မောင်ဆူးလှည်း @phyoeweiwin Channel on Telegram

မောင်ဆူးလှည်း

@phyoeweiwin


MaungHsueHlae

မောင်ဆူးလှည်း (Burmese)

မောင်ဆူးလှည်း သည် မြန်မာနိုင်ငံနှင့် အကျမ်းစာကို စီစဉ်လည်း ပြောခဲ့သော ပြတိုးတော် အပြင် Telegram ချုပ်ချှတ်ထားပါသည်။ "မောင်ဆူးလှည်း" အားလုံးအနေနဲ့ မောင်ဆူးနွာခလုတ် အသုံးပြုနိုင်ရန် ၊ မောင်ဆူးတာဘုံထား အသုံးပြုနိုင်ရန် နှင့် စိတ်ကြိုက်အသုံးပြုနိုင်ရန် ရည်ရွယ်နိုင်မယ့် သူများအတွက် အနည်းဆုံး ရှေ့တိုင်း ရည်ရွယ်ပါသည်။ မောင်ဆူးတာဘုံကို နေ့စဉ်ဖြင့် စွမ်းရည်သွန်ဖို့ မြန်မာရွှေသေ့အနေ လာစွမ်းရည်သွန် ပြတုန်သွန်ပြီးအတူ နေ့လည်ဖြင့်၊ စွမ်းပြတွေ့စွမ်းသီးများနှင့် အစိုးရအကြီးများအကောင်းဆုံး လည်း ကိုယ်ဆစ်စားစေပါ။ ဖြစ်စေရန် မောင်ဆူးလှည်းတာဘုံ အသုံးပြုရန် ရည်ရွယ်နိုင်မယ့် ရည်ရွယ်ပါသည်။

မောင်ဆူးလှည်း

25 Jan, 11:26


ဒီဆောင်းပါးထဲက "အယ်ဒီတာချုပ်" ရော ဧကရီ ရော မီဒီယာတိုက်ကို သိနေတယ်လို့ထင်တယ်။

ပိုသိနေတာတွေလည်း ရှိသလိုလိုပဲ။

တစ်ချိန်ကြ ရေးရမယ် 😉😉😉😉

https://www.myaelattathan.org/articles/%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%81%E1%80%94%E1%80%BA%E1%80%B8%E1%80%91%E1%80%B2%E1%80%80_%E1%80%A1%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%80%E1%80%BB%E1%80%84%E1%80%B7%E1%80%BA%E1%80%81%E1%80%B6_%E1%80%A1%E1%80%99%E1%80%BB%E1%80%AD%E1%80%AF%E1%80%B8%E1%80%9E%E1%80%99%E1%80%AE%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%99%E1%80%AC%E1%80%B8%E1%80%99%E1%80%BB%E1%80%AC%E1%80%B8?fbclid=IwY2xjawIBqIRleHRuA2FlbQIxMQABHVRG2PdrBvUJK9JGjYsOUOtgfYSpxhcH6BPiBF6DpEcmUrAfh70QRNuyGw_aem_DUiv-8uwl-QrCNuk0TjlJg

မောင်ဆူးလှည်း

24 Jan, 06:13


ကိုယ်တို့ ၄ နှစ်၊ ၅ နှစ်လောက် နေ့တိုင်းလက်ဖက်ရည်သောက်ခဲ့တဲ့ တာမွေ မာလာနွယ်လမ်းမကြီးပေါ်က ကုလားသူခိုး ဆောရီး ကားပစ္စည်းအရောင်းဆိုင်တွေနားက နေရာလေး။

အရင်တုန်းက စည်ပင်ပိုင်မြေ။

NLD အာဏာရပြီး မကြာခင် လက်ဖက်ရည်ဆိုင်လေးကို စည်ပင်က သက်တမ်းတိုးမပေးတော့ဘဲ NLD ရုံးဆောက်ဖို့ အစိုးရစျေးနဲ့ ရောင်းလိုက်တာ။

အရင်တုန်းက မြေစျေးကျတဲ့ ၂၀၁၇ ကာလလောက်ကကို သိန်း ၇၀၀၀ လောက်တန်တဲ့နိုင်ငံပိုင်​မြေကို အစိုးရစျေး သိန်း ၂၀၀ မပြည့်လောက်တဲ့ငွေနဲ့ယူပြီး NLD ရုံးဆောက်လိုက်တာ။ အခုကာလစျေးဆို အဲဒီနေရာက သိန်း ၃၀၀၀၀ လောက် အသာလေးတန်တယ်။

နောက်တော့ တာမွေက ဦးဝင်းမြင့်နယ်မြေဆိုတော့ သမ္မတအတွက်ဆိုပြီးတော့ ကားစျေးကွက်ထဲက ကုလားတွေက သိန်းထောင်ချီအကုန်ခံ ရုံးဆောက်ပေးလိုက်ကြတာ။

NLD အာဏာမရခင်က တစ်နိုင်ငံလုံးမှာ NLD ရုံး ၅၀ မပြည့်ရာက အာဏာရအပြီး ငါးနှစ်မှာ ရုံး ၃၀၀ လောက် ဆောက်သွားပြီး ရုံးအများစုက နိုင်ငံပိုင်မြေ အောက်စျေးနဲ့ ဖြတ်ယူထားတာ။ မန္တလေးဆို သမိုင်းဝင် ယောမင်းကြီးအုတ်ကျောင်းရှေ့က နိုင်ငံပိုင် ၃၅ ပေ၊ ပေ ၇၀ မြေကို ၁၁၃ သိန်းနဲ့ ထိပ်ကပိတ်ယူပြီး ပါတီရုံးဆောက်လိုက်တာ။

ဒါမျိုး USDP တုန်းက မြေခိုးတယ်ဆိုပြီး NLD က ရုံးပြန်ဖျက်တာ။ သူတို့ကြတော့ အဖျက်မခံရ။

မောင်ဆူးလှည်း

24 Jan, 02:30


KNU ရှယ်ယာပါဝင်သည့် KK Park အပါအဝင် မြဝတီတစ်ခွင်ရှိ ကျားဖြန့်များကို NUG နှင့် PDF တိုက်ခိုက်သိမ်းပိုက် တိုက်ဖျက်မည်ဟု ကြေညာ

မောင်ဆူးလှည်း
၂၄. ၁. ၂၀၂၅

KNU ရှယ်ယာပါဝင်သည့် KK Park အပါအဝင် မြဝတီတစ်ခွင်ရှိ ကျားဖြန့်များကို NUG နှင့် PDF တိုက်ခိုက်သိမ်းပိုက် တိုက်ဖျက်မည်ဟု NUG ကို ဩဇာမခံသော PDF များက မောင်ဆူးလှည်း၏ Hoax News Agency သို့ ကတိပြုပြောကြားသည်။

"ကရင်တွေက သူတို့ချင်း အကျိုးစီးပွားရှာပြီး PDF တွေကို ကျွန်လိုခိုင်းလိုက် PDF မတွေကို လိင်ဖျော်ဖြေဖို့ပဲ တတ်တာ။ အခု နာမည်ပျက်နေတဲ့ KK Park ကလည်း KNU ဥက္ကဋ္ဌ ကွယ်ထူးဝင်းလက်မှတ်ထိုးထားတာပဲလေ။ ကျားဖြန့်ဘာညာနာမည်ပျက်လာမှ BGF တို့ DKBA တို့နဲ့ပဲ ဆိုင်သယောင်ယောင် အသံလွှင့်ထားပေမဲ့ မြဝတီသိမ်းတော့တောင် အဲဒီ ကျားဖြန့်မြို့တွေဘက် ပစ်တဲ့ကောင် သေဒဏ်လို့ကြိမ်းလို့ ဘယ် PDF မှ အဲဒီဘက် ပြောင်းမလှည့်ရဲဘူး"ဟု အမည်မဖော်လိုသူ PDF တစ်ဦးက မောင်ဆူးလှည်း၏ PDF များနှင့်ဆက်ဆံသော အကောင့်တစ်ခုကို မချိတင်ကဲပြောသည်။

KNU/KNLA နှင့် PDF များအနေဖြင့် မြဝတီမြို့ပြင်ရှိ ရွှေကုက္ကိုလ်နှင့် KK Park မှ ကျားဖြန့်များကို အမှန်တကယ် တိုက်ဖျက်ချင်ပါက ထိုနေရာနှစ်ခုစလုံးမှာ NUG/ PDF နှင့် KNU တို့ စခန်းချနေသော ထိုင်းနယ်စပ်၊ မြဝတီမြို့ပြင်၊ ကော်သူးလေမြို့သစ်ပတ်လည်တစ်ဝိုက်မှဆိုပါက ဆိုင်ကယ်ဖြင့်ပင် နာရီဝက်မဝေးသောနေရာ၌ တည်ရှိပြီး အချိန်မရွေးတိုက်ခိုက်သိမ်းပိုက်နိုင်သည့်နေရာတွင်ရှိသော်လည်း KNU က တိုက်ခိုက်မခံသလို PDF များကလည်း ထိုနေရာကို ခြေတစ်ဖျားပင် လှမ်းခွင့်မရှိကြောင်း သိရသည်။

"KNU ဥက္ကဋ္ဌကွယ်ထူးဝင်း လက်မှတ်ထိုးထားတဲ့ KK Park က PDF တွေကို စစ်ပညာသင်ပေးတဲ့ စခန်းချထားတဲ့ ကော်သူးလေးဘက်ကဆို ဆိုင်ကယ်နဲ့သွားရင် မိနစ် ၂၀ တောင်မကြာဘူး။ ဒါပေမဲ့ အဲဒီစခန်းကို PDF တွေက တိုက်ဖို့မ​ပြောနဲ့ ခြေတောင်ချမရဘူး။ အဲဒီ နေရာနှစ်ခုက ဖာတွေ ချချင်၊ KTV သွားချင်၊ ကာစီနိုကဲချင်၊ ဆေးချချင်ရင် KNU/KNLA ၊ KTLA နဲ့ သူတို့ခွင့်ပြုသူပဲ ဝင်လို့ရတာ။ ကျွန်တော်တို့ PDF တွေမှာက အလှူခံထား၊ ဆက်ကြေးကောက်ထား၊ ဓားပြတိုက်ထားတဲ့ ဖွတ်ကလိဒင်္ဂါးလေးတွေနဲ့ ဆေးချချင် ဖာချချင်ရင်တောင်မှ မြဝတီနဲ့ မဲဆောက်ကို သွားကဲရတဲ့အခြေအနေဗျာ။ မြဝတီရော မဲဆောက်ရောက ကျွန်တော်တို့ PDF လေးတွေအတွက် KK Park နဲ့ ရွှေကုက္ကိုလ်ထက်ပိုဝေးသလို ပိုအန္တရာယ်များပါတယ်။ ဒါကြောင့်မို့လို့ PDF တွေကိုလည်း ကရင်မဟုတ်တဲ့ ဗမာမို့ လူတန်းစားခွဲခြားတာထက် ကရင်တွေနဲ့တန်းတူ အခွင့်အရေးပေးသင့်ပါတယ်" ဟု ထိုင်းနိုင်ငံရောက် PDF တစ်ဦးက အရက်မူးနေစဥ် မောင်ဆူးလှည်းကို ရင်ဖွင့်သည်။

NUG နှင့် PDF များအနေဖြင့် မြဝတီမှ ကျားဖြန့်များကို တိုက်ခိုက်ရန် ပြင်ဆင်နေသော်လည်း ကရင်လက်နက်ကိုင်များက စားခွက်သေးပန်းသည်ဟုဆိုကာ လက်ဦးအောင် ယုတ်မာမည်ကိုလည်း ကြောက်နေရကြောင်း PDF တချို့က ရင်ဖွင့်သည်။

"အခုက NUG နဲ့ PDF ရောက လက်နက်ကိုင်ပေမဲ့ ကရင်တွေကြောက်နေရတာ။ တစ်ခုခုဆိုတာနဲ့ ဒီကောင်တွေက မိသားစုကို မုဒိမ်းကျင့်မယ်၊ သတ်ဖြတ်မယ်၊ လိင်ကျွန်လုပ်မယ်၊ ကျားဖြန့်မှာ ရောင်းစားမယ်။ PDF မတွေဆို စခန်းမှာဖာလုပ်ပြီး တော်လှန်ရေးပေးဆပ်မလား၊ ထိုင်းမှာ ဖာလုပ်မလားဆိုပြီး လာနေကြိုး တာ။ အခုလည်း ကရင်တွေရဲ့ အဓိကစီးပွားရေး ဒီကျားဖြန့်ကို NUG နဲ့ PDF တွေက တိုက်သာတိုက်ချင်တာ။ သူတို့အစီအစဥ်မအောင်မြင်ဘဲ ကယီးလင် က သူတို့ အပေါက်ထဲဝင်မှာလည်း ကြောက်ကြတယ်"လို့ လေးကေ့ကော်က ထွက်ပြေးရတဲ့ အနုပညာရှင်တစ်ဦးက ပြောပါတယ်။

ကရင်လက်နက်ကိုင်တွေအဖို့ မူးယစ်ဆေးဖြန့်တာ နာမည်အထွက်နည်းပေမဲ့ အရက်သေစာဟာ ရေသဘောသာဖြစ်ပြီး မူးယစ်ဆေးမှန်သမျှအကုန် ကရင်ထိပ်ပိုင်းတွေက ဖြန့်တာလို့ သိရပါတယ်။

"မြဝတီရောက်တုန်းက အဲဒီအချိန် DKBA က စောစလုံး KTV သွားတာ။ ၂၀၂၁ တုန်းက စလုံးက PDF နဲ့ မပေါင်းသေးဘူး။ အဲဒီအချိန်မှာ စလုံးကိုယ်တိုင်က K တွေ E တွေ လိုက်တိုက်ပြီးဧည့်ခံတာ"လို့ မြဝတီက လက်နက်ကိုင်တွေကြား ရောက်ဖူးတဲ့
သတင်းထောက်တစ်ဦးက သူ့အတွေ့အကြုံကို မောင်ဆူးလှည်းနဲ့ အရက်သောက်ရင်း ပြောပါတယ်။

😜😜😜😜😜😜😜

မောင်ဆူးလှည်း

23 Jan, 05:19


Fri စစ်တပ်က ကျားဖြန့်တွေ မနှိမ်နင်းဘဲ အကျိုးစီးပွားရှာနေတာ။ ကျားဖြန့်က တော်တော် ဝင်ငွေကောင်းတာကိုး။

Me အခု ကျားဖြန့်တွေက ဘယ်မှာရှိတာလဲ။

Fri မြဝတီမှာလေ။ ရွှေကုက္ကိုလ်နဲ့ KK Park တဲ့။

Me မြဝတီမှာ ဘယ်ကောင်တွေ လက်နက်ကိုင်ကြီးစိုးနေတာတုန်း။ ကရင်လက်နက်ကိုင်တွေနဲ့ NUG / PDF တွေပဲ ရှိတာမို့လား။ အဲဒီကောင်တွေ ရှင်းလေ။

Fri ဟ NUG / PDF နဲ့ ဘာဆိုင်လဲ။ ကရင်တွေလုပ်နေတာ။

Me အေး အဲဒီမှာ ရွှေကုက္ကိုလ်က စောချစ်သူလုပ်နေတာ။ သူက အရင်က တ​ပ်အောက်က BGF ပေမဲ့ KNA ဆိုပြီးပြောင်းတယ်လို့ပြောထားတာ။ KK Park ဆိုတာက အခု KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း လက်မှတ်ထိုးထားတဲ့စီမံကိန်း။ KNU/KNLA ရှယ်ယာ။ အဲဒါကို ဝိုင်းကန့်ကွက်မှ KNA တို့ DKBA တို့က ကွပ်ကဲတာလိုလို ထိန်းကျောင်းတာလိုလို အမည်ခံပုံစံဖြစ်သွားတာ။ ဒါကြောင့် မြဝတီသိမ်းတော့တောင် အဲဒီနေရာတွေက ကျည်တစ်တောင့်မကျဘူး။ ဆိုလိုချင်တာက အဲဒီကျားဖြန့်လုပ်နေတာက ကရင်လက်နက်ကိုင်တွေ။ အဲဒီကရင်လက်နက်ကိုင်တွေရဲ့ ကျားဖြန့်ကို မပြောရဲဘဲ စစ်တပ်ပဲ ထိုင်ပြောနေတဲ့ NUG နဲ့ PDF က ဘာအချိုးလဲ မင်းစဥ်းစားလေ။ မြန်မာနိုင်ငံက ကျားဖြန့်တိုက်ဖျက်ဖို့ တာဝန်ရှိတယ်။ စစ်တပ်ကမလုပ်ဘူးဆို ကျွန်တော်တို့ NUG နဲ့ PDF တွေက ကျားဖြန့်ကို တိုက်ခိုက်နှိမ်နင်းပြီး တိုက်ဖျက်ပါ့မယ် ပြောရမှာမဟုတ်ဘူးလား။

Fri အင်း ဟုတ်တော့ဟုတ်တယ်။ သူတို့က အစိုးရလို့သာပြောနေတာ။ လက်နက်လည်းကိုင်ထားပြီး ကျားဖြန့်ကြတော့ တိုက်ဖျက်မယ် ဖမ်းဆီးမယ် နှိမ်နင်းမယ် မပြောရဲဘူး။

Me ဘယ်ပြောရဲမလဲ။ NUG နဲ့ PDF ဆိုတာက အခု ကျားဖြန့်နဲ့ ငွေရှာနေတဲ့ ကရင်လက်နက်ကိုင် KNU ရဲ့ အောက်ဆွဲအဆင့်ပဲရှိတာ။ သူတို့ပါးစပ်က ကျားဖြန့်နှိမ်နင်းမယ် ထုတ်ပြောတာနဲ့ ကယီးလင်က သူတို့ပါးစပ်ထဲ အတောင့်လိုက်ဝင်ပြီး မျိုးကန်းသွားမှာပေါ့။ ဒါကြောင့် မပြောရဲတာလေ။

Fri အေးပါကွာ တော်ပြီ ဒါပဲ။

Me နေပါဦးဟ။ ကျားဖြန့်က မြဝတီမှာ။ ဒီကျားဖြန့်တွေကို လုပ်နေတာ ကရင်လက်နက်ကိုင်တွေ။ ကရင်လက်နက်ကိုင်တွေရဲ့ အောက်ဆွဲက NUG နဲ့ PDF ။မြန်မာပြည်သိက္ခာမကျအောင် ကျားဖြန့်နှိမ်နင်းဖို့ဆို လက်နက်ကိုင် NUG နဲ့ PDF မှာလည်း တာဝန်ရှိပြီး သူတို့က သူတို့စခန်းချထားတဲ့ ကော်သူးလေနားကဆို ရွှေကုက္ကိုလ်နဲ့ KK Park ဘေးနား ဆိုင်ကယ်နဲ့တောင် တစ်နာရီကြာအောင် မသွားရတာကို PDF တွေက ဘာလို့ သွားတိုက်ခိုက်၊ မဖမ်းတာလဲဆိုတာကိုတောင် ငါက အသေးစိတ်ရှင်းမပြရသေးဘူး။ ဒီကောင်တွေက ကျားဖြန့်သာ စစ်တပ်မတိုက်ဖျက်ဘူး အော်တာကွာ...သူတို့ကြတော့ ကျားဖြန့်ကို သွားမထိရဲတဲ့ Conflict of Interest တွေ....

Fri ငါ မအားတော့ဘူး ဒါပဲ ဟျောင့်.. ။

Me အေးပါကွာ 🤣🤣🤣😉

https://t.me/MT_News_Media/53181

မောင်ဆူးလှည်း

21 Jan, 05:15


He ရွေးကောက်ပွဲလုပ်လည်း ဘောင်းဘီချွတ်ပြီး ပုဆိုးပဲ ဝတ်ကြမှာ။ ဘာမှ မထူးဘူး။


Me လူဆိုတာကတော့ ကိုယ့်မထိခိုက်အောင် အတတ်နိုင်ဆုံး ကာကွယ်ကြ Safe Side ယူကြ Exit Strategy ဆွဲကြတာ ထုံးစံပဲ။ အမေရိကန်လို ကမ္ဘာ့ ကြီးမြတ်လှပါတယ်ဆိုတဲ့ နိုင်ငံက သမ္မတ ဘိုင်ဒန်တောင် နောက်ဆုံးမိနစ်ကြမှ သူနဲ့သူ့မိသားစုကို ထရန့်က တရားပြန်စွဲမှာစိုးလို့၊ သူတို့မဟုတ်တာလုပ်တာ ပြန်ခံရမှာစိုးလို့ ဝဋ်လည်မှာစိုးလို့ သူတို့မိသားစုသူ လွတ်ငြိမ်းပေးသွားသေးတာ။

အဲဒီလို Safe Side မယူ၊ ကိုယ့် ထိမလား၊ တိုင်းပြည်ထိမလား မစဥ်းစားဘဲ ခေါင်းမသုံးတတ်တဲ့ အာဏာရ သောက်ရူးတွေကတော့ NLD တစ်ဖွဲ့ပဲရှိတယ်။ အာဏာအကုန်ရချင်ဇောနဲ့ အလွန်အကျွံ မဲခိုးတယ်။ ရှင်းပေးပါပြောတော့ မရှင်းဘဲ၊ လွှတ်တော်တောင်မခေါ်ရဲတော့ဘဲ လွှတ်တော်ပိတ်ပြေးတယ်။ အာဏာဆက်ယူထားနိုင်အောင် ညှိဖို့၊ နှိုင်းဖို့ ကိုယ့်မထိခိုက်ဖို့ မလုပ်ဘဲ မဟနဘုန်းကြီးတွေ ပြေးကပ်ပြီး တားပေးပါ အပူကပ်တယ်။ တလွဲကလုပ်၊ အချိန်တွေက တိုင်မင်မှားတော့ ဖင်ကော့ပြီး တစ်ဖွဲ့လုံး ထောင်ထဲဝင်လိုက်ရတာ အခုဆို သူတို့တင်မက ပြည်သူပါ ခွေးသေ ဝက်သေပါ သေလို့။ အဲဒီလို ဦးနှောက်မရှိတဲ့ဟာတွေက နိုင်ငံ မြောင်းထဲရောက်အောင် လုပ်ခဲ့တာလည်း မမှားဘူး 😏😏😏😏

မောင်ဆူးလှည်း

18 Jan, 06:16


မယုတဲ့။ ထားဝယ်ချောင်အမှိုက်ပုံမှာ ပလုံကောက်ပြီး ခါးမှာ အနာဖြစ်လို့ အောက်ပိုင်းမလှုပ်နိုင်တဲ့ ယောကျ်ားနဲ့ သားသမီးလေးဦးကို အမှိုက်ဆယ်ရင်း လုပ်ကျွေးနေသူပါ။ ကလေးတွေလည်း ကျောင်းထားပေးနေသူမို့ သူ့ကို ရိုက်ကူးရေးသွားရင်း သစ္စာကမ်းလက် တစ်လ (၁၀၀၀၀) ကျပ် လစဥ် လှူဒါန်းကြသူများ ကွန်ရက် က ကျပ် ၁၅၀၀၀၀ လှူပေးခဲ့တာ။

ဘွားသက်ရှည် ဒေါ်တင်မေကတော့ လစဥ် ကျပ် ၅၀၀၀၀ ဘေသဇ္ဇဒါနအလှူပါ။

သစ္စာကမ်းလက်အလှူရှင်များအားလုံး ကျန်းမာချမ်းသာပါစေ 🙏🙏🙏

မောင်ဆူးလှည်း

16 Jan, 06:03


ငရဲပန်း စစ်ပွဲနဲ့ ရွေးကောက်ပွဲ နတ်လမ်း

မောင်ဆူးလှည်း
၁၆. ၁. ၂၀၂၅


ငယ်ငယ်တုန်းက ပထမနှစ် ကျောင်းဘောလုံးပွဲမှာ အုပ်စုတက်ဖို့ အဆုံးအဖြတ်ပွဲ။ စီနီယာတန်းနဲ့ တတိယနှစ်နဲ့လား ဂုဏ်ထူးတန်းနဲ့လား ရောနေပြီ။ ကိုယ်က ကွန်ပျူတာပထမနှစ်က နှစ်နစ်နေခဲ့ရတော့ 🙂

ကိုယ်တို့ကွန်ပျူတာက စီနီယာ၊ ဂျုနီယာဆက်ဆံရေးဆိုတော့ နည်းနည်းတော့ခက်တာပေါ့။

အဲဒီပွဲမှာ

အရင်ပွဲတွေတုန်းက ခြေစွာတဲ့ ကိုယ့်ရှေ့တန်းက ကောင်တွေက ပထမပိုင်းတစ်ပိုင်းလုံး ရှေ့ကို မဆွဲရဲဘူး။ ကိုယ်တို့က တစ်ဂိုးနဲ့ရှုံး။ ပထမပိုင်းနားတော့ ဘာလို့ရှေ့မပြေးဘဲ ဂိုးမသွင်းဘဲ ကြောင်နေတာလဲမေးတော့

တစ်ဖက်စီနီယာနောက်တန်းက ရှေ့ဆွဲလာရင် လက်သီးနဲ့ထိုးမယ်လို့ ကြိမ်းလို့ မဆွဲရဲတာတဲ့။ မျက်နှာငယ်လေးတွေနဲ့။ ဘောလုံးက အရှုံးအနိုင် ကိုယ်ဂရုမစိုက်ပါဘူး။ ယှဥ်ပြိုင်တာအဓိကပဲ။ ဒါပေမဲ့ ညစ်ပြီး အနိုင်ယူလို့မရဘူးလေ။

အဲဒါနဲ့ ဒုတိယပိုင်းတစ်ပိုင်းလုံး ကိုယ် လူလိုက်ချတာ။ သူတို့ညစ်ပြီး ဂိုးမသွင်းရဲအောင်လုပ်တော့ အကောင်း။ ကိုယ်က တစ်ကွင်းလုံးလူလိုက်ချပြီး ဘောလုံးတောင်မတည်ရဲ မကိုင်ရဲတော့မှ ညစ်လို့တဲ့။ အဲဒီမှာ ကိုယ်က တစ်ခွန်းပဲ ပြန်ပြောလိုက်တယ်။

မိန်းမတွေ ယိမ်းကနေတာ မဟုတ်ဘူး။ ယောကျ်ားတွေ ဘောလုံးကန်နေတာ။ နူးညံတာကြိုက်ရင် ယိမ်းသွားက

ဆိုပြီး

အခု ၂၀၂၁ နွေဦးတော်လှန်ရေး

ဖေဖော်ဝါရီ ၁ ရက်ကနေ ၉ ရက်လောက်အထိက တပ်ကအေးဆေး။ အမြောက်တွေ တင့်ကားတွေနဲ့တောင် သောက်ခွက်ပြောင် ဓာတ်ပုံရိုက်။

ဒါပေမဲ့ အဲဒီကာလမှာပဲ အမေရိကန်တို့ UN တို့ဝင်လာဖို့ ဆန္ဒပြတဲ့လူတွေသေဖို့လိုတယ်လို့ လူဘယ်နှစ်ယောက်သေမှ အမေရိကန်နဲ့ ယူအန်တပ်ဝင်လာလို့ရမှာဆိုတဲ့ နီပေါခေါင်းရှောင်တွေဘက်က ကျပ်မပြည့်တဲ့ လှူံ့ဆော်သံထွက်လာပြီး စာမတတ်ပေမတတ် ဦးနှောက်မရှိတဲ့ ဆန္ဒပြလူထုဘက်မှာ ငါတို့အသက်ပေးမယ်ဆိုတဲ့ လူတစ်စုလည်း ထွက်လာတယ်။

အဲဒီနောက်မှာ ဝန်ထမ်းတွေကို CDM လုပ်အရှက်ခွဲတာ၊ လုံထိန်းတွေကို တိုက်ခိုက်တာ၊ လမ်းပိတ်ဆို့တာ၊ မန္တလေးမှာ ရဲတစ်ယောက် စ သတ်တာတွေ ဆက်တိုက်ဖြစ်လာပြီး ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ အဆင့်ကနေ အကြမ်းဖက်ဆန္ဒပြမှုဖြစ်လာတယ်။ ဆန္ဒပြသူတွေက တူရှုက လုံထိန်းကို တည့်တည့်ပစ်ခတ်သလို လုံထိန်းကလည်း တည့်တည့်ပစ်တယ်။ လူထုကြား ပွဲဆူစေမယ့် လူငယ်တွေက အမျိုးအမည်ခွဲမရတဲ့ ပစ်ခတ်သူရဲ့ လက်ချက်နဲ့ သေတယ်။ ငါတို့အသက်ပေးမယ်ဆိုတဲ့ လူတွေရဲ့ လှုံ့ဆော်သံပိုပြင်းလာသလို ဓမ္မကနေ ဓားမကို ပြောင်းသွားတယ်။ LPDF/ PDF နဲ့ EAOs စတေးခံတပ်တွေရာချီပေါ်လာတယ်။

အဲဒီမှာ ယောကျ်ားတွေ စစ်တိုက်ကြမယ် ပေါ့။

ယောကျ်ားတွေ စစ်တိုက်မယ်လို့ထင်ထားပေမဲ့ အစကတော့ အဲဒီလိုမဟုတ်ဘူး။ ဒီနေ့အထိလည်း လွဲနေတုန်း။

ကိုယ့်တုန်းက အကြမ်းဖက်ဆန္ဒပြလို့ မျက်နှာချင်းဆိုင်ပစ်ခံရချိန် မတရားဘူးဆိုပြီး လက်နက်ကိုင်သွားတဲ့သူတွေက သူတို့လက်နက်ရသွားချိန်မှာ လက်နက်မဲ့သူတွေကို ဘုန်းကြီး၊ သီလရှင်၊ ဝန်ထမ်း၊ ဆရာ၊ ဆရာမပါမချန် နောက်ကချောင်းပစ်တယ်။ မုဒိမ်းကျင့်၊ သတ်ဖြတ်လုယက်တယ်။ ပြီးတော့ သူလျှို၊ ဒလန်၊ သူပုန် တံဆိပ်ကပ်ပစ်တယ်။ ပိုင်ဆိုင်သမျှကို တော်လှန်ရေးဆိုပြီး လုယက်သိမ်းယူတယ်။ လေလံတင်ရောင်းတယ်။ ယောကျ်ားတွေ စစ်တိုက်နေတာနဲ့ မတူတော့ဘဲ လက်နက်မဲ့တွေကို နောက်ကချောင်းပစ်နာမည်ဖျက်တာက ဆန္ဒပြ အကြမ်းဖက်လို့ မျက်နှာချင်းဆိုင်ပစ်တဲ့ စစ်တပ်ထက်ကို အဆ ရာချီ ယုတ်မာအောက်တန်းကျပါတယ်။

နောက် မြို့တွေသိမ်းတယ်။ ဘာတိုက်ပွဲမှမရှိတဲ့ မြို့တွေကို ဒရုန်းတွေ ရှော့တိုက်ဒုံးတွေ ရမ်းပစ်တယ်။ လူရာချီသေတယ်။ လုယက်တယ်။ အိမ်တွေဖောက်တယ်။ ပြီးတော့ တော်လှန်ရေးမှာ စတေးရမှာပဲဆိုတာမျိုး၊ ဒီလောက်တော့ ရင်းရမှာပဲဆိုပြီး လေပြေထိုးတယ်။

တပ်က အသိမ်းခံထားရတဲ့မြို့တွေ ပြန်သိမ်းရင်၊ ပြန်တိုက်ရင် PDF တွေ လုံခြုံရေးယူ ထောက်ပို့နေတဲ့ စစ်ရှောင်စခန်းတွေ၊ ကျောင်းတွေ ဗုံးကြဲခံရရင် နိုင်ငံတကာကို ပတ် မျက်ရည်ခြူတယ်။ မတရားလုပ်ခံနေရပြီ အော်တယ်။

AA ဟာ ကျောက်တော်အရေးအပါအဝင် လူထောင်ဂဏန်း အစုလိုက်အပြုံလိုက်သတ်တာအများကြီး ဘာသံမှမထွက်ဘူး။ ဘူးသီးတောင်၊ မောင်တော ရိုဟင်ဂျာဘင်္ဂလီတွေရာထောင်ချီအသတ်ခံရ၊ မုဒိမ်းကျင့်ခံရ၊ နေအိမ်သောင်းချီ မီးရှို့ခံရတယ်။ ဘင်္ဂလီထိ မချိအောင် ဖင်ပြဲတဲ့ နေဆန်းလွင်တို့တောင် ဟုတ္တိပတ္တိမကျယ်ရဲဘူး။

အခုကွာ PDF တွေ EAOs တွေ မြို့သိမ်းတယ်။ လူရာချီအသတ်ခံရတယ်။ အိမ်ထောင်ချီ အဖောက်ခံရတယ်။ အဲဒါ မပြောရဲဘူး။ ဓမ္မလို့ လက်ခံထားရင် မြန်မာပြည်အစိတ်စိတ်အမြွှာမြွှာမဖြစ်ဖို့အတွက် သိမ်းထားတဲ့နေရာပြန်ရဖို့ တပ်ကတိုက်ခိုက်ရင် ဒါလည်း မြန်မာပြည်မပြိုကွဲစေချင်သူတွေအဖို့ ဓမ္မပဲ။ အဲဒီအချိန်မှာ မျက်ရည်ခံမထိုးနဲ့။

NLD, NUG, CRPH,PDF,EAOs မထောက်ခံလို့ နိုင်ငံ့ဝန်ထမ်းဆက်လုပ်နေလို့ လက်နက်မဲ့သူတွေကို ဘုန်းကြီး၊ သီလရှင်၊ ဝန်ထမ်း၊ ဆရာ၊ ဆရာမ၊ ကျောင်းသားကျောင်းသူပါမချန် သူလျှို၊ ဒလန်ဆိုပြီး သတ်တာက ဓမ္မဆို PDF ထောက်ပို့၊ PDF ထောက်ခံ၊ ဆန္ဒပြ၊ လက်နက်ကိုင်တွေသေချိန်ကြလည်း မျက်ရည်ခံမထိုးနဲ့။

👇👇👇👇 အောက်မှာ ဆက်ဖတ်ဖို့

မောင်ဆူးလှည်း

16 Jan, 06:03


ကိုယ် လက်နက်ကိုင်ချိန် မတရားလုပ်ပြီးမှ ကျွန်တော်တို့က ဓမ္မလို့ ထပ်မပြောနဲ့။ သူတို့ပြန်လုပ်ရင် အဓမ္မလို့မပြောနဲ့။ နှစ်ဖက်စလုံးက အဓမ္မပဲ။ အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးဆိုပြီး စစ်မြေပြင်မှာ စစ်မြေပြင်လို့ ကျင့်သုံးနေကြတာပဲ။ ကိုယ်ညံ့ကိုယ်ခံရမှာပဲ။

ဆိုတော့ ရှင်းရှင်းတည့်တည့်ပြောရရင် ယောကျ်ားတွေ စစ်တိုက်နေတာနဲ့မတူဘဲ ဓားမနဲ့ အဓမ္မ ပြိုင်တဲ့ပွဲမှာ ဓားမဘက်ကကောင်တွေထူထောင်မဲ့ ဖက်ဒရယ်ဒီမိုကရေစီကို ကိုယ်မယုံဘူး။ ဒီလို မတရားမှုကျုးလွန် လုယက်သတ်ဖြတ်မုဒိမ်းကျင့်ပြီး နယ်မြေအပိုင်စီးရဖို့နဲ့ သူများလွှဲချဖို့လုပ်နေတဲ့သူတွေ တည်ထောင်မယ့် ဖက်ဒရယ်တပ်မတော်ဆိုတာကို ကိုယ် ပိုမယုံဘူး။ ဒါ့အပြင် ကိုယ်က လက်နက်ကိုင်တာနဲ့ အာဏာနေရာရလို့ ဆင်ခြင်မှုမဲ့သွားတတ်တာ မြင်နေရတော့ ဘယ်လက်နက်ကိုင်မှ မယုံဘူး။ ဒါကြောင့် အာဏာပဋိပက္ခဖြစ်တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ အခုအထိ ဒီမိုကရေစီပြန်လည်ထွန်းကားရေး (Democracy Restored)နဲ့ ရွေးကောက်ပွဲကျင်းပရေးပဲ တစ်စိုက်မတ်မတ်တိုက်တွန်းတယ်။

ကိုယ့် ယုံကြည်ချက်နဲ့ ယုံကြည်မှုက တခြားသော ငွေရဖို့၊ ငွေတောင်းဖို့ လုပ်နေတဲ့ ပြည်တွင်းပြည်ပ ဘယ်မီဒီယာသမားနဲ့မှ ရပ်တည်ချက်၊ ခံယူချက်မတူဘူး။ လည်ပင်း ဓားပဲမိုးမိုး၊ သေနတ်နဲ့ပဲ တေ့တေ့ ဘယ်အချိန် ထမေးမေး Democracy Restored ကိုပဲ အသက်ပေးလုပ်မှာပဲ။ အသက်ပေး ပြောမှာပဲ။

အခု ဒီရက်ပိုင်းထဲမှာ ၁၀၂၇ တတိယလှိုင်းဆိုပြီး တစ်ဖက်က လှူပ်လာတယ်။ မနေ့ကဆို အထူးဒေသ (၁) အလံနဲ့ လူရာချီ စစ်ချီလာတဲ့ရုပ်သံဖိုင်တွေ့ရတယ်။ MNDAA၊ TNLA၊ AA နဲ့ ဆွေးနွေးပွဲတွေ အဆင်မပြေဘူး။ TNLA နဲ့ တားအိုက်ဘုန်းကလည်း နစကကျရှုံးနေချိန် စစ်ပြင်ဖို့ အမြစ်ပြုတ်တိုက်ဖို့ ကြွေးကြော်လာတယ်။ AA က ဧရာဝတီကို ခြိမ်းခြောက်တယ်။ NUG က စစ်ကိုင်းမှာ အခြေစိုက်မယ်ထုတ်ပြောလာတယ်။ PNO စစ်ဦးစီးချုပ် ကလည်း 'ဝ' နဲ့ SSPP နယ်ချဲ့တာ အမိန့်မစောင့်ဘဲ တိုက်မယ်ပြောလာတဲ့ပို့စ်တွေ့ရတယ်။

ဒါတွေအားလုံးက ၂၀၂၅ ရွေးကောက်ပွဲကို နောက်ဆုံးအကြိမ် အဟုန်ပြင်းပြင်းနဲ့ ထိုးနှက်မယ့် အကြမ်းဆုံးပွဲလို့ ယူဆစရာဖြစ်လာတယ်။ အဲဒီတော့ ပြည်သူတွေက တစ်ခုပဲ ရွေးရတော့မယ်။ ၂၀၂၅ ရွေးကောက်ပွဲပျက်ပြီး အစိတ်စိတ်အမြွှာမြွှာကွဲထွက်သွားတဲ့ နိုင်ငံကြီးမှာ အနှစ် ၂၀ လောက် စစ်ပွဲတွေ ထိုင်ကြည့်မလား။ ရွေးကောက်ပွဲဖြစ်မြောက်သွားပြီး အေးဆေးတိုးတက်တဲ့ နိုင်ငံသစ်ကို အစက ပြန်စမလားဆိုတာပဲ။

ရွေးကောက်ပွဲပျက်သွားရင်တော့ သေချာတယ်။ ယောကျ်ားတွေ စစ်တိုက်တာမဟုတ်တဲ့ တစ်ဖက်ကို Blame ပြီး လုယက်သတ်ဖြတ်မုဒိမ်းကျင့်တဲ့ ပသုံးလုံးနဲ့ အာဏာပိုရလေ ကိုယ့်မိသားစု ချမ်းသာဖို့ ပိုခိုးဖို့လုပ်လာမယ့် တော်လှန်ရေးသမားတွေဒဏ် အဆ ရာချီ နှစ်ပေါင်းဆယ်ချီခံရမယ်။

ရွေးကောက်ပွဲဖြစ်သွားရင်တော့ နိုင်ငံနဲ့ပြည်သူမနာဘဲ Evolution နဲ့ ဆင့်ကဲတိုးတက်မယ့်လမ်းသွားလို့ရမယ်။ Coup ထပ်ဖြစ်မယ်လို့ ပူစရာမလိုတော့တဲ့ လက်နက်ကိုင်အခင်းအကျင်းကြောင့် ထပ်ပြီး Democracy Backwave ရိုက်စရာမမြင်တော့တဲ့ ဖက်ဒရယ်တပ်မတော်အခင်းအကျင်းက ထပ်ဖြစ်မယ့် ဒီမိုကရေစီအစိုးရနှစ်ဆက်လောက်မှာ ပီပြင်လာမယ်။

ဒီတော့ ဘယ်လမ်းရွေးမလဲ....

ငရဲပန်းစစ်ပွဲနဲ့ ရွေးကောက်ပွဲ နတ်လမ်း ပြည်သူက ဘယ်လမ်း စံမြန်းမလဲ

https://t.me/MT_News_Media/52650

မောင်ဆူးလှည်း

14 Jan, 17:26


ရွေးကောက်ပွဲအတွက် အဆင်သင့်အခြေအနေ၊ မြ၀တီဘက်ခြမ်းက လူကုန်ကူးခံ ၆၀၀၀ ကျော်နဲ့ TNAL ရဲ့ တိုက်ပွဲခေါ်သံ

၁၄.၁. ၂၀၂၅
Written by Phyo Wei

" ခြေဥအရတော့ ရွေးကောက်ပွဲဟာ တာဝန်သက်တမ်းကုန်ဆုံးအပြီး ခြောက်လအတွင်း လုပ်ဆောင်ရမှာဖြစ်လို့ ဖေဖော်ဝါရီက စမယ်ဆို ဩဂုတ်လအတွင်းမှာ ရွေးကောက်ပွဲပြီးမှာဖြစ်ပြီး ကြားကာလအတွင်းမှာ ရွေးကောက်ပွဲ ဆက်ကျင်းပလို့ရနိုင်တဲ့ နယ်မြေတွေရှင်းလင်းပြီး ရှင်းလင်းပြီးတဲ့ မြို့တွေ ဆက်ရွေးကောက်ပွဲလုပ်မယ်ဆိုရင် မြို့နယ်များလေ လွှတ်တော်စနိုင်ချိန်မှာ ဂုဏ်တင့်လေဖြစ်မှာဖြစ်ပြီး စက်တင်ဘာကစမယ်ဆိုရင်တော့ ခြောက်လအတွင်းရွေးကောက်ပွဲဟာ ၂၀၂၆ ကို ကူးသွားပြီး သန်းခေါင်စာရင်းကောက်ခံမှုပုံစံနဲ့ အနီးစပ်ဆုံး ၁၄၅ မြို့နယ်ဟာ ရွေးကောက်ပွဲ မုချမသွေလုပ်နိုင်မယ့်ဒေသ၊ တစ်စိတ် တစ်ဒေသ စာရင်းကောက်ခံနိုင်မှု ၁၂၇ မြို့နယ်ဟာ နယ်မြေရှင်းလင်းဖို့ အချိန်မရနိုင်တော့လို့ တစ်စိတ်တစ်ဒေသရွေးကောက်ပွဲပုံစံဖြစ်သွားမယ့် အခြေအနေပါ။ ဘယ်လိုအခြေအနေပဲ ဖြစ်နေပါစေ ၂၀၂၅ နှစ်အတွင်းမှာ နိုင်ငံနဲ့ပြည်သူအတွက် ထွက်ပေါက် ရွေးကောက်ပွဲဖြစ်ဖို့က လိုရင်းဖြစ်ပြီး အဓိကလိုရင်းကတော့ အနိုင်ရပြီး အစိုးရဖွဲ့နိုင်သူကို အာဏာလွှဲပေးဖို့သာဖြစ်လို့ ဖြစ်တဲ့နည်းနဲ့ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးကိုပဲ လက်ခုပ်တီး..."

" မြန်မာနိုင်ငံမှာ နိုင်ငံရေးပဋိပက္ခဖြစ်ပွားချိန်မှာ NUG နဲ့ PDF တွေ၊ EAOs တွေကို အမေရိကန်အလိုကျ လက်ခံမိတဲ့၊ တရားမဝင် လက်နက်သယ်ဆောင်ရောင်းဝယ်မှုရဲ့ ကြားခံ ထောက်ပို့နိုင်ငံဖြစ်လာတဲ့ ထိုင်းနိုင်ငံဟာ အခုအချိန်မှာတော့ တရားမဝင်လက်နက်ကိုင်တွေ လူရာသွင်းမိမှု အကျိုးဆက်အဖြစ် မူးယစ်ဆေး၊ လက်နက်အန္တရာယ်နဲ့ တရုတ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ အန္တရာယ်၊ ငွေကြေးခဝါချမှုပြဿနာတွေနဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေကို တာဝန်ယူ ရင်စည်းခံနေရတဲ့ နိုင်ငံဖြစ်လာပါတယ်။ တစ်ဖက်မှာလည်း ဒီလိုရင်စည်းခံနေရတဲ့ ဒုက္ခတွေဟာ ကမ္ဘာ့ခရီးသွားအများဆုံးထိုင်းနိုင်ငံရဲ့ ခရီးသွားရည်မှန်းချက်နဲ့ ခရီးသွားဝင်ငွေဖျက်ဆီးမယ့် ဘေးအန္တရာယ်ဆိုးအဖြစ် အကောင်ပေါက်လာချိန်မှာ ထိုင်းအဖို့တော့ ဆုပ်လည်းစူး စားလည်းရူး ဖြစ်လာနေတာပါ။ ဒီနေရာမှာ လူကုန်ကူးမှုအချက်အခြာဟာ ရွှေကုက္ကိုလ်မြို့သစ်၊ BGF လို့ အမည်တပ်ပေမယ့်လည်း ကံကောင်းထောက်မတာက ဒီနေရာတွေက ကျားဖြန့်တွေမှာ KNU/KNLA တွေရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေလည်း ရှယ်ယာ ပါနေတယ်ဆိုတဲ့အခြေအနေပါ။ ဒါကြောင့်မို့ မြဝတီမြို့သိမ်းချိန်မှာတောင် ရွှေကုက္ကိုလ်က ကျည်တစ်တောင့်မကျခဲ့တဲ့ပုံစံမြင်ရသလို တရုတ်နယ်စပ်က MNDAA၊ TNLA နဲ့ AA တို့ကို မြှောက်ပေးပြီး ကျားဖြန့်နှိမ်နင်းတဲ့ပုံစံ လုပ်မရတာကို မြင်ရတဲ့အနေအထားလည်း တွေ့ရပါတယ်။ ဒါပေမဲ့လည်း ဒီတရုတ်ကျားဖြန့်ဟာ မြန်မာနိုင်ငံအတွက် အကျိုးမရှိဘဲ လက်နက်ကိုင်တွေရဲ့ အဓိကဝင်ငွေတစ်ခုဖြစ်လာနေတာနဲ့ မြဝတီကို တစ်ကျော့ပြန် မြို့သိမ်းပွဲဆင်နွှဲခံရနိုင်တာ၊ KNU/ KNLA ကို လိုက်သတ်နေတဲ့ KTLA က ရုတ်တရက်အင်အားကြီးထွားပြီး ဝုန်းကနဲ ထတိုက်တာမျိုး မဖြစ်အောင်တော့ မြန်မာနယ်စပ် မြဝတီနဲ့ နာမည်ဆိုးထွက်တဲ့ ရွှေကုက္ကိုလ်အရေးဟာ ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ စိစစ်ကြပ်မတ်ရမှာဖြစ်သလို ကရင်လက်နက်ကိုင်ချင်းဆိုင်နေတာ ထိုင်ကြည့်မယ်ဆိုလည်း ရှမ်းမြောက်ကမြို့တွေလို အလုံးစုံပါမသွားဖို့..."

" TNLA က နစက စစ်ရေးအရ ကျရှုံးမှုရင်ဆိုင်နေရချိန်မှာ တော်လှန်ရေးအရှိန် အမြင့်ဆုံးလွှင့်တင် အောင်ပွဲရယူမယ်လို့ တပ်လှန့်ခဲ့တဲ့အပြင် ၆၂ နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာလည်း TNLA ဥက္ကဋ္ဌ တားအိုက်ဘုန်းက လက်နက်ဆက်ကိုင်မယ်ဆိုတဲ့အကြောင်း၊ ၂၀၂၅ မှာ တခြားလက်နက်ကိုင်တွေနဲ့ပေါင်းပြီး စစ်ရှိန်မြှင့်မယ်ဆိုတဲ့အကြောင်း၊ ဘုံရန်သူကို အမြစ်ပြတ်တိုက်ထုတ်မယ်ဆိုတဲ့အကြောင်းတွေ ပြောလာတာလည်း မြင်ရပါသေးတယ်။ ဒီ တပ်လှန့်သံဟာ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဝိုင်းဖျက်ကြမယ်လို့ ဆိုလိုရင်းကိုလည်း မြင်ရတဲ့အခြေအနေမို့လို့ ဒီ အခြေအနေကို ဘယ်လို ကျော်ဖြတ်မလဲဆိုတာနဲ့ ရွေးကောက်ပွဲဖြစ်သွားလို့ တိုင်းပြည်တည်ငြိမ်ရေးဘက်သွားတာနဲ့ ရွေးကောက်ပွဲပျက်ပြားပြီး အနှစ် ၂၀ လောက် စစ်ပွဲတွေကို ထိုင်ကြည့်မလားဆိုတာတွေဟာ ပြည်သူကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာလို့ ပြောရင်း ငရဲပန်းစစ်ပွဲထက်၊ ရွေးကောက်ပွဲနတ်လမ်းဆီ ပြည်သူရှေးရှုချိန် တန်ပါပြီ ..."

Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=88165

#MT #mtnewsagency
#MT_ဆောင်းပါး
#MT_စီးပွားရေးသုံးသပ်ချက်
#MT_နိုင်ငံရေးသုံးသပ်ချက်
#MyanamrTransparency

မောင်ဆူးလှည်း

12 Jan, 17:26


မျက်စိကင်ဆာ ဝေဒနာရှင် ညီမင်းခန့်လေးရဲ့ လက်ရှိပုံရိပ်

တစ်လပြည့်ရက်ချိန်းမှာလည်း အခြေအနေကောင်းသွားလို့ ဆရာဝန်က ဆေးပဲ ပေးလိုက်တာတဲ့

https://t.me/phyoeweiwin/3141

ကလေးလေးတစ်ယောက် အသက်ပါဆုံးနိုင်တဲ့ မျက်စိကင်ဆာကို သစ္စာကမ်းလက်နဲ့ မိတ်ဆွေတွေက ၂၃ သိန်း၊ ကျွန်တော့်ညီအလှူရှင်တွေက သိန်း ၃၀ ကျော်နဲ့ ကုသပေးခဲ့ကြတာ အခုတော့ ကလေးက အကောင်းပကတိနီးနီးဖြစ်နေပြီး အလင်းလည်း မပျောက် အသက်အန္တရာယ်လည်း ကင်းပြီမို့ အလှူရှင်တွေ ပီတိဖြစ်ရအောင် ထပ်တင်ပေးလိုက်တာပါ။

သစ္စာကမ်းလက်အလှူရှင်များအားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာ ကျန်းမာချမ်းသာကြပါစေ 🙏🙏🙏

ပုံ ၁၊ မျက်စိကင်ဆာ စဖြစ်စ၊ ပုံ ၂၊ ခွဲစိတ်ပြီးစ၊ ပုံ ၃၊ ယခု ပျောက်ကင်းစ။

မောင်ဆူးလှည်း

10 Jan, 12:13


AA မကြိုက်တဲ့ ရခိုင်တစ်ယောက်နဲ့ ပြီးခဲ့တဲ့ရက်ပိုင်း စကားပြောဖြစ်သေးတယ်။ သူပြောတဲ့အထဲ စိတ်ဝင်စားစရာကောင်းတာက AA သိမ်းထားတဲ့မြို့တွေမှာ AA က လက်နက်ကိုင် ၂၀၀ လောက် ကင်းချပြီး မြို့တွေဆက်သိမ်းနေတာ၊ ဘာလို့ အဲဒီလို မြို့တွေ ပြန်မသိမ်းတာလဲ နားမလည်ဘူးတဲ့။

အခု ရခိုင်မှာ မြန်မာငွေလည်း ထုတ်မရ၊ ဆန်၊ ဆီကလည်း AA စစ်သားတွေ စားဖို့အဓိကပေးရတော့ အကုန်ငတ်နေတာတဲ့။ အရင်တုန်းက ရခိုင်အချင်းချင်းဆို မူးရူးဆေးချနေလို့ မလိုချင်တဲ့ ရခိုင်မတွေတောင် AA လက်နက်ကိုင်ဆို စားဝတ်နေရေးအရ ယူကုန်ကြပြီတဲ့။ မြို့တစ်ခါသိမ်း တစ်ခါ သိန်းရာချီပါလာလို့ လစာမရလည်း တစ်လ တစ်မြို့သိမ်းရင် ကျေနပ်တယ်ဖြစ်နေတာတဲ့။

သူပြောတာလည်း ကိုယ်ရေးဖူးသလိုပါပဲ။ ဘယ်နေရာကြည့်ကြည့် ခံစစ်ဆိုတာချည်းကိုး။ လေယာဉ် ဆယ်စီးလောက် တစ်ပြိုင်နက်လွှတ်ပြီး စစ်သားရာချီချပေးနိုင်ရင် ပြိုမယ့်မြို့တွေတောင် မသိမ်းတော့ တစ်ဖက်ကလည်း ခံစစ် ကလွဲ ထိုးစစ်မရှိမှန်းသိမှတော့ ရှိသမျှအကုန်စွတ်တိုက်၊ မြို့အကုန်ပတ်သိမ်း လုပ်နိုင်သွားတာပေါ့။

ကိုယ်လည်း ဘာဆက်ရှင်းပြရမယ်မသိတော့

အခုက AA ကို မကြိုက်ကြောင်း တိုးတိုးပြောရဲတာက မြောက်ပိုင်းရခိုင်၊

တောင်ပိုင်းရခိုင်တွေက တိုးတိုးပြောလာပြီး မြောက်ပိုင်းရခိုင်တွေ တိုးတိုးကနေ ကျယ်ကျယ်ပြောလာချိန်၊

ရခိုင်တွေ ကိုယ်တိုင်က စစ်ကိုမလိုချင်တော့ပါဘူးပြောချိန်

အဲဒီလိုမြင်ရမယ်ထင်တယ်။

အခုကတော့ AA ထောက်ခံနေတော့ ငတ်လက်စနဲ့ ခံကြရမှာပဲ၊ သေအတူ ငတ်အတူ ရက္ခိတဆိုလည်း နောက် အနှစ် ၅၀ လောက် ရင်ဆိုင်ကြည့်လို့ပဲ ပြောလိုက်ရတယ်

မတတ်နိုင်ဘူးလေ ကိုယ် အနိုင်နဲ့ပိုင်းတတ်တာလည်း အဲဒီလို ချည်ပြီးတုပ်ပြီးပဲ လေနဲ့ပဲ ပိုင်းတတ်တာကိုး

😜😜😜😜

မောင်ဆူးလှည်း

07 Jan, 12:33


မနေ့က ကြည့်မြင်တိုင် ဗားကရာနဲ့ ကမ်းနားလမ်းဘေးမှာ လူတစ်ယောက် ပစ်သတ်သွားတာ

https://t.me/MT_News_Media/52102?single

ပစ်သတ်သွားတာက ပစ္စတိုလို အတိုနဲ့မဟုတ်ဘူး။ ပြောင်းအရှည်ကို အဝတ်အုပ်ပြီး ခေါင်း တေ့ပစ်သွားတာ။

ပစ်သွားတဲ့နေရာက မြို့လယ်လို့ ပြောလို့ရတဲ့ ကိုယ်နေခဲ့တဲ့ ထီးတန်းအိမ်ရာနားတို့ ထီးတန်းဆိပ်ကမ်းတို့၊ အင်းဝဘဏ်တို့ ဦးပိုင်ဆိုင်တစ်ခုနဲ့ တစ်ခေါ်လောက်ပဲ။ သူပြေးသွားတဲ့ဘက်မှာကို လုံခြုံရေးဂိတ်ချထားတာ အရင်က မြင်ရတယ်။

အံ့ဩတာတစ်ခုပါပဲ။ မြို့ပေါ် လူမြင်ကွင်း ညနေ ၅ နာရီမထိုးခင် ကားတအားပိတ်တဲ့၊ လုံခြုံရေးဂိတ်ရှိတဲ့ ကမ်းနားလမ်းမှာ အရှည်နဲ့ တေ့ဖြုတ်သွားတဲ့ တရားဥပဒေစိုးမိုးမှု ပျက်ပြားပြီး မခန့်လေးစားဖြစ်နေရတဲ့ အခြေအနေနဲ့

အခုရက်တင် NUG အုပ်စုက ရန်ကုန်တပ်ရင်းတွေ ဆင်းတွေ့ထားတာဆိုတော့ ဒီလောက် လက်နက်တွေ စိမ့်ဝင်နေတာမြင်တော့....
ရန်ကုန်က မကြာခင် ဘယ်လောက်တောင် လှုပ်ခတ်​မလဲဆိုတာ တွေးမိရင်းပေါ့....

မောင်ဆူးလှည်း

07 Jan, 01:27


သစ္စာကမ်းလက် တစ်လ (၁၀၀၀၀) ကျပ် လစဥ် လှူဒါန်းကြသူများ ကွန်ရက်ရဲ့ ၃၉ ကြိမ်မြောက် လစဥ်အလှူတော်မှ ပခုက္ကူပုံရိပ်များ

🙏🙏🙏        🙏🙏🙏        🙏🙏🙏

သစ္စာကမ်းလက် တစ်လ (၁၀၀၀၀) ကျပ် လစဥ် လှူဒါန်းကြသူများ ကွန်ရက် ရဲ့ လစဥ်လှူဒါန်းမြဲဖြစ်တဲ့ တောင်တန်းသာသနာပြုဆရာတော်တွေနဲ့ သံဃာတော်အရှင်သူမြတ် ခြောက်ပါး (ထပ်တိုးတစ်ပါး)နဲ့ သီလရှင်တစ်ပါး (စုစုပေါင်း ၇ ပါး) တို့ကို ၂၀၂၅ ရဲ့ ပထမဆုံး နှစ်သစ်လ အတွက် ၃၉ ကြိမ်မြောက် လစဥ်ပြုမြဲကုသိုလ် ၃၀၀၀၀ ကျပ်စီနဲ့ ပခုက္ကူက အလှူခံပုဂ္ဂိုလ်တွေဖြစ်တဲ့ ထပ်တိုးလေဖြတ်နေသူ တစ်ဦးအပါအဝင် သက်ကြီးရွယ်အို ၁၄ ဦး၊ ဒေါင်းဆင်ဒရုန်းအမျိုးသမီးငယ်တစ်ဦးနဲ့ ပိုလီယိုရောဂါသည် ၄ ဦးကိုလည်း ၃၉ ကြိမ်မြောက် တစ်ဦး ကျပ် ၂၅၀၀၀ စီ လှူဒါန်းပေးခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်က အသက် ၁၀၅ နှစ် အဘွားဒေါ်တင်မေကို ဆဋ္ဌမအကြိမ် ကျပ် ၅၀၀၀၀ လှူဒါန်းပေးခဲ့ပြီးပါပြီ။ ( ​ငွေထုတ်ခအပါအဝင် စုစုပေါင်း ၇၂၀၀၀၀)

ဒီပုံတွေကတော့ ပခုက္ကူက ဓမ္မာစရိယစာချဆရာတော်တစ်ပါးနဲ့ ကျန် ၁၉ ဦးပုံပါ။ အဖေက ပိုလီယိုကလေးတွေအတွက် လစဥ်မုန့်ဖိုးလှူပေးပါသေးတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်နဲ့ ဒီဇင်ဘာလထဲမှာ သစ္စာကမ်းလက် လစဥ်လှူပေးတဲ့အထဲက မအိဇာနဲ့ ဒေါ်ကြည်  ကွယ်လွန်သွားခဲ့လို့ သူတို့နှစ်ဦးအစား ပခုက္ကူ၊ ရွှေပြည်ဗိမာန်ကျောင်းတိုက်က ဓမ္မာစရိယတန်းစာချဆရာတော် အရှင်ပညာဓိက နဲ့ လေဖြတ်ပြီး ခက်ခဲနေသူ ဦးမြင့်ကျော် တို့ကို ထပ်တိုးရွေးချယ်ထားပြီး သူတို့ပုံ ထိပ်ဆုံးတင်ပေးထားပါတယ်။

သစ္စာကမ်းလက်အလှူရှင်နဲ့ အလှူခံများအားလုံး နှစ်သစ်ကစ ဘေးကင်းကျန်းမာ အလွန်လန်းဖြာ ချမ်းသာထီပေါက် နိဗ္ဗာန်ရောက်နိုင်ကြပါစေသော်ဝ်  🙏🙏🙏

ဖြိုးဝေ
သစ္စာကမ်းလက်
၇. ၁. ၂၀၂၅

ကျန်ပုံများ 👇👇👇

မောင်ဆူးလှည်း

04 Jan, 15:56


Facebook မကြာခဏ ဖျက်ချခံရသူတစ်ဦးအား ဇနီးလောင်းလျာနှင့် ကြည်နူးချမ်းမြစွာ ယွပိုးထိုးနေမှု တွေ့ရစဥ်

မောင်ဆူးလှည်း

02 Jan, 18:06


ဟိုးတလောက ကြာသပတေးက အနှစ် ၂၀ ကျော် စနေဂြိုဟ်စီးခဲ့တာဆိုလား အခုမှလွတ်တာဆိုပြီး ဖတ်မိလို့ ဪ အဲဲဒါကြောင့် ငါမွေးကတည်းက ကံဆိုးနေတာနေမှာ အခု လွတ်ပြီလို့ တွေးနေတုန်း

လာမယ့်မြန်မာနှစ်သစ်မှာ ဒုဌာန ဆိုက်ပြန်သတဲ့။ ဟောတဲ့ဗေဒင်ဆရာက သတိထားဖို့ နမူနာပြတဲ့ နာမည်ထဲ ဖြိုးဝေ လို့ ပါနေပြန်သေးတယ်

တော်သေးတယ် ကိုယ်တွေက ကျင့်သားရနေလို့ 😜😜😜😜

မောင်ဆူးလှည်း

01 Jan, 00:37


သစ္စာကမ်းလက် တစ်လ (၁၀၀၀၀) ကျပ် လစဥ် လှူဒါန်းကြသူများ ကွန်ရက် ရဲ့ ၃၉ ကြိမ်မြောက် လစဥ်အလှူတော်

🙏🙏🙏 🙏🙏🙏 🙏🙏🙏

သစ္စာကမ်းလက် တစ်လ (၁၀၀၀၀) ကျပ် လစဥ် လှူဒါန်းကြသူများ ကွန်ရက်ရဲ့ လစဥ်လှူဒါန်းမြဲဖြစ်တဲ့ တောင်တန်းသာသနာပြုဆရာတော်တွေနဲ့ သံဃာတော်အရှင်သူမြတ် ခြောက်ပါး (ထပ်တိုးတစ်ပါး)နဲ့ သီလရှင်တစ်ပါး (စုစုပေါင်း ၇ ပါး) တို့ကို ၂၀၂၅ ရဲ့ ပထမဆုံး နှစ်သစ်လ အတွက် ၃၉ ကြိမ်မြောက် လစဥ်ပြုမြဲကုသိုလ် ၃၀၀၀၀ ကျပ်စီနဲ့ ပခုက္ကူက အလှူခံပုဂ္ဂိုလ်တွေဖြစ်တဲ့ ထပ်တိုးလေဖြတ်နေသူ တစ်ဦးအပါအဝင် သက်ကြီးရွယ်အို ၁၄ ဦး၊ ဒေါင်းဆင်ဒရုန်းအမျိုးသမီးငယ်တစ်ဦးနဲ့ ပိုလီယိုရောဂါသည် ၄ ဦးကိုလည်း ၃၉ ကြိမ်မြောက် တစ်ဦး ကျပ် ၂၅၀၀၀ စီ လှူဒါန်းပေးခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်က အသက် ၁၀၅ နှစ် အဘွားဒေါ်တင်မေကို ဆဋ္ဌမအကြိမ် ကျပ် ၅၀၀၀၀ လှူဒါန်းပေးခဲ့ပြီးပါပြီ။ ( ​ငွေထုတ်ခအပါအဝင် စုစုပေါင်း ၇၂၀၀၀၀)

သစ္စာကမ်းလက်အလှူရှင်နဲ့ အလှူခံများအားလုံး နှစ်သစ်ကစ ဘေးကင်းကျန်းမာ အလွန်လန်းဖြာ ချမ်းသာထီပေါက် နိဗ္ဗာန်ရောက်နိုင်ကြပါစေသော်ဝ် 🙏🙏🙏

ဖြိုးဝေ
သစ္စာကမ်းလက်
၁. ၁. ၂၀၂၅

(ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်နဲ့ ဒီဇင်ဘာလထဲမှာ သစ္စာကမ်းလက် လစဥ်လှူပေးတဲ့အထဲက မအိဇာနဲ့ ဒေါ်ကြည် ကွယ်လွန်သွားခဲ့လို့ သူတို့နှစ်ဦးအစား ပခုက္ကူ၊ ရွှေပြည်ဗိမာန်ကျောင်းတိုက်က ဓမ္မာစရိယတန်းစာချဆရာတော် အရှင်ပညာဓိက နဲ့ လေဖြတ်ပြီး ခက်ခဲနေသူ ဦးမြင့်ကျော် တို့ကို ထပ်တိုးရွေးချယ်ထားပါတယ် ခင်ဗျ။ ပုံကတော့ ဦးမြင့်ကျော်ပုံပဲ ရသေးလို့ သူ့ပုံပဲ တင်ပေးလိုက်ပါတယ်)

မောင်ဆူးလှည်း

26 Dec, 15:12


မောင် မေ့နိုင်ဘူးကွယ့် ခင့်ကို
လတွေ နှစ်တွေ ပြောင်းလေပို

Fb က ရေပန်းစား သုံးရာသီ သီချင်းပါ။ ဟိုးလွန်ခဲ့တဲ့ နှစ် ၆၀ လောက်ကနေ ဒီနေ့အဆိုတော်တွေအထိ ဆိုကြတဲ့ သီချင်းကောင်းတစ်ပုဒ်ပေါ့။

ဦးအံ့ကြီးတို့လို ရှေးလူကြီးလေသံနဲ့ လူငယ်တွေ နားမစွဲမှာစိုးလို့ ကျွန်တော်ဆိုနေကြလေသံ ဂရေဟမ်နဲ့ တင်ပေးလိုက်ပါတယ်။

မူပိုင်ခွင့်က လွတ်တော့မယ် သုံးရာသီဟာ အဘကြောင့် တစ်ကျော့ပြန်ရေပန်းစားရတဲ့ မှတ်တမ်းလေး 😬😬😬😬

မောင်ဆူးလှည်း

25 Dec, 08:27


တော်လှန်ရေးအလှူငွေ အလွန်အကျွံခိုးမှူဖြင့် ချမ်းသာလာသော ပန်ဆယ်လိုက သိန်းထောင်သောင်းချီတန် အရက်ဆိုင်ထပ်ဖွင့်သည့် သတင်းကို ဖုံးလွှမ်းနိုင်ရန် ဖြူဖြူထွေးကို ထိုးချနေသည်ဟု NLD ဗဟိုသုတေသနအတွင်းရေးမှူး၏ ညီ ဖွင့်ချ

၂၅.၁၂. ၂၀၂၄
Written by မောင်ဆူးလှည်း

https://t.me/phyoeweiwin/3275

😜😜😜🤣

မောင်ဆူးလှည်း

25 Dec, 08:25


တော်လှန်ရေးအလှူငွေ အလွန်အကျွံခိုးမှူဖြင့် ချမ်းသာလာသော ပန်ဆယ်လိုက သိန်းထောင်သောင်းချီတန် အရက်ဆိုင်ထပ်ဖွင့်သည့် သတင်းကို ဖုံးလွှမ်းနိုင်ရန် ဖြူဖြူထွေးကို ထိုးချနေသည်ဟု NLD ဗဟိုသုတေသနအတွင်းရေးမှူး၏ ညီ ဖွင့်ချ

၂၅.၁၂. ၂၀၂၄
Written by မောင်ဆူးလှည်း

တော်လှန်ရေးအလှူငွေ အလွန်အကျွံခိုးမှူဖြင့် ချမ်းသာလာသော ပန်ဆယ်လိုက သိန်းထောင်သောင်းချီတန် အရက်ဆိုင်ထပ်ဖွင့်သည့် သတင်းကို ဖုံးလွှမ်းနိုင်ရန် ဖြူဖြူထွေးကို ထိုးချနေသည်ဟု NLD ဗဟိုသုတေသနအတွင်းရေးမှူး မျိုးရန်နောင်သိန်း၏ ညီဖြစ်သူ မျိုးထိုက်တန်သိန်းက ဖွင့်ဟလိုက်သည်။

အမေရိကန်နိုင်ငံသို့ ခြေလွတ်လက်လွတ် ထွက်ပြေးပြီး သုံးနှစ်အတွင်း PDF ထောက်ပို့လုပ်ရာမှ နေအိမ်ဝယ်ခြင်း၊ စတိုးဆိုင်ဖွင့်ခြင်း၊ မိသားစုဝင်အားလုံးခေါ်ယူပြီး ကုမ္ပဏီထောင်ခြင်းများပြုလုပ်နေသည့် ပန်ဆယ်လိုက PDF အတွက် ပြည်သူလှူသည့် တော်လှန်ရေးအလှူငွေများ ကိုယ်ကျိုးသုံးခိုးဝှက်နေသည်ဟု ဝေဖန်မှုအများအပြားရှိနေချိန်တွင် သူမ၏ ကြီးမားလှသည့်အရက်ဆိုင်ကြီးဖွင့်လှစ်မှုကို ဖုံးကွယ်ရန်ကြိုးပမ်းမှုအနေဖြင့် ဟောင်စုပရုတ်ဆီကြေညာသည့် ဖြူဖြူထွေးကို ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်သည်ဟု ထိုးချလိုက်ကြောင်းလည်း မျိုးထိုက်တန်သိန်းက ယူဆသည်။

ပန်ဆယ်လိုသည် သူခိုးမဖြစ်ပြီး ဖြူဖြူထွေးသည် Haosu Balm ကို ရိုးသားစွာကြော်ငြာခြင်းဖြစ်ကာ အမေစုကို တိုက်ခိုက်သည်မယူဆကြောင်း ပန်ဆယ်လိုက ခိုးထားသည့်အလှူငွေဖြင့် အရက်ဆိုင်ဖွင့်ခြင်းက တောမီးပမာပျံ့နှံလာ၍ လူထုကို အာရုံလွှဲကာ ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်တိုက်ပေးလိုက်ခြင်းဖြစ်ကြောင်းလည်း မျိုးထိုက်တန်သိန်းက ပြောသည်။

ထို့အတွက် အလှူငွေခိုးသူ ပန်ဆယ်လို၏ အရက်ဆိုင်ဖွင့်မှုကို ဖုံးကွယ်ပေးလိုသည့် မီဒီယာများနှင့် လော်ဘီများက ဖြူဖြူထွေးကို သတ်ရန် အပြင်းအထန်လှုံ့ဆော်နေသလို Black Hero UG PDF နှင့် Dark Shadow PDF ကလည်း ဖြူဖြူထွေးကို သတ်မည်ခြိမ်းခြောက်ထားသည်။

Black Hero UG PDF ခြိမ်းခြောက်မှု

https://t.me/MT_News_Media/51228?single

Dark Shadow PDF ခြိမ်းခြောက်မှု

https://t.me/MT_News_Media/51230

မောင်ဆူးလှည်း

19 Dec, 06:56


ထိုင်းရောက်ရင် သွားရမယ့် KTV ပဲ
(သွင်ပီးခနွင်း Thai KTV & Bar တဲ့)

ကြယ်စင်တို့ လမင်းတို့တောင် ခေတ်မကောင်းတော့
ထိုင်းပြေးပြီး မင်္ဂလာပါရှင်နဲ့ ဘတ်စျေးနဲ့အော်နေပြီ

အဲဒါကြောင့်လည်း ဘန်ကောက်ပို့စ်က
စစ်ပွဲတွေကြောင့် ဆရာဝန်နဲ့သူနာပြုတွေ
ပြည့်တန်ဆာဖြစ်ကုန်တယ် ရေးတာနေမှာ

ကိုယ်လည်း အဲ့ ကေတီဗီရောက်လို့ စော်ခေါ်ရင်

ညလေးက CDM ဆရာဝန်မလား သူနာပြုလား
အရင်မေးရမယ် 😁😁😁🤣

မောင်ဆူးလှည်း

18 Dec, 06:25


အကောင့်အသစ်လေးဖွင့်

ချက်ချင်းလော့ခ်ကျ

ID တွေ တောင်း

နောက်ဆုံးတော့ တစ်ကောင့်တော့ရလာပြန်ပါပြီ

ဒီကာလထဲ Page ကလည်း ၂၇ ကြိမ်

အကောင့်တွေကလည်း ၁၅ ကောင့်လောက် အဖျက်ခံရ

ဖုန်းတွေလည်း ခဏခဏဝယ်ရ လဲရနဲ့ တော်တော့ကို ဒုက္ခပေးတဲ့ FB နီပေါ Team ပဲ

https://www.facebook.com/profile.php?id=61570670930547&mibextid=ZbWKwL

မောင်ဆူးလှည်း

15 Dec, 18:32


၂၀၂၂ တုန်းက အကောင့်တစ်ခုက ကျွန်တော့် အကောင့်ပုံစံတုပပြီး ချန်နယ်တွေ လိုက်ဖွင့် ကျွန်တော့် Friend တွေကို လိုက်ဆဲပြီး နာမည်ဖျက်ခဲ့ဖူးတယ်။

ကျွန်တော့်မယ် တယ်လီဂရန် အဟက်ခံရတယ်ထင်ပြီး ဒုက္ခတွေရောက်။ အကောင့်တုကလည်း နာမည်ပြောင်းသမျှလိုက်ပြောင်း ကျွန်တော့်ပုံမှန်သမျှ ထပ်တူတင်ပြီး ကျွန်တော့်ဆီမန့်သမျှ လိုက်ဆဲတာကိုး။ အဲဒါကို အောက်ကလင့်ခ်မယ် ကြည့်လို့ရတယ်။

https://t.me/phyoeweiwin/1693

တစ်ချိန်တည်းမှာပဲ အကောင့်တုကို ကျွန်တော် ဝင်ကြည့်တယ်။ ပုံမှန်ဆို သိစရာမရှိပေမဲ့ အကောင့်တုက

"ချစ်သား ရာဟုလာ မုသားဆိုရင် ရယ်ဖွယ်အဖြစ်တောင် မပြောနဲ့၊ လိမ်ဝံ့တဲ့သူဟာ မလုပ်ရဲသော အကုသိုလ်ဟူ၍မရှိ၊" လို့ တင်ထားတယ်။

အဲဒီမှာ ကျွန်တော့်အကောင့်တု နာမည်ဖျက်သူက ဘယ်သူလဲ ဆိုတာ အနီးစပ်ဆုံးသိလိုက်တယ်။

ပိုဆိုးတာက အဲဒီကာလမှာ ကျွန်တော့်ကိုငွေကြေးနဲ့ပတ်သက်ပြီး ပုံစံမျိုးစုံနဲ့ နာမည်ဖျက် သိက္ခာချ တိုက်ခိုက်ခံနေရတဲ့ကာလ။ အဲဒါကြောင့်လည်း ကျွန်တော်က ရိုးသားသန့်စင်တဲ့အလှူပါ တိုက်ခိုက်ခံရတာတွေ ရပ်နိုင်ဖို့သစ္စာကမ်းလက် က အလှူခံတာရပ် ကျွန်တော့်ပရဟိတကို လှူလို့ရတဲ့ နံပါတ်တွေ အခုထိ မတင်ဘဲ ဘရိတ်လိုက်တာ။

အခုတော့ အကောင့်တုလုပ်သူလည်း ထောင်ထဲ ရောက်နေပါပြီ။ အမှုကလည်း ကြီးတော့ နောက် အနှစ် ၂၀ လောက်မှ ထွက်ရတော့မှာပါ။ ဒါပေမဲ့ သူ့ခိုင်းတဲ့ အကောင့်တုကတော့ လွတ်နေတုန်းပဲရယ်.... သူက ခေါင်းဆောင်ဖြစ်ပေမဲ့ ကျွန်တော့်အကောင့်တုလုပ်တဲ့သူကို ခိုင်းချိန်နဲ့  ဒီကာလမယ် အမှုတွဲ လွတ်သွားပုံပဲ....

ဘာရယ်မဟုတ်ပါဘူး ဖြိုးဝေ လို သူတော်ကောင်း ကို မတရားလုပ်တဲ့သူမှန်သမျှက ထောင်ကျ မြောင်းထဲက မတက်ရဘူးဆိုတာနဲ့ ခွေးဆက်ဖြစ်ရတယ်ဆိုတာ ပြန်လာပြတာ...  အားနေလို့

မောင်ဆူးလှည်း

14 Dec, 16:43


ကိုယ့်အိမ် ကိုယ့်ယာမှာ ပူဇော်ချင်တဲ့ ဘုရားစင်က တိမ်ပြာကောင်းကင်ထဲကနေ ဘုရားရှင် မြေပြင်ကြွလာတဲ့နတ်ဘုံနတ်နန်းလို ပူဇော်ချင်တာ။

အိမ်ပိုင်ယာပိုင်မရှိသေးလို့ ငှားနေရချိန် ပြန်ချင်မှလည်း ပြန်ဖြစ်တဲ့တိုက်ခန်းမှာတော့ ကျွန်းနက်၊ ဒါမှမဟုတ် ကျောက်စိမ်းဆင်းတုနဲ့ ပူဇော်ချင်တာ။ စျေးတွေကလည်း သိန်းဆယ်ချီသုံးရမှာဆိုတော့ လတ်တလောတော့ မတတ်နိုင်သေးလို့ လေးလက်မ၊ ငါးလက်မထဲကပဲ ကျောက်စိမ်းဆင်းတုအသေးရယ်၊ ကျွန်းနက်ရုပ်ပွားတော်ရယ် ဝယ်ပူဇော်ထားတယ်။ နောက်ခံကတော့ အေးချမ်းအောင်မြင် ရုပ်ပွားတော်ပေါ့။

ခက်ခဲလှတဲ့ ဘဝကြီးမှာ လူတွေကို ကူညီလာမိပြီးနောက်ပိုင်းမှာ အလိုဆန္ဒတွေထဲက ပြင်းပြင်းပြပြ လိုအပ်တာတွေရဲ့ ချွေးရိပ်ဆာယာ ဘုရားစင်လေး။ ကျွန်တော် ပြန်မလာဘဲ တခြားအိပ်တောင် အောင်သပြေလေးက အညွန့်ထွက်ပြီး ပန်းလေးတွေက လန်းလို့။

ဘာရယ်မဟုတ်ပါဘူး။ အိမ်ကို ပြန်တုန်းက ဘုရားပန်းလဲချိန် ရိုက်ထားတဲ့ ဘုရားစင်က ပန်းနဲ့ ကြားထဲမပြန်ဘဲ အခုမှပြန်ရောက်တဲ့ ဘုရားစင်က နာရီ ၅၀ ကျော်အတွင်း ညှိုးခြောက် နံစော် နေမယ်ထင်တာကို မညှိုးမခြောက်တဲ့အပြင် မွှေးသန့်လို့ သပြေကလည်း ရွက်ညွန့်သစ်နဲ့ ပန်းကလည်း အစွမ်းကုန်လန်းဝံ့နေတာ သဘောကျလို့ 💙💙💙💙

မောင်ဆူးလှည်း

14 Dec, 09:44


KIA က ဗမာလူငယ်တွေကို တပ်ထဲစုပြီး အသေခံစစ်တိုက်ခိုင်း နယ်မြေသိမ်းတယ်။

ခြေပြတ်လက်ပြတ်ဖြစ်သွားရင် ခြေတုလက်တုတောင် တပ်မပေးဘဲ ခွေးတစ်ကောင်လို ကန်ထုတ်တယ်။

အခုလည်း KIA ထဲကကောင် ထက်ဝေလျံဖြိုးက ဒရုန်းထိပြီး ခြေနှစ်ဖက်ပြတ်သွားတာ ခြေတုတပ်မပေးဘဲ ကန်ထုတ်လိုက်လို့ Group ထဲအလှူခံနေတာ။ EAO ဆိုတဲ့ကောင်မှန်သမျှ အဲဒီစောက်ချိုးချည်းပဲ။ TNLA ရော MNDAA ရော ဗမာ PDF တွေ အသေခံတိုက်ခိုက်ပြီး မြေရတော့ ခွေးလိုမောင်းထုတ်တယ်။

ကိုယ့် ပရဟိတက မသန်စွမ်းတွေများစွာ ဝှီးချဲတွေ ချိုင်းထောက်တွေ ခြေတုတွေ လှူဖူးပေမယ့် ကိုယ်ကတော့ ဒါမျိုး အဆိပ်ပင်ရေမလောင်းဘူး။

အခုလည်း ခြေတု လှူဖို့ သနားဖို့ပြောတာမဟုတ်ဘူး။ EAO ဆိုတဲ့ကောင်တွေ PDF တွေကို လိင်ဆက်ဆံဖို့၊ ကျွန်လိုအသုံးချဖို့ဆိုတာကိုပဲ လာ သက်သေပြတာ။

မောင်ဆူးလှည်း

11 Dec, 11:44


Facebook က ခွေးသူတောင်းစားတွေ သူတို့ပထွေး ငါ့အကောင့် ရှာတွေ့သွားပြီ ထင်တယ်။

အကောင့်ဖျက်အချခံလိုက်ရပြန်ပြီ 😏😏😏😏

မောင်ဆူးလှည်း

11 Dec, 07:25


သစ္စာကမ်းလက် တစ်လ (၁၀၀၀၀) ကျပ် လစဥ် လှူဒါန်းကြသူများ ကွန်ရက် က ပထမဆုံး ခြေတုလှူပေးထားတဲ့ ဆယ်တန်းကျောင်းသား မောင်သန်းထူးအောင်။

လူကောင်ထွားပြီး အားကစားလုပ်ချင်တယ်ဆိုလို့ မနှစ်က ခြေတုအတွက် ၁၂ သိန်းနဲ့ နွမ်းပါးတဲ့သူတို့မိသားစုလိုရာသုံးလို့ရအောင် ခြေတုဆီ တောက်လျှောက်သွား လေ့ကျင့်ရတာမို့လို့ အထောက်အပံ့တစ်ခုခုရအောင် ၃ သိန်းလှူပေးထားရင်း မသန်စွမ်းအားကစားအဖွဲ့နဲ့ ချိတ်ဆက်ပေးမယ်လို့ ကတိပေးထားတာ။

အခုတော့ အချိတ်အဆက်ရပြီ။ ကျန်တာကတော့ ကလေးရဲ့ကံပဲ။ ကိုယ့်ဘက်က အခုလောလောဆယ်လုပ်ပေးနိုင်တာကတော့ အားကစားအဖွဲ့နဲ့ ချိတ်ပေးတာ၊ သူတို့မိသားစုအတွက် မုန့်ဖိုး ၁ သိန်း (၅၀၀၀ က လှူပေးတဲ့သူ သွားလာဖို့နဲ့ ငွေထုတ်ခပါ။ သူ့အိမ်က သီလဝါအစွန်ကျူးမှာဆိုတော့ အရမ်းဝေးလို့) ပေးတာနဲ့

အားကစားမှာ တစ်ခုခုထူးချွန်နေပြီး နိုင်ငံတော်အဆင့်အထိ တက်လှမ်းနိုင်ပါစေလို့ပဲ ဆုတောင်းပေးတာပဲ လုပ်နိုင်တော့တယ်။

နိုင်ငံ့ဂုဏ်ဆောင်မသန်စွမ်းအားကစားသမားဘဝ တက်လှမ်းပြီး ပိုမြင့်တဲ့ဘဝဆီ သွားနိုင်ပါစေ ညီလေးရေ 💙

မောင်ဆူးလှည်း

10 Dec, 14:53


မနက်က အိပ်ရာနိုးနိုးချင်း ၂ ဖွဲ့ လာတောင်းတယ်။ Merry Chritmas ဘာညာနဲ့ ။ ဂစ်တာလည်း တဒေါင်ဒေါင်တီးလို့။ လူက ဝေါကလာတဲ့ ထန်းရည်အစစ်ဆိုပြီး သောက်မိတာ ဘီအီးတွေ ရောပြီး ဝမ်းပါချုပ်သွားလို့ ကြောင်ပျောက်နေချိန် AFC က စစ်ပွဲလေးနိုင်ငံ သတင်းရေးနေချိန် တစ်ယောက်တည်း Naked မို့ အိပ်ရာထဲပေကပ်ပြီး ခွေခေါက်နေတာကို မထွက်သွားဘူး။

တဒေါင်ဒေါင်နဲ့ ဆုတွေတောင်းနေတာကို မခံနိုင်တဲ့အဆုံး ယေရှုခေါ်သွားပါစေ ဆုတောင်းပြီးပဲ ၁၀၀၀ စီ ထွက်ပေးလိုက်ရတယ်။

ဗုဒ္ဓဘာသာက လော်စပီကာသံကို ဗုဒ္ဓဘာသာဝင်တွေလည်း မနှစ်ခြိုက်လို့ ထောက်ပြနေကြပေမဲ့ အစ္စလာမ္မစ် Lalhlee ပွဲတို့ ဒီဇင်ဘာ တစ်လလုံး ဂစ်တာတီးတောင်းတာတို့ကြတော့ ဘယ်သူမှ မပြောဘူးနော်

ကိုယ်တော့ အိမ်မှာ လူသွားလူလာများချိန် ၅ နာရီလောက်လေး ရှိမိတာကို ယေရှု ကောင်းချီးပေးတာနဲ့ ၅၀၀၀ ထွက်သွားတယ်။

မပေးလို့လည်း ထွက်မသွား၊ မပေးချင်လည်းမရတော့ Tapper နှစ်ဘူးခွဲစာ ပါသွားတာပေါ့။

နားညီးလို့ ပေးရတဲ့ ဒီဘီယာဘူးတွေများစွာအတွက်
ပုပ်ရဟန်းမင်းကြီး ပြန်ပေးတော်မူပါ - ယေရှုကလည်း ဂစ်တာတီး တောင်းတာ မသင့်တော်ဘူး ပြောပြီး လူတွေကလည်း ရှုတ်ချပေးကြပါဦး

မောင်ဆူးလှည်း

06 Dec, 06:58


ဒေါနစစ်ကြောင်းက ယုယဆိုတဲ့ PDF က စင်ကာပူမှာနေတဲ့ တောင်ကြီးတရုတ်မလေးကို သူ့မွေးနေ့မှာ ပတတ်တွေကို ပြုစုချင််လို့ဆိုပြီး သိန်း ၃၀ ကျော် ချူပြီး မဲဆောက် KTV မှာ ဖာတွေနဲ့ကရင်း မူးရူးဆေးကွဲနေလို့ စော်က ပေါက်ကွဲနေတာ

တော်လှန်ရေး WY တွေနဲ့ ချူစားသုံးတဲ့ ဆက်ကြေးအကောက်မှာ ကျဆုံးသော ဪ ပုတတ်ဓားပြတို့ရေ 😜😜😜😜

တောင်ကြီးသူမ ပို့စ်

https://www.facebook.com/share/p/1DnvK8NvuM/

https://www.facebook.com/share/p/15jVHhCMTc/

ချူစားတဲ့ ဒေါနကော်လံက ယုယအကောင့်

https://www.facebook.com/yng.hero?mibextid=ZbWKwL


စာရေးရင်း ခေါင်းရှုပ်လို့ အတင်းတုပ်တာပါ 😜😜 မဖတ်ချင် ကျော်သွားနော် 🤣🤣

Edited မူးရူးကွဲရင်း ကနေတဲ့ ရုပ်သံဖိုင် 👇👇👇

မောင်ဆူးလှည်း

05 Dec, 05:46


ညီမင်းခန့်အဖေနဲ့ အမေက မနေ့က ဖုန်းဆက်တယ်။ ကလေးရဲ့ မျက်စိကင်ဆာ ခွဲစိတ်ပြီးလို့ ပြန်သွားပြီတဲ့။

ဆရာဝန်ကတော့ နောက်တစ်လနေရင် ပြန်လာပြဖို့မှာတယ်။

ပုံကတော့ မနေ့က ခွဲပြီးစပုံတွေတောင်းတာ မပို့ပေးသေးလို့ ညီတော်မောင်က သိန်း ၃၀ အလှူခံရတုန်းက သူ့မိဘတွေဆီ လှူတုန်းက ပို့တဲ့ပုံပဲ တင်ပေးလိုက်ပါတယ်။

သစ္စာကမ်းလက်က ၂၃ သိန်းနဲ့ ညီက သိန်း ၃၀ ဆိုတော့ ၅၃ သိန်းရသွားပြီး မန္တလေးမှာ တစ်လနီးနီး နေရ၊ ကုသရတဲ့ စရိတ် အဆင်ပြေသွားလို့ ညီမင်းခန့်အဖေနဲ့ အမေက အလှူရှင်တွေကို ကျေးဇူးတင်ပါတယ် လို့ ပြောပေးပါတဲ့။

သစ္စာကမ်းလက်အလှူရှင်တွေရဲ့ စေတနာ၊ မေတ္တာတွေကြောင့် မောင်ညီမင်းခန့်တစ်ယောက် မျက်စိကင်ဆာ အမြစ်ပြတ်ပျောက်ပါစေ။

သစ္စာကမ်းလက်အလှူရှင်တွေနဲ့ လှူဒါန်းပေးသူအားလုံးလည်း အနာမဲ့သူ ရှင်ဗာကူ (အရှင်ဗာကုလ) လို ဘေသဇ္ဇဒါနကုသိုလ်တွေ မတောင်းတဘဲ ပြည့်ကြပါစေ 🙏🙏🙏

မောင်ဆူးလှည်း

03 Dec, 14:41


Fri ငါတို့ NUG ၊ PDF တွေရော AA၊ MNDAA၊ TNLA ချင်းနဲ့ ကယားတွေက မြို့ ၉၀ လောက် သိမ်းထားပြီကွ။ ငါတို့နိုင်နေပြီ။

Me ဟ မင်းတို့ တစ်ကမ္ဘာလုံးလှူနေတယ် ထောက်ခံတယ်ဆိုတဲ့၊ တစ်နိုင်ငံလုံးကလည်းထောက်ခံတယ်ဆိုတဲ့ တော်လှန်ရေးလေးနှစ်က မြန်မာပြည်က မြို့တွေရဲ့ ၁၀ ရာခိုင်နှုန်းလောက်ပဲ သိမ်းနိုင်သေးတာကို ဂုဏ်ယူနေတာလား။

Fri ဘာ ဆယ်ရာခိုင်နှုန်းလောက်လဲ။ မြို့ပေါင်း ၃၃၀ က ၉၀ လောက်ကွ။ ၃၀ ရာခိုင်နှုန်းလောက် သိမ်းထားတာ။

Me ဟမ် မြန်မာပြည်မှာ မြို့ပေါင်း ၃၃၀ တည်းရှိတာမဟုတ်ဘူးလေ။ မြို့က ၈၀၀ ကျော်ရှိတာ။ ၃၃၀ ဆိုတာက မြို့နယ်။ မြို့နယ်တစ်ခုအောက်မှာ မြို့ သုံးလေးငါးမြို့ရှိတာ။ မင်းပြောနေတဲ့ မင်းတို့သိမ်းထားတယ်ဆိုတဲ့မြို့က တချို့မြို့တွေဆို ရဲစခန်းတောင်မရှိဘဲ ရဲကင်းစခန်းလောက်၊ ရွာကြီးလို့ မြို့ဖြစ်နေတာလောက်တွေပါ ပါတယ်လေ။ အဲဒါမသိဘူးလား။

Fri NUG တောင် ၆၀ ရာခိုင်နှုန်းထိန်းချုပ်ထားပြီပြောထားတာ မင်းမသိဘူးလား။

Me ထိန်းချုပ်တယ်ဆိုတာက ရန်ကုန်ကို ဘယ်ကောင်မှ လာမထိန်းရဲဘဲ တပ်က အစိုးရက ထိန်းထားတာမျိုးကွာ။ အခု လားရှိုးတို့ ရခိုင်တို့ တပ်က တည်နေရာရတာနဲ့ ပစ်နေတာ ဗုံးကြဲနေတာမျိုးမို့ ဘယ်သူမှမနေရဲတာမျိုး မဟုတ်ရဘူး။ နောက်ဆုံးကွာ။ "ဝ"ဆို တရုတ်၊ တိုင်းရင်းသား၊ အစိုးရကြားမှာ Adjust လုပ်ထားပြီး အစိုးရကွပ်ကဲမှုအောက်နေပြီး ဘယ်သူမှမထိရဲဘူး။ သူတို့ကိုယ်တိုင်လည်း သူတို့ရပ်တည်မှုကို Adjust လုပ်ထားတယ်။ ဒီလိုမျိုးမှ ထိန်းချုပ်တယ် ခေါ်တာ။ ဥပမာ ရန်ကုန်ကို အစိုးရက ထိန်းထားတာကို တစ်လတစ်ခါလောက် မိုင်းလာခွဲပြီး မတည်ငြိမ်ဘူးဆိုပြီးဖြစ်အောင် ပြောတာမျိုး မင်းတို့ပြောနေတယ်ဆို မင်းတို့သိမ်းထားတယ်ဆိုတဲ့နေရာတွေ မင်းတို့လူတွေကလွဲ ဘယ်သူမှမနေရဲ၊ မင်းတို့ကိုယ်တိုင်လည်း ဒေသခံတွေ မထွက်အောင် ပြည်သူကို Human Shield လုပ်ပြီး လာတိုက်လို့ ထိတာနဲ့ ငိုပြအလှူခံတာမျိုးဆို ပိုမတည်ငြိမ်ဘူး။ မထိန်းချုပ်နိုင်ဘူး ပြောရမှာ။ မင်းတို့ နုဂျီ၊ EAO နဲ့ ပတတ်တွေက လူသားစားတယ်ဆိုတဲ့ "ဝ"တွေလောက်တောင် အသိဉာဏ် တက်မလာဘူး။ ထိန်းချုပ်တယ်ဆိုတာကို သိတဲ့ဦးနှောက် ပါမလာဘူး။ အဲဒီလို ဦးနှောက်မပါတဲ့ ကောင်တွေ ကိုးကွယ်နေတဲ့ မင်းတို့ ပိုဆိုး။

Fri ဟာ မင်းပြောသလောက်လည်း မဆိုးပါဘူးဟ။ သူတို့လည်း ထိန်းထားတာတွေ ရှိပါတယ်။

Me အေး ထိန်းထားတယ်ဆိုတာထက် သိမ်းထားတယ်ပဲပြော။ သိမ်းတာထက် ထိန်းတာခက်တယ်။ ပတတ်တွေ မထိန်းနိုင်လို့ ကောလင်းတို့ ပုလဲတို့ ချက်ချင်းပြန်ပေးရတယ်မို့လား။ ထိန်းထားတာတွေကတော့ တကယ်ရှိတယ်။ ဒါပေမဲ့ နယ်မြေမစိုးမိုးနိုင်၊ တည်ငြိမ်မှုမလုပ်နိုင်၊ လူထုပုံမှန်ရှင်သန်မှုမလည်ပတ်နိုင်၊ ပတတ်နဲ့ LPDF နဲ့ ချ၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အမြစ်ဖြုတ်နေရင်း တပ်လာရင် ပတ်ပြေး၊ ဗုံးကြဲတော့ ငိုပြပြီး အလှူခံ။ အဲလိုအချိုးနဲ့ ထိန်းချုပ်နိုင်တယ်ဆိုတာက နုဂျီကကောင်တွေ ပြည်ပမှာ ဇိမ်ခံနေရင်း မင်းတို့လိုငတုံးတွေဆီက အလှူခံရအောင် လားစီးရင်း လိမ်ပြောရင်း မင်းတို့လှူတာ ရှယ်ယာခွဲယူရင်း ပြောနေတာ။ ငါပြောတာ နားလည်လား။ အဲဒါတွေက ထိန်းထားတာမဟုတ်ဘဲ နယ်မြေလုလို့ခဏလေးသိမ်းလို့ရထားတာ။ တစ်ချိန် ပြန်ပါမှာပဲ။

Fri အေး ဟုတ်တယ်။ ငါတို့လှူတဲ့ငွေတွေက သူတို့ရှယ်ယာခွဲနေတာလို့ တရားဝင်ပို့စ်တင်ထားတယ်။ ၅ ရာခိုင်နှုန်းဆိုလားပဲ ပြန်ပေးမှာတဲ့။ အဲဒီ ငါတို့လှူတဲ့ ဝယ်တဲ့ငွေတွေ ဘာလို့ ရှယ်ယာပြန်ပေးနေတာတုန်းဟ။ အခုသူတို့က ပေါ်တင်လုပ်စားနေတာ။

Me အေး NUG က သူတို့လုပ်တဲ့ရောင်းတဲ့ဟာမှန်သမျှကို Percentage နဲ့ပေးတာ မင်းတို့ နွေရူးတော်လှန်ရေးဆိုပြီးအော်ကတည်းက။ ဒီလိုပေးမှ လူတွေက သူတို့ထောက်ခံ ဝယ်နေကြတယ်ထင်မှာ။ အဲဒီမှာမှ နာမည်ရ အလှူငွေရတဲ့ကောင်မဆိုတစ်မျိုး၊ သာမန်လူဆိုတစ်ဖုံ ရောင်းရငွေ ရာခိုင်နှုန်းပေး၊ သူတို့လည်း ထိုင်စားနဲ့ မင်းတို့ယုံကြည်မှုကို လိမ်အလှူခံနေတာ။ အခု သူတို့ပေးစားထားသူတွေက ရငွေလွှဲငွေ ကွာနေချိန် သူခိုးလို့အပြောခံရတော့မှ အဲဒီလူတွေ သူခိုးလို့အပြောမခံရအောင် Percentage ပေးရတယ်ဆိုတာ တစ်ဖက်လှည့်နဲ့ ချပြတာ။ ထောက်ပို့တွေကလည်း ငွေအလကားနေရင်းရလို့ လုပ်နေတဲ့ ကိုယ်ကျိုးရှာသမားတွေကွ။ နုဂျီကလည်း ဒီလိုကိုယ်ကျိုးရှာတာ အတိအကျမစစ်နိုင်တော့ ထောက်ပို့တွေ အလှူခံတယ်လို့ ရသမျှအပေါ် ပြန် Percentage ပေးရတော့ မင်းတို့လို နွေဦးတော်လှန်ရေးလှူသူတွေက မိဖာ အကြွေးလိုးခံရသလိုပေါ့။ ပန်ဆယ်လိုကို မင်းတို့က ဒေါ်လာ ၁ သန်းလှူတယ်။ ပန်ဆယ်လိုက နုဂျီကို ဒေါ်လာ ၅ သိန်းပဲ စာရင်းပြတယ်။ အဲဒီမှာ ပန်ဆယ်လိုက ဒေါ်လာ ၅ သိန်းခိုးတာ နုဂျီက မစစ်နိုင်တဲ့အပြင် 20 Percent အတွက် ဒေါ်လာ ၁ သိန်းကို ခွဲပေးရတယ်။ အဲဒီ ကျန်တဲ့ဒေါ်လာ ၄ သိန်းကလည်း နုဂျီဝန်ကြီးအဆင့်ဆင့် ဘဝရပ်တည်ဖို့ သုံးပြီးမှ PDF တွေဆီ ဒေါ်လာ တစ်သိန်းလောက်ပဲရောက်တယ်။ ဒေါ်လာတစ်သိန်းဆိုလည်း PDF / ၄၊ ၅ ဆယ် တစ်ဖွဲ့မှ တစ်လ သုံးသိန်းလောက်။ အဲဒီမှာ ဘယ်ကမှ ဝင်ငွေမရ၊ အဖွဲ့ ရာထောင်ချီနေလို့ အလှူငွေလည်းကျလာတဲ့ သန်သန်မာမာလူငယ်တွေ လက်နက်ကိုင်နေတဲ့ PDF တွေ LPDF တွေက စားဖို့နေဖို့ ဝါးတားဂိတ်ဖွင့်၊ ဆက်ကြေးကောက်နေရင်း အရသာတွေ့ကုန်တော့တာပဲ။ အဲဒီမှာ မင်းတို့တော်လှန်ရေးက စော်ဖန်ကွေးရင်း 👇👇👇

မောင်ဆူးလှည်း

03 Dec, 13:30


ရေးဘီလူး ကိုယ်တိုင် လူတစ်ယောက်ကို ခေါင်းဖြတ်သတ်နေတာကြည့်ပြီး ခေါင်းတော်တော်မူးသွားပြီး အန်ပါအန်ချင်သွားတယ်။

https://t.me/MT_News_Media/49710

ဒီလပိုင်းတွေထဲ သတိထားမိတာတစ်ခုက Google နဲ့ Facebook မှာ PDF တွေ သတ်ဖြတ်မှုတွေ အကုန်လုံးလိုလို ရှာမတွေ့တော့ဘဲ AI တွေ Algorithym အရကို ဖျောက်ဖျက်ပေးနေသလိုမျိုး တွေ့မြင်ရတယ်။

၈၈၈၈ တုန်းကလိုပဲ တစ်ချိန်ကျရင် ဆန္ဒပြသူအချင်းချင်းသတ်တာ၊ ပါဂျောင်လူသတ်မှုတွေက ဟုတ်လို့လားဆိုတာမျိုးဖြစ်လာပြီး နောက် အနှစ် ၂၀ လောက်ကျရင်လည်း PDF တွေ ဒီလိုရက်ရက်စက်စက် သတ်ဖြတ်မှုပေါင်းများစွာက

ပျောက်ပျက်သွားပြီး

တပ်က အာဏာသိမ်းလို့ ဒီလိုတွေ ရက်စက်ခဲ့လို့ဆိုတာကပဲ Facebook နဲ့ Google မှာ Digital Footprint ကျန်တော့မယ့်သဘောထင်တယ်။

မောင်ဆူးလှည်း

02 Dec, 13:53


ပခုက္ကူက စခဲ့တဲ့ ၂၀၀၇ ရွှေဝါရောင်အရေးအခင်းကာလအစ ကျွန်တော်က ပခုက္ကူကွန်ပျုတာတက္ကသိုလ်မှာ လူဆိုးတွေဗျ။ စာမေးပွဲမဖြေခင်ကလည်း တပ်နဲ့ရဲ စောင့်တဲ့၊ အနောက် တပ်မ (၁၀၁) နဲ့ ခလရ၂၅၉ ဂိတ်နားက ဝါးတားဂိတ် ဝင်ရိုက်ထားသေးတာ။ ကျွန်တော်တို့ဝင်ရိုက်တာကလည်း အဲဒီတုန်းက ပြည်ပမီဒီယာတစ်ခုမှာ ပါပြီးတော့ ပွဲဆူသွားသေးတာ။

ပခုက္ကူကွန်ပျုတာတက္ကသိုလ်က ကလေးတွေ ရန်ဖြစ်လို့၊ မူးရူးနေလို့ဆိုပြီး သတင်းတက်လာရင် ကျွန်တော်တို့အုပ်စုပဲ။ သူများ မချရရင် ကိုယ့်အချင်းချင်း ပြန်ထိုးနေကြတာ 😜😜😜😜

ရွှေဝါရောင်အရေးအခင်းစတော့ ကျွန်တော်က ဒုတိယနှစ်။ Second Semester ကိုမှ မေဂျာနေ့စဖြေနေချိန်။ ရီးယားအလိုက် မနက်နဲ့ နေ့လယ် အချိန်ခွဲတော့ ကျွန်တော်တို့က တစ်နာရီကနေ လေးနာရီအထိ ဖြေနေရတော့ မြို့ထဲမှာ ဆန္ဒပြ၊ ဘုန်းကြီးတွေ ဓာတ်တိုင် ကြိုးတုပ်အရိုက်ခံနေရတယ်ဆိုတာကို စာမေးပွဲခန်းထဲရောက်နေတော့ မသိဘူး။ ဒါပေမဲ့ အခြေအနေထူးခြားနေတယ်ဆိုတာတော့ သိတယ်။ ဘာလို့လဲဆိုတော့ ခါတိုင်း မိုင်နာနေ့မှာ ကော်ပီတွေ သေအောင်ဖမ်းတဲ့ ကျောင်းအုပ်နဲ့ ဆရာမတွေက မေဂျာနေ့ကြမှ လုံးဝမဖမ်း၊ ကျောင်းအုပ်ကြီးကလည်း တစ်ခုခုပူပန်နေတဲ့ရုပ်နဲ့ ဆရာမတွေခေါ်ပြီး ကျောင်းသားတွေ ကော်ပီကူးလည်း မဖမ်းဖို့၊ အုပ်စုလိုက်မပြန်ဖို့နဲ့ တစ်ယောက်ပြီးတာနဲ့ ကန်တင်းမှာ အဖော်ထိုင်မစောင့်ဘဲ တန်းပြန်ခိုင်းဖို့မှာနေတာ။ ကျွန်တော်က စာမေးပွဲဖြေနေပေမဲ့ အခန်းဘေးတင်ဆိုတော့ ကြားနေရတာ။ သိပ်မကြာဘူး ကျွန်တော်လည်း ဖြေပြီးလို့အပြင်ထွက်ရော ကျွန်တော်တို့ လူဆိုးအုပ်စုထိုင်စောင့်နေတဲ့ ကျောင်းအုပ်က ချက်ချင်းလာပြီး ပြန်ခိုင်းတော့တာပဲ။ ဒါပေမဲ့ မရပါဘူး။ ကျွန်တော်တို့က သုံးယောက်တစ်စီးဆိုတော့ တစ်ယောက်စောင့်၊ တစ်ယောက်စောင့်နဲ့ အကုန် စုံမှ ပြန်ကြတာ။

မြို့ထဲရောက်တော့ သီဟိုဋ္ဌ်ရှင်အဝင်နားမှာတင် ပေါက်လမ်း(မြို့မလမ်း) ပိတ်ထားတာ။ အရှေ့တိုက်က သံဃာတော်တွေ တန်းစီကြွ၊ ဆန္ဒပြချိန် အလက(၃) ရှေ့မှာ ဖမ်းပြီး အရိုက်ခံရတာကိုး။ ဖမ်းကြတာကတော့ အဲဒီအချိန်က စွမ်းအားရှင်တွေလို့ ပြောရမလားမသိ။ ထိုးတာကတော့ နှစ်တစ်ခင်မောင်ဝင်းဆိုတဲ့ လူမိုက်။ အိမ်ရောက်မှ အရေးအခင်းစတယ်ဆိုတာသိတာ။ ဖြစ်ချင်တော့ အဲဒီရွှေဝါရောင်အရေးအခင်းကာလမှာ မြို့ပေါ်က တက္ကသိုလ်တွေ၊ ကောလိပ်တွေ Private Study နဲ့ အကုန်ပိတ်ထားတာ။ ကျွန်တော်တို့ ကွန်ပျုတာ တစ်ကျောင်းပဲ စာမေးပွဲဖြေနေတာ။ အဲဒီမှာ ကွန်ပျူတာတက္ကသိုလ်စာမေးပွဲရွှေ့မယ်ဆိုတဲ့ အသံတွေလည်းထွက်လာ။ မြို့ပေါ်မှာလည်း လူတွေကလည်း တုန်လှုပ်ခြောက်ခြားလို့။ အရှေ့တိုက်နဲ့ ဘုန်းကြီးကျောင်းတွေကို တပ်ကပိတ်ထားပြီး နေရာအနှံ့မှာ စစ်သားတွေစောင့်လို့။ ကျွန်တော်ကလည်း မသွားရဘူးဆိုတဲ့မြို့ပေါ်မှာ စက်ဘီးတစ်စီးနဲ့ ပတ်ကြည့်တာပဲ။ ကိုယ့်မြို့ကိုယ်ဆိုတော့ သူတို့ဟိုထိပ်ကပိတ်ရင် ကျွန်တော်က ဒီဘေးကဖြတ်ပဲ။

နောက်နေ့မနက်ကြတော့ ကျွန်တော်တို့ စာမေးပွဲဖြေဖို့ကျောင်းသွားကြတယ်။ အဲဒီမှာ အိမ်ကထွက်ကာစရှိသေးတယ်။ အလယ်တိုက်က ပေါက်ကွဲသံတွေ မီးခိုးလုံးတွေ တက်လာတယ်။ ကျွန်တော်တို့က ဆိုင်ကယ်နဲ့ကိုး။ အဲဒါနဲ့ အဲဒီမီးခိုးလုံးနေရာကို ကျွန်တော်တို့သွားတော့ လမ်းမမှာ စစ်ကားပိတ်ထားတယ်။ ယူနီဖောင်းတွေနဲ့ ကျွန်တော်တို့ကို စာမေးပွဲသွားဖြေမယ့် ကွန်ပျုတာတက္ကသိုလ်က ကလေးတွေမှန်းသိတယ်။ အဝင်မခံဘူး။ ဒါပေမဲ့ ပတ်သွားလို့ရတဲ့လမ်းတွေ အများကြီးကိုး။ ကျွန်တော်တို့ ပတ်သွားတယ်။ ဆိုင်ကယ်နဲ့ဆိုတော့ နှစ်မိနစ်လောက်ရောက်သွားပြီး မြို့နယ်မှူးရဲကားကို ဘုန်းကြီးတွေ တွန်းလှန်ပြီး မီးရှို့တဲ့နေရာရောက်သွားတယ်။ မီးရှို့တာက နှစ်စီးထင်တယ်။ ကျွန်တော်တို့က ဇုန်ထုတ် ရဲဂျစ်ကားကို မီးရှို့ဖို့ ဝိုင်းလှန်နေချိန်ရောက်သွားတာ။ နောက်တစ်နေရာသွားလို့က လူအုပ်ကြောင့် မရတော့ဘူး။

အဲဒီမှာ ရဲကားမီးရှို့တဲ့ ဘုန်းကြီးတွေက သင်္ကန်းကို ခါးတောင်းကျိုက်ထားပြီး မျက်နှာပေါ် သင်္ကန်းစည်းထားတယ်။ လူတွေက အားပေးတယ်။ ဘုန်းကြီးတွေက အလယ်တိုက်နံရံကျော်ပြီး တက်လိုက်ဆင်းလိုက်လုပ်ပြီး မီးရှို့ဖို့ ယောက်ယပ်ခတ်နေတယ်။ ကျွန်တော်တို့က ရှေ့ဆုံးမှာပေမဲ့ ယူနီဖောင်းတွေနဲ့ဆိုတော့ လူတွေကြားမှာ ထင်းနေပေမဲ့ အော်တာဟစ်တာမလုပ်ခဲ့ဘူး။ ဒီအတိုင်းပဲ ကြည့်နေတာ။ အဲဒီမှာ လူအုပ်ထဲကနေ မီးခြစ်တွေ၊ လောင်စာတွေ၊ ရေဘူးတွေပေးကြ။ ဘုန်းကြီးတွေက ကားမီးရှို့ပြီး စလောင်တော့ ဟေးးးဆိုအော်။ ညကြတော့ အဲဒီအားပေးသူတွေ အကုန်ပါတာပဲ။ ကျွန်တော်တို့ဆီတော့ ရောက်မလာကြဘူး။

တပ်ကမရောက်ပေမဲ့ ဆန္ဒပြသူတွေဘက်က စည်းရုံးမှုက ရောက်လာတယ်။ မြို့ပေါ်မှာ အဆင့်မြင့်ပညာရေးမှာ ကျွန်တော်တို့ ကွန်ပျုတာတစ်ကျောင်းတည်း ဖွင့်ထားတာကိုမှ စာမေးပွဲကလည်း ဖြေနေသေးတာကိုး။ ပြီးတော့ ကျွန်တော်ပြောခဲ့သလို ကွန်ပျူတာတက္ကသိုလ်က လူမိုက်ဆို ကျွန်တော်တို့အုပ်စုပဲရှိတာ။ စာမေးပွဲမဖြေခင်ကလည်း မောင်းတံဂိတ် ဝင်ရိုက်ထားတော့ ကျွန်တော်တို့အုပ်စုပါလိုက်ရင် သွေးကြွလိုက်ရင် ဘုရားသားနဲ့ ကျောင်းသား ပေါင်းသွားရင်ဆိုတာကြီးက မီးတောက်ကို ရေနံမှုတ်လိုက်သလိုဖြစ်သွားမှာ။ ဘာလို့ဆို ကျောင်းသားပါတာနဲ့ မိဘဆွေမျိုးပါလာ၊ ပြည်သူပါလာတော့မှာကိုး.. 👇👇👇👇

မောင်ဆူးလှည်း

01 Dec, 02:41


သစ္စာကမ်းလက် တစ်လ (၁၀၀၀၀) ကျပ် လစဥ် လှူဒါန်းကြသူများ ကွန်ရက် ရဲ့ ၃၈ ကြိမ်မြောက် လစဥ်အလှူတော်

🙏🙏🙏 🙏🙏🙏 🙏🙏🙏


သစ္စာကမ်းလက် တစ်လ (၁၀၀၀၀) ကျပ် လစဥ် လှူဒါန်းကြသူများ ကွန်ရက် ရဲ့ လစဥ်လှူဒါန်းမြဲဖြစ်တဲ့ တောင်တန်းသာသနာပြုဆရာတော်တွေနဲ့ သံဃာတော်အရှင်သူမြတ်ငါးပါးနဲ့ သီလရှင်တစ်ပါး (စုစုပေါင်း ၆ ပါး) တို့ကို Sweet December အတွက် ၃၈ ကြိမ်မြောက် လစဥ်ပြုမြဲကုသိုလ် ၃၀၀၀၀ ကျပ်နဲ့ ပခုက္ကူက အလှူခံပုဂ္ဂိုလ်တွေဖြစ်တဲ့ ထပ်တိုးလေဖြတ်နေသူ တစ်ဦးအပါအဝင် သက်ကြီးရွယ်အို ၁၄ ဦး၊ ရောဂါသည် အမျိုးသမီး တစ်ဦး၊ ဒေါင်းဆင်ဒရုန်းအမျိုးသမီးငယ်တစ်ဦးနဲ့ ပိုလီယိုရောဂါသည် ၄ ဦးကိုလည်း ၃၈ ကြိမ်မြောက် တစ်ဦး ကျပ် ၂၅၀၀၀ စီ လှူဒါန်းပေးခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်က အသက် ၁၀၅ နှစ် အဘွားဒေါ်တင်မေကို ပဥ္စမအကြိမ် ကျပ် ၅၀၀၀၀ လှူဒါန်းပေးခဲ့ပြီးပါပြီ။

သစ္စာကမ်းလက်အလှူရှင်နဲ့ အလှူခံများအားလုံး ဘေးကင်းကျန်းမာ အလွန်လန်းဖြာ ချမ်းသာထီပေါက် နိဗ္ဗာန်ရောက်နိုင်ကြပါစေသော်ဝ် 🙏🙏🙏

(မှတ်ချက်။ ပုံတွေက ၃၇ ကြိမ်မြောက် လစဥ်အလှူက ပုံတွေပါ)

ဖြိုးဝေ
သစ္စာကမ်းလက်
၁. ၁၂. ၂၀၂၄

(စိတ်မကောင်းစရာတစ်ခုကတော့ သစ္စာကမ်းလက်လစဥ်လှူပေးတဲ့အထဲက မအိဇာကတော့ နိုဝင်ဘာလထဲမှာ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။ ဒီလအတွက်တော့ လစဥ်အလှုကို မအိဇာအတွက် ဆွမ်းချိုင့်ပို့ဖို့ရည်မှန်းလှူပေးခဲ့ပြီး ဇန်နဝါရီလမှ တန်းစီစောင့်နေတဲ့အထဲက အလှူသင့်ဆုံး အသစ်တစ်ဦးတိုးပါ့မယ်။ သစ္စာကမ်းလက်ကုသိုလ်တွေကြောင့် မအိဇာ ကောင်းရာမွန်ရာဘုံဘဝရောက်ရှိပါစေ 🙏🙏🙏 )

မောင်ဆူးလှည်း

22 Nov, 09:37


သီလရှင်စာသင်တိုက်မှာ ကထိန်အစား နေ့ဆွမ်းကပ် သီလရှင်ဝတ်စုံ လှူမယ်ဆိုတော့

ကျောင်းတိုက်က ညှိရပြန်တယ်။ သူတို့က စျေးကွက်ထဲက သီလရှင်ဝတ်စုံတွေက ဒုလ္လဘ(သီလရှင်မှာသုံးလို့ရမရ မသိ) ယာယီဝတ်သူအတွက်ပဲ အဆင်ပြေတာတဲ့။ သရီးရိုင်ဖယ် ခြောက်ကိုက်စဆို အဆင်ပြေတယ်တဲ့။ လှူမယ်ဆို ငါးစုံလောက်ပဲဝယ်ပြီး ကျန်တာ ဝတ္ထုပဲ ကပ်ပါတဲ့။

အဲဒါနဲ့ ပွင့်ပွင့်လင်းလင်းပဲ ပြောရတယ်။ လှူတဲ့ဝတ္ထုက သီလရှင်တွေကိုယ်တိုင်သုံးရလား။ ကျောင်းတိုက်က ပြန်သိမ်းတာလားဆိုတော့ သူတို့ကျောင်းတိုက်က အဲဒီလို သိမ်းတာမရှိဘဲ ကိုယ်တိုင်သုံးရတာပါလို့ ပြောတယ်။

ကျွန်တော်ကတော့ မြန်မာတွေလုပ်တဲ့ မိဘမဲ့ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ သီလရှင်ကျောင်းတွေမှာ ကလေးတွေကို ပိုက်ဆံပေးတိုင်း သူတို့ကိုယ်တိုင်သုံးရလားမေးတယ်။ သုံးရတယ်ဆိုမှ လှူတယ်။ ငွေ မသုံးရဘူး သိမ်းတယ်ဆို ကလေးတွေ တိုက်ရိုက်သုံးရတဲ့ပစ္စည်းပဲလှူတယ်။ ကျောင်းတိုက်ဌာနေအတွက် သီးသန့်လှူပေးသေးတာကို ကလေးတွေဆီက ပြန်သိမ်းတာမကြိုက်ဘူး။

လှူဖူးသမျှထဲ သဘောကျတာက ခရစ်ယာန်မိဘမဲ့ကျောင်းတွေပဲ။ မြန်မာမိဘမဲ့ကျောင်းတွေလို ကလေးတွေရဲ့ သိမ်ငယ်မှုတွေမမြင်ရဘူး။ လွတ်လပ်ပေါ့ပါးပြီး ကိုယ်ရတဲ့ပိုက်ဆံ ကိုယ်ယူပဲ။ ၂၀၂၀ ကိုဗစ်ကာလ တုန်းက လှူဖူးတဲ့ ခရစ်ယာန်မိဘမဲ့ကျောင်းဆို ပိုက်ဆံ ၄၊ ၅၀၀၀ ကနေ ၁၅၀၀၀၊ ၂၀၀၀၀ ကြား၊ ဂျော်ဒန်းနိုးတစ်ထည် လူစေ့မဲဖောက်လိုက်တာ ကိုယ်လည်းပျော်ရ သူတို့လည်း ပျော်လိုက်တာမှ လူကြီးတွေပါ ဝင်နှိုက်လို့ သူတို့လည်း မနှိုက်လိုက်ရသူတွေ အိတ်ထဲပါသမျှ မုန့်ဖိုးပေးလိုက်တာ ပျော်လိုက်ရတာဆိုတာ။ အဲဒီကျောင်းကို အဲဒီလို ပုံစံ ထပ်သွားလှူချင်သေးတယ် 💙

ထားပါတော့

ပြောချင်တာက လာမယ့်တနင်္ဂနွေမှာ သစ္စာကမ်းလက် ကထိန်အစားထိုးလှူမယ်။ ကျောင်း တိုက်မှာက သီလရှင် ၇၅ ပါးလို့ပြောတယ်။ ဆွမ်းစရိတ်ကတင် ၇ သိန်းကပ်ရတယ်။ ဆန်၊ ဆီ၊ သီလရှင်ဝတ်စုံ (စတိ) နဲ့ ကျောင်းတိုက်သီးသန့်အလှူနဲ့ တစ်ပါး ၂၀၀၀၀ ကပ်ဖို့ ရည်မှန်းထားတယ်။ အစကတော့ မဲဖောက်မလို့ဘဲ။ ဒါပေမဲ့ တစ်ပါး ၂၀၀၀၀ ကို ပိုလိုချင်ကြတယ်ထင်လို့ ၂၀၀၀၀ စီပဲ လှူလိုက်တော့မယ်။

သစ္စာကမ်းလက် တစ်လ (၁၀၀၀၀) ကျပ် လစဥ် လှူဒါန်းကြသူများ ကွန်ရက် အလှူရှင်တွေလည်း ဖိတ်ပါတယ် ခင်ဗျ။ CB မှာ လုပ်မယ့်ကျောင်းတိုက် လာမေးလို့ရပါတယ်။ Safety ဖြစ်မယ်ထင်သူတွေကို လိပ်စာ၊ အချိန် ပြောပါ့မယ်။ ဒီကာလမို့ ဒီလိုရေးရတာလည်း နားလည်စေချင်ပါတယ်။ အားလုံး အေးချမ်းသွားတဲ့တစ်နေ့ သစ္စာကမ်းလက်အလှူမှာ လှူဖူးသူအကုန် လာလို့ရ ပါလို့ရမယ့်တစ်နေရာရာမှာ ကြီးကြီးမားမား လှူချင်ပါသေးတယ်။

မောင်ဆူးလှည်း

22 Nov, 09:12


NUG လက်အောက်ခံ တရားမဝင်ဆေးတက္ကသိုလ် (မန္တလေး) မှ ယာယီဆေးပညာဘွဲ့လက်မှတ်အတုများဖြင့် ထိုင်းနိုင်ငံ၊ Chulalongkom တက္ကသိုလ်သို့ တက်ရောက်ရန် ဆောင်ရွက်ခဲ့မှုကို သံသယဖြင့်အကြောင်းကြားလာရာမှ ဘွဲ့လက်မှတ်အတုထုတ်ပေးသည့် တရားခံများ ဖမ်းမိ

၂၂. ၁၁. ၂၀၂၄
Written by Tha Doe

NUG လက်အောက်ခံ တရားမဝင်ဆေးတက္ကသိုလ် (မန္တလေး)မှ ယာယီဆေးပညာဘွဲ့လက်မှတ်အတုများဖြင့် ထိုင်းနိုင်ငံ၊ Chulalongkom တက္ကသိုလ်သို့ တက်ရောက်ရန် ဆောင်ရွက်ခဲ့မှုကို ချုလာလောင်ကွန်းတက္ကသိုလ်မှ မြန်မာပြည်တွင်းရှိ တရားဝင်မန္တဆေးတက္ကသိုလ်သို့ စိစစ်ပေးပါရန် သံသယဖြင့် အကြောင်းကြားလာရာမှ ဘွဲ့လက်မှတ်ထုတ်ပေးသည့် တရားခံများ ဖမ်းမိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်အစိုးရ၏ပညာရေးစနစ်ကို ပျက်ပြားစေရန်ရည်ရွယ်၍ တရားမဝင် NUG အဖွဲ့လက်အောက်ခံ တရားမဝင်ဆေးတက္ကသိုလ်(မန္တလေး)မှ ယာယီဆေးပညာဘွဲ့လက်မှတ်အတုများပြုလုပ်ကာ...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=82385

#ဘွဲ့လက်မှတ်အတု #NUG #chulalongkom #CRPH #MT #mtnews

မောင်ဆူးလှည်း

21 Nov, 17:25


လူတွေက ပြောတယ်။ ဒီနိုင်ငံက ပျက်နေပြီ တဲ့။

မဟုတ်ဘူးဗျ။ ဒီနိုင်ငံက ဖျက်ဆီးခံနေရတာမှန်ပေမဲ့ အများကြီးကောင်းနေသေးတယ်။

ကျွန်တော်ပြောမယ်။ အခု ဘဏ္ဍာနှစ်မှာ SAC က ပြည်သူတွေဆီကနေ ရ​ငွေ ဘီလျံ ၃၅၀၀၀ ရှိမယ် ခန့်မှန်းတယ်။ ဘီလျံ ၄၁၀၀၀ ဖိုးပြန်သုံးလို့ လိုငွေ ဘီလျံ ၆၀၀၀ ရှိတယ်ဆိုပေမဲ့ ဒီလောက်ဝိုင်းဖျက်​ဆီးလို့ ပျက်နေ၊ မြို့ ၉၀ နီးပါး သိမ်းခံထားရတယ်ဆိုတဲ့ အခြေအနေမှာ ရငွေ ဘီလျံ ၃၅၀၀၀ ဆိုတာက နိုင်ငံတော်မှာ အဆီအသားကျန်နေမှုတွေ ခန့်မှန်းလို့ရတယ်။

နိုင်ငံတော်ကရငွေကို နိုင်ငံတော်အတွက် ပြန်သုံးတာကို မယုံလို့ အပြစ်ပြောမယ်ယ်ဆိုရင် နိုင်ငံတော်ကရပြီး လူသတ်ဖို့ နယ်မြေလုဖို့လုပ်နေတဲ့ကောင်တွေ ရနေတဲ့ငွေတွေအကြောင်းပြောပြဦးမယ်။

ဟော KIA က မြေရှားထွက်တဲ့ အထူးဒေသ (၁) သိမ်းလိုက်တယ်ဆိုမှ ဒေါ်လာဘီလျံချီ သိမ်းပိုက်မှုတဲ့။ အရင်တုန်းက မြန်မာမှာ ဘာမှမရှိတော့ဘူး၊ အကုန်ပျက်နေပြီဆိုတဲ့ ချီးစားနေတဲ့ကောင်တွေ ပါးစပ်ကပဲ မဖုံးနိုင်မဖိနိုင်ထွက်လာတာနော် 😉

ဟော နယ်စပ်ဂိတ်တွေ သိမ်းကုန်ပြီဆိုတော့လည်း ဒေါ်လာသန်းရာချီ အခွန်ရနေတဲ့ ဂိတ်တွေ ထိန်းလိုက်ပြီဆိုပြီး စောက်ရှက်မဲ့ကောင်တွေကပဲ ဝမ်းသာအားရပြောပြန်ရော 😉

ကဲကြည့် PDF တွေ ရေနံမှော်တွေ ထိန်းလိုက်ပြီဆိုတော့လည်း နေ့တိုင်းသန်းရာချီရနေတဲ့ ရေနံမှော်တွေ ငါတို့ပိုင်ပြီတဲ့။

ဟော ရခိုင်တွေ သံတွဲရပြီလည်းဆိုရော သန်းနဲ့ချီတဲ့ဟိုတယ်တွေ ပိုင်ပြီးဆိုပြီး ပျက်နေပြီပြောနေတဲ့ကောင်တွေကပဲ ဝံ့ကြွားပြန်ရော။

ရှိသေးတယ်။ TNLA က မိုးကုတ်၊ KIA က ဖားကန့်လည်း ရတယ်ဆိုတော့ ကျောက်စိမ်း၊ ကျောက်မျက်တွေ ပိုင်ပြီကွဆိုပြီး လက်ခမောင်းခတ်ပြန်ရော။

ဟော KNU နဲ့ ​PDF တွေ ဒေါနတောင်ကြောလေးတစ်ဖြတ် ပိတ်ချလိုက်တာ တစ်ရက်ဆက်ကြေးတင် သိန်း ၁၃၀၀ ကျော်။ တစ်လ ၄ ဘီလျံ နီးပါး။

အလုပ်မလုပ်ဘဲ လက်နက်ကိုင် စာမတတ် ပေမတတ်တွေ PDF လုပ်နေတဲ့ အညာတစ်ကြောကြတော့လည်း လက်နက်ကိုင်လူငယ်တွေရဲ့ မိသားစုတွေ စားဖို့သောက်ဖို့ မိန်းမယူဖို့ ဝါးတားဂိတ်လေးတွေဖွင့်လိုက်တာ တစ်ရက်သိန်းရာဂဏန်း အသာလေးရလို့ စစ်တောင်မတိုက်ချင်တော့ဘူးတဲ့။ လက်နက်စွန့်လိုက်လို့ တောင်ယာပြန်ပေါက်ရင် တစ်ရက် ၁၅၀၀၀ တောင် မသေချာဘူးတဲ့။ ပြည်ပထွက်လည်း တစ်ရက် တစ်သိန်းရဖို့ ကျွန်လို သေလုမျောပါးလုပ်ရတာ။ အခုက ငွေလည်းရ ဩဇာလည်းရှိလို့ ကျေနပ်တယ်တဲ့ 😂

ကဲကြည့်ပါဦး.... ဘာသယံဇာတမှလည်းမရှိ၊ ဘာအလုပ်မှလည်း လုပ်စရာမလိုဘဲ ဇိမ်ခံနေတဲ့ NUG ကြတော့လည်း ပြည်ပရောက်အလုပ်သမားတွေဆီက PRF တို့ ကမ်ပိန်းတို့ ထီတို့၊ Pay တို့ ဘဏ်တို့ ဖွင့်ပြ၊ မျက်ရည်ခြူအလှူခံပြလိုက်တာ တစ်လ တစ်လ ဒေါ်လာသန်းချီရပြီး NUG တင်မက ထောက်ပို့အဆင့်တောင် မိသားစုလိုက် ပြည်ပမှာ အိမ်ဝယ်ကြ၊ လုပ်ငန်းတွေလုပ်ကြ၊ နေနိုင်ကြသတဲ့။ ပါးနပ်လို့ ဝန်ကြီးလုပ် အစိုးရလုပ်နေတဲ့သူတွေကတော့ ထောက်ပို့လို သူခိုးရွှေရတပြပြမလုပ်တော့ လူသိပ်မသိတော့ ဆက်လှူကြပေါ့။ အဖို့ပါလာရင် ကြေအောင် ဆပ်ရတာပဲကိုး 🤣

တကယ်တော့ ဒီတိုင်းပြည်ကြီးက မပျက်စီးသေးပါဘူး။ အခု ပျက်စီးတယ်ဆိုတာကလည်း ဆယ်ရာခိုင်နှုန်းလောက်ပဲရှိသေးတာ။ ဒီတိုင်းပြည်က စုတ်ပြတ်နေတယ်ဆိုပြီး ပြောနေတဲ့ကြားက ဒီလိုတွေရနေတယ်ဆိုတာကို ဒါတွေကို NLD သိသွားလို့ အာဏာအများဆုံးရချင်လို့ မဲခိုးတာ။မဲခိုးတာကို မိသွားတော့လည်း ကျန်တဲ့သူတွေက ဒီတိုင်းပြည်က ဆက်အမြတ်ထုတ်ချင်လို့ လေလှိုင်းအစိုးရ၊ လက်နက်ကိုင်နဲ့ လူထုကို ခြောက်လုံး လှန့်လုံး မက်လုံးပေး ဆက်အမြတ်ထုတ်တာ။

သူတို့ရွေးတုန်းကလည်း သူတို့ခိုးတာကလွဲရင် ဒီနိုင်ငံ ဘာတိုးတက်ခဲ့လို့လဲ။ သုံးနှစ်လောက်ပဲ ကောင်းကောင်းလုပ်ပြခွင့်ရတဲ့ ဦးသိန်းစိန်ခြေဖျားတောင်မမှီခဲ့ဘူး။ ဒီလိုမျိုး သူတို့ခိုးတာပေါ်မှာစိုးလို့လဲ ခိုးသံထွက်တိုင်းအရင်လူပုံချ နိုင်ငံရေးအသိဉာဏ်နိမ့်၊ ပညာရေးနိမ့်တဲ့ပြည်သူကို သူတို့တက်မှ ပိုကောင်းလာမယောင်ပြောပြီး ဂျင်းထည့်။ အသိဉာဏ်နိမ့်လို့ မဆန်းစစ်နိုင်တော့ တစ်ခုခုဆိုတာနဲ့ ဖျက်ဆီးကြလို့သာ ဒီလိုပျက်လာတာ။

တကယ်တော့ ဒီတိုင်းပြည်ကြီးက သိပ်လှပြီး သိပ်တန်ဖိုးရှိနေတုန်းပါ။

အာဏာရူးတွေ၊ အဂတိသမားတွေ၊ နယ်မြေလုချင်တဲ့ကောင်တွေ၊ လက်နက်ပြပြီး လုပ်စားချင်တဲ့ကောင်တွေ မရှိရင် ပိုလှလာပြီး ပိုတန်ဖိုးရှိလာမှာ 💙💙💙💙

မောင်ဆူးလှည်း

20 Nov, 09:23


ကုန်စျေးနှုန်းကျချင်လား လွယ်လွယ်လေး

KNU နဲ့ PDF တွေ မြဝတီတစ်ကြော လမ်းပိတ် ဆက်ကြေးကောက်နေတာ ရပ်ခိုင်းလိုက်

AA ကို မြို့သိမ်းနေတာ ရပ် ရခိုင်က ပြန်ထွက်ခိုင်းလိုက်

MNDAA ၊ TNLA ၊ KIA ကို နယ်စပ်ဂိတ်တွေ လုနေတာ ရပ် ကိုယ့်နေရာကိုယ် ပြန်နေခိုင်းလိုက်

စစ်ကိုင်းနဲ့ မြန်မာပြည်အလယ်ပိုင်းမှာ ဝါးတားဂိတ်နဲ့ ဆက်ကြေးကောက်နေတဲ့ PDF တွေ ဆက်ကြေးကောက်နေတာ ဖျက်ခိုင်းလိုက်

တပ်ကလည်း ရွေးကောက်ပွဲလုပ်ပေးလိုက်

ပြီးရင် လယ်သမားတွေ ကိုယ့်နယ်ကိုယ်ပြန်စိုက်ဖို့ လယ်ကွင်း ဗုံးကျင်းလုပ်ထားတာတွေ ထောင်ထားသူအကုန်လုံးက ရှင်းပေးလိုက်

အဲဒီ Risk Factors တွေ မရှိတဲ့နေ့ ကုန်စျေးနှုန်း ပြန်ကျမယ်။

အဲဒီ Risk Factors တွေနဲ့ ငရဲပန်းကို ရွှေပန်းထင်နေသရွေ့တော့ ကုန်စျေးနှုန်းကျဖို့မပြောနဲ့ မငတ်ရုံတမယ် စားရရင် ကံကောင်း။

အဆိုးထဲက အကောင်းတစ်ခုပြောရရင်တော့ တည်ငြိမ်အေးချမ်းတဲ့ ဒေသတွေကတော့ ၂၀၂၅ ရွေးကောက်ပွဲဖြစ်မြောက်လို့ ၂၀၂၆ ဧပြီလောက်မှာ အာဏာလွှဲပြီးချိန် တည်ငြိမ်စွာတိုးတက်မှုရလဒ် ထွက်လာလိမ့်မယ်...

စစ်ကိုဆက်ကြိုမယ့်ကောင်တွေကလည်း ငတ်လက်စနဲ့ ငတ်၊ လက်နက်ကိုင်မှန်သမျှ ကြောက်လက်စနဲ့ ဆက်ကြောက်ရပြီး ကိုယ်မွှေးတဲ့မီး ကိုယ့်ပဲ ဆက် လောင်မြိုက်ကြရလိမ့်မယ်။

မောင်ဆူးလှည်း

20 Nov, 05:03


အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ FBR နဲ့ AIF က မြန်မာ့မြေပေါ် လက်နက်ကိုင်ပြီး လာတိုက်နေတာကြတော့ မြန်မာ့အချုပ်အခြာအာဏာကို အမေရိကန်စွက်ဖက်တယ်လို့ မမြင်ဘဲ ဖွဲ့လား မဖွဲ့လား အတိအကျမသိရသေးတဲ့ တရုတ်- မြန်မာလုံခြုံရေးပူးတွဲကုမ္ပဏီကြမှ အချုပ်အခြာအာဏာထိပါးတယ်ဆိုရင် ပြောတဲ့ပါးစပ် လီးတပ်ပေးရမယ်

လက်နက်ကိုင်ပြီး လာတိုက်နေတဲ့နှစ်ဖွဲ့ကြတော့ သူ့အမေတက်လိုးနေလို့ နှုတ်သီးပိတ်နေရသလား...

သေတောင်မသေချာသေးတဲ့အဖွဲ့ကြမှ လီးစုပ်ရင်းပြောတာကို မဝလို့ ပြော ရသလားဆိုပြီးတော့... 😉😉😉😉

မောင်ဆူးလှည်း

16 Nov, 14:56


https://t.me/phyoeweiwin/3172

မောင်ဆူးလှည်း

16 Nov, 14:48


လူကြားထဲ မရှိတဲ့ ၂၀၀၀၀ တန်ကို ၅၀၀၀၀ နဲ့ ရောင်းခြင်း အနုပညာ

.....

မနေ့က ပံ့သကူပစ်ဖို့ ဦးလေးကျောင်းဆီ အကြွေ သွားလဲရင်း ၂၀၀၀၀ တန် တစ်ရွက်တွေ့တာနဲ့ ညီတော်မောင်တွေနဲ့ ရောင်းမလား၊ ဘယ်ကရလဲ မေးနေချိန် ဘေးကတစ်ယောက်က ဒီပိုက်ဆံတွေ သုံးမရဘူး ဘာညာနဲ့ အာဖျံလာရွှီးတယ်။

ကျွန်တော်ကိုယ်တိုင်လည်း ၂၀၀၀၀ တန် ထွက်လာပြီး တစ်နှစ်ကျော်မှ ပထမဆုံးအပြင်မှာမြင်ဖူးတာ။ ဒါကို ဒီမိုခရေဇီနီပေါတွေ ထုံးစံအတိုင်း အောက်ကလိအာတွေ လာပြောတာ သောက်မြင်ကပ်လို့ ကျွန်တော် စ ထွက်ကတည်းက ၃၀၀၀၀ နဲ့ သွားဝယ်တာ။ ၄၀၀၀၀ ရမှဆိုလို့ ၄၀၀၀၀ ပေးဝယ်တာတောင် မရဘူး ပြောတာကို ဒီမိုခရေဇီနီပေါထုံးစံအတိုင်း လက်မခံဘူး။

အဲဒါနဲ့ ငြင်းနေရင်း ညီတော်မောင်ကလည်း ၃၀၀၀၀ ရရင်ရောင်းမယ်ပြော၊ ဟိုဘဲကလည်း မယုံတာနဲ့ ကျွန်တော်ကလည်း စ သလို နောက်သလိုနဲ့ ၄၀၀၀၀ နဲ့ ရောင်းပြမယ်ဆိုပြီး ပို့စ်တင်လိုက်တာ။

၂၀၀၀၀ တန် မမြင်ဖူးသူတွေက လာဝယ်ကြရော။ အဲဒီထဲက သစ္စာကမ်းလက်လှူနေကြအမကလည်း ၅၀၀၀၀ ပေးလာဝယ်တာနဲ့ အမလွှဲတဲ့ ပိုက်ဆံကနေ ၂၀၀၀၀ တန် ဝယ်ခ ၃၀၀၀၀ ပြန်လွှဲပေးလိုက်တယ်။

ကျွန်တော်ကတော့ မိနစ်ပိုင်းနဲ့ အရင်းစိုက်စရာမလိုဘဲ ၂၀၀၀၀ မြတ်လိုက်တာပေါ့။

ဒါပေမဲ့ မြတ်တာထက် ပိုကျေနပ်စရာကောင်းတာက ဘာလုပ်လုပ်အကောင်းမမြင်တဲ့ ဒီမိုခရေဇီနီပေါတွေကို ၂၀၀၀၀ တန်က တကယ့်ကိုရှားပြီး ၂၀၀၀၀ တန် ၅၀၀၀၀ ရအောင် ရောင်းပြပြီး တစ်သက်တာလုံး ပါးစပ်ပိတ်သွားအောင် လုပ်လိုက်နိုင်တာပဲ...🖤🖤🖤🖤

ပြီးတော့ ခင်ဗျားတို့ဆီ ၂၀၀၀၀ တန်ရှိရင် ကျွန်တော် ၃၀၀၀၀ ပေးဝယ်မယ် သိလား။ အဲဒီလို အမြတ်ပေးဝယ်ရင်တောင် ကျွန်တော့်ကို အမြတ်ပေးဝယ်မဲ့သူက မနေ့ညကတောင် ၅ ယောက်လောက်ရှိလို့ ကျွန်တော့်မှာ ပို့စ်ပါ အုန်းလီးမီလိုက်ရတယ်..

​ပြောချင်တာက ဒီမိုခရေဇီနီပေါတွေ ၂၀၀၀၀ တန် အများကြီးရိုက်ထုတ်မယ် ပြောလာတောင် မယုံနဲ့

အပြင်လောကမယ် ၂၀၀၀၀ တန်က ရွှေထက်ရှားတယ် 🖤🖤🖤🖤

မောင်ဆူးလှည်း

15 Nov, 10:47


ပန်းချီပန်းပု ဆုတံဆိပ်ရ ပညာရှင် ဖြစ်ပေမယ့် အခု အသက်အရွယ် ၈၀ ကျော်မှာ​တော့ အိုမင်းမစွမ်းနဲ့ ခိုကိုးရာမဲ့သွားလို့ အင်းမက ပရဟိတသမား ကိုမင်းကိုက ကြည့်ရှုစောင့်ရှောက်ထားသလို တတ်ထားတဲ့ပညာတွေလည်း ​မျှဝေနေဆဲဖြစ်တဲ့ ပန်းချီပန်းပုပညာရှင် ဦးမြသောင်းကို သစ္စာကမ်းလက် တစ်လ (၁၀၀၀၀) ကျပ် လစဥ် လှူဒါန်းကြသူများ ကွန်ရက် က ဝါဆိုလပြည့်အလှူ ကျပ် ၁၅၀၀၀၀ လှူဒါန်းပေးခဲ့ပါတယ်။

သစ္စာကမ်းလက်အလှူရှင်များအားလုံး ကျန်းမာချမ်းသာ ဘေးရန်ကွာပြီး အိုခြင်းဆင်းရဲ နာခြင်းဆင်းရဲ ကင်းကြပါစေ။ အသက်အရွယ်ကြီးရင့်ချိန်မှာလည်း ငြိုငြင်သူမဲ့ပြီး ချမ်းသာပကတိ ရှိပါစေ 🙏🙏🙏

မောင်ဆူးလှည်း

15 Nov, 08:20


ကထိန်က ငြိမ်းချမ်းမှုကို တစ်ကျော့ပြန် ယူဆောင်လာခြင်းရဲ့ ပြယုဂ်ဖြစ်လာမလား

ဖြိုးဝေ
၁၅. ၁၁. ၂၀၂၄

၁။

"ဘုရားမှာ စိန်၊ ကျောင်းမှာ သိမ်၊ ဆွမ်းမှာ ပိဏ်၊ အလှူမှာ ကထိန်" ဆိုတာဟာ ငြိမ်းချမ်းစွာနေထိုင်လိုတဲ့ ဗုဒ္ဓဘာသာတိုင်း အမြတ်ဆုံးအလှူအဖြစ် ပြုချင်ကြတဲ့ အလှူတွေပါ။ ဒီလိုမျိုး အမြတ်ဆုံးအလှူလို့ ခံယူထားတဲ့ အလှူတွေကိုလည်း ဗုဒ္ဓဘာသာဝင်တွေတိုင်းက တစ်သက်မှာ တစ်ခါစီတော့ လှူဖူးချင်ကြတဲ့ အလှူတွေပါပဲ။

ဒီလိုမျိုး အမြတ်ဆုံးသော အလှူတွေအပါအဝင် ဗုဒ္ဓဘာသာဝင်တို့ ပြုမြဲပြုစဥ်အလှူတွေဟာ တစ်ချိန်တုန်းကတော့ ရပ်တန့်၊ ပျက်ရယ်ပြုခံခဲ့ရဖူးတာကလည်း မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တိုင်း နားလည် လက်ခံထားခဲ့ရတဲ့ စိတ်မကောင်းစရာ ဖြစ်ရပ်မှန်လို့လည်း ဆိုရမှာပါ။

အမြတ်ဆုံးသော အလှူတွေထဲက တစ်ခုဖြစ်တဲ့ ကထိန်ဟာဆိုရင်လည်း ၂၀၂၀ ပြည့်နှစ်ကာလမှာ ကိုဗစ်ကပ်ရောဂါကြောင့် ရပ်တန့်ခဲ့ရဖူးသလို၊ ၂၀၂၁ ခုနှစ် နိုင်ငံရေးအကျပ်အတည်းမှာလည်း အလှူပြုရင်ကို ပျက်ရယ်ပြု ရှုတ်ချပြီး ဝေဖန်တိုက်ခိုက်တာကြောင့် ဘုန်းကြီးကျောင်းတွေဟာ ကထိန်မရတော့တဲ့ အဖြစ်မျိုး နှစ်နှစ် ဆက်တိုက်လည်း ကြုံခဲ့ဖူးသေးတာပါ။

၂။

ဗုဒ္ဓဘာသာဝင်တိုင်း နားလည်ထားတဲ့ ရတနာသုံးပါးဟာ " ဗုဒ္ဓံ၊ ဓမ္မံ၊ သံဃံ " ပါ။ ဒီရတနာသုံးပါးဟာ ဒီနေ့လူမှုကွန်ရက်မှာတော့ ဘာသာအားလုံးကြား ထိုးနှက်တိုက်ခိုက်မှု အခံရဆုံးလည်းဖြစ်နေပါတယ်။ ဒီနေရာမှာ ဘာကြောင့် အထိုးနှက်ခံနေရတာလဲဆိုရင် ဗုဒ္ဓဘာသာဟာ ငွေပေးစည်းရုံးစရာမလိုသလို အကြောက်တရားတွေ အစွန်းရောက်အကြမ်းဖက်မှုတွေနဲ့ စည်းရုံးမှုတွေ ကင်းစင်တဲ့ ဘာသာဖြစ်နေတာကြောင့်လည်း ပါပါတယ်။

ဗုဒ္ဓဘာသာမှာဆို သမိုင်းကြောင်းမှန်ကန်စွာတည်ရှိတဲ့ ဗုဒ္ဓဖြစ်တော်စဥ်ကို မထိုးနှက်နိုင်တဲ့အခါ၊ ယုံကြည်ကိုးကွယ်မှုအလိုက် ထုဆစ်ပူဇော်ကြတဲ့ ဆင်းတုတော်နဲ့ အခါကြီးရက်ကြီးတွေမှာ ဘုရားသွားကျောင်းတက်တာကို လှောင်ပြောင်စော်ကားကြတာမြင်ရပါတယ်။ ဓမ္မရဲ့ စင်ကြယ်မှုကို ထိုးနှက်စရာမတွေ့တဲ့အခါမှာလည်း ထေရဝါဒနဲ့ မဟာယာန၊ ရိုးရာဓလေ့အရ ယုံကြည်ပသမှုတွေကို စော်ကားပုပ်ခတ်မှုနဲ့ ထိုးနှက်တာလည်း မြင်ရပါသေးတယ်။ ဒီအထဲမှာ ပုထုဇဥ်သာဖြစ်တဲ့ သံဃာက အထိုးနှက်အခံရဆုံးဖြစ်ပြီး "သမဏသာရုပ္ပ" မဖြစ်တဲ့ ရဟန်းတွေကို မြင်တဲ့အခါ ထိုးနှက်တိုက်ခိုက်ကြတာကို အဓိက မြင်ရပါတယ်။ ဗုဒ္ဓဘုရားရှင် ရှိစဥ်မှာတောင် ဒေဝဒတ်တို့လို၊ ဆဗ္ဗဂီရဟန်းတွေလို လာဠုဒါယီ၊ ဥပနန္ဒတို့လို "သမဏသညာ" ကင်းတဲ့ ရဟန်းတွေရှိခဲ့ဖူးတာကို မျက်ကွယ်ပြုပြီး ရဟန်းတစ်ပါး အနေအထိုင်မမှန်တာနဲ့ ရတနာသုံးပါးနဲ့ ဘာသာတစ်ခုလုံးကို သိမ်းကျုံးတိုက်ခိုက်တာကလည်း လူမှုကွန်ရက်မှာ မမြင်ချင်အဆုံးပါပဲ။

ဒီလိုထိုးနှက်တိုက်ခိုက်တာထက် ဆိုးတာကလည်း လက်ရှိဖြစ်ပွားနေဆဲဖြစ်တဲ့ ၂၀၂၁ နွေဦးတော်လှန်ရေးကာလအတွင်းမှာ ဖြစ်မြဲဖြစ်နေဆဲဖြစ်ပြီး အဲဒီဖြစ်ရပ်ကတော့ NLD ၊ CRPH ၊ PDF နဲ့ EAOs တွေကို မထောက်ခံတဲ့ သံဃာတော် အရှင်သူမြတ်တွေဟာ "သူလျှို၊ ဒလန်" ဆိုတဲ့ခေါင်းစဥ်အောက်မှာ သတ်ဖြတ်ခံရ၊ သံဃာရည်စူးအလှူတွေ လုယက်ခံရ ကြုံရတာပါ။ မှတ်တမ်းတွေအရတော့ ဒီလိုမျိုးသတ်ဖြတ်ခံရတဲ့သံဃာက ၉၀ ကျော် ၁၀၀ နီးပါး၊ PDF တွေ ဖမ်းဆီးသွားပြီး အစပျောက်သွားတာက သံဃာ ၅၀ နီးပါးအပြင် သီလရှင် ၂ ပါးအထက်လည်း သတ်ဖြတ်ခံခဲ့ရသေးတာပါ။ ဒီလိုမျိုးဖြစ်ရပ်ဟာ အာဏာအဓိကရုဏ်းနဲ့ ဘာသာရေးစစ်ပွဲကို တော်လှန်ရေးခေါင်းစဥ်အောက်မှာ ဆွဲထည့် သတ်ဖြတ်တဲ့အသွင်....

Comment တွင် ဆက်လက်ဖတ်ရှုရန်

မောင်ဆူးလှည်း

14 Nov, 16:12


မြန်မာနိုင်ငံပြည်တွင်းစစ် တိုက်ပွဲတွေမှာ လက်နက်ကိုင်တွေဘက်က အမေရိကန်နိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသားလက်နက်ကိုင်တွေ ပါဝင်တိုက်ခိုက်နေ

မြန်မာပြည်တွင်းစစ်တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေတဲ့ နိုင်ငံခြားသားတွေက AIF လက်နက်ကိုင်တပ်ပါ ဖွဲ့စည်းထား

၁၄.၁၁. ၂၀၂၄
Translated by Htwe Ko Tun

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေက သာမန်ဆိုရရင်တော့ အစိုးရနဲ့ အစိုးရကိုဆန့်ကျင်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေပဲလို့ အပေါ်ယံအားဖြင့်တော့ ထင်မြင်ယူဆနိုင်ပါတယ်။ ဒါပေမယ့် ဒီပဋိပက္ခ ကြာရှည်လာတာမှာ မြန်မာနိုင်ငံအတွင်း ပြည်ပကနေ ခိုးဝင်လာကြပြီး ပြည်တွင်းစစ်ပွဲမှာ အစိုးရဆန့်ကျင် ရေးအင်အားစုတွေဘက်က ပါဝင်နေတဲ့ နိုင်ငံခြားသားတွေရှိလာနေတာကို The Telegraph သတင်းစာကြီးမှာ နိုဝင်ဘာလ ၁၃ ရက်က ဖော်ပြခဲ့တဲ့ သတင်းဆောင်းပါးတစ်ပုဒ်အရ ထင်ထင်ရှားရှားတွေ့ရနိုင် တယ်လို့လည်း ဆိုရမှာပါ။

ဒီမှာ အာဇတ်(Azud) ဆိုတဲ့ အမေရိကတောင်ပိုင်း ကျေးလက်တောရွာပိုင်းကနေ မြန်မာနိုင်ငံမြောက်ပိုင်း တောတောင်ထူထပ်တဲ့နေရာက သူပုန်တွေရဲ့ စခန်းကို ရောက်ရှိလာသူတစ်ဦးဆိုရင် အသက် ၂၄ နှစ်သာ ရှိသေးပြီး ဒီမိုကရေစီနိုင်ငံကြီးပါဆိုတဲ့ အမေရိကန်နိုင်ငံသားတစ်ဦးပါ။ ဒါပေမယ့် ဒီမိုကရေစီနိုင်ံငံသား ဆိုသူက အခုတော့ တခြားနိုင်ငံ ပြည်တွင်းရေးမှာ သူပုန်တွေဘက်ကနေ လက်နက်ကိုင်တိုက်ပေးနေတာ တွေ့ရပြန်ပါတယ်။

အာဇတ် ဟာ လွန်ခဲ့တဲ့ကိုးလလောက်က သူ့မိသားစုကိုနှုတ်ဆက်ပြီး မိုင် ၈,၀၀၀ လောက်ဝေးတဲ့ မြန်မာနိုင်ငံအတွင်းက လက်နက်ကိုင်တွေရဲ့ အခိုင်အမာစခန်းတစ်ခုကို ရောက်ခဲ့တာပါ။ တော်လှန်ရေးအတွက် စိတ်အားထက်သန်မှုရှိတဲ့လူလို့ သူ့ကိုယ်သူဆိုတဲ့ အာဇတ်က မြန်မာနိုင်ငံမြောက်ပိုင်းက လက်နက်ကိုင်တွေကိုလည်းတော်လှန်ရေးဆင်နွှဲနေသူတွေဆိုတော့ လာရောက်ပူးပေါင်းခဲ့ပြန်တာပါ။

ဒါ့ပြင် အာဇတ်က သူ့အနေနဲ့ တရားဝင် ဘယ်စစ်သင်တန်းကိုမှ တက်ရောက်ခဲ့ဖူးသူမဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် သူက ဆီးရီးယားမှာဆိုရင် ကာ့ဒ်တပ်ဖွဲ့တွေနဲ့အတူ လေးနှစ်လောက် လက်တွဲတိုက်ပွဲ ဝင်ခဲ့တာလို့ ဆိုပါတယ်။ သူက နှစ်လလောက် အမေရိကန်က မိသားစုဆီသွားလည်ခဲ့အပြီးမှာတော့ ဖေဖော်ဝါရီလမှာ မြန်မာနိုင်ငံ အနောက်မြောက်ဘက်က ချင်းပြည်နယ်ကို သွားခဲ့ပါတယ်။ အဲဒီမှာ သူက ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ တိုက်ခဲ့ပြီး တိုက်ခိုက်ရေးသင်တန်းတွေလည်း ဖွင့်လှစ်ပေးခဲ့ပါတယ်။ အ ထူးသဖြင့်တော့ လက်ဖြောင်တပ်သားကျွမ်းကျင်မှုသင်တန်းတွေပါ။

အာဇတ်က အရေအတွက်အားဖြင့်နည်းသော်လည်း တိုးပွားမှုရှိတယ်ဆိုတဲ့ မြန်မာနိုင်ငံအတွင်း ခိုးဝင်ပြီး သောင်းကျန်းသူလက်နက်ကိုင်တွေနဲ့အတူ မြန်မာ့တပ်မတော်ကို တိုက်ခိုက်နေသူတွေထဲက တစ်ဦးလို့ လည်း ဆိုရမှာပါ။ သူတို့က မြန်မာ့တပ်မတော်ကို ဦးတည်တိုက်ခိုက်နေတယ်ဆိုသော်လည်း နိုင်ငံနဲ့ပြည်သူတွေမှာတော့ စစ်ဒဏ်ကြောင့်တော်တော်လေးအထိနာလှပါပြီ။

အခုဆိုရင်လည်း ၂၀၂၃ ခုနှစ် အောက်တိုဘာလကစလို့ မြန်မာ့တပ်မတော်က မမျှော်လင့်ဘဲ မြို့အချို့ဆုံး ရှုံးခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်အုပ်စုတွေဆီ ခိုးဝင်ရောက်ရှိနေတဲ့ နိုင်ငံခြားသားတွေက ပထမဆုံးအကြိမ်အဖြစ် ဖက်ဆစ်ဆန့်ကျင်ရေး အပြည်ပြည်ဆိုင်ရာတပ်ဦး(Anti-Fascist International Front—AIF) ကို ဖွဲ့စည်းခဲ့ကြပါတယ်။

AIF ကိုပူးတွဲတည်ထောင်သူ အာဇတ်က အခုအချိန်ဟာ မဟာဗျူဟာအရ စစ်ဆင်မှုပြုဖို့ အရေးကြီးတဲ့ အချိန်ပါလို့ ပြောခဲ့ပါသေးတယ်။

မြန်မာနိုင်ငံအတွင်းတိုက်ခိုက်မှုတွေမှာ လူ့အခွင့်အရေးကယ်ဆယ်ရေးအဖွဲ့ဆိုပြီး လက်နက်ကိုင်တွေ ဘက်က ပါဝင်တိုက်ခိုက်နေတဲ့ ပြည်ပအဖွဲ့တစ်ဖွဲ့ကတော့ Free Burma Rangers(FBR) ဆိုတာဖြစ်ပါ တယ်။ သူတို့အဖွဲ့အနေနဲ့ စစ်ဘေးရှောင်ဒေသတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးဖို့ဖြစ်ပေမယ့် ကိုယ့်ကိုယ်ကို ယ်ကာကွယ်ဖို့ လက်နက်တွေကိုင်ဆောင်တယ်ဆိုတာ အဖွဲ့ရဲ့ခေါင်းဆောင် ဒေးဗစ် ယူဘန့် (David Eubank) ကဝန်ခံပြောကြားခဲ့ပါတယ်။

ဒါဆိုရင်ဖြင့် မြန်မာနိုင်ငံရဲ့ ပြည်တွင်းအရေးအခင်းမှာ လူကိုယ်တိုင် ပါဝင်စွက်ဖက်နေတဲ့ နိုင်ငံခြားသားတွေက နိုင်ငံအနှံ့ လက်နက်ကိုင်အုပ်စုတွေရဲ့ စခန်းတွေမှာရှိနေတယ်လို့သာ ဆိုချင်ပါတယ်။

Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=81674

Ref-The Telegraph

#အမေရိကန် #ခိုးဝင် #usa #နိုင်ငံခြားသား #AIF #တပ်မတော် #FBR #ပြည်တွင်းစစ် #MT #mtnews

မောင်ဆူးလှည်း

14 Nov, 08:47


မြန်မာနိုင်ငံလို ဆင်းရဲနွမ်းပါးမှုနှုန်းမြင့်မားတဲ့ တိုင်းပြည်က လူတွေအဖို့ အမေရိကန်၊ ကနေဒါ၊ နော်ဝေ၊ ဩစတြေးလျ၊ နယူးဇီလန် စတဲ့ ချမ်းသာဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေကို ရွှေ့ပြောင်းနေထိုင်လိုကြတာ သဘာဝပါ။ ဒါကြောင့်လည်း အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံပြင်ပခိုးထွက်ပြီး ဒုက္ခသည်ဘဝနဲ့ တတိယနိုင်ငံကြီးတွေဆီသွားကြတဲ့အထဲ မြန်မာနိုင်ငံကလည်း အများဆုံးထဲပါသလို ရခိုင်က ဘင်္ဂါလီတွေဆိုလည်း တတိယနိုင်ငံအိပ်မက်နဲ့ ကမ္ဘာက သူတို့ကို ချမ်းသာတဲ့ နိုင်ငံကြီးတွေဆီခေါ်ကြရအောင် နိုင်ငံမဲ့၊ လူ့အခွင့်အရေးဆိုတာတွေ တစာစာ အော်နေကြတာပါ။

၂၀၂၁ ခုနှစ်မှာ NLD ရဲ့ မဲခိုးမှု၊ ဥပဒေကျော်လွန်ဖောက်ဖျက်ပြီး လွှတ်တော်ပိတ်သိမ်းမှု၊ တပ်မတော်ရဲ့စာရင်းစစ်မှုကို လှောင်ပြောင်သရော်မှုတွေကနေ အာဏာအငြင်းပွားမှုဖြစ်ပွားချိန် နွေဦးတော်လှန်ရေးအမည်တပ်ပြီး နိုင်ငံတစ်ဝန်းအုံကြွချိန်မှာ ဒီလိုမျိုး တတိယနိုင်ငံပြေးလိုသူတွေဟာ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ စစ်အာဏာရှင်၊ ဖမ်းဆီးခံရသူတွေ ပြန်လွှတ်ပေးရေး၊ တော်လှန်ရေး၊ ဖမ်းဝရမ်း စတဲ့ တတိယနိုင်ငံဆီရောက်စေနိုင်မဲ့ စကားလုံးတွေ တွင်တွင်ဟစ်ကြွေးပြီး နိုင်ငံကြီးတွေဆီ အရောက်ပြေးကြပါတော့တယ်။

ဒီနေရာမှာ လည်လည်ဝယ်ဝယ်ရှိသူတွေက အမေရိကန်အပါအဝင် နိုင်ငံကြီးတွေဆီ တန်းရောက်သွားပြီး နည်းနည်းပါးနပ်သူတွေကတော့ ထိုင်းလို၊ အိန္ဒိယလိုနိုင်ငံမှာ ရောက်ကုန်ကြသလို လည်လည်ဝယ်ဝယ်မရှိတဲ့သူတွေကတော့ လက်နက်ကိုင်ကုန်ကြပါတော့တယ်။ ဒီအချိန်မှာပဲ NLD ထိပ်ပိုင်းမရောက်တရောက်လူတချို့ကတော့ CRPH နဲ့ NUG လို့ လေလှိုင်းထဲက လွှတ်တော်နဲ့ အစိုးရဆိုတာ ဖွဲ့ပြီး သူတို့ကိုယ်တိုင်လည်း ပြည်ပနိုင်ငံဆီ အများစုနေကြတဲ့အပြင် မလည်မဝယ်လို့ လက်နက်ကိုင်ဖြစ်သွားသူတွေကိုလည်း သူတို့ ပြည်ပမှာ အတည်တကျ အခြေချဖို့ ကြမ်းတုံးလို ချနင်းတဲ့ ပုံစံဖြစ်သွားခဲ့ပါတယ်။

ဒီလိုမျိုး တတိယနိုင်ငံအိပ်မက်နဲ့ ဒီမိုကရေစီဗန်းပြပြီး နိုင်ငံကြီးတွေက မခေါ်ခေါ်အောင်လုပ်ဖို့ မြန်မာပြည် ဆူပူအုံကြွအောင် ပုံစံအမျိုးမျိုးနဲ့ နယ်စပ်ကနေ၊ ဒုက္ခသည်စခန်းတွေကနေ လှုံ့ဆော်နေသူတွေအဖို့ သူတို့ရဲ့ နှစ်ကာလကြာရှည် ကြိုးပမ်းအားထုတ်နေမှုဟာ နိုဝင်ဘာ ၅ ရက်မှာတော့ အချောင်သမားဝါဒနဲ့ ဒုက္ခသည်လက်မခံလိုတဲ့ ဒေါ်နယ်ထရမ့်ပ် တစ်ကျော့ပြန် နန်းတက်လာမှုနဲ့အတူ အဆုံးသတ်သွားခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ပ်ဟာ ခိုးဝင်တွေ၊ အကြမ်းဖက်တွေ၊ အချောင်သမားတွေကို မနှစ်လိုသူပီပီ သူအာဏာရလာပြီဆိုတာနဲ့ ဒုက္ခသည် ၁၀ သန်းကနေ သန်း ၂၀ လောက် ပြန်ပို့မယ်ဆိုတာမျိုး ဖြစ်လာသလို ထိုင်းနယ်စပ်ရောက် မြန်မာ ဒုက္ခသည် ၆၀၀၀၀ လောက်ကို ပြန်လည်နေရာချထားရေးအတွက် တတိယနိုင်ငံတွေဆီ ပို့ပေးမယ့် အစီအစဥ်ကလည်း ဖျက်သိမ်းဖွယ်ရှိလာနေပြန်ပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံရောက်ရှိနေထိုင်ကာလ ကြာမြင့်နေပေမဲ့လည်း အမေရိကန်နိုင်ငံသားဖြစ်ခွင့်မရသေးသူတွေ နှင်ထုတ်ခံရမယ့်အခြေအနေရှိလာနေတာကြောင့် အမေရိကန်လိုနိုင်ငံမှာနေပြီး မြန်မာ့အရေးအတွက် အလှူခံအမြတ်ထုတ်နေသူတွေလည်း စားပိုးနင့်တော့မယ့် အခြေအနေပါ။ အမေရိကန်က ခိုးဝင်လက်မခံ၊ ဒုက္ခသည်မခေါ်၊ လူ့အခွင့်အရေးဦးစားမပေးတော့ရင် တခြားသော နိုင်ငံတွေကလည်း သူတို့နိုင်ငံထဲ ဒုက္ခသည်တွေ ပြုံဝင်လာမှာ၊ အစွန်းရောက်အကြမ်း ဖက်ဘာသာဝင်တွေပါလာမှာ ကြောက်တာကြောင့် ဒုက္ခသည်မူဝါဒကို ပြင်ဆင်တင်းကျပ်မှာမို့လို့လည်း တတိယနိုင်ငံအိပ်မက် မက်နေသူတွေအဖို့ ငိုလို့ရယ်လို့မရတဲ့ ဘဝတွေ ကြုံနေရတာပါ။

ဒါ့အပြင် ဒေါ်နယ်ထရမ့်ပ်က မြန်မာနိုင်ငံကို စိတ်ဝင်စားသူမဟုတ်လို့ မြန်မာနိုင်ငံမှာ လက်ရှိဘိုင်ဒန်အစိုးရလို ကူညီထောက်ပံ့မှုတွေ ဆက်လုပ်ဖွယ်မရှိတဲ့အပြင် ဘိုင်ဒန်တို့ မွှေနှောက်ထားခဲ့တဲ့ ထောက်ပံ့မှုတွေ၊ Burma Act 2022 လိုဟာမျိုးတွေက ပျက်သုဥ်းတုံ့ဆိုင်းသွားဖို့များနေတာကြောင့် မြန်မာပြည် အလုံးစုံပျက်သုဥ်းဖို့ လက်နက်ကိုင်ဖျက်ဆီးနေသူတွေလည်း ရှေ့ဆက်တိုးဖို့ မရေမရာဘဝတွေ ဖြစ်နေရတာပါ။ သေချာတာကတော့ ​ဒေါ်နယ်ထရမ့်ပ် တစ်ကျော့ပြန်နန်းတက်လာတာဟာ မြန်မာပြည်မှာ အချိန်တိုနဲ့ ဒီမိုကရေစီထွန်းကားလိုသူတွေအတွက် မျှော်လင့်ချက်ရက် နီးစပ်လာတာဖြစ်ပြီး မြန်မာပြည်ပျက်သုဥ်းဖို့အတွက် သတ်ကြဖြတ်ကြရေး အလှူခံဖျက်ဆီးနေသူတွေအဖို့တော့ ကိုယ့်ပြုတဲ့အကုသိုလ်ကံကပဲ ပြန်အကျိုးပေးပြီမို့ ကိုယ်ဖျက်ဆီးခဲ့သလို အဖြစ်ဆိုးမကြုံဖို့ ခြောက်အိပ်မက်တွေနဲ့ ဝဋ်လည်ချိန်ဆိုက်ပြီလားလို့ တွေးနေကြတော့မယ်ထင်မြင်...

ဆက်ဖတ်ချင် နှိပ်ဖို့

https://www.mtnewstoday.com/?p=81585

မောင်ဆူးလှည်း

13 Nov, 08:55


PRF များထံမှ NUG က လစဉ် ဒေါ်လာ ၈ သိန်းခန့်ရ၊ PDF တပ်ရင်းများထံ တစ်ကြိမ် ဒေါ်လာ ၁ သန်းကျော် ထောက်ပံ့နေဟု NUG ပြောသော်လည်း ဒေါ်လာပေါက်စျေးနှင့် PDF တပ်ရင်း ၃၅၀ ကို NUG က တစ်ကြိမ်ထောက်ပံ့ပါက ကျပ်သိန်း ၈၀ ခန့်သာရှိ၍ ဒေါ်လာ ၈ သိန်းခန့်မှထောက်ပံ့လျှင်ပင် လောက်ငဟု မေးခွန်းဝိုင်းထုတ်ပြီး ပိုလျှံငွေများ ခိုးယူနေကြဟု ဝေဖန်

၁၃. ၁၁. ၂၀၂၄
Written by Nay Moe

အဂတိလိုက်စားမှုတွေ၊ စာရင်းမရှင်းလင်းနိုင်မှုတွေကြောင့် နာမည်ပျက်နေရတဲ့ NUG ဟာ ထောက်ပို့တပ်သားလို့ သူတို့သုံးနှုန်းတဲ့ PRF တွေဆီကနေ လစဉ် ဒေါ်လာ ၈ သိန်းခန့်ရနေပြီး ဒီထောက်ပံ့ငွေကနေ PDF တပ်ရင်းတွေဆီ တစ်ကြိမ်ထောက်ပံ့ရင် ဒေါ်လာ ၁ သန်းကျော် ထောက်ပံ့နေတယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ နေဘုန်းလတ်က မနေ့က Press Briefing မှာ ထုတ်ဖော်ပြောလိုက်ပေမဲ့လည်း ဒီထောက်ပံ့မှုတွေမှာ ဒေါ်လာသိန်းချီ (ကျပ်ငွေ သိန်းသောင်းချီ) ကွာဟနေတယ်ဆိုပြီး ပြည်သူတွေက မေးခွန်းထုတ်နေကြပါတယ်...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=81525

#NUG #PRF #PDF #ထောက်ပံ့ငွေများခိုးယူ #အဂတိလိုက်စားမှု #နေဘုန်းလတ် #MT #mtnews

မောင်ဆူးလှည်း

11 Nov, 18:14


သစ္စာကမ်းလက်ရဲ့ ကထိန်မဟုတ်တော့သော သီလရှင်ဝတ်စုံအလှူနဲ့ ဝတ္ထု လောင်းလှူပွဲ

ဖြိုးဝေ
၁၂. ၁၁. ၂၀၂၄

ဟိုးအရင် ၂၀၂၀ တုန်းက ကိုဗစ်ကြောင့် ကထိန်ဆိုတာ လုပ်သူရှားခဲ့ပြီး တိတ်တိတ်လုပ်ရ၊ မရကြနဲ့။ ၂၀၂၁ ကြတော့ ကိုဗစ်နဲ့ ကိုစစ် နှစ်ခုပေါင်းထားတဲ့ဘေးဒုက္ခကို PDF တွေနဲ့ NLD ထောက်ခံသူတွေက လှူရင်တန်းရင်ကို ဆဲဆိုသ/ဖြတ်နေတော့ သစ္စာကမ်းလက်က ၂၀၂၀ နဲ့ ၂၀၂၁ ကာလတွေမှာ အေးကထိန် ကျောင်း ဆယ်နဲ့ချီ ခင်းပေးခဲ့သလို ပခုက္ကူနဲ့ ရန်ကုန်မှာ ကထိန်ကြီးပါ သိန်း နှစ်ဆယ် (ကျော်) ပတ်ခြာလည်နဲ့ ခင်းပေးနိုင်ခဲ့ပါတယ်။

https://t.me/MT_News_Media/1263

၂၀၂၂ ကြတော့ ကထိန်တွေ ပြန်များလာတယ်။ ဒါပေမဲ့ ကထိန်မရတဲ့ကျောင်းတွေ အေးကထိန်တော့ ကပ်နေရတုန်းပဲ။ ဒါပေမဲ့ သစ္စာကမ်းလက် မ,တည်ကထိန်ကတော့ သိန်း ၄၀ ပတ်လည်ဖြစ်လာတယ်။

မနှစ်ကတော့ အေးကထိန်မလှူရသလောက်ဖြစ်လာသလို ရန်ကုန်မှာပဲ အဖေနဲ့အမေ အတွက် မိသားစုကထိန် ကျွန်တော် ခင်းပေးခဲ့တဲ့အပြင် သစ္စာကမ်းလက်ကထိန်ကိုလည်း သိန်း ၄၀ ဝန်းကျင်နဲ့ ပခုက္ကူကနေ ရန်ကုန်ပြောင်းလာပြီး ကျောင်းတည်ထောင်တဲ့ ဣစာသယအာယုသုခကျောင်းမှာ စတုတ္တအကြိမ် ကထိန်ခင်းခဲ့ပါတယ်။

ဒီနှစ်မှာတော့ သစ္စာကမ်းလက်က လစဥ်လှူနေကြ သံဃာငါးပါးကို ကထိန်သင်္ကန်းကပ်ခဲ့ပေမဲ့ ရန်ကုန်က လမ်းတိုင်းလိုလို၊ ဆိုက္ကားဂိတ်ကအစ အဖွဲ့အစည်းတိုင်းလိုလို ကထိန်ခင်းနေကြတာကြောင့် အေးကထိန် လှူပေးဖို့ ပြောလာသူမရှိသလို သစ္စာကမ်းလက် တတ်နိုင်တဲ့ သိန်း ၄၀ ဝန်းကျင်နဲ့ ကထိန်လျှောက်ပေမဲ့ အကြောင်းမသင့်တာကြောင့်

သစ္စာကမ်းလက်ရဲ့ ပဥ္စမအကြိမ် ကထိန်လှူဒါန်းမှုက ကထိန်အစား သီလရှင်နေ့ဆွမ်းကပ်နဲ့ ဝတ်စုံလှူပွဲဖြစ်သွားပြီး သီလရှင် ၇၅ ပါးရှိတဲ့ ရန်ကုန်ကျောင်းတစ်ခုမှာ ဒီရက်ပိုင်းထဲ ကျင်းပပါ့မယ်။

သီလရှင် ကျောင်းကို နေ့ဆွမ်းကပ် (၇ သိန်း) ဆန်၊ ဆီလှူပြီး သီလရှင်ဝတ်စုံ ၅ စုံနဲ့ သီလရှင်တစ်ပါး ကျပ် ၂၀၀၀၀ ၊ ကျောင်းတိုက်အတွက် သင့်တင့်သလို ကပ်ဖို့ အကြမ်းဖျဥ်း ရည်မှန်းထားပါတယ်။ ဒီပမာဏကုန်ကျမှုက နှစ်စဥ် ကထိန်ကျင်းပနေကြ ကုန်ကျစရိတ်ဝန်းကျင်ပါပဲ။

ပုံကတော့ မနှစ်က အဖေနဲ့ အမေအတွက် ကျွန်တော် မ,တည်ခင်းပေးတဲ့ မိသားစုကထိန်နဲ့ သစ္စာကမ်းလက်ကထိန်ပုံတွေပါ။

သစ္စာကမ်းလက် တစ်လ (၁၀၀၀၀) ကျပ် လစဥ် လှူဒါန်းကြသူများ ကွန်ရက် အလှူရှင်များအားလုံး ကျန်းမာချမ်းသာပါစေ ခင်ဗျ 🙏🙏🙏

မောင်ဆူးလှည်း

11 Nov, 10:57


မနေ့က နိုဝင်ဘာ ၁၀ ရက် အရုဏ်တက်စအချိန် မနက် ၄ နာရီကျော်လောက်က ထူးထူးဆန်းဆန်း အိပ်မက်တစ်ခုမက်တယ်။

အိပ်မက်ထဲမှာ ကျွန်တော်က ၂၀၂၅ ခုနှစ်ထဲမှာ အချိန်ခရီးသွားနေတာ။

အဲဒီမှာ ယာဉ်တစ်ခုနဲ့ သွားနေရင်း ဂြိုဟ်တစ်ခုကို ရောက်သွားတယ်။ ထူးဆန်းတာက အဲဒီ ဂြိုဟ်က လမ်းတွေ၊ အိမ်တွေ၊ အဆောက်အအုံတွေက ထူးထူးကဲကဲ သန့်ပြန့်တောက်ပြောင်နေပြီး ဖုန်မရှိဘူးတဲ့။

အဲဒီ လမ်းတွေ၊ အိမ်တွေ၊ အဆောက်အအုံတွေက လူတွေ သွားလာ လှုပ်ရှားနေတာကို ကျွန်တော်သိရုံပဲသိရပြီး အဲဒီလူတွေကို ကျွန်တော်က မမြင်ရလို့ လှည့်ပတ်သွားလာနေရင်း နတ်ပြည်ရောက်လာတာလို့ ကျွန်တော်ထင်နေတာ။ ဒါပေမဲ့ အဲဒီ ဂြိုဟ်ပေါ်က ပစ္စည်းကိရိယာတွေ မီးခလုတ်တွေက ကျွန်တော်တို့ ကမ္ဘာက နေ့စဉ်သုံးလိုမျိုးပုံစံတွေ ဖြစ်နေပြန်တယ်။ အဲဒါနဲ့ အဆောက်အအုံတစ်ခုမှာ ကျွန်တော် ပတ်ကြည့်နေတုန်း အဲဒီ ဂြိုဟ်ပေါ်က မသန်စွမ်းဂေဟာကလိုမျိုးက ကလေးတစ်ယောက်နဲ့ တွေ့တယ်။ ထူးဆန်းတာက အဲဒီ မသန်စွမ်းကလေးကြတော့ ကျွန်တော်နဲ့ စကားပြောလို့ရသတဲ့။

အဲဒါနဲ့ သူ့ကို ဒါက ဘာဂြိုလ်လဲလို့ ကျွန်တော်မေးကြည့်တော့ အဲဒီကလေးက ဒီဂြိုဟ်ကလည်း ကမ္ဘာဂြိုဟ်ပဲတဲ့။ ပြောရမယ်ဆို ကျွန်တော်လာတဲ့ ကမ္ဘာဂြိုဟ်နဲ့ ပုံစံတူ အပြိုင်ကမ္ဘာ။ ဒါပေမဲ့ အဲဒီအပြိုင်ကမ္ဘာက ရုပ်ရော၊ နာမ်ရော လူ့အဆင့်အတန်းတွေရောက ကျွန်တော်လာတဲ့ ကမ္ဘာဂြိုဟ်ထက်သာတယ်တဲ့။ ပြောရရင် အဲဒီအပြိုင်ကမ္ဘာက ကျွန်တော်တို့ ကမ္ဘာထက် ကံသာတဲ့သူတွေ ရောက်တဲ့နေရာတဲ့။ သူကတော့ မသန်စွမ်းမို့လို့ ခန္ဓာကိုယ်အဆင့်အတန်းက နိမ့်နေလို့ ကျွန်တော်နဲ့ ပြောလို့ရတာလို့ ရှင်းပြတယ်။ အဲဒါပြီးတော့ သူက ဆက်ပြောတယ်။ မင်းနေတဲ့ ကမ္ဘာဂြိုဟ်မှာ မင်းရှိသလို အခု မင်းရောက်လာတဲ့ အပြိုင်ကမ္ဘာဂြိုဟ်မှာလည်း ကျွန်တော်ရှိတယ်ပေါ့။ အဲဒီအပြိုင်ကမ္ဘာမှာကြတော့ ကျွန်တော်က လက်ဝှေ့သမားဖြစ်နေတယ်။

ထူးထူးဆန်းဆန်းပဲ။ အဲဒီအပြိုင်ကမ္ဘာဂြိုဟ်မှာ လက်ဝှေ့သမားဖြစ်နေတဲ့ ဖြိုးဝေ နဲ့ ကျွန်တော် တွေ့ပြီး စကားပြောလို့ရတယ်။ ဘာလို့ ပြောလို့ရလည်းဆိုတော့ သူလက်ဝှေ့စင်ပေါ်တက်ကာနီးမှာ ကျွန်တော်ရောက်သွားတာမို့လို့။ သူကတော့ ကျွန်တော်နေတဲ့ ကမ္ဘာထက် အဆင့်မြင့်တဲ့ အပြိုင်ကမ္ဘာဂြိုဟ်က ဖြိုးဝေမို့လို့ ရုပ်ရည်၊ အဆင်း၊ ရူပကာ၊ အသားအရေ ဘာတစ်ခုမှ အပြစ်ပြောစရာမရှိတဲ့အပြင် ဆံပင်တိုတိုကိုမှ ပေါင်နှစ်ဖက် ထိုးကွင်းတွေနဲ့။ အပြိုင်ကမ္ဘာဂြိုဟ်က လက်ဝှေ့သမား ဖြိုးဝေ ကလည်း ရှင်းပြတယ်။ သူနဲ့ ကျွန်တော်နဲ့က တစ်ယောက်တည်းဖြစ်ကြောင်း၊ ဒါကြောင့်မို့လို့ ရုပ်နဲ့ နာမ် သူက ပိုအဆင့်မြင့်ပေမယ့် ဆက်သွယ်ပြောဆိုလို့ရတာဖြစ်ကြောင်း၊ သူနဲ့ ဆက်သွယ်ပြောဆိုလို့ ရပေမဲ့ သူ့ဂြိုဟ်က တခြားသူတွေနဲ့ ကျွန်တော် ထိတွေ့လို့ရမှာ မဟုတ်ဘဲ သူလက်ဝှေ့ထိုးမှာလည်း သူ့ပြိုင်ဘက်ကို ကျွန်တော် မြင်ရမှာ မဟုတ်ဘူးလို့ ကျွန်တော့်ကို ရှင်းပြတယ်။

အပြိုင်ကမ္ဘာက လက်ဝှေ့သမားဖြိုးဝေ ဟာ ကမ္ဘာဂြိုဟ်က သတင်းထောက်ဖြိုးဝေ မှ ဖြိုးဝေ ပဲ။ သူကြတော့ ဘ၀တစ်ဆင့် တော်တော်မြင့်နေတာလို့ သူ့ကိုကြည့်ရင်း ကိုယ့်ကိုယ်ကိုယ် တွေးနေချိန် အိပ်ရာက လန့်နိုးလာတယ်။

တော်တော်တော့ အံ့ဩဖို့ကောင်းပါတယ်။ ကျွန်တော်က အဲဒီလို အချိန်ခရီးသွားဇာတ်ကားတွေ၊ အပြိုင်ကမ္ဘာတွေအကြောင်း စိတ်ဝင်စားပေမဲ့ အဲဒါကို ထိုင်တွေးနေတတ်သူမဟုတ်သလို နောက်ဆုံးဇာတ်ကားကြည့်ထားတာလည်း ဇူလိုင်လလောက်က။ အိပ်မက်တွေ မက်ရင်လည်း ရောထွေးပြီး မမှတ်မိတာများပေမဲ့ ဒီအိပ်မက်ကြတော့ လုံးစေ့ပတ်စေ့ မှတ်မိနေသလို တကယ်ဖြစ်သွားတာလိုလိုကို ထင်နေတာ။

မောင်ဆူးလှည်း

10 Nov, 11:36


ထောက်ကြန့် အောင်သပြေရပ်ကွက် ဆယ်အိမ်တန်း ကျုးကျော်မှာနေပြီး ပလုံကောက်တဲ့ အမှီအခိုမဲ့ အဘွားဒေါ်ညွန့်စိန်အတွက် ပထမအကြိမ်မှာ သစ္စာကမ်းလက် တစ်လ (၁၀၀၀၀) ကျပ် လစဥ် လှူဒါန်းကြသူများ ကွန်ရက် က ကျပ် ၁၅၀၀၀၀ နဲ့ အခု ဒုတိယအကြိမ်မှာ ကိုလင်းထက်အောင်က ကျပ် ၁၀၀၀၀၀

အသက် ၁၀၅ နှစ်အရွယ် အဘွားဒေါ်တင်မေအတွက် သစ္စာကမ်းလက် တစ်လ (၁၀၀၀၀) ကျပ် လစဥ် လှူဒါန်းကြသူများ ကွန်ရက် က လစဥ် အာစိဏ္ဏကံအဖြစ် စတုတ္တအကြိမ် ကျပ် ၅၀၀၀၀ ၊ ကိုလင်းထက်အောင်က ကျပ် ၁၀၀၀၀၀ လှူဒါန်းပေးခဲ့ပါတယ် ခင်ဗျ။

ဒီလှူဒါန်းမှုကုသိုလ်ကြောင့် သစ္စာကမ်းလက်အလှူရှင်များအားလုံး အိုခြင်းဆင်းရဲ၊ နာခြင်းဆင်းရဲ၊ မကျန်းမာမပြည့်စုံခြင်းဆင်းရဲ၊ သားသမီးမြေးမြစ်များပစ်ပယ်ငြိုငြင်ခြင်းဆင်းရဲက ကင်းလွတ်ပြီး အိုကံအထူးကောင်းမွန်ကြပါစေသား 🙏🙏🙏

မောင်ဆူးလှည်း

01 Nov, 00:25


သစ္စာကမ်းလက် လစဥ်အလှူ၊ ကထိန်သင်္ကန်းအလှူနဲ့ လစဥ်အလှူမှာ သံဃာတစ်ပါး ထပ်မံတိုးမြှင့်ခြင်းအလှူတော်

ဖြိုးဝေ
၁. ၁၁. ၂၀၂၄

ပြီးခဲ့တဲ့လက သစ္စာကမ်းလက်ရဲ့လစဥ်အလှူအတွက် ပခုက္ကူမှာ လူလေးယောက်တိုးဖြစ်သလို ဒီလမှာလည်း သံဃာတစ်ပါးထပ်တိုးလှူဖြစ်ပါတယ်။

အဲဒါ ဘယ်သံဃာတိုးရမလဲစဥ်းစားရင်း ကျွန်တော်တို့ ငယ်ငယ်က အရှည်ကြီးလို့ခေါ်တဲ့ ဦးတိလောက ကို သတိရသွားလို့ ဆရာတော့်မေးကြည့်တော့ သူက တောင်ငူ ရှမ်းစုပေါက်ခိုမဟာစည်ကျောင်းမှာ စာချဆရာတော်လုပ်နေတာတဲ့။ အဲ့ဒါကြောင့် တောင်ငူရှမ်းစုပေါက်ခိုမဟာစည်ကျောင်းက သာသနာ့ဓဇဓမ္မာစရိယ၊ စာချဆရာတော်ဦးတိလောကကို ဒီလကစ လစဥ် ကျပ် ၃၀၀၀၀ စတင်လှူပေးဖြစ်ပါတယ်။ ဒါ​ကြောင့်မို့လို့ သစ္စာကမ်းလက်လစဥ်အလှူဟာ သံဃာတော်ငါးပါး၊ သီလရှင်တစ်ပါး၊ ရန်ကုန်က အသက်ရာကျော်အဘွားဒေါ်တင်မေ (လစဥ် ကျပ် ၅၀၀၀၀) နဲ့ ပခုက္ကူက သက်ကြီးရွယ်အို၊ နာမကျန်း၊ မသန်စွမ်းအဆင်မပြေသူ ၂၀ မို့လို့ သစ္စာကမ်းလက်လစဥ်အလှူက စုစုပေါင်း ၂၇ ဦးဖြစ်လာပါတယ်။

သစ္စာကမ်းလက်က လစဥ်လှူပေးနေတဲ့ သံဃာတော်တွေနဲ့ သီလရှင်ဆရာလေးကို ဝါဆိုသင်္ကန်းနဲ့ ကထိန်သင်္ကန်း ဆက်ကပ်ပါတယ်။ ပြီးခဲ့တဲ့ ဝါအဝင်မှာ ဝါဆိုသင်္ကန်းအတွက် တစ်ပါး ကျပ် ၁ သိန်း ဆက်ကပ်သလို အခု ကထိန်သင်္ကန်းကပ်ရမယ့် လအတွက်လည်း တစ်ပါးကို ကထိန်သင်္ကန်းအလှူငွေ ကျပ် ၁ သိန်းကပ်လို့ စုစုပေါင်း သံဃာ ၅ ပါးနဲ့ သီလရှင်တစ်ပါးစီတိုင်းကို ကျပ် ၁၃၀၀၀၀ ဆက်ကပ်လှူဒါန်းတာ၊ အဘွားဒေါ်တင်မေကို ကျပ် ၅၀၀၀၀ အလှူနဲ့ ပခုက္ကူလူ ၂၀ ကို ၅၁၀၀၀၀ ဆိုတော့ ဒီလ လစဥ်အလှူစုစုပေါင်းက ကျပ် ၁,၃၄၀,၀၀၀ ဖြစ်ပါတယ် ခင်ဗျ။

🙏🙏🙏 အကျွန်ုပ်သည် သစ္စာကမ်းလက်၏ လေးနှစ်တာကာလအတွင်း လစဥ်ကျပ် ၁၀၀၀၀ အလှူရှင်များ၏ အလှူငွေဖြင့် လူရာချီကို ကျပ်သိန်းထောင်ဂဏန်းခန့် ကူညီခဲ့ပြီး ယနေ့တွင်လည်း သစ္စာကမ်းလက်၏ ၃၇ လမြောက်လစဥ်အလှူအဖြစ် သံဃာ ၅ ပါး၊ သီလရှင် ၁ ပါး၊ နွမ်းပါးအဆင်မပြေသောသက်ကြီးရွယ်အိုနှင့် နာမကျန်းခက်ခဲသူ ၂၁ ဦးကို ကျပ် ၁၃ သိန်းကျော် ပေးလှူခဲ့ပါသည်။ လတစ်လ၏ ပထမဆုံးရက်တိုင်း ပြုမြဲဖြစ်သည့် လစဥ်အာစိဏ္ဏကံအလှူနှင့် သစ္စာကမ်းလက်၏ ကူညီမှုကုသိုလ်ကံများကြောင့် သစ္စာကမ်းလက်အလှူရှင်များအားလုံး ယနေ့နှင့် မနက်ဖြန်ထွက်မည့် ထီဆုကြီးများ ကံထူးကြပါစေသား အရှင်ဘုရား 🙏🙏🙏


https://www.facebook.com/share/p/8czpeNHSb1pAnsPQ/

မောင်ဆူးလှည်း

30 Oct, 06:17


လက်နက်ကိုင်ပြီဆိုရင်တော့ ပြည်သူ့တပ်မတော်ဆိုတာတွေ ပြည်သူ့အတွက် PDF ဆိုတာတွေ မရှိတော့ဘူး အကုန်လုံးက ဆက်ကြေးတောင်းတော့တာပဲ

ဆက်ကြေးတောင်းပြီးရင် တရားဝင်အစိုးရလို တရားဝင်လက်နက်ကိုင်လို နိုင်ငံ့အတွက် ပြန်လုပ်ပေးဖို့ တာဝန်မရှိလို့ ဒီဆက်ကြေးတွေက စစ်ပွဲတွေ အဓွန့်ရှည်စေတယ်

KNU တစ်ခုတည်း တစ်လ ၄ ဘီလျံ လမ်းကြေးရတယ်ဆိုတာက နည်းတာမှမဟုတ်တာ။ ဒီလိုတွေ ဆက်ကြေးတောင်းနေလို့လည်း ပြည်တွင်းမှာ ကုန်ဈေးနှုန်း အဆမတန် တက်နေတာ၊ ကေနုကကောင်တွေကလည်း ဒီဆက်ကြေးအရသာ အခုမှသိပြီး မြဝတီလမ်းကြောမဖွင့်ပေးတော့တာ

ဒါပဲ နောက်ဆုံးအချုပ်က ကေနုနဲ့ ပဒက် ပြီးတော့ ဘော်ဒါဂတ်တွေက ဆက်ကြေးတွေကောက်၊ လုပ်ငန်းရှင်က ဒီဆက်ကြေးကို သူသွင်းတဲ့ကုန်စည်မှာပေါင်း ဒီတော့ စစ်ကို ဆက်ထောက်ခံရင် ကုန်စျေးနှုန်းဆက်တက်မယ် ဒါပဲ

https://www.facebook.com/share/p/m8EpABd5uZMf9bnX/

မောင်ဆူးလှည်း

28 Oct, 05:38


ဗုဒ္ဓဘာသာစော်ကားလို့ အမှုဖွင့်တော့၊ ကန့်ကွက်ရှုတ်ချတော့ မဘသ၊ မျိုးညစ်ဆိုပြီး လှောင်တဲ့ကောင်တွေက

သူတို့ဘာသာ စော်ကားခံရတဲ့အချိန်ကျရင်တော့ ကာတွန်းတစ်ပုံနဲ့ လူသတ်ဗုံးခွဲတာနဲ့ မကြည့်ရသေးတဲ့ ရုပ်ရှင်က စာတစ်ကြောင်း ပုံတစ်ပုံနဲ့ ဘာသာတစ်ခုလုံးပျက်တော့မလို ထ အော်ရတာနဲ့ ဝေဖန်မိလို့ လူပျောက်ပါတယ်လို့ ငိုချင်းချရတာနဲ့ ရွံစရာလေးတွေ...

ကိုယ်ဖြင့်စာ မနာနိုင်ဘဲ သူများဘာသာ စော်ကားတာကို အားပေးထောက်ခံမိရင် ငါတို့ဘာသာလည်း စော်ကားခံရမှာပဲ တွေးနိုင်တဲ့ ဦးနှောက် အသိဉာဏ်မရှိတဲ့ အစွန်းရောက်တွေ။

ဘယ်ဘာသာဝင်တိုင်းကမှ ကိုယ့်ဘာသာထိပါးစော်ကားတာကို သဘောမကျဘူးဆိုတာ နားမလည်သရွေ့၊ သူများဘာသာစော်ကားပြီး ကိုယ့်ဘာသာထိမှ ငိုပြနေသရွေ့ ဒီနိုင်ငံမှာ ဘာသာပေါင်းစုံချစ်ကြည်ရေးဆိုတာ ဖြစ်လာမှာမဟုတ်ဘူး 🙂

မောင်ဆူးလှည်း

27 Oct, 16:52


Fri ငါဝင်ထားတဲ့ NLD Group တွေ၊ PDF Group တွေ၊ EAO Group တွေက မင်း အကောင့်နဲ့ Ss တွေ ခဏခဏတင်ပြီး Report ထုကြ၊ သတ်မယ်၊ သတင်းပေး ခဏခဏ တင်တယ်နော်။ တချို့ကလည်း မင်းကို ဘယ်ရပ်ကွက်၊ ဘယ်ကားဂိတ်နားမှာ ခဏခဏတွေ့တယ် မန့်ကြတယ်။ မင်းကို တော်တော်မုန်းကြတာ ဘာလို့တုန်း။

Me ပထမဆုံး မင်းကို ငါမေးမယ်။ ငါ့ကို မင်းက ဘာလို့မမုန်းတာတုန်း။

Fri မင်းနဲ့ငါနဲ့ အယူအဆတွေ အမြင်တွေ မတူပေမဲ့ မင်းက ငါ့ ငယ်သူငယ်ချင်းလေ။ ပြီးတော့ မင်းက မင်းကိုယ်ကျိုးမရှာဘဲ သူများပဲ ကူညီပြီး မင်းရေးနေတာတွေကလည်း နိုင်ငံနဲ့ ပြည်သူကောင်းဖို့၊ နိုင်ငံမပြိုကွဲဖို့၊ တရားလက်လွတ် မသတ်ကြဖို့၊ ဒီနိုင်ငံကောင်းဖို့ပဲ ရေးနေတာကိုး။ ကျန်တဲ့ အပြန်အလှန်ဆဲဆိုတာကလည်း မင်းဆဲလိုက်၊ ငါဆဲလိုက်၊ စကားနိုင်လုလိုက်။ အဲဒါကို ငါက မင်း မုန်းရအောင် သောက်ရူးမဟုတ်ဘူးလေ။

Me အေး အဲဒါက မင်းက ငါ့သူငယ်ချင်းမို့ ငါ့စိတ်ရင်းသိလို့ အမှန်မြင်တာ။ အဲဒါဆို မင်းမေးတဲ့လူတွေက ငါ့ဘာလို့ မုန်းလဲဆို

၁ ။ NLD နီပေါတွေ ငါ့မုန်းတာက သူတို့ NLD အစိုးရ ငါ့ကို မတရားဖမ်းခဲ့ပြီး ငါက ရင်ကော့ခေါင်းမော့ လွတ်လာ၊ သူတို့ NLD အစိုးရက တရုတ်နဲ့လုပ်ချင်တဲ့ မြို့သစ်ကြီး ပျက်၊ သူတို့အစိုးရတစ်ဖွဲ့လုံးက ထောင်ကျကုန်ချိန်မှာ သူတို့အစိုးရက ဒီမိုကရေစီအစစ်အစိုးရကြီး၊ မတရားအဖမ်းခံထားရတာလို့ ကမ္ဘာကို ​ပြောချင်တာ။ ငါက ငုပ်တုတ်ကြီး NLD ကလည်း ဓားမိုးကရေစီအစိုးရလို့ သက်သေနဲ့ပြောနေတော့ မုန်းကြတာကွ။

၂။ PDF တွေက အာဏာလိုချင်တဲ့ကောင်တွေရဲ့ အသုံးချခံဖြစ်မှာလို့ နွေဦးတော်လှန်ရေးအစကတည်းက ငါ ပြောခဲ့ပြီး တာရာမင်းဝေရဲ့ ဝတ္ထုတိုနဲ့ပါ ယှဥ်ပြခဲ့တာ။ အဲဒါတွေ ကွက်တိမှန်တော့ PDF တွေ လက်နက်ဆက်ကိုင်ပြီး NUG က လူတွေ ချမ်းသာစေချင်တဲ့ ကိုယ်ကျိုးစီးပွားသမားတွေက ငါ့ သတ်ဖို့ လှုံ့ဆော်၊ ငါကလည်း ရွေးကောက်ပွဲလုပ်မှ တိုင်းပြည်နဲ့ ပြည်သူထွက်ပေါက်ရမှာလို့ တစ်စိုက်မတ်မတ်ပြောတော့ PDF Group တွေက မုန်းတာပေါ့ကွာ။

၃။ EAO တွေ မုန်းတာက ရှင်းရှင်းလေး။ သူတို့က စစ်တပ်မုန်းတီးရေးလှုံဆော်ပြီး PDF တွေ အသုံးချနယ်မြေလုမယ်။ နယ်မြေအသစ်သုံးနိုင်ရင် နိုင်ငံခွဲထွက်မယ်။ ငါက မြန်မာ့မြေပုံအပျောက်မခံနိုင်တဲ့ ခွဲထွက်တာ လက်မခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီသမားဆိုတော့ သူတို့က ငါပို့စ်တစ်ချက်တက်တိုင်း PDF တွေနဲ့ တိုင်ပတ်တော့ ငါ့ မုန်းတယ်။ ဒါပဲ။

Fri အေး လွယ်တော့ မလွယ်ဘူးနော် မင်းလည်း သတိထားဦး။

Me အေးအေး ငါက အဲဒါတွေ သိပ်ဂရုမစိုက်ဘူး။ လူတစ်ယောက်က တစ်သက် တစ်ခါပဲ သေရတာ။ ကြောက်လို့ နာမည်ပျက်နဲ့ ကိုယ့်ရည်တည်ချက်ကိုယ်တော့ သစ္စာမဖျက်ဘူး။ လာသတ်တောင် ရှေ့ကသတ်။ ပြန်ချမှာ 😂

Fri အရင်က ငါ မေးတိုင်း မင်းက သောက်တုံးက စ ဆဲတာလေ။ အခု ဘာလို့ မဆဲတော့တာတုန်း။

Me မင်းနဲ့ငါ ငြင်းတာက တကယ်ငြင်းနေတာကို ငါ ပြန်ရေးပြတာလို့ အဖေ့ကို ပြောမိတာ။ အဲဒါ အဖေက ငါ့အကောင့်မှာ ရေးရင်တောင် ဆဲပြီး ပြောတာတွေ မတင်နဲ့တော့တဲ့။ ငါက မင်းကို ဆဲမိရင် ထည့်ရေးမိမှာစိုးလို့ မဆဲတာ။

Fri ဟ မင်း ဆဲမနေတော့လည်း ငါက တစ်မျိုးကြီးဟ။ မင်း အစစ်မဟုတ်သလိုကြီး။

Me အေး ငါလည်း အားပါးတရ ဆဲဆိုပြီး မပြောရတော့ စိတ်ညစ်နေတာ။ ပြောရတာတောင် အားမရှိဘူး 😞😞😞😞

မောင်ဆူးလှည်း

27 Oct, 16:21


မဲခိုးရင် Backwave ရိုက်မှာမို့ မဲမခိုးဖို့ NLD ကို ပြည်သူတွေ တိုက်တွန်းကြလို့ ကိုယ်က မဲမဆွယ်ခင် ကြိုရေးခဲ့ဖူးတယ်

ဒီနေ့ ဒီကာလအထိလည်း ကြံရာပါ Hardliner သုံးယောက်မှာ တစ်ယောက်ဂန့်တဲ့အထိ မဲမခိုးခဲ့ပါဘူးလို့ ဘယ်သူမှ တရားဝင်မပြော၊ မဖြေရှင်း။

ဒီနိုင်ငံ ဒီလိုဖြစ်နေရခြင်းရဲ့ Root Cause မှာ ၁ တရားခံက ဒေါ်စုနဲ့ NLD ပဲ

၂ ၊ ၃ နဲ့ ၄ ကတော့ ဘီယာဆိုင်မှာပဲမေးနော် 😜

မောင်ဆူးလှည်း

26 Oct, 16:05


၂၀၂၁ နွေဦးတော်လှန်ရေးမှာ PDF ဆိုတာ မပေါ်သေးခင်က

CDM လုပ်သူတွေ ငတ်မှာ၊ ဘဝပျက်မှာ၊

နိုင်ငံပျက်မှာ နာမှာ

လူငယ်တွေ ဘဝပျက်မှာ ဒါကြောင့်မို့လို့

ဆန္ဒမပြနဲ့၊ အဖမ်းမခံနဲ့ လက်နက်မကိုင်နဲ့ အသုံးချမခံနဲ့

Democracy Restored ပဲ ပြန်သွားကြပါဆိုပြီး တစ်ချိန်လုံး တစ်လောကလုံး ဆန့်ကျင်ပြီး ရေးနေချိန်မှာ

အဲဒီအချိန်က တိုင်းရင်းသားနယ်မြေက အစိုးရသတင်းထောက်က CDM လုပ်၊ လက်နက်ကိုင်အဖွဲ့အစည်းထဲ ဝင်တယ်ဆိုတဲ့ပုံစံနဲ့ ကိုယ့် သ မယ် ဆိုပြီး လာခြိမ်းခြောက်တယ်

အဲဒီတုန်းက PDF ဆိုတာ နာမည်မထွက်လာသေးပေမဲ့ လက်နက်ကိုင်နယ်မြေရောက်နေတဲ့သူတွေ စစ်ရေးစသင်ချိန်၊ သူတို့လို လက်နက်ကိုင်နယ်က ကောင်တွေက ထိပ်ဆုံးက ရောက်သွားတာကိုး

ကိုယ့်ကို သ မယ်လို့ စ ခြိမ်းခြောက်တာလည်း သူတို့အဖွဲဲ့ပဲ

အခုတော့ အဲဲဒီသတင်းထောက်ကို သူ သိပ်ယုံတဲ့ သူ့နယ်ကလက်နက်ကိုင်တွေကပဲ ဖမ်းထားတာ တစ်လပြည့်ဖို့ ၃ ရက်ပဲ လိုတော့တယ်

သ လိုက်ပြီ ဆိုတာလည်း မန့်တွေမှာ တွေ့မိပါရဲ့

....

ကိုယ်တစ်ခါရေးဖူးပါရဲ့... ကိုယ့်ကို မတရားလာဖမ်းတဲ့ညက အရမ်းပျော်ပြီး ရုံးရှေ့လာ မဖမ်းသေးဘူးလား...မေးတဲ့ သတင်းထောက် (ကိုယ့်လက်အောက်ပဲ တစ်ခါပြန်ရောက်ဖူးတဲ့ကောင်) သူ အဖမ်းခံရတော့ မိခင်သတင်းဌာနကတောင် ဝတ်ကျေတန်းကျေနဲ့ပြီးလို့

အခုလည်း ကိုယ့်ကို ပထမဆုံး စ ခြိမ်းခြောက်တဲ့ကောင်က သူယုံတဲ့လက်နက်ကိုင်တွေကြောင့်ပဲ....သူ့မိခင်သတင်းဌာနနဲ့ ပြည်တွင်း သတင်းဌာနတွေကလည်း CPJ ထုတ်ပြီးမှ တောင်းဆိုရဲနဲ့ 🤣

မှတ်ချက်။ ဒီမိုခရေဇီနီပေါတွေက သူတို့ ဓားမိုးကရေစီအစိုးရက အာဏာသုံးပြီး မတရားလုပ်တာရေးရင် မကြိုက်ကြဘူးဗျ။ သတင်းထောက် ပုံကလည်း ဘာရယ်မသိတော့ မသုံးချင်လို့ မိုက်ကယ်ကျော်မြင့်က ဒေါ်စုကို ခင်ဗျားလို့ ပြောမိရုံနဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့်တဲ့ သတင်းပုံလေး တင်ပေးလိုက်တယ်။ နီပေါတွေ သိပ်တမ်းတနေကြတဲ့ ခေတ် တုန်းက အာဏာရူးခဲ့စဥ် အမှတ်တရပုံပေါ့ 😜😜😜😜

မောင်ဆူးလှည်း

26 Oct, 07:28


Fri ရွှေစျေး ရည်ညွှန်းစျေးက အရင်ကလည်း သတ်မှတ်နေတာပဲမို့လား။ အခုနဲ့ ဘာကွာလို့လဲ။ ပြီးတော့ ဒေါ်လာလို ရည်ညွှန်းစျေးကတစ်စျေး မှောင်ခိုစျေးက တစ်စျေး ဖြစ်နေရင် ဘယ်လိုလုပ်မလဲ..

Me ဒါက ရှင်းပြရမှာရှည်တယ်ကွ။ အရင် သတ်မှတ်တာက ရွှေအသင်းက သတ်မှတ်တာ။ သူတို့က ပုဂ္ဂလိကအဖွဲ့အစည်း။ သူတို့သတ်မှတ်တာကို စျေးတင်ရောင်းလည်း ဘာမှလုပ်မရဘူး။ အခုက အစိုးရက၊ ဝန်ကြီးဌာနက သတ်မှတ်တာ။ သတ်မှတ်မှာကလည်း အရေးကြီးဝန်ဆောင်မှုဥပဒေ သုံးပြီး သတ်မှတ်မှာဆိုတော့ သတ်မှတ်စျေးထက် Plus or Minus 5 ဆိုတာမျိုးထက် ပိုပြီးရောင်းရင် ဖမ်းမှာပဲ။ စည်းမျဥ်းဖောက်တဲ့အပေါ်မူတည်ပြီး လိုင်စင်သိမ်း၊ ထောင်ချလုပ်လို့ရသွားပြီ။ ထောင်ကလည်း ၃ နှစ်အထိ ချမှာ။ အခုကွာ ရွှေအသင်းက ဖြစ်သင့်တယ်လို့သတ်မှတ်တဲ့စျေးထက် ရွှေသည်တွေက ၁၂ သိန်းနဲ့ သိန်း ၂၀ ကြား ဟ ပြီးရောင်းတယ်။ အဲဒါက တမင်အမြတ်တင် စျေးကစားထားတဲ့ပမာဏဖြစ်နေတာ။ ဒီလိုဟာမျိုးတွေ ထိန်းမှာပေါ့ကွာ။ Plus or Minus 5 ဆိုတာက မင်းနားလည်အောင် ပြောပြတာ။ တကယ်သတ်မှတ်တဲ့နှုန်း မဟုတ်သေးဘူး...ဖြစ်လာနိုင်တဲ့ အတိုင်းအတာကို ငါ့ခန့်မှန်းချက်ပဲရှိသေးတာ...။

Fri ရွှေက အရင် ရည်ညွှန်းစျေးသတ်မှတ်ပြီး ဖမ်းတယ်ဆိုတုန်းကလည်း အလျော့တွက် လက်ခကို တစ်ကျပ်သား သိန်း ၂၀ လောက် တွက်တောင်းပြီး နားလှည့်ပါးလှည့် ကလိမ်ကကျစ် လုပ်နေကြတာလေ။ အဲဒီလို ဆက်လုပ်ရင် အခုအရေးကြီးဝန်ဆောင်မှုနဲ့ ထိန်းတာက ဘာထူးမှာမို့လို့လဲ။

Me အင်း အဲဒါတော့ ဟုတ်တယ်။ ရွှေဆိုင်တွေက အခုနောက်ပိုင်း အလျော့တွက်၊ လက်ခကို အဆမတန်တောင်းပြီး သူတို့လိုချင်တဲ့ အပြင်ပေါက်စျေးဆီ ဆွဲတင်တာ။ ဒါတွေလည်း ရည်ညွှန်းစျေးကော်မတီက ကြိုနားလည်ပြီး အလျော့တွက်၊ လက်ခကိုပါ Rate သတ်မှတ်ရမှာပေါ့။ ဥပမာ ရည်ညွှန်းစျေးမှာ Plus or Minus 5 ဆို အလျော့တွက် လက်ခကလည်း ရွှေတစ်ကျပ်သားသတ်မှတ်စျေးရဲ့ ၃ ရာခိုင်နှုန်းအောက်လောက်ပဲ ထားလိုက်ရင် ရွှေဆိုင်တွေ ဂျင်းထည့်ပြီး မလိမ့်တစ်ပတ်လုပ်လို့မရတော့ဘူးပေါ့။ ရည်ညွှန်းစျေးက တစ်ကျပ်သားမှာ ၅၅ သိန်းဆို အဲဲဒီအပေါ် Plus or Minus နဲ့ + အလျော့တွက် လက်ခ နှစ်ခုပေါင်း ၈ ရာခိုင်နှုန်း ဆိုရင်ကို ရွှေတစ်ကျပ်သားမှာ အပိုပေးရတာက ၄၄၀၀၀၀ ဖြစ်နေပြီဆိုတော့ သာမန်အလုပ်သမားတစ်ယောက် ၂ လစာမက ဖြစ်နေပြီ။ သတ်မှတ်စျေးအပေါ် အမြတ် Plus or Minus နဲ့ အလျော့တွက် လက်ခက သုံးခုပေါင်းရင်ကို ၈ ရာခိုင်နှုန်းအောက်လောက်မှ ဖြစ်မယ့်သဘောပဲဟ။

Fri အေး အလျော့တွက် လက်ခမှာ စားဖို့ ချန်ထားရင်တော့ ဒါကြီးက လုပ်လည်း အလကားဖြစ်မဲ့သဘောပေါ့ ဟုတ်လား။

Me ဆင်ပြောင်ကြီး အမြီးကျမှ တစ်နေလို့တော့ ဖြစ်မလားဟ။ ရွှေစျေးကစားပြီး ဒေါ်လာဆွဲတင်လိုက် ဒေါ်လာစျေးကစားပြီး ရွှေဆွဲတင်လိုက်လုပ်နေတာကို တစ်ခုခုထိန်းပြီဆိုမှတော့ အလျော့တွက်၊ လက်ခနဲ့ စားဖို့ချန်ထားလို့ ဟ ပေးလို့ဖြစ်ပါ့မလား။

Fri မင်းအဘတွေ အလျော့တွက် လက်ခ ဘယ်လိုလုပ်မလဲ ကြည့်ကြရသေးတာပေါ့ကွာ...။

Me လခွမ်း မင်းတို့နီပေါတွေက ဘယ်လောက် လူနားလည်အောင် ရှင်းပြ ရှင်းပြ နောက်ဆုံးကြတော့ ကိုယ်လည်းမသိ သိအောင်ရှင်းပြတာလည်း လက်မခံဘဲ ခနိုးခနဲ့ နဲ့။ အာဏာလေးရ လက်နက်လေးကိုင်တော့ လက်နက်အားကိုးနဲ့ အာဏာသုံးတာနဲ့။ ဒါကြောင့်လည်း တစ်အုပ်စုလုံး ထောင်ကျကုန်တာ သင်ခန်းစာယူစမ်းပါ။ လူဆိုတာ ကိုယ်မှားနေရင် ပြင်ရတယ်။ အထူးသဖြင့် နိုင်ငံနဲ့ပြည်သူအတွက် မှားတော့မယ်ဆို ပိုပြင်ရမယ်။ မပြင်ဘဲနဲ့ ငါတကောကောနေရင် အချိန်တန် ဖင်ကော့ပြီး ထောင်ထဲရောက်တာပဲ အဖတ်တင်မှာပေါ့ကွ...။

Fri ဖင်ကော့တာက ဘယ်ကပါလာပြန်တာလဲ။

Me မင်းအမေကြီးဆီက နေမှာပေါ့ကွာ....😜😜😜😜

မောင်ဆူးလှည်း

22 Oct, 04:57


Fri ရက်ရက်စက်စက် သတ်တာ ဖြတ်တာ လက်မခံသင့်ဘူးကွ..။

Me မှန်တယ်လေ... ငါလည်း လက်မခံဘူး။ ဒါပေမဲ့ ငါ လက်မခံတာက မင်းတို့နဲ့ မတူဘူး...။

Fri ဘာမတူတာလဲ...။

Me ရက်ရက်စက်စက် သတ်တာဖြတ်တာတွေကို ငါလည်း လက်မခံဘူး...ဒါပေမဲ့ မင်းတို့လို PDF နဲ့ EAO သတ်ရင်ကြတော့ အရမ်းပျော်ပြပြီး တပ်က ပြန်လုပ်တော့မှ ငိုပြတာမျိုး၊ အရမ်းကြေကွဲပြတာမျိုး လက်မခံတာ..။ ငါ လက်ခံထားတဲ့ အမှန်တရားက ဘယ်သူ သတ် သတ် လက်မခံဘူး။ ကိုယ့်လူလုပ်လို့ မှန်ပြီး သူလုပ်ရင် မှားတယ်ဆိုတဲ့ မင်းတို့ဒီမိုခရေဇီနီပေါတွေလို Double Standard ငါ လက်မခံဘူး။

Fri ဟ ဒါက တော်လှန်ရေးလေ။ စစ်ဖြစ်နေတာလေ။

Me အေး စစ်ဖြစ်နေတာဆို ဒါတွေက ကြုံနေမှာပဲ။ ကိုယ်ဘက်က လုပ်တော့ ပြုံးပြီး သူ့ဘက်ကလုပ်မှ လက်ညှိိုးထိုး မငိုနဲ့။ ကိုယ်လုပ်တုန်းက ပျော်ရင် သူလုပ်တော့လည်း ပြုံးလိုက်ပေါ့ကွ။ အခု မင်းတို့ဟာက မင်းတို့ဘက်ကလုပ်ရင် ဝမ်းသာအားရပြုံးပျော်ပြီး အဲဒီ မတရားမှုတွေ ဖုံးပစ်ပြီး ကိုယ့်ဘက်ထိသံကြားရင် ဘာမှန်းမသိဘဲ ကြေကွဲပြနေတာတွေက Double Standard တွေက ရွံစရာကောင်းတယ်။

Fri တော်ပြီ တော်ပြီ မင်းတို့ဘောမတွေက ဆင်ခြေများတယ်။

Me ဟ မင်းတို့ ဒီမိုခရေဇီနီပေါတွေက အမှားထောက်ပြခံရရင်၊ ယှဥ်မပြောနိုင်တော့ရင် ဘယ်သူ့ဖြစ်ဖြစ် ဘောမ ဆိုပြီး ဦးနှောက်မရှိ ရောချတော့တာပဲ။ ငါ ပြောပြတာ မှားလား၊ မှန်လား။ မှားတယ်ဆို ဘာမှားနေလဲ ပြော။ မှန်တယ်ဆို မင်းတို့ ဒီမိုခရေဇီနီပေါတွေရဲ့ Double Standard ပြင်ဖို့ အသိဉာဏ်မွေးလေ။ မတရားမှုမှန်သမျှ ရက်ရက်စက်စက်လုပ်တာမှန်သမျှ ဘယ်သူလုပ်လုပ် ရှုတ်ချလေ။ သူလုပ်တော့ ဝမ်းနည်း၊ ကိုယ်လုပ်တော့ ပျော်တဲ့ဦးနှောက်နဲ့တော့ မင်းတို့ ဒီမိုခရေဇီနီပေါတွေ မတော်တဆ အာဏာပြန်ရတောင် ဖြုတ်ချခံရမှာ အသေအချာပဲ...။

Fri အာဏာက ပြန်ရနိုင်သေးလို့လား..

Me နုဂျီခေါင်းဆောင်တွေကိုယ်တိုင်က အာဏာမရနိုင်တော့မှန်းသိလို့ ဖျက်ဆီးရေးနဲ့ အလုံးစုံပျက်သုဥ်းရေးလုပ်ပြီး ပြည်သူလှူတဲ့ငွေနဲ့ မိသားစုလိုက် ပြည်ပမှာ အခြေချနေတာကို မျှော်လင့်နေသေးတာလား။ ငါပြောကတည်းက မတော်တဆလို့ ဥပမာပေးတာလေ။ အာ နာ တာ ရချင်ရင်တော့ ငါ့ဆီလာ။ Deep Throat ပေး ပေးမယ်။ ဒါ့ထက် အာ နာ တာတော့မရှိတော့ဘူး။ ပြီးကာမှ အကိုရယ် လျှော့ပါဦးတော့ မလုပ်နဲ့။

Fri ငါ....Lolllll

မောင်ဆူးလှည်း

17 Oct, 02:58


ရခိုင် Fri မြွေပွေးနဲ့ ရခိုင်မြင် ရခိုင်အရင် သတ်ဆိုတာက မြွေပွေးကိုက်ခံရရင် ရခိုင်ငှက်ပျောသီးအစေးနဲ့ ကုရတာကွ...။ ရခိုင်(လူ)ကို အရင် သတ် ရတယ်လို့ ပြောတာမဟုတ်ဘူး။

မိမိ ခင်ဗျားကြုံဖူးလား...

ရခိုင် Fri ကြုံဖူးတာပေါ့။ ငါတို့ ရခိုင်ဘက်မှာအဲဒီလို မြွေပွေးအပေါက်ခံရသူကို ရခိုင်ငှက်ပျောသီးအစေးနဲ့ ကုတာ ချက်ချင်းကောင်းသွားတာ။

မိမိ အဲဒါဆို ခင်ဗျား ရခိုင်ငှက်ပျောသီးသွားရှာ။ ကျွန်တော်က အသိ မြွေဆရာဆီ ဖုန်းဆက်လိုက်မယ်။ အစွယ်မချိုးထားတဲ့ မြွေပွေးတစ်ကောင်ရဖို့။

ရခိုင် Fri ဘာလုပ်ဖို့လဲ။

မိမိ အဲဒီမြွေပွေးနဲ့ ခင်ဗျားပေါက်ခိုင်းမယ်လေ။ ခင်ဗျားက အသက်ရှင်အောင် အဲဒီရခိုင်ငှက်ပျောသီးအစေးတင်မက တစ်ဖီးလုံးပါစား။ အဲဒီစကားပုံမှန် မမှန် တကယ် မှတ်တမ်းတင်မလို့။ မမှန်ရင်တော့ အဲဒီစကားပုံက ဘာမှ ဝှက်ထားတာမပါဘဲ ရခိုင်နည်းနည်းစုမိတာနဲ့ ဗမာမုန်းတီးရေးဝါဒနဲ့ ရခိုင်ဘုရင်ကျဆုံးတာ နှစ် ၂၄၀ လောက်အထိ ပြောမပြီးသေးတဲ့ ရခိုင်တွေကို မြွေပွေးထက်အရင် သတ် ခိုင်းတာ တကယ်လို့ ပြောမှာပဲ။

ရခိုင် Fri မင်းစော်ကားလှချည်လား။ ဘာစကားပြောတာလဲ။

မိမိ ဘာတွေ ပေါက်ကွဲနေတာတုန်း။ မြွေပွေးနဲ့ရခိုင်မြင်ရင် ရခိုင်အရင်သတ်ဆိုတာ မြွေပွေးပေါက်ခံရရင် ရခိုင်ငှက်ပျောအစေးနဲ့ ကုရင် အသက်ရှင်တယ်ဆိုတာကို ပြောတာလို့ ခင်ဗျားတို့ ရခိုင်တွေပဲ ငြင်းနေကြလို့ ရှင်းနေကြလို့ သက်သေပြခိုင်းတာလေ။ ယုံကြည်ချက်အတွက် အသက်စွန့်လိုက်စမ်းပါ။ မြွေပွေးပေါက်တာ ရခိုင်ငှက်ပျောသီးအစေးနဲ့ကုရုံနဲ့ တကယ်ပျောက်တယ်ဆိုပြီး သက်သေထူလိုက်နိုင်ရင် ခင်ဗျားတို့ ရခိုင်တွေငြင်းနေတဲ့ စကားပုံကိုလည်း ရှင်းနိုင်လင်းနိုင် အတည်ပြုနိုင်ပြီး ခင်ဗျားလည်း ဆယ်လီဖြစ်သွားမှာ။

ရခိုင် Fri 👿😈

(ကြာပါပြီ ရန်ကုန်ရောက်စက ခင်ခဲ့တဲ့ ရခိုင်တစ်ယောက်နဲ့ ငြင်းဖူးတာလေး။ အဲဒါ ငြင်းပြီးကတည်းက စကားမပြောတော့တာ 😜😜😜😜 )

မောင်ဆူးလှည်း

15 Oct, 13:52


သာမန် အိမ်သုံးတဲ့ မီတာခက အလွန်ဆုံးမှ ယူနစ် ၂၅၀ ပတ်လည်ပဲနော်။

အရင်ထက်ပိုကျလည်း ၁၀၀၀၀ ကျော်ပဲ။ အဲဒါမှ တစ်ရက် ၁၀၀၀ လောက်ပဲ ပျမ်းမျှကုန်တာ။

မီတာခ သုံးလေးသိန်း ကျတာချည်း တင်ပြီး ဖျင်ဇိမ်ခံ ၊ စည်းစိမ်ခံ၊ မီးတွေ အလကားဖွင့်ထားတာ မပြော၊ စပ်မီတာတွေ လုပ်ငန်းသုံးမီတာတွေဆိုတာ မပြောဘဲ မီတာသုံးတဲ့ယူနစ်လည်း မပြဘဲ တစ်ခြမ်းတည်းရိုက်ပြပြီး ဖျင်တက်ယားတာက ဘာဖြစ်ကြတာတုန်း

လော်ခီးတာလား....

မီတာခ အများကြီးမကျချင်ရင် မကျအောင် နေလို့ရတာပဲ။ ယူနစ်အများကြီးသုံးချင်ရင် သုံးသလောက်ကုန်မှာပဲ။

မီးလာသခိုက်ကို အဲကွန်းလေးငါးလုံးဖွင့်၊ ရှိသမျှ အကုန်ထိုင်ချက်၊ လျှပ်စစ်မီးမှန်သမျှ လျှပ်စစ်ပစ္စည်းမှန်သမျှ တရဟောသုံးပြီး ယူနစ်တွေအများကြီးတက်လို့ မီတာခကုန်မှ မီတာခကုန်တယ်ဆိုတော့ အဲဒီလို သောက်ပိုရေးတဲ့လက်တွေ ဦးနှောက်တွေ ဠိနဲ့ထိုးပေးရမှာလား ဟမ့်

ဘယ်နိုင်ငံဖြစ်ဖြစ် အခြေခံလူတန်းစားတွေ အတွက် သင့်တင့်မျှတတဲ့ နှုန်းထားတစ်ခု သတ်မှတ်ပြီးရင် ဇိမ်ခံချင်တဲ့ကောင်တွေအတွက် ဇိမ်ခံခ တောင်းတာပဲ။ ဇိမ်မခံဘဲကုန်တယ်ဆိုလည်း ဝန်ကြီးအထိ တက်တိုင်။

သောက်ဦးနှောက်မရှိ လှိမ့်သုံးပြီးမှ သူတောင်းစားလို ငိုပြနေမဲ့အစား ငါတို့က ချမ်းသာလို့ လျှပ်စစ်နဲ့ ဇိမ်ခံတာ ဒီလ မီတာခတင် သိန်း ၂၀ တောင် ကုန်တယ် ဘာညာ ကြွယ်ပြပါ့လား...

ကိုယ်ကတော့ မီတာခကုန်တယ်ဆိုပြီး စာရွက်တစ်ခြမ်းတည်းရိုက်ပြီး တက်ငိုရင် တစ်မိသားစုလုံး ပုပ်နေလို့ ရေခဲရိုက်ထားလို့ အဲ့လောက်ကျနေတာလား၊ မ thay ခင် ပုပ်နေလို့လား လို့ တွေးပစ်လိုက်တာပဲ.... 😜😜😜😜

မောင်ဆူးလှည်း

14 Oct, 15:53


https://t.me/phyoeweiwin/3092

မောင်ဆူးလှည်း

14 Oct, 15:48


NLD အစိုးရလက်ထက်မှာ သုသာန်က စည်ကြီးလုပ်ပြီး အင်းတွေ အိုင်တွေ ရေး အစီအရင်တွေလုပ်တော့

သုသာန်စည်တီး ပြည်ကြီးပျက် မယ်လို့ ရေးခဲ့ဖူးတယ်။ ကံမကောင်းစွာနဲ့ အဲဒီသုသာန်စည်ကြီးအောင်မြင်သွားတယ်။ တိုင်းပြည်လည်း ဒီနေ့ဒီအချိန်အထိ ဖြစ်လာတယ်။

နောက် နေရောင်ပြအင်း ထီးတင်တာ၊ ကံဦးဉာဏ်ဦးလာဘ်ထူးစေတီဆိုပြီး စစ်စိမ်းရောင်စေတီမှာ ဒေါ်စုက ထီးနှစ်ကြိမ်တင်တာ၊ အခုတော့ လူဝတ်လဲပြီး အခြောက်ပါလို့ ဖွင့်ချခံရတဲ့ အဲဒီအချိန်က သင်္ကန်းဝတ်ဒေါက်တာတုဘုန်းကြီးနဲ့ အစီအရင်တွေလုပ်တာ၊ ကားတာယာနဲ့ ပန်းအိုးတွေ ရေပန်းကရားတွေဝတ်တာ၊ ဆူးလေစေတီတော်ဘေး ခုံချတာ၊ (တချို့လည်း ရေးခဲ့ဖူး၊ အကောင့်တွေပျက်ကုန်လို့ သမ္မတဟောင်း ဦးဝင်းမြင့်လုပ်ခဲ့တဲ့ အစီအရင်နှစ်ခုမေ့)၊ ဗိုလ်ခြေတစ်ထောင်နိုင်ဖို့ ဗိုလ်တထောင်က ဘုရားကို ကြိုးတုပ် မြေမြုပ်တာ၊

အဆိုးဆုံးက ဗုဒ္ဓဘာသာကို နင်းဖျက်ဖို့ ပြည်တွင်းက ဗေဒင်၊ အောက်လမ်းသမားတွေ မလုပ်ရဲလို့ အင်ဒိုနီးရှားက ဘာသာခြားအောက်လမ်းဆရာပသီကုလားတွေခေါ်ပြီးတော့ကို အောက်လမ်းနည်းတွေနဲ့လုပ်ကြတာ

အဲဒီတုန်းကတော့ ဒေါ်စုအုပ်စု ယတြာတွေချေတယ်ဆိုတာ တော်ရုံမယုံကြ။ နောက်တော့လည်း နွေဦးတော်လှန်ရေးမှာ ထဘီတွေ၊ ရာသီသွေးလာထားတဲ့ Pad တွေ၊ အတွင်းခံအစုတ်အဟောင်းတွေနဲ့ သံဃာတွေကို မှေးမှိန်အောင် ယတြာချေတာတွေ လုပ်လာကြတယ်။

တစ်ဖက်မှာလည်း ဒီအောက်လမ်းနည်းတွေကို တန်ပြန်တုန့်ပြန်ရတာတွေရှိလာတယ်လို့ ရေးကြတာ တွေ့မိ။

တစ်ချိန်ကြရင်တော့ သိခဲ့မိသမျှ အာဏာမြဲရေးယတြာတွေ ရေးချင်မိ စာအုပ်ထုတ်ချင်မိပါရဲ့။

#မူဗီကတော့PDFတွေတပ်ပြိုအောင်ကျိန်စာတိုက်_အောက်လမ်းနည်းနဲ့_အစီအရင်တစ်ခုလုပ်နေကြတာ_သက်သေပြတာပါ

မောင်ဆူးလှည်း

13 Oct, 03:53


ဆက်ဆံခြင်းကို ခံစားနေရသည်။ ဂုဏ်သိက္ခာရှိသော ရာထူးအဆင့်အတန်းဖြင့် ကိုယ့်ငွေကိုယ်ရှာနိုင်ခဲ့သော နိုင်ငံ့သားကောင်းများသည် နိုင်ငံရေးအသုံးချသူများ၏ CDM ကို ယုံစားမိသဖြင့် အလှူငွေခိုးကာ ကိုယ်ကျိုးသုံးသူများ၏ ခွေးသာသာ ဆက်ဆံခြင်းကိုလည်း ခံစားနေရသည်။ လူ ၁၅၀၀၀၀ ခန့်၏ ဘဝပင် တာဝန်မယူဘဲ သူတောင်းစားသာသာ၊ ခွေးသာသာဖြစ်အောင် ကိုယ်ကျိုးရှာနေသည့် NUG နှင့် တော်လှန်ရေးအင်အားစုများသည် မြန်မာ့ လူဦးရေ ၅၅ သန်းကျော်ကို တာဝန်မယူနိုင်။

၁၅။ MNDAA ၊ TNLA ၊ AA တို့သည် PDF များ၏ ပုံရိပ်နှင့် အင်အားကို အသုံးချကာ မြို့များကို သိမ်းခဲ့သော်လည်း မြို့များရချိန်တွင် PDF များကို ကန်ထုတ်သည့်အပြင် အဝင်ပင်မခံတော့သည်ကိုတွေ့ရသည်။ ထို့ပြင် ဗမာမုန်းတီးရေးဝါဒဖြင့် ဗမာများဆိုလျှင် သတ်ဖြတ်လုယက် ပိုင်ဆိုင်မှုသိမ်းယူနေသည်။ AA ဆိုလျှင် ပလက်ဝတွင် ချင်းပြည်သူများကို ဖမ်းဆီးသတ်ဖြတ်လုယက်မှုနှင့် ကျောင်းသူပါမချန်မုဒိမ်းကျင့်မှုအပြင် အဓမ္မစစ်သားစုဆောင်းမှုပါပြုလုပ်နေ၍ ချင်းပြည်သူများကြောက်လန့်မှုပါ ဖြစ်ပေါ်နေရပြီဖြစ်သည်။ ထိုလက်နက်ကိုင်များသည် ဖက်ဒရယ်ဒီမိုကရေစီကို သွားလိုသည်မဟုတ်ဘဲ ကိုယ်ပိုင်နိုင်ငံအဖြစ် ခွဲထွက်လိုကြသည့်အဖွဲ့များဖြစ်ပြီး ယင်းတို့ခွဲထွက်လိုမှုကို ဖက်ဒရယ်ဒီမိုကရေစီနှင့် ငါးစာပြကာ PDF များကို အသုံးချနေကြခြင်းဖြစ်၍ PDF များအနေဖြင့် လက်ရှိအကျိုးမဲ့စစ်ပွဲကို ဆက်လက်မဆင်နွှဲသင့်။

၁၆။ PDF အုပ်စိုးနယ်မြေများတွင် ပသုံးလုံးအဖွဲ့များ၏ ​ပြည်သူကို အနိုင်ကျင့်သတ်ဖြတ်မှုနှင့် လုယက်မှုများ သက်ငယ်မုဒိမ်းမှုများ ပိုများလာသည်ကို PDF အချို့နှင့် တော်လှန်ရေးအင်အားစုများကပင် ဖော်ထုတ်လာကြသည်ကိုလည်း တွေ့ရသည်။ ထို့ကြောင့် PDF သာမက မည်သည့် လက်နက်ကိုင်တပ်ဖြစ်ဖြစ် လက်နက်ရှိသည်နှင့် ပြည်သူကို အနိုင်ကျင့်သည်မှာ ပေါ်လွင်လာပြီဖြစ်၍ ထိုသို့သော လက်နက်ကိုင် အနိုင်ကျင့်သည့် မည်သည့်အင်အားစုကိုမျှ ခေါင်းငုံ့မခံသင့်တော့ဘဲ ဝေဖန်ထောက်ပြနိုင်သည့်အခြေအနေ ပြန်ရောက်ရန် အထူးအရေးကြီးလာသည်။ ထိုအခြေအနေမှ လွန်မြောက်ရန်မှာ ရွေးကောက်ပွဲကျင်းပ၍ အရပ်သားအစိုးရသစ် တက်လာရန်သာဖြစ်သည်။

၁၇။ အလှူငွေကို ကိုယ်ကျိုးသုံးနေသည့် NUG နှင့် ထောက်ပို့များ၊ မီဒီယာများ၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် NGO များသည် မြန်မာပြည်သူများ၏ ဖက်ဒရယ်ဒီမိုကရေစီအမြန်လိုချင်သောစိတ်ကို အသုံးချကာ မျောက်ပြဆန်တောင်းနေခြင်းဖြစ်သည်။ ရွေးကောက်ပွဲဖြစ်၍ နိုင်ငံတကာက အသိအမှတ်ပြုသော အစိုးရထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် NUG၊ PDF၊ EAOs၊ မီဒီယာများ စားခွက်ပျောက်နိုင်မည်ဖြစ်၍ ရွေးကောက်ပွဲကို ကန့်ကွက်နေကြခြင်းဖြစ်သည်ကို ပြည်သူလူထု သဘောပေါက်ချိန်တန်ပြီဖြစ်သည်။ (NGO များကမူ မြန်မာပြည်ပြန်လည်ဖွံ့ဖြိုးရေးခေါင်းစဥ်အောင် မျောက်ပြဆန်တောင်းခွင့်ရဦးမည်ဖြစ်၍ စားခွက်မပျောက်နိုင်သေး)။

၁၈။ ပြည်သူများ လက်မခံလိုသော စစ်မှုထမ်းဥပဒေ ပြန်လည်ရပ်ဆိုင်းသွားရန်နှင့် EAOs၊ NUG နှင့် ထောက်ပို့များ၏ အသုံးချခံဖြစ်နေသော PDF လူငယ်များ၏ အသက်ခန္ဓာ အလဟဿစတေးမှုမှ လွတ်မြောက်ရန် ရွေးကောက်ပွဲမှတစ်ဆင့်ပေါ်ထွက်လာသော အစိုးရနှင့် လွှတ်တော် လိုအပ်နေသည်။ လွှတ်တော်ကသာ စစ်မှုထမ်းဥပဒေရပ်ဆိုင်းရေး ဆွေးနွေးနိုင်မည်ဖြစ်သလို ဘွဲ့မရ၊ ကျောင်းမပြီးဘဲ တောထဲရောက်သွားသည့် ကျောင်းသားငယ်များ အလင်းဝင်၊ ပညာသင်ခွင့်ရအောင် ဆွေးနွေးပေးနိုင်သည်ကို မိဘပြည်သူများ သဘောပေါက်ရန်လိုအပ်နေပြီဖြစ်သည်။ မိမိရင်သွေးငယ်များကို PDF အမည်တပ်ကာ ခန္ဓာခြေလက် အသက်စတေးခိုင်းပြီး ကျည်လွတ်မြေ နိုင်ငံခြားမှ အကျိုးစီးပွားရှာနေသူ NUG များ၏ လက်အောက်မှ လွတ်မြောက်ရန် ရွေးကောက်ပွဲဖြစ်လာရေး မိဘတိုင်းတွင် တာဝန်ရှိသည်။

၁၉။ မတော်တဆ NUG သာ နိုင်သွားပါက NLD ချက်ချင်းအာဏာရမည်မဟုတ်ဘဲ NUG က အာဏာဆက်ယူကာ အနှစ် ၂၀ ခန့် ခြေဥထိုင်ဆွဲမည်ဖြစ်သလို နယ်မြေခွဲထွက်လိုသော EAOs များနှင့် တစ်ကျော့ပြန်စစ်ဖြစ်ရမည်ဖြစ်သည်။ ထို့ပြင် NUG နှင့် PDF များ၏ လက်စားချေမူဝါဒကြောင့် အသက်မစတေးနိုင်သော USDP ပါတီအပါအဝင် ပါတီများနှင့် တပ်မတော်၊ ရဲ၊ နိုင်ငံ့ဝန်ထမ်းများ၏ မိသားစုများက တစ်ကျော့ပြန်လက်နက်ကိုင်ကြမည်ဖြစ်၍ ပိုမိုကြီးမားပြင်းထန်သော စစ်ပွဲကို ထပ်မံမြင်တွေ့ရနိုင်သည်။

၂၀။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ကိုယ်ကျိုးရှာ အမြတ်ထုတ်ပြီး နိုင်ငံဖျက်ဆီးနေသည့် မီဒီယာများနှင့် လက်နက်ကိုင်အသီးသီး၏ အာဏာရှင်လုပ်ရပ်အောက်မှ လွတ်မြောက်ရန်နှင့် တပ်မတော်ကိုပါ ဝေဖန်ထောက်ပြထိန်းကျောင်းနိုင်ရန် ရွေးကောက်ပွဲကို အမြန်ထောက်ခံကြပါစို့။

၂၁။ ရွေးကောက်ပွဲမှသည် နိုင်ငံပြိုပျက် ခွဲထွက်ခြင်းကို တားဆီးပြီး လက်ရှိစစ်ပွဲနှင့် ဖျက်ဆီးသတ်ဖြတ်ခြင်းများကို ရပ်ဆိုင်းခြင်းမှတစ်ဆင့် ဒီမိုကရေစီအရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် အမှန်တကယ့်ကို ငြိမ်းချမ်းစွာအဖြေရှာသောနည်းလမ်းဖြင့်သာ ဖက်ဒရယ်ဒီမိုကရေစီကို ဆက်လက်ကြိုးပမ်းကြပါစို့။

မောင်ဆူးလှည်း

13 Oct, 03:53


၇။ နိုင်ငံအနှံ့ရှိ PDF နှင့် လက်နက်ကိုင်အင်အားစု အသီးသီး၏ တိုက်ခိုက်မှုစစ်ပွဲနှင့် နယ်မြေခွဲထွက်လိုသည့် တိုင်းရင်းသားလက်နက်ကိုင်များကြောင့် အချုပ်အခြာ အာဏာ ပျက်သုဥ်းလာနေပြီး နိုင်ငံပဲ့ထွက်ရန် နီးစပ်နေသည်။ ထိုသို့သာ တိုင်းရင်းသားလက်နက်ကိုင်များ ဆက်လက်ကြီးထွားနေပါက မြန်မာ့မြေပုံထာဝရပျက်သုဥ်းသွားမည်ဖြစ်ပြီး ထိုသို့ပျက်သုဥ်းမှုကို တိုင်းရင်းသားလက်နက်ကိုင်များ၏ ခိုင်းစေထိန်းချုပ်ခံ NUG နှင့် PDF များ ကာကွယ်နိုင်မည်မဟုတ်။

၈။ ထို့ကြောင့် နိုင်ငံ့အချုပ်အခြာအာဏာ ကာကွယ်ရန်နှင့် မြန်မာ့မြေပုံ ကမ္ဘာပေါ်မှ မပျောက်ကွယ်ရန် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲပြုလုပ်ရန် မဖြစ်မနေလိုအပ်လာနေသည်။

၉။ လက်နက်ကိုင်အဖွဲ့ရာချီထွက်ပေါ်လာပြီး ပြည်သူများပိုမိုကျပ်တည်းလာကာ သတ်ဖြတ်လုယက်မုဒိမ်းကျင့်မှုများသာ နေ့စဥ်များပြားလာနေသလို အစိုးရဆိုသည့် အဖွဲ့အစည်းနှစ်ခုပေါ်လာမှ နိုင်ငံ့အခြေအနေ ပိုမိုဆိုးရွားလာသဖြင့် ထိုအခြေအနေမှလွတ်မြောက်မည့် ရွေးကောက်ပွဲနှင့် ပြည်သူရွေးမည့်အစိုးရ ထွက်ပေါ်လာရန် အထူးလိုအပ်နေသည်မှာ ပကတိအခြေအနေမှန်ဖြစ်သည်။

၁၀။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှပြုလုပ်မည့် မည်သည့် နိုင်ငံရေးလှုပ်ရှားမှု၊ မည်သည့် ရွေးကောက်ပွဲကိုမဆို ပြည်သူလူထုက ဆန့်ကျင်လျှက်ရှိသည်ဆိုသည်မှာ မှားယွင်းနေပြီး လက်နက်ကိုင်အစိုးရနှစ်ဖွဲ့၏ ထင်ရာစိုင်းနေမှုမှ လွတ်မြောက်မည့်ရွေးကောက်ပွဲကို တောင်းတနေသည့် ပြည်သူသန်းပေါင်းများစွာရှိသည်။ ရွေးကောက်ပွဲထောက်ခံသည့်ပြည်သူများကိုသာ NUG နှင့် PDF က မသတ်ဖြတ်ပါဟု ကတိပြုသည်နှင့်တစ်ပြိုင်နက် ရွေးကောက်ပွဲဖြစ်မြောက်လိုသည့် ပြည်သူသန်းချီထွက်ပေါ်လာမည်ဖြစ်သည်။ ၂၀၀၈ ခုနှစ် ခြေဥက တပ်မတော်ကိုပါ ဝေဖန်ထိန်းကျောင်းနိုင်သည်ကို NLD အစိုးရဟောင်းလက်ထက်တွင် မျက်မြင်ကြုံခဲ့ပြီးဖြစ်၍ ရွေးကောက်ပွဲပြုလုပ်ကာ အရပ်သားအစိုးရနှင့် လွှတ်တော်ပေါ်လာရန် အထူးအရေးကြီးသည်။ (မယုံပါက သန်းခေါင်စာရင်းကောက်သူများနှင့် ရွေးကောက်ပွဲတောင်းဆိုသူများကို မသတ်တော့ပါဟု ကတိပြုချက် NUG နှင့် PDF များ အာမခံ ထုတ်ပြန်ကြည့်ရန် အထူးတလည် တိုက်တွန်းသည်)။

၁၁။ ယနေ့ နွေဦးတော်လှန်ရေးတွင် လူမျိုးပေါင်းစုံပြည်သူလူထုသည် (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေကိုအပြီးအပိုင် ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖွဲ့စည်းပုံသစ် တရပ်ပေါ်ပေါက်ရေးကို တောင်းဆိုနေကြသည်။ ထိုသို့တောင်းဆိုနေသော်လည်း NUG သည် ခြေဥရေးဆွဲမည်ကို ဦးဆောင်နိုင်မှုမရှိသလို NUCC သည်လည်း အကွဲအပြဲများစွာဖြင့် မည်သည့်စုစည်းမှုမှ ထပ်မလုပ်နိုင်။ ခြေဥရေးဆွဲမည့် NUCC မှ NLD နုတ်ထွက်မှုအပြင် KIA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များက မထောက်ခံမှုကြုံနေရသဖြင့် NUG ပြောနေသည့် ဖက်ဒရယ်ခြေဥမှာ ဖြစ်ပေါ်မလာနိုင်သည့် ရေပေါ်အရုပ်ရေးခြင်းသာဖြစ်၍ တိုင်းပြည်ကို အနှစ် ၅၀ ခန့်မက စစ်ပွဲများဖြင့်သာ Failed State ဖြစ်စေမည့် မရေရာသော မက်လုံးသာဖြစ်နေသည်။

၁၂။ လူမျိုးပေါင်းစုံ ပြည်သူလူထု အားလုံး လိုလားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးလမ်းကို တပ်မတော်ကလည်း ပါဝင် လျှောက်လှမ်းနေကြပြီဖြစ်ပြီး ပင်လုံညီလာခံသည် တိုင်းရင်းသားလက်နက်ကိုင်များ၏ အတ္တ၊ မာနနှင့် မဖြစ်နိုင်သောတောင်းဆိုမှုများကြောင့် ဒေါ်စုလက်ထက်တွင်ပင် မအောင်မြင်ခဲ့၍ ပြည်သူအားလုံးလျှောက်လှမ်းလိုသည့် ဖက်ဒရယ်ဒီမိုကရေစီရရန်မှာ တပ်မတော်အပြင် တိုင်းရင်းသားလက်နက်ကိုင်များကပါ ဖက်ဒရန်ဒီမိုကရေစီသွားလိုသည့် ဆန္ဒပြင်းပြရန်မှာ အထူးလိုအပ်ချက်ဖြစ်နေသည်ဟု ရှုမြင်သည်။

၁၃။ NUG နှင့် PDF များကြောင့် ပြည်သူလူထုက တော်လှန်ရေးထောက်ခံလှူဒါန်းချိန်တွင် NUG ထိပ်ပိုင်းခေါင်းဆောင်များက PDF များ၏ အသက်ကိုစတေးကာ မိသားစုလိုက် အမေရိကန်အပါအဝင် အနောက်နိုင်ငံများတွင် မိသားစုဘဝသစ်တည်ဆောက်နေပြီး ထိုသို့တည်ဆောက်နေမှုမှာ ပြည်သူများလှူဒါန်းငွေမှ ကိုယ်ကျိုးခိုးယူသုံးနေကြခြင်းဖြစ်သည်။ ထို့ပြင် NUG ဝန်ကြီးအချို့၏ မယားငယ်ထားမှု၊ ထိုင်းနိုင်ငံတွင် တန်ဖိုးမြင့် အိမ်ခြံမြေကားနှင့် ဇိမ်ခံကာ မယားငယ်နှင့် ဘားနှင့် အာဏာသုံးမောက်မာနေကြသည်ကိုလည်း တော်လှန်ရေးအင်အားစုများကပင် ထုတ်ဖော်နေကြသည်။ ထို့အပြင် ပန်ဆယ်လိုအပါအဝင် PDF များကို ထောက်ပို့သည် အမည်ခံထားသူများကလည်း ကိုယ်ကျိုးစီးပွားရှာကာ အလှူငွေခိုးနေကြပြီး ချမ်းသာကြွယ်ဝနေသည်ကို တွေ့ရသည်။ ထိုသို့သော သူခိုးများသည် တော်လှန်ရေးအောင်မြင်အောင် တိုက်ခိုက်နိုင်မည်မဟုတ်သလို ဖက်ဒရယ်ဒီမိုကရေစီကိုလည်း အောင်မြင်အောင်လျှောက်လှမ်းမည့်သူများမဟုတ်ဘဲ PDF တို့ အသက်၊ ခန္ဓာ၊ ခြေ၊ လက် စတေးကာ အမြတ်ထုတ်နေသူများဖြစ်၍ အင်မတန်ဆိုးရွားယုတ်မာသူများဖြစ်နေသည်ကိုလည်း အထင်အရှားတွေ့လာရသည်။

၁၄။ "အလုပ်ကထွက်ပါ၊ ထိုင်စားပါ၊ ကျွန်တော်တို့ ကျွေးထားပါ့မယ်"ဟု မြူဆွယ်ကာ နိုင်ငံ့ဝန်ထမ်း ၁၅၀၀၀၀ အထက်ကို CDM လုပ်စေခဲ့သည့် NUG နှင့် တော်လှန်ရေးအင်အားစုများသည် ကတိမတည်။ CDM များကို တစ်လ ၁၀၀၀၀ ပင် မထောက်ပံ့နိုင်သဖြင့် CDM များသည် သူတောင်းစားသာသာဖြစ်နေသလို တချို့ကလည်း ပြည့်တန်ဆာဖြစ်သည့်အထိ ဘဝဆိုးခဲ့သည်။ လစဥ်အလှူငွေရသူများမှာလည်း ငွေပို့သူများ၏ သူတောင်းစားကဲ့သို့

မောင်ဆူးလှည်း

13 Oct, 03:53


မဟာဗျုဟာ ညှိနှိုင်းဖော်ဆောင်ရေးအဖွဲ့ဆိုသည့် အဖွဲ့တစ်ခုက ရွေးကောက်ပွဲကို ဘာကြောင့် သပိတ်မှောက်ရမှာလဲ ဆိုသော အချက် ၁၄ ချက်ပါ တိုက်တွန်းချက်ကို ထုတ်​ပြန်ထားသည်တွေ့ရပြီး ထို ၁၄ ချက်မှာလည်း စကားလုံးများ တိုက်တွန်းချက်များ ထပ်ကာထပ်ကာ ဖောင်းပွနေသည်ကို တွေ့ရသဖြင့် "ဘာကြောင့်ရွေးကောက်ပွဲကို ထောက်ခံရမှာလဲ" ခေါင်းစဥ်ဖြင့် လက်ရှိအမှန်တကယ်ဖြစ်ပေါ်နေသည့် အချက် ၂၁ ချက်ဖြင့် နိုင်ငံနှင့် ပြည်သူ့ထွက်ပေါက်အတွက် ရွေးကောက်ပွဲကို မဖြစ်မနေသွားရမည်ဖြစ်ကြောင်း ခိုင်မာသော အချက်အလက်များဖြင့် တုံ့ပြန်ဖော်ပြလိုက်သည်။ ထိုသို့သော အချက် ၂၁ ချက်သည် ပကတိအချက်အလက်အမှန်များဖြစ်၍ ငြင်းဆိုလိုပါက အချိန်မရွေး ဆက်သွယ်နိုင်ပါသည်။

"ဘာကြောင့် ရွေးကောက်ပွဲကို ထောက်ခံရမှာလဲ"

၁။ ပြည်သူများသည် ဒီမိုကရေစီကို လိုလားကြောင်းနှင့် စစ်အုပ်ချုပ်ရေးအား လက်မခံ၊ မနှစ်သက်ကြောင်းကိုသက်သေပြခဲ့ပြီးဖြစ်သလို PDF များ အင်အားကောင်းစွာ ထွက်ပေါ်လာနေခဲ့ပြီဖြစ်၍ ထပ်မံအာဏာသိမ်းရန်မဖြစ်နိုင်တော့သဖြင့် ရွေးကောက်ပွဲထွက်ပေါ်လာသင့်သည်။

၂။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမရှိပါက တပ်မတော်တွင်လည်း ခြေဥအသစ်မရှိသလို ထပ်မံတက်လာမည့် NUG နှင့် တိုင်းရင်းသားလက်နက်ကိုင်များတွင်လည်း ခြေဥမရှိသဖြင့် ခြေဥထိုင်ဆွဲမည်ဆိုပါက နောက်ထပ်အနှစ် ၂၀ လောက် စစ်၊ အာဏာရှင်စနစ် ထပ်ရင်ဆိုင်ရနိုင်ပြီး အသစ်ရေးမည့်ခြေဥသည်လည်း မျှတမှုရှိမရှိ မည်သူမျှ မပြောနိုင်သည့်အပြင် လက်ရှိခြေဥထက်လည်း ပိုမိုဆိုးရွားသွားမည့်အခြေအနေရှိသည်။ (ဥပမာအားဖြင့် NLD အာဏာရချိန် မျှတစွာပြင်ဆင်ရမည့် ပုဒ်မ ၂၆၁ ကို တပ်နှင့် USDP ထောက်ခံသည့်ကြားမှ မပြင်ပေးခဲ့၊ ထိုအချိန်က အမတ်များဦးဆောင်နေသည့် ဖက်ဒရယ်ဒီမိုကရေစီရေးဆွဲရေးသည် မျှတသော ဖက်ဒရယ်ဒီမိုကရေစီ ထွက်ပေါ်လာမည့် အခြေအနေမရှိ)။

၃။ ၂၀၂၁ ခုနှစ် စစ်အာဏာထိမ်းမှုကို လူမျိုးပေါင်းစုံ ပြည်သူလူထုမှ လက်မခံဘဲ ပြည်လုံးကျွတ် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ သို့သော် စတင်တိုက်ခိုက်အကြမ်းဖက်မှုများဖြစ်လာပြီးနောက် တပ်က မျက်နှာချင်းဆိုင်ပစ်ခတ်နှိမ်နင်းမှုသာပြုလုပ်ခဲ့သည်ကိုတွေ့ရပြီး နိုင်ငံတကာတွင်လည်း အကြမ်းဖက်ဆန္ဒပြမှုများ နှိမ်နင်းရာတွင် သေကြေမှုရှိသည်မှာ မလွဲမသွေဖြစ်သည်(NLD အစိုးရဟောင်းလက်ထက်ကလည်း ရခိုင်ပြည်သူများက ရခိုင့်နိုင်ငံတော်ကျဆုံးခြင်း ၂၃၄ နှစ်ပြည့် ဆန္ဒပြမှုကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၈ တွင် ပစ်သတ်ခဲ့ဖူး၍ ရခိုင်ပြည်သူ ၁၀ ဦးခန့်သေဆုံးခဲ့ဖူးသည်)။ ထို့ပြင် PDF များ သေနတ်ရချိန်တွင် ရပ်ကျေး၊ ဆရာမ၊ ဝန်ထမ်းကဲ့သို့သော လက်နက်မဲ့များကို နောက်မှချောင်းပစ်ခဲ့သည်။ မျက်နှာချင်းဆိုင်ချေမှုန်းခံရသည်ကို ရက်စက်သည်ဟု စွပ်စွဲကာ လက်နက်ကိုင်ခဲ့ကြသူများက လက်နက်မဲ့သူကို နောက်မှချောင်းပစ်သည်မှာ ယုတ်မာမှုဖြစ်သလို ထိုသို့သော လူယုတ်မာများ အာဏာအစစ်ရပါက စစ်တပ်ထက်ဆိုးရွားနိုင်သည်။

၄။ NUG /PDF အုပ်စုသည် ရဟန်း သံဃာ ဆရာ ဆရာမ ကလေးသူငယ် ကျောင်းသား ကျောင်းသူ ရပ်ကျေးအပါအဝင် လူ ၈၀၀၀ အထက် သတ်ဖြတ်ခဲ့ပြီး၊ ပြည်သူ ရာထောင်ချီကို သုံ့ပန်း၊ ဒလန်ခေါင်းစဥ်အောက် အကြမ်းဖက် ဖမ်းဆီးထားသည်။ ထို့အပြင် NUG သမ္မတ ဒူဝါလရှီးလကလည်း Reuter Next အစီအစဥ်တွင် တပ်နှင့်ပတ်သက်သူ ၃၀၀၀၀ ကျော် သတ်ဖြတ်ထားသည်ဟု ဝန်ခံထား၍ NUG ၏ သတ်ဖြတ်မှုမှာ စစ်တပ်က သတ်သည့်ဟု စွပ်စွဲခံထားရသည့် လူ ၅၆၀၀ ခန့်ထက် ၆ ဆကျော် ပိုများသလို NUG နှင့် လက်နက်ကိုင်များ လက်နက်ကိုင်စွဲမှုကြောင့် လူ ၆ သန်းခွဲကျော် နေရပ်စွန့်ခွာ အိုးအိမ်မဲ့ဖြစ်နေကြသည်။ NUG သာ နိုင်ငံရေးကို လက်နက်ကိုင်မဖြေရှင်းပါက ထိုသေကြေနေရပ်စွန့်ခွာရမှုများ ဖြစ်မည်မဟုတ်။

၅။ NUG PDF လက်နက်ရပြီးနောက် ဆရာဆရာမများ၊ ရပ်ကျေးများ၊ ကလေးသူငယ်များ၊ ဝန်ထမ်းများ၊ ရဟန်းသံဃာများ စသည့်လက်နက်မဲ့သူ ၈၀၀၀ ကျော်ကို သတ်ဖြတ်ခြင်းသည် စစ်ရာဇဝတ်မှုကို အစဉ် ကျူးလွန်နေခြင်းဖြစ်၍ ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံများ၏ ထောက်ခံမှုမရဘဲ ကမ္ဘာ့အဆင်းရဲဆုံးအသေးငယ်ဆုံးအုပ်စုဝင် အရှေ့တီမောကသာ အသိအမှတ်ပြုမှုအနည်းငယ်ရသည်။ NUG နှင့် PDF တို့၏ စစ်ရာဇဝတ်မှုများကြောင့် သိက္ခာရှိသော အစိုးရဖြစ်လာနိုင်စရာမရှိတော့သောကြောင့် ရွေးကောက်ပွဲမှ ထွက်ပေါ်လာသော အစိုးရတစ်ရပ်သည်သာ နိုင်ငံကို ဦးဆောင်သင့်သည်။

၆။ အကြိမ် ၂၀ အာဏာသိမ်းသည့် ထိုင်းနိုင်ငံတွင် နိုင်ငံတကာ၏ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး ဒဏ်ခတ် ပိတ်ဆို့မှုမကြုံရသဖြင့် ထိုင်းနိုင်ငံက မြန်မာနိုင်ငံထက် အဆရာချီတိုးတက်နေသည်။ မြန်မာနိုင်ငံသည် ထိုပိတ်ဆို့မှုများအပြင် NUG၊ PDF နှင့် EAO ဖျက်ဆီးမှုကြောင့် နိုင်ငံပိုင် လမ်းတံတားအဆောက်အအုံ သောင်းနှင့်ချီပျက်စီးထား၍ ပိုမိုအထိနာနေသည်။ ရွေးကောက်ပွဲဖြစ်လာပါက ပိတ်ဆို့မှုများနှင့် ဖျက်ဆီးမှုများ လျော့ကျပျောက်ကွယ်သွားမည်ဖြစ်၍ ရွေးကောက်ပွဲသည်သာ နိုင်ငံနှင့် ပြည်သူ့အတွက် ထွက်ပေါက်ဖြစ်သည်။

မောင်ဆူးလှည်း

13 Oct, 03:51


မဟာဗျုဟာ ညှိနှိုင်းဖော်ဆောင်ရေးအဖွဲ့ဆိုသည့် အဖွဲ့တစ်ခုက ရွေးကောက်ပွဲကို ဘာကြောင့် သပိတ်မှောက်ရမှာလဲ ဆိုသော အချက် ၁၄ ချက်ပါ တိုက်တွန်းချက်ကို ထုတ်​ပြန်ထားသည်တွေ့ရပြီး ထို ၁၄ ချက်မှာလည်း စကားလုံးများ တိုက်တွန်းချက်များ ထပ်ကာထပ်ကာ ဖောင်းပွနေသည်ကို တွေ့ရသဖြင့် "ဘာကြောင့်ရွေးကောက်ပွဲကို ထောက်ခံရမှာလဲ" ခေါင်းစဥ်ဖြင့် လက်ရှိအမှန်တကယ်ဖြစ်ပေါ်နေသည့် အချက် ၂၁ ချက်ဖြင့် နိုင်ငံနှင့် ပြည်သူ့ထွက်ပေါက်အတွက် ရွေးကောက်ပွဲကို မဖြစ်မနေသွားရမည်ဖြစ်ကြောင်း ခိုင်မာသော အချက်အလက်များဖြင့် တုံ့ပြန်ဖော်ပြလိုက်သည်။ ထိုသို့သော အချက် ၂၁ ချက်သည် ပကတိအချက်အလက်အမှန်များဖြစ်၍ ငြင်းဆိုလိုပါက အချိန်မရွေး ဆက်သွယ်နိုင်ပါသည်။

မောင်ဆူးလှည်း

12 Oct, 05:42


ပင်လယ်ဘူးတိုက်ပွဲက NUG ထုတ်ပြန်ချက်အရ ၅၃ ရက်လောက်ကြာတာ တွေ့ရတယ်။ NUG က ထုတ်ပြန်ပြီး PDF တွေက တိုက်တာဆိုပေမဲ့ ဦးဆောင်ကွပ်ကဲတဲ့အဖွဲ့က KIA။

KIA က ကွပ်ကဲတော့ မြို့ကိုဦးဆောင်လည်ပတ်ကြမှာက ထိန်းမနိုင်သိမ်းမရ ဝက်လက်လိုမျိုးပဲ။ နာမည်ခံအဖွဲ့တွေက NUG က ပသုံးလုံး။ သူတို့ကို ဦးဆောင်နေတာက KIA က လွှတ်ပေးထားတဲ့ ဒူချွန်စိုင်းသူ။ အဲဒီမှာ ဝက်လက်က အဖွဲ့တွေရဲ့ လူသတ် လုယက် မုဒိမ်းမှုအကုန် NUG က မပြောရဲဘူး။

KIA က Godfather အနေနဲ့ ဦးဆောင်မယ်လို့ ဒီလိုပြောရတာက PDF မှာတောင်မှ မိခင်ဌာနဖြစ်တဲ့ ရည်မွန့်အမိန့်နာခံတဲ့ PDF ၊ လွင်ကိုလတ်အမိန့်နာခံတဲ့ PDF နှစ်ခုကွဲသွားတဲ့အပြင် KIA အမိန့်၊ KNU အမိန့်၊ KNDF အမိန့်နာခံရတဲ့ PDF တွေဖြစ်လာသလို အခု ၁၀၂၇ စစ်ဆင်ရေးအောက်က မန္တလေး PDF ဆို MNDAA တို့ TNLA တို့ အမိန့်နာခံရတယ်။ အခု ပလက်ဝနဲ့ ချင်းဘက်က NUG လက်အောက်ခံ PDF တွေဆို AA အမိန့်နာခံရတယ်။ နဂါးတို့ ဆောင်းခတို့ LPDF တို့တွေဆိုတာလည်း သူတို့ခေါင်းဆောင်ခိုင်းသမျှ လုပ်ရတယ်။

ဆိုလိုချင်တာကတော့ ပြည်သူတွေက PDF ဆို အကောင်းမြင်လှူကြတော့ အဲဒီနာမည်အောက်မှာ EAO တွေက PDF ကာဗာယူတယ်။ နယ်မြေရရင် PDF တွေ ကန်ထုတ်လိုက်တယ်။

အခု MNDAA တို့ TNLA တို့ သိမ်းတဲ့နယ်မြေတွေက PDF တွေ အင်အားပါပေမဲ့ နယ်မြေရသွားတော့ PDF တွေ ကန်ထုတ်ခံလိုက်ရတယ်။ အဝင်မခံဘူး။ ကွန်ဒုံးလိုမျိုးပဲ။ အားရသွားတော့ လူမသိသူမသိစွန့်ပစ်သလိုမျိုးဖြစ်တယ်။

ဘာရယ်မဟုတ်ပါဘူး။ ပင်လယ်ဘူးသိမ်းတာနဲ့ပတ်သက်ပြီး NUG က မြို့ရတာနဲ့ တပ်ကလူတွေ သေတာ မိတာပဲထုတ်ပြန်နေလို့ PDF တွေ ဘယ်လောက်သေတာလဲ လိုက်ဖတ်ရင်း ထုတ်ပြန်ချက်တစ်ခုမှာ ပင်လယ်ဘူးရဖို့ PDF အဖွဲ့ ၇၀ ကျော် ခေါ်သုံးခဲ့တယ်ဆိုတာလေး တွေ့မိသွားလို့။

KIA နဲ့ LPDF တွေ၊ တခြားပြောက်ကျားတွေမပါသေးတာကို PDF အဖွဲ့တင် ၇၀ ကျော်နဲ့ ရက်ပေါင်း ၅၀ ကျော်တိုက်တယ်။ လေကြောင်းကလည်း အချခံရတယ်။ ဒီကြားထဲ တစ်ယောက်မှမသေဘူးဆိုတာကလည်း Thousand Percent မဖြစ်နိုင်ဘူးမို့လား။ PDF တွေက စူပါမင်းမှမဟုတ်တာ။ ပြီးတော့ မြို့သိမ်းတိုက်ပွဲတွေထဲမှာ PDF အဖွဲ့အများဆုံးခေါ်သုံးတာကလည်း အခုရတယ်ဆိုတဲ့ ပင်လယ်ဘူး အများဆုံးဆိုတော့ တစ်ဖွဲ့ တစ်ယောက်ထိရင် အနည်းဆုံး ၇၀ ကျော်၊ ၂ ယောက်ထိရင် ၁၄၀ ကျော်၊ ၃ ယောက်ထိရင် ၂၁၀ ကျော်သွားမှာပဲလို့ တွေးကြည့်မိတယ်။ တွေးကြည့်နေတုန်းမှာပဲ တချို့ PDF တွေလည်း ပင်လယ်ဘူးမှာသေသူတွေအတွက် ဝမ်းတွေစ နည်းနေတာလည်း မြင်ရတယ်။

စိတ်မကောင်းတာတစ်ခုက ဒီလို PDF အသက်တွေ၊ ပြည်သူ့ယုံကြည်ချက်တွေ အလှူငွေတွေ စတေးပြီး တိုက်နေကြပေမဲ့ PDF လည်းအကျိုးမရှိ၊ နိုင်ငံလည်းအကျိုးမဲ့ပြီး ကြားထဲက MNDAA တို့လိုတရုတ်ကိုးကန့်ကောင်တွေ အမြတ်ထွက်ကုန်တာတစ်ခုပဲ....။

၂၀၃၀ လောက်မှာ တစ်ကျော့ပြန် ခြေဥအောက် ဒူးထပ်ထောက်ရင် ပိုပြီးတော့လည်း ရင်ကွဲကြရဦးမှာပဲ...

မောင်ဆူးလှည်း

11 Oct, 08:17


ထောက်ကြန့် အောင်သပြေရပ်ကွက် ဆယ်အိမ်တန်း ကျုးကျော်မှာနေပြီး ပလုံကောက်တဲ့ အမှီအခိုမဲ့ မျက်စိတစ်ဖက်မမြင်တဲ့ အဘွားဒေါ်ညွန့်စိန်အတွက် ကျပ် ၁၅၀၀၀၀ အလှူနဲ့

အသက် ၁၀၅ နှစ်အရွယ် အဘွားဒေါ်တင်မေအတွက် သစ္စာကမ်းလက် တစ်လ (၁၀၀၀၀) ကျပ် လစဥ် လှူဒါန်းကြသူများ ကွန်ရက် က လစဥ် အာစိဏ္ဏကံအဖြစ် တတိယအကြိမ် ကျပ် ၅၀၀၀၀ လှူဒါန်းပေးခဲ့ပါတယ် ခင်ဗျ။

ဒီလှူဒါန်းမှုကုသိုလ်ကြောင့် သစ္စာကမ်းလက်အလှူရှင်များအားလုံး အိုခြင်းဆင်းရဲ၊ နာခြင်းဆင်းရဲ၊ မကျန်းမာမပြည့်စုံခြင်းဆင်းရဲ၊ သားသမီးမြေးမြစ်များပစ်ပယ်ငြိုငြင်ခြင်းဆင်းရဲက ကင်းလွတ်ပြီး အိုကံအထူးကောင်းမွန်ကြပါစေသား 🙏🙏🙏

မောင်ဆူးလှည်း

11 Oct, 06:40


လာအိုထိပ်သီးဆွေးနွေးပွဲကို SAC တက်ခွင့်မပေးဘဲ NUG တက်ခွင့်ပေးဖို့ တောင်းဆိုကြ

မြန်မာအစိုးရဘက်က အမြဲတမ်းအတွင်းဝန်တက်မယ်ဆိုတော့လည်း အာဆီယံလောက်ပဲ တက်ခွင့်ရမယ်ထင်ကြ

အာဆီယံ အမေရိကန်ဆွေးနွေးပွဲကို SAC ကိုယ်စားလှယ်တက်ခွင့်ရမယ် မထင်ကြ

ဟော အခုကြတော့လည်း NUG လည်း ဘယ်သူကမှ စောက်ရေးလုပ်ပြီး အာဆီယံထိပ်သီးဆွေးနွေးပွဲနဲ့ အာဆီယံ - အမေရိကန်ဆွေးနွေးပွဲ တက်ခွင့်မရတဲ့အပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘေး တစ်ယောက်ကျော်မယ် SAC ကိုယ်စားလှယ်ဦးအောင်ကျော်မိုးကြီးက တစ်စားပွဲတည်းထိုင် မြန်မာ့အလံကြီးနဲ့ အခန့်သား

https://t.me/MT_News_Media/45916?single

ဒီအပြောင်းအလဲပုံရိပ်က အမေရိကန် ဆက်မနှောင့်ယှက် NUG ကို ငွေမထောက်ပံ့တော့ဘဲ ၂၀၂၅ ရွေးကောက်ပွဲဖြစ်မြောက်ပြီး ငြိမ်းချမ်းစွာ အာဏာလွှဲပေးဖို့ နိမိတ်ရဲ့ ရှေ့ပြေးပုံရိပ်လေးဖြစ်လာရင် အကောင်းသား 💙💙💙💙

မောင်ဆူးလှည်း

10 Oct, 05:11


ပြုသူအသစ်.....

ဖြိုးဝေ
၁၀. ၁၀. ၂၀၂၄

မှတ်မှတ်ရရ တိတိကျကျဆို ဒီနေ့က ဖြိုးမင်းသိန်း အမှုဖွင့်လို့ ဖြိုးဝေ သွားအဖမ်းခံတဲ့ ၆ နှစ်ပြည့်ပေါ့။

အဲဒီဆောင်းပါးပါတဲ့ နေ့က ဒေါ်စုဂျပန်ရောက်နေတာ။

ဂျာနယ်/သတင်းစာ မျက်နှာဖုံးမှာက ကျောက်မီးသွေးစက်ရုံလုပ်ဖို့တင်ထားတဲ့ တိုင်ကွန်းကြီးတစ်ယောက်က ဒေါ်စုရဲ့ မျက်နှာရုပ်တုလေးကို ဒေါ်လာ ၈၀၀၀၀ နဲ့ လေလံဝယ်တဲ့ သတင်းနဲ့ အထဲမှာက "အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေပိတ်ရေး၊ ငွေချေးသူဘယ်သူလည်းမသိတဲ့ကျောင်းကားနဲ့ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ"ဆိုတဲ့ ဆောင်းပါးနဲ့။

မျက်နှာဖုံးရော ဆောင်းပါးရောက ​ဆောင်းပါးရှင် တစ်ယောက်တည်းပဲ "ဖြိုးဝေ"

ဂျပန်ရောက်ဒေါ်စုက သူ့ရုပ်တုလေလံသတင်းဖတ်ပြီး သူ့ကို လာဘ်ယူတယ်ရေးတယ်ဆိုပြီး ပေါက်ကွဲတယ်လို့ သတင်းသဲ့သဲ့လည်းကြားမိပြီး အဲဒီ​ဆောင်းပါးတွေပါတဲ့ အောက်တိုဘာ ၈ ရက်ပဲ ဖြိုးမင်းသိန်းကြီးက ဂျာနယ်ကြီးရှေ့ချ အစည်းအဝေးလုပ် နိုင်ငံတော်အကြည်ညိုပျက်စေမှုကြီးနဲ့ အမှုဖွင့် ၉ ရက်နေ့ညမှာ လာဖမ်းရော။

ဖြစ်ချင်တော့ အဲဒီနေ့က ကျွန်တော့်နားရက်။ နားရက်ဆိုပေမဲ့လည်း ကျွန်တော်က လျှောက်သွားချင်ရာသွားပြီးရင် ရုံးကို နေ့တိုင်းလိုလို ပြန်ဝင်တတ်တော့ အခုတောထဲရောက်သွားတဲ့တစ်ယောက်က ကိုဖြိုးဝေ ကို ရုံးမှာလာဖမ်းနေပြီ ရုံးဝင်မလာနဲ့ ဖုန်းဆက်တယ်။ အဲဒါနဲ့ လိုင်းတက်ကြည့်တော့ ရုံးရှေ့မယ် သတင်းထောက်တွေပုံလို့။ သတင်းထောက်ချုပ် ဖြိုးဝေ ဖမ်းခံလိုက်ရပြီဆိုတာတွေလည်း ပလုံစီလို့ 🙂

ဘာလုပ်ရမယ်မသိတော့ ရုံးကိုဆက်သွယ်။ ဆက်တော့ ညဘက်တော့ အဖမ်းမခံနဲ့ ရှောင်နေ။ မနက်ကြတော့မှ သွားအဖမ်းခံမယ်ပေါ့။ အဲဒါ ဘယ်သွားအိပ်ရမယ်မသိတုန်း အရှေ့ဒဂုံက အကိုက ဖုန်းဆက်တော့ သူ့အိမ်လိုက်သွားရော။ အိမ်ကလူတွေက အဖမ်းမခံစေချင်ဘူး။ ကျွန်တော်ကတော့ ကျွန်တော့် ဆောင်းပါးက နိုင်ငံအတွက် စေတနာနဲ့ မမှားတာရယ်၊ မကြောက်တတ်တဲ့စိတ်အား သတ္တိရယ်၊ အမှန်တရားက နိုင်မယ်ဆိုတဲ့ ယုံကြည်မှုရယ်ကြောင့် အကိုက သော့ခတ်သွားတဲ့ကြားက သွားပြီး အဖမ်းခံလိုက်တာ။

ဖြစ်ချင်တော့ အဲဒီ ၂၀၁၈ အောက်တိုဘာ ၁၀ ရက် မနက်က မိုးတွေရွာတယ်။ အဲဒီကာလမယ် ကျွန်တော့်မှာလည်း တိုက်ခန်းဝယ်ဖို့ စုထားတဲ့ငွေ သိန်းရာဂဏန်းက စရန် ငွေချေဖို့ စီစဥ်ထားဆဲ။ အဲဒီပိုက်ဆံတွေ ဘာလုပ်ရမယ်မသိ၊ အပ်ဖို့အတွက်လည်း စိတ်မချတာနဲ့ ရဲစခန်းမသွားခင် အဲဒီပိုက်ဆံတွေ ဘဏ် အပ်လိုက်ရတယ်။ ဘဏ်အပ်ပြီးမှ ရုံးကလာခေါ်တဲ့ကားနဲ့ တစ်ယောက်တည်းလိုက်သွား ရဲစခန်းသွား အဖမ်းခံ။

ဒီနေ့ ဒီရက်မှာ အမှန်တရားကနိုင်ပြီး ဖြိုးမင်းသိန်းက မြောင်းထဲရောက် သူနဲ့ အပေးအယူလုပ်ပြီး ထပ်ဒုက္ခပေးတဲ့သူက မြောင်းထဲက မတက်နိုင်တော့ပေမဲ့ အဲဒီကာလကတော့ တစ်မိသားစုလုံး စိတ်ဆင်းရဲခဲ့ရတာလည်း အမှန်ပဲ။

တခြား အမှတ်တရတွေ ရင်ဆိုင်ဖြတ်သန်းခဲ့ရတာတွေ ခက်ခဲခဲ့တာတွေလည်း အများကြီးပါပဲ။ ဒါပေမဲ့ ဒီနေ့ဒီအချိန်မှာတော့ ဘယ်သူ့ကိုမှ အရှင်မထားတဲ့ လောကဓံရှစ်ပါးအောက်မှာ ပြုသူအသစ်နဲ့ ဝဋ်လည်သူတွေလည်လို့...။ မြောင်းထဲရောက်သူ ရောက်၊ ကျင်းထဲရောက်သူရောက်၊ မြောင်းထဲက ပြန်မတက်နိုင်သူက မတက်နိုင်ဖြစ်လို့။

ကျွန်တော်ကလည်း ပုံမှန်ရှင်သန်မှုကိုမှ ပရဟိတအဖွဲ့သေးသေးလေး ဦးဆောင်သူအဖြစ် ကုသိုလ်တွေစုဆောင်းမိပြီး ထီတွေ အကြိမ် ၂၀ တောင်ပေါက်လို့ 💙💙💙💙

မောင်ဆူးလှည်း

09 Oct, 09:33


BBC ကို မေးခိုင်းပေးဦး

နယ်လ်ဆင်မင်ဒဲလား ဖြစ်ချင်တာ

တူချင်တာက ဒေါက်ဇော်လား
ဒေါ်အောင်ဆန်းစုကြည်လား လို့

ကျွန်တော်နားလည်ထားတဲ့ နယ်လ်ဆင်မင်ဒဲလား ကတော့ ဒေါ်စုလို တစ်ချိန်လုံး စီးပွားရေးပိတ်ဆို့ပြီး နိုင်ငံဖြိုလှဲဖို့ ခရီးသွားမလာဖို့ ဆန်ရှင်လုပ်ဖို့တောင်းဆိုနေတာမျိုး မဟုတ်သလို

ဒေါ်စုနဲ့ ဒေါက်ဇော်လို ပြည်သူနာနာ မနာနာ ထိပ်တိုက်တိုးမယ်၊ ဖျက်ဆီးမယ်၊ ပိတ်ဆို့မယ် ဆိုတဲ့ လူမျိုးလည်းမဟုတ်ဘူး။

အာဏာတွယ်ကပ် မက်မောနေသူလည်း မဟုတ်ဘူး။

ရွေးကောက်ပွဲမှာ ဘယ်နှစ်ရာခိုင်နှုန်းနိုင်မှရမယ်ဆိုပြီး မနိုင်နိုင်အောင် အာဏာအလွဲသုံးစားလုပ်ပြီး ညစ်တဲ့လူမျိုးလည်းမဟုတ်ဘူး။

လူဖြူလူမည်းခွဲခြားမှုတိုက်ဖျက်ဖို့ အဓိကနေရာတွေ ဖောက်ခွဲတာတောင် တစ်ဦးတစ်လေမှ ဒဏ်ရာမရအောင်၊ မသေရအောင် ညွှန်ကြားတဲ့သူ။ အခုလို လူတစ်ယောက်ကို သူလျှို၊ ဒလန်၊ သတင်းပေးဆိုပြီး လိုက်သတ်နေတာမျိုး လက်မခံတဲ့ခေါင်းဆောင်။ သူ့ပြောက်ကျားစစ်မှာ အရပ်သားသေတာရှိပေမဲ့ သာမန်လက်နက်မဲ့တွေကို ရည်ရွယ်ချက်ရှိရှိ တံဆိပ်မကပ်ခဲ့ဘူး။ လူသတ်ပြီး ရွှေငွေပစ္စည်းဥစ္စာလုယက်ပြီး တော်လှန်ရေးသုံးမယ်လို့ အသံကောင်းမဟစ်ခဲ့ဘူး။

သူ့ရဲ့လက်နက်ကိုင်မူဝါဒက အစိုးရက စေ့စပ်ဆွေးနွေးလာဖို့ ဖိအားပေးဖို့ပဲ ကိုင်ခဲ့သလို လူဖြူအစိုးရက သူ့ကို လိုက်လျောလာချိန်မှာလည်း လက်စားချေမှုတွေ အငြိုးအတေးတွေနဲ့ ရှေ့မဆက်ဘဲ ခွင့်လွှတ်ခြင်းနဲ့ ပြန်လည်သင့်မြတ်ရေးကိုပဲလုပ်ဆောင်ပြီး လူဖြူနဲ့လူမည်းကြားက အမုန်းတရားတွေကို ပြည်ဖုံးကားချစေခဲ့သူ။

ဒါကြောင့်လည်း သူအာဏာရလို့နားပြီး မကြာခင် တောင်အာဖရိကဟာ ကမ္ဘာ့နိုင်ငံတွေလုပ်နိုင်ခဲတဲ့ ၂၀၁၀ ကမ္ဘာ့ဖလားပွဲကြီးကို အာဖရိကရဲ့ ပထမဆုံးအဖြစ် ကျင်းပနိုင်ခဲ့တယ်။

ဒီလိုလုပ်နိုင်ခဲ့တာကလည်း နယ်လ်ဆင်မင်ဒဲလား က အစိုးရတစ်ရပ်ပြိုလဲဖို့ နိုင်ငံပိုင်အဆောက်အအုံတွေ ဖျက်ဆီးရမယ်လို့ ရူးကြောင်ကြောင်အတွေးမျိုး မတွေးခဲ့လို့ဘဲ။

မောင်ဆူးလှည်း

09 Oct, 09:33


https://t.me/phyoeweiwin/3078