အထောက်တော် @bagomyanmar1 Channel on Telegram

အထောက်တော်

@bagomyanmar1


Bago111@

အထောက်တော် (Burmese)

အထောက်တော် ဆိုတာကိစၥအတွက် သံပြင်အတွေ့အကြံမှာ ပြောင်းလောက်သွားတဲ့ ဥပမာဟာ အလုပ်တွေလောက်သွား ပြောင်းချရာ ဝါစင်ဖာမျိုးအနက် နာရော်အဆိုဖုံးထားပြီးသွားတဲ့ မြန်မာနှင့်အမျိုးသမီးအကုန်နဲ့ဆတ်ဆက်တဲ့ telegram အဖြူအစည်းရှိနေသော အထောက်တော် လေးကို သံသိပုံးဉာဏ္ဍဳံါသေးတဲ့ အဟီရစ်ကို ဖိုင်ရယူ သြားဖွေရေးရောက် မြန်မာအတွေးအကီးအတွေ့ ရေစစ်တဲ့ အထောက်တော် လေးရဲ့ ပုံစံတွေကို သုံးချင်တယ်။ အတူတူအကနအပြည့် တော့ပိုးတော် နှင့် အချိန်တုပ်အလုပ် တော်လှန်လွေကြီးလောက်ကြီး မြန်မာအများ မျိုးတုသာလန်ချမ် ပြည့်ရည်ထပ်ဒေါ အထောက်တော် အဖြေကို လန့်ထနက်ဖန်ကြိမ်းသည်။

အထောက်တော်

30 Aug, 12:51


သို့

#ပညာရေးဝန်ကြီး ထံသို့ တိုက်ရိုက်ပေးပို့စာ

Dip Ed အောင်စာရင်းက ရုံးအဆင့်ဆင့်ကိုပေးပို့တာလား....သူခိုးဂျပိုးပုံစံနဲ့ပေးပို့တာလားသိပါရစေ။
သက်ဆိုင်ရာရုံးကိုပေးပို့ပါတယ်ဆိုရင်
စာတိုက်ကနေပေးပို့လာတဲ့သက်သေအထောက်ထားရှိလို့မေးခြင်းပါ။..ဒါ့အပြင်မည်သို့သောမူဝါဒနဲ့ပြုလုပ်ပီးခေါ်နေပါသလဲ...လုံးဝမဖြေနိုင်တဲ့သူကအောင်စာရင်းပါလို့ဖုန်းဆက်ခေါ်တယ်....ဖြေဆိုနိုင်တဲ့
သူကိုပယ်ချလိုက်တယ်ဆိုတော့....စိတ်ပျက်စရာကောင်းနေတဲ့ပညာရေးကြီးဖြစ်နေပီဖြစ်ပါကြောင်း
နှင့်ပွင့်လင်းမြင်သာမူရှိအောင် Dip Edကိုပြန်စီစစ်၍
ပြုလုပ်ပေးပါ။ အောက်ခြေမှာဖြစ်ပျက်နေတဲ့
ယခုDip Ed ရဲ့ယုတ်မာစွာထုတ်ပြန်၍ရွေးခြယ်ပေးနေပါသောလုပ်ရပ်ကို အောက်ခြေဖြေဆိုခဲ့ပါသောဆရာဆရာမများကလုံးဝမကျေနပ်ပါကြောင်းနှင့်ပညာရေး၏ Dip Edရေးဖြေဝင်ခွင့်သည်အလွန်အင်မတန်မှသမာသမက်မကျသောလုပ်ရပ်ကြီးဖြစ်ပါကြောင်းအသိပေးဖော်ပြအပ်ပါတယ်။
ရေးဖြေဝင်ခွင့်ဖြင့်ဖြေဆိုရမည်ဟုကြေညာထုတ်ပြန်ပါသော်လည်းလုံးဝမဖြေဆိုနိုင်တဲ့ သူကအောင်စာရင်းတွေပါနေပါကြောင်း ၊ လုပ်သက်နှင့်ခေါ်တာဆိုခဲ့ရင်လည်း...လုပ်သက်အနည်းငယ်ဖြင့်အောင်စာရင်းတွင်ပါနေပါကြောင်း......ထို့ကြောင့်စက်ဆုပ်ဖွယ်ကောင်းသောDip Ed၏ခိုးကြောင်ခိုးဝှက်ထုတ်ပြန်မူနှင့်သမာသမက်မကျသောလုပ်ရပ်တို့သည်...ပညာရေးစနစ်ကိုရိုက်ချိုးယုံသာမက အခြေခံဆရာဆရာမတိုင်း၏ဆရာဆရာမစိတ်ဓာတ်ကိုပါဖျက်ဆီးနေပါကြောင်းထပ်မံအသိပေးတင်ပြအပ်ပါတယ်။


အထောက်တော်
https://t.me/bagomyanmar1

အထောက်တော်

27 Aug, 17:01


ယနေ့ည နတ်တလင်းခရိုင် နတ်တလင်းမြို့
ထူးခြားနေပါပီ.......ရွှေဘတို့လုံးဝမညှာပါနဲ့
အေးချမ်းနေတာကိုမအေးချမ်းချင်တဲ့လူတွေကြောင့်
ရွှေဘတို့ကြမ်းသင့်ရင်ကြမ်းပါလို့ပဲတိုက်တွန်းချင်ပါတယ်
တော်ပေါ် လမ်းကြောင်းတွေအကုန်ချထားပေးပီးဖြစ်ပါတယ်

ဒမငယ်အစု
တောင်ညိုအစု

အကြမ်းဖက်အချို့...မြို့ဘက်ကူးစက်ဖို့အကြောင်းရှိနေပါတယ်....ရက်အတိအကျမသိရသေးပါ

ကြိုတင်ပိတ်ဆို့နိုင်ဖို့နှင့် လရများအသားစီးရစေချင်ပါတယ်

အထောက်တော်
https://t.me/bagomyanmar1

အထောက်တော်

27 Aug, 14:51


သို့
#နစက ကြီး နှင့် #ပညာရေးဌာနအဆင့်ဆင့်တို့ခင်ဗျာ

ယခုအကောင်ထည်ဖော်ဆောင်ရွက်နေသည့်...သန်းခေါင်စာရင်းကိစ္စကို...ပြည်သူများကိုယ်စားလက်ခံအားပေးပါတယ်။

သို့ပေမယ့်ထိုသန်းခေါင်းစာရင်းကိစ္စတွင်...အောက်ခြေမှာဖြစ်ပျက်နေမူ....ကိုတင်ပြပါရစေ။

သန်းခေါင်စာရင်းအတွက်မြေပြင်မှာကောက်ယူတဲ့အခါအင်အားအဖြစ်...ပညာရေးဌာနကိုအများဆုံးသုံးထားသည်ကိုလည်းတွေ့ရပါတယ်....

ထိုသို့ပညာရေးဌာနကိုတောင်းခံသည့်အခါ ထွေအုပ်ကနေနယ်မြေအလိုက်သက်ဆိုရာမြို့နယ်ပညာရေးမှူးရုံးများသို့...ပညာရေးဝန်ထမ်းအင်အားတောင်းခံပါတယ်။

ထိုသို့တောင်းခံပြီးသည်နှင့်ပညာရေးမှူးရုံးအချို့သည်....သူတို့ရဲ့နယ်မြေတွင်းက အခြေခံပညာကျောင်းများတွင်ရှိသောဝန်ထမ်းအင်အားကိုမကြည့်ပဲ....တစ်ကျောင်းတည်းမှာပင် ဝန်ထမ်းအတော်များများထည့်ပေးနေသည်ကိုတွေ့နေရပါသည်။...နိုင်ငံ့အရေး..အမျိုးသားရေးမို့တက်ကြွစွာပါဝင်ကြပေမယ့်...ဝန်ထမ်းအင်အားမပြည့်ဝသောကျောင်းများအတွက်...ရှိတဲ့ဝန်ထမ်းဦးရေတောင်သင်ကြားရေးတွင်လိုအပ်နေတဲ့အပြင်...ထိုကဲ့သို့ကျောင်းများကရှိတဲ့ဝန်ထမ်းအင်အားနဲနဲလေးကိုမှ...ယခုသန်းခေါင်စာရင်းကောက်ဖို့ဆိုပီး....တစ်ယောက်မကသောဦးရေနှင့်တာဝန်ပေးလိုက်သောအခါ....ကျန်ရှိဝန်ထမ်း ၁ယောက်၂ယောက်နဲ့သင်ကြားရေးခရီးကိုဆက်သွားလို့မရတော့ပါ။...

ထို့ကြောင့်မြို့နယ်အတွင်းရှိအခြေခံကျောင်းများ၏ဝန်ထမ်းကိုကြည့်၍..ဝန်ထမ်းနဲပါးသောကျောင်းကို....တစ်ယောက်လောက်သာထည့်သွင်း၍ဝန်ထမ်းများသောကျောင်းကို...၂ယောက်နှုန်းဖြင့်ထည့်သွင်းခြင်းစနစ်ကိုသဘောတူပေးပါရန်
ပညာရေးဌာနကိုလမ်းညွှန်၍ပေးပါရန်လေးစားစွာမေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။...ထိုလမ်းညွှန်မူနဲ့အညီပညာရေးဝန်ကြီးသည်လည်း..မိမိလက်အောက်ရှိပညာရေးမှူးရုံးများသို့..ဝန်ထမ်းအနဲအများကို
ကြည့်၍ဝန်ထမ်းအင်အားကိုအသုံးပြုပေးပါရန်ကိုလည်းညွှန်ကြားပေးပါရန်လေးစားစွာအသ်ပေးဖော်ပြအပ်ပါတယ်ခင်ဗျာ။...အဓိကရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ...ဝန်ထမ်းနဲပါးသော.အခြေခံကျောင်းများကို..ပညာရေးမှူးများက...ဝန်ထမ်းအင်အားထည့်သွင်းရာတွင်...နဲပါးနေမူကိုမကြည့်ပဲ...ထည့်သွင်းနေပါသောကြောင့်...လုံးဝအဆင်မပြေဖြစ်နေရပါကြောင်းအသိပေးဖော်ပြအပ်ပါသည်။

အထောက်တော်
https://t.me/bagomyanmar1

အထောက်တော်

25 Aug, 08:21


လခရနဲ့တပ်တည်တပ်လှုပ်တွေဘယ်လောက်ကျိုးပေါက်နေလဲဆိုရင်

ပဲခူးတိုင်းအနောက်ခြမ်း လက်ပံတန်းမှာ တပ်ဖက်အရာရှိစီးလာတဲ့ကားပေါ်ဗုံးနဲ့အပစ်ခံရ....နေရာမှာကျဆုံး......

တာဝန်ကျလို့သွားရတာ ဗုံးအပစ်ခံလိုက်ရလို့နေရာမှာတင်ပွဲပီးသွားတယ်...ဆို​တော့.....စဥ်းစာသာကြည့်တော့....တပ်နဲ့သက်ဆိုင်တဲ့ တာဝန်အရ အပြောင်းအရွေ့ကိုတောင်သတင်းပေါက်ပီးတစ်ဖက်ကိုရောက်နေတာက...သတင်းပေးသူရှိလို့လေ....အပြင်တွေပဲနှိမ်နင်းမနေနဲ့အတွင်းထဲပါနှိမ်နင်းဖို့ကောင်းနေပီ

ရှင်းရှင်းပြောရရင်ဘယ်ကိစ္စမဆိုသေးတဲ့အချိန်ကတည်းကအပြတ်ရှင်းရမှာကို....မရှင်းပဲထားလိုက်တော့...အခုဆိုလုံးဝကိုနှိမ်နင်းနိုင်ဖို့ခက်ခဲသွားပီ.....
အဘရေ.....

အထောက်တော်
https://t.me/bagomyanmar1

အထောက်တော်

16 Aug, 09:47


တပ်တည် တပ်လှုပ်များဘာကြောင့်ကျိုးပေါက်နေတာလဲ.....

မနေ့ညက နတ်တလင်းခရိုင် ပေါင်းတည်မြို့အရှေ့ဘက် ဝဲကြီးဆည်ဘက်မှာ...တပ်မတော်နှင့်..PDF အင်အား ၅၀ ကျော် (အမျိုးသမီးများပါဝင်) လက်နက်အပြည်အစုံ(စနိုင်ပါ ပါဝင်) တို့ထိတွေ့တိုက်ပွဲဖြစ်ကြတယ်.....မိမိဘက်ကအကျ ရှိတယ်....
အနေအထားကိုကြည့်လိုက်တော့...ထိုနေရာမှာပေါက်တောလေးတပ်ရှိသလို....လှုပ်ရှားစစ်ကြောင်းလည်းရှိတယ်....
ပထဝီအနေအထားကိုကြည့်ရင်လည်း.....
ပေါင်းတည်(အရှေ့ဘက်ခြမ်း) နဲ့ နတ်တလင်းအရှေ့ဘက်ခြမ်းတို့ကတစပ်တည်းတည်ရှိနေသလို...ရိုးမဘက်အဝင်အထွက်လမ်းကြောင်းအများဆုံးတည်ရှိနေတာပါပဲ....ဒါ့အပြင်...ထိုမြို့နှစ်မြို့ရဲ့အရှေ့ဘက်တွေမှာ...ဝဲကြီးဆည်...တောင်ညိုဆည်၂ခု ရှိနေပြီး...ထိုဆည်ကြီးတွေရဲ့အထက်နဲ့အောက်..ရွာတွေကအကုန်လုံးPDFအားပေးတွေချည်းဖြစ်သလို...PDFတေွဝင်နေပီလည်းဖြစ်တဲ့ရွာတွေပါ....ဒါကို...ဟိုးယခင်ကတည်းကအသိပေးပြောကြားထားသော်လည်း...ရွာသားဆိုပီးတအားယုံသလို.....ထိုလမ်းကြောင်းဘက်တွေကနွားဆွဲသမားတွေနဲ့အပေးအကမ်းတွေနဲ့လုံးချာလည်လိုက်နေသလိုအရမ်းရက်ရောနေတော့....လူမလေးခွေးမခန့်တွေဖြစ်နေကြတာအမှန်။
ပိုဆိုးတာက လှုပ်ရှားစစ်ကြောင်းရဲ့ တပ်တည်တပ်လှုပ်သတင်းတွေကိုအကုန်မသိတောင်...အနဲအကျည်းလောက်သိထားရတာက....အုပ်ချုပ်ရေးမှူးပိုင်းပါပဲ....ထိုသူတို့ကိုအပြစ်ဆိုခြင်းမဟုတ်...သူတို့မှာကြား၂ကြားကသူတွေမို့ဘယ်ဘက်ကစစ်စစ်အကုန်ပေါ်တယ်....ဒါကိုအထိုင်နဲ့လှုပ်ရှားတွေအကုန်သိထားရမယ့်အချက်...

နောက်တစ်ချက်က..ယခုဖြစ်နေတဲ့တစ်ဖက်အဖွဲ့သည်....၈၈ ကလို..နည်းပညာမစုံမလင်တဲ့သူတွေမဟုတ်တော့ပါဘူး...မိမိတို့ဘက်ကအထင်သေးရင်မိမိတို့ပဲခံရမှာဆိုတာရယ်....ဒီအချိန်ဒီကာလမှာယူထားတဲ့တာဝန်တွေနဲ့မိမိတို့တပ်တည်တပ်လှုပ်များကိုပိုပီးသိုသိပ်နိုင်တာဝန်ကျေနိုင်မှပဲရတော့မှာပါ....

ဒါကြောင့် ပေါင်းတည်အရှေ့ဘက်နှင့်နတ်တလင်းအရှေ့ဘက်...ဆည်နှစ်ခုအနီးကိုပေါ့ဆစွာမကိုင်တွယ်ကြဖို့ထပ်မံသတိပေးလိုက်ပါတယ် ရွှေဘတို့

အထောက်တော်
https://t.me/bagomyanmar1

အထောက်တော်

16 Aug, 01:46


MPT Internet Line မ​ျား
MPT Call များ...... ချိတ်ဆက် ခေါ်ယူလို့မရဘူးဖြစ်နေတယ်လို့သိရပါတယ်...ဘာကြောင့်လဲဆိုတာသိပါရစေ

အထောက်တော်
https://t.me/bagomyanmar1

အထောက်တော်

16 Aug, 01:39


သတင်းကြိုတင်ရရှိခြင်းများကို တိုက်ရိုက်ပေါက်သော Channel များကို ပေးပို့ခြင်းဖြင့် အမျိုးသားရေးတာဝန် ကိုဝိုင်းဝန်းထမ်းဆောင်ဖို့လိုအပ်နေပါပီ...........

အမျိုးသားရေးတာဝန်ကိုအလိုက်သိစွာဖြင့်ထမ်းဆောင်နေသော channelတစ်ခုစီ၏သတင်းများကိုလည်း တိုက်ရိုက်ပေါက်သော Channelကြီးများက
လျစ်လျူရှု့ခြင်းများမပြုလုပ်စေချင်ကြပါ..ဒီအချိန်မှာ သတင်းအသေးအမွှားကအစအရေးကြီးနေပီဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်

အထောက်တော်
https://t.me/bagomyanmar1

အထောက်တော်

15 Aug, 14:04


ပြည် ဘက်က လခရများ အထူးသတိဝီရိယာထားပေးပါ.......ကပစ ဘက် လို့သတင်းရထားပါတယ်

အထောက်တော်
https://t.me/bagomyanmar1

အထောက်တော်

14 Aug, 09:15


ကျုပ်သိတဲ့ နိုင်ငံ့ခေါင်းဆောင်ဆိုတဲ့လူစားမျိုးဆိုတာ.......
...........................
...........................

နိုင်ငံတစ်နိုင်ငံရဲ့ဖွံ့ဖြိုးရေကိုပဲရှေးရှူ့တာ.....

ဒါပေမယ့်....

တိုင်းပြည်မငြိမ်မသက်နဲ့ရင်ဆိုင်နေရရင်တော့....တိုင်းပြည်ငြိမ်သက်အောင်ကိုပဲဦးစားပေးလုပ်ကိုင်တယ်
ပြတ်ပြတ်သားသားလည်းလုပ်တယ်

ဒါကျုပ်...သိတဲ့နိုင်ငံ့ခေါင်းဆောင်တွေရဲ့လုပ်ရပ်

အထောက်တော်
https://t.me/bagomyanmar1

အထောက်တော်

12 Aug, 12:55


၃၆ မိုင်ခရီး လမ်းတောက်လျှောက် ဖြတ်သန်းရတဲ့မြို့တွေအကုန်လုံး ထဲက အင်းမ ၊ ရွှေတောင် ၊ ပြည်...... ထိုမြို့နယ်ကြီးများတွင်ရှိသော ဆီဆိုင်ကြီးများတွင် ကားများ မှ လွှဲ၍ မည်သည့်ဆိုင်ကယ်ကိုမျှ ဆီမရောင်းပါ...

၆၅ မိုင်ခရီး လမ်းတောက်လျှောက် ဖြတ်သန်းရတဲ့မြို့တွေအကုန်လုံး ထဲက
လက်ပံတန်း ၊ အုတ်ဖို ၊ မင်းလှ..... ထိုမြို့နယ်ကြီးများတွင်ရှိသော ဆီဆိုင်ကြီးများတွင် ကားများမှလွဲ၍ မည်သည့်ဆိုင်ကယ်ကိုမျှဆီမရောင်းပါ....

ဒါကြောင့် ၁၇၉မိုင်ကွာဝေးသော ရန်ကုန်...ပြည်လမ်းမကြီးတောက်လျှောက် ဆိုင်ကယ်ဖြင့် ခရီးသွားမည်ဆိုပါက
များစွာအခက်ခဲတွေ့နေရပါသည်။

ထိုကဲ့သို့ဖြစ်နေခြင်းတွေကို ဖော်ပြပါမြို့နယ်ကြီးများက...မြို့နယ်အုပ်ချုပ်ရေးမှူးများကမသိတာတွေလား......
သိသိနဲ့မသိဟန်ဆောင်နေကြတာလား လို့ပဲမေးပါရစေ....

အထောက်တော်
https://t.me/bagomyanmar1

အထောက်တော်

12 Aug, 07:44


(၄) စစ်မှုထမ်းရန် အရည်အချင်းပြည့်မီသော အိမ်ထောင်စုတိုင်းသည် ပါတီဗဟိုကော်မတီ၏ စည်းမျဥ်းစည်းကမ်းများကို လိုက်နာပြီး တာဝန်ထမ်းဆောင်ရန် အချိန်မီတင်ပြရမည်။

(၅) နိုင်ငံရေးအရ တပ်မတော်တွင် ပါဝင်ရန် အရည်အချင်းပြည့်မီသူများသည် သတ်မှတ်ထားသည့် အချိန်အတွင်း အစီရင်ခံရန် ပျက်ကွက်လျှင် သို့မဟုတ် ၎င်းတို့၏ အရေအတွက်ကို လွဲမှားစွာ သတင်းပို့ပါက ၎င်းတို့ကို မြန်မာ အစိုးရ စစ်တပ်တွင် ပါဝင်နေသကဲ့သို့ လားရှိုးရှိ ၎င်းတို့၏ တပြည်လုံး အတိုင်းအတာနှင့် ဆက်ဆံခံရမည်၊ ကိုယ်ပိုင်ဥစ္စာကို သိမ်းယူမည်။

(၆) ခေါ်ယူသည့်ရက်စွဲ- Gregorian ပြက္ခဒိန်- စက်တင်ဘာ 2 ရက်၊ 2024 လပြက္ခဒိန်- သြဂုတ် 1၊ 2024။

မိုကရက်တွင် 族民主同盟

ထုတ်ဝေသည့်

အထောက်တော်

12 Aug, 07:44


ဒီစာဟာအမှန်တွေသာဖြစ်ခဲ့ရင်
ပျော်နေတဲ့သူတွေပိုပျော်နိုင်ကြပါစေ
ကိုယ်တွေခံစားနေရသလို
အိုးမဲ့အိမ်မဲ့၊မိသားစုတကွဲတပြား
မဖြစ်ကြပါစေနဲ့လို့
ဆုတောင်းပေးလိုက်ပါတယ်
အမြဲပျော်နိုင်ကြပါစေ 🙏

[2024]တပ်မတော် အမှတ် ၁၁

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် စစ်ကော်မရှင် (သတိပေးချက်)၊

လားရှိုးလွတ်မြောက်ရေးတပ်သားစုဆောင်းရေးအသိပေးချက်။

တပ်မတော်အဆင့်တိုင်းတွင် ရှေ့တန်းစစ်သည်များ

(၁) လားရှိုးမြို့တွင် စစ်မှုထမ်းရန် အသက်ကန့်သတ်ချက်မှာ အသက် ၁၆ နှစ်မှ ၅၀ နှစ်အထိ သတ်မှတ်ထားသော တပ်မတော်သား အသက်ထက် ကျော်လွန်သူ မည်သူမဆို ခေါ်ယူခြင်း မပြုရ။

(၂) လားရှိုးမြို့အစွန်ရှိ ကျေးရွာအသီးသီးတွင် စစ်မှုထမ်းခြင်းဆိုင်ရာ စည်းမျဉ်းများသည် (ဟန်) စစ်သည်များ စုဆောင်းရန်ဖြစ်ပြီး ကျန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင် မဟာမိတ်တပ်မတော်နှင့် အခြားပါတီနှစ်ရပ်နှင့် အစိုးရတပ်များ စစ်သားစုဆောင်းရန် ရှိသည်။

(၃) မြန်မာဒီမိုကရက်တစ် မဟာမိတ်တပ်မတော်နှင့် လားရှိုးမြို့နယ် တရားလွှတ်တော်ရုံးတို့အကြား ဆွေးနွေးညှိနှိုင်းပြီးနောက် ကလေးသုံးဦးနှင့်အထက်ရှိသော အိမ်ထောင်စုတစ်ခုစီသည် ကလေးတစ်ဦးကို စုဆောင်းခြင်းခံရမည်ဟု ပြဋ္ဌာန်းထားသည်။

အထောက်တော်

10 Aug, 12:35


ထိုကဲ့သို့လူမျိုးမဖြစ်ပါစေနဲ့
~

နိုင်ငံတစ်နိုင်ငံရဲ့ ဒေါက်တိုင်များဖြစ်သော

ပညာရေး ၊ ကျန်းမာရေး ၊ စီးပွားရေး ၊ ကာကွယ်ရေး ၊ အုပ်ချုပ်ရေး

ဒါတွေပြိုကွဲပျက်စီးသွားပီဆိုရင် ထိုနိုင်ငံလည်းလုံးဝပျက်စီးကျဆုံးသွားပါပီ...

မြန်မာနိုင်ငံကြီး ပြန်ပီးနလန်ထူခဲ့တဲ့နှစ်က....ဆယ်စုနှစ်တစ်နှစ်စာပဲရှိပါသေးတယ်။

အခုတစ်ခါပြန်ပီး....အရင်ရာစုနှစ်တွေထဲပြန်လည်ပက်သွားခဲ့ရင်...ဘယ်သူတွေပဲ နစ်နာသွားမလဲ....ဒါကိုသိထားသင့်သလို

ထိုအချိန်ကအခုလိုမျိုးပဲ အဖျက်အမောက်ကိုလက်ယက်ခေါ်သူတွေဒုနဲ့ဒေးပါပဲ......ပြည်ပကိုမျှော်လို့ရူးခဲ့ကြတာလည်း...အခုလိုတွေပါပဲ.........

သူတို့ကြောင့်နိုင်ငံတစ်နိုင်ငံရဲ့ အဓိကမဏ္ဍိုင်ကြီးရော....သာသနာရော....
ယဥ်ကျေးမူ....ရော....ပျက်စီးခဲ့ဖူးတာသမိုင်းသက်သေတွေအများကြီးပါ.........

ဘယ်လောက်ပဲပြန်ပီးအဖက်ဆယ်ဆယ်.....သူတစ်လူငါတမင်းနဲ့ဖြစ်ပျက်နေသမျှကာလပတ်လုံး.....ဆက်လက်ပြိ​ုကွဲ နေအုံးမှာပါပဲ....

တကယ်တော့....နိုင်ငံတစ်နိုင်ငံရဲ့အသက်ဆက်ရှင်သန်မူတွေကိုဖြတ်တောက်ခဲ့ဖူးတာက....ယခုဖြတ်တောက်နေတာကရော.....ဘယ်သူတွေလဲ.......

👉👉 အဖျက်သမားအုပ်စုတွေပါပဲ 👈👈

အထောက်တော်

06 Aug, 09:29


မန္တလေးနဲ့ပြင်ဦးလွင်မြို့
ဩဂုတ်၆၊၂၀၂၄။

ရန်သူနဲ့PDFတွေစစ်ပြင်နေတဲ့အခြေအနေပြတဲ့မြေပုံကြမ်း။Starသင်္ကေတတွေကရန်သူတွေဖြန့်ခွဲရောက်ရှိနေတဲ့အနေအထားဖြစ်ပြီးအနီရောင်မြှားကလက်နက်အင်အားထောက်ပံ့ပေးလာမယ့် လမ်းကြောင်းပါ။

ဘဲဥပုံအနီရောင်အဝန်းအဝိုင်းကလတ်တလောရန်သူတွေ အဓိကထားနေတဲ့နယ်မြေဖြစ်ပါတယ်။မန္တလေးနဲ့ပြင်ဦးလွင်ဟာတစ်မြိုနဲ့တစ်မြို့မှီခိုနေရတဲ့အနေအထားဖြစ်ပြီးတစ်မြို့ကျတာနဲ့ ၂မြို့လုံးကျပြီလို့မှတ်ယူရမှာပါ။ရန်သူတွေဟာပြင်ဦးလွင်နဲ့မန္တလေးကြားကိုဦးတည်ချက်ထားပြီးစိမ့်ဝင်နေတာမို့မန္တလေးနဲ့ပြင်ဦးလွင်ကိုဖြတ်တောက်ဖို့ကြိုးစားနေတာဖြစ်ပါလိမ့်မယ်။ဖြတ်တောက်နိုင်ပြီဆိုရင်တော့ပြင်ဦးလွင်ဟာပထမဆုံးပစ်မှတ်ဖြစ်လာမှာပါ။

လက်နက်ခဲယမ်းအဓိကထောက်ပို့မယ့်လမ်းကြောင်းဟာရှမ်းမြောက်ဖြစ်တာမို့ပြင်ဦးလွင်ကျပြီဆိုရင်တော့မန္တလေးလည်းခံစစ်စည်းမရှိတော့တာကြောင့်တောင့်ခံနိုင်မှာမဟုတ်ပါ။မန္တလေးမကျရှုံးဖို့အတွက်ရှမ်းမြောက်ကလာမယ့်လက်နက်ခဲယမ်းတွေကိုပိတ်ဆို့ဟန့်တားဖြတ်တောက်နိုင်ဖို့အရေးကြီးပါတယ်။ရန်သူတွေဘယ်လောက်ပဲစိမ့်ဝင်နေပါစေ။လက်နက်မရှိရင်ပစ်ပြေးရုံကလွဲလို့ဘာမှလုပ်လို့မရပါဘူး။

မသိဘူးမဖြစ်ဖို့စစ်ကိုင်းတိုင်းဖက်မှာကိုယ်ကလက်ဦးဖို့လိုက်ဖိထားရပါလိမ့်မယ်*

အထောက်တော်

05 Aug, 13:33


အစကတည်းကအမြစ်​​ဖြတ်လို က်ရမယ့်အကြောင်းအရာတွေအများကြီးပါ.......

နေ့ထူးနေ့မြတ်တွေမှာမလိုအပ်ဘဲ....ထောင်ခါမူထိုအထဲက ၇၅%တွင်၄၅%က
စိတ်တွေမပြောင်းလဲဘဲစည်းရုံးလှုံ့ဆော်မူတွေဆက်လုပ်ခဲ့တယ်...ဒါလည်း
မထိန်းချုပ်နိုင်ခဲ့ဘူး

CDMများတွင်...အချို့အတင်းအကြပ်စေခိုင်းမူကြောင့်ဆိုပီးဖြေလျော့၍..Non CDM ပြန်ဝင်ခိုင်းရာ....၇၅%တွင်၅၀%ကအတွင်းထဲကနေရန်သူ့သတင်းပေးများဖြစ်လာခဲ့တယ်...ထောက်ပို့များဖြစ်သွားခဲ့တယ်....အချိန်ဆွဲလို့ဟန့်တာခြင်းမပြုခဲ့ဘဲပြည်ပကိုရောက်သွားသည်အထိလွှတ်ပေးလိုက်ရတယ်

ထိုအချိန်တွေအထိ....NCAကြီးကိုစောင့်မျှော်နေခဲ့တာလည်းအမှားဘဲ...အစကတည်းကသိုးရေခြုံထားတဲ့အဖွဲ့တွေကို..အင်အားများအောင်...လက်နက်ထောက်ပံ့မူများရအောင်စောင့်ပေးလိုက်သလိုမျိုးဖြစ်သွားခဲ့ပြန်တယ်

တကယ့်ဂွင်တွေမှာ....သတင်းပေးသတင်းယူတပ်တည်တပ်လှုပ်များကို....ခင်ရာမင်ရာ...ချစ်ခင်ရာတွေနဲ့မလိုအပ်ဘဲ...လေလှိုင်းကြားကအဆိုးဆုံးVCတေွနဲ့
ချပြနေခဲ့တာကိုက....မဟာအမှားကြီးတွေဒါကစစ်စည်းကမ်းကိုဖောက်ဖျက်သွားတဲ့အကြောင်းအရာတွေထဲကတစ်ချက်ပါဘဲ

ရန်သူ့လမ်းကြောင်းကိုမဖျက်စီးဘဲ....ထိုးစစ်အားသာနေပါရဲ့နဲ့နောက်ဆုံးခံစစ်အဖြစ်နဲ့ပြောင်းသွားလိုက်ရတဲ့အနေအထားတွေကဘယ်လိုဖြစ်ခဲ့တာလဲ

အကွက်ကျော်လို့တွေးပီးအမြဲတမ်းအဖြေရနေတဲ့...စရဖ တို့ဒီဂွင်မှာတော့တကယ်နှောင့်နှေးခဲ့ပါတယ်.....ပထဝီအနေအထားကိုအားနည်းလွန်းတယ်ဆိုတဲ့စကားကိုလက်မခံခဲ့ဘူး...ဘာကြောင့်လည်း....စသမြေပုံပေါ်ကွက်တိနဲ့မို့....ညှာတာလွန်းတာကနေကိုယ့်ဘက်ကပေးဆပ်လိုက်ရမူတွေကတကယ်မတန်ခဲ့ပါဘူး

အဓိကဆက်သွယ်ရေးတွေကျိုးပေါက်ပီး....စ-ကလမ်းကြောင်းတွေပါထိုးကြွေးခံရတာတွေ....မလိုအပ်တဲ့ပေါ်လစီဥပဒေနဲ့သွားနေတဲ့လမ်းကြောင်းရှည်ကြီးက
နောက်ဆုံးပေးဆပ်လိုက်ရတဲ့စခန်းငယ်တွေ...ဗျူဟာကုန်းတွေအထိ...အခုဆို
ရမခကြီးရယ်....တွေးမိတိုင်းမျက်ရည်ဝဲရပါတယ်

မျိုးချစ်တွေ...တပ်မတော်သားဟောင်းတွေစုဖွဲ့လို့....ဘာအပေးအယူမှမရှကနေပြန်ကြည့်လိုက်ရင်အချိန်ကာလအခဲ့လည်းမထိရောက်ခဲ့ရပါဘူး....လျှစ်လျျူရှူ့ခြင်းတွေနဲ့ဘောင်မဝင်ခဲ့တာကြောင့်လည်းအားလုံးကသိသိနဲ့ငြိမ်ပေးခဲ့ပါပီ

၂၀၂၁ကနေပြန်ကြည့်လိုက်ရင်အချိန်ကာလအရတစ်ဝက်ကျိုးသွားပါပီထူခြားမလာဘူးလို့ပဲပြောချင်ပေမယ့်.....နိုင်ငံတစ်နိုင်ငံရဲ့အချုပ်ခြာအာဏာတည်တံ့ခိုင်မြဲရေးရှူ့ထောင့်ကနေကြည့်မယ်ဆိုရင်တော့...အချိန်မီပါသေးတယ်....နောက်ထက်...ဌနခတွေကိုတော့မပေးပါရစေနဲ့တော့ဗျာ😔😔😔😔😔

အထောက်တော်
https://t.me/bagomyanmar1

အထောက်တော်

04 Aug, 13:24


အရေးကြီး စစ်သတင်း

ရမခ လားရှိုးမှာတော့ ဒီနေ့ ညနေ ၄ နာရီမှာ မနေ့ည သန်းခေါင်အချိန် အိပ်တန်းပြန်တက်သွားတဲ့ လင်းယုန် SU30 Squadron အုပ်စုဟာ

၁ ပထဝီအငိုက်

၂ အချိန် အငိုက်

၃ ရာသီဥတုအငိုက်

၄ လူ ကင်းသမားအငိုက်
ကိုယူပြီး အမုန်းဆွဲ ဗုံးကြဲပေးခဲ့ပါတယ်

ကောင်းလိုက်တဲ့ ပစ်ချက်တွေ တိကျ သေသပ်လှပတဲ့ ပစ်ချက်တွေ Pilot များကို မလေးစားဘဲ မနေနိုင်ပါဘူး မြေပြင်မှာ
မှာတော့ ရန်သူ့နောက်ပါထားတဲ့ ရမခ စခန်းရုံးနဲ့ Enquary ဘက်ကိုခြေကုတ်ယူထားတဲ့ ရန်သူတွေဟာ
အလစ်အငိုက်မိပြီး ဖရိုဖရဲ ဖြစ်နေစဉ် နေဝန်းနီ ဘက်တံဆိပ်နဲ့ ရဲမက်စစ်သည်တော်တို့ဟာ ပစ်အားနဲ့ အတင်း ဝင်လုံးကြပါတော့တယ်

ဘာမှ မကြာလိုက်ပါဘူး ညနေ ၄ နာရီခွဲခန့်မှာတော့ Dog
Fight ဖြစ်ကုန်ပြီး လုံးထွေးသတ်ပုတ်ကြတဲ့ လှံစွပ်ထိုး တိုက်ပွဲများ ဆင်နွှဲရပါတော့တယ်

ရန်သူများ မဆရ ၉/ ၁၀၀
ဘက်မှ ရပ်ကွက် ၁၀ ၁၂ များဘက်ကို ဆုတ်ခွါသွားကြပါတော့တယ် ရဲဝံ့စွန့်စားစွာ တိုက်ပွဲဝင်ခဲ့တဲ့ ဆုလာဘ်အဖြစ် ရန်သူ့လက်အောက်ကျရောက်ခဲ့တဲ့ စခန်းရုံးနဲ့
Enquary ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်

စိတ်မကောင်းစရာက မိမိစစ်သည်တော် ဆယ်ဂဏန်းမျှ ကျဆုံးပြီး ဒါဏ်ရာရရှိသူများ ရှိခဲ့ပါတယ် ရန်သူ့ DB ၁၀၀ ကျော်နဲ့ တုတ် တစ်ရာကျော် သိမ်းပိုက်ရရှိလိုက်ပါတယ်

ဆုတ်ခွါသွားတဲ့ ရန်သူ့နောက်ကို လိုက်စစ် ဆင်ဖို့ဆိုတာ မြို့တွင်း လူနေအိမ်တွေကြားထဲ ဘယ်လိုမှ မဖြစ်နိုင်တာမို့ ခံစစ်ကို ပြုပြင်ရင်း အ ချိန်အခါ ကောင်းတစ်ခုကို ပြန်စောင့်နေတဲ့ အနေအထား ဖြစ်ပါတယ်

ဘာဖြစ်ဖြစ် လက်ရှိ ရမခ တိုင်းရုံး စခန်းသိမ်း တိုက်ပွဲဟာ နာရီဝက်အတွင်း အဖြေ ရလဒ်တစ်ခုရအောင် လက်သံပြောင်ခဲ့တဲ့ နေဝန်းနီ စစ်သည်တော်တွေကိုတော့ ချီးကျူးရမှာပါခင်ဗျာ

ဒီလို ကျဉ်းထဲ ကြပ်ထဲကာလတစ်ခုမှာ ပြည်သူလူထု တစ်ရပ်လုံးရဲ့ ငွေအား လူအားဖြင့်
တတ်နိုင်သလောက် ဝိုင်းဝန်းကူညီခြင်း ပြည်သူလူထုတစ်ရပ်လုံးရဲ့ စိတ်ရော ကိုယ်ပါ အားပေးကူညီမှုဟာ အမှန်တကယ်လိုအပ်ချက်ဖြစ်ပါတယ်ခင်ဗျာ

ရန်သူ့ လော်ဘီ Lobby တွေရဲ့ မမှန်သတင်း Fake News များကို လက်ခံ စားသုံးရင်း တပ်ချုပ်ကြီးကိုသော်လည်းကောင်း တိုင်းမှုး တပ်မမှုးများနဲ့ အရာရှိစစ်သည်များကိုသော်လည်းကောင်း မကောင်းမြင်စိတ် Mind Set များကို ဖျောက်ဖျက်ကြပြီး တပ်နဲ့ ပြည်သူ
မြဲကြည်ဖြူ သွေးခွဲလာသူ ဒို့ ရန်သူ ဆိုတဲ့ ဆောင်ပုဒ်အတိုင်း နားလည် ကိုယ်ချင်းစာတရား ထားနိုင်ကြပါစေကြောင်း စေတနာ
ရှေ့ထား၍ လေးစားစွာ တင်ပြအပ်ပါတယ်ခင်ဗျာ

စစ်သတင်းများ မျှဝေပေးနေသော
Major သော်နဲ့ ဗိုလ်စံတို့ကိုလည်း ကျေးဇူးအထူးတင်သလို လေးစားဂုဏ်ယူလျှက်ပါခင်ဗျာ

ကြိုက်နှစ်သက် လက်ခံတယ်ဆိုရင်တော့ ကျေးဇူးပြု၍ Copy & Share ခြင်းအားဖြင့် အားပေးကူညီပါရန် တင်ပြအပ်ပါတယ်ခင်ဗျာ

စစ်ကူ စစ်ကြောင်းများ ချီတက်လာဆဲ ဖြစ်ပါတယ် မကြာခင်
ရွှေဘတို့ ဘီလူးဆိုင်းတီးပြီး ဟန်ချက်ညီ လားရှိုးမြို့တွင်း မြို့ပြင် ရှင်းလင်းရေး စစ်ဆင်ရေး သတင်းများ စိတ်ဝင်စားရင်တော့ စောင့်မျှော်ပေးပါခင်ဗျာ

ခြေလျင်စစ်သည် ဗိုလ်စော
၂၀၂၄ သြ ၀၄ ၁၉၃၀

Source # Major သော် / ဗိုလ်စံ
#Bosaw
https://t.me/naywin331

အထောက်တော်

04 Aug, 07:29


ရမခ စစ်သတင်းနဲ့ စ လိုက်ကြရအောင်လားခင်ဗျာ

အခြေအနေတွေ ရှုတ်ထွေးနေတဲ့ လားရိှုး ရမခ တိုင်းစစ်ဌာနချုပ်မှ စစ်တိုင်းမှုး ဦးစီး မြေပြင်မှ ခြေလျင် ခြေမြန်စစ်သည်တော်များဟာ ဘိန်းစားလူမိုက် ရန်သူများနှင့် လက်တစ်ကမ်းအကွာအထိ အပြန်အလှန်ပစ်ခတ်ကြပါတယ်

၃ ရက်နေ့ တစ်နေကုန်အပြင် ညပိုင်း ၉ နာရီအထိ အား
မလျှော့စတမ်း တိုက်ပွဲဝင်ခဲ့ရတာပါ
ထမင်းကိစ္စ မစဥ္းစားအားပါဘူး
ည ၁၀ နာရီမှာတော့ တပ်မတော် လေ ရဲ့ SU 30 SME ဂျက်တိုက်လေယာဥ္ ၁၀ စီး အုပ်ဟာ Squadron Formation ပုံစံ အုပ်ဖွဲ့ပျံသန်းပြီး လားရိှုးမြို ကောင်းကင်ယံ သို့ အစာကောက်ရန် လင်းယုန်အုပ်ကြီးဟာ ဆူညံစွာ အသံပေးရင်း ရမခ တိုင်းစစ်ဌာနချုပ်မှ ပေးပို့ထားသော
မပည ဆယ်လုံးဂဏန်းအတိုင်း ရမခ အနီးတဝိုက်နဲ့ မြို့ပြင်နေရာများကို အစာကောက်ပါတော့တယ်

မိုးက တဖွဲဖွဲနဲ့ မိုးသံလေသံအကြားက လေသူရဲတို့ရဲ့ တောင်ပံခတ်သံ ခပ်ပြင်းပြင်းကို အရာရှိ စစ်သည်တော်များ နားစွင့်နေတုန်းမှာဘဲ လားရိှုးမြို့ကို တစ်ပတ် ဝဲပျံပြီး ပစ်မှတ်များကို မှတ်ပုံတင်ထားသည့်အတိုင်း ဟန်
ချက်ညီစွာ အမုန်းဆွဲ ဗုံးကြဲလိုက်ပါတော့တယ်

SU30 ဂျက်လေယာဥ္ ဒိုင်ခွက်ထဲက ညကြည့် အမှတ်အသားမှာ ရန်သူ အစုအဖွဲ့များရဲ့ အင်အားကိုပါ တွေ့နေရသည် ဖြစ်လေရာ ဆံချည်တစ်မျှင် မလွဲရအောင် Guided Missile ဒုံးကျည်များနဲ့ တိကျစွာ
ပစ်ခတ်နိုင်ခဲ့ပါတယ်

တပ်မတော် လေ သမိုင်းမှာ
ရုရှားထုတ် SU30 Jet Fighter ကို
မောင်းနှင်ပြီး နှစ်ဖက် တပ်ပါ လက်တွေ့ လားရိှုး လေ့ကျင့်ရေးကွင်းမှာ လက်တွေ့ လေ့ကျင့်ရေးဆင်းပြီး မြေပြင်တပ်တွေကို ထိရောက်စွာ ပစ်ကူပေးနိုင်ခဲ့လို့
နေပြည်တော် ကကကြည်း စစ်ဆင်ရေး ခန်းမထဲမှာ တပ်ချုပ်ကြီး ဒုတပ်ချုပ်ကြီးနဲ့ အရာရှိ စစ်သည်တော်များ ရဲ့ ပျော်ရွှင်စွာ အော်ဟစ်လိုက်တဲ့ ကြုံးဝါးသံတို့ ဆူညံကုန်ပါတော့တယ်

မြန်မာ့တပ်မတော် လေ ရဲ့ ထိရောက်တဲ့ လေကြောင်းပစ်ကူဟာ ရမခ လားရိှုးရဲ့ စစ်ပွဲကို အလှည့်အပြောင်း ဖြစ်စေခဲ့တာတော့ အမှန်ပါဘဲခင်ဗျာ တိုက်ပွဲဝင်
SU30 PILOT ဗိုလ်မှုးကြီးများ ဗိုလ်မှုးများကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ လေးစားပါတယ်ခင်ဗျာ

ရမခ တိုက်ပွဲရဲ့ အလှည့်အပြောင်း ရဲ့ အရှိန် ဘယ်လောက်ပြင်းထန်သလဲ ဆိုရင် စဆရ ကွပ်ကဲနေသူ လူကြီးတစ်ချို့ ရာထူး အချိန်းအပြောင်း ဖြစ်ကုန်သည်အထိ ကျယ်ပြန့်ခဲ့ပါတယ် တိုက်ဆိုင်တယ် ဆိုတာ မရှိပါဘူး လက်တွေ့ လုပ်ဆောင်ကြရတာပါ တပ်မတော်ရဲ့ ဂုဏ်သိက္ခါအတွက် ပေါ့ ခင်ဗျာ

မနေ့ည ၁၁ နာရီ ထိုးခါနီးမှ လင်းယုန် အုပ်စုဟာ ဌာနေ ဝပ်ကျင်းကို ပျံသန်းသွားခဲ့ပါတယ်
လေကြောင်းတိုက်ခိုက်မှုများကို အတိုင်းသား လှမ်းမြင်နေရတဲ့ စစ်ကူ စစ်ကြောင်းများဟာလည်း
၁၂ နာရီကျော်မှာ ရမခကို လည်းကောင်း မြို့ပြင် တပ်ရင်းများသို့လည်းကောင်း ညတွင်းချင်း
ပူးပေါင်းနိုင်ခဲ့ပါတယ်

အခြေအနေမဟန်မှန်းသိနားလည်ချိန်မှာ ရန်သူတွေအတွက် အချိန်နှောင်းနေပါပြီ အာရုံဦး တိုက်ပွဲ ၂ နေရာလောက်ဖြစ်ပြီး အတော်များများက ကျည်ကို ခြွေတာ ပစ်နေကြတဲ့ သဘောပါဘဲ ရန်သူ စစ်ဦးကျိုးသွားပါပြီ မိမိတပ်မတော်မှ အသာစီး ပြန်ယူပြီး ယနေ့ မနက်ကစပြီး မြို့တွင်း မြို့​ပြင်ကို ဖြန့်ခွဲ ရှင်းလင်းနေဆဲ ဖြစ်ပါတယ်

ကြွေ တလှည့် ကြက်တခုန်
ဆိုတာ အဲ့ ဒါပါဘဲ စစ်ကူ စစ်ကြောင်းများ တစ်ချို့ ချီတက်နေဆဲပါခင်ဗျာ ရမခအတွက် မိဘပြည်သူများ မစိုးရိမ်ကြပါနဲ့ခင်ဗျာ Return of Shwe Ba . ရွှေဘ ပြန်လာပါပြီ

ကျဆုံးသွားသော တပ်မတော်သားများ တပ်မတော်သားမိသားစုဝင်များ လားရိှုးရွှေမြို့တော်ကြီးရဲ့ တိုက်တာ အိုအိမ်နဲ့ မိဘပြည်သူလူထုကို နိှပ်စက် သတ်ဖြတ်ခဲ့တာတွေအတွက်
သွေးကြွေး ဆပ်ကြပေတော့မည်

ရန်သူတစ်ချို့ လက်နက်များ ထားခဲ့ပြီး အရပ်ဝတ်များဖြင့်
ခိုးထွက်ဖို့ လုပ်နေတဲ့ သတင်းတွေလည်း မြေပြင် တပ်ဖွဲ့ဝင်များ ရရှိ
ထားပါတယ် ပြေးနိုင်မှ လွတ်မယ်ဟေ့

ဆက်သွယ်မှု ခက်ခဲသောကာလမို့ စစ်သတင်းအမှန်များကို
တတ်နိုင်သမျှ ထိတ်တန်းလျိှု့ဝှက်အဆင့်မှလွဲလို့ သိသင့်သိထိုက်သည့်များကို တင်ပြပေးပါ့မယ်ခင်ဗျာ

လေယာဥ္တက် ဆင်းတဲ့ ကွင်းနေရာ လူကြီး တစ်ချို့ အချိန်းအပြောင်း နဲ့ စစ်အဂင်္ါ စဥ္များကိုတော့ ထိတ်တန်း လဝ ကိစ္စ ဖြစ်လို့ ချန်လှပ်ပြီး တင်ပြတာကို နားလည်ပေးပါခင်ဗျာ
ကြိုက်နှစ်သပ်ရင်တော့ Copy & Share ကြပါရန် လေးစားစွာ တင်ပြအပ်ပါတယ်ခင်ဗျာ

​ေနဝန်းနီ တို့ရဲ့ အောင်ပွဲ ဆက်များသတင်းကောင်းကို ဆက်
စောင့်ကြည့်ကြတာပေါ့ခင်ဗျာ
ခြေလျင်စစ်သည် ဗိုလ်စော
၂၀၂၄ ြသ ၀၄ ၁၃၁၅

SOURCE # Major သော် / ဗိုလ်စံ

အထောက်တော်

04 Aug, 03:30


၄.၈.၂၀၂၄၊

၀၆ နာရီ ၂၅ မိနစ်
တနင်္ဂနွေနေ့
သြဂုတ်လ ၄ရက်


လားရှိုး ရမခ

မနေ့က
တညလုံး
လားရှိုး ကိုတိုက်နေသော လူမျိုးခြား MNDAA အမည်ခံ သူခိုးကန့် များအား
လေကြောင်း ဖိုက်တာများမှ စွမ်းစွမ်းတမံ ထိထိမိမိ ပစ်ခတ်ချေမှုန်း ခဲ့တယ်

မြေပြင်ကျန်ရှိစစ်သည်
တွေကလည်း
ကိုယ့်မြေ ကိုယ့်ရေဆိုတဲ့
အသိနဲ့ အသက်သေရင်သေ
ပါစေ ငါတို့ အရှုံးမပေးဘူး
ဆိုတဲ့ စိတ်ဓာတ်နဲ့
ကြံ့ကြံ့ခံ ကာ တိုက်နေခဲ့တယ်

တကွဲတပြားစီအချိပ်အဆက်မရှိ
အဆက်သွယ်ပြတ်တောက်သွားတဲ့ တပ်မတော်ညီကို အချို့လည်း ပေါင်းစည်းမိခဲ့တယ်

ဒီမနက်
ရလဒ်က ရမခ ရန်သူလက်ထဲ
အလုံးစုံ ရောက်မသွားခဲ့ပဲ
နေရာအချို့ ကလွဲပြီး ကိုယ့်ဘက်က
ပြန် ထိမ်းချုပ်နေနိုင်တဲ့ပုံစံမျိုးဖြစ်လာတယ်

ရန်သူက နေရာစုံမှာ ပြန့်ကျဲနေဆဲဆိုပေ့မဲ့
အရင်ရက်တွေကလို
ခပ်မာမာ ခေါင်းမထောင်အား
တော့ပါဘူး ။ ကောက်ရိုးမီးလို စိတ်လျော့လိုက်လို့လည်းမဖြစ်သေးပါဘူး။

အလှည့်ကျ
လေကြောင်းပစ်ကူ ဖိုက်တာများ
မှ ရန်သူပြန့်ကြဲ အသုအဖွဲ့များရှာဖွေ ရှင်းလင်းခြင်း Mission Attack ဆက်လက်လုပ်ပေးနိူင်မှ ရန်သူ့
ဦး ခါး ကျိုးပြီး နလံမထူမှာဖြစ်ပါတယ်။

ဒီမနက်စောစော
မင်္ဂလာသတင်းကတော့
အဆက်သွယ်ပြတ်တောက်နေတဲ့တပ်အချင်းချင်းလည်း
အတော်လေး အချိပ်အဆက်
ပြန်ရှိလာကြတယ်လို့သိရပါတယ်။

နေ့လယ်လောက်ဆိုရင်
ပိုမိုကောင်းမွန်တဲ့
မင်္ဂလာသတင်းတွေ
ကြားကြရမှာသေချာပါတယ်

တညလုံး ဝုန်းနေတဲ့
လေတပ်ကို လည်းလေးစား
ပါတယ်   မြေပြင်အခက်ကြုံ
နေချိန် အထောက်ကူကောင်း
ဖြစ်ခဲ့သလို   ရလဒ် ကပြောင်းပြန်ဖြစ် စေခဲ့ရတာပါ။

မြေပြင်ကကြံ့ကြံ့ခံ နေတဲ့

ငါ့ ညီကို စစ်သားကောင်းကြီးတွေကိုလည်း လေးစားဂုဏ်ယူလျက်ပါ

မကြာခင်

ရမခ မှာ ကိုကန်း ပလောင် ရုပ်ဖျက် " ဝ " ယူနန် ၊ PDတပ်ပျက် ပဒက် နဲ့ BPLA ဆိုတဲ့ ဗမာကွန်မြူနစ်ပါတီလက်ကျန်  သူပုန်မျိုးတုန်းစေရမည်။

ရမခအောင်ပွဲ
ပြည်သူစိတ်ရှိသူ စစ်စစ် တွေ နဲ့ အတူဆင်နွဲ
ကြပါစို့

၀၆နာရီ၂၅မိနစ်
တနင်္ဂနွေနေ့
သြဂုတ်လ ၄ရက်

အထောက်တော်

04 Aug, 03:16


✔️🆕✔️🆕နောက်ဆုံး ရရှိသတင်း

🇲🇲ရမခ မကျ SU.30 အပါအဝင်
ငှက် အုပ်စု ထိထိမိမိ အစာရယူနိုင်

ကျေနပ်မိတယ် ရမခ မကျအောင် ကြိုးစားတဲ့မြေပြင် ဝေဟင် ညီအကိုအားလုံး လေးစားတာထက်ပိုတယ်ခင်ဗျာ
🫡

တရားသောစစ်အောင်ရမည်
🇲🇲
သူရဲကောင်းသစ္စာ 🇲🇲
https://t.me/Asiamyanmar777

အထောက်တော်

04 Aug, 00:57


ဒီမနက် ရတဲ့ အဆက်သွယ် အရ

ပင်မစစ်ကူစစ်ကြောင်းနဲ့ လားရှိုးမှာရှိတဲ့

အထိုင်တပ်စခန်းတစ်ခု ပူးပေါင်းနိုင်ပြီ

ဆိုတာရယ်၊ အဲ့ဒီ ပူးပေါင်းစစ်ကြောင်းက

ရမခတိုင်းစစ်ဌာနအတွက် အခြေနေတစ်ခု

ပြောင်းလဲ ဖန်တီးနိုင်ဖို့ ကြိုးစားနေကြတယ်

ဆိုတာရယ်၊ ရမခတိုင်းစစ်ဌာနထဲမှာ

မနေ့က ည (၈) နာရီအထိ ခုခံတိုက်ခိုက်နေသေးတဲ့

စစ်သားစိတ်အပြည့်ရှိတဲ့ စစ်သားအစစ်တွေနဲ့

အဆက်သွယ် ရရှိ ပူးပေါင်းနိုင်ဖို့

ဆောင်ရွက်နေတယ်
ဆိုတာရယ်။