Rainbow Alliance @rainbow_alliance_for_lgbt Channel on Telegram

Rainbow Alliance

@rainbow_alliance_for_lgbt


Change for Better

Rainbow Alliance (English)

Are you looking to be a part of a supportive community that advocates for equality and represents diversity? Look no further than the Rainbow Alliance Telegram channel! With the username @rainbow_alliance_for_lgbt, this channel is dedicated to promoting positive change for the better. The Rainbow Alliance is a platform for members of the LGBTQ+ community and allies to come together, share their stories, and support each other through advocacy and activism. Whether you're looking for resources, information, or simply a safe space to connect with like-minded individuals, this channel is the place for you. Join us in our mission to create a more inclusive and accepting society for all. Together, we can make a difference and pave the way for a brighter future. Don't hesitate to join the Rainbow Alliance Telegram channel today and be a part of the change for better!

Rainbow Alliance

24 Nov, 11:51


Email စစ်ကြည့်ပေးပါဦးနော်။

Rainbow Alliance

21 Nov, 06:22


ရိန်းဘိုးလေးတို့အနေနဲ့ လူတွေကိုမပြောပြပဲ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေ မြိုသိပ်ထားရတဲ့အချိန်မျိုးတွေရှိခဲ့ဖူးတယ် ဆိုရင်တော့ အဆုံးထိ ဖတ်ပြီး အစီအစဉ်လေးမှာပါဝင်လိုက်ပါနော်။
ရိန်းဘိုးလေးတို့ရေ.... RBA ကရိန်းဘိုးလေးတို့အတွက် "ကမ်းလက်တို့နှင့် ဆွေးနွေးမယ်" အစီအစဉ်ကို ဖော်ဆောင်လာပါတယ်။
⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️
"ပန်းကလေးများ လန်းဆန်းဖို့အတွက် ကမ်းလက်တစ်စုံ"
⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️
"ကမ်းလက်များ နဲ့ စကားပြောမယ်" အစီအစဉ်
LGBTQ+ လူငယ်များနှင့် အမျိုးသမီးငယ်လေးများရဲ့ ဘဝမှာ အကြောင်းအမျိုးမျိုးကြောင့်စိတ်ပင်ပန်းမှုတွေဆိုတာရှိကြပါတယ်။ မိသားစုပြဿနာတွေ ၊ လူမှုဆက်ဆံရေးတွေ ၊ လုပ်ငန်းခွင် နဲ့ ပတ်ဝန်းကျင်မှာ မိမိရဲ့ဖြစ်တည်မှုကြောင့် ခွဲခြားခံရတာတွေ အနိုင်ကျင့်ခံရတာမျိုး‌တွေ‌ ကြုံရပြီးတစ်ခါတရံမှာ ခက်ခဲနေရတဲ့အချိန်တွေ လူတွေကိုပြောမထွက်တဲ့အချိန်တွေမှာ မွန်းကြပ်နေရတာမျိုးတွေရှိတတ်ပါတယ်။
ဒီအခါမှာ ရင်ဖွင့် တိုင်ပင်ဆွေးနွေးရာ နေရာလေးတွေကတကယ်ကို လိုအပ်ပါတယ်။ ကိုယ်က LGBT တစ်ယောက်ဖြစ်လို့ခွဲခြားခံနေရလား၊ အမျိုးသမီးတစ်ယောက်ဖြစ်လို့ဆိုပြီး စိတ်ပင်ပန်းမှုတွေကြုံနေရလား ဒါဆိုရင်တော့ အခုအစီအစဉ်လေးက သင့်အတွက်ပါပဲ။
LGBTQ+ နှင့် အမျိုးသမီးငယ်လေးများထဲမှ ရင်ဖွင့်ချင်ပြီး စကားပြောဖော်လိုသူများအတွက် လုံခြုံစိတ်ချပြီး ယုံကြည်ရတဲ့ ရင်ဖွင့်‌ ဆွေးနွေးစကားပြောဖော်‌လေးရှိတာမို့ နှစ်သိမ့်ဆွေးနွေးမှုကို လုံးဝ “အခမဲ့” ရယူနိုင်ပါတယ်နော်။🙆🙆🙆
"အစီအစဉ်မှာ နှစ်သိမ့်ဆွေးနွေးခြင်း ရယူချင်ရင်တော့"••••• RBA Page ရဲ့ Telegram chat မှာ "ကမ်းလက်များနဲ့စကားပြောချင်" လို့ လာပြောလို့ ရပါတယ်။

Telegram chat - @rbalgbt

နွေးထွေးစွာ စောင့်‌ကြိုနေမှာမလို့ အမြန်ဆုံးလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ …….
#စိတ်အာဟာရအတွက်အချိန်ခဏပေးပါ
#mental_health
#rainbowalliance🏳️‍🌈
#changeforbetter💪

Rainbow Alliance

19 Nov, 03:49


RBA ၏ လူငယ်တိုင်းအတွက် SRH Training 🏳️‍🌈

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

📚 Training (၂)ရက်တာအတွင်း
✒️လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်၍ကူးစက်တတ်သော ရောဂါ အကြောင်းတွေ
🏳️‍⚧️ Transgender ကျန်းမာရေးအကြောင်းများ။
✒️ဒါတွေက ဘယ်‌လောက်ထိသက်ရောက်မှုရှိလဲ၊ဘယ်လိုတွေ ဆောင်ရန် ရှောင်ရန်တွေရှိလဲ ဆိုတာတွေက်ိုဆွေးနွေးသွားမှာပဲဖြစ်ပါတယ်••••

ကဲ...ဒီလို စိတ်ဝင်စားစရာ သိသင့်တဲ့ အကြောင်းလေး‌ တွေကို ဆွေးနွေးပေးသွားမှာမို့Training လေး ကို တက်ရောက်ဖို့ဖိတ်ခေါ်ပါတယ်။🤗

ဘယ်အချိန်မှာ လုပ်မှာလဲ?
ညနေ (၄) နာရီ မှ (၇) နာရီ ထိဖြစ်ပါတယ်။

🗓️ဘယ်နေ့မှာ လုပ်မှာလဲ?
၂၅-၂၆ ရက်များ နိုဝင်ဘာလ ၂၀၂၄ ခုနှစ် (၂)ရက်တိတိ

🌐Zoom Cloud Meeting (Zoom Meeting)ကနေပြုလုပ်သွားမှာပါ🤗

ထို့အပြင် Homing Assignment များလည်းပါဝင်လုပ်ဆောင် ရပါမည်။
Homing Assignment ဆိုတာ တစ်ယောက်ချင်း သို့မဟုတ် သင်တန်းသားများကို အဖွဲ့လိုက်ခွဲ၍ သင်တန်းချိန်ပြင်ပ အွန်လိုင်းပေါ်တွင် လုပ်‌ဆောင် ရမည့် Activity ဖြစ်ပါတယ်။

⚠️ Training ကို (ရန်ကုန်၊စစ်ကိုင်း၊ရခိုင်၊‌ရှမ်း၊မွန် နဲ့ ပဲခူး စသော နေရာများ မှ LGBTQIA + များနှင့် အမျိုးသမီးများ ပါဝင်စာရင်းပေးနိုင်ပါတယ်)
🖇️ ဒီ နေရာဒေသများမှ မဟုတ်လည်း လျှောက်ထားနိုင်ပါတယ်။

⚠️လူဦးရေ (၁၅)ယောက်ပဲ တက်ရောက်ခွင့်ရမှာဖြစ်တဲ့အတွက် Register Form သေချာလေးဖြည့်တဲ့သူ ၊ သင်တန်းကို (၂) ရက်လုံး အချိန်ပြည့်တက်‌ ရောက်နိုင်သူများကိုသာ ပြန်လည်ရွေးချယ်သွားမှာပါနော်••••

စိတ်ဝင်စားလို့ တက်ရောက်ချင်ပါတယ်ဆိုရင် အရင်ဆုံး register လုပ်ဖို့လိုပါတယ်နော်။

စာလေးတွေကို အစအဆုံး သေချာဖတ်ပြီးမှ registerလုပ်ဖို့ အသိပေးချင်ပါတယ်။

🔗 Register Form links 🔗

https://docs.google.com/forms/d/e/1FAIpQLSdzVGayjCHXfdKU0mTXaJL8kWCAZBH6E9j1YrKqKxFk-dtHOQ/viewform?usp=sf_link


⚠️Register Form ကို ၂၂ နိုဝင်ဘာလ၂၀၂၄ ရက်နေ့ ၊ နေ့လည် (၁၂)နာရီ အထိနောက်ဆုံးထားဖြည့်နိုင်ပါတယ်။

ပါဝင်ခွင့်ရရှိသူများကိုလည်း အီးမေး(Email )ကနေပြန်လည်ဆက်သွယ်ပေးသွားမှာဖြစ်ပါတယ်။🎉

လူအရေအတွက် (၁၅)ယောက်သာ သက်မှတ်ထားတဲ့ အတွက် အသေအချာလေး registerလုပ်ဖို့ လိုပါတယ်နော်။လူအရေအတွက် ကန့်သတ်မှုမှာ အရည်အသွေး တိုးတက်စေရန်ရည်ရွယ်တဲ့အတွက် သတ်မှတ်လိုက်ခြင်းဖြစ်ပါတယ်။

လူဦးရေ အကန့်အသတ်နဲ့ ဖြစ်သည့်အတွက်ကြောင့် သင်တန်းလေးကို(၂) ရက်လုံး အစ၊အလယ်၊အဆုံးပါဝင်နိုင်ဖို့လိုအပ်ပါတယ်။ ကိုယ်ကြောင့် တစ်ခြား သူရဲ့အခွင့်အရေး မဆုံးရှုံးပါစေနှင့်။

ဒါအပြင် ဆက်သွယ်ရေးစရိတ်ကိုပြန်လည်ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

⚠️နောက်ဆုံး အရေးကြီးဆုံး အချက်က ညနေ (၄)နာရီ ကနေ ည(၇)နာရီထိ အပြည့်တက်နိုင်ပြီး (၂)ရက်လုံးမပျက်မကွက်တက်ရောက်နိုင်မှသာ စာရင်း ပေးသွင်းပေးပါရန် အနူးအညွတ် လေးစားစွာ သတိပေးအပ်ပါတယ်။


#လူငယ်တိုင်းအတွက်SRH
#sexual_reproductive_health
#rainbowalliance🏳️‍🌈
#changeforbetter💪

Rainbow Alliance

18 Nov, 11:33


“ကျန်းမာခြင်းသည် လာဘ်တစ်ပါး”

§§§§§§§§§§§§§§§§§§§§§§§§§§§§§§§

“ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ဆိုတဲ့အတိုင်း ကျွန်တော်တို့ ပြုလုပ်ချင်တဲ့အရာလေးတွေပြုလုပ်နိုင်ဖို့၊ ကိုယ့်ရဲ့တစ်နေ့တာလုံးမှာအမြဲ Active ဖြစ်စေနိုင်ဖို့နဲ့ ကျွန်တော်တို့ ဖြစ်ချင်တဲ့ Goals တွေဆီ အရောက်သွားနိုင်ဖို့အတွက် Healthy ဖြစ်ဖို့ဟာ အင်မတန်မှအရေးကြီးပါတယ်။ ဒါကြောင့်မလို့ ဒီနေ့မှာဆိုရင်ကျွန်တော်က Health နဲ့ပတ်သက်တဲ့ဆောင်ရန်၊ ရှောင်ရန်လေးတွေကိုလာပြီး Sharing လုပ်ပေးတာပဲဖြစ်ပါတယ်ဗျ။ 🙇‍♀️

လူတိုင်းကကျန်းမာတဲ့ဘဝတွေပိုင်ဆိုင်ချင်ပြီးတော့ ကျန်းမာသန်စွမ်းချင်ပေမဲ့ ကိုယ့်ရဲ့တစ်နေ့တာမှာ လုပ်ဖြစ်နေတတ်ကြတဲ့ Bad Habits လေးတွေရှိတတ်ကြပါတယ်။ 💁

ဒါတွေကတော့ ဆေးလိပ်သောက်တာ၊ အရက်သေစာသောက်စားတာ၊ အထိုင်များတာ၊ ပုံမှန်လေ့ကျင့်ခန်းမလုပ်ကြတာ၊ အတွေးလွန်တာ၊ ဖုန်းတစ်နေကုန်သုံးဖြစ်ကြတာ စတဲ့ Bad Habits လေးတွေပဲဖြစ်ပါတယ်။

ဒီလို Bad Habits လေးတွေကို ပြုလုပ်နေခြင်းက ရေတိုမှာတော့ စိုးရိမ်စရာမရှိနိုင်ပေမဲ့ ရေရှည်မှာဆိုရင်တော့ ကိုယ့်ရဲ့ကျန်းမာရေးကိုထိခိုက်လာစေနိုင်ပါတယ်။ ဆိုတော့ ဒီအချက်လေးတွေကိုတဖြည်းဖြည်းပြင်ကြည့်ဖို့ Remind လုပ်ရင်းနဲ့ဘယ်လိုမျိုး Healthy ဖြစ်အောင်နေကြမလဲဆိုတဲ့ Tips လေးတွေကို အောက်မှာအတူတူသွားကြည့်လိုက်ကြရအောင်ပါ။🕺

🔹Doing Exercises Regularly🏋️
လေ့ကျင့်ခန်းတွေကိုနေ့စဥ်ပြုလုပ်တာက Physical ရော Mental ပါ Active ဖြစ်စေနိုင်တဲ့အပြင် ကိုယ့်ရဲ့ Pressure တွေ၊ Depression တွေကို လျော့ကျစေနိုင်မှာပဲဖြစ်ပါတယ်။ အဝလွန်နေတဲ့သူတွေဆိုရင်လည်း မနက်စောစောလေး လမ်းလျှောက်တာမျိုး၊ Exercise ပုံမှန်လုပ်ပေးတာမျိုးက ကိုယ့်ရဲ့ Body Weight ကိုထိန်းထားစေနိုင်မှာပဲဖြစ်ပါတယ်။ နောက်ပြီး တစ်နေ့ကို အနည်းဆုံးနာရီဝက်လောက် Exercise ပုံမှန်လုပ်တာကလည်း
ကျန်းမာရေးအတွက် တကယ်ကိုမှအကျိုးရှိစေပါတယ်နော်။

🔹Eating Nutritious Foods 🍽
ကိုယ်က Healthy ဖြစ်ချင်တယ်ဆိုရင် အစာကိုအချိန်မှန်မှန်စားသောက်ဖို့လိုအပ်သလို ကိုယ်စားသောက်လိုက်တဲ့အစားအစာတွေကလည်း အာဟာရပြည့်ဝဖို့လိုအပ်ပါတယ်။ အစားအစာ စားသောက်တဲ့အခါမှာဆိုရင် အစာအုပ်စု(၃)အုပ်စုနဲ့အညီ သင့်တင့်မျှတစွာစားသောက်ပေးသင့်ပါတယ်။ ဒါ့အပြင် ကိုယ်စားသောက်တဲ့အစားအစာတွေက Chemicals တွေသုံးထားခြင်းမရှိဘဲ သန့်ရှင်းလတ်ဆတ်တဲ့အစားအစာတွေဖြစ်ဖို့လည်း အလွန်အရေးကြီးပါတယ်။

🔹Sleeping Enough Regularly 🛏
လူတစ်ယောက်မှာဆိုရင် တစ်နေ့ကိုအနည်းဆုံး ၇နာရီ ကနေ ၈နာရီအထိအိပ်စက်ပေးမှသာ Healthy ဖြစ်ပြီးတော့ တစ်နေ့တာလုံးမှာ Active ဖြစ်နိုင်မှာပဲဖြစ်ပါတယ်။ ကိုယ်က အိပ်ချိန်လုံလုံလောက်လောက်မရရှိဘူးဆိုရင်တော့ Anxiety မြင့်မားစေနိုင်ပြီး ကိုယ့်ရဲ့ကျန်းမာရေးကိုထိခိုက်လာစေနိုင်ပါတယ်။ ဒါကြောင့်မလို့ လုံလောက်စွာအိပ်စက်အနားယူပေးဖို့လည်း လိုအပ်ပါတယ်။

🔹Meditation 🧘
တစ်နေ့ကို အနည်းဆုံး ၁နာရီလောက်အချိန်ပေးပြီး Meditation လုပ်ခြင်းက ကိုယ့်ရဲ့ Stress တွေလျော့နည်းစေဖို့ အထောက်အပံ့ပေးပါတယ်။ နောက်ပြီးကိုယ့်ရဲ့ Mental Health အတွက်လည်း အများကြီးအထောက်အကူဖြစ်စေပါတယ်။

🔹Taking A Rest 💃
ကျန်းမာဖို့အတွက်ဆိုရင် အနားယူဖို့လည်းလိုအပ်ပါသေးတယ်။ ကိုယ်ကအနားမယူဘဲအလုပ်တွေချည်းလုပ်နေမိတယ်ဆိုရင် ကြာလာတဲ့အခါမှာ ကိုယ့်ရဲ့ကျန်းမာရေးကိုထိခိုက်လာစေနိုင်တဲ့အတွက် အနားယူတာကိုလည်းပြုလုပ်ပေးသင့်ပါတယ်။

ဆိုတော့ ဒီကသူလေးတွေမှာရော Bad Habits လေးတွေရှိကြလားဗျ။ ရှိတယ်ဆိုရင် Comment Box လေးထဲမှာ Sharing လေးလုပ်ပေးခဲ့ကြပါဦးနော်။ 🫶


#health
#goodluck🍀
#rainbowalliance🏳️‍⚧️
#changeforbetter💪

Rainbow Alliance

18 Nov, 07:15


Suffragettes ဆိုတာ ဘယ်သူတွေများလဲ?
💁‍♂️💁‍♂️💁‍♂️💁‍♂️💁‍♂️💁‍♂️💁‍♂️💁‍♂️💁‍♂️💁‍♂️💁‍♂️💁‍♂️💁‍♂️💁‍♂️💁‍♂️💁‍♂️

ဒီနေ့မှာတော့ Suffragettes ဆိုတဲ့ စကားလုံးလေးရဲ့ မူလအစကို ကျွန်တော်နဲ့အတူတူ တူးဖော်လိုက်ရအောင်! 🏃‍♀️

Suffragettes ဆိုတာ လွန်ခဲ့တဲ့ ၂၀
ရာစုအစောပိုင်းလောက်က အမျိုးသမီးထုတွေ မဲပေးနိုင်ရေးအတွက် ဆန္ဒပြပြီး တက်ကြွစွာပါဝင်လှုပ်ရှားခဲ့သူတွေကို ရည်ညွှန်းတာဖြစ်ပါတယ်။ ☝️

ဒါဆို Suffragettes တွေရဲ့
ဆိုလိုရင်းလေးလည်းသိသွားပြီဆိုတော့ သူတို့တွေရဲ့ ပန်းတိုင်ရောက်ရှိအောင် ဘယ်လိုကြိုးပမ်းပြီး ဆန္ဒပြလှုပ်ရှားခဲ့ကြလဲ ဆိုတာသိရဖို့ အခု Post လေးကို အဆုံးထိဖတ်ကြည့်ဖို့ ဖိတ်ခေါ်ပါရစေ။ 🧐

တကယ်တော့ အမျိုးသမီးတွေမဲပေးနိုင်ဖို့အတွက် လှုပ်ရှားမှုတွေက ၁၈၀၀ ခုနှစ် အစောပိုင်းထဲက စတင်ခဲ့ကြတာပါ။ ဒီလိုနဲ့ပဲ ၁၉၀၃ ခုနှစ် ရောက်တဲ့အခါမှာတော့ Emmeline Pankhurst ဆိုတဲ့အမျိုးသမီးက WSPU ( Women's Social and Political Union ) လို့အမည်တွင်တဲ့ အဖွဲ့အစည်းကို စတင်တည်ထောင်ခဲ့ပါတယ်။

ဒီအဖွဲ့အစည်းကြောင့်ပဲ အမျိုးသမီးမဲပေးပိုင်ခွင့်အတွက် ကြိုးပမ်းမှုတွေက အရင်ကထက် ပိုမိုအားပြင်းတဲ့ အဆင့်တစ်ခုကိုစတင်ခဲ့ပြီး "Deeds, not words" ဆိုတဲ့ စကားပုံနဲ့အတူ ဆက်လက်တိုက်ပွဲဝင်ခဲ့ကြပြီး UK ရဲ့ နေရာတော်တော်များများမှာပါ ဆန္ဒပြပွဲတွေ ဆင်နွှဲခဲ့ကြပါတယ်။ 🇬🇧

Suffragettes တွေရဲ့ အရေးပါတဲ့ဆန္ဒပြမှုတွေ ဖြစ်တဲ့

🔸 ၁၉၁၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ပြတင်းပေါက်များ အဆက်မပြတ်ရိုက်ခွဲမှု

🔸 ၁၉၁၃ ခုနှစ်မှာ Suffragette တစ်ဦးဖြစ်တဲ့ Emily Davison ရဲ့သေဆုံးမှု

🔸 WSPU ရဲ့ခေါင်းဆောင်ဖြစ်တဲ့ Emmeline Pankhurst အဖမ်းခံခြင်းကြောင့် အကောင်အထည်ဖော်ခဲ့ကြတဲ့ အစာငတ်ခံဆန္ဒပြမှု

အစရှိတာတွေကြောင့် လူထုရဲ့အာရုံစိုက်မှုကို ရရှိလာပြီး Suffragettes တွေရဲ့ဆန္ဒပြမှုတွေကိုလည်း ပိုမိုအားကောင်းလာစေခဲ့ပါတယ်။ 🗣

ဒီလိုကြိုးစားမှုကြောင့်တွေပဲ Suffragettes တွေရဲ့ ပန်းတိုင်ဖြစ်တဲ့ အမျိုးသမီးတွေ မဲပေးနိုင်တဲ့ အခွင့်အရေးကို ၁၉၁၈ ခုနှစ်မှာ အတည်ပြုပေးခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီအတည်ပြုချက်မှာတော့ ၃၀နှစ်အထက် အမျိုးသမီးတွေသာ မဲပေးခွင့်ရခဲ့ပြီး ၁၉၂၈ ခုနှစ်မှာတော့ ၂၁နှစ်ပြည့်ပြီးသား အမျိုးသမီးတိုင်းကို မဲပေးခွင့်ပြုခဲ့ပါတယ်။

Suffragettes တွေရဲ့ ဆန္ဒပြမှုတွေက မလွယ်ကူခဲ့ပေမဲ့လည်း အဆုံးသတ်မှာတော့ သူတို့လိုချင်တောင့်တနေခဲ့တဲ့ အောင်မြင်မှုကို နှစ်ပေါင်း ၂၅နှစ်အကြာမှာ ပိုင်ဆိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ 🤗🫶


ဒါကြောင့် Suffragettes တွေကိုတစ်ခါပြန်တွေးမိတိုင်း အခုလိုလေးမှတ်ယူကြရအောင်! ဒါဟာ အောင်မြင်မှုတွေနဲ့အတူ လျှောက်လှမ်းခဲ့တဲ့ ပန်းခင်းလမ်းလေး မဟုတ်ပါဘူး၊ ဆူးခင်းလမ်းတွေကျော်လွှားပြီး ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အမျိုးသမီးထုတွေအတွက် အကြီးမားဆုံးတန်ဖိုးရှိခဲ့တဲ့ ခရီးစဉ်တစ်ခုပါ။ 💁‍♀️


References:
https://kids.nationalgeographic.com/history/article/womens-suffrage-movement


#Suffragettes
#rainbowalliance🏳️‍⚧️
#changeforbetter💪

Rainbow Alliance

13 Nov, 11:32


“စိတ်သည်သာအရာရာ”

ကမ္ဘာပေါ်မှာ လူဦးရေများလာတာနဲ့အမျှ သေဆုံးနှုန်းတွေလည်း တစ်နှစ်ထက်တစ်နှစ်များလာတာကိုသိကြတယ်ဟုတ်?သေဆုံးနှုန်းတွေထဲမှာမှ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံမှု (Suicide Case) တွေဟာလည်း တစ်နှစ်ထက်တစ်နှစ်တိုးလာကြတာကို သိသာစွာမြင်တွေ့ရပါတယ်။ ဒီလိုတွေဖြစ်လာရတာဘာကြောင့်လဲ⁉️

အဓိကပင်မအဖြေကတော့ စိတ်ဓာတ်ထိုးနှက်ခံရလို့ပဲဖြစ်ပါတယ်။ “စိတ်ထောင်း ကိုယ်ကြေ” ဆိုတဲ့ မြန်မာစကားပုံလေးအတိုင်း စိတ်ဓာတ်ကိုထိုးနှက်လိုက်တာနဲ့ ခန္ဓာကိုယ်ဘယ်လောက်ပဲသန်မာပါစေ လူတွေကဘဝကိုအရှုံးပေးတတ်ကြပါတယ်။

ကဲ…ဒီလိုတွေမဖြစ်ရအောင် လူတွေမှာ အဓိကဖြစ်တဲ့ စိတ်သည်သာအရာရာ မလို့ Mental Health ကို ဘယ်လိုဂရုစိုက်ကြမလဲ? 🤷🏼‍♀️

⭐️ Get Regular Exercise
နေ့တိုင်း ပုံမှန်အားကစားလုပ်ခြင်းဟာ သင့်ရဲ့ စိတ်ကို ကြည်လင်စေပြီး ကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေပါတယ်။ စိတ် ကြည်လင်ပြတ်သားနေရင် ဘာမဆိုယုံကြည်ချက်ရှိရှိလုပ်နိုင်မှာ အမှန်ပါ။ 💪

⭐️ Set Goals and Priorities
Comfort Zone ထဲကနေ ရုန်းထွက်ပြီးတော့ Challenge ဖြစ်တဲ့အရာတွေနဲ့ထိတွေ့တာဟာလည်း မိမိရဲ့စိတ်ကို သန်မာအောင်လုပ်တဲ့နည်းဖြစ်တဲ့အပြင် မိမိကိုယ်ကိုလည်း တိုးတက်အောင်လုပ်တဲ့နည်းလေးဖြစ်ပါတယ်။ 😉

⭐️Focus on Positivity
ဘယ်အရာမဆို အကောင်းမြင်စိတ်ထားပြီး Positive ဘက်ကနေ တွေးကြည့်လိုက်ခြင်းအားဖြင့် မိမိရဲ့ စိတ်ကို အထိအခိုက်မခံဘဲ မိမိဘဝကို မကောင်းမှုတွေကနေ ဝေးအောင်လုပ်နိုင်တဲ့အကောင်းဆုံးနည်းလမ်းလေးပဲဖြစ်ပါတယ်။ ❤️

လူ့ခန္ဓာကိုယ်မှာ စိတ်သည်သာအရာရာဖြစ်တာမလို့ မိမိရဲ့ Mental Health ကို သေချာ ဂရုစိုက်ကြဖို့လိုအပ်ပါတယ်နော်။



#everything
#mental_health
#rainbowalliance🏳️‍⚧️
#changeforbetter💪

Rainbow Alliance

12 Nov, 12:17


2018 Miss Universe တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော Transgender Woman Miss Angela Ponce.

#TransgenderDayOfRemembrance🏳️‍⚧️
#Miss_Universe
#crd_to_owner_with_respect
#Crd_Orginal_Uploader
#crd_Video

Rainbow Alliance

12 Nov, 08:13


How can we create a supportive environment for LGBTQ+ individuals?
===================================

LGBTQ+ တစ်ယောက်ချင်းစီတိုင်းအတွက် နွေးထွေးကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးခြင်းဟာ သူတို့ရဲ့ ဖြစ်တည်မှုကို လက်ခံပြီးတန်ဖိုးထားကြောင်းကို ဖော်ပြပေးရာ‌ရောက်သလို၊ Mental Well-being ကိုလည်း မြှင့်တင်ပေးစေပါတယ်။

လေ့လာချက်တွေအရဆိုရင် LGBTQ+ တစ်ဦးချင်းစီဟာ ခွဲခြားဆက်ဆံခံရမှုတွေနဲ့ အနိုင်ကျင့်ခံရမှုတွေကြောင့် စိတ်ဓာတ်ကျခြင်းနှင့် စိုးရိမ်ပူပန်မှု‌တွေ စတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ကြုံတွေ့ရနိုင်ခြေပိုများကြောင်း တွေ့ရတတ်ပါတယ်။ သူတို့ဟာလည်း လူတွေထဲကလူပဲဖြစ်တာကြောင့် ခွဲခြားဆက်ဆံခံရဖို့ဆိုတာက လုံးဝမဖြစ်သင့်ပါဘူး။ 🙅

ဒါ့အပြင် LGBTQ+ တစ်ဦးချင်းစီ ရင်ဆိုင်ကြုံတွေ့နေရတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေကို နားလည်ပေးခြင်းဟာလည်း လိုအပ်တဲ့ ပံ့ပိုးကူညီမှုပေးရန် ပထမခြေလှမ်းဖြစ်ပါတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာပဲဖြစ်စေ၊ မိတ်ဆွေ၊ သူငယ်ချင်း သို့မဟုတ် မိသားစုဝင်တွေထဲမှာ LGBTQ+ လေးတွေရှိလာခဲ့ရင် အပြည့်အဝထောက်ခံပေးပြီး ကိုယ့်ရဲ့လက်ခံမှုကို ကောင်းမွန်တဲ့နည်းလမ်းလေးတွေနဲ့ ဖော်ပြကြရအောင်နော်။

ကျွန်တော်က နည်းလမ်းတွေအများကြီးရှိတဲ့ထဲကမှ အခြေခံကျတဲ့သုံးခုကိုမျှ‌ဝေပေးသွားချင်ပါတယ်။

Create Safe Space and Listen to LGBTQ+ Voices 🫂

ခုမှ Come Out လုပ်မဲ့ LGBTQ+ လေးတွေအတွက်ဆိုရင် ဒါဟာခက်ခဲတဲ့အရာတစ်ခုဖြစ်နိုင်တာကြောင့် ကျွန်တော်တို့ဘက်က သူတို့ကိုစိတ်လုံခြုံမှုပေးနိုင်တဲ့ အခြေအနေမျိုးလေးဖန်တီးပေးလို့ရပြီး သူတို့ရဲ့စကားသံလေးတွေကို နားထောင်ပေးလို့ရပါတယ်။

Be an Active Ally 🗣️

ယနေ့လိုတိုးတက်ပွင့်လင်းလာတဲ့ခေတ်ကြီးထဲမှာတောင် ရှေးရိုးစွဲအတွေးတွေနဲ့ LGBTQ+ Community ကို ဝေဖန်တတ်ကြတဲ့ လူတွေရှိနေပါ‌သေးတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့က ဒီခွဲခြားမှုတွေ၊ မတရားမှုတွေ၊ ရှုံ့ချမှုတွေတိုက်ဖျက်နေတဲ့ အဖွဲ့အစည်းတွေကို Social Media ကနေပဲဖြစ်ဖြစ် ထောက်ခံခြင်းဖြင့် တစ်စိတ်တစ်ပိုင်းပါဝင်လို့ရနိုင်ပါတယ်။

Respect Privacy and Boundaries 🙆

ဒါကတော့ အရေးအကြီးဆုံးအချက်လေးပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ LGBTQ+ တစ်ယောက်ချင်းစီရဲ့ ခံယူမှုတွေကို လေးစားပေးရပါမယ်။ ဒါကြောင့်မလို့ သူတို့ရဲ့ဖြစ်တည်မှုအကြောင်းကို ဖွင့်ဟပြောဆိုဖို့ ဖိအားမပေးသင့်သလို သူတို့ခွင့်ပြုချက်မပါဘဲ တခြားသူကိုပြန်လည်ပြောပြတာမျိုးတွေကို လုံးဝမလုပ်သင့်ပါဘူး။



#LGBT
#supportive_environment
#rainbowalliance🏳️‍⚧️
#changeforbetter💪

Rainbow Alliance

11 Nov, 12:25


ရိန်းဘိုးလေးတို့အနေနဲ့ လူတွေကိုမပြောပြပဲ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေ မြိုသိပ်ထားရတဲ့အချိန်မျိုးတွေရှိခဲ့ဖူးတယ် ဆိုရင်တော့ အဆုံးထိ ဖတ်ပြီး အစီအစဉ်လေးမှာပါဝင်လိုက်ပါနော်။
ရိန်းဘိုးလေးတို့ရေ.... RBA ကရိန်းဘိုးလေးတို့အတွက် "ကမ်းလက်တို့နှင့် ဆွေးနွေးမယ်" အစီအစဉ်ကို ဖော်ဆောင်လာပါတယ်။
⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️
"ပန်းကလေးများ လန်းဆန်းဖို့အတွက် ကမ်းလက်တစ်စုံ"
⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️
"ကမ်းလက်များ နဲ့ စကားပြောမယ်" အစီအစဉ်
LGBTQ+ လူငယ်များနှင့် အမျိုးသမီးငယ်လေးများရဲ့ ဘဝမှာ အကြောင်းအမျိုးမျိုးကြောင့်စိတ်ပင်ပန်းမှုတွေဆိုတာရှိကြပါတယ်။ မိသားစုပြဿနာတွေ ၊ လူမှုဆက်ဆံရေးတွေ ၊ လုပ်ငန်းခွင် နဲ့ ပတ်ဝန်းကျင်မှာ မိမိရဲ့ဖြစ်တည်မှုကြောင့် ခွဲခြားခံရတာတွေ အနိုင်ကျင့်ခံရတာမျိုး‌တွေ‌ ကြုံရပြီးတစ်ခါတရံမှာ ခက်ခဲနေရတဲ့အချိန်တွေ လူတွေကိုပြောမထွက်တဲ့အချိန်တွေမှာ မွန်းကြပ်နေရတာမျိုးတွေရှိတတ်ပါတယ်။
ဒီအခါမှာ ရင်ဖွင့် တိုင်ပင်ဆွေးနွေးရာ နေရာလေးတွေကတကယ်ကို လိုအပ်ပါတယ်။ ကိုယ်က LGBT တစ်ယောက်ဖြစ်လို့ခွဲခြားခံနေရလား၊ အမျိုးသမီးတစ်ယောက်ဖြစ်လို့ဆိုပြီး စိတ်ပင်ပန်းမှုတွေကြုံနေရလား ဒါဆိုရင်တော့ အခုအစီအစဉ်လေးက သင့်အတွက်ပါပဲ။
LGBTQ+ နှင့် အမျိုးသမီးငယ်လေးများထဲမှ ရင်ဖွင့်ချင်ပြီး စကားပြောဖော်လိုသူများအတွက် လုံခြုံစိတ်ချပြီး ယုံကြည်ရတဲ့ ရင်ဖွင့်‌ ဆွေးနွေးစကားပြောဖော်‌လေးရှိတာမို့ နှစ်သိမ့်ဆွေးနွေးမှုကို လုံးဝ “အခမဲ့” ရယူနိုင်ပါတယ်နော်။🙆🙆🙆
"အစီအစဉ်မှာ နှစ်သိမ့်ဆွေးနွေးခြင်း ရယူချင်ရင်တော့"••••• RBA Page ရဲ့ Telegram chat မှာ "ကမ်းလက်များနဲ့စကားပြောချင်" လို့ လာပြောလို့ ရပါတယ်။

Telegram chat - @rbalgbt

နွေးထွေးစွာ စောင့်‌ကြိုနေမှာမလို့ အမြန်ဆုံးလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ …….
#စိတ်အာဟာရအတွက်အချိန်ခဏပေးပါ
#mental_health
#rainbowalliance🏳️‍🌈
#changeforbetter💪

Rainbow Alliance

10 Nov, 12:16


“Gender ဆိုတဲ့ ခေါင်းစဉ်အောက်က စိတ်ဝင်စားစရာဆက်နွယ်မှုများ”



ဒီနေ့မှာတော့ “Gender” ဆိုတဲ့ ဝေါဟာရနဲ့ သူနဲ့ဆက်နွယ်တဲ့အခေါ်အဝေါ်တွေကို နှိုက်နှိုက်ချွတ်ချွတ် မျှဝေသွားမှာဖြစ်ပါတယ်။
ဒီတော့ “Gender” ဆိုတာ ဘာလဲ
စာဖတ်သူတို့အနေနဲ့ “Gender” ဆိုတဲ့ ဝေါဟာရကိုကြားရင် တော်တော်များများက ယောကျာ်းနဲ့ မိန်းမ နှစ်မျိုးကိုသာ ပြေးမြင်မိကြတာမဟုတ်ပါလား? တကယ်တော့ “Gender” ဆိုတာ ‘Genetic Factors’ လိုမျိုး မွေးရာပါလိင်အင်္ဂါအလိုက်ခွဲခြားပြီး ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်တွေ၊ မျိုးရိုးဗီဇတွေ၊ ဟော်မုန်းတွေအရ ယောကျာ်း/မိန်းမ သတ်မှတ်ထားခြင်းမျိုးမဟုတ်ဘဲ ကိုယ်ပိုင်ခံယူချက်နဲ့ ကိုယ့်ရဲ့ဖြစ်တည်မှုကို ခံယူခြင်းမျိုးသာ ဖြစ်ပါတယ်။ 💁🏻‍♀️
ဒါ့အပြင် တော်တော်များများကြားဖူးကြတဲ့ “Gender Spectrum” နဲ့ ဆက်နွယ်တဲ့ Terms တွေဖြစ်တဲ့ “Gender Binary” ၊ “Gender Expression” နဲ့ “Gender Dysphoria” တွေကိုလည်း အနည်းငယ်ရှင်းပြလိုပါတယ်။ 🗣️

☑️ “Gender Binary” ဆိုတာက ယောကျာ်းနဲ့ မိန်းမ ဆိုတဲ့ Gender နှစ်ခုပဲရှိတယ်လို့ ယူဆကြတဲ့ အတွေးအမြင်ဖြစ်ပါတယ်။ မွေးရာပါလိင်အင်္ဂါနဲ့ Gender ဟာ အတူတူပဲလို့ တွေးထင်ကြတာဖြစ်ပါတယ်။

☑️ “Gender Expression” ဆိုတာကတော့ ကိုယ့်ရဲ့ဖြစ်တည်မှု ခံစားချက်အမှန်ကို သိရှိနားလည်ပြီး တခြားသူတွေအမြင်မှာလည်း ကိုယ့်ရဲ့ပုံစံအမှန်ကိုပြသလိုမှုပဲဖြစ်ပါတယ်။ ပုံပန်းသွင်ပြင်၊ ဝတ်စားဆင်ယင်မှု၊ ကိုယ်နေဟန်ထားနဲ့ အသံနေအသံထားတွေကတစ်ဆင့် ဖော်ပြကြပါတယ်။

☑️ “Gender Dysphoria” ဆိုတာကတော့ ကိုယ့်ရဲ့လိင်အင်္ဂါနဲ့ ကိုယ်ခံယူလိုတဲ့ “Gender” ထပ်တူမကျမှုကြောင့် စိတ်သောကရောက်ရမှုပဲဖြစ်ပါတယ်။ “Gender Dysphoria” ကို တွေ့ကြုံခံစားရတဲ့သူတွေအဖို့တော့ စိတ်ဓာတ်ကျမှုတွေ၊ စိုးရိမ်ကြောင့်ကြပူပန်မှုတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။
ဒါဆိုရင်တော့ “Gender” အကြောင်းနဲ့ “Gender” နဲ့ ပတ်သက်ဆက်နွယ်တဲ့အယူအဆတွေကို စာဖတ်သူတို့ သေချာသိရှိနားလည်သွားကြမယ်လို့ မျှော်လင့်ပါတယ်။ နောက်လည်း “Gender” နဲ့ပတ်သက်ပြီး မျှဝေသွားမှာတွေရှိတာမလို့ “Rainbow Alliance” ကို အမြဲစောင့်မျှော်ကြည့်ရှုပေးကြပါဦး။ 🫶🏻



#gender
#rainbowalliance
#changeforbetter

Rainbow Alliance

09 Nov, 13:32


အပြုံးတွေနောက်က လူငယ်တွေရဲ့ အသံတိတ်ရုန်းကန်မှုများ ‼️

ဒီနေ့ခေတ်ကြီးမှာ လူငယ်တွေရဲ့ အပြုံးတွေ နောက်ကွယ်မှာ မကြာခဏ လျစ်လျူရှုခံရတာတွေနဲ့ နားလည်မှုအလွဲခံရတာ စတာတွေကို ဖုံးကွယ်ထားတဲ့ ရုန်းကန်မှုလေးတွေ ရှိနေတတ်တယ်ဆိုတာ သိကြရဲ့လား။ 🤷‍♂

ဆိုတော့ လူငယ်အများစု ကြုံတွေ့နေရတဲ့ Mental Health Challenges တွေက ဘာတွေဖြစ်မလဲ

🌈 Anxiety and Depression

ပညာရေးနဲ့ဆိုင်တဲ့ ဖိအားတွေ၊ လူမှုရေးဆိုင်ရာ မျှော်လင့်ချက်တွေနဲ့ social media ပေါ်က အချို့ Information တွေက ကျွန်တော်တိို့ လူငယ်တွေရဲ့ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဓာတ်ကျခြင်းတွေကို လွှမ်းမိုးသွားပါတော့တယ်။

🌈 Body Image Issues

လူမှုအသိုင်းအဝိုင်းရဲ့ သတ်မှတ်ထားတဲ့အလှတရားစံနှုန်းတွေကြောင့်လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပျောက်ဆုံးသွားပြီး သိမ်ငယ်စိတ်ကနေ စိတ်ဓာတ်ကျခြင်းကို ဦးတည်လာစေပါတယ်။

🌈 Academic Stress

ပညာရေးစနစ်ရဲ့ ပြိုင်ဆိုင်မှုသဘောသဘာဝကလည်း လူငယ်တွေအတွက် ကြီးမားတဲ့ဖိအားကို ဖန်တီးပေးပြီး ပင်ပန်းနွမ်းနယ်မှုနဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြစ်စေတဲ့ အချက်တစ်ချက်ပါ။

🌈 Social Inequality

လူမျိုးရေးခွဲခြားဆက်ဆံမှုတွေ၊ ကျားမ မညီမျှမှုနဲ့ စီးပွားရေးအဆင်မပြေမှုတွေ စတဲ့ပြဿနာတွေကလည်း လူငယ်တွေရဲ့ ဘဝအပေါ် သက်ရောက်မှုရှိလာပြီး တရားမျှတမှု မခံစားရတဲ့ အကြောင်းအရာတွေကို ဖြစ်စေလာတာ အမှန်ပါပဲ။

ယနေ့ခေတ် လူငယ်အများစုက အခုလို စိတ်ဓာတ်ကျခြင်းနဲ့ စိတ်ဖိစီးမှုတွေ စတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့လည်း ကြောက်ရွံ့ခြင်းနဲ့ အချို့သော Trauma တွေကြောင့် အကူအညီယူဖို့ တွန့်ဆုတ်နေကြပြီး တိတ်ဆိတ်နေတတ်ကြပါတယ်။ 🗣🚫

ကျွန်တော်တို့ ဒီတိတ်ဆိတ်မှုတွေကို ချိုးဖျက်ဖို့ အချိန်တန်ပါပြီ။ ✔️

လူငယ်တွေရဲ့ Mental Health ကို ဦးစားပေးပြီး သူတို့အတွက် အထောက်အကူဖြစ်စေတဲ့ ပတ်ဝန်းကျင်ကို အတူတူဖန်တီးကြဖို့ လိုအပ်နေပါပြီ။ လူငယ်အားလုံး ပွင့်လင်းစွာပြောတတ်အောင် တိုက်တွန်းရင်း စိန်ခေါ်မှုတွေကို ဖြတ်ကျော်ပြီး ပိုမိုကျန်းမာတဲ့ အနာဂတ်ကို တည်ဆောက်နိုင်ဖို့ ကျွန်တော်တို့အားလုံး ကူညီပေးကြရအောင်ဗျာ။ 🫂

လူငယ်တိုင်း တိုးတက်အောင်မြင်အောင် လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေ ရရှိစေဖို့ အတူတူလက်တွဲလုပ်ဆောင်ကြဖို့ ကျွန်တော်တိို့ Rainbow Alliance ကနေနှိုးဆော်လိုက်ပါတယ်ဗျ။ 🫰🤍


#rainbowalliance
#changeforbetter