ဖေဖော်ဝါရီ(၁၅)၊၂၀၂၅
မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊မြို့သစ်(၁)ရပ်ကွက်၊၇၃ လမ်း၊၁၀၂လမ်းနဲ့၁၀၇လမ်းကြားရှိ မင်္ဂလာမန္တလေး ၁၀နှစ်ပြည့် မင်္ဂလာအခမ်းအနားကို ဖေဖော် ဝါရီလ ၂၁ရက်မှ၂၃ ရက်အထိ သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
၁၀နှစ်ပြည့်အခမ်းအနားတွင် ပွဲတော်လာမြို့ခံပြညိသူများကို နိုင်ငံကျော်တေးသံရှင်များဖြစ်ကြသော ရဲလေး၊ Bobby Soxer၊ အိမ့်ချစ်၊ မိစန္ဒီ၊ Yung Hugo၊ Jason Ace၊ ခိုင်မြဲသစ္စာ၊ ချစ်ဇွဲသာ၊ ရဲရဲသဏ္ဍာန်၊ ယံယံ၊ ပိုင်ပိုင်၊ မိုင်းမိုင်တို့၏ သီဆိုဖျော်ဖြေမှုများအပြင် DJ Black, DJ Kaung Myat၊ Bees Poison Dancer Group၊ Mernix Dancer Group တို့က ကပြဖျော်ဖြေသွားမှာလို့ သိရပါတယ်။
ဒါ့အပြင် မင်္ဂလာမန္တလေး လမ်းလျှောက်ဈေးမှာ လက်ဝတ်ရတနာအရောင်းပြပွဲ၊ မော်တော်ကားပြပွဲ၊ Cosmetic ဆိုင်များ၊ အဝတ်အထည်ဆိုင်များ၊ လူသုံးကုန် စားသောက်ကုန်ဆိုင်များ၊ လျှပ်စစ်ပစ္စည်းဆိုင်များ အစရှိသည့် ဆိုင်ခန်းပေါင်းများစွာ ပါဝင်မည်ဖြစ်ပြီး မင်္ဂလာမန္တလေးဧရိယာအတွင်း လမ်းတိုင်းမှာလည်း မတူညီတဲ့ Activities များစွာ ပါဝင်ပြီး အခြားစိတ်လှုပ်ရှားဖွယ် အစီအစဉ်ကောင်းများစွာ ပါဝင်သွားမယ်လို့ သိရပါတယ်။
နာမည်ခေါ် အစီအစဥ်တင်ဆက်သူများဖြစ်ကြတဲ့ ကိုဖြိုး (N.Y.M)၊ ဒီမိုးသစ်၊ MC Queen၊ သက်ပိုင်၊ ရွှေဇင်တို့က ဆောင်ရွက်ကြမယ့်အပြင် KPOP Random Dance အက၊ Zumba အကများနှင့်အ တူ West Bank Band, လူငယ်ဂီတ Music Band, Escape Music Bandတို့လည်း ပါဝင်သွားမယ်လို့ သိရပါတယ်။
#LocalNews
#TheMandalayTimes
#မင်္ဂလာမန္တလေး
#၁၀နှစ်ပြည့်
#အခမ်းအနား
#ချမ်းမြသာစည်
#မန္တလေး