ပြည်ထောင်စု @aw864 Channel on Telegram

ပြည်ထောင်စု

@aw864


ပြည်ထောင်စု (Burmese)

ပြည်ထောင်စုဆိုင်ရာဇာတ်ကားများနှင့် နိုင်ငံတကာများအတွက် ဖန်တီးရှင်လင်မြတ်စွာရှာဖွေနိုင်အပြင်နိုင်မည် ဗိုင်းရပ်၊ ကမ္ဘာတဲ့ ဇာတ်ကားများ၊ ဇာတ္ကား၊ ဒီဇို၊ သင်ဇာတ်ကားနဲ့ မြားတဲ့ ခရိုင် နားလည်များကို ရောင်းကြည့်နေကြ တောင်ကိုးစားကြည့်ပါ။ အများအပေါ်အားဖြင့် အဆင့်အတန်းများ အတွေ့အကြုံစိုက်ရာဝတ်ဆင့်ရေးနေပါသည်။ သင်ဇာတ်ကားများအနေအထားတွင် အမြဲတမ်းဆီးတွင် မျိုးနွယ်မြင်နေပါသည်။ ဒီသင်ဇာတ်လောက်ရဲ့ မျှဝေးဝန်းကျင့်ကို ရှင်းလင်င့်တာနိုင်ပါသည်။

ပြည်ထောင်စု

21 Nov, 09:22


ရုရှားကယူကရိန်းကိုICBMနဲ့ပစ်ခတ်တိုက်ခိုက်လိုက်။
နောင်ချို save။
အမ်းတမခ၈၈ရောက်တမခ၈၈+တမခ၆၆ဗျူဟာနဲ့အမ်းကိုရှင်း။
သိသူတွေလင်းကြအုံး။

ပြည်ထောင်စု

21 Nov, 07:38


မီဒီယာဖေါက်ခဲွဲ​ြခင်း( ၂)
=================
ဖုန်တာရွင်နဲ့ပါတ်သက်ပြီးမူးယစ်ရာဇာအလိုရှိဝရမ်းပြေးအဖြစ်ကော
မြန်မာအစိုးရဘက်ကတရားဝင်ကြေငြာထားတာရှိသလား?
နစကအစိုးရတရားဝင်ကြေငြာထားတာကMNDAAကိုအကြမ်းဖက်အဖွဲ့အဖြစ်ကြေငြာထားတာပါ။
ဒါဆိုရင်မြန်မာအစိုးရအကြမ်းဖက်အ​ြဖစ်ကြေငြာထားတဲ့MNDAAခေါင်းဆောင်ဖုန်တာရွင်ကိုတရုတ်အစိုးရကထောက်ပ့ံကူညီပေးနေတဲ့သဘောတွေ့လာရတယ်။
တရုတ်အစိုးရကဖုန်တာရွင်ကိုအကြမ်းဖက်အဖြစ်မသတ်မှတ်ဘူးဆိုတဲ့သဘော။
Myanmar Nowကဖုန်တာရွင်ဟာတရုတ်အစိုးရလိုလားတဲ့လာရှိုးကဆုတ်ခွါမူလနေရာပြန်ဆိုတာကိုငြင်းး
ဆန်လို့ဖမ်းထားတယ်လို့ရေးတယ်။မြေ​ြပ င်သတင်းအရMNDAAတေွစတင်ဆုတ်ခွါနေပြီ။
တွေ့ရတဲ့အချက်အရမြန်မာနစကဘက်ကလောက်ကိုင်ဒေသကို"ရန်"မျိုးနွယ်တွေနဲ့အုပ်ချုပ်စေချင်တယ်။
တရုတ်ကတော့မူလတပည့်ကြီး"ဖုန်"တွေကိုဘဲအုပ်ချုပ်စေချင်ဟန်တူတယ်။(ဒါကြောင့်အကြမ်းဖက်လို့မသုံးတာ)
ဒီအပေါ်ကကောက်ချက်ဆွဲရရင်ယူနန်ပြည်နယ်ထဲမှာဖုန်အုပ်စုကိုသာလိုလားကြတယ်လို့ယူဆရမယ်။ဒီအုပ်စုကMyanmar Nowကိုသတင်းပေးလိုက်လေသလား?
DEAတေွဘာတွေကွန့်
ဖမ်းပြီးမြန်မာပြည်ပြန်ပို့မယ်ပြောလိုပြော။
ယူနန်ပြည်နယ်ထဲမှာအိန္ဒိယကခွဲထွက်ရေးခေါင်းဆောင်၁၃ယောက်လောက်ရှိတယ်။ဒါတွေဘာလို့ပြန်မပို့တာလဲ?
DEAစာရင်းကလည်းအထောက်အထားမပါ။
အခုအမှန်တကယ်ဖြစ်နေတာကနစကအကြမ်းဖက်ကြေငြာထားတဲ့သူကိုပြန်လက်ခံရတော့မဲ့အနေအထားလား?
ဒီလိုလက်ခံရမယ်ဆိုရင်ငဖုန်တို့ထလက်ခမောင်းခတ်လိမ့်မယ်ပုခုံးခြင်းယဥ်လာလိမ့်မယ်။နစကလက်ခံနိုင်ပါ့မလား?
စဥ်းစားစရာတွေပါ။
APZ211124

ပြည်ထောင်စု

21 Nov, 07:38


မီဒီယာဖေါက်ခဲွဲခြင်း
===================
MNDAAခေါင်းဆောင်ဖုန်တာရွင်ကိုတရုတ်ကဖမ်းဆီးလိုက်တယ်ဆိုတဲ့သတင်းက
မြန်မာနိုင်ငံကိုဆန့ကျင်နေတဲ့
Myanmar Now လိုအဝါရောင်မီဒီယာကစတင်ဖြန့်ဝေလာတယ်။
ဒီသတင်းဟာအချိန်တိုအတွင်းအုတ်အုတ်သဲသဲ​ြဖစ်သွားပြီးထပ်ဆင့်ဖြန့်ဝေလာကြသလို
ပြည်ပအခြေစိုက်မီဒီယာတွေကပါဖေါ်ပြလာကြပြီး
တရုတ်ကဒီသတင်းကိုနောက်ကလိုက်ရှင်းရတဲ့အထိဖြစ်လာတယ်။
တရုတ်ကထုတ်ပြန်သတင်းမှာတော့ဖမ်းဆီးတယ်တို့နေအိမ်အကျယ်ချုပ်ဆိုတာလုံးဝပါမလာဘူး။
ထူးခြားချက်rebel Chief
ဆိုပြီးသုံးနုန်းချက်ဘဲပါတယ်။
ဒါဆိုဒီလိုသတင်းမျိုးဟာဘာလို့MNလိုအဝါရောင်မီဒီယာကစဖေါ်ပြနိုင်ခဲ့သလဲ?ဒီသတင်းကိုMNဘယ်sourceကရလဲ?
မြန်မာအစိုးရကိုဆန့်ကျင်နေတဲ့ပြည်ပအခြေစိုက်CIAအထောက်ပ့ံခံအဝါရောင်မီဒီယာကိုတရုတ်အစိုးရက(သို့)တရုတ်ထလရကသတင်းပေးပါ့မလား?
ပိုဆိုးတာကပြည်တွင်းlobbyအချို့ကတာဖုန်းရွင်ဟာDEAအလိုရှိစာရင်း
FERTS မှာပါတယ်ဆိုပြီးအထောက်အထားမဲ့ကွန့်လာကြတာပါဘဲ။
ဒါဆိုမြန်မာနိုင်ငံသားစိုင်းနော်ခမ်းကိုရွှေတြိဂံမှာမူးယစ်မှုနဲ့တရုတ်ကဖမ်းပြီးသူ့ပြည်တွင်းတရားစီရင်ရေးနဲ့သေဒဏ်စီရင်ခဲ့ပေမဲ့DEAကတရားဝင်အလိုရှိတဲ့မူးယစ်ရာဇာကြမှတရုတ်ကထောက်ပ့ံကူညီဆေးကုပေးနေသလားလို့မေးခွန်းဖြစ်လာပါတယ်။

ပြည်ထောင်စု

21 Nov, 06:06


မီဒီယာဖြင့်လှဲ့စားခြင်း( ၂)
====================
ထို့အတူဘဲမောင်းတောနခခ၅ဘက်
မှာလည်းAAရဲ့သေဆုံးကျဆုံးဒဏ်ရာရမှုဟာအတော့ကိုများနေပါပြီ။
မောင်းတောနခခ၅နဲ့ပါတ်သက်ပြီး
AA Mediaတွေကပထမပိုင်းမှာအကြီးအကျယ်သတင်းတုတွေနဲ့
psywarထုတ်ခဲ့တာပါ။နခခ၅ဆုတ်ခါွပြီတို့လက်နက်ချပြီတို့ကမ်းထိုးနဲ့လာသယ်သွားပြီတို့စသဖြင့်ပါ။
သို့သော်ထိုသတင်းတွေသည်သတင်းတုသတင်းမှားတွေသာဖြစ်တယ်ဆိုတာမြေပြင်အခြေအနေမှန်အရပေါ်လွင်လာတဲ့နောက်မှာနခခ၅
သတင်းနဲ့ပါတ်သက်ပြီးလုံးဝမဖေါ်ပြရဲတော့ပါဘူး။
မြေပြင်အခြေအနေမှန်ကတော့နခခ၅နားကပ်လို့ကိုမရAAနေ့စဥ်တရက်မပြတ်သေကျေထိခိုက်ဒဏ်ရာရနေတာပြန်မဆွဲနိုင်တော့တဲ့အထိပါ။
အဲ့လိုအခြေအနေမှာVOAလိုအမေရိကန်အစိုးရသတင်းဌာနကြီးကAAကမ်းခြေစောင့်တပ်ဆိုတာမျိုးကိုတခုတ်တရအားပါးတရဖေါ်ပြ
Hightlightလုပ်ဖေါ်ပြလာပြီးAAဘက်ကမြောက်ပင့်ပေးလာပါတယ်။အမှန်တကယ်ကတော့ဘဂ်လားငါးဖမ်းလှေ(လက်လှော်လှေ)ကိုAAတေွဓမြတိုက်လူဖမ်းဆက်ကြေးတောင်းတာပါ။ဒါကိုဘဂ်လားနယ်စပ်ကဘဂ်လီတွေကန့်ကွက်တော့မဖမ်းထားရဲဘဲပြန်လွတ်ပေးရတာဖြစ်ပါတယ်။
VOAလိုသတင်းဌာနဟာအရှက်သိက္ခာမဲ့စွာAAတေွအလိုကျAAသူပုန်အဆင့်ကိုဘက်လိုက်မမှန်တဲ့အချက်အလက်ကိုသာဖေါ်ပြပြီးတကယ့်အဖြစ်မှန်ကိုမဖေါ်ပြရဲတော့တဲ့အင်မတန်သိက္ခာမဲ့အောက်တန်းကျတဲ့သတင်းမီဒီယာအဖြစ်ကိုရောက်မှန်းမသိရောက်သွားပါပြီ။
VOAကဒီလိုခွေးကိုဆိတ်ဖြစ်အောင်ရေးပြနေရတာကလည်းVOAကိုယ်တိုင်နခခ၅မောင်းတောတိုက်ပွဲမှာAAတေွဘယ်လိုသေနေတယ်ရက်ပေါင်း၁၀၀ကေျာ်အတွင်းAAဘယ်လောက်သေကျေ
ဒဏ်ရာရအင်အားကိုမရှိတေ့ာတာကိုရေးသားမဖေါ်ပြရဲလို့ဖြစ်ပါတယ်။
ဒါကြောင့်မီဒီယာဆိုတိုင်းသတင်းအမှန်မဟုတ်ချဲ့ကားရေးသားခြင်းလိမ်ညာအတုလုပ်ရေးသားခြင်း
သတင်းထိန်ချန်ခြင်းတွေနဲ့သတင်းကိုအရောင်ဆိုးထားတယ်ဆိုတဒ့အသိနဲ့ရှုမြင်ကြဘို့လိုပါတယ်။
APZ211124

ပြည်ထောင်စု

21 Nov, 06:06


မီဒီယာဖြင့်လှဲ့စားခြင်း
==================
သတင်းမီဒီယာကိုဖတ်ကြရာမှာသတင်းတပုဒ်ဟာဖတ်ရှုသူရဲ့စိတ်ကိုဝေခွဲမရဒွိဟဖြစ်လာစေအောင်လှဲ့စားရေးသားကြတာတွေကိုဝေဖန်ပိုင်းခြားနိုင်ကြဘို့လိုပါတယ်။ဒီလိုဝေဖန်ပိုင်းခြားကြည့်ရာမှာသတင်းတင်လာတဲ့မီဒီယာဟာဘယ်လိုအတန်းအစားလဲအဝါရောင်သတင်းမီဒီယာတွေလားဆိုတာသိရှိထားရင်ဒီသတင်းရဲ့ရည်ရွယ်ချက်ဟာဘာလဲဆိုတာသဘောပေါက်နိုင်ပါတယ်။
သာဓကအနေနဲ့ပြည်ပအခြေစိုက်ရခိုင်မီဒီယာတွေဟာ
အမ်းနပခနဲ့ပါတ်သက်ပြီးမမှန်သတင်းတွေသတင်းတုသတင်းလိမ်တွေတင်ခဲ့တယ်။(ဒုတိုင်းမှူးနဲ့အရာရှိတွေထွက်ပြေးတို့။ရဟတ်ယာဥ်ပစ်ချခံရတို့။အမ်းကိုAAသိမ်းပြီတို့
သဖြင့်....)ဒီသတင်းတွေဟာမမှန်ဘူးသတင်းတုသတင်းလိမ်တွေသာဖြစ်တယ်ဆိုတာပေါ်လာတယ်။
အမ်းမှာAAအခြေအနေကလည်းမကောင်းဘူးအတော်ဆိုးနေတယ်။သတင်းအတုတွေလုပ်လိုလဲမရတော့ဘူး။ဒီတော့
တောင်ကုတ်မြို့အစွန်ကိုဘဲAAသိမ်းထားသယောင်
ယောင်ဂွဘက်မှာစစ်ရေးအသာရနေလေသလိုလိုထင်ယောင်ထင်မှားသတင်းတုတွေထပ်ထုတ်လာပါတယ်။
ရည်ရွယ်ချက်ကအမ်းမှာဖိအားကြသွားစေဘို့တပ်ထောက်ခံမီဒီယာတွေသိတ်မဖေါ်ပြတဲ့တောင်ကုတ်ဂွဘက်သတင်းတုတွေထပ်ထုတ်ခဲ့တာပါ။
AAထောက်ခံတဲ့ရခိုင်တွေအားတက်စေဘို့နဲ့တပ်ထောက်ခံတွေရဲ့အမ်းသတင်းတွေကိုအာရုံလွှဲဘို့AAတေွအခြေအနေဆိုးကိုဖုံးကွယ်ဘို့ပါ

ပြည်ထောင်စု

20 Nov, 12:01


DEA ကFERTSမှာမူးယစ်
အလိုရှိသူအဖြစ်တရားဝင်ကမ္ဘာသိ
ထုတ်ပြန်ထားတာကိုတရုတ်လိုအင်အားကြီးနိုင်ငံကလက်ခံဆေးကုပေးနေတယ်ဆိုတော့.....
အမေရိကန်DEA ရဲ့စာရင်းကတရုတ်ပြည်တွင်းမှာအကျုံးမဝင်တာလားတရုတ်ကအသိအမှတ်မပြုတာလား?
ရွှေတြိဂံနယ်မှာမြန်မာနိုင်ငံသား
စိုင်းနော်ခမ်းကိုမူးယစ်မှုအတွက်တရုတ်ကဖမ်းပြီးသူ့ပြည်မှာတရားစီရင်သေဒဏ်ပေးခဲ့တယ်။
အခုDEA FERTS မှာတရားဝင်အလိုရှိစာရင်းကြောငြာထားတဲ့
ဖုန်တာရွင်ကြတော့တရုတ်ပြည်ထဲမှာနှစ်ပေါင်းများစွာနေထိုင်ထောက်ပ့ံကူညီနေခဲ့ပြီးယခုလက်ခံဆေးတောင်ကုပေးနေတာတွေက....
တရုတ်လုပ်ရပ်တွေနိုင်ငံကြီးမပီသ
ကျင့်ဝတ်မရှိတာလား..စဥ်းစားစရာပါ။

ပြည်ထောင်စု

20 Nov, 08:44


ရှေ့တန်းစစ်မျက်နှာအသီးသီးမှာ
ရဲဝံ့စွာ
သတ္တိ ရှိစွာ...စစ်သည်တွေနဲ့အတူတူတိုက်ပွဲဝင်နေတဲ့
စစ်ခေါင်းဆောင်တွေ
အရာရှိတွေ...စစ်သည်တွေကိုတော့...အလွန်....အားနာမိပါတယ်ခင်ဗျာ....
စစ်သားပီသစွာ...တိုက်ပွဲဝင်နေတဲ့
ရဲဝံ့စွန့်စား....
အရာရှိစစ်သည်များကိုတော့
လေးစားစွာ
လက်တင်အလေးပြုအပ်ပါတယ်ခင်ဗျာ။

Credit to TH
fb la yaung

ပြည်ထောင်စု

20 Nov, 08:44


ရဲဘော်လေးတို့ငယ်စဥ်က
ဗကပ နဲ့စစ်တိုက်ခဲ့ကြရတဲ့အခါမှာ....
ရိက္ခာထောက်ပံ့မှု...(တပတ်စာကို...၂ပတ်ဆန့်စားခိုင်းတဲ့ခေတ်...ဆန်ဆိုတာပိုးထိုး...ဆန်ကွဲသာသာဆန်ကြမ်း...ပဲ...ဆိုတာ...ပိုးထိုးထားလို့..လက်ထဲထည့်လိုက်ရင်ကိုကြေပြီးအမှုန့်ဖြစ်သွားတဲ့ပဲတွေ......စားဆီဆိုတာ....ဘုရားစူး...မိုးကြိုးပစ်စားဆီ.....မိုးရေတွေဝင်ပြီးအောက်ဆော်နံနေတဲ့...ပုပ်ဆော်နံနေတဲ့...ဆီတွေစားရတာ)

လေယာဥ်ပစ်ကူ...(မျှော်မနေနဲ့...ရဟတ်ယာဥ်တောင်မပေးလို့...မိုင်းထိ...အရာရှိ/စစ်သည်တွေသွေးလွန်ပြီးလက်ပေါ်မှာတင်ကျဆုံးခဲ့..ကြရတာကြုံဖူးတယ်)

အမြောက်ပစ်ကူ...(အိမ်မက်ထဲတောင်ထည့်မမက်နဲ့...Plan နဲ့တိုက်တဲ့တိုက်ပွဲကြီးတွေကလွဲလို့အမြောက်ပစ်ကူလုံးဝမပေးပါ....မိမိတွေကိုထုတ်ပေးထားတဲ့ခြေလျင်သုံးလက်နက်ကြီးတွေသာသုံးခဲ့ရတာပါ)

စစ်ဝတ်ပစ္စည်း...ယူနီဖောင်း...ဘိနပ်...စုတ်ပြတ်သတ်နေတာ...ထက်တောင်ပိုသေးတယ်...အဖာရာဗလပွနဲ့...ကိုယ်ဟာကိုပြင်သုံးဖာသုံး...ချုပ်သုံး
အားလုံး...အားလုံး...ကိုယ့်အားကိုယ်ကိုးပဲ
ရောက်တဲ့နေရာမှာ...နာရီဝက်လောက်...စခန်းချရင်တောင်...ခံစစ်ယူ...အထိုင်ခံစစ်ကျင်းလောက်တော့အနည်းဆုံးတူးရတဲ့ခေတ်...(ကင်း/ကျင်း/ထမင်း...စားပြီးပြန်ချက်...နာရီဝက်)ကိုလက်တွေ့ကျင့်သုံးကြရတဲ့ခေတ်...ကိုယ့်ကျင်းကိုယ်တူး
ပြီး မိမိထက် အင်အား ၁၀ဆ သာတဲ့ရန်သူကို....လေယာဥ်ပစ်ကူမပါ...စစ်ကူမလာ...ပဲ..နိုင်အောင်...ပြန်ချကြရတဲ့ခေတ်...အထက်ကပံ့ပိုးပေးတာ...အမိန့်နဲ့ညွန်ကြားချက်ပဲရှိတယ်...
ရှေ့မှာရန်သူ....နောက်မှာစစ်ခုံရုံး...ဆိုတဲ့ခေတ်
လက်နက်ချဖို့နေနေသာသာ...ကိုယ့်ဆီကသေနတ်တလက်ပါရင်တောင်အရေးယူခံရတဲ့ခေတ်...
အဲ့ဒီလိုခေတ်မှာ...80% လောက်...ကိုယ့်အားကိုယ်ကိုးပြီးစစ်တိုက်ခဲ့ကြရတယ်....
တိုက်ပွဲ၁၀၀ အောင်ပွဲ...၁၀၀ တွေ ရခဲ့ကြတယ်။

အခုခေတ်မှာ....
တိုက်တဲ့သူတွေကသူရသတ္တိရှိစွာတိုက်နေကြတယ်...မတိုက်တဲ့သူတွေကမတိုက်ဘူး...
သူပုန်က....
သေနတ်သံလေးပေးတာနဲ့အလံဖြူထောင်တယ်
မိမိမှာရှိတဲ့လက်နက်တွေကိုသံယောဇဥ်နည်းစွာနဲ့အလှူကြီးအတန်းကြီးတွေ​ပေးကြတယ်
အချို့လက်နက်တွေဆိုအသစ်အတိုင်းပဲရှိသေးတယ်...မိမိသေနတ်...မိမိလက်နက်ဆိုတာ...ကိုယ့်မိန်းမ...ကိုယ့်ရီးစားထက်တောင်ချစ်ခဲ့ကြတဲ့ရဲဘော်လေးတို့ခေတ်မှာကိုယ့်လက်နက်ခဲယမ်းကိုအမြဲတိုက်ချွတ်ပြီး "သ" နေကြရတာ...ညအိပ်ရင်...ပြောင်းတိုကခေါင်းအုံးအောက်မှာ...ပြောင်းရှည်က...ကျည်ထိုး...လုံခြုံရေးခလုတ်ပိတ်ပြီး
နဘေးမှာထားအိပ်တဲ့ခေတ်...စစ်သည်တယောက်
သေနတ်ကို"တုတ်" လိုကိုင်ရင်...ဂရုမစိုက်ရင်...သေနတ်ပြုတ်ကျရင်...သံချေးတက်နေရင်
အကြပ်/အကြပ်ကြီး တွေက နဘန်ကျင်းတဲ့ခေတ်...အဲ့ခေတ်ကလုပ်ခဲ့တာတွေကအိမ်မက်တွေဖြစ်သွားခဲ့ပြီလား...အစဥ်အလာကောင်းတွေကိုဆက်ပြီးမထိမ်းသိမ်းကြတော့ဘူးလား...ပစ်ပယ်လိုက်ကြတာလား...။

လေကြောင်းပစ်ကူမလာရင်စစ်မတိုက်တော့ဘူးဆိုတဲ့နေရာ...ခံစစ်တွေတွေ့နေရတယ်
ကိုယ့်အားကိုယ်ကိုးပြီးခံစစ်ပြင်ထားတာတွေတော်တော်ကိုနည်းတယ်...ရမခ(လားရိူး) ဆို
လောက်ကိုင်ကျပြီး...အချိန်၈လလောက်ရတယ်
ရမခ ဆိုတဲ့...အစဥ်အလာရှိတဲ့စစ်တိုင်းကြီးရဲ့ဂုဏ်သိက္ခာနဲ့ညီအောင်ခံစစ်ပြင်ထားတာတခုမှမတွေ့ရဘူး....။

အပေါ်က...အမိန့်ပေးကြီးကြပ်တဲ့စစ်ခေါင်းဆောင်တွေရဲ့...အမျှော်အမြင်ရှိမှု...ကြိုတင်မျှော်တွေးခြင်း...ကြိုတင်ပြင်ဆင်ကာကွယ်ခြင်း...ခံစစ်တွေကိုကြိုတင်ပြင်ဆင်ဇတ်တိုက်လေ့ကျင့်..ခံစစ်ပစ်မှတ်တွေကို....ကြိုတင်မှတ်ပုံတင်ခြင်း...စစ်ဆေးကြီးကြပ်ခြင်း...မိသားစုများကိုကြိုတင်ရွေ့ပြောင်းခြင်း...အားပေးစကားပြောကြားခြင်းတွေ...မရှိသလောက်ပဲ...
ဖြစ်လာမှ...အပေါ်ကိုသတင်းတွေလိမ်ပြ...လက်တန်း...လက်ပူတိုက်နည်းတွေနဲ့ဖြေရှင်းတာတွေလုပ်နေကြတာ...တွေ့နေရတယ်။

အခုလည်း
ဒုံးယာဥ်တွေဗျာ....အကောင်းအတိုင်းပဲ....
ရန်သူက...Video ရိုက်ပြီး...တင်နေတယ်
ကြည့်ပြီး...ရင်တွေကွဲထွက်မတတ်နာရတယ်
ကြည့်လိုက်တာနဲ့...ဂိုဒေါင်ထဲမှာသိမ်းထားတဲ့ပုံ...အနေအထားဖြစ်နေတယ်...
ရနိုင်သလောက်...ရန်သူကိုမပစ်ခဲ့ဘူးလား
ကျည်တွေစုပုံဖို့...ကြိုတင်မပြုလုပ်ခဲ့ဘူးလား
မတင်ပြရဲ့လို့မတင်ပြပဲနေတာက...သာမန်အချိန်မှာပဲကောင်းတယ်...အခုလိုအရေးကြီးချိန်မှာတခုမှမကောင်းဘူးဆိုတာ...မသိကြဘူးလား...
အနည်းဆုံး...ဖျက်စီးခဲ့ဖို့ကိုတောင်အမိန့်မပေးခဲ့ဘူးလား....
"ငါ့ဆီကိုအမိန့်လာတောင်းမနေနဲ့....ကိုယ့်ဟာကိုယ်ကြည့်လုပ်ကြ".....ဆိုတာ
အမိန့်မဟုတ်ဘူးနော်...စစ်ခေါင်းဆောင်ပြောရမဲ့စကားမဟုတ်ဘူးနော်....
စစ်ခေါင်းဆောင်ဆိုတာ...
သတ္တိရှိရတယ်....
အခြေအနေနဲ့အချိန်အခါပေါ်မူတည်ပြီး
ပြတ်သားတဲ့အမိန့်ကိုပေးရဲရတယ်...
နောက်ဆုံးအချိန်အထိ...မိမိစစ်သည်များနဲ့မခွဲမခွာပဲ...ရဲရင့်စွာ...တိုက်ပွဲဝင်ပြီး...ရဲရင့်စွာအသေခံရဲရတယ်....
စံစရာရှိရင်စံပြီး
ခံစရာရှိရင်လည်း...ရဲဝံ့စွာ...ရင်ကော့ပြီးခံရဲရတယ်...ကြည့်လုပ်ကြပါခင်ဗျာ...
တော်တော်ကိုအသဲပေါက်လို့တင်ပြရတာပါ။

ပြည်ထောင်စု

19 Nov, 07:37


18/11/2024.   
     mndaa ခေါင်းဆောင် ဖုန်တာရွှင်နဲ့ "ဝ" ဒု-စစ်ဦးစီးချုပ် ပေါက်ကျွင်းဖုန်းကို တရုတ်က ဖမ်းဆီးခဲ့တယ်ဆိုတဲ့သတင်း fb မှာ တော်တော်များများ ပျံ့နှံ့နေပါတယ်၊

     တရုတ်နိုင်နိုင်ငံ နယ်နိမိတ်အတွင်း အခြေပြုနေထိုင်ကြတဲ့ နစက က အကြမ်းဖက်အဖွဲ့အဖြစ် ကြေငြာထားတဲ့ထဲက ခေါင်းဆောင် (၁၃)ဦးကို ဖမ်းဆီးပေးဖို့ မြန်မာ နစက က တရုတ်အစိုးရထံ ကမ်းလှမ်းတောင်းဆိုထားတယ်လို့ သိရပါတယ်၊

     ပေါက်ကျွင်းဖုန်းဟာ 2/10/2024 နေ့မှာ ကျားဖျန့်ကိစ္စနဲ့ တရုတ်မှာ အဖမ်းခံရပြီး တရုတ်ရော "ဝ"ရော နှစ်ဖက်စလုံးက မကြေငြာခဲ့ပါဘူး၊

     21/10/2024 မှာ တရုတ်အစိုးရက ဖုန်တာရွှင်ကို ခေါ်ယူတွေဆုံခဲ့ပါတယ်၊ 23/10/2024 နေ့ ဖုန်တာရွှင် ချင်းရွှေဟော်ပြန်လာပြီး uwsa ခေါင်းဆောင်တချို့နဲ့ တွေ့ဆုံခဲ့ပါတယ်၊

     တရုတ်၊"ဝ"၊ ကိုးကန့် သုံးပွင့်ဆိုင်ဆွေးနွေးမှုနဲ့ပတ်သက်ပြီး မီဒီယာတွေကိုလှည့်စားဖို့ ဖုန်တာရွှင်ဟာ ကျန်းမာရေးအကြောင်းပြ ကူမင်းဆေးရုံတက်တယ်ဆိုပြီး ယူနန်ပြည်နယ်၊ လီကျန်းမြို့က သူ့ရဲ့နေအိမ်မှာ သွားရောက်နေထိုင်ခဲ့ပါတယ်၊

     အမေရိကန်ရွေးကောက်ပွဲ ရလာဒ်အပေါ်မူတည်နေတဲ့ ကမ္ဘာ့အခင်းအကျင်းက တရုတ်ကို သဲထိပ်ရင်ဖိုဖြစ်စေခဲ့တာကြောင့် တရုတ်အစိုးရဟာ နစက နဲ့ ဗျူဟာမြောက်ဆက်ဆံရေးတည်ဆောက်ဖို့ လိုအပ်လာတာကတကြောင်း၊ မြန်မာစစ်တပ်ရဲ့ ရှမ်းမြောက်ထိုးစစ်အတွက် ပြင်ဆင်လာမှုအရတကြောင်းတို့ကြောင့် ဒီသတင်းကို myanmar now ဆီ လွှင့်ထုတ်လိုက်တာဖြစ်မှာပါ၊ ပလောင်မီဒီယာ, ကိုးကန့်မီဒီယာတို့မှာတော့ မတွေ့ရသေးပါဘူး၊ voa က သတင်းအတည်ပြုနိုင်ဖို့ mndaa ကို ဆက်သွယ်မေးမြန်းတော့လည်း ကာယကံရှင် mndaa ကိုယ်တိုင်က မဟုတ်ရင်မဟုတ်ဖူးလို့ ရှင်းရှင်းလင်းလင်းမပြောပဲ အတည်မပြုနိုင်သေးပါဘူးလို့ပဲဖြေခဲ့ပါတယ်၊

     တရုတ်ဟာ သူ့ရဲ့မွေးစားသား uwsa & mndaa တို့ကို သူ့နယ်စပ်မှာ မြန်မာစစ်တပ်ရဲ့ အနှောင့်အယှက်ကင်းကင်းနဲ့ ဆက်လက်ရပ်တည်နိုင်ဖို့ ခင်းလာတဲ့ ဗျူဟာလို့မြင်မိတယ်၊

     သတင်းရဲ့ သက်ရောက်မှုအပေါ်မူတည်ပြီး တရုတ်ဟာ နစက ကို လှည့်စားပါလိမ့်မယ်၊ mndaa လက်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရမခ စစ်တိုင်းမှူးနဲ့ အရာရှိကြီး (၂၆)ယောက် အပါအဝင် ထောင်နဲ့ချီတဲ့ စစ်သုံ့ပန်းတွေနဲ့ အလောင်းအစားလုပ်ပါလိမ့်မယ်၊

     ထူးခြားတာက မနေ့ညကတည်းက မိုင်းရယ်-နမ့်လန် ကားလမ်းကြောင်းက mndaa တွေ ဆုတ်ခွါနေတာ တညလုံးလို့သိရတယ်၊ ဒီနေ့မနက်ကစပြီး လားရှိုးက mndaa တွေလည်း အဖွဲ့ခွဲပြီး ဆုတ်ခွါနေကြတယ်၊ တိုက်ပွဲမဖြစ်ပဲ မြန်စစ်တပ် စစ်ကြောင်းတွေ လားရှိုးဧရိယာ လွယ်ငင်းဂွင်၊ ဟန်နားဂွင်အထိ ရောက်လာတယ်လို့သိရတယ်၊
===============
မူရင်းပို့ရှင်ကတော့FBမှာတရုတ်ဆန့်ကျင်ရေးUWSAဆန့်ကျင်ရေးစတာတွေကိုသာတစိုက်မတ်မတ်ရေးpublicတင်နေတဲ့RCSS lobby
တယောက်ပါ။
RCSSသည်UWSAနဲ့လုံးဝမတည့်ပါဘူးအားပြိုင်ရန်စောင်နေကြတဲ့အင်အားကြီး၂ဖွဲ့ပါ။
UWSAရဲ့မူလရပ်တည်ချက်သည်
မြန်မာနိုင်ငံတော်အောက်မှာသာဖြစ်ပြီးရှမ်း​ ပြည်နယ်လက်အောက်ခံကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်လုံးဝမရပ်တည်လိုပါ။
RCSSကလည်းWAကိုဝပြည်နယ်ပေးမှာလုံးဝမလိုလားပါ။
အထက်ပါအစွန်းနှစ်ခုကြားမှာဖြေရှင်းနည်းမမှန်ရင်RCSSနဲ့WAထိပ်တိုက်တွေ့ကြပါလိမ့်မယ်။
ရှမ်းပြည်နယ်ရဲ့ပြဿနာမှာအင်မတန်သိမ်မွေ့နေတဲ့လူမျိုးစွဲစိတ်ခံတွေရှိနေကြတယ်ဆိုတာသတိပြုကြဘို့ပါ။
ဒါကြောင့်RCSS lobbyတင်တဲ့သတင်းတိုင်းအပြည့်မမှန်ကန်ပေမဲ့မှန်တဲ့သတင်းအချက်အလက်တွေပါပါတယ်။
ဒါကိုတဖက်လေသံအတိုင်းမိမိစိတ်တိမ်းညွတ်မသွားဘို့စဥ်းစားချင့်ချိန်နိုင်ဘို့လိုပါတယ်။
သူရဲ့သဘောကတပ်နဲ့WAကိုထိပ်တိုက်အကြီးကြီးတွေ့စေချင်တဲ့သဘောရှိတယ်ဆိုတာသတိပြုပါ။