Dweck ကတော့ ဒီစာအုပ်မှာ growth mindset ပြောင်းလဲရေး ခရီးစဉ်အတွက် အဆင့်လေးဆင့်ဖော်ပြထားပါတယ်။
ပထမအဆင့်က ကိုယ့်ရဲ့ fixed mindset အတွေးအမြင်တွေကို ငြင်းဆန်ဘဲ ကျေကျေနပ်နပ်ပွေ့ဖက်လက်ခံပြီး ထိပ်တိုက်ရင်ဆိုင်ဖို့ ဖြစ် ပါတယ်။ ၊ ဘဝမှာ အရှုံးတွေနဲ့ကြုံရတဲ့အခါ fixed mindset ကြောင့် ရှက်ရွံ့မှုတွေဖြစ်ပေါ်လာနိုင်ပေမဲ့ ဒီခံစားချက်တွေဟာ လူ့သဘာဝဖြစ်နတာကြောင့် လက်ခံပေးနိုင်ဖို့လိုပါတယ်။ အရေးကြီးတာက အဲဒီခံစား ချက်တွေထဲမှာ အကြာကြီးမနေဘဲ ရှေ့ဆက်နိုင်ဖို့ပါပဲ။
လူတစ်ယောက်နဲ့တစ်ယောက် fixed mindset ဖြစ်ပေါ်တဲ့နေရာ ချင်းကလဲ ကွဲပြားခြားနားတတ်ပါတယ်။ တချို့က သင်ယူလေ့လာရေး မှာ growth mindset ရှိပေမဲ့ အချစ်ရေးကျတော့ fixed mindset ရှိနေတာမျိုးဖြစ်တတ်ပါတယ်။ ဘယ်နေရာမှာပဲ fixed mindset ရှိသည်ဖြစ်စေ၊ ဒီစိတ်ဓာတ်ကို ငြင်းဆန်နေစရာမလိုဘဲ ဒါ ဟာ ပုံမှန်ပဲလို့ လက်ခံပေးနိုင်ဖို့လိုပါတယ်။
ဒုတိယအဆင့်ကတော့ fixed mindset တွေကိုဖြစ်ပေါ်စေတဲ့ နောက်ခံအကြောင်းရင်းတွေကို သတိပြုဖော်ထုတ်ဖို့ ဖြစ်ပါတယ်။ စာမေးပွဲကျချိန်မှာ လက်လျှော့အရှုံးပေးချင်စိတ်ဖြစ်တာလား? အလုပ်ပြုတ်ချိန်မှာ အရှုံးသမားလိုခံစားရတာလား? ကိုယ့်ထက်တော် တဲ့လူနဲ့တွေ့ရင် သိမ်ငယ်သွားတာလား? စိန်ခေါ်မှုတွေကိုကြောက်နေတာ လား? ဒါမှမဟုတ် တခြားလူတွေကို စီမံခန့်ခွဲမှုမလုပ်နိုင်လို့ စိတ်ဓာတ် ကျတာလား? အစရှိသဖြင့် ကိုယ့်ရဲ့ fixed mindset တွေ ထွက် ပေါ်လာတတ်တဲ့ အရင်းအမြစ်တွေကို ရှာဖွေရမှာဖြစ်ပါတယ်။
တတိယအဆင့်ကတော့ ကိုယ့်ရဲ့ fixed mindset ကို လူတစ် ယောက်လို့သဘောထားပြီး နာမည်တစ်ခုခုပေးလိုက်ဖို့ဖြစ်ပါတယ်။ ဥပမာအားဖြင့် ရုပ်ရှင်ဇာတ်ကားတွေထဲက ကိုယ်မကြိုက်ဆုံး၊ ကိုယ်မ ဖြစ်ချင်ဆုံး ဇာတ်ကောင်တွေရဲ့နာမည်မျိုး ပေးလိုက်တာမျိုးပါ။ ပြီးရင် တော့ အဲဒီ fxed mindset ရှိတဲ့လူက ကိုယ့်စိတ်ထဲကနေထွက်လာ တိုင်းမှာ သူနဲ့ဆန့်ကျင်ဘက်လုပ်ရပါမယ်။ Fixed mindset က တစ်ခုခုပြောလာရင် သူပြောသမျှကို ကိုယ်က “No” လို့ပြောပြီးငြင်း ပါ။ ဥပမာအားဖြင့် ရှုံးနိမ့်မှုတစ်ခုခုနဲ့ကြုံရချိန်မှာ fixed mindset ပေါ်လာပြီး ကိုယ့်ကိုအသုံးမကျဘူးလို့ပြောပါလိမ့်မယ်။ အဲဒီအချိန်ကျ ရင် ကိုယ့်ဘက်က သူပြောတာမမှန်ကြောင်းငြင်းဆန်ပြီး နောက်တစ် ကြိမ်ကြိုးစားချင်စိတ်ကို မွေးမြူရမှာဖြစ်ပါတယ်။
စတုတ္ထအဆင့်ကတော့ ကိုယ့်ရဲ့ fixed mindset လေးကို ကိုယ် လိုချင်တဲ့စိတ်မျိုးဖြစ်လာအောင် ဆုံးမပညာပေးဖို့ ဖြစ်ပါတယ်။ Fixed mindset ကို ဖြစ်ပေါ်စေတဲ့အကြောင်းရင်းတွေကို သဘောပေါက်လာမယ်၊ fixed mindset ကို နာမည်ခေါ်ပြီး ဆန့် ကျင်နိုင်လာနိုင်မယ်ဆိုရင် ဒီစိတ်ဓာတ်ကို လိမ္မာအောင်ဆုံးမနိုင်စွမ်း ပိုကောင်းလာပါလိမ့်မယ်။
Fixed mindset ကတော့ သူ့သဘာဝအတိုင်း လက်လျှော့အရှုံးပေး ဖို့နဲ့ comfort zone ထဲကနေမထွက်ဖို့ကိုပဲ အမြဲတမ်း တိုက်တွန်းမှာ ပါပဲ။ အဲဒီလိုအချိန်တွေမှာ သူ့ကို ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်း စရာမလိုပါဘူး။ သူ့ကို ဆူပူကြိမ်းမောင်းခြင်းက ကိုယ့်ကိုယ်ကိုယ် ဆူပူ ကြိမ်းမောင်းခြင်းနဲ့ အတူတူပါပဲ။ ဒါကြောင့် fxed mindset က “မင်းအသုံးမကျဘူး” လို့ပြောလာတဲ့အခါ “အေးအေး၊ မင်းပြောသလို လဲဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ ငါ့မှာ နောက်ထပ်အိုင်ဒီယာတွေရှိသေးတယ်၊ ငါတို့ထပ်ကြိုးစားကြည့်သင့်တယ်မဟုတ်လား” လို့ ပညာပေးဆုံးမနိုင် ပါတယ်။ ကိုယ့်ဘက်က growth mindset ရှုထောင့်ကနေအမြဲ တွေးပြီး fixed mindset လေးကို ဖြည်းဖြည်းချင်း ဆုံးမသွားမယ် ဆိုရင် စဉ်ဆက်မပြတ်တိုးတက်သူတွေ ဖြစ်လာပါလိမ့်မယ်လို့ စာရေး သူ Dr. Carol Dweck က တိုက်တွန်းဖော်ပြထားပါတယ်။