Global News - နိုင်ငံတကာသတင်းစုံ @globalnews247 Channel on Telegram

Global News - နိုင်ငံတကာသတင်းစုံ

@globalnews247


Global News - နိုင်ငံတကာသတင်းစုံ

Global News - နိုင်ငံတကာသတင်းစုံ (Burmese)

Global News - နိုင်ငံတကာသတင်းစုံ အခုတော်တော် ယနေ့ရဲ့ သတင်းစုံများ၊ နိုင်ငံတကာ များ၊ အမြဲထိုးထားချက်များႏွင့် မြန်မာနိုင်ငံ၏ ေန့ေပါ်လစာမ်ားအား ပြန်လည်ထုတ်နိုင်မယ့် Global News - နိုင်ငံတကာသတင်းစုံ အားလုံးလာတယ်! ဤအကြောင်းအရာသည် globalnews247 အဖြစ်နှင့် နိုင်ငံလူမျိုးအား အဂျင်ပယ် သက်ဆိုင်ရာ သတင်းစုံများနှင့် သတင်းအချက်အလက်များအား တစ်အားစုံဖြင့် တစ်ပုဒ်ဝများနှင့် အွန်လိုင်းများ ဖော်ပြပြီး စီးပွားထွန်းထွန်း အဆင့်ဆင့်အတိုင်း စာအုပ်တိုက်ပါသည်။ Global News - နိုင်ငံတကာသတင်းစုံ သည် လူ့ပဟေဇာခန့်ဇနတ်ပါ စုံစုံ သဘောထာန်တန်းလဲ ဟားလဲဖြစ်ပြီး အပြီးအစဉ် ထပ်လေးသူများအတွက် ၇ အသက် နှင့် မြန်မာနိုင်ငံရဲ့လောငံးသတင်း အချက်အလက်များကို လွန်လိုင်စွာ ပြန်လည်တင်နိုင်မယ့်အားထက် ထုတ်ကုန်ခြင်းဖြစ်ပါသည်။

Global News - နိုင်ငံတကာသတင်းစုံ

18 Jan, 09:09


စိတ်ထား မကောင်းလိုက်တာ နဲ့
ကိုယ့်ရဲ့ဘုန်းကံဟာ
အမြန်ကျဆင်းသွားပါတယ်။
စိတ်ထား မမှန်လိုက်တာနဲ့
ကိုယ့်က အရင်
ပူလောင်ဆင်းရဲသွားရပါတယ်။
သူများကို တိုက်ခိုက်ခြင်းဟာ
ကိုယ့်ဘဝကို တူးဖြိုနေတာပါ။
သူများကို စိတ်တိုနေတာဟာ
ကိုယ့်ဘ၀ကို
အဆိပ်ရည်နဲ့လောင်းနေတာပါ။
သူများကို မကောင်းကြံလို့လည်း
ကိုယ်အမြဲ အနိုင်ရ မနေပါဘူး။
ကိုယ့်အလှည့်ဆိုတာလည်း
ပြန်ကြုံလာတတ်သေးတဲ့အတွက်
ဘာဖြစ်ဖြစ် စိတ်မကွက်ဘဲ
မေတ္တာစိတ်လေးထားပြီးတော့
စိတ်ထားမှန်အောင်သာကြိုးစားပါ ။
Credit:Original Writer

Global News - နိုင်ငံတကာသတင်းစုံ

18 Jan, 09:07


ထရန့်က ရာသီဥတု အလွန်အေးသည့်အတွက် ကျမ်းသစ္စာကျိန်ဆိုပွဲကို လွှတ်တော်အတွင်း၌ ပြောင်းရွှေ့ပြုလုပ်မည်ဟု ထုတ်ပြန်
ဒေါ်နယ်ထရန့်က ဇန်နဝါရီ ၂၀ ရက်တွင် ပြုလုပ်မည့် အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို ရာသီဥတုအလွန်အေးသည့်အတွက် လွှတ်တော်အဆောက်အအုံအတွင်း၌ ပြောင်းရွှေ့ပြုလုပ်မည်ဟု အတည်ပြုထုတ်ပြန်ခဲ့သည်။
"အမေရိကန်မှာ ရာသီဥတု အလွန်အေးနေပါတယ်။ လူတွေကို ဖျားနာတာမျိုး၊ ထိခိုက်ဒဏ်ရာရတာမျိုးတွေ မဖြစ်စေချင်ပါဘူး"ဟု ထရန့်က ဇန်နဝါရီ ၁၇ ရက်တွင် လူမှုမီဒီယာ၌ရေးသားခဲ့သည်။
"အဲဒါကြောင့် ကျမ်းသစ္စာကျိန်ဆိုပွဲမိန့်ခွန်းပြောကြားမှုတွေ၊ ဆုတောင်းမှုတွေနဲ့ အခြားမိန့်ခွန်း ပြောကြားတာတွေကို အမေရိကန်လွှတ်တော်အဆောက်အအုံထဲမှာ ပြုလုပ်သွားဖို့ ညွှန်ကြားထားပါတယ်" ဟု ထရန့်က ပြောကြားခဲ့သည်။

Global News - နိုင်ငံတကာသတင်းစုံ

18 Jan, 08:36


တရုတ်နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်ပွဲဈေး လသာတွင်ကျင်းပမည်
မကြာခင်ကျရောက်မည့် တရုတ်နှစ်သစ်ကူးပွဲတော်ကို ကြိုဆိုသည့်အနေဖြင့် တရုတ်နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်ပွဲဈေးကို လသာမြိုတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီမှ သိရသည်။
အဆိုပါပွဲတော်ကို ဇန်နဝါရီ (၂၅) ရက်မှ (၃၁) ရက်အထိ မဟာဗန္ဓုလလမ်း(လမ်းမတော်လမ်းမှ လသာလမ်း)တလျှောက် နံနက် (၇) နာရီမှ နေ့လယ် (၁၁) နာရီထိ ၊ ညနေ (၄) နာရီမှ ည (၁၁) နာရီထိ (၇)ရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Global News - နိုင်ငံတကာသတင်းစုံ

18 Jan, 06:30


မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပစဉ်ကာလ တည်းခိုဆောင်ငှားရမ်းခနှုန်းထားများကို သတ်မှတ်ပေးထားပြီး ပိုမိုကောက်ခံပါက တိုင်ကြားနိုင်ကာ ထိရောက်စွာ အရေးယူသွားမည်ဟု မန်းရွှေစက်တော် ဘုရားပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီထံမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ (၂) ရက်မှ ဧပြီ (၁၇) ရက်အထိ ရက်ပေါင်း (၇၅)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

Global News - နိုင်ငံတကာသတင်းစုံ

18 Jan, 05:55


အစ္စရေးအစိုးရအဖွဲဟာ ဂါဇာမှာ အပစ်အခတ်ရပ်စဲရေးနဲ့ ဓါးစာခံတွေ လွှတ်ပေးရေး သဘောတူညီချက်ကို အတည်ပြုလိုက်ပါတယ်။ နာရီပေါင်းများစွာ ဆွေးနွေးခဲ့ပြီးနောက် ဉာဥ့်နက်ချိန်မှာ ဆုံးဖြတ်ချက်ချမှတ်ခဲ့တာဖြစ်ပြီး လက်ယာစွန်းဝန်ကြီးနှစ်ဦးကတော့ ကန့်ကွက်ခဲ့တယ်လို ဆိုပါတယ်။ ကာတာ၊ အမေရိကန်နဲ့ အီဂျစ်တိုက သဘောတူညီချက်အသေးစိတ်ကို ကြေညာပြီး နှစ်ရက်အကြာမှာ အစ္စရေးရော၊ ဟားမတ်စ်တိုကပါ သဘောတူညီချက်ကို အပြီးသတ်လုပ်ဆောင်လိုက်တာဖြစ်ပါတယ်။

Global News - နိုင်ငံတကာသတင်းစုံ

18 Jan, 04:34


ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိန်ဟာဆီနာက သူမဟာ မိနစ် ၂၀ အတွင်း သေခြင်းတရားကနေ လွတ်မြောက်ခဲ့တယ်လို ပြောဆိုလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပြီးနောက် အသက်ဘေးပါ စိုးရိမ်လာရလို ဟာဆီနာဟာ ပြည်ပကို ထွက်ပြေးခဲ့ရပါတယ်။

သောကြာနေ့က Bangladesh Awami ဆိုတဲ့ သူမရဲ့ Facebook စာမျက်နှာကနေ audio speech ကတဆင့် ပြောဆိုခဲ့တာဖြစ်ပြီး သူမတိုကို လုပ်ကြံသတ်ဖြတ်ဖိုအထိပါ ရည်ရွယ်ခဲ့တယ်လိုလည့် ထည့်သွင်းပြောဆိုခဲ့ပါတယ်။

Global News - နိုင်ငံတကာသတင်းစုံ

18 Jan, 04:33


အာဖဂန်ကနေ ထွက်ပြေးလာတဲ့ ပြည်သူတွေကို ကယ်ဆယ်ပေးခဲ့တဲ့ ကန်ရေတပ်က စစ်ပြန်တဦးကို အသရေဖျက်ခဲ့ကြောင်း ထင်ရှားလို CNN ဟာ နစ်နာကြေး ဒေါ်လာ ၅ သန်းပေးဆောင်ဖိုအတွက် အမိန့်ချမှတ်ခံလိုက်ရပါတယ်။

Global News - နိုင်ငံတကာသတင်းစုံ

18 Jan, 04:33


ယူနိုက်တက်လေကြောင်းလိုင်းဟာ ထရမ့်ရဲ့ ကော်မတီအတွက် ဒေါ်လာ ၁ သန်းလှူဒါန်းခဲ့ပါတယ်။ အလှူငွေစုစုပေါင်း ဒေါ်လာ သန်း ၁၇၀ အထိ စံချိန်တင်ရရှိခဲ့တယ်ပြီး ဒေါ်လာသန်း ၂၀၀ အထိ ရောက်ဖိုကို မျှော်လင့်ထားတယ်လို ဆိုပါတယ်။

Global News - နိုင်ငံတကာသတင်းစုံ

18 Jan, 04:33


၃ နှစ်တာကာလအတွင်း CNN ရဲ့ ဝင်ငွေဟာ ဒေါ်လာ သန်း ၄၀၀‌ ကျော်အထိ ကျဆင်းသွားခဲံပါတယ်။ ၂၀၂၁ မှာ ဒေါ်လာ ၂.၂ ဘီလီယံ၊ ၂၀၂၂ မှာ ဒေါ်လာ ၂ ဘီလီယံနဲ့ ၂၀၂၃ မှာ ဒေါ်လာ ၁.၈ ဘီလီယံဆိုပြီး ကျဆင်းခဲ့ကာ ၁၈% အထိ သိသိသာသာကျဆင်းခဲ့တယ်လို ဆိုပါတယ်။

Global News - နိုင်ငံတကာသတင်းစုံ

18 Jan, 04:32


ခိုလှုခွင့်တောင်းခံပြီး နေထိုင်သူတွေအဖြစ် ဟန်ဆောင်ပြီး နယူးယောက်မြိုအနှံမှာ လက်နက်တွေ မှောင်ခိုရောင်းဝယ်ဖို လုပ်ဆောင်ခဲ့တဲ့ Tren de Aragua အဆင့်မြင့်ဂိုဏ်းဝင်နှစ်ဦးကို အမေရိကန်က စွဲချက်တင်လိုက်ပါတယ်။ သူတိုဟာ ဆီမီးအော်တိုပစ္စတိုတွေ၊ ရိုင်ဖယ်တွေ ရောင်းချခဲ့တယ်လို ဆိုပါတယ်။

Global News - နိုင်ငံတကာသတင်းစုံ

14 Jan, 10:17


၁။ တားဆေးအပါအဝင် ဆေးနေ့စဉ်သောက်နေရသူတွေ
ပဲပိစပ်နို့ သောက်ပါ ။
၂။ အဖြူဆင်းများသူ အားနည်းလွယ်သူများ
ဒိန်ချဉ် သောက်ပါ ။
၃။ ဝမ်းချုပ်တတ်သူ များ
မန်ကျည်းဖျော်ရည်/ချဉ်စော်ကားသီးဖျော်ရည်/
သစ်သီးဖျော်ရည်တမျိုးမျိုး သောက်ပါ ။
၄။ ရင်ကျပ်ပန်းနာ သမားများ
ဆန်းကစ်သီးထဲပူစီနံတရွက်နှစ်ရွက် နဲ့ ဆားနဲနဲထည့်၍
ဖျော်ရည်သောက်ပါ ။ သကြားနို့ ဘာတခုမှမထည့် နဲ့ ။
၅။ သွေးအားနည်းတတ်သူများ
မုန်လာဥနီ ဖျော်ရည်သောက်ပါ ။
၆။ လိပ်ခေါင်းရှိသူများ မြင်းခွာရွက်ရည် သောက်ပါ ။
၇။ ဆီးကျဉ်တတ်သူများ လက်ဖက်ခြောက်ရည် သောက်ပါ ။
၈။ မကြာခနခေါင်းမူးတတ်သူ ခြေလက်ထုံကျဉ် တတ်သူ
အကြောကပ်တတ်သူများ နဲ့ ဝမ်းလျှောနေသူများ
အုန်းစိမ်းရည် / ဂလူးကို့စ်ရည် သောက်ပါ ။
၉။ အစာအိမ်နာ /လေပွ တတ်သူများ နွယ်ချို ရေနွေးစိမ်၍
ပျားရည် တဇွန်းထည့် တနေ့ ၂ ကြိမ် သောက်ပါ ။
၁၀။ သားအိမ်ရေအိတ် သွေးအိတ်တည်နေသူများ /
သားအိမ်ကျ သူ များ စမုံနက်အဆီ တပတ် တဇွန်း သောက်ပါ ။
၁၁။ သွေးတွင်းအဆီပျစ်ခဲသူများ စံပယ်ပန်းခြောက်ခပ်ထားတဲ့
ရေနွေး မကြာခန သောက်ပေးပါ ။
ကျန်းမာရေးဗဟုသုတ
ဒေါက်တာမင်းခန့် ✍️

Global News - နိုင်ငံတကာသတင်းစုံ

14 Jan, 10:11


Iceland နိုင်ငံ ဟာ နှစ်စဉ် လူတစ်ဦးချင်း စာအုပ်ထုတ်ဝေကြပြီး ရောင်းချမှုအများနိုင်ငံဖြစ်ပါတယ် အံ့သြစရာကောင်းတာက အိုက်စလန်နိုင်ငံသား ဆယ်ယောက်မှာ တစ်ယောက်ဟာ စာရေးဆရာတွေဖြစ်ကြကာ သူတို့ရဲ့ တစ်သက်တာမှာ အနည်းဆုံး စာအုပ်တစ်အုပ်နူန်း ထုတ်ဝေရောင်းချဖူးကြပါတယ် နောက်ပြီး သူတို့ဟာ တစ်လကို စာအုပ် 3 အုပ်နူန်းလောက်ဖတ်ကြပြီး နိုင်ငံလူဦးရေရဲ့ ပျမ်းမျှ သုံးပုံတစ်ပုံနီးပါး နေ့စဉ် စာဖတ်ကြပါတယ်

Global News - နိုင်ငံတကာသတင်းစုံ

14 Jan, 09:16


ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သုတေသီတွေရဲ့ပြောကြားချက်အရ ခွေးတွေဟာ သူတို့ပိုင်ရှင်က တစ်ခြားတစ်စုံတစ်ဦးအား အာရုံစူးစိုက်မှု ဂရုစိုက်မှုပေးနေတဲ့အခါ သူတို့ရဲ့စိတ်ထဲမှာ မနာလိုမှုတွေဖြစ်နေတတ်ကြောင်းတွေ့ရှိရပါတယ်

Global News - နိုင်ငံတကာသတင်းစုံ

14 Jan, 07:41


တရုတ်ရိုးရာနွေဦးပွဲတော်ရောက်ရှိလာခါနီးတွင် တရုတ်နိုင်ငံ ကွမ်းရှီးကျွမ့်လူမျိုးကိုယ်ပိုင် အုပ်ချုပ်ရေးဒေသ နန်နင်းမြို့ အရောင်းအဝယ်ဌာနအနီးရှိ နှစ်သစ်ကူးနွေဦးပွဲတော်နှင့် ပတ်သက်သော အဆင်တန်ဆာ အရောင်းဆိုင်များတွင် လွန်စွာစည်ကားပြီး နွေဦးပွဲတော် နှစ်ချိုးစပ် စာတန်း၊ ပြတင်းပေါက်ပေါ် ဆင်ယင်ထားသည့် စက္ကူးပန်းပြောက်စသည့် နွေဦးပွဲတော်နှင့် ပတ်သက်သော အဆင်တန်ဆာများ လာဝယ်သည့် နန်နင်းမြို့သူ မြို့သားများဖြင့် စည်ကားများပြားနေပါသည်။

Global News - နိုင်ငံတကာသတင်းစုံ

14 Jan, 07:38


ဇန်နဝါရီ ၁၉ နောက်ဆုံးထားပြီး TikTok ပိတ်သိမ်းရန် သမ္မတဂျိုးဘိုင်ဒန်ကို တိုက်တွန်း
လာမယ့် ဇန်နဝါရီ ၁၉ ရက် နောက်ဆုံးထားပြီး TikTok ပိုင်ဆိုင်မှုတွေကို ပိတ်သိမ်းဖို့ ဒါမှမဟုတ် ရောင်းချဖို့ အတွက် အမေရိကန်သမ္မ ဂျိုးဘိုင်ဒန်ကို ဒီမိုကရက်တစ်အမတ်နှစ်ယောက်က တိုက်တွန်းပြောကြားထားကြောင်း US News မှာဖော်ပြထားပါတယ်။
တရုတ်နိုင်ငံအခြေစိုက် ByteDance ကုမ္ပဏီအနေနဲ့ အမေရိကန်ရဲ့တားမြစ်ပိတ်ပင်မှုတွေကို ရင်ဆိုင်ဖို့အတွက် တိုက်တွန်းထားတာလည်းဖြစ်ပါတယ်။ ByteDance ကုမ္ပဏီဟာ အမေရိကန်တရား ဥပဒေ စိန်ခေါ်ချက်အပေါ် ငြင်းဆန်ခဲ့တာကြောင့် အမေရိကန်ပြည်ထောင်စုကတာဝန်ရှိသူတွေက တားမြစ်ပိတ်ပင်ဖို့ လျှင်မြန်စွာဆောင် ရွက်နေတာလည်းဖြစ်ပါတယ်။

Global News - နိုင်ငံတကာသတင်းစုံ

14 Jan, 07:34


အိန္ဒိယ ကမ္ဘာ့အကြီးဆုံး ဘာသာရေးပွဲတော် ပထမရက်မှာ လူ ၁၅ သန်းခန့် ပါဝင်ဆင်နွှဲ
အိန္ဒိယနိုင်ငံ၊ ဥတာ ပရာဒေ့ရှ်ပြည်နယ်၊ ပရေယာဂရက်ဂျ် (Prayagraj) မြို့မှာ ကမ္ဘာ့အကြီးဆုံး ဘာသာရေးပွဲတော်ဖြစ်တဲ့ မဟာကုမ့်ပွဲတော်ကို ဇန်နဝါရီ ၁၃ ရက်က စတင်ကျင်းပရာမှာ ဟိန္ဒူဘာသာဝင် ၁၅ သန်းနီးပါး ပါဝင်ဆင်နွှဲခဲ့တယ်လို့သိရပါတယ်။ ၁၂ နှစ် တစ်ကြိမ် ကျင်းပတဲ့ ဒီပွဲတော် ပထမနေ့မှာ ပါဝင်ဆင်နွှဲသူအရေအတွက်ဟာ မျှော်မှန်းထားတာထက် ခြောက်ဆ ပိုများခဲ့တယ်လို့ ဆိုပါတယ်။ ဒီပွဲတော်ကို ဟိန္ဒူဘာသာဝင်တွေဟာ ဂင်္ဂါနဲ့ ယမုံနာမြစ်တို့မှာ ရေချိုးသန့်စင်ခြင်းနဲ့ ပါဝင်ဆင်နွှဲကြတာ ဖြစ်ပါတယ်။
ဒီလိုမြစ်ထဲ ရေဆင်းချိုးတာဟာ အပြစ်တွေ ဆေးကြောပြီး ဘဝသံသရာက လွတ်မြောက်စေတယ်လို့ ဟိန္ဒူဘာသာဝင်တွေက ယုံကြည်ကြပါတယ်။

Global News - နိုင်ငံတကာသတင်းစုံ

14 Jan, 07:07


6G အမြန်နှုန်းအထိ ရှိလာတဲ့ တရုပ်ရဲ့ အာကာသမှ မြေပြင်သို့ အချက်အလက်ပေးပို့မှုစနစ်။
တရုတ်နိုင်ငံမှ Chang Guang ဂြိုဟ်တု နည်းပညာကုမ္ပဏီက အာကာသကနေ မြေပြင်ကို အချက်အလက်ပေးပို့မှုကဏ္ဍမှာ သမိုင်းမှတ်တိုင်အသစ် စိုက်ထူလိုက်နိုင်ပါပြီ။
အာကာသမှ မြေပြင်သို့ လေဆာထုတ်လွှင့်မှုစနစ်သုံး အချက်အလက်ပေးပို့မှုအတွက် အမြန်နှုန်းက 6G အမြန်နှုန်းအထိ ရှိပါတယ်တဲ့။
လက်ရှိကမ္ဘာပေါ်မှာ ဆက်သွယ်ရေးနည်းပညာက အမြင့်ဆုံးအနေနဲ့ 5G ကိုသာ သုံးနေကြတာပါ။
6G အမြန်နှုန်းဆိုတာက တစ်စက္ကန့်ကို အချက်အလက်ပေးပို့နိုင်မှုပမာဏ ၁၀၀ ဂစ်ဂါဘစ်အထိ ရှိပါတယ်။
ဒီလိုမျိုးအမြန်နှုန်းကိုရရှိတာဟာ သူတို့အနေနဲ့ ယခင်တင်ထားတဲ့စံချိန်ထက်ကို ၁၀ ဆပိုများပြီး စတားလင့်ရဲ့အမြန်နှုန်း ကိုကျော်လွန်ပါတယ်တဲ့။

Global News - နိုင်ငံတကာသတင်းစုံ

08 Jan, 10:10


တာချီလိတ်မြိုရှိ ရွှေတိဂုံစေတီကုန်းတော်ပေါ်၌ နဂါးနှစ်ကောင်ဆရာတော်နှင့် မိုင်းဖုန်းဆရာတော်တို၏ ပုံတူရုပ်ထုတော်များသွန်းလောင်းပူဇော်မည်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြိုရှိ ရွှေတိဂုံစေတီကုန်းတော်ပေါ်၌ နဂါးနှစ်ကောင်ဆရာတော်နှင့် မိုင်းဖုန်းဆရာတော်တို၏ ပုံတူရုပ်ထုတော်များကို သွန်းလောင်းပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုပြင် နဂါးနှစ်ကောင်ဆရာတော်ကြီး၏ လွမ်း စေတီတော်အား ရွှေတိဂုံစေတီကုန်းတော်ပေါ်၌ ပင်တည်ထားမည်ဖြစ်ကာ သွန်းလောင်းပူဇော်မည့် ရုပ်ထုတော်များကိုစေတီတော်ဘေး၌ထားရှိပူဇော်မည်ဖြစ်၍ ပုံတူရုပ်ထုတော်သွန်းလောင်းခြင်းမင်္ဂလာအခမ်းအနားကို ဇန်နဝါရီ ၇ ရက်နံ နက်ပိုင်းကကျင်းပရာ မိုင်းဖုန်းဆရာတော်ကြီးကြွရောက်တော်မူခဲ့ကြောင်း သိရသည်။
မိုင်းဖုန်းဆရာတော်ကြီးနှင့်အတူ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်များက ပုံတူရုပ်ထုတော်များသွန်းလောင်းမည့်နေရာအား ရွှေရည်သွန်းလောင်ထည့်သွင်း၍ ဌာပနာပြုလုပ်ခြင်း၊ ဘုရားရှိခိုးခြင်း၊ ငါးပါးသီလပေးခြင်းနှင့် မေတ္တာပိုအမျှပေးဝေခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

Global News - နိုင်ငံတကာသတင်းစုံ

08 Jan, 10:08


မက္ကဆီကိုပင်လယ်ကွေ့ကို အမေရိကန်ပင်လယ်ကွေ့လို နာမည်ပြောင်းဖို ဒေါ်နယ်ထရမ့်က အဆိုပြုပြောဆိုလိုက်ပါတယ်။ ဒီလိုပြောင်းလဲလိုက်မယ်ဆိုရင် ဒေသတွင်းမှာ အမေရိကန်ရဲ့ ကျော်ကြားမှုကို ထင်ဟပ်စေမယ်လိုလည်း သူက ယုံကြည်နေပါတယ်။
တကယ်လို ဒီလိုနာမည်ပြောင်းမယ်ဆိုရင် အမေရိကန်နဲ့ မက္ကဆီကိုတို ပါဝင်တဲ့ နိုင်ငံတကာရေအားလျှပ်စစ်အဖွဲရဲ့ ခွင့်ပြုချက်လိုအပ်မှာပါ။ ရီပတ်ဘလစ်ကန်အမတ် Marjorie Taylor Greene က ဒီအဆိုပြုချက်ကို ထောက်ခံခဲ့ပြီး ဥပဒေမူကြမ်းရေးဆွဲဖို စီစဉ်နေပါတယ်။

Global News - နိုင်ငံတကာသတင်းစုံ

08 Jan, 10:08


ဩစတြေးလျအနောက်ပိုင်း ကမ်းရိုးတန်းမှာ အပေါ့စားလေယာဉ်တစီးပျက်ကျခဲ့ပြီး လေယာဉ်မှူးနဲ့ ဆွစ်ဇာလန်နဲ့ ဒိန်းမတ်နိုင်ငံသားတဦး စုစုပေါင်း ၃ဦး သေဆုံးခဲ့တယ်လို သိရပါတယ်။ ခရီးသွား ၆ ဦးအထိ လိုက်ပါခဲ့ပြီး အင်္ဂါနေ့ညနေပိုင်းက ပျက်ကျခဲ့တာဖြစ်ပါတယ်။ အခြားခရီးသည်တွေကတော့ အသက်ရှင်သန်ခဲ့ပြီး ဆေးရုံကို ပိုဆောင်ပေးထားတယ်လို သိရကာ သေဆုံးခဲ့သူတွေဟာ အသက် ၆၅ နှစ်အရွယ် ဇာလန်အမျိုးသမီးနဲ့ အသက် ၆၀ အရွယ် ဒိန်းမတ်အမျိုးသားဖြစ်ကာ လေယာဉ်မှူးကတော့ အသက် ၃၄ နှစ်လို ဆိုပါတယ်။

Global News - နိုင်ငံတကာသတင်းစုံ

08 Jan, 10:08


လော့အိန်ဂျလိစ်မှာ တောမီးလောင်ကျွမ်းမှု အကြီးအကျယ်ဖြစ်ပွားနေပြီး လူပေါင်း ၃၀၀၀၀ အထိကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ရတယ်လို သိရပါတယ်။ လေတိုက်နှုန်းကလည်း ပြင်းထန်နေတာကြောင့် မီးဟာ လျင်မြန်စွာလောင်ကျွမ်းခဲ့တယ်လို ဆိုပါတယ်။

Global News - နိုင်ငံတကာသတင်းစုံ

08 Jan, 10:07


တရုတ်အစိုးရပိုင် APT41 က ဟက်ကာတွေဟာ တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားမှု ၂၀၂၃ ကနေ ၂၀၂၄ ဇွန်လအထိ စစ်ရေးဆိုင်ရာအချက်အလက်တွေနဲ့ စာရွက်စာတမ်းတွေကို ခိုးယူခဲ့တယ်လို စွပ်စွဲခံနေရပါတယ်။ ဖိလစ်ပိုင်သမ္မတနဲ့ပတ်သက်တဲ့ အရေးကြီးအချက်အလက်တွေလည်း ပါဝင်တယ်လို ဆိုပါတယ်။

Global News - နိုင်ငံတကာသတင်းစုံ

08 Jan, 10:07


ယူကရိန်းအတွက် နောက်ဆုံးသော စစ်ဘက်ဆိုင်ရာအကူအညီပေးရေးအစီအစဉ်ကို ဘိုင်ဒင်အစိုးရက ဇန်နဝါရီ ၉ ရက်နေ့မှာ ကြေညာသွားမှာဖြစ်ပါတယ်။ ဒီ ကူညီမှုအသစ်ဟာ သိသာထင်ရှားတဲ့ အကူအညီဖြစ်မယ်လို ဆိုပေမယ့်လည်း ကိယက်ဗ်အတွက် ကွန်ဂရက်က အစောပိုင်းမှာ အတည်ပြုထားတဲ့ ဒေါ်လာ ၄ ဘီလီယံနဲ့ ကာမိမှာမဟုတ်ဘူးလိုလည်း ဆိုပါတယ်။

Global News - နိုင်ငံတကာသတင်းစုံ

08 Jan, 10:02


ယူကရိန်းကတဆင့် ဓါတ်ငွေ့သယ်ယူဖို တားမြစ်ချက်တွေကို အီးယူးက လျစ်လျူရှူခဲ့ပြီး ရုရှားဆီက LNG ဓါတ်ငွေ့တွေကို စံချိန်တင်ဝယ်ယူမှုတွေ ပြုလုပ်နေတယ်လို Bloomberg က ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၇ နှစ်အတွင်း ဥရောပဟာ ဓါတ်ငွေ့အသုံးပြုမှုကို ပိုမိုသုံးစွဲနေခဲ့ရပြီး ဒဏ်ခတ်ပိတ်ဆိုထားခြင်းမရှိတဲ့ ရုရှား LNG ဓါတ်ငွေ့ဝယ်ယူမှုဟာ အရှိန်အဟုန်နဲ့ မြင့်တက်လာတယ်လိုလည်း ဆိုပါတယ်။

Global News - နိုင်ငံတကာသတင်းစုံ

08 Jan, 10:02


"ပနားမားတူးမြောင်းက အရေးကြီးပါတယ်၊ အဲဒီတူးမြောင်းကို တရုတ်က လည်ပတ်ပေးနေတာပါ၊ ပနားမားတူးမြောင်းကို စွန့်လွှတ်ခဲ့လိုလည်း ဂျင်မီကာတာက ရွေးကောက်ပွဲမှာ ရှုးနိမ့်ခဲ့တာဖြစ်ပါတယ်"

Global News - နိုင်ငံတကာသတင်းစုံ

08 Jan, 10:01


နယ်စပ်ဖြတ်ကျော်မာရသွန်အပြေးပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ပထမဆု (၄) ဆုရရှိခဲ့
မူဆယ် - ရွှေလီ နယ်စပ်ဖြတ်ကျော်မာရသွန်အပြေးပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ပထမဆု (၄) ဆုရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ထုတ်ပြန်ထားသည်။
အဆိုပါ နယ်စပ်ဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲကို ဇန်နဝါရီလ (၅) ရက်တွင် ရွှေလီမြို၌ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအကြိမ်ပြိုင်ပွဲတွင် တရုတ်၊ မြန်မာ၊ အင်္ဂလန်စသည့် နိုင်ငံဒေသများစွာမှ စုစုပေါင်း ပြိုင်ပွဲဝင် (၉၀၂၉) ဦး စာရင်းသွင်းကာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
မာရသွန်၊ တစ်ဝက်မာရသွန်၊ အပျော်တမ်း၊ Warm and Comfortable စသည့် ပြိုင်ပွဲအုပ်စု (၄) ခု စီစဉ်ထားပြီး မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင် မောင်မျိုးမင်းထက်က မာရသွန်အပြည့် မြန်မာအမျိုးသားပြိုင်ပွဲအုပ်စု၏ ပထမဆုကိုလည်းကောင်း၊ မထက်ယံပြည့်ဦးမှ မာရသွန်အပြည့် မြန်မာအမျိုးသမီးပြိုင်ပွဲအုပ်စု၏ ပထမဆုကို ရရှိခဲ့ကြောင်း သိရသည်။
ထိုပြင် ဇော်ခိုင်မှ တစ်ဝက်မာရသွန် မြန်မာအမျိုးသားပြိုင်ပွဲအုပ်စု၏ ပထမဆုကိုလည်းကောင်း၊ မအေးအေးသိန်းမှ တစ်ဝက်မာရသွန် မြန်မာအမျိုးသမီးပြိုင်ပွဲအုပ်စု၏ ပထမဆုကိုလည်းကောင်း ရရှိခဲ့ကြောင်း သိရသည်။

Global News - နိုင်ငံတကာသတင်းစုံ

08 Jan, 08:56


ယူကရိန်းကို ၂၀၂၇ ခုနှစ်အထိ စစ်ရေးအကူအညီပေးမယ့် နေတိုးအစီအစဉ် ပင်တဂွန် ထုတ်ဖော်ပြောကြား
ယူကရိန်း၏ စစ်ရေးလိုအပ်ချက်များကို အမျိုးအစားများခွဲကာ ယင်းအမျိုးအစားတစ်ခုစီအတွက် အကူအညီပေးရမည့် နေတိုးအုပ်စုဝင်နိုင်ငံများကို သတ်မှတ်ပေးမည်ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှ အဆင့်မြင့် ကိုယ်စားလှယ်တစ်ဦးက အင်္ဂါနေ့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ယူကရိန်း သို လက်နက်များ ပိုဆောင်ရေး ညှိနှိင်းဆောင်ရွက်နေသော အနောက်နိုင်ငံများသည် ပူးပေါင်းဆောင်ရွက်မည့် အုပ်စု ရှစ်ခုကို ဖွဲစည်းဖန်တီးခဲ့ကြောင်း ပင်တဂွန် ကိုယ်စားလှယ်က ပြောကြားခဲ့သည်။
"ယင်းအုပ်စု တစ်ခုစီသည် ယူကရိန်း၏ စစ်ရေးစွမ်းရည်ဆိုင်ရာ ရှုထောင့်တစ်ခုစီကို ကိုယ်စားပြုပြီး အနည်းဆုံး သီးခြားနေတိုးနိုင်ငံနှစ်ခုမှ ပူးတွဲဦးဆောင်မည်ဖြစ်သည်" ဟု ပင်တဂွန်စစ်ဌာနချုပ်မှ အဆင့်မြင့် ကိုယ်စားလှယ်က ပြောကြားခဲ့သည်။

Global News - နိုင်ငံတကာသတင်းစုံ

08 Jan, 08:42


ယနေ့စက်သုံးဆီဈေးနှုန်း ... 🇲🇲🇲🇲

Global News - နိုင်ငံတကာသတင်းစုံ

08 Jan, 08:34


အမေရိကန်တွင် သတင်းအချက်အလက်စိစစ်မှုကို ရပ်ဆိုင်းမည်ဟု Facebook ပိုင်ရှင် Meta ၏ အမှုဆောင်ချုပ်မာ့ခ်ဇူကာဘတ် ပြောကြား
အမေရိကန်တွင် သတင်းအချက်အလက်စိစစ်‌သောအစီအစဉ်ကို ရပ်ဆိုင်းတော့မည်ဆိုသည့် နည်းပညာကုမ္ပဏီကြီး Meta ၏ အံ့အားသင့်စရာကြေညာချက်က လုပ်ကြံသတင်းများ ပေါများလာစေရန် လမ်းဖွင့်ပေးလိုက်သည့် အန္တရာယ်ရှိနေကြောင်း ဇန်နဝါရီ ၇ ရက်တွင် မမှန်သတင်းသုတေသီများ၏ ပြင်းထန်းသောဝေဖန်မှုများ ပေါ်ပေါက်လာခဲ့သည်
Meta အမှုဆောင်ချုပ် မာ့ခ်ဇူကာဘတ်က ကုမ္ပဏီအနေဖြင့် အမေရိကန်ပြည်ထောင်စုတွင် ကြားက အချက်အလက်စစ်ဆေးသော အစီအစဉ်ကို ရပ်ဆိုင်းတော့မည်ဟု ကြေညာခဲ့ရာ ယင်းမူဝါဒအပြောင်းအလဲသည် ရွေးကောက်ခံသမ္မတဒေါ်နယ်ထရန့် ကျေနပ်စေရန် ကြိုးပမ်းမှုဖြစ်သည်ဟု လေ့လာဆန်းစစ်သူများက ပြောကြားသည်။

Global News - နိုင်ငံတကာသတင်းစုံ

05 Jan, 06:04


֍ ပုရွက်ဆိတ်တွေဟာ အံသြဖွယ်ကောင်းတဲ့ အဖွဲ့လိုက်အလုပ်လုပ်ခြင်း နဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းကို ပြသနိုင်တဲ့ အကောင်လေးတွေဖြစ်ပါတယ်။
֍ သူတို့ရဲ့စွမ်းရည်အများအပြားထဲမှာ စိတ်ဝင်စားစရာ စွမ်းရည်တခုကတော့ သက်ရှိတံတား living bridge တွေ ဖန်တီးနိုင်တာဖြစ်ပါတယ်။
֍ သက်ရှိတံတားဆိုတာက ပုရွက်ဆိတ် တကောင်နဲ့ တကောင်ခန္ဓာကိုယ်တွေ အဆင့်ဆင့်ချိတ်ဆက်ပြီး ဖြတ်သန်းသွားလာနိုင်တဲ့ တံတားတစင်းသဖွယ် ဖန်တီးနိုင်တာကို ဆိုလိုခြင်း ဖြစ်ပါတယ်။
֍ သူတို့တွေဟာ ဖြတ်သန်းဖို့လိုပြီး ကွာဟနေတဲ့နေရာမျိုးတွေမှာ သက်ရှိတံတားကို တည်ဆောက်လေ့ရှိကြပါတယ်။
֍ ၎င်းတို့ဟာ အခြားပုရွက်ဆိတ်တွေ လျှောက်သွားနိုင်တဲ့ ခိုင်မာတည်ငြိမ်တဲ့ ဖွဲ့စည်းပုံတစ်ခုကို အလျှင်အမြန်ပဲ ဖန်တီးလိုက်ကြတာဖြစ်ပါတယ်။
֍ တံတားကို ယာယီဖန်တီးတာဖြစ်ပြီး သူတို့မလိုအပ်တဲ့အခါမှာတော့ ဖြုတ်သိမ်းလိုက်ပါတယ်။
֍ ဒီလိုနည်းနဲ့ အလှမ်းကွာဟနေတဲ့ နေရာတွေမှာ သူတို့ရဲ့အုပ်စုကို ရွှေ့ပြောင်းပြီး အလိုရှိရာနေရာကို သွားလာစေနိုင်တာဖြစ်ပါတယ်။
֍ လေ့လာမှုတွေအရ ပုရွက်ဆိတ်တွေရဲ့ သက်ရှိတံတား ဟာ တင်းမာမနေသလို ပုံသဏ္ဍာန် နဲ့ အရွယ်အစားကိုလည်း လိုအပ်သလို ပြောင်းလဲချိန်ညှိနိုင်တယ် လို့သိရပါတယ်။
֍ ဒီလို ပြောင်းလွယ်ပြင်လွယ်နိုင်တဲ့ အချက်ဟာ ပုရွက်ဆိတ်တွေရဲ့ စုဖွဲ့ပြီးအလုပ်လုပ်ပုံ နဲ့ အခြေအနေအလိုက် ပြဿနာဖြေရှင်းနိုင်စွမ်းကို ပြသနေတာလည်းဖြစ်ပါတယ်။
֍ ဒီလို သက်ရှိတံတား ဖန်တီးတည်ဆောက်တဲ့ ဖြစ်စဉ်ကို army ants နဲ့ weaver ants တို့လို ပုရွက်ဆိတ်မျိုးစိတ်တွေမှာ တွေ့ရလေ့ရှိပါတယ်။

Global News - နိုင်ငံတကာသတင်းစုံ

05 Jan, 05:39


❝ရဲစခန်းနားမှာမှ လိင်ဆက်ဆံတဲ့ စုံတွဲ❞
ဘယ်နိုင်ငံသားလဲဆိုတာတော့ မသိရပေမဲ့ ပတ္တရား ရဲစခန်းနား၊ ကမ်းခြေ လူမြင်ကွင်းမှာ လိင်ဆက်ဆံတဲ့စုံတွဲကတော့ ဒီရက်ပိုင်း နာမည်ကြီးနေပါတယ်။ ဒီဇင်ဘာလကုန်ပိုင်းလောက်က ဖြစ်ခဲ့တာဖြစ်ပြီး သတင်းတွေပေါ်တော့ ဒီရက်ပိုင်းမှ တက်လာခဲ့တာပါ။ သူတို့ ဆက်ဆံနေတာကို ဝန်းရံပြီး အားပေးနေတဲ့သူတွေရှိသလို၊ ဝေဖန်ရှုံ့ချနေသူတွေလည်းရှိနေတာကို Channel 7 က ဖော်ပြထားတဲ့ ဗီဒီယိုအရ သိရပါတယ်။ သူတို့က ဂရုစိုက်ပုံမပေါ်ဘဲ (၁၀) မိနစ်ကျော်ကျော် ကြာမှာတော့ ဆက်ဆံနေတာ ပြီးသွားခဲ့ပါတယ်။
.
ထိုင်းနိုင်ငံရဲ့ တည်ဆဲဥပဒေအရဆိုရင်တော့ အများမြင်ကွင်းမှာ မသင့်တော်တဲ့ အပြုအမူတွေလုပ်တဲ့အတွက် ဘတ် ၅ ထောင် အနည်းဆုံး ဒဏ်ရိုက်ခံရဖွယ်ရှိနေပြီး အခုထိတော့ ရဲဘက်၊ အာဏာပိုင်ဘက်တွေက အရေးယူတာမရှိသေးပါဘူး။ သတိထားသင့်တဲ့ အပြုအမူပါပဲနော် ရွှေမြန်မာတို့ရေ...ဘတ် ၅ ထောင်မပေးချင်ရင် ထိန်းထိန်းသိမ်းသိမ်းနေကြပါ။
Ref: Thaiger

Global News - နိုင်ငံတကာသတင်းစုံ

05 Jan, 05:24


လူအများက ဒီပုံကို AI ပုံဖန်တီးထားတဲ့ပုံကြီးဆိုပြီး ထင်နေကြပေမယ့် အမှန်တရားကတော့ ဓာတ်ပုံဆရာ Lurdes Santander ရိုက်ခဲ့တာပေါ့ 📸👏။ သူမက ဒီပုံကို "Dreaming Above the Universe" ဒါမှမဟုတ် "Dream Beyond the Universe" လို့ အမည်ပေးထားတယ်။ ပရိသတ်တွေကလည်း ဒီပုံကို အရမ်းသဘောကျခဲ့ကြတယ် 😍
ဒီပုံမှာ ကြယ်တွေအောက်မှာ မိခင်ဝက်ဝံနဲ့ သားပေါက်သုံးကောင်ပါတဲ့ ဝက်ဝံမိသားစုတစ်စုကို မြင်ရမှာပါ🐻
ဒီပုံက 2024 Siena Creative Photo Awards (အီတလီနိုင်ငံ) မှာ ဖန်တီးမှုဓာတ်ပုံဆု ရထားတာပါ။ 🏆🎉

Global News - နိုင်ငံတကာသတင်းစုံ

05 Jan, 05:20


အကယ်ဒမီ ဆန်ခါတင်ဇာတ်ကားစာရင်း ထုတ်ပြန်
လာမည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ နေပြည်တော်တွင် ကျင်းပမည့် ၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ရေးအတွက် ဆန်ခါတင်ရုပ်ရှင်ဇာတ်ကား (၁၈)ကားစာရင်းကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဇန်နဝါရီလ(၂)ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
အဲဒီဆန်ခါတင်ရုပ်ရှင်ဇာတ်ကား(၁၈)ကားကတော့ မရဲ့အေးခဲသွားကြသူများ၊ ဖုန်းရွှေ၊ ဘိုးတော် ကင်း၊ အရက်စက်ဆုံးအနမ်း၊ သံယောဇဉ်တွေသာကျည်ဆန်ဖြစ်ခဲ့ရင်၊ ယောကျ်ားကောင်း အတောင်နှစ်ဆယ်၊ တခုတ်တရ၊ အစိုးမရအနတ္တ၊ စိတ်ကကြိုး၊ နှောင်၊ သဘင်သည်မြနှင်းဆီ၊ အိမ်မက်ကာရန်၊ မီး၊ ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်၊ နို့ထမင်း၊ တိမ်ပန်းချီ၊ မိတင်စိန်နဲ့ မေတ္တာ ရုပ်ရှင်ဇာတ်ကားတွေ ဖြစ်ပါတယ်။
အခုကျင်းပမယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအတွက် အကယ်ဒမီဆုရွေးချယ်ရေးဘုတ်အဖွဲ့မှာပါဝင်တဲ့ သူတွေအနေနဲ့ အကယ်ဒမီဆု မယူရဘူးဆိုတဲ့ စည်းမျဉ်းထုတ်ပြန်ထားတာဟာ ထူးခြားမှုတစ်ခုဖြစ်ပြီး အမှန်တ ကယ်ရသင့်ရထိုက်တဲ့သူတွေကို ရစေချင်တယ်လို့လည်း သရုပ်ဆောင်နိုင်လူက ပြောပါတယ်။

Global News - နိုင်ငံတကာသတင်းစုံ

05 Jan, 05:03


ကမ္ဘာ့လစာအများဆုံးဝန်ထမ်းအဖြစ် အိန္ဒိယနွယ်ဖွား ဂျာဒိဆင်း ရပ်တည်
အမေရိကန်အခြေစိုက် လျှပ်စစ်ကားဘက်ထရီ ထုတ်လုပ်မှုလုပ်ငန်းကြီး QuantumScape ရဲ့ ထူထောင်သူနဲ့ စီအီးအိုဟောင်း အိန္ဒိယနွယ်ဖွား ဂျာဒိဆင်းဟာ ဒီကနေ့ကမ္ဘာမှာ လစာအများဆုံးရရှိတဲ့ ဝန်ထမ်းအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း Moneycontrol ထုတ်ပြန်မှုအရ သိရှိရပါတယ်။
ဂျာဒိဆင်းဟာ တစ်နှစ်လစာ ဒေါ်လာ ၂ ဒဿမ ၁ ဘီလီယံရှိပြီး တစ်ရက်ဝင်ငွေနဲ့တွက်ရင်တောင် ဒေါ်လာ ၅ ဒဿမ ၆ သန်း ရှိနေခဲ့လို့ ကမ္ဘာ့လစာအကောင်းဆုံး အလုပ်သမားဝန်ထမ်းအဖြစ် ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။
သူဟာ အချိန် အတိုဆုံး အားသွင်းနိုင်ပြီး အချိန်အကြာဆုံး သုံးနိုင်စေမယ့် လျှပ်စစ်ကားတွေအတွက် ဘက်ထရီကို Quantumscape ကုမ္ပဏီကနေ အောင်မြင်စွာ ထုတ်လုပ်ပေးနိုင်ခဲ့သူဖြစ်ကာ ၂၀၂၄ ဖေဖော်ဝါရီက ကုမ္ပဏီ စီအီးအိုနေရာကို ဆီဗာဆီဗာရမ်ဆိုသူထံ လက်လွှဲပေးလိုက်ပေမယ့် ၂၀၁၀ မှာ စတင်ထူထောင်တဲ့ ဒီကုမ္ပဏီဟာ စတော့စျေးကွက်တန်ကြေး ဒေါ်လာ ၂ . ၃ ဘီလီယံတန်တဲ့အထိ အောင်မြင်ခဲ့လို့ ခုထိ ကုမ္ပဏီရဲ့ ဦးဆောင်ကဏ္ဍ ကနေ လစာများစွာ ခံစားရရှိနေသေးတာဖြစ်ပါတယ်။
နိုင်ငံတကာက ထိပ်တန်း တက္ကသိုလ်ကြီးတော်တော်များများက ဘွဲ့တွေ ရယူပြီး စွန့်ဦးတီထွင်လုပ်ငန်းရှင်၊ ဆန်းသစ်တီထွင် ဦးဆောင်လုပ်ငန်းရှင်အဖြစ် ကမ္ဘာ့စီးပွားရေးလောကမှာ ထိပ်တန်းပုဂ္ဂိုလ်ဖြစ်လာခဲ့တဲ့ ဂျာဒိဆင်းဟာ ကုမ္ပဏီပေါင်းများစွာမှာ အလုပ်သမားအဖြစ် ကျင်လည်ခဲ့ပြီး ဒီကုမ္ပဏီတွေထဲ HP နဲ့ Sun Microsystems တို့လည်း ပါဝင်ခဲ့ပါတယ်။
၁၉၉၂ ခုနှစ်မှာ AirSoft ကုမ္ပဏီထူထောင်ခဲ့ပြီး ၁၉၉၈ ခုနှစ်မှာ လည်း နောက်ထပ် ကုမ္ပဏီတစ်ခု ထပ်ထူထောင်ကာ ကုမ္ပဏီတော်တော်များများမှာ စီအီးအိုရာထူးတွေ ရရှိထားလို့ ဝင်ငွေပေါင်းများစွာကို ဝန်ထမ်းအဖြစ် ရရှိတဲ့ ဘီလျံနာတစ်ယောက် ဖြစ်လာခဲ့တာပါ။
Ref: newsbytesapp

Global News - နိုင်ငံတကာသတင်းစုံ

05 Jan, 04:54


အမေရိကန်သမ္မတရဲ့ ဂုဏ်ပြုဆုကို မအားလို့ လူကိုတိုင် တက်ပြီးမယူခဲ့တဲ့ မက်ဆီ
အာဂျင်တီးနား နဲ့ အင်တာမိုင်ယာမီ ဘောလုံးစတားကြီး လီယွန်နယ်မက်ဆီ ဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ရဲ့ အထူးဂုဏ်ပြုဆုကိုရရှိသွားခဲ့ပါတယ် ။ အဆိုပါဆုကို လူပုဂ္ဂိုလ် ၁၇ ယောက်ကို ပေးအပ်ချီးမြှင့်မှာဖြစ်ပြီး ဘောလုံးသမားထဲက မက်ဆီ တစ်ဦးသာ ပါရှိမှာ ဖြစ်ပါတယ် ။
Source:Sports Myanmar

Global News - နိုင်ငံတကာသတင်းစုံ

05 Jan, 04:53


အစမ်းမောင်းနှင်မှုနဲ့တင် ကမ္ဘာ့အမြန်ဆုံးအဖြစ် စံချိန်တင်ခဲ့တဲ့ တရုတ်ကျည်ဆန်ရထားအသစ်
CR450 လို့အမည်ပေးထားတဲ့ ဒီကျည်ဆန်ရထားကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့တုန်းက တရုတ်မှာ မိတ်ဆက်ခဲ့တာပါ။ ၁ နာရီ ၂၈၁ မိုင်နှုန်း (၄၅၀ ကီလိုမီတာ) အထိ မောင်းနှင်နိုင်တယ်လို့ ဆိုပါတယ်။
CR450 ဟာ လက်ရှိတရုတ်နိုင်ငံမှာ ပြေးဆွဲနေတဲ့ အမြန်ဆုံးကျည်ဆန်ရထား CR400 ထက် ၆၄ မိုင်နှုန်း ပိုမြန်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့အမြန်ဆုံးကျည်ဆန်ရထားအဖြစ် မျှော်လင့်ခဲ့ကြပြီး မိတ်ဆက်ခဲ့ရာမှာပဲ ကမ္ဘာ့အမြန်ဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။ CR450 ကို မမိတ်ဆက်ခင်မှာ သရုပ်ပြမှုတွေ ပလက်ဖောင်းစမ်းသပ်မှုတွေကို အကြိမ်ပေါင်း ထောင်နဲ့ချီကာ ပြုလုပ်ခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၁၀ စုနှစ်ကာလကစလို့ တရုတ်နိုင်ငံရဲ့ကျည်ဆန်ရထားဖွံ့ဖြိုးတိုးတက်မှုဟာ ကမ္ဘာပေါ်မှာ ထိပ်ဆုံးနေရာအဖြစ် ရပ်တည်နေတာပါ။ တရုတ်နိုင်ငံရဲ့ ကျည်ဆန်ရထားလမ်းတွေဟာ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာတွေအပြင် လေကြောင်းခရီးသွားလာခြင်းမှာပါ အစားထိုးနိုင်တဲ့အထိ ရွေးချယ်စရာဖြစ်နေတာ အတော်လေးကို ကြာနေပြီပဲဖြစ်ပါတယ်။

Global News - နိုင်ငံတကာသတင်းစုံ

05 Jan, 04:49


ကမ္ဘာကျော်သရုပ်ဆောင် Robert Downey Jr. ဟာ "Spider - Man : Homecoming" ဇာတ်ကားမှာ ၈ မိနစ်ကြာ ပါဝင်သရုပ်ဆောင်မှုအတွက် ဒေါ်လာ 10 သန်း ရရှိခဲ့ပါတယ် ဒါဟာ တစ်မိနစ်ကို ဒေါ်လာ ၁ သန်းကျော်နူန်းနဲ့ရရှိခဲ့တာဖြစ်ပါတယ်

Global News - နိုင်ငံတကာသတင်းစုံ

05 Jan, 04:44


5 - 1 - 2025 ( 9:00 am )
နိုင်ငံခြားငွေ အရွက်စျေးနှုန်းများ
USD 1$ - 4370 - 4440
GBP 1£ - 5420 - 5520
EUR 1€ - 4500 - 4580
SGD 1$ - 3230 - 3280
AUD 1$ - 2720 - 2760
AED 1 - 1190 - 1210
MYR 1. - 970 - 990
THB 1฿ - 127.5 -129.7
JPY 1¥ - 27.8 - 28.2
HKD 1$ - 564 - 574
CNY 1¥ - 600 - 610
INR 1Rp - 50.9 - 51.9
KRW 1₩ - 2.9 - 3.0

Global News - နိုင်ငံတကာသတင်းစုံ

05 Jan, 04:19


တရုတ်တွင် ကိုဗစ်ကပ်ရောဂါပြီးနောက် ငါးနှစ်အကြာ၌ ကူးစက်မြန်ဗိုင်းရပ်စ်အသစ်တစ်မျိုး ပျံ့နှံ့နေ
တရုတ်နိုင်ငံတွင် Covid-19 ကပ်ရောဂါဖြစ်ပွားပြီးနောက် ငါးနှစ်အကြာ၌ ကူးစက်မြန် human metapneumovirus (HMPV) ဗိုင်းရပ်စ်အသစ်တစ်မျိုး ပျံ့နှံ့လျက်ရှိကြောင်း သိရသည်။
အွန်လိုင်းတွင် ပျံ့နှံ့နေသော သတင်းများနှင့် ပို့စ်များအရ ဗိုင်းရပ်စ်သည် အလွန်ကူးစက်မြန်ပြီး ဆေးရုံများနှင့် မီးသင်္ဂြိုဟ်သည့် နေရာများတွင် ဝန်ပိလျက်ရှိကြောင်း ဖော်ပြထားသည်။
အွန်လိုင်းတွင် ပျံ့နှံ့နေသော ဗီဒီယိုများအရ ဆေးရုံများတွင် လူနာများ ပြည့်နေပြီး အွန်လိုင်းအသုံးပြုသူအချို့က ရာသီတုပ်ကွေး၊HMPV၊ Mycoplasma ကပ်ပါးပိုးကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါနှင့် ကိုဗစ်ရောဂါအပါအဝင် ဗိုင်းရပ်စ်အများအပြား ကူးစက်ပျံ့နှံ့နေသည်ဟု ဆိုကြသည်။
တရုတ်တွင် အရေးပေါ်ကျန်းမာရေးအခြေအနေ ကြေညာထားသည်ဟု ပြောဆိုမှုများရှိနေသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။

Global News - နိုင်ငံတကာသတင်းစုံ

05 Jan, 04:18


ဖိလစ်ပိုင်သမ္မတမားကိုစ်ဂျူနီယာဟာ ဒုသမ္မတ ဆာရာဒူတာတေးကို အမျိုးသားလုံခြုံရေးကောင်စီမှာ ရယူထားတဲ့ တာဝန်ကနေ ဖယ်ရှားမယ့် အမိန့်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။ သူတိုနှစ်ဦးကြားမှာ တင်းမာမှုတွေ ဖြစ်ပွားနေတာဖြစ်ပြီး တဦးနဲ့တဦး လုပ်ကြံဖိုအထိတောင် စီစဉ်ထားတယ်လို သတင်းတွေထွက်ပေါ်ခဲ့တာပါ။ အခုအခါမှာတော့ လုံး၀ကို အကွဲအပြဲတွေ ဖြစ်ခဲ့တာဖြစ်ပြီး အရေးပါတဲ့ ရာထူးတခုကနေ ဆာရာဒူတာတေးဖယ်ရှားခံလိုက်ရတာလည်း ဖြစ်ပါတယ်။

Global News - နိုင်ငံတကာသတင်းစုံ

05 Jan, 04:17


လူပေါင်း ၁၇၉ဦးအထိ သေဆုံးခဲ့တဲ့ ဂျယ်ဂျူးလေယာဉ်ပျက်ကျမှုမှာ ရှင်သန်ကျန်ရစ်နေခဲ့သူ နှစ်ဦးဟာ ပြန်လည်သက်သာကောင်းမွန်လာပြီလို သိရပါတယ်။ အသက်ဘေးစိုးရိမ်စရာမရှိတော့ဘူးလို တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။ သေဆုံးသူတွေထဲက ရုပ်အလောင်း ၁၀၃ ခုကိုလည်း သက်ဆိုင်ရာမိသားစုဆီ လွှပြောင်းပေးထားပြီးကြောင်းလည်း ဆိုပါတယ်။

Global News - နိုင်ငံတကာသတင်းစုံ

29 Dec, 09:14


ဒီပုံကို ကြည့်မယ်ဆိုရင် ထိုင်ဝမ်နိုင်ငံ ဟာ သဘာဝ ကို မထိခိုက်ဘဲ ခေတ်မှီတဲ့ လမ်းတွေ အဆောက်အဦးတွေကို ဆောက်လုပ်နိုင်စွမ်းရှိကြောင်းဖော်ပြနေပါတယ်

Global News - နိုင်ငံတကာသတင်းစုံ

29 Dec, 08:03


Airbus A380 လေယာဉ်ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး ခရီးသည်တင်လေယာဉ်ဖြစ်ပြီး ခရီးသည် ၈၅၀ ဦး အထိ တင်ဆောင်နိုင်ပါတယ်

Global News - နိုင်ငံတကာသတင်းစုံ

29 Dec, 08:03


Iceland နိုင်ငံဟာ ကမ္ဘာပေါ်မှာ ခြင်၊ မြွေတွေ နဲ့ အခြားတွားသွားသတ္တဝါများမရှိတဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်ပါတယ် ပင့်ကူမျိုးစိတ်အနည်းငယ်သာ ရှိပြီးသူတိုဟာလည်း လူ တွေကိုအန္တရာယ်မပြုနိုင်တဲ့ မျိုးစိတ်တွေဖြစ်ကြပါတယ်

Global News - နိုင်ငံတကာသတင်းစုံ

29 Dec, 08:02


အမေရိက မှာ Death Valley လို့ အမည်ရတဲ့ လမ်း ဟာ ကီလိုမီတာ 200 လောက် အထိ အကွေ့တစ်ကွေ့မှ မရှိဘဲ တစ်ဖြောင့်တည်း တည်ရှိနေတဲ့ ထူးထူးခြားခြား လမ်းမကြီးတစ်ခုဖြစ်ပါတယ်

Global News - နိုင်ငံတကာသတင်းစုံ

29 Dec, 08:02


91 % သော လူတွေဟာ ပေါင်မုန့်ရဲ့ ပထမဆုံး အချပ်ကို မစားကြပါဘူး

Global News - နိုင်ငံတကာသတင်းစုံ

29 Dec, 08:02


1997 ခုနှစ်တုန်းက Bill Gates ဟာ Apple ကုမ္ပဏီ ဒေဝါလီ မခံရဖိုအတွက် ဒေါ်လာသန်း 150 ရင်းနှီးမြှုပ်နှံခဲ့ဖူးပါတယ်

Global News - နိုင်ငံတကာသတင်းစုံ

29 Dec, 07:17


ဝါး ပင် ဟာ 1954 ခုနှစ်က ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့မှာ အဏုမြူဗုံးဒဏ်မှ လွတ်မြောက်နိုင်ခဲ့တဲ့ တစ်ခုတည်းသော အပင်ဖြစ်ပါတယ်

Global News - နိုင်ငံတကာသတင်းစုံ

29 Dec, 06:08


အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုဟာ ဆီးလမ်းကြောင်းပိုးဝင်မှုဖြစ်ပွားပြီး ဒီနေ့မှာ ခွဲစိတ်ကုသမှုခံယူဖို စီစဉ်ထားတယ်လို သိရပါတယ်။ အသက် ၇၅ နှစ်အရွယ် ဝန်ကြီးချုပ်ဟာ မတ်လအတွင်းကလည်း အူကျွံခဲ့တာကြောင့် ခွဲစိတ်မှုလုပ်ခဲ့ရသေးပြီး ဇူလိုင်လတုန်းကလည်း နှလုံးခုန်စက်ကို အစားထိုးထည့်သွင်းထားရသူဖြစ်ပါတယ်။

Global News - နိုင်ငံတကာသတင်းစုံ

29 Dec, 06:08


ရုရှားလေပိုင်နက်အတွင်း ဖြစ်ပွားခဲ့တဲ့ လေယာဉ်ပျက်ကျမှုအတွက် အဇာဘိုင်ဂျန်ကို ရုရှားသမ္မတပူတင်က တောင်းပန်စကားဆိုလိုက်ပါတယ်။ လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးထိခိုက်ခဲ့သူတွေအတွက် ဝမ်းနည်းကြောင်းလည်း ပူတင်က ဖုန်းဆက်သွယ်ပြောဆိုချိန်မှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ကနဦးစုံစမ်းမှုတွေနဲ့ မျက်မြင်သက်သေတွေရဲ့ အဆိုအရ ဒီဇင်ဘာ ၂၅ ရက်နေ့ဖြစ်စဉ်မှာ လေယာဉ်အပြင်ဘက်ကနေ ပေါက်ကွဲသံကြားရပြီးနောက် လေယာဉ်ကို လက်နက်လိုယူဆရတဲ့အရာ ထိမှန်ခဲ့တယ်လို သိရပါတယ်။

Global News - နိုင်ငံတကာသတင်းစုံ

29 Dec, 03:48


ဘန်ကောက် ကနေ တောင်ကိုရီးယားကို ပျံသန်းလာတဲ့ လေယာဉ် ဆင်းသက်စဉ် ဘီးချမရလို့ပြေးလမ်း ခြံစည်းရိုးနဲ့ တိုက်မိပြီး ခရီးသည် ၂၈ ယောက် ‌ေ-သဆုံး
လူပေါင်း ၁၈၁ ယောက် လိုက်ပါလာတဲ့ လေယာဉ်ဟာ တနင်္ဂနွေနေ့ နံနက်ပိုင်းမှာ တောင်ကိုရီးယားမှ လေဆိပ်ကို ဆင်းသက်စဉ် မတော်တဆမှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၂၈ ယောက် ‌ေ-သဆုံးသွားပါတယ်။ တောင်ကိုရီးယားရဲ့ ဂျယ်ဂျူ လေကြောင်းလိုင်းမှ လေယာဉ် ဖြစ်ပြီး Muan နိုင်ငံတကာ လေဆိပ်ကို ဆင်းသက်စဉ်မှာ ဘီးချမရဘဲ လေယာဉ်ပြေးလမ်း ခြံစည်းရိုးကို ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။
တောင်ကိုရီးယား မီးသတ်ဌာနက လူ‌ေ-သအလောင်း ၂၈ လောင်းကို တွေ့ရှိထားပြီး ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ပြောပါတယ်။
အဲဒီ လေယာဉ်မှာ ခရီးသည် ၁၇၅ ယောက်နဲ့ လေယာဉ်ဝန်ထမ်း ၆ ယောက်လိုက်ပါလာတာ ဖြစ်ပါတယ်။ ထိုင်း နိုင်ငံ ဘန်ကောက် ကနေ တောင်ကိုရီးယားကို ပျံသန်းလာတာ ဖြစ်ပါတယ်။ အာဏာပိုင်တွေက ကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။ လေယာဉ် မတော်တဆမှု ဖြစ်ရတဲ့ အကြောင်းအရင်းကို မသိရသေးပါဘူး။
Ref : Firstpost

Global News - နိုင်ငံတကာသတင်းစုံ

27 Dec, 10:13


၁၉၁၄ ခုနှစ်က ဒီလိုခရစ္စမတ်နေ့မျိုးမှာ ပထမကမ္ဘာစ-စ်ကြီးဖြစ်ပွားနေခဲ့ပါတယ်။
အဲ့ဒီနေ့မှာ ဂျာမနီနဲ့ အင်္ဂလိပ်စ-စ်သားတွေဟာ ခရစ္စမတ်နေ့အထိမ်းအမှတ်အဖြစ် စ-စ်ပွဲကိုယာယီရပ်နားခဲ့ကြပြီး ရ-န်သူတွေဖြစ်မှ အချင်းချင်းချစ်ခင်ရင်းနှီးစွာ ဘောလုံးကစားခဲ့ကြပါတယ်။

Global News - နိုင်ငံတကာသတင်းစုံ

27 Dec, 10:12


နယ်သာလန်တွင် လွန်ခဲ့တဲ့ နှစ် ပေါင်း 2,000 သက်တမ်းရှိ ရောမပန်းကန်လုံးအား ရှာဖွေတွေ့ရှိခဲ့ပါတယ်။
2022 ခုနှစ်တွင် ဒတ်ခ်ျမြို့ Nijmegen တွင် တူးဖော်လုပ်ကိုင်နေသော ရှေးဟောင်းသုတေသနပညာရှင်များသည် သေချာသိမ်းဆည်းထားသော နှစ်ပေါင်း 2,000 သက်တမ်းရှိ အပြာရောင်ဖန်ခွက်တစ်လုံးကို ၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် တွေ့ရှိခဲ့ကြောင်း ဒတ်ခ်ျသတင်းစာ de Gelderlander အတွက် Anne Nijtmans က ရေးသား ဖော်ပြထားပါတယ်။
စွန်ပလွံအရွယ်ပန်းကန်သည် ရာစုနှစ်များစွာကြာအောင် မြေအောက်၌ နစ်မြုပ်နေခဲ့ပြီး ဟောင်းနွမ်းမှုမရှိဘဲ လုံးဝနဂိုအတိုင်း ကျန်ရှိနေခဲ့သည်ဟု ဆိုသည်။
ပစ္စည်းကို ဒေါင်လိုက် အစင်းကြောင်းများဖြင့် ခွဲခြားထားသည်။
ဖန်ခွက်အရောအနှော အရည်ရှိနေချိန် ရေးဆွဲထားတဲ့ ပုံစံ ဖြစ်ပြီးတော့သတ္တုအောက်ဆိုဒ်သည် အပြာရောင်ကို ဖြစ်စေသည်။

Global News - နိုင်ငံတကာသတင်းစုံ

27 Dec, 09:32


တရုတ်နိုင်ငံ က အမြင့်ပေ 1100 ရှိတဲ့ Tianyu တောင် မှာ စက်လှေကားတပ်ဆပ်လိုက်တာကြောင့် လာရောက်လည်ပတ်တဲ့ သူတွေဟာ ယခင်က ခြေလျင်နဲ့ မိနစ် 50 ခန့် လျှောက်ရမည့်အစား အခုဆိုရင် တောင်ပေါ်ရောက်ဖို့ 10 မိနစ်သာကြာပါတော့တယ်

Global News - နိုင်ငံတကာသတင်းစုံ

27 Dec, 09:11


ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယား အရှေ့ပိုင်းရှိ "အွိုင်မြာကွန်(Oymyakon)"ဆိုတဲ့ မြို့ငယ်လေးကို ကမ္ဘာပေါ်က လူနေထိုင်ရာဒေသတွေအနက် အအေးဆုံးနေရာအဖြစ် မှတ်တမ်းတင်ထားပါတယ်။ အွိုင်မြာကွန်မြို့လေးရဲ့ အနိမ့်ဆုံးအပူချိန်ဟာ -71.7°C ရှိပါတယ်။ အွိုင်မြာကွန်ဆိုတဲ့ မြို့နာမည်ကတော့ "အေးခဲခြင်းမရှိသောရေ" လို့အဓိပ္ပါယ်ရပြီး အနီးအနားမှာရှိတဲ့ ရေပူစမ်းတွေဆီက စီးဆင်းလာတဲ့ မခဲသေးတဲ့ရေတွေကို ဆိုလိုတာပါ။ လူဦးရေ ၄၅၀ ဝန်းကျင်ပဲရှိတဲ့ အဲဒီမြို့ငယ်လေးဟာ အန္တာတိကတိုက် လွန်ကဲတဲ့အအေးမှတ်ကိုကျော်လွန်အောင် အေးတဲ့အတွက်ကြောင့် လူသားတွေအခြေချနေထိုင်ကြတဲ့ဒေသတွေအနက် အနိမ့်ဆုံးအပူချိန်ရှိတဲ့ ဒေသအဖြစ် ကျော်ကြားပါတယ်။

Global News - နိုင်ငံတကာသတင်းစုံ

27 Dec, 08:39


နှစ်ကူးရုံးပိတ်ရက်အတွက် ပုဂံဒေသ ဟိုတယ်အခန်းများ ပြည့်နေ
နှစ်သစ်ကူးရုံးပိတ်ရက်ရှည်မှာ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ခရီးသွားဧည့်သည်တွေ လာရောက်လည် ပတ်ဖို့အတွက် ဟိုတယ်အခန်းတွေနဲ့ တည်းခိုရိပ်သာတွေမှာ ကြိုတင်မှာယူမှုတွေ ပြည့်နေတယ်လို့ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံဌာနခွဲ)တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်က ပြောပါတယ်။

Global News - နိုင်ငံတကာသတင်းစုံ

27 Dec, 08:12


တရုတ်နိုင်ငံ၊ ရှန်ကျန်းရှိ C Tower
Zaha Hadid Architects (ZHA) မှ ဒီဇိုင်းထုတ်ထားသည့် C Tower သည် ရှန်ကျန်း၏ Bay park တွင် ထင်ရှားသော အထင်ကရနေရာတစ်ခု ဖြစ်လာစေရန်အတွက် ရည်ရွယ်ပြီး တည်ဆောက်တာလို့ဆိုပါတယ်။
မိုးမျော်တိုက် C Tower သည် ၁၂၉၃ ပေ (၃၉၄ မီတာ) အမြင့်ရှိပြီး တာဝါနှစ်ခုကို ချိတ်ဆက်ထားသော ဆောက်လုပ်ဆဲ မိုးမျှော်အဆောက်အဦဖြစ်သည်။
အဆိုပါ မိုးမျှော်တိုက် C Tower သည် ၂၀၂၇ ခုနှစ်တွင် ပြီးစီးမည်ဟု ခန့်မှန်းထားပါသည်။

Global News - နိုင်ငံတကာသတင်းစုံ

24 Dec, 10:22


တူရကီ ယမ်းဘီလူးစက်ရုံ ပေါက်ကွဲမှုကြောင့် လူ ၁၂ ဦး သေဆုံး
တူရကီနိုင်ငံ အနောက်မြောက်ပိုင်းရှိ ယမ်းဘီလူးပစ္စည်းစက်ရုံတစ်ရုံမှာ ဒီဇင်ဘာ ၂၄ ရက်၊ ဒီကနေ့ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၁၂ ဦး သေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး Ali Yerlikaya က ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားချိန်အတွင်း စက်ရုံအဆောက်အအုံမှ မီးတောက်နဲ့ မီးခိုးတွေ ထွက်လာပုံကို စီအင်န်အင်န်(တူရကီရုံးခွဲ)က ထုတ်လွှင့်ပြသခဲ့ပြီး နောက်ဆက်တွဲဗီဒီယိုဖိုင်မှာ ပေါက်ကွဲမှုကြောင့် ပြိုကျပျက်စီးသွားတဲ့ ပြတင်းပေါက်ဘောင်တွေနဲ့ အဆောက်အအုံကို ပြသခဲ့ပါတယ်။
Balikesir ပြည်နယ်ရှိ Kavakli ကျေးရွာရှိ အဲဒီစက်ရုံပေါက်ကွဲဟာ ဗုံးခွဲမှုအဖြစ် သံသယမရှိကြောင်း ဒေသခံအုပ်ချုပ်ရေးမှူးရဲ့ပြောကြားချက်ကို ကိုးကားပြီး စီအင်န်အင်န်ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့ပါတယ်။
မီးငြှိမ်းသတ်ဖို့ မီးသတ်တပ်ဖွဲ့ဝင် အများအပြားကို စေလွှတ်ခဲ့ကြောင်း၊ စုံစမ်းစစ်ဆေးနေတဲ့အချိန်မှာပဲ ကျန်းမာရေးဝန်ထမ်းတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထပ်မံစေလွှတ်ခဲ့ကြောင်း တူရကီအစိုးရ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

Global News - နိုင်ငံတကာသတင်းစုံ

24 Dec, 09:38


❝ဈေးပွဲတော်ပါဝင်တဲ့ ခရစ္စမတ်ပွဲတော်ကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ (၆) ရက်ကြာကျင်းပမည်❞
တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)နဲ့ MJE Company Limited တိုက စီစဉ်တဲ့ Christmas & Pre New Year Open Events ပွဲတော်ကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ ဒီဇင်ဘာလ ၂၅ ရက်ကနေ ၃၀ ရက်အထိ ၆ ရက်တိုက်တိုင်ကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။
ဈေးပွဲတော်မှာ ပါဝင်ရောင်းချမယ်ဆိုရင်တော့ ၁၀ ပေ ပတ်လည် ဆိုင်ခန်း တစ်ခန်းကို ကျပ် ၂ သိန်းခွဲကနေ ကျပ် ၆ သိန်းအထိ ရှိတယ်လိုလည်း သိရပါတယ်။

Global News - နိုင်ငံတကာသတင်းစုံ

24 Dec, 09:24


မြန်မာနိုင်ငံတွင် PDF အကြမ်းဖက်သမားများ/သောင်းကျန်းသူများကြောင့် သေဆုံးဒဏ်ရာရ သံဃာတော်များနှင့် သီလရှင်များ စာရင်း။
၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့မှ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၂၀)ရက်နေ့အထိ

Global News - နိုင်ငံတကာသတင်းစုံ

24 Dec, 08:33


֍ ဒီသင်္ဘောတစီးလုံးကိုတော့ ပုံမှန်သင်္ဘောတွေရဲ့ ဦးပိုင်းပဲ ပါရှိဟန်နဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။
֍ ထူးခြားတဲ့ပုံသဏ္ဍာန်နဲ့ တည်ဆောက်ထားတဲ့ ဒီသင်္ဘောရဲ့အမည်က Ramform Titan ဖြစ်ပါတယ်။
֍ ၂၀၁၃ ခုနှစ်က ဂျပန်နာဂါဆာကီက မစ်ဆူဘီရှီသင်္ဘောကျင်း MHI မှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
֍ သမုဒ္ဒရာရေကြောင်းဆိုင်ရာ စူးစမ်းလေ့လာရေး marine seismic acquisition vessel သင်္ဘောအမျိုးအစားဖြစ်ပြီး သင်္ဘောရဲ့အလျားက ၃၄၂ပေ ၊ အကျယ်က ၂၃၀ပေ ရှိပါတယ်။
֍ တနာရီကို ရေမိုင် ၁၆မိုင် အမြန်နှုန်းနဲ့ ခုတ်မောင်းနိုင်ပြီး သင်္ဘောဝန်ထမ်းဦးရေ ၈၀ ဦး ပါဝင်ပါတယ်။
֍ နော်ဝေကုမ္ပဏီ Petroleum Geo-Services (PGS) က 3D seismic data acquisition အတွက် အသုံးပြုတာဖြစ်ပါတယ်။
֍ ဆိုက်စမစ် အချက်အလက် ကောက်ယူခြင်း seismic data acquisition ဆိုတာကတော့ မြေအောက်မှာရှိတဲ့ကျောက်လွှာတွေအကြောင်း အချက်အလက်များစုဆောင်းတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ အသံလှိုင်းများကို မြေအောက်ထဲ (သို့) သမုဒ္ဒရာကြမ်းပြင်ထဲသို့ ပို့လွှတ်ပြီး အဲဒီ လှိုင်းများ ပြန်လည်ထွက်ပေါ်လာပုံကို မှတ်တမ်းတင်ခြင်းဖြစ်ပါတယ်။ အသံလှိုင်းတွေရဲ့ သွားလာ ပြန်လည်ရောက်ရှိပုံက သိပ္ပံပညာရှင်များအား မြေအောက်ရှိ ရေနံ၊ ဓာတ်ငွေ့ (သို့) တွင်းထွက်ပစ္စည်းတွေရဲ့ ဖွဲ့စည်းပုံ၊ အမျိုးအစားနှင့် တည်နေရာကို နားလည်စေတယ် လို့သိရပါတယ်။ ဒီနည်းလမ်းကို ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးလုပ်ငန်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိပါတယ်။
֍ Petroleum Geo-Services (PGS) ကုမ္ပဏီဟာ ဒီသင်္ဘောနဲ့ ပုံစံတူ အခြားသင်္ဘော ၃စီးဖြစ်တဲ့ Ramform Atlas, Ramform Hyperion နဲ့ Ramform Tethys တို့ကိုလည်း တည်ဆောက်ထားပါသေးတယ်။

Global News - နိုင်ငံတကာသတင်းစုံ

24 Dec, 08:25


ရေအောက်ကေဘယ်ကြိုးတွေ သွယ်တန်းပေးတဲ့ ကမ္ဘာ့အကြီးဆုံး သင်္ဘောကြီး
အင်တာနက်လိုင်း၊ လျှပ်စစ်လိုင်းနဲ့ ဓာတ်ငွေ့ပိုက်လိုင်းတွေ သွယ်တန်းဖို့ အသုံးပြုတဲ့သင်္ဘောတွေထဲမှာတော့ အီတလီအလံ လွှင့်ထူထားတဲ့ လီယိုနာဒိုဒါဗင်ချီသင်္ဘောက အကြီးဆုံးပါပဲ။
ရေအောက်အနက် မီတာ ၃၀၀၀ မှာ ကေဘယ်ကြိုးတွေ သွယ်တန်းပေးနိုင်စွမ်းရှိပြီး တန်ချိန် ၁၇၀၀၀ တင်နိုင်စွမ်း ရှိပါတယ်။ လီယိုနာဒိုဒါဗင်ချီသင်္ဘောဟာ ကေဘယ်ကြိုးကို တစ်ကြိုးတည်း မဟုတ်ဘဲ တပြိုင်တည်း နှစ်ကြိုး သွယ်တန်းပေးနိုင်တာကြောင့် အလုပ်ပြီးမြောက်မှုနှုန်း ပိုမိုမြန်ဆန်ပါတယ်။
မျက်မှောက်ခေတ် နည်းပညာလောကရဲ့ အံ့ဘွယ်တည်ဆောက်မှုတစ်ခုဖြစ်တာကြောင့် ကမ္ဘာကျော် ပန်းချီဆရာ လီယိုနာဒိုဒါဗင်ချီရဲ့ အမည်ကို အစွဲပြု မှည့်ခေါ်ခဲ့တာပါ။
လွန်ခဲ့တဲ့ ၃ နှစ်မှာ အီတလီနိုင်ငံအခြေစိုက် ကေဘယ်ကြိုး ထုတ်လုပ်ရေးကုမ္ပဏီ Prysmian Group က တည်ဆောက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ မြောက်ပင်လယ်ထဲမှာ ကေဘယ်ကြိုးတွေ သွယ်တန်းလျက်ရှိပါတယ်။
Ref: Leonardo da vinci vessel

Global News - နိုင်ငံတကာသတင်းစုံ

24 Dec, 07:07


လာမည့်နှစ် ဖေဖော်ဝါရီလ၌ မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်အား (၇၅)ရက်တိုင်ကျင်းပမည်
မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေ စက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်အား လာမည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ၌ (၇၅)ရက်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဗုဒ္ဓပူဇနိယပွဲတော်အား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်မှစတင်ကာ ဧပြီ ၁၇ ရက်အထိ (၇၅)ရက်တိုင်ကျင်းပသွားမည်ဖြစ်၍ ပွဲတော်ကာလအ တွင်း တင်ဒါလုပ်ငန်းလုပ်ကိုင်ခွင့်များကို မန်းရွှေစက်တော်ဘုရားဂေါပကရုံး၌ သတ်မှတ်ပုံစံဖြင့် ဒီဇင်ဘာ ၂၀ ရက်မှ ၃၁ ရက်အတွင်းလျှောက်ထားနိုင်ကြောင်း သိရသည်။
အဆိုပါ လျှောက်ထားမှုများအနက် တည်းခိုဆောင်တင်ဒါလုပ်ငန်းဖွင့်ပွဲအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်နံနက် ၁၀ နာရီ၊ အထွေထွေအရပ်အရပ်လုပ်ငန်းများအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်နံနက် ၁၀ နာရီတို့၌ မင်းဘူးမြို့နယ်ထွေအုပ်ရုံးတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Global News - နိုင်ငံတကာသတင်းစုံ

24 Dec, 06:52


အုန်းကဏန်း (Coconut crab)
အုန်းကဏန်းသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ကုန်းနေ ကဏန်းကြီးမျိုးစိတ်ဖြစ်ပြီး ဓားပြကဏန်း(robber crab) သို့မဟုတ် ထန်းသူခိုး(palm thief) ဟုလည်း လူသိများသည်။
အရွယ်ရောက်ပြီးသော အုန်းကဏန်းများသည် ခြေထောက်အရှည် ၁ မီတာ (၃.၃ ပေ) အထိရှိပြီး အလေးချိန် ၄ ကီလိုဂရမ် (၈.၈ ပေါင်) အထိ ရှိနိုင်သည်။ သက်တမ်းအားဖြင့် နှစ် ၅၀ ကျော်အထိ ရှင်သန်နိုင်ကြပါသည်။
၎င်းတို့သည် ကျွမ်းကျင်သော တောင်တက်သမားများဖြစ်ကြပြီး အုန်းပင်များကို ကောင်းကောင်း တက်နိုင်ကြသည်။
​အိန္ဒိယသမုဒ္ဒရာတစ်လျှောက်ရှိ ကျွန်းများနှင့် ပစိဖိတ်ဒေသရှိ ကျွန်းများတွင် တွေ့ရတတ်ပြီးအမည်အရ အုန်းကဏန်းဟု ဆိုကြသော်လည်း အုန်းသီးသည် ၎င်းတို့၏ အဓိက အစားအစာမဟုတ်သော်လည်း သန်မာသော သူတို့၏ လက်မများဖြင့် အုန်းသီးကိုခွဲပြီး အုန်းဆံကို စားသုံးတတ်ကြပါသည်။

Global News - နိုင်ငံတကာသတင်းစုံ

24 Dec, 06:38


မကြာသေးမှီရက်ပိုင်းက ဆော်ဒီတော်ဝင်မိသားစု မှ Turki Alalshikh ဟာ Mike Tyson အားမကျေပွဲအဖြစ် Jake Paul နဲ့ ပြန်လည်ထိုးxတ်ပြီး အနိုင်ရရှိပါက ဆုကြေး ဒေါ်လာ သန်း 700 ပေးမယ်လို့ သတင်းများထွက်ပေါ်ခဲ့ပါတယ်

Global News - နိုင်ငံတကာသတင်းစုံ

24 Dec, 06:30


Switzerland နိုင်ငံ စာလုံးပေါင်းဟာ စာလုံးတွေ တစ်လုံးနဲ့ တစ်လုံး မထပ်တဲ့ ကမ္ဘာ့အရှည်ဆုံးနိုင်ငံဖြစ်ပါတယ်

Global News - နိုင်ငံတကာသတင်းစုံ

24 Dec, 06:29


မွေးရပ်ဇာတိ ပဲခူးတိုင်း၊ မိုးညိုမြို့နယ်၊ အင်းတော်တလုပ်ကျေးရွာမှာ စည်းကားစွာကျင်းပခဲ့ကြတဲ့ Cele မိုးညိုရဲ့မင်္ဂလာဧည့်ခံပွဲ အခမ်းအနားပုံရိပ်များ

Global News - နိုင်ငံတကာသတင်းစုံ

24 Dec, 06:26


ကမ္ဘာတဝှမ်း အကြီးအကျယ်အောင်မြင်ခဲ့တဲ့ Netflix က ကိုရီးယား ရုပ်ရှင် Squid Game စီးရီး ဒုတိယမြောက် ရုပ်ရှင် စီးရီး နိုင်ငံတကာကို ပြသတော့မှာဖြစ်တဲ့အတွက် ထိုင်းနိုင်ငံ Chao Phraya မြစ်ထဲမှာ Young-Hee အရုပ်ကြီးကို လှေပေါ်တင်ပြီး ဒီဇင်ဘာလ ၂၂ ရက် တနင်္ဂနွေနေ့က ကြော်ငြာသရုပ်ပြပွဲ ကျင်းပပါတယ်။
ရှင်သန်ဖို့အတွက် အသက်နဲ့ရင်းပြီး အကြိတ်အနယ်ယှဉ်ပြိုင်ရတဲ့ ဂိမ်းကစားနည်းကို ရုပ်ရှင်တခုဖြစ် ဖန်တီးခဲ့တဲ့ ကိုရီးယားရုပ်ရှင်ဟာ ကမ္ဘာတဝှမ်း နိုင်ငံပေါင်း ၉၀ ကျော်က မိသားစု သန်း ၁၄၀ ကျော် အရူးအမူးစွဲလမ်းခဲ့တဲ့ ဂိမ်းကစားနည်း ဖြစ်ခဲ့ပါတယ်။
ပြင်ပ Reality ပြိုင်ပွဲတွေမှာ ဆုကြေးအများဆုံးပေးမယ့်ဂိမ်းဖြစ်ပြီး ကိုရီးယားဝမ် ၄၅ ဘီလျံကျော်၊ အမေရိကန် ဒေါ်လာနဲ့ သန်း ၃၀ ကျော် ဆုကြေးရမယ့်ဂိမ်းအဖြစ် ကြေညာထားပါတယ်။
မြန်မာနိုင်ငံမှာတော့ မီးနီ၊ မီးစိမ်းနဲ့ ကမ္ဘာကိုလွှမ်းမိုးခဲ့တဲ့အက်ရှင်ဂိမ်း ဒါမှမဟုတ် ရှင်သန်မှုအတွက် ရက်စက်ပြီး လျင်မြန်ဖျတ်လတ်စွာ ယှဉ်ပြိုင်ရတဲ့ဂိမ်းဆိုပြီး လူသိများပါတယ်။

Global News - နိုင်ငံတကာသတင်းစုံ

30 Nov, 09:22


တူရကီကျောထောက်နောက်ခံပေးထားတဲ့ ဆီးရီးယားအမျိုးသားတပ်မတော် (SNA) တပ်ဖွဲယာဉ်တန်းကို ရုရှားလေတပ်က တိကျတဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ ရုပ်သံဖိုင်လို သိရပါတယ်။ SNA နေရာတွေကို ဗုံးတွေ ကျရောက်လာတဲ့ အခိုက်အတန့်ကို ပြသထားတာလည်းဖြစ်ပါတယ်။

Global News - နိုင်ငံတကာသတင်းစုံ

30 Nov, 09:22


အလက်ပိုမှာ ပါလက်စတိုင်းအလံကို စစ်သွေးကြွတွေက တက်နင်းနေတာဖြစ်ပါတယ်။ သူတိုကို နေတိုးက ကျောထောက်နောက်ခံပေးထားတယ်လို ရုရှားသတင်းဌာန RT က ရေးသားပြောဆိုထားကာ စစ်သွေးကြွတွေက ဘယ်သူ့ဘက်မှာရှိလဲဆိုတာကို ပြသဖို အချိန်သိပ်မကြာလိုက်ဘူးလိုလည်း ရေးသားထားပါတယ်။

Global News - နိုင်ငံတကာသတင်းစုံ

30 Nov, 09:22


နေတိုးက အထောက်ပံ့ပေးထားတဲ့ စစ်သွေးကြွတွေအုပ်စုတွေကို အနောက်အလက်ပိုမှာ ရုရှားက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် မြင်တွေ့ရတာလို RT က ဖော်ပြထားပါတယ်။ မြေပြင်အခြေအနေကို အသေးစိတ်မသိရသေးပေမယ့် စစ်သွေးကြွတွေဟာ မြေတလက်မစီတိုင်းအတွက် ကြီးမားတဲ့အဖိုးအခပေးနေရတယ်လိုလည်း ဆိုပါတယ်။

Global News - နိုင်ငံတကာသတင်းစုံ

30 Nov, 09:22


ရုရှားနဲ့ တရုတ်တိုဟာ အမေရိကန်ရဲ့ ရန်သူမဟုတ်ဘဲ သူ သမ္မတဖြစ်လာချိန်မှာ အဆိုပါနိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်သွားမယ်လို ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပါတယ်။

Global News - နိုင်ငံတကာသတင်းစုံ

30 Nov, 09:21


ရုရှားကာကွယ်ရေးဦးစီးချုပ်နဲ့ ပြုံယမ်းမှာ‌ တွေ့ဆုံစဉ်အတွင်း ကင်ဂျုံအန်က မြောက်ကိုရီးယားတပ်သား ၆၉၄၂၀ ဦးအထိ ထပ်မံစေလွှတ်ပေးမယ်လို သဘောတူပြောဆိုခဲ့ပါတယ်။

Global News - နိုင်ငံတကာသတင်းစုံ

30 Nov, 08:46


ကမ္ဘာ့အကျယ်ဆုံး ရေကန်
ကမ္ဘာ့အကျယ်ဆုံးရေကန်ဟာ အီရန်နဲ့ ရုရှားနိုင်ငံတွေအကြားမှာရှိတဲ့ ကက်စ်ပီယန် ပင်လယ် ဖြစ်ပါ တယ်။
ကက်စ်ပီယန် ပင်လယ်ကို ပင်လယ်လို့ခေါ်ပေမယ့် `သမုဒ္ဒရာတွေနဲ့ ဆက်သွယ်ဆက်စပ်နေတာ မရှိပါဘူး၊ အလွန်တရာ ကြီးမားတဲ့ ကုန်းတွင်းပိုင်း ရေကန်ကြီးတစ်ခုသာ ဖြစ်ပါတယ်၊
သူ့ရဲ့ စုစုပေါင်း ဧရိယာ အကျယ်အဝန်းက စတုရန်း ကီလိုမီတာ (၃၇၁,၈ဝဝ) ဖြစ်ပါတယ်၊
သဲကန္တာရ တစ်ခုရဲ့ အတွင်းမှာရှိတာ ကြောင့် ရေ အမြောက်အများဟာ အငွေ့ပျံကုန်တယ်၊ ပြီးတော့ ရေ က အရမ်းငန်ပါတယ်။
အမေရိကန်နဲ့ ကနေဒါကြားမှာရှိတဲ့ ဆူပီးရီးယား ရေကန်ကြီးကတော့ အကြီးဆုံး ရေချိုကန်ကြီး ဖြစ်တယ်၊ သူ့ရဲ့ ဧရိယာအကျယ်အဝန်းက ၈၂,၃၅ဝ စတုရန်း ကီလိုမီတာ ဖြစ်တယ်၊
ကမ္ဘာ့အမြင့်ဆုံး (နေရာမှာ တည်ရှိတဲ့) ရေကန်ကြီးကတော့... ဧဝရက်တောင်နားမှာရှိတယ်၊ ရေခဲတောင် က လျှောဆင်းလာပြီး အမည်နာမ မမှည့်ခေါ်ရသေးတဲ့ ရေခဲ (ရေ)ကန်ကြီး ဖြစ်တယ်၊
ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၅၈၈၀ မှာ ရှိတယ်၊ တီတီကာကာ ရေကန်ကြီးကတော့ လှေ သင်္ဘောတွေ သွားလာနိုင်တဲ့ အမြင့်ဆုံး(နေရာမှာ တည်ရှိတဲ့) ရေကန်ကြီး ဖြစ်ပါတယ်။

Global News - နိုင်ငံတကာသတင်းစုံ

30 Nov, 08:30


ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ခ်က SpaceX ဒုံးပျံများဖြင့် ခရီးသည်တင် လန်ဒန်မှ နယူးယောက်သို့ မိနစ် ၃၀ အတွင်း ပျံသန်းနိုင်မည်ဟု ဖော်ပြ
လောလောဆယ် လန်ဒန်ကနေ နယူးယောက်ကို မရပ်မနား လေယာဉ်နဲ့ ရောက်ဖို့ ၈ နာရီ ၁၀ မိနစ်ကြာတယ်!

Global News - နိုင်ငံတကာသတင်းစုံ

30 Nov, 07:36


🌏ကမ္ဘာပထမဆုံး မီးရထားဝန်ထမ်း မျောက်ကလေး Jack🐒
တောင်အာဖရိကရဲ့ မီးရထားလုပ်ငန်းမှာ Signalman အဖြစ် ၁၈၈၁ ခုနှစ်မှ ၁၈၉၀ ထိ အလုပ်လုပ်ခဲ့သူ ဖြစ်ပါသတဲ့ ။
မီးရထားလုပ်ငန်းရဲ့ တရားဝင်ဝန်ထမ်း ဖြစ်ခဲ့ပြီး တရက်လုပ်ခ ၂၀ ဆင့်နဲ့ တပတ်ကို ဘီယာစည်တဝက် သောက်သုံးခွင့် ရရှိခဲ့တဲ့ မျောက်ကလေးပါ ။
Jack ဟာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလတလျောက်မှာ အမှားအယွင်းလေး တခုတောင်မလုပ်ခဲ့ပဲ တာဝန်ကို လုံးဝ ကျေပွန်တဲ့ လုပ်သားကောင်းတယောက်ဖြစ်ခဲ့ပါတယ်။
သူဟာ မီးရထား Signalman လုပ်သား James Wide ရဲ့ မျောက်ကလေးဖြစ်ပါတယ်။
James Wide ဟာ တာဝန်ထမ်းဆောင်ရင်း မီးရထားမတော်မဆမှုတခုကြောင့် ခြေထောက်တွေ ဆုံးရှုံးခဲ့ရပြီးတဲ့နောက် တနေ့တာသူရဲ့တာဝန်တွေကို ကူညီလုပ်ဆောင်ပေးဖို့အတွက် Jack ကို လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။
Jack ဟာ တောင်အာဖရိကရဲ့မီးရထားလုပ်ငန်းမှာ နာမည်ကျော် ဝန်ထမ်းတယောက်ဖြစ်ခဲ့ပြီး Signalman လုပ်သားတွေထဲမှာ အတော်ဆုံးလုပ်သားအဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။
တာဝန်ထမ်းဆောင်တဲ့ ၉ နှစ်တာကာလအတွင်း လူသားဝန်ထမ်းတွေလို လုပ်ငန်းခွင်အမှားအယွင်း တခုတောင် မပြုခဲ့တဲ့ တာဝန်ကျေပွန်လွန်းတဲ့ မျောက်ကလေး ဖြစ်လို့ပါပဲ။
Jack ဟာ သူ့သက်တမ်းစေ့တဲ့ ၁၈၉၀ မှာ တာဝန်ထမ်းဆောင်နေရင်း ကွယ်လွန်ခဲ့ပါတယ်။
သူ့ရဲ့ အရိုးခေါင်းနဲ့ အရိုးစုကို Grahamstown မြို့က Albany Museum ပြတိုက်မှာ ထိန်းသိမ်းပြသထားခံရပါတယ် ။
မီးရထားလုပ်ငန်းသမိုင်းမှာ မှတ်ကျောက်တင်ခံခဲ့ရတဲ့ ဝန်ထမ်းမျောက်ကလေး ဖြစ်ခဲ့လို့ပါပဲ ။

Global News - နိုင်ငံတကာသတင်းစုံ

30 Nov, 06:53


Michael Jackson ရဲ့ နောက်ဆုံး ဇာပန အခမ်းအနားကို လူပေါင်း 2.5 ဘီလီယံ ကျော် က တိုက်ရိုက် ကြည့်ရူခဲ့ပြီး
ဒါဟာ သမိုင်းတစ်လျှောက် လူကြည့်အများဆုံး
တိုက်ရိုက်ထုတ်လွှင့်မှု တစ်ခုဖြစ်ခဲ့ပါတယ်

Global News - နိုင်ငံတကာသတင်းစုံ

30 Nov, 06:38


ရန်ကုန်မြိုပတ်တွင် DEMU ရထားများ စတင်ပြေးဆွဲ
ရန်ကုန်မြိုပတ်ရထားလမ်းပိုင်း၌ စပိန်နိုင်ငံထုတ် DEMU ရထားတွဲများ စတင်ပြေးဆွဲနေကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ရထားခရီးစဉ် လမ်းကြောင်းများသည် ရန်ကုန်အထိ လမ်း ကြောင်း (၇) ခုနှင့် ရန်ကုန်မှ မင်္ဂလာဒုံ၊ အင်းစိန်အထိ လမ်း ကြောင်း (၇) ခု စုစုပေါင်း လမ်းကြောင်း (၁၄) ခုအထိ ရှိကြောင်းလည်း သိရသည်။
စီးနင်းခအနေဖြင့် မြိုတစ်ပတ်စာ(၃၃) ဘူတာကို မြန်မာငွေ (၈၀၀)၊ (၁၅) ဘူတာကို မြန်မာငွေ ကျပ် (၄၀၀) ကျသင့်မည် ဖြစ်ပြီး ရထားအစောဆုံးအချိန်သည် ရန်ကုန်ဘူတာကြီးမှ မင်္ဂလာဒုံဘက်သို နံနက် (၇) နာရီ (၅) မိနစ်က စတင်ထွက်ခွာကာ အင်းစိန်ဘူတာ လက်ယာရစ်ကို နံနက် (၈) နာရီ (၃၅) မိနစ်တွင် စတင်ထွက်ခွာပေးမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိပြေးဆွဲမည့် ရထားသစ်များတွင် ရထားဈေးသည်များကို ဈေးရောင်းခွင့် ပြုမည်မဟုတ်ကြောင်းလည်း သိရပြီး ရထားတွဲဟောင်း ဂျပန်ထုတ် RBE တွဲများကို ရန်ကုန် - လှော်ကား လမ်းပိုင်းတွင် ထည့်သွင်းပြေးဆွဲမည် ဖြစ်ကြော င်းလည်း သိရသည်။

Global News - နိုင်ငံတကာသတင်းစုံ

30 Nov, 06:37


တရုတ်တွင် ဒေါ်လာ ၈၀ ဘီလျံကျော်တန်ဖိုးရှိ ကမ္ဘာ့အကြီးဆုံး ရွှေကြောတွေ့ရှိ
တရုတ်နိုင်ငံအလယ်ပိုင်းတွင် ဒေါ်လာ ၈၀ ဘီလျံကျော်တန်ဖိုးရှိ ကမ္ဘာ့အကြီးဆုံးရွှေကြောကို တွေ့ရှိခဲ့သည်ဟု India Today သတင်းတွင် ဖော်ပြခဲ့သည်။
ထိုရွှေကြောတွင် အရည်အသွေးမြင့် ရွှေ ၁၀၀၀ မက်ထရစ်တန်ခန့်ရှိပြီး တန်ကြေးအားဖြင့် ဒေါ်လာ ၈၃ ဘီလျံခန့်ရှိကာ ရွှေ ၉၀၀ မက်ထရစ်တန်ခန့်ရှိသည့် တောင်အာဖရိကနိုင်ငံရှိ South Deep သတ္တုတွင်းကိုကျော်ပြီး ကမ္ဘာ့အကြီးဆုံး ရွှေကြောကို ရှာဖွေတွေ့ရှိမှုဖြစ်ခဲ့သည်ဟု တရုတ်နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။
ဟူနန်ပြည်နယ် ပင်ကျန်းကောင်တီတွင် တွေ့ရှိခဲ့သည့် ထိုရွှေကြောတွင် မြေပြင်အနက် ၂ ကီလိုမီတာအထိ ရွှေကြောပေါင်း ၄၀ ခန့် တွေ့ရှိရကြောင်း ဘူမိဗေဒပညာရှင်များက ပြောကြားခဲ့သည်။

Global News - နိုင်ငံတကာသတင်းစုံ

14 Nov, 09:18


အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဒူဘိုင်းရှိ ဆင်ခြေဖုံးရပ်ကွက် က နေအိမ်များဖြစ်ပါတယ်။
ဆန်းသစ်တီထွင်သော မြို့တော်ဒူဘိုင်းသည် ယခင်က သဲကန္တာရ ရှုခင်းများသာရှိပေမယ့် နှစ် ၂၀ အတွင်းမှပဲ ဇိမ်ကျသော အပန်ဖြေနေရာ၊ တာဝါအမြင့် ခေတ်မီသော လူနေခန်းများအဖြစ် ပြောင်းလဲပေးသည့်အတွက် ကမ္ဘာပေါ်တွင် အလွန်ကျော်ကြားသော မြို့တစ်မြို့ ဖြစ်ခဲ့သည်။ ဖန်တီးမှုဗိသုကာပညာပေါင်းစပ်ခြင်းဖြင့် မြို့ပြစီမံကိန်း Emirates Hills၊ Arabian Ranches နှင့် Dubai Hills ကဲ့သို့သော လူ့အဖွဲ့အစည်းများသည် ဒူဘိုင်းတွင် နေထိုင်သည့် ဆင်ခြေဖုံးရပ်ကွက်များ၏ နမူနာကို ကြည့်၍ သိနိုင်ပါတယ်။ အဆင့်မြင့် သာယာအဆင်ပြေမှုများ သက်တောင့်သက်သာရှိပြီး သီးသန့်နေထိုင်မှုပုံစံြဖစ်ကာ ဤအယူအဆသည် အနာဂတ်ပတ်ဝန်းကျင်၏ ခံစားချက်ကို ပုံဖော်နိုင်ပြီးတော့ သဘာဝပတ်ဝန်းကျင်နှင့်သဟဇာတ နည်းပညာမြင့် ဇိမ်ခံအိမ်ကြီးများ၊ စမတ်အိမ်များ ထည့်သွင်းကတည်ဆောက်ထားပါသည်။

Global News - နိုင်ငံတကာသတင်းစုံ

14 Nov, 09:15


၁၉၄၃ ခုနှစ် က ပျောက်ဆုံးခဲ့တဲ့ဂျပန်ရေငုပ်သင်္ဘောအသေးစားကို ၂၀၂၁ ခုနှစ်က ရှာဖွေ့ တွေ့ရှိခဲံကြပါတယ်။
ပျောက်ဆုံးခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင်ခဲ့ပေမယ့်ယိုးယွင်းပျက်စီးခြင်း မရှိပဲ
Aleutian ကျွန်းစုတွင် ၂၀၂၁ ခုနှစ်၊ စုံစမ်းလေ့လာရေး ဗိသုကာ အဖွဲ့ကဂျပန်ရေငုတ် သင်္ဘောအသေးစားကို ပြန်လည် တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

Global News - နိုင်ငံတကာသတင်းစုံ

14 Nov, 09:14


တစ်ခါတလေမှာ ဘဝပြောင်းလဲစေမယ့် အခွင့်အရေးတွေဟာ ကိုယ့်အနားမှာပဲ ရှိနေတတ်ပါတယ်။ နယူးဂျာစီက အသက် ၆၈ နှစ်အရွယ် အငြိမ်းစားလုံခြုံရေးအစောင့်တစ်ယောက်ဖြစ်တဲ့ ဂျင်မီစမစ်ဟာ အဲဒါကို ကိုယ်တွေ့ကြုံခဲ့ရပါတယ်။ သူဟာ အင်္ကျီအဟောင်းတစ်ထည်ရဲ့ အိတ်ထဲမှာ ဒေါ်လာ သန်း ၂၀ ထီပေါက်လက်မှတ်ကို သက်တမ်းကုန်ဆုံးဖို့ နှစ်ရက်အလိုမှာ တွေ့ခဲ့ရပါတယ်။ စမစ်ဟာ လွန်ခဲ့တဲ့တစ်နှစ်လောက်က ထီထိုးထားပေမယ့် တခါမှမစစ်ဖြစ်ခဲ့ပါဘူး။ ထီလက်မှတ်အဟောင်းတွေကို စစ်ဖို့ တိုက်တွန်းတဲ့ တီဗွီကြော်ငြာကို မြင်မိတော့မှ သူ့ထီလက်မှတ်ကို စစ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ အံ့အားသင့်စရာကတော့ သူ့မှာ ဒေါ်လာ သန်း ၂၀ ဆုကြီးပေါက်တဲ့ ဂဏန်းတွေ ရှိနေခဲ့တာပါပဲ။ ထီပေါက်တယ်ဆိုတာ သိတဲ့အခါ စမစ်က ဒါဟာ တကယ်ဖြစ်နေတာပါလားလို့ ယုံကြည်အောင် ခဏလေး အချိန်ယူခဲ့ရတယ်လို့ ပြောပါတယ်။ သူက ထီငွေကို နှစ်စဉ်အရစ်ကျ ၂၆ ကြိမ် ထုတ်ယူဖို့ ရွေးချယ်ခဲ့ပြီး နောက်ထပ်ဘာတွေ လုပ်မလဲဆိုတာ မိသားစုနဲ့ တိုင်ပင်မယ်လို့ စီစဉ်ထားပါတယ်။ သူ့ဇာတ်လမ်းက တစ်ခါတလေမှာ ငါတို့လိုချင်တဲ့အရာတွေဟာ ကိုယ့်ဆီမှာပဲ ရှိနေပြီးသားဖြစ်ကြောင်း၊ ဒါပေမယ့် အချိန်မီ တွေ့အောင်ရှာဖို့တော့ လိုတယ်ဆိုတာကို ပြသနေပါတယ်။

Global News - နိုင်ငံတကာသတင်းစုံ

14 Nov, 06:09


ဆာဘရီနာ ပါတာစကီဟာ အသက် ၁၄ နှစ်အရွယ်မှာ အင်ဂျင်တစ်လုံးပါတဲ့ လေယာဉ်တစ်စီးကို တည်ဆောက်နိုင်ခဲ့တယ်။ အသက် ၁၆ နှစ်အရွယ်မှာတော့ သူကိုယ်တိုင်တည်ဆောက်ထားတဲ့ လေယာဉ်ကို မောင်းနှင်နိုင်ခဲ့တဲ့ အငယ်ဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့တယ်။ MIT တက္ကသိုလ်ကနေ GPA ၅.၀ နဲ့ သုံးနှစ်အတွင်း အောင်မြင်ခဲ့တယ်။ ဟားဗတ်တက္ကသိုလ်ကလည်း သူ့ကို "နောက်ထပ် အိုင်းစတိုင်း" လို့ အမည်ပေးခဲ့ပါတယ်။

Global News - နိုင်ငံတကာသတင်းစုံ

14 Nov, 06:04


မိုက်ကယ်ဂျက်ဆင် ၂၀၀၉ ခုနှစ်မှာ ကွယ်လွန်သွားပြီးနောက် သူ့အစ်မ လာတိုယာက မထုတ်ဝေရသေးတဲ့ သီချင်းတွေပါတဲ့ ဟတ်ဒ်ဒရိုက်တွေကို တွေ့ရှိခဲ့ပါတယ်။ အသံသွင်းစတူဒီယိုတစ်ခုမှာ တွေ့ရှိခဲ့တဲ့ တခြားဟတ်ဒ်ဒရိုက်တွေနဲ့အတူ၊ သူအသက်ရှင်စဉ်က တခါမှမထုတ်ဝေရသေးတဲ့ သီချင်း ၁၀၀ ကျော်ကို တွေ့ခဲ့ရပါတယ်။ ဒီသီချင်းအစုအဆောင်းကြီးကို အခုဆိုရင် သူ့ရဲ့အမွေထိန်းအဖွဲ့က စီမံခန့်ခွဲနေပြီး အရင်က ဘယ်သူမှမကြားဖူးတဲ့ သူ့သီချင်းတွေကို အယ်လ်ဘမ်တွေအနေနဲ့ ထုတ်ဝေပြီးဖြစ်ပါတယ်။ တကယ်တော့ ၂၀၁၀ ကနေ ၂၀၁၇ ခုနှစ်အတွင်းမှာ ဒီ"ပျောက်ဆုံးနေတဲ့" သီချင်းတွေကနေ အယ်လ်ဘမ်ဆယ်ခုလောက်ကို ထုတ်ဝေဖို့ စီစဉ်ထားခဲ့ပါတယ်။

Global News - နိုင်ငံတကာသတင်းစုံ

14 Nov, 05:51


လာဘ်​ကောင် ​ရွှေဇီးကွက်​လေး
မြန်မာတို့ရဲ့ချစ်စရာအယူအ​ဆဓ​လေ့​လေးတစ်ခုက​တော့ ​မြန်မာ့လက်မှုပညာနဲ့လုပ်ထားတဲ့ ရိုးရာရွှေ​ရောင်ဇီးကွက်​ရုပ်​လေး​တွေကို ​ငွေဝင်​စေတဲ့ လာဘ်​ကောင်​လေးအဖြစ် အိမ်ရဲ့ဧည့်ခန်း​တွေ၊ ​စျေးဆိုင်​တွေနဲ့ ​စျေး​ရောင်းတဲ့ချိန်ခွင်​တွေမှာ အလှထားချိတ်ဆွဲ​လေ့ရှိကြပါတယ်။
မျက်လုံးဝိုင်းဝိုင်း​လေး​တွေနဲ့ချစ်စရာ​ကောင်းတဲ့ဇီးကွက်​လေး​တွေကို လာဘ်​ခေါ်အရုပ်​လေးအဖြစ် ချိတ်ဆွဲကြတဲ့အပြင် ကိုယ့်ရဲ့အိမ်ထဲကို ဇီးကွက်​လေး​တွေဝင်​ရောက်လာရင်လည်း ​ငွေ​ကြေး​တွေဝင်​ရောက်​တော့မယ့် အတိတ်နိမိတ်အဖြစ်မှတ်ယူကြပြီး ​ဇီးကွက်​လေးကို​ရွှေ​ရေ​ငွေ​ရေ​လောင်းပြီးပြန်လွှတ်​လေ့ရှိကြပါတယ်။
ဒါ​ကြောင့်မို့ အများပြည်သူအတွက် လာဘ်လာဘ အတိတ်နိမိတ်​ကောင်း​များရစေရန်ရည်ရွယ်ပြီး ချစ်စရာမြန်မာ့​ရွှေဇီးကွက် ​လေးကို အမျိုးသားဝတ်စုံအဖြစ်အဖြစ် ဖန်တီးတင်ဆက်ထားခြင်းဖြစ်ပါတယ်။

Global News - နိုင်ငံတကာသတင်းစုံ

14 Nov, 05:46


Rolls-Royce ကားတစ်စီးအတွက် နွားထီး ၁၅ ကနေ ၁၈ ကောင်လောက်ရဲ့ သားရေကို သုံးရပါတယ်။ အရေပြားပေါ်မှာ အစင်းအကြောင်းတွေ နည်းပါးစေဖို့အတွက် ရာသီဥတု ပိုအေးမြတဲ့နေရာက နွားထီးတွေကို ရွေးချယ်ပါတယ်။ နွားမတွေကိုတော့ ရှောင်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ဝန်ဆောင်ခဲ့ဖူးတာကြောင့် အရေပြားပေါ်မှာ အစင်းအကြောင်းတွေ ရှိနိုင်လို့ပါ။

Global News - နိုင်ငံတကာသတင်းစုံ

14 Nov, 05:40


ပြိုင်ပွဲတစ်လျောက် မြန်မာအငွေ့အသ-က်လေးတွေ အမြဲတမ်းပါအောင် ချပြခဲ့တဲ့ သက်စံလေး😍😍😍

Global News - နိုင်ငံတကာသတင်းစုံ

14 Nov, 05:37


Rolex ကုမ္ပဏီဟာ ကမ္ဘာပေါ်မှာ အဖိုးအတန်ဆုံး နာရီတွေ ထုတ်လုပ်နေပြီး ကုမ္ပဏီအမြတ်ငွေရဲ့ ၉၀% ကို ပရဟိတလုပ်ငန်းတွေအတွက် လှူဒါန်းပေးနေပါတယ်။ အကြောင်းကတော့ ကုမ္ပဏီပိုင်ရှင်က မိဘမဲ့ကလေးတစ်ယောက် ဖြစ်ခဲ့လို့ပါ။

Global News - နိုင်ငံတကာသတင်းစုံ

14 Nov, 05:34


2024 ခုနှစ် ရှမ်းပြည်နယ် တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော် အမှတ်တရ ပုံရိပ်လေးများ (၁၂.၁၁.၂၀၂၄)

Global News - နိုင်ငံတကာသတင်းစုံ

31 Oct, 09:00


ရန်ကုန် ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် ပျောက်ဆုံးခဲ့သော ကလေးငယ်ကို ပြန်တွေ့ပြီ
ရန်ကုန် ဗဟိုအမျိုးသမီး ဆေးရုံကြီးတွင် ပျောက်ဆုံးခဲ့သော ကလေးငယ်ကို ပြန်တွေ့ပြီဖြစ်ကြောင်း ကလေးငယ်၏ အဒေါ်ဖြစ်သူက အောက်တိုဘာ ၃၁ ရက် မွန်းလွဲပိုင်းတွင် ပြောကြားသည်။
" ဝိုင်းရှာပေးတဲ့သူတွေအကုန်လုံးကိုလည်း ကျေးဇူးတင်ပါတယ်။ သိပ်မကြာသေးပါဘူး။ ပြန်တွေ့တာ။ ဒီတခါပြန်တွေ့တာ မှန်ပါတယ်။ စိတ်ပူပေးကြတဲ့သူတွေအကုန်လုံးကိုလည်း ကျေးဇူးတင်ပါတယ်။ အခုတော့ အလုပ်ရှုပ်နေကြလို့ နောက်မှ အသေးစိတ် ပြောပေးပါ့မယ်" ဟု ကလေးငယ်၏ အဒေါ်ဖြစ်သူက ပြောကြားသည်။
ပျောက်ဆုံးသွားသည့် ကလေးငယ်မှာ ကိုးရက်အရွယ်သာရှိသေးပြီး ကျန်းမာရေးမကောင်းသဖြင့် ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် ကုသမှုခံယူနေခြင်း ဖြစ်သည်။
ကလေးငယ်၏ မိဘများမှာ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သူများဖြစ်ပြီး ကလေးငယ်မှာ အောက်တိုဘာ ၃၀ ရက် နံနက် ၄ နာရီခန့်တွင် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။

Global News - နိုင်ငံတကာသတင်းစုံ

31 Oct, 07:45


မော်တော်ဆိုင်ကယ်တင်ပို့မှုအများဆုံး နိုင်ငံ ( ၁၀ ) နိုင်ငံ

Global News - နိုင်ငံတကာသတင်းစုံ

31 Oct, 07:45


သုံးလအတွင်း တစ်ရက် ဒေါ်လာ ၁ ဘီလျံနီးနီး ဝင်ခဲ့တဲ့ Alphabet
___________________
Google တို့ ကြီးပွားချက်က လက်ဖျားခါလောက်ပါတယ်။
Google ဆိုပေမယ့် တကယ်တမ်း သူ့မိခင်လုပ်ငန်းစုက Alphabet ပါ။ Alpabet အောက်မှာမှ Google Search , Cloud စီးပွားရေးနဲ့ YouTube စသည်ဖြင့် လုပ်ငန်းခွဲတွေ တသီကြီး ရှိနေတာပါ။ စက်တင်ဘာ ၃၀ ရက်နေ့မှာ အဆုံးသတ်တဲ့ တတိယသုံးလပတ် Q3 မှာ Alphabet လက်အောက်က လုပ်ငန်းတိုင်း ဝင်ငွေကိုယ်စီ တက်ခဲ့ပါတယ်။
၂၀၂၃ နဲ့ ယှဉ်ရင် Alphabet ရဲ့ Q3 သုံးလပတ် အရပ်ရပ်ဝင်ငွေက ၁၅% တက်လာပါတယ်။ ဝင်ငွေပမာဏက ဒေါ်လာ ၈၈.၂၇ ဘီလျံပါ။ Alphabet အတွက် ဝင်ငွေအများဆုံး ရှာပေးတဲ့ Google ကြော်ငြာဝင်ငွေက အရင်နှစ်ကထက် ၃၄% တက်ပြီး ဒေါ်လာ ၂၆.၃ ဘီလျံ ရောက်ခဲ့ပါတယ်။
YouTube ကြော်ငြာဝင်ငွေတစ်ခုကတင် အရင်နှစ်ကထက် ဒေါ်လာ ၁ ဘီလျံ ပိုရပြီး ဒေါ်လာ ၈.၉၂ ဘီလျံအထိ တက်လာခဲ့ပါတယ်။ ဒါတောင် subscription ဝင်ငွေ မပါသေးပါဘူး။ YouTube ကြော်ငြာနဲ့ လစဉ်ကြေးဝင်ငွေဟာ သုံးလပတ် ၄ ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် ဒေါ်လာဘီလျံ ၅၀ ရှာပေးနိုင်ခဲ့ပြီလို့ ဆိုပါတယ်။
YouTube TV ၊ NFL Sunday Ticket ၊ YouTube Premium စတဲ့ လစဉ်ကြေးဝန်ဆောင်မှုတွေဆို ဒေါ်လာ ၁၀.၆ ဘီလျံ ဝင်ပါတယ်။ အရင်နှစ်က ဝင်ငွေက ဒေါ်လာ ၈.၃ ဘီလျံပါ။ နောက်တစ်ခု ငွေရှာကောင်းတာက Google Cloud စီးပွားရေး ဖြစ်ပါတယ်။
Google Cloud စီးပွားရေးက လုပ်ငန်းပိုဖြစ်လာသလို ပိုလည်း တိုးချဲ့လာနေပါတယ်။ Cloud ပိုင်းကနေ ရတဲ့ ဝင်ငွေက ပြီးခဲ့တဲ့နှစ် Q3 ထက် ၃၅% တက်ပြီး ဒေါ်လာ ၁၁.၃၅ ဘီလျံအထိ ရခဲ့ပါတယ်။ Alphabet ရဲ့ အဓိကစီးပွားရေးဖြစ်တဲ့ Search လုပ်ငန်းက ဝင်ငွေ ဒေါ်လာ ၄၉.၄ ဘီလျံ ရှာနိုင်ခဲ့ပါတယ်။
Alphabet အသားတင်ဝင်ငွေက ရှယ်ယာတစ်စု ၂.၁၂ ဒေါ်လာနှုန်းနဲ့ ဒေါ်လာ ၂၆.၃ ဘီလျံအထိ ရှိလာပါတယ်။ အရင်နှစ် ဒီလို Q3 သုံးလပတ်မှာ အသားတင်ဝင်ငွေ ဒေါ်လာ ၁၉.၇ ဘီလျံ (ရှယ်ယာတစ်စု ဒေါ်လာ ၁.၅၅) နဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ တတိယသုံးလပတ်အတွက် Alphabet ရဲ့ ဝင်ငွေအကုန်လုံးက Wall Street က ခန့်မှန်းထားတာကို ကျော်လွန်ခဲ့တာပါ။
သုံးလတာ ဝင်ငွေ ဒေါ်လာ ၈၈ ဘီလျံ‌ကျော်ဆိုတာ အရင်နှစ် ဝင်ငွေ ဒေါ်လာ ၇၇ ဘီလျံထက် ၁၅% တက်လာတာ လည်း ဖြစ်လို့ Alphabet အတွက် ဒီနှစ်ထဲ စီးပွားရေးစန်းလဂ် အားကောင်းမောင်းသန် တက်နေတာလို့ပဲ ဆိုရမှာပါ။

Global News - နိုင်ငံတကာသတင်းစုံ

31 Oct, 04:51


အရမ်းကိုပြောင်မြောက်တဲ့ တီထွင်ဖန်တီးမှုတွေနဲ့ ဂုဏ်ယူစရာကောင်းလှတဲ့ ဗိသုကာလက်ရာများ
လူတွေနေထိုင်တဲ့ ပတ်ဝန်းကျင်ဟာ အဆောက်အအုံတွေ၊ လမ်းတွေနဲ့ လျှပ်စစ်ဓာတ်အားထောက်ပံ့မှုတွေကနေ အမှိုက်စီမံခန့်ခွဲမှုအထိ ရုပ်ပိုင်းဆိုင်ရာနဲ့ အဖွဲ့အစည်းဆိုင်ရာ ဖွဲ့စည်းပုံတွေ၊ အဆောက်အအုံတွေရဲ့ အဆုံးမရှိရှုပ်ထွေးပုံရတဲ့ ကွန်ရက်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ကမ္ဘာတစ်ဝှမ်းတွင် မယုံနိုင်လောက်အောင် အရည်အသွေးမြင့်မားတဲ့ အဆောက်အအုံတွေရှိလို့နေတာ ဖြစ်ပါတယ်။ မကြာသေးခင်အစီရင်ခံစာတစ်ခုအရ 2050 ခုနှစ်တွင် ကမ္ဘာ့လူဦးရေရဲ့ 68% ကျော်ဟာ မြို့ကြီးတွေပေါ်တွင် နေထိုင်လာကြမှာဖြစ်ပြီး ဒါက 2.5 ဘီလီယံခန့် လူဦးရေကိုတိုးလာစေမှာပါ။ မြို့ကြီးတွေဟာ သူတို့နိုင်ငံသားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းရန်အတွက် မြို့ကြီးများရဲ့အခြေခံအဆောက်အုံတွေနဲ့ နေရာများတည်ဆောက်ခြင်းတွင် ကြီးကြီးမားမားရင်းနှီးမြှုပ်နှံနေကြပြီး ဒီများပြားလှတဲ့လူဦးရေကို ဖြည့်ဆည်းရန်အတွက် အကောင်းဆုံးဖြေရှင်းချက်တွေကို အဆက်မပြတ်ရှာဖွေနေကြပါတယ်။
ဒီတစ်ခေါက်မှာတော့ ကမ္ဘာတစ်ဝှမ်းက ဂုဏ်ပြုလောက်ဖွယ် အင်ဂျင်နီယာတွေ တည်ဆောက်ထားတဲ့ ဗိသုကာလက်ရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

Global News - နိုင်ငံတကာသတင်းစုံ

31 Oct, 04:48


😊😊

Global News - နိုင်ငံတကာသတင်းစုံ

31 Oct, 04:39


ဟိန္ဒူဘာသာဝင်များနှင့်တကွ မိဘပြည်သူများ ကျန်းမာပျော်ရွှင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။
Happy Deepawali!

Global News - နိုင်ငံတကာသတင်းစုံ

31 Oct, 04:38


တရုတ်(ဟောင်ကောင်)တွင် ဒိုင်နိုဆောရုပ်ကြွင်း တွေ့ရှိ
------------------------
တရုတ်(ဟောင်ကောင်)ဒေသမှာ ပထမဆုံးအကြိမ်အဖြစ် ဒိုင်နိုဆော ရုပ်ကြွင်းတွေကို သုတေသီတွေက တွေ့ရှိ ထားပါတယ်။ အဲဒီရုပ်ကြွင်းတွေကို တရုတ်(ဟောင်ကောင်)ရဲ့ ဝေးလံပြီး လူသူနေထိုင်ခြင်းမရှိတဲ့ ပို့တ်ကျွန်း ပေါ် မှာ တူးဖော်တွေ့ရှိခဲ့ရတာလို့ ဆိုပါတယ်။ ကရီတာ ဆီးယပ်စ်ခေတ်က ကြီးမားတဲ့ သက်တမ်းရင့် ဒိုင်နိုဆော တစ်ကောင်ရဲ့ ရုပ်ကြွင်းလို့ သုတေသီတွေက ယူဆထားကြပါတယ်။
အဲဒီခေတ်ဟာ ဂျူရာဆစ် ခေတ်အပြီး နောက်ပိုင်းဖြစ်တဲ့ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း (၁၄၅)သန်းနဲ့ (၆၆)သန်း ကြားကာလက ခေတ်ဖြစ်ပါတယ်။ အခု တွေ့ရှိမှုဟာ အလွန်ထူးခြားအရေးပါပြီး သုတေသန လုပ်ဆောင် ချက်အသစ်တွေအတွက် အထောက်အကူ အများကြီးဖြစ်ကြောင်း သုတေသီတွေက ပြောပါတယ်။ ရုပ်ကြွင်း တွေ့ရှိရာ ပို့တ်ကျွန်းဟာ ၁၉၇၉ ခုနှစ်က သိပ္ပံပညာအတွက် အထူးစိတ်ဝင်စားစရာ နယ်မြေအဖြစ် သတ်မှတ်ခံ ခဲ့ရပြီး တရုတ်(ဟောင်ကောင်)ရဲ့ ယူနက်စ်ကို ကမ္ဘာလုံးဆိုင်ရာ ဘူမိဥယျာဉ်နယ်မြေရဲ့ တစ်စိတ်တစ်ဒေသလည်း ဖြစ်ပါတယ်။

Global News - နိုင်ငံတကာသတင်းစုံ

31 Oct, 04:37


Snapdragon 8 Elite သုံး ယွမ် ၄၀၀၀ တန် iQOO ဖုန်း ကြေညာ
___________________
iQOO 13 က နောက်ဆုံးပေါ် flagship SoC သုံး ဈေးအသင့်ဆုံးဖုန်းလို့ ပြောရမှာပါ။
ဒီဖုန်းက တရုတ် BOE display ကုမ္ပဏီထုတ် Q10 luminous 2K (1440 x 3168px) display သုံးထားပြီး ၆.၈၂ လက်မ 8T LTPO 144Hz flat panel နဲ့ လာပါတယ်။ ဒီဇိုင်း မပြောင်းပေမယ့် ကင်မရာ module ပတ်လည်မှာ Energy Halo ဆိုပြီး customizable လုပ်နိုင်တဲ့ အလင်းကာလာ effect ၇၂ မျိုးအထိ ထည့်ပေးထားတာက ဆန်းပါတယ်။
ကိုယ်ထည်ကို လေကြောင်းသုံး အလူမီနီယမ်ဖရိမ်သုံးထားပြီး အပူထိန်းဖို့ 7K dual-drive အပူစုပ်ဒီဇိုင်းပါ အကြီးစား VC Vapor Cahmber တပ်ပေးထားပါတယ်။ Flagship ဖုန်းဖြစ်တဲ့အတိုင်း IP68+P69 Rating ရေဒဏ်ဖုန်ဒဏ် ခံနိုင်ရည်လည်း ပါဦးမှာပါ။
iQOO 13 က Snapdragon 8 Elite သုံး ဒုတိယမြောက်ဖုန်းပါ။ Qualcomm နဲ့ ပေါင်းပြီး chipset optimizations လည်း လုပ်ထားလို့ AnTuTu မှာ score ပေါင်း ၃.၁၅ သန်းအထိ ရထားဖုန်းလည်း ဖြစ်ပါတယ်။ RAM/storage ကိုတော့ LPDDR5x Ultra 16GB နဲ့ UFS 4.0 1TB storage အထိ support ပေးပါတယ်။
ဂိမ်းကစားရာမှာ အထစ်အငေါ့မရှိ ပိုချောမွေ့ဖို့ Q2 gaming chip လည်း သုံးထားပါတယ်။ ဒီ chip က PC-Level 2K Texture အမြင့်စားရုပ်ထွက် ၊ VAA anti-flicker နည်းပညာ နဲ့ 144fps super frame rate အထိ ထုတ်ပေးနိုင်မှာပါ။
ကင်မရာပိုင်းမှာ ဒီဖုန်းက Sony IMX921 sensor သုံး 50MP 1/1.49" sensor ၊ NICE 2.0 algorithm ၊ 50MU Ultrawide lens နဲ့ 50MP 3x periscope telephoto ကင်မရာဆိုပြီး ကျောဘက် ကင်မရာ ၃ လုံးနဲ့ 32MP punch-hole selfie ကင်မရာတို့ သုံးပါတယ်။
ဘက်ထရီကို အကြီးစား 6150mAh သုံးထားပြီး နာရီဝက်နဲ့ အားအပြည့်သွင်းနိုင်မယ့် 120W Flash Charging စနစ် အထောက်အပံ့ပေးထားပါတယ်။ ပြိုင်ဘက် flagship တွေလို wireless charging တော့ မပါပါဘူး။ တခြား features တွေအနေနဲ့ Ultrasonic မှန်ပြင်အောက် လက်ဗွေနည်းပညာ ၊ WiFi-7 ၊ Bluetooth 5.4 နည်းပညာနဲ့ Android 15 အခြေခံ OriginOS 15 စနစ်တို့ ပါပါတယ်။
iQOO 13 (12+256GB) မော်ဒယ်ကို ၃၉၉၉ ယွမ် (ဒေါ်လာ ၅၆၀ခန့်) ကနေ အမြင့်ဆုံး 16+1TB Storage မော်ဒယ်အတွက် ၅၁၉၉ ယွမ် (ဒေါ်လာ ၇၃၀) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။

Global News - နိုင်ငံတကာသတင်းစုံ

31 Oct, 04:37


ချည်သား တီရှပ် တစ်ထည် ထုတ်လုပ်ဖို့ အတွက်
ရေပမာဏ များစွာလိုအပ်ပါတယ် ပျှမ်းမျှအားဖြင့်
တီရှပ်တစ်ထည် ထုတ်လုပ်ဖို့အတွက် ရေ 2700 လီတာ (713 ဂါလံ) ခန့် လိုအပ်ပါတယ်

Global News - နိုင်ငံတကာသတင်းစုံ

31 Oct, 04:37


ဒီနှစ် သက်စံ အတွက် အရမ်း အခြေအနေ ကောင်းတယ်လို့ ထင်တယ်။
လာတင်တွေ Europe တွေ အရမ်းလှပြီး အာရှမယ်တွေ သိပ်မတောက်ပတဲ့ နှစ်မှာ သက်စံ သေချာ လုပ်ပြနိုင်ရင် Top ၃၀ ဝင်နိုင်မယ်လို့ ထင်တယိ

Global News - နိုင်ငံတကာသတင်းစုံ

31 Oct, 03:50


မိမိရုပ်နဲ့ဆင်တူတဲ့ စက်ရုပ် ၆ ရုပ်ကို တီထွင်ထားတဲ့ ဂျပန်က ပညာရှင်
ဂျပန်က တီထွင်ဖန်တီးသူ Hiroshi Ishiguro ဟာ သူနဲ့ ဆင်တူတဲ့ စက်ရုပ်တွေကို ဖန်တီးထားပြီး နောက်ဆုံး ဖန်တီးထားတဲ့ စက်ရုပ်ကတော့ Geminoid HI-6 လို့ အမည်ရပါတယ်။
အဲဒီ စက်ရုပ်က AI အထောက်အပံ့နဲ့ မေးခွန်းတွေကို ပြန်လည် ဖြေကြားနိုင်မှာ ဖြစ်ပါတယ်။ နောက်ဆုံးတီထွင်ထားတဲ့ စက်ရုပ်ကို အိုဆာကာ တက္ကသိုလ်က သူ့ရဲ့ Lab အခန်းမှာ ပြသထားပါတယ်။နောက်ဆုံး တီထွင်ထားတဲ့ စက်ရုပ်ဟာ Hiroshi Ishiguro မအားတဲ့ အခါ lectures ပို့ချပေးနိုင်တဲ့ အပြင် နားထောင်တဲ့သူတွေ ပြန်လည် မေးမြန်းတာကိုလည်း ဖြေကြားပေးနိုင်ပါတယ်။ စက်ရုပ်ရဲ့ မျက်နှာသွင်ပြင် လှုပ်ရှား အသက်ဝင်စေဖို့ အတွက်လည်း ဆီလီကွန်နဲ့ ဖန်တီးပေးထားပါတယ်။ အဲဒီ စက်ရုပ်က လမ်းလျှောက်တာမျိုး မလုပ်ဆောင်နိုင်သေးတဲ့ အတွက် နောက်ထပ်ဖန်တီးမယ့် စက်ရုပ်ကို လမ်းလျှောက်နိုင်အောင် လုပ်ဆောင်မယ်လို့ သိရပါတယ်။