မကြာခင်မှာပဲ 2024 ကို ရောက်ရှိတော့မှာဖြစ်တဲ့အတွက် နှစ်သစ်မှာ Bad Habits တွေကို အပြီးတိုင် စွန့်လွှတ်ခဲ့ပြီး Good Habits တွေကို မွေးမြူဖို့အတွက် New Year Resolution တွေ ချကြရအောင်။
ပထမဆုံး New Year Resolution ချတဲ့အခါ ထည့်သွင်းစဉ်းစားသင့်တဲ့အချက်တွေကို ဖော်ပြပေးသွားပါမယ်။ 🙆🏻♀️
🦋 𝐂𝐡𝐨𝐨𝐬𝐞 𝐚 𝐬𝐩𝐞𝐜𝐢𝐟𝐢𝐜 𝐠𝐨𝐚𝐥
- ယေဘုယျဆန်တဲ့ Goal မဟုတ်ဘဲ တိကျသေချာတဲ့ ပန်းတိုင်တစ်ခုကို ချမှတ်ထားဖို့ လိုပါတယ်။
ဥပမာ - ကိုယ်က 2024 မှာ ဝိတ်ကျချင်တယ်ဆိုပါစို့။ ဒါဆိုရင် “နောက်နှစ်ပလန်ကတော့ ဝိတ်ချမယ်” လောက်ပဲ စဉ်းစားထားလို့မရဘဲ တစ်လမှာ 5 lb ချရမယ်။ ဒီလိုကျဖို့အတွက် ဘယ်ရက်တွေ၊ဘယ်အချိန်မှာဆို Gym သွားမယ်။ Healthy Diet Plan လည်း ဆွဲမယ်။ Fast Food တွေကို အတတ်နိုင်ဆုံးလျှော့စားမယ်။ အစရှိတဲ့ ပိုမိုအသေးစိတ်တဲ့ plan တွေကို စဉ်းစားသင့်ပါတယ်။
🦋 𝐒𝐭𝐚𝐫𝐭 𝐰𝐢𝐭𝐡 𝐬𝐦𝐚𝐥𝐥 𝐬𝐭𝐞𝐩𝐬
- အစပိုင်းကတည်းက မနိုင်ဝန်ထမ်းလိုက်တာဟာ New Year Resolution ကို ကျရှုံးစေတဲ့ အဓိကအချက်ပါပဲ။
ဥပမာ - ကိုယ်က 2024 မှာ ဂျပန်စာကို N4 ထိ ပြီးချင်တယ်ဆိုပါစို့။ အခြေခံ ရေးနည်း အက္ခရာတွေ ၊ အသုံးအနှုန်းတွေကို အရင် ကျေကျေညက်ညက် မလေ့လာဘဲနဲ့ အလောတကြီး N4 ရောက်ရင်ပြီးရောဆိုတဲ့ စိတ်နဲ့ လေ့လာရင်တော့ ရည်မှန်းချက်ပန်းတိုင်ကို မျှော်လင့်သလောက် ရောက်မှာမဟုတ်ပါဘူး။
ဒါ့ကြောင့် သေးငယ်တဲ့ ခြေလှမ်းလေးတွေကို ပေါင်းစုပြီး ကြီးမားတဲ့ ပြောင်းလဲမှုကြီးကို အကောင်အထည်ဖော်လိုက်ပါ။
🦋 𝐀𝐯𝐨𝐢𝐝 𝐑𝐞𝐩𝐞𝐚𝐭𝐢𝐧𝐠 𝐏𝐚𝐬𝐭 𝐅𝐚𝐢𝐥𝐮𝐫𝐞𝐬
- စာဖတ်နေတဲ့သူတွေထဲမှာ မနှစ်ကတည်းက ဒီ New Year Resolution ကို ချမှတ်ထားခဲ့ပြီး အကောင်အထည်မဖော်ဖြစ်ခဲ့တဲ့သူတွေ ရှိကောင်းရှိမှာပါ။ ဒါပေမဲ့ “ကျရှုံးမှုတိုင်းဟာ အောင်မြင်မှုရဲ့ လမ်းစ”ဆိုတာကို မမေ့ပါနဲ့။ အရင်နှစ်တွေတုန်းက ဘာ့ကြောင့် မလုပ်နိုင်ခဲ့တာလဲဆိုတာကို ပြန်စဉ်းစားကြည့်ပါ။
အစပိုင်းတော့ တက်ကြွနေပြီး နောက်ပိုင်းကျ ပျင်းသွားလို့ ဒါမှမဟုတ် self care resolution အတွက်ဆိုရင်လည်း schedule တွေပြည့်နေပြီး ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်နိုင်တော့လို့ စသည်ဖြင့် အခက်အခဲမျိုးစုံ ရှိကြမှာပါ။ ဒီ 2024 မှာတော့ ပြီးခဲ့တဲ့နှစ်တွေက မလုပ်ဖြစ်ခဲ့တာတွေကနေ သင်ခန်းစာယူပြီး ပိုမိုကောင်းမွန်တဲ့ နည်းလမ်းတွေ ၊ time management တွေနဲ့ Resolution တိုင်းကို အကောင်အထည်ဖော်နိုင်စေဖို့ ယုံကြည်ပါတယ်ရှင်။
🦋 𝐆𝐞𝐭 𝐒𝐮𝐩𝐩𝐨𝐫𝐭 & 𝐀𝐥𝐰𝐚𝐲𝐬 𝐌𝐨𝐭𝐢𝐯𝐚𝐭𝐞𝐝
- များပြားလွန်းလှတဲ့ Goal တွေကို အောင်မြင်နိုင်ဖို့ဆိုတာ ပြောရုံသာ လွယ်ကူနေတာပါ။ တကယ်လုပ်ကြည့်လိုက်တဲ့အခါမှာ အခက်အခဲမျိုးစုံ ၊ စိတ်ဓာတ်ကျခြင်းတွေကို ခံစားရနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် motivate ဖြစ်စေဖို့အတွက် Y-tube motivational video တွေကို ကြည့်တာ ၊ မိသားစုဝင်တွေနဲ့ ချစ်ခင်လေးစားရသူတွေထံက အကြံဉာဏ်ကောင်းတွေ၊ပံ့ပိုးမှုတွေ တောင်းယူတာကို ပြုလုပ်သင့်ပါတယ်။ ဒါ့အပြင် Facebook မှာလည်း သက်ဆိုင်ရာ နယ်ပယ်အလိုက် Resolution တွေကို အကောင်အထည်ဖော်နေတဲ့ လူငယ်တွေချင်းစုထားတဲ့ Group တွေ ရှိကြပါတယ်။
ကိုယ်က English Speaking ကို လေ့လာနေတယ်ဆိုရင် English Speaking Partner Group တွေကို Join နိုင်သလို Diet လုပ်နေတဲ့သူတွေကလည်း Diet လုပ်နေသူအချင်းချင်း အကြံဉာဏ်တွေ ဖလှယ်တဲ့ Group ကို Join နိုင်ပါတယ်။
နှစ်သစ်မှာ ကံကောင်းမှုတွေ လွှမ်းခြုံပြီး ချမှတ်ထားတဲ့ New Year Resolution တိုင်းကို အောင်အောင်မြင်မြင် ပြီးစီးနိုင်ကြပါစေ။ 🍀💫
Reference : 10 Great Tips to Keep Your New Year's Resolutions By Kendra Cherry, MSEd
#New_Year_Resolution
#Content_by_Hermione
#Fabulous_Language_Hub