ပြည်သတင်း @ ပြည့်သဲမောင် @pyaethaemaung Channel on Telegram

ပြည်သတင်း @ ပြည့်သဲမောင်

@pyaethaemaung


ပြည်ခရိုင်အတွင်းသတင်းများသိရန် join ထားနော်

ပြည်သတင်း @ ပြည့်သဲမောင် (Burmese)

ပြည်သတင်း @ ပြည့်သဲမောင် ဆိုတာကို သိပ်သုံးချင်တဲ့ လူတွေအတွက် သတင်းများကို ပြည့်သဲမောင်ရေးနည်းနည်းဖတ်ရှားပေးတဲ့ Telegram channel တစ်ခုဖြစ်ပါတယ်။ ဤ channel မှာ သင်တို့ကို ပြည်သတင်းလုပ်သားနည်းပညာနည်းနည်း လွယ်လွယ် တင်ဆက်မည်ဖြစ်ပါသည်။ ပြည့်သဲမောင်သည် စာအုပ်ကို လည်း အဖွဲ့အစည်း ဥပမာ အမှားဆန်းပင် လိုအပ်တယ် အပေါ် ဖြေနိုင်ရန် အဤတ်သည်။ ဤ channel သည် ပြည်သတင်းလုပ်သူများအတွက် အထူးသတင်းများကို ကြည့်ရှုနိုင်မှာ မဟုတ်ပါဘူး။ အလွန်ချုပ်မအပ်တယ် အစဉ်အသက်ပြီး join ဆိုပါတယ်။

ပြည်သတင်း @ ပြည့်သဲမောင်

22 Nov, 05:31


ဧရာဝတီမြစ်အတွင်း ရေနှင့်အတူ မျှောပါလာသည့် အလောင်းတစ်လောင်း တွေ့ရှိ။
===========-=====
(၂၁ ၁၁ ၂၀၂၄)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့
နယ်အပိုင်တွင် (၂၁ ၁၁ ၂၀၂၄)ရက်နေ့(၁၈၃၀)
အချိန် ပန်းတောင်းမြို့ ရွှေဘုံသာအုပ်စု တစ်ဖက်ကမ်း ဧရာဝတီမြစ်အတွင်း ကျောင်းကြီးအိုးတန်းရပ်ကွက်အပိုင် ကမ်းနားတွင် ရေနှင့်အတူ မျှောပါ
လာသည့် အလောင်းတစ်လောင်း တွေ့ရှိ၍ ပြည်ဆေးရုံကြီး၌ ရောက်ရှိနေကြောင်း သတင်းကြား
သိရ

မြင့်ဝင်း(ပန်းတောင်း)

ပြည်သတင်း @ ပြည့်သဲမောင်

19 Nov, 11:44


ပြည့်သဲမောင်

ပြည်သတင်း @ ပြည့်သဲမောင်

19 Nov, 11:42


ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရွှေတောင်မြို့၌ “ပညာအားမာန်” စာကြည့်တိုက် တက်ရောက်ဖွင့်လှစ်ပေး

ရွှေတောင် နိုဝင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်
ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီး
များနှင့် အတူ ယမန်နေ့၊နံနက်ပိုင်းက ရွှေတောင်မြို့နယ်၊ ကသစ်တိုင်းကျေးရွာအုပ်စု၊ တောင်လုံး
ညို ကျေးရွာ၌ “ပညာအားမာန်” စာကြည့်တိုက် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်
နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်
သောင်းထိုက်၊ စီးပွားရေးရာဝန်ကြီး ဦးတင်
ဦး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်
ဆွေ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်တို့က “ပညာအားမာန်” စာကြည့်တိုက်
အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်း
နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုး
ရအဖွဲ့ဝင် ဝန်ကြီးများ က စာကြည့်တိုက်ကော်
မတီအဖွဲ့ဝင်များနှင့် အမှတ်တရ စုပေါင်းမှတ်
တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က
“ပညာအားမာန်” စာကြည့်တိုက်အတွင်း စာ
အုပ်/ စာစောင်များ ခင်းကျင်းထားရှိမှုနှင့်
စာပေဖတ်ရှု့လေ့လာနေသည့် ကျောင်းသား
/သူများအား လိုက်လံကြည့်ရှု အားပေးခဲ့ပြီး စာကြည့်တိုက်အတွင်း သုတ/ရသ စာအုပ်စာ
စောင်များ ဝယ်ယူနိုင်ရေး ငွေကျပ်သိန်း(၃၀) ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်း
ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည်
ဒေသခံပြည်သူများ နှင့်တွေ့ဆုံ၍ မိမိတို့၏ သားသမီးများအား လူကောင်းလူမွန်များဖြစ်
စေရေးနှင့် အနာဂတ်တွင် တိုင်းပြည်မှ အား
ကိုးရသည့် သားကောင်းသမီးမွန်များဖြစ်စေ
ရေး စာကြည့်တိုက်သို့ စေလွှတ်ပေးကြပါရန် တိုက်တွန်း ပြောကြားခဲ့ပြီး စာကြည့်တိုက်ဖွင့်
ပွဲတွင် မြန်မာ့ရိုးရာ အိုးစည်၊ ဒိုးပတ် အတီးအ
ကများဖြင့် ဖျော်ဖြေခဲ့သည့် ဖျော်ဖြေရေးအ
ဖွဲ့များအား ဂုဏ်ပြုငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
Crd ပြန်/ဆက်

ပြည့်သဲမောင် - ပြည်

ပြည်သတင်း @ ပြည့်သဲမောင်

12 Nov, 13:52


ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ (၁၂၅)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်ဖွင့်လှစ်အပူဇော်ခံပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပြည် နိုဝင်ဘာ ၁၁

ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်တော်မြတ်စွယ်တော်တိုက်ရှိ  ဗုဒ္ဓမြတ်စွယ်တော်  (၁၂၅)ကြိမ်မြောက် ဖွင့်လှစ်အပူဇော်ခံပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ ၄နာရီခွဲက စေတီတော်ရင်ပြင်ကျားပျံဓမ္မာရုံ၌ကျင်းပရာ ဩဝါဒါစရိယဆရာတော်ကြီးများအမှူးပြုသော တာဝန်ရှိသူများနှင့် ဂေါပကအဖွဲ့ဝင်များ၊ ဝေယျာဝစ္စအဖွဲ့များနှင့် ဧည့်ပရိတ်သတ်များတက်ရောက်ကြသည်။

ဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီးဦးတင်သိန်း၊ လူမှုရေးရာဝန်ကြီးဦးမျိုးအောင်၊ ဒေသကွပ်ကဲရေးမှူး(ပြည်) ဗိုလ်မှူးချုပ်စိုးဦးဟန်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်နှင့် တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များက ဗုဒ္ဓမြတ်စွယ်တော်ကိန်းဝပ်စံပါယ်တော်မူသည့် မြတ်စွယ်တော်တိုက် ဂန္ဓကုဋီတိုက်အတွင်းမှ စိန်စေတီတော်၊ ပတ္တမြားစေတီတော်၊ ရွှေကလပ်တော်၊ မူလကြေးစေတီတော်နှင့် စန္ဒကူးကြုတ်တော်တို့ကို ကျားပျံဓမ္မာရုံ မင်္ဂလာမဏ္ဍပ်အတွင်းရှိ ယာယီပလ္လင်တော်ပေါ်များသို့ ပင့်ဆောင်ကြသည်။

ထို့နောက် နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ (၁၂၅)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်ဖွင့်လှစ်အပူဇော်ခံပွဲအခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်မြို့ ရွာဘဲတောင်ပေါ်ကျောင်းတိုက်ဆရာတော်ကြီးထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ယင်းနောက် ဩဝါဒါစရိယဆရာတော်ကြီးတစ်ပါးနှင့် တာဝန်ရှိသူများက ဗုဒ္ဓမြတ်စွယ်တော်ကို ပတ္တမြားစေတီမှ စိန်စေတီတော်သို့ ပင့်ဆောင်တပ်ဆင်ပူဇော်ကြပြီး စွယ်တော်မြတ်နှင့် ဓာတုစေတီတော်များဖွင့်လှစ်အပူဇော်ခံမှုကို အနုပညာရှင်များက တေးထပ်၊ ကဗျာ၊ လင်္ကာ၊ ရတုလွှာတို့ဖြင့် သီဆိုပူဇော်ကြသည်။

၎င်းနောက် ဩဝါဒါစရိယဆရာတော်ကြီးများထံ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က သာသနာရေးဆိုင်ရာများလျှောက်ထားပြီး အလှည့်ကျဂေါပကအဖွဲ့ဝင်များက ဗုဒ္ဓမြတ်စွယ်တော်ဖွင့်လှစ်အပူဇော်ခံပွဲဆောင်ရွက်မှုနှင့်ပတ်သက်၍ တင်ပြလျှောက်ထားသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဩဝါဒါစရိယဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။ ယင်းလှူဒါန်းမှုနှင့် ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ပြည်မြို့ ရတနာမာရ်အောင်ဆရာတော်ဘုရားကြီးက အနုမောဒနာ‌တရားတော်ချီးမြှင့်တော်မူကာ ဝေနေယျသတ္တဝါ အပေါင်းတို့အား ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆိုရုတ်သိမ်းခဲ့ပြီး ဗုဒ္ဓမြတ်စွယ်တော်ကို ဖွင့်လှစ်အပူဇော်ခံမည့် မြတ်စွယ်တော်တိုက် မှန်ကျောင်းဆောင်တော်သို့ ပင့်ဆောင်ခဲ့ကြသည်။

အဆိုပါ ဗုဒ္ဓမြတ်စွယ်တော်ကို  ရွှေဆံတော်စေတီတော်မြတ်ကြီးအား လက်ျာရစ်(၃)ကြိမ် လှည့်လည်အပူဇော်ခံပွဲကို နိုဝင်ဘာ ၁၃ရက် ညနေ ၃နာရီအချိန်တွင် စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ပြီး ဗုဒ္ဓမြတ်စွယ်တော်ကိုအများပြည်သူ ဖူးမြော်ကြည်ညိုနိုင်ရန် မြတ်စွယ်တော်တိုက် မှန်ကျောင်းဆောင်တော်၌ တန်ဆောင်မုန်းလဆန်း ၁၄ရက်မှ တန်ဆောင်မုန်းလပြည့်ကျော်(၁)ရက်နေ့အထိ၊ နိုဝင်ဘာ ၁၄ရက်မှ ၁၆ရက်နေ့အထိ နေ့စဉ်နံနက် ၅နာရီခွဲမှ ည၉နာရီအချိန်အထိ အပူဇော်ခံမည်ဖြစ်ကြောင်းနှင့် မည်သူမဆို လာရောက်ဖူးမြော်ကြည်ညိုသဒ္ဓါပွားများနိုင်ကြောင်း ဂေါပကအဖွဲ့ထံမှသိရသည်။

သတင်းပြန်/ဆက်

ပြည်သတင်း @ ပြည့်သဲမောင်(ပြည်)
https://t.me/pyaethaemaung

ပြည်သတင်း @ ပြည့်သဲမောင်

09 Nov, 15:50


ပြည်မြို့၊ လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီ
တော်မြတ်ကြီး ၂၆၁၃ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်
ဖွင့်ပွဲအားရပ်ဝေးရပ်နီးရောက်ရှိနေသော ပြည်မြို့
သူပြည်မြို့သားများနှင့်အနယ်နယ်အရပ်ရပ်ကသ
တိတရရှိစေရန် တင်ဆက်

ပြည်သတင်း @ ပြည့်သဲမောင်(ပြည်)
https://t.me/pyaethaemaung

ပြည်သတင်း @ ပြည့်သဲမောင်

08 Nov, 09:23


ပြည်မြို့၊ လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီ
တော်မြတ်ကြီး ၂၆၁၃ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်
ဖွင့်ပွဲနှင့်ဆွမ်းဆန်စိမ်း လောင်းလှူခြင်း အခမ်းအနား
သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး တက်ရောက်
လောင်းလှူပူဇော်

ပြည် နိုဝင်ဘာ ၈
ပြည်မြို့၊ လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီ
တော်မြတ်ကြီး ၂၆၁၃ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲ
တော် ဖွင့်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူခြင်း
ဖွင့်ပွဲအခမ်းအနားအား နိုဝင်ဘာလ(၈)ရက်နေ့၊
နံနက်ပိုင်းက အဆိုပါစေတီရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်
ဦးမျိုးဆွေဝင်း တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ ဝန်ကြီးများနှင့် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ပြည်)၊ ဒေသကွပ်ကဲရေးမှူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး
ချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အစိုး
ရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ များ
နှင့် စေတနာရှင် ပြည်သူများက ကြွရောက်လာသ
ည့် ဆရာတော်(၁၀၈)ပါးအား ဆွမ်းဆန်တော်နှင့်လှူ
ဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လောင်းလှူပူဇော်ခဲ့
ကြကြောင်း သိရှိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် လေးဆူဓါတ်ပျော် ရွှေဆံတော်စေ
တီတော်မြတ်ကြီး၏ ပုရဝုဏ်အတွင်းရှိ ဘုရားသိမ်
အဟောင်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးမူမပျက်အမြန်ဆုံး ပြင်ဆင်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်း ပြန်/ဆက်

ပြည်သတင်း @ ပြည့်သဲမောင်(ပြည်)
https://t.me/pyaethaemaung

ပြည်သတင်း @ ပြည့်သဲမောင်

30 Oct, 14:29


ပြည်မြို့က ချစ်ပရိသတ်ကြီးရေ … ❤️
ကျွန်တော်ပြန်လာပြီနော် ❤️
ပရိသတ်တွေအရမ်းချစ်တဲ့ မင်းသားခေါင်းပေါင်းလေးနဲ့ပါ ကပြဖျော်ဖြေမှာဖြစ်ပါတယ် အားပေးဖို့ပြင်ထားကြပါနော်
ရပ်ဝေးရပ်နီးက ပရိသတ်များအားလုံးကိုလဲ ဖိတ်ခေါ်လိုက်ပါတယ်ဗျ 🙏🙏🙏
👉ကြိုတင်ဖျာ/ထိုင်ခုံ လက်မှတ်များ ဝယ်ယူလိုပါက 09-406135642 ကို ဆက်သွယ်ပြီး ဝယ်ယူအားပေရနိုင်ပါတယ်ဗျ 👈
(အားလုံးကိုလွမ်းသည် စွမ်းဇာနည်)

ပြည်သတင်း @ ပြည့်သဲမောင်

30 Oct, 03:30


ဖျော်ဖြေမူများတွင် မြန်မာ့ယဥ်ကျေးမူကို
ထိခိုက်စေသည့် သရုပ်ပျက်တင်ဆက်မူများ
အများသူငှာကြည့်ရူရန် မသင့်တော်သည့်
ကိစ္စရပ်များ မဖြစ်ပေါ်စေရေးအတွက် အ
ထူးသတိပြု ထိန်းသိမ်းကြရန် မြန်မာနိုင်ငံ
သဘင်အစည်းအရုံး(ဗဟို)က ကြေငြာချက်
ထုတ်ပြန်ထားကြောင်းသိရသည်...

ပြည်သတင်း @ ပြည့်သဲမောင်

ပြည်သတင်း @ ပြည့်သဲမောင်

29 Oct, 04:55


ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး (၂၆၁၃)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၁၂၅)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်ဖွင့်လှစ်အပူဇော်ခံပွဲကျင်းပမည်

ပြည်သတင်း @ ပြည့်သဲမောင်

27 Oct, 15:25


ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး (၂၆၁၃)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၁၂၅)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်ဖွင့်လှစ်အပူဇော်ခံပွဲ (၁၀) ရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ပြည် အောက်တိုဘာ ၂၇

ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး (၂၆၁၃)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၁၂၅)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်ဖွင့်လှစ်အပူဇော်ခံပွဲကို ၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက်၊ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့မှစ၍ ၁၇ ရက်နေ့အထိ (၁၀) ရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။

ပွဲတော်ကျင်းပရာတွင် ဦးစွာ တန်ဆောင်မုန်းလဆန်း ၈ ရက်၊ နိုဝင်ဘာ ၈ ရက်နေ့ နံနက် ၅ နာရီခွဲတွင် စေတီတော်ပြင် ဂေါပကအဖွဲ့ရုံးနှင့် မြတ်စွယ်တော်တိုက်တို့၌ ဗုဒ္ဓမြတ်စွာဘုရားရှင်အမှူးပြုသော  ဩဝါဒါစရိယဆရာတော်ကြီး (၁၀) ပါးအပါအဝင် သံဃာတော် (၁၀၈) ပါးကို အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းမည်ဖြစ်ပြီး  ယင်းနောက်  သံဃာတော် (၁၀၈) ပါးတို့မှ (၂၇) ပါးစီဖြင့် စေတီတော်ရင်ပြင် အာရုံခံတန်ဆောင်း (၄) ခု၌ ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင်ခြင်း ပြုလုပ်မည်ဖြစ်ကာ ဆက်လက်၍ စေတီတော် လေးထပ်ဓမ္မာရုံ၌ ဩဝါဒါစရိယဆရာတော်ကြီး (၁၀) ပါးနှင့် သံဃာတော် (၉၈) ပါးတို့ကိုပင့်ဖိတ်၍ တရားတော်နာယူပွဲကျင်းပမည် ဖြစ်သည်။

ထို့နောက် စေတီတော်ရင်ပြင်ရှိ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး (၂၆၁၃)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်မုခ်ဦးဆိုင်းဘုတ်ရှေ့၌ ပွဲတော်ကို တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်‌ပေးပြီး ၎င်းနောက် မြတ်စွာဘုရားရှင်နှင့် သံဃာတော် (၁၀၉) ပါးတို့ကို စေတီတော်ရင်ပြင်တော်၌ လက်ယာရစ်ပတ်၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပမည်ဖြစ်သည်။

ထို့နောက် ပွဲတော်ဒုတိယနေ့ တန်ဆောင်မုန်းလဆန်း ၉ ရက်၊ နိုဝင်ဘာ ၉ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် တာဝန်ရှိသူများနှင့် ဂေါပကအဖွဲ့များဖြင့်  ရင်ပြင်တော်မြတ်စွယ်တော်တိုက်ရှိ ဗုဒ္ဓမြတ်စွယ်တော် ကိန်းဝပ်စံပါယ်တော်မူသည့် စိန်စေတီတော်၊ ပတ္တမြားစေတီတော်၊ ရွှေကလပ်တော်၊ မူလကြေးစေတီတော်နှင့် စန္ဒကူးကြုတ်တော်တို့ကို ရောင်တော်ဖွင့်ပွဲ ကျင်းပမည်ဖြစ်သည်။

ဆက်လက်၍ တန်ဆောင်မုန်းလဆန်း ၁၁ ရက်၊ နိုဝင်ဘာ ၁၁ရက်နေ့ ညနေ ၄ နာရီခွဲအချိန်တွင် ရင်ပြင်တော်ကျားပျံဓမ္မာရုံ၌ (၁၂၅) ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် ဖွင့်လှစ်အပူဇော်ခံပွဲ ကျင်းပခြင်း၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက်၊ နိုဝင်ဘာ ၁၂ ရက် နံနက် ၆ နာရီအချိန်တွင် မြတ်စွယ်တော်တိုက်အတွင်း၌ ဗုဒ္ဓမြတ်စွယ်တော်ကို ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပွဲ အခမ်းအနားကျင်းပခြင်း၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက်၊ နိုဝင်ဘာ ၁၃ ရက် ညနေ ၃ နာရီအချိန်တွင် ဗုဒ္ဓမြတ်စွယ်တော်ကို ရင်ပြင်တော်ပေါ်တွင် ရွှေဆံတော်စေတီတော်မြတ်ကြီးအား လက်ျာရစ်(၃)ကြိမ် လှည့်လည်အပူဇော်ခံပွဲကျင်းပခြင်းတို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်သည်။

ဗုဒ္ဓမြတ်စွယ်တော်ကို  အများပြည်သူ ဖူးမြော်ကြည်ညိုနိုင်ရန် မြတ်စွယ်တော်တိုက် မှန်ကျောင်းဆောင်တော်၌ တန်ဆောင်မုန်းလဆန်း ၁၄ ရက်မှ တန်ဆောင်မုန်းလပြည့်ကျော် (၁) ရက်နေ့အထိ၊ နိုဝင်ဘာ ၁၄ ရက်မှ ၁၆ ရက်နေ့အထိ နေ့စဉ်နံနက် ၅ နာရီခွဲအချိန်မှ ည ၉ နာရီအချိန်အထိ အပူဇော်ခံမည်ဖြစ်ကာ တန်‌ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၁၇ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်တွင် ဗုဒ္ဓမြတ်စွယ်တော်ကို တစ်နှစ်တာကိန်းဝပ်စံပါယ်တော်မူမည့် မြတ်စွယ်တော်တိုက် ဂန္ဓကုဋီတိုက်အတွင်းသို့ ပြန်လည်ပင့်ဆောင်ပြီး (၂၆၁၃) နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၁၂၅) ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်ဖွင့်လှစ်အပူဇော်ခံပွဲ အောင်ပွဲ/ပိတ်ပွဲအခမ်းအနားတို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။

အဆိုပါပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး (၂၆၁၃) နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၁၂၅) ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် ဖွင့်လှစ်အပူဇော်ခံပွဲတော် ကျင်းပစဉ် ၁၀ ရက်တာကာလအတွင်း ပျော်ပွဲရွှင်ပွဲများ၊ ကစားကွင်းများ၊ မြန်မာ့ရိုးရာခြင်းအလှခတ်ပြိုင်ပွဲနှင့် ပွဲတော်ဈေးဆိုင်တန်းများဖြင့် အစဉ်အလာမပြတ် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

ကိုဆက်(ပြန်/ဆက်)

https://t.me/iprdrnd/135698
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrndn

ပြည်သတင်း @ ပြည့်သဲမောင်

27 Oct, 15:25


ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး (၂၆၁၃)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၁၂၅)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်ဖွင့်လှစ်အပူဇော်ခံပွဲ (၁၀) ရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်...

ပြည်သတင်း @ ပြည့်သဲမောင်

17 Oct, 16:29


သီတင်းကျွတ်လပြည့်နေ့ ​ပြည်​မြို့လေးဆူဓါတ်​ပျော်ရွှေဆံ
တော်စေတီတော်မြတ်ကြီးတွင် ဘုရားဖူးပြည်သူများနှင့်စည်ကားလျှက်ရှိ

ပြည်သတင်း @ ပြည့်သဲမောင်

17 Oct, 02:15


ပိုင်ရှင် ဒီ post ကိုတွေ့ပါစေ 🙏

ညက အောင်ဆန်း A လမ်းဘက်မှာ ယာဥ်မောင်း
လိုင်စင်နှင့်ရိုးမဘဏ်ကဒ်ကောက်ရထားသူက
ပြန်ပေးချင်ပါတယ်တဲ့...

ပျောက်နေသောပိုင်ရှင်က အောက်ပါဖုန်းနံပါတ်
သို့ဆက်သွယ်လိုက်ပါနော် 📲09454168304

ပြည်သတင်း @ ပြည့်သဲမောင်

13 Oct, 13:15


ဆိုင်ကယ်ခိုးယူသူအားပြည်မြို့မရဲစခန်း
မှ ဖော်ထုတ်ဖမ်းဆီးရမိ

12.10.2024 ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ပြည်မြို့၊
ဆံတော်ရပ်ကွက်၊ဟိန္နူစတန်နီ ဗလီရှေ့တွင်
(၉-၁၀-၂၀၂၄)ရက်နေ့ကဇတ်သော့ခတ်ရပ်
ထားသည့်Honda Click125 အမျိုးအစား
အနက်ရောင်ဆိုင်ကယ်တစ်စီးပျောက်ဆုံး
မူနှင့်ပတ်သက်ပြီး ပြစ်မူကျုးလွန်သူများ
ဆက်လက်ဖမ်းဆီးရမိကြောင်းသိရသည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်ပြီး ဆိုင်ကယ်
ခိုးယူခံရမှုဖြစ်ပွားခဲ့ရာ cctv မှတ်တမ်းအရ
တရားခံ( ၂)ဦးပုံသဏ္ဍန်ရရှိခဲ့သဖြင့်ပြည်ခရိုင်
ရဲတပ်ဖွဲ့မှူးနှင့် ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူးတို့၏
ကြီးကြပ်ကွပ်ကွဲမှူ့ဖြင့် မြို့မစခန်းမှူး ဒုရဲမှူး
ကျော်မိုးနိုင်ဦးစီးအဖွဲ့မှနယ်မြေအတွင်းလိုက်
လံသတင်းစုံစမ်းစဥ် ကောင်းခန့်ဇော်အားဖမ်း
ဆီးရမိခဲ့ပြီး ဆိုင်ကယ်အားသိမ်းဆည်းရမိခဲ့
ကြောင်း။

ထို့နောက် ၄င်းနှင့်အတူပြစ်မှုကျူးလွန်ခဲ့ရာတွင်
ပါဝင်သူ ရဲခန့်ကျော်နှင့်ပြည့်ဖြိုးမောင်တို့အား
ထပ်မံဖမ်းဆီးရမိခဲ့ကာ သက်သေခံဆိုင်ကယ်
နှင့်အတူသိမ်းဆည်းရမိခဲ့ပြီး တရားခံ(၃)ဦးအား
အမှု့ဖွင့်​အရေးယူဆောင်ရွက်ခဲ့ကြောင်း။

ဆက်လက်၍ ကောင်းခန့်ဇော်နှင့် ရဲခန့်ကျော်
တို့နှစ်ဦး ခိုးယူခဲ့သည့်Honda Click 125 အမျိုး
အစားလိမ္မော်ရောင်ဆိုင်ကယ်( ၁)စီး၊ထပ်မံ၍
( ၃)ဦးပူးပေါင်းခိုးယူခဲ့သည့်Yunde Smash 112
အမျိုးအစားအနက်ရောင်ဆိုင်ကယ်( ၁)စီး၊တို့
အားသိမ်းဆည်းရမိခဲ့ပြီး အမှု့ဖွင့်အရေးယူဆောင်ရွက်ခဲ့ကြောင်း။

နောက်ထပ်(၃)ဦး ပူးပေါင်းခိုးယူထားသည့်
Honda Click 125အမျိုးအစား အနက်ရောင်
ဆိုင်ကယ်( ၁)စီးနှင့်Honda wave100အမျိုး
အစားအနက်ရောင်ဆိုင်ကယ်( ၁)စီးတို့အား
သိမ်းဆည်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိသည်။

သတင်းအပြည့်အစုံအား ဆက်လက်ဖော်ပြပေး
ပါမည်။

ပြည်သတင်း ပြည့်သဲမောင် -ပြည်

ဓါတ်ပုံ Crd

ပြည်သတင်းများအား အောက်ပါ တယ်လီ
ဂရမ်တွင် ဖတ်ကြည့်နိူင်ပါတယ်...
https://t.me/pyaethaemaung

ပြည်သတင်း @ ပြည့်သဲမောင်

12 Oct, 15:21


ပြည်မြို့ နဝင်းနယ်မြေ ပြည်​တော်သာရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့ တပ်စု (၄၅) အတွက် 10.10
.2024ရက်​နေ့တွင် တိုင်းမီးသတ်ဦးစီးမှူး ကိုယ်တိုင်
မီးသတ်ယာဥ်အား ချီးမြှင့်​ပေးအပ်ခဲ့ကြောင်းသိရ
သည်။

ဓါတ်ပုံ Crd U Than Lwin

ပြည်သတင်း ပြည့်သဲမောင် -ပြည်

ပြည်သတင်းများအား အောက်ပါ တယ်လီ
ဂရမ်တွင် ဖတ်ကြည့်နိူင်ပါတယ်...
https://t.me/pyaethaemaung

ပြည်သတင်း @ ပြည့်သဲမောင်

12 Oct, 03:50


တွေ့ရှိပါကဆက်သွယ်ကူညီပေးပါခင်ဗျာ

ပြည်မြို့နယ် P.T.U လ္ခုပ်ပင်ကျေးရွာနေ
အဖိုး ဦးမြအုန်း အဖွား ဒေါ်မြင့်သိန်းတို့
၏ မြေး မချစ်မြတ်နိူးသူ အသက်(၁၅)နှစ်
သည် ၅.၁၀.၂၀၂၄ ရက်နေ့မုန့်ဝယ်သွားရာ
မှ ​ယနေ့အထိ အဖိုးအဖွားနေအိမ်သို့ ပြန်လည်
ရောက်ရှိခြင်းမရှိဘဲ အဆက်အသွယ်ပျက်နေ
ပါသဖြင့်ဖော်ပြပါ ဓါတ်ပုံပိုင်ရှင်ခလေးမအား
တွေ့ရှိပါက ကူညီ၍ဆက်သွယ်အကြောင်းပေး
ပါရန် အကူအညီတောင်းခံအပ်ပါတယ် 🙏

ခလေးအား မရိုးဖြောင့်သောသဘောဖြင့်
လက်ခံထားရှိသူကိုလဲ ဥပဒေအရအရေး
ယူပေးရန် ရဲစခန်းသို့အကြောင်းကြားတိုင်
ကြားထားပြီးဖြစ်ပါကြောင်း...

ဆက်သွယ်ကူညီပေးပါခင်ဗျာ
📲09662419509