အင်အားနည်းခြင်း များခြင်းသည် အဓိကမဟုတ် ၊ ကြံရည်ဖန်ရည်နဲ့ ရဲစွမ်းသတ္တိသာရင် အဓိကဖြစ်တယ်။ ဒီတိုက်ပွဲကို နိုင်အောင် ငါတို့တိုက်ကြမယ် ဆိုပြီး မြစ်တဖက်ကမ်းကို ရအောင်ကူးပြီး ရန်သူတွေကို အနိုင်တိုက်ခဲ့တဲ့ ဘုရင့်နောင်ကျော်ထင်နော်ရထာဆိုတာ သမိုင်းမှာ အရမ်းထင်ရှားခဲ့တဲ့ ဘုရင်တပါးပေါ့။ ကျနော်တို့သင်ခဲ့ရတဲ့ နောင်ရိုးတိုက်ပွဲအကြောင်းပါ။ လူတစ်ယောက်ဟာ ဒီအလုပ်ကို အောင်မြင်အောင်လုပ်မယ်ဆိုပြီး စိတ်ပိုင်းဖြတ်လိုက်တယ်ဆိုရင် သူ့မှာသတ္တိတွေရလာပါတယ်။ ပါဋ္ဌိလိုဆိုရင် စိတ္တအဓိပတိပါဘဲ ၊ စိတ္တဗလ (စိတ်အင်အား) တွေရလာပြီဘဲဖြစ်ပါတယ်။ စိတ္တဓိပတိ အားကောင်းတွေလူတွေဟာ လွန်စွာသတ္တိရှိသူတွေဖြစ်ပါတယ်။ ကမ္ဘာ့သမိုင်းမှာ ဂိုးလီးယက် နဲ့ ဒေးဗစ်ဆိုတဲ့ အလွန်နာမည်ကြီးတဲ့ ပုံပြင်လေးတစ်ပုဒ်ရှိတယ်။ လူငယ်လေး ဒေးဗစ်ဟာ အလွန်ကြီးမားတဲ့ လူ့ဘီလူးကြီး ဂိုးလီယက်ကို လောက်လွှဲလေးနဲ့ အနိူင်ယူခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်မှာ နာဇီဂျာမနီက ဥရောပတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်ပြီး ရုရှား မော်စကို ကိုစစ်အား တစ်သန်းခွဲလောက်နဲ့ ဝင်တိုက်တယ်။ အဲ့အချိန် ရုရှားမှာ တပ်အင်အား ၅သိန်းတောင်မပြည့်ပါဘူး။ 1941 ဒီဇင်ဘာမှာ ဂျာမနီရဲ့ GE တပ်တွေက ရုရှားနယ်နမိတ်ထဲ ရောက်နေပြီ အဲ့ကစလို့ အင်အားကောင်းကောင်းနဲ့ ထိုးစစ်ဆင်လာလိုက်တာ မော်စကိုမရောက်ခင် လီနင်ဂရက်မှာ ဂျာမနီတပ်တွေ ဝိုင်းဝန်းပိတ်ဆို့ပြီး ချေမုန်းခံရတယ်။ ဂျာမနီက အင်အားတောင့်တင်းသော်လည်း သူ့ထက် အင်အားနည်းတဲ့ ရုရှားရဲ့ ချေမုန်းခြင်းကိုခံရပါတယ်။ ပြောချင်တာက အင်အားနည်းခြင်းများခြင်းသည် ပဓာနမဟုတ် စိတ်ဓာတ်ခိုင်မာခြင်း နှင့် သတ္တိဗျက်တ္တိသာလျှင်ပဓာနဖြစ်ပါတယ်။ ကိုယ့်ထက် အင်အားကြီးလဲ ဂရုစိုက်စရာမလိုပါ။ စိတ်ဓာတ်အင်အားမရှိတဲ့လူတွေ သတ္တိနည်းတဲ့လူတွေချည်း စုဖွဲ့တစ်ခုဟာ လူတစ်သိန်းပင်ဖြစ်လင့်ကစား လက်ဖတ်ရည်ဆိုင်ထိုင်ပြီး မိန်းမလိုမိန်းမရ သောက်တင်းတုတ်နေရုံမှလွဲဲပြီး ဘာမှမတတ်နိုင်ပါဘူး။ လူစွမ်းကောင်းတွေချီးမွန်းတဲ့ စိတ္တဗလ ၊ သူရသတ္တိမျိုး ကျင့်ဆောင်မွေးမြူနိူင်ကြပါစေ 🙇🙏