Coastal News Agency @rcnanew Channel on Telegram

Coastal News Agency

@rcnanew


Coastal News Agency (English)

Welcome to Coastal News Agency! We are your go-to source for all things related to coastal regions around the world. Our channel, @rcnanew, is dedicated to bringing you the latest news, updates, and information about coastal communities, marine life, environmental conservation efforts, and much more. Who is Coastal News Agency? We are a team of passionate journalists and environmental enthusiasts who are dedicated to shining a light on the beauty and importance of coastal regions. Our goal is to provide our audience with accurate and timely news coverage, as well as insightful articles and features that highlight the unique aspects of coastal living. What is Coastal News Agency? As the name suggests, we are a news agency that focuses specifically on coastal areas. From breaking news stories to in-depth features on marine wildlife, conservation projects, and travel destinations, our channel covers a wide range of topics that are of interest to anyone who loves the coast. Whether you live by the sea, are planning a beach vacation, or simply have a love for ocean-related topics, Coastal News Agency is the perfect channel for you. Join us at @rcnanew to stay informed, inspired, and connected to the coastal world around you. Don't miss out on any news or updates – subscribe to our channel today!

Coastal News Agency

04 Dec, 05:04


ဘူးသီးတောင်က ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူဖျက်ဆီး သူတွေဟာ စစ်ကော င်စီသင်တန်းဆင်းမွတ်ဆလင်တွေဖြစ်တယ်လို အေအေပြောဆို

CNA၊ရုပ်သံသတင်း။
ဒီဇင်ဘာ၊ ၃ ။

ဘူးသီးတောင်မြိုနယ် အတွင်းက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူ ဖျက်ဆီးသူ အများစုဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်သင်တန်းဆင်း မွတ်ဆလင်တွေ နဲ့ ARSA၊ RSO၊ ARA နဲ့ ဆက်စပ်နေကြသောသူတွေ ဖြစ်တယ်လို အာရက္ခတပ်တော်က ဒီနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

https://youtu.be/rHvMdwXnKIs

Coastal News Agency

03 Dec, 17:17


ပြည်တွင်းစစ်ရေးပဋိပက္ခကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့လိုလားတယ်လို့ MNDAAထုတ်ပြန်

CNA၊ဒီဇင်ဘာ ၃၊

ပြည်တွင်းစစ်ရေးပဋိပက္ခကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့လိုလားတယ်လို့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) စစ်ရေးကော်မတီက ဒီကနေ့ ဒီဇင်ဘာ ၃ရက်နေ့ ညပိုင်းမှာ ထပ်မံထုတ်ပြန်လာပါတယ်။

စစ်ဘေးဒုက္ခဒဏ်ကို ပြင်းထန်စွာခံစားနေရတဲ့ အပြစ်မဲ့ပြည်သူလူထုရဲ့ အကျိုးကို ငဲ့ညှာထောက်ထားဖို့၊တရုတ်-မြန်မာနယ်စပ် တည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်းသိမ်းဖို့နဲ့ ဒေသတွင်းငြိမ်းချမ်းရေးကိုလက်တွေ့ကျကျဖော်ဆောင်ဖို့အတွက် အချက် ၅ချက်ပါထုတ်ပြန်ချက်ကို MNDAAက ပူးတွဲထုတ်ပြန်လာတာဖြစ်ပါတယ်။

အဆိုပါအချက်တွေထဲမှာ ပထမအချက်အနေနဲ့ MNDAAဟာ နိုင်ငံတော်ကခွဲထွက်ပြီး နိုင်ငံသစ်ထူထောင်မှာမဟုတ်ပဲ စစ်မှန်တဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကိုသာ တောင်းဆိုတာဖြစ်သလို၊ နိုင်ငံတော်အချုပ်အခြာအာဏာနဲ့ နိုင်ငံပိုင်နယ်မြေ တည်တံ့ ခိုင်မြဲရေးကို တစိုက်မတ်မတ် ထိန်းသိမ်းကာကွယ်သွားမယ်လို့ဆိုပါတယ်။

ဒုတိယအချက်အနေနဲ့ ဒီကနေ့ကစပြီး MNDAA တပ်တွေ ရောက်ရာနေရာမှာ ချက်ချင်းအပစ်အခတ်ရက်စဲပြီး စစ်ကောင်စီ‌တပ်တွေကို အစပြုထိုးစစ်ဆင်တိုက်ခိုက်တော့မှာမဟုတ်ဘူးလို့အသိပေးထားပါတယ်။

တရုတ်ပြည်သူ့ MN သမ္မတနိုင်ငံရဲ့ ကြားဝင်စေ့စပ်ကြိုးပမ်းဆောင်ရွက်မှုအောက်မှာ လားရှိုးအပါအဝင် သက်ဆိုင်ရာကိစ္စရပ်တွေကို တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းနဲ့ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ထားပြီး MNDAAအနေနဲ့လည်း တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

တတိယအချက်အနေနဲ့ စစ်ကောင်စီဘက်က မြန်မာနိုင်ငံနေရာအနှံ့မှာ ဖော်ဆောင်နေတဲ့ ဝေဟင်၊ မြေပြင် ထိုးစစ်ဆင်တိုက်ခိုက်နေမှုတွေကို ရပ်ဆိုင်းပေးရမယ်လို့ ဖော်ပြထားပါတယ်။

စတုတ္ထအချက်အနေနဲ့ တွေ့ဆုံဆွေးနွေးရာမှာ MNDAA က အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မှာဖြစ်ပြီး နှစ်ဦးနှစ်ဖက်ကြားက ပဋိပက္ခနဲ့ အမြင်သဘောထားကွဲလွဲမှုတွေက်ု နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းသွားနိုင်ဖို့ မျှော်လင့်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပဉ္စမအချက်အနေနဲ့ကတော့ MNDAA ဟာ နိုင်ငံရေးနည်းလမ်းကိုအားပေးထောက်ခံပေမယ့် မိမိကိုယ်ကိုခုခံကာကွယ်ခွင့်ကို ယခင်နည်းတူဆက်လက်စွဲကိုင်သွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက MNDAAခေါင်းဆောင် ဦးဖုန်တာရွှင်ကို တရုတ်ဘက်က အကျယ်ချုပ်နဲ့ ထိန်းသိမ်းထားပြီး လားရှိုးမြို့ကနေ MNDAAတပ်တွေပြန်ဆုတ်ပေးဖို့ ဖိအားပေးထားတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

တရုတ်ဘက်ကတော့ ဒီသတင်းတွေအပေါ်ငြင်းဆိုထားပြီး MNDAAခေါင်းဆောင်ဟာ ဆေးကုသမှု ခံယူနေတာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)အခြေစိုက်တဲ့ လားရှိုးမြို့ကို ဩဂုတ်လဆန်းပိုင်းမှာ MNDAAက တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း၊ လားရှိူးကနေ MNDAAတပ်တွေပြန်ဆုတ်ပေးဖို့ တရုတ်ဘက်က ဖိအားပေးနေပါတယ်။

https://rcnanews.com/news_mm/4585/

Coastal News Agency

03 Dec, 17:04


ဘူးသီးတောင်က ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူဖျက်ဆီး သူတွေဟာ စစ်ကော င်စီသင်တန်းဆင်းမွတ်ဆလင်တွေဖြစ်တယ်လို အေအေပြောဆို

CNA၊မြတ်သူ။
ဒီဇင်ဘာ၊ ၃ ။

ဘူးသီးတောင်မြိုနယ် အတွင်းက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူ ဖျက်ဆီးသူ အများစုဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်သင်တန်းဆင်း မွတ်ဆလင်တွေ နဲ့ ARSA၊ RSO၊ ARA နဲ့ ဆက်စပ်နေကြသောသူတွေ ဖြစ်တယ်လို အာရက္ခတပ်တော်က ဒီနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

ထုတ်ပြန်ချက်ထဲမှာ "ရာချီသော သူခိုးတွေ နဲ့ ခိုးရာပါပစ္စည်းလက်ခံထားသူ တွေကိတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တရားနည်းလမ်းကျကျဘဖမ်းဆီးစစ်ဆေးပြီး နောက် အပြစ်ပေး အရေးယူတာတွေကို ဆောင်ရွက်ထားသလို အဲဒီလို ဖမ်းဆီးအပြစ်ပေးထားတဲ့ သူခိုးအများစုဟာလည်း ဘူးသီးတောင်မြိုက အကြမ်းဖက်စစ်သင်တန်းဆင်း မွတ်ဆလင်တွေ ဖြစ်သလို မီးရှိဖျက်ဆီးကြတဲ့သူတွေဟာလည်း ARSA၊ RSO၊ ARA နဲ့ဆက်စပ်နေကြသူတွေဖြစ်တယ်လို"ဆိုပါတယ်။

အာရက္ခတပ်တော်ဟာ ဘူးသီးတောင်မြိုကို ၂၀၂၄ ခုနှစ် မေလ ၁၈ ရက်နေ့ ကတည်းကပင် အပြီးသတ်သိမ်းယူနိုင်ခဲ့ပြီး နောက်ပိုင်း ဘူးသီးတောင်မြိုပေါ်မှာ ရှိတဲ့ ရပ်ကွက်က လူနေအိမ်၊ တိုက်တာ အဆောက်အအုံတွေကိုတမင်တကာ ရည်ရွယ်ချက် ရှိရှိ နဲ့ မီးရှိဖျက်ဆီးတာတွေ နဲ့ ခိုးယူမှုရှိတာတွေကို တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေး တပ်ဖွဲဝင်တွေက ထွက်ဆိုချက်များအပေါ် အခြေခံ၍တရားဥပဒေနည်းလမ်း ကျကျ စစ်ဆေးကာ အပြစ်ပေး အရေးယူဆောင်ရွက်တာတွေလည်း ရှိနေတယ်လိုဆိုပါတယ်။

အာရက္ခတပ်တော်ဟာ အာရက္ခဒေသရဲ့ မြိုသိမ်းတိုက်ပွဲကာလ ၊မြိုသိမ်း တိုက်ပွဲများမစတင်ခင် နဲ့ မြိုကိုသိမ်းယူပြီးနောက်မှာ မြိုတွင်းမှာ ရှိနေတဲ့ သူခိုးတွေဟာ စစ်ပွဲများကြောင့် ဖြစ်ပေါ်နေတဲ့အခွင့်အရေး နဲ့ အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရရဲ့ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေး အစီအမံတွေကို ကောင်းမွန်စွာ မချထားနိုင်သေးတဲ့ အခိုက်အတန့်တွေကြား နဲ့ ဟာကွက်တွေကြား ဖြစ်ပေါ် နေတဲ့ အခွင့်အရေးတွေကို အမိအရဆုပ်ကိုင်ပြီးတော့ လူမျိုးပေါင်းစုံရဲ့ လူနေအိမ်တွေကို လွယ်ကူစွာ သယ်ယူ/ဖြုတ်ယူပြီး ရရှိနိုင်တဲ့ ပစ္စည်းတွေကို လစ်လျှင်လစ်သလိုခိုးယူတာ ဖျက်ဆီးသွားတာတွေကို တွေ့ခဲ့ရတယ်ဆို ထုတ်ပြန်ချက်က ဆိုပါတယ်။


ဒါ့အပြင် အာရက္ခဒေသ စစ်ပွဲကာလအတွင်းမှာ ဘူးသီးတောင်မြိုပေါ်ရှိ လူမျိုးပေါင်းစုံနေအိမ်တွေက ခိုးယူသွားခြင်းခံထားရတဲ့ ပိုင်ရှင်အစစ်အမှန် တွေရဲ့ တိုင်တန်းချက်တွေအရ ဘူးသီးတောင်မြို လုံခြုံရေးတပ်ဖွဲက ရှာဖွေတွေ့ရှိခဲ့တဲ့ ပစ္စည်းတွေကိုလည်းမူလပိုင်ရှင် ၃၁ ဦးရဲ့ လက်ထဲကို တရားဝင်အခမ်းအနား နဲ့ နိုဝင်ဘာလ (၃၀) နေ့မှာ ဘူးသီးတောင်မြိုရှိတစ်နေရာမှာ ပစ္စည်းများကို ပထမအကြိမ်အနေ နဲ့ ကောင်းမွန်စွာအပ်နှံထားခဲ့တယ် လို ဆိုပါတယ်။

တဖက်မှာလည်း တရားဥပဒေစိုးမိုးရေး နဲ့ ပြည်သူ့လုံခြုံရေးဌာနကသိမ်းဆည်းရမိထားတဲ့ ပိုင်ရှင်မဲ့ပစ္စည်းတွေကိုလည်း ပြည်သူပိုင်ပစ္စည်းအဖြစ်သတ်မှတ်ပြီး တော့ ပြည်သူတွေရဲ့လက်ရှိစားဝတ်နေရေးအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို အတွက် အခုလို တရားဝင်အခမ်းအနား နဲ့ ကျင်းပကာပြည် သူလူထုဆီကို လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်တယ်လိုလည်း ဆိုထားပါတယ်။

မိမိတိုလက်ထဲမှာ ကျန်ရှိနေသေးတဲ့ တခြားသော ပစ္စည်းတွေကိုလည်းပိုင်ရှင်အစစ်အမှန်တွေရဲ့ လက်ထဲသို ရောက်ရှိရေးအတွက် လုံခြုံရေးအာမခံချက်ရှိ တဲ့ အခြေအနေ နဲ့ နေ့ရက်တွေမှာ ဆက်လက်အပ်နှံသွားမယ်လို လည်းဆိုထားပါတယ်။

ဒါ့အပြင် ဘူးသီးတောင်မြိုက ကာယကံရှင်ပိုင်ရှင်တွေကလက်ရှိရာသီဥတု၊ ကျန်းမာရေး၊ အထွေထွေအခက်အခဲ၊ အကျပ်အတည်းလိုအပ်ချက်များတွေ ကို ဖြေရှင်းပေးဖို မိမိတိုအုပ်ချုပ်ရေးအဖွဲများထံ တင်ပြတောင်းဆိုလာမှုတွေ ရှိလာတာကြောင့်တိုက်ပွဲတွေ အတွင်းမှာ မပျောက်မပျက်ဘဲ နဂိုအတိုင်းကျန်ရှိနေခဲ့တဲ့ ရှိရင်းစွဲပစ္စည်းများ၊ တိုက်ပွဲများအတွင်း ပျက်စီးသွားခြင်းက ကာကွယ်ဖို့ အတွက် အာရက္ခ စစ်သည်တော်တွေဟာ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးတပ်ဖွဲဝင်တွေက လုံခြုံတဲ့နေရာတွေကိုရွေ့ပြောင်းထားနိုင်ခဲ့တဲ့ ပစ္စည်းတွေကိုလည်း ၎င်းတိုပိုင်ရှင်စစ်များ ကိုယ်တိုင်ကိုယ်ကျပြန်လည်ယူဆောင်ခွင့်အား အကန့်အသတ်နဲ့ ခွင့်ပြုပေးတာတွေကို လုပ်ဆောင်ပေးတာတွေလည်း ရှိနေတယ်လို ဆိုထားပါတယ်။

ပုံစာ - ဘူးသီးတောင်မြိုရှိ လူမျိုးပေါင်းစုံနေအိမ်များမှ သူခိုးများခိုးယူထားသော သက်သေခံပစ္စည်းများအား ပိုင်ရှင်များထံသို ပြန်လည်အပ်နှံနေစဉ်။

https://rcnanews.com/news_mm/idps/4568/

Coastal News Agency

03 Dec, 02:40


စစ်ကောင်စီ ပစ်ခတ်မှုကြောင့် လူသေဆုံးမှုရှိခဲ့တဲ့ ထိုင်းငါးဖမ်းစက်လှေဟာရေပိုင်နက်ကျူးကျော်မှုကြောင့် ပစ်ခတ်ခဲ့တာလို့ဆို

CNA၊ မြတ်သူ။
ဒီဇင်ဘာ၊၃ ။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့က စစ်ကောင်စီ ရေတပ်က ထိုင်းငါးဖမ်းစက်လှေတစ်စီးကို ပစ်ခတ်ဖမ်းဆီးခဲ့တဲ့အတွက် ထိုင်းနိုင်ငံသား ၁ ဦး သေဆုံးခဲ့ရပြီး ၂ ဦးဒဏ်ရာ ရရှိကာ ရေလုပ်သား ၃၁ ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးထားခဲ့ပါတယ်။

စစ်ကောင်စီက အဲဒီငါးဖမ်းစက်လှေကို ပစ်ခတ်ဖမ်းဆီးခဲ့တာဟာ မြန်မာရေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက် ငါးဖမ်းခဲ့ တာကြောင့် လုပ်ထုံး လုပ် နည်းအရ ပစ်ခတ် ဖမ်းဆီးခဲ့တာဖြစ်ပြီး မြန်မာ့တပ်မတော် အနေ နဲ့ အဲဒီစက်လှေတွေကို ထိုင်းနိုင်ငံ ရေပိုင်နက်အတွင်းကို ဝင်ရောက်ဖမ်းဆီးခဲ့တာမဟုတ်ဘူးလို့ စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က ငြင်းဆိုထားခဲ့ပါတယ်။

"သတင်းမီဒီယာတွေ ရေးသားနေသလို မြန်မာ့တပ်မတော်က ထိုင်းနိုင်ငံရေပိုင်နက်ကိုဝင်ရောက်ပြီး ဖမ်းဆီးခဲ့တာမဟုတ်ပါဘူး။မြန်မာနိုင်ငံ ရေပိုင်နက်အထဲမှာ ဝင်ရောက်ပြီး ငါးဖမ်းနေတဲ့ စက်လှေတွေကိုပဲ လုပ်ထုံး လုပ်နည်း ဥပဒေ နဲ့ အညီပဲဖမ်းဆီးခဲ့တာဖြစ်ကြောင်းပြောချင်ပါတယ်။ နံပတ် (၂) ကတော့ ထိခိုက်သေဆုံးမှု မရှိခဲ့ဘူး ဆိုတာကိုပြောချင်ပါတယ်။ဖြစ်စဥ်ကတော့ မြန်မာ့ရေပိုင်နက်အတွင်းမှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ မြန်မာ့စစ်ရေယာဥ်တစ်စင်းဟာ နိုဝင်ဘာလ ၃၀ ရက်နေ့ မနက် ၂ နာရီ ၄၀ ခန့်မှာမြန်မာရေပိုင်နက်အတွင်းမှာ မသင်္ကာဖွယ် လှုပ်ရှားမှု ၅ ခုကို ရေဒါကနေ ဖမ်းဆီးရရှိခဲ့ပါတယ်။ ဒါကြောင့် ဒီနေရာကို စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးတဲ့အခါမှာ ငါးဖမ်းစက်လှေများဖြစ်ကြောင်း တွေ့ရပါတယ်။ စစ်ဆေးဖို့အတွက် မီးအချက်ပြ ခေါ်ယူခြင်း ဆောင်ရွက်ခဲ့ပါတယ်။ ထွက်ပြေးခဲ့ပါတယ်။ နောက်ကနေ လိုက်လံ ဖမ်းဆီးခဲ့ပါတယ်။ မနက် ၃ နာရီ မိနစ် ၂၀ အတွင်းမှာ ထိုင်းငါးဖမ်းလှေတစ်စီးကို ကော့သောင်းမြို့နယ် ၊ ကြက်မောက်ကျွန်း မြောက်ဘက်ထိပ် အရှေ့မြောက်ဘက် ၃ မိုင်ခန့်အကွာ ကျနော်တို့ မြန်မာနိုင်ငံရေပိုက်နက်အတွင်း ၅ မိုင်ခန့်အကွာမှာ ဖမ်းဆီးရမိပါတယ်။ အဲဒီစက်လှေနဲ့အတူ ငါးများနဲ့ မြန်မာ ကျား ၂၇ ဦး၊ ထိုင်းနိုင်ငံသား ကျား ၄ ဦးကို ဖမ်းဆီးရရှိပါတယ်။အဲဒီဖမ်းဆီရမိမှု နဲ့ အတူ မနက် ၄ နာရီမှာ ရေတပ်စခန်းကို ပြန်လည်ထွက်ခွာခဲ့ပါတယ်လို့ "စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကဆိုပါတယ်။

ထိုင်း နဲ့ နိုင်ငံတကာ သတင်းတွေ ဖော်ပြချက်အရကတော့ အဲဒီပစ်ခတ်ခဲ့မှုအတွင်းမှာ ထိုင်းရေလုပ်သား ၁ ဦးသေဆုံးခဲ့ရပြီး ၂ ဦးဟာ ဒဏ်ရာ ရရှိခဲ့ ရတယ်လို့ ပုံတွေ နဲ့ တကွဖော်ပြထားတာကိုတွေ့ရသလို ထိုင်းနိုင်ငံသား ၄ ဦး နဲ့ မြန်မာနိုင်ငံသား ၂၇ ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ ရေးသားဖော်ပြတာကိုတွေ့ရပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ကလည်း အခုလို ငါးဖမ်းစက်လှေ ပစ်ခတ်ဖမ်းဆီးတဲ့ အပေါ်မှာကန့်ကွက်ကြောင်းပြောဆိုထားသလို စစ်ကောင်စီ ပြောဆိုတဲ့ ရေပိုင်နက်ကျူးကျော်မှုကြောင့် ပစ်ခတ်ဖမ်းဆီး ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်ကိုလည်း လက်မခံဘူးလို့ ဆိုထားပါတယ်။

ဒါ့အပြင် ဖမ်းဆီးထားတဲ့ ထိုင်းနိုင်ငံသားတွေကိုလည်း အမြန်ဆုံးပြန်လွတ်ပေးဖို့အတွက်ကိုလည်း ထိုင်းနိုင်ငံဝန်ကြီးချုပ်က စစ်ကောင်စီရဲ့ ထိုင်းသံအမတ်ကို ဆင့်ခေါ်ကာ ပြောဆိုထားပါတယ်။

စစ်ကောင်စီကတော့ အဲဒီ ဖမ်းဆီးရမိခဲ့တဲ့ ထိုင်းငါးဖမ်းစက်လှေကို စစ်ဆေးခဲ့ရာ မြန်မာရေပိုက်နက်အတွင်း ငါးခိုးဖမ်းတာဟုတ်မှန်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး အဲဒီငါးဖမ်းစက်လှေပေါ်မှာ လက်နက်ခဲယမ်းမဟုတ်တဲ့ တော်လှန်ရေးအဖွဲ့တွေ နဲ့ ဆက်နွယ်နေတဲ့ ပစ္စည်းတွေကိုပါတွေ့ရှိခဲ့တာကြောင့် အဲဒီထိုင်းနိုင်ငံသား ၄ ဦးအပါအဝင် မြန်မာရေးလုပ်သား ၂၇ ဦးကိုလည်း ပြန်မလွတ်သေးပဲ ဆက်လက်စစ်ဆေးနေ တယ်လို့ စစ်ကောင်စီရဲ့ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ဆက်လက်ပြောဆိုထားပါတယ်။

"သူတို့နဲ့အတူ လက်နက်ခဲယမ်းမဟုတ်တဲ့ အကြမ်းဖက် အဖွဲ့တွေနဲ့ ဆက်နွယ်နေတဲ့ ပစ္စည်းများ တွေ့ရှိရတဲ့အတွက် ဆက်လက် စစ်ဆေးလျက်ရှိပါတယ်။ ဖမ်းဆီးရရှိတဲ့ မြန်မာအမျိုးသား ၂၇ ဦးနဲ့ ထိုင်းနိုင်ငံသား ၄ ဦးတို့သည်လည်း ကောင်းမွန်စွာရှိနေကြောင်း ပြောကြားလိုပါတယ်" ဟု အကြမ်းဖက် ဇော်မင်းထွန်းက ဆက်လက်ပြောဆိုသည်။

ဒါ့အပြင် စစ်ကောင်စီရဲ့ စစ်ဆေးချက်အရ ဒီစက်လှေတွေဟာထိုင်းနိုင်ငံ၊ ရနောင်းမြို့မှာရှိတဲ့ ထိုင်းနိုင်ငံသားတစ်ဦး ပိုင်ဆိုင်တဲ့ စက်လှေတွေဖြစ်ပြီး အဲဒီငါးဖမ်းလှေတွေဟာ ရနောင်းဆိပ်ကမ်းကနေ နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ ၃ နာရီမှာ ထွက်ခွာလာခဲ့ပြီး မြန်မာ့ရေပိုင်နက်အတွင်းကို ည ၉ နာရီအချိန်မှာ ရောက်ရှိကာ ငါးဖမ်းဆီးခဲ့တယ်ဆိုတာကို ထင်ရှားစွာ စစ်ဆေးတွေ့ရှိခဲ့တယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန် ပြောဆိုထားပါတယ်။

Coastal News Agency

02 Dec, 10:32


တိုက်ပွဲမရှိတဲ့ခရိုင်ရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင် ၂ ဦးသေ ၂၀ ကျော်ဒဏ်ရာရ

CNA ၊ မြတ်သူ။
ဒီဇင်ဘာ၊ ၂ ။

တိုက်ပွဲ ဖြစ်ပွါးတာ မရှိတဲ့ တောင်ကုတ်မြို့နယ် အတွင်းက ခရိုင်ကျေးရွာကို စစ်ကောင်စီက မနေ့က ဒီဇင်ဘာလ ၁ ရက်နေ့ ညမှာ လေကြောင်း ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူ ၂ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သေဆုံးသွားတဲ့ သူ ၂ ဦးကတော့ တောင်ကုတ်မြို့ သာယာအေးကျေးရွာက စစ်ဘေးရှောင်နေတဲ့ အသက် ၁၇ နှစ်အရွယ် မောင်ကျော်သက်နိုင် နဲ့ ဆေးရုံကွက်သစ်ရပ်ကွက်က အသက် ၇၀ ကျော်အရွယ် ဒေါ်မသိန်းတို့ဖြစ်ကြတယ်လို့ ဆိုပါတယ်။

နောက်ထပ် ဒဏ်ရာ ရရှိသွားတဲ့ သူ ၂၀ ထဲမှာလည်း ခရိုင်ကျေးရွာ အတွင်းကို စစ်ဘေးရှောင်ရောက်နေသူတွေ အများစုပါဝင်တယ်လို့ တောင်ကုတ် ဒေသခံတစ်ဦးကပြောပါတယ်။

"ကျနော်သိသလောက်ကတော့ စစ်ရှောင် ၂ ဦးက ပွဲချင်းပြီးသေတယ်။ကျန်တဲ့ ၂၀ ကျော်ကတော့ ဒဏ်ရာရတယ် ဒဏ်ရာပြင်းထန်တဲ့ သူတွေထဲမှာလည်း စိုးရိမ်ရတဲ့ လူတွေပါနေတယ်။ရွာထဲကို တည့်တည့်ကျတာလို့သိရတယ်။ဘာကြောင့်ကြဲလဲဆိုတာတော့ မသိဘူး"လို့ သူကပြောပါတယ်။

လက်ရှိမှာ ဒဏ်ရာရ လူနာတွေကို နီးစပ်ရာ ဆေးခန်းတွေမှာ ဆေးဝါးကုသတာတွေ လုပ်ဆောင်ပေးတာတွေ ရှိနေပေမယ့် ဆေးဝါးလုံလောက်မှုတွေ မရှိတဲ့ အတွက် အခက်အခဲတွေ နဲ့ ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။

အာရက္ခတပ်တော် ဟာ တောင်ကုတ်မြို့ အပါအဝင် စစ်ကောင်စီတပ်စခန်းများစွာကို အပြီးသတ် သိမ်းပိုက်ထားပြီးနောက်မှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီရဲ့ စကခ - ၅ စစ်ဌာနချုပ်ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီက မြေပြင် စစ်အင်အား မရှိတော့တဲ့ အတွက်လေကြောင်းကို အသုံးပြုကာ တိုက်ခိုက်တာတွေကို ဆက်တိုက်လုပ်ဆောင်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ အဲဒီလို လေကြောင်း ပစ်ကူပေး တိုက်ခိုက်တဲ့နေရာမှာလည်း အာရက္ခတပ်တော်ကို ဦးတည်တိုက်ခိုက်တာမဟုတ်ပဲ ရခိုင်ဒေသခံပြည်သူတွေ ကို ဦးတည်တိုက်ခိုက်တာမျိုးကို လုပ်ဆောင်နေတာကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးတာ၊နေအိမ်တွေ များစွာ မီးလောင်ပျက်စီးတာတွေ ရှိနေတယ်လို့ တောင်ကုတ်မြို့ စစ်ရေး အခြေအနေကို စောင့်ကြည့်နေသူ တစ်ဦးကပြောပါတယ်။

"စစ်ကောင်စီအခုတိုက်ခိုက်တာက အေအေ ကိုတိုက်ခိုက်တာမျိုးမဟုတ်တော့ဘူး ပြည်သူတွေ နဲ့ ပြည်သူပိုင် ပစ္စည်းတွေကို ဖျက်ဆီးတိုက်ခိုက်နေတာလို့ မြင်တယ်။မနေ့ကလည်း တောင်ကုတ်မြို့ကို လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်တယ် တောင်ကုတ်မြို့ပေါ်က နေအိမ်တွေ ဟိုတယ်တွေ အကုန်မီးလောင်ပျက်စီးတယ်။တိုက်ပွဲဖြစ်တာက စကခ - ၅ မှာ ဖြစ်နေတာ အဲဒါကို အဲဒီနေရာကို သွားမပစ်ပဲ မြို့ထဲက နေရာတွေကို ဗုံးလိုက်ကြဲနေတယ်။ဒါက စစ်တိုက်တာ မဟုတ်တော့ဘူး မြို့ရွာတွေကို ဖျက်ဆီးနေတာလို့ မြင်တယ်လို့"သူက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ တောင်ကုတ်မြို့နယ် အတွင်းမှာ တိုက်ပွဲ စတင်းမဖြစ်ပွါးခင်ကတည်းကပင် အပြစ်မဲ့ အရပ်သားနေထိုင်ရာ နေရာတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တာကြောင့် ပြည်သူတွေထိခိုက်သေဆုံးမှုတွေ များစွာရှိခဲ့ရပါတယ်။

အဲဒီလို စစ်ကောင်စီက ပြည်သူတွေကိုလေကြောင်း၊လက်နက်ကြီး၊လက်နက်ငယ်တွေ နဲ့ ဦးတည်တိုက် ခိုက်တာ ဆက်တိုက်လုပ်ဆောင်ခဲ့တဲ့ အတွက် ရခိုင်တကျော့ပြန်တိုက်ပွဲ စတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကပင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလလ ၁၃ ရက်နေ့အထိ အရပ်သားပြည်သူ ၇၀၀ကျော် သေဆုံးခဲ့ရပြီး ဒဏ်ရာ ရသူ ၁၅၀၀ ကျော် ရှိခဲ့ရတယ်လို့ HDCO ရဲ့ ထုတ်ပြန်ချက် စာရင်းအရ သိရပါတယ်။

ပုံ၊လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့ရတဲ့ ခရိုင်ကျေးရွာမြင်ကွင်း။APM

https://rcnanews.com/news_mm/4563/

Coastal News Agency

02 Dec, 05:57


ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေကြတဲ့ အာရက္ခစစ်သည်တော်များ မြင်ကွင်း

CNA၊ဓာတ်ပုံသတင်း။
ဒီဇင်ဘာ၊ ၂ ။

အခုမြင်တွေ့ရတဲ့မြင်ကွင်းက စစ်ကောင်စီလက်ထဲကနေ အာရက္ခတပ်တော်က သိမ်းပိုက်ထားတဲ့ မြောက်ဦးမြို့က ရပ်ရွာတချို့ကို ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ အာရက္ခစစ်သည်တော် နဲ့ စစ်မယ်တွေ ကိုမြင်တွေ့နေရတာဖြစ်ပါတယ်။

ပုံ၊ APM

Coastal News Agency

02 Dec, 05:11


CNA ၊ဟိန်းထက်။
ဒီဇင်ဘာ၊ ၂ ။
အမ်း နဲ့ တောင်ကုတ်က တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေဟာ မြေပြင်တပ်သားတွေ မရှိတဲ့ အတွက် လေကြောင်းပစ်ကူပေးတိုက်ခိုက်တာတွေ ကိုသာ လုပ်ဆောင်နေရတယ်လို့ စစ်ရေးလေ့လာစောင့်ကြည့်နေသူတွေက ပြောပါတယ်။
အာရက္ခတပ်တော် ဟာ အမ်းမြို့နယ် အတွင်းက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နပခ နဲ့ တောင်ကုတ် မြို့နယ် အတွင်းက စကခ - ၅ ကိုပါအပြီးသတ်သိမ်းပိုက်နိုင်ဖို့ အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေ ရှိနေပြီး အဲဒီလို ထိုးစစ်ဆင်တိုက်ခိုက်တဲ့နေရာမှာ စစ်ကောင်စီက မြေပြင်တိုက်ခိုက်ရေး တပ်သား မရှိတာကြောင့် လေကြောင်း ပစ်ကူ နဲ့ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်တာတွေကိုသာ လုပ်ဆောင်နေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
"အခုက စစ်ကောင်စီမှာက မြေပြင်တိုက်ခိုက်ရေး တပ်သားတွေ မရှိတဲ့ အခါမှာ လေကြောင်း ပစ်ကူ နဲ့ တိုက်ခိုက်နေရတယ်။စစ်ကူတွေကလည်းမရောက်နိုင် ဒဏ်ရာရတပ်သားတွေကိုလည်း ဆေးမကုပေးနိုင်။ပြီးတော့ အခုက သူတို့မှာက ရိက္ခာလည်း မပို့နိုင်တော့ဘူးဆိုတဲ့ အခါ တပ်သားတွေကလည်းထွက်ပြေးတာ လက်နက်ချ အညံ့ခံတာများလာတော့ သူတို့ တပ်စခန်းတွေမှာ မြေပြင်တပ်သားတွေ မရှိတော့တာ ဖြစ်တယ်လို့" အမ်းမြို့တိုက်ပွဲ အခြေအနေကို စောင့်ကြည့်နေသူ တစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အင်းအား ၄၀၀ ဝန်ကျင်ပါတဲ့ စစ်ကြောင်းတစ်ခုကို စစ်ကောင်စီက အမ်းမြို့တိုက်ပွဲအတွင်းကို စစ်ကူအင်အား ပေးပို့တာတွေ ရှိခဲ့ပေမယ့် အဲဒီစစ်ကြောင်းကို အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေက အမ်းမြို့ နဲ့ ၂ မိုင်ခန့် အကွာက ရိုးလမ်းမ ပေါ်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် အဲဒီ စစ်ကြောင်း တစ်ခုလုံးဟာ သေဆုံးတာ ၊လက်နက်ချ အညံ့ခံတာ နဲ့ ထွက်ပြေးတာတွေများစွားရှိခဲ့တဲ့ အတွက် အမ်းမြို့အတွင်းကို မရောက်ရှိနိုင်ခဲ့ဘူးလို့ဆိုပါတယ်။
အဲဒါကြောင့် စစ်ကောင်စီဟာ အမ်း နဲ့ တောင်ကုတ်မြို့တွေမှာ အာရက္ခတပ်တော် အေအေက သိမ်းပိုက်ဖို့ ကျန်နေသေးတဲ့ တပ်စခန်းတွေကို မသိမ်းပိုက်နိုင်ရေး အတွက် ကျန်ရှိနေသေး တဲ့ အင်အားအနည်းငယ် နဲ့ ခုခံပြီး လေကြောင်း ပစ်ကူ အမြောက်အများ နဲ့ တိုက်ခိုက်ကာခုခံနေတာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ အဲဒီလို လေကြောင်း ပစ်ကူပေး တိုက်ခိုက်တဲ့နေရာမှာလည်း အာရက္ခတပ်တော် တစ်ခုတည်းကို ဦးတည်တိုက်ခိုက်တာမဟုတ်ပဲ ရခိုင်ဒေသခံပြည်သူတွေ ကို ဦးတည်တိုက်ခိုက်တာမျိုးကို လုပ်ဆောင်နေတာကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးတာ၊နေအိမ်တွေ များစွာ မီးလောင်ပျက်စီးတာတွေ ရှိနေတယ်လို့ တောင်ကုတ်မြို့ စစ်ရေး အခြေအနေကို စောင့်ကြည့်နေသူ တစ်ဦးကပြောပါတယ်။
"စစ်ကောင်စီအခုတိုက်ခိုက်တာက အေအေ ကိုတိုက်ခိုက်တာမျိုးမဟုတ်တော့ဘူး ပြည်သူတွေ နဲ့ ပြည်သူပိုင် ပစ္စည်းတွေကို ဖျက်ဆီးတိုက်ခိုက်နေတာလို့ မြင်တယ်။မနေ့ကလည်း တောင်ကုတ်မြို့ကို လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်တယ် တောင်ကုတ်မြို့ပေါ်က နေအိမ်တွေ ဟိုတယ်တွေ အကုန်မီးလောင်ပျက်စီးတယ်။တိုက်ပွဲဖြစ်တာက စကခ - ၅ မှာ ဖြစ်နေတာ အဲဒါကို အဲဒီနေရာကို သွားမပစ်ပဲ မြို့ထဲက နေရာတွေကို ဗုံးလိုက်ကြဲနေတယ်။ဒါက စစ်တိုက်တာ မဟုတ်တော့ဘူး မြို့ရွာတွေကို ဖျက်ဆီးနေတာလို့ မြင်တယ်လို့"သူက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်AAကြား တိုက်ပွဲစတင်ခဲ့ ပြီး တစ်နှစ်တာ အတွင်းမှာ ရခိုင်ပြည်နယ်က မြို့နယ် ၁ဝခုနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တွေကို AAဘက်က သိမ်းပိုက်ရရှိထားခဲ့ပြီး အမ်း၊တောင်ကုတ်၊ဂွ နဲ့ မောင်တော မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်ရရှိနိုင်ရေး အတွက် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲတွေ ပြင်းနေကြပါတယ်။
ဒါ့အပြင် တိုက်ပွဲ ဖြစ်ပွါးခြင်းမရှိသေးတဲ့ မာန်အောင် အပါအဝင် ၊ကျောက်ဖြူ၊စစ်တွေ စတဲ့မြို့နယ်တွေကိုလည်း အာရက္ခတပ်တော်က ဆက်လက်ထိုးစစ် ဆင်တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

https://rcnanews.com/news_mm/4559/

Coastal News Agency

01 Dec, 03:41


ကျောက်မဲမြို့ကို လေကြောင်းတိုက်ခိုက်လို့ ဒေသခံပြည်သူ (၁၀)ဉီးသေဆုံးပြီး (၂၀)ကျော် ဒဏ်ရာရ

CNA၊ဒီဇင်ဘာ ၊ ၁ ။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေ ၆ နာရီ ၃၀ က ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြာင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ ၁၀ ဦးသေဆုံးပြီးတော့ ၂၀ ကျော်ထိခိုက်ဒဏ်ရာ ရရှိခဲ့ရတယ်လို့ TNLA က သတင်းထုတ်ပြန်လာပါတယ်။

ထုတ်ပြန်ချက်ထဲမှာ"တအာင်းပြည်၊ တပ်မဟာ(၂) နယ်မြေ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ထာကြောင့် ဒေသခံ (၁၀)ဉီီးသေဆုံးပြီး (၂၀)ဉီးထိမှန်ဒဏ်ရာရရှိကာ နေအိမ် (၂၅) လုံးထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ ကျောက်မဲမြို့ အင်ကြင်းတောင်ရပ်ကွက်ကို နိုဝင်ဘာလ ၃၀ ရက်နေ့ ညမှာ လေကြောင်းကနေတဆင့်ပေါင်(၅၀၀)ဗုံး (၂)လုံးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တာဖြစ်တယ်လို့ဆိုပါတယ်။

အဲဒီထဲက ဒဏ်ရာ ရရှိသူတွေကိုတော့ဆေးရုံကို အရေးပေါ်ပို့ဆောင်ဆေးဝါးကုသပေးနေပြီး သေဆုံးရုပ်အလောင်းတွေကိုလည်း ဆက်လက်ရှာဖွေတာတွေလုပ်နေတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို စစ်ကောင်စီက ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က စစ်ရေးတင်းမာမှုတွေကို တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ အမြဲအသင့်ရှိတယ်လို့တရားဝင်ထုတ်ပြန်ပြီးနောက်မှာ အခုလိုလာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

နောင်ချိုမြို့ကိုလည်း နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး အပြစ်မဲ့ပြည်သူများရှိရာသို့ ဉီးတည်တိုက်ခိုက်မှုကြောင့် ဒေသခံ (၁၈)သေဆုံးပြီး (၃၄)ဉီး ဒဏ်ရာရရှိကာ နေအိမ်များထိခိုက်ပျက်စီးခဲ့သည်။

ပုံ၊စာ TNL

Coastal News Agency

12 Nov, 12:50


စစ်ကောင်စီက နောင်ချို နဲ့ မိုးကုတ်ကို လေကြောင်းတိုက်ခိုက်လို့ ပြည်သူ (၂၀)သေဆုံး၊ (၂၄)ဦး ထိခိုက်ဒဏ်ရာရ

CNA၊နိုဝင်ဘာ၊ ၁၂ ။

စစ်ကောင်စီက နောင်ချို နဲ့ မိုးကုတ်မြို့ကို၂ရက်အတွင်း လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၂၀ ဦးသေဆုံးပြီး ၂၄ ဦးထိခိုက်ဒဏ်ရာ ရတာရှိခဲ့တယ်လို့ TNLAက ဒီနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ ညသန်းခေါင်ယံအချိန်လောက်မှာ မိုးကုတ်မြို့နယ်အတွင်းကို လေကြောင်းက ဗုံး ၅ လုံးလာရောက်ကြဲချခဲ့တာကြောင့် ဒေသခံ (၉) ဦး သေဆုံးပြီး (၁၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ အဲဒီနေ့တနေ့တည်းမှာပဲ ဘန့်ဘွေးရွာ ကနေ ဆမ္မဆယ်ရွာကိုလည်း လက် နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရွာဘုန်ကြီးကျောင်းကို ကျရောက်ပေါက်ကွဲပြီးတော့အဆောက်အဦးတွေဟာလည်း ထိမှန်ပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။

ဒီနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ နေ့လယ် ၂ နာရီ ၄၃ မိနစ်မှာလည်း နောင်ချိုမြို့မစျေးအနီးက လန်းဆန်းလက်ဖက်ရည်ဆိုင်ကိုလည်း ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး နဲ့ ကြဲချတိုက် ခိုက်ခဲ့တာကြောင့် ဒေသခံ (၁၁)ဦးသေဆုံးခဲ့ရပြီး (၁၁)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီ ၂ ရက်အတွင်းမှာ စစ်ကောင်စီက အရပ်သားပြည်သူတွေ နေထိုင်ရာ နေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့အရပ်သား ၂၀သေဆုံးခဲ့ရပြီး ၂၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ရတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနှံ့မှာ စစ်ရေး အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေ အပြီးသတ်သိမ်းပိုက်ရရှိထားပြီးဖြစ်တဲ့ မြို့တွေ နဲ့ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှု နေ့စဥ်ရက်ဆက်လုပ်ဆောင် နေတာရှိသလို စစ်ကောင်စီတပ်တွေ ထိန်းချုပ်မှုအောက်မှာရှိနေဆဲ မြို့ရွာတွေကိုလည်း လက်နက်ကြီးပစ်ခတ်တာ၊လေကြောင်းတိုက်ခိုက်တာတွေလုပ် ဆောင် နေတာကြောင့် ပြည်သူတွေဟာ နေ့စဥ်ရက်ဆက် သေဆုံးဒဏ်ရာ ရရှိမှုတွေ ရှိနေရပါတယ်။

အဲဒီလို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ပြီးတော့ နေ့စဥ်ရက်ဆက် စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာကြောင့် ဒေသခံ ပြည်သူ အနေ နဲ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိရှိရန်လိုအပ်သလို၊ လူစုလူဝေးမပြုလုပ်ကြဖို့ နဲ့ ကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်တွေကို လိုက်နာဆောင်ရွက်ကြဖို့ကိုလည်း TNLA က တိုက်တွန်းပြောဆိုထားပါတယ်။

ပုံ၊စာ PSLF/TNLA

Coastal News Agency

12 Nov, 10:43


အမ်းမြို့နယ်အတွင်းမှာ ဘာတွေ ဖြစ်ပျက်နေသလဲ၊စစ်ကောင်စီတပ်စခန်းဘယ်နှစ်ခုကို အာရက္ခတပ်တော်ကသိမ်းပိုက်လိုက်ပြီလဲ၊စစ်ဘေးရှောင်တွေ ဘယ်လို အခက်အခဲတွေ နဲ့ရင်ဆိုင်နေရသလဲ ဆိုတာကို အမ်းမြို့ စစ်ရေး အခြေအနေကို စောင့်ကြည့်နေသူ တစ်ဦးကို ဆက်သွယ်မေးမြန်းမှု။

CNA၊အင်တာဗျူး။
နိုဝင်ဘာ၊ ၁၂။

https://youtu.be/1ZWyguxN-MU

Coastal News Agency

12 Nov, 05:41


တောလမ်းအတိုင်းစစ်ဘေးရှောင်ထွက်နေရတဲ့ တောင်ကုတ်ဒေသခံတွေ လမ်းမှာ အသက်သေ ပျောက်ဆုံးမှုတွေ ရှိနေ

CNA ၊ မြတ်သူ။
နိုဝင်ဘာ ၊ ၁၁။

တောင်ကုတ်မြို့နယ် အတွင်းက ရိုးလမ်းအတိုင်း လမ်းလျှောက်ပြီး စစ်ဘေးရှောင်ထွက်နေကြတဲ့ ဒေသခံ ပြည်သူတွေဟာ ရိုးလမ်းတဝက်လောက်မှာ လမ်းမလျှောက်နိုင်တော့ပဲ အသက်သေဆုံးတာ နဲ့ ပျောက်ဆုံးမှုတွေ ရှိနေတာတွေ များစွာရှိနေကြရတယ် စစ်ဘေးရှောင်ထွက်လာသူတွေ ဆီကသိရပါတယ်။

တောင်ကုတ်မြို့ကို အာရက္ခတပ်တော် အေအေက မြို့သိမ်းတိုက်ပွဲ ဆင်နွဲနိုင်ဖို့ အတွက် အေအေ ထိုးစစ်ဟာ မြို့အတွင်းကို ရောက်ရှိလာတာ နဲ့အတူတောင်ကုတ်မြို့ခံအများစုဟာလည်း ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်လာကြရပါတယ်။

အဲဒီလို တိမ်းရှောင်တဲ့နေရာမှာ စစ်ကောင်စီဂိတ်တွေက ဖြတ်ခွင့်မပေးတာ အာရက္ခတပ်တော်ရဲ့ စစ်ဆေးရေးဂိတ်တွေက ဖြတ်ခွင့်မပေးတာ ကြောင့် ဒေသခံပြည်သူတွေဟာ လွတ်ရာနည်းလမ်းတွေ နဲ့ လမ်းပြတွေငှားရမ်းကာ တောလမ်းအတိုင်းစစ်ဘေးရှောင်ထွက်နေကြရတာ ဖြစ်ပြီး အဲဒီလို တောလမ်းအတိုင်းသွားတဲ့ နေရာတွေမှာ ဒေသခံပြည်သူတွေ ပျောက်ဆုံးတာ ၊ သေဆုံးတာတွေ များစွာရှိနေတာဖြစ်တယ်လို့စစ်ဘေးရှောင်ထွက်ခွါလာပြီး ပြည်မကို ရောက်ရှိလာသူ တစ်ဦးကပြောပါတယ်။

"လွတ်မြောက်နယ်မြေကိုသွားရှောင်ဖို့ကလည်း စစ်ကောင်စီဂိတ်တွေက အဲဒီဖက်ဆိုရင်မသွားရဘူးဆိုပြီး ပိတ်ထားတယ်။ပြည်မကိုသွားလို့ ရတယ် ဘာထောက်ခံစာလိုတယ်ဆိုပြီး အဲတာတွေပါရင် လွတ်ပေးတယ် ဒါပေမယ့် ပြည်မကို သွားတဲ့ နေရာမှာ အေအေ စစ်ဆေးရေးဂိတ်တွေကပေးမလွတ်ပြန်ဘူး။အဲဒီတော့ ရရာနည်းလမ်းတွေ နဲ့ ပြည်မကိုပဲ တောလမ်းအတိုင်းလမ်းပြငှားပြီးသွားကြရတယ်။အဲဒီလို နေရာမှာ မိုင် ၈၀ ကျော်လောက်ကို လမ်းလျှောက်ရတော့ လမ်းမှာသေတာ၊လမ်းမှာ ပျောက်နေတာတွေလည်း တော်တော် ရှိတယ်လို့"သူက ဆိုပါတယ်။

တောင်ကုတ်မြို့နယ် အတွင်းမှာ စစ်ကောင်စီတပ်တွေ နှင့် အာရက္ခတပ်တော် တို့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်ကတည်းပင် နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ် ပွါးခဲ့တာဖြစ်နောက် အာရက္ခတပ်တော်ဟာ စစ်ကောင်စီရဲ့ ပန်းမြောက်တောင်မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်း နဲ့ အာလိန်ငါးဆင့်မှာ အနီးမှာ ခံစစ်အတွက် ပြင်ဆင်ထားတဲ့ တပ်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အဲဒီနောက်မှာ အာရက္ခတပ်တော် ရဲ့ထိုးစစ်ဟာ တောင်ကုတ်မြို့အနီး ကစစ်ကောင်စီရဲ့ တပ်စခန်းတွေ ဖြစ်တဲ့ ကိုင်းရှည်တံတားမှာ ရှိတဲ့ စစ်ကောင်စီကင်းစခန်းတွေ နဲ့ မြို့တွင်းနေရာတချို့အထိဝင်ရောက်လာပြီးတော့ ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ရှိလာခဲ့ပြီး သောင်းနဲ့ ချီတဲ့ ဒေသခံပြည်သူတွေဟာလည်း မြို့တွင်းက ထွက်ခွင့်မရပဲ ပိတ်မိနေရဆဲဖြစ်တယ်လို့ တောင်ကုတ်မြို့ခံတစ်ဦးက ပြောပါတယ်။

"အဲဒီလို ရိုးလမ်းအတိုင်းထွက်ကြတဲ့ သူတွေကရှိတယ်။အဲဒီလို ရိုးလမ်းအတိုင်းထွက်တဲ့ သူတွေကတော့ နည်းနည်းတော့နည်းတယ် လက်ရှိကတော့မြို့ထဲမှာ အများကြီးပိတ်မိနေသေးတယ် စစ်ကောင်စီကလည်းလုံးဝထွက်ခွင့်မပေးဘူး။စစ်ကောင်စီတပ်တွေကလူတွေ အပြင်မှာတွေ့ရင်တောင်ဖမ်းဆီးရိုက်နှက်တာတွေ ရှိနေတယ်အခုကပြီးတော့သူတို့က လူနေအိမ်တွေမှာ တပ်စခန်းအဖြစ်နဲ့ လုပ်ပြီးတော့ နေတာတွေလည်းရှိနေတယ်။ပိတ်မိနေတာတော့ တော်တော် ပိတ်မိနေတယ်လို့"သူကပြောပါတယ်။

လက်ရှိ စစ်ကောင်စီဟာလည်း တောင်ကုတ်မြို့ မကျရှုံးစေရေး အတွက် မြို့တွင်းခုခံစစ်ကို အပြင်းအထန်ပြင်ဆင်မှုတွေရှိနေသလို နေစဉ်ရက်ဆက် လက်နက်ကြီးတွေ နဲ့ ရမ်းသမ်းပစ်ခတ်တာ၊လေကြောင်ဗုံးကြဲတိုက်ခိုက်တာ နဲ့ မြို့ ပတ်ပတ်လည်မှာ ဒရုန်းတွေ လွတ်တင်ထားတာ စတာတွေကိုလည်း လုပ်ဆောင်ထားတယ်လို့ ဒေသခံပြည်သူတွေကဆိုပါတယ်။

https://rcnanews.com/news_mm/idps/4398/

Coastal News Agency

11 Nov, 08:37


https://youtu.be/-eSfE0qDNiM

Coastal News Agency

11 Nov, 07:29


အမ်းမှာ စစ်ကောင်စီရဟတ်ယာဉ်တစ်စီးကို အာရက္ခတပ်တော်က ပစ်ခတ်ခဲ့တာဟုတ်မှန်တယ်လို့ ဒေသခံတွေ အတည်ပြု

CNA၊မြတ်သူ။
နိုဝင်ဘာ၊ ၁၁။

အမ်းမြို့နယ် အတွင်းကို စစ်လက်နက်ရိက္ခာလာပို့တဲ့ စစ်ကောင်စီ ရဟတ်ယာဉ် ၄ စီး ထဲကတစ်စီးကို အာရက္ခတပ်တော်က ပစ်ခတ်တာကြောင့် ထိမှန်သွားခဲ့တယ်ဆိုတဲ့ သတင်းဟာ ဟုတ်မှန်တယ်လို့ မြေပြင်စစ်ရေး အခြေအနေကို အသေးစိတ်သိရှိသူတွေကပြောပါတယ်။

စစ်ကောင်စီတပ်တွေ ဟာ မနေ့ ကညနေ ၂နာရီ မိနစ် ၃၀ လောက်မှာ အမ်းမြို့အတွင်းက နပခဌာနချုပ်ထဲကို ရဟတ်ယာဉ် ၄ စီး နဲ့ စစ်လက်နက်ရိက္ခာလာရောက်ပို့ချိန်မှာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပြီးနောက် အဲဒီထဲက Mi-17 အမျိုးအစားရှိ စစ်ရဟတ်ယာဉ်တစ်စီးကို အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေက ပစ်ခတ်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဒေသ သတင်းအရင်းမြစ်တစ်ဦးကပြောပါတယ်။

"မနေ့က နပခဌာနချုပ်ကို ဟတ်စကီးတွေ နဲ့လာပြီးတော့ အထုပ်တွေ ချတယ်။အထုပ်တွေ ချတဲ့ အခါမှာ Mi - 35 ၊ဂျက်ဖိုက်တာတွေက ရက္ခိုင့်တပ်တော် ရှိတယ်ဆိုတဲ့နေရာကို လေကြောင်းကတောက်လျှောက်ပစ်တယ်။အောက်က ဟယ်လီကော်ပတာ နဲ့ အထုပ်တွေချတယ်အပေါ်ကတော့Mi - 35 ၊ဂျက်ဖိုက်တာတွေနဲ့ ပစ်တယ်။အဲဒီပစ်တဲ့ အချိန်မှာ အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေကလည်း ပြန်ပစ်တယ် အဲဒီ အချိန်မှာ လက်နက်ထိသွားလို့ လေယာဉ်တစ်စီး မီးခိုးတွေ ထွက်သွားတယ်။အဲဒီလေယာဉ်က ဒရုန်းလောက်တောင်မှ အမြန်မသွားနိုင်တဲ့ အဆင့် နဲ့ ပျံသွားတယ်လို့"သူကပြောပါတယ်။

ဒါပေမယ့် အဲဒီလေယာဉ်ကို ပျက်စီးမှု ရှိမရှိအခြေအနေတွေကို သူတို့ မြင်တွေ့လိုက်ရတာမရှိဘူးလို့လည်း သူကဆိုပြောပါတယ်။

ဒါ့အပြင် အဲဒီလို အပြန်အလှန်ပစ်ခတ်မှု အတွင်းမှာ စစ်ကောင်စီရဲ့ နပခဌာနချုပ် အတွင်းကိုလည်း အာရက္ခတပ်တော်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲပြီး စစ်ရုံးတချို့မီးလောင်ပေါက်ကွဲခဲ့တာလည်း ရှိခဲ့တယ်လို့ အဲဒီဒေသ သတင်းအရင်းအမြစ်ကအခုလိုပြောပြထားပါတယ်။

"တိုင်းဌာနချုပ် အဆောက်အဦးကိုလည်း အာရက္ခတပ်တော်က ပစ်လိုက်တဲ့ လက်နက်ကြီးကျလို့ မီးလောင်တာတွေ ရှိတယ်။အဲဒီဖြစ်စဉ်အတွင်းမှာလို့"သူကပြောပါတယ်။


အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့ကို အာရက္ခတပ်တော် အေအေဟာ လပေါင်းများစွာ ပိတ်ဆို့ဖြတ်တောက်ထားပြီးနောက် အောက်တိုဘာလ ဒုတိယအပတ်မှာထိုးစစ်ကို အရှိန်အဟုန်မြှင့် တိုက်ခိုက်ခဲ့ပြီးနောက် ရက်ပေါင်း ၂၀ ကျော်အတွင်းမှာ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်အတွက် အဓိက အရေးပါတဲ့ စွေ့ချောင်းဗျူဟာ နဲ့ မဲတောင်ဗျူဟာတွေကို အာရက္ခတပ်တော်က သိမ်းပိုက် နိုင်ခဲ့ပါတယ်။

အဲဒီနောက် အာရက္ခတပ်တော်ဟာ အမ်းမြို့နယ် အတွင်းကိုဝင်ရောက်နိုင်တဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့ကာ အမ်းလေဆိပ်ကို ပါ အပြီးသတ်ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ သလိုအောက်တိုဘာလ ဒုတိယအပတ်ကနေ နိုဝင်ဘာလ ၆ ရက်နေ့ အထိ စစ်ကောင်စီတပ်ရင်းတွေ ဖြစ်တဲ့ ခမရ ၃၇၂, ၃၇၃၊ ဆေးတပ်၊ ထောက်ပို့တပ်၊ တစ်မိုင်ကုန်းတပ်၊ စစ်ဆေးရုံ၊ ကံ့ကော်တစ်ထောင်စခန်း၊ သင်တန်းကျောင်း၊ စရဖရုံး ၊ ခမရ ၃၇၁ တပ်ရင်း နဲ့ စစ်လက်နက်ပစ္စည်းသိုလှောင်ရေးတပ် COD တို့ကိုပါ သိမ်းပိုက်ရရှိထားနိုင်ပြီး လည်း ဖြစ်ပါတယ်။

ပုံ၊Mi-17 လေယာဉ်အမျိုးအစားမြင်တွေ့ရမှု။

https://rcnanews.com/news_mm/4393/

Coastal News Agency

11 Nov, 06:49


အမ်းမြို့သမဝါယမရုံးမှာ စစ်ကောင်စီက အာရက္ခတပ်တော်ရဲ့ အလံကိုလွင့်တင်ထားပြီး ပြည်သူကို ဖမ်းဆီးဖို့ လုပ်ဆောင်နေ

CNA၊မြတ်သူ။
နိုဝင်ဘာ၊ ၁၁။

အမ်းမြို့ပေါ်မှာ ရှိတဲ့ သမဝါယမရုံးအတွင်းမှာ စစ်ကောင်စီက အာရက္ခတပ်တော် အေအေ နဲ့ ဆက်စပ်သူတွေကို ဖမ်းဆီး ရရှိနိုင်ဖို့ အတွက် အာရက္ခတပ်တော် ရဲ့ အလံကိုလွှင့်တင်ထားပြီး အေအေ အတွက် ရိက္ခထောက်ပံ့ပေးလိုသူတွေ ရိက္ခာလာပို့နိုင်တယ်ဆိုတဲ့ သတင်းအတုလွှင့်ကာ ပြည်သူတွေကို ဖမ်းဆီးဖို့ ပြင်ဆင်နေတာတွေ ရှိနေတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်တွေဆီက ပြောပါတယ်။

အဲဒီလို အာရက္ခတပ်တော် ရဲ့ အလံလွှင့်တင်တာကို စစ်ကောင်စီဒီနေ့ မနက်ပိုင်းမှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး အမ်းမြို့နယ် အတွင်းက အာရက္ခတပ်တော် အေအေ နဲ့ ဆက်စပ်သူတွေကို ဖမ်ဆီးနိုင်ဖို့ အတွက်အခုလို အာရက္ခတပ်တော် အလံလွှင့်ထူကာ သတင်းတုသတင်းမှားတွေ လွှင့်လုပ်ဆောင်နေတာ ဖြစ်တယ်လို့ အဲဒီစစ်ရေး အခြေအနေကို စောင့်ကြည့်နေသူ တစ်ဦးကပြောပါတယ်။

"အဲဒီသမဝါယမရုံမှာ စစ်ကောင်စီက အာရက္ခတပ်တော် အလံကိုတောင်ပြီးတော့ အေအေ အတွက်ရိက္ခာတွေ ပို့လို့ရတယ်ဆိုတဲ့ သတင်းတွေ ကို ဖြန်ပြီးတော့ လုပ်နေတာရှိတယ်။အဲဒီရုံးထဲမှာ ရခိုင်အလံကိုထောင်ထားတဲ့ဟာက ရက္ခိုင်တပ်တော်ကမဟုတ်ဘူး စစ်ကောင်စီတပ်က လုပ်နေတာဖြစ်တယ်။ပြည်သူတွေကို ဖမ်းနိုင်ဖို့ အတွက် သူတို့ က အခုလိုဂွင်ဆင်နေတာဖြစ်တယ်လို့"သူကပြောပါတယ်။

အခုလို စစ်ကောင်စီက လုပ်ဆောင်နေတာဟာ အာရက္ခတပ်တော် နဲ့ ပတ်သက်နိုင်တဲ့ သူတွေကို ဖမ်းဆီးနိုင်ဖို့ အတွင် တဖက်လက်နဲ့သတင်းတုလွှင့် လုပ်ဆောင်နေတဲ့ အတွက် ဒီကိစ္စကို ပြည်သူတွေ အနေ နဲ့ သတိထားနိုင်ဖို့ လိုအပ်နေတယ်လို့လည်း သူပြောပါတယ်။

အဲဒါတွေ အပြင် စစ်ကောင်စီတပ်သားတွေဟာ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ နေရာတွေမှာ စစ်ဘေးရှောင်ပြည်သူ အယောင်ဆောင်နေထိုင်တာတွေကိုလည်း လုပ်ဆောင်နေတာတွေ ရှိနေတယ်လို့ အဲဒီစစ်ရေး သတင်းအရင်းအမြစ်က ပြောပါတယ်။


"စွယ်တော်ဓမ္မရုံတို့ အေးရိပ်သာဘုန်းကြီးကျောင်းတို့မှာနေထိုင်တဲ့ စစ်ဘေးရှောင်တွေကြားမှာလည်း စစ်ကောင်စီတပ်တွေဟာ အရပ်ဝတ်တွေ နဲ့နေထိုင်နေတာတွေလည်း ရှိနေတယ် ဒီနောက်ပိုင်းမှာ။အဲတာကြောင့် ပြည်သူတွေ အနေနဲ့ နေထိုင်တဲ့ နေရာတွေမှာလည်း တော်တော် သတိရှိရှိ နေထိုင်ဖို့ လိုအပ်နေတယ်လို့ " သူက အကြံပြုပြောဆိုပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့ကို အာရက္ခတပ်တော် အေအေဟာ လပေါင်းများစွာ ပိတ်ဆို့ဖြတ်တောက်ထားပြီးနောက် အောက်တိုဘာလ ဒုတိယအပတ်မှာထိုးစစ်ကို အရှိန်အဟုန်မြှင့် တိုက်ခိုက်ခဲ့ပြီးနောက် ရက်ပေါင်း ၂၀ ကျော်အတွင်းမှာ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်အတွက် အဓိက အရေးပါတဲ့ စွေ့ချောင်းဗျူဟာ နဲ့ မဲတောင်ဗျူဟာတွေကို အာရက္ခတပ်တော်က သိမ်းပိုက် နိုင်ခဲ့ပါတယ်။

အဲဒီနောက် အာရက္ခတပ်တော်ဟာ အမ်းမြို့နယ် အတွင်းကိုဝင်ရောက်နိုင်တဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့ကာ အမ်းလေဆိပ်ကို ပါ အပြီးသတ်ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ သလိုအောက်တိုဘာလ ဒုတိယအပတ်ကနေ နိုဝင်ဘာလ ၆ ရက်နေ့ အထိ စစ်ကောင်စီတပ်ရင်းတွေ ဖြစ်တဲ့ ခမရ ၃၇၂, ၃၇၃၊ ဆေးတပ်၊ ထောက်ပို့တပ်၊ တစ်မိုင်ကုန်းတပ်၊ စစ်ဆေးရုံ၊ ကံ့ကော်တစ်ထောင်စခန်း၊ သင်တန်းကျောင်း၊ စရဖရုံး ၊ ခမရ ၃၇၁ တပ်ရင်း နဲ့ စစ်လက်နက်ပစ္စည်းသိုလှောင်ရေးတပ် COD တို့ကိုပါ သိမ်းပိုက်ရရှိထားနိုင်ပြီး လည်း ဖြစ်ပါတယ်။

ပုံ၊ အမ်းလေဆိပ်မြင်ကွင်း။ပုံဟောင်း

https://rcnanews.com/news_mm/idps/4388/

Coastal News Agency

11 Nov, 03:49


မောင်တောမြို့တစ်ခုလုံးကို အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်လိုက်ပြီ

CNA၊ထွန်းလင်းသူ။
နိုဝင်ဘာ၊ ၁၁ ။

မောင်တောမြို့နယ် အတွင်းက စစ်ကောင်စီရဲ့လက်ကျန်တပ်စခန်းတစ်ခုဖြစ်ဖြစ်တဲ့ မောင်တော နခခ (၅)ကို အာရက္ခတပ်တော် က ဒီနေ့ မနက်ပိုင်းမှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီး ဖြစ်တယ်လို့ အေအေ ရဲ့ ခိုင်လုံတဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

အာရက္ခတပ်တော်ဟာ မောင်တောတစ်မြို့လုံးကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့အတွက် စစ်ကောင်စီရဲ့ လက်ကျန်တပ်စခန်းတစ်ခုဖြစ်တဲ့ မောင်တောအခြေစိုက် နခခ - ၅ ကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ဒီနေ့မနက်ပိုင်းမှာတော့ အဲဒီတပ်စခန်းတစ်ခုလုံး အပြီးသတ် သိမ်းပိုက်လိုက်တာ ဖြစ်တယ်လို့ အဲဒီခိုင်လုံတဲ့ သတင်း အရင်းအမြစ်က ပြောပါတယ်။

“မနေ့ကတော့ စစ်ကောင်စီက လေကြောင်း ပစ်ကူ နဲ့ တိုက်ခိုက်ခဲ့တာ ရှိခဲ့တယ်။ဒါပေမယ့် မြေပြင်မှာကတော့ တပ်အင်အားတွေ မရှိတော့ဘူး ။ဒီမနက်မှာတော့ နခခ - ၅ တစ်ခုလုံးကို သိမ်းပိုက်လိုက်ပြီ ဖြစ်တယ်။ဒါပေမယ့် လက်နက်ချ အညံ့မခံပဲ ထွက်ပြေးနေတဲ့ မွတ်ဆလင်လက်နက်ကိုင်တွေ ၊ ARSA၊ RSO နဲ့ ARA အာကြမ်းဖက်လက်နက်ကိုင်တပ်သား တချို့ နဲ့ စစ်ကောင်စီတပ်သားတချို့ ကို နယ်မြေရှင်းလင်းရေး လုပ်နေတာတွေတော့ ရှိသေးတယ်လို့”သူကပြောပါတယ်။

အာရက္ခတပ်တော် အေအေ ဟာမောင်တောမြို့သိမ်းတိုက်ပွဲကို ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်နေ့က စတင်ပြီးတော့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ ဖြစ်ပြီး မြို့တစ်ခုလုံး နီးပါးကို သိမ်းပိုက်ထားနိုင်ခဲ့ပြီးနောက်မှာတော့ လက်ကျန်တပ်စခန်းဖြစ်တဲ့ မောင်တော နခခ - ၅ ကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်ရာ ဒီနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ မနက်မှာတော့ အဲဒီတပ်စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး မောင်တော တစ်မြို့လုံးကို အာရက္ခတပ်တော် ရဲ့ ထိန်းချုပ်မှု အောက်ကို ရောက်ရှိသွားခဲ့ရတာလည်းဖြစ်ပါတယ်။

အာရက္ခတပ်တော် နဲ့စစ်ကောင်စီတပ်တွေ့ ရဲ့ တကျော့ပြန်တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ ကတည်းကပင် တိုက်ပွဲစတင်ဖြစ်ပါွးခဲ့တာ ဖြစ်ပြီးနောက် တိုက်ပွဲ ဖြစ်ပွါးချိန် ၁ နှစ်ကျော် အတွင်းမှာတော့ ရခိုင်ပြည်နယ် အတွင်းက မြို့ကြီး တွေ ဖြစ်ကြတဲ့ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲမြိုတွေအပြင် ပလက်ဝဒေသကိုပါ အာရက္ခတပ်တော် က အပြီးသတ်သိမ်းပိုက်ထားနိုင်ခဲ့ပြီး ဖြစ်သလို နယ်စပ်ကုန်သွယ်ရေး အတွက် အရေးပါတဲ့ မောင်တောမြို့ကိုတစ်ခုလုံးကိုပါ လက်ရှိမှာ သိမ်းပိုက် ရရှိလိုက်ပြီး ဖြစ်တယ်လို့ ဒေသခံ သတင်းအရင်း အမြစ်တွေက ပြောပါတယ်။

လက်ရှိမှာလည်း သိမ်းပိုက်ဖို့ ကျန်ရှိနေသေးတဲ့ မာန်အောင်၊တောင်ကုတ်၊အမ်း၊စစ်တွေ၊မောင်တော၊ကျောက်ဖြူ နဲ့ ဂွမြို့နယ်အတွင်းမှာ ရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတာရှိနေပြီးတော့ မနေ့က ညနေမှာတော့ တောင်ကုတ်မြို့နယ်းအတွင်းမှာ စစ်ကောင်စီက လေကြောင်းပစ်ခတ်မှုတွေ နဲ့ အာရက္ခတပ်တော်ရဲ့ ထိုးစစ်ကို အပြင်းအထန် ခုခံ တိုက်ခိုက်နေတာလည်း ရှိနေပါတယ်။

https://rcnanews.com/news_mm/4385/

Coastal News Agency

10 Nov, 10:54


မာန်အောင်မှာ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ဒေသခံတောင်သူတွေ စပါးပျက်စီးမှုရှိနေ
CNA၊ဟိန်းထက်။
နိုဝင်ဘာ၊ ၁၀။
မာန်အောင်မြို့နယ် အတွင်းမှာ စပါးရိတ်သိမ်းချိန် ဒီရက်ပိုင်း မိုးအဆက် မပြတ်ရွာသွန်းနေတာကြောင့် ဒေသခံတောင်သူတွေရဲ့ စပါးတွေဟာ ပျက်စီးမှုများစွာနဲ့ ကြုံနေကြရတာလည်းဖြစ်ပါတယ်။
လယ်ယာလုပ်ငန်းလုပ်ကိုင်တဲ့ တောင်သူလယ်သမားတွေဟာ ဒီလ နိုဝင်ဘာ လ အစပိုင်းကတည်းကပင် စိုက်ပျိုးထားတဲ့ စပါးတွေကို စတင်ရိတ်သိမ်းနေကြရတာဖြစ်ပြီး အဲဒီလို စပါးရိတ်သိမ်းနေချိန်မှာ မိုးဆက်တိုက်ရွာသွန်း နေတာကြောင့် စပါးတွေ အပျက်အစီးများစွာ နဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတာလည်းဖြစ်ပါတယ်။
မာန်အောင်မြို့နယ်အတွင်းက ဒေသခံတောင်သူ ဦးခင်မောင်က"မိုးရွာတာက ၄ ရက်လောက်ရှိနေပြီ ရိတ်ထားတဲ့စပါးတွေက လယ်ထဲမှာပဲရှိနေတုန်း မိုးရွာလိုက်တော့ ရိတ်ထားတဲ့ စပါးတွေက ရေမြုပ်ပြီးတော့ အပင်တွေပြန်ထွက်လာတယ်။တောင်သူတွေ တော်တော် အခက်အခဲ ဖြစ်နေတယ်လို့"သူကပြောပါတယ်။
မာန်အောင်မြို့နယ် အတွင်းမှာ ရှိ​​နေကြတဲ့ ဒေသ​တောင်သူအများစုဟာ အရင်ကတည်းကပင် လယ်ယာလုပ်ငန်းလုပ်ကိုင်တဲ့နေရာမှာ စိုက်ပျိုးရေးစရိတ်နဲ့ ရိတ်သိမ်းစရိတ် ကုန်ကျမှု များတာကြောင့်လယ်ယာစိုက်ပျိုးတဲ့ လုပ်ငန်းတွေကို စွန့်လွတ်ကာ တခြားလုပ်ငန်းတွေကို ပြောင်လဲ လုပ်ကိုင်နေကြရပါတယ်။
ဒါပေမယ့် ဒီနှစ်မှာတော့ ရခိုင်မှာ စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော် တို့ရဲ့ တကျော့ပြန်တိုက်ပွဲစတင်ချိန်ကတည်းကပင် စစ်ကောင်စီက ကုန်းလမ်း ရေလမ်း နဲ့ ကုန်ပစ္စည်းသယ်ယူခွင့်တွေကို ပိတ်ဆို့လိုက်တာကြောင့် လယ်ယာ သွင်းကုန်ပစ္စည်းတွေဟာ အရင်တုန်းက ကုန်ကျငွေထက် ဆယ်ဆလောက်ပိုမိုမြင့်တက်လာခဲ့ရပြီး အခုလိုစပါးရိတ်သိမ်းချိန်မှာမိုးထပ်မံရွာသွန်းတဲ့အတွက် တောင်သူတွေဟာ ဆုံးရှုံးမှုတွေအနေ နဲ့ ပိုမိုဆုံးရှုံးမှုတွေ ဖြစ်လာနေရတယ်လို့ ဒေသခံတောင်သူ မောင်မြင့်ဆန်းက ပြောပါတယ်။
"အရင်နှစ်တွေကတောင် စပါးစိုက်ရင် ရှုံးလို့ မစိုက်ကြတာ။ဒီနှစ်က လုပ်စရာအလုပ်အကိုင်လည်းမရှိတော့ စပါးစိုက်တဲ့လူတွေက ရှိတာတွေ နဲ့ အရင်းထည့်ပြီးလုပ်ကြတယ်။အခုက မိုးထပ်ရွာပြီး စပါးတွေ ရေထပ်မြုပ်တော့ အရှုံးမှာ အရှုံးထပ်ပြီးတော့ ဆင့်နေသလိုဖြစ်တော့ တော်တော် အခက်အခဲဖြစ်ရတယ်လို့"သူကပြောပါတယ်။
မာန်အောင်မြို့နယ် အတွင်းမှာ နေထိုင်ကြတဲ့ ဒေသခံ အများစုဟာ လယ်ယာလုပ်ငန်း နဲ့ ငါးဖမ်းလုပ်ငန်းတွေကို အဓိက စီးပွားရေးလုပ်ငန်း တစ်ခု အနေ နဲ့ လုပ်ကိုင်ကြပေမယ့် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်တာတွေကိုတော့ စစ်ကောင်စီက လုံခြုံရေး အကြောင်းပြပြီးတော့ ရခိုင်တကျော့ပြန်တိုက်ပွဲစတင်ချိန်ကတည်း ကပင် ဒေသခံတွေ အနေ နဲ့ ပြင်လယ်ပြင်ထွက်ပြီး ငါးဖမ်းတာတွေကို မလုပ်ကြဖို့ တားမြစ် ပိတ်ပင်ထားခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီလို ငါးဖမ်းလုပ်ငန်းကိုပိတ်ပင်လိုက်တာကြောင့် ဒေသ အတွင်းက ရေလုပ် ငန်းလုပ်ကိုင်တွေဟာလည်း မိသားစုစားဝတ်နေရေးအဆင်ပြေနိုင်ဖို့အတွက်လယ်ယာစိုက် ပျိုးရေးလုပ်ငန်းတွေကို ပြန်လည်အစားထိုးလုပ်ကိုင်လာချိန် အခုလို စပါးရိတ်သိမ်းရာသီမှာ မိုးရွာသွန်းတာကြောင့် ရိတ်သိမ်းထားတဲ့ စပါးတွေ ရေနစ်မြုပ်ကာ အပျက်အစီးတွေ နဲ့ ရင်ဆိုင်နေကြရတာလည်းဖြစ် ပါတယ်။
စပါးရိတ်သိမ်းနေမှုမြင်ကွင်း။CNA
https://rcnanews.com/news_mm/4381/

Coastal News Agency

10 Nov, 10:02


Arakan Army has urged local villagers near Taungup Township to relocate to safer areas.

CNA/ Myat Thu
November 10.

Residents of Taungkok have reported that Arakan Army has warned the villagers living near Taungkok Township, to relocate to safer places.

Due to the warnings issued by Arakan Army, many villagers from areas around Taungkok, including Thalinpyin, Taungywa, Natmaw, and Don villages, have been fleeing to safer locations, according to a local resident.

“Many people have been fleeing the conflict zones and seeking shelter in safer areas. The latest reports indicate that they have been forced to relocate the villages where the military council is stationed, including the village near Alinn Ngar Sin, where the battle happened the other day. The reason for this, according to sources, is that as the fighting intensifies, heavy artillery and airstrikes by the military junta have led to significant damage to the areas where civilians reside, prompting the evacuations," he said.

On the evening of November 7, around 8 PM, clashes between the military junta forces and the Arakan Army erupted near Alinn Ngar Sin, located about 1 Fa Long away from Taungkok Township. The heavy artillery fired by the military junta hit areas in Don and Taungywa villages, causing significant destruction to numerous homes, according to local sources.

However, while residents in Taungkok Township and surrounding areas have been able to flee to safer places due to the ongoing conflict, those remaining within the town itself are trapped. This is because the military junta's checkpoints and the Arakan Army's roadblocks are preventing them from leaving. A local resident of Taungkok town stated that, as a result, many people are unable to escape to safety and remain confined in the area.

"People living in the areas around the town have been able to flee to safer places, but those still within the town are trapped. The reason is that while the military junta has allowed people to leave, the Arakan Army’s roadblocks prevent them from passing through. As a result, people are unable to escape. There are some who have managed to leave by following forest paths or other routes, but not everyone can make it. Many residents of the town remain trapped because not all of them are able to leave," he said.

This morning, there were no reported clashes between the military junta forces and the Arakan Army. However, around 3 PM in the afternoon, the junta's stationed forces began firing heavy artillery indiscriminately, a local resident from Taungkok reported.

"This morning, there were no reports of shelling. However, starting around 3 PM, troops stationed at locations such as the Kine Shay Bridge, the southern edge of Mt. Pan Myauk, and Mt. Thae Kan began indiscriminately firing heavy artillery," said a local resident of Taunggok town.

Since November 1, clashes between the military junta and the Arakan Army have been ongoing near Mt. Pan Myauk in TaungkokTownship. On November 3, the Arakan Army successfully captured and fully seized a significant military junta base located on the mountain.

Following that, the Arakan Army has also announced that it will continue to launch attacks on the remaining military junta bases in the area.
https://rcnanews.com/en/news_en/4378/

Coastal News Agency

10 Nov, 07:37


သံတွဲကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်လို့ အရပ်သား ၂ဦးသေဆုံး

CNA၊ဂူးဂူး။
နိုဝင်ဘာ ၊ ၁၀ ။

ဒီနေ့အောက်တိုဘာလ ၁၀ ရက်နေ့ မနက် ၃ နာရီကျော်လောက်မှာ စစ်ကောင်စီက သံတွဲမြို့ကို လေကြောင်းက ဂျက်ဖိုက်တာ နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ တာကြောင့် အဆောက်အဦး တချို့ ပျက်စီးသွားခဲ့ရပြီး ဒေသခံ ၂ ဦး ဗုံးစထိမှန်သေဆုံးသွားခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သံတွဲမြို့နယ် အတွင်းက အံတော်တံတား အနီးက နေရာကို ဗုံ ၄ လုံးထက်မနည်းကျရောက်ပေါက်ကွဲတာ ရှိခဲ့သလို အမှတ် ၈ ရပ်ကွက်မှာ က TMPစက်ရုံအတွင်းကိုလည်း ဗုံး ၂ လုံးကျရောက်ပေါက်ကွဲခဲ့တာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

အံတော်တံတားအနီးကို ဗုံးသီး ၄ လုံးကျရောက်ပေါက်ကွဲမှုကြောင့် အဲဒီအနီးမှာ ရှိနေတဲ့ နေအိမ် နဲ့ ဈေးဆိုင်တန်းတွေကို ကျရောက်ပေါက်ကွဲ ပြီး မစုစုလှိုင် နဲ့ မဝိုင်းဆိုသူမှာ ဗုံးစထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ရသလို အမှတ် ၈ ရပ်ကွက်က TMP စက်ရုံမှာလည်း ဗုံးထိမှန်မှုကြောင့် ပျက်စီးသွားခဲ့ရတယ်လို့ ဒေသခံတစ်ဦးက အတည်ပြုပြောပါတယ်။

"သေတာကတော့အံတော်တံတား အနီးက ဈေးဆိုင်ကလူတွေပါ နေအိမ် နဲ့ဆိုင်တွေကိုထိတာအဲနားမှာက။တော်တော်များများလည်း ပျက်စီးသွားခဲ့ရတယ် ဆိုင်နဲ့ နေအိမ်တွေကတော့။TMP စက်ရုံကတော့ အကုန်လုံး နီးပါးပျက်စီးသွားတယ်လို့"သူကပြောပါတယ်။

သံတွဲမြို့နယ်ဟာ အာရက္ခတပ်တော် အေအေက အပြီးသတ် သိမ်းပိုက်ရရှိထားပြီး ဖြစ်ပေမယ့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ကိုလည်း မကြာခဏဆိုသလို လုပ်ဆောင်ခံနေရတဲ့ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း သံတွဲမြို့နယ် အတွင်းကစစ်ဘေးရှောင်တွေ နေထိုင်နေကြတဲ့ သဘာဝပတ်ဝန်းကျင်ရုံးကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးနဲ့ လေကြောင်းကတိုကခိုက်မှုလုပ်ဆောင်ခဲ့တာကြောင့် ဒေသခံပြည်သူ ၁၄ ဦးအစုလိုက်အပြုံလိုက်သေဆုံး ခဲ့ရသလို လူဦးရေ ၃၀ နီးပါးလောက်ဟာလည်း အပြင်းအထန်ဒဏ်ရာ ရရှိတာ ရှိခဲ့ရပါတယ်။

အဲဒီနောက် အောက်တိုဘာလ ၂၄ ရက်နေ့မှာလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်ထပ်မံလုပ်ခဲ့တာကြောင့် သံတွဲမြို့နယ် အတွင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး နဲ့ စစ်သားစုဆောင်းရေးရုံးတွေကို ကျရောက်ပေါက်ကွဲခဲ့ပြီး အဆောက်အဦးတွေပျက်စီးခဲ့ရသလို လူငယ်တစ်ဦးဟာလည်း ဒဏ်ရာ ရရှိခဲ့ရပါတယ်။

ရခိုင်စစ်မြေပြင်မှာ တစ်မြို့ပြီးတစ်မြို့လက်လွတ်ဆုံးရှုံးနေရတဲ့ စစ်ကောင်စီဟာ သူတို့လက်လွတ်ဆုံးရှုံးထားခဲ့ရပြီး ဖြစ်တဲ့ မြို့နယ်တွေကို လေကြောင်းကနေတဆင့် ဗုံးကြဲတိုက်ခိုက်တာ၊လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ရခိုင်က ဒေသခံပြည်သူတွေဟာ နေ့စဉ်လိုလို အသက်ဆုံးရှုံးဒဏ်ရာ ရတာရှိနေသလို တိုက်ပွဲ ဖြစ်ပွါးနေတဲ့ မြို့နယ်တွေက ပြည်သူတွေ နေထိုင်ရာနေရာတွေကို လေကြောင်းတိုက် ခိုက်တာ၊လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် အရပ်သားပြည်သူတွေ နေ့စဉ်ထိခိုက်ဒဏ်ရာ ရတာတွေလည်းရှိနေပါတယ်။

https://rcnanews.com/news_mm/4375/

Coastal News Agency

09 Nov, 11:49


တောင်ကုတ်မြို့ အနီးက ကျေးရွာဒေသခံတွေကို ဘေးလွတ်ရာသို့ပြောင်းရွေ့ကြဖို့ အာရက္ခတပ်တော် ပြောဆို

CNA ၊ မြတ်သူ။
နိုဝင်ဘာ၊ ၉ ။

တောင်ကုတ်မြို့ အနီးဝန်ကျင်မှာ ရှိနေကြတဲ့ ကျေးရွာဒေသခံတွေ အနေ နဲ့ ဘေးလွတ်ရာနေရာတွေကို ပြောင်းရွှေ့နေထိုင်ကြဖို့ အာရက္ခတပ်တော် က သတိပေးပြောဆိုထားတာတွေ ရှိတယ်လို့ တောင်ကုတ်ဒေသခံတွေကပြောပါတယ်။

အဲဒီလို အာရက္ခတပ်တော်က သတိပေးထားတာကြောင့် တောင်ကုတ်မြို့ နဲ့ အနီးတဝိုက်က သလိန်ပြင်၊ တောင်ရွာ၊နတ်မော် နဲ့ ဒုံရွာအပါအဝင် ကျေးရွာဒေသခံတော်တော်များများဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံ တစ်ဦးကပြောပါတယ်။

“တော်တော်များများကတော့ တိုက်ပွဲ နဲ့ ဘေးလွတ်ရာနေရာတွေကိုရှောင်တိမ်းနေကြပါပြီ။အခုထွက်တာကတော့ ဟိုတနေ့က တိုက်ပွဲဖြစ်တဲ့ အာလိန်ငါးဆင့် အနီးက ကျေးရွာအပါအဝင် စစ်ကောင်စီတပ်တွေ ရှိတဲ့နေရာတွေကကျေးရွာတွေကို ရှောင်ခိုင်းတာဖြစ်တယ်။ဘာလို့လည်း ဆိုတော့ တိုက်ပွဲပြင်းထန်ပြီးဖြစ်လာရင် စစ်ကောင်စီလေကြောင်း နဲ့ လက်နက်ကြီးတွေ ရမ်းသမ်းပစ်တာကို အဲဒီအခါမှာ ဒေသခံပြည်သူတွေ နေထိုင်တဲ့နေရာတွေကို ကျတာရှိလို့ထွက်ခိုင်းတာဖြစ်တယ်လို့”သူကပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်နေ့ ညနေ ၈ နာရီလောက် မှာ စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော် တို့ဟာ တောင်ကုတ်မြို့နယ် နဲ့ ၁ဖာလုံခန့် အကွာမှာရှိတဲ့ အာလိန်ငါးဆင့်ကျောင်းအနီးမှာ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွါးခဲ့တာရှိခဲ့ပြီး စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ ဒုံကျေးရွာ နဲ့ တောင်ရွာကျေးရွာ တွေကိုကျရောက်ပေါက်ကွဲတာကြောင့် နေအိမ်တွေ များစွာ ပျက်စီးသွားတာ ရှိခဲ့ရတယ်လို့ ဒေသသတင်းအရင်းအမြစ်တွေကဆိုပါတယ်။

ဒါပေမယ့် အခုလို တောင်ကုတ်မြို့ နဲ့ အနီးဝန်းကျင်နေရာတွေက ဒေသခံပြည်သူတွေ အနေ နဲ့ စစ်ပွဲ နဲ့ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးခွင့် ရနေပေမယ့် မြို့တွင်းမှာ ရှိနေတဲ့ ဒေသခံပြည်သူတွေကေတာ့ စစ်ကောင်စီဂိတ်တွေကထွက်ခွင့်မပေးတာ အာရက္ခတပ်တော် ရဲ့ ဂိတ်တွေက ထွက်ခွင့်မပေးတာကြောင့် ဘေးလွတ်ရာနေရာတွေကို ထွက်သွားခွင့် မရပဲ ပိတ်မိနေဆဲ ဖြစ်တယ်လို့ တောင်ကုတ်မြို့ဒေသခံ တစ်ဦးကပြောပါတယ်။

“အခုမြို့ အနီးဝန်ကျင်က လူတွေကတော့ ထွက်ပြေးခွင့်ရလို့ ထွက်ပြေးနေကြရပြီးဒါပေမယ့်မြို့တွင်းကလူတွေကတော့ ပိတ်မိနေတုန်းပဲ ရှိသေးတယ်။ဘာလို့လည်းဆိုတော့ စစ်ကောင်စီက ထွက်ခွင့်ပေးရင် အေအေဂိတ်က ဖြတ်ခွင့်မပေးဘူး အဲဒီလို ဖြစ်နေတဲ့ အခါ လူတွေက သွားလို့မရဘူး။တောလမ်းအတိုင်း လမ်းပြတွေ နဲ့ သွားနေတာ ရှိတယ် ပြည်မဖက်ကတွေကို အဲဒါကလည်း လူတိုင်းကမသွားနိုင်တော့ မြို့ထဲက လူတော်တော် များများတော့ ပိတ်မိနေကြတယ်လို့”သူကပြောပါတယ်။

ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော် တို့ ဟာ နှစ်ဖက်တိုက်ပွဲဖြစ်ပွါးတာ မရှိပေမယ့် ညနေ ၃ နာရီလောက်မှာတော့ စစ်ကောင်စီအခြေစိုက်တပ်ရင်းတွေက လက်နက်ကြီးတွေ နဲ့ ရမ်းသမ်းပစ်ခတ်တာတွေကိုလုပ်ဆောင်နေတာတွေ ရှိနေတယ်လို့ တောင်ကုတ် မြို့ခံတစ်ဦးကပြောပါတယ်။

“မနက်ပိုင်းကတော့ ပစ်ခတ်တာမရှိဘူး ညနေ ၃ နာရီလောက်ကစပြီးတော့ ကိုင်းရှည်တံတားထိပ်၊ပန်းမြောက်တောင်ခြေရင်း၊သဲခံတောင် အဲဒီမှာ ရှိတဲ့ တပ်တွေက လက်နက်ကြီးတွေ နဲက ရမ်းသမ်းပစ်ခတ်တာတော့ရှိတယ်လို့”တောင်ကုတ်မြို့ခံ တစ်ဦးကပြောပါတယ်။

တောင်ကုတ်မြို့နယ် အတွင်းမှာ စစ်ကောင်စီနဲက အာရက္ခတပ်တော်တို့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့ ကတည်းကပင် ပန်းမြောက်တောင် အနီးမှာ နှစ်ဖက်တိုက်ပွဲတွေ စတင်ဖြစ်ပွါးခဲ့ပြီးနောက် နိုဝင်ဘာလ ၃ ရက်နေ့မှာတော့ အဲဒီပန်းမြောက်တောင်မှာ ရှိတဲ့ စစ်ကောင်စီ အမြောက်တပ်စခန်းကို အပြီးသတ်သိမ်းပိုက် နိုင်ခဲ့ပြီး ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်ရင်းတွေကိုလည်း အာရက္ခတပ်တော်က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့လည်း ထုတ်ပြန်ပြောဆိုထားပါတယ်။

https://rcnanews.com/news_mm/4372/

Coastal News Agency

09 Nov, 03:37


အမ်း နပခ တိုက်ပွဲက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးကို CD F-Asho ဖမ်းဆီး

CNA၊ နိုဝင်ဘာ၊ ၉ ။

အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တိုက်ပွဲအတွင်းက ထွက်ပြေး လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးကိုCDF - Asho ကဖမ်းဆီးနိုင်ခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်လာပါတယ်။

အမ်းမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)ကို အာရက္ခတပ်တော် က ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးကို မကွေး နဲ့ ရခိုင်ပြည် အစပ်ကနေရာမှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီထဲက ကိုယ်ပိုင်အမှတ် (ပစ-၁၀၄၆၀၁) ကိုသက်နိူင် (ပစ - ၁၀၄၆၀၀) ကိုသက်နိုင်ဦးတို့နှစ်ဦးကိုအောက်တိုဘာ ၃၀ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

နောက်ထပ်ခမရ(၃၇၁)၊ ကြက်ရေစမ်းနယ်ခြားဂိတ် ရှေ့တန်းစစ်ကြောင်းက ထွက်ပြေးလာတဲ့ (ပစ- ၁၀၄၉၇၉) ကိုရဲမွန်ဦးနဲ့ တပ်သား (ပစ- ၁၀၄၉၈၄) ကိုကျော်မင်းဦးတို့ နှစ်ဦးကိုတော့ နိုဝင်ဘာလ ၃ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။

အဲဒီဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်သုံးပန်းတွေကို နိုင်ငံတကာ ဥပဒေနဲ့အညီစနစ်တကျထိန်းသိမ်းကာ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ချင်းကာကွယ်​ရေးတပ် - အရှို (CDF- Asho)က ထုတ်ပြန်ပြောဆိုထားပါတယ်။

ပုံစာ၊CDF-Asho

Coastal News Agency

08 Nov, 08:12


တောင်ကုတ်မြို့က အာလိန်ငါးဆင့်ကျောင်းအနီးမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက ကျဆုံးတပ်သားအလောင်းတွေကို သယ်ထုတ်နေရ

CNA၊မြတ်သူ။
နိုဝင်ဘာ၊ ၈။

စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော်တို့ဟာ တောင်ကုတ်မြို့အဝင်က အာလိန်ငါးဆင့်ကျောင်းအနီးမှာ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွါးနေပြီး တိုက်ပွဲအတွင်းမှာ သေဆုံးဒဏ်ရာ ရရှိတဲ့တပ်သားတွေကို စစ်ကောင်စီက ကားတွေနဲ့ ကယ်ထုတ်ကာ မြို့တွင်းကို ပြန်လည်ပို့ဆောင်ပေးနေတာတွေရှိနေတယ်လို့ မျက်မြင်ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော် တို့ဟာ အဲဒီအာလိန်ငါးဆင့်ဘုရားအနီးမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်နေ့ ညနေ ၈ နာရီလောက်ကတည်း ကပင် ညလုံးပေါက် နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွါးခဲ့တာဖြစ်ပြီး တိုက်ပွဲ အတွင်းမှာ စစ်ကောင်စီတပ်ဖက်က အကျအရှုံးများတာကြောင့် အလောင်းတွေ နဲ့ ဒဏ်ရာ ရလူနာတွေကို အခုလိုကယ်ထုတ်ယူနေတာ ဖြစ်တယ်လို့ မျက်မြင်ဒေသခံ တစ်ဦးကပြောပါတယ်။

"တိုက်ပွဲကတော့ ညလုံးပေါက်ဖြစ်တာ ။စစ်ကောင်စီကတော့ ဒရုန်းတွေ ၊လေကြောင်းတွေ၊လက်နက်ကြီး ပစ်ကူတွေ နဲ့ ပစ်တယ် တပ်တော်ကလည်း လက်နက် ကြီးတွေ ဒရုန်းတွေ နဲ့ တိုက်ခိုက်တာတွေ ရှိတယ်။ စစ်ကောင်စီတပ်ကတော့ တော်တော် အကျအရှုံးများတယ်လို့ ကြားရတယ် အလောင်းတွေ လူနာတွေကိုသယ်ယူနေတာကိုလည်း ကျနော်တို့ မြင်နေရတယ်လို့"သူကပြောပါတယ်။

လက်ရှိတိုက်ပွဲ ပြင်းထန်နေတဲ့ အာလိန်ငါးဆင့်ကျောင်း နဲ့ တောင်ကုတ်မြို့ နဲ့ ၁ဖာလုံကျော်ခန့် အကွာမှာရှိပြီး အာရက္ခတပ်တော်ရဲ့ထိုးစစ်ဟာ တဖြေးဖြေး နဲ့ မြို့အနီးကို ရောက်ရှိလာတာလည်းဖြစ်ပါတယ်။

မနေ့က ညနေမှာ ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီကလေကြောင်း၊ဒရုန်း နဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် တောင်ကုတ်မြို့နယ် အတွင်းက ဒုံကျေးရွာကို စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နီးကြီးတွေ ကျရောက်ပေါက်ကွဲပြီးတော့ ဒေသခံပြည်သူ နေအိမ်တွေလည်း အများအပြားပျက်စီးတာရှိနေသလို ဒေသခံပြည်သူတွေဟာလည်း ကျေးရွာ အတွင်းက ထွက်ပြေးနေကြရတယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

"မြို့နဲ့ တော့နီးလာပြီးပေါ့ အခု တိုက်ပွဲဖြစ်တဲ့နေရာက တောင်ကုတ်မြို့ ကိုင်းရှည်တံတားနဲ့ ၁ဖာလုံလောက်ပဲ ကွာတယ်။ပစ်ကြခတ်ကြတာတော့ တစ်ညလုံး ပစ်ကြခတ်ကြတယ်။စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေကျလို့ ဒုံကျေးရွာမှာလည်း နေအိမ်တွေ တော်တော် ပျက်စီတာတွေ ရှိတယ်။ ဒေသခံတော်တော် များများကတော့ ထွက်ပြေးနေကြရတယ် ရွာတွေမှာက နေမရတော့ဘူးလို့"ဒေသခံ တစ်ဦးက ပြောပါတယ်။

တောင်ကုတ်မြို့နယ် အတွင်းမှာ စစ်ကောင်စီနဲက အာရက္ခတပ်တော်တို့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့ ကတည်းကပင် ပန်းမြောက်တောင် အနီးမှာ နှစ်ဖက်တိုက်ပွဲတွေ စတင်ဖြစ်ပွါးခဲ့ပြီးနောက် နိုဝင်ဘာလ ၃ ရက်နေ့မှာတော့ အဲဒီပန်းမြောက်တောင်မှာ ရှိတဲ့ စစ်ကောင်စီ အမြောက်တပ်စခန်းကို အပြီးသတ်သိမ်းပိုက် နိုင်ခဲ့ပြီး ဖြစ်ပါတယ်။

https://rcnanews.com/news_mm/4365/

Coastal News Agency

08 Nov, 01:30


အာရက္ခတပ်တော်ကဖမ်းဆီးထားတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံ သား ၂၀ ဦးကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ထံ ပြန်လည်လွှဲပြောင်းပေး

CNA၊နိုဝင်ဘာ၊၈။

အာရက္ခရေ ပိုင်နက် အတွင်းကို ကျူးကျော်ဝင်ရောက်းပြီး ငါးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၀ ဦးကို ငါးဖမ်းလှေတွေ နဲ့ အတူ အာရက္ခတပ်တော် ရဲ့ ကမ်းခြေစောင့်တပ်သားတွေက နိုဝင်ဘာလ ၅ ရက်နေ့မှာ ဖမ်းဆီးကာ ထိန်းသိမ်းမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် နိုဝင်ဘာလ ၇ ရက်နေ့ ညနေ ၄ နာရီ်မှာတော့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်ရဲတပ်ဖွဲ့ထံကို ပြန်လည်လွဲပြောင်းပေးခဲ့တယ်လို့ TTN သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ရေပိုင်နက် အတွင်းကိုကျူးကျော်ဝင်ရောက်မှုကြောင့် ဖမ်းဆီးထိန်းသိမ်းတာကို ခံခဲ့ရ သူတွေကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူ တွေကတော့ ရှားအလမ် (၂၈)၊ အာစမတ်ဦးလာဟ် (၁၈)၊ အဘဒူစ်ရှုခူရ် (၃၂)၊ အာဘူလ်ဟိုစန် (၄၅)၊ အာယုပ်ခန်း (၄၈)၊ နူရ်ဟိုစန် (၄၅)၊ မိုဟမ်မဒ်ဗေးလာလ် (၂၉)၊ ဆလင် (၃၅)၊ အဘဒူလ်ခါဒဲ (၂၅)၊ မိုဟမ်မဒ်ဟာရှင် (၃၅)၊ မိုဟမ်မဒ်ဟိုစန် (၂၈)၊ မိုဟီဥဒင် (၂၆)၊ အင်ယေးတူလာဟ် (၃၀)၊ နူရ်ဟာဖေ့ဇ် (၄၀)၊ မိုဟမ်မဒ်ယာစင် (၃၅)၊ အဘဒူရဟိမ် (၄၄)၊ ဟာဆန်အလီ (၅၃)၊ အိုစမန်ဂန်နီ (၃၀)၊ မဟရှ်ခလီမှ အင်နာမင် (၂၇) နှင့် အူခီယာမှအဘဒူရှုခူရ် (၄၆)တို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှၤနိုင်ငံအတွင်းက ငါးဖမ်းလုပ်ငန်းလုပ်ကိုင်တဲ့သူတွေဟာ မကြာခဏဆိုသလို အာရက္ခရေပိုင်းနက်အတွင်းကိုကျူးကျော်ဝင် ရောက်ပြီး ငါးဖမ်းတာတွေ ရှိနေပြီး အဲဒီလို ရေပိုင်နက်ကျူးကျော်ဝင်ရောက်လာတာကြောင့် အာရက္ခတပ်တော် ရဲ့ ကမ်းခြေစောင့် လုံခြုံရေး အဖွဲ့တွေကို မကြာခဏဆိုသလို ဖမ်းဆီးထိန်းသိမ်းကာ သက်ဆိုင်ရာတာဝန်ရှိသူတွေဆီကို လွဲပြောင်းပေးအပ်မှုတွေ လုပ်ဆောင်တာတွေလည်း လုပ်ဆောင်ပေးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့ကလည်း ပင်လယ်ဓားပြအတိုက်ခံရပြီး ဘင်္ဂလားပင်လယ်အော်ထဲမှာ စွန့်ပစ်ထားခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၁၆) ဦးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ကမ်းခြေစောင့်တပ်တွေက ကယ်တင်ခဲ့ပြီး သက်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့တွေဆီကို ပြန်လည် လွဲပြောင်းပေးခဲ့တာတွေ ရှိခဲ့ပါတယ်။

အောက်တိုဘာလ ၇ ရက်နေ့ကလည်း အာရက္ခရေပိုင်နက်အတွင်းကို ဝင်ရောက်ငါးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၅ ဦးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကမ်းခြေစောင့်တပ်ဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်ကာ ရေပိုင်နက်အတွင်းနောက်ထက်ကျူး ကျော်ဝင်ရောက်ပြီး ငါးဖမ်းတာ မလုပ်ဖို့ ခံဝန်ကတိထိုးခိုင်းပြီး အောက်တိုဘာလ ၉ ရက်နေ့မှာတော့ ဘင်္ဂလာဒေ့ရှ်နိုင်ငံရဲ့ နယ်ခြားစောင့်တပ်ဖွဲ့ (Border Guard Bangladesh-BGB) ရဲ့တာဝန်ရှိသူတွေ ထံကို ကောင်းမွန်စွာ လွဲပြောင်း အပ်နှံခဲ့တာလည်း ရှိခဲ့ပါတယ်။

ပုံစာ - ငါးဖမ်းသမား ၂ဝ ဦးကို နိုဝင်ဘာ ၇ ရက် ညနေ့ပိုင်းတွင် အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်မှ ဘဂ်လားဒေ့ရှ်ရဲထံ လွှဲပြောင်းပေး ခဲ့စဉ်။ TTN
https://rcnanews.com/news_mm/fisherman_mm/4360/

Coastal News Agency

07 Nov, 10:16


တောင်ကုတ်မှာ စစ်ကောင်စီတပ်သားတွေ ထွက်ပြေးမှုတွေ ရှိနေ

CNA ၊ဂူးဂူး။
နိုဝင်ဘာ၊ ၇ ။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့ ညနေမှာ အာရက္ခတပ်တော်ရဲ့ထိုးစစ်ကို ခုခံတိုက်ခိုက်ဖို့ အတွက် ပြင်ဆင်ထားတဲ့ တောင်ကုတ် ကိုင်းရှည်တံတားပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းက တပ်ဖွဲဝင် ၃ ဦးဟာ လက်နက်အပြည့်အစုံအတူ ထွက်ပြေးသွားတာ ရှိတယ်လို့ ဒေသသတင်းအရင်းအမြစ်တွေ ဆီကသိရပါတယ်။

အဲဒီစစ်ကောင်စီတပ်သား ၃ ဦးဟာ စခန်းအတွင်း ကင်းစောင့်နေရာကနေ အခုလို လက်နက်အပြည့်အစုံ နဲ့ထွက်ပြေးသွားတာ ဖြစ်ပြီး စစ်ကောင်စီတပ်တွေက အဲဒီထွက်ပြေးသွားတဲ့တပ်သား ၃ ဦးကို လိုက်လံရှာဖွေနေတာတွေကို လုပ်ဆောင်နေတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်က ပြောပါတယ်။

“ထွက်ပြေးသွားတယ်ဆိုတာတော့ အမှန်ဗျ မနေ့က စစ်သားတွေလိုက်ပြီးရှာကြတယ်။သူတို့ တပ်သားတွေထွက်ပြေးသွားတယ် တွေ့မိလားဆိုပြီး ရပ်ကွက်တွေမှာလိုက်မေးတာတွေ ရှိတယ်။ ၃ ယောက်ထွက်ပြေးသွားတယ်လို့ပြောတယ်။ကင်းစောင့်နေရင်း နဲ့ ထွက်ပြေးသွားတာလို့ ပြောတယ်လို့“သူကဆိုပါတယ်။

တောင်ကုတ်မြို့နယ် အတွင်းမှာ ရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ အေအေ ရဲ့ထိုးစစ်ကို ခုခံတိုက်ခိုက်ရမှာကို စိုးရိမ်နေတဲ့ အတွက် အရင်းကတည်းကပင် ထွက်ပြေးမှုတွေလည်း အများအပြား ရှိနေခဲ့တယ်လို့ အဲဒီဒေသသတင်းအရင်း အမြစ်တွေကပြောပါတယ်။

“ပြေးတာကတော့ အခုမှ ပြေးတာတော့ မဟုတ်ဘူး စစ်ကောင်စီတပ်သားတချို့ကတော့ အရင်ကတည်းကပင်လည်းပြေးနေကြတာ ဒေသခံတွေ အနေနဲ့သာ အရမ်းမသိတာ။ခမရ ၅၄၄ ၊ ခမရ ၃၄၆ တပ်တွေထဲကလည်းပြေးတာတွေ ရှိတယ်။ပြီးခဲ့တဲ့ ရက်ကလည်း အဲဒီစခန်းက လက်နက်ကြီးပစ်ကူပေးတာ ကိုယ့်အနားကို ကိုယ်ပြန်ကျပြီးတော့ သူတို့တပ်သားတွေ သေတာရှိတော့ သူတို့လည်း မနေရဲတော့လို့ ထွက်ပြေးတာဖြစ်မယ်လို့” သူကဆက်လက်ပြော တိုပါတယ်။

အာရက္ခတပ်တော် ဟာ တောင်ကုတ်မြို့နယ်အတွင်းက ပန်းမြောက်တောင်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးစခန်းကို နိုဝင်ဘာလ ၁ ရက်နေ့မှာ ဝင်ရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၃ ရက်နေ့ညနေမှာတော့ အဲဒီပန်းမြောက်တောင်က လက်နက်ကြီးစခန်း ကို အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့တာပါ။

အဲဒီနောက် ပန်းမြောက်တောင် စခန်းကထွက်ပြေးလာကြတဲ့စစ်ကောင်စီတပ်တွေဟာ သိမ်းတောင်ရပ်ကွက်ဝေဠုဝန်ကျောင်း အနီး ကတောင်မှာတပ်စွဲ နေထိုင်နေတာတွေ ရှိနေပြီး အဲဒီတပ်တွေ နဲ့ အာရက္ခတပ်တော်တို့ဟာ ဒီနေ့မှာတော့ နှစ်ဖက်တိုက်ပွဲတွေဆက် လက်ဖြစ်ပွါးနေတာတွေ ရှိနေတယ်လို့ တောင်ကုတ်ဒေသသတင်းအရင်းအမြစ်ကဆိုပါတယ်။

“အဲဒီပန်ဒမြောက်တောင်အောက်က ကြိုးကြာကွင်းဆည်အနီးမှာ ဒီနေ့တိုက်ပွဲဖြစ်နေတယ်။အဲဒီပန်းမြောက်တောင်က ထွက်ပြေးလွတ် မြောက်လာတဲ့ အကောင်တွေနဲ့ ဖြစ်နေတာ။စစ်ကောင်စီကတော့ လက်နက်ကြီးပစ်ကူပေးနေတယ်။တိုက်ပွဲကတော့ ဖြစ်နေကြတယ်လို့” သူကပြောပါတယ်။

အာရက္ခတပ်တော်အေအေ ဟာ ရခိုင်တကျော့ပြန်တိုက်ပွဲ အတွင်းမှာ ရခိုင်က မြို့ကြီး တွေ ဖြစ်ကြတဲ့ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲမြိုတွေအပြင် ပလက်ဝဒေသကိုပါ အပြီးသတ်သိမ်းပို က်ထားနိုင်ပြီးဖြစ် ပါတယ်။

အဲဒီနောက် သိမ်းပိုက်ဖို့ကျန်ရှိနေသေးတဲ့ မာန်အောင်၊တောင်ကုတ်၊ဂွ၊ကျောက်ဖြူ၊စစ်တွေ နဲ့မောင်တောမြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့ သတင်းထုတ် ပြန်ပြောဆိုထားပါတယ်။

ပုံ၊တောင်ကုတ်မြို့ မြင်ကွင်း။ပုံဟောင်း။CNA

https://rcnanews.com/news_mm/4356/

Coastal News Agency

07 Nov, 05:41


အမ်း - ပဒါန်လမ်းပိုင်းက စစ်ကောင်စီလုံခြုံရေး ကင်းစခန်းကို လူထုတော်လှန်ရေး မဟာမိတ် အင်အားစုတွေစီးနင်းတိုက်ခိုက်

CNA၊စာသတင်း။
နိုဝင်ဘာ ၊၇ ။

အမ်း - ပဒါန်လမ်းပိုင်းမှာရှိတဲ့ ဂုတ်ကြီးကျေးရွာထိပ် နဲ့ မိုင်းတိုင် ၁၁ မှာရှိတဲ့ စစ်ကောင်စီရဲ့ လုံးခြုံရေး ကင်းစခန်း ၂ ခုကို လူထုတော်လှန်ရေး မဟာမိတ် အင်အားစုတွေက ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်နေ့ မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်လာပါတယ်။


ထုတ်ပြန်ချက်ထဲမှာ "၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၅ ရက် ၁၁း၀၃ နာရီခန့်တွင် ဂုတ်ကြီးကျေးရွာထိပ်၊ဘုံဘောလမ်းဆုံ နှင့် မိုင်တိုင် (၁၁)တို့ရှိ အမ်း -ပဒါန်းလမ်းပိုင်းကို လုံခြုံရေးယူထားသော စစ်ကောင်စီ၏ ကင်းစခန်း ၂ ခုကို မိမိတို့လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA - Magway) အရှိုချင်းကာကွယ်ရေးတပ် ( ACDF) နှင့် မင်းဘူးခရိုင် အမှတ် ( ၂) တပ်ရင်းတို့ ပူးပေါင်း၍ တစ်ပြိုင်နက်တည်းစီးနင်းတိုက်ခိုက်ခဲ့သည်"ဖော်ပြထားသည်။

အဲဒီလိုစီးနင်းဝင်ရောက်တိုက်ခိုက်ပြီးနောက် လူထုတော်လှန်ရေး မဟာမိတ် အင်အားစုတွေ နဲ့ စစ်ကောင်စီတပ်တွေဟာ နာရီဝက်ခန့်အကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်ဘက်က စစ်ကူရောက်ရှိလာတာ၊နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းက ဟောင်ဝစ်ဇာတွေ နဲ့ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်တာကြောင့် လူထုတော်လှန်ရေးမဟာမိတ် အင်အားစုတွေဟာ အဲဒီ ကင်းစခန်းကိုအပြီး သတ်ရှင်းလင်းရေး မလုပ်ဆောင်နိုင်ခဲ့ပဲ ဆုတ်ခွါလာကြရတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲ အတွင်းမှာ စစ်ကောင်စီဘက်က တပ်သား ၁၀ ဦးခန့်သေဆုံးတာ ရှိခဲ့သလို ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း နတ်ရေကန်လမ်းဟောင်းအတိုင်း ကား၊ဆိုယ်ကယ်တွေ နဲ့ စစ်ကောင်စီက ကယ်ထုတ်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဧရာဝတီမြစ်အနောက်ဘက်ခြမ်းဒေသကို ထိန်းချုပ်စိုးမိုးနိုင်ရေးဟာ လူထုတော်လှန်ရေး မဟာမိတ် အင်အားစုတွေရဲ့ စစ်ရေးရည်မှန်းချက်ဖြစ်ပြီး အခု အမ်း - ပဒါန်းလမ်းပိုင်းထိန်ချုပ်ရေးဟာလည်း စစ်ရေးရည်မှန်းချက်ဖြစ်သလို ဒီလှုပ်ရှားမှုဟာ ရှေ့ပြေး အနေ နဲ့ စတင်လှုပ်ရှားမှုလည်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင့် လူထုတော်လှန်ရေး မဟာမိတ် အင်အားစုတွေဟာ ဒေသအသီးသီးမှာ စစ်နယ်ဝန်းတိုးချဲ့လာမှု နဲ့ အတူ တညီတညွတ်တည်း စုပေါင်း ပြီးတော့ ဆက်လက် အကောင်အထည်ဖော်လုပ်ဆောင်သွားဖို့ ရှိတယ်လို့လည်း ထုတ်ပြန်ပြောဆိုထားပါတယ်။

ပုံ၊စာ - PRA_Magway

https://rcnanews.com/news_mm/4351/

Coastal News Agency

06 Nov, 08:59


အာရက္ခတပ်တော်က ဘင်္ဂလာဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၂၀ ဦးကို ဖမ်းဆီးထားတယ်လို့ဆို

CNA၊သတင်းတို။
နိုဝင်ဘာ၊ ၆ ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းလုပ်သား ၂၀ ဦးကို အာရက္ခတပ်တော် က နိုဝင်ဘာလ ၅ ရက်နေ့ ညနေ မှာ ဖမ်းဆီးသွားခဲ့တယ်လို့ The Daily Star သတင်းဌာနမှာ ဖော်ပြထားပါတယ်။

အဲဒီငါးဖမ်းသမား ၂၀ ဦးကို အာရက္ခရေပိုင်နက် နတ်မြစ်ဝ အတွင်းမှာ လှေ ၁၅ စီးနဲ့အတူ အဲဒီငါးဖမ်းသား ၂၀ ဦးကို ဖမ်းဆီးသွားခဲ့တာ ဖြစ်တယ်လို့ တက္ကနာမြို့နယ်မှူး အာဒါနန်(Adnan) ရဲ့ ပြောပြချက်အရ သိရတယ်လို့ ဖော်ပြထားတာကိုတွေ့ရပါတယ်။

“တံငါသည်တွေရဲ့ ပိုက်ကွန်ချတဲ့ နေရာဟာ မြန်မာနိုင်ငံရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ” ဟု Adnan က ဆိုသည်။

ဒါပေမယ့် လက်ရှိဖမ်းဆီးခံထားရတဲ့ သူတွေ ရဲ့ အမည်စာရင်းတွေကို အတိအကျ မသိရသေးဘူးလို့လည်း ဖော်ပြထားသလို လက်ရှိမှာ အဲဒီဖမ်းဆီးခံထားရတဲ့ သူတွေကိုလည်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) က ကယ်ထုတ်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အဲဒီလို ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို ဖမ်းဆီးထားတယ်ဆိုတဲ့ ကိစ္စကိုတော့ အာရက္ခတပ်တော် ကတော့ သတင်းထုတ်ပြန် ထားတာတော့ မရှိသေးပါဘူး။


ပုံ၊အမည်မသိလက်နက်ကိုင် ဘင်္ဂလီ (၆၀) ဦးခန့်ပါဝင်သော ပင်လယ်ဓားပြအဖွဲတစ်ဖွဲ၏လက်ထဲမှ ကယ်တင်ခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၁၆) ဦးအား အာရက္ခတပ်တော်မှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို ပြန်လည်ပိုဆောင်ပေးနေစဉ်။

https://rcnanews.com/news_mm/fisherman_mm/4347/

Coastal News Agency

06 Nov, 04:36


သံတွဲ နဲ့ ဂွက သောင်းနဲ့ ချီတဲ့ စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာထောက်ပံ့ဖို့ အရေးပေါ်လိုအပ်နေ

CNA၊မြတ်သူ။
နိုဝင်ဘာ၊ ၆။

သံတွဲ နဲ့ ဂွမြို့နယ် အတွင်းက စစ်ဘေးရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာအရေးပေါ်ထောက်ပံ့ပေးအပ်မှုတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတွေက ဆိုပါတယ်။.

သံတွဲမြို့နယ် တစ်ခုလုံးကို အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ရရှိထားပြီးဖြစ်ပေမယ့် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု မကြာခဏဆိုသလို လုပ်ဆောင်နေတာကြောင့် သံတွဲမြို့ အတွင်းက သောင်းနဲ့ ချီတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ သူတို့နေအိမ်ကို ပြန်ခွင့်မရပဲ စစ်ဘေးရှောင်စခန်းတွေမှာ ဆက်လက်နေထိုင်နေကြရဆဲဖြစ်ပါတယ်။

အဲဒီလို နေထိုင်နေကြရတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ အလုပ်အကိုင်မရှိတာကြောင့် စားသောက်ရေးအခက်အခဲတွေ နဲ့ရင်ဆိုင်နေကြရပြီး အခုလို စားသောက်ရေးအတွက် ထောက်ပံ့ကူညီဖို့ အရေးပေါ်လိုအပ်နေတာ ဖြစ်တယ်လို့သံတွဲမြို့နယ် အတွင်းက စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူ တစ်ဦးကပြောပါတယ်။

"အခုသံတွဲက စစ်ဘေးရှောင်တွေကနေအိမ်မပြန်ကြရသေးဘူး။စစ်ကောင်စီလေကြောင်းတိုက်ခိုက်နေတာကြောင့်ပေါ့။သောင်းနဲ့ချီတဲ့ စစ်ဘေးရှောင်တွေက တော့ရှိနေသေးတယ်။ကျနော်တို့မှာလည်းအလှူငွေ ရရှိမှုကနည်းတော့ လုံလောက်တဲ့ ပမာဏမရှိဘူး။တော်တော်ခက်ခဲနေတယ်စစ်ရှောင်တွေကတော့။အလုပ်အကိုင်လည်း မရှိကြတော့ တော်တော် အခက်အခဲ ဖြစ်နေကြရတယ်လို့ "သူကဆိုပါတယ်။

အဲဒီလိုစစ်ဘေးရှောင်တွေ စားသောက်ရေး အခက်အခဲတွေ နဲ့ ရင်ဆိုင်နေကြရတာကြောင့်ပြည်တွင်း ပြည်ပမှာ ရှိနေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ စစ်ဘေးရှောင်တွေ စားဝတ်နေရေး အဆင်ပြေနိုင်ဖို့ အတွက် အကူအညီအထောက်ပံ့မှုတွေ အရေးပေါ်ပေးဖို့ လိုအပ်နေတာလည်းဖြစ်ပါတယ်။

အဲဒီလိုပဲ တိုက်ပွဲတွေပြင်းထန်နေတဲ့ ဂွမြို့နယ် အတွင်းမှာလည်း စစ်ဘေးရှောင်ဦးရေဟာ နေ့စဉ် နဲ့အမျှတိုးလာနေတာတွေ ရှိနေပြီး အလှူငွေ ရရှိမှုနည်းပါးနေတာကြောင့် စစ်ဘေးရှောင်ကူညီရေး အတွက် လုပ်ဆောင်ပေးနေတဲ့ အဖွဲ့တွေ အနေနဲ့လည်း စစ်ဘေးရှောင်ပြည်သူတွေကို စားဝတ်နေရေး အတွက် ကူညီပေးနိုင်တာမရှိတော့တဲ့ အတွက် စစ်ဘေးရှောင်တွေ အနေ နဲ့ စားဝတ်နေရေးတော်တော် ခက်ခဲနေကြတယ်လို့ ဂွမြို့နယ်အတွင်းက စစ်ဘေးရှောင် အရေး ကူညီပေးနေသူတစ်ဦးကပြောပါတယ်။

"အခုဂွမှာလည်းတိုက်ပွဲတွေက ပြင်းထန်လာနေတော့ စစ်ဘေးရှောင်ဦးရေက နေ့စဉ် နဲ့အမျှတိုးလာနေတယ်။တိုင်ကျိုးက စစ်ဘေးရှောင်တွေကလည်း နေ့စဉ်တိုးလာတယ်။ကျနော်တို့မှာကလည်း အလှူငွေ ရရှိမှုက နည်းနေတော့ ဘာမှ မလုပ်နိုင်တော့တဲ့ အနေအထားမှာ ရှိတယ်။တစ်ရက်မှာ မှ အလှူငွေက တစ်သိန်းတောင် မဝင် နေ့ စဉ်က တစ်ရက်ကို ဆန်လေးငါးအိတ်လောက်ကုန်နေတယ်လို့"သူကပြောပါတယ်။

အဲဒါကြောင့် စစ်ဘေးရှောင်တွေ အနေ နဲ့စားဝတ်နေရေး အဆင်ပြေစေနိုင်ဖို့ ပြည်တွင်းပြည်မမှာ ရှိနေတဲ့ အဖွဲ့အစည်းတွေ အနေ နဲ့ အတတ်နိုင်ဆုံး ကူညီထောက်ပံ့မှုတွေကို အမြန်ဆုံးပေးစေချင်တယ်လို့ သူကတောင်းဆိုပါတယ်။

ရခိုင်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့ကတည်းကပင် စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော်တို့ဟာ တကျော့ပြန်တိုက်ပွဲစတင်ဖြစ်ပွါးခဲ့တာ ဖြစ်ပြီး စစ်ကောင်စီက တိုက်ပွဲဖြစ်ပွါးချိန်ကတည်းကပင် စားနပ်ရိက္ခာသယ်ယူခွင့်တွေကို အကန့်အသတ်နဲ့ ပိတ်ပင်တားမြစ်ထားတာတွေကို လုပ်ဆောင်ထားခဲ့ပါတယ်။

ပုံ၊ဂွမြို့နယ် အတွင်းက စစ်ဘေးရှောင်များတွေ့ရစဉ်။CNA

https://rcnanews.com/news_mm/idps/4344/

Coastal News Agency

05 Nov, 13:36


နောင်ချိုမြို့ကကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကဗုံးကြဲတိုက် ခိုက်လို့ နေအိမ်တွေပျက်စီး

CNA၊စာသတင်း။
နိုဝင်ဘာ ၊ ၅ ။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်နေ့က တအာင်းပြည် တပ်မဟာ (၂)နယ်မြေ၊ နောင်ချိုမြို့နယ် အတွင်းကကျေးရွာတွေကိုစစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့တာကြောင့် ဒေသခံနေအိမ် အများအပြား ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ TNLA ကသတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ နိုဝင်ဘာလ (၄) ရက်နေ့တစ်ရက်တည်းမှာ မြောင်ဇီးကျေး ရွာကို ၃ ကြိမ်တိတိ ဂျက်ဖိုက်တာ တစ်စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သလို
လက်နက်ကြီး နဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် နောင်ချိုမြို့ အနောက်ဘက်ခြမ်းက ဒေသခံနေအိမ် အများအပြား ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီလိုပဲ နိုဝင်ဘာလ ၃ရက်နေ့ မနက်ပိုင်း(၁၀)နာရီကနေ (၁၁)နာရီခွဲထိ ဘန့်ဘွေးကျေးရွာမှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်တွေက ဆမ္မဆယ်ကျေး ရွာကို ဒရုန်း နဲ့ ဗုံးအလုံးရေ (၂၀)လုံးကျော် လာရောက်ကြဲချတ်ိုက်ခိုက်ခဲ့တာ ကြောင့် အဲဒီကျေးရွာ အတွင်းက နေအိမ် (၄)လုံး ထိခိုက်ပျက်စီးခဲ့ရသလို လက်နက်ကြီး နဲ့ ပစ်ခတ်ခဲ့တာကြောင့်လည်း ဒေသခံနေအိမ်(၂)လုံး ထိခိုက်ပျက်စီးတာ ရှိခဲ့တယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂)ရက်နေ့ကလည်း နောင်ချိုမြို့နယ် ဘူတာရပ်ကွက် (၅) ကတ္တီပင်ဘုန်းကြီးကျောင်းအနီးကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၅၀၀) ဗုံး(၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံနေအိမ် (၇)လုံး ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့လည်းဆိုပါတယ်။

ပုံ ၊ စာ ။ TNLA

Coastal News Agency

25 Oct, 06:23


သံတွဲက ကြံ့ခိုင်ရေးပါတီရုံကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုခိုက်တာကြောင့် ကလေးငယ်တစ်ဦးဒဏ်ရာရ

CNA၊စာသတင်း။
အောက်တိုဘာ ၊ ၂၅ ။

ဒီနေ့မနက် ၄ နာရီဝန်းကျင်လောက်မှာ သံတွဲမြို့နယ်အတွင်းက ( ၈) ရပ်ကွက်အတွင်းကိုလေကြောင်တိုက်ခိုက်မှုလုပ်ခဲ့တာကြောင့် ဒေသခံ ကလေးငယ်တစ်ဦး ဒဏ်ရာ ရရှိခဲ့ပြီး ကြံ့ခိုင်ရေးပါတီရုံး နဲ့ စစ်ကောင်စီရဲ့ တပ်သားစုဆောင်းရေးရုံးတွေ ပျက်စီးသွားခဲ့ရတယ်လို့ ဒေသသတင်းအရင်းမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီက အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ရရှိထားပြီးဖြစ်တဲ့ သံတွဲမြို့နယ် (၈)ရပ်ကွက်အတွင်းက ကြံ့ခိုင်ရေးပါတီရုံး နဲ့ စစ်ကောင်စီရဲ့ တပ်သားစုဆောင်းရေးရုံးကို ဒီနေ့မနက်ပိုင်းမှာ ၂ ကြိမ်တိုင်တိုင်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီအနီးမှာ ရှိနေတဲ့ ကလေးငယ်တစ်ဦးကိုလည်း ဗုံးစထိမှန်ကာ ဒဏ်ရာ အပြင်းအထန်ရရှိခဲ့တာဖြစ်တယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်က ပြောပါတယ်။

"မနက် ၄ နာရီဝန်းကျင်လောက်မှာ လာပြီးတော့ ဗုံးကြဲတိုက်ခိုက်တာပါ။နှစ်ကြိမ်လာပြီးတော့ တိုက်ခိုက်ခဲ့တယ်။ကြံခိုင်ရေးပါတီရုံး နဲ့ စစ်သားသစ်စုဆောင်းရေးရုံးနေရာတွေပျက်စီးသွားတယ်။ကလေးငယ်တစ်ဦးလည်း ဒဏ်ရာရသွားတယ်လို့"သူကပြောပါတယ်။

ဒဏ်ရာရရှိသွားတဲ့ ကလေးငယ်ကတော့ သံတွဲမြို့ အမှတ် (၈) ရပ်ကွက်က အသက် ၁၄ နှစ်အရွယ် မောင်ဖိုးချို ဆိုသူဖြစ်ပြီး လက်ရှိ အဲဒီကလေးငယ်ကို သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းတွေက ဆေးကုသပေးတာတွေကို လုပ်ဆောင်နေတယ်လို့ ဒေသသတင်းအရင်းမြစ်က ဆိုပါတယ်။


စစ်ကောင်စီအနေနဲ့ သူတို့ လက်လွတ်ဆုံးရှုံးလိုက်ရပြီး ဖြစ်တဲ့ သံတွဲမြို့နယ် အတွင်းက သူတို့ အခြေစိုက်ခဲ့ရာ ရုံးတွေကိုလည်း မကြာခဏဆိုသလို့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်တာတွေကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း စစ်ဘေးရှောင်တွေ နေထိုင်နေတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးလေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်မှာ စစ်ဘေးရှောင် ပြည်သူ ၁၄ ဦးအစုလိုက် အပြုံလိုက် သေဆုံးခဲ့ရသလို ဒဏ်ရာအပြင်းအထန် ရရှိခဲ့သူ ၂၄ ဦးထိရှိခဲ့ရပါတယ်။


ဒါ့အပြင် အောက်တိုဘာလ ၂၁ ရက်နေ့ မနက် ၂ နာရီဝန်းကျင်လောက်က မောင်တောမြို့ ဖားဝပ်ချောင်းကျေးရွာ ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးနဲ့လေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၅ ဦးသေဆုံးခဲ့ ရပြီး ၁၀ ဦးထက်မနည်းတဲ့ ပြည်သူတွေဟာလည်းဒဏ်ရာ ရရှိခဲ့ရပါတယ်။

ရခိုင်မှာ စစ်ရေးအရှုံးနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ သူတို့ လက်လွတ်ဆုံးရှုံးထားပြီးတဲ့ မြို့တွေ နဲ့ တိုက်ပွဲ ဖြစ်နေတဲ့ မြို့တွေကို လေကြောင်းတိုက် ခိုက်မှုဆက်တိုက်လုပ်ဆောင်နေတာတွေကြောင့် အရပ်သားပြည်သူတွေဟာလည်း နေ့စဉ်ရက်ဆက်ဆိုသလို သေဆုံးဒဏ်ရာ ရတာတွေ ရှိနေရပါတယ်။

အဲဒါကြောင့် ဒေသခံ ပြည်သူတွေ အနေနဲ့လည်း စစ်ကောင်စီရဲ့လေကြောင်း အန္တရာယ်ကို အထူးသတိပြုနေထိုင်ကြဖို့ လူမှုကူညီရေး လုပ်ငန်းဆောင်ရွက်နေသူတွေကိုတိုက်တွန်း ပြောဆိုမှုတွေလည်း ရှိနေကြပါတယ်။

ပုံ၊ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့ရတဲ့ သံတွဲမြို့က ကြံ့ခိုင်ရေး ပါတီရုံးမြင်တွေ့ရမှု။APM

https://rcnanews.com/news_mm/4265/

Coastal News Agency

24 Oct, 18:11


AA occupies four ARSA extremist terrorist armed camps in Buthidaung Township

CAN /Myat Thu
October 23

On October 22, it was reported that Arkan Army had occupied four camps of ARSA extremist terrorist armed forces which strongly constructed in a mountain range (6.2 kilometres) north west of the village of Kayuchang (Muslim village) in Buthidaung Township.

In the statement, Arakan Army have hunted and cleared the place around Buthidaung and Maungdaw where ARSA, RSO, ARE the extremist terrorist and forces can hide and some Muslim armed forces trained and armed by the military, and it is said that these days there were clashes between Arakan Army and ARSA the terrorist armed forces in the mountain at a distance of (6.2 km) northwest of Khru Chaung (Muslim) village, Buthidaung Township at 12:10 PM on 19 October 2024.

After that, there have been five clashes between the two sides in those areas, and it is said that confiscated ARSA extremist terrorist armed forces were firmly encamped, weapons and ammunition provided by the terrorist military and some of the bodies of the armed forces of extremists.

And so, it is also said that the fleeing ARSA the terrorist armed forces and the Arakan Army clashed for a few minutes at a distance of (3.7 km) east of Gyinn Taw Camp, Maungdaw Township at 12:10 PM on October 22.

The terrorist armed groups, ARSA, RSO, ARA radical terrorist armed groups have built strong camps in the densely forested mountains and are hiding of Buthiduang and Maungdaw, and said that they are continuous violations like arresting civilians and taken away, terrorist killing, kidnapping, extortion.

In areas with dense forests and mountains, it is reported that armed groups like ARSA, RSO, and ARA, as well as military council forces, have been carrying out joint attacks against the Arakan Army in certain locations.

These actions have raised concerns not only about the threats posed by armed extremist groups within the Arakan region but also for civilians living on both sides of the Bangladesh-Arakan border. This situation is increasingly worrying for the local population and is seen as a new challenge to regional peace, stability, and public security.

https://rcnanews.com/en/news_en/4262/

Coastal News Agency

24 Oct, 10:59


ကျောက်ဖြူမှာ လျှပ်စစ်မီးပြတ်တောက်နေတာ တစ်လကျော်အထိကြာမြင့်လာနေ

CNA၊ဟိန်းထက်။
အောက်တိုဘာ၊၂၄။

ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့ကပြီး လျှပ်စစ်မီးပြတ်တောက်နေတာ ဒီကနေ့အထိဖြစ်ပါတယ်။ အခုလိုလျှပ်စစ်မီးပြတ်တောက်နေ တဲ့အပြင် ဖုန်းလိုင်း အင်တာနက်လိုင်းတွေပါ ပြတ်တောက်နေတယ်လို့ ကျောက်ဖြူမြို့ ခံတွေက ပြောပါတယ်။

"လျှပ်စစ်မီးပြတ်တောက်နေတာကတော့ တစ်လကျော်ရှိပြီးပေါ့နော် ပြီးခဲ့တဲ့ စက်တင်ဘာလ ကတည်းကပင် ပြတ်တောက်နေတာ။ဖုန်းလိုင်း အင်တာနက်လိုင်းတွေလည်း အကုန်ပြန် တောက်နေတယ်။ဘယ်သူနဲ့ မှလည်း အဆက်အသွယ်မရဘူး။ တစ်မြို့နယ်လုံးပြတ်တာပါ တရုတ်စီးပွါးရေး လုပ်ငန်းတွေထဲမှာက အစပြတ်တောက်နေ တာဖြစ်တယ် လျှပ်စစ်မီးကလို့" သူကပြောပါတယ်။

လျှပ်စစ်မီးရက်ပေါင်းကြာမြင့်စွာ ပြတ်တောက်နေတာဟာ မအီမြို့အနီးမှာ မဟာဓာတ်အားလိုင်းက လာတဲ့ ဓာတ်ကြိုးတစ်ချောင်း ပြတ်တောက် နေတာကို စစ်ကောင်စီက ပြန်မပြင်သေးတာကြောင့် အခုလို မီးပြတ်တောက် နေတာ ဖြစ်တယ် ဒေသခံတဦးကပြောပါတယ်။

"အခု မီးပြတ်တောက်နေတာက မအီကို မရောက်ခင်နေရာမှာ မဟာဓာတ်အားလိုင်းက ဓာတ်ကြိုတစ်ပင်ပြတ်နေတယ်ပြောတယ်။အဲဒီဓာတ်ကြိုးကို လုပ်မှာသာ ဒီဖက်ကို မီးကရလာမှာ။အဲဒါနေရာကလည်း အေအေ ရှိတဲ့ နေရာဖြစ်တဲ့အခါမှာ နှစ်ဖက် တွေဆုံးဆွေးနွေးတာ ရှိခဲ့တယ်။”

လျှပ်စစ်မီးပြတ်တောက်နေတဲ့ နေရာဟာ အာရက္ခတပ်တော်AAထိန်းချုပ်ထားတဲ့ နေရာဖြစ်တာကြောင့် စစ်ကောင်စီနဲ့ အာရက္ခတပ်တော်AAကြား လျှပ်စစ်မီးပြန်လည်ရရှိရေးအတွက် ဆွေးနွေးခဲ့တာရှိပေမယ့်လည်း AAဘက်က တောင်းဆိုချက်ကို စစ်ကောင်စီဘက်က လိုက်လျောမပေးတာကြောင့် အခုလို အချိန်ကြာမြင့်နေတာဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။

“ ဓာတ်ကြိုးကို ပြန်ပြင်မယ့် ကိစ္စနဲ့ပေါ့။ အေအေကလည်းဝမ်းပန်းတသာနဲ့ ကြိုဆိုတာရှိခဲ့ပါတယ်။လုံခြုံရေး ပေးမယ့်ကိစ္စတွေကအစ အေအေ ကတာဝန်ယူပေးမယ်လို့ပြောခဲ့တယ်။ဒါပေမယ့် အေအေကတော့ တစ်ခုတောင်းဆိုတာရှိခဲ့တယ် မီးရရင် ရမ်းဗြဲ၊လေးတောင် နဲ့ဇင်ချောင်းတွေကို မီးပြန်ပေးပေးပါလို့ တောင်းဆိုခဲ့တယ် အဲဒါကို စစ်ကောင်စီက လက်မခံဘူး။ ပြန်လည်းမပြင်ခဲ့ဘူး အဲဒါကြောင့် အခုလို ရက်ကြာ မီးပြတ်နေတာ ဖြစ်တယ်လို့" နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုကို သိရှိသူ တစ်ဦးကပြောပါတယ်။

စစ်ကောင်စီဟာ ဇင်ချောင်း၊လေးတောင် နဲ့ ရမ်းဗြဲမြို့တွေကို အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ရရှိပြီးနောက်လျှပ်စစ်မီးဖြတ်တောက်ထားအခုအချိန်ထိဖြစ်ပါတယ်။ အခုလို လျှပ်စစ်မီး ရက်ကြာမြင့် စွာပြတ်တောက်နေတာဟာ ဒေသခံပြည်သူတွေရဲ့ စီးပွါးရေးလုပ်ငန်းတွေနဲ့ နေ့စဉ်နေ ထိုင်မှုဘဝတွေကိုပါ ထိခိုက်စေတယ်လို့ ဒေသခံပြည် သူတွေက ပြောကြပါတယ်။

https://rcnanews.com/news_mm/4259/

Coastal News Agency

23 Oct, 11:58


ဂွမြို့ ကြွေချိုင်းအနီးမှာ အာရက္ခတပ်တော် နဲ့ စစ်ကောင်စီတို့တိုက်ပွဲပြင်းထန်နေ

CNA၊ဂူးဂူး။
အောက်တိုဘာ၊ ၂၃ ။

ရခိုင်ပြည်၊ဂွမြို့နယ်အတွင်းက ကြွေချိုင်ကျေးရွာ အနီးမှာ စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော် အေအေ တို့ဟာ တိုက်ပွဲတွေလဆက်လက်ပြင်းထန် နေဆဲ ဖြစ်တယ်လို့ ဒေသ သတင်းအရင်းအမြစ်ကပြောပါတယ်။

အာရက္ခတပ်တော်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့မှာ ဂွမြို့နယ်အတွင်းက ကုလားပြင်ရဲစခန်း နဲ့ ကျိန္တလီမြို့က ကိုင်ခုံစခန်း နဲ့ ဂန့်ကော်တောင် စခန်းတွေ သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်တယ်လို့ အောက်တိုဘာလ ၈ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အံဒီနောက် ကုလားပြင်၊ကိုင်ခုံ နဲ့ ဂန့်ကော်တောင်က ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကြွေချိုင်မှာ ရှိတဲ့ စစ်ကောင်စီတပ်စခန်းမှာ အထိုင်ချပြီး အာရက္ခတပ်တော် အေအေ ရဲ့ထိုးစစ်ကို ပြန်လည် ခုခံတိုက်ခိုက်နေတာလည်းဖြစ်တယ်လို့ ဒေသ သတင်းအရင်းမြစ်ကပြောပါတယ်။

"တိုက်ပွဲကမပြီးသေးဘူး ကြွေချိုင်မှာ ။ဒီနေ့မနက်ပိုင်းအထိတော့နှစ်ဖက်ဖြစ်နေတုန်းရှိသေးတယ်။စစ်ကောင်စီကတော့ နေဗီကလက်နက်ကြီးတွေ နဲ့ ပစ်တာ၊ပြီးတော့ ဇီးကုန်းမှာရှိတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ကူပေးတာ၊လေကြောင်းပစ်ကူတွေလည်း ပေးနေတယ်။စစ်ကောင်စီတပ်တွေဖက် ကတော့ အကျအရှုံးများတယ်။ဒဏ်ရာ ရများတယ်လို့"သူကပြောပါတယ်။

အဲဒီလို စစ်ကောင်စီတပ်တွေက လေကြောင်းတိုက်ခိုက်တာ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် ကြွေချိုင်ကျေးရွာအတွင်းက နေအိမ်တွေ နဲ့ သာသနိက အဆောက်အဦးတွေ ပျက်စီးတာတွေလည်း များစွာရှိနေတယ်လို့ ဒေသ သတင်းအရင်းအမြစ်တွေကပြောပါတယ်။

ဒါအပြင် နှစ်ဖက် တိုက်ပွဲပြင်းထန်နေတဲ့ ကြားက ပိတ်မိနေကြတဲ့ ကြွေချိုင် နဲ့ တိုင်ကျိုးကျေးရွာရဲ့ အနီးဝန်းကျင်က ဒေသခံပြည်သူတွေကို အာရက္ခတပ်တော် က ကယ်ထုတ်ပေးနေတာတွေ ရှိနေတယ်လို့ ဒေသခံ သတင်းအရင်းအမြစ် တွေကပြောပါတယ်။

"ပိတ်မိနေတဲ့ ဒေသခံတွေကိုတော့ အာရက္ခတပ်တော်က ကယ်ထုတ်နေတာတွေ ရှိတယ်။ဒေသခံ တော်တော်များများက ပိတ်မိနေတာများတယ် တိုက်ပွဲ မဖြစ်ခင်က ထွက်မှာကလည်း စစ်ကောင်စီက လွတ်မြောက်နယ်မြေကို ထွက်ခွင့်မပေးပဲ ပိတ်ထားတော့ ပြည်မဘက်ကို ထွက်ဖို့ကလည်းခက်ခဲတယ်။ကားမရှိ ဘာမရှိ နဲ့ဆိုတော့ သက်ကြီးရွယ်အိုတွေကလမ်းလည်းမလျှောက်နိုင်တော့ အိမ်မှာပဲနေကြတာများတယ် အခုတော့ တိုက်ပွဲဖြစ်နေတဲ့ ကြားက အာရက္ခတပ်တော်က ကယ်ထုတ်နေတယ်လို့"ဆိုပါတယ်။

အာရက္ခတပ်တော်အေအေ ဟာ ရခိုင်တကျော့ပြန်တိုက်ပွဲ အတွင်းမှာ ရခိုင်က မြို့ကြီး တွေ ဖြစ်ကြတဲ့ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲမြိုတွေအပြင် ပလက်ဝဒေသကိုပါ အပြီးသတ်သိမ်းပို က်ထားနိုင်ပြီးဖြစ် ပါတယ်။

အဲဒီနောက် သိမ်းပိုက်ဖို့ကျန်ရှိနေသေးတဲ့ မာန်အောင်၊တောင်ကုတ်၊ဂွ၊ကျောက်ဖြူ၊စစ်တွေ နဲ့မောင်တောမြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် အေအေ က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မောင်တောမြို့၊အမ်းမြို့ နဲ့ ကျိန္တလီမြို့နယ်ပတ်ဝန်းကျင်က နေရာ အတော်များများမှာ လည်း နေ့စဉ်တိုက်ပွဲတွေ ဖြစ်ပွါးနေတာရှိသလို တောင်ကုတ်မြို့ပတ်ဝန်းကျင်မှာလည်း တိုက်ပွဲတွေဟာ ရံဖန်ရံ ခါဖြစ်ပွားတာတွေ ရှိတယ်လို့ အာရက္ခတပ်တော် က သတင်းထုတ်ပြန်ပြောဆိုထားပါတယ်။

ပုံ၊ဂွမြို့ ကုလားပြင်ကျေးရွာ အတွင်းမှာ စစ်ကောင်စီပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုမြင်တွေ့ရစဉ်.။

https://rcnanews.com/news_mm/idps/4255/

Coastal News Agency

23 Oct, 09:21


KIA ဖမ်းဆီးထားတဲ့ Red News Agency သတင်းထောက် ၂ ဦးကို ပြန်လွတ်ပေးဖို့ တောင်းဆို
CNA၊အောက်တိုဘာ၊၂၃ ။
Red News Agency သတင်းဌာနရဲ့ ဖားကန့်သတင်းထောက်တွေ ဖြစ်ကြတဲ့ ကိုတာလင်းမောင် နဲ့ ကိုနောင်ရိုးတို့ကို KIA အနေ နဲ့ ပြန်လွတ်ပေးဖို့ကို Red News Agency သတင်းဌာနက သတင်းထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
Red News Agency သတင်းထောက်ကိုတာလင်းမောင် နဲ့ Red News Agency သတင်းဌာနရဲ့အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးတို့နှစ်ဦးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။
Red News Agency သတင်းထောက် ကိုတာလင်းမောင် ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စက်တင်ဘာလ ၂၉ ရက်နေ့မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး Red News Agency သတင်းဌာနရဲ့အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးကိုတော့ စက်တင်ဘာလ ၃၀ ရက်နေ့မှာ KIA ကလာရောက်ဖမ်းဆီးသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ကိုတာမောင်လင်းမှာ CDM ပြုလုပ်ထားသူ တစ်ဦးဖြစ်သလို ကိုနောင်ရိုးဟာလည်း စစ်ကောင်စီရဲ့ ဖမ်းဆီးထောင်ချတာကို ခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသူ နိုင်ငံရေး အကျဥ်းသားဟောင်းတစ်ဦးဖြစ်တယ်လို့သိရပါတယ်။
သူတို့နှစ်ဦးဟာ ပြည်သူလူထုအတွက် ဒေသအတွင်းက သတင်းမှန်တွေကိုရေးသားနေသူတွေဖြစ်တာကြောင့် KIA အနေ နဲ့ Red News Agency သတင်းဌာနရဲ့ သတင်းထောက် ၂ ဦးကို အမြန်ဆုံးပြန်လွတ်ပေးစေချင်တယ်လို့ တောင်းဆိုထားပါတယ်။
အဲဒါတွေအပြင် လက်ရှိ KIA အနေ နဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကြိုပမ်းနေချိန်ကာလမှာ သတင်းလွတ်လပ်ခွင့်ကို အလေးအနက်ထားပေးဖို့ လိုအပ်တယ်လို့လည်းတိုက်တွန်းပြောဆိုထားပါတယ်။
https://rcnanews.com/news_mm/4250/

Coastal News Agency

23 Oct, 07:03


ဘူးသီးတောင်မြို့နယ် အတွင်းက ARSA အစွန်းရောက် အကြမ်းဖက်လက်နက်ကိုင်တပ်စခန်း ၄ခု ကို အေအေ သိမ်းပိုက်

CAN ၊မြတ်သူ။
အောက်တိုဘာ၊၂၃ ။

ဘူးသီးတောင်မြို့ ခရုချောင်း(မွတ်ဆလင်ကျေး)ရွာ အနောက်မြောက်ဘက် (၆.၂) ကီလိုမီတာအကွာအဝေးမှာ ရှိတဲ့ တောင်တန်းမှာ အခိုင်အမာ တည်ဆောက်ထားတဲ့ ARSA အစွန်းရောက် အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့တွေ ရဲ့ တပ်စခန်းကို ၄ ခုကို အာရက္ခ တပ်တော် က သိမ်းပိုက်နိုင်ခဲ့တယ်လို့ အောက်တိုဘာလ ၂၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပြောဆိုလာပါတယ်။

ထုတ်ပြန်ချက်ထဲမှာ”အာရက္ခတပ်တော် မောင်တော နဲ့ဘူးသီးတောင်မြို့ပတ်ဝန်းကျင်တွေက ARSA ၊ RSO ၊ ARA အစွန်းရောက် အကြမ်း ဖက် လက်နက်ကိုင်တပ်ဖွဲဝင်တွေ ခိုအောင်းနိုင်တဲ့ နေရာတွေ နဲ့ စစ်ကောင်စီက သင်တန်းပေးထားပြီးလက်နက်တပ်ဆင်ပေး ထားတဲ့ မွတ်ဆလင်လက်နက်ကိုင် တချို့ကို လိုက်လံရှင်းလင်းတာတွေ ရှိပြီး ဒီရက်ပိုင်းတွေမှာ အာရက္ခတပ်တော် နဲ့ ARSA အစွန်း ရောက် အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲဝင်တွေ နဲ့ ဘူးသီးတောင်မြိုနယ်၊ ခရုချောင်း (မူဆလင်) ကျေးရွာရဲ့ အနောက်မြောက်ဘက် (၆.၂) ကီလိုမီတာအကွာအဝေးမှာ ရှိတဲ့ တောင်တန်းမှာ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ်က စတင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် အဲဒီ ပတ်ဝန်းကျင်တွေမှာ နှစ်ဖက် ထိတွေ့တိုက်ပွဲ (၅) ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး ARSA အစွန်းရောက် အကြမ်းဖက်လ က်နက်ကိုင်တပ်ဖွဲဝင်တွေ အခိုင်အမာစခန်းချနေထိုင်ခဲ့တဲ့ နေရာ (၄) နေရာ နဲ့ အကြမ်းဖက် စစ်ကောင်စီက တပ်ဆင်ပေးထားတဲ့ လက်နက်ခဲယမ်းတွေ အပြင် အစွန်းရောက်အကြမ်း ဖက်လက်နက် ကိုင်တပ်ဖွဲ့ဝင်တွေ ရဲ့ အလောင်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလိုပဲ အောက်တိုဘာလ (၂၂) ရက်၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ်ခန့်အချိန်မှာလည်း မောင်တောမြိုနယ်၊ ဂြင်းတောစခန်းရဲ့ အရှေ့ဖက် (၃.၇) ကီလို မီတာအကွာမှာလည်း ထွက်ပြေးနေတဲ့ ARSA အစွန်းရောက် အကြမ်းဖက်လက် နက်ကိုင် တပ်ဖွဲဝင်တွေ နဲ့ အာရက္ခတပ်တော် တို့ဟာ မိနစ်အနည်း ငယ်ခန့်ကြာတဲ့ အထိ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာတွေ ရှိတယ်လို့ ဆိုပါတယ်။

အကြမ်းဖက် လက်နက်ကိုင်အဖွဲ့တွေ ဖြစ်ကြတဲ့ ARSA၊ RSO၊ ARAအစွန်းရောက်အကြမ်းဖက် လက်နက်ကိုင်တပ်ဖွဲဝင်တွေဟာ မောင်တော နဲ့ ဘူးသီးတောင်မြို့တွေက တောထူထပ်တဲ့တောင်တန်းတွေမှာ တပ်စခန်းတွေကို အခိုင်အမာတည်ဆောက်ပြီးတော့ ခိုအောင်းနေတာတွေလည်း ရှိနေပြီးအရပ်သားပြည်သူလူထုတွေကို လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားတာ၊ အကြမ်းဖက် သတ်ဖြတ်သွားတာ၊ ပြန်ပေးဆွဲတာ၊ ငွေညှစ်တာ တွေကို ဆက်တိုက်ကျုးလွန်နေတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အဲဒီလို တောတောင်ထူထပ်တဲ့ နေရာတွေမှာ ဗဟိုပြုထားတဲ့ ARSA၊ RSO၊ ARA အစွန်းရောက် အကြမ်းဖက် လက်နက်ကိုင်တပ်ဖွဲဝင် တွေ နဲ့ စစ်ကောင်စီတပ်ဖွဲတွေဟာ တချို့နေရာတွေမှာ ပူတွဲကာ အာရက္ခတပ်တော်ကို လာရောက်တိုက်ခိုက်တာတွေကိုလည်း လုပ်ဆောင်တာတွေ ရှိတယ်လို့ဆိုပါတယ်။

အဲဒီလိုလုပ်ရပ်တွေကြောင့် အစွန်းရောက် အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့တွေ့ ရဲ့ အကြမ်းဖက်အန္တရာယ်ဟာ အာရက္ခဒေသ အတွင်းမှာဖြစ်ပွါးနေတာမဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်-အာရက္ခ နယ်စပ် နှစ်ဖက်တွင်နေထိုင်ကြတဲ့ အရပ်သားပြည်သူ လူထုတွေအတွက်ပါ များစွာစိုးရိမ်စရာ ကောင်းနေပြီး ဒါဟာဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ပြည်သူ့လုံခြုံရေးစတဲ့ စိန်ခေါ်မှု အသစ်တစ်ရပ် အနေ နဲ့ ဖြစ်လာနေတယ်လို့ လည်းဆိုပါတယ်။

https://rcnanews.com/news_mm/4243/

Coastal News Agency

23 Oct, 06:13


မင်းပြားကရေဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အကူအညီလိုအပ်နေ
CNA၊ဓာတ်ပုံသတင်း။
အောက်တိုဘာ၊ ၂၃ ။
ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်းက ရေဘေးဒဏ်ကိုခံစားခဲ့ရတဲ့ မင်းပြားမြို့ ဖုံသာချောင်းအနီးက ကျေးရွာ ၁၃ ရွာက ရေဘေးသင့်ပြည်သူတွေကို စိတ္တရလူငယ်အသင်းက ဦးဆောင်ကာ စားနပ်ရိက္ခာနဲ့ ထောက်ပံ့ပစ္စည်းတွေကို လှူဒါန်းပေးခဲ့ပြီး ရေဘေးသင့်ပြည်သူတွေ အနေ နဲ့ ပြန်လည်ထူထောင်ရေးအတွက် အထောက်အပံ့တွေလိုအပ်နေဆဲဖြစ်တယ်လို့ဆိုပါတယ်။

မင်း​ပြားမြို့ ဖုံသာချောင်းအနီးက ကျေးမကြီး၊ကြွီချောင်း၊ပြင်ဝ၊သရက်အုပ်၊င/လင်ကြီး၊နတ်ထောက် (ရွာသစ်/ရွာဟောင်း)၊အောက်ခချီး(အထက်/အောက်)ကျေးမကြီး၊ကိုင်းကြီး၊ကျေးမချေ နဲ့ ရွာသာယာ စတဲ့ ကျေးရွာတွေဟာ ရေဘေးဒဏ်ကို ခံခဲ့ရသလို နေအိမ်တွေလည်း ပျက်စီးသွားခဲ့ရပြီး လက်ရှိအချိန်ထိ နေအိမ်တွေပျက်စီးသွားခဲ့ရတဲ့ ဒေသခံတွေဟာ ပြန်လည်ထူထောင်ရေး နဲ့ နေအိမ်ဆောက်လုပ်လှူဒါန်းရေးတွေအတွက် ငွေကြေးအထောက်အပံ့တွေများစွာလိုအပ်နေသေးတာလည်းဖြစ်ပါတယ်။

စိတ္တရလူငယ်အသင်းတာဝန်ရှိသူက"ရေဘေးသင့်ပြည်သူတွေထဲမှာ အမုိးအကာအောက်ကို မရောက်သေးတဲ့ သူတွေ အများကြီးရှိနေသေးတယ်။အလှူငွေ အထောက်အပံ့တွေပေးဖို့လိုအပ်နေသေးတယ်။ ကျနော်တို့တွေလည်း အတတ်နိုင်ဆုံးတော့ကူညီပေးနေတယ်လို့ "သူကပြောပါတယ်။

မင်းပြားမြို့နယ်ဟာ အာရက္ခတပ်တော်က စစ်ကောင်စီလက်ထဲကနေပြီးတော့ အပြီးသတ်သိမ်းပိုက်ရရှိထားပြီး အာရက္ခတပ်တော် ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ မြို့နယ် တစ်ခုလည်းဖြစ်ပါတယ်။

https://rcnanews.com/news_mm/natural-disaster_mm/4232/

Coastal News Agency

23 Oct, 02:54


ရခိုင်ကမြို့နယ် ၄ ခုမှာ စစ်ကောင်စီ နဲ့ အာရက္ခတပ်တော်တို့ တိုက်ပွဲဖြစ်နေ

CNA ၊ မြတ်သူ။
အောက်တိုဘာ၊ ၂၃ ။

ရခိုင်ကမြို့နယ် မောင်တော၊အမ်း၊ကျိန္တလီမြို့ နဲ့ တောင်ကုတ်မြို့နယ်တွေမှာစစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော်တို့ဟာ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေဆဲဖြစ်ပါတယ်။

အဲဒီ မြို့နယ် ၄ ခုထဲက မောင်တောမြို့၊အမ်းမြို့ နဲ့ ကျိန္တလီမြို့နယ်ပတ်ဝန်းကျင်က နေရာ အတော်များများမှာ စစ်ကောင်စီ နဲ့ အာရက္ခတပ်တော်တို့ဟာ နေ့စဉ်တိုက်ပွဲဖြစ်ပွါးနေတာရှိပြီး တောင်ကုတ်မြို့ပတ်ဝန်းကျင်မှာလည်း တိုက်ပွဲတွေဟာ ရံဖန်ရံ ခါဖြစ်ပွားတာတွေ ရှိတယ်လို့ ဆိုပါတယ်။

အာရက္ခတပ်တော်အေအေ ဟာ ရခိုင်တကျော့ပြန်တိုက်ပွဲ အတွင်းမှာ ရခိုင်က မြို့ကြီး တွေ ဖြစ်ကြတဲ့ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲမြိုတွေအပြင် ပလက်ဝဒေသကိုပါ အပြီးသတ်သိမ်းပို က်ထားနိုင်ပြီးဖြစ် ပါတယ်။
အဲဒီထဲက သိမ်းပိုက်ဖို့ ကျန်ရှိနေသေးတဲ့ ရခိုင်မြို့နယ်တွေထဲက မောင်တော၊စစ်တွေ၊ဂွ၊ကျောက်ဖြူ၊တောင်ကုတ်၊အမ်း နဲ့ မာန်အောင်မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ဖို့အတွက် အာရက္ခတပ်တော်က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကိုလုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အာရက္ခတပ်တော်က သိမ်းပိုက်ထားတဲ့ မြို့တွေထဲက ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့တွေကိုလည်း စစ်တွေမြို့မှာ ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်စခန်းတွေက လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိနေတာကြောင့် အရပ်သား ပြည်သူ ထိခိုက်သေဆုံးမှုတွေလည်းနေ့ စဉ်ရှိနေတယ်လို့ အာရက္ခတပ်တော် ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒါတွေ အပြင် ကျိန္တလီ၊ ကမ်းသာယာမြို့တွေက တိုက်ပွဲဖြစ်ပွားရာနေရာတွေ မဟုတ်ပဲ အရပ်သားပြည်သူတွေ နေထိုင်ရာနေရာတွေ လက်နက်ကြီး နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိနေတယ်လို့ လည်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒါတွေ အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း အမ်း နဲ့ မောင်တောမြို့နယ်တွေက လူနေရပ်ကွက်တွေကို စစ်ကောင်စီက လေကြောင်းက နေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးဒဏ်ရာရတာတွေ များစွာရှိသလို ရခိုင်ပင်လယ်ပြင်တွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ စစ်သင်္ဘောကြီးတွေက လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက် တာတွေ ကို လုပ်ဆောင်ခဲ့တာကြောင့် ဂွမြို့နယ်အတွင်းက ကျေးရွာတွေကို လက်နက်ကြီးကျရောက်ပေါက်ကွဲကာ အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေလည်း ရှိခဲ့ရပါတယ်။
https://rcnanews.com/news_mm/4222/

Coastal News Agency

21 Oct, 10:26


ဘင်္ဂလားပင်လယ် အရှေ့အလယ်ပိုင်းက လေဖိအားရပ်ဝန်းဟာ အား​​ကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ပြောင်းလာနိုင်

CNA၊မိုးလေဝသ။
အောက်တိုဘာ၊၂၁။

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့လေဖိအားနည်းရပ်ဝန်းဟာ အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး တော့ နောက် ၃ ရက်အတွင်းမှာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ပြောင်းလဲ လာနိုင်တယ်လို့ ဒီနေ့ အောက်တိုဘာ ၂၁ ရက်နေ့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်ထဲမှာ"လက်ရှိဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အောက်တိုဘာ ၂၂ ရက် ညနေပိုင်းမှာ မုန်တိုင်းငယ်(DEEP DEPRESSION-DD)အဖြစ်ကို ပြောင်းလာနိုင်ပြီး အောက်တိုဘာ ၂၃ ရက် မနက်ပိုင်းမှာတော့ ဆိုင်ကလုန်းမုန်တိုင်း(CYCLONIC STORM-CS)"DANA" အဖြစ်ကို ရောက်လာနိုင်ပြီး အောက်တိုဘာ ၂၄ ရက် မနက်ပိုင်းမှာတော့ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(SEVERE CYCLONIC STORM - SCS)အဖြစ်ကို ရောက်လာနိုင်တယ်လို့ " ဖော်ပြထားပါတယ်။

အဲဒီနောက် မုန်တိုင်းဟာ အောက်တိုဘာ ၂၄ ရက် ညပိုင်း နဲ့ အောက်တိုဘာ ၂၅ ရက် မနက်ပိုင်းတွေအိန္ဒိယနိုင်ငံ ဩရိသပြည်နယ်နဲ့ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေများဆီကို ဦးတည်ရွေ့လျားပြီး အဲဒီနေရာတွေကို ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ ဆိုထားပါတယ်။

အဲဒီမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံအတွင်းက မန္တလေးတိုင်းတောင်ပိုင်း (မန္တလေးမြို့အောက်ဘက်)၊ နေပြည်တော်၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်တောင်ပိုင်း၊ ပဲခူးတိုင်းအနောက်ခြမ်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန် ပြည်နယ်၊ ကရင်ပြည်နယ် နဲ့ တနင်္သာရီတိုင်းတောင်ပိုင်း(ထားဝယ်မြို့အောက်ဘက်) ဒေသများတွင် မိုးများနိုင်တယ်လို့ ဆိုထားပါတယ်။

အဲဒီနောက် မြေပြင်လေတိုက်နှုန်း တနာရီ မိုင် ၂၀ မှ မိုင် ၃၀ အထိ ရှိနိုင်ကြောင်း၊ပင်လယ်ပြင်မှာတော့ တနာရီ မိုင် ၄၀ ခန့်အထိ တိုက်နိုင်ကြောင်း၊ကမ်းနီးပင်လယ်ပြင်မှာ လှိုင်းအမြင့် ၆ ပေ မှ ၁၀ ပေအထိရှိနိုင်တယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

https://rcnanews.com/news_mm/natural-disaster_mm/4131/

Coastal News Agency

21 Oct, 06:26


မောင်တောက ဖားဝပ်ချောင်းရွာကို စစ်ကောင်စီ လေကြောင်းဗုံးကြဲလို့ အရပ်သား ၅ ဦးသေ ၁၀ကျော်ဒဏ်ရာရ

CNA၊သျှင်မင်း။
အောက်တိုဘာ၊၂၁ ။
ဒီနေ့အောက်တိုဘာလ ၂၁ ရက်နေ့ မနက် ၂ နာရီဝန်းကျင်လောက်က မောင်တောမြို့ ဖားဝပ်ချောင်းကျေးရွာ ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးနဲ့လေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၅ ဦးသေဆုံးခဲ့ ရပြီး ၁၀ ဦးထက်မနည်းတဲ့ ပြည်သူတွေဟာလည်းဒဏ်ရာ ရရှိခဲ့ရပါတယ်။

သေဆုံးသူ ၅ ဦးထဲမှာ အမျိုးသမီး ၃ ဦး နဲ့ အမျိုးသား ၂ ဦးပါဝင်ပြီး ဒဏ်ရာရသူတွေထဲမှာလည်း ခလေးငယ် အပါအဝင် အမျိုးသားအမျိုးသမီး ၁၀ ကျော်ရှိနေတယ်လို့ ဒေသသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

“သေတာက ၅ ယောက်ပါ အမျိုးသမီး ၃ ယောက် အမျိုးသား ၂ယောက်ပါ ၃ ဦးကတော့ ပွဲချင်းပြီးသေတာ နောက် ၂ယောက်ကတော့ဆေးရုံမှာသေတာ ဒဏ်ရာ ရတာကတော့ ၁၃ ယောက်ပါ။အခုကတော့ ဆေးရုံ မှာဆေးကု သနေ တယ်ဒဏ်ရာရတဲ့သူတွေကို။လူမည်စာရင်းတွေကတော့ ကျနော်တို့ စီစစ်နေတုန်းဖြစ်တယ်။ဒေသခံတွေချည်းမဟုတ်ပါဘူး အဲဒီရွာမှာ စစ်ဘေးလာရှောင်နေတဲ့ သူတွေလည်း ပါတယ်လို့”သူကပြောပါတယ်။

သေဆုံးသူ ၅ ဦးထဲက အသက် ၅၈ နှစ်အရွယ် ဒေါ်လှလှအေး ၊အသက် ၂၆ နှစ်အရွယ် မသီတာ နဲ့ အသက် ၂၉ နှစ် အရွယ် ကိုနေဇော်ဦးတို့မှာ နေရာမှာပြီးချင်းပြီးသေဆုံးခဲ့ရပြီး အသက် ၂၀ အရွယ် ကိုမောင်မောင်သိန်း နဲ့ အသက် ၂၆ နှစ်အရွယ် မအေးအေးအောင် တို့မှာ ဆေးရုံမှာ ဆေးကုသခံရင်းသေဆုံးခဲ့ရတာ ဖြစ်တယ်လို့ ဒေသ သတင်းအရင်းအမြစ်က ဆိုပါတယ်။

ဒီရက်ပိုင်းအတွင်းမှာ စစ်ကောင်စီလက်ကျန်တပ်တွေ နဲ့ အာရက္ခတပ်တော် တို့ရဲ့ မြေပြင်ထိတွေ့ တိုက်ပွဲ ဖြစ်ပွါးမှုအခြေအနေဟာ ငြိမ်သက်နေပေမယ့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ မကြာခဏဆိုသလို လုပ်ဆောင်နေတာကြောင့် မောင်တောမြို့နယ် အတွင်းမှာ အရပ်သားသေဆုံးထိခိုက်မှုဟာ နေ့စဉ်မြင့်တက်နေ ရသလို ပြည်သူပိုင်အဆောက်အဦးတွေ နဲ့ သာသနိက အဆောက်အဦးတွေဟာလည်း နေ့စဉ် ပျက်စီး နေရတယ်လို့ ဒေသ သတင်း အရင်းမြစ်ကဆိုပါတယ်။

“မောင်တောမှာက ဒီရက်ပိုင်းမြေပြင်တိုက်ပွဲ ဖြစ်တာ နည်းတယ်။စစ်ကောင်စီကတော့ လေကြောင်းတိုက်ခိုက်တာကို ဆက်တိုက်လုပ်နေတယ် အခုဒီရွာဆိုရင်လည်းတိုက်ပွဲဖြစ်နေလို့ ကြဲတာမဟုတ်ဘူး ။ပြီးတော့ ပြီးခဲ့တဲ့ရက်က ကြဲခဲ့တဲ့ ဒုညောင်ပင်ကြီး(မွတ်ဆလင်ရွာ)ဆိုရင်လည်း တိုက်ပွဲ ရှိလို့ကြဲခဲ့တာ မဟုတ်ဘူး တမင်ရည်ရွယ်ချက် ရှိရှိနဲံ ပြည်သူတွေ နေထိုင်တဲ့ နေရာတွေကို လိုက်ကြဲနေတာ ဖြစ်တယ်လို့”သူကပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်ကလည်း တိုက်ပွဲ ဖြစ်ပွါးတာမရှိခဲ့တဲ့ မောင်တောမြို့နယ်အတွင်းက ဒုညောင်ပင်ကြီး (မွတ်ဆလင်) ကျေးရွာကိုစစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မွတ်ဆလင် ၅ ဦးဟာ ဗုံးစထိမှန်ကာ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့တာ ရှိခဲ့ရပါတယ်။

မောင်တောမြို့တစ်ခုလုံးကို အာရက္ခတပ်တော် အနေ နဲ့ အပြီးသတ်သိမ်းပိုက်နိုင်ဖို့အတွက် စစ်ကောင်စီ တပ်စခန်း တစ်ခုဖြစ်တဲ့ နခခ ၅ တပ်ရင်းတစ်ခုသာ ကျန်ရှိတော့တဲ့ မြို့နယ် တစ်ခုလည်း ဖြစ်ပါတယ်။

ပုံ၊စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့တဲ့ ဖားဝပ်ချောင်ကျေးရွာမြင်ကွင်း။APM

https://rcnanews.com/news_mm/4126/

Coastal News Agency

21 Oct, 03:05


ရမ်းဗြဲမှာ စစ်ကျန်လက်နက်ပေါက်ကွဲလို့ လူငယ် ၂ဦးသေဆုံး
(မိုင်းရှင်လင်းရေး နဲ့ အသိပညာပေးလုပ်ငန်းလုပ်ကိုင်ပေးဖို့လိုအပ်နေ)

CNA ၊ ကောင်းဆက်။
အောက်တိုဘာ၊၂၁။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့ က ရမ်းဗြဲမြို့နယ်အတွင်းမှာ စစ်ကျန်လက်နက်ပေါက်ကွဲလို့ ရမ်းဗြဲဒေသခံ လူငယ် ၂ ဦးသေဆုံးခဲ့ရပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသွားတဲ့ သူတွေကတော့ ရမ်းဗြဲမြို့ကင်းတဲရပ်ကွက်က အသက် ၁၆ နှစ်အရွယ် မောင်ဖြိုးဝေစိုး နဲ့ ရမ်းဗြဲမြို့ အောင်ဆိပ်ရပ်ကွက်က အသက် ၁၇ နှစ်အရွယ် မောင်ကောင်းခန့်ပိုင်တို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

အဲဒီလိုသေဆုံးသွားတဲ့ မောင်ဖြိုးဝေစိုး နဲ့ မောင်ကောင်းခန့်ပိုင်းအပါအဝင် သူငယ်ချင်း ၇ ယောက်ဟာ အောက်တို ဘာလ ၁၈ ရက်နေ့ညမှာ ရမ်းဗြဲမြို့ပေါ်မှာ ရှိတဲ့ အင်းတောင်တံတားပေါ်မှာ သောက်စားနေရာကနေ အဲဒီစစ်ကျန်ဗုံးသီးကို ယူဆောင်လာပြီး ထုလိုက်ရာကနေ ပေါက်ကွဲပြီး အခုလိုဒဏ်ရာရ သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ ရမ်းဗြဲဒေသခံ တစ်ဦးက ပြောပါတယ်။

“သူတို့သူငယ်ချင်းတစ်ဖွဲ့ အဲဒီတံတားပေါ်မှာ သောက်စားကြတယ်လို့ သိရတယ်။ အဲဒီအချိန်မှာ အဲဒီဗုံးသီးကို တွေ့တော့ သူတို့ထဲက တစ်ယောက်က ကောက်လာတယ်လို့ သိရတယ်။အဲဒါက မပေါက်ကွဲပဲကျန်နေသေးတော့ ပေါက်တယ် မပေါက်ဘူး ငြင်းခုန်ရာကနေပြီးတော့ တစ်ယောက်က အဲတာကို ကျောက်ခဲနဲ့ သွားထုတယ်လို့ ပြောတယ် အဲဒီအချိန်မှာ ပေါက်ကွဲသွားတာလို့”သူကပြောပါတယ်။

လက်ရှိ ဒဏ်ရာရရှိသူ ၅ ဦးကိုတော့ ဆေးကုသမှုတွေလုပ်ဆောင်ပေးနေတယ်လို့လည်းဆိုပါတယ်။
ရမ်းဗြဲမြို့နယ် အတွင်းမှာ ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့ကလည်း ရမ်းဗြဲမြို့ အမှတ်(၆) ညောင်ပင်လှရပ်ကွက်မှာ စစ်ကျန် ဗုံးသီးတစ်လုံကို တွေရှိပြီး ပစ်ပေါက်ရာကနေပေါက်ကွဲလို့ ကလေးသုံးဦးအပါအဝင် မိသားစုဝင် ငါးဦး ဒဏ်ရာရ သွားခဲ့တာ ရှိခဲ့ပါတယ်။

ဒေသခံတွေကြားမှာ အခုလို ဖြစ်ရပ်တွေ ကြုံတွေ့နေရတာကြောင့် စစ်ကျန်လက်နက် နဲ့ မိုင်းအန္တရာယ် အသိပညာပေး လုပ်ငန်းတွေကို လူမှု အဖွဲ့အစည်းဒါမှ မဟုတ် သက်ဆိုင်ရာတာဝန်ရှိသူတွေကို အသိပညာပေး ဟောပြောမှုတွေ လုပ်ဆောင်ပေးဖို့အတွက် အထူးလိုအပ်နေတယ်လို့ ရမ်းဗြဲဒေသခံ တစ်ဦးက တောင်းဆိုပါတယ်။

“မိုင်းရှင်းလင်းရေးလုပ်တာ မလုပ်တာထက် စစ်ကျန်လက်နက်တွေ့ ရင် ဘာမလုပ်သင့်ဘူးဆိုတာကို အခုကအသိပညာပေး ဖို့လိုနေတာပေါ့ ဘာဖြစ်လို့လည်းဆိုတော့ အခုပြည်သူတွေက အဲဒါတွေ နဲ့ မရင်းနှီးဖြစ်နေတဲ့ အခါ စမ်းသပ်လိုစိတ် ငြင်းခုန်လိုစိတ်တွေ ဖြစ်နေကြတယ်။မေလတုန်းက ဖြစ်တာလည်း ကလေးက အဲဒီ ဗုံးသီးကို ကစားစရာမှတ်ပြီး ယူလာတယ် ပြီးတော့ ပစ်ပေါက်တယ် အဲဒီကနေပေါက်ကွဲတယ်။အခုဟာကလည်း မပေါက်ဘူးပေါက်တယ် ငြင်းတယ် စမ်းသပ်တယ် အဲဒီကနေဖြစ်တယ်ဆိုတော့ ဒီကိစ္စကို သူတို့ ကောင်းကောင်းနားမလည်လို့ အခုလို ဖြစ်နေရတာ ဒါကို အသ်ပညာပေးမှု ကောင်းကောင်းလုပ်ပေးဖို့ လိုတယ်လို့”ဆိုပါတယ်။

ရမ်းဗြဲမြို့နယ် အတွင်းမှာ စစ်ကောင်စီ နဲ့ အာရက္ခတပ်တော်တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့ ကပင်တိုက်ပွဲ စတင်ဖြစ်ပွါးခဲ့နောက် ရက်ပေါင်း ၈၅ ရက်ကြာ တိုက်ပွဲ ဖြစ်ပွါးခဲ့ပြီးနောက်မှာ ရမ်းဗြဲတစ်မြို့လုံးကို အာရက္ခတပ်တော်က အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

ပုံ၊ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့ကစစ်ကျန်ဗုံးသီးကို ပစ်ပေါက်ရာကနေ ပေါက်ကွဲပြီး ဒဏ်ရာ ရရှိခဲ့တဲ့ ရမ်းဗြဲမြို့ အမှတ်(၆) ညောင်ပင်လှရပ်ကွက်က ဒေသခံများ။MPA
https://rcnanews.com/news_mm/danger-mine_mm/4123/

Coastal News Agency

19 Oct, 09:25


ရခိုင်က ဖုန်းလိုင်းပြတ်တောက်နေတဲ့ မြို့တွေ ဖုန်းလိုင်းတချို့ပြန်ရ

CNA၊မြတ်သူ။
အောက်တိုဘာ၊၁၉။

ရခိုင်က ဖုန်းလိုင်းပြတ်တောက်နေတဲ့ မြို့တွေမှာ မနေ့ညမေကတည်းကစတင်ပြီးတော့ ဖုန်းလိုင်း တချို့ပြန်ရနေပြီးဖြစ်တယ်လို့ ဒေသသတင်းအရင်အမြစ်တွေကပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့မှာတော့ ရခိုင်တောင်ပိုင်းက မာန်အောင်၊တောင်ကုတ်၊ကျောက်ဖြူ ၊ရမ်းဗြဲ နဲ့ အမ်းမြို့တွေ အပါအဝင် ရခိုင်တစ်ပြည်လုံးကို စစ်ကောင်စီက ဖုန်းလိုင်းအင်တာနက်လိုင်းတွေ ဖြတ်တောက်ခံလိုက်ရပါတယ်။

အဲဒီလို လိုင်းတွေဖြတ်တောက်ခံလိုက်ရပြီးတဲ့နောက်မှာတော့မနေ့က ညနေမှာတော့ ဖုန်းလိုင်းတွေ ပြန်လည်ရရှိလာခဲ့တယ်လို့ မာန်အောင်ဒေသခံ တစ်ဦးက ပြောပါတယ်။

"ဖုန်းလိုင်းကတော့ ရပြီ နယ်ဘက်တွေကတော့ အင်တာနက်လိုင်းမရသေးဘူး ဖုန်းလိုင်းကလည်း MPT တစ်ခုတည်းပဲ ရသေးတာဖြစ်တယ်။မြို့မှာတော့ အင်တာနက် နည်းနည်းရနေပြီလို့"သူကပြောပါတယ်။

ရခိုင်မှာတကျော့ပြန်တိုက်ပွဲစတင်ချိန်ကတည်းကပင် ရခိုင်က မြို့နယ်အများစုကို ဖုန်းလိုင်းအင်တာနက်လိုင်းတွေကို ဖြတ်တောက်တာတွေ ရှိခဲ့ပေမယ့်ရခိုင်တောင်ပိုင်းက မြို့တွေ ဖြစ်ကြတဲ့ တောင်ကုတ်၊မာန်အောင်၊အမ်း၊ရမ်းဗြဲမြို့နယ် နဲ့ ကျောက်ဖြူမြို့နယ်တွေကိုတော့ အခုလို ဖုန်းလိုင်းအင်တာနက်လိုင်း ဖြတ်တောက်ခဲ့တာတွေတော့ မရှိခဲ့ပါဘူး။

ဒါပေမယ့် ရခိုင်တောင်ပိုင်းက ဂွမြို့နယ်အတွင်း မှာ အာရက္ခတပ်တော် နဲ့ စစ်ကောင်စီတို့ နှစ်ဖက်တိုက်ပွဲပြင်းထန်လာချိန်မှာတော့ အခုလို ဖုန်းလိုင်း အင်တာနက်လိုင်းတွေစတင် ​ပြတ်တောက်လာခဲ့တာလည်းဖြစ်ပါတယ်။

"အရင်တုန်းကတော့ အခုလို လုံးဝကြီးပြတ်သွားခဲ့တာတော့မရှိခဲ့ဘူး။သံတွဲ တိုက်ပွဲပြင်းနေချိန်မှာတောင် ဖုန်းလိုင်းရော အင်တာနက်လိုင်းရော ရတယ်။အခုက ဘာဖြစ်လို့ ဖြတ်လိုက်တာလဲ ဆိုတာကိုတော့ ကျနော်တို့လည်းမသိဘူး။ စိုးရိမ်စိတ်တော့တော်တော်ဖြစ်သွားတယ်ကျနော်တို့ သတင်းအမှောင်ချပြီလားဆိုပြီးတော့ပေါ့လို့"သူကပြောပါတယ်။

အဲဒီလိုဖုန်းလိုင်း အင်တာနက်လိုင်းတွေ ဖြတ်တောက်လိုက်ချိန်မှာပဲ ဒေသအတွင်းမှာ ကောလဟလသတင်းတွေထွက်ပေါ်တာတွေများစွာရှိခဲ့ပြီး ဒေသခံပြည်သူတွေ အနေ နဲ့လည်းစိုးရိမ်ကြောက်လန့်မှုတွေလည်း များစွာရှိခဲ့ကြရတယ်လို့ ဒေသခံတွေကဆိုပါတယ်။

လက်ရှိမှာလည်း ဖုန်းလိုင်းသာ ရရှိသေးပြီး အင်တာနက်လိုင်းတွေ မရရှိသေးတာ​ကြောင့် သတင်းအချက်အလက်သိရှိမှုနည်းပါးနေရသလို စီးပွားရေးလုပ်ငန်းတွေ အတွက် ငွေလွဲငွေပို့ လုပ်ငန်းတွေမှာလည်း အခက်အခဲတွေ နဲ့ ရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ https://rcnanews.com/uncategorized_mm/4119/

Coastal News Agency

19 Oct, 02:47


ဂွမြို့နယ်အတွင်းမှာ စစ်ကောင်စီကဒရုန်းလက်နက်ကြီးတွေ နဲ့ ပစ်ခတ်လို့ အရပ်သား ၃ ဦးသေ ၅ ဦးဒဏ်ရာရ

CNA ၊ မြတ်သူ။
အောက်တိုဘာ၊ ၁၉။

ပြီးခဲ့တဲ့အောက်တိုဘာလ ၁၅ ရက်နေ့က ဂွမြို့နယ် အတွင်းက ဒယ်ဘုတ်ကျေးရွာကို စစ်ကောင်စီက ဒရုန်း၊လက်နက်ကြီး တွေ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အရပ်သား ၃ ဦးသေဆုံးခဲ့ရပြီး ၅ ဦးဟာလည်း အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ ရတယ်လို့ ဒေသသတင်းအရင်းမြစ်တွေကပြောပါတယ်။

စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ဟာ ပြီးခဲ့တဲ့အောက်တိုဘာလ ၁၅ ရက်နေ့က အဲဒီ ဒယ်ဘုတ်ကျေးရွာ အနီးမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့တာ အနည်းငယ်ရှိခဲ့ပြီးနောက် စစ်ကောင်စီက ညအချိန်မှာ ဒေသခံ ပြည်သူတွေ နေထိုင်ရာနေရာကို အခုလို လက်နက်ကြီးတွေ နဲ့ပစ်ခတ်တာ ဒရုန်းတွေ နဲ့ တိုက်ခိုက်တာ ကို လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဒေသ သတင်းအရင်းမြစ်ကပြောပါတယ်။

“အဲဒီနေ့ က ဒယ်ဘုတ်ကျေးရွာ အနားမှာတော့ထွတွေ့တိုက်ပွဲဖြစ်ခဲ့တာနည်းနည်းတော့ရှိခဲ့တယ်။ပြီးတော့ ညအချိန်မှာမှ သူတို့က ဒေသခံပြည်သူတွေနေထိုင်တဲ့ နေရာကိုလာပြီးတော့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ် ပြီးတော့ လက်နက်ကြီးတွေ နဲ့လည်း ပစ်ခတ်ခဲ့တယ်။ဒရုန်းတွေ ကတော့ ရွာထဲက နေအိမ်တွေ တည့်တည့်ကို ပစ်ခတ်ခဲ့တယ် အဲဒါကြောင့် ပြည်သူတွေ အခုလို သေဆုံးဒဏ်ရာ ရရှိခဲ့တာ ဖြစ်တယ်လို့”သူကပြောပါတယ်။

အဲဒီပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူ ၃ ဦးမှာ ဂွမြို့နယ် ဒယ်ဘုတ်ကျေးရွာဒေသခံတွေ ဖြစ်ကြတဲ့ အသက် ၄၂ နှစ်အရွယ် ကိုမောင်မောင်တင် ၊ အသက် ၄၇ နှစ်အရွယ် မခင်မျိုးမြင့် နဲ့ အသက် ၅၀ နှစ်အရွယ် ဦးတင်ရွှေ တို့ ဖြစ်ကြပြီး ဒဏ်ရာ ရရှိသူ ၅ ဦးကတော့ အသက် ၁၂ နှစ်အရွယ်မမေနှင်းသူ၊၊ အသက် ၅၉ နှစ်အရွယ် ဒေါ်ခင်ထွေး၊ အသက် ၂၅ နှစ်အရွယ် ချိုချိုဝင်း ၊ အသက် ၄၃ နှစ်အရွယ် ဒေါ်ခင်စန်း ကြည် နဲ့ အသက် ၃၀ နှစ် အရွယ် ကိုမျိုးမြင့် အောင်တို့ဖြစ်ကြ တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ ၁၇ ရက်နေ့ကလည်း သဗြုချောင်းကျေးရွာ အနီးတဝိုက်ကို စစ်ကောင်စီက လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် သဗြုချောင်းကျေးရွာ အတွင်းကို လက်နက်ကြီး ကျရောက်ပေါက်ကွဲကာ ဒေသခံ ကိုညီလေးဆိုသူ သေဆုံးခဲ့ရပြီး နေအိမ်တွေ လည်း အများအပြားပျက်စီးတာတွေ ရှိခဲ့ရပါတယ်။

ရခိုင်မှာ စစ်ရေးအရှုံးနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ စစ်ရေးပစ်မှတ်တွေ မဟုတ်တဲ့ အရပ်သားပြည်သူတွေ နေထိုင်ရနေရာတွေကို လေကြောင်းတိုက်ခိုက်တာ လက်နက်ကြီးပစ်ခတ်တာတွေ ကိုနေ့စဉ်ရက်ဆက်လုပ်ဆောင်နေတာကြောင့် ရခိုင်မှအရပ်သားပြည်သူ သေဆုံးမှုဟာလည်း နေ့စဉ်မြင့်တက်နေရပါတယ်။

ပုံ၊Google

https://rcnanews.com/news_mm/4115/

Coastal News Agency

18 Oct, 15:11


သီးတင်းကျွတ်ညမှာ စစ်ကောင်စီက နောင်ချိုမြို့ကို ဗုံးကြဲတိုက်ခိုက်လို့ (၄)ဦးထိခိုက်ဒဏ်ရာရ

CNA၊စာသတင်း။
အောက်တိုဘာ၊၁၈။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက်နေ့ သီတင်းကျွတ်နေ့က နောင်ချိုမြို့ကို စစ်ကောင်စီက လေကြောင်ကနေပြီးတော့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ကြောင့်ဒေသခံ ၄ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ TNLAကသတင်းထုတ်ပြန်လာပါတယ်။

အောက်တိုဘာလ ၁၇ ရက်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေ နဲ့ ရဟန်းရှင်လူများအတွက် အထွတ်အမြတ်ထားရတဲ့ နေ့ထူးနေ့မြတ်တစ် နေ့ဖြစ်သလို ဘုရားဆီမီးထွန်းညှိပူဇော်ကြတဲ့ သီတင်းကျွတ်ညတစ်ညလည်းဖြစ်ပါတယ်။

အဲဒီလိုနေ့ထူးနေ့မြတ်နေ့မှာတောင် စစ်ကောင်စီကည (၉း၄၀)မိနစ်အချိန်တွင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သဖန်ကိုင်းရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲတာရှိခဲ့သလို ည (၁၀း၂၀)မိနစ်မှာလည်း နောက်ထပ်တစ်ကြိမ် လာရောက်ဗုံးကြဲခဲ့တာကြောင့် နောင်ချိုရဲစခန်းဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တာရှိခဲ့တယ်လို့ဆိုပါတယ်။

အဲဒီနောက် (၁၁း၂၀) မိနစ်က တစ်ကြိမ်၊ (၁၂း၄၅)မိနစ်က တစ်ကြိမ်၊ နံနက် (၁း၀၀)အချိန်က တစ်ကြိမ် ဆက်တိုက်လာရောက်ဗုံး ကြဲတိုက်ခိုက်ခဲ့ပြီး ရဲစခန်းဝန်းအတွင်းကို ဗုံး(၄)လုံး ထပ်မံကျရောက်ပေါက်ကွဲခဲ့ပြီး တောင်ရပ်ကွက် နယ်မြေ(၂)မှာ ၃ လုံး၊ နယ်မြေ(၁)မှာ ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်

အဲဒီလို စစ်ကောင်စီက လူထုများစုဝေးနေချိန်မှာ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရပြီး ဒဏ်ရာ ရရှိသူတွေကိုလည်းTNLAကဆေးဝါးကုသပေးထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီအနေနဲ့ အခုလို အခါကြီးနေ့ ရက်တွေမှာ ရဟန်းရှင်လူ ဒေသခံပြည်သူလူထုကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိ လာရောက်ဗုံးကြဲတိုက်ခိုက်တာဟာ ရက်စက်ယုတ်မာသည့်လုပ်ရပ်တစ်ခုဖြစ်တယ်လို့လည်း TNLA ကပြောဆိုထားပါတယ်။

ပုံ၊စာ ။ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေကိုမြင်တွေ့ ရစဉ်။TNLA

https://rcnanews.com/news_mm/4103/

Coastal News Agency

18 Oct, 10:26


စစ်ကောင်စီက ဂွရိုးတလျှောက် အင်အားတိုးချတာတွေ ဆက်တိုက်ရှိနေ

CNA၊မြတ်သူ။
အောက်တိုဘာ၊၁၈။

အာရက္ခတပ်တော် ရဲ့ထိုးစစ်ဟာ ဂွမြို့အနီးက တဖြေးဖြေး နီးကပ်လာတာနဲ့ အမျှ စစ်ကောင်စီကလည်း ဂွ နဲ့ဧရာဝတီကိုသွားရာလမ်းတစ်လျှောက်ကနေရာတွေကို စစ်အားအားတိုးချတာ လက်နက်ကြီးတွေတပ်ဆင်တာတွေကို ဆက်တိုက်လုပ်ဆောင်လာနေတာတွေ ရှိနေတယ်လို့ ဒေသခံ သတင်းအရင်းမြစ်တွေက ဆိုပါတယ်။

လက်ရှိ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်တို့ဟာ ဂွမြို့ နဲ့ ၁၅ မိုင်ခန့်အကွာမှာ ရှိတဲ့ သဗြုချောင်း၊ကြွေချိုင် နဲ့ တိုင်ကျိုးကျေးရွာ အနီးတဝိုက်မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွါးနေတာရှိနေပြီးနောက်မှာ စစ်ကောင်စီက ဂွရိုးလမ်းတလျှောက် နဲ့ ဂွမြို့နယ်အတွင်းက သူတို့ အခြေစိုက် တပ်စခန်းတွေ မှာ အခုလို လက်နက်အင်အား လူအင်အားတွေကို ဆက်တိုက်ဖြည့်တင်းလာနေတာဖြစ်တယ်လို့ ဒေသသတင်းအရင်းမြစ်တစ်ဦးကပြောပါတယ်။

"တိုက်ပွဲကတော့ မြို့နဲ့ နီးလာပြီးပေါ့နော် အဲဒါကြောင့်လည်းသူတို့က ခုခံစစ်အတွက် အသေအချာလုပ်နေတယ်။ အခုဂွမြို့မှာက ဘာရုံးတွေမှလည်း မရှိတော့ဘူးစစ်တပ်တစ်ခုပဲ ရှိတော့တာကို။သူတို့ကလည်း ဒီမြို့ မကျရှုံးဖို့ အတွက် ခုခံစစ်တွေကိုသေချာလုပ်နေတာတွေ့ရတယ်။အင်အားဖြည့်တင်းတာကလွဲရင်တော့ အေးဆေးအနေအထားမှာပဲ ရှိနေသေးတယ်လို့"သူကပြောပါတယ်။

လက်ရှိ စစ်ကောင်စီက လက်နက်အင်အား လူအင်အားတိုးချဲ့ချထားတဲ့ နေတွေကတော့ ဂွအခြေစိုက် ခမရ - ၅၆၃ တပ်ရင်းအပါအဝင် ဂွရိုးလမ်းတလျှောက်က ရေနံ့သာအမြောက်တပ်၊ ဗေဒါ ၊ ၁၁မိုင်၊ ဘုရားကုန်း နဲ့ ဂွမြို့ဝင်ဂိတ်ကနေရာတွေမှာ လက်နက်အင်အား လူအင်အားတွေကို တိုးချဲ့ ချထားတာ ဖြစ်တယ်လို့ ဒေသ သတင်းအရင်းမြစ်ကပြောပါတယ်။

အဲဒီလို စစ်ကောင်စီက စစ်ရေးအင်အားတိုးချဲ့လာတာ နဲ့ အတူ ဒေသခံ ပြည်သူတွေဟာလည်း စစ်ဘေး နဲ့ကင်းလွတ်ရာနေရာတွေကို နေ့စဉ် နဲ့ အမျှထွက်ပြေးတိမ်းရှောင်မှုတွေလည်း ရှိနေတယ်လို့ ဂွမြို့နယ် အတွင်းက ဒေသခံ တစ်ဦးကပြောပါတယ်။

"ဒီလပိုင်းအတွင်းမှာတော့ စစ်ဘေးရှောင်ထွက်တာတွေတော့ ပိုများလာတာပေါ့ တိုက်ပွဲကလည်းနီးလာပြီဆိုတော့ ဘယ်သူမှတော့ မနေရဲကြတော့ဘူးပေါ့။ လက်ရှိကတော့ စစ်ဘေးရှောင်အနေနဲ့ ထွက်ခွင့်တော့ ပေးပါတယ် ပြည်မဘက်ကိုဆိုရင် စစ်ဆေးတာတွေ တော့ နည်းနည်းတော့ ရှိတာပေါ့။ထွက်တာကတော့ ပြသနာမရှိဘူး အဓိကပြသနာကတော့ အထဲမှာ ကျန်နေခဲ့တဲ့သူတွေ အတွက် စာနပ်ရိက္ခသယ်ခွင့်မရတာတော့ ပြသနာပေါ့လို့"သူကပြောပါတယ်။

စစ်ဘေးရှောင်ထွက်ခွင့်ကို စစ်ကောင်စီက ခွင့်ပြုပေးထားပေမယ့် စားနပ်ရိက္ခသယ်ယူခွင့်ကို ပိတ်ပင်ထားတာကြောင့်ဒေသအတွင်းမှာ ကျန်ရှိနေခဲ့မယ့် သူတွေ အတွက် စားနပ်ရိက္ခာအခက်အခဲတွေ ရှိနေတယ်လို့ ဒေသခံ တွေကပြောပါတယ်။

စစ်ကောင်စီဟာ သူတို့ထိန်းချုပ်မှု အောက်မှာရှိနေတဲ့ နယ်မြေ တွေ ထဲက ပြည်သူတွေကို စစ်ဘေးရှောင်ထွက်ဖို့ အတွက် ပြည်မဘက်ကိုသွားလာခွင့်ပြုထားပေမယ့် အာရက္ခတပ်တော်သိမ်းပိုက်ရာ နယ်မြေတွေထဲကိုတော့ ထွက်ခွင့် ပိတ်ပင်ထားတာတွေလည်းရှိနေပါတယ်။

အဲဒီလို လွတ်မြောက်နယ်မြေတွေ ကိုစစ်ရှောင်ထွက်ခွင့်ကို စစ်ကောင်စီက ပိတ်ပင်လိုက်တာကြောင့် စစ်ဘေးရှောင်တွေ အနေ နဲ့စစ်ရှောင်ထွက်တဲ့နေရာတွေ မှာ အခက်အခဲတွေ ရှိနေတယ်လို့ တိုင်ကျိုးကျေးရွာ အတွင်းက စစ်ဘေးရှောင်ထွက်လာသူတစ်ဦးကပြောပါတယ်။

"ကျနော်တို့က လွတ်မြောက်နယ်မြေတွေကို ရှောင်ခွင့်ရရင်တော့ နီးနီးနားနားလည်းဖြစ်တယ် အဆင်လည်းပြေတယ် အခုစစ်ကောင်စီက အဲဒီဘက်ကိုသွားခွင့်မပေးတဲ့ အခါအရင်ကလိုကားတွေဆိုင်ကယ်တွေလည်းရှိတာမဟုတ်တော့ ကုန်းကြောင်းလျှောက်နေရတော့ သက်ကြီးရွယ်အိုတွေ အတွက်အဆင်မပြေဘူးပေါ့ ပြည်သူတွေ အနေ နဲ့ ဘယ်နေရာမှ ရှောင်ရှောင်ဆိုပြီး လုပ်ရင်တော့ တော်တော်အဆင်ပြေမှာ သေချာတယ်လို့ "သူကဆိုပါတယ်။

အခုလိုလွတ်မြောက်နယ်မြေ အတွင်းကို စစ်ရှောင်ထွက်ခွင့်မပေးတာကြောင့် လက်ရှိတိုက်ပွဲ ဖြစ်ပွါးနေတဲ့ နေရာက ဒေသခံပြည်သူ နဲ့ သက်ကြီးရွယ်အို အများစုဟာ စစ်ရှောင်မထွက်နိုင်ပဲ ကျေးရွာအတွင်းမှာ ပိတ်မိနေတာတွေလည်း များစွာရှိနေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။

ဂွမြို့နယ်ဟာ ရခိုင်ပြည်တောင်ပိုင်းဒေသရဲ့ အစွန်ဆုံးမှာ ရှိတဲ့မြို့နယ် တစ်ခုဖြစ်ပြီး အာရက္ခတပ်တော် အနေ နဲ့လည်း အဲဒီဂွမြို့နယ်အတွင်းမှာ ရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကို တစ်ခုမကျန်တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ အတွက် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေလုပ်ဆောင်နေတာတွေလည်း ရှိနေပါတယ်။

https://rcnanews.com/news_mm/idps/4100/

Coastal News Agency

18 Oct, 08:45


လေးကေ့ကော်မြို့သစ်အနီးက စစ်ကောင်စီရဲ့စွယ်တော်အမြောက်စခန်းကုန်းကို (K.N.L.A)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်

CNA ၊စာသတင်း။
အောက်တိုဘာ၊ ၁၈။

လေးကေ့ကော်မြို့သစ်အနီးက စစ်ကောင်စီတပ်ရဲ့ မစခ−၆၀၆ လက်အောက်ခံအမြောက်တပ်ဖွဲ့က ပူးတွဲတာဝန်ယူထားတဲ့ စွယ်တော်ကုန်း နယ်စပ်ခြေကုတ် အမြောက်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နဲ့ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်လိုက်ပြီး ဖြစ်တယ်လို့ KNU က အောက်တိုဘာလ ၁၇ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

အဲဒီစွယ်တော်ကုန်း နယ်စပ်ခြေကုတ်အမြောက်စခန်း ဟာ ၂၀၀၃ ခုနှစ်က စပြီးတော့ ထိုင်း−မြန်မာ နယ်စပ် အနီးကတပ်စခန်း တစ်ခုအဖြစ်နဲ့ တပ်စွဲအခြေချခဲ့တဲ့ တပ်စခန်းတစ်ခုလည်းဖြစ်ပါတယ်။အဲဒီနောက် ၂၀၂၁ ခုနှစ် မြန်မာစစ်တပ်မှ အာဏာသိမ်းပြီး နောက်ပိုင်းမှာအရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) လက်အောက်ခံ တပ် တွေက တာဝန်ယူပြီးနောက်ပိုင်းမှာ တပ်မ (၂၂) တပ်မ (၄၄) အပြင် ကမ်းရိုးတမ်းတပ်များပါ လာရောက်တပ်စွဲနေထိုင်နေတဲ့ စခန်းတစ်ခုလည်း ဖြစ်ပါတယ်။

အဲဒီစစ်ကောင်စီတပ်စခန်းဟာထိုင်းမြန်မာနယ်စပ်မှာ နယ်မြေစိုးမိုးရေး နဲ့ နယ်စပ်လုံခြုံရေးအတွက်ဆိုပြီးတော့ ရည်ရွယ်တည်ဆော က်ထားတဲ့ တပ်စခန်းတစ်ခုဖြစ်ပေမယ့် လေးကေ့ကော် မြို့သစ်ကိုကျူးကျော် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးတဲ့နောက် မြဝတီ နဲ့ ဖလူးဒေသတစ်လျှောက်ကို လက်နက်ကြီးတွေ နဲ့ ပစ်ခတ်ပြီး ပြည်သူလူထုကို အမြဲတစေ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူး လွန်နေတဲ့ အဓိက တပ်စခန်း တစ်ခုလည်းဖြစ်တယ်လို့ KNU ရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A) နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေဟာ အဲဒီတပ်စခန်းကို (၇) လကြာ ဝန်းရံ ပိတ်ဆို့ပြီးနောက်မှာ အခုလို သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီစခန်းကို သိမ်းပိုက်ချိန်မှာလည်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A) နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေဟာ စစ်ကောင်စီရဲ့ စစ်သုံ့ပန်းတွေ နဲ့ (၁၂၀) မမ လက်နက်ကြီး (၂) လက်၊ ပွိုင့်ဖိုက် (၁) လက်နဲ့ လက်နက်ငယ်အပါအဝင် ခဲယမ်းအမြှောက်အများကိုလည်း သိမ်းဆည်း ရမိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်းကေအဲန်ယူ - တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်အတွင်းမှာ ကျန်ရှိနေသေးတဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်စခန်းအားလုံးကို (K.N.L.A) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်တာတွေဆက်လက်လုပ်နေပြီး စစ်ကောင်စီတပ်စခန်းအတွင်းမှာ ရှိနေတဲ့စစ်ကောင်စီတပ်သားတွေဟာလည်း စိတ်ဓာတ်ရေးရာအရ ပျက်ပြားကာ နေ့စဉ်နဲ့အမျှ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားနေတာတွေ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓါတ်ပုံ − စွယ်တော်ကုန်း နယ်စပ်ခြေကုတ်အမြောက်စခန်းထံမှ သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများနှင့်အတူတွေ့ရသော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ။KNU

https://rcnanews.com/news_mm/4094/

Coastal News Agency

17 Oct, 11:21


သဗြုချောင်းရွာကို စစ်ကောင်စီက လက်နက်ကြီး နဲ့ ပစ်ခတ်လို့ တစ်ဦးသေ နေအိမ်အများအပြားပျက်စီး

CNA၊ဂူးဂူး။
အောက်တိုဘာ၊ ၁၇ ။

ဒီနေ့မနက် ပိုင်းက ဂွမြို့နယ်အတွင်းက သဗြုချောင်းကျေးရွာကို စစ်ကောင်စီက လက်နက်ကြီး နဲ့ ပစ်ခတ်လို့ နေအိမ်အများအပြားပျက်စီးပြီးတော့ ဒေသခံ တစ်ဦး သေဆုံးသွားခဲ့ရပါတယ်။

စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော် အေအေတို့ဟာ ဒီနေ့မနက်ပိုင်းကတည်းကပင် သဗြုချောင်းကျေးရွာ အနီးတဝိုက်မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လက်နက်ကြီး နဲ့ ပစ်ကူပေးရာကနေ အခုလို ကျေးရွာအတွင်းကိုကျရောက်ပေါက်ကွဲကာ နေအိမ်တွေပျက်စီးပြီး ဒေသခံတွေ သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

"တိုက်ပွဲ ဖြစ်နေတာပါ စစ်ကောင်စီက လက်နက်ကြီးတွေ နဲ့ ပစ်လို့ကျေးရွာ အတွင်းကို ကျတာ။နေအိမ်တွေလည်း တော်တော်ပျက်စီးသွားတယ်။ဒေသခံတစ်ယောက်ကတော့ သေတယ်။ကျန်တဲ့သူတွေကတော့ ထွက်ပြေးနေကြရတယ်လို့"သူကပြောပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး သေဆုံးသွားသူကတော့ သဗြုချောင်းကျေးရွာက ကိုညီလေးဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ အာရက္ခတပ်တော်နဲ့ တိုက်ပွဲ ဖြစ်ပွားနေတဲ့ စစ်ကောင်စီတပ်တွေဟာ ကုလားပြင်(ရတနာမြိုင်)ကျေးရွာ အတွင်းကတပ်ဆုတ်ထွက်ပြေးလာကြတဲ့ စစ်ကောင်စီတပ်တွေ ဖြစ်ပြီး အေအေရဲ့ ထိုးစစ်ကို သဗြုချောင်း၊ကြွေချိုင် နဲ့ တိုင်ကျိုးကြားမှာ ခုခံစစ်အနေ နဲ့ အေအေရဲ့ ထိုးစစ်ကို ခုခံတိုက်ခိုက်နေတာဖြစ်တယ်လို့လည်း ဒေသခံတစ်ဦးကပြောပါတယ်။

"လက်နက်ကြီးကတော့ ဘယ်ကပစ်တာလဲဆိုတာတော့မသိဘူး။ကျေးရွာထဲမှာတော့ အိမ်တွေ တော်တော်ပျက်စီးသွားတယ်။ကျနော်တို့အိမ်ကိုလည်း လက်နက်ကြီးကျတယ်။အခုဖြစ်နေတာက ကုလားပြင်(ရတာနမြိုင်)ကတပ်ဆုတ်ပြီး ပြေးလာတဲ့ စစ်ကောင်စီတပ်တွေ နဲ့ဖြစ်နေတာ ဖြစ်တယ်။ကျေးရွာသားတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးနေကြတယ်လို့"သူကပြောပါတယ်။

အာရက္ခတပ်တော် အေအေ အနေ နဲ့ ဂွမြို့နယ်၊ကျိန္တလီမြို့ အတွင်းက ကိုင်းခုန် နဲ့ကံဂေါ်တောင်က စစ်ကောင်စီတပ်စခန်းတွေကိုလည်း အောက်တိုဘာလ (၆) ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။

လက်ရှိမှာ ဂွမြို့နယ် တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်ရရှိနိုင်ဖို့အတွက် ဂွမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမယ်လို့ သတင်းထုတ်ပြန်ပြောဆိုထားပါတယ်။

Coastal News Agency

16 Oct, 13:48


သီတင်းကျွတ်အခါသမယမှာ မြန်မာပြည်သူအပေါင်းတို့ စစ်ဘေးဒဏ်မှ ကင်းဝေးကြပါစေကြောင့် Coastal News Agency ဝိုင်းတော်သားများက ဆုမွန်ကောင်းတောင်းအပ်ပါသည်။

Coastal News Agency

16 Oct, 12:42


သံတွဲ နဲ့ ကျိန္တလီက စစ်ဘေးရှောင် သုံးသောင်းကျော် စားဝတ်နေရေး ခက်ခဲနေ

CNAဂူးဂူး။
အောက်တိုဘာ။

သံတွဲ နဲ့ ကျိန္တလီမှာ ရှိနေတဲ့ စစ်ဘေးရှောင်ပြည်သူ ၃ သောင်းကျော်လောက်ဟာလက်ရှိစားဝတ်နေရေး အခက်အခဲတွေ နဲ့ ရင်ဆိုင်နေကြရပြီး အကူအညီပေးရေးတွေ လုပ်ဆောင်ပေးဖို လိုအပ်နေတယ်လို စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေက ဆိုကြပါတယ်။

သံတွဲမြိုနယ် နဲ့ ကျိန္တလီမြိုကို အာရက္ခတပ်တော် အေအေ ကအပြီးသတ် သိမ်းပိုက်လိုက်ပြီး ဖြစ်ပေမယ့် စစ်ဘေးရှောင် တွေ အနေနဲ့ စစ်ကောင်စီ ရဲ့ လေ ကြောင်းရန် နဲ့ စစ်ကျန်လက်နက်တွေ ရှင်းလင်းမှု မလုပ်ဆောင်နိုင်သေးတာကြောင့် နေရပ်ကို ပြန်ခွင့် မရသေးပဲ စစ်ဘေးရှောင်စခန်းတွေမှာ ဆက်လက်နေထိုင်နေကြရဆဲ ဖြစ်ပါတယ်။

အဲဒီလိုသောင်း နဲ့ ချီတဲ့ စစ်ဘေးရှောင်ပြည်သူတွေ နေရပ်ပြန်ခွင့်မရသေးတာကြောင့် လက်ရှိမှာ စစ်ဘေးရှောင်တွေ အနေ နဲ့ စားဝတ်နေရေး အခက်အခဲတွေ နဲ့ ရင်ဆိုင်နေကြရတာ ဖြစ်တယ်လို ကျိန္တလီမြိုနယ် အတွင်းက စစ်ဘေးရှောင် အရေး ကူညီပေးနေသူ တစ်ဦးကပြောပါတယ်။

"လက်ရှိမှာက ကျိန္တလီမှာ ဆန်တစ်အိတ်ကို ၃ သိန်းခွဲလောက်ရှိတယ် ဝယ်လို မရတဲ့ အနေအထား။လက်ရှိစစ်ရှောင်တွေ မှာကတော့ စာနပ်ရိက္ခာ နဲ့ ဆေးဝါး တွေကတော့အများကြီးလိုအပ်နေပါသေးတယ်။စစ်ဘေးရှောင်တွေကလည်း အခု ဂွဘက်ကို တိုက်ပွဲရောက်လာတာနဲ့ အမျှတိုးလာနေတယ်ဆိုတော့။ပြီးတော့ ကျနော်တိုတွေ မှာကလည်း အလှူရရှိမှုနည်းပါတာတွေလည်း ရှိနေတော့ရှိနေတဲ့ လူဦးရေ နဲ့ ဝင်ငွေ နဲ့ မကိုက်ဖြစ်နေတော့ ကျနော်တိုလည်း အရမ်းကြီး မကူညီနိုင်တဲ့ သဘောမှာ ရှိတယ်လို"သူကပြောပါတယ်။

အဲဒီလို့ပဲ သံတွဲမြို့နယ် အတွင်းမှာလည်း နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်ပြည်သူ ၂ သောင်းကျော်ထိရှိနေပြီး အဲဒီစစ်ဘေးရှောင်ပြည်သူတွေဟာလည်း စားဝတ်နေရေး အတွက် အခက်အခဲ များစွာနဲ့ ရင်ဆိုင်နေကြရတယ်လို့ သံတွဲမြို့နယ် အတွင်းက စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတွေကဆိုပါတယ်။

"ကျေးရွာ ၁၂ရွာကျော်လောက်က စစ်ရှောင် ဦးရေကတော့ ၂သောင်းကျော်လောက်ရှိနေတယ် ကျနော်တို့ သံတွဲမှာလည်း နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင် ပြည်သူတွေပေါ့။ဆိုတော့ ကျနော်တို့လည်း ရနိုင်သလောက်တော့ ကူညီပေးနေတယ် ဒါပေမယ့်အလှူငွေအရနည်းတော့ ကျနော်တို့လည်း တော်တော်အခက်အခဲဖြစ်တယ်။ခက်ခဲတယ်ဆိုတာထက်ကို ပိုပြီးခက်ခဲနေကြတယ် အခုက စစ်ဘေးရှောင်တွေကလို့"သူကပြောပါတယ်။

အဲဒီလိုအခက်အခဲတွေ နဲ့စစ်ဘေးရှောင်ပြည်သူတွေ ရင်ဆိုင်နေကြရတာကြောင့် ပြည်တွင်းပြည်ပကိုရောက်နေကြတဲ့ ပြည်သူတွေ အနေ နဲ့ စစ်ဘေးရှောင်တွေ စားဝတ်နေရေး အဆင်ပြေလာနိုင်ဖို့ အတွက် ကူညီထောက်ပံ့မှုတွေ ပေးစေချင်တယ်လို့ စစ်ဘေးရှောင် အရေး ကူညီဆောင်ရွက်ပေးနေသူတွေကတောင်းဆိုကြပါတယ်။

https://rcnanews.com/news_mm/4088/