၃၀) ကြာရပ်ဆိုင်းမှု ပြုလုပ်ပြီးကြောင်း ပြောပါလိမ့်မယ်ခင်ဗျာ။
.
▪ Ooredoo အသုံးပြုသူများအတွက် -
Messages App ကိုဖွင့်ပါ။ To: မှာ 5059 ကို လိပ်မူပြီး DNDON ဟု (စာလုံးအကြီးများသာ) ရိုက်ပြီး SMS ပို့လိုက်ရင် Promotion SMS ကို ရက်အကန့်အသတ်မရှိ ပိတ်ပြီးဖြစ်ပါတယ်ခင်ဗျာ။ (SMS ပို့ခြင်းအတွက် အခကြေးငွေပေးရန်မလိုပါ)
.
▪ Atom အသုံးပြုသူများအတွက် -
Messages App ကိုဖွင့်ပါ။ To: မှာ 500 ကို လိပ်မူပြီး
DNDON ဟု (စာလုံးအကြီးများသာ) ရိုက်ပြီး SMS ပို့လိုက်ရင် Promotion SMS ကို ရက်အကန့်အသတ်မရှိ ပိတ်ပြီးဖြစ်ပါတယ်ခင်ဗျာ။ (SMS ပို့ခြင်းအတွက် အခကြေးငွေပေးရန်မလိုပါ)

▪ Mytele အသုံးပြုသူများအတွက် -
Dialpad မှတဆင့် *800# ကို နှိပ်ပြီး Call ကိုနှိပ်ပါ။ ထပ်မံပေါ်လာသော Option (1 or 2) မှ Option (1) ကိုရွေးချယ်ပြီး ပရိုမိုးရှင်း SMS ရပ်ဆိုင်းခြင်းပြုလုပ်ပါ။

Book Paradise Myanmar 📚📚

07 Oct, 02:37


အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ကောင်လေးတစ်ယောက် ရှိတယ်။ တစ်နေ့တော့ အဘိုးကြီးတစ်ယောက်ဆီသွားပြီး မေး တယ်။

"အဘိုး "

" ပျော်ရွှင်မှုရဲ့ အကြီးမားဆုံး အဖျက်သမားက ဘာလဲ..."

" သားက ပျော်ပျော်ရွှင်ရွှင်ပဲနေချင်တာ .ဒါပေမယ့် တစ်နေ့နေ့ ဝမ်းနည်းပူဆွေးမှုတွေ ဖြစ်လာမှာကို ကြောက်လို့ ပျော်အောင် နေနည်းကို ပြောပြပါလား..'

အဘိုးအိုက ခဏလောက်စဉ်းစားပြီး ခေါင်းညိတ်ပြီး ပြောတယ်..

"ကောင်းပြီ၊ မင်းသိချင်တာတွေကို ပြောပြမယ်။ ဒါပေမယ့် မ ပြောခင် မင်း ခိုင်းတာ တစ်ခုတော့ လုပ်ပေးရမယ်.."

ကောင်လေးက အဘိုး မျက်နှာကို ကြည့်ပြီး ပြုံးကာ မေးသည် ။

"ရပါတယ် အဘိုးရဲ့.. သားလုပ်ပေးမှာပေါ့....ဘာလုပ်ပေးရမှာလဲ ပြော။

အဘိုးကြီးက ဖြေတယ်၊
"အဘိုးအိမ်နောက်ဘက်မှာ ရေစည် အလွတ်တစ်လုံးရှိတယ်၊ မင်းကို ရေဖြည့်ပေးစေချင်တယ်။ အဘိုးက အသက်ကြီးပြီး စမ်းချောင်းထဲမှာ ရေမဆင်းခပ်နိူင်တော့ဘူး... မင်းအဲ့ဒီရေစည် အလွတ်ထဲကို ရေဖြည့်ပေးရင် မင်းကို ဒင်္ဂါးနှစ်ပြားဆုချမယ်။ ဒင်္ဂါးနှစ်ပြားက မင်းအတွက်ပဲ ကောင်လေး"

ကောင်လေးဟာ ဒင်္ဂါးနှစ်ပြား ရမယ်ဆိုသောကြောင့် စိတ်တွေ လှုပ်ရှားတက်ကြွသွားပြန်တယ်။

ရေပုံးတစ်ပုံးကို ကိုင်ပြီး ရေယူဖို့ စမ်းချောင်းကို အမြန်ဆင်းခဲ့ တယ်။ ခဏအကြာတွင် အဘိုးအိုထံသို့ ပြန်သွားပြီး ရေစည်ကို ရေဖြည့်ထားကြောင်း ပြောပြသည်။

သို့သော် အဘိုးအိုက …

"အိုး၊ ငါပြောဖို့မေ့သွားလို့ ငါ့မီးဖိုချောင်ထဲမှာလည်း စည်အလွတ် တစ်လုံးရှိသေးတယ်။ အဲဒါကို ထပ်ဖြည့်ပေးပါလား ။ ငါမင်းကို ဆုကြေးအနေနဲ့ နောက်ထပ်ဒင်္ဂါးနှစ်ပြား၊ စုစုပေါင်း ဒင်္ဂါးလေး ပြား ပေးမယ်။ မင်းလိုချင်တာ ဝယ်လိုရတာပေါ့ ဒီငွေလေးပြားဆို တာ မင်းအတွက် အများကြီးပဲ..."

ကောင်လေးက ဒီဒင်္ဂါးလေးပြားကို ရဖို့ စိတ်ပိုင်းဖြတ်ထားတယ်၊ အဲဒါကို နှစ်ခါမစဉ်းစားတော့ဘူး။ ရေပုံးကို ယူကာ စမ်းချောင်းထဲ သို့ အမြန်ဆင်းခဲ့သည်။

မကြာခင်မှာပင် သူသည် ဒုတိယရေစည်ထဲကို ရေဖြည့်ပြီးသွား ပြီ။ ထို့နောက် အဘိုးကြီးထံသို့ ပြန်သွားသောအခါ၊

"ကောင်းတယ်ဟေ့ ဒါပေမယ့် ငါက မေ့တတ်တဲ့ အဘိုးကြီးပဲ၊ ငါ့ ဥယျာဉ်မှာ ရေစည်အလွတ်တစ်လုံးရှိတယ်ဆိုတာ ငါမေ့သွားခဲ့ တယ်။ မင်းအဲ့ဒါကို ရေဖြည့်ပေးနိုင်ရင် မင်းပိုက်ဆံထဲကို အကြွေ နှစ်ပြား ထပ်ထည့်လိုက်မယ်။ မင်းအတွက် ငွေဒင်္ဂါးခြောက်ပြား ဖြစ်သွားတာပေါ့.."

ကောင်လေး၏မျက်နှာတွင် ရွှင်မြူးသော မျက်လုံး များ ပေါ်လာ သည်။ ဒီပိုက်ဆံ အားလုံးနဲ့ဆို သူ ဘာဝယ်မယ်ဆိုတာကို တွေးပြီး စိတ်ခံစားချက်တွေကို မထိန်းနိုင်ခဲ့ဘူး

တတိယမြောက် ရေစည်ကိုဖြည့်ပြီး အဘိုးကြီးဆီပြန်ရောက်လာ တာ အချိန်တောင်သိပ်မကြာပါဘူး။ သူဟာ မောပန်းနွမ်းနယ်နေခဲ့ တယ်။

ဒါပေမယ့် အဘိုးအိုက ကောင်လေးကို ဒင်္ဂါးခြောက်ပြားကို ပေးရ မယ့်အစား မျက်မှောင်ကြုတ်ပြီး

"အိုး မဟုတ်သေးပါဘူး၊ ငါက တစ်ကမ္ဘာလုံးမှာ သတိအမေ့ဆုံး အဘိုးကြီး...ထင်တယ်၊ ငါ့မှာ ပေးစရာ ဒင်္ဂါး မရှိဘူးဆိုတာကို မေ့ နေတယ်။ ငါ အရမ်းစိတ်မကောင်းဖြစ်ရပါတယ်၊ မင်းကို ပေးစရာ ပိုက်ဆံမရှိဘူး.. တောင်းပန်ပါတယ် အခုတော့ မင်းလက်ဗလာနဲ့ပဲ အိမ်ပြန်ရတော့မယ် ကောင်လေးရေ"

ထိုစကားကိုကြားသောအခါ ကောင်လေး၏မျက်နှာပေါ်ရှိ အပြုံး သည် ရုတ်တရက်ပျောက်ကွယ်သွားကာ ဝမ်းနည်းသောအကြည့် ဖြင့် အစားထိုးလာသည်။

သူ့ရဲ့ ပျော်ရွှင်မှုဟာ လုံးဝပျောက်ဆုံးသွားပြီး ဝမ်းနည်းမှု စိတ်ပျက်မှုတွေနဲ့ အစားထိုးခဲ့ပါတယ်။

ထိုအချိန်တွင် အဖိုးအိုသည် အံ့အားသင့်စွာပြုံးလိုက်ပြီး သူ့ကို ခဏလောက် တင်းတင်းကျပ်ကျပ် ဖက်ထားကာပြောသည် ။

"စိတ်မပူပါနဲ့ ကောင်လေး။ အမှန်က မင်းအတွက် ပိုက်ဆံရှိပါ တယ်၊ ငါလုပ်ခဲ့သမျှက မင်းကို ဘဝနဲ့ပတ်သက်တဲ့ အဖိုးတန် သင်ခန်းစာတစ်ခု သင်ပေးဖို့ ရည်ရွယ်ချက်တစ်ခုပဲ"

"ပျော်ရွှင်မှုရဲ့ အကြီးမားဆုံး ဖျက်ဆီးသူဆိုတာ ဘာလဲလို့ မင်းက ငါ့ကို ပြောပြခိုင်းတဲ့အခါ ... အခုလို မင်းကို ဝမ်းနည်းစေမယ့် အစီ အစဉ်တစ်ခု ပေါ်လာတော့ တာပေါ့"

" မင်းကို သေသေချာချာ ထိထိရောက်ရောက် အဖြေပေးချင်လို့ ပါ.."

ပျော်ရွှင်မှုရဲ့ အကြီးမားဆုံး အဖျက်သမားက မင်းရဲ့ မျှော်လင့်ချက်တွေပဲ.."

" မင်းငါ့ဆီကနေ ဒင်္ဂါးခြောက်ပြားရဘို့ကို မျှော်မှန်းထားတယ်၊ အဲ ဒါကို မင်းမရနိူင်တော့ဘူးလို့ မင်းသိသွားတဲ့ အခါ မင်း ဝမ်းနည်း လာတယ်.."

တခြားသူတွေအတွက် တစ်ခုခုလုပ်ပေးတဲ့အခါ သူတို့ဆီကနေ တစ်ခုခုကို ပြန်ရဘို့ မျှော်လင့်ကြတယ်.."

" ငါတို့က သူတို့ကို ချစ်တဲ့အတွက် သူတို့က ငါတို့ကို ပြန်ချစ်လိမ့် မယ်.. ငါတို့က သူတို့အပေါ် ကောင်းကြလို့ သူတို့ကလည်း ငါတို့ အပေါ်မှာပြန် ကောင်းကြလိမ့်မယ်.. ဒီလိုမျိုးတွေပြန်လာဘို့ မျှော် လင့်ကြတယ်.."

" တစ်စုံတစ်ယောက်ဆီက ပြန်မျှော်လင့်တာဟာ လက်တွေ့မကျပါ ဘူး.. ဖြစ်ချင်မှ ဖြစ်မှာလေ "

" ဖြစ်မလာတဲ့အခါမှာ မင်းကို စိတ်ပျက်မှု၊ စိတ်ဓာတ်ကျမှု နဲ့ မင်း ရဲ့စိတ်ကို ဖိအားတွေဖြစ်စေတယ်..'

" တကယ်လို့ ကိုယ့်ဘက်က လူတွေအပေါ်မှာ မျှော်လင့်ချက်တွေ ကို လျှော့ပြီး…. နားလည်မှုတွေနဲ့ နေနိူင်မယ်ဆိုရင်တော့... ဘဝမှာ ပျော်ပျော်ရွှင်ရွှင် နေနိုင်မှာပါ" တဲ့...။

Credit မူရင်း

credit..

Book Paradise Myanmar 📚📚

29 Sep, 06:31


¶¶သားတစ်ယောက်ကိုသာ မြင်သည်¶¶
====================
ရွာဦးဘုန်းကြီးကျောင်း ရေတွင်းတွင် မိန်းမကြီးသုံးယောက် ရေခပ်နေကြ၏။ မနီးမဝေးရှိ ကျောက်တုံးကြီး တစ်ခုပေါ်တွင် အဘိုးအိုတစ်ယောက်သည် ထိုင်ကာ အပန်းဖြေနေ၏။

မိန်းမကြီးတစ်ယောက်က ကျုပ်သားသည် အလွန် အပြေးသန်လှပါသည်။ သူ့ကို နိုင်အောင်ဘယ်သူမှ မပြေးနိုင်ပါဟု ပြောလေသည်။

ဒုတိယမိန်းမကြီးကလည်း ကျုပ်သားကတော့ အသံ အင်မတန်ကောင်းသည်။ သူ့သီချင်းဆိုသံကို တော်တို့ ကြားစေချင် စမ်းပါဘိဟု အားကျမခံ ကြွားလိုက်လေသည်။

တတိယမိန်းမကြီးကား ဘာမျှမပြော။

မိန်းမကြီး သုံးယောက်တို့သည် ရေခပ်ကြပြီးသောအခါ ရေအိုးများကို ရွက်၍ လက်တွင် ရေပုံးများ ဆွဲကာ ရွာသို့ ပြန်လာကြလေသည်။ အဘိုးအိုလည်း မလှမ်းမကမ်းမှ လိုက်ပါလာလေသည်။ အတန်ငယ်သွားမိကြသောအခါ လက်များကလည်း နာကျင်၊ ရွက်လာရသော ရေအိုးများကလည်း လေးလှသဖြင့် မိန်းမကြီး သုံးယောက်တို့သည် ရေပုံး၊ ရေအိုးများချ၍ ခေတ္တ နားနေကြလေသည်။

ထိုအခိုက် ရွာဘက်မှ ကလေးသုံးယောက်သည် သူတို့ရှိရာသို့ လာကြလေသည်။ အနားသို့ ရောက်သောအခါ တစ်ယောက်သောကလေးက သံခွေလှိမ့်ရင်း ပြေးကစားနေလေသည်။ ဒုတိယကလေးက ဥသြသံကဲ့သို့ သာယာသည့်အသံနှင့် သီချင်းဆိုကာ တဖြည်းဖြည်း လျှောက်လာလေသည်။ ကျန်ကလေးကမူ မိန်းမကြီးများရှိရာသို့ ပြေးလာ၍ သူ့မိခင်ဖြစ်သူ တတိယမိန်းမကြီးထံမှ ရေအိုးနှင့် ရေပုံးကို ကောက်ယူ ထမ်းပိုးကာ ရွာဘက်သို့ သယ်ယူသွားလေသည်။

ပထမမိန်းမကြီးနှင့် ဒုတိယမိန်းမကြီးတို့က အဘိုးအိုဘက်သို့ လှည့်ကာ ကျုပ်တို့သားများ မြင်လိုက်ပါစဟု မေးရာတွင် အဘိုးအိုက ရှင်မတို့သားဆိုသူများကား အဘယ်မှာနည်း။ ကျွန်ုပ်မူ သားတစ်ယောက်တည်းကိုသာ မြင်ပါသည် ဟု ပြန်ပြောလိုက်လေသည်။

*********
ငယ်ငယ်တုန်းက သင်ခဲ့ရဖူးတဲ့ တတိယတန်း မြန်မာဖတ်စာအုပ်မှ

#သားတစ်ယောက်ကိုသာမြင်သည်
#𝙲rd_t𝚘_𝚘𝚠n𝚎r_ ✍️

Book Paradise Myanmar 📚📚

29 Sep, 03:56


တစ်ခါတုန်းကပေါ့ ရွာတစ်ရွာတွင် အဘွားအိုတစ်ဦး ရှိသည်။ အဘွားအိုသည် သူ၏သား၊ ချွေးမတို့နှင့်အတူ နေထိုင်သည်။ ချွေးမဖြစ်သူသည် အဘွားအိုအား မကြည်ဖြူပေ။ အဘွားအို အစားကြီးသဖြင့် ဆန်အလွန်ကုန်သည်။ ထို့ကြောင့် အဘွားအိုအား အိမ်တွင် ကြာရှည်ဆက်မထားနိုင်တော့”ဟုဆိုကာ ခင်ပွန်းသည်အား အမြဲ ကုန်းချောစကား ဆိုသည်။ ရန်လုပ်သည်။

နောက်ဆုံးတွင် ချွေးမ၏စကား အောင်လေသည်။ မိုက်မဲသောသားသည် ဇနီးသည်၏ စကားအတိုင်း လိုက်နာကာ အဘွားအိုအား တောထဲတွင် ကျားစာအဖြစ် သွားရောက်စွန့်ပစ်ထားရန် ဆုံးဖြတ်လိုက်လေတော့သည်။ နောက်တစ်နေ့သို့ ရောက်သော် သားဖြစ်သူသည် အဘွားအိုအား တောထဲသို့ ခေါ်သွားသည်။ ကြီးမားသော မန်းကျည်းပင်ကြီး တစ်ပင်၏ ခြေရင်းတွင် ကြိုးဖြင့်တုပ်ကာ ထားပစ်ခဲ့လေသည်။

ညအချိန်သို့ရောက်သော် တောထဲရှိ ကျားများသည် လူနံ့ရသဖြင့် သစ်ပင်အနီးသို့ ချဉ်းကပ်လာကြသည်။ ထိုစဉ် သစ်ပင်စောင့် ရုက္ခစိုးနတ်သည် ရုတ်တရက် ပေါ်လာပြီး “အသင် ကျားတို့၊ ခဏနေကြပါဦး၊ ဒီအဘွားအိုဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာ ကျွန်ုပ်အရင် စမ်းသပ်ပါရစေဦး။ တကယ်လို့ အဘွားအိုဟာ သူတော်ကောင်းတစ်ဦး ဖြစ်ခဲ့ရင် သူ့ကို သင်တို့စားခွင့် မပေးနိုင်ဘူး။ အဘွားအိုဟာ သူတော်ကောင်းတစ်ဦး မဟုတ်ခဲ့ဘူးဆိုရင်တော့ သင်တို့ကို စားခွင့်ပေးမယ်”ဟု ပြောသည်။

ကျားများလည်း ရုက္ခစိုး၏စကားကို နာခံကြသည်။ ရုက္ခစိုးသည် ကြက်တောင်တစ်ချောင်းကိုယူ၍ အဘွားအို၏ နှာခေါင်းကို ကလိလိုက်သည်။ အဘွားအိုသည် နှာခေါင်း ယားလာသဖြင့် နှာချေကာ “ဟတ်ချိုး၊ ဟတ်ချိုး၊ ဘုရား၊ ဘုရား”ဟု နှုတ်မှ ရေရွတ်လိုက်သည်။

ထိုအသံကိုကြားသည်နှင့် ရုက္ခစိုးသည် ကျားများအား ကဲ-သင်တို့ကြားပြီမဟုတ်လား။ ဒီအဘွားအိုဟာ သူတော်ကောင်း တစ်ယောက်ပဲ။ ဒါကြောင့် သင်တို့အား သူ့ကိုစားခွင့် မပြုနိုင်ဘူး။ သင်တို့ပြန်ကြတော့”ဟု ပြောလိုက်သည်။ ကျားများလည်း အဝေးသို့ ပြန်လည်ထွက်ခွါသွားကြသည်။
အဘွားအိုသည် ရုက္ခစိုးနှင့် ကျားများ အပြန်အလှန် ပြောဆိုကြသည်များကို ကြားလည်းမကြားရ၊ မြင်လည်း မမြင်ရပေ။ ကျားများရောက်လာ၍ ပြန်ထွက်သွားသည်ကို မြင်ရသည်။

အတန်ကြာသော် အဘွားအို အိပ်ပျော်သွားသည်။ အိပ်ရာမှ နိုးလာသောအခါ နံနက် အရုဏ်တက်နေပြီဖြစ်ကြောင်း တွေ့ရသည်။ သူ့ကိုယ်ပေါ်တွင် ချည်ထားသော ကြိုးများမှာလည်း ပြေနေပြီ။ သူ့ခြေရင်းတွင်လည်း ရွှေအိုးတစ်လုံး ချထားသည်ကို တွေ့ရသည်။ အဘွားအိုသည် ရွှေအိုးကို မ,ကာ ရွာသို့ ဝမ်းသာအားရ ပြန်လာခဲ့လေသည်။ သို့သော် အဘွားအိုသည် ရက်စက်သော သားနှင့်ချွေးမတို့ထံသို့ မပြန်တော့ပေ။ ပါလာသော ရွှေများကို ထုခွဲ၍ အိမ်ကြီးအိမ်ကောင်းတစ်လုံး ဝယ်ကာ စည်းစိမ်အပြည့်ဖြင့် နေထိုင်လေသည်။

ချွေးမသည် အဘွားအို အသက်မသေဘဲ ပြန်ရောက်လာရုံမက ကြွယ်ဝချမ်းသာနေကြောင်းကို ကြားသိရသောအခါ အလွန်ပင် မနာလို ဖြစ်မိသည်။ ထို့ကြောင့် သူ၏ခင်ပွန်းအား အဘွားအို ရွှေအိုးရလာသည့် အကြောင်းရင်းကို သွားရောက်မေးမြန်းရန် စေလွှတ်လိုက်သည်။ ခင်ပွန်းသည်သည် အဘွားအိုထံ သွားရောက်ကာ ရွှေအိုးရခဲ့သည့် အကြောင်းစုံကို မေးမြန်းသည်။ အဘွားအိုသည် သူ့သားက သူ့အား သေကြောင်းကြံခဲ့သည် မှန်သော်လည်း သားအပေါ်ချစ်ခင်သည့် မိခင်မေတ္တာကြောင့် သားအား ရွှေအိုးရခဲ့ပုံကို ပြန်ပြောခဲ့သည်။

ထိုနေ့ နေ့လည်ပိုင်းသို့ရောက်သော် ချွေးမသည် သူ့အား တောတွင်းသို့ ခေါ်သွားကာ မန်ကျည်းပင်တွင် ကြိုးချည်ထားခဲ့ရန် ခင်ပွန်းသည်အား ပူဆာသည်။ ခင်ပွန်းသည်လည်း သူ့စကားအတိုင်း လိုက်နာခဲ့သည်။ ချွေးမဖြစ်သူလည်း စိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းနေသည်။ ညအချိန်ရောက်သော် ကျားများ ရောက်ရှိလာသည်။ သို့သော် ချွေးမဖြစ်သူသည် ကျားများကို လုံးဝ မကြောက်သည့်အပြင် မကြာမီ ရွှေအိုးရတော့မည်ဟု တွေးကာ ဝမ်းမြောက်ဝမ်းသာပင် ဖြစ်နေမိသည်။

ထိုစဉ် ရုက္ခစိုးနတ် ရောက်လာသည်။ သူက ကျားများအား “အသင်ကျားတို့ ခဏနေကြပါဦး၊ ဒီအမျိုးသမီးဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာကို ကျွန်ုပ် စမ်းသပ်ပါရစေဦး”ဟု ပြောသည်။ ထို့နောက် ချွေးမဖြစ်သူ၏ နှာဝကို ကြက်တောင်ဖြင့် ကျပ်လိုက်သည်။ ထိုအခါ ချွေးမသည် လောဘကြီးသူ ဖြစ်သည့်အတွက် “ဟတ်ချိုး ဟတ်ချိုး ဘယ်မလဲ ငါ့ရွှေအိုး, ဘယ်မလဲ ငါ့ရွှေအိုး”ဟု ချေလိုက်သည်။

ရုက္ခစိုးသည် စိတ်ဆိုးသွားသည်။ သူက ကျားများအား “ဒီအမျိုးသမီးဟာ သူတော်ကောင်း မဟုတ်ဘူး။ အလွန်လောဘကြီးတဲ့ သူယုတ်မာဖြစ်တယ်။ ဒါကြောင့် သူ့ကို သင်တို့ စားကြပေတော့”ဟု ပြောကာ ပျောက်ကွယ်သွားလေတော့သည်။
ချွေးမဖြစ်သူကား လူကြီးသူမကို စော်ကားမှု၊ လောဘကြီးမှုတို့ကြောင့် ရွှေအိုးမရဘဲ အသက်ဆုံးရလေတော့သည်။

#crd_to_owner_with_respect

Book Paradise Myanmar 📚📚

28 Aug, 05:46


လောကမှာလေ အမေ့ကို
တစ်ခုခုလုပ်ပေးရတာလောက် ပျော်စရာကောင်းတာမရှိဘူး

လိုချင်တာ၊ လိုအပ်တာလေးတွေမှတ်ထား
အလုပ်ကလေးအဆင်ပြေရင် တစ်ခုချင်းဝယ်ပေးတာမျိုး
အပြင်ကပြန်လာတဲ့အခါ ကြိုက်တတ်တာလေးဝယ်လာတာမျိုး

အပေးကမ်းချင်ဆုံး အလှူခံပုဂ္ဂိုလ်ဟာမိဘပဲ
မိဘကိုရည်ရွယ်ပြီး လုပ်တဲ့အလုပ်တိုင်းဟာ အခက်အခဲနည်းပြီး အတားအဆီးသိပ်မရှိဘဲ အောင်မြင်တတ်တာ ကျွန်တော်ကတော့ယုံတယ်

တန်ဖိုးနည်းနည်းများများ သားသမီးကပေးတာဆို
တစ်ခါလေးတောင် ညည်းညူခြင်းမရှိဘဲ သဘောတကျနဲ့ တစ်ခုပေးရင် ဆယ်ခုမက ပြန်လုပ်ပေးချင်တာ မိဘကလွဲရှိမယ်မထင်ဘူး

ဗုဒ္ဓဟောကြားခဲ့သလိုပါပဲ မိဘဆိုတာ သက်ရှိထင်ရှား ဘုရားမဟုတ်လား။

#Credit

Book Paradise Myanmar 📚📚

19 Jul, 15:26


ရန်သူအားလုံးသည် ရန်သူများမဟုတ်ပါ။
( ဇင်ဘာဘွေနိုင်ငံ - ဆိုရိုးစကား )

ဘာဘွန်မျောက်အုပ်တစ်အုပ်ဟာ ပျော်ပွဲ ရွှင်ပွဲတွေလုပ်ကြသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့ ပြောင်းခင်းထဲသွားလျင် လိုက်လိုက်ဖမ်းသော သူသည် သေသွားပြီးဟု ကြားသိရသော ကြောင့်ဖြစ်သည်။

နောက်တစ်နှစ်သို့ရောက်သောအခါ သူတို့စားနေကြ ပြောင်းခင်းထဲမှာ ပြောင်းပင် မရှိတော့ပါ။ ထိုသူသည် ပြောင်းခင်းကိုစိုက်သော လယ်သမားကြီးဖြစ်ပါသည်။

Saya U Khin Zaw ( ဘာသာပြန် )

Book Paradise Myanmar 📚📚

13 Jul, 10:53


ကျွန်တော် အလုပ်ကပြန်လာတဲ့တစ်နေ့
လမ်းက ဓာတ်တိုင်မှာ စာရွက်အဟောင်းလေး တစ်ရွက်ကပ်ထားတာကိုတွေ့လို့
ဖတ်မိလိုက်တယ်။

မသေမသပ် လက်ရေးလေးနဲ့ ခုလိုရေးထားတယ်။

"ကျွန်မ လမ်းသွားရင်း ငွေ ၅၀၀၀
ကျပျောက်သွားလို့ပါ။
တစ်ယောက်ယောက်များတွေ့ခဲ့ရင်
ဒီလိပ်စာအတိုင်း ကျေးဇူးပြု၍
လာပေးစေလိုပါတယ်။

ကျွန်မက မျက်စိလည်းကောင်းကောင်း
မမြင်တဲ့အတွက် ပိုက်ဆံကိုပြန်ရှာဖို့လည်း အဆင်မပြေလို့ပါ။

ကျွန်မကို ကူညီပြီး ပြန်ရှာပေးပါနော်" ဆိုပြီး အောက်နားမှာတော့ လိပ်စာတစ်ခု
ရေးထားတယ်။

ကျွန်တော်လည်း စိတ်ဝင်စားတာနဲ့
စာထဲကလိပ်စာအတိုင်း သွားကြည့်မိတယ်။
အဲဒီလိပ်စာမှာ အဖွားအိုတစ်ယောက်
နေပါတယ်။အဖွားက မျက်စိမမြင်ရပါဘူး။အနားကိုကျွန်တော်ရောက်သွားမှ
အဖွားက "ဘယ်သူလဲ" လို့ မေးတယ်။

"ကျွန်တော် အဖွားကျပျောက်သွားတဲ့
ငွေ ၅၀၀၀ ကောက်ရထားလို့
လာပြန်ပေးတာပါ" လို့ ပြောလိုက်တယ်။

ကျွန်တော့်စကားကိုကြားတာနဲ့
အဖွားက မျက်ရည်ကျပါတယ်။

"မင်းနဲ့ဆိုရင် အဖွားကို ငွေ ၅၀၀၀
လာပေးတာ အယောက် ၄၀ကျော်သွားပြီ။ဓာတ်တိုင်မှာ စာကပ်ထားတာတွေ့လို့တဲ့..

အဖွားဘာစာမှ ရေးပြီးမကပ်ခဲ့ပါဘူး
စာလည်း မရေးတတ်ပါဘူး။
အဲ့လိုရေးပေးမယ့် သားသမီးတွေလည်း
အနားမှာ မရှိပါဘူးကွယ်" တဲ့..

အဖွားကို သနားမိတာနဲ့ အဖွားလက်ထဲကို ငွေ ၅၀၀၀ ထည့်ပေးလိုက်ပါတယ်။

အဖွားက ပါးစပ်က တတွတ်တွတ်နဲ့
ဆုတွေအများကြီး ပေးတယ်။

ပြီးတော့ အဖွားက ကျွန်တော်မပြန်ခင်
ခုလို မှာလိုက်ပါသေးတယ်။

"သားပြန်သွားရင် အဲဒီဓာတ်တိုင်ပေါ်က
စာရွက်ကို စုတ်ဖြဲလိုက်ပါသားရယ်။
အဖွားမရေးတဲ့စာကြောင့် လူတွေကို
ဒုက္ခမရောက်စေချင်ဘူး"

ကျွန်တော် အဖွားဆီက ပြန်လာတော့
တစ်လမ်းလုံး စဉ်းစားလာမိတယ်။
ဒီစာကို ဘယ်သူကရေးပြီး ကပ်ခဲ့တာလဲ..
အရင်လူတွေကိုလည်း အဖွား ဒီလိုပဲ
ပြောခဲ့မှာ သေချာတယ်။
ဒါပေမယ့် ဘာလို့စာရွက်ကို မဖြဲခဲ့ကြတာလဲ။အဖွားကိုဒါနပြုဖို့ စဉ်းစားပြီးလုပ်သွားတဲ့သူရဲ့လုပ်ရပ်ကိုလည်း ကျေးဇူးတင်နေမိတယ်။

တဆက်တည်းမှာပဲ တခြားသူတွေကို
ကူညီဖို့ဆိုတာ နည်းလမ်းတွေအများကြီး
ရှိပါလား ဆိုတာကိုလည်း အသိတစ်ခု
ရလိုက်တယ်.စဉ်းစားတတ်ဖို့ပဲ လိုတာပါ

ဒီလိုနဲ့ ကိုယ်အတွေးနဲ့ကိုယ်
လမ်းလျှောက်နေလိုက်တာ လူတစ်ယောက်ရဲ့ခေါ်သံကြားမှ အတွေးစပြတ်သွားတယ်။

သူက ကျွန်တော့်ကို အခုလိုမေးတယ်။

"နောင်ကြီး ဒီလိပ်စာကိုသိလားဗျ။
ဒီလိပ်စာရှင်ရဲ့ငွေ ၅၀၀၀ ကိုကျွန်တော်
ကောက်ရထားလို့သွားပြန်ပေးချင်လို့ပါ"


(ဗန်းမော်သိန်းဖေ)မှကူးယူမျှဝေပါသည်

Book Paradise Myanmar 📚📚

12 Jul, 04:49


ဆရာကြီးက စားပွဲပေါ်မှ ကြိမ်လုံးရှည်ကြီးကို ကောက်ယူပြီး မတ်တတ်ထလိုက်သည်။ အရိုက်ခံ ရတော့မည်ဟု ဌေးဦး နားလည်လိုက်သည်။ ဆရာကြီးက အရပ်ရှည်သည်။ အရွယ်ကလည်း အရွယ်ကောင်း၊ ခွန်အားလည်းကောင်းပုံရသည်။ ယခင်ဆရာကြီး ထက်ပင် ပိုပြီး ရိုက်ချက် လက်သံ ပြောင်လိမ့်မည်ဟု ဌေးဦး မျှော်လင့်ထားလိုက် သည်။

“ဆရာပေးတဲ့ ပြစ်ဒဏ်ခံမလား...”

ဆရာကြီး၏ အမေးကို ဌေးဦး မဖြေဘဲ နေလိုက် သည်။ ဖြေရန်မလိုဟု ထင်သောကြောင့် ဖြစ်သည်။

“ပြောလေ... ဆရာပေးတဲ့ ပြစ်ဒဏ်ခံမလား...”

ဆရာကြီး စိတ်မရှည်ဖြစ်သွားဟန် တူပါ သည်။ မေးသည့်လေသံက မာသည်။

“ခံပါ့မယ်...”
ဌေးဦးမဖြေချင်သော်လည်း ဖြေလိုက်ပါသည်။

“အဲဒီနေရာက ထွက်လိုက်။ ဒီဘက်ကိုလာ...”
ဆရာကြီးက သူ့လက်မှ ကြိမ်လုံးရှည်နှင့် စားပွဲဘေးနေရာလွတ်သို့ ညွှန်ပြသည်။ ဌေးဦး နားလည်လိုက်ပါပြီ။ စားပွဲဘေးမှ ကွက်လပ်ကျယ်မှာ အားပါးတရ ရိုက်တော့မည်ဟူ၍-

ဆရာကြီး ညွှန်ပြရာ စားပွဲဘေးသို့ ဌေးဦးသွားပါ သည်။ ဆရာကြီးအသစ်၏ လက်ရာကို မမှန်းဆနိုင်သေး၍ ရင်ထဲမှာ တုန်လှုပ်လျက်-

ဌေးဦးက ရပ်မိသည်နှင့် အရိုက်ခံရန် အသင့် အနေအထားဖြင့် အံကိုတင်းတင်း ကျိတ်လိုက်သည်။ လက်ကိုတင်းတင်း ပိုက်လိုက်သည်။ တစ်ကိုယ်လုံးမှ အကြောအခြင်များကိုလည်း တင်းထားလိုက်သည်။ သူ့အတွေ့အကြုံအရ ဤသို့ တင်းတောင့်ထားလျှင် အသားပေါ်သို့ ကျလာသော တုတ်ချက်ကိုခံနိုင်သည်။
ဆရာကြီးက တုတ်ကိုကိုင်လျက် ဌေးဦးဘေးသို့ လျှောက်လာသည်။

“မောင်ဌေးဦးကို ဆရာ ဘယ်လိုအပြစ်ပေး မလဲဆိုရင်... ဟိုမှာကြည့်-

ဆရာကြီးက သူ့လက်ထဲမှာ ကြိမ်လုံးဖြင့် ပြတင်းပေါက်အပြင်သို့ ညွှန်ပြသည်။

“ဟိုစက္ကူစုတ်အဖြူလေး နေရာမှာ ဘန်ဒါပင် (ဘာဒန်ပင်) တစ်ပင်စိုက်ပေးပါ။ မနက်နေပူရင် ဆရာကြီးအခန်းက ပူနေတယ်။ အဲဒီအပင်ကို မင်းရှင်အောင် စိုက်၊ ရှင်အောင် ရေလောင်း...”

အဲဒါမင်းကို ဆရာကြီးပေးတဲ့ အပြစ်ဒဏ်ပဲ...။
ဆရာကြီး ရုံးခန်းအရိပ်ရအောင် သစ်ပင်လေး စိုက် ပေး...”

ဌေးဦး ဘယ်လိုမျှ မျှော်လင့်မထားသော အပြစ်ပေးခြင်းဖြစ်၏။

“ဘယ်လိုလဲ... စိုက်ပေးနိုင်မလား...”
ဆရာကြီးက မေးသည်။

“စိုက်ပေးနိုင်ပါတယ်... ဆရာကြီး...”
ဌေးဦး ဝမ်းသာအားရ ဖြေသည်။

ဘာဒန်ပင်မှာ ငါးပေခန့်ရှိ၍ ဌေးဦး အရပ် ထက်ပင်မြင့်သည်။ ဆရာကြီး ရုံးခန်း အရိပ်မြန်မြန် ရစေချင်၍ တတ်နိုင်သမျှ ကြီးသောအပင်ကို လိုက်ရှာခြင်းဖြစ်သည်။ အဖေကြီး၏ ခြံထဲမှ ရခြင်းဖြစ် သည်။ ဆရာကြီးအပြစ်ပေးပုံကို ပြောပြ၍ အဖေကြီး သဘောကျပြီး သူကိုယ်တိုင် အမြစ်များပါအောင် ဂရုတစိုက် တူးပေးသည်။ မြေးအဘိုးနှစ်ယောက် ညနေပိုင်းနေအေးချိန်တွင် ဆရာကြီးပြသောနေရာလေးမှာ ဘာဒန်ပင်လေးကို ကျင်းတူးစိုက်ပျိုးနေ ကြသည်။

မြေဆွေးထည့်သည်။ ရေလောင်းသည်။ နောက်တစ်နေ့မနက် ဆရာကြီး ကျောင်းလာသောအခါ သူပြသောနေရာမှာ စိမ်းစို ရှင်သန်နေသော ဘာဒန်ပင်လေးကို တွေ့ရသည်။
ဘာဒန်ပင်လေးက ဆရာကြီး မျှော်မှန်း ထားသည်ထက် ပို၍အရွယ်ကြီးနေသည်။ ဘေးမှာ ဝါးခြမ်းကလေးများ ပတ်လည်ရံ၍ ခြံခတ်ထားသည်။ ဝတ်ကျေ တမ်းကျေမဟုတ်၊ အသေအချာလုပ်ထား၍ ဆရာကြီး အံ့ဩနေသည်။

ဆရာကြီးက ကျောင်းသားတစ်ယောက်ကို ပဉ္စမတန်းမှ ဌေးဦးကို ခေါ် လာရန် ပြောသည်။ မကြာမီပင် ဆရာကြီး ၏ ရုံးခန်းသို့ ဌေးဦး ရောက်လာသည်။

“မောင်ဌေးဦး ဒီအပင်ကို မင်းခု မနက် စိုက်လိုက်တာလား”

“မဟုတ်ပါဘူး ဆရာကြီး မနေ့ညနေက စိုက်တာပါ...”

“ဆရာက ဒီလောက်အပင်ကြီးကြီး ရဖို့ မမျှော်လင့်ပါဘူးကွာ မင်း အပင်က ဆရာထင်တာထက် ပိုကြီးနေတယ်”

“ဆရာကြီးရုံးခန်း အရိပ်မြန်မြန် ရစေချင်လို့ပါ..”

ဌေးဦး ပြောပုံက ရိုးရိုးလေးဖြစ်၏။ သို့သော် သူ့စိတ်ထားကို ဖော်ပြနေသည်။

ဆရာကြီးက ဘာဒန်ပင်လေးဆီသို့ လှမ်းကြည့်ရင်းမှ-
“ငါ့တပည့်လုပ်ထားတာက ပေးတဲ့ အပြစ်ဒဏ်ကို တာဝန်ကျေဆိုတာမျိုး မဟုတ်ဘူးကွာ၊ စေတနာပါတယ်။ မင်းဟာ လူဆိုးမဟုတ်ရုံမကဘူးကွ၊ လူကောင်း၊ လူလိမ္မာ ကျောင်းသားကောင်းတစ်ယောက် ဖြစ်သွားပြီ”ဟု ပြောလိုက်သည်။

ဆရာကြီး၏ ချီးကျူးစကားသည် ဌေးဦးရင်မှာ ထူးခြားစွာ ခံစားရသည်။ ယခင်က ဤသို့ ချီးကျူးသည်ကို တစ်ခါမျှ မခံခဲ့ရ။ အဆူအပြော အမာန် အငေါက် အရိုက်အနှက် အမျိုးမျိုးသာ ခံနေရသည်။

ဆရာကြီးက တပည့်ဖြစ်သူ ဌေးဦး အနီးသို့ လျှောက်လာသည်။

“ငါ့တပည့်အတွက် ဆရာဝမ်းသာ ဂုဏ်ယူပါတယ်။ ငါ့တပည့်က ဆရာထင်တာထက်ပိုပြီး လိမ္မာလွယ်တဲ့ကလေးပဲ။ ဆရာကြီးတစ်ယောက်ထဲ မဟုတ်ဘူး၊ ကျန်တဲ့ ဆရာ၊ ဆရာမတွေပါ ငါ့တပည့်ကို ချစ်ခင်လာကြအောင် လိမ္မာတဲ့ ကျောင်းသားဖြစ်လိုက်စမ်းပါ...”

ဆရာကြီးက တိုက်တွန်းစကား ပြောရင်း ဌေးဦး၏ ခေါင်းကို သူ၏ လက်ဖြင့် ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ ဆရာကြီး၏ မေတ္တာစကားနှင့် ကြင်နာသောအပြုအမူကြောင့် ဌေးဦးရင်မှာ ကြည်နူးစွာ ခံစားရခြင်းနှင့်အတူ မျက်လုံး အိမ်မှ မျက်ရည်များပါးပေါ်သို့ စီးကျ လာ၏။ ပြင်းထန်စွာ အရိုက်ခံရစဉ်က တစ်စက်မျှမကျခဲ့သောမျက်ရည်။ ကြင်နာသည်ကို ကြည်နူးမှ ကျရသည်။

ဌေးဦး ရင်ထဲမှာ ဆုံးဖြတ်လိုက် သည်။

“ဆရာကြီးဖြစ်စေချင်သလို ဆရာ၊ ဆရာမ အားလုံး ချစ်ခင်အောင် လိမ္မာတဲ့ ကျောင်းသားတစ်ယောက်ဖြစ်စေရမည်” ဟူ၍-

( ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀)၊ အမှတ် (၁၂)
____***_____

#လယ်တွင်းသားစောချစ်
#Credit ✍🏼✍🏼✍🏼✍🏼✍🏼

Book Paradise Myanmar 📚📚

12 Jul, 04:49


"#ပြစ်ဒဏ်"
--------------------လယ်တွင်းသားစောချစ်

မနေ့က တောင်ငူမြို့ အ.လ.က (၂) သို့ ကျောင်းအုပ် ဆရာကြီး ဦးစံလှိုင်ရောက်လာသည်။ ညနေပိုင်းမှာ ကျောင်းသားများ ဘောလုံးကန်သည်ကို ဆရာကြီး ကွင်းဘေးမှာရပ်ပြီး ခဏကြည့်သည်။ ဆရာကြီး နှင့်အတူ ဆရာဦးလှထွန်း၊ ဆရာမဒေါ်မြင့်ဌေး၊ ဒေါ်ခင်စိုးတို့ရှိသည်။

ဆရာကြီးတို့ရှိရာသို့ ဌေးဦး လှမ်းကြည့်လိုက် သည်။ ဆရာကြီး သူ့ကို သိစေချင်သည်။ ထူးထူး ခြားခြား မှတ်မိစေချင်သည်။

“ဘာလုပ်ရမလဲ”

ဌေးဦးစဉ်းစားသည်။ ထိုအချိန်တွင် သူထံသို့ ဘောလုံးရောက်လာသည်။ ဌေးဦး စိတ်ကူးရသွား သည်။
ဘောလုံးကို တစ်ဖက်အသင်းဘက်သို့ မကန် ဘဲ ကိုယ့်ဘက်မှ ဂိုးဆီသို့ ဆွဲယူလာသည်။

“ဟေ့ကောင်... ဌေးဦး ဘာလုပ်တာလဲကွ... ဟေ့ကောင် မလုပ်နဲ့...”

သူ့ဘက်မှ လူများအော်ဟစ်ပြောဆို နေစဉ် မှာပင် ဌေးဦးက ကိုယ့်ဂိုးကိုယ် ကန်သွင်းလိုက်သည်။
ဂိုးသမားကလည်း အံ့အားသင့်ပြီး ကြည့်နေသည်။

“ဟာ... ဒီကောင်ကွာ...”
ဘောလုံးက ဂိုးတိုင်မှန်ပြီး ဘေးထွက်သွားသည်။

“ဟေ့ကောင်... မင်းဘာလုပ်တာလဲ... ထွက် ကွာ မပါနဲ့... သွား...”
သူ့ဘက်မှလူများ ဝိုင်းဆူကြ၊ ပြောကြ၍ ဌေးဦး ထွက်လာခဲ့ရသည်။

ဆရာကြီးနှင့် ဆရာမများရှိရာဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်သည်။ ဆရာကြီးကို ဆရာ ဦးလှထွန်းက ပြောပြနေသည်။ ဝေးလွန်း၍ ဘာပြောမှန်းမသိ။
ယနေ့တော့ ဌေးဦး ဆရာကြီးနှင့် ထိပ်တိုက် ရင်ဆိုင်တွေ့ရတော့မည်။ တတိယတန်းမှ ခင်ပြည့်ကို ဌေးဦးဆောင့်တွန်း၍ ဖင်ထိုင်လဲကျသွားသည်။ ဌေးဦးက ပဉ္စမတန်းမှဖြစ်သည်။ တကယ်ဆို တတိယ တန်းဆရာမကို တိုင်သင့်သည်။ သို့သော် ဒုတိယ တန်း ဆရာမ ဒေါ်ခင်စိုးက ခင်ပြည့်ကိုခေါ်၍ ကျောင်းအုပ်ကြီး ရုံးခန်းသို့သွားပြီး ဆရာကြီးကို တိုင်သည်။

ဌေးဦး နောက်မှလိုက်ခဲ့သည်။ ဆရာကြီး ရုံးခန်းနားရောက်သော် ဒေါ်ခင်စိုးအသံကို အပြင်မှ ကြားရသည်။

“ဒီကောင်လေးက သိပ်ဆိုးတာ ဆရာကြီး ဒီကျောင်းမှာ သူက လူဆိုးလုပ်နေတာ။ ဘယ်သူ့မှ မကြောက်ဘူး။ ကျွန်မတို့ဆရာ၊ ဆရာမအားလုံး သူ့ကို မရိုက်ဖူးတဲ့လူမရှိဘူး။ ဘယ်လိုရိုက်ရိုက် ဘယ်တော့မှ မကြောက်ဘူး။ ပြောင်းသွားတဲ့ ဆရာကြီးဆို ရက်ရက်စက်စက်ရိုက်တာ၊ မျက်ရည် တစ်စက်မှမကျဘူး။ အခုလည်း ဆရာကြီးအသစ်ဆိုပြီး စမ်းတာ သာမန်လောက်ရိုက်ရင်တော့ သူက ကြောက်မှာ မဟုတ်ဘူး။ ဆရာကြီး အစကတည်းက သူ့ကို ဦးကျိုးအောင် ချိုးထားမှရမှာ...”

ဆရာမ ဒေါ်ခင်စိုးက တွန်းတွန်းထိုးထိုး ဦးချိုး ခိုင်းနေသည်ကို ကြားရ၏။ ဌေးဦးပြုံးလိုက်သည်။ မဲ့ပြုံး။
“သူ့ကို ဆရာကြီး ခေါ်နေတယ်လို့ ရုံးခန်း လွှတ်လိုက်ရမှာလား ဆရာကြီး...”
ဒေါ်ခင်စိုး၏ လွှတ်ချင်စိတ်ကို ဖော်ပြနေသော အမေးဖြစ်၏။

“လွှတ်လိုက်ပါ...”

ဒေါ်ခင်စိုးနှင့် ခင်ပြည့် ဆရာကြီးရုံးခန်းမှ ထွက်လာသည်။ အပြင်မှာ ရပ်နေသော ဌေးဦးကို တွေ့သည်။

“နင့်ကို ဆရာကြီး ခေါ်ခိုင်းလိုက်တယ်။ ရုံးခန်း ထဲမှာ ဆရာကြီးရှိတယ်...”

ဒေါ်ခင်စိုးက ပြောပြီး ထွက်သွားသည်။
ဌေးဦး ဆရာကြီးရုံးခန်းထဲ ဝင်သွားသည်။

“မင်းနာမည် ဌေးဦးလား”

ဆရာကြီးက မေးသည်။
ဌေးဦး ခေါင်းညိတ်ပြသည်။

“ပါးစပ်က ဖြေ”

ဆရာကြီးလေသံက မာသည်။

“ဟုတ်ပါတယ်”

“ဟုတ်ရင် လက်ပိုက်ထား ...”

ဌေးဦး လက်ပိုက်လိုက်သည်။
“မင်း တတိယတန်းက မိန်းကလေးကို တွန်းလား ထိုးလား လုပ်တယ်ဆိုတာ ဟုတ်သလား”

“ဟုတ်ပါတယ်”

ဌေးဦးက မညာ။ မှန်သည့်အတိုင်း ဝန်ခံ သည်။

“မင်း ဘာလို့ အဲဒီလိုလုပ်ရတာလဲ...”

“သူက အဲဒီအတန်းမှာရှိတဲ့ ကျွန်တော့် ညီမလေးကို လုပ်လို့ပါ”

“ဒါဆိုရင် ဆရာမတိုင်ရမှာပေါ့ကွ၊ မင်းဆရာမ တိုင်လား”

“မတိုင်ပါဘူး”

“မင်းပြောသလိုဆိုရင် အဲဒီကလေးမရဲ့အစ်ကိုက သတ္တမတန်းမှာရှိတယ်ဆိုပါစို့ကွာ။ မင်းထက်လည်း အားကြီးတယ်၊ မင်းကို ဖင်ထိုင်ကျအောင် တွန်းထိုးမယ်...။ မင်းကျေနပ်မလား...”

ဌေးဦး ဘာမျှမဖြေ။
“မင်းက ဒီကျောင်းမှာ လူဆိုးလား...”

ဆရာကြီးမေးသည်က ပုံမှန်အသံဖြစ်သည်။ ဌေးဦး ဘာမျှမဖြေ။

“လူဆိုးဆိုတဲ့စကားနဲ့ ကျောင်းသားနဲ့ မလိုက်ဖက်ပါဘူးကွာ...၊ ငါ့တပည့်ကို လူကောင်း လူလိမ္မာ၊ ကျောင်းသားပဲဖြစ်စေချင်တယ်...”

ဆရာကြီးက ဌေးဦးကို လှမ်းကြည့်သည်။ ဌေးဦး ဘာပြန်ပြောရမှန်းမသိ။ သို့သော် “ငါ့တပည့်” ဟု ပြောသည်ကိုတော့ သဘောကျသလို ခံစားရသည်။ အရင်က သူ့ကို ဘယ်သူ့မှ ငါ့တပည့်ဟု မခေါ်ဖူးပါ။

“လူကောင်း လူလိမ္မာ မဖြစ်ချင်ဘူးလား”
ဌေးဦးကို ကြည့်၍ ဆရာကြီး၏အမေး။

“ဖြစ်ချင်ပါတယ်”
ဌေးဦး၏အဖြေ။

“ကျောင်းသားကောင်း တစ်ယောက်ရော မဖြစ်ချင်ဘူးလား”

“ဖြစ်ချင်ပါတယ်....”

ဆရာကြီးက စားပွဲပေါ်မှာ အသင့်ရှိသော ကြိမ်လုံး ရှည်ကြီးကို လှမ်းကြည့်လိုက်သည်။
ဤကလေးသည် အကြိမ်ပေါင်းများစွာ အရိုက် ခံရပြီးပြီ။ အရိုက်ခံရမည်ကို ကြောက်ဟန်မတူ။ ကျောင်းသားဆိုးဖြစ်ရသည်ကို ဂုဏ်ယူနေဟန် တူပါသည်။ မနေ့က ညနေ ဘောလုံးပွဲမှာပင် ဤ ကလေးကို သတိထားမိခဲ့သည်။ တိုင်သော ဆရာမ ကလည်း ယခင်ဆရာကြီးထက်ပိုပြီး လက်သံပြောင်မှ ကျေနပ်မည့်သဘော။

“ငါဘယ်လိုလုပ်ရမလဲ...”

“ကဲ... ကြာပါတယ်ကွာ... မင်းမှာ အပြစ်ရှိ သလား ပြော...”

ဆရာကြီးမေးပုံက အသံပြတ်နှင့် ဖြစ်သည်။
ဆရာကြီးကို ဌေးဦးလှမ်းကြည့်လိုက်သည်။

“ပြောလေ...”

“ဟုတ်ကဲ့... ရှိပါတယ်”

ဌေးဦး ဝန်ခံလိုက်သည်။
“အပြစ်ရှိတယ်ဆိုရင်တော့ အပြစ်ပေးရမှာ ပေါ့ကွာ...”

Book Paradise Myanmar 📚📚

07 Jul, 08:22


ခြေထောက်မရှိတဲ့ ပိုက်ဆံတောင်းသူ
အဘိုးအိုတယောက်အကြောင်း

သားအဖ နှစ်ယောက် လမ်းလျှောက်လာရင်း ခြေထောက်မရှိတဲ့ ပိုက်ဆံတောင်းသူ အဘိုးအိုတယောက်ကို တွေ့တော့ ကလေးငယ်က အထူးအဆန်း ဖြစ်နေတာမို့ ရပ်ကြည့်နေတယ်။ ပြီးတော့ အဘိုးအိုနား လျှောက်သွားပြီး '' တခုလောက် မေးလို့ရမလား အဘိုး''လို့ ပြောတယ်။

'' ရပါတယ်ကွယ်၊ မေးပါ'' ဆိုတော့
'' အဘိုးခြေထောက် ဘာဖြစ်တာလဲ။ ဘာဖြစ်လို့ ပြတ်နေတာလဲ'' လို့ မေးတယ်။
သူ့အဖေက အားတုံ့အားနာ ဖြစ်နေတယ်။ ကောင်လေးနား ကပ်သွားပြီး '' အဲ့လိုမျိုး မမေးရဘူး သားရဲ့'' လို့ ပြောနေတယ်။

'' သားကို ဇာတ်လမ်းလေး တပုဒ် ပြောပြမယ်။ ဒါက လူငယ်လေးတယောက်ရဲ့ ဖြစ်ရပ်မှန်ပဲ။ သေသေချာချာ နားထောင်နော်'' လို့ အဘိုးအိုက ပြောလိုက်တယ်။

'' တခါက လူငယ်လေး တယောက်ရှိတယ်။ သူ့မှာ ဘန်ဂျိုလို့ ခေါ်တဲ့ မြည်းတစ်ကောင် ရှိတယ်။ လူငယ်လေးက သူ့မြည်းကို အရမ်းချစ်တယ်။ တနေ့တော့ သူတို့တွေ မြစ်ထဲကို ရေချိုးဆင်းရင်း မိချောင်းကြီးတကောင်က ဘန်ဂျိုကို ရေထဲဆွဲချသွားတယ်။ လူငယ်လေးက ဘန်ဂျိုကို မကယ်နိုင်ခဲ့ဘူး။

ဘန်ဂျိုကို မိချောင်း ကိုက်နေတာကြည့်ရင်း ဒေါသထွက်သွားတဲ့ လူငယ်လေးက မိချောင်းကို သတ်မယ်ဆိုပြီး မြစ်ထဲကို ခုန်ဆင်းသွားတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ နောက်ထပ်မိချောင်းတကောင် ပေါ်လာပြီး လူငယ်လေးကို ကိုက်ပစ်လိုက်တယ်''

အဘိုးအိုက စကားစ ဖြတ်လိုက်တော့ သိချင်စိတ် ပြင်းပြနေတဲ့ ကလေးငယ်က '' လူငယ်လေး ဘာဖြစ်သွားလဲ အဘိုး။ သေသွားလား'' လို့ မေးတာပေါ့။

'' နှစ်ပေါင်းများစွာကြာတော့ အဲဒီလူငယ်လေးက လူအိုကြီး ဖြစ်လာတယ်။
သူကတော့ အဘိုးပါပဲကွယ်။ ဒါက အဘိုးရဲ့ ကိုယ်တွေ့ဖြစ်ရပ်ပါပဲ''

ကလေးငယ်နဲ့ သူ့အဖေလည်း ကြက်သေသေ သွားတယ်။

'' အဘိုးကြုံခဲ့တဲ့အဖြစ်က ဒေါသနဲ့ လက်စားချေမှုအကြောင်း သင်ခန်းစာယူစရာပဲ။ ဒေါသကို ထိန်းချုပ်ဖို့ လိုတယ်။ ဒါမှမဟုတ်ရင်တော့ ဒေါသက လက်စားချေချင်စိတ်အဖြစ် ပြောင်းလဲသွားမယ်။ လက်စားချေတာဟာ တခြားသူတွေကို ထိခိုက်စေရုံတင်မကဘူး၊ ကိုယ့်ကိုယ်ကိုယ်လည်း ထိခိုက်စေတယ်။ ဒေါသထွက်လာရင် မိုက်မဲတဲ့အရာတွေ လုပ်မိတယ်။

ဒီတော့ တသက်လုံး နောင်တရစရာမျိုး ကြုံရတာပေါ့။

တကယ်လို့ အဘိုးသာ အဲဒီနေ့က ဒေါသကို ထိန်းချုပ်ပြီး အိမ်ပြန်လာခဲ့မယ်ဆိုရင် ဒီနေ့ မင်းတို့တွေ့ရသလို ခြေထောက်မရှိတဲ့ သူတောင်းစားအိုကြီး ဖြစ်နေမှာ မဟုတ်ဘူး။ ကိုယ့်ကိုယ် ထိခိုက်နာကျင်အောင် လုပ်တဲ့သူတွေကိုလည်း ခွင့်လွှတ်ပေးတတ်ဖို့ လိုတယ်။

သူတို့က ခွင့်လွှတ်မှုနဲ့ ထိုက်တန်လို့တော့ မဟုတ်ဘူး။ ကိုယ်က ငြိမ်းချမ်းမှုနဲ့ ထိုက်တန်လို့ပါ'' လို့ အဘိုးအိုက ဆက်ပြောလိုက်ပါတယ်။

Ref: Samuel Horsey, a legless beggar

Book Paradise Myanmar 📚📚

06 Jul, 16:29


တစ်ခါတုန်းက ရွာလေးတစ်ရွာမှာ ထင်းခုတ်ရောင်းတဲ့ ထင်းခုတ်သမားတစ်ဦးရှိပါတယ် ။ထင်းခုတ်သမားဟာ တောထဲကခုတ်လို့ရတဲ့ ထင်းတွေကို ရောင်း ပြီး စားဝတ်နေရေး ဖြေရှင်းသလို သူနေဖို့ အိမ်ကလေးတစ်လုံးကိုလည်း သပ်သပ်ရပ်ရပ်ကလေး ဆောက်လုပ်ခဲ့တယ်။အိမ်ကလေးက မကြီးပါဘူး တကယ့်ကို မိုးလုံလေလုံကလေး ဖြစ်ပါတယ်။ဒီလိုနဲ့ တစ်နေ့မှာတော့ သစ်ခုတ်သမားက တောထဲက ခုတ်လို့ရတဲ့ သစ်ပင်တွေကို ခုတ်ပြီး ထင်းတွေအဖြစ် မြို့ထဲ သွားရောင်းပါတယ် ။အိမ်ပြန်ရောက်တဲ့အခါ သူဆောက်ခဲ့တဲ့ အိမ်ကလေး မီးလောင်နေတာ တွေ့လိုက်ရတယ် ။လူတွေက ဝိုင်းပြီး မီးငြိမ်းပေးခဲ့ပေမယ့် မီးတောက်တွေက အိမ်တစ်လုံးလုံးကို ဝါးမြိုပစ်ခဲ့ပါတယ်။ထင်းခုတ်သမားက အလွန်ဝမ်းနည်းသွားပြီး ငေးပဲကြည့်နေခဲ့ရတယ်။ မီးတွေ အကုန်လောင်သွားပြီးတော့ အိမ်တစ်လုံးလုံး ပြာတွေအဖြစ် ကျန်ခဲ့တော့မှ ထင်းခုတ်သမားက ပြာတောထဲတိုးဝင်ပြီး တစုံတရာကို အသည်းအသန် လိုက်ရှာနေခဲ့တယ်။

လူတွေက သူ စုဆောင်းထားတဲ့ အဖိုးတန်ပစ္စည်းတစ်ခု ပျောက်လို့ ရှာနေတယ်လို့ပဲ တွေးနေမိကြတယ်။အတန်ကြာပြီးတဲ့အခါ ထင်းခုတ်သမားက ဝမ်းသာအားရအော်လိုက်တယ် ။”တွေ့ပြီ တွေ့ပြီ” ဆိုပြီး သူ့ပုဆိန်ကို မြှောက်ကိုင်လို့ ပြာပုံထဲက ပြန်ထွက်လာတယ်၊ ပြီးတော့ သူက လူတွေဖက်ကိုလှည့်ပြီး ပြောလိုက်တယ်။”ဒီပုဆိန်တစ်လက်သာ ရှိမယ်ဆိုရင် ဒီထက် ပိုကောင်းတဲ့ အိမ်ကြီးတစ်လုံး ကျွန်တော် ပြန်ဆောက်နိုင်ပါတယ် “လို့ ဝမ်းသာအားရ ပြောလိုက်ပါတယ်။ကျွန်တော်တို့တွေ..ဆုံးရှုံးမှုတွေ၊ ဒုက္ခတွေကို ဝမ်းနည်းပူဆွေး ငိုးကြွေးနေကြမလား။အရှုံးဆိုတာသင် အရှုံးလို့ လက်မခံသရွေ့ မရှုံးနိမ့်သေးပါဘူး။သင့်ရဲ့ ခံယူမှု ၊လုံ့လ၊ ကြိုးစားလိုစိတ်တွေကသာ သင့်ဘဝကို အကောင်းဆုံးတည်ဆောက်နိုင်မှာပါ။အရှုံးဆိုတာကို လက်မခံပါနဲ့ဦးအားသစ်လောင်းလို့ အသစ်တဖန်ပြန်လည် စတင်ကြိုးစားလိုက်ကြပါစို့…။

Credit –

Book Paradise Myanmar 📚📚

04 Jul, 12:15


၀က်ဝံကြီးပြောသွားတဲ့ စကားတစ်ခွန်း
✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿

ငယ်ငယ်တုန်းက ပုံပြင်လေးတစ်ခု ဖတ်ဖူးပါတယ်။
အင်မတန်မှ မှတ်သားစရာကောင်းတဲ့ပုံပြင်လေးတစ်ခုပါ။

ပုံပြင်ထဲမှာ သူငယ်ချင်းနှစ်ယောက် တောအုပ်ကြီးတစ်ခုကို
ဖြတ်သန်းသွားရတယ်။ တစ်ယောက်က လက်နက်ပါလာတယ်။ နောက်တစ်ယောက်က လက်နက်မပါဘူး။ လက်နက်ပါတဲ့
သူက ဘာပြောသလဲဆိုတော့ “ ဒီနေရာမှာ ဆင်ပဲတွေ့တွေ့၊ ကျားပဲတွေ့တွေ့၊ ဘာကောင်ကြီးပဲတွေ့တွေ့ ငါကာကွယ်
နိုင်တယ်၊ ဘယ်အကောင်မှ မကြောက်ဘူး ” တဲ့။ သူက
ဒီလိုပြောတယ်။ ပြောလို့မှ မဆုံးသေးဘူး၊ လမ်းကွေ့တစ်ကွေ့
အရောက်မှာ ၀က်ဝံကြီးတစ်ကောင်ဘွားကနဲ ပေါ်လာတယ်။

၀က်ဝံကြီးကိုလည်း တွေ့လိုက်ရော လက်နက်ပါလာတဲ့
အဲဒီလူက သစ်ပင်ပေါ် တက်ပြေးပါလေရော။
လက်နက်မပါတဲ့ သူငယ်ချင်းကို ဒီအတိုင်း ပစ်ထားခဲ့ပြီး
ကိုယ်လွတ်ရုန်း ထွက်ပြေးသွားတယ်။

သူငယ်ချင်း လုပ်တဲ့သူက တိမ်းရှောင်ဖို့အချိန်မရလိုက်ဘူး။
အဲဒီတော့ သူ့အသက်ကိုသူကာကွယ်တဲ့ အနေနဲ့
လှဲအိပ်လိုက်ပြီး အသက်အောင့်ထားတယ်။ အသေယောင်
ဆောင်နေလိုက်ရတယ်။ အဲဒီအချိန်မှာ ၀က်ဝံကြီးက
အနားနားလာပြီးတော့ ခေါင်းကိုလျှာနဲ့လျက်တယ်။ ဟိုနမ်း
ဒီနမ်း လုပ်တယ်ပေါ့။ မလှုပ်ရဲဘူး။ အသက်လည်း မရှူရဲဘူး။
ငြိမ်နေရတယ်။ လှုပ်လိုက်ရင်တော့အကိုက်ခံရမှာ သေချာတယ်။

အဲဒီလို ငြိမ်နေတဲ့အခါကျတော့ ၀က်ဝံကြီးက လက်နဲ့ဟိုဘက်ကပုတ်ကြည့်၊ ဒီဘက်ကပုတ်ကြည့်၊
အသေကြီးပဲ မှတ်ထင်ပြီး သူ့လမ်းသူ ဆက်သွားတယ်။

၀က်ဝံကြီး ထွက်သွားပြီဆိုတော့မှ ဟိုသေနတ်နဲ့ကောင်က သစ်ပင်ပေါ်က ဆင်းလာတယ်။ဆင်းလာပြီးတော့ “သူငယ်ချင်း၊
မင်းကို ၀က်ဝံကြီးက တိုးတိုး တိုးတိုးနဲ့ ဘာပြောသွားတာတုန်း”
မေးသတဲ့။

ဟိုလူကပြောတယ်။ “ အေး၊ ၀က်ဝံကြီးက ငါ့နားနား ကပ်ပြောသွားတာ=မိတ်ဆွေသူငယ်ချင်း မပီသတဲ့ အကောင်မျိုးကို
နောက် ဘယ်တော့မှ မပေါင်းနဲ့ ” တဲ့။

.....
....
...
..
.

အရေးကြုံလာပြီဆိုရင် နှစ်ဦးပူးပေါင်းခုခံမယ်လို့
မလုပ်ဘဲနဲ့ “ အဲဒီလို ကိုယ်လွတ်ရုန်းသွားတဲ့ အကောင်မျိုးကို
ဘယ်တော့မှ မပေါင်းနဲ့ ” လို့ ၀က်ဝံကြီးက သူ့ကိုမှာသွားတယ်လို့
ပြောသတဲ့။ “ အာပဒါသု န ဇဟတိ ” ဒုက္ခကြုံလာတဲ့ အခါမှာ စွန့်ပြီးသွားတာမျိုး မဖြစ်စေရဘူးတဲ့။

တရားချစ်ခင် သူတော်စင်တို့ကလည်းတရား
သဘောသိရှိနားလည်ကြပြီး မိမိကိုယ်တိုင်က လည်းအများရဲ့
မိတ်ကောင်းဆွေကောင်း ဖြစ်အောင် ကြိုးစားကြဖို့၊ မိမိတို့
ပေါင်းသင်းတဲ့ ပုဂ္ဂိုလ်တွေကလည်း တကယ့်
မိတ်ကောင်းဆွေကောင်းတွေဖြစ်ဖို့ အာရုံထားပြီး
ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေ ကုန်သတည်း။

အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁ ❁

━━━━━━━━━━━━━━━━━━━━

Credit 🗿🗿(#သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ)
(မိတ်ကောင်းဆွေကောင်း တရားဒေသနာတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။)

Book Paradise Myanmar 📚📚

28 Jun, 14:23


အမေက အိမ်နီးနားချင်းတွေကို ဆားနည်းနည်းတောင်းနေတဲ့ အသံကို ကြားသည်။

ဒါပေမဲ့ အိမ်မှာ ဆားရှိတာ သေခြာသည်။

သူတို့ဆီကနေ ဆားတောင်းတာ ဘာကြောင့်လဲလို့ မေးကြည့်သောအခါ

အမေက ပြန်ပြောတယ် -

'' အမေတို့ရဲ့အိမ်နီးချင်းတွေက ပိုက်ဆံအဆင်မပြေကြဘူးသား...''

'' ဒါကြောင့် မကြာမကြာ အမေ့ဆီမှာ တစ်ခုခုလာတောင်းတတ်တယ်... ''

''ဒီတော့ အမေကလည်း ရံဖန်ရံခါ စျေးသက်သာပြီး သူတို့အတွက် ဘာမှ မဖြစ်လောက်တဲ့ တစ်ခုခုကို သူတို့ဆီကနေ ပြန်တောင်းလိုက်တယ်...''

'' အမေတို့လည်း သူတို့အကူအညီလိုတယ်လို့ သူတို့ထင်အောင်လို့ပေါ့ ''

'' ဒီလိုထင်သွားတဲ့အခါ သူတို့လိုအပ်တာတွေအတွက် အမေတို့ဆီကနေအကူအညီ ဆက်တောင်းဖို့ သူတို့အတွက် ပိုလွယ်သွားတာပေါ့ သားရယ်...'' တဲ့။

အမေဆီကနေ သင်ယူခဲ့တာပါ...

အားနည်းသူနှင့်တွေ့သောအခါ နှိမ့်ချပြီး ဖေးမကူညီမှုလေးတွေ တည်ဆောက်ကြပါစို့။

Saya U Khin Zaw ( ဘာသာပြန် )

Book Paradise Myanmar 📚📚

27 Jun, 13:52


မိဘကိုလုပ်ကျွေးတဲ့သူက
ရှာဖွေရ ပိုလွယ်တယ်။

မိဘကိုဖြည့်ဆည်းပေးတတ်တဲ့သူက
ပိုပြည့်စုံလာတယ်။

မိဘကိုပြန်ကြည့်တတ်တဲ့သူက
ပိုအဆင်ပြေလာတယ်။

မိဘစကားနားထောင်တဲ့သူက
ပိုစိတ်ချမ်းသာရတယ်။

ဒါကြောင့်ရှိနေတုန်းမှာ သိတတ်ပါ အသက်ကြီးမှ ပြန်ကြည့်မယ်လို့မတွေးပါနဲ့
ကိုယ်ပြန်ကြည့်နိုင်တဲ့အချိန်
သူတို့ရှိချင်မှရှိတော့လိမ့်မယ်။

မချမ်းသာလို့ မပြည့်စုံသေးလို့ဆိုတဲ့
ဆင်ခြေတွေအစားကိုယ်တတ်နိုင်သလောက် အဖေအမေကြိုက်တတ်တဲ့ မုန့်ကလေးတထုတ် နွေးထည်လေးတထည် ဖိနပ်လေးတရံနဲ့တင် သူ့တို့ကို စိတ်ချမ်းသာစေတယ် ပြည့်စုံစေတယ်။

စကားတခွန်းရှိတယ်။
မိဘအတွက်ကုန်သွားတဲ့ငွေက
အမြဲဆယ်ဆပြန်လာတယ်
ကိုယ့်ဆီက နဲနဲရပီး များများ
ပြန်ပေးချင်သူကမိဘတွေအပြင်မရှိပါဘူး

လက်ရှိ အောင်မြင်နေတဲ့သူတွေကို
ကြည့်ရင် မိဘကို သိတတ်သူတွေ
ချမ်းသာနေတဲ့သူတွေကိုကြည့်လိုက်ရင်
မိဘကိုဘယ်တုန်းကမှမငြိုငြင်တတ်သူတွေ

မယုံမရှိနဲ့ ... သူတို့ကြောင့်
မိဘအဆင်ပြေတာမဟုတ်ပဲ
မိဘကြောင့် သူတို့အဆင်ပြေနေတာကို သူတို့ယုံကြည်တာ။ ။

မူရင်း-Credit
မေတ္တာဖြင့်...

51,056

subscribers

1,024

photos

16

videos