သံတော်ဆင့် 1 @attcechtn14 Channel on Telegram

သံတော်ဆင့် 1

@attcechtn14


သံတော်ဆင့် 1 (Burmese)

သံတော်ဆင့် 1 ဟာ သင်တို့အတွက် ရှာဖွေပြီး စိတ်ရှင်းနေသော သံတော်လွှာဖြစ်ပါသည်။ ရှာဖွေပြီးပြင်စွမ်းရေးသို့အတွက် အခန်းအကျယ်များ၊ နောက်ပြကတော်ဆင့်များ၊ လွှပ်စက်များ၊ ကြားတော်သော သင်တို့၏ ကိုယ်ရေးရာသီတင်များရှိပါသည်။ သင်တို့ ပြဿနာမည်သင့်သော လူပေါင်းများနှင့် ပြဿနာမည် အစီအစဉ်များ ဖွင့်လှစ်လိုက်သည်။ သံတော်ဆင့် 1 သည် သင်တို့အား မျှဝေရန် အခြေစိုက်ပြီး အနည်းငယ်မှ တစ်ခုခုအနည်းဆုံး လွည့်သည့် အခန်းများဖြစ်ပါသည်။

သံတော်ဆင့် 1

11 Feb, 14:19


ရိုးရာမပျက် ဌာနဲ့ ရဲ့ ထမနဲထိုးပွဲ...
....................................................................................
ဆယ့်နှစ်ရာသီ ၊ ပွဲတော်နက်မှ
တစ်ခုပါဝင် ၊ ထို ထမနဲ
ပျော်ရွှင်စည်ကား ၊ များပြာလှစွာ
ဌာန ခေါင်းဆောင် ၊ ကြီးကြပ်မှုဖြင့်
စည်းလုံးညီညာ ၊ အောင်ကြောင်းဖြာ၍
ရိုးရာမပျက် ၊ လုပ်ဆောင်ခဲ့ပြီ
ဌာနရဲ့ စည်းလုံးမှုပါတကား....😘😘😘

သံတော်ဆင့် 1

11 Feb, 04:45


ဒေါ်လာစားအကြမ်းဖက်အားပေးမီဒီညာနှင့်သူဖုန်းစားတို့အတွက် မျက်ရည်နှစ်စက်
=====================================
   အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က USH လို့ခေါ်တဲ့ အမေရိကန်အကူအညီပေးရေး အဖွဲ့အစည်းကြီးကို တရားဝင်ရပ်ဆိုင်းဖျက်သိမ်းလိုက်တော့ မြန်မာနိုင်ငံက အကြမ်းဖက်လုပ်ရပ်တေ ထိုက်သင့်လျောက် လျော့သွားမှာတော့သေချာပါတယ် USH က NGOအဖွဲ့အစည်းတွေကို လှူဒါန်းတယ် NGOက  ကျန်းမာရေး ပညာရေး တွေထောက်ပံတာကနည်းနည်း စနစ်တကျ လာဘ်စားနေတာကများနေတာဖြစ်ပါတယ် မြန်မာပြည်က ဒုက္ခသည်တွေကို ကူညီမယ်ဆိုတဲ့ခေါင်းစဥ်နဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အားပေးနေတာတွေ အများကြီးပါ ဒါကို ဒေါ်လာစားမီဒီညာတွေကလည်း သူတို့ကိုသူတို့  ဒီမိုကရေစီသူရဲကောင်း အသွင်အပြင် ကိုယ့်နိုင်ငံကို ဖျက်စီးနေကြတာပါ ဒီသတင်းက အေးချမ်းစွားနေထိုင်လိုကြတဲ့ ပြည်သူတွေအတွက် သတင်းကောင်းတစ်ခုပါ


သံတော်ဆင့်#

သံတော်ဆင့် 1

11 Feb, 03:20


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား သို တက်ရောက်ချီးမြှင့် ဖွင့်လှစ်


သံတော်ဆင့်

သံတော်ဆင့် 1

03 Feb, 09:53


ခွေးသစ်က ဂျင်းသတင်းတွေ ရေးပြန်ပြီ
==========================================================================
  ဂျင်းသတင်းတွေကို တစ်ရာဖိုး ၃ ပုဒ်ရေးနေတဲ့  ခွေးသစ်မီဒီညာ ဌာနက  အခြေအမြစ်မရှိတဲ့ သတင်းတွေကို ကျင်းထဲက မထွက်ပဲ စိတ်ကူးတည့်ရာ ရေးနေပြန်ပြီ။ ဖေဖော်ဝါရီ ၃ ရက်နေ့ ဒီကနေ့မှာ ခွေးသစ်သတင်းဌာနက နမ့်စန်မြို့၊ ခမရ(၅၁၆)မှာ စစ်သားအချင်းချင်း စကားများရန်ဖြစ်ရာကနေ ပစ်ခတ်မှုဖြစ်ပွားပြီး တပ်ကြပ်၁ ဦး သေဆုံး ဆိုပြီး သတင်းအမှား ရေးထားတွေ့ရပါတယ်။ မြေပြင်စုံစမ်းချက်အရ ခမရ (၅၁၆)မှာ  ထူးခြားဖြစ်စဉ် မရှိသလို ခွေးသစ် ရေးသလို စစ်သားအချင်းချင်း စကားများရန်ဖြစ်ရာကနေ  အချင်းချင်းပစ်ခတ်မှု လည်း မရှိဘူး၊ တပ်ကြပ် ၁ ဦးသေဆုံးတယ်ဆိုတာလည်း မဟုတ်ဘူးလို့  သက်ဆိုင်ရာတပ်က တာဝန်ရှိသူ တစ်ဦး ထံမှ သိရပါတယ်။ ဒါကို တပ်မတော်သားတွေနဲ့ တပ်မတော်မိသားစုဝင်တွေ ၊ပြည်သူလူထုတွေ ထင်ယောင်ထင်မှားဖြစ်အောင် ရေးသားနေတာ ဖြစ်ပါတယ်။ ဒီလိုရေးနိုင်တယ်ဆိုတာကလည်း ခွေးသစ်တို့ ရဲ့ ကျွမ်းကျင်တဲ့ လုပ်ငန်းဖြစ်နေတာကိုးဗျ။ ဘယ်သူဘာပဲဖြစ်နေဖြစ်နေ ဒီလို နေ့စဉ် တစ်နေ့သုံးပုဒ်လောက် ဘယ်မှ မသွား၊ မစုံစမ်းပဲ ရေးနေတာကိုပဲ ဒေါ်လာရနေတော့ စိတ်ကူးရှိရာ ရေးနေတာမဆန်းပါဘူး။ ခင်ဗျားတို့ လိုက်ကြည့်လိုက်ပါ၊ ခွေးသစ်သတင်းဌာနအနေနဲ့ ပြည်သူကို အကျိုးပြုတဲ့ သတင်း ဘယ်နှခါ တွေ့ဖူးလဲ။ နိုင်ငံကို အကျိုးပြုတဲ့ သတင်း ဘယ်နှခါ တွေ့ဖူးလဲ။ သူဒေါ်လာရဖို့အရေး၊ နိုင်ငံပျက်စီးစေရေး၊နိုင်ငံဖျက်၊ပြည်ဖျက် အဖွဲ့နဲ့ လက်နက်မဲ့ပြည်သူတွေကို သတ်တဲ့ အကြမ်းဖက်အဖွဲ့ကို ဖင်လျက်ပြီး စာရေးပေးနေတဲ့ဖာသည်မ သတင်းဌာန၊ လူသတ် သမား သတင်းဌာန တစ်ခုသာဖြစ်တယ်။ ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ ခွေးသစ်သတင်းဌာနရဲ့ သတင်းတွေ မယုံကြည်ကြဖို့နဲ့၊ ခွေးသစ်တင်တဲ့ သတင်းအမှားတွေကို ကြည့်ပြီး စိတ်ဆင်းရဲ မခံကြဖို့၊ အကုသိုလ်မယူကြနဲ့လို့  အသိပေးပါရစေ။

သံတော်ဆင့်

သံတော်ဆင့် 1

03 Feb, 09:53


ခွေးသစ်က ဂျင်းသတင်းတွေ ရေးပြန်ပြီ

သံတော်ဆင့် 1

03 Feb, 06:33


မန္တလေးမြို့အတွင်းရှိ အုပ်ကြီးများနှင့် ရာအိမ်မှူးများကို လိုက်လံလုပ်ကြံသတ်ဖြတ်နေသည့် အကြမ်းဖက်လူသတ်သမား PDF များကို လက်နက်ခဲ့များနှင့်အတူ ဖမ်းဆီးရမိ။

မှိုင်းဝေ

သံတော်ဆင့် 1

03 Feb, 06:33


ဘယ်တော့မှ အနိုင်မကျင့်နဲ့။

▪️ လမ်းလျှောက်နေရတဲ့သူကို ဆိုင်ကယ်စီးနိုင်တဲ့သူက အနိုင်မကျင့်နဲ့။စာနာပါ။

▪️ ဆိုင်ကယ်စီးနေတဲ့သူကို ကားစီးနိုင်တဲ့သူက အနိုင်မကျင့်နဲ့။စာနာပါ။

▪️ လက်နက်မဲ့သူကို လက်နက်နဲ့လူက အနိုင်မကျင့်နဲ့။ စာနာပါ။

လောကမှာ ကိုယ်က သာနေတုန်းမှာ ဘဝင်မမြင့်နဲ့။ ဘဝင်မြင့်ရင် အကျ နာတတ်ပါတယ်။

မောင်ချိန်ခွင်

သံတော်ဆင့် 1

03 Feb, 06:33


▪️ လောကမှာ နှလုံးရည် အားနည်းသူက လက်ရုံးရည်ကို အားကိုးချင်ကြတယ်။

PDF တွေ အပါအ၀င် EROs တွေက လက်နက်အားကိုးနဲ့ လူသစ်စုတယ်။ ငြိမ်းချမ်းတဲ့ မြို့တွေကို ၀င်တိုက်တယ်။ ဟုတ်ပြီ။ တပ်မတော်က လက်နက်အားကိုးပြီး မဖြေရှင်းသေးဘူး။ တတ်စွမ်းသလောက် ခုခံနေဆဲပါပဲ။

အကယ်၍ တပ်မတော်က လက်နက်အားကိုးပြီး ဖြေရှင်းလိုက်ရင် ဘာတွေ ဖြစ်နိုင်လဲဆိုတာ တွေးကြည့်မိဖူးသလား။ ခင်ဗျားတို့ မတွေးမိရင် ပြောပြမယ်။

သောင်းကျန်းသူ သိမ်းထားတဲ့မြို့တစ်မြို့ကို တစ်နာရီအတွင်း ပြာပုံဖြစ်သွားနိုင်တယ်။ မီဒီယာက အော်မယ် မကြံနဲ့၊ အစ္စရေးက ပါလက်စတိုင်းကိုလုပ်တာ ဒီ့ထက်ဆိုးတယ်။

AA အဖွဲ့ဆိုတာ တစ်လအတွင်း ပျောက်သွားမယ်။ ဒါက အရှိတရားပဲ။ အခုထိ လက်နက် အားမကိုးသေးဘူး။

သူတို့တွေထက် ဦးကိုကိုကြီးကို လေးစားတယ်။ နှလုံးရည် ရှိသူက လက်နက် အားမကိုးဘူး။ သူ့မှာ အရည်အချင်းရှိတယ်။ နောက်ဆုံး၈၈တွေထဲမှာ သူပဲ ကျန်ခဲ့လိမ့်မယ်။

လက်နက်ကိုင် လမ်းစဥ်ကို အပြီးစွန့်ပြီး နိုင်ငံရေးလုပ်တတ်မှသာ ခင်ဗျားတို့ လိုချင်တာ ရနိုင်မယ်။ ဒါကို သဘောမပေါက်သရွေ့ ဆက် သေရအုံးမယ်။ နှစ်ဖက်လုံး သေမှာပါ။

မောင်ချိန်ခွင်

သံတော်ဆင့် 1

03 Feb, 06:33


ဘောလခဲKNDFဒရုန်းတပ်သားကင်အခမ်းအနား
ဖေဖော်ဝါရီ၃၊၂၀၂၅

ဘောလခဲမြို့နယ်စစ်ဆင်ရေးအတွင်းKNDFတပ်ရင်းအမှတ် (၁၅)ကDroneတပ်သား ခူးတီရယ်ဟာဘောလခဲမြို့နယ်က ရှေ့တန်းတစ်နေရာမှာလေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်သုတ်သင်မှုကြောင့်ဇန်နဝါရီ(၃၁)ရက်နေ့မှာကျဆုံးခဲ့တယ်လို့ဆိုပါတယ်။

ဖက်ဒလရယ်ဒီမိုစစ်ရေး၊နိုင်ငံရေးရည်မှန်းချက်မပြီး​မီအသက်၊ခန္ဓာပေးအပ်လိုက်ရပါတယ်😁

သံတော်ဆင့် 1

03 Feb, 06:33


တူရာ တူရာ စုတတ်တယ်။

▪️ မိတ်ဆွေက မြေဖြူခဲကိုင်ပြီး ကျောင်းဆရာလုပ်ရင်တော့ စာသင်ချင်တဲ့ တပည့်တွေ ရောက်လာကြလိမ့်မယ်။

▪️ သစ်ပင်စိုက်နေရင် စိုက်ပျိုးရေးသမားတွေပဲ ရောက်လာကြမယ်။

▪️ဝပ်ရှော့လုပ်ပြီး စက်ပြင်ရင် စက်ပြင်ချင်တဲ့သူတွေ ရောက်လာကြမှာပဲ။

▪️ကားသော့ကိုင်ပြီး အရောင်းအဝယ်လုပ်ရင် ကားသမားတွေပဲ ရောက်လာကြလိမ့်မယ်။

အဲ ။ ဒီလိုပဲ ။ မိတ်ဆွေက သေနတ်ကိုင်ထားမိရင်တော့ ကိုယ့်ဆီကို ရောက်လာမယ့်သူက သေနတ်သမားတွေပဲဆိုတာ မမေ့နဲ့။

မောင်ချိန်ခွင်

သံတော်ဆင့် 1

03 Feb, 06:33


ယနေ့ နံနက်ပိုင်းက ရန်ကုန်-မော်လမြိုင်လမ်းမကြီး၊ မွန်ပြည်နယ်၊ပေါင်မြို့၊၊ဥတ္တံတားကျေးရွာအနီးရှိ ချောင်းကူးတံတားကို စစ်သွေးကြွ KNU/NUG အဖွဲ့ မှ မိုင်းခွဲဖျက်ဆီးရန် ဆောင်ရွက်ခဲ့သည်။


အဆိုပါ မိုင်းများကို လုံခြုံရေးတပ်ဖွဲ့က အချိန်မှီ ရှင်းလင်းနိုင်ခဲ့သည်။


#People@peoplemedianews

https://t.me/ckkmdy969

သံတော်ဆင့် 1

03 Feb, 06:33


နမ့်စန်မြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
==========================================================================
  ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နေ့လည်ပိုင်းတွင် ပူးပေါင်းအဖွဲ့သည် သတင်းအရ နမ့်စန်မြို့နယ်၊ မီးသွေးကုန်းကျေးရွာနှင့် ရွှေငါးကန်ဟိုတယ် အဝင်လမ်းထောင်း၌ စောင့်ဆိုင်းနေ စဉ် ထင်းရှူးမြိုင်ကျေးရွာဘက်မှ ရွှေငါးကန်ဟိုတယ် ဘက်သို့ ဆန်မွန်း၊ ၃၅ နှစ်၊ ထင်းရှူးမြိုင် ကျေးရွာနေသူ  မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား စစ်ဆေးရာ ဆန်မွန်း၏ ဝဲဘက် လက်အတွင်းမှ WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားစီပါ ၅ ထုပ်၊ စုစုပေါင်း ဆေးပြား ၁၀၀၀ ပြား ၊ ကာလတန်ဖိုး ၅၀၀၀၀၀ ကျပ်အား ဖမ်းဆီးရမိခဲ့ပြီး တရားခံအား တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
သံတော်ဆင့်

သံတော်ဆင့် 1

03 Feb, 06:33


မုဒိန်းမှုများနေသော လွတ်မြောက်နယ်မြေ


တော်လှန်ရေးရပ်ကွက်မှာလည်း တစ်နေ့တစ်မျိုး မရိုးနိုင်အောင် သတင်းတွေ ကြားနေရလေသည်။
NGOမမတစ်ယောက်ကတော့ တော်လှန်ရေးဟာ ပန်ဆယ်လိုတော်လှန်ရေး ဖြစ်သွားပြီလို့ ဆိုလေသည်။ပန်ဆယ်လိုသာ စီးပွားဖြစ်သွားတာကြောင့် ပန်ဆယ်လိုတော်လှန်ရေးဟု အမည်ပေးရခြင်းဖြစ်ကြောင်း၊ NUGကလည်း ပန်ဆယ်လိုပေးတာကမ်းတာ စားနေရတာကြောင့် မော်၍ပင် မကြည့်ရဲကြောင်း၊ တော်လှန်ရေး ခေါင်းစဥ်တပ်ပြီး လိင်အမြတ်ထုတ်မှုတွေ ပိုများလာကြောင်း သူ့မိတ်ဆွေတစ်ယောက်ကို ရင်ဖွင့်လေသည်။


"တော်လှန်ရေးထဲက ညီမလေးတွေပြောပြတဲ့ သူတို့ လိင်ပိုင်ဆိုင်ရာထိပါးနှောက်ယှက်ခံရမှုတွေ ကြားရချိန် ရင်တွေနာရပါတယ်။ တစ်ယောက်မက ပြောပြကြသော အကြောင်းအရာတွေမှာ ကိုယ်ဟာ ဓါးနဲ့ အကြိမ်ကြိမ် ထိုးစိုက်ခံနေရသလိုပဲ။

ဘယ်တတ်နိုင်မလဲ အစ်မရယ် သူတို့က အင်အားကြီးတယ်လေ ဆိုတာရဲ့နောက်မှာ ကိုယ်လည်း ဆွံ အ တယ်။

လက်နက်ကိုင်ထားလို့က တမျိုး၊ ဆယ်လီဖြစ်လို့က တစ်ဖုံ  ရပ်တည်ကာကွယ်ပေးမယ့် အဖွဲ့မရှိတာက တစ်ကြောင်း၊ တစ်ခုခုဆို Victims blaming လုပ်ကြတဲ့ ပြောင်းလဲမလာတဲ့ စိတ်ဓါတ်အဆင့်အတန်းတွေနဲ့ လူတွေက တစ်အုပ်နဲ့ ထပ်ဆင့်နာကျင်မှုကို ဘယ် နစ်နာသူကမှ ရင်မဆိုင်ချင်ကြပါဘူး။

တော်လှန်ရေး ကာလမှာ နင်တို့ အမျိုးသမီးကိစ္စတွေက အရမ်းအရေးကြီးနေလားဆိုတဲ့ ပေါက်လုပ်ပဲစားတွေ တော်လှန်ရေးထဲ ပါလာတာ အတော်စိတ်ပျက်မိတယ်။

ဒီကာလမှာ ထုတ်ဖော်ပြောကြားဖို့ ခက်တဲ့ အမှန်တရားတွေရဲ့ အသက်က ငွေ့ငွေ့လေးရယ်ပါ။

မုဒိမ့်ကျင့်ခံရပါတယ်ဆိုတာကို ခံရသူဘက်က ကံတရားလို့ ဖြေသိမ့်နေရတာကို ကြည့်နေရတာလောက် ဘဝက သောကျအဓိပ်ပါယျမဲ့တာ မရှိဘူး။"
ဟု မချိတင်ခဲ ရေးထားသည်ကို တွေ့လိုက်ရသည်။

လွတ်မြောက်နယ်မြေဆိုတာ လုပ်ချင်တိုင်းလုပ်ခွင့်ရှိသော နေရာဟု ဘိုးဘိုးကြီး သဘောပေါက်လိုက်မိသည်။

နေပြည်တော်ဘိုးဘိုးကြီး

သံတော်ဆင့် 1

03 Feb, 06:33


တာချီလိတ်မြို့မှာ အမျိုးသမီးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ

ရှမ်းပြည်နယ်အရှေ့ပိုင်း ၊ တာချီလိတ်မြို့မှာ ဖေဖော်ဝါရီ ၊ ၂ ရက် ၊ မနက်ပိုင်းမှာ အမျိုးသမီးတစ်ဦးသေနတ်နဲ့ပစ်သတ်ခံရတယ်လို့ ဒေသတွင်းလူမှုကူညီရေးအသင်းတစ်ခုက သိရပါတယ်။

တာချီလိတ်မြို့ ၊ ဆန်ဆိုင်းရပ်ကွက် ၊ ဝမ်မိုင်ရွာအနီးနဲ့ အိုအေစစ်လိုင်းခန်းနားက ဘိလိယက်ခုံရှေ့မှာ အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရလို့ ရင်ဘတ်ပွင့်ထွက် ဒဏ်ရာနဲ့ သေဆုံးနေတယ်လို့ သိရပါတယ်။

" မနက်အစောကြီး တစ်ယောက်တည်းရှိတဲ့အချိန် သေနတ်နဲ့လာပစ်သွားတာ။ ကျည်ဆန်ခွံကိုလည်း အလောင်းနားမှာတွေ့တယ်။ ဘာကြောင့်သတ်တာလဲတော့ မသိဘူး " လို့ သွားရောက်ကူညီတဲ့ တာချီလိတ်မြို့က လူမှုကူညီရေးအသင်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သေနတ်နဲ့ ပစ်သတ်ခံရသူမှာ အသက် ၃၆ နှစ်အရွယ် မနန်းလျန်ဆိုသူဖြစ်ပြီး သူမက အနေအေးကာ ဘိလိယက်ခုံပိုင်ရှင်ဖြစ်ပြီး ဘယ်လိုကိစ္စကြောင့် အသတ်ခံရတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ သိရပါတယ်။

သတင်း - မင်းဟိန်းခန့် ၊ ရွှေတြိဂံသတင်းဌာန
ဓာတ်ပုံ - တာချီလိတ်သတင်းအေဂျင်စီ

#ရွှေတြိဂံဒေသသတင်းလွှာ

သံတော်ဆင့် 1

31 Jan, 14:29


ကောင်းမှုကုသိုလ်လည်းလုပ် လုံခြုံရေးလည်းဂရုပြုပါ
===========================

(ဒီစာကသာသနာတော်ကို စော်ကားလိုခြင်းမဟုတ်ပါ) ပအိုဝ်းလူမျိုးရူးတာ ဘုရား။ ကုလား ရူးတာ တိုင်းပြည်၊ ဗမာရူးတာ ဘုရင် ဆိုတဲ့အတိုင်းပဲ။ ရူးမရူး တွေ့တဲ့အတိုင်းပဲ။ တောင်လေးလုံး မှာရှိတဲ့ ဘုရားနီမှာ တစ်တောင်လုံးမဲလို့။ ပအိုဝ်းလူမျိုးတွေ အကုန်လုံး အဲဒီမှာ သွားစုနေကြ သလား မှတ်ရတယ်။ ရွာထဲမှာ လူခြေကိုတိတ်လို့ ကလေးလူကြီး အကုန်သွားကြတယ်။ အချို့က တော့ ပြောကြတယ်။ ဒီဘုရားက ပြန်လည်မွမ်းမံကြတာ အကြိမ်ပေါင်းမနည်းတော့ဘူး။ တစ်ခါမှ မအောင်ဖူးဘူးတဲ့။ ခေါင်းပေါင်းနဲ့လူတွေ ပြန်လည်မွမ်းမံမှ အောင်လိမ့်မယ်။ မင်းကောင်းစနေ လည်း ပေါ်လာလိမ့်မယ်လို့ဆိုတယ်။ ဒီဘုရားပြီးရင် သန်းတောင် ရွှေအင်းတိန်ဘုရားကိုလည်း ဆက်ပြီးပြုပြင်မွမ်းမံသွားမယ်လို့ဆိုတယ်။ ဒီဘုရားနီက ရဲ့ နေရာက ဗမာလူမျိုးစုတွေ ပဲရှိတဲ့နေရာ၊ လာပြီးပြုပြင်မွမ်းမံတဲ့သူတွေက တစ်တောင်လုံးကို မဲလို့ ပအိုဝ်းလူမျိုးတွေချည်းပဲ။ ကားကြီး ကားငယ်တွေလည်းပြည့်လို့။ ဒီလို ကိုယ့်ရပ်ကိုယ့်ရွာကို ဂရုမစိုက်ပဲ နေအိမ်ကိုပစ်ထားခဲ့၊ နောက်မှာ ကျန်ခဲ့တဲ့နေအိမ်တွေကို  သူများတွေတစ်ဖန်လာပြီး မီးရှို့သွားမှာ  မစိုးရိမ်ကြဘူးလား။ ကိုယ့်ရပ်ရွာ ကို ကာကွယ်ဖို့ မစဉ်းကြတော့ဘူးလား။ အကယ်၍များ ဒီဘုရားတယ်ပြီးရင် မြန်မာပြည်ကြီး တကယ်ငြိမ်းချမ်းသွားမယ်ဆိုရင် နေ့ဘက်တွေမှာတင် အလုပ်မလုပ်ကြပဲ ညဘက်ပါအလုပ် လုပ်မယ်ဆိုရင် မြန်မြန်ပြီးသွားမှာပါ။ ပြောချင်တာက ဟိုမှာ အဆန်းအပြား သတင်းကြားတာနဲ့ သွားလိုက်တာပဲ၊ ဒီမှာ အဆန်းအပြားသတင်းကြားတာနဲ့ သွားလိုက်တာပဲ။ ကြာလာတော့ ရွာက ဘုန်းကြီးကျောင်းတောင် ဆွမ်းမမှန်တော့တဲ့ အခြေအနေဖြစ်လာတယ်။ ဘုန်းကြီးလည်း သိလျက် နဲ့ ဝင်မပြောရဲဘူး။ တော်ကြာ သူတို့ကို ကန့်လန့်တိုက်တယ်ဆိုပြီး ဆွမ်းမပို့မှဖြင့် ဘုန်းကြီးလည်း ဆွမ်းငတ်မယ့်ကိန်းဆိုတော့။ ပြောချင်တာက သာသနာကို တကယ်ချစ်မြတ်နိုးတယ်၊ ဒီလိုအထူး အဆန်းမျိုးလိုသာ  အသည်းအသန်ပြေးနေမယ်ဆိုရင် တို့ပအိုဝ်းဗုဒ္ဓဘာသာသနာ လည်း အဓွန့်ရှည် မှာပါ။ ပရိယတ္တိစာသင်တိုက်တွေ တိုးလာမှာပါ။ ဒါ့ကြောင့် ဒီအထူးအဆန်း၊ အကျော်အမော်တွေ ကိုပဲ စိတ်ဝင်စားနေမယ်ဆိုရင် ကိုယ့်ရဲ့သာသနာဟာ  တစ်နေ့ ကွယ်ပျောက်မှေးမှိန်သွားနိုင်တယ် ဆိုတာ သတိချပ်စေချင်ပါတယ်။

သံတော်ဆင့်

သံတော်ဆင့် 1

31 Jan, 14:29


ကောင်းမှုကုသိုလ်လည်းလုပ် လုံခြုံရေးလည်း ဂရုပြုပါ
=============

သံတော်ဆင့် 1

05 Jan, 18:55


ဗမာလူမျိုးမှန်ရင် ဒီ Channel လေးကို Join ထားသင့်ပါတယ် ❤️❤️❤️
-
ဗမာလူမျိုးတွေ စည်းလုံးညီညွတ်စေရမည်။

သာကီမျိုးဟေ့ .. ဒို့ဗမာ

သံတော်ဆင့် 1

01 Jan, 12:18


အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တွင် တိုင်းနှစ်ပတ်လည်နေ့အခမ်းအနားပြုလုပ်

သံတော်ဆင့် 1

01 Jan, 12:18


အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တွင် တိုင်းနှစ်ပတ်လည်နေ့အခမ်းအနားပြုလုပ်
==========================================================================
  အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏(၁၄)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့  အခမ်းအနား အား ၁.၁.၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် စစ်ရေးပြကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ တပ်ရင်း တပ်ဖွဲ့မှူးများ၊ အရာရှိ၊ စစ်သည်မိသားစုဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထား သူများတက်ရောက်ကြကြောင်းသိရှိရပါသည်။အခမ်းအနားတွင် တိုင်းမှူးက တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် မိန့်ခွန်း ပြောကြားပြီး  တိုင်းနှစ်ပတ်လည်နေ့ စစ်ရေးပြတပ်ခွဲများကစစ်ရေးပြ အစီ အစဉ် အတိုင်းဆောင်ရွက်၍  တိုင်းစစ်ဌာနချုပ် ဂုဏ်ပြုစစ်တီးဝိုင်း အဖွဲ့ က စစ်သီချင်း ၊မြန်မာ့ သံစဉ်သီချင်းများဖြင့်စွမ်းရည်ပြသတီးခတ်ကြပြီး တိုင်းမှူးနှင့်တာဝန်ရှိသူများမှ ဂုဏ်ပြုစစ်တီးဝိုင်း အဖွဲ့အား ဂုဏ်ပြုချီးမြင့်ငွေများ ပေးအပ်ခဲ့ကြကြောင်းသိရှိပါသည်။ ဆက်လက်၍ တိုင်းစစ်ဌာနချုပ် အောင်ဇေယျခန်းမတွင် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ခဲ့ရာ သင်တန်းများတွင် ထူးချွန်ဆု ရရှိခဲ့ ကြသည့် အရာရှိ၊ စစ်သည်များ ၊အိမ်ထောင်လိုင်းခန်း သန့်ရှင်းရေး ဆုနှင့် စိုက်ပျိုးရေးမွေးမြူရေးဆု ရရှိသူများအား တိုင်းမှူးနှင့်တာဝန်ရှိသူများမှ ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြင့်ကြပြီး တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ဗလာမပါ ကံစမ်းမဲများ ဖောက်ပေးခြင်း၊ တိုင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ် အားကစားနှင့် ပျော်ပွဲ ရွှင်ပွဲ များပြုလုပ်ခြင်းနှင့်ဆုပေးအပ်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်းသိရှိရပါသည်။

သံတော်ဆင့်

သံတော်ဆင့် 1

29 Dec, 10:27


ကျေးသီးမြို့တွင် မီးလောင်မှုဖြစ်ပွား
==========================================================================
  ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေ ၃ နာရီခွဲချိန်ခန့်တွင် ကျေးသီးမြို့၊ ကန်ပန်ရပ်ကွက်၊ မြို့မဘုန်းကြီးကျောင်း အပြင်ဘက် မြေကွက်လပ်နေရာတွင်  ယာဉ်မောင်း ကျော်မင်း၊ ၅၂ နှစ်၊ တောင်ငူမြို့နေသူ မောင်းနှင်သည့် NISSAN အမျိုးအစား ၁၂ ဘီးယာဉ်ပေါ်သို့ ငြိမ်းချမ်းအောင်၊၃၀ နှစ်၊ ကျောက်ဆည်မြို့နေသူ မောင်းနှင့်သည့် HINO(700) အမျိုးအစား  ဆီဘောက်ဆာယာဉ်ပေါ်မှ ဓာတ်ဆီများအား ပြောင်းရွှေမှုလုပ်ဆောင်နေစဉ် ဆီနော်ဇယ်ပိုက်ခေါင်း မှ တစ်ဆင့် ဆီပေပါများ အား မီးကူးစက်လောင်ကျွမ်းကာ NISSAN အမျိုးအစား ၁၂ ဘီး ယာဉ် ကာလတန်ဖိုး ကျပ်သိန်း ၅၀ နှင့် ဆီပေပါ ၆ လုံး ကာလတန်ဖိုး  ၃၆ သိန်း ၊ စုစုပေါင်းကာလတန်ဖိုး ၈၆ သိန်းကျပ်ခန့် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

သံတော်ဆင့်

သံတော်ဆင့် 1

29 Dec, 10:27


မိုင်းပန်မြို့နယ်၊ တာဆန်းတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးဝါး အများအပြား ဖမ်းမိ
==========================================================================
  ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်း ၁၁နာရီခွဲ ချိန်ခန့်တွင် မိုင်းပန်မြို့နယ်၊ တာဆန်းတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လုံခြုံရေးပူးပေါင်းအဖွဲ့တို့သည် ဖြတ်သန်းသွားလာ နေသော မော်တော်ယာဉ်များအား ရှာဖွေစစ်ဆေးနေစဉ် မိုင်းပန်မြို့ဘက်မှ မိုင်းတုံမြို့ဘက်သို့ စိုင်းနွံဟန်(ဘ)ဦးစန္တ၊ ၂၀ နှစ်၊ ရှမ်း/ဗုဒ္ဓ၊ ၁၃/မတန(နိုင်)၀၃၁၂၂၉၊ ဝမ်မိုင်ရွာ၊ မဲကင်အုပ်စု၊ မိုင်းတုံမြို့နေသူ မောင်းနှင်ပြီး ဘေးတွင် စိုင်းစံညွန့်(ဘ)ဦးစိုင်းမောင်လေး၊ ၃၀ နှစ်၊ ရှမ်း/ဗုဒ္ဓ၊ ၁၃/မတန(နိုင်)၀၁၉၇၃၉၊ ဝမ်မိုင် ရပ်ကွက်၊ မိုင်းတုံမြို့နေသူလိုက်ပါလာသော SHN-12 3G-9206(Hilux VIGO/ခဲရောင်) ၁ ခန်းတွဲ (လိုင်စင်မဲ့)မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ် နောက်ခန်းကြမ်းခင်းအတွင်း အံဝှက် ပြုလုပ်၍သယ်ဆောင်လာသော ခန့်မှန်း WY ဆေးပြား ၁၀၀၀၀ ပြားပါ ၂၀ ထုပ်၊ စုစုပေါင်း ဆေးပြား ၂၀၀၀၀၀ ပြား  ကာလတန်ဖိုးငွေ ကျပ် ၆၀၀ သိန်း၊ ဘိန်းဖြူဘလောက်တုံး ၁၂၀ တုံး၊ အလေးချိန် ၄၀ ကီလိုဂရမ်ခန့်  ကာလတန်ဖိုးငွေကျပ် ၄၈၀၀ သိန်း၊ စုစုပေါင်းမူးယစ်ဆေးဝါးတန်ဖိုးငွေကျပ် ၅၄၀၀ သိန်းခန့်အား ဖမ်းဆီးရမိခဲ့ပြီး တရားခံ ၂ ဦးအား တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

သံတော်ဆင့်

သံတော်ဆင့် 1

27 Dec, 15:03


ကြိုဆိုပါတယ် ညီငယ်တို့
==========================================================================
    ၂၇-၁၂-၂၀၂၄ ရက်နေ့ ဒီကနေ့ နံနက်ပိုင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း  အမှတ်စဉ်(၆/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားအား ရှမ်းပြည်နယ်တောင်ပိုင်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အမှတ်(၃)တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်း၊ ကျိုင်းတောင်း တွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးကိုယ်စား ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကိုဝင်း၊ သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး နှင့် အရာရှိကြီး များ၊   ဖိတ်ကြားထားသူများ နှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါတယ်။ တပ်မတော်အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်ဆိုသည့်အတိုင်း တာဝန်ကျရာ နေရာဒေသ အသီးသီး မှာ တိုင်းပြည်ကို အကျိုးပြုနိုင်တဲ့ စစ်သည်တော်ကောင်းများ ဖြစ်ကြပါစေ။

သံတော်ဆင့်

သံတော်ဆင့် 1

23 Dec, 16:36


ဒီကနေ့ တတက ၃ မှာ ပြုလုပ်တဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် ၈/၂၀၂၄ သင်တန်းဖွင့်ပွဲ မြင်ကွင်း
💜💜တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် 💜💜💜

သံတော်ဆင့် 1

21 Dec, 08:36


လွိုင်လင်မြို့နယ်၊ ဟိုတင့်ကျေးရွာအနီးတွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
==========================================================================
  ၂၀၂၄ ခုနှစ်၊ဒီဇင်ဘာလ ၂၀ ရက်နေ့ ညနေ ၅ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ  ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ဟိုတင့်ကျေးရွာ အနီးတွင် ဖြတ်သန်းသွားသာလာနေသည့် ယာဉ်များ အားစစ်ဆေးနေစဉ် လွိုင်လင်မြို့ဘက်မှ တောင်ကြီးမြို့ဘက်သို့  ပြည့်ဖြိုးအောင်(ခ)ကိုပြည့် (ခ)စိုင်းမောင်၊၂၇ နှစ်၊ လွိုင်ကော်မြို့နေသူ မောင်းနှင်လာသည့် မော်တော်ယာဉ်အား စစ်ဆေးရာ မော်တော်ယာဉ်ရှေ့ခန်း ဒတ်ဘုရှ်နှင့် ယာဉ်အောက်ကြမ်းခင်းဘောက်(အံဝှက်)အတွင်းမှ ဘိန်းဆီးခဲ ၃၇.၅ ကီလိုဂရမ်၊ကာလတန်ဖိုး ကျပ်သိန်း ၆၀၀၊ကက်တမင်း  ၂ ကီလိုဂရမ်၊ ကာလတန်ဖိုး ကျပ်သိန်း ၁၇၀၊ ECSTASY ၁,၀၀၀ ပြား၊ ကာလတန်းဖိုး ကျပ်သိန်း ၃၀၀၊ HAPPY 5  ဆေးကတ် ၁၀ ပြားပါ ၆၀ ကတ်၊ ကာလတန်ဖိုး ကျပ်သိန်း ၃၀၊ စုစုပေါင်းကာတန်ဖိုး ကျပ်သိန်း ၁,၁၁၅  အား  ဖမ်းဆီးရမိခဲ့ပြီး တရားခံအား တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

သံတော်ဆင့်

သံတော်ဆင့် 1

01 Dec, 07:01


အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်တပ်နယ်များ မှ ဒီဇင်ဘာလ စုပေါင်းလမ်းလျှောက်ပွဲအား တပ်နယ်အသီးသီးတွင် ကျင်းပြုပလုပ်

သံတော်ဆင့်

သံတော်ဆင့် 1

29 Nov, 09:25


ကြိုဆိုပါတယ် ညီငယ်တို့
==========================================================================
  ၂၉-၁၁-၂၀၂၄ ရက်နေ့ ဒီကနေ့ နံနက်ပိုင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း  အမှတ်စဉ်(၅/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားအား ရှမ်းပြည်နယ်တောင်ပိုင်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ၊ အမှတ်(၃)တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်း၊ ကျိုင်းတောင်း တွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးကိုယ်စား ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကိုဝင်း၊ သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး နှင့် အရာရှိကြီး များ၊   ဖိတ်ကြား ထားသူများ နှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါတယ်။ တပ်မတော်အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်ဆိုသည့်အတိုင်း တာဝန်ကျရာ နေရာဒေသ အသီးသီး မှာ တိုင်းပြည်ကို အကျိုးပြုနိုင်တဲ့ စစ်သည်တော်ကောင်းများ ဖြစ်ကြပါစေ။

သံတော်ဆင့်

သံတော်ဆင့် 1

25 Nov, 17:19


ကျနော်တို့အဖွဲ့မရှိလည်း
(၁) နရီမိုး
https://t.me/Nyemoee
===
(၂) ဖိုးစီ
https://t.me/Phoesi01233
===
(၃) ကျော်စွာ
https://t.me/kyawswar49111
===
(၄) သဇင်ဦး
https://t.me/Thazinoo969
===
(၅) ကိုရွှေမျိုးဝင်း
https://t.me/komyowinblog
===
(၆) ဟန်ငြိမ်းဦး
https://t.me/Hno969888
===
(၇) ရွှေဘ
https://t.me/shweba000
===
(၈) မင်းချစ်ဦး
https://t.me/minchitoo989989
===
ချန်နယ်တွေကို ဖတ်ကြပါ .. သတင်းအမှန်တွေပဲ တင်ပါလိမ့်မယ်


KT

သံတော်ဆင့် 1

25 Nov, 17:13


ကျနော်တို့အဖွဲ့မရှိလည်း
(၁) နရီမိုး
https://t.me/Nyemoee
===
(၂) ဖိုးစီ
https://t.me/Phoesi01233
===
(၃) ကျော်စွာ
https://t.me/kyawswar49111
===
(၄) သဇင်ဦး
https://t.me/Thazinoo969
===
(၅) ကိုရွှေမျိုးဝင်း
https://t.me/komyowinblog
===
(၆) ဟန်ငြိမ်းဦး
https://t.me/Hno969888
===
(၇) ရွှေဘ
https://t.me/shweba000
===
(၈) မင်းချစ်ဦး
https://t.me/minchitoo989989
===
ချန်နယ်တွေကို ဖတ်ကြပါ .. သတင်းအမှန်တွေပဲ တင်ပါလိမ့်မယ်


KT

သံတော်ဆင့် 1

25 Nov, 16:38


ကျနော် KT အပါအဝင် .. ကျနော်တို့ Team အဖွဲ့ကြီးကို ၁ ပတ်/ ၂ ပတ်အတွင်း ပြည်ဖုံးကားချပါမည်။ ကျနော်တို့ မရှိလဲ .. အခြားသူတွေ လုပ်ပါလိမ့်မယ်
-
မိသားစုအတွက် အချိန်ပေးရမှာမို့ပါ ...
-
တပ်မတော်ကိုတော့ ချစ်ပါတယ် .. အချို့တွေက တအား ဂျပန်ဆန်လွန်းတယ်။
-
KT

သံတော်ဆင့် 1

24 Nov, 17:36


ဒါက .. ကလောမြို့နယ်၊ နွားဘန်းကြီးရွာမှာ ရတာ
-
ဇ မရှိဘဲ ဇိဖြုတ်တဲ့ မအလတွေ သေစမ်း ... 🙄
-

သံတော်ဆင့် 1

21 Nov, 10:22


သတင်းအမှားသာဖြစ်
==========================================================================
  အကြမ်းဖက် အားပေးမီဒီညာ DVB  က မိုင်းရှူးမြို့နယ်မှာ ဒုတိယဗိုလ်မှူးကြီး ၁ ဦးနဲ့ ဗိုလ်မှူး တစ်ဦး   ရန်ဖြစ်ပြီး ထိုးကြကြိတ်ကြလို့ စုံခုံဖွဲ့ခံနေရတယ်ဆိုပြီး ဖြစ်စဉ်မရှိပဲ တပ်မတော် ပုံရိပ်ကျဆင်းအောင်  တမင်ရည်ရွယ်ရေးသားနေတာ ဖြစ်ပါတယ်။  ပြီးတော့  အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်မှာလည်း ဗိုလ်မှူး ကိုကိုဦး ဆိုတဲ့ အမည်မရှိပါဘူးလို့ မြေပြင်စုံစမ်းချက်အရ သိရပါတယ်။ မြေပြင်သတင်းအမှန် ကို မလေ့လာ မစူးစမ်းတော့ပဲ သတင်းဖြစ်ပြီးရော၊ ဒေါ်လာရ ပြီးရော ဆိုပြီး   DVB သတင်းဌာနက ပြည်သူတွေ သတင်းအမှားတွေ ပေးနေတာ  ကိုယ်တွေ ငယ်ငယ်တည်းကပဲ။ ဒါ့ကြောင့် လည်း အရင် စစ်အစိုးရ လက်ထက်မှာ (DVB လိမ်နေသည်၊ VOA ညာနေသည်၊ လေလိုင်းပေါ်က အဖျက်သမား၊ နားမယောင်လေနဲ့ သတိထား) ဆိုပြီး ရုပ်သံလိုင်းတွေမှာ ပြည်သူတွေ အထင်မှား အမြင်မှား မဖြစ်အောင် ဖော်ပြနေခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်သူတွေကို ပြောချင်တာက  အကြမ်းဖက် အားပေး ၊ ပြည်သူတွေကို သတင်းလိမ်၊ သတင်းအမှားတွေပေးနေတဲ့ DVB၊ VOA တို့ရဲ့ သတင်းကို မယုံကြည်ကြဖို့ အသိပေးအပ်ပါတယ်။

သံတော်ဆင့်

သံတော်ဆင့် 1

12 Nov, 11:23


ဒါ .. အကောင်းဆုံးအချိန်ပဲ
-
https://www.tiktok.com/@kokothet7777/photo/7436350053276454152?is_from_webapp=1&sender_device=pc&web_id=7402886078983980545

သံတော်ဆင့် 1

12 Nov, 10:18


ဇာတ်တူသားတွေ စားနေပြီဖြစ်တဲ့ အကြမ်းဖက် AA
-
KT

သံတော်ဆင့် 1

12 Nov, 04:12


နမ့်စန်မြို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
=========================================================================
  နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက်  ၈ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သတင်းအရ နမ့်စန်မြို့၊ ရပ်ကွက်(၅)၊ သဇင်လမ်း၊ မ(၅/၃၅၆) နေ ဇာနည် ၊ ၂၀ နှစ်  ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ WY စာတန်းပါ လိမ္မော်ရောင်  စိတ်ကြွဆေးပြား ၄၀၀ ပြား ကာလတန်ဖိုး ၂၀၀၀၀၀ ကျပ်အား ဖမ်းဆီးရမိခဲ့တယ် လို့ သိရပါတယ်။ အလားတူ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့ နေ့လည် ၁၂၃၀ ချိန်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် သတင်းအရ နမ့်စန်မြို့၊ အမှတ်(၆)ကျေးရွာနေ ဦးသန်းမြင့် ၊ ၅၄ နှစ် ၏ နေအိမ် အား ဝင်ရောက်ရှာဖွေ စစ်ဆေးရာ မူးယစ်ဆေးဝါး ရောင်ချရာတွင် ရရှိသည့် ငွေစက္ကူ ၃၁၁,၀၀၀ ကျပ်၊ WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား ၆၀၀၀ ပြား ကာလတန်ဖိုး ၃,၀၀၀,၀၀၀ ကျပ် တို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။  တရားခံများ အား တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက် သွားမယ်လို့ သိရပါတယ်။

သံတော်ဆင့်

သံတော်ဆင့် 1

12 Nov, 04:12


လွိုင်လင်မြို့တွင် ယာဉ်တိုက်မှု ဖြစ်ပွား
=========================================================================
  ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မွေတော်ဘုန်းကြီးကျောင်းဘုံကထိန်ပွဲ ပဒေသာပင်များ အား လွိုင်လင်-ပင်လုံသွား ပြည်ထောင်စု လမ်းတစ်လျှောက် လှည့်လည်နေသဖြင့် လွိုင်လင်မြို့၊ ရပ်ကွက်(၄)၊ ဗိုလ်ချုပ်လမ်း၊ BOC ဓာတ်ဆီဆိုင် အနီးတွင် တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲမေ တပ်ဖွဲ့ဝင်  ရဲတသ ဝင်းသီရိအောင် အား ပင်လုံမြို့ဘက်မှ လွိုင်လင်မြို့ဘက်သို့  ယာဉ်မောင်း ဝမ်းရင်ဆွန်း၊ ၅၈ နှစ် ၊ လားရှိုးမြို့နေသူ မောင်နှင်လာသည့် SHN----(ALPHARD)အဖြူရောင် မော်တော်ယာဉ်သည်  ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ တိုက်မိခဲ့သဖြင့် ရဲတသ ဝင်းသီရိအောင်တွင် ရင်ဘတ်နာကျင်၊ ဝဲဘက်နံရိုး ၄ ချောင်းကျိုး ဒဏ်ရာ ရရှိခဲ့ပြီး လွိုင်လင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူစေလျက်ရှိတယ်လို့ သိရပါတယ်။ ယာဉ်မောင်းကိုတော့ကို တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။

သံတော်ဆင့်

သံတော်ဆင့် 1

09 Nov, 08:21


မောက်မယ်မြို့နယ်တွင်  မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွား
==========================================================================
  ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် မောက်မယ်မြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့်  တောင်ကျချောင်းရေဝင်ရောက်သဖြင့် နမ့်ယွန်းချောင်းမှ ရေများ မြင့်တက် လာပြီး မောက်မယ်မြို့၊ ကွန်ကျိုင်း၊ဈေးတန်း၊မွေတော်၊တောင်မြို့၊ဆီဆုံ၊မိုက်ဟုန်းနှင့် ကုန်းလမ်း ရပ်ကွက်များနှင့် စဉ့်ဝင်ကျေးရွာအုပ်စု၊မိုင်းပုတ်ကျေးရွာအုပ်စု၊နမ့်လွတ်ကျေးရွာ အုပ်စုများရှိ အနိမ့်ပိုင်းနေရာများတွင်  ရေများဝင်ရောက်လျက်ရှိတယ်လို့သိရပါတယ်။ ရေဝင်ရောက်သည့် နေရာရှိ မိသားစုများအား နယ်မြေခံတပ်မတော်သားများနှင့် နယ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ က ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဝိုင်းဝန်းဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ ၎င်းအပြင် နမ့်ယွန်းချောင်းမြင့်တက်လာမှုကြောင့် မောက်မယ်-နမ့်လွတ်-ကဒူးလေး သွားလမ်းမပေါ်တွင် ရှိသည့် အရှည်ပေ ၁၂၀ ပေ၊ အကျယ် ၁၅ ပေ ရှိ သစ်သားတံတား ကြမ်းခင်း နှင့် လက်ရမ်းများ ပျက်စီးမျောပါသွားခဲ့တယ်လို့သိရပါတယ်။

သံတော်ဆင့်

သံတော်ဆင့် 1

07 Nov, 17:28


လော်ဘီတော့ လော်ဘီ .. But ကျုပ်တို့က မျိုးချစ်လော်ဘီ
-
အခုလက်ရှိဖြစ်နေတဲ့အခင်းအကျင်းမှာ အစိုးရနဲ့ တပ်မတော်ဘက်က Media ပိုင်းဆိုင်ရာတွေမှာ အင်မတန် အားနည်းတယ်ဆိုတာ ဝန်ခံပါတယ်။ မြေပြင်မှာ တကယ်လဲ အားနည်းပါတယ်။
-
ဒီအကြောင်းအရာကို မပြောခင် လော်ဘီ (lobby) ဆိုတဲ့ အဓိပ္ပါယ်ကို အရင်ရှင်းပြပါမယ်။ lobby ဆိုတဲ့အသုံးက ဗြိတိန်က ဆင်းသက်လာတယ်လို့ တွေ့ရတယ်။ မြန်မာပြည်မှာ lobby လို့ဆိုလိုက်တာနဲ့ Propaganda လုပ်တာလို့ မြင်ကြတယ်။ အမှန်က အဲဒီလိုမဟုတ်ပါဘူး .. အစိုးရဘက်ကဖြစ်ဖြစ်၊ ဆန့်ကျင်ဘက်က ဖြစ်ဖြစ် .. သူရဲ့ လုပ်ဆောင်ချက်တွေကို အများပြည်သူ သိစေချင်တဲ့အခါ cele ဖြစ်တဲ့ lobby တွေကို ငှားရမ်း အသုံးပြုကြ တယ်။ သူတို့က လိမ်ညာပြီး သတင်းတင်နေတဲ့ သူတွေ မဟုတ်ပါဘူး။ အုပ်ချုပ်သူနဲ့ ပြည်သူအကြား ပေါင်းကူး ပေးတဲ့ Staff တစ်ဦးမျှသာ ဖြစ်ပါတယ်။
-
အစိုးရပိုင်းမှာ လော်ဘီ အားနည်းပါတယ်။ တစ်နည်းအားဖြင့် Media ချုပ်ကိုင်နိုင်စွမ်းနည်းပါတယ်။
-
အားနည်းခြင်း၊ အားသာခြင်းဆိုတာဟာလည်း lobby တွေကို backup ပေးနိုင်မှု၊ အာမခံချက်ပေးနိုင်မှုနဲ့ သက်ဆိုင်ပါတယ်။ NLD ဟာ ကျန်တဲ့နေရာသာ အသုံးမကျတာ .. lobby ကို ဘယ်လိုခိုင်းစားရမလဲဆိုတာ ကျွမ်းကျင်ပိုင်နိုင်လှပါတယ်။ ဥပမာ - (မောင်မောင်အေး၊ ပန်ဆယ်လို၊ ဇာနည်ထိုက် .. စသဖြင့်) .. သူတို့ကို နောင်ရေး စိတ်အေးအောင် အထုပ်လိုက် အထည်လိုက် ပေးပြီး ငှားကြတာ။ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်ပုဂ္ဂိုလ် မင်ယုံနဲ့ မရပါဘူး။ သိန်းပေါင်း မြောက်မြားစွာ ပေးခဲ့တာပါ။
-
အစိုးရနဲ့ တပ်မတော်မှာတော့ အဲဒီလို ချီးမြှောက်ခံရတဲ့ လော်ဘီမျိုး မရှိပါဘူး။ အစိုးရမှာ လော်ဘီ ၂ မျိုးပဲရှိတယ် -
(၁) အရပ်သားကနေ ဂျီးတော်နွားကျောင်း၊ ကိုယ့်ထမင်းကိုယ်စားပြီး အစိုးရ/တပ်မတော်ဂုဏ်ရောင်ကို ပြောင်အောင် ရေးသားဖော်ပြနေတဲ့ လူတန်းစား။
(၂) Inservice လုပ်ပြီး အရေးအသားကောင်း (cele)ဖြစ်လို့ တာဝန်ပေးအပ်ခြင်းခံရတဲ့ လူတန်းစား။
-
၂ မျိုးရှိပါတယ်။ (၁)လူတန်းစားကိုတော့ ပေးတာ ကျွေးတာ ရှိပေမယ့် .. နံပါတ် (၂) လူတန်းစားကတော့ ဖုတ်လေတဲ့ ငပိ ရှိလေတယ်တောင် မထင်ကြပါဘူး။ ဒီနေရာမှာ ကျနော်က နံပါတ် (၂) lobby အမျိုးအစားကို ဖော်ပြရေးသားပါမယ်။
-
အဲဒီ lobby တွေဟာ .. ပန်ဆယ်လိုတို့လို ငွေအထုတ်လိုက် ရဖို့နေနေသာသာ နေ့စဉ် ကော်ဖီတစ်ခွက်တောင် ထောက်ပံ့မှု မရကြပါဘူး .. သူ့လစာ/ရိက္ခာနဲ့ ရပ်တည်နေကြရတာ။ လစာ/ရိက္ခာဆိုတာလည်း သူ့ မိသားစု အတွက် ရှိပါသေးတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒီလို lobby တွေဟာ သူ့မိသားစု/သူ Survivor ဖြစ်ဖို့အတွက် ရှာကြံပြီး ရပ်တည်နေကြရတာပါ။ သူတို့ကို စစ်သားဖြစ်လို့ ငါခိုင်းတာလုပ်ရမယ်ဆိုတဲ့ ပုံစံမျိုးပါ။ ဒါပေမယ့် သူတို့က အဲလိုမျိုး မဟုတ်ဘူးလေ။ lobby တွေ။
-
ကျနော်တွေ့ဖူးပါတယ် .. Inservice lobby တွေ ရေးလိုက်လို့ ရာထူးကြီးကြီး ဖြစ်သွားတဲ့သူတွေ အများကြီးပါ။ သူတို့မှာ ရာထူးတွေရသွားတယ်၊ အဲလိုရေးလိုက်လို့ လူကြီး(ရာထူးကြီးကြီး)ဖြစ်သွားတဲ့ သူတွေဆီက ကျေးဇူးပါဆိုတဲ့ စကားလေးတစ်ခွန်း မကြားရသလို ကော်ဖီတစ်ခွက်မျှလည်း မသောက်ရပါဘူး။
-
ဥပမာ - မိုးမိတ်က ဗျူဟာမှူး .. လောက်ကိုင်တို့ဖြစ်တုန်းက မိုးမိတ်ဗျူဟာမှူး ဘယ်လို စွမ်းဆောင်ခဲ့တယ် ဆိုတာ ရုပ်ရှင်ဆန်ဆန် ရေးသားခဲ့ကြတယ်။ မြေပြင်တော့ ၅၀/၅၀ ပါပဲ (အရှိတရားကို ဖတ်လို့ကောင်းအောင်ရေးသွားတာ) ။ ဆိုလိုချင်တာက lobby တွေက ကိုယ့်စစ်သည် စိတ်ဓာတ်တက်ကြွဖို့ကို ရေးခဲ့ကြတာ။ အခုတော့ ကာယကံရှင်က သူကောင်းပြုခံနေရပြီ။
-
အဲ့လို ကျေးဇူးမှ အားမနာ .. သူကောင်းပြုခံရတဲ့အချိန်မှ Inservice Lobby တွေကို နှိပ်ကွပ်တော့တာပဲ။ သူကို့ အဲလိုဖြစ်အောင် ရေးသားလိုက်တယ်ဆိုတာ မသိတာလည်းဖြစ်မယ်၊ အောက်ခြေလွတ်တာလဲ ပါချင် ပါမှာပေါ့။
-
ဆိုချင်တာက အောက်ခြေ မလွတ်ဖို့ပါ။ အစိုးရနဲ့ တပ်မတော်မှာ Media ပိုင်း အင်မတန်အားနည်းပြီး ခွက်ခွက်လန်အောင် ရှုံးနေရတဲ့အဖြစ်က အဲဒီလို လူမျိုးတွေ ကြောင့်ပါပဲ။
-
အဲ့လို လူမျိုးတွေ ရှိနေသရွေ့ အစိုးရနဲ့ စစ်တပ်က Media Warfare မှာ အမြဲကျဆုံးနေဦးမှာပါပဲ။
-
(ကျနော် နေ့စဉ် post မတင်ဖြစ်ဘူးဆိုတာ အဲဒါတွေလဲ ပါတယ်)

သံတော်ဆင့် 1

04 Nov, 10:08


ဒီနေ့တော့ ဦးပိုင်အမြတ်ရပြီဆိုတော့
ကိုကိုစစ်သားကြီးတွေ အိမ်သူသက်ထား အလိုလိုက်ခံရမယ့်နေ့ 😃😃

သံတော်ဆင့်

သံတော်ဆင့် 1

22 Oct, 08:07


မောက်မယ်မြို့နယ်၊ ကုန်းလိုင်ကျေးရွာအနီးတွင် တောင်ယာတဲတွင် လူငယ်တစ်ဦး တူမီးသေနတ် မှ ကျည်ပေါက်ထွက်သဖြင့် ဒဏ်ရာရရှိ
==========================================================================  ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မောက်မယ်မြို့နယ်၊ ကုန်းလိုင်ကျေးရွာအနီး တောင်ယာတဲတွင် စိုင်းကြည် ၊၁၂ နှစ်၊ ကုန်းလိုင် ကျေးရွာနေသူသည် ဖခင်ကိုင်ဆောင်သည့် တူမီးသေနတ်အား ဆော့ကစားရာမှ ကျည်ပေါက်ထွက်မှုဖြစ်ပွားပြီး ၎င်း၏ယာဘက်ရင်ဘတ်ဖောက်ဝင်ဒဏ်ရာ ၁ ချက် ရရှိခဲ့သဖြင့် လွိုင်လင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိတယ်လို့သိရပါတယ်။

သံတော်ဆင့်

သံတော်ဆင့် 1

22 Oct, 08:07


နမ့်စန်မြို့နယ်၊နောင်ဝုတ်ကျေးရွာတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး
==========================================================================
  ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့ ၁၀ နာရီခန့်တွင် နမ့်စန်မြို့နယ်၊ နောင်ဝုတ် ကျေးရွာ ရှိ ဦးအိုက်ဗူး ၊၅၇ နှစ် လိုင်ကိုင်သည့် ၉မိုင်ဆန်စက်တွင်  ဆန်စက်လုပ်သားဖြစ်သူ ကျော်ဝင်း၊ ၂၂ နှစ်  မြင်းကကုန်းကျေးရွာ၊ ကလောမြို့နယ်နေသူသည် ဆန်စက်၏ အနောက်ဘက် ကပ်လျက် သဖန်းပင်၏လုံးပတ် ၆ လက်မခန့်ရှိ သစ်ကိုင်းတွင် လက်မဝက်ခန့်ရှိ အဖြူရောင် နိုင်လွန်ကြိုးဖြင့်  အမြင့် ၁၂ ပေခန့်မှကြိုးဆွဲချသေဆုံးခဲ့ကြောင်းသိရပါတယ်။ “အဲဒီကောင်လေးက သူ့ချစ်သူကောင်မလေး လွန်ခဲ့တဲ့ ၁ လလောက်က အခြားတစ်ယောက်နဲ့ အိမ်ထောင်ပြုသွားလို့ စိတ်ညစ်နေတာ၊ မနက် ၄ နာရီလောက်မှာ အိမ်အပြင်ဘက်ထွက်သွားပြီး ပြန်မလာလို့ လိုက်ရှာတဲ့ အချိန်မှာ ကြိုးဆွဲချသေဆုံးနေတာတွေ့တာပဲ”လို့ ဆန်စက်ပိုင်ရှင်ဖြစ်သူ ဦးအိုက်ဗူးက ဆိုပါတယ်။

သံတော်ဆင့်

သံတော်ဆင့် 1

22 Oct, 08:07


မိုင်းရှူးမြို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
==========================================================================
  ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ သည် သတင်းအရ သက်သေများနှင့်အတူ မိုင်းရှူးမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ တရားခံ ဆန်းပန်း(ခ)ခင်းပန်း ၊၅၁ နှစ် ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ မီးဖိုချောင်ရှိ တိုင်တွင် ချိတ်ဆွဲထားသည့် ရှမ်းလွယ်အိတ်အတွင်းမှ  WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၈၈ ပြား၊ ကာလ တန်ဖိုး ၁၄၅၀၀၀ ကျပ်အား ဖမ်းဆီးရမိခဲ့ပြီး တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိတယ်လို့သိရပါတယ်။

သံတော်ဆင့်

သံတော်ဆင့် 1

22 Oct, 02:22


ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၆/၂၀၂၄) သင်တန်းဖွင့်ပွဲပြုလုပ်
==========================================================================
  ၂၁-၁၀-၂၀၂၄  ရက်နေ့ ဒီကနေ့ နံနက်ပိုင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း  အမှတ်စဉ်(၆/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားအား ရှမ်းပြည်နယ်တောင်ပိုင်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ၊ အမှတ်(၃)တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်း၊ ကျိုင်းတောင်း တွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ  တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း နှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊  သင်တန်းကျောင်းမှ ကျောင်းအု်ပကြီးနှင့် အရာရှိကြီးများ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊စစ်မှုထမ်းဟောင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများ နှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါတယ်။  တပ်မတော်အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်။  ကြိုဆိုပါတယ် ညီငယ်တို့။ တိုင်းပြည်အတွက် အားကိုးအားထားရတဲ့ နိုင်ငံ့သား ကောင်းရတနာများ ဖြစ်ကြပါစေ။

သံတော်ဆင့်