Myanmar News @myanmarnews24 Channel on Telegram

Myanmar News

@myanmarnews24


Myanmar News (English)

Are you looking for the latest news and updates from Myanmar? Look no further than the Myanmar News channel on Telegram! With the username @myanmarnews24, this channel is dedicated to bringing you real-time news, updates, and information from Myanmar and around the world. Whether you are interested in politics, business, culture, or sports, Myanmar News has got you covered. Stay informed and up-to-date with the most important events and developments in Myanmar by joining this channel today. Don't miss out on any breaking news or updates - subscribe to Myanmar News now!

Myanmar News

23 Jan, 14:06


ရခိုင်တွင် AA ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများကို ICC အနေဖြင့် စစ်ဆေးသင့်ကြောင်း Fortify Rights ထုတ်ပြန်

နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) အနေဖြင့် ရခိုင်ပြည်နယ်
အတွင်း၌ AA ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးသင့်ကြောင်း နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ဖြစ်သည့် Fortify Rightsက ယနေ့ ဇန်နဝါရီ (၂၃)တွင် ထုတ်ပြန် သည်။

ထုတ်ပြန်ချက်တွင် Fortify Rights သည် ပေါက်ကြားလာသည့် ဗီဒီယိုဖိုင်တစ်ခု၌ ရက္ခိုင့်တပ်တော် (AA) မှ စစ်သားများနှင့် အရပ်ဝတ်များသည် ဖမ်းဆီးခံထားရသူနှစ်ဦး၏ လည်ချောင်းကို မြေကျင်းတခုရှေ့တွင် လှီးဖြ-တ်ခြင်း၊ ခု -တ်ထ-စ်ခြင်းများ ပြုလုပ်ခဲ့သည်ကို တွေ့မြင်ရသည်ဟု ဆိုသည်။

Fortify Rights သည် ကွပ်မျက်ခြင်း ဖြစ်ပွားခဲ့နိုင်ခြေရှိနေသည့် ပေါက်ကြားထားသော ဗီဒီယို မှတ်တမ်းနှစ်ခုကို စိစစ်လေ့လာရာမှာ ၎င်းတို့သည် စစ်မှန်မှုရှိနေကြောင်း ယုံကြည်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ရခိုင်တွင်-aa-ကျူးလွန်ခဲ့/

Myanmar News

23 Jan, 14:03


23-1-2025

ဒေါ်နယ်ထရန့် အမိန့်ကြောင့် ထိုင်း-မြန်မာနယ်စပ်မှာ NUG အုပ်စုတွေ သောင်တင်

မြန်မာ၊ တရုတ် အပါအဝင် နိုင်ငံပေါင်း ၆ နိုင်ငံမှာ ကျားဖြန့် တိုက်ဖျက်မည်

၂၀၂၅ က အိမ်ပြန်ခရီးလို့ ပြောဆိုခဲ့သော ချစ်သုဝေ တတိယနိုင်ငံကို ပြေးသွားပြီ

သပိတ်ကျင်းနဲ့ မတ္တရာ တစ်ကြောကို တပ်မတော် ထိုးစစ် စတင်

AA အဖွဲ့ကို ဘင်္ဂလီ အဖွဲ့ ၄ ဖွဲ့က ဘူးသီးတောင်၊ မောင်တောကနေ တိုက်ထုတ်မယ်လို့ ထုတ်ပြန်လာ

Myanmar News

23 Jan, 04:02


ယနေ့ စက်သုံးဆီ ဈေးနှုန်းများ

Myanmar News

23 Jan, 04:01


ခြေဆယ့်တစ်လှမ်းဆိုလား ဘာဆိုလား၊ ၆ နိုင်ငံပေါင်းမယ့် ဇင်ယော် ဒုတိယပိုင်း ဘာဖြစ်မလဲ၊ ဗန်းမော်က KIA သင်္ချိုင်းဖြစ်လာပြီလား (၂၂-၁-၂ဝ၂၅)

Myanmar News

23 Jan, 00:14


မင်္ဂလာနံနက်ခင်းလေးပါ 🙏🙏🙏
မြန်မာပြည်သူပြည်သားအားလုံး
စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့
ဘေးအန္တရာယ်အမျိုးမျိုးမှ
ကင်းဝေးကြပါစေ။
🙏🙏🙏

Myanmar News

22 Jan, 14:17


22-1-2025

အကြမ်းဖက်သမားများကို အားပေးအားမြှောက်ဆန်တဲ့ သတင်းများ ဖော်ပြလျှင် အရေးယူမည်ဟုဆို

နောင်ချိုမြို့က တင်နီလာအေး အော်သံ

Myanmar News

22 Jan, 14:15


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တောင်ညိုတပ်နယ်ရှိနယ်မြေခံလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်(တောင်ညို)သို့ သွားရောက် ကြည့်ရှုစစ်ဆေး (ဇန်နဝါရီလ ၂၂ ရက်)

Myanmar News

22 Jan, 13:47


ပါမောက္ခချုပ်ဆရာတော်ကြီး ဆေးစစ်မှုခံယူရန် ဗန်ကောက်မြို့သို့ကြွတော်မူ

ပါမောက္ခချုပ်ဆရာတော်ကြီးသည် ယနေ့ ဇန်နဝါရီ ၂၂ ရက်နံနက်ပိုင်းက ရန်ကုန်လေဆိပ်မှတစ်ဆင့် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ဆေးစစ်မှုခံယူရန် ကြွတော်မူခဲ့သည်။

ပါမောက္ခချုပ်ဆရာတော်ကြီး ဗန်ကောက်မြို့သို့ ဆေးစစ်မှုခံယူရန်ကြွတော်မူရခြင်းမှာ ရောဂါဝေဒနာခံစားရခြင်းကြောင်းမဟုတ်ဘဲ တစ်နှစ်တစ်ခါနှစ်စဥ် ပုံမှန်ဆေးစစ်မှုခံယူရန် ကြွတော်မူခြင်းဖြစ်သည်။

Myanmar News

22 Jan, 04:20


အမေရိကန်နိုင်ငံ တက္ကဆက်ကနေ ဖရောဒီဒါအထိ မိုင် (၁၀၀၀) အရှည်မှာ နှင်းမုန်တိုင်းကျရောက်မှုကြောင့် နိုင်ငံတော်အရေးပေါ်အခြေအနေ ပြဌာန်း

Myanmar News

22 Jan, 04:10


ဒုချုပ်ကို ထိုင်းဗိုလ်ချုပ်ကြီးအဖွဲ့ လာတွေ့တဲ့ကိစ္စ၊ လားရှိုးကနေ ပြန်မဆုတ်ဘူးလို့ပြောတဲ့ ကိုးကန့်တပ်၊ ကော့ကရိတ်-မြဝတီ လမ်းပိုင်းအခြေအနေနဲ့ လွိုင်ကော်အလားအလာ (၂၁-၁-၂ဝ၂၅)

Myanmar News

22 Jan, 04:08


မက္ကဆီကိုနယ်စပ်တွင် ရွှေ့ပြောင်းနေထိုင်သူများအရေး ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် စစ်အင်အားသုံးပြီး အရေးပေါ် အခြေအနေ ကြေညာသွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်(Donald Trump)က ပြောကြားခဲ့သည်ဟု ဘန်ကောက်ပိုစ်က ဖော်ပြ

Myanmar News

22 Jan, 04:06


အများပြည်သူသွားလမ်းကို မိုင်းထောင်တဲ့ PDF တဦး မိုင်းကွဲလို့သေဆုံး
—————————————-
ဇန် ၂၂

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း အခြေပြုလှုပ်ရှားနေတဲ့ Chauk Revolution Force - CRF က PDF ၁ ဦး အများပြည်သူအသုံးပြုနေသည့်လမ်းပိုင်းတွင် မိုင်းထောင်စဉ် မိုင်းမတော်တဆဖြစ် ပေါက်ကွဲကာ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

သေဆုံးသူဟာ အသက် ၂၀ နှစ်အရွယ် PDF အဖွဲ့ဝင် ရှမ်းလေး (ခ) စိုင်းဝဏ္ဏစောပိုင်ဖြစ်ပြီး ဇန်နဝါရီ ၁၇ ရက်မှာ ချောက်မြို့အနီးက အများပြည်သူအသုံးပြုနေတဲ့လမ်းကို တပ်မတော်စစ်ကြောင်းလာမည်ကို စိုးရိမ်တဲ့အတွက် မိုင်းထောင်ဖို့ ပြင်ဆင်နေချိန် မိုင်းကွဲကာ သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။

PDF အဖွဲ့တွေဟာ အသက်အရွယ်အရ ငယ်ရွယ်တဲ့တပ်ဖွဲ့ဝင်တွေကို အသက်အန္တရာယ်များပြီး လုံခြုံမှု မရှိတဲ့ လက်လုပ်မိုင်းတွေကို မြို့ရွာတွေမှာ မကြာခဏထောင်ခိုင်းလေ့ရှိပြီး ကိုယ့်မိုင်းနဲ့ကိုပေါက်ကွဲ သေဆုံးတာတွေလည်း မကြာခဏဖြစ်လေ့ရှိကြောင်း ၎င်းအဖွဲ့အတွင်းမှ အမည်မဖော်လိုသည့် PDF အဖွဲ့ဝင် တစ်ဦးကပြောကြားပါတယ်။

Myanmar News

22 Jan, 03:53


ထိုင်းက ထောင်တွေအတွင်းမှာ ကျားဖြန့်တွေ ဇိမ်ကျနေတယ်လို့ ထိုင်း တက်ကြွလှုပ်ရှားသူ ပြော
—————————————-

ဘန်ကောက်အထူးထောင်မှာ ၂၀၂၂-၂၃ ခုနှစ်တွေအတွင်း အကျဉ်းချခံခဲ့ရတဲ့ ထိုင်းအလွတ်တန်းသတင်းသမား လည်းဖြစ် နိုင်ငံရေးတက်ကြွလှုပ်ရှားသူလည်းဖြစ်တဲ့ အီကာချိုင်ဟောင်ကန်ဝမ်က ထောင်ထဲမှာရှိနေတုန်း ကျားဖြန့်တရုတ်ထောင်သားတွေဟာ ဇိမ်ခံသူဌေးတွေဘ၀မျိုးနဲ့ နေချင်သလိုနေ လုပ်ချင်သလို လုပ်ခွင့်ရကြကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Myanmar News

22 Jan, 03:23


ရန်ကုန်၌ ပင်စင်စားဝန်ထမ်းများကို စားအုန်းဆီများ ရောင်းချပေးနေ
———————————
ရန်ကုန်မြိုရှိ မြန်မာ့စီးပွါးရေးဘဏ်ခွဲများ၌ ပင်စင်လာရောက် ထုတ်ယူသည့် ပင်စင်စားဝန်ထမ်းများကို စားအုန်းဆီများ ရောင်းချပေးနေသည်။

“၂၁ ရက်ကနေ ၂၄ ရက်အထိ ရန်ကုန်မှာရှိတဲ့ စီးပွါးရေးဘဏ် ၉ ခုမှာ ရောင်းပေးမှာပါ၊ လစဉ် အဲ့ရက်တွေကို ရောင်းပေးမှာပါ” ဟု
မြန်မာနိုင်ငံ ဆီကုန်သည် နှင့် ဆီ လုပ်ငန်းရှင်များအသင်းထံမှလည်း သိရသည်။

Myanmar News

22 Jan, 03:22


အမေရိကန်က Al အခြေခံအဆောက်အဦတွေအတွက် ဒေါ်လာ ၅၀၀ ဘီလျံအထိ ရင်းနှီးမြုပ်နှံမယ်လို့ ဒေါ်နယ်ထရမ့်က ကြေညာလိုက်ပါတယ်။ OpenAl, SoftBank နဲ့ Oracle တို့လို ထိပ်တန်းကုမ္ပဏီကြီး ၃ခုနဲ့ လက်တွဲလုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပြီး ဒေတာစင်တာနဲ့ virtual အခြေခံအဆောက်အအုံတွေ တည်ဆောက်သွားမှာဖြစ်ပါတယ်။ ၄ နှစ်အတွင်း ဘီလီယံ ၅၀၀ အထိ ရင်းနှီးမှာဖြစ်ပြီး ပထမဆုံးအနေနဲ့ ဒေါ်လာ ၁၀၀ ဘီလီယံစတင်မှာဖြစ်ပါတယ်။

Myanmar News

22 Jan, 03:21


ယူကရိန်းအရေးကို ဒေါ်နယ်ထရန့်နှင့် ဆွေးနွေးရန် လမ်းဖွင့်ထားသည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင် ပြောကြား
——————————
ရုရှားသမ္မတဗလာဒီမာပူတင်က ၎င်းသည် ယူကရိန်းအရေးကို ဒေါ်နယ်ထရန့်၏ တက်လာမည့် အစိုးရအဖွဲနှင့်ဆွေးနွေးရန် လမ်းဖွင့်ထားသည်ဟု ဇန်နဝါရီ ၂၀ ရက်တွင် ပြောကြားလိုက်ပြီး ကျေအေးမှုတိုင်းက အမြဲတမ်းငြိမ်းချမ်းရေးကို သေချာစေရလိမ့်မည်ဟု မျှော်လင့်ကြောင်းပြောကြားသည်။

Myanmar News

22 Jan, 03:19


ရပ်ထားတဲ့ YBS ကို ဝင်တိုက်တဲ့ တက္ကစီယာဥ်မောင်း ကားခေါင်းအတွင်း ညပ်နေသဖြင့် အောက်စီဂျင်ပေးကယ်ထုတ်ခဲ့ရ
———————————-
ဇန် ၂၂

ယမန်နေ့ည ၁၀ နာရီ မိနစ် ၅၀ ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြိုနယ်၊ အင်းစိန်လမ်းပေါ်၊ နီလာရိုးမ စက်သုံးဆီဆိုင်ရှေ့တွင် ရပ်ထားသော YBS (၁၈)ယာဥ်အား နောက်ကဝင်တိုက်သည့် တက္ကစီယာဥ်မှာ အရှိန်ဖြင့် YBS ယာဥ်အောက် ကားခေါင်းကျွံပြီး ယာဥ်မောင်းမှာ သတိလစ်ကာ ကားခေါင်းအတွင်း ညပ်နေသဖြင့် အောက်စီဂျင်ပေးကယ်ထုတ်ခဲ့ရသော်လည်း စိုးရိမ်ဒဏ်ရာရသည့်ဖြစ်စဥ် အင်္ဂါနေ့ညနှောင်းပိုင်းအချိန်က ဖြစ်ပွားခဲ့သည်ဟု Yangon Rescue Organization (YRO) မှ သိရသည်။

Myanmar News

22 Jan, 03:15


လွိင်ကော်တက္ကသိုလ်ကို မဖြစ်မနေပြန်လည်ပြင်ဆင်ပြီး အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာရန်ပုံငွေကို အသုံးပြုသွားမည်
—————————————

အကြမ်းဖက်သမားများကြာင့် ပျက်စီးသွားသည့် လွိင်ကော်တက္ကသိုလ်ကို မဖြစ်မနေပြန်လည်ပြင်ဆင်ပြီး အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာရန်ပုံငွေကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကယားပြည်နယ် လွိင်ကော်တက္ကသိုလ်အား အကြမ်းဖက်သောင်းကျန်း သူများဖျက်ဆီးမှုကြောင့် အဆောက်အအုံများပျက်စီးခဲ့မှုအခြေအနေနှင့် ပြန်လည်ပြုပြင်ရေးဆိုင်ရာ ညှိနှိင်းအစည်းအဝေးတစ်ရပ်ကို ဇန်နဝါရီ ၂၀ ရက်၊ နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

Myanmar News

21 Jan, 04:13


TikTok အား ပိတ်ပင်ခြင်းကို ၇၅ ရက်ဆိုင်းငံ့သည့် အမိန့် ထရမ့်လက်မှတ်ရေးထိုး
———————————————
TikTok ကို နိုင်ငံတွင်းမှာ ပိတ်ပင်မယ့်အမိန့်ကို TikTok အား ပိတ်ပင်ခြင်းကို ၇၅ ရက်ဆိုင်းငံ့သည့် အမိန့် (ယာယီတားမြစ်တဲ့ အမိန့်) ကို ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးလိုက်ပါပြီ။ ပြန်လည်အသုံးပြုခွင့် ပေး၊မပေးဆိုတာကတော့ ရရှိမယ့်သဘောတူညီချက်ပေါ်မူတည်တယ်လိုလည်း ဆိုပါတယ်။

သဘောတူညီချက်တစုံတရာမရရင်တော့ TikTok က အသုံးဝင်စရာမရှိဘူးလို ထရမ့်က ပြောခဲ့ပြီး ဒါနဲ့ပတ်သက်တဲ့ သဘောတူညီချက်ကနေ ဒေါ်လာ ၁ ထရီလီယံအထိ ရနိုင်ကာ အမေရိကန်က တဝက်ပါဝင်သင့်တယ်လို ထရမ့်က ပြောခဲ့ပါတယ်။

ကန်သမ္မတအဖြစ် တရားဝင် တာဝန်ထမ်းဆောင်ခဲ့ပြီဖြစ်တဲ့ ထရမ့်ဟာ သူ့ရဲ့ ပထမဆုံးနေ့မှာပဲ အရေးပါတဲ့ အမိန့်အများအပြားကို လက်မှတ်ရေးထိုးမယ်လို သိရပါတယ်။

Myanmar News

21 Jan, 03:58


ထရမ့်ရဲ့ ကျမ်းကျိန်ပွဲကို တက်ရောက်ခဲ့တဲ့ တရုတ်ဒုသမ္မတ Han Zheng ဟာ အမေရိကန်မှာ အီလွန်မက်စ်နဲ့ တွေ့ဆုံခဲ့ပြီး တရုတ်နဲ့ စီးပွားရေးဆက်ဆံမှု ပိုမိုအားကောင်းစေဖိုအတွက် အမေရိကန်ကုမ္ပဏီတွေကို အခွင့်အရေး ဆုပ်ကိုင်ထားဖို တိုက်တွန်းလိုက်ပါတယ်။

သူဟာ အီလွန်မက်စ်အပြင် အခြားသော ကန်စီးပွားရေးသမားတွေနဲ့လည်း မနေ့က တွေ့ဆုံခဲ့ပါတယ်။ အမေရိကန်နဲ့ တရုတ်ကြားမှာ တင်းမာမှုတွေ ရှိနေပြီး TikTok ကို ကန်ပြည်တွင်းမှာ ပိတ်ပင်မှုအရေး ဂယက်ရိုက်နေချိန် တရုတ်ဒုသမ္မတက အထက်ပါအတိုင်း ပြောဆိုခဲ့တာပါ။

Myanmar News

21 Jan, 03:49


ယနေ့ စက်သုံးဆီ ဈေးနှုန်းများ

Myanmar News

21 Jan, 03:48


မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ တတိယ(၁၀)ရက်ပတ်အတွက် မြစ်ရေအခြေအနေ ခန့်မှန်းချက်ကို ၂၁-၁-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ထားပါတယ်

Ref: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Myanmar News

21 Jan, 03:46


MNDAA နဲ့ နစကတို့ရဲ့အပစ်ရပ် သဘောတူညီချက်၊ ဝ ဒေသကနေ ကိုးကန့်ကို တရုတ်အမိန့်နဲ့ ကုန်သွယ်ခွင့်ပြန်ပြု၊ ရွှေလီက အထည်ချုပ် စက်ရုံတွေမှာ မြန်မာအလုပ်သားတွေ ရင်ဆိုင်နေရတဲ့ ပြဿနာ (၂ဝ-၁-၂ဝ၂၅)

Myanmar News

21 Jan, 03:37


ပြည်သူတွေအနေနဲ့ ပြည်သူ့ဆေးရုံတွေမှာ တက်ရောက်ကုသမှုခံယူတဲ့အခါမှာ စိတ်ချမ်းသာရေး၊ လူနာဘေးကင်းလုံခြုံစိတ်ချရေးနဲ့ အရည်အသွေးပြည့်ဝတဲ့ ကုသစောင့်ရှောက်မှုများ ပေးအပ်နိုင်ရေးအတွက် ကုသရေးဆိုင်ရာနဲ့ ဆေးရုံစီမံအုပ်ချုပ်မှုဆိုင်ရာ လက်တွေ့အသုံးချသုတေသနလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ပေးကြဖို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်က (၅၃) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံဖွင့်ပွဲအခမ်းအနားကိုပေးပိုတဲ့ ဂုဏ်ပြုဗီဒီယိုမိန့်ခွန်းမှာ ထည့်သွင်းပြောကြား

Myanmar News

21 Jan, 03:06


အမေရိကန်သမ္မတအဖြစ် ကျမ်းကျိန်ပြီးနောက် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အမေရိကန်နိုင်ငံက နှုတ်ထွက်ကြောင်း သမ္မတသစ် ဒေါ်နယ်ထရမ့်က ကြေညာ။

* လူဦးရေ သန်း ၃၀၀ ရှိသော အမေရိကန်က တစ်နှစ် ဒေါ်လာသန်း ၅၀၀ ကျော် ပေးသွင်းရပြီး တစ်ဘီလျံကျော်ရှိသော တရုတ်၊ အိန္ဒိယတို့က ဆယ်ဂဏန်းသာ ပေးသဖြင့် မျှတမှု မရှိခြင်းက အဓိက အကြောင်းရင်းဟုဆို။

Myanmar News

21 Jan, 02:57


ယာယီနေရပ်စွန့်ခွာနေရသူများကို ထောက်ပံ့မှုများပြုလုပ်ရန် စာရင်းများကောက်ယူနေ

တိုင်းနှင့်ပြည်နယ်အသီးသီး၌ သဘာဝဘေးအန္တရာယ်နှင့် တိုက်ပွဲဖြစ်ပွားမှုများကြောင့် ယာယီနေရပ်စွန့်ခွာနေရသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးရန်ပုံငွေမှ ထောက်ပံ့မှုများပြုလုပ်ရန် တိုင်းနှင့်ပြည်နယ်အလိုက် စာရင်းများကောက်ယူလျက်ရှိကြောင်း သိရသည်။

ထိုသို ကောက်ယူရာ၌ ထောက်ပံ့မှုရရှိမည့် ယာ ယီနေရပ်စွန့်ခွာနေရသူများတွင် တိုင်းနှင့်ပြည် နယ်အသီးသီးရှိ ဘုန်းကြီးကျောင်းများ၏ ယာယီခိုလှုရာစခန်းများတွင် ရောက်ရှိခိုလှုနေသူများ၊ ဆွေမျိုးသားချင်းများရှိသည့် ရပ်ကွက်၊ ကျေးရွာများ၊ ဝန်ထမ်းအိမ်ရာများတွင်နေထိုင်နေသူများ၊ မိမိအစဉ်ဖြင့် နေအိမ်ခန်းများငှားရမ်းနေထိုင်သူများ၊ အခြားနည်းဖြင့်နေထိုင်သူများ အကျုံးဝင်ပါဝင်ကြောင်း သိရသည်။

ထိုကြောင့် ယာယီနေရပ်စွန့်ခွာနေသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာရန်ပုံငွေမှ လိုအပ်သည့်ထောက်ပံ့မှုများကို လျာထားဆောင်ရွက်နိုင်ရေးအတွက် အကျုံးဝင်သူအားလုံးပါဝင်ရန် သက်ဆိုင်ရာ ဌာန/အဖွဲအစည်းများက စာရင်းကောက်ယူကြရန်၊ အကျုံးဝင်သူအားလုံးမှလည်း စာရင်းကောက်ယူရာတွင်ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် အသိပေးနှိးဆော်ထားကြောင်း သိရသည်။

Myanmar News

21 Jan, 02:43


အကြမ်းဖက် MNDAA မှ ဝိန်းဆိုင်ကျေးရွာ အများဘုံပိုင် ဆန်စက်ရုံအား မတရားသိမ်းပိုက်လာ၍ ဒေသခံများ ဆန္ဒပြမှု ဖြစ်ပွား

Myanmar News

21 Jan, 02:36


နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသော တရားမဝင် အွန်လိုင်းလောင်းကစားမှု များအား နှိမ်နှင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်

Myanmar News

20 Jan, 05:34


မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် အသစ်ခန့်အပ်
———————————————
အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အသစ်အဖြစ် Othman Hashim ကို ခန့်အပ်လိုက်တယ်လို မလေးရှား နိုင်ငံခြားရေးဝန်ကြီးကပြောကြောင်း ရိုက်တာသတင်းမှာ ဇန်နဝါရီ ၁၉ ရက်နေ့က ဖော်ပြပါတယ်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်း အခုလို ခန့်အပ်လိုက်တာဖြစ်ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန် (Mohamad Hasan) က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

Myanmar News

20 Jan, 05:30


မောင်တောမြို့ရှိ “မြို” တိုင်းရင်းသားများကို AA က အတင်းအဓမ္မ စစ်သား စုဆောင်းနေ
——————————————-
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ “ မြို ” တိုင်းရင်းသားများကို AA က ၎င်းတို့၏ ပြည်သူ့စစ်အဖြစ် စည်းဘောင်မဲ့ အဓမ္မခေါ်ယူနေသောကြောင့် လူငယ်များ တိမ်းရှောင်နေကြရကြောင်းဖြစ်စဉ်ကို သိရှိသူ ရခိုင်တိုင်းရင်းသား သတင်းရင်းမြစ်တစ်ဦးကထံက သိရပါတယ် ။

ထိုသို့ခေါ်ယူခြင်းသည် ပြီးခဲ့သည့် နှစ်ကုန်ပိုင်း ဒီဇင်ဘာလ လလယ်မှ စတင်ခဲ့ခြင်းဖြစ်ပြီး ခေါ်ယူစဉ် ဖမ်းဆီးရာ၌ ကြိုးဖြင့်တုပ်နှောင်ခေါ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ပြည်သူ့စစ်တွေ အားနည်းတယ်ပေါ့ နော်။ ဒါကြောင့် အထက်အမိန့်အရ ခေါ်တယ်ဆိုပြီးတော့ မောင်တောက သစ်တုံးနား ခွဆုံရွာမှာ ဒီဇင်ဘာလ (၂၃) ရက် သန်းခေါင်အချိန် အင်အား တစ်ရာလောက်နဲ့ဝင်လာပြီး တစ်အိမ်တက် တစ်အိမ်ဆင်း တံခါးခေါက်တယ်။

ခြေထောက်တွေနဲ့လည်း တံခါးကို ကန်တယ်လို့ပြောတယ်။ ပြီးတော့ လူငယ်(၄၂)ယောက်ရတာကို ကြိုးတုပ်ပြီး ဖမ်းခေါ်သွားတယ်” ဟု အထက်ပါသတင်းရင်းမြစ်က ဆိုပါတယ် ။

Myanmar News

20 Jan, 03:08


အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးတွင် မြန်မာနိုင်ငံမှ ပူးပေါင်းဆောင်ရွက်မှုများနှင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုများအကြောင်း မြန်မာအဖွဲဆွေးနွေး

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးတွင် မြန်မာနိုင်ငံမှ ပူးပေါင်းဆောင်ရွက်မှုများနှင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုများအကြောင်း မြန်မာအဖွဲဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရပါတယ် ။

အဆိုပါအစည်းအဝေးကို မလေးရှားနိုင်ငံ၊ လန်ကာဝီမြို၌ ဇန်နဝါရီ ၁၉ ရက် ယနေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ ပါဝင်တက်ရောက်ခဲ့ပါတယ် ။

အစည်းအဝေးတွင် မြန်မာ ကိုယ်စားလှယ်အဖွဲခေါင်းဆောင်က အာဆီယံ၏ တူညီဆန္ဒ (၅)ချက်အပေါ် မြန်မာနိုင်ငံမှ ပူးပေါင်းဆောင်ရွက်မှုများ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါတယ် ။

Myanmar News

11 Jan, 14:15


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရေးဆိုင်ရာများအား ဆွေးနွေး ပြောကြား (ဇန်နဝါရီလ ၁၁ ရက်)

Myanmar News

11 Jan, 14:13


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ မန္တလေးမြို့၊ မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများအား သွားရောက်ကြည့်ရှု၊ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး (ဇန်နဝါရီလ ၁၁ ရက်)

Myanmar News

11 Jan, 13:21


ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့/အနောက်) မြို့နယ်များအတွင်း နိုင်ငံသားစိစစ်ရေးကတ်အတု၊ အလုပ်သမားမှတ်ပုံတင်ကတ်အတုနှင့် ရပ်ကွက်ရဲစခန်းထောက်ခံစာ အတုများ ပြုလုပ်ရောင်းချသူ အမျိုးသား(၃)ဦးနှင့် အမျိုးသမီး(၆)ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ။

Myanmar News

11 Jan, 11:50


ဘယ်မြို့၊ဘယ်ရွာကို တော့ တပ်က လေကြောင်းနဲ့ တိုက်တဲ့အချိန်မှ အရပ်သား တွေ ထိပါတယ်၊ အရပ်သား တွေ သေရပါတယ်လို့ အော်ခွင့်မရှိဘူး။

တကယ်တော့ ဒီစစ်ပွဲ စပါပြီ ဆိုကတည်းက မြို့သိမ်းတိုက်ပွဲ ဆိုပြီး ရန်သူက တိုက်လာခဲ့တာ။ ဥပမာ ဆိုပါစို့။ ကျောက်မဲနဲ့ နောင်ချိုကို ရရင် ဒါက ခရိုင်မြို့နယ် တခုလုံးကို သိမ်းလို့ရသွားတယ်ဆိုတဲ့ အဓိပ္ပါယ်ဆောင်တယ်။ ဒါ့ကြောင့်လည်း အရင်ဆုံး ဝန်ထမ်းတွေ မြို့က ထွက်အောင် အကြောက်တရားနဲ့ ခြိမ်းခြောက် လေ့ရှိတယ်။ ပြီးမှ မြို့စောင့်တပ်ဖြစ်တဲ့ ရဲစခန်းတွေ၊ မီးသတ်ရုံးတွေကို ဝင်စီးပြီး‌တော့ ဖျက်ဆီးတယ်။ အမှန်တကယ် မြို့ပျက်ခြင်း၊ မပျက်ခြင်းကို ရန်သူက စိတ်ဝင်စားတဲ့အရာ တခု မဟုတ်ဘူး။ မဟုတ်လို့လည်း ဘယ်ပြည်သူ သေသေ ၊ ဘယ်ပြည်သူ့အကျိုးစီးပွား ထိခိုက်ထိခိုက် သူတို့ အရေးမစိုက်ခဲ့တာ တွေ့ရမှာ ဖြစ်တယ်။

နောက်တချက်က တပ်မတော် တိုင်းစစ်ဌာနချုပ်တွေဘက်က အဓိက လေ့လာပြင်ဆင်ရမယ့် ရန်သူ့ရဲ့ တိုက်စစ်ဗျူဟာ သဘောသဘာဝကို နားလည်မှု ရှိဖို့ လိုအပ်တယ်။ ဥပမာ လားရှိုးကို တိုက်တဲ့အချိန်မှာ တပ်မတော်ဘက်မှာ တကယ် အလုပ်လုပ်တဲ့ အမာခံ ခြေလျင်တပ်တွေကို ဦးစားပေး တိုက်သွားတယ်။ ပိုဆိုးတာက မဆရ လိုမျိုး အမာခံ စစ်ဆေးရုံတွေကို အရင်တိုက်တယ်။ ထိခိုက် ဒဏ်ရာရ စစ်သည်တွေအတွက် အရေးပေါ် ဆေးကုစရာ မရှိအောင် ဒီဆေးရုံတွေနဲ့ အမာခံ ခြေလျင်တပ်တွေကို ဦးစားပေး တိုက်သွားတာ တွေ့ရတယ်။

ရခိုင် အမ်းမှာလည်း အလားတူပဲ။ မဆရ လို ဆေးရုံအပြင် တိုင်းကို အဓိက ကာပေးတဲ့ ခြေလျင်တပ်နဲ့ အမြှောက်တပ်တွေကို လှုပ်မရအောင် ဘေးကြပ်နံကြပ် ဖြစ်အောင် အရင် စစ်ကစားတာ တွေ့ရတယ်။ နယ်စပ်မျဉ်းပေါ်က ခံစစ် အသေတွေတောင် မရှုမလှ ကျနိုင်သေးတဲ့ အခြေအနေမှာ တောင်ကုတ် နဲ့ မကွေး ဘက်က လမ်းတွေပါ ပိတ်ဆို့ခံထားရတဲ့ အမ်းဟာ စစ်ကူရောက်ဖို့ အခွင့်အလမ်း အတော်လေး နည်းသွားခဲ့တယ်။ ပိုဆိုးတာက စနိုက်ပါနဲ့ ဒရုန်းမှာ ကိုယ်တွေဘက်က တန်ပြန်အားကောင်းအောင် မလုပ်နိုင်သေးဘူးလို့ပဲ ကောက်ချက် ချရမယ်။ နောက်ထပ်အရေးကြီးဆုံး အချက်ကတော့ နယ်မြေခံတပ်က စစ်သည်၊ အရာရှိတွေကို အခြားဒေသတွေကို တပ်ပြောင်း/ နေရာ ပြောင်း လုပ်ခဲ့ရဲ့လားဆိုတာလည်း သတိပြုရမယ့်အချက်ဖြစ်တယ်။ တချို့ စစ်သတင်းပေါက်ကြားရတဲ့ အချက်တွေထဲမှာ ဒေသခံတွေနဲ့ အိမ်ထောင်ကျပြီး တပ်အပေါ် သစ္စာနည်းရတာတွေလည်း ပါလေ့ ရှိတယ်။

နောက်တခု စဉ်းစားရမှာက စစ်တိုက်ပြီးမှ ယူထားတဲ့ နယ်မြေတွေဟာ လွှတ်တော်နဲ့ ခြေဥက ခွင့်ပြုထားတာ မဟုတ်လို့ ဒါက လက်နက်နဲ့ နယ်မြေချဲ့ခြင်း တမျိုးပါပဲ။ လူမျိုးစု တစုရဲ့ ပြည်နယ်အဆင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆိုတာက ဒီလူမျိုးစုရဲ့ လူဦးရေ၊ တဆက်တည်း ရှိမှုဆိုတဲ့ သွင်ပြင် လက္ခဏာတွေ ကိုက်ညီဖို့ လိုအပ်ပါတယ်။ ဒါကို လက်ရှိ အစိုးရ၊ နိုင်ငံရေးပါတီနဲ့ တပ်မတော် အပြင် လူထုကပါ တညီတညွှတ်တည်း ကန့်ကွက်ဖို့ လိုပါတယ်။

(နရီမိုး)

Myanmar News

11 Jan, 11:38


မိုးဗြဲ နဲ့ ဖယ်ခုံကြားရှိ တဲ့ စစ်သွေးကြွတွေရဲ့ ခြေကုပ် စခန်းကို တပ်မတော် မှ ဒရုန်းဖြင့် ရှင်းလင်းမှု


#People@peoplemedianews

Myanmar News

11 Jan, 02:10


ယနေ့ စက်သုံးဆီ ဈေးနှုန်းများ

Myanmar News

11 Jan, 02:08


ဧရာဝတီ မကျီးဇင်ဘက်မှာ တိုက်ပွဲအရှိန်မြင့်လာ၊ လူငယ်(၂ဝဝ)ကျော်ကို ပေါ်တာဆွဲတဲ့ လက်နက်ကိုင်အဖွဲ့၊ ကလေးတွေကို အဓမ္မကျင့်ပြီး ဗီဒီယိုရိုက်ရောင်းစားတဲ့ မြန်မာတစ်ဦးကို ထိုင်းရဲတွေ ဖမ်းဆီး၊ ထိုင်းမှာ မြန်မာတွေ ကွန်ဒိုဝယ်ယူမှု ထပ်မံမြင့်တက် (၁ဝ-၁-၂ဝ၂၅)

Myanmar News

11 Jan, 01:11


ကျက်သရေတံခါးအရင်ဖွင့်ပါ
~~~~~~~~~~~~~~~~
နံနက်လင်းလာရင်
အိမ်တံခါးတွေ မဖွင့်ခင်
"ကျက်သရေတံခါး "တွေ
အရင်ဖွင့်ရမယ်။

ကျက်သရေတံခါးဆိုတာ ကိုယ့်နှလုံးသားထဲက
စိတ်ကောင်းစိတ်မြတ်ကလေးကို ဆိုလိုတာပါ။

ဒါကြောင့် နံနက်လင်းလာရင်
အိမ်တံခါးတွေ
မဖွင့်ခင်နှလုံးသားထဲက
ကုသိုလ်တံခါးပေါက်ကလေးကို အရင်ဖွင့်ရမယ်။

ဘုရားရှိခိုးရမယ်။
ပန်း၊ ရေချမ်း၊ ဆီမီးတွေ လှူဒါန်းရမယ်။
မေတ္တာပို့ပြီး တရားပါရှုမှတ်ရမယ်။

(တိပိဋကယောဆရာတော်ဘုရားကြီး) 🙏🙏🙏

Myanmar News

10 Jan, 15:35


တရားမဝင် စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်နှင့်မော်တော်ယာဥ်များ ဖမ်းဆီးရမိ (ဇန်နဝါရီလ ၁၀ ရက်)

Myanmar News

10 Jan, 15:34


မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ Aliance ငွေစုငွေချေးရုံးမှ ငွေများအား အဆိုပါရုံးမှ ရုံးဝန်ထမ်း ၂ ဦး၊ ညစောင့် ၁ ဦးနှင့် သော့ဖျက်ပေးသူ အမျိုးသား ၁ ဦးတို့က ပူးပေါင်းစီစဉ် ရယူခဲ့ကြပြီး ဧည့်စာရင်းလာစစ်သည့်အဖွဲ့များမှ တံခါးဖျက်ယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း လီဆယ်သတင်းပို့ခဲ့သည့်ဖြစ်စဉ်အား ဖော်ထုတ်ဖမ်းဆီးရမိ (ဇန်နဝါရီလ ၁၀ ရက်)

Myanmar News

10 Jan, 15:32


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိတ္ထီလာတပ်နယ်နှင့် မန္တလေးတပ်နယ်တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံ အမှာစကားပြောကြား (ဇန်နဝါရီလ ၁၀ ရက်)

Myanmar News

10 Jan, 14:15


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ဆွေးနွေးပြောကြား (ဇန်နဝါရီလ ၁၀ ရက်)

Myanmar News

10 Jan, 13:18


ကိုယ်ပြန်မတိုက်နိုင်တော့ လုပ်ချင်တာ အလုပ်ခံရတာပါပဲ။ တခါတလေ လူမျိုးစု ပဋိပက္ခ ဖြစ်မှာစိုးတယ် ဆိုတဲ့ သိပ်ကို လူသားဆန်တဲ့ အတွေးအခေါ်တွေအောက်မှာ NCA လည်း လုံးပါး ပါးတော့တာပဲ။ လူ ၉၀၀ ကျော် အသက်တွေလည်း အဟောသိကံ ဖြစ်ရတာပါပဲ။ သမိုင်းဟာ စစ်နိုင်တဲ့သူတွေသာ ရေးတာပါ။ နောင်တချိန် ပြဌာန်းစာအုပ်တွေမှာ ချိနဲ့မှုကြောင့် ဆိုတဲ့ စကားလုံးတွေ လှိုင်လှိုင်သုံးကြတော့မှာပဲ။


(နရီမိုး)

Myanmar News

10 Jan, 09:17


အနည်းဆုံး ၁၀ ဦး သေဆုံးထားသည့် လော့အိန်းဂျလိစ် တောမီးများကို ထိန်းချုပ်နိုင်ခြင်းမရှိသေးဟု အာဏာပိုင်များ သတိပေး

လော့အိန်းဂျလိစ်မြို့က ရပ်ကွက်များကို ၀ါးမျိုထားပြီး လူထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာခဲ့ရသော ဧရာမ တောင်မီးများသည် ဇန်နဝါရီ ၉ ရက်တွင် ထိန်းချုပ်၍မရတော့ဟု အာဏာပိုင်များက သတိပေးခဲ့သည်။

ထို့ကြောင့် ကယ်လီဖိုးနီးယားပြည်နယ်၏ အမျိုးသားအစောင့်တပ်သည် ရုတ်ရုတ်သဲသဲဖြစ်နေခြင်းကို ဖြေဖျောက်ပေးရန် အသင့်ဖြစ်နေသည်ဟု သိရသည်။

လော့အိန်းဂျလိစ်တောမီးကြီးအတွင်း နာမည်ကျော်များ၏ အိမ်များလည်း မီးလောင်ဆုံးရှုံးသွားခဲ့သည်။ နေအိမ်များ မီးထဲပါသွားသည့် နာမည်ကျော်များကို ဖော်ပြလိုက်ပါသည်။

၁။ ပဲရစ်ဟီလ်တန်
၂။ အန်သိုနီဟော့ကင်း
၃။ ဂျက်ဖ်ဘရစ်
၄။ ဘီလီခရစ္စတယ်
၅။ ယူဂျင်းလီဗီး
၆။ ဂျွန်ဂွတ်မန်း
၇။ မာ့ခ်ဟာမီ
၈။ ဂျနီဖာဂရေး
၉။ ကယ်ရီအဲလ်ဝက်စ်
၁၀။ အဒမ်ဘရော့ဒီ

■ Read More - - - >>> https://news-eleven.com/article/299161

Myanmar News

10 Jan, 08:05


ဒဏ်ရာရတဲ့သူ ကျဆုံးတဲ့သူတွေ
အများကြီးပဲ
ဘရွှေကို ဘယ် တမတသားကမှ
အပြစ်မတင်ကြပါဘူး။

နိုင်ရင် ပျော်လိုက်ကြ
ပေးဆပ်လိုက်ရတဲ့အချိန်ကျ
ကြေကွဲကြ ဒေါသဖြစ်ကြ
အပြစ်တင်ကြနဲ့ ပူလောင်လွန်းပါတယ်။

အဘအပေါ် အားမလိုအားမရဖြစ်တဲ့
ကိုယ့်ရဲ့ဒေါသအပူက
ရှေ့တန်းမှာ ရန်သူနဲ့ရင်ဆိုင်နေကြရတဲ့
တမတသားတွေဆီ ကူးစက်စေပါတယ်

အဘကို ပြောနေကြတဲ့
ဘောမတွေ အကုန်လုံးသည်လဲ
ချစ်တဲ့စိတ် အဆုံးရှူံး မခံချင်တဲ့စိတ်
ဂရုဏာဒေါသောနဲ့ ဆိုတာ
အကြွင်းမဲ့ ယုံကြည်ပါတယ်။

ရှေ့တန်းမှာ ​တိုက်ပွဲဝင်နေတဲ့
ရတဖဝင်တွေနဲ့
တမတသားတွေ အတွက်
နိုင်ငံအတွက် ကိုယ်ဘာလုပ်နိုင်လဲ
ဘာမှ မလုပ်နိုင်ဘူးဆိုရင်တောင်
လုပ်နိုင်တာ တစ်ခုတော့ ရှိပါတယ်။

အဲ့တာကတော့
ကိုယ့်ကြောင့် ရဲစခန်းနဲ့ ဆေးရုံ
အလုပ်မရှုပ်ပါစေနဲ့

နိုင်ငံကို ကာကွယ်နေကြတဲ့
ရဲတဖဝင်နဲ့ တမတသားများ အားလုံး
အန္တရာယ်ကင်း ဘေးရန်ရှင်းစေဖို့
ခလုတ်မထိ ဆူးမငြိစေဖို့ အတွက်
အောင်သပြေ ညောင်ရေလောင်းလို့
အောင်ဆုတွေ တောင်းပေးရုံမှတပါး
အခြားမရှိပါဘူးရှင့်😘🙏😘

Crd # မေရဲ ခ (မမငယ်)
မေရဲခ😘👊

Myanmar News

10 Jan, 08:05


#တောကျတဲ့ ဘောမများ မဖြစ်စေချင်

ကင်းစခန်းကိုပဲဖြစ်ဖြစ်
မြို့တစ်မြို့ကိုပဲ ဖြစ်ဖြစ် လာတိုက်လို့
အဲ့ ကင်းစခန်း/မြို့မှာ ရှိတဲ့
ရဲတဖဝတွေနဲ့ တမတသားတွေက
စစ်ကူပစ်ကူ ရောက်လာတဲ့အချိန်အထိ
တောင့်ခံပြီး တိုက်ခိုက်ခဲ့ကြလို့
အဲ့ ကင်းစခန်း/မြို့ မကျခဲ့ဖူးဆိုရင်
လေးစားပါတယ် ဂုဏ်ယူပါတယ် ဆိုပြီး
အဲ့ ကင်းစခန်းက
တဖဝနဲ့ တမတသားတွေကို
ချီးကျူးကြတယ်။

အဲ့ ကင်းစခန်း/မြို့ ကျသွားပြီ
ရန်သူ့လက်ထဲ ပါသွားပြီ
ကျဆုံးသွားတာလဲ အများကြီး
တချို့တွေ အဖမ်းခံရတယ်လဲ ဆိုရော

ဖဲကြိုးလောက် ဖြတ်နေတယ်
အခမ်းအနားလောက် တက်နေတယ်
သူကတော့ ပျော်နိုင်မှာပေါ့
သူ့သားသမီးနဲ့ မယားမှ မထိသေးတာ
သောက်သုံးမကျတဲ့ အရေးမပါတဲ့
ပြိုင်ပွဲတွေလောက် လုပ်နေတာ...ဆိုပြီး
အမျိုးစုံ အပြစ်တင်ကြတယ် ဒို့အဘကို

နိုင်တော့
နိုင်အောင်တိုက်တဲ့သူတွေကို
ချီးကျူးပြီး
ရှုံးတော့ အဘကို အပြစ်တင်တယ်။

ရှုံးတဲ့အခါ အဘကို အပြစ်တင်မယ်ဆို
နိုင်တဲ့အခါလဲ အဘကိုပါ ထည့်ပြီး
ချီးကျူးကြလေ။

U တို့ ဘောမတွေ
ကိုယ့်ဟာကိုယ်လဲ ပြန်စဥ်းစားကြဦး
တရားသလားလို့။

သင်တန်းတက်တုန်းက
စစ်ပညာကို အတူတူသင်ပေးလိုက်တာ
နိုင်အောင်တိုက်တဲ့သူကိုလဲ
အချိန်ပိုခေါ်ပြီး
တိတ်တိတ်လေး
သင်မပေးလိုက်သလို
ကံမကောင်း အကြောင်းမလှလို့
ရှုံးသွားတဲ့ သူတွေကိုလဲ
သင်ခန်းစာ တစ်မျက်နှာချန်ပြီး
သင်မပေးလိုက်ပါဘူး။

U တို့က
ရှုံးတယ် နိုင်တယ် ဆိုတဲ့
ဝေါဟာရ နှစ်လုံးထဲ အပေါ်မှာ
ခံစားနေကြတာပါ။

အဲ့လို
အနိုင် အရှုံးဆိုတာ ဖြစ်ဖို့အတွက်
နယ်မြေအခြေအနေ ရန်သူ့အင်အား
စစ်ကူလာရမယ့်
လမ်းကြောင်း အနေအထား
ကိုယ်မသိတာတွေ
လက်လှမ်းမမီတာတွေ အများကြီးပါ။

ရက်ပေါင်း ၃၀တောင် တောင့်ခံထားတာ
စစ်ကူက အခုထိ မလာသေးဘူး
အပေါ်က ဝဲပါတော့လား
ကျဲပါတော့လား...ဆိုပြီး ပြောတာ
လွယ်ပါတယ်။

ဒါပေမယ့်
စာတွေ့ရယ် လက်တွေ့ရယ် အာတွေ့ရယ်
၃မျိုးမှာ အာတွေ့က အလွယ်ဆုံးပါ။
(လက်တွေ့မှာ စစ်ကူလာဖို့
ဘယ်လောက်ခက်ခဲတယ် ဆိုတာ
ဖရူးဆိုး ရဲစခန်းတိုက်ပွဲအကြောင်းလေး ရေးပါဦးမယ်။)

ဘောမတွေရဲ့
အဆိုးဆုံး အပြစ်တင်ဝေဖန်ချက်က
ဘာလဲ...ဆိုတော့
သောက်ရေးမပါတဲ့
အခမ်းအနားတွေ ပြိုင်ပွဲတွေ
လုပ်နေတယ်...ဆိုတဲ့ အချက်ပါပဲ။

လက်နက်ကိုင်တပ်ဖွဲ့က
တခြား ဌာနတွေနဲ့ မတူပါဘူး။

ဥပမာ-
ကျောင်းအုပ်ဆရာမကြီးက
မူလတန်းပြ ဆရာမ တစ်ယောက်ကို
ဆရာမရေ ဒါလေး ဆောင်ရွက်ပေးပါလို့
တိုက်ရိုက်ပြောပါလိမ့်မယ်။

လက်နက်ကိုင်အဖွဲ့အစည်းမှာတော့
ဆင့်ကဲဆင့်ကဲ အုပ်ချုပ်တဲ့ ပုံစံနဲ့
သွားတာဖြစ်လို့
အစည်းအဝေးမှာ တိုင်းမှူးတွေကို
ညွှန်ကြားပါမယ်
တိုင်းမှူးတွေကမှ ဒုတိုင်း
အဆင့်ဆင့် ညွှန်ကြားကြတာပါ။
(အဲ့လို အဆင့်ဆင့် ညွှန်ကြားကြလို့
ရဲဘော်က မအိပ်ရတော့ဘူး...ဆိုတဲ့
ဟာသလေးလဲ ပြောပြပါဦးမယ်😁)

အဲ့တာကြောင့်
ကင်းစခန်း/မြို့ မကျအောင် တိုက်နေတဲ့
ရဲဘော်လေးကို အဘက သွားပြီး
ဟေ့ကောင်...ပစ်တော့ကွ
ဟေ့ကောင်....ဝပ်တော့ကွ
ဟေ့ကောင်.... ကျည်ဖြည့်တော့ကွ လို့
ပြောရမယ့် အဆင့် မဟုတ်ပါဘူး။

အဲ့တာကြောင့်
အဘ ဘာလုပ်နေလဲ ဆိုတဲ့ သူတွေ သိဖို့
အဘ သူလုပ်ရမယ့် အလုပ်တွေကို
လုပ်နေတာပါ။

နိုင်ငံတော်အဆင့် အခမ်းအနားတွေ
နှစ်စဥ် ကျင်းပနေကြ အခမ်းအနားတွေ
တက်ရမယ် မိန့်ခွန်းပြောရမယ်
ဒါ သူလုပ်ရမယ့်အလုပ်
သူ့အလုပ် သူလုပ်နေတာပါ။

ဟိုစခန်း ကျသွားလို့
ဒီ အခမ်းအနား ဖျက်သိမ်းလိုက်
ဒီမြို့ ပါသွားလို့
ဒီအစီအစဥ်ဖျက်လိုက်...ဆိုပြီး
အရူးချီးပန်း လုပ်စရာမလိုပါဘူး။

ကျသွားတဲ့စခန်း ပြန်သိမ်းဖို့
ပါသွားတဲ့မြို့ ပြန်ရဖို့ သက်ဆိုင်တဲ့
စတမတွေ လုပ်ပါလိမ့်မယ်။

U တို့ ဘောမတွေရော
ကင်းစခန်း ကျသွားတယ်
မြို့ ပါသွားတယ်... လို့ သိရတဲ့အချိန်
ဝမ်းနည်းမယ် ကြေကွဲမယ် ရင်နာမယ်
ခံပြင်းမယ် ဒေါသထွက်မယ်
ဒါပေမယ့်
ထမင်းစားမပျက် အအိပ်မပျက်
စျေးရောင်းမပျက် ရုံးတက်မပျက် အလုပ်မပျက်ပဲနဲ့ ခံစားကြတာမို့လား။

အဲ့လိုပါပဲ
အဘသည်လဲ အလုပ်ပျက်မခံပဲနဲ့
နာနာကျင်ကျင် ခံစားနေရမှာပါ။

U တို့ ပြောပြောနေကြ
သူ့သွေးသူ့သားမှ မထိသေးတာကိုး
သူ့မယား သူ့သားသမီးမှ
မထိသေးတာကိုး ဘယ်နာပါ့မလဲ ဆိုတဲ့
စကားက စစ်သားတစ်ယောက်ရဲ့
စိတ်ဓာတ်နဲ့ သံယောဇဥ်ကို
စော်ကားလိုက်တဲ့ စကားပါပဲ။

နောက်ပြီး အဲ့စကားက
နီပိတ်ပိတ်ပိန်း လော်ဘီတွေ ပြောနေကျ သွေးခွဲ စကားပါ။

ရှေ့တန်း ရောက်နေတဲ့ ဗကဆီကို
ကြေးနန်းဖမ်းတဲ့ ရဲဘော်ရောက်လာပြီး
"ဗက ဗကရဲ့ဇနီး မီးဖွားရင်း ခလေးရော အမေရော ဆုံးသွားတယ်...တဲ့"..ဆိုတဲ့
အသံကို ကြားလိုက်ရတဲ့အချိန်
"ဟာ...."...ဆိုတဲ့ အာမေဋိတ်သံနဲ့

"ဗက ဟိုစခန်းကုန်းကို
ရှင်းဖို့ သွားတဲ့ ဆရာကြီး မောင်ဖြူ
ကျသွားပြီ..တဲ့"..ဆိုတဲ့ သတင်းပို့သံကို ကြားရတဲ့အချိန်
"ဟာကွာ...."...ဆိုတဲ့ အာမေဋိတ်သံနဲ့
ခံစားချက်ချင်း ကွာပါတယ်။

တပါတ်စဥ်ထဲ
တတပ်ထဲ တရုံးထဲ တဌာနထဲမှာ
အတူတူ တာဝန်ထမ်းဆောင်ခဲ့တဲ့
သံယောဇဥ်က ဘာနဲ့မှ မတူပါဘူး။

ရုရှားနဲ့ ယူကရိမ်း ချကြတော့
သမ္မတကြီး ပူတင် တနပ်ပစ်နေတာ
ကျည်ထိုးနေတာ
တင့်ကားမောင်းနေတာတို့
မြင်ဖူးကြလို့လား
အစည်အဝေးလုပ်တယ် ညွှန်ကြားတယ်
ဒါပဲလေ။

ရုရှားနဲ့ ယူကရိမ်း ချကြတော့
ရုရှားတွေလဲ တေလိုက်တာ အများကြီး
မစ္စတာပူကို သူ့ပြည်သူတွေ
ဆဲလား အပြစ်တင်လား။

၈၈ အပြီး
မဲသဝေါ တိုက်ပွဲမှာ တမတသားတွေ

Myanmar News

04 Jan, 22:04


မင်္ဂလာနံနက်ခင်းလေးပါ
🙏🙏🙏
မြန်မာပြည်သူပြည်သားအားလုံး
မြတ်ဗုဒ္ဓ၏ မေတ္တာရိပ်မှာ
အေးချမ်းကြပါစေ။
လူ့အချင်းချင်း မေတ္တာစိတ်များ
ထားနိုင်ကြပါစေ။
ကောင်းခြင်းသုခအဖြာဖြာနဲ့
ပြည့်စုံကြပါစေ။

Myanmar News

04 Jan, 15:28


ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များအတွင်း မိုင်းထောင်ဖောက်ခွဲမှုများနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား လုပ်ကြံပစ်ခတ်သူ အကြမ်းဖက်သမားတရားခံ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား ကျူးလွန်ရာတွင်အသုံးပြုသည့် လက်နက်၊ ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ (ဇန်နဝါရီလ ၄ ရက်)

Myanmar News

04 Jan, 14:34


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သီရီပျံချီ မဟာသရေစည်သူ စိုးဝင်း (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော် အလံအလေးပြုပွဲ အခမ်းအနားတက်ရောက် (ဇန်နဝါရီလ ၄ ရက်)

Myanmar News

04 Jan, 14:31


ဇန်နဝါရီ ၃ ရက်နေ့၊ညနေ ၅:၃၀ အချိန်ခန့်က မန္တလေးတိုင်း၊ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ မြို့ပတ်လမ်း၊၃၃×၃၄ လမ်းထောင့်ရှိ The Wood စားသောက်ဆိုင်အနီး၌ စတားပါဝါ စက်သုံးဆီ အရောင်းဆိုင်ပိုင်ရှင် ဦးထွန်းလင်းနိုင်ဦးကို လူတစ်စုက ပြန်ပေးဆွဲ ဖမ်းဆီးသွားသလို ဦးထွန်းလင်းနိုင်ဦး၏ ကားကိုလည်း ယူဆောင်သွားသည်။

#PeopleMedi@peoplemedianews

Myanmar News

04 Jan, 14:23


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားသို့ တက်ရောက်ဂုဏ်ပြု (ဇန်နဝါရီလ ၄ ရက်)

Myanmar News

04 Jan, 14:23


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေပွဲ အခမ်းအနား တက်ရောက် (ဇန်နဝါရီလ ၄ ရက်)

Myanmar News

04 Jan, 14:18


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့် အပ်နှင်းခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့် (ဇန်နဝါရီလ ၄ ရက်)

Myanmar News

04 Jan, 11:34


၂၀၂၅ ခုနှစ် နှစ်စပိုင်းမှာပင် တစ်ရက်လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု တစ်ရက်လျှင် မဂ္ဂါဝပ် ၂၀၀၀ အောက်သာ ထုတ်လုပ်နိုင်ပြီး လျှပ်စစ်မီးပြတ်တောက်မှုမှာလည်း ယခင်ထက် ပိုများလာ

၂၀၂၅ ခုနှစ် နှစ်စပိုင်းမှာပင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု တစ်ရက်လျှင် မဂ္ဂါဝပ် ၂၀၀၀ အောက်သာ ထုတ်လုပ်နိုင်ပြီး လျှပ်စစ် မီးပြတ်တောက်မှုမှာလည်း ယခင်ထက်ပိုများလာကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့် ရန်ကုန်မြို့တွင်း နေထိုင်သူများ၏ ပြောကြားချက်များအရ သိရသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် အမြင့်ဆုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုမှာ ၁၇၃၇ ဒသမ ၁ မဂ္ဂါဝပ်၊ ဇန်နဝါရီ ၂ ရက်တွင် အမြင့်ဆုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု မှာ ၁၉၇၆ ဒသမ ၅ မဂ္ဂါဝပ်၊ ဇန်နဝါရီ ၃ ရက်တွင် အမြင့်ဆုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုမှာ ၁၈၀၅ ဒသမ ၇ မဂ္ဂါဝပ်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ထုတ်ပြန်ချက် များအရ သိရသည်။

ယင်းကြောင့် ၂၀၂၅ ခုနှစ် နှစ်စမှာပင် တစ်ရက်အတွက် အမြင့်ဆုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုမှာ မဂ္ဂါဝပ် ၂၀၀၀ အောက်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

■Website Link >>>https://news-eleven.com/article/298979

Myanmar News

04 Jan, 11:12


(5.1.2025)မှ စတင်၍ ဓာတ်အားပေးအုပ်စု (၃)ခုဖြင့် (၄)နာရီလာပြီး (၈)နာရီ အလှည့်ကျ ဝန်အား‌လျော့မည်ဟု သိရပါသည်

A, B, C အုပ်စု သုံးခုအနက်
ဘယ်အုပ်စုထဲပါသလဲ မှတ်လို့ရအောင် ပြောပြပါ့မယ်။
မနက်ဖြန် (5.1.2025) ရက်မှာ
05:00 - 09:00 နာရီ မီးရရင် အုပ်စု (A)ပါ။
09:00 - 13:00 နာရီ မီးရရင် အုပ်စု (B)ပါ။
13:00 - 17:00 နာရီ မီးရရင် အုပ်စု (C)ပါ။
အဲ့ဒီကနေ ရှစ်နာရီကြာပြီးမှ ဓာတ်အားပြန်ရပါ့မည်။

Ref. https://www.facebook.com/share/p/142CqJmcQC/?mibextid=wwXIfr

Myanmar News

04 Jan, 10:21


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်ကြော်ငြာစာ အမှတ်(၃/၂၀၂၅)ကို ဇန်နဝါရီလ (၄) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်။
(ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ရေးဆွဲနိုင်ရန် အသေးစိတ်အခြေခံရမည့်မူများ ချမှတ်နိုင်ရေးအတွက် အမျိုးသားညီလာခံတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ညီလာခံကိုယ်စားလှယ်(၂၄၉)ဦးကို စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ် လူမှုထူးချွန်တံဆိပ် (ပထမဆင့်) ချီးမြှင့်အပ်နှင်းခြင်း)

Myanmar News

04 Jan, 10:14


၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနား ကျင်းပ။

Myanmar News

04 Jan, 08:35


လက် ၃ ချောင်းပဲ ထောင်ထောင်၊ နိုင်ငံရေးပဲ လုပ်လုပ်၊ အချိန်တန် လွတ်တယ်ဆိုတဲ့ Mindset ပဲ ရတယ်။ အသက်လည်း မသေဘူး။ ခြေပြတ် လက်ပြတ်လည်း မဖြစ်ဘူး။ မိသားစုလည်း မပြိုကွဲဘူး။

ပြီးတော့ ရထားရဲတွေ ကို ရက်ရက်စက်စက် သတ်ခဲ့ကြတဲ့သူတွေလည်း သေစားသေစေ ဆိုတာမျိုး ဥပဒေက ခွင့်မပြုပြန်ဘူး။ ဒါပေမဲ့ သူတို့ သတ်လို့ သေသွားကြတဲ့ ရဲမိသားစုတွေတော့ အဖေပျောက်တဲ့ ဘဝနဲ့ လက်ကျန်ဘဝကို ဖြတ်သန်းကြရတော့မယ်။

လွတ်တဲ့သူတွေအတွက် ဝမ်းသာပါတယ်။ လားရှိုး စစ်ဆေးရုံမှာ လွတ်အောင် မပြေးနိုင်ခဲ့ကြတဲ့ တပ်မိသားစုတွေ၊ ကမ်းထိုးယာဉ်ပေါ်က မလွတ်ခဲ့ကြတဲ့ မိသားစုတွေ အတွက်တော့ ကံပဲပေါ့။

(နရီမိုး)

Myanmar News

04 Jan, 04:06


အကျဉ်းသား အကျဉ်းသူ ၅၈၆၄ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ၊
ထောင်တစ်သက်ကျခံနေရသူ ၁၈၀ ဦး ထောင်ဒဏ် ၁၅ နှစ်သို့ လွတ်ငြိမ်းသက်သာခွင့်ရ၊
နိုင်ငံခြားသား ၁၈၀ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ၊


၄ , ဇန်နဝါရီလ , ၂၀၂၄

ယနေ့ ကျရောက်သော (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ သည် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များနှင့် ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်များကို ကြေညာခဲ့သည်။

ယင်းတို့မှာ အမိန့်အမှတ် ၂/၂၀၂၅ အရ အကျဉ်းသား အကျဉ်းသူ ၅၈၆၄ ဦးတို့အား ယင်းတို့ ကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်များအပေါ် ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုခဲ့သည်။

အမိန့်အမှတ် ၃/၂၀၂၅ အရ ထောင်ဒဏ် တစ်သက်ကျခံနေရသူ ၁၄၄ ဦးကို ထောင်ဒဏ် ၁၅ နှစ် သို့ လျှော့ပေါ့၍ လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့သည်။

အမိန့်အမှတ် ၄/၂၀၂၅ အရ အကျဉ်းကျခံနေရတဲ့ နိုင်ငံခြားသား ၁၈၀ ဦးအား ကျန်ရှိနေသည့် ပြစ်ဒဏ်များ အပေါ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည်။

Myanmar News

04 Jan, 03:15


နိုင်ငံခြားသား အကျဥ်းသား၊ အကျဥ်းသူ (၁၈၀)ဦးကို လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှ ထောင်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသား အကျဥ်းသား၊ အကျဥ်းသူ (၁၈၀)ဦးကို ယနေ့ ဇန်နဝါရီ ၄ ရက်နေ့တွင် လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အမိန့်အမှတ် ၄/၂၀၂၅ ဖြင့် ယနေ့ ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်၊ နိုင်ငံအချင်းအချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးကို ရှေးရှုကာ လူသားချင်းစာနာထောက် ထားမှုကို အလေးထားသည့်အနေဖြင့် အကျဥ်းထောင်၊ အချုပ်ထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသား အကျဥ်းသား၊ အကျဥ်းသူ (၁၈၀)ဦးကို လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးရာ၌ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခု ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် လွတ်ငြိမ်းခွင့်ပြုကာ ပြည်နှင်ဒဏ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Myanmar News

04 Jan, 03:08


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၅ အား ဇန်နဝါရီလ (၄) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်
(သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းအပ်နှင်းခြင်း - အပိုင်း-၂)

Myanmar News

04 Jan, 03:08


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၅ အား ဇန်နဝါရီလ (၄) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်
(သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းအပ်နှင်းခြင်း - အပိုင်း-၁)

Myanmar News

30 Dec, 14:30


AA အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များအား အဖွဲ့အစည်း အသီးသီးမှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ ကြောင်း သဘောထားများ ထုတ်ပြန် (ဒီဇင်ဘာလ ၃၀ ရက်)

Myanmar News

30 Dec, 14:23


၂၀၂၅ ခုနှစ်၊ နှစ်သစ်ကူးအကြို တေးဂီတဖျော်ဖြေပွဲနှင့် မြန်မာ့ရိုးရာ ဇာတ်သဘင်အဖွဲ့၏ သဘင်အကနှင့်လှမည့် ည အစီအစဉ်ဖျော်ဖြေပွဲ တင်ဆက်ရာ လာရောက်ကြည့်ရှုသူများဖြင့် စည်းကားလျက်ရှိ (ဒီဇင်ဘာလ ၃၀ ရက်)

Myanmar News

30 Dec, 14:22


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် မြောင်းမြမြို့၊ မြစိမ်းရောင်တောင်တော်တွင် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အလံတင်အခမ်းအနား တက်ရောက်၊ ပွဲညှက်စမ်းကျေးရွာမှ ကုန်းသာလမ်းဆုံသို့ ဆက်သွယ်သည့် ဂဝံမြေနီလမ်းတက်ရောက် ဖွင့်လှစ်၊ (၈၇)နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အခမ်းအနားတက်ရောက် (ဒီဇင်ဘာလ ၃၀ ရက်)

Myanmar News

30 Dec, 13:43


Photo of the day 💚

Myanmar News

30 Dec, 12:49


နှစ်သစ်ကူးည တစ်ညတာအား ညမထွက်ရအမိန့် ပယ်ဖျက်

ဒီဇင်ဘာလ (၃၁) ရက်တွင် ကျရောက်မည့် နှစ်သစ်ကူးည တစ်ညတာအား ညမထွက်ရအမိန့် ပယ်ဖျက်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

2025 Countdown Festival ကို ပြည်သူ့ရင်ပြင်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ယခင်ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်ကို ဒီဇင်ဘာ (၃၁) ရက် ညပိုင်းမှ ၂ဝ၂၅ ခုနှစ် ဇန်နဝါရီ (၁) ရက်အထိ ပယ်ဖျက်ပေးထားကြောင်း သိရသည်။

2025 Yangon New Year Countdown ပွဲတော်ကို ညနေ (၆) နာရီမှ စတင်ကာ ပြည်သူ့ရင်ပြင်၌ ကျင်းပရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့က စီစဉ်ထားခြင်းဖြစ်သည်။

အဆိုပါ Countdown ပွဲတော်တွင် နိုင်ငံကျော်ရုပ်ရှင် သရုပ်ဆောင်များ၊ အဆိုတော်များ၊ DJ ပညာရှင်များ၊ အကအဖွဲ့များနှင့် မျိုးဆက်သစ်တေးသံရှင်များက ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး မီးရှူးမီးပန်းပစ်ဖောက်ခြင်းများဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Myanmar News

30 Dec, 12:21


30-12-2024

ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ၊ ရမ်းဗြဲ၊ စစ်တွေမှလွဲ၍ ကျန်မြို့နယ်တွေကို စစ်သွေးကြွ အေအေ ထိန်းချုပ်ထား

နွားထိုးကြီး-တောင်သာ၊ ပုပ္ပား-ညောင်ဦးဒေသမှာ အကြမ်းဖက် လှုပ်ရှားမှုများကို တိုင်းအစိုးရ ပြင်းထန် ထိရောက်စွာ ကိုင်တွယ်သင့်ပြီ

အဆက်ဖြတ်တဲ့ မိန်းကလေးနဲ့ အမေဖြစ်သူကို သတ်ဖြတ်မှု မိတ္ထီလာမြို့မှာ ဖြစ်ပွား

အဆိုတော် ယုန်လေး ကားကို စစ်သွေးကြွတွေ မိုင်းခွဲပြီး အောင်ပွဲခံ

Myanmar News

30 Dec, 08:48


အဆိုတော် ယုန်လေး ကို ချောင်းမြောင်းတိုက်ခိုက်သည့် ဖောက်ခွဲတိုက်ခိုက်မှု ဖြစ်ပွား

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်မှာ ယနေ့ ပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး အဆိုတော် ယုန်လေး ၏ ကားလည်း ဖောက်ခွဲတိုက်ခိုက်ခံရမှုတွင် ပါဝင်သည်။ အခြားသော ပေါက်ကွဲမှုတစ်ခုတွင် ခရီးသွားပြည်သူတချို့ ထိခိုက်ဒဏ်ရာရခဲ့သည်။

NLD အစွန်းရောက် အကြမ်းဖက်သမားများသည် အဆိုတော် ယုန်လေး ကို အစဉ်သဖြင့် ချောင်းမြောင်းလုပ်ကြံရန် ကြံစည်နေခြင်း ဖြစ်သည်။ ဆူပူဆန္ဒပြမှုများ ပြုလုပ်နေစဉ် ကာလတွင်လည်း အဆိုတော် ယုန်လေး ၏ ကားတစ်စီး မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည်။ NLD အစွန်းရောက် အကြမ်းဖက်သမားများ၏ ပစ်မှတ်ထဲတွင် အဆိုတော်ယုန်လေး ရှိနေဆဲပင်ဖြစ်သည်။

ဂီတနယ်ပယ်မှ အဆိုတော် လီလီနိုင်ကျော် ကို ဒီငြိမ်းလင်း (ခ) ဒေဝ ဦးဆောင်သည့် အကြမ်းအဖွဲ့က ရန်ကင်းမြို့နယ်တွင် လုပ်ကြံသတ်ဖြတ်ခဲ့သည်။ အကယ်ဒမီဆုများရှင် ရန်အောင် ၏ နေအိမ်ကိုလည်း ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြသည်။

ယခုအခါ ယုန်လေး အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘေးလွတ်ရာသို့ ခေါ်ဆောင်လာခဲ့ပြီဖြစ်ကြောင်း သိရသည်။

Myanmar News

30 Dec, 08:27


ဒီဇင်ဘာ ၂၉ ရက်နေ့၊ည ၁၁:၄၅ အချိန်ခန့်က မကွေးတိုင်း၊ဂန့်ဂေါမြို့၊အနောက်ဘက်မြစ်သာမြစ် အနောက်ဘက်ကမ်းမှ ၃ မိုင်ခန့်အကွာရှိ ဇဟောရွာ စာသင်ကျောင်း၏ အထင်ကရ ရှေးဟောင်းနှစ်
ထပ်ကျောင်းဆောင် အား ယော PDF ဆန်းဦး အဖွဲ့မှ မီးရှို့ဖျက်ဆီးခဲ့သည်။

ရုပ်သံ-စစ်သွေးကြွ လက်ချက်ဖြင့် မီးလောင်နေသော စာသင်ကျောင်း

#PeopleMedia

Myanmar News

30 Dec, 06:15


AA အကြမ်းဖက် သောင်းကျန်းသူများ၏ သုံ့ပန်းများအပေါ် လူမဆန်သော အကြမ်းဖက်လုပ်ရပ်များအား အဖွဲ့အစည်းအသီးသီးမှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားများ ထုတ်ပြန် (ဒီဇင်ဘာလ ၃၀ ရက်)

Myanmar News

30 Dec, 06:11


စစ်ပွဲတိုက်လို့ နိုင်ရင် နယ်မြေပိုင်ကြေး ဆိုတဲ့ ယဉ်ကျေးမှု စနစ်သာ အားကောင်းရင် .....ပြည်ထောင်စု လွှတ်တော် အာဏာ မသက်ရောက်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အထိုင်ပျက်/မပျက် မေးခွန်းထုတ်ဖို့ လိုလာပါပြီ။

အားတော့ နာတယ် ဖထီးတို့ရေ။ တပ်က အာဏာမထိမ်းခင် ဒီနိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်း၊ တရားရေးနည်းနဲ့ ဖြေရှင်းဖို့ တောင်းဆိုချိန်ကြ ပါးစပ်ပေါက်တွေ စောက်လုံး ဆို့ နေခဲ့ပြီးမှ၊ အာဏာထိမ်း သက်တမ်း ၄ နှစ်ကြာလုမှ ၊ ဒီမိုကရေစီအစိုးရကို လက်နက်နဲ့ အာဏာသိမ်းတယ်ဆိုတဲ့ အကြောင်းပြချက်က သိပ်တော့ မခိုင်လှုံလှပါဘူး။

NCA မှာ ကမ္ဘာသိ လက်မှတ်ထိုးထားပြီး အကျိုးစီးပွားသပ်သပ် ဖောက်လွှဲဖောက်ပြန် လုပ်တတ်တဲ့ ဖထီး တွေက သဝဏ်လွှာမှာပါတဲ့ ကရင်တိုင်းရင်းသားတွေက သစ္စာရှိတယ်ဆိုတဲ့ စကားလုံးတောင် အားနာမိပါရဲ့။


(နရီမိုး)

Myanmar News

30 Dec, 04:35


မိတ္ထီလာမြို့တွင် သားမိနှစ်ဦး ဓားဖြင့်သတ်ဖြတ်သွားသည့် ကျူးလွန်သူသုံးဦးကို ပြည်သူများမှ ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့
………………………………………………

နေပြည်တော်၊ ဒီဇင်ဘာ ၃၀

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ကျီတော်ကုန်းရပ်ကွက် ၊ နယ်မြေ(၈) တွင် နေထိုင်သည့် သားမိနှစ်ဦးကို ဓားဖြင့်သတ်ဖြတ်သွားသည့် ကျူးလွန်သူအမျိုးသားသုံးဦးကို ပြည်သူများမှဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် … https://shorturl.at/4TrYA

Myanmar News

30 Dec, 03:31


၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်မည်။

Myanmar News

30 Dec, 03:13


ယနေ့ စက်သုံးဆီ ဈေးနှုန်းများ

Myanmar News

30 Dec, 01:30


AA ထုတ်ပြန်ချက်ရဲ့နောက်ကွယ်၊ ကား မူဝါဒနဲ့ EV ကားလောကသားတွေရဲ့ဂယက်၊ ပုပ္ပါတောင်ကြီး တက်ဖို့ ခက်ပြီ၊ ကရင်မြေမှာ စစ်ပွဲသံတွေ ပြန်ကြားရတော့မလား (၂၉၊ ၁၂၊ ၂၀၂၄)

Myanmar News

30 Dec, 01:18


၂၀၂၄ခုနှစ်လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း၏ရှေ့ ပြေးလူဦးရေစာရင်းကို ဒီဇင်ဘာလ (၃၁)ရက်နေ့တွင် ထုတ်ပြန်ပေးသွားမည်

Myanmar News

03 Dec, 16:23


မင်္ဂလာညချမ်းလေးပါ
🙏🙏🙏
တစ်နေ့တာ ဘဝအမောများပြေပျောက်ပြီး ကောင်းမွန်စွာ အိပ်စက်နိုင်ကြပါစေ။
မြန်မာနိုင်ငံကြီး အေးချမ်းသာယာပါစေ။

Myanmar News

03 Dec, 15:43


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား (ဒီဇင်ဘာလ ၃ ရက်)

Myanmar News

03 Dec, 15:42


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား (ဒီဇင်ဘာလ ၃ ရက်)

Myanmar News

03 Dec, 13:50


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ 🇲🇲🇷🇺

Myanmar News

03 Dec, 13:50


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက် ဂါရဝပြု တွေ့ဆုံ (ဒီဇင်ဘာလ ၃ ရက်)

Myanmar News

03 Dec, 13:48


ထိုင်းနိုင်ငံ၊ကန်ချနာဘူရီခရိုင်အတွင်းမှာ ကင်းလှည့်ချိန် တရားမဝင် မြန်မာနိုင်ငံသား ၉ ဦးထံမှ ကျည် (၃၀၀၀)ခန့် တွေ့ရှိ၍ ဖမ်းဆီးထားကြောင်း ထိုင်းရဲတပ်ဖွဲ့က ယနေ့ သတင်းထုတ်ပြန်ထားသည်။

#PeopleMedia

Myanmar News

03 Dec, 13:06


3-12-2024

သဲကုန်းမြို့နယ်မှာ ဖခင်နဲ့၎င်းရဲ့ သားနှစ်ဦးကို NLD အုပ်စု သတ်ဖြတ်

အမ်းမြို့ကို ပြင်းပြင်းထန်ထန် ကာကွယ်ပေးပါ

ယနေ့ တိုက်ပွဲဖြစ်ပွားရာ နေရာများ

Myanmar News

03 Dec, 10:31


ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများ၏ ပုံမှန်လစာရရှိသူများနှင့် ပုံမှန်လစာ ရရှိသူများမှအပ အခြားဝင်ငွေရရှိသူများ တစ်နှစ်အတွင်း လွှဲပို့ငွေ၏ (၅)ရာခိုင်နှုန်းတန်ဖိုးနှင့် ညီမျှသည့် လျှပ်စစ်သုံးမော်တော်ယာဉ်/လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များကို တစ်နှစ်လျှင် တစ်စီးနှုန်း တင်သွင်းခွင့်ပြုသွားမည်။

Myanmar News

03 Dec, 07:32


ရွှေတိဂုံစေတီတော်၏ သြဝါဒစရိယဆရာတော်ကြီး ဘဝနတ်ထံ ပျံလွန်တော်မူ

ရွှေတိဂုံစေတီတော်ကြီး၏ သြဝါဒစရိယဆရာတော်ကြီး တစ်ပါးဖြစ်သည့် ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဝေပုလ္လမဟာထေရ် သည် ဘဝနတ်ထံ ပျံလွန်တော်မူချိန်တွင် သိက္ခာတော်(၅၄)ဝါ၊ သက်တော်(၇၅)နှစ် ရှိပြီ ဖြစ်ပြီး နိုဝင်ဘာလ (၃၁)ရက်၌ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကာ ဒီဇင်ဘာလ (၈)ရက်၌ ဗဟန်းမြို့နယ်၊ ကျိုက်သီမွန် ပါဠိတက္ကသိုလ်ကျောင်းတိုက်၌ အန္တိမစျာပန အခမ်းအနား ဆင်ယင်၍ ရေဝေး သုဿန်တွင် မီးသဂြိုဟ်သွားမည်ဖြစ်စ်ကြောင်း သိရှိရသည်။

ဆရာတော်ဘုရားကြီးသည် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်ကြီးလည်း ဖြစ်ပြီး ဗဟန်းမြို့နယ်၊ ကျိုက်သီမွန်ပါဠိ တက္ကသိုလ် ကျောင်းတိုက်ရဲ့ ဦးစီးပဓာန နာယက၊ ဆရာတော်ကြီးလည်း ဖြစ်သည်။

ဆရာတော်ကြီး ဘဝနတ်ထံ ပျံလွန်တော်မူသွားသည့်အတွက် ကြီးမားသည့် ဆုံးရှုံးမှုတစ်ခုဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ကလည်း မှတ်တမ်းတင် ဖော်ပြထားသည်။

ဆရာတော်ကြီး၏ အန္တိမဈာပန အခမ်းအနားအဖြစ် ဒီဇင်ဘာလ (၄)ရက် မှ (၆)ရက် အထိ ဓမ္မကထိက ဆရာတော်ကြီးများမှ မွန် - မြန်မာ နှစ်ဘာသာဖြင့် တရားရေအေးအမြိုက်ဆေးကို တိုက်ကျွေးဟောကြားသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

Myanmar News

03 Dec, 07:09


"သင့်မြို့ သင့်ရွာ သင့်နိုင်ငံကို ကာကွယ်ဖို့ ပြည်သူ့စစ်မှု ထမ်းကြစို့"

Myanmar News

03 Dec, 02:50


ယနေ့ စက်သုံးဆီ ဈေးနှုန်းများ

Myanmar News

03 Dec, 02:46


ထိုင်းတပ်မတော်အကြီးအကဲတွေနဲ့ မြန်မာတာဝန်ရှိသူတို့ ဆွေးနွေးပြီးသွားပြီဖြစ်တဲ့ ငါးဖမ်းသင်္ဘောကိစ္စ၊ အယောင်ဆောင်အုပ်စုကို ဖမ်းဆီးရမိ၊ Grade 9 ကျောင်းသားကို ဘာ့ကြောင့်ဖမ်းသလဲ၊ လွိုင်ကော်က ရပ်ကွက်ကြီး ၅ ခုအတွက် ကြေညာချက်၊ ယနေ့ မနက်ရဲ့ တောင်ကုတ် တိုက်ပွဲ (2-12-2024)

Myanmar News

24 Nov, 16:51


မင်္ဂလာညချမ်းလေးပါ
🙏🙏🙏
တစ်နေ့တာ ဘဝအမောများပြေပျောက်ပြီး ကောင်းမွန်စွာ အိပ်စက်နိုင်ကြပါစေ။
မြန်မာနိုင်ငံကြီး အေးချမ်းသာယာပါစေ။

Myanmar News

24 Nov, 14:19


ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာ - ရုရှား ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးအောင်သော်၊ ရာဂီမုန်တိုင်းနှင့်ဆက်စပ်ဖြစ်ပွားသည့် ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံကိုယ်စား ရှရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးဌာနများနှင့် ကုမ္ပဏီများမှ လူသားချင်း စာနာထောက်ထားမှုအကူအညီများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက် (နိုဝင်ဘာလ ၂၄ ရက်)

Myanmar News

24 Nov, 09:31


အမရပူရမြို့နယ်၌ အလယ်တန်းပြ ဆရာမ တစ်ဦး ဆိုင်ကယ်လု သတ်ဖြတ်ခံရ၊ ကျူးလွန်သူ ၂ဦး အနက် ၁ဦး ဖမ်းဆီးရမိ

မန္တလေး၊နိုဝင်ဘာ -၂၃

နိုဝင်ဘာ ၂၃ ရက်နေ့ နံနက် ၁၁:၁၅ အချိန်က မန္တလေးတိုင်း၊အမရပူရမြို့နယ်၊တပ်ကြီးကျေးရွာ၊အိုးတုတ္တန်းတိုးဂိတ်အကျော်၌ ကျောင်းဆရာ တစ်ဦး ဓါးဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။

သေဆုံးသူ ဆရာမသည် အမရပူရမြို့နယ်၊ ကြည့်မြင်တိုင်ကျေးရွာ၊အ.ထ.က (ခွဲ)မှ အလယ်တန်းပြဆရာမ ဒေါ်အေးမြတ်ခိုင်ဖြစ်ပြီး ဆိုင်ကယ် လုယူခံရပြီးနောက် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။

ဖြစ်စဉ်ဧရိယာရှိ နယ်မြေတစ်ဝိုက်ကို လုံခြုံရေးအဖွဲ့များက ပိတ်ဆို့ရှာဖွေရာ ဆိုင်ကယ်လု လူသတ်ရာ၌ ပါဝင်သည့် အမရပူရမြို့နယ်၊တပ်ကြီးကွင်း(ယာခင်းကွင်း)အတွင်းမှ ခန့်ဇင်လင်း၊၂၀နှစ်၊(ဘ)ဦးဆန်းလင်း၊တက်တူးဆရာ၊သင်ပန်းရွာ၊တံတားဦးမြို့နယ်နေသူအား ဖမ်းဆီးရမိခဲ့သည်။

ထို့အတူ ဆိုင်ကယ်လု လူသတ်ရာ၌ ပါဝင်သော ကျော်ကြီး၊သင်ပန်းကုန်းရပ်ကွက်၊ပြည်ကြီးတံခွန်မြို့နယ် နေထိုင်သူသည် ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်။

#PeopleMedia

Myanmar News

24 Nov, 05:40


❗️❗️❗️❗️

မြန်မာနိုင်ငံမြောက်ပိုင်းက ကျားဖျန့်လုပ်ငန်းအကြီးစားတွေအားလုံး ချေမှုန်းပြီးပြီဟု တရုတ်နိုင်ငံကကြေညာ

၂၄ နိုဝင်ဘာ ၂၀၂၄
တရုတ်-မြန်မာနယ်စပ်အနီး မြန်မာနိုင်ငံ မြောက်ပိုင်းက ကျားဖျန့်လုပ်ငန်းအကြီးစားတွေ အားလုံးကို ချေမှုန်းပြီးပြီလို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက မကြာသေးမီကကြေညာခဲ့ပါတယ်။

❗️❗️❗️❗️❗️
https://www.youtube.com/watch?v=pGgzgsMebzw&t=47s

Myanmar News

24 Nov, 04:17


ဥရောပနှင့် အာဆီယံ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအပါအဝင် အခြားဘုံစိန်ခေါ်မှုများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေး

ဥရောပပါလီမန်၊ အရှေ့တောင်အာရှနိုင်ငံများနှင့် အာဆီယံဆက်ဆံရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ (DASE) နှင့် ဘရပ်ဆဲလ်မြို့အခြေစိုက် အီးယူဆိုင်ရာ အာဆီယံသံအမတ်ကြီးများမှ ဒေသနှစ်ခုအကြား ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွ က်မှုနှင့် အခြားဘုံစိန်ခေါ်မှုများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဥရောပပါလီမန်၊ အရှေ့တောင်အာရှနိုင်ငံများနှင့် အာဆီယံ ဆက်ဆံရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ (DASE) ၏ ၂၀၂၄ -၂၀၂၉ သက်တမ်းအတွက် ဥက္ကဋ္ဌသစ်ဖြစ်သည့် ဥရောပပါလီမန်အမတ် Mr. Wouter Beke ဦးဆောင်သော DASE အဖွဲ့ဝင်များနှင့် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီဝင် အီးယူဆိုင်ရာ အာဆီယံ သံအမတ်ကြီးများအကြား မိတ်ဆက် နေ့လယ်စာစားပွဲသို့ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ လူဇင်ဘတ်နှင့် အီးယူဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်က ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/ဥရောပနှင့်-အာဆီယံ-ကုန်သွ/

Myanmar News

24 Nov, 01:00


မန္တလေးအခြေစိုက် အမေရိကန်သံတမန်ရုံးတစ်ခု တိုးတိုးတိတ်တိတ် ပြန်ဖွင့်၊ ပြည်သူလူထုကို ခြိမ်းခြောက်ပြီး တရုတ်ကို ပမာမခန့်လုပ်တဲ့ NUG၊ မတ္တရာနဲ့တောင်ကုတ်က တိုက်ပွဲ အခြေအနေ၊ ကိုးကန့်သူပုန်အုပ်ချုပ်တဲ့ လောက်ကိုင်မှာ ဖာခန်း(၅ဝ)လောက် တိုးလာ (၂၃-၁၁-၂ဝ၂၄)

Myanmar News

23 Nov, 23:31


မင်္ဂလာနံနက်ခင်းလေးပါ
🙏🙏🙏

Myanmar News

23 Nov, 16:41


မင်္ဂလာညချမ်းလေးပါ
🙏🙏🙏
တစ်နေ့တာ ဘဝအမောများပြေပျောက်ပြီး ကောင်းမွန်စွာ အိပ်စက်နိုင်ကြပါစေ။
မြန်မာနိုင်ငံကြီး အေးချမ်းသာယာပါစေ။

Myanmar News

23 Nov, 15:34


တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၇/၂၀၂၄) သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်တွေ့ဆုံ (နိုဝင်ဘာလ ၂၃)

Myanmar News

23 Nov, 15:32


(၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲတွင် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းက ရွှေတံဆိပ် ၅ ခု၊ ငွေတံဆိပ် ၄ ခု၊ ကြေးတံဆိပ် ၇ ခုတို့ ရရှိခဲ့ပြီး နိုင်ငံအလိုက် တတိယအဆင့်တွင် ရပ်တည်နိုင်ခဲ့ (နိုဝင်ဘာလ ၂၃ ရက်)

Myanmar News

23 Nov, 13:01


🙏🙏🙏 ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာ နန္ဒမာလာဘိဝံသ 🙏🙏🙏

" ယနေ့ ဆရာတော်ဘုရားကြီး ဩဝါဒ

အမှန်တရားသည်
ထာဝရ အမှန်ဖြစ်သည်

အမှန်တရား အတိုင်း
ရပ်တည်မည်


(ပါမောက္ခချုပ်ဆရာတော်)
၂၃-၁၁-၂၀၂၄

Credit to Original Owner !

Myanmar News

23 Nov, 12:05


စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းသို့ ရန်ကုန်မြို့မှ ဆန်နှင့် အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်များနှင့် တည်ဆောက်ရေးပစ္စည်းများ ဆက်လက်ရောက်ရှိ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းသို့ ရန်ကုန်မြို့မှ ဆန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ တည်ဆောက်ရေးပစ္စည်းများ ယနေ့ နိုဝင်ဘာ (၂၃)ရက်က ရောက်ရှိလာရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ၏ လမ်းညွှန်မှုအရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ သင်္ဘောများဖြင့် ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများကို ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းသို့ အမ်ဗွီအောင်ရတနာသင်္ဘောတွင် ဆန်နှင့်စားသုံးကုန်ပစ္စည်းများ စုစုပေါင်း (၇၀၇) တန် တင်ဆောင်၍လည်းကောင်း၊

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/စစ်တွေမြို့-ဘက်စုံသုံးဆ/

Myanmar News

23 Nov, 08:25


အလုပ်ရမည်ဟုဆိုကာ ပွဲစားက မြန်မာလုပ်သား ၁၀၀ ခန့်ကို လိမ်လည်သဖြင့် ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများ ဆန္ဒပြ

အလုပ်ရမည်ဟုဆိုကာ ပွဲစားက မြန်မာလုပ်သား ၁၀၀ ခန့်ကို လိမ်လည်သဖြင့် ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများ ဆန္ဒပြခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။

မြန်မာအလုပ်သမားများမှာ ထိုင်းပွဲစားများကို တစ်ဦးလျှင် ဘတ် သုံးထောင်မှ ခုနစ်ထောင်အကြားပေးခဲ့ရပြီး အချို့မှာ ငွေလက်ငင်းပုံစံဖြင့်လည်းကောင်း၊ အချို့မှာ ငွေလွှဲအကောင့်များမှတစ်ဆင့် လည်းကောင်း ပေးချေခဲ့ရသည်ဟု ဆိုသည်။

ခွန်ခမ်းရဲစခန်းမှ ရဲမှူး ဆွမ်ချိုင်းခိုခါ၏ ပြောကြားချက်အရ အလုပ်သမားများက ယင်းကုမ္ပဏီတွင် အလုပ် လာရောက်စုံစမ်းရာတွင် လုံခြုံရေးက လိမ်လည်သည့် ပွဲစားနှစ်ဦးကို ချိတ်ဆက်ပေးခဲ့ကြောင်း၊ အလုပ်အား နိုဝင်ဘာ ၂၀ ရက်တွင် စတင်လုပ်ကိုင်ရမည်ဆိုသဖြင့် အလုပ်သမားများမှာ ကန့်ခမ်းမြို့ Ekachai Road ရှိ Index Interfurn ကုမ္ပဏီရှေ့သို့ လာရောက်ခဲ့သော်လည်း အလုပ်လုပ်ကိုင်ခွင့်မရရှိခဲ့ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

■Website Link >>>https://news-eleven.com/article/297715

Myanmar News

23 Nov, 07:51


🔥 ရန်ကုန်မြို့ရဲ့ အစည်ကားဆုံး ရေကျော်ပွဲစျေး 🔥

❣️ ပွဲတော်ရက်ကတော့ November 22 ရက်မှ 26 ရက်အထိ ၅ ရက် ကျင်းပမယ်လို့ သိရပါတယ် ၊၊❣️

🗺️ Google map မှာ ရေကျော်စျေးလို့ ရှာပြီး သွားလို့ရပါတယ် ။
ပုဇွန်တောင်မြို့နယ် ၊ အမှတ် ( ၈ ) ရပ်ကွက်မှာပါနော် ။

Myanmar News

20 Nov, 01:42


တရုတ်ပြည်ရောက် ဖုန်တာရွှင်နဲ့ မေးခွန်းထုတ်စရာများ ၊ ကျောက်ဖြူစီမံကိန်းကော်မတီနဲ့ AA ၊ ကျောက်မျက်ပြပွဲ ဝယ်လိုအားနည်းနိုင် ၊ ပုလဲကို ပြန်တိုက်ဖို့ ကြွေးကြော်တဲ့ နဂါး (၁၉-၁၁-၂ဝ၂၄)

Myanmar News

20 Nov, 00:30


မင်္ဂလာနံနက်ခင်းလေးပါ 🙏🙏🙏

နှလုံးစိတ်ဝမ်း အေးချမ်းပါစေ။
ကပ်သုံးပါးဘေး ကင်းဝေးပါစေ။
ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝပါစေ။

Myanmar News

19 Nov, 16:35


မင်္ဂလာညချမ်းလေးပါ
🙏🙏🙏
တစ်နေ့တာ ဘဝအမောများပြေပျောက်ပြီး ကောင်းမွန်စွာ အိပ်စက်နိုင်ကြပါစေ။
မြန်မာနိုင်ငံကြီး အေးချမ်းသာယာပါစေ။

Myanmar News

19 Nov, 16:10


လက်နက်ကိုင်အကြမ်းဖက်သမားများက ခရီးသည်တင် မော်တော်ယာဉ်အား Drone အသုံးပြု၍ Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် အပြစ်မဲ့ ခရီးသွားပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိ (နိုဝင်ဘာ ၁၉)

Myanmar News

19 Nov, 16:05


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား (နိုဝင်ဘာလ ၁၉ ရက်)

Myanmar News

19 Nov, 14:28


မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်တွင် မြန်မာဘက်အခြမ်းသို့ ကုန်ပစ္စည်းများတင်သွင်းခွင့် တရုတ်ဘက်က ခွင့်ပြု

မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်တွင် မြန်မာဘက်အခြမ်းသို့ ကုန်ပစ္စည်းများ တင်သွင်းခွင့် တရုတ်ဘက်က ခွင့်ပြုလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်း၌ တရုတ် နိုင်ငံဘက်မှ ကုန်စည်များကို မြန်မာနိုင်ငံ ဘက်သို့ တင်သွင်းခွင့်ပြုလိုက်ခြင်းဖြစ်သည် ဟု သိရသည်။

■ Read More - - - >>> https://news-eleven.com/article/297573

■ ပုံစာ - မူဆယ်မြို့ ဆင်ဖြူဂိတ်ဝန်းကျင်ကို ယခင်နှစ်များက တွေ့ရစဉ် (Photo - U Thaung Tun)

Myanmar News

19 Nov, 13:45


MNDAA အဖွဲ့ခေါင်းဆောင် ဖုန်တာရွှင် တရုတ်နိုင်ငံ ယူနန်တွင်ဆေးကုသမှုခံယူနေခြင်းသာဖြစ်ဟု တရုတ်ပြောကြား

MNDAA အဖွဲ့ခေါင်းဆောင် ဖုန်တာရွှင်သည် ယူနန်တွင်ဆေးကုသမှုခံယူနေခြင်းသာဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လင်ကျန်းက ပြောကြားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုဝင်ဘာ ၁၉ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောခွင့်ရပုဂ္ဂိုလ် လင်ကျန်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ကိုးကန့်(MNDAA)အဖွဲ့ခေါင်းဆောင် ဖုန်တာရွှင်သည် တရုတ်အနောက်တောင်ပိုင်း ယူနန် ပြည်နယ်တွင် ဆေးကုသမှုခံယူနေသည်ဟု တရုတ်က ပြောကြားကာ ၎င်းကို နေအိမ်အ ကျယ်ချုပ်ဖြင့် ဖမ်းဆီးထားသည်ဆိုသော သတင်းများကို တုံ့ပြန်ခဲ့သည်။

“ MNDAA ရဲ့ခေါင်းဆောင် ဖုန်တာရွှင်ဟာ ဆေးကုသမှုခံယူဖို့အတွက် တရုတ် ကိုလာဖို့ အရင်တုန်းက လျှောက်ထားခဲ့ပါ တယ်။ အခု ဆေးကုသမှုခံယူနေပြီး ထူထူ ထောင်ထောင်ဖြစ်အောင်လုပ်နေပါတယ်” ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ လင်ကျန်းက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။


ဖုန်တာရွှင်ကို လွန်ခဲ့သောလ၏ လကုန်ပိုင်းတွင် အကြီးတန်း တရုတ်တာဝန်ရှိသူနှင့် တွေ့ဆုံရေးအတွက် ဆင့်ခေါ်ပြီးကတည်းက ၎င်းင်းကိုယူနန်တွင် ထိန်းသိမ်းထားခဲ့သည်ဟု မြန်မာသတင်းဌာနအချို့က သတင်းဖော်ပြခဲ့သည်။

ထို့ပြင် ဖုန်တာရွှင်သည် ယူနန်ပြည်နယ်တွင်နေထိုင်စဉ် မြန်မာနိုင်ငံရှိ၎င်းင်း၏တပ်မှူးများနှင့် ဖုန်းအ ဆက်အသွယ်ရှိနေသည်ဟုလည်း ယင်းသတင်းများတွင် ဖော်ပြထားသည်။

MNDAA သည် လွန်ခဲ့သောနှစ်က မြန်မာတပ်မတော်ကို ပူးပေါင်းတိုက်ခိုက်ခဲ့သော မြောက်ပိုင်းညီနောင်သုံးဖော်ထဲမှ တစ်ဖွဲ့ဖြစ်သည်။

ဖုန်တာရွှင်သည် ၂၀၀၉ ခုနှစ်ကတည်းက MNDAA တပ်မှူးအဖြစ် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၎င်းတပ်မှူးဖြစ်သည့်နှစ်နှင့် တစ်နှစ်တည်းတွင် MNDAA နှင့် တပ်မတော်တို့ တိုက်ပွဲ ပြင်းထန်ခဲ့သည်။

ယင်းတိုက်ပွဲအပြီးတွင် MNDAA သည် ယူနန်နှင့် ထိစပ်နေသော ရှမ်းပြည်နယ်မြောက်ပိုင်း ရှိ ကိုးကန့်ဒေသကို ထိန်းချုပ်မှုအား လက်လွှတ်ဆုံးရှုံးခဲ့ရသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလထဲတွင် MNDAA သည် ကိုးကန့်ဒေသကို အပြည့်အ၀ ပြန်လည်ထိန်းချုပ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

MNDAA၊ TNLA နှင့် AA အဖွဲ့တို့အား အကြမ်းဖက်အုပ်စုအဖြစ် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂ ရက်တွင် မြန်မာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ကြေညာထားသည်။


■ Ref: South China Morning Post

■ Website Link - - - >>> https://news-eleven.com/article/297571

Myanmar News

19 Nov, 12:38


19-11-2024

တိုက်ပွဲရပ်ရန် နှင့် PDF တွေကို ထောက်ပံ့မှု ယာယီ ရပ်ရန် KIA ဆုံးဖြတ်

အမေရိကန်နိုင်ငံသား ခံယူထားတဲ့ ဆရာတော် ဦးပညာဇောတ ထိန်းသိမ်းခံရ

တမူးမြို့နယ်နေ ကျား ၃ ယောက်၊ မ ၂ ယောက်ကို အန်ယူဂျီ အုပ်စုတွေ လုပ်ကြံမှု

၂၀၂၅ ကာလ နောက်ပိုင်း တရားမဝင် နေထိုင်သူတွေကို စစ်တပ်အသုံးပြုပြီး ရှင်းလင်းမယ်လို့ ထရန့်ပြောဆို

Myanmar News

19 Nov, 06:42


တရားမဝင် ဝင်ရောက်သူတွေကို အစုလိုက်အပြုံလိုက်နှင်ထုတ်မယ့်အစီအစဉ်မှာ အမေရိကန်စစ်တပ်ကို အသုံးပြုသွားမှာဖြစ်ကြောင်း ထရမ့် ထပ်လောင်းပြောကြား
………………………………………

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၉

အမျိုးသားအရေးပေါ်အခြေအနေတစ်ရပ် ကြေညာပြီး တရားမဝင်ရွှေ့ပြောင်းသူတွေကို နို်င်ငံတွင်းက နှင်ထုတ် သွားဖို့အတွက် အမေရိကန်စစ်တပ်ကို အသုံးပြုသွားမှာဖြစ်ကြောင်း ပြောဆိုရင်း တရားမဝင်ရွှေ့ပြောင်းသွားလာ သူတွေအရေး ကိုင်တွယ်ဆောင်ရွက်သွားဖို့ ၎င်းရဲ့ ကတိကဝတ်ကို ရွေးကောက်ခံအကြိုသမ္မတဒေါ်နယ်ထရမ့် က ထပ်လောင်းပြောကြားလိုက်ပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် … https://shorturl.at/CgQsm

Myanmar News

19 Nov, 05:42


KIA ခေါင်းဆောင်များ အရေးပေါ်အစည်းအဝေး ကျင်းပပြီး စစ်ဆင်ရေး ရပ်ဆိုင်းထားရန်နဲ့ PDF အဖွဲ့များကို ထောက်ပံ့မှု ရပ်ဆိုင်းရန် ဆုံးဖြတ်
……………………………………………

မြစ်ကြီးနား၊ နိုဝင်ဘာ ၁၉

တရုတ်အစိုးရရဲ့ ဖိအားကြောင့် KIA ခေါင်းဆောင်များရဲ့ အရေးပေါ်အစည်းအဝေးကို နိုဝင်ဘာလ တတိယပတ်၌ လိုင်ဇာမြို့တွင် ကျင်းပခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန် … https://shorturl.at/lawDO

Myanmar News

19 Nov, 05:39


တချို့ကလည်း အကြောင်းမသိလို့ NLD လွှတ်တော်ကိုယ်စားလှယ်လောင်းဘက်က နာနေကြတာပါ။ မသိရင် သာမန်လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ယောက်က TNLA က အကြောင်းမဲ့ ဖမ်းထားတယ်လို့ မြင်ချင်စရာပါပဲ။
----
တကယ်တော့ ဒီလွှတ်တော် ကိုယ်စားလှယ် လောင်းဆိုတာက TNLA နဲ့ တပ်မတော် စစ်ကြောင်းကြားမှာ အဆင်ပြေရင် ပြေသလို မလည်ရှုပ် လုပ်နေခဲ့တာလည်း ကြာခဲ့ပါပြီ။ အထူးသဖြင့် မန်တုံနဲ့ နမ္မတူကို TNLA တွေ စပြီး တိုက်တဲ့အချိန်မှာ TNLA အတွက် အထောက်အကူပြု၊ နမ္မတူ၊ ဘော်တွင်းဒေသရဲ့ PDF ခေါင်းဆောင်အဖြစ်နဲ့ လက်နက်ကိုင် ခဲ့တာက ဒီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဆိုသူကြီးပါပဲ။ ဘော်တွင်းဒေသရဲ့ စာသင် ကျောင်းတွေမှာ PDF စခန်းတွေဖွင့်ပြီး တစင်ထောင်ခဲ့သူဆိုရင်လည်း မမှားဘူးပေါ့။ ပုလင်းတူ ဗူးဆို့ခဲ့ခြင်း အတူတူ… ခုမှ ဆေးကုသခွင့်မရဘူးဆိုတာကတော့....TNLA ရှေ့မှာ ဘာတွေ မျက်စိနောက်အောင် လုပ်ခဲ့သလဲဆိုတာကတော့ ဒီလွှတ်တော်ကိုယ်စား လှယ်လောင်းကိုယ်တိုင်သာ အသိဆုံးဖြစ်မှာပဲ။

(နရီမိုး)

Myanmar News

19 Nov, 03:30


မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် (၂၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် ရောင်းချမည်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အင်ဂျင်နီယာပညာရေး နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် အတည်ပြု ရွေးချယ်ထားသည့် အမှတ်တံဆိပ် Logo အား အထူးထုတ် စာပို့တံဆိပ်ခေါင်းအဖြစ် (၂၀၀ ကျပ်တန်) စာပို့ တံဆိပ်ခေါင်းသစ် တစ်မျိုးကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တံဆိပ်ခေါင်းသစ်ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ (၂၁) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊တန်ဆောင်မုန်းလပြည့်ကျော် (၆)ရက် (ကြာသပတေးနေ့) နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့ နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်သည်။

ထို့ပြင် အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ (၂၁)ရက်နေ့တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Myanmar News

19 Nov, 02:56


ယနေ့ စက်သုံးဆီ ဈေးနှုန်းများ

Myanmar News

19 Nov, 02:06


၂၄ နာရီအတွင်း ပြင်ဦးလွင်ခရိုင်၊ ကျောက်မဲခရိုင်၊ လားရှိုးခရိုင်၊ မူဆယ်ခရိုင်၊ လောက်ကိုင်ခရိုင်၊ လွိုင်လင်ခရိုင်၊ တောင်ကြီးခရိုင်ဒေသတွေမှာ မိုးရွာသွန်းပြီး အအေးပိုလာစေနိုင်ပါတယ်။

ISSUED TIME
19/11/2024 7:16 am(MMT)
Su Su San
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆

Myanmar News

19 Nov, 02:05


ကိုးကန့်ခေါင်းဆောင် ဖုန်တာရွှင် ဖမ်းဆီးခံရသလား/မခံရဘူးလား၊ တာမွေ မေတ္တာညွန့် ရပ်ကွက် မြို့ဦးကျောင်းတိုက်ဆရာတော် ပျံလွန်တော်မူရတဲ့ ထူးခြားဖြစ်ရပ်၊ လယ်ယာမြေကို လက်တစ်လုံးခြား လုပ်တဲ့သူတွေ ဥပဒေနဲ့ ကိုင်တွယ်ခံရမယ် (၁၈-၁၁-၂ဝ၂၄)

Myanmar News

18 Nov, 23:56


မင်္ဂလာနံနက်ခင်းလေးပါ
🙏🙏🙏
မြန်မာပြည်သူပြည်သားအားလုံး
မြတ်ဗုဒ္ဓ၏ မေတ္တာရိပ်မှာ
အေးချမ်းကြပါစေ။
လူ့အချင်းချင်း မေတ္တာစိတ်များ
ထားနိုင်ကြပါစေ။
ကောင်းခြင်းသုခအဖြာဖြာနဲ့
ပြည့်စုံကြပါစေ။
ကပ်(၃)ပါးမှ ကင်းလွတ်ကြပါစေ။

Myanmar News

18 Nov, 16:53


စစ်သွေးကြွ MNDAA ခေါင်းဆောင် ဖုန်တာရွှင်နဲ့ အဖွဲ့ကို တရုတ် ထိန်းသိမ်း


ရေနံချောင်းမြို့နယ် ပြည်သူ့ရှေ့ဆောင် ပါတီ ဥက္ကဋ္ဌ ဖြစ်သူကို စစ်သွေးကြွများ သတ်ဖြတ်


ရန်ကုန်မှာ စစ်သွေးကြွ လက်ချက်နဲ့ ဆရာတော်ကြီး တစ်ပါး သွေးမြေကျ

Myanmar News

18 Nov, 14:30


တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လိုင်စင်မဲ့ မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ ဖမ်းဆီးရမိ (နိုဝင်ဘာလ ၁၈)

Myanmar News

18 Nov, 14:25


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် ငွေကျပ် (၁ ဒသမ ၃၁) ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ သိန်းကျော် ဖမ်းဆီးရမိ (နိုဝင်ဘာလ ၁၈)

Myanmar News

08 Nov, 16:51


မင်္ဂလာညချမ်းလေးပါ
🙏🙏🙏
တစ်နေ့တာ ဘဝအမောများပြေပျောက်ပြီး ကောင်းမွန်စွာ အိပ်စက်နိုင်ကြပါစေ။
မြန်မာနိုင်ငံကြီး အေးချမ်းသာယာပါစေ။

Myanmar News

08 Nov, 15:32


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့ရှိ ကောင်စစ်ဝန်ချုပ်ရုံး ဧည့်သည်တော်မှတ်တမ်းစာအုပ်မှာ အမှတ်တရ လက်မှတ်ရေးထိုး (နိုဝင်ဘာလ ၈ ရက်)

Myanmar News

08 Nov, 15:15


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့ရှိ စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာ (နိုဝင်ဘာလ ၈ ရက်)

Myanmar News

08 Nov, 15:12


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့သို့ရောက်ရှိပြီး ကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းမိသားစုများအား သွားရောက်တွေ့ဆုံ (နိုဝင်ဘာလ ၈ ရက်)

Myanmar News

08 Nov, 15:10


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပပြုလုပ်သည့် ထိပ်သီးအစည်းအဝေး များသို့ တက်ရောက်လာသည့် ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarn Shinawatra နှင့်တွေ့ဆုံဆွေးနွေး (နိုဝင်ဘာလ ၈ ရက်)

Myanmar News

08 Nov, 14:36


8-11-2024

မြင်းခြံမြို့က စည်ပင်ဝန်ထမ်း ၃ ယောက်နဲ့ ဖောကားတစ်စီးကို အန်ယူဂျီအဖွဲ့ ဓါးပြတိုက်၊

ညောင်ဦးမြို့မှာ ဒေသခံ ၃ ယောက်ကို လုပ်ကြံမှု (သို့မဟုတ်) ပုဂံ-ညောင်ဦး-ငါ့သရောက် တရားဥပဒေ စိုးမိုးမှု၊

မြိုင်မြို့မှာ ဒု-ရဲမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး လုပ်ကြံခံရမှု၊

စစ်ဘေးကြောင့် ရခိုင်ဒေသခံ ၂ သန်းကျော် ၂၀၂၅ ခုနှစ် နှစ်ဝက်ခန့်မှာ အငတ်ဘေးသင့်မယ်ဟု ကုလ ထုတ်ပြန်၊

Myanmar News

08 Nov, 11:05


မိုးကုတ်မြို့အနီး၊သစ်တောဧရိယာအတွင်း၌ စစ်သွေးကြွTNLA ကို ဆက်ကြေးပေးပြီး ကျောက်တူးဖော်နေမှု

#PeopleMedia

Myanmar News

08 Nov, 07:50


၂၄ နာရီ မိုးရွာသွန်းနိုင်သည့်အခြေအနေများ တဖြည်းဖြည်းလျော့ကျနိုင်မှု ကြိုတင်ခန့်မှန်း။
=========
နိုဝင်ဘာ ၈ ရက်နေ့ နံနက် ၁၁ နာရီမှ ၉ ရက်နေ့ နံနက် ၁၁ နာရီ ၂၄ နာရီအတွင်း ဧရာဝတီမြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသများ အထူးသဖြင့်ပင်လယ်ကမ်းစပ်အနီးတွင် မိုးအလွန်များနေကြောင်းတွေ့ရသည်။

နိုဝင်ဘာ ၈ ရက်နေ့ ည ၆ နာရီမှ ၉ ရက်နေ့ ည ၆ နာရီ ၂၄ နာရီအတွင်း ဧရာဝတီမြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသများ အထူးသဖြင့်ပင်လယ်ကမ်းစပ်အနီးတွင် မိုးများသည့်အခြေအနေ လျော့ကျလာကြောင်းတွေ့ရသည်။

နိုဝင်ဘာ ၈ ရက်နေ့ ည ၁၂ နာရီမှ ၉ ရက်နေ့ ည ၁၂ နာရီ ၂၄ နာရီအတွင်း ဧရာဝတီမြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသများ အထူးသဖြင့်ပင်လယ်ကမ်းစပ်အနီးတွင် မိုးများသည့်အခြေအနေ ဆက်လက်လျော့ကျလာကြောင်းတွေ့ရသည်။

နိုဝင်ဘာ ၉ ရက်နေ့ နေ့လည် ၂ နာရီမှ ၁၀ ရက်နေ့ နေ့လည် ၂ နာရီ ၂၄ နာရီအတွင်း ဧရာဝတီမြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသများအပါအဝင်၊ တနိုင်ငံလုံးအတိုင်းအတာဖြင့် မိုးရွာမှု မရှိတော့သလောက်ဖြစ်ပြီး ရာသီဥတု ပြန်လည်သာယာလာနိုင်ကြောင်းတွေ့ရသည်။

Myanmar News

08 Nov, 07:41


မယ်ဆိုင်ချောင်းရေ မြင့်တက်လာပြန်သဖြင့် အခြေအနေစောင့်ကြည့်နေရ

Myanmar News

08 Nov, 05:50


တရုတ်ဝန်ကြီးချုပ်နဲ့ န-စ-က ဥက္ကဋ္ဌ တွေ့ဆုံမှု၌ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက န-စ-က ဥက္ကဋ္ဌကို မြန်မာနိုင်ငံ၏ ခေါင်းဆောင်အဖြစ် ဖော်ပြ
……………………………………………

နေပြည်တော်၊ နိုဝင်ဘာ ၈

တရုတ်ပြည်သူ့သမ္မနိုင်ငံ ဝန်ကြီးချုပ် လီချန်နှင့် န-စ-က ဥက္ကဋ္ဌ တွေ့ဆုံမှုတွင် တရုတ်အစိုးရပိုင် ဆင်ဟွာ သတင်းဌာနမှ န-စ-ကဥက္ကဋ္ဌကို မြန်မာနိုင်ငံ၏ ခေါင်းဆောင်အဖြစ် သုံးနှုန်းဖော်ပြထားသည်။

သတင်းအပြည့်အစုံဖတ်ရန် … https://tinyurl.com/mr4ecr9f

Myanmar News

08 Nov, 03:38


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပပြုလုပ်သည့် ထိပ်သီးအစည်းအဝေး များသို့ တက်ရောက်လာသည့် ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarn Shinawatra တွေ့ဆုံဆွေးနွေး

နေပြည်တော် ၊ နိုဝင်ဘာ - ၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် နိုဝင်ဘာ ၇ ရက်မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပပြုလုပ်သည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီး အစည်းအဝေး အပါအဝင် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်လာသည့် ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarn Shinawatra နှင့် ကူမင်းမြို့ရှိ Wyndham Grand ဟိုတယ်၌ တွေ့ဆုံဆွေးနွေးသည်။
Read More>> https://www.cincds.gov.mm/node/27339

Myanmar News

05 Nov, 01:31


အောင်သမာဓိ ဦးအောင်နဲ့ EV ကား ကြည်သာဟန်တို့ ဖြစ်ရပ် ၊ တရုတ်မှာ မြန်မာအထည်ချုပ်လုပ်သားရာချီ လုပ်အားခေါင်းပုံဖြတ်ခံနေရ ၊ စိုက်/မွေးသိပ္ပံ ကျောင်းအုပ်ကြီးနဲ့ ဆရာမကို သတ်ဖြတ်လုယက်တဲ့ ကျောင်းသား ၊ KIA ဂွမ်မော် - CNF ‌ဒေါက်တာ ရွှေခါးတို့ပြောတဲ့ လူကြီးလူကောင်းမပီသသော စကား (၄-၁၁-၂ဝ၂၄)

Myanmar News

05 Nov, 01:01


မင်္ဂလာနံနက်ခင်းလေးပါ
🙏🙏🙏
အဖြူစင်ဆုံး စိတ်ထား
မွန်မြတ်သော စိတ်ဓာတ်
အေးမြသော မေတ္တာ
မှန်ကန်သော သစွာတရားဖြင့်
အေးချမ်းသော ဘဝကို
ထာဝရ ပိုင်ဆိုင်နိုင်ပါစေ။
ဒါန သီလ ဘာဝနာ သာ
အားထားရမှာ အမှန်ပါ။
ခန္ဓာဉာဏ်ရောက် ခရီးပေါက်
လွတ်မြောက် သံသရာ။

Myanmar News

04 Nov, 16:36


မင်္ဂလာညချမ်းလေးပါ
🙏🙏🙏
တစ်နေ့တာ ဘဝအမောများပြေပျောက်ပြီး ကောင်းမွန်စွာ အိပ်စက်နိုင်ကြပါစေ။
မြန်မာနိုင်ငံကြီး အေးချမ်းသာယာပါစေ။

Myanmar News

04 Nov, 14:36


တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၃ ဒသမ ၂၃ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄ သန်းကျော်နှင့် အိုက်စ်(မက်သ်အဖက်တမင်း) ၂၀၂ ကီလို ဖမ်းဆီးရမိ (နိုဝင်ဘာလ ၄)

Myanmar News

04 Nov, 14:35


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်မည် (နိုဝင်ဘာလ ၄ ရက်)

Myanmar News

04 Nov, 13:03


4-11-2024

န-စ-က ဥက္ကဋ္ဌရဲ့ တရုတ်ခရီးစဉ် မနက်ဖြန် စတင်မည်။

အောင်သမာဓိ ရွှေဆိုင်ပိုင်ရှင် ဦးအောင် ပြည်ပထွက်ခွင့် ကန့်သတ်ခံရ။

အေအေရဲ့ စစ်ဦးကို ချိုးနိုင်သည့် ဂွ၊ အမ်း၊ တောင်ကုတ်၊ မောင်တော န-ခ-ခ (၅) နယ်မြေမှာ တိုက်ပွဲပြင်းထန်။

နတ်တလင်းမြို့နယ်၊ ရိုးမအခြေရှိ ရွာများနဲ့ ရိုးမအတွင်းရှိ ပြည်သူများ မိသားစုလိုက် သတ်ဖြတ်ခံရ။

Myanmar News

04 Nov, 06:52


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မကြာမီရက်ပိုင်းအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်မည်။

နစက ဥက္ကဋ္ဌ၏ ထိုခရီးစဉ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့တွင် နိုဝင်ဘာလ ၆ ရက်မှ ၇ ရက် အထိ ကျင်းပပြုလုပ်မည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီး အစည်းအဝေး၊ (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ ထိပ်သီးအစည်း အဝေး နှင့် (၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးများသို့ ပါဝင်တက်ရောက်ခြင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံအစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။

Myanmar News

04 Nov, 06:45


တရုတ်နိုင်ငံ၏ ဖိတ်ကြားချက်အရ နစကဥက္ကဋ္ဌ တရုတ်နိုင်ငံသို့ သွားရောက်မည်
……………………………………………

နေပြည်တော်၊ နိုဝင်ဘာ ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဖိတ်ကြားချက်အရ မကြာမီရက်ပိုင်းအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် … https://tinyurl.com/3as86yv4

Myanmar News

04 Nov, 03:41


၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်
========================
- ဘင်္ဂလားပင်လယ်အော် အခြေအနေ။
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့် အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။
.
- ယနေ့ညနေအထိ ခန့်မှန်းချက်။
ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
.
- မိုးတိမ်တောင်ဖြစ်ပေါ်မှု အခြေအနေ။
တနင်္သာရီတိုင်းဒေသကြီးတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင် သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
.
- မြန်မာ့ပင်လယ်ပြင်။
လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၃ ပေမှ ၆ ပေခန့် ရှိနိုင်ပါသည်။
.
- နောက်(၂)ရက်အတွက် ခန့်မှန်းချက်။
ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ်လျော့နည်း နိုင်ပါသည်။
.
-နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိ ခန့်မှန်းချက်။
တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
.
- ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိ ခန့်မှန်းချက်။
တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
.
- မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိ ခန့်မှန်းချက်။
တိမ်အနည်းငယ် ဖြစ်ထွန်းမည်။

Ref: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Myanmar News

04 Nov, 03:38


၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်

Myanmar News

04 Nov, 02:13


ယနေ့ စက်သုံးဆီ ဈေးနှုန်းများ

Myanmar News

04 Nov, 00:44


မင်္ဂလာနံနက်ခင်းလေးပါ
ဘေးရန်ပယ်ရှင်း၊ စိုးရိမ်ကင်း၍၊ ကောင်းခြင်းမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံသော နေ့သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေ
🙏🙏🙏

Myanmar News

03 Nov, 14:07


ကမ္ဘာ့ဖလား နဂါးလှေလှော်ချန်ပီယံရှစ် လက်ရည်စစ်ပြိုင်ပွဲတွင် မြန်မာအသင်း က ရွှေတံဆိပ် တစ်ခု၊ ငွေတံဆိပ် တစ်ခု ထပ်မံ ဆွတ်ခူးရရှိပြီး ၊ ၂၀၂၅ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချန်ဒူးတွင် ကျင်းပမည့် ကမ္ဘာ့အားကစားပြိုင်ပွဲ ချန်ပီယံရှစ် နဂါးလှေလှော်ပြိုင်ပွဲအတွက် ၀င်‌ရောက်ယှဥ်ပြိုင်ခွင့်ရရှိ (နို၀င်ဘာလ ၃ ရက်)

Myanmar News

03 Nov, 12:12


ပြည်သူ့အချစ်တော် ဆင်မကြီးမိုမို၏ အသက် (၇၁) နှစ်ပြည့်မွေးနေ့ပွဲကို ပျော်ရွှင်စွာကျင်းပခဲ့

Myanmar News

03 Nov, 10:32


🔸 ပြည်သူ့အသံ 🔸

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျှင်ခရိုင်ကျောက်တန်းမြို့၊ စံချိန်မီမှာ အုပ်ချုပ်ရေးမှုး အဖွဲ့က စစ်မှူထမ်းကြေးဆိုပြီး တစ်အိမ်ကို တစ်လတစ်ကြိမ် ငွေကျပ် ၁၀,၀၀၀ ကောက်ပါတယ်။ သူတို့ကောက်ချင်တဲ့အချိန် လာကောက်တာပါ။ သူတို့လာတဲ့အချိန် ငွေမပေးရင် ရုံးကိုခေါ်ပါတယ်။ ပြီးတဲ့အခါ စစ်တပ်ကိုခေါ်မယ်လို့ပြောပါတယ်။ ကျွန်မတို့နေတာက တပ်နဲ့လဲနီးပါရက်နဲ့ အုပ်ကြီးတွေက လူမိုက်ဆန်ဆန်ငွေကြေးကောက်ခံ ပြောဆိုနေတာကို ခံနေရပါတယ်။ စံချိန်မီမှာအနိမ့်ဆုံးအိမ်ခြေ 2500/3000ရှိပါတယ်။

မြန်မာနိုင်ငံသားတိုင်း စစ်မှုထမ်းရမယ်ဆိုတာကို အားပေးပါတယ်။လေးလဲလေးစားပါတယ်။ ဒါပေမဲ့စစ်မှုထမ်းကို အကြောင်းပြပြီး အုပ်ကြီးတွေက အာဏာတွေပြ ကိုယ့်ကျိုးရှာတယ်။ ပြီးရင်စစ်တပ်နဲ့ခြိမ်းခြောက်ပါတယ်။ ကျောက်တန်းမြို့က ဌာနဆိုင်ရာတွေ သိစေချင်ပါတယ်။

ဒါ့အပြင် စံချိန်မီကပိုင်ရှင်ရှိ မြေကွက်တွေကိုလဲ အုပ်ကြီးအဖွဲ့က ရောင်းစားပြီးပိုင်ရှင်လာတော့ ဖယ်ပေးမယ်လျှော်ကြေးဘယ်လောက်ပေးဆိုပြီး တောင်းပါတယ်။အိုးအိမ်ပိုင်မြေကွက်တွေကို‌အုပ်ကြီးအဖွဲ့က ကျူးနဲ့ပေါင်းပြီး ရောင်းစားနေတာတွေက အများကြီးပါပဲ။ အဲ့ဒီလိုမြေတွေမှာ အိမ်ကြီးအိမ်ကောင်းများ ဆောက်လုပ်ထားပါတယ်။ ဒီလိုဖြစ်နေတာကို စည်ပင်လူကြီးများလဲ သိစေချင်ပါတယ်။

#prime_media_myanmar

Myanmar News

03 Nov, 07:19


ပွဲတော်အလံသယ်ဆောင်မှုကိုလေ့ကျင့်

နေပြည်တော်၌ကျင်းပမည့် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် ပွဲတော်အလံအား အလွတ်ခုန်လေထီးစစ်သည်များက သယ်ဆောင်၍ ကွင်းအတွင်းဆင်းသက်မည့်အစီအစဉ်ကို ကြိုတင်လေ့ကျင့်နေကြသည့် မြင်ကွင်းပုံရိပ်များ-

Myanmar News

30 Oct, 09:10


🚨 အသိတစ်ယောက်ရဲ့ တူမလေးပျောက်ဆုံးသွားပါတယ်

🚨 ဆေးရုံနာမည်က ဂျမာခံနာ မိခင်နှင့် ကလေးဆေးရုံ

🚨 30ရက်နေ့ မနက် 4:00နာရီ ဝန်းကျင် ပျောက်ဆုံးသွားပါသဖြင့်

🚨 တွေ့ရှိပါက အကြောင်းကြားပေးပါရန် အထူးကျေးဇူးဆပ်ပါမည် 🙏

09450015098

09428326925

Ref. https://www.facebook.com/share/KPm5agcRuztRNvfY/?mibextid=WC7FNe

Myanmar News

30 Oct, 08:23


မနက်ဖြန် (31 .10. 2024) ကြာသပတေးနေ့
၁၃၈၆ - ခု သီတင်းကျွတ်လကွယ်နေ့ သည် ဗုဒ္ဓဘာသာဝင်တို့၏ ဥပုသ်နေ့ဖြစ်ပါ၍ ဥပုသ်သီလ စောင့်တည်နိူင်ကြစေရန် အသိပေးနှိုးဆော်အပ်ပါသည် 🍀🌷🌸🌻🍁🙏🙏🙏

Myanmar News

30 Oct, 06:00


လုပ်ငန်းခွင်အတွင်း ထိခိုက်‌ေ-သဆုံးခဲ့သည့် မြန်မာအလုပ်သမား၏ မှီခိုသူ အကျိုးခံစားခွင့်ခံစားရရှိ

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် မလေးရှားနိုင်ငံ၌ လုပ်ငန်းခွင်အတွင်း ထိခိုက်‌ေ-သဆုံးခဲ့သည့် မြန်မာအလုပ်သမား၏ မှီခိုသူ အကျိုးခံစားခွင့် ခံစားရရှိခဲ့ကြောင်း သိရသည်။

မလေးရှားနိုင်ငံ လူမှုဖူလုံရေးအဖွဲ့ (PERKESO) ၌ အကျုံးဝင်မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမား မောင်ကျော်မြင့်ဦး သည် မလေးရှားနိုင်ငံ၌ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ (၂၄)ရက်တွင် လုပ်ငန်းခွင်ထိခိုက်‌ေ-သဆုံးခဲ့မှုဖြစ်ပွားခဲ့သည်။

ယင်းကြောင့် မလေးရှားနိုင်ငံ အလုပ်သမားများ၏ လူမှုဖူလုံရေးအက်ဥပဒေ (Act - 4) အရ မှီခိုသူ အကျိုးခံစားခွင့်ရရှိရန် မြန်မာနိုင်ငံ လူမှုဖူလုံရေးအဖွဲ့သည် သက်ဆိုင်ရာမိသားစုများနှင့် ချိတ်ဆက်၍ မလေးရှားနိုင်ငံ လူမှုဖူလုံရေးအဖွဲ့ (PERKESO)သို့ ညှိနှိုင်းဆောင်ရွက်ခဲ့ရာ ‌ေ-သဆုံးမြန်မာအလုပ်သမား၏ ဇနီးဖြစ်သူ ဒေါ်စန်းစန်းရင်သည် မလေးရှားနိုင်ငံ လူမှုဖူလုံရေးအဖွဲ့မှ ပေးအပ်သည့် မှီခိုသူအကျိုးခံစားခွင့် ငွေကျပ်( ၂၄၉၉၃၅၂၈ )ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ (၂၂)ရက်တွင် လက်ခံရရှိခဲ့ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် >>

https://www.popularmyanmar.com/?p=180226

Myanmar News

30 Oct, 05:33


တိရစ္ဆာန် ဥယျာဉ်(ရန်ကုန်)တွင် နှစ်စဉ်မွေးနေ့ပွဲ ကျင်းပ‌ပေးလေ့ ရှိသည့် ဆင်မကြီးမိုမို၏ (၇၁)နှစ်ပြည့်မွေးနေ့ပွဲကို ယခုနှစ်တွင် နိုဝင်ဘာ ၁ ရက်မှ ၃ ရက်အထိ ကျင်းပသွားမည်။


ဆင်မကြီးမိုမိုအား ၁၉၅၃ခုနှစ်တွင် ဖွားမြင်ခဲ့ပြီး ၁၉၆၁ခုနှစ် ဖေဖော်ဝါရီလတွင် ကယားပြည်နယ် လွိုင်ကော်မြို့နယ်တွင် နေသော ဦးခွန်ဆန္ဒမှ တိရစ္ဆာန်ဥယျာဉ်သို့ လှူဒါန်းခဲ့ရာ ဦးခွန်ဆန္ဒ၏ ဇနီးဖြစ်သူ နော်မိုမိုအား ဂုဏ်ပြု၍ မိုမိုဟု အမည်ပေးခဲ့သည်။

#TravelerGuide

Myanmar News

30 Oct, 05:11


ရွှေတိဂုံစေတီတော်မြတ်ကြီး (၃၆)ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်းရက်လုပ် ကပ်လှူပူဇော်ပွဲ အခမ်းအနား ကျင်းပမည်

Myanmar News

30 Oct, 05:11


ရွှေတိဂုံစေတီတော်မြတ်ကြီး (၃၆)ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်းရက်လုပ် ကပ်လှူပူဇော်ပွဲ အခမ်းအနား ကျင်းပမည်

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူး၍ တန်ဆောင်မုန်းလ အဖိတ်နေ့နှင့် လပြည့်နေ့တို့တွင် (၃၆)ကြိမ်မြောက်၊ မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ပွဲ အခမ်းအနားနှင့်သာမညဖလအခါတော်နေ့ အခမ်းအနားများကို သတ်မှတ်နေရာအသီးသီးတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

#ကျင်းပမည့်အခမ်းအနားများ
၁၄-၁၁-၂၀၂၄ (အဖိတ်နေ့)
တန်ဆောင်မုန်းလ အဖိတ်နေ့၊ ၁၄-၁၁-၂၀၂၄ ရက်နေ့ ၁၆၀၀ နာရီတွင် ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များ၊ ဝန်ထမ်းများနှင့် ရက်ကန်းပြိုင်ပွဲဝင်အဖွဲ့များက စေတီတော် ရင်ပြင်တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်းရှေ့စုရပ်မှ စေတီတော်မြတ်ကြီးအား လက်ျာရစ်တစ်ပတ် လှည့်လည်ပူဇော်ပြီး ရာဟုထောင့်အောင်မြေတွင် ရက်ကန်းပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ယင်းနောက် ၂၂၀၀ နာရီတွင် ရက်ကန်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်၍ ဆုရရှိသည့် ရက်ကန်းစင်တော်များအလိုက် ဆုချီးမြှင့်ခြင်း၊ ရရှိလာသော ပိတ်သားများကို ရွှေကြာသင်္ကန်းတော်များအဖြစ် ညတွင်းချင်း အပြီးချုပ်လုပ်ခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်သည်။

၁၅-၁၁-၂၀၂၄ (လပြည့်နေ့)
တန်ဆောင်မုန်းလပြည့်နေ့၊ ၁၅-၁၁-၂၀၂၄ ရက်နေ့ နံနက် ၀၄၀၀ နာရီတွင် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များ၊ ဝန်ထမ်းများ၊ ရက်ကန်းပြိုင်ပွဲဝင်အဖွဲ့များက ရွှေကြာသင်္ကန်းတော်များ ကိုင်ဆောင်လျက် စေတီတော်မြတ်ကြီးအား လက်ျာရစ်တစ်ပတ်လှည့်လည် ပူဇော်၍ အာရုံခံမုခ်ဦးများအတွင်းရှိ ပွင့်တော်မူပြီးသော ဘုရားရှင်(၄)ဆူတို့၏ ရုပ်ပွားတော်များ၊ အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင်ရုပ်ပွားတော်နှင့် သတ်မှတ် တန်ဆောင်းများအတွင်းရှိ ရုပ်ပွားတော်များအား မသိုးရွှေကြာသင်္ကန်းများ လှည့်လည်ပူဇော် ကပ်လှူသွားမည်ဖြစ်သည်။
နံနက် ၀၅၀၀ နာရီအချိန်တွင် ရင်ပြင်တော်တောင်ဘက် ဧည့်ခံတန်ဆောင်း၌ အရုဏ်ဆွမ်းတော်ကြီး ကပ်လှူပူဇော်ခြင်း၊ နံနက် ၀၅၃၀ နာရီတွင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းနှင့် နံနက် ၀၆၀၀ နာရီအချိန်တွင် ဆရာတော်ကြီးများထံမှ သာမညဖလအခါတော်နေ့ဆိုင်ရာ တရားတော်များနာကြား၍ ပြုခဲ့သောကုသိုလ်ကောင်းမှု အစုစုတို့အတွက် ရေစက်ချ အနုမောဒနာ အခမ်းအနားများ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါ၍ သဒ္ဓါကြည်လင် ပါရမီရှင်အပေါင်း တို့လာရောက် ကုသိုလ်ပြုလှူဒါန်းနိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

#မေတ္တာရပ်ခံခြင်း
ထို့အပြင် တန်ဆောင်မုန်းလ အဖိတ်နေ့ ၁၄-၁၁-၂၀၂၄ နေ့တွင် ညအိပ် ကုသိုလ်ပြုမည့် ဘုရားဖူး ပြည်သူများအနေဖြင့် ရင်ပြင်တော် တောင်ဘက်ရှိ လုံခြုံ/မီးသတ်ဌာနရုံးခန်း နှင့် သတ်မှတ်တန်ဆောင်းများတွင် ညအိပ်ဧည့်စာရင်း တိုင်ကြားနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်လာကြပါရန် နှင့် လုံခြုံရေးအရ စစ်ဆေးမှုများအား ပူးပေါင်းကူညီဆောင်ရွက်ခြင်းဖြင့် ကုသိုလ်ယူကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့

Ref. https://www.facebook.com/share/p/ak3YZvHcVMoKqYFF/?mibextid=WC7FNe

Myanmar News

30 Oct, 02:05


ယနေ့ စက်သုံးဆီ ဈေးနှုန်းများ

Myanmar News

30 Oct, 02:00


NLD စွမ်းအင်ဝန်ကြီးဟောင်း ဦးဝင်းခိုင် လွတ်ငြိမ်းချမ်းသာခွင့်ရ ၊ ကယားလက်နက်ကိုင် KNA ရဲ့ ၁၁-၁၁ ရည်မှန်းချက် ၊ MDY-PDF နောင်ချို-ဟိုခိုစခန်း ဗုံးကျဲခံရ ၊ သေနတ်တကားကားနဲ့ ဆန္ဒပြတဲ့ KIA (၂၉-၁ဝ-၂ဝ၂၄)

Myanmar News

29 Oct, 16:40


မင်္ဂလာညချမ်းလေးပါ
🙏🙏🙏
တစ်နေ့တာ ဘဝအမောများပြေပျောက်ပြီး ကောင်းမွန်စွာ အိပ်စက်နိုင်ကြပါစေ။
မြန်မာနိုင်ငံကြီး အေးချမ်းသာယာပါစေ။

Myanmar News

29 Oct, 15:56


AFC ၏တစ်နှစ်တာအကောင်းဆုံးများပေးအပ်ပွဲ၌ ဆုများချီးမြှင့်ခဲ့သည့် AFC အကြီးတန်း ဒု-ဥက္ကဋ္ဌဦးဇော်ဇော်

အာရှဘောလုံးအဖွဲ့ချုပ်(AFC)၏ တစ်နှစ်တာအကောင်းဆုံးဆုများပေးအပ်ချီးမြှင့်ပွဲအား ယနေ့ အောက်တိုဘာ ၂၉ ရက်ညနေပိုင်းက တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၌ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အာရှဘောလုံးအဖွဲ့ချုပ် ၏ အကြီးတန်း ဒု-ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ ဥက္ကဋ္ဌဦးဇော်ဇော်တက်ရောက်၍ ၂၀၂၃ ခုနှစ်အတွက် အဖွဲ့ချုပ်(Platinum)ဆုကို ဂျပန်ဘောလုံးအဖွဲ့ချုပ်နှင့် AFC Regional Association ဆုကို ဗဟိုအာရှဘောလုံးအဖွဲ့ချုပ်တို့အား ပေးအပ်ချီးမြှင့်ခဲ့သည်။

အာရှဘောလုံးအဖွဲ့ချုပ်(AFC)၏ တစ်နှစ်တာအကောင်းဆုံးဆုများပေးအပ်ချီးမြှင့်ပွဲတွင် အာရှ အကောင်းဆုံးကစားသမားဆု(အမျိုးသား)ကို ကာတာမှ Akram Afif ၊အကောင်းဆုံး ကစားသ မား(အမျိုးသမီး)ဆုကို ဂျပန်နိုင်ငံမှ Kiko Seike (ဂျပန်)တို့ကရရှိခဲ့ကြသည်။

ထို့အတူ ကဏ္ဍအလိုက်အကောင်းဆုံးဆုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက်ချီးမြှင့်ခဲ့ကြသည်။

Myanmar News

29 Oct, 11:56


29-10-2024

ကျောမွဲတွေကို ပစ်မှတ်ထားပြီး ဘာသာရေး စည်းရုံးနေတဲ့ အဆိုတော် နောနော်

ဖားကန့်မြို့မှာ KIA/NUG က တရုတ်အလံ မီးရှိ့ပြီး ဆန္ဒပြ

နောင်ချိုမြို့နယ်၊ ဟိုခိုရွာရှိ TNLA / MDY PDF လက်နက်တိုက်ကို ဗုံးကြဲရှင်းလင်း

အမ်း၊ ဂွ၊ မောင်တော န-ခ-ခ ၅ အခြေအနေ

Myanmar News

29 Oct, 09:15


ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း တစ်ဒေါ်လာလျှင် ၃၅၆၉ ကျပ်ဖြင့် ဒေါ်လာ ၁၆ သန်းကျော်၊ ယွမ် တစ်သန်းကျော် နှင့် ဘတ် ၁၈ သန်းကျော် ထပ်မံရောင်းချ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း တစ်ဒေါ် လာလျှင် ၃၅၆၉ ကျပ်ဖြင့် ဒေါ်လာ ၁၆ သန်း ကျော်၊ ယွမ် တစ်သန်းကျော် နှင့် ဘတ် ၁၈ သန်းကျော်ကို အောက်တိုဘာ ၂၈ ရက်က ထပ်မံရောင်းချခဲ့သည်။

မြန်မာနိုင်ငံဗဟိုဘဏ်အနေဖြင့် နိုင်ငံ ခြား ငွေကြေးစျေးကွက် FX Trading Platform တွင် သွင်းကုန်လုပ်ငန်းရှင်များအား တရုတ်ယွမ် ငါးသန်း နှင့် ထိုင်းဘတ် ၂၅ သန်း ရောင်းချမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Myanmar News

29 Oct, 08:54


ရွာငံတွင် ပေ ၃၅၀ ခန့် အနက်ရှိ ချောက်အတွင်းသို့ မော်တော်ယာဉ်တစ်စီး ထိုးကျမှု ခုနစ်ဦး သေဆုံးကာ ၁၇ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ် တောင်ပိုင်း ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရွာငံတွင် ပေ ၃၅၀ ခန့် အနက်ရှိ ချောက်အတွင်းသို့ မော်တော်ယာဉ်တစ်စီး ထိုးကျမှု ခုနစ်ဦး သေဆုံးကာ ၁၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီးကော်မတီရုံး) မှ သိရသည်။

အောက်တိုဘာ ၂၈ ရက် နေ့လည်ပိုင်းခန့်က ရွာငံ - ဟံမြင့်မိုရ်လမ်းပိုင်း ဒေသအခေါ် စခန်းကြီး အတက်အနီး ဟဲဟိုးတွင် ကထိန်ခင်းကာ မန္တလေးမြို့သို့ ဘုရားဖူးရန်လာသော ရန်ကုန်မြို့မှ ခြောက်ဘီး Mini Bus တစ်စီး အမြင့်ပေ ၃၅၀ ခန့်အနက် ချောက်အောက်သို့ ထိုးကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်ပေါ်တွင် ၂၈ ဦးလိုက်ပါလာပြီး သေဆုံးသူ ခုနစ်ဦး ရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၇ ဦးရှိသည့်အနက် ခုနစ်ဦးမှာ စိုးရိမ်ရသည့်အခြေအနေဖြစ်သည်ဟု အဆိုပါအသင်းမှ သိရသည်။ အဆိုပါဖြစ်စဉ်တွင် ပါဝင်သူများအနက် သေဆုံးသွားသူများ၏ ရုပ်အလောင်းများကို သယ်ဆောင်ရန် ရန်ကုန်မြို့ရှိ ပရဟိတအသင်းအချို့မှ သွားရောက်သယ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

■Website Link >>>https://news-eleven.com/article/296925