သလ္လာရွှေမြေ @oomin543 Channel on Telegram

သလ္လာရွှေမြေ

@oomin543


News

သလ္လာရွှေမြေ (Burmese)

သလ္လာရွှေမြေ အညီအရောင်အားဖြင့် တကယ်တမ်းတစ်ခုဖြစ်ပါသည်။ ဤအခက်အခဲသည် နောက်ထပ် ကျင်းပပြင် Telegram ခလုတ်တွင် မြန်မာနိုင်ငံနှင့် ကမ္ဘာနိုင်ငံ၏ နေ့လည် အသိပဏဒတိုက်ရင်ရင့် သလ္လာရွှေမြေရဲ့ အသက်တွင် နှင့် အတတ်ထိရသော သတင်းများကို ပြန်လည် ဝင်ပါ။ သို့သော် ဤအခြေအနေသည် ပညာသင်ခန်း နှင့် နိုင်နိုင်ထက် အတတ်စဉ် သတင်းများများကို ရယူပြီး စီစစ်ပေးပါလိမ့်မည်။ ဤသလ္လာရွှေမြေရဲ့ တွဲမတူများ၏ စာရင်းအစီအစဉ်ပေါ်တင်ပြသည်။ ဤအခြေအနေသည် အစုံအလင်များနှင့် အင်အားကို မိုရှင်ရှင်အကြားများ၏ လုပ်ပိုင်သောအသက်များကို စီစစ်ပေးပေးသည်။ ဤသလ္လာရွှေမြေမှာ ထိုင်ဆောင်မှုများ၏ အရေသဧခြင်းများနှင့် လူမှုအသက်မှားမှား အသိမှိုဖော်ပြပြီး သတင်းများသက်သက်ရယူပေးသည်။ သလ္လာရွှေမြေသည် ပညာသင်ခန်း နှင့် နိုင်နိုင်ထက် အတတ်စဉ် သို့ ယင်းစွန်ထိရသော သတင်းအချက်အလက်များကို စီစစ်ပေးပေးသည်။

သလ္လာရွှေမြေ

01 Dec, 08:11


အနောက်မြောက်တိုင်းစစ်ဌာနချုပ် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (ပထမအကြိမ်) စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပပြုလုပ်

မုံရွာ၊ ဒီဇင်ဘာလ ၁ ရက်

ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲများကို မြန်မာနိုင်ငံတဝှမ်း လုံးတွင် ပြုလုပ်ဆောင်ရွက်လျက်ရှှိရာ ယနေ့ နံနက်ပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ မုံရွာတပ်နယ် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(ပထမအကြိမ်) စုပေါင်းလမ်း လျှောက်ပွဲကို တိုင်းစစ်ဌာနချုပ် စုပေါင်းတန်းစီကွင်း၌ ကျင်းပပြုလုပ်ရာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်၊ တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ တပ်ရင်း/တပ်ဖွဲ့မှူးများနှင့်အရာရှိ/စစ်သည်၊ မိသားစုဝင်များ စုစုပေါင်း ၉၉၃ ဦး ပျော်ပျော်ရွှင်ရွှင် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲကြပါသည်။
လမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲကြသူများသည် စုရပ်မှလေဆိပ်လမ်းဆုံ၊ ၎င်းမှ မူလစုရပ်သို့ သတ်မှတ်လမ်းကြောင်းအတိုင်း ပျော်ပျော်ပါးပါး လမ်းလျှောက်ကာ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းအတွဲ(၁)၊ (၂) လေ့ကျင့်ခန်းများကို စုပေါင်း ပါဝင်လှုပ်ရှားခဲ့ကြပြီး တိုင်းစစ်ဌာနချုပ်နှင့်တပ်ရင်း/တပ်ဖွဲ့များမှ ဧည့်ခံကျွေးမွေးသည့် နံနက်စာအာဟာရမုန့်များကို ပျော်ပျော်ပါးပါး သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိ ပါသည်။
အလားတူ တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်နယ်အသီးသီးတွင်လည်း တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးအတွက် တစ်နိုင်ငံလုံး အမျိုးသားအားကစားစိတ် အပြည့်အဝဖြင့် ပြည်သူတစ်ရပ်လုံး လှုပ်ရှားပါဝင်ဆင်နွှဲစေရန် ရည်ရွယ်၍ ဒီဇင်ဘာ လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

သလ္လာရွှေမြေ

15 Nov, 15:52


အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ တန်ဆောင်တိုင်ပွဲတော်အခမ်းအနားကျင်းပ ပြုလုပ်

မုံရွာ နိုဝင်ဘာလ ၁၅ ရက်

အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ တန်ဆောင်တိုင်ပွဲတော်အခမ်းအနားကို တိုင်းစစ်ဌာနချုပ်အားကစားကွင်းတွင် ယနေ့ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်နှင့်ဇနီး၊ တိုင်းစစ်ဌာနချုပ်က အရာရှိကြီးများနှင့်ဇနီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မုံရွာတပ်နယ်ရှိ အရာရှိ၊ စစ်သည်မိသားစုဝင်များ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိပါသည်။
ရှေးဦးစွာ တိုင်းမှူးက အမှာစကားပြောကြားခဲ့ပြီး အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များက မီးပုံးပျံလွှတ်တင်ခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ခြင်း၊ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊ စားသောက်ဖွယ်ရာများဖြင့် ကျွေးမွေးဧည့်ခံခြင်း စသည်ဖြင့် တန်ဆောင်တိုင်ပွဲတော်အား ပျော်ရွှင်စွာဆင်နွှဲခဲ့ကြောင်း သိရှိရပါသည်။

သလ္လာရွှေမြေ

15 Nov, 14:45


စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်သည် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ရာပြည့်ကပ်ကျော် မင်္ဂလာစေတီတော်မြတ်ကြီး၌ တတိယအကြိမ် သံဃာအပါး (၁၀၀၀)ဆွမ်းဆန်စိမ်းလောင်းလှူခြင်း အခမ်းအနား တက်ရောက်ခဲ့

မုံရွာ နိုဝင်ဘာလ ၁၅ ရက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ရာပြည့်ကပ်ကျော် မင်္ဂလာစေတီ တော်ကြီး၌ တတိယအကြိမ် သံဃာအပါး(၁၀၀၀)တို့အား ဆွမ်းဆန်စိမ်း လောင်းလှူခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ အခမ်းအနား သို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်ရင်း/တပ်ဖွဲ့မှူးများ၊ လုပ်ငန်းရှင်များနှင့်မြို့မိမြို့ဖ များတက်ရောက်ခဲ့ကြပြီး ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြောင်း သတင်းရရှိပါသည်။

သလ္လာရွှေမြေ

08 Nov, 10:49


ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်နိုင်ဦး ကလေးမြို့ နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှု အားပေးကာ အာဟာရဖြည့်စားသောက်ဖွယ်ရာများပေးအပ်

မုံရွာ နိုဝင်ဘာလ ၈ ရက်

တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျှက်ရှိပြီး တိုင်းရင်းသားပြည်သူများအနေဖြင့် ဆေးဝါးကုသမှုခံယူရန်အခက်အခဲများရှိလာပါက နီးစပ်ရာတပ်မတော်ဆေးရုံများသို့ ဆက်သွယ် ဆေးကုသမှုခံယူနိုင်ကြောင်းသိရှိရ၍ ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် တပ်မတော်ဆေးရုံ များသို့ လာရောက်ဆေးကုသမှုခံယူလျှက်ရှိရာ တပ်မတော်ဆေးရုံမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများက ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကုသပေးခြင်း၊ ခွဲစိတ်ကုသရန်လိုအပ်သူများအား ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)က ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်နိုင်ဦးနှင့်အဖွဲ့ဝင်များသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ တပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော တပ်မတော်သား များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား သွားရောက်ကြည့်ရှုအားပေးပြီး တစ်ဦးချင်းစီ၏ ရောဂါဖြစ်ပွားမှု အခြေ အနေများ၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှုအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားကာ အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

သလ္လာရွှေမြေ

01 Nov, 15:31


*ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်နိုင်ဦး ကလေးမြို့ နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေးကာ အာဟာရဖြည့်စားသောက်ဖွယ်ရာများပေးအပ်*

မုံရွာ နိုဝင်ဘာလ ၁ ရက်

တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျှက်ရှိပြီး တိုင်းရင်းသားပြည်သူများအနေဖြင့် ဆေးဝါးကုသမှုခံယူရန်အခက်အခဲများရှိလာပါက နီးစပ်ရာတပ်မတော်ဆေးရုံများသို့ ဆက်သွယ် ဆေးကုသမှုခံယူနိုင်ကြောင်းသိရှိရ၍ ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် တပ်မတော်ဆေးရုံ များသို့ လာရောက်ဆေးကုသမှုခံယူလျှက်ရှိရာ တပ်မတော်ဆေးရုံမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများက ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကုသပေးခြင်း၊ ခွဲစိတ်ကုသရန်လိုအပ်သူများအား ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)က ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်နိုင်ဦးနှင့် အဖွဲ့ဝင်များသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ တပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော တပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များနှင့် ဒေသခံပြည်သူများအား သွားရောက်ကြည့်ရှုအားပေးပြီး တစ်ဦးချင်းစီ၏ ရောဂါဖြစ်ပွားမှု အခြေအနေများ၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှုအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားကာ အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရှိရသည်။

သလ္လာရွှေမြေ

27 Oct, 01:10


ဗုဒ္ဓစက္ခုံ  ..   တစ်ကိုယ်လုံးခြုံ ..  လုံပါစေဘုရား ။

ဓမ္မစက္ခုံ  တစ်ကိုယ်လုံးခြုံ လုံပါစေဘုရား ။

သံဃစက္ခုံ  တစ်ကိုယ်လုံးခြုံ  လုံပါစေဘုရား ။


ဦးခေါင်းထက်၌

ငါးသိန်းတစ်သောင်းနှစ်ထောင်
နှစ်ကျိတ်ရှစ်ဆူသော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့သည်လည်းကောင်း၊

ညာပုခုံးထက်၌

ပစ္စေကဗုဒ္ဓါအရှင်သူမြတ်တို့သည်လည်းကောင်း၊

ဘယ်ပုခုံးထက်၌

အဂ္ဂသာဝကကြီးများသည်လည်းကောင်း၊

ရင်ထက်၌

ရဟန္တာအရှင်မြတ်တို့သည်လည်းကောင်း၊

ကျောပြင်၌

လောကပါလနတ် မြတ်တို့သည်လည်းကောင်း

ခိုင်ခိုင်မတ်မတ် ကြွရောက်စောင့်ရှောက် ပေးတော်မူကြပါကုန် ဘုရား ။

သလ္လာရွှေမြေ

21 Oct, 14:08


အနောက်မြောက်တိုင်းစစ်ဌာနချုပ် အမှတ်(၁၀)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၆/၂ဝ၂၄)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

မုံရွာ၊ အောက်တိုဘာလ ၂၁ ရက်

အနောက်မြောက်တိုင်းစစ်ဌာနချုပ်အမှတ်(၁၀)တပ်မတော်တန်းမြင့်လေ့ကျင့်ရေး ကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၆/၂၀၂၄)သင်တန်းဖွင့်ပွဲ အခမ်း အနားအား ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်နိုင်ဦး နှင့် တပ်မတော်အရာရှိကြီးများစသည့် စစ်ဘက်၊ နယ်ဘက် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ အဆိုပါသင်တန်းဖွင့်ပွဲအား ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် နိုင်ဝင်းအောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းဖွင့်ပွဲ အပြီးတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်နိုင်ဦးတို့သည် သင်တန်းသားစားရိပ်သာ၌ သင်တန်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

သလ္လာရွှေမြေ

17 Oct, 14:06


အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ သီတင်းကျွတ်မီးထွန်းပွဲတော် ကျင်းပပြုလုပ်

မုံရွာ အောက်တိုဘာလ ၁၇ ရက်

အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ၁၇-၁၀-၂၀၂၄ ရက်တွင် ဇိနမာရ်အောင် တပ်ဦးကျောင်း၌ သီတင်းကျွတ် မီးထွန်းပွဲတော်အား ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းမှူးနှင့်ဇနီး၊ တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနှင့်ဇနီးများ၊ မုံရွာတပ်နယ်ရှိ တပ်ရင်းတပ်ဖွဲ့မှူးများနှင့် ဇနီးများ၊ အရာရှိစစ်သည်မိသားစုဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။