Thae Thae🇲🇲🇲🇲🇲🇲 @thaethae96969 Channel on Telegram

Thae Thae🇲🇲🇲🇲🇲🇲

@thaethae96969


Music

Thae Thae (Burmese)

မြန်မာနိုင်ငံမှာ ရှမ်းပြီးတော့မြင်းသော သီချင်းများကို ရယ်မဟုတ်သော Thae Thae ခုနှစ်ခုသည် သီချင်းများကို နောက်ဆုံးနိုင်သူများအဖြစ် ညီအောင်ဖူးဘောင်နှင့် မျက်ရည်၍ ညီအထောင်တွင်တည်ဆောက်ပြီး သီချင်းများကို ထိခိုက်နိုင်ပါသည်။ Thae Thae သည် သီချင်းထိခိုက်နိုင်သူများအတွက် အခမဲ့ပါရှိသော ချစ်ခြင်းနှင့် နတ်တိမ်တိုင်းပညာရှင်များမှ သီချင်းများကို ပြန်လည်သင်ကြားနိုင်သည်။

Thae Thae🇲🇲🇲🇲🇲🇲

09 Jan, 16:16


ရေးခဲ့သူကိုတော့ crd အကြီးကြီးပေးပါတယ်
မြေပြင်နဲ့ 70% လောက် ထပ်တူကျနေလို့😁


ရဲနဲ့စစ်သား မြစ်ဘေးမှာအတူတူကင်းစောင့်ကြတယ်။
မြစ်ထဲအလောင်းမျောလာတယ်။ ရဲရောစစ်သားရောမြင်တယ်။

စစ်သားကပြောတယ်။ဆရာရဲဟိုမှာအလောင်းကြီးမျှောလာတယ်။ရဲက မဟုတ်ပါဘူး။အဲ့ဒါသစ်တုံးကြီးပါ။

ဟာမဟုတ်တာဗျာ။အဲ့ဒါအလောင်းကြီးပါ။

သစ်တုံးကြီးပါဗျာ။

နောက်ဆုံးစစ်သားက မနေနိုင်တော့ပဲ အဲ့အလောင်းကြီးသွားဆယ်ပြီး အထက်သတင်းပို့လိုက်တယ်။

အဲ့မှာစောက်လုပ်ကရှုပ်။ရင်ခွဲရုံပို့ရ။ရွာလူကြီးခေါ်ရ။လူပျောက်တွေလိုက်ရှာရ။ဓမ္မတာအတိုင်းသေဆုံးတာဟုတ်မဟုတ်စစ်ဆေးရနဲ့ အဲ့ဒါတွေကို သတင်းပို့မိတဲ့ စစ်သားက အကုန် လိုက်လုပ်လိုက်ရတယ်။

နောက်ကျ ရဲကလာပြောတယ်။ကဲဆရာ ဘယ်လိုလဲ ကျနော်က သစ်တုံးကြီးလို့ပြောလိုက်ရင် ဆရာကသစ်တုံးကြီးဆိုပီးလက်ခံလိုက်တာမဟုတ်ဘူး။အခုဆရာကိုယ်တိုင်ပဲတိုင်ပတ်နေပီမလား။အဲ့မှာ စစ်သားကလည်းနောက်မြစ်ထဲဘာမျောလာလာ သစ်တုံးကြီးပဲလုပ်တော့တာ။

ဒါဟာ ဥပမာတစ်ခုကိုပြောပြတာပါ။

သတင်းတစ်ခုခုပို့ခဲ့ရင် သတင်းပို့တဲ့ကိစ္စနဲ့ပတ်သက်ပီးဘာတွေစီမံဆောင်ရွက်ပေးရမလဲဆိုတာသိပ်မရှိဘူး။

သတင်ပို့လာတာနဲ့ပတ်သက်ပီး ပို့တဲ့သူကိုပဲ ဝန်ထုတ်ဝန်ပိုးပြန်ပေးတယ်။

အဲ့တော့ သတင်းပို့ရမှာကြောက်တယ်။လိမ်လည်ကာ တင်ပြတယ်။ဖြစ်ကာမှဖြစ်ကွာ။လတ်တလောစောက်ဇယားမကပ်ဖို့လိုတယ်။

ဒီလိုနဲ့အဆင့်ဆင့်လိမ်။

တပ်မတော်မှာ စကားရှိတယ်။
သတင်းပို့ခြင်းသည် တာဝန်လွှဲပြောင်းခြင်းဖြစ်သည်တဲ့။

တကယ့်လက်တွေ့မှာ သတင်းပို့မိရင် ဝန်ထုတ်ဝန်ပိုးပဲဖြစ်နေတာ။

အခုဂိတ်မှာ သူပုန်တွေဖြတ်နေတာ ဘယ်ကောင်သူပုန်လဲသိတာပေါ့။တစ်ခါလောက်ဖမ်းပေးတာ ဖမ်းပေးတဲ့အဖွဲ့ပဲစောက်လုပ်ရှုပ်သွားတယ်။
နောက်ကျ မစစ်နဲ့ဟရောင်ရေ။မိလာရင်ငါတို့ပဲတိုင်ပတ်မှာဖြစ်သွားတယ်။

အဆင့်ဆင့်လိမ်တယ်ဆိုတာ အဲ့လိုတွေကြောင့်။
မင်းမသိဘူးလား။မင်းလုပ်မထားဘူးလား။မင်းမစီမံခဲ့ဘူးလားဆိုတဲ့ ??? ပဲလာတယ်။

ငါဘာလုပ်ပေးရမလဲ ဆိုတာသိပ်မရှိဘူး။အဲ့တော့မြေပြင်နဲ့ဝေးကွာကုန်ကြတာပဲ။

Thae Thae🇲🇲🇲🇲🇲🇲

09 Jan, 15:22


မိတ်ဆွေတို့ထဲမှာ အိုးဝေမောင်းတဲ့အသိမိတ်ဆွေရှိရင်
ကျေးဇူးပြုပြီး လက်တို့အသိပေးပေးကြပါအုံးခင်ဗျာ။

မနက်ဖြန် 10.1.25မှာကျရောက်မယ့်
ကျနော်တို့ရဲ့ သမီးငယ်လေး "မရွှေကာရံလင်းအောင်"​၏
အသက်၁နှစ်ပြည့် မွေးနေ့မင်္ဂလာလေးမှာ

ကျနော်တို့ရဲ့ ကျေးဇူးရှင် "အိုးဝေဆရာကြီး"များအတွက်
အမှတ်တရလက်ဆောင်ထုတ်လေးတွေကို ပေးဝေဖို့
စီစဉ်ထားပါတယ်ခင်ဗျာ။

(အဝေးကလာယူရရင် ဆီကုန်နေမှာစိုးလို့
အထုတ်တိုင်း အထုတ်တိုင်းမှာ
"ဆီဖိုးစာအိတ်"ကလေးတွေလည်းထည့်ပေးထားပါတယ်)

လာယူရမည့်ဆိုင်လိပ်စာ

Shine Mobile
လမ်း၈၀×လမ်း၄၀ထောင့်
မဟာအောင်မြေမြို့နယ်
မန္တလေးမြို့။

အိုးဝေဆရာကြီးတို့မြင်အောင်
များများရှယ်ပေးကြပါအုံးခင်ဗျာ🙏🙏🙏

Thae Thae🇲🇲🇲🇲🇲🇲

09 Jan, 14:41


နီပိတ် အစွန်း‌ရောက် ပဒက် မှန်သမျှ ကတော့
စစ်သား၊ ရဲ ၊ဝန်ထမ်း ၊ပ အကုန်သတ်မှာပဲ။

လျော့တွက်သူ၊ ယုံလွယ်သူ၊ ငွေနောက်ပါသူ
လက်နှေးသူ တွေ အသက်နဲ့ရင်းရမှာပါ။

ဒီအခြေအနေမှာ ကိုက မလုပ်ရင် သူကလုပ်
မှာပါ။

https://t.me/kyawswar49111

Thae Thae🇲🇲🇲🇲🇲🇲

09 Jan, 13:26


ရန်သူ ဒရုန်း တစ်စီး တက်ရင်နိုင်
ကို့စီက ဒရူန်း ၅ စီးတက်နိုင်အောင်
စီမံထားနိုင်ရင် အကောင်းဆုံးပါပဲ။

https://t.me/kyawswar49111

Thae Thae🇲🇲🇲🇲🇲🇲

09 Jan, 13:26


ဇန်နဝါရီလ ၆ ရက်နေ့က ရှမ်းပြည်နယ်၊တောင်ကြီးမြို့ တာဝန်ကျ (ယခင် ကျောက်မဲခရိုင် ဆောက်လုပ်ရေး )အင်ဂျင်နီယာမှူးကြီးဖြစ်သူ ဦးသန်းထွန်းသည် ခွင့်ဖြင့် ပြန်လာစဉ် တောင်တွင်းကြီး-ပျော်ဘွယ်လမ်းပိုင်း၌ စစ်သွေးကြွ PDF အဖွဲ့ ဖမ်းဆီးလိုက်သည်။



စစ်သွေးကြွ PDF အဖွဲ့က ဦးသန်းထွန်း အသုံးပြုသည် Toyota Surf ယာဉ်နဲ့ အတူ ဖမ်းဆီးလိုက်ကြောင်း ကနဦး သိရှိရသည်။

@PeopleMedia #PeopleMedia@peoplemedianews

Thae Thae🇲🇲🇲🇲🇲🇲

09 Jan, 13:24


ရေနံချောင်းမြို့နယ်မှာ 09676600482 ဖုန်းနဲ့ ငွေလွဲဖို့။ ငွေမလွဲရင် မိသားစုဝင်တွေ သတ်မယ်လို့ ခြိမ်းခြောက်စာကို sms ကနေ ပို့နေပါတယ်။

Thae Thae🇲🇲🇲🇲🇲🇲

09 Jan, 12:38


မက္ကဆီကို ပင်လယ်ကွေ့ကို အမေရိက ပင်လယ်ကွေ့လို့ နာမည်ပြောင်းသင့်ကြောင်း ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့ပြီးနောက် မက္ကဆီကိုသမ္မတ ရှိန်းဘောင်းကလည်း သမိုင်းကြောင်းအရဆိုရင် အမေရိကန်ပြည်ထောင်စုကို မက္ကဆီကိုအမေရိကလို့ နာမည်ပြောင်းသင့်ကြောင်း ပြန်တုံ့ပြန်လိုက်ပါတယ်။

ရှိန်းဘောင်းဟာ ၁၆၀၇ ခုနှစ်တုန်းက မြေပုံတခုကိုလည်း ပြသခဲ့ပြီး အဲဒီခေတ်ကတည်းက မက္ကဆီကိုပင်လယ်ကွေ့လို့ ခေါ်ဝေါ်ခဲ့တာဖြစ်ပြီး မြောက်အမေရိကတိုက်ကိုတော့ မက္ကဆီကန်အမေရိကလို့ ခေါ်ဝေါ်ခဲ့ကြောင်း ပြန်ထောက်ပြခဲ့ပါတယ်။

"မက္ကဆီကိုအမေရိကဆိုတဲ့ နာမည်လေးက ခေါ်လို့ကောင်းတယ်၊ လှတယ်မို့လား" လို့ပါ သူမက ခနဲ့သွားခဲ့ပါတယ်။

NOM

Thae Thae🇲🇲🇲🇲🇲🇲

09 Jan, 12:36


ကမ္ဘာကျော် Hollywood ကြီးလည်း တောမီးလောင်ကျွမ်းမှုမှာ ပါဝင်သွားခဲ့ပြီး နာမည်ကျော်လူပုဂ္ဂိုလ်၊ သူဌေးသူကြွယ်တွေပိုင်ဆိုင်ရာ နေအိမ်တွေလည်း မီးထဲပါသွားခဲ့ပြီလို့ သိရပါတယ်။ ဒီတောမီးကြောင့် ထိခိုက်ဆုံးရှုံးခဲ့တဲ့ နာမည်ကျော် ဆယ်လီတွေနဲ့ လူပုဂ္ဂိုလ်တွေစာရင်းတချို့ကတော့ ထွက်ပေါ်လာပါတယ်။
- Adam Brody and Leighton Meester
- Billy Crystal
- Paris Hilton
- Ashton Kutcher
- Ricki Lake
- Jamie Lee Curtis
- Eugene Levy
- Mandy Moore
- Heidi Montag and Spencer Pratt
- James Woods

NOM

Thae Thae🇲🇲🇲🇲🇲🇲

09 Jan, 12:33


ရွှေကြိုပြိုင်ပွဲဝင်များအား အခွင့်အရေးတစ်ရပ် ထပ်ပေး
-----------------------
၂၀၂၄ ခုနှစ်အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားအတွက် ပြုလုပ်တဲ့ရွှေကြိုပြိုင်ပွဲရဲ့ နောက်ဆုံး အဆင့်မှာ အရွေးမခံရတဲ့ မောင်မယ်တွေကို ဖျော်ဖြေရေးကဏ္ဍအတွက် မြန်မာနိုင်ငံရုပ်ရှင် အစည်း အရုံးက ပြန်လည်ခေါ်ယူ ပေးတာဟာ အခွင့်အရေးတစ်ရပ် ထပ်ပေးတာဖြစ်တယ်လို့ အနုပညာရှင်တချို့က ပြောပါတယ်။

Thae Thae🇲🇲🇲🇲🇲🇲

09 Jan, 12:30


ဖြူးမြို့အနီး ကျင်လည်ချက်စားနေသော သရုပ်ဆောင်ဒေါင်း၏ တပ်စိတ်အား တပ်မတော်မှ လက်ဦးမှုရယူခဲ့ပြီးနောက် ဒေါင်းမှ ၎င်း၏ လက်အောက်ငယ်သားများအား ထားခဲ့၍ ကိုလွတ်ရုံးခဲ့သည့် သက်သေ

ရွှေနေကြာ

Thae Thae🇲🇲🇲🇲🇲🇲

09 Jan, 12:28


မြောက်ကိုရီးယားနိုင်ငံက နူကလီးယားလက်နက်ဖြင့် လက်ဦးမှုရယူတိုက်ခိုက်ပိုင်ခွင့်ကို ဥပဒေပြဌာန်း အတည်ပြု။
နူကလီးယားလက်နက်စွန့်လွှတ်မှုကိုပါ ဥပဒေသစ်တွင် တပါတည်းပိတ်ပင်တားမြစ်ထား။
သို့ဖြစ်၍ မြောက်ကိုရီးယားကပစ်ခတ်သော မည်သည့်ဒုံးပျံကိုမဆို နူကလီးယားထိပ်ဖူးတပ်ကာ လက်ဦးမှုရယူပစ်ခတ်သည်ဟု ရန်သူများအနေဖြင့် ယူဆကာ ကာကွယ်ရေးအတွက်စီမံရမည်ဖြစ်ပါသည်။

* ဝတုတ်ကို စမိသော ငပွကြီးတို့
ကိုယ့်ရှူးကိုယ်ပတ်။

Thae Thae🇲🇲🇲🇲🇲🇲

09 Jan, 11:57


ရန်သူမိတ်ဆွေမခွဲခြားတဲ့ တရုတ်နိုင်ငံရဲ့ ဒရုန်းဈေးကွက် အခြေအနေ
======================================

ရုရှားနှင့် ယူကရိန်းနိုင်ငံတို့က ပဋိပက္ခအတွင်း ကုန်ကျစရိတ်သက်သာတဲ့ ဒရုန်း သန်းပေါင်းများစွာကို တိုက်ခိုက်ရေးကဏ္ဍတွေမှာ ကင်းထောက်တဲ့လက်နက်များအဖြစ် ဖြန့်ကြက်အသုံးပြုခဲ့ကြတယ်...

အမေရိကန်နိုင်ငံဟာ ယူကရိန်းပဋိပက္ခဆိုရင် အနီးကပ်နေရာကနေပါဝင်နေပြီး လက်နက်၊ နည်းပညာအစရှိတဲ့ ထောက်ပံ့မှုတွေ ရှိခဲ့ပါတယ်..

ဒါကြောင့် အစပိုင်းမှာ ယူကရိန်းက အမေရိကန် ဆီကနေ ဒရုန်းတွေဝယ်ယူမှုရှိခဲ့ပေမယ့် ကုန်ကျစရိတ်မြင့်မားတဲ့အတွက် နောက်ပိုင်းမှာ ဈေး သက်သက်သာသာနဲ့ ဒရုန်းထုတ်လုပ်နိုင်တဲ့ နည်းလမ်းအဖြစ် တရုတ်နိုင်ငံကထုတ်လုပ်တဲ့ ဒရုန်းအစိတ်အပိုင်းတွေကို ပြင်ပဈေးကွက်များက ဝယ်ယူတပ်ဆင်အသုံးပြုနေပါတယ်...

ယူကရိန်းတပ်မတော်မှာ လက်ရှိသုံးနေတဲ့ တိုက်ခိုက်ရေးဒရုန်းတစ်စီးတန်ဖိုးဟာဆိုရင် အမေရိကန် ဒေါ်လာ ၅၀၀ ခန့်သာ ကုန်ကျပါတယ်...

ယူကရိန်းအစိုးရဟာဆိုရင် တစ်နိုင်တစ်ပိုင် ဒရုန်းပြုလုပ်ဖို့ တိုက်တွန်းပေးခဲ့တဲ့အတွက် အသေးစားကုမ္ပဏီတွေ....ပုဂ္ဂလိကလုပ်ငန်းတွေကနေ တစ်ဆင့် ဈေးနှုန်းသက်သက်သာသာနဲ့ အမြောက်အမြား တီထွင်ထုတ်လုပ်လာနိုင်ခဲ့ပါတယ်...

ဒါကြောင့်ပဲ ယူကရိန်းနိုင်ငံရဲ့ ဒရုန်းအရေအတွက်ဟာ ရုရှားခြေလျင်စစ်သည် ၁ ယောက်ကို ဒရုန်း ၂ စင်းနဲ့ လိုက်လံခြေမှုန်းနိုင်တဲ့အထိ များပြားလာခဲ့ပါတယ်...

ယူကရိန်းနိုင်ငံကအသုံးပြုတဲ့ ဒရုန်းများရဲ့အစိတ်အပိုင်းတွေဟာ တရုတ်နိုင်ငံက ဈေးသက်သာတဲ့ အစိတ်အပိုင်းတွေ၊ ဆက်စပ်ပစ္စည်းတွေနဲ့ မှာယူတည်ဆောက်ထားတာဖြစ်ပေမဲ့ ဒီဒရုန်းတွေမှာ ရုပ်ထွက်ကြည်လင်တဲ့ ကင်မရာတွေ...အပူအာရုံခံစနစ်သုံး ညကြည့်ကင်မရာတွေ ကိုတောင် တပ်ဆင်နိုင်တာကို တွေ့ရပါတယ်...

ပုံမှန်ဆိုရင် ယူကရိန်းတပ်ဖွဲ့တွေက စစ်မြေပြင်ကင်းထောက်ဖို့အတွက် တရုတ်နိုင်ငံ ထုတ် အမေရိကန်ဒေါ်လာ ၃,၀၀၀ တန် DJI Mavic 3 Pro ဒရုန်းကို အသုံးပြုကြပါတယ်... DJI ကုမ္ပဏီဟာဆိုရင် ၂၀၁၀ ပြည့်နှစ်ကတည်းက နှစ်စဉ် ဈေးနှုန်းသင့်တဲ့ ဒရုန်းသန်းပေါင်းများစွာကို ထုတ်လုပ်နေတဲ့ တရုတ်ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...

တရုတ်နိုင်ငံရဲ့ ဒရုန်းနည်းပညာဟာ ကုန်ကျစရိတ်သက်သာပြီး ဒရုန်းနဲ့ ဆက်စပ် ပစ္စည်းတွေကို အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ အားသာချက်ကြောင့် ဈေးကွက်လျင်မြန်စွာ ကျယ်ပြန့်လာနိုင်ပြီး ကြီးမားကျယ်ပြန့်တဲ့ ထောက်ပံ့ရေး ကွင်းဆက်တစ်ခု ဖြစ်လာနိုင်မယ့် အလားအလာရှိပါတယ်....

ရုရှားရဲ့မိတ်ဖက် တရုတ်နိုင်ငံရဲ့ ဒရုန်းအစိတ်အပိုင်းတွေကို ရုရှားရဲ့ရန်သူတော် ယူကရိန်းက အသုံးပြုပြီး ရုရှားကို ဒရုန်းစစ်ဆင်ရေးဆင်နွှဲနေတာကို အမေရိကန်နိုင်ငံကလည်း ခွင့်ပြုပေးထားပါတယ်....

ဒါဟာ တရုတ်အနေနဲ့ သူ့အကျိုးစီးပွားအတွက်ဆိုရင် မိတ်ဆွေရဲ့ရန်သူ၊ ရန်သူရဲ့မိတ်ဆွေကိုလည်း စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်နေတာကို ပြသနေတာဖြစ်ပါတယ်....

ဒါကြောင့် မြန်မာ့တပ်မတော်ကို သူရဲ့မဟာဗျူဟာမဟာမိတ်အဖြစ် ဘယ်လိုပဲသတ်မှတ် သတ်မှတ်၊ တပ်မတော်ရဲ့ရန်သူ EAOs တွေကို ဒရုန်းနည်းပညာနဲ့ ဒရုန်းများရောင်းချပေးနေတာ သိပ်တော့မထူးဆန်းဘူးလို့ ထင်ပါတယ်....

တိုက်ပွဲသတင်းစုံ

Thae Thae🇲🇲🇲🇲🇲🇲

09 Jan, 11:54


မန္တလေး PDF ဆိုပြီး တဖက်က ထုတ်ပြန်လာတဲ့ ဓာတ်ပုံတွေ မြင်လာရတယ်။ တလောကလည်း NUG ရဲ့ ဝန်ကြီး အဆင့်တွေက မြေပြင်တပ်ရင်းတွေအထိ ဆင်းတွေ့နေတာ တွေ့ရတယ်။ ဓာတ်ပုံမြင်ကွင်းဟာ သာမန်ကြည့်ရင်တော့ သတင်း တပုဒ်ထက်မပိုပါဘူး။ ထောက်လှမ်းရေးအမြင်၊ စည်းရုံးရေး အမြင်နဲ့ကြည့်ရင်တော့ တွေးစရာ ၊ ရေးစရာ အများကြီးပါပဲ။


ပြည်သူ့စစ်နဲ့ပတ်သက်ပြီး ကြားနေ၊ မြင်နေရတာလည်း အများကြီးပါပဲ။ တကယ်တော့ အရေအတွက်ထက် အရည်အချင်းလေးပါရင် ပိုကောင်းပါတယ်။ အရည်အချင်းနဲ့ စိတ်အားထက်သန်မှုဆိုတာကလည်း ရန်သူထက် အစစအရာရာ ကောင်းမွန်သာလွန်တဲ့ အာမခံချက်မျိုး နိုင်ငံတော်က ပေးဖို့ လိုတယ်။ ဒါက စာရွက်ထဲက ဥပဒေ ပုဒ်မတွေကို ပြောတာ မဟုတ်ဘူး။ အောက်ခြေ မိသားစုတွေအထိ တာဝန်ရှိသူတွေက အနီးကပ်တသားတည်း ရှိနေတာကို ပြဖို့ လိုအပ်တယ်။ ဘယ်လို ကောင်းမွန်တဲ့ ထောက်ပံ့ပေးမှုတွေ၊ ဘယ်လို အာမခံချက်ရှိတယ် ဆိုတဲ့ မက်လုံး တွေ ဖောဖောသီသီ ပေးနိုင်ဖို့ ပိုကြိုးစားအားထုတ်သင့်တယ်။ ခုခေတ်က အရင် ခေတ်တွေ တုန်းကလို တိုင်းပြည်ချစ်လို့ ၊ တပ်မတော် ချစ်လို့ ဆိုတာတွေက စကားလုံးသာသာ ဖြစ်သွားပြီ။ ပိုကောင်းတဲ့ မက်လုံးတွေနဲ့ ဘဝ အာမခံချက်ရှိတဲ့ အရာတွေ ဖန်တီးပေးနိုင်ဖို့ ကြိုးစားသင့်တယ်။


သူတို့တပ်ဆင်ထားတဲ့ လက်နက်တွေကလည်း တပ်မတော် စခန်းစွန့်ခွာရင်း ထားရစ်ခဲ့ရတဲ့ လက်နက်တွေ ဖြစ်ဖို့များပါတယ်။ ဒါက ရှမ်းမြောက် တပ်ရင်း‌ တွေက လက်နက်တွေကို အပြန်အလှန် စစ်ကူတိုက်ပေးတဲ့ ကတိကဝတ်အရ ပေးအပ်တာ ဖြစ်ဖို့ များတယ်။ လျှော့လျှော့ပေါ့ပေါ့ တွေးရင်တော့ လက်နက် ဘယ်လောက်ရှိရှိ၊ အပို ပစ္စည်းနဲ့ ကျည်မှာတော့ ငွေဆိုတဲ့ ဘဏ္ဍာရေးက စကားပြောဦးမှာပဲ။ ဒါပေမယ့် ဒီလို လူအင်အားအတွက် နောက်ကွယ်က အုပ်ချုပ်ထောက်ပံ့မှု ဘယ်က ရနေသလဲ ဆိုတာ အဖြေရှာဖို့ လိုအပ်တယ်။ မဟုတ်ရင်တော့ နယ်ထိန်းစခန်းတွေ ၊ အင်အားနည်းတဲ့ စခန်းတွေ က မကြာခဏ ဆိုသလို သွေးတိုးစမ်းခံနေရမှာပါပဲ။


တကယ်တော့ ဘယ်အရာပဲ ဖြစ်ဖြစ် ....ပြဿနာဆိုတာ သေးတုန်း ဖြေရှင်းရတာ ကောင်းတယ်။ အချိန်မှီ ချုပ်မှပဲ အစုတ်သက်သာတယ်ဆိုတဲ့ စကားပုံမျိုးလိုပေါ့။ လက်နက်ကိုင်ထားကြတဲ့သူတွေနဲ့ ဖြေရှင်းကြတဲ့အခါဆိုရင်တော့ လက်ဦးမှု ရယူခြင်းကသာ အဓိက အခရာ ကျမယ် လို့ ယူဆရပါတယ်။


(နရီမိုး)

Thae Thae🇲🇲🇲🇲🇲🇲

08 Jan, 16:28


မိုးကုတ်ဂေါက်ကွင်းနဲ့ ပတ်ဝန်းကျင်က ကျောက်မျက်လုပ်ကွက်တွေထဲ တူးဖော်နေသူတွေကို လေကြောင်းတိုက်ခိုက်၊ ဗုံးအလုံး ၂၀ ကျော်ကြဲချခံရပြီး သေဆုံးပျက်စီးမှု လူသိမခံ

၈. ၁. ၂၀၂၅
Written by Nay Moe

အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ TNLA နယ်မြေလုယက်သိမ်းယူထားရာ မိုးကုတ်မြို့က ဂေါက်ကွင်းနဲ့ ပတ်ဝန်းကျင်က ကျောက်မျက်လုပ်ကွက်တွေထဲ တရားမဝင်ကျောက်မျက် တူးဖော်နေတဲ့ လက်နက်ကိုင်တွေနဲ့ ဆက်စပ်သူတွေကို ဒီနေ့လယ်ခင်းက လေကြောင်းတိုက်ခိုက်ခဲ့ရာမှာ ဗုံးအလုံး ၂၀ ကျော်ကြဲချခံခဲ့ရသလို သေဆုံးပျက်စီးမှုကို ဖုံးကွယ်ထားပြီး လူသိမခံဘဲ ဗုံးအကြဲခံရာပတ်ပတ်လည်ကို TNLA က ပိတ်ဆို့ထားတယ်လို့ မိုးကုတ်မြို့ခံတချို့ဆီက သိရပါတယ်။

ဒီနေ့ ဇန်နဝါရီလ ၈ ရက် မွန်းလွဲပိုင်း ၁၂ နာရီ မိနစ် ၅၀ ကနေ ၁ နာရီ ၁၀ မိနစ်အချိန်ထိ လေတပ်က လာရောက်ဗုံးကြဲတိုက်ခိုက်တာကြောင့် TNLA ထိပ်ပိုင်းတွေ အပန်းဖြေ ဂေါက်ကွင်းမှာ ဗုံး ၁၄ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ TNLA က ပြောသလို ဂေါက်ကွင်းဘေးက ကျောက်မျက်လုပ်ကွက်တွေကိုလည်း အများအပြားကြဲချသွားတာပါ။

"ဂေါက်ကွင်းနဲ့ ဂေါက်ကွင်းဘေးက ကျောက်မျက်လုပ်ကွက်တွေကို ကြဲချသွားတာ အလုံး ၂၀ ကျော်ပါတယ်။ ဗုံးကြဲခံရပြီးနောက်မှာ TNLA က အဲဒီနေရာတစ်ဝိုက်ကို အဝင်မခံတော့ဘဲ ပိတ်ထားတယ်"လို့ မိုးကုတ်ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီလို လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် (၅)လုံး၊ ဘုန်းကြီးကျောင်းနဲ့ မော်တော်ယာဥ်(၁)စီး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ TNLA က ထုတ်ပြန်ပြောပေမဲ့ ဒေသခံပြည်သူလူထုထိခိုက်သေဆုံးမှု တစ်စုံတစ်ရာမသိရသေးဘူးလို့ ဖုံးကွယ်ထုတ်ပြန်ခဲ့တဲ့အပြင် မိုးကုတ်မြို့အနောက်ပိုင်းက ကျောက်ဆင်၊ ဘော်မားရပ်ကွက်ကိုလည်း လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

လူမှုကွန်ရက်သတင်းတွေနဲ့ တပ်မတော်နဲ့နီးစပ်တဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ ဗုံးအလုံး ၄၀ လောက် ကြဲချတိုက်ခိုက်ရာမှာ TNLA ထိပ်ပိုင်းတချို့နဲ့ လက်နက်ကိုင်တွေ သေဆုံးမှုရာဂဏန်းမျှကို များပြားတယ်လို့ ရေးသားကြသလို TNLA ကိုယ်တိုင်ကလည်း ခါတိုင်းလို အပျက်အစီးပုံတွေ မဖော်ပြဘဲ "ပတ္တမြားမြေမှ ကြိုဆိုပါ၏"ဆိုတဲ့ ဆိုင်းဘုတ်ပုံတစ်ပုံနဲ့ပဲသာ ဖုံးကွယ်ဖော်ပြခဲ့ပါတယ်။

◾ Website တွင် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=87581

#TNLA #မိုးကုတ် #ဗုံးကြဲ #ကျောက်မျက် #MT #mtnews #MyanmarTransparency

Thae Thae🇲🇲🇲🇲🇲🇲

08 Jan, 15:45


😁😁😁

Thae Thae🇲🇲🇲🇲🇲🇲

08 Jan, 15:43


#MOGOK

8.1.2025

နေ့လယ် ၁ နာရီ ဗုံးကြဲသွားတဲ့ Video

Thae Thae🇲🇲🇲🇲🇲🇲

08 Jan, 07:45


UWSA တပ်သားပို့ဆောင်မှု အပြင်းအထန်ပြုလုပ်လျှက်
----------------------------------------------------------------------------
SSPP ယူနီဖောင်း ပြောင်းဝတ်ထားသော
UWSA "ဝ"တပ်ဖွဲ  စစ်သည် ၂၄,၀၀၀ ဦး ( တပ်မ ၃ ခု အင်အား) ရှိသော တပ်သား အရည်အတွက်ကို
အချိန် ၂၅ ရက်အတွင်း အောက်ပါ နယ်မြေအတွင်းသို့ အပြင်းချီ
ပို့ဆောင်/ရွေ့လျားလျှက်ရှိ။

ရှမ်းပြည်နယ် တိုင်းစစ်ဌာချုပ် နယ်မြေ
---------------------------------------------------------------------
(၁) ရှမ်းရှေ့ (တြိဂံတိုင်းစစ်ဌာနချုပ်)။
(၂) ရှမ်းတောင် (ရ.ပ.ခ)။
(၃) ရှမ်းအလယ်ပိုင်း (ရ.လ.ခ)။

Thae Thae🇲🇲🇲🇲🇲🇲

08 Jan, 07:17


''ဘာလို့ ဒီအခြေအထိအောင်ရောက်သွားရတာလဲ''
ဒီလို ဖြစ်စရာအခြေအနေ အကြောင်းအရာ တစ်ခုမှမရှိဘူး''
ညံ့ဖျင်းလွန်း လှတယ်ဗျာ''

တပ်မတော်ချစ်သူ တစ်ယောက်ရဲ့ မချိတင်ကဲစကားသံ။

တပ်မတော်ကြီးက မညံ့ပါဘူး။
ဒါပေမယ့် အကြမ်းဖက်တွေက သိတယ်။
တပ်မတော်လူကြီးတစ်ချို့ရဲ့ အားနဲချက်တွေကို သိနေတယ်။
လွန်ခဲ့သောသုံးနှစ်တာကာလကတည်းက ကျနော်အတန်တန် ပြောပြခဲ့တယ်။

လက်နက်နဲ့ပါတ်သက်ပီးတစ်ယူသန်လွန်းလှတယ်။
အတ္တကြီးမားလွန်းလှတယ်။
ဖြစ်လာနေသောအခြေအနေပေါ်မှာ လိုက်လျောညီထွေ ပြုပြင်နိုင်စွမ်းမရှိဘူး။

ရန်သူဟာအပြစ်မဲ့ ပြည်သူလူထုအပေါ်မှာ လုပ်ကြံမှုတွေ ဖန်တီးပီး အကြောက်တရားတည်ဆောက်တယ်။
အကြမ်းဖက်နဲ့အာဏာနီတည်ဆောက်တယ်။

လက်နက်မဲ့သောပြည်သူတွေ ဟာ အကြမ်းဖက်တွေရဲ့ ပုံစံသွင်းတာကို ခံလိုက်ရတယ်။

တနေ့က ဝက်လက်ဖြစ်စဉ်…
ကွင်းပြောင်ပြောင်ထဲမှာ ကျင်းတူးပီးစောင့်နေသော ရန်သူက တပ်မတော်စစ်ကြောင်းကို တေ့ဖြုတ်သွားတာ။

ရွာသားတွေက သိပေမယ့် ဘယ်သူမှသတင်းမပေးရဲကြဘူး။

ဘာ့ကြောင့်လဲ?
ပြည်သူမှာလက်နက်မရှိဘူးလေ။
၇.၅.၂၀၂၃ မှာနိုင်ငံတော်က လက်နက်ကိုင်ဆောင်ခွင့် ဥပဒေ ထွက်လာတယ်။
ဝမ်းသာလိုက်တာဗျာ။
ငါတို့ လူကြီးတွေ အခြေခံကျကျ တွေးတတ်လာပီပေါ့။
ဝမ်းသာခြင်းဟာ တခဏပါဘဲ။
ကန့်သတ်ချက်တွေများစွာနဲ့ အဲ့ဒီဥပဒေဟာ ပြည်သူတွေအတွက် အကျိုးသက်ရောက်မှုလုံးဝ (လုံးဝ) မရှိခဲ့သလို တိုင်းပြည်အတွက်လည်း အကျိုးမဖြစ်ခဲ့ဘူး။

ဥပမာ ဗျာ…
မကွေးတိုင်းထဲမှာ ကျေးရွာပေါင်း (၄၇၉၀)ရှိတယ်။
ပြည်သူ့စစ်ကျေးရွာ(၇၂)ရွာ ဘဲရှိတယ်။
တစ်ကယ်ဆိုရင် ရွာပေါင်း(၂ ၀၀၀)လောက်မဟုတ်ရင်တောင်မှ…
(၅၀၀)လောက်ဖွဲ့ပီး ရန်သူကိုတန်ပြန်ထိန်းချုပ်လို့ရတယ်။
ရှိတဲ့ပြည်သူ့စစ်(၇၂)ရွာခမျှာလည်း လက်နက်က ယဲ့ယဲ့ သာ။

ကျေးရွာတွေဟာ
ပြည်သူ့စစ်စာရင်းကောက်ပီး လက်နက်တွေရောက်မလာလို့…
ထွက်ပြေးရတယ်။
လုပ်-ကြံခံတယ်။

တခါထဲ လက်နက်နဲ့အတူဖွဲ့ပါလား?
ပြည်သူ့စစ်တွေအပေါ်မှာ နားလည်မှုမရှိသောအောက်ခြေ အရာရှိတစ်ချို့ကြောင့် အမာခံနယ်မြေတွေဆုံးရှုံး ရတယ်။

အကြိမ်တစ်ထောင်မြောက်ထပ်ပြောပါရစေ…
(''ဒီစစ်ပွဲကြီးကို တပ်မတော်တစ်ခုထဲနဲ့တိုက်လို့မရဘူး ဗျ")× ၁၀၀၀။
ပစ တွေ ချည်းဘဲ လဲ မရဘူး။

အကြမ်းဖက်တွေ လက်ထဲမှာ ရှိနေသော မောင်းပြန်တွေ သိန်းကျော်ဟာ ၁၅ နှစ်ကြာသည်အထိ ရှင်းဖို့မလွယ်။

အခု မြန်မာ့ရဲ့ အသက် ဖြစ်သောပုဂံ…
ရန်သူကတိုက်ကွက်ဖေါ်တော့မယ်။
အမြန်လမ်းလဲ စိုးရိမ်နေရပီ။

ဘယ်အထိအောင် အတ္တကြီးကြီးနဲ့ မိုက်တွင်းနက်နေအုံးမှာလဲ။

ဒီလိုအချိန်မှာ နိုင်ငံတခုလုံးရဲ့ တရားဥပဒေ နဲ့အကြမ်းဖက်လုံခြုံရေးအတွက် လုပ်သင့်လုပ်ထိုက်တာကို လုပ်ဆောင်ဖို့ နောက်ကျလွန်းနေပါပီ ခင်ဗျာ…

ကြေကွဲ…

mat R

Thae Thae🇲🇲🇲🇲🇲🇲

08 Jan, 07:01


ဒို့အဘ အလုပ်တကယ်လုပ်နေပြီ
မပြစ်မှားကြနဲ့တော့😎😎😎

Thae Thae🇲🇲🇲🇲🇲🇲

08 Jan, 07:01


မိုးကုတ်မြို့ အရှေ့ပိုင်း
ဂေါက်ကွင်းထဲက ကျောက်ခိုးထုတ်နေတဲ့ ပလောင်သူပုန်သူခိုးတွေကို
လေယာဉ်နဲ့ ၇ကြိမ်လောက်
ဗုံးလာကြဲသွားတာဟု သိရ

Thae Thae🇲🇲🇲🇲🇲🇲

08 Jan, 06:27


ဖားကန့်ကို ဝင်မည့် ဆီတွေ။

ဗုံးသာကြဲချလိုက် နောက် မလုပ်ရဲတော့ဘူး။

Thae Thae🇲🇲🇲🇲🇲🇲

07 Jan, 17:36


စစ်မြေပြင်တွင် ရန်သူကို နေလိုမီးလိုကျင့်ပါ တဲ့..
ရဲဘော်အချင်းချင်းအပေါ် သစ္စာစောင့်ပါ တဲ့

စစ်မြေပြင်မှမဟုတ်ဘူး.. စစ်မတိုက်ရပဲ နောက်တန်းနေပြီး ရန်သူကို အားပေးအားမြှောက်လုပ်နေတာ လဲ သစ္စာဖောက်တာပဲ

ဂိတ်ထိုင်ပြီး ရန်သူအတွက် ဝင်ငွေရအောင် အနေအစားချောင်အောင် ငွေယူလွှတ်ပေး ဂိတိကြေးကောက်နေတာတွေကလဲ သစ္စာဖောက်တာပဲ

အဲဒီခင်ဗျားတို့ နှစ်ပဲတပြားပိုက်ဆံလေးအတွက် နာမည်ပျက် လူမုန်းခံနေချိန်မှာ ရန်သူက ခင်ဗျားတို့ သွယ်ဝိုက်ပြီး ပံ့ပိုးလိုက်တဲ့ သိန်းထောင်ချီသောင်းချီဝင်ငွေတွေကို ခင်ဗျားတို့ရဲ့ ရဲဘော်အိုးစားဖက်တွေကို t-တ်ဖို့ တိုင်းပြည်ပြိုကွဲအောက်လုပ်ဖို့ ခင်ဗျားတို့ ဆွေမျိုးမိသားစုတွေ ဘဝ မလုံခြုံဖို့အတွက် လက်နက်တွေဝယ် ဘန်ကာတွေဆောက် စခန်းတွေသိမ်း မြို့တွေသိမ်း.. လူသစ်တွေစုနဲ့..
ခင်ဗျားတို့ လိပ်ပြာလုံလုံနေရဲတာ အံဲ့​ေဩာ တယ်

အဲဒီနေရာမှာ သူပုန်သောင်းကျန်းသူနဲ့ ဆက်စပ်အဖွဲ့အစည်းတွေ ဝင်ငွေတွေ တလဟောစီးဆင်း အမြတ်ထုတ်အောင်မြေချဲ့နေတာကို.. မသိကျိုးကျွံပြုပြီး ခွင့်ပြုပေးထားတဲ့ တာဝန်ရှိသူတွေလဲ သစ္စာဖောက်စာရင်းထဲ ထည့်ရမှာပဲ

လုပ်သင့်တာသင့်တာကို အချိန်မီမတားဆီးရင်တော့.. နောက်ဆက်တွဲ ဆိုးကျိုးတွေက တိုင်းပြည်အစိပ်စိပ်အမွှာမွှာကွဲတဲ့အထိ ဖြစ်လာမှာပဲ..

ကြားဖူးတယ်..
၈၈ မှာ တစ်တိုင်းပြည်လုံး ေငွမဲကြေငြာခဲ့ရတယ်.. အကြောင်းရင်းများစွာထဲက တစ်ခုက အစိုးရလက်ထဲ ငွေမရှိတော့ပဲ နယ်စပ်တလျောက် က သူပုန်တွေ လက်ထဲမှာ ပဲငွေတွေတလဟောစီးဆင်းနေလို့ တဲ့.. အဲဒီငွေနဲ့ပဲ အခိုင်အမာ စခန်းတွေဆောက် ခေတ်မီလက်နက်တွေဝယ်ပြီး အင်အားကြီးသထက်ကြီးလာလို့ တဲ့
အဲလို ငွေမဲကြေငြာလိုက်လို့လဲ သူပုန်လက်ထဲကငွေတွေ စက္ကူစုတိတွေဖြစ်ပြီး သုံးမရတော့လို့.. လက်နက်အင်အားငွေအင်အားချို့တဲ့ပြီး လက်နက်တွေချ စခန်းတွေကျနဲ့ သူပုန်တွေ အင်အားချိနဲ့ သွားရတာ

အခု .. သမိုင်းတပတ်ပြန်လည်လာပြီလို့ ပြောရင်ရလောက်တဲ့ အခြေအနေတခု လက်ရှိမှာ ဖြစ်နေပြီ.. သောင်းကျန်းသူတွေလက်ထဲ တရားမဝင် ဘီလီယံနဲ့ချီတဲ့ ဝင်ငွေတွေ နေ့စဥ်စီးဆင်းနေတဲ့အပြင် တိုင်းပြည်ရဲ့ လူ့စွမ်းအားအရင်းအမြစ်တွေလဲ စီးဆင်းနေပြီ..
ခေတ်ပညာတတ်တွေ နည်းပညာ တွေ ပြောရင်အများကြီးပဲ..

အဲဒါကို အစိုးရမင်းလုပ်တဲ့သူတွေက ပေါ့နေကြဦးမှာလား..
အပေါ်ကပြောခဲ့တဲ့ သစ္စာဖောက်တွေကို ထိန်းသိမ်းကြပ်မတ်ကြဦးမှာလား

အဲလိုမှမဟုတ်ရင်တော့ ၈၈ နဲ့မတူတဲ့ ခေတ်သစ် စစ်ပွဲနဲ့အတူ ဒုတိယ ၈၈ မဖြစ်လာဘူးလို့ ဘယ်သူအာမခံရဲလဲ..

တွေးရင်း ရင်လေးမိ

# အူးရဲ

Thae Thae🇲🇲🇲🇲🇲🇲

07 Jan, 16:31


#Su_30_ရရှိပြီး_J_10_ဝယ်ရန်_စဥ်းစားနေတဲ့_နစက

ရုရှားနိုင်ငံထုတ် Su-30 SME တိုက်လေယာဉ် (၆)စီးလုံး
မြန်မာနိုင်ငံကို ပေးပို့ပြီးဖြစ်ကြောင်း Army Recognition Group က
မနေ့ကဇန်နဝါရီ ၆ ရက်နေ့မှာ ဖော်ပြခဲ့ပေမယ့် တကယ်က
ဒီဇင်ဘာမှာတည်းက နစက လွှဲပြောင်းရရှိခဲ့ပြီးဖြစ်ပါတယ် ။

SU-30 Muiltrole Superiority Fighter (၆)စင်းဝယ်ယူဖို့အတွက်
၂၀၁၈ ခုနှစ်က ရုရှားကာကွယ်ရေးဝန်ကြီးရဲ့ မြန်မာနိုင်ငံခရီးစဥ်မှာ
ရောင်းချပေးဖို့ နှစ်နိုင်ငံသဘောတူခဲ့တာဖြစ်ပါတယ် ။

၂၀၂၂ ခုနှစ် မတ်လမှာ (၂) နိုဝင်ဘာမှာ (၂)စီးရောက်ရှိခဲ့ပြီးဖြစ်
ကျန် (၂)စီးက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၅ က ရောက်ရှိခဲ့တာပါ ။

SU-30 တွေကိုရုရှားလို
Sukhoi Su-30Сухoй -30 လို့ခေါ်တွင်ပြီး
NATO ကတော့ Flanker လို့နာမည်ပေးထားပါတယ် ။
SU-30 Series တွေက SU-27 ရဲ့ဆင့်ပွားမျိုးကွဲဖြစ်ပြီး
SU-30, SU-34, Su-35 နဲ့ တရုတ်က Shenyang J-11 ကို
လိုင်စင်ယူပြီး ထပ်မံထုတ်လုပ်ခဲ့တာဖြစ်ပါတယ်

၁၉၉၂ ခုနှစ်မှာ SU-30 Series ကိုထုတ်လုပ်ခဲ့သလို
၂၀၁၃ ခုနှစ်မှာတော့ SU-30 SM တွေကိုထုတ်လုပ်ခဲ့တာဖြစ်ပါတယ် ။
လက်ရှိအချိန်ထိ အစီးရေ (၆၃၀)ထုတ်လုပ်ထားပြီးSU-30 မှာ
MKI, MKK, MKM နဲ့ MKA မျိုးကွဲ (၄)မျိုးရှိပါတယ် ။

SU-30 မူရင်းမျိုးကွဲကို
SU-30/SU-30K/SU-30KI/SU-30KN/SU-30MKနဲ့
MK Derivatives အနေနဲ့ SU-30 MKI/ SU-30MKA/
SU-30SM/SU-30SME/SU-30SM2 တွေရှိသလို
SU-30 MKK Derivatives အနေနဲ့ SU-30 MKK/
SU-30 MK2/ SU-30 MKV / SU-30 MK2V /SU-30 M2 တို့ရှိပါတယ် ။

မြန်မာလေတပ်ကဝယ်ထားတာက MK Series ထဲက
Export Version ဖြစ်ပြီးSU-30 SME ( Flanker H) ဖြစ်ပါတယ် ။
နိုင်ငံပေါင်း (၁၅)နိုင်ငံမှာဝယ်ယူအသုံးပြုလျက်ရှိပါတယ် ။
တောင်အာရှနဲ့ အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့
အိန္ဒိယလေတပ်က အစီးရေ (၂၀၀)ကျော်
အင်ဒိုနီးရှားလေတပ်က (၁၁)စီး ၊မလေးရှားလေတပ်က (၁၈)စီး
ဗီယက်နမ်လေတပ်က (၃၅)စီး၊ မြန်မာလေတပ်က (၆)စီး အသုံးပြုနေပါတယ် ။

Performance အနေနဲ့
Range က 3000 Km အထိသွားရောက်နိုင်သလို
စစ်လက်နက်အပြည့်အစုံ Max Takeoff weight အနေနဲ့
အလေးချိန် ပေါင် ၇၅၀၀၀ သယ်ဆောင်ပြီး
အမြင့်ပေ ၅၅၀၀၀ ကျော်အထိ တက်ရောက်ပျံသန်းနိုင်ပါတယ် ။

လက်န တပ်ဆင်မှုအနေနဲ့ hardpoints (၁၂)ခုပါဝင်ပြီး
Rocket အနေနဲ့
S-8KOM/BM/OMS-13T/OFS-25OFM-PU
Missile အနေနဲ့(ဝေဟင်မှဝေဟင်ပစ်)R-27R/ER/T/ET/
P/EA/R-73E/MRVV-AE(R-77)-1/M/R-37M
(ဝေဟင်မှ မြေပြင်ပစ်)Kh-29TE/L/Kh-59M/ME
(ဝေဟင်မှရေပြင်ပစ်)Kh-31A နဲ့ ရေဒါဖျက်ဒုံးတွေတပ်ဆင်နိုင်ပြီး

တပ်ဆင်နိုင်တဲ့ B O MB အနေနဲ့က
KAB-500KR general-purpose bomb/KAB-500OD bomb
KAB-1500KR GP bomb/KAB-1500L laser-guided bomb
FAB-500T GP bomb/BETAB-500SHP bomb
ODAB-500PM bomb/OFAB-250-270 bomb/
OFAB-100-120 bombP-50T bomb/RBK-500 cluster bombs/
SPBE-D bomb စတာတွေတပ်ဆင်နိုင်ပါတယ် ။

နစကလေတပ်အနေနဲ့ စတုတ္တမျိုးဆက်ဘက်စုံသုံး
တိုက်လေယာဥ် (၆)စီးဝယ်ယူအသုံးပြုနေပေမယ့်
စစ်ဆင်ရေးတွေမှာတော့ အသုံးပြုခြင်းမရှိသေးတာကိုတွေ့ရပါတယ် ။

တရုတ်နိုင်ငံကတော့ SU-27 နဲ့ မျိုးကွဲတူတဲ့
Shenyang J-11 ကိုလိုင်စင်ယူထုတ်လုပ်ထားပြီး
နစကဥက္ကရဲ့တရုတ်ခရီးစဥ်အတွင်းမှာ
နစကလေတပ်အတွက် Chengdu J-10 လေယာဥ်တွေ
ဝယ်ယူမယ်ဆိုရင် ရောင်းချပေးနိုင်တယ်ဆိုတဲ့ တရုတ်ဖက်က
ကမ်းလှမ်းမှုတွေရှိခဲ့တယ်လို့ ပြောဆိုသံတွေရှိထားပါတယ်

ဒါပေမယ့် J-10 တွေက စျေးနှုန်းအရမ်းများတဲ့အတွက်
နစကဖက်ကဝယ်ယူဖို့စဥ်းစားနေဆဲဖြစ်တယ်လို့ သိရှိခဲ့ရပြီး
UAV တချို့ကိုတော့ စာချုပ်ချုပ်ဆိုဝယ်ယူခဲ့တယ်လို့သိရပါတယ် ။

လက်ရှိ နိုင်ငံရေးအခင်းအကျင်းမှာတော့
Yak-130 နဲ့ FTC-2000 G တွေကိုသာ Flying Training အနေနဲ့
စစ်ဆင်ရေးတွေကို စေလွှတ်ပျံသန်းစေလျက်ရှိပါတယ် ။

Yak-130 တွေက ညဖက်တွေပါပျံသန်းစစ်ဆင်နိုင်တယ်ဆိုပေမယ့်
Payload နဲ့ Range တွေမှာဆိုရင် SU-30 SME တွေက (၂)ကျော်အထိ
သယ်ဆောင်ပျံသန်းပြီး စစ်ဆင်နိုင်တယ်လို့သိရပါတယ် ။

၂၀၂၆ ခုနှစ်ထဲမှာ FTC-2000 G တချို့ထပ်မံရောက်ရှိလာဖို့ရှိသလို
Chengdu J-10 Vigorous Dragon (NATO အခေါ် FireBird )Series ထဲက
ပါကစ္စတန်လေတပ်မှာသုံးနေတဲ့ J-10 CE တပတ်ရစ်တွေဝယ်ယူဖို့စဥ်းစားလျက်ရှိပါတယ်။
ဘဂ်လားဒေ့ရှ့်ကလဲ J-10 တိုက်လေယာဥ် ၁၆ စီးဝယ်ယူဖို့ ကြိုးစားနေပါတယ်

လက်ရှိအချိန်တော့ နစကလေတပ်က
လေ /ကြောင်း တိုက် / ခိုက် မှု မှာ တစီးချင်းသာ ပျံသန်း
တိုက်ခိုက်လျက်ရှိပြီး အကြိမ်ရေအားဖြင့် အရေအတွက် (၁၀,၀၀၀)ကျော်ရှိပါတယ်။
ဒါပေမယ့် ထိရောက်တဲ့ လေကြောင်းတိုက်ခိုက်မှုမရှိခဲ့တာတွေ့ရပြီး
ရန်သူရဲ့နောက်တန်းဌာနချုပ်တွေ ၊ သင်တန်းကျောင်းတွေ နဲ့
အုပ်ချုပ်မှုဆောင်ရွက်နေတဲ့ နေရာတွေကိုတော့ တိုက်ခိုက်ခြင်းမရှိခဲ့ပါဘူး ။

မည်သို့ပင်ဆိုစေကာမူ
စောင်ခြုံဖုန်သုတ်ပြီးသိမ်းထားဦးမယ်ဆိုရင်တော့
J-10 ပဲဝယ်ဝယ် J-14 ပဲဝယ်ဝယ်
အလှထားတဲ့အရုပ်လို တန်ဖိုးမဲ့နေဦးမှာပဲဖြစ်ပါတော့တယ်

#HMM #UnionNews
7.Jan.2025

Thae Thae🇲🇲🇲🇲🇲🇲

07 Jan, 15:52


.

☯️


မြောက်ကိုရီးယားလဲ အသံထက်မြန်တဲ့ မစ်ဇိုင်ပိုင်ဆိုင်ပြီ၊

အသံထက်အဆများစွာ မြန်ဆန်ပြီး ပဲ့ထိမ်းစနစ်ပါတဲ့ တာလတ်ပစ်ဒုံးပျံကို မြောက်ကိုရီးယားကစမ်းသပ်အောင်မြင်ခဲ့တယ်၊

နိုင်ငံတကာ War game ထဲမှာ Key player တဦးဖြစ်မှန်းမသိ ဖြစ်လာခဲ့ပါပြီ ။


BaMg ☯️


.Nay Zin Latt

Thae Thae🇲🇲🇲🇲🇲🇲

07 Jan, 15:39


ငွေကျပ်(၂၀၀၀၀)တန်ထွက်မည်ဟု ကောလာဟလထုတ်လွှင့်သူများကို စီစစ်ဖော်ထုတ်အရေးယူသွားမည်

ငွေကျပ်(၂၀၀၀၀)တန်ထွက်မည်ဟု လူမှုကွန်ယက်စာမျက်နှာများပေါ်မှတစ်ဆင့် ကောလာဟလရေးသားထုတ်လွှင့်သူများကို စီစစ်ဖော်ထုတ်အရေးယူသွားမည်ဟု ဗဟိုဘဏ်ကအသိပေးခဲ့သည်။

လူမှုကွန်ယက်စာမျက်နှာဖြစ်သည့်“အခေါက်ရွှေ ရောင်းသူ ဝယ်သူတိုက်ရိုက်” facebook Group တွင် Anonymous participant အမည်ဖြင့် ငွေကျပ်(၂၀၀၀၀)တန်ထုတ်ဝေနေပြီဖြစ်ကြောင်း" “ဒီ ၂၀၀၀၀/- ကျပ်တန်တွေက ဘယ်ကထွက်နေတာလဲ Photoshop လည်းမဟုတ်ကြည့်ရတာအတော်များများထွက်လာတာတွေ့ရတယ်” Hsung Aom အမည်ဖြင့် “ဒီနေ့ဘဏ်မှာ ငွေသွားထုတ်တာ ၂ သောင်းတန်တွေပေးလိုက်တယ်ရှင့် ၂ သောင်းတန်က တရားဝင်ထွက်နေပီးလားမသိဘူးရှင့်?”ဟူ၍ ရေးသားဖော်ပြမှုများနှင့်ပတ်သက်၍ ဗဟိုဘဏ်ကပြန်လည်ရှင်းလင်းအသိပေးခဲ့ခြင်းဖြစ်သည်။

ငွေကျပ် ၂၀,၀၀၀/- တန်နှင့်ပတ်သက်၍ ကောလာဟလသတင်းများထုတ်လွှင့်ကာ ကုန်ပစ္စည်းများဈေးကစားရန်၊ ဒေါ်လာအပါအဝင် နိုင်ငံခြား ငွေများအားဈေးကစားရန်၊ တည်ငြိမ်နေသည့် ငွေကြေးဈေးကွက်နှင့် ရွှေဈေးကွက်များပျက်ပြားစေရန်၊ နိုင်ငံတော်၏စီးပွားရေး ကမောက်ကမဖြစ်စေရန်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်နေကြခြင်းဖြစ်သည်ဟု အသိပေးခဲ့သည်။

" ကျပ် ၂၀,၀၀၀/- တန်နဲ့ပတ်သက်ပြီး ဗဟိုဘဏ်က သတင်းမှန်တွေကိုအကြိမ်ကြိမ်ထုတ်ပြန်ပြီးဖြစ်ပါတယ်။ အခုကာလက နိုင်ငံခြားငွေဈေးနှုန်းတွေနဲ့ပတ်သက်ရင် နှစ်စဉ်ကောလာဟလထုတ်လွှင့်ပြီး ဈေးကစားတတ်တဲ့အချိန်ဖြစ်တာကို အများပြည်သူသိရှိပြီးဖြစ်ပါတယ်"ဟု ဗဟိုဘဏ်ကရှင်းလင်းပြောကြားခဲ့သည်။

ထို့ကြောင့် ဗဟိုဘဏ်အနေဖြင့် ရည်ရွယ်ချက်ရှိရှိဖြင့် သတင်းတုသတင်းယောင်ထုတ်လွှင့်သူ များအား ထိရောက်စွာအရေးယူနိုင်ရန် သက် ဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်း၍ စိစစ်ဖော် ထုတ်အရေးယူရန် စီစဉ်လျက်ရှိသည်ဟု အသိ ပေးခဲ့သည်။

ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးနှင့်ပတ် သက်၍ FX Market Online Trading Platform မှတဆင့် နေ့စဉ်သွင်းကုန်လုပ်ငန်းရှင်များသို့ နိုင်ငံခြားငွေများအား ရောင်းချပေးခြင်း၊ နိုင်ငံခြားငွေ အရောင်းအဝယ်ဈေးနှုန်းများနှင့် ပမာဏများ၊ ရည်ညွှန်ဈေးနှုန်းများကို ဗဟိုဘဏ်၏ Website တွင်နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိသည်ဟုလည်း အသိပေးခဲ့သည်။

ထို့ပြင် ရွှေဈေးနှင့်ပတ်သက်၍ ဓာတ်သတ္ထု(ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီမှ နေ့စဉ်ထုတ်သတင်းစာများတွင် ထုတ်ပြန်ပေးလျက်ရှိကာ ဈေးနှုန်းပိုမိုရောင်းချသူများအား အရေးယူသွားမည်ဖြစ်ကာ ဒေါ်လာဈေးနှင့်ရွှေဈေးများကို စိစစ်ပြီးမှသာ အရောင်းအဝယ်ပြုလုပ်ကြရန်လည်း ဗဟိုဘဏ်က အသိပေးခဲ့သည်။

Thae Thae🇲🇲🇲🇲🇲🇲

07 Jan, 15:26


ဗန်မော် ၊ မန်စီ ပေါင် ၅၀၀ လောက်ကို
Kia နဲ့ပဒက် မဖြုံတော့ဘူး။

အနည်းဆုံး ပေါင် ၁၀၀၀ နဲ့ ၂၀၀၀ လောက်
သုံးပေးကြပါ လို့ မေတ္တာရပ်ခံလိုပါတယ်။

နောက်တစ်ချက် က ဗန်မော်ကို kiaပဒက်က တိုက်နေတာ ၁ လကျော်ပြီ ဗန်မော်မြို့လည်း ပျက်စီးသလောက် ဖြစ်နေပြီ
လိုက်ဇာ တို့ လိုင်စင်ပိုစ် kiaနေရာတွေက
အေးအေးဆေးဆေး ဖြစ်နေတယ်။

Kia ရဲ့ ရည်ရွယ်ချက် ရည်မှန်းချက်က ဘာလည်း မသိကြတာလည်း မဟုတ်ပါ။

ဗန်မော် -မန်စီ ရမခ နပခ လို မဖြစ်ဖို့ဆိုရင် အခု အချိန်မှာ အပေါ်ကလည်း အသကုန်ဗျင်း အောက်ကလည်း ပို့ အစွမ်းကုန်
စော် မှ တန်ရာကျပါမည်။

https://t.me/kyawswar49111

Thae Thae🇲🇲🇲🇲🇲🇲

07 Jan, 14:32


အုတ်ဖိုမြို့နယ်၊ ကွေ့ချောင်းကြီးကျေးရွာတွင် နေအိမ်၌ရှိနေသော အမျိုးသမီးတစ်ဦးကို PDF အကြမ်းဖက်သမားလေးဦးက သတ်ဖြတ်

ဇန်နဝါရီ ၇၊ ၂၀၂၅

ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ကွေ့ချောင်းကြီးကျေးရွာနေ ဒေါ်ညိုညို (၃၇) နှစ်သည် ဇန်နဝါရီလ ၆ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်၌ နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားလေးဦးရောက်လာပြီး သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်းသိရသည်။

Thae Thae🇲🇲🇲🇲🇲🇲

07 Jan, 14:26


မုဒုံတွင် မန္တလာမင်းခရီးသည်တင်ယာဉ်က ယာဉ်မောင်းနှင့် နောက်လိုက်ကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွား

လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ ဇန်နဝါရီ ၇၊ ၂၀၂၅။

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ရောင်းဒေါင်းကျေးရွာအနီး မုဒုံ-သံဖြူဇရပ်ကားလမ်းတွင် မန္တလာမင်းခရီးသည်တင်ယာဉ်တစ်စီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံနှင့် မန္တလာမင်းခရီးသည်တင်ယာဉ်လိုင်းတို့ထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က ရောင်းဒေါင်းကျေးရွာအနီး မုဒုံ-သံဖြူဇရပ်ကားလမ်းတွင် မုဒုံမြို့ဘက်မှ သံဖြူဇရပ်မြို့ဘက်သို့ မောင်းနှင်လာသည့် မန္တလာမင်းခရီးသည်တင်ယာဉ်တစ်စီးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က တားဆီးရပ်တန့်စေခဲ့သည်။

ယင်းနောက် ယာဉ်ပေါ်လိုက်ပါလာကြသည့် ခရီးသည်များအားလုံးကို ကားပေါ်ကဆင်းခိုင်းပြီး ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့်အတူ ခရီးသည်တင်ကားကို ကွမ်လှာကျေးရွာဘက်သို့ မောင်းနှင်သွားသည်ဟု မန္တလာမင်းခရီးသည်တင်ယာဉ်လိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ခရီးသည်ကားမှာက GPS ပါတော့ ကားကိုရှာတဲ့အခါမှာ ကွမ်လှာကျေးရွာသင်္ချိုင်းအနီးမှာ တွေ့ရလို့ မနေ့ (ဇန်နဝါရီလ ၆ ရက်နေ့) မနက် ၁ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်အားအလုံးအရင်းနဲ့ သေနတ်ပစ်ဖောက်ပြီးတော့ ဝင်ရောက်စီးနင်းတဲ့အခါမှာ ခရီးသည်တင်ကားကိုတော့ ပြန်ရတယ်။ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကိုတော့ လက်နက်ကိုင်တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ယူဆရပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ကွမ်လှာကျေးရွာသင်္ချိုင်းအနီး ပြန်တွေ့သည့် မန္တလာမင်းခရီးသည်တင်ကားကို မုဒုံမြို့မရဲစခန်းသို့ မောင်းနှင်လာခဲ့ပြီး ယာဉ်ပေါ်ပါလာသည့် ခရီးသည်များ၏ ကုန်ပစ္စည်းများကို မုဒုံမြို့မရဲစခန်းမှ သံဖြူဇရပ်မြို့ရှိ မန္တလာမင်းကားဂိတ်သို့ ပို့ဆောင်ပေးခဲ့သည်ဟု ဆိုသည်။

မန္တလာမင်းခရီးသည်တင်ကားပေါ်တွင် ခရီးသည် ၁၀ ဦးခန့် စီးနင်းလိုက်ပါလာသည်ဟုလည်း သိရသည်။

မန္တလာမင်း ခရီးသည်တင်ကားပေါ်သို့ လက်နက်ကိုင်တချို့တက်ရောက်လာပြီး ခရီးသည်များကို ကားပေါ်က ဆင်းခိုင်းစေခဲ့ကြောင်း ခရီးသည်များထံမှ လက်ကိုင်ဖုန်းနှင့် ပိုက်ဆံအိတ်များအပြင် အခြားမည်သည့်ပစ္စည်းမှ ယူဆောင်သွားခြင်းမျိုးမရှိကြောင်း ခရီးသည်များထံမှ သိရသည်။

“ကားထွက်သွားတော့ ဘာဆက်လုပ်ကြရမှန်းလည်းမသိကြဘူး။ အဲ့ဒီအချိန်မှာ လမ်းပေါ်မှာကားအသွားအလာကလည်း ရှင်းနေတယ်။ အဲ့ဒါနဲ့ပဲ သံဖြူဇရပ်မြို့ဘက်ကို လမ်းလျှောက်သွားကြတယ်။ နောက်မှ ကားကြုံတွေတွေ့ရလို့ သံဖြူဇရပ်မြို့ကို ပြန်ရောက်လာကြတာပါ။ လက်နက်ကိုင်တွေက လက်နက်ဖုန်းတွေမသိမ်းသွားလို့တော်သေးတယ်။ တချို့လည်း ကိုယ့်အိမ်ကို ဖုန်းဆက်ပြီးလာကြိုခိုင်းတာမျိုးတွေရှိကြပါတယ်။ ခရီးဆောင်အိတ်ကိုတော့ မနေ့က သံဖြူဇရပ်မြို့က မန္တလာမင်းဂိတ်ကိုရောက်လာတဲ့အတွက် သွားယူခဲ့ပြီးပါပြီး” ဟု ခရီးသည်တစ်ဦးက ပြောသည်။

မန္တလာမင်းခရီးသည်တင်ကားမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့သည် မည်သည့်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားကို လွတ်လပ်သော မွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

မုဒုံမြို့နယ်အတွင်း လှုပ်ရှားနေသည့် မွန်ပြည်သစ်ပါတီ (NMSP-AD) ကတော့ မန္တလာမင်းခရီးသည်တင်ကားမှ ယာဉ်မောင်းနှင့် ယာဉ်နောက် ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး မသိရှိသေးဘူးလို့ ဆိုသည်။

“အဲအကြောင်းအရာနဲ့ ပတ်သက်ပြီး ကျနော်တို့ မသိရှိသေးပါဘူး။ မြေပြင်က ရဲဘော်တွေနဲ့လည်း ဆက်သွယ်မေးမြန်းနေတုန်းပဲ” ဟု NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ပြောသည်။

လက်ကိုင်အဖွဲ့က ဖမ်းဆီးသွားသည့် မန္တလာမင်းခရီးသည်တင်ကားမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့သည် ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့ထိ အဆက်အသွယ်မရသေးကြောင်းလည်း မန္တလာမင်းခရီးသည်တင်ယာဉ်လိုင်းနှင့် နီးစပ်သူတို့ထံမှ သိရသည်။

https://t.me/kyawswar49111

Thae Thae🇲🇲🇲🇲🇲🇲

07 Jan, 13:28


#ဘာကြောင့်လက်နက်ကိုင်လမ်းစဥ်ကိုစွန့်ခိုင်းနေရသလဲ

လက်နက်ကိုင်လမ်းစဥ်ကို စွန့်ပါ၊စွန့်ပါ
လို့ ခဏ ခဏ ပြောနေတာ အကြောင်းမဲ့
တော့ မဟုတ်လောက်ဘူး။EAOsတွေ
ကို လက်နက်ကိုင်လမ်းစဥ် စွန့်သွားစေ
လောက်တဲ့အထိ ထိရောက်တဲ့ မဟာဗျူဟာ
မြောက် လက်နက်တွေ ရှိနေလို့နေမှာပါ။

ဟင်ခနဲ ဟာခနဲ ဖြစ်စေလောက်တဲ့
လက်နက်စွမ်းပကားတွေကို ထုတ်မသုံး
သေးဘဲ နားချနေတဲ့ သဘောလို့ နားလည်
ထားပါတယ်။

အလားတူ ဖြစ်စဥ်မျိုးနဲ့ ခပ်ဆင်ဆင်
ဒုတိယကမ္ဘာစစ်တုန်းက ဖြစ်ခဲ့ဖူးသေး
တယ်။

ဂျပန်တွေကို လက်နက်ချဖို့ အမေရိကန်
က အကြိမ်ကြိမ်သတိပေးခဲ့တယ်။ဒါပေမယ့်
ဂျပန် က ဂရုမစိုက်ခဲ့ဘူး။ ​

ပြောမရတဲ့ အဆုံးတော့ ၁၉၄၅ ဩဂုဏ် ၆ ရက်
၉ ရက်နေ့မှာ ဟီရိုရှီးမား နဲ့ နာဂါစကီ ကို N ဗုံး
နှစ်လုံး ကျဲ ချပေးလိုက်တာ ဂျပန်တွေ လည်း
ချက်ချင်းလက်နက်ချခဲ့ရသလို ဒုတိယကမ္ဘာစစ်
လည်း ပြီးဆုံးသွားခဲ့တယ်။

စစ်ပွဲကို အလှည့်အပြောင်း ဖြစ်စေနိုင်တဲ့
မဟာဗျူဟာမြောက် လက်နက်စွမ်းပကားတွေ
ဆိုတာက ဒါကို ခေါ်တာပဲ။

အခုလည်း ကမ္ဘာမှာ N ထိပ်ဖူး အများဆုံး
ပိုင်ဆိုင်ထားတဲ့ ရုရှားနဲ့ နှစ်ပေါင်းများစွာ ဆက်ဆံ
ရေး ထူထောင်ခဲ့တာ ကြာခဲ့ပြီမို့
ဒီလို မဟာဗျူဟာမြောက်လက်နက်တွေ
ရှိမနေလောက်ဘူး မထင်ပါနဲ့။ သာမာန်
လူတွေ မသိနိုင်တဲ့ လက်နက်စွမ်းပကား
တွေ က လျှို့လျှို့ဝှက်ဝှက် သိုသိုသိပ်သိပ်နဲ့
ရှိနေနိုင်ပါတယ်။

တစ်ကြိမ် က နှစ်ကြိမ် ၊ နှစ်ကြိမ် က သုံးကြိမ်
ပြောတဲ့ အတိုင်း လက်နက်ကိုင် လမ်းစဥ်ကို
မစွန့်ကြသေးဘူး ဆိုရင်တော့ တစ်ချိန်မှာ
ဒီလို အကြိမ်ကြိမ် သတိပေးပါလျက်နဲ့
မလိုက်နာလို့ ဖြစ်ရတာပါ ဆိုပြီး သတိပေးမှု
တွေက သမိုင်းမှတ်တမ်းအဖြစ်ကျန်ရှိနေ
မှာ ကတော့ မလွဲမသွေပါပဲ။

ဒါ့ကြောင့် လက်နက်ကိုင်လမ်းစဥ် ကို
စွန့်လွှတ်ကြမယ်ဆိုရင်တော့ EAOs တွေ
အတွက် အချိန်မှီပါသေးတယ်လို့ သတိ
ပေးချင်တယ်။

ဒီလို သတိပေးရတာ ဟာ လည်း ရှေ့မှာ
ဖြစ်လာနိုင်တဲ့ အကျိုးဆက်ကို မြင်နေရ
လို့ ဖြစ်သလို မဟာဗျူဟာ အပြောင်းအလဲ
ကို လည်း ကောင်းကောင်းမြင်နေရလို့ပါ။

အောင်နိုင်သူ

Thae Thae🇲🇲🇲🇲🇲🇲

05 Jan, 16:02


ဆိုလိုတာက Bargaining Chip တွေ စုနေတဲ့ သူပုန်တွေရော၊ သူ့ကျောထောက်နောက်ခံ တရုတ်ကိုပါ အစိုးရက ဘာ ပါဝါမှပေးမထားတာတွေ့ရတယ်။ ဒီလို ဘာမှပေးမထားတဲ့အတွက်ကြောင့်လည်း သူပုန်တွေအနေနဲ့ (အစိုးရကို ခြိမ်းခြောက်မှုဖြစ်နိုင်တဲ့အထိ) နယ်မြေတွေဆက်သိမ်းဖို့ ကြိုးစားနေရုံသာ ရှိပါတော့တယ်။

စစ်နွံထဲမှာ စစ်ကျွံတယ်ဆိုတာ အဲဒါပါပဲ။ သူပုန်ဟာ Point တစ်ခုမှာတော့ သေချာပေါက် အခက်အခဲတွေ့လာမှာပါ။ အခုက အခက်အခဲမတွေ့ခင်၊ စစ်ရေးအရ အသာစီးရနေတဲ့ဆိုတဲ့ အရှိန်လေးမကုန်ခင် ဆွေးနွေးပွဲတွေလုပ်ဖို့ အပြိုင်အဆိုင်ကြိုးပမ်းလာကြတယ်လို့ပဲ ကျွန်တော်ယူဆပါတယ်။ ဒီထက် ရှေ့ဆက်တိုးလို့ သူတို့ထိန်းချုပ်နိုင်တဲ့အနေအထားက လွန်သွားရင် ပိုပြီးအရေးနိမ့်တော့မှာဖြစ်တယ်။

နောက်တစ်ခုက သူတို့က အစိုးရနဲ့ ဆွေးနွေးဖို့ လေသံပစ်တိုင်းမှာ သူပုန်ရဲ့ အလိုအတိုင်း အစိုးရက လိုက်ဆွေးနွေးပေးရတော့မလို (သူပုန်ရဲ့ကစားကွက် မည်မျှလှကြောင်း) ထ သုံးသပ်ကြသူတွေကိုလည်း ကျွန်တော်အံ့ဩပါတယ်။ ဘာမှဖြစ်မလာမယ့် စစ်ပွဲမှာ ငွေရော လူပါ ဖြုန်းခဲ့ကြသူတွေက ဘယ်နားက အကွက်ရွှေ့လှတာပါလဲ။ လှတယ်ပြောရအောင် လိုချင်တာ ရသွားကြပြီလား လို့ မေးလိုပါတယ်။
ဒီအနေအထားမှာ အစိုးရအနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကို သူပုန်တွေဆီပေးလိုက်ပြီဖြစ်ကြောင်း ဝါဒဖြန့်နေတဲ့ Account တွေကို မထိန်းချုပ်နိုင်တာကလည်း တစ်ပိုင်းပေါ့။

အနေအထားတစ်ခုရှိပါတယ်။ ဆွေးနွေးချင်တယ်ဆိုရင်တော့ အစိုးရကပေးထားတဲ့ Terms & Policy တွေကိုလိုက်နာဖို့လိုပါတယ်။ အခု အသာရနေတယ်လို့ထင်တုန်းမှာတောင် အစိုးရက အဖက်မလုပ်ရင် ရှေ့လျှောက်ပိုဝေးဖို့သာရှိပါတယ်။ ဆက်ပြောရရင် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ လမ်းဖွင့်ထားပါတယ်၊ သို့သော် သူပုန်တွေအနေနဲ့ အမှန်တကယ် ငြိမ်းချမ်းချင်ကြောင်း ဆန္ဒရှိတဲ့ အပြုအမူတွေပြနိုင်မှသာ - လို့ ပြောထားပါတယ်။ စိတ်ဝင်စားစရာပါပဲ။

ဒေါ်စုကြည်ကိုလည်း လွှတ်ပေးကောင်း လွှတ်ပေးနိုင်ပါတယ်။ ကျွန်တော့်တစ်ယောက်ဆန္ဒအရတော့ စစ်ပွဲကြီးတစ်ပွဲ အပြီးသတ်တိုက်ပြီးမှ ရုပ်ပြကောင်းအောင် အဆိုပါအမျိုးသမီးကြီးကို လွှတ်ပေးပြီး နိုင်ငံရေးကစားမှာပါ။ အခုက Timing မကျသေးပါဘူး။ ဘယ်လုပ်စားနိုင်ငံရေးသမားရဲ့ မည်သည့် တောင်းဆိုချက်၊ ကြေညာစာတမ်းကိုမှလည်း အစိုးရအနေနဲ့ အဖက်လုပ် စဉ်းစားနေမှာမဟုတ်ဘူး။ သူပုန်ဟာ ဟားမာ့စ်လို Chip တွေကိုင်ပြီး Power နဲ့ မလဲနိုင်ကြတဲ့ သာမန်အဆင့် အကြမ်းဖက်တွေမျှသာဖြစ်ပါတယ်။

ကျွန်တော့်ရဲ့ အခုသုံးသပ်ချက်ဟာ အစိုးရရဲ့ လုပ်ပေါက်တွေကို ဘုန်းတော်ဖွဲ့နေတာမဟုတ်ပါဘူး။ ကျွန်တော်ဟာ ကိုယ့်အသက်ကိုယ် ရှင်အောင်မွေးပြီး အများပြည်သူတွေနဲ့ ဘဝတူ စစ်ဘေးရှောင်ရင်း ဒုက္ခဗရပွရောက်နေတဲ့ ပြည်သူမျှသာဖြစ်ပါတယ်။ အနာဂတ်တွေ ရည်မှန်းချက်တွေအသာထား ပျက်စီးသွားတဲ့ အိုးအိမ်ပိုင်ဆိုင်မှုကိုတောင် ဘယ်ကစ ပြန်ရှာရမှန်းမသိတဲ့ လူငယ်တစ်ယောက်မျှသာဖြစ်ပါတယ်။ မိတကွဲ ဖတကွဲနဲ့ မိသားစုဘဝ ပြိုကွဲပြီး ဒဏ်ရာများစွာနဲ့ လူငယ်မျှသာဖြစ်ပါတယ်။

သို့သော် အစိုးရအနေနဲ့ သူပုန်ကို ရှုံးမနေကြောင်းတော့ အခိုင်အမာပြောနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဒေါသတွေ နာကြည်းဝမ်းနည်းမှုတွေဟာ စစ်ဒဏ်ခံပြည်သူတစ်ဦးရဲ့ သာမန် နာကျဉ်မှုသာဖြစ်ပြီး အစိုးရပြုတ်ကျတော့မှာမို့ သွေးရူးသွေးတန်းဖြစ်နေတဲ့ အစိုးရထောက်ခံသူတစ်ဦးရဲ့ ဒေါသမဟုတ်ကြောင်း အခိုင်အမာပြောလိုပါတယ်။

တိုင်းပြည်ပြိုကွဲဖို့လား... ဝေးပါသေးတယ်။

သန့်နေစိုး (4. Jan. 2025)
*
*
*

Thae Thae🇲🇲🇲🇲🇲🇲

05 Jan, 16:01


သဘောကျလို့စ်

ဆရာ Thant Nay Soe ရဲ့ သုံးသပ်ချက် ပါ
crd ပေးပါတယ်ဗျာ။

Chip နှင့် Power

ရန်သူက တစ်မြို့ပြီးတစ်မြို့သိမ်းနိုင်လို့ အသာရနေပါပြီ ဆိုတဲ့ စာအရှည်ကြီးတွေဖတ်ရတာကလည်း နည်းနည်းတော့ တစ်မျိုးပါပဲ။ Bargaining Chip နဲ့ Bargaining Power မကွဲတဲ့ လူတွေ လို့ပဲ ယူဆရပါလိမ့်မယ်။

ရန်သူက တစ်မြို့ပြီးတစ်မြို့သိမ်းတဲ့အပြင် စစ်ဌာနချုပ်ကြီးတွေပါ မွစာတက်အောင် ချေမှုန်းခံရတဲ့အပေါ် နစက ရဲ့ စီမံခန့်ခွဲမှုနဲ့ စစ်တပ်ရဲ့ တိုက်စွမ်းရည်အပေါ်အားမလို အားမရဖြစ်ပြီး ဒေါသထွက်ကြတဲ့အထဲ ကျွန်တော်တို့လည်း ပါ ပါတယ်။ အကြောင်းက ကျွန်တော်တို့ဟာ တပ်မတော်အပေါ် အသက်နဲ့ထပ်တူ ယုံကြည်အားကိုးခဲ့ကြတဲ့အတွက် အခုအဖြစ်အပျက်ဟာ ယုံကြည်ချက်တွေပြိုဆင်းသွားသလို ခံစားရလို့ဖြစ်တဲ့အပြင် ကျွန်တော်တို့ရဲ့ ဘဝတွေ အသက်အိုးအိမ်စည်းစိမ်တွေကို ဘာမဟုတ်တဲ့ ဘိန်းသူပုန်က ဂုတ်သွေးစုပ် အမြတ်ထုတ်တာကို လက်မခံနိုင်ကြလို့သာဖြစ်ပါတယ်။ အစိုးရက သူပုန်ကိုရှုံးနေလို့ ရှုံးမည်း မည်းနေကြတာမဟုတ်ပါဘူး။

သူပုန်က ဘာလို့ တစ်မြို့ပြီးတစ်မြို့ သိမ်းနေလဲ ဆိုတော့ Bargaining Chip ရသလောက်စုနေတာပါ။ ဘာလို့ Bargaining Chip ရအောင် ယူနေရသလဲဆိုတော့ သူတို့လိုအပ်တဲ့ Bargaining Power မရနိုင်လို့ပါ။ ပိုပြီး နားလည်လွယ်အောင်ပြောရရင် -

Bargaining Chip

Bargaining Chip ဆိုတာက ဆွေးနွေးပွဲတစ်ခုမှာ သဘောတူညီချက်တစ်ခုကို အထက်စီးက ဈေးခေါ် ဆွေးနွေးနိုင်အောင် ကိုင်ထားတဲ့ နိုင်ဖဲ ကို Bargaining Chip လို့ ခေါ်ပါတယ်။ သူပုန်တွေ တစ်မြို့ပြီးတစ်မြို့သိမ်းထားတာကလည်း အဲဒီ Bargaining Chip အတွက်သာဖြစ်တယ်။ တပ်မတော် စစ်စခန်းတွေကို တိုက်ခိုက်ဖယ်ရှားပြီး ၎င်းတို့ရဲ့ စစ်သည်တွေနဲ့ အစားထိုးဖို့ကြိုးစားတယ်။ အချက်အချာကျတဲ့ မြို့ကြီးအချို့ကို သိမ်းပိုက်ထားပြီး အစိုးရနဲ့ အပေးအယူလုပ်ဖို့ ကြိုးစားပါတယ်။ သူပုန်ဟာ ဒီလို အပေးအယူလုပ်နိုင်ဖို့ နယ်မြေသိမ်းတဲ့နေရာမှာ ငွေအား လူအား ဖောဖောသီသီသုံးခဲ့ရပါတယ်။ ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီဆုံးရှုံးရသမျှအတွက် အစိုးရနဲ့ ဆွေးနွေးတော့မယ်ဆိုပါစို့... အစိုးရက သူတို့ကိုင်ထားတဲ့ နိုင်ဖဲတွေကို အဖက်လုပ်ပါ့မလားဆိုတာကမှ တကယ့်မေးခွန်းဖြစ်ပါတယ်။

ထင်ရှားတဲ့ သာဓကတစ်ခုကို ပြရရင် (7. October. 2023) မှာ ဖြစ်ခဲ့တဲ့ ဟားမာ့စ်တို့ရဲ့ အစ္စရေးအပေါ် အကြမ်းဖက်တိုက်ခိုက်မှုကို ထောက်ပြရမှာဖြစ်တယ်။ သီတင်းကျွတ်လပြည့်နေ့မှာ စတင်ခဲ့တဲ့ 1027 လိုပဲ ဟားမာ့စ်တို့ရဲ့တိုက်ခိုက်မှုကလည်း ဂျူးလူမျိုးတို့ရဲ့ ( )ဘာသာရေးပွဲတော်နေ့မှာဖြစ်ခဲ့တာပါ။ မွေးကင်းစ ကလေးငယ်တွေအပါအဝင် အနည်းဆုံးလူ (၁၂၀၀) သေဆုံးခဲ့ပြီး လူပေါင်း (၂၅၀) ကျော် ဓားစားခံအဖြစ်ဖမ်းဆီးခံခဲ့ရပါတယ်။ အသတ်ခံရတဲ့ မိန်းကလေးတွေရဲ့ အလောင်းတွေကို မဖွယ်မရာပြုတဲ့ ဗီဒီယိုဖိုင်တွေပျံ့လာတယ်။ အဆိုပါ တိုက်ခိုက်မှုအတွက် ဟားမာ့စ်တွေ အပေးအယူလုပ်ဖို့ ဖမ်းခေါ်သွားတဲ့ ဓားစာခံတွေဟာ Bargaining Chip အတွက် အလုပ်ဖြစ်၊ မဖြစ်ကတော့ အားလုံးမြင်ကြတဲ့အတိုင်းပါပဲ။ အစ္စရေးတို့ရဲ့ စစ်ရေးအရ လက်တုန့်ပြန်မှုကို ဘယ်အရာ၊ မည်သူကမှ အပေးအယူလုပ်လို့ မရခဲ့တာမြင်သာပါတယ်။ သူတို့က Chip ရှိပေမဲ့ Power မရှိခဲ့ပါဘူး။

Bargaining Power

ပါဝါကတော့ ဆွေးနွေးပွဲမှာပါတဲ့ အုပ်စုတွေကိုင်ထားတဲ့ လွှမ်းမိုးမှု၊ ပါဝါကိုဆိုလိုတယ်။ မူရင်းကတော့ စီးပွားရေးနယ်ပယ်မှာ အသုံးများတဲ့ဝေါဟာရဖြစ်ပေမဲ့ နိုင်ငံရေးမှာလည်း ကျွန်တော်ယူသုံးချင်ပါတယ်။ သူပုန်ဟာ Chip တွေ အများကြီးစုမိနေပေမဲ့ အစိုးရကို အပေးအယူလုပ်နိုင်လောက်တဲ့ "Power" ရှိပြီလား၊ အစိုးရကို လွှမ်းမိုးပြီး အစိုးရရဲ့ဆုံးဖြတ်ချက်တွေကို မိမိတို့အကျိုးအတွက် သိမ်းသွင်းလို့ရမယ့်ထိ ပါဝါကိုင်ထားနိုင်ပြီလား ဆိုတာကမှ တကယ့်မေးခွန်းဖြစ်ပါတယ်။
ဥပမာ -
- မြို့တွေအများကြီးသိမ်းထားမိတာက ဟုတ်ပါတယ်။ အဲဒီမြို့တွေမှာ မိမိတို့အဖွဲရဲ့ အကျိုးစီးပွား တစ်ခုတည်းအတွက် အာမခံချက်ရှိပြီလား။ အဖွဲ့ပေါင်းစုံခြေရှုပ်နေကြတဲ့အဖွဲ့မှာ မဝရေစာ စားရသလိုဖြစ်နေလား။

- မြို့တွေဟာ တည်ငြိမ်အေးချမ်းပြီး လုံခြုံရေးအာမခံချက်ရှိပြီလား။ အစိုးရက အားတိုင်း ဗုံးပြုတ်ကျနေမှာလား။

- နယ်မြေသိမ်းတာများလေ၊ အဲဒီနယ်မြေဒေသ အကျယ်ကြီးကိုထိန်းထားနိုင်မယ့် တပ်အင်အား လိုအပ်လေပါ။ အဲဒီတပ်အင်အားအတွက် လူသူ၊ လက်နက်၊ ရိက္ခာ၊ စစ်စရိတ် သူပုန်မှာ အလုံအလောက် ရှိနေပြီလား။ ဒါမှမဟုတ် အစိုးရတပ်က (Surprised! ငါ့ကောင်တို့) ဆိုပြီး ဝင်တိုက်လိုက်ရင် ပါသွားမယ့် နယ်မြေတွေလား ဆိုတာလည်း စဉ်းစားဖို့လိုတယ်။

- နောက်တစ်ခုက သူပုန်တို့ မကြာခဏ လှမ်း တ တတ်ကြတဲ့ တရုတ်ရဲ့အနေအထားပါ။ တရုတ်ဟာ စေတနာမမှန်ဘဲ ဉာဏ်နည်းတဲ့ တိုင်းပြည်ပါ။ ရှက်စရာကောင်းလောက်အောင်ပဲ တရုတ် ကမကထပြုတဲ့ ဘယ်ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှ အဖြစ်မရှိပါဘူး။ မြန်မာအစိုးရဟာ တရုတ်ကို (သံတမန်ရေးအရ လေးစားမှုပြပေမဲ့) တကယ်တမ်းမှာ ဘာပါဝါမှ ပေးမထားရုံမက နာမည်ကောင်းယူခွင့်တောင်မပေးဘဲ တင်းထားပါတယ်။

Thae Thae🇲🇲🇲🇲🇲🇲

05 Jan, 15:24


မန်းလေးက ဂျင်းကောင်တွေ ရှင်းပေး
ဒီထက်တိကျတဲ့ ဖြစ်စဥ်တွေ ရှိတယ်
ဘညွန့်ဒီလောက်ပဲ ပြောမယ်

ဟို မအိမ်လုံး နီပိန်းတွေလည်း
ဒီpostကို ss ရိုက်ပြီး ပြန်ဖွ သလား

ကမကလတွေ ငါက မင်းတို့လို တစ်ဖက်တည်း နီနေတဲ့ ကောင်မဟုတ်ဘူး

ဖြစ်သင့်ဖြစ်ထိုက်တာကို တင်နေတဲ့ကောင်ဆိုတာ မင်းတို့ သိဖို့လိုတယ်

Thae Thae🇲🇲🇲🇲🇲🇲

05 Jan, 15:23


ရေထဲမှာနစ်နေတဲ့ ကလေးလူကြီးပါ မချန် အကုန်သတ်ဖြတ်ခဲ့တဲ့
ကျောက်တော်ဖြစ်စဥ်ကို ဘယ်တော့မှ မမေ့နဲ့။

အခွင့်သာနဲ့တစ်နေ့ အဲဒီအကြွေးကို ရခိုင်စစ်သွေးကြွ AA အဖွဲ့နဲ့ ကြံရာပါရွာတွေကို အကုန်သွေးကြွေးဆပ်မယ်။

ရှေးလူကြီးတွေပြောတဲ့ ဒီကောင်တွေကို အရင်သတ်ရမယ်ဆိုတာ သိပ်မှန်တယ်။

မှိုင်းဝေ

Thae Thae🇲🇲🇲🇲🇲🇲

05 Jan, 14:25


ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်လျက်ရှိသော
Together Urban Force အမည်ခံအကြမ်းဖက်အဖွဲ့မှ တရားခံများအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသည်။
နေပြည်တော်၊ ဇန်နဝါရီလ ၅ ရက်

Thae Thae🇲🇲🇲🇲🇲🇲

05 Jan, 14:23


တရုတ်နိုင်ငံမှာ HMPV လို့ခေါ်တဲ့ ဗိုင်းရပ်စ်တမျိုး ကူးစက်ပျံ့နှံ့နေပြီး အိမ်နိးချင်း အိန္ဒိယကတော့ ဒီအခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီလို့ ဆိုပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဆောင်းရာသီမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မှုက အမြင့်ဆုံးဖြစ်တတ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

အိန္ဒိယဆရာဝန်တဦးဖြစ်တဲ့ Goel ကတော့ "ဒါက သာမန်အအေးမိသလိုမျိုး အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်တွေပါပဲ၊ အသက်ကြီးငယ်မရွေး ဖြစ်တတ်ပြီး အသက်ကြီးရင့်သူတွေနဲ့ ကလေးငယ်တွေမှာ ပိုအဖြစ်များပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။

WHO ကလည်း ဒီအခြေအနေကို စောင့်ကြည့်နေပြီး အရေးပေါ်အခြေအနေကြေညာတာမျိုး မရှိသေးပါဘူး။ ဟောင်ကောင်မှာတော့ ဖြစ်ပွားသူ အနည်းငယ်သာရှိတယ်လို့ သိရကာ အစိုးရိမ်မကြီးဖို့အတွက် တိုက်တွန်းထားပါတယ်။

အမေရိကန်ရောဂါထိန်းချုပ်ရေးစင်တာကတော့ ဒီဗိုင်းရပ်စ်ဟာ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းနဲ့ အောက်ပိုင်းတွေကို သက်ရောက်စေနိုင်ပြီး ကိုယ်ခံအားနည်းသူတွေ၊ လူကြီးတွေနဲ့ ကလေးငယ်တွေအပေါ် သက်ရောက်မှုရှိတယ်လို့ ရှင်းပြထားပါတယ်။

NOM

Thae Thae🇲🇲🇲🇲🇲🇲

05 Jan, 13:41


သွားတာသည် ထရမ့်တက်လာမှာကို ကြိုတင်မျှော်တွေးထားတဲ့ တရုတ်ရဲ့ မလက္ကာအကျပ်အတည်းအတွက် ပြင်ဆင်ထားတာလား။

စစ်မှာ သတင်းက အရေးကြီးတာဖြစ်သလို

၁၀၂၇ သည် ရုတ်တရက်ထလုပ်တာ မဟုတ်တာတော့
သေချာသည်။ ထို့အတူ စစ်တိုက်တာသည် ကြိုတင်ပြင်ဆင်မှုမရှိပဲ ခုချက်ချင်း ဘယ်အရာမှထလုပ်လို့မရဘူးဆိုတာကို ယူကရိန်းရဲ့၁၅၅ အမြောက်ကျည်ဆံလိုအပ်ချက်ကို ကြည့်ရင်မြင်နိုင်တယ်။

သူက သန်း ၁၄၀၀ အတွက် စဥ်းစားနေတာဖြစ်တဲ့အတွက်
သူ့ပြည်တွင်းမှာ မီးပွားလေးတစ်စတောင် အကျမခံနိုင်ဘူးလေ။

လက်ရှိကချင်ပြည်နယ်ကို kia က တိုက်နေတဲ့အခါ
နောင်တချိန် အိန္ဒိယကို ရင်ဆိုင်ဖို့ မြန်မာနိုင်ငံကို တပ်ဦး
အဖြစ် တရုတ်က ရည်မျှော်ထားသလား။

အစိုးရနဲ့ တရုတ်ရဲ့ထိတွေ့ဆက်ဆံမှုကို မသိပေမယ့်
ဂွမ်မော်အင်တာဗျူးအရ kia က အနည်းဆုံး တလ ၂ ကြိမ် ၃ ကြိမ် ထိတွေ့ဆက်ဆံမှုရှိတယ်လို့ ပြောထားတယ်။

တိန်ရှောက်ဖိန်ဟာ နှစ်ဖက်ချွန်မူဝါဒနဲ့ သွားခဲ့တယ်။)

ဒါကြောင့် မိုင်လီစိတ်ထဲမှာ သေချာနေတာကတော့
ထရမ့်ဟာ ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားပြီးတဲ့နောက် စိတ်အခြေအနေ ပိုပျက်ပြားလာတယ်။ အရာရှိတွေကို
မလိုအပ်ဘဲ အော်တာငေါက်တာတွေ လုပ်လာတယ်။ ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်းမှာ သူ စိတ်နဲ့ကိုယ်နဲ့ကပ်တဲ့ပုံ မရတော့ဘူး။

မကြာခင်မှာ အမေရိကန်ရေတပ်က လေ့ကျင့်ရေးလုပ်တဲ့
အနေနဲ့ ထိုင်ဝမ်နဲ့ တောင်တရုတ်ပင်လယ်မှာလုပ်ဖို့ရှိတယ်။ အဲဒိမှာ ဗုံးကြဲလေယာဥ်တွေလဲပါမယ်။ ဒါတွေကို
တွေးမိတဲ့ မိုင်လီက တရုတ်ကိုစစ်မြူသလိုဖြစ်မှာကို
တွေးပြီးစိတ်ပူတယ်။

တရုတ်က ဗိုလ်ချုပ်လီနဲ့ စကားပြောပီးတဲ့နောက်မှာ
မိုင်လီက တရုတ်ကိုလုံခြုံရေးလိုင်းပေါ်ကနေစောင့်ကြည့်နေရတဲ့ အင်ဒိုပစိဖိတ်မှာ အုပ်ချုပ်နေသည့် ရေတပ်
ဗိုလ်ချုပ်ကြီး ဖိလစ်ဒဗစ်ဆင်ဆီကို ဖုန်းဆက်ပြီး စစ်ရေးလေ့ကျင့်တာတွေ စဥ်းစားဖို့လိုပြီပြောလိုက်တယ်။

ဗစ်ဆင်က ချက်ချင်းပဲ စစ်ရေးလေ့ကျင့်မှုတွေကို
ရပ်ခိုင်းလိုက်တယ်။

ဘာ့ကြောင့် မိုင်လီက စိတ်ပူသလဲဆိုတော့
သမ္မတက အမိန့်ပေးရင် သူ့ဆီကိုပေးမှာဖြစ်သလို
ကြားကလူဖြစ်နေတယ်။

၁၉၈၀ တုန်းက ဆိုဗီယက်ယူနီယံက အမေရိကန်နဲ့ ဗြိတိန်ပေါင်းပြီး နျူကလီးယားနဲ့ တိုက်ခိုက်လိမ့်မယ်လို့ ထင်ကာ NATO တပ်ဖွဲ့ကလည်း ABLE ARCHER လို့အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုလုပ်နေတဲ့အခါ
ဆိုဗီယက်တွေရဲ့ သံသယကကြီးထွားလာကာ ဒီစစ်ရေး
လေ့ကျင့်မှုက နျူကလီးယားစစ်ပွဲဖြစ်လာနိုင်တယ်လို့
CIA ညွှန်ကြားရေးမှူးနဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း
ရောဘတ်ဂိတ်က ပြောခဲ့တယ်။

မိုင်လီကလဲ အဲဒါကို စိတ်ပူတာပဲ။

အမေရိကန်က အန္တရာယ်များတဲ့ပုံစံနဲ့ တရုတ်ကိုဆက်ဆံနေသလို၊ တရုတ်ကလဲ ဆတ်ဆတ်ထိမခံလို့ပဲ...

ဒါပေမဲ့ အမေရိကန်ထောက်လှမ်းရေးများ အဆိုကတော့ ဇန်နဝါရီလ ၆ ရက်နေ့က ကက်ပီတော်လ်မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းက တရုတ်တစ်နိုင်ငံတည်းကိုသာ ဂယက်ရိုက်စေတာ မဟုတ်ဘ ရုရှား၊ အီရန် အပါအဝင် အခြားနိုင်ငံအတော်များများက စစ်ရေး အဆင်သင့် ပြင်ထားကြဖို့ တပ်လှန့်ခဲ့ကြတယ်လို့ ဆိုပါတယ်။

မိုင်လီက မအိပ်တဲ့အချိန်မှန်သမျှ အစဉ်သတိထားနေပြီး အာကာသကို လေ့လာနေသလို ဆိုင်ဘာအော်ပရေးရှင်းတွေ၊ ထောက်လှမ်းရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကိုလည်း သတိထားနေပါတယ်။

(မိုင်လီက သူ့လက်အောက်ခံဖြစ်တဲ့ ကြည်းတပ်၊ ရေတပ်၊ လေတပ်တွေ က တွဲဖက်အကြီးအကဲတွေကို အရာရာတိုင်းကို အချိန်ပြည့်” စောင့်ကြည့်ကြပါလို့ လည်း ပြောထားပါတယ်။ )

သူက National Security Agency (NSA) ဒါရိုက်တာဖြစ်တဲ့ ပေါလ် နာကာစုန်းကို ဆက်သွယ်ပြီး သူ တရုတ်ဗိုလ်ချုပ်လီနဲ့ ဆက်သွယ်ခဲ့ကြောင်း ပြောပါတယ်။
NSA က တစ်ကမ္ဘာလုံးက အဆက်အသွယ်တွေကို အကြောင်းကြားထားပြီးပါပြီ။

မိုင်လီက.

(“အဆင်သင့်ပြင်ထား၊ အမြဲတမ်း စောင့်ကြည့်နေပါ”” လို့ ပြောထားပါ တယ်။ အဓိကထားကြည့်ရမှာက တရုတ်ဖြစ်တယ်။ ဒါပေမဲ့ ကြားထဲက ရုရှားက အခြေအနေကိုကြည့်ပြီး ဝင်ခေါင်းပုံဖြတ်တာမျိုးလည်း မဖြစ်စေနဲ့လို့ မှာထား ပြီးသားပါ။ )

“ကျွန်တော်တို့ မပြတ် စောင့်ကြည့်နေကြပါတယ်”” လို့
နာကာစုန်းက အတည်ပြု ပြောကြားခဲ့ပါတယ်။

မိုင်လီက CIA ညွှန်ကြားရေးမှူး ဂျီနာဟပ်စပဲလ်ကိုလည်း ဖုန်းဆက်ပြီး လီနဲ့ သူ စကားပြောခဲ့တာကို စာနဲ့ဖတ်ပြခဲ့ပါတယ်။

“အထူးသတိနဲ့ အရာရာကို ကြည့်ထားပါ ... ဘယ်ဘက်ကိုမှ မလွတ် ပါစေနဲ့”” လို့လည်း မိုင်လီက ဟပ်စပဲလ်ကို မှာထားပါတယ်။ ဒီလိုအခြေအနေ မျိုးနဲ့ ၂ဝ ရက်နေ့ မွန်းလွဲပိုင်းအထိ နေပေးပါလို့လည်း ထပ်လောင်းပြောကြားထား ပါတယ်။ ၂ဝ ရက်နေ့ မွန်းလွဲပိုင်းဆိုတာက သမ္မတ ဂျိုးဘိုင်ဒင် ကျမ်းသစ္စာ ကျိန်ပြီးမယ့် အချိန်ကို ရည်ရွယ်တာပါ။ )

ဒီနေရာမှာ မြင်နိုင်တာက အခြားနိုင်ငံတွေသည်
ထူးခြားတဲ့နိုင်ငံရေးဖြစ်စဥ်ဖြစ်တာနဲ့ တပ်မတော်တစ်ရပ်လုံးကို အသင့်အနေအထားနဲ့ ရှိနေပြီး သူ့ရန်ဘက်နိုင်ငံတွေကို အချိန်ပြည့်စောင့်ကြည့်နေတာပဲ။

နိုင်ငံရေးသမားတွေ မလုပ်တတ် မကိုင်တတ်ဖြစ်တဲ့အခါ
တပ်မတော်ဦးစီးချုပ်တွေသည် မလွှဲမရှောင်သာပဲ နိုင်ငံရေးတွင် ပါဝင်ပတ်သက်ရသည်လို့ ဗိုလ်ချုပ်ကြီး
ပါဗက်မူရှာရပ်က သူ့အတ္ထုပတ္တိမှာ ဆိုထားတယ်။

အမေရိကန်က ရွေးကောက်ပွဲမကျေနပ်ချက်နဲ့
ကက်ပီတယ်အဆောက်အဦကို လူတွေရောက်လာတယ်။

Thae Thae🇲🇲🇲🇲🇲🇲

05 Jan, 13:41


နောက်ကွယ်မှာ စိတ်ပူပန်နေရတာက တရုတ်နဲ့အမေရိကန်က Joint Chiefs Of Staff တွေ

ထို့အတူပဲ မြန်မာနိုင်ငံမှာလဲ ရွေးကောက်ပွဲမဲမသမာတာကို မဖြေရှင်းရာကစပြီး ကာကွယ်ရေးဦးစီးချုပ်တွေသည်
နိုင်ငံရေးမှာ ပါဝင်ပတ်သက်ရတယ်။

ဇာစ်မြစ်က နိုင်ငံတော်ရဲ့အာဏာကို မသမာတဲ့နည်းလမ်းနဲ့ လိုချင်တဲ့ နိုင်ငံရေးသမားတွေဆီက ဆင်းသက်လာတာကို မြင်ရတယ်။

ထို့အတူ တရုတ်သည်လဲ ထရမ့်ကို စိုးရိမ်နေတာသည် တရုတ်နိုင်ငံအပေါ် ထရမ့်ရဲ့ဆက်ဆံမှုနဲ့အတူ သူ့ရဲ့စိတ်နေစိတ်ထားရယ် ဖွဲ့စည်းပုံအရသမ္မတရဲ့လုပ်ပိုင်ခွင့်ရယ်ကြောင့်ဆိုတာ မိုင်လီရဲ့ပြောဆိုမှုတွေအရ မြင်နိုင်သည်။

#Ko Lay Nge

Thae Thae🇲🇲🇲🇲🇲🇲

05 Jan, 13:41


ဘာ့​ကြောင့် တရုတ်က ထရမ့်ကိုစိုးရိမ်တာလဲ...

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ပြီး နောက်နှစ်ရက်မှာ သမ္မတ ထရမ့်ကို ထောက်ခံသူများက အမေရိကန်နိုင်ငံရဲ့ ကက်ပီတော်လ် အဆောက်အဦကို ဝင်စီးကြပါတယ်။

ကျနော်တို့နိုင်ငံအနေနဲ့လဲ ဒီအဖြစ်အပျက်ကို
သတင်းတစ်ခုအနေနဲ့ ရှုမြင်ခဲ့ကြတယ်။ သို့သော်
ဒီအဖြစ်အပျက်အပေါ် ကျနော်တို့အိမ်နီချင်းနိုင်ငံက
သာမန်သတင်းတစ်ခုလို့ မယူဆခဲ့ဘူး။

မာ့ခ်မိုင်လီက အမေရိကန်တပ်မတော် ရဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်သလို Joint Chiefs of Staff အဖွဲ့ရဲ့ ဥက္ကဋ္ဌ လည်း ဖြစ်ပါတယ်။ သူက လျှို့ဝှက်ဆက်သွယ်လို့ရတဲ့ လိုင်းနဲ့ သူ့အဆက်အသွယ် ဖြစ်တဲ့ တရုတ်ပြည်က ဗိုလ်ချုပ် လီဇောင်ချမ်းဆီကို မနက် ၇းဝ၃ နာရီမှာ ဆက်သွယ်လိုက်ပါတယ်။

လီကလည်း တရုတ်ပြည် လွတ်လပ်ရေးတပ်မတော် Joint Staff ရဲ့ အကြီးအကဲဖြစ်ပါတယ်။

( နိုင်ငံတွေမှာ တပ်မတော်ချင်းထိတွေ့ဆက်ဆံမှုဟာ
အင်မတန်အရေးကြီးတယ် ဆိုတာလေး သတိပြုမိတယ်။)

မိုင်လီက လွှတ်ထားတဲ့ တခြားထောက်လှမ်းရေးများ သတင်းပို့ချက်အရ လီနဲ့ တရုတ်ခေါင်းဆောင်တွေ တော်တော်တုန်လှုပ်ချောက်ချားနေကြတယ်ဆိုတာကို
မိုင်လီက သိထားပြီးပါပြီ။

ရုပ်မြင်သံကြားအစီအစဉ်တွေက ထုတ်လွှင့်နေတဲ့ မြင်ကွင်းတွေလည်း သူတို့မြင်နေကြရတာကိုး။ အမေရိကန်နိုင်ငံရဲ့ တရားရေးမှာ အဆင့်အမြင့်ဆုံးဖြစ်တဲ့ ကက်ပီတော်လ်ကို ဝင်စီးတာ သမိုင်းမှာ တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဖူးပါဘူး။

လီက မိုင်လီကို မေးခွန်းတွေ တရစပ် မေးတော့တာပါပဲ။.

အမေရိကန် တို့ရဲ့ စူပါပါဝါဆိုတာ အခု မငြိမ်မသက် ဖြစ်နေပြီလား။ ပြိုလဲသွားနိုင်သလား။ ဘာတွေဆက်ဖြစ်နေသလဲ။ အမေရိကန်တပ်တွေက တစ်ခုခုလုပ်ဖို့အကြံအစည် ရှိနေသလား။

““အခြေအနေကတော့ မငြိမ်မသက်ဖြစ်နေတာ အမှန်ပဲ””

မိုင်လီက လီကို စိတ်အေးစေဖို့ ဖျောင်းဖျနေခြင်းပါ။ သူတို့ချင်း မိတ်ဆွေဖြစ်ခဲ့ကြတာ ငါးနှစ် ရှိပါပြီ။

“ဒါပေမဲ့ ဒါက ဒီမိုကရေစီမှာ ဖြစ်ရိုးဖြစ်စဉ်သဘာဝပါ ဗိုလ်ချုပ်လီ။ အခြေအနေ ငြိမ်သက်သွားမယ်ဆိုတာ ကျွန်တော် ရာနှုန်းပြည့် အာမခံပါတယ်။ အားလုံး အေးအေးဆေးဆေးပါ။ ဒါပေမဲ့ ဒီမိုကရေစီဆိုတာ တစ်ခါတလေတော့ ဒီလို ချွတ်ချော်မှုကလေးတွေ
ရှိတတ်ပါတယ်““

မိုင်လီ ဖုန်းပြန်ချပြီးချိန်မှာ အခြေအနေက စိုးရိမ်စရာအခြေအနေကို ရောက်နေပြီဆိုတာ သိလိုက်ပါတယ်။

#လီကတော့ တမူထူးခြားစွာကို ဂနာမငြိမ် ဖြစ်နေပါတယ်။ နိုင်ငံကြီးနှစ်ခုလုံး ဓားသွားပေါ်ရောက်နေတဲ့ အခြေအနေလို့ သူ တွက်နေမိလို့ပါပဲ။

တရုတ်တွေက အမေရိကန်ရဲ့ ရည်ရွယ်ချက်ကို သိတာမို့ တပ်လှန့်ထားပြီးသားပါ။

( နိုင်ငံကြီးတွေက သူတို့ပြိုင်ဘက်နိုင်ငံတွေရဲ့အခြေအနေကို အမြဲမပြတ်စောင့်ကြည့်နေတယ်ဆိုတာလေး သတိပြုမိတယ်။)

#အောက်တိုဘာလ ၃ဝ ရက်နေ့၊ ရွေးကောက်ပွဲ
မတိုင်ခင်လေးရက် ကတည်းက ထိပ်တန်းလျှို့ဝှက်ထောက်လှမ်းရေးတွေ့ရှိချက်အရ တရုတ်တွေယုံကြည်ထားတာက အမေရိကန်တွေက သူတို့ကို တိုက်ခိုက်ဖို့အတွက် ပြင်ဆင်နေကြတယ်လို့ ယုံကြည်ထားကြတယ်လို့ ဆိုတယ်။

#တရုတ်တွေက ထရမ့်က စိတ်ရူးပေါက်ပေါက်နဲ့ ပြဿနာတစ်ခုခုကိုတော့ ဖန်တီးလိမ့်မယ်။ အဲဒီမှာ သူက ကယ်တင်ရှင်ကြီးဝင်လုပ်ပြီး သူ မပြိုရအောင်လုပ်လိမ့်မယ်လို့ တွေးထားကြတယ်။

မိုင်လီကတော့ တရုတ်တွေ တွေးနေသလို အမေရိကန်တွေက သူတို့ကို ဝင်တိုက်လိမ့်မယ်ဆိုတဲ့ ကိစ္စက ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတာ သိပါတယ်။ ဒါကြောင့်လည်း သူက ဗိုလ်ချုပ်လီကို လျှို့ဝှက်ဆက်သွယ်ရေးလိုင်းကနေ စိတ်အေးအေးထားဖို့ ဖျောင်းဖျနေတာပါ။ သူတို့ ခင်မင်ခဲ့ကြတဲ့သက်တမ်းကို သက်​သေထားပြီး မဟုတ်ပါကြောင်း ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ မိုင်လီသိလိုက်တာက ဗိုလ်ချုပ်လီအနေနဲ့ ဒီအကြောင်းကို တရုတ်သမ္မတ ရှီကျင်းပင်ကို မလွဲမသွေ သတင်းပို့မှာပဲဆိုတာကိုလည်း တွေးမိပါတယ်။

#ဒါပေမဲ့ နောက်နှစ်လအကြာ ဇန်နဝါရီလ ၈ ရက်နေ့မှာတော့ ပြဿနာ က ပေါ်လာခဲ့ပြီ။ တရုတ်တွေက ကြောက်တယ်ဆိုတာ သူတို့ဘက်က သိထားတာရှိလို့လည်း ကြောက်တာပေါ့လို့ မိုင်လီ တွေးလိုက်မိပါတယ်။

“ကိုယ်တို့ကတော့ တရုတ်တွေကို နားမလည်နိုင်အောင်ပါပဲ””။ မိုင်လီက အကြီးတန်းအရာရှိတစ်ဦးကို ပြောတာပါ။ “အေးလေ… တရုတ်တွေ ကလည်း ကိုယ်တို့ကို နားလည်မှာမှမဟုတ်တာ””။ ဒီစကားထဲမှာ အန္တရာယ်တွေ ပါနေတယ်။ ထင်တာထက် ပိုများတဲ့ အန္တရာယ်တွေပါ။

မိုင်လီက ထရမ့်ရဲ့ ခန့်မှန်းလို့မရနိုင်တဲ့ စိတ်နေစိတ်ထားကို အနီးကပ် တွေ့မြင်ဖူးသူပါ။ ဘာမဟုတ်တဲ့ အကြောင်းအရာတစ်ခုကိုတောင် သေရေးရှင်ရေး လောက်လုပ်တတ်တဲ့သူ။

တရုတ်တွေကြောက်တာသည်လဲ ထရမ့်ရဲ့ခန့်မှန်းလို့မရတဲ့စိတ်နဲ့အတူ၊ ဖွဲ့စည်းပုံအရ သမ္မတက တပ်အားလုံးရဲ့
အကြီးအကဲဖြစ်နေပြီး၊ အဲဒိတပ်သည်လဲ ကမ္ဘာ့အင်အားအကြီးဆုံးတပ်မတော်ဖြစ်နေကာ သူကြိုက်သလိုအမိန့်ပေးပိုင်ခွင့် ရှိနေတယ်။

ဒါကို ကာကွယ်ရေးဝန်ကြီးဟောင်း ဝီလျံဂျေပယ်ရီက
ပြောခဲ့ဖူးတယ်။

သမ္မတဖြစ်သွားပြီဆိုရင် နျူကလီးယားစစ်ပွဲစနိုင်တဲ့
အခွင့်အာဏာ သူ့လက်ထဲရောက်သွားပြီ။ မိနစ်ပိုင်းအတွင်းမှာ ထရမ့်က အနုမြူဗုံး ရာပေါင်းများစွာ ကြဲချနိုင်တယ်။ ဒါမှမဟုတ် တစ်လုံးတည်းချရင်လည်းချနိုင်တယ်။ သူ့အနေနဲ့ ဘယ်အကြံပြုချက်မှ မလိုအပ်ဘူးလို့
ရေးခဲ့တယ်။

(၁၀၂၇ နဲ့အတူ မြန်မာ့နိုင်ငံရေး ရုတ်တရက်ပြောင်းလဲ

Thae Thae🇲🇲🇲🇲🇲🇲

05 Jan, 12:08


ရန်ကုန် ၊ ရွှေပြည်သာမှာ ရခိုင်သူပုန် AA အဖွဲ့ရဲ့
ထောက်ပို့ဂိုဏ်းအကြီးစားကြီးတစ်ခုကို ဖမ်းဆီးရမိတယ် ဆိုတဲ့သတင်းကြားရတယ်

ပြည်တွင်းမှာနေတဲ့ ရခိုင်လူမျိုးစီးပွားရေးလုပ်ငန်းရှင်တိုင်းဟာ ရခိုင်သူပုန်ရဲ့ ထောက်ပို့တွေပဲ

သူတို့က အခြားတိုင်းရင်းသားနဲ့မတူဘူး AA ကမတောင်းလဲပေးတယ် နိုင်ငံခြားရောက်နေတဲ့ ရခိုင်တွေလည်း နှစ်စဥ်အခွန်ဆိုပြီး ပေးနေကြတယ်

ကျနော်သိတာ အမေရိကန် နဲ့ စင်္ကာပူမှာ ရခိုင်အသင်းတွေရှိတယ် အသင်းဥက္ကဌကဦးဆောင်ပြီးကောက်တာ ပြီးရင် ခိုင်သုခရဲ့ဘဏ်အကောင့်ထဲကို လွှဲပေးရတယ်
ယခင်တုန်းကတော့ ရခိုင်တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေး ဆိုတဲ့ခေါင်းစဥ်နဲ့ ထည့်ဝင်ကြတာ ဒါပေမယ့် ရန်ပုံငွေလက်ခံသူက ရခိုင်သူပုန် AA ကပြန်ကြားရေးတာဝန်ခံဖြစ်နေတယ်

မြန်မာနိုင်ငံမှာလည်းအတူတူပဲ ရန်ကုန် မန္တလေး မြို့ကြီးနှစ်မြို့မှာရှိတဲ့ ရခိုင်အသင်းဥက္ကဌကိုသာ ခေါ်စစ်လိုက် သူပုန်ထောက်ပို့တွေအကုန်ပေါ်တယ်

Ko Myat 🇲🇲

Thae Thae🇲🇲🇲🇲🇲🇲

04 Jan, 14:40


ဖိလစ်ပိုင်သမ္မတမားကို့စ်ဂျူနီယာဟာ ဒုသမ္မတ ဆာရာဒူတာတေးကို အမျိုးသားလုံခြုံရေးကောင်စီမှာ ရယူထားတဲ့ တာဝန်ကနေ ဖယ်ရှားမယ့် အမိန့်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။ သူတို့နှစ်ဦးကြားမှာ တင်းမာမှုတွေ ဖြစ်ပွားနေတာဖြစ်ပြီး တဦးနဲ့တဦး လုပ်ကြံဖို့အထိတောင် စီစဉ်ထားတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာပါ။ အခုအခါမှာတော့ လုံး၀ကို အကွဲအပြဲတွေ ဖြစ်ခဲ့တာဖြစ်ပြီး အရေးပါတဲ့ ရာထူးတခုကနေ ဆာရာဒူတာတေးဖယ်ရှားခံလိုက်ရတာလည်း ဖြစ်ပါတယ်။

NOM

Thae Thae🇲🇲🇲🇲🇲🇲

04 Jan, 14:38


(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုသောအားဖြင့် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူများအား လွှတ်ငြိမ်းချမ်းသာခွင့်ပြုသည်။
နေပြည်တော်၊ ဇန်နဝါရီလ ၄ ရက်

Thae Thae🇲🇲🇲🇲🇲🇲

04 Jan, 14:30


ကမ္ဘာ့အကြီးဆုံး လီသီယံ သတ္တုသိုက်ကြီးများ
တွင် တစ်ခုအပါအဝင်ဖြစ်သည့် ယူကရိန်းနိုင်ငံ
ဒိုးနက်စ်ပြည်နယ်အတွင်း တည်ရှိနေသည့်
Shevchenkivske lithium deposit
ရှက်ဗ်ချင်ကို လီသီယံ သတ္တုသိုက်ကြီးသည်
ရုရှားစစ်ဖက်၏ ထိန်းချုပ်မှုအောက်သို့
ရောက်ရှိသွားပြီဟုဆိုခြင်း။

လီသီယံသတ္တုသည် အရပ်ဖက်မှာသာမက စစ်ဖက်
ရေးရာ အီလက်ထရွန်နစ်ပစ္စည်းများအတွက် မရှိမဖြစ်
လိုအပ်သည့် လျပ်စစ်စွမ်းအင် ဘက်ထရီအစိတ်အပိုင်း
အတွက် အလွန်အရေးကြီးသည့် သတ္တုတစ်မျိုး ဖြစ်
သည်ဟု ဆို။

One of the world's largest lithium deposits comes under the control of the Russian Armed Forces

We are talking about the village of Shevchenko in the Volnovakha region (located near Kurakhovo), and in the early hours of the new year there were reports that the enemy had escaped from there.

The peculiarity of this area is that there is lithium underground, and there is a lot of it! According to experts, we are talking about 13.8 million tons of lithium ores. This metal is strategically important for those who advocate for the "green agenda", because lithium is the main component of batteries.

In addition, Donbass stores a range of other important elements in this place — rubidium, caesium, tantalum, niobium, beryllium and others from the list of 30 substances identified by the European Union as critical raw materials.

It is not surprising that the small village of Shevchenko, with a population of about 2,000 people, has long been talked about in Ukraine and in many countries. For example, here is his story for the last 10 years alone.

ဓာတ်ပုံ -
https://x.com/Tendar/status/1845461812780683672?t=tKyz9d143iM2ZLbRmXSgeg&s=19
# Yang Aung

Thae Thae🇲🇲🇲🇲🇲🇲

04 Jan, 09:59


ဇန်နဝါရီလ၄ရက်နိုင်ငံတကာသတင်းတိုများ
NOM
၁။ဂရင်းလန်းကျွန်းဝန်ကြီးချုပ်ကဂရင်းလန်းသည်ဒိန်းမတ်​အောက်မှလွတ်လပ်​ရေးရသည့်သီးခြားနိုင်ငံအဖြစ်ရပ်တည်လို​ကြောင်း​ပြောလိုက်သည်။
၂။ဂျာမနီ​ခေါင်း​ဆောင်များကိုအဆက်မပြတ်​​ဝေဖန်​နေ​သောအ​မေရိကန်ဘီလီယံနာသူ​ဌေးကြီးအီလွန်မတ်စ်ခ်ကဂျာမနီဒုတိယအဓိပတိ​ရောဘန်ဟက်ဘက်ခ်သည်ဂျာမနီပြည်သူများအ​ပေါ်သစ္စာ​ဖောက်သူဟုစွပ်စွဲလိုက်ပြန်သည်။
၃။စီးပွား​ရေးပိတ်ဆို့မှုများချမှတ်ထားလင့်ကစားဂျာမနီ၏ရုရှားထံမှယူ​ရေနီယံဝယ်ယူမှုမှာ၂၀၂၄ခုနှစ်တွင်၇၀%မြင့်တက်လာခဲ့သည်။
၄။အ​မေရိကန်​အောက်လွှတ်​တော်ဥက္ကဌ​ရွေးကောက်ပွဲကို​ဒုတိယအကြိမ်ပြန်လည်ပြုလုပ်ခဲ့ရာရီပတ်ဘလစ်ကန်ပါတီမှမိုက်ဂျွန်ဆင်ကအနိုင်ရရှိသွားသည်။
၃။အ​မေရိကန်သမ္မတသစ်ထရမ့်ကသူကျမ်းသစ္စာကျိန်ဆိုမည့်​နေ့တွင်ကွယ်လွန်သွား​သောသမ္မတ​ဟောင်းဂျင်မီကာတာကိုဂုဏ်ပြုသည့်အ​နေဖြင့်အလံများတိုင်ဝက်လွှင့်ထူရန်လက်ရှိသမ္မတဂျိုးဘိုင်ဒင်၏ဆုံးဖြတ်ချက်ကိုမ​ကျေနပ်ဟု​ပြောလိုက်သည်။
၄။ဗင်နီဇွဲလားအစိုးရကထွက်​ပြေးတိမ်း​ရှောင်​နေ​သောအတိုက်အခံ​ခေါင်း​ဆောင်အက်ဒ်မန်ဒိုဂွန်ဇာလက်ကိုဖမ်းဆီးနိုင်ရန်သတင်း​ပေးပါကဆု​ငွေအ​​မေရိကန်​ဒေါ်လာတစ်သိန်း​ပေးမည်ဟု​ကြေညာလိုက်သည်။
၅။ဂါဇာ​တောင်ပိုင်းကိုအစ္စ​ရေးက​လေ​ကြောင်းမှတိုက်ခိုက်စဥ်​သေဆုံးသူ၁၁ဦးထဲတွင်ဂါဇာရဲတပ်ဖွဲ့အကြီးအကဲနှင့်ဒုတိယအကြီးအကဲတို့​သေဆုံးသွား​ကြောင်းပါလက်စတိုင်းအစိုးရက​ကြေညာသည်။

Thae Thae🇲🇲🇲🇲🇲🇲

04 Jan, 09:50


လက် ၃ ချောင်းပဲ ထောင်ထောင်၊ နိုင်ငံရေးပဲ လုပ်လုပ်၊ အချိန်တန် လွတ်တယ်ဆိုတဲ့ Mindset ပဲ ရတယ်။အသက်လည်း မသေဘူး။ ခြေပြတ်လက်ပြတ်လည်း မဖြစ်ဘူး။ မိသားစုလည်း မပြိုကွဲဘူး။


ပြီးတော့ ရထားရဲတွေ ကို ရက်ရက်စက်စက် သတ်ခဲ့ကြတဲ့သူတွေလည်း သေစားသေစေ ဆိုတာမျိုး ဥပဒေက ခွင့်မပြုပြန်ဘူး။ ဒါပေမဲ့ သူတို့ သတ်လို့ သေသွားကြတဲ့ ရဲမိသားစုတွေတော့ အဖေပျောက်တဲ့ ဘဝနဲ့ လက်ကျန်ဘဝကို ဖြတ်သန်းကြရတော့မယ်။

လွတ်တဲ့သူတွေအတွက် ဝမ်းသာပါတယ်။ လားရှိုး စစ်ဆေးရုံမှာ လွတ်အောင်မပြေးနိုင်ခဲ့ကြတဲ့ တပ်မိသားစုတွေ၊ ကမ်းထိုးယာဉ်ပေါ်က မလွတ်ခဲ့ကြတဲ့ မိသားစုတွေ အတွက်တော့ ကံပဲပေါ့။


(နရီမိုး)

Thae Thae🇲🇲🇲🇲🇲🇲

04 Jan, 08:39


မိုးကုတ်မြို့ခံတွေပြောပြချက်အရ ရိုက်နှက်ခံရပီးအသက်ဆုံးပါးခဲ့ရတဲ့ မူးယစ်ဆေးစွဲသူ အယောက်(၂၀၀)ကျော်နဲ့ "~

ကာရာအိုကေဆိုင်ကနေခေါ်ယူသွားပီးနှိပ်စက်ကွပ်မျက်ခံရတဲ့မိန်းခလေးငယ်တွေဟာ ဗမာလူမျိုးများသာဖြစ်ကြောင်းသိရပါတယ်။

အထက်ဖေါ်ပြပါတွေကတော့ မိုးကုတ်မြို့နဲ့အနီးဝန်းကျင်မြို့များရဲ့ လက်ရှိဖြစ်ပေါ်နေသောသတင်းများဖြစ်ကြောင်းတင်ပြရင်း"~~

ခေတ္တနားပါရစေခင်ဗျာ"~

🤔🤔🤔🤔🤔🤔🤔🤔🤔🤔🤔🤔🤔🤔🤔
#ဦးတွန်မင်းခေါင်နော်ရထာ

Thae Thae🇲🇲🇲🇲🇲🇲

04 Dec, 15:57


သူပုန်နဲ့ ကတော့ ပြတ်သားတယ် စစ်တပ်နယ်မြေနဲ့ စစ်တပ်ဆိုရင် တိုက်

နီပိန်းနဲ့ နီပိန်းရာကနေ တောခို/UGလုပ်တဲ့ကောင်တွေ ကောင်မတွေက ရှင်းတယ် စစ်တပ်ထောက်ခံတယ် အစိမ်းရောင်သန်းရင် သတ်

ကျုပ်တို့က ဥပဒေဘောင်အတွင်းကမို့ လုပ်မရဘူး မပြောနဲ့ ဘောင်အတွင်း နေတဲ့သူက ပိုပြီးတော့တော့တောင် လုပ်လို့ရသေးတယ်

တစ်ခုပေါ့ ဘောင်အပြင်က ပေးစာကမ်းစာ စားမထားရင်

Thae Thae🇲🇲🇲🇲🇲🇲

04 Dec, 15:18


မြန်မာ့နိုင်ငံရေး ဘယ်လိုရှိလဲ မေးမနေနဲ့ တာဝန်ရှိသူတွေရဲ့ မြင်ကွင်းက ကိုယ့် ဂြိုလ်ပဲ လှတယ် မြင်ပြီး မပြောင်းလဲမှတော့ ဒီမြင်ကွင်း ဒီပုံပဲ ထွက်နေမှာ ပဲ ။

ကိုရွှေမျိုးဝင်း

( မကြီးမငယ် နဲ့ ကာတွန်း တောင်းဆိုနေသူအတွက် 😁😁😁)

Thae Thae🇲🇲🇲🇲🇲🇲

04 Dec, 14:52


အသိအုပ်ကြီးတွေတော့ အကုန်လုံးညီးနေကြပြီ
တချို့ဆို ထွက်စာပါတင်ထားကြတယ်
" ပြည်သူ့စစ်မှုထမ်း ၁ လ ၂ယောက်ရှာမရလို့ " တဲ့
ပြည်သူ့စစ်မှုထမ်းကိစ္စက တကယ်တမ်းလုပ်မယ်ဆို လွယ်လွယ်လေးရယ်
ပထမဆုံး ထိပ်တန်းအနုပညာရှင်တွေရယ် ထိပ်တန်းလူကြီးသားတွေရယ် ထိပ်တန်းသူဌေးသားတွေရယ် ကိုအလှည့်ကျစစ်မှုထမ်းခိုင်းလိုက် လူငယ်တွေအားကျပြီး ဝင်လာလိမ့်မယ်
" ငါက တပ်ချုပ်ကြီးသားနဲ့တစ်ပတ်စဉ်တည်းကွ "
" ငါက ဦးတေဇရဲ့သားနဲ့ တစ်ပတ်စဉ်တည်း "
" ငါကကျတော့ ဂျီဖတ်နဲ့တပတ်စဉ်တည်း " ဆိုတာမျိုးတွေ ဖြစ်လာလိမ့်မယ်
အခုတော့ မေမြို့ကသူဌေးတစ်ယောက်က သူ့သားမဲပေါက်လို့ သိန်း ၈၀ နဲ့အခြားလူတစ်ယောက်အစားထိုးလိုက်ရတယ် တဲ့
ဆိုတော့ လူကြီးရေးဆွဲတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေက အနှစ်သာရတွေ ပျောက်သွားသလိုပဲ
ပိုက်ဆံရှိရင် လူစားဝယ်ထည့်လို့ရတယ် အစားဝင်မယ်ဆို သိန်း ၈၀ ရမယ် အဲဒီ ၂ချက်နဲ့တင်
အခြေခံလူတန်းစားတွေချည်းပဲ ပြည်သူ့စစ်မှုထမ်း ဝင်နေရသလိုဖြစ်နေတယ်
လူငယ်တွေ အားကျလောက်တဲ့ အနေအထားတစ်ခုကို ရောက်မှ ဒီစနစ်ကြီးက အောင်မြင်လာမှာ
တချို့ကိစ္စတွေ လူကြီးတွေမသိဘူး အောက်မှာပဲ အဆင်ပြေသလိုလုပ်နေကြတာ
လုပ်မရတဲ့ ရပ်ကွက်နယ်မြေတွေက အုပ်ကြီးတွေ ထွက်စာတင်ကုန်ကြပြီ
အခြေခံအုပ်ချုပ်ရေးယန္တယားကို ပဒက်တွေကဖျက်လိုက် သူ့ဖာသာပျက်လိုက်ဖြစ်နေပြီ

Credit : မြတ်သူဟိန်း🇲🇲
4-12-2024

Thae Thae🇲🇲🇲🇲🇲🇲

04 Dec, 14:10


တောင်ကိုရီးယားသမ္မတကို
ဒို့ အဘဆီမှာ အာဏာထိမ်းနည်း
လာ သင် ခိုင်းရမယ်😁😁😁

Thae Thae🇲🇲🇲🇲🇲🇲

04 Dec, 12:32


## တောင်ခမ်း ##

၄၀၆ ကို

မိမိအဖွဲ့တွေ

အပြည့်အဝထိ-န်:ချု-ပ်လိုက်ပါပြီ။

တရု-ပ်-တွ-န်း-အာ:ပေးမှုကြောင့်…..

လုံ:ဝ(လုံ:ဝ) မဟုတ်ပါ။

တောင်ခမ်းမှာ တို-က်-ပွဲ-ဝ-င်-နေတဲ့

မိ-မိ-စ-စ်-သ-ည်တွေရဲ့

ကြို:စာ:အာ:ထု-တ်-မှု

စွ-န့်-လွှ-တ်-စွ-န့်-စာ:-မှု

ရဲ-စွ-မ်:-သ-တ္တိ-ရှိ-မှုတို့ကြောင့်

အောင်ပွဲဆင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

တရုပ်ပါသည်ဖြစ်စေ/မပါသည်ဖြစ်စေ

ရ-သ-ဟာ တောင်ခမ်းမှာ အ-ခြေ-မ-လှ-ခဲ့-တာ-တော့

သေချာခဲ့ပါတယ်။

#ကိုခိုင်ဇော်

ဒီဇင်ဘာ(၄)ရက်၊၂၀၂၄

Thae Thae🇲🇲🇲🇲🇲🇲

04 Dec, 07:23


ပိုင်နက်အငြင်းပွားလျက်ရှိသောတောင်တရုတ်ပင်လယ်အတွင်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ ရေယာဉ်က ဖိလစ်ပိုင်ကင်းလှည့်မော်တော်ဘုတ်အား
မောင်းထုတ်နေသည့် မြင်ကွင်း


News Headlines Today

Thae Thae🇲🇲🇲🇲🇲🇲

04 Dec, 07:17


အမှန်တော့ ယွန်ဆက်ခ်ယိုက စစ်အုပ်ချုပ်ရေးနဲ့ အာဏာသိမ်းချင်တာက တကယ်ရယ်...

ဒါပေမဲ့ ကိုရီးယားနိုင်ငံမှာက အမေပုနဲ့ သူ့ထဝီခြုံတွေလို "ဘာရမလဲ သာဝ"ရယ်တို့ အောက်ကလိအာနဲ့ ပြီတီတီ ပြောမယ့်သူမရှိ ဒီမိုခရေဇီနီပေါတွေလို "သိမ်းချင်ရင် အမှိုက်သိမ်း"လို့ မရဲဘဲ ကျွဲပြဲစီးနေတဲ့ကောင်တွေ မရှိတော့ လုပ်ရခက်သွားရော...

ဟော စစ်တပ်ကြတော့လည်း သမ္မတ အမိန့်လိုက်နာချင်ပေမဲ့ သူတို့ကို "လပ်တီး" တို့ "စခ"တို့ "ခွေးစာ" တို့ အလှောင်မခံရတော့ တေးထား မှတ်ထားစရာ အကြောင်းကလည်း မပေါ်ပေါက်တော့ ဘာလုပ်ရမယ်မသိ၊ ဘာအကြောင်းပြရမယ်မသိနဲ့ အမုန်းတော့မခံဘူးဆိုပြီး တပ်ခေါက်ပြီး လစ်သွားရော...

ကိုရီးယားမှာသာ အမေပုနဲ့ သူ့ထဝီခြုံတွေ ကမတွေ ဒီမိုခရေဇီနီပေါတွေသာရှိရင် ညက ပွဲကြီးပွဲကောင်း သေချာပေါက်ဖြစ်မှာ။

အဲဒီမှာ ကိုရီးယားစစ်တပ်က အာဏာဆက်သိမ်း၊ ကင်ချီ​မြေရောက် အမေလိကန် မဒိမ်းတပ်သား ၂၈၅၀၀ က အသိမ်းမခံဘူးဆိုပြီး ပြန်ချ၊ အဲဒီမှာ မြောက်လူပုက ပွဲလန့်တုန်းဖျာခင်းပြီး နျူကလီးယားတစ်လုံးလောက်နဲ့ နှစ်ဖက်စစ်ပွဲကြားပစ်ချပြီး ကိုရီးယားသမ္မတနိုင်ငံ ချောက်ထဲကျဖို့ လက်တစ်လုံးအလိုမှာ အလုံးစုံပျက်သုဥ်းရေးမဖြစ်လာခင် ကယ်တင်ဖို့ တောင်ကိုရီးယားကို မြောက်ကိုရီးယားအောက် ပေါင်းစည်းပြီး ဖက်ဒွယ်ပြည်ဒေါင်စုကို တည်ဆောက်သွားမယ် ပြော...တစ်ကမ္ဘာလုံးက

ဝိုး အမေ့ဇင် သေချာပေါက်ဖြစ်မယ့်အခြေအနေကို

ဘာလို့ အမေပုလို ဗီလိင်ကို တောင်ကိုရီးယားမှာ မွေးဖွားမပေးလိုက်တာလဲ လောကကြီးရယ် 😜😜😜😜
#မောင်ဆူးလှည်း

Thae Thae🇲🇲🇲🇲🇲🇲

04 Dec, 06:26


အမျိုးသားကြီးပွါးတိုးတက်ရေးရွှေတူးဖေါ်ထုတ်လုပ်မှု့အုပ်စုလီမီတက်နှင့်အမှတ်(၂)သတ္တုတွင်းလုပ်ငန်းတို့ဖြစ်ပွါးခဲ့တဲ့ပြသနာမှာ အမှတ်(၂)သတ္တုတွင်းလုပ်ငန်းအနေနှင့်နှစ်ဦးနှစ်ဘက်သဘောတူချုပ်ဆိုထားတဲ့ စာချုပ်ပါစည်းကမ်းချက်များကို မျက်ကွယ်ပြုပြီး မိမိတို့ကုပ္မဏီကို တရားစွဲခဲ့တာကြောင့် မိမိတို့ကုပ္မဏီဥက္ကဌအပါအဝင် ကုပ္မဏီရဲ့အမှု့ဆောင်လူကြီးတွေဟာ ပြစ်ဒဏ်တွေကျခံနေကြရသလို ကုပ္မဏီလုပ်ငန်းတွေရပ်နားလိုက်ရတာကြောင့် ကုပ္မဏီက ဘဏ်တွေကနေချေယူထားတဲ့ ချေးငွေတွေကိုလည်းပြန်လည်မပေးဆပ်နိူင်ဘဲဘဏ်တွေကမိမိတို့ကုပ္မဏီပိုင်ပစ္စည်းတွေကိုသိမ်းယူပြီးလေလံတင်ရောင်ချဖို့ပြင်ဆင်နေကြကြောင်း ၊ ဒါကြောင့်ငွေကြေးအရင်းအနှီးများစွာရင်းနှီးလုပ်ကိုင်နေတဲ့ကုပ္မဏီအတွက်လည်းအလွန်နစ်နာရသလို ၊ ယ္ခုလိုကျပ်တည်းနေတဲ့ကာလကြီးမှာဝန်ထမ်းတွေလည်းဖြုတ်ပစ်ရတာကြောင့် ကုပ္မဏီ ၊ နိူင်ငံတော်နှင့် နိူင်ငံသားဝန်ထမ်းတွေအတွက်အလွန်နစ်နာရပါတယ် ၊ ဒါကြောင့် မိမိတို့ကုပ္မဏီနှင့်အမှတ်(၂)သတ္တုတွင်းလုပ်ငန်းကြားနှစ်ဦးသဘောတူချုပ်ဆိုထားတဲ့စာချုပ်အတိုင်းနှစ်ဦးနှစ်ဘက်တွေ့ဆုံပြီးပြသနာကိုဖြေရှင်းလိုကြောင်း အမျိုးသားကြီးပွါးတိုးတက်ရေးရွှေတူးဖေါ်ထုတ်လုပ်မှု့အုပ်စုလီမီတက်မှတာဝန်ရှိသူတစ်ယောက်ကပြောထားပါတယ် ၊ အပြည့်အစုံကိုဆက်လက်နားဆင်နိူင်ပါတယ်။
#mhtnews

Thae Thae🇲🇲🇲🇲🇲🇲

04 Dec, 06:23


အမေရိကန် ရဲ့ အကွက်ကို ကြိုမြင်ပြီး အစီအစဥ်တွေ အထိ သိနိုင်တာကတော့ ရုရှားထောက်လှမ်းရေး အစွမ်းပဲ ဖြစ်ပါ့မယ် ။ ကမ္ဘာ့မီဒီယာအုပ်စု လုံးဝ မရိပ်မိအောင် ရေတပ်ကြီး တခုလုံး မြန်မာ့ရေပိုင်နက်ထဲ ရောက်လာအောင် ရုရှားတို့ ဘယ်လိုနည်းနဲ့ ဝင်ရောက်ခဲ့ကြသလဲ ဆိုတာ အံ့သြစရာ နည်းပညာပါပဲ ။

တရုတ် နဲ့ အမေရိကန် အပါအဝင် ဥရောပ နိုင်ငံများရဲ့ ထောက်လှမ်းရေးဂြိုလ်တုတွေဟာ တင်းနစ်ဘောလုံးပေါ်က တံဆိပ်တောင် ဖတ်ရပါတယ်လို့ ကြွားထားခဲ့ပေမယ့် ရုရှားရေတပ်ကြီး တဖွဲ့လုံးကို မမြင်ကြတာ ထူးဆန်းနေပါတယ် ။

ရုရှားတို့ အင်အားပြ ဝင်ရောက်လာပြီးနောက် အာဆီယံ နဲ့ အမေရိကန်တို့ရဲ့ အကြံအစည်တွေ ပျက်သွားသွားရပါပြီ ။ ဒီအပြင် ရုရှားရေတပ်ကြီး ပြန်သွားတော့ ရေငုပ်သဘော် နှစ်စင်း ထားခဲ့တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာပါတယ် ။

ဒီရေငုပ်သဘော်တွေက မနှစ်ကမှ ရုရှားရေတပ်အတွက် တပ်တော်ဝင်ထားတဲ့ နယူးမော်ဒယ် တွေလို့ ဆိုပါတယ် ။ မြန်မာ့တပ်မတော်ကတော့ သူ့ထုံးစံအတိုင်း လျှို့ဝှက်ထားအုံးမှာပါပဲ ။ တပ်တော်ဝင်ပြီ (သို့တည်းမဟုတ်) ထုတ်ပြောသင့်တဲ့ အရေအတွက် စုဆောင်းပြီးပြီ ဆိုမှသာ တရားဝင် သိသင့်သလောက် သိကြရမှာ ဖြစ်ပါတယ် ။

ဒါတွေကတော့ မြန်မာ့တပ်မတော် ရေ အတွက် ကျနော်တို့ လေ့လာမိသလောက် တိုးတက်မှု အချို့ဖြစ်ပါတယ် ။

ကျနော်တို့ မသိမြင်နိုင်တဲ့ ဘရွှေကြီး မျိုးစေ့ချ စိုက်ပျိုးခဲ့တဲ့ တာတို ၊ တာလတ် ၊ တာဝေး ပစ် ဒုံးများ နဲ့ သူအလွန်တောင့်တခဲ့တဲ့ နျူလက်နက် ထန်းသီးလုံးလောက် ရရ လုပ်စမ်းကွာ ဆိုပြီး အားသွန်လုပ်ပြခဲ့တဲ့ အသီးအပွင့်တွေ ဘယ်အနေအထား ရောက်ပြီလဲ ဆိုတာ သီးခြားပို့စ် နဲ့ မှန်းဆကြည့်ရင် တွက်ဆလို့ ရနိုင်ပါပြီ ။ ကျနော်တို့ လေ့လာမိသလောက် ကျိုးစားတင်ပြပါအုံးမယ် ။

ကိုရွှေမျိုးဝင်း

Thae Thae🇲🇲🇲🇲🇲🇲

04 Dec, 06:23


မမေ့သင့်တဲ့ တချိန်က မြန်မာ့ရေတပ် (8)
==============================

အိန္ဒိယနိုင်ငံကနေ 877EKM Kilo ရေငုတ်သင်္ဘော ၁ စင်းကို ၂၀၂၀ မှာ လက်ခံရရှိခဲ့ပါတယ်။ ငွေပေးဝယ်ရင် ဒါမျိုးတွေ လိုသလောက် ရနိုင်တယ်ဆိုပေမယ့် ရေငုပ်သဘော် ဆိုတာမျိုးက ဒလ နဲ့ ရန်ကုန်ကူးနေတဲ့ သမ္ဗန် မဟုတ်ပါဘူး ။

သူ့ကို ထိမ်းကျောင်းနှင်ဖို့ ၊ ပြင်ဆင် သုံးစွဲ နိုင်ဖို့ ဆိုတာ ယုတ်ချည်း မဖြစ်နိုင်ပါဘူး ။ မြန်မာ့တပ်မတော် ရဲ့ ရေငုပ်သဘော် ရယူနိုင်မှု အပေါ် ဝေဖန်မှုတွေ မြင့်လာချိန်မှာ မြန်မာ့တပ်မတော်ဟာ ရေငုပ်သဘော် အတွက် ဆယ်စုနှစ် တခုမက ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ် ။

အင်မတန် နှုတ်လုံတဲ့ မြန်မာ့တပ်မတော်ရဲ့ လုပ်ဆောင်မှုဟာ တဆင့်ပြီး တဆင့် မြင့်လာရပါပြီ ။ Kilo ရေငုတ်သင်္ဘောဟာ အလေးချိန် တန်ချိန် ၃၀၀၀ ရှိပြီး ရေအနက် မီတာ ၃၀၀ ငုတ်နိုင်ကာ ၁ နာရီကို ရေမိုင် ၂၀ နှုန်း မောင်းနှင်နိုင်ပြီး ပင်လယ်ပြင်မှာ ၄၅ ရက်ကြာ တဆက်တည်း တာဝန်ထမ်းဆောင်နိုင်ပါတယ်။ အကြီးစား ပြင်ဆင်ထားလို့ ၃၅ နှစ်အထိ တာဝန်ထမ်းဆောင်နိုင်ပါလိမ့်မယ် ။

ဘဂ်လားရေတပ်ရဲ့ တရုတ်
Ming ရေငုပ်သဘော် နှစ်စင်းထက် စွမ်းဆောင်ရည် များစွာ သာလွန်လှပါတယ် ။ ဒါကြောင့်လည်း မီဒီယာတွေ မေးမြန်းတော့ ထော်လာဂျီ နဲ့ မာစီးဒီး လောက် ကွာပါတယ် လို့ ဖြေသွားတာ ဖြစ်ပါတယ် ။

မြန်မာ့တပ်မတော် ရေ အတွက် အထူးလိုအပ်နေတဲ့ ရေငုပ်သဘော်ဟာ ရေအောက် ကမ္ဘာလုံခြုံရေး အတွက် စည်းရိုးတခုကာရံနိုင်ခြင်းလို့ ဆိုရမှာ ဖြစ်ပါတယ် ။ ရေတပ်ရဲ့ သုံးဖက်မြင် ရှုခင်း ( ရေပေါ် ၊ ရေအောက် ၊ လေပေါ်) အားလုံး ကြည့်မြင်နိုင်ပြီ ဖြစ်လို့ ဖြစ်တဲ့အတွက် ဒီလိုဆိုရတာပါ ။

ရေငုပ်သဘော်က တစီးထဲနဲ့ ဆိုပြီး အပြစ်တင်ရန် မလိုပါဘူး ။ ဒီသဘော်က လေ့ကျင့်ရေး သဘော်ပါလို့ တရားဝင် ပြောကြားခဲ့ပါပြီ ။ ဒီတော့ တိုက်ခိုက်ရေး သဘော် ထပ်လာဖို့ ဆိုတာ ဘာကြာမှာလဲ ဗျာ ။

ကျနော်တို့ဟာ ကိုယ့်မြေ ကိုယ့်ရေ ကို ကာဖို့သာ ရည်မှန်းပြီး အင်အားတည်ဆောက်နေတဲ့ အတွက် အတော်အတန် ပြည့်စုံပြီလို့ ဆိုရမယ့် အနေအထားပါပဲ ။ သို့သော် ဘရွှေကြီး ရည်မှန်းထားတဲ့ ငပွကြီး ရန်က ကာကွယ်ဖို့ အထိတော့ မလုံလောက်သေးပါဘူး ။

နိုင်ငံရေး အလှည့်အပြောင်းမှာ တပ်မတော်က အာဏာရယူပြီးနောက် လက်နက်နည်းပညာ ဖွံ့ဖြိုးရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်လာတာ တွေ့ရပါတယ် ။

အထူးခြားဆုံး လုပ်ဆောင်ချက်ကတော့ တပ်ချုပ်ကြီးရဲ့ ရုရှားခရီးစဥ်မှာ ရုရှားရေတပ် သဘော်များအား ဆိပ်ခံအသုံးပြုခွင့် ပေးလိုက်တဲ့ စာချုပ် ချုပ်ဆိုခဲ့တာပါ ပဲ ။

သာမန် အားဖြင့် ကြည့်မယ်ဆိုရင် မထူးဆန်းဘူး ထင်ရပေမယ့် နောက်ထပ် စာချုပ်ဖြစ်တဲ့ ရုရှား မြန်မာ ကာကွယ်ရေး အလုံးစုံပူးပေါင်းဖို့ စာချုပ် နဲ့ ယခု ဆိပ်ခံ အသုံးပြုမှု အတွက် စာချုပ် နှစ်ခုပေါင်းရဲ့ အဓိပ်ပါယျ ဖွင့်ဆိုချက်ကတော့ တာသွားလွန်းတဲ့ ကိစ္စကြီး တခု ဖြစ်ပါတယ် ။

တန်ပေါင်းများစွာသော ယမ်းထုကြီး အား မီးခြစ်ဆံ ခြစ်ပြီး တွေ့ထိပေးလိုက်သလို စာချုပ် နှစ်ခုဖြစ်ပါတယ် ။ အမေရိကန်သာ မကဘူး တရုတ်ပါ ကြိုတင်တွက်ဆမထားတဲ့ အကွက်ကို မြန်မာက ရွှေ့ပြလိုက်တာပါပဲ ။

စာချုပ်တွေထဲမှာ နည်းပညာမျှဝေဖို့ပါ ပါရှိနေတဲ့ အတွက် အရှိန်တက်နေတဲ့ မီးတောက်ထဲ ဓာတ်ဆီလောင်းသလို ဖြစ်သွားရမှာ သေချာပါတယ် ။

မြန်မာ့တပ်မတော် ရေ ဟာ ယခုအခါ တည်ဆောက်သမျှထဲတွင် အရှေ့တောင်အာရှ၏ ဒုတိယ အကြီးဆုံးအဖြစ် ဖရီးဂိတ် သဘော်အကြီး တည်ဆောက်နေပါတယ် ။ ကြီးမားလွန်းတဲ့ အတွက် ဒီဇိုင်း ပြဿနာ နဲ့ အခြား နည်းပညာဆိုင်ရာ ပြဿနာအချို့ တွေ့နေရပါတယ် ။

ဒါမျိုးကလည်း လုပ်ရင်း ကိုင်ရင်း ဖြစ်တတ်တဲ့ သဘာဝပါပဲ ။ အိပ်နေရင်တော့ ဘယ်မှားမလဲ လုပ်နေသူကတော့ အမှားရှိကြမှာပါပဲ ။ အဲဒီ ပြဿနာကို ရုရှားက ဖြေရှင်းကူညီဖို့ ဆောင်ရွက်နေပါပြီ ။

ဘရွှေကြီးရဲ့ အဓိက ရည်မှန်းချက် ဖြစ်တဲ့ အမေရိကန် ရဲ့ အနိုင်ကျင့်မှုကို ခုခံဖို့ဆိုတာ မိမိဘာသာ ကျိုးစားတည်ဆောက်ရင်လည်း တနေ့ ဖြစ်လာနိုင်ပေမယ့် များစွာသော ငွေကုန် အချိန်ကုန် ဖြစ်ရမှာ အမှန်ပါပဲ ။

အဲဒါကို ယခု တပ်ချုပ်ကြီးက အမေရိကန် နဲ့ ပါဝါတူ ရုရှားအား Link ချိတ်လိုက်ခြင်းဖြင့် အချိန်ရော ငွေကော မကုန်ခမ်းတော့ပဲ မိမိပါဝါကို မြှင့်တင်ပေးနိုင်ခဲ့ပါတယ် ။

ယခု အာဆီယံ ပြဿနာကို ပြန်ကြည့်ပါ ။ အမေရိကန်ရဲ့ ဖိအားနဲ့ ဒေသတွင်းနိုင်ငံတွေက ပြည်တွင်းရေးစွက်ဖက်ချိန် မှာ အမေရိကန်က ဘဂ်လား နဲ့ ပေါင်းပြီး အချိန်ကိုက် စစ်ရေးနဲ့ခြိမ်းခြောက် ပြဖို့ စီစဥ်ခဲ့ကြပါတယ် ။

အဲဒါကို ကောင်းစွာ သိနေတဲ့ မြန်မာတပ်မတော်ကလည်း ရုရှား ရေတပ်ဖွဲ့ကြီး နဲ့ အချိန်ကိုက် ပြန်ပြီး တုံးပြန်နိုင်ခဲ့တာ တွေ့ရပါ့မယ် ။ ဒီလို ဖြစ်လာဖို့ ဆိုတာ ကာလကြာမြင့်စွာ ကြိုတင် စီစဥ်ထားမှ ရနိုင်မယ့် ကိစ္စဖြစ်ပါတယ် ။

Thae Thae🇲🇲🇲🇲🇲🇲

04 Dec, 06:19


မိုးမောက်မြို့ ပြန်လည်ရရှိရေး တပ်မတော်ရဲ့ ထိုးစစ် အရှိန်လျော့ချနိုင်ရန် ယနေ့ နံနက်ပိုင်းမှ စတင်ပြီး KIA/PDF အဖွဲ့သည့် ဗန်းမော်နဲ့ မံစီမြို့ကြားရှိ တပ်စခန်းငယ်များကို တိုက်ခိုက်
………………………………………………

မြစ်ကြီးနား၊ ဒီဇင်ဘာ ၄

ယနေ့ (ဒီဇင်ဘာ-၄) ရက်နေ့ နံနက်ပိုင်း၌ စစ်သွေးကြွ KIA/PDF အဖွဲ့သည့် ဗန်းမော်နဲ့ မံစီမြို့ကြားရှိ တပ်စခန်းငယ်များကို တိုက်ခိုက်လျက်ရှိနေသည်။

တပ်မတော်သည် ဆုံးရှုံးထားသော မိုးမောက်မြို့ ပြန်လည်ရရှိရန် ထိုးစစ်ကို အရှိန်မြင့်ထားမှုကြောင့် ထို ထိုးစစ် အရှိန်လျော့ချနိုင်ရန် KIA/PDF သည် ဗန်းမော်နဲ့ မံစီမြို့ကြားရှိ တပ်စခန်းငယ်များကို တိုက်ခိုက်နေခြင်း ဖြစ်သည်။

မိုးမောက်မြို့နဲ့ မံစီမြို့သည် ဗန်မော်မြို့အတွက် အရေးကြီးသော မြို့များဖြစ်ခြင်းကြောင့် မိုးမောက်မြို့ ရရှိရေးသည် တပ်မတော်အတွက် အလွန်အရေးကြီးသော အခြေအနေ၌ ရှိနေသည်။

စစ်သွေးကြွများသည် ဗန်းမော်မြို့နဲ့ မံစီမြို့ကြားရှိ ဖန်းခါးကုန်းဂိတ်နဲ့ ညောင်ပင်သာဂိတ်တို့ကို သိမ်းပိုက်နိုင်ကြောင်း ကြွေးကြော်ထားသည်။

#Newvisionmedia

Thae Thae🇲🇲🇲🇲🇲🇲

04 Dec, 06:18


မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသရှိ သပြေပင်ကျေးရွာအနီး၌ တရားမဝင်ရွှေတူးဖော်လုပ်ကိုင်နေသူများအား ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော် ဒီဇင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသ၌ တရားမဝင်ရွှေတူးဖော်လုပ်ကိုင်မှုများကြောင့် နိုင်ငံတော်၏အခွန်ဘဏ္ဍာငွေဆုံးရှုံးရခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက် ပျက်စီးခြင်းများဖြစ်ပေါ်စေကာ ၎င်းဒေသအနီး ကျေးရွာများရှိ ဒေသခံပြည်သူများမှာ ရေကြီးရေလျှံခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများနှင့်အတူ မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များအား ရင်ဆိုင်ကြုံတွေ့နေရကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးပို့ တိုင်တန်းချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က အဆိုပါတရားမဝင်ရွှေတူးဖော်လုပ်ကိုင်နေသူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ ည ၆ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသရှိ သပြေပင်ကျေးရွာအနီး ဒေသအခေါ် ဘက်ဟိုးတောင်ကုန်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါတောင်ကုန်းအနီး၌ တရားမဝင်ရွှေတူးဖော်လုပ်ကိုင်နေသော ပျော်ဘွယ်မြို့နယ်၊ ကြူတောဝကျေးရွာနေ ဦးဇော် (၅၂) နှစ် (ဘ) ဦးထွန်းကြည်နှင့် ရမည်းသင်းမြို့နယ်၊ သပြေပင်ကျေးရွာနေသူများဖြစ်ကြသည့် လွင်ကိုနိုင် (၂၈) နှစ် (ဘ) ဦးအေး၊ ကျော်သက်ပိုင် (၂၂) နှစ် (ဘ) ဦးရဲသွေး၊ ဦးမောင် (၆၀) နှစ် (ဘ) ဦးညို၊ နိုင်ကောင်းထက် (၂၂) နှစ် (ဘ) ဦးအေးတို့ ၅ ဦးအား တရားမဝင်ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊

နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီတွင် တရားမဝင်ရွှေတူးဖော်လုပ်ကိုင်နေသူ သပြေပင်ကျေးရွာနေ တင်လင်း (၄၅) နှစ် (ဘ) ဦးမြိုင်၏နေအိမ်အား ဝင်ရောက်စစ်ဆေးခဲ့ရာ တင်လင်းအား တွေ့ရှိခြင်းမရှိဘဲ တရားမဝင်ရွှေတူးဖော်လုပ်ကိုင်သူများဖြစ်ကြသည့် အဆိုပါကျေးရွာနေ ဝင်းစိုး (၃၂)နှစ် (ဘ) ဦးလှသန်းနှင့် ညောင်အိုင်ကျေးရွာနေ အောင်စိုးဦး (၁၆) နှစ် (ဘ) ဦးအောင်ဌေးဝင်းတို့ ၂ ဦးအား နေအိမ်ခြံဝင်းအတွင်းမှ ရွှေပါသည်ဟု ယူဆရသည့် ဗြုန်းကျောက်အိတ်ပိုင်း ၃၅ ပိုင်း၊ သဲစာ အိတ်ပိုင်း ၂၀ ပိုင်း၊ ဗြုန်းကျောက်များကြိတ်ရာတွင် အသုံးပြုသည့် ရိုက်ပြား ၅ ပြားနှင့် ဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊

ယင်းနေ့ ည ၆ နာရီခွဲတွင် မိုးထိမိုးမိဒေသရှိ သပြေပင်ကျေးရွာအနီး ဒေသအခေါ် ဘက်ဟိုးတောင်ကုန်းအနီးဝန်းကျင်သို့ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာတွင် တရားမဝင်ရွှေတူးဖော်လုပ်ကိုင်နေသူများအား တွေ့ရှိရခြင်းမရှိဘဲ ရွှေပါသည်ဟု ယူဆရသည့် ဗြုန်းကျောက်အိတ်ပိုင်း ၁၅ ဝိုင်း၊ တရားမဝင်ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဆိုလာပြား ၁ ချပ်၊ ဘတ္ထရီအိုး ၁ လုံး၊ လက်ဆွဲ မီးစက် ၁ လုံး၊ ဒီဇယ်အင်ဂျင် ၁ လုံး၊ ဒိုင်နမို ၁ လုံး၊ လက်တွန်းလှည်း ၁ စီး၊ SHAYAN-125 ဆိုင်ကယ် ၁ စီးပါ ဆိုင်ကယ်မျိုးစုံ ၁၃ စီးအားလည်းကောင်း အသီးသီးတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးမှုများအတွင်း ဖမ်းဆီးရမိသည့် တရားမဝင်ရွှေတူးဖော်လုပ်ငန်းလုပ်ကိုင်သူ ဦးဇော်ပါ တရားခံ ၇ ဦး၊ ဖမ်းဆီးရန်ကျန်တရားခံ တင်လင်းနှင့် တရားခံ (စိစစ်ဆဲ) များအား ရမည်းသင်းမြို့မရဲစခန်း၌ မြန်မာ့သတ္ထုတွင်းဥပဒေပုဒ်မ ၃၀ (က) ဖြင့် အမှုများအသီးသီးရေးဖွင့်ကာ တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များအနေဖြင့် ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသရှိ နိုင်ငံတော်ပိုင် ရွှေသတ္တုတူးဖော်ရေးလုပ်ကွက်များအတွင်း ဝင်ရောက်၍ တရားမဝင်ရွှေတူးဖော်လုပ်ကိုင်မှုကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးစေသည့်အပြင် နိုင်ငံတော်၏ အခွန်ဘဏ္ဍာငွေဆုံးရှုံးရခြင်းများမဖြစ်ပေါ်စေရေး နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများအား တည်ဆဲဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Thae Thae🇲🇲🇲🇲🇲🇲

04 Dec, 06:17


UPDATE NEWS

ယနေ့ နံနက်၆ နာရီ ၄၅ မိနစ်အချိန်ခန့်တွင်၊မြစ်ကြီးနားမြို၊ကချင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီရုံးဝင်း၏မြောက်ဖက်(ရေနုတ်​တူးမြောင်းနှင့်သုံးအိမ်ခြား)မြို့သစ်ကြီးစျေးအနီး၊နှမ်းလုံးကြိုင်တိုက် အနောက်မီးဖိုဆောင်ပေါ်သို့ရှော့တိုက်ဗုံးဟုယူဆရသည့် လက်နက်ကြီးဗုံးကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဥ်အတွင်း လူထိခိုက်မှုမရှိကြောင်းသိရသည်။


#PAN

Thae Thae🇲🇲🇲🇲🇲🇲

04 Dec, 03:36


သမ္မတယွန်ရဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကို ဆန့်ကျင်ကြောင်း ၃၀၀- ၁၉၀ မဲနဲ့ ပါလီမန်ရဲ့ ဆုံးဖြတ်ချက်ထွက် ပေါ်လာပြီးနောက်ပိုင်း စစ်အုပ်ချုပ်ရေးအမိန့်ကို သမ္မတယွန်က ပြန်လည်ရုတ်သိမ်းလိုက်ပါတယ်။ တောင်ကို ရီးယားတပ်မတော်သားများအနေနဲ့ မိမိတို့နေရာ မိမိတို့ ပြန်ကြရန် မေတ္တာရပ်ခံခဲ့ပါတယ်။
..
နိုင်ငံတော် အပေါ် သစ္စာမရှိတဲ့ သမ္မတယွန် ရာထူးမှ နှုတ်ထွက်ပေးရန်၊ ကာကွယ်ရေးဝန်ကြီးကို ရာထူးမှ ဖယ် ရှားရန် အတိုက်အခံတို့က တောင်းဆိုထားပြီး ပျက်ကွက်ခဲ့လျှင် သမ္မတယွန်ကို “နိုင်ငံတော် သစ္စာဖောက်မှု” နဲ့ လွှတ်တော်မှာ စွပ်စွဲအပြစ်တင်ရလိမ့်မယ်လို့ သမိုင်းစဉ်လာ အတိုက်အခံ ဒီမိုကရက်တစ်တို့က ဆိုနေပါတယ်။
..
အမေရိကန်စစ်စခန်းများကို တပ်စွဲခွင့်ပေးထားတဲ့ ဂျပန်နဲ့ တောင်ကိုရီးယားတို့လို နိုင်ငံမျိုးမှာ လူ့အခွင့်အရေး-ဒီမိုကရေစီရေး အပါအဝင် အစိုးရအဖွဲ့ရဲ့ လုပ်ရပ်များနဲ့ ပတ်သက်ပြီး ဝါရှင်တန်က ဝေဖန်ပြောဆိုမှုများ ဘယ်တုန်း ကမှ မရှိခဲ့ဖူးပါဘူး၊
..
တောင်ကိုရီးယားနိုင်ငံမှာ သမ္မတ ယွန်ဆတ်ယိုက စစ်အုပ်ချုပ်ရေးကြေညာသည်ကို သတိပြုမိကြောင်း၊ အခြေ အနေအရပ်ရပ်ဟာ တည်ငြိမ်လျှက်ရှိပြီး အမေရိကန်နိုင်ငံသားများအနေနဲ့ ဆန္ဒပြမှုဖြစ်ပွားရာနေရာများကို ရှောင်ရှားကြရန် ဆိုးလ်မြို့ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။ #HtayOung, #OungMarine
.
#တောင်ကိုရီးယားအမျိုးသားလွှတ်တော် #သမ္မတယွန်ဆတ်ယို #စစ်အုပ်ချုပ်ရေး
..
https://www.yahoo.com/news/why-south-koreas-president-suddenly-215019879.html?fr=sycsrp_catchall
https://www.yourcentralvalley.com/news/ap-south-koreas-opposition-party-urges-yoon-to-resign-or-face-impeachment-over-martial-law-decree/
https://apnews.com/article/south-korea-yoon-martial-law-997c22ac93f6a9bece68454597e577c1
===

Thae Thae🇲🇲🇲🇲🇲🇲

04 Dec, 03:36


(ဒီဇင်ဘာ-၄၊၂၀၂၄) တောင်ကိုရီးယားနိုင်ငံမှာ အတိုက်အခံနိုင်ငံရေးပါတီနဲ့ လက်ရှိသမ္မတ ယွန်ဆတ်ယိုတို့ အကြား ပြင်းထန်စွာ ထိပ်တိုက်တွေ့ရာမှ မငြိမ်သက်မှုများဖြစ်ပွားနေပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ၁၉၇၉-ခုနှစ် စစ်အာဏာရှင် ပတ်ချုံဟီးနောက်ပိုင်း နှစ်ပေါင်း ၅၀ နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် စစ်အုပ်ချုပ်ရေး အမိန့်ကို သမ္မတ ယွန်ဆတ်ယိုက ကြေညာလိုက်ကြောင်း ယနေ့နိုင်ငံတကာ သတင်းမီဒီယာများက အရေးကြီး ကြားဖြတ်သတင်းအဖြစ် ဖော်ပြနေကြပါတယ်။
.
မြောက်ကိုရီးယားခြိမ်းခြောက်မှုနဲ့ ပြည်တွင်း နိုင်ငံတော်ဆန့်ကျင်ရေးအင်အားစုများကို တားဆီးဖို့အတွက် စစ်အုပ်ချုပ်ရေး ပြဌာန်းလိုက်တယ်လို့ ဒီဇင်ဘာ ၃-ရက်နေ့ သမ္မတယွန်က နိုင်ငံပိုင် ရုပ်သံမှတဆင့် ကြေညာပါ တယ်။ ထိခိုက်ပျက်စီးနေတဲ့ တိုင်းပြည်အပေါ် မြောက်ကိုရီးယားဘက်တော်သား နိုင်ငံရေးအတိုက်အခံတို့က ဖီလာဆန့်ကျင်ပြုနေတယ်လို့လည်း သမ္မ တယွန်က ပြောဆိုပါတယ်။ ဒေသစံတော်ချိန် ည ၁၁ နာရီမှာ တောင် ကိုရီးယားစစ်တပ်က လွှတ်တော်နဲ့ နိုင်ငံရေးအဖွဲ့အစည်းများရဲ့ ဆန္ဒပြမှုများနဲ့ လှုပ်ရှားမှုအားလုံးတို့ကို တား မြစ်လိုက်ပြီး မီဒီယာအားလုံးကိုလည်း အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ထားရှိလိုက်ကြောင်း သတင်းထုတ်ပြန်ပါ တယ်။

အမှန်တော့ ပြည်ပခြိမ်းခြောက်မှုဆိုခြင်းထက် သမ္မတယွန်ဆတ်ယိုအစိုးရ-ယွန်ရဲ့ “ပြည်သူ့အင်အားပါတီ ” PPP ရဲ့ ဆောင်ရွက်မှုမှန်သမျှ ဆန့်ကျင်ကန့်ကွက်နေတဲ့ အတိုက်အခံအမတ်တို့အကြား ထိပ်တိုက်တွေ့မှုများ ကြောင့်ဖြစ်ကြောင်း နောက်ပိုင်းဖြစ်ရပ်များအရ ပိုမိုထင်ရှားလာတယ်လို့ နိုင်ငံတကာ မီဒီယာအချို့က ဆိုပါတယ်။
.
သမ္မတယွန်ရဲ့ စစ်အုပ်ချုပ်ရေးအမိန့်ပယ်ဖျက်ရေး အရေးပေါ် မဲခွဲဆုံးဖြတ်ရန် အတိုက်အခံအမတ်များက ပြင် ဆင်နေစဉ် ပါလီမန်ရှေ့မှာ လွှတ်တော်အမတ်များကို ထောက်ခံကြောင်း လူထောင်ပေါင်းများစွာတို့ စုဝေး ဆန္ဒ ပြနေကြပါတယ်။ လုံခြုံရေးတပ်များနဲ့ ရဲတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေတဲ့ ပါလီမန်အဆောက်အအုံ ခေါင်မိုးပေါ် မှာ ရဟတ်ယာဉ်များ ဆင်းသက်နေပြီး မျက်နှာဖုံးစွပ် ဝတ်ဆင်ထားတဲ့ သေနတ်ကိုင် စစ်သားများက ပါလီမန်အ ဆောက်အအုံဝင်းအတွင်း ပြေးဝင်နေကြောင်းကိုလည်း ဒေသခံမီဒီယာများက တိုက်ရိုက်သတင်းထုတ်လွှင့်ခဲ့ပါ တယ်။
..
သမ္မတယွန်ရဲ့ အမိန့်ဟာ တရားမဝင်ကြောင်း တောင်ကိုရီးယားရဲ့ အင်အား အကြီးဆုံးအတိုက်အခံ “လစ်ဘ ရယ်ဒီမိုကရက်တစ်ပါတီ” DP ခေါင်းဆောင် လီဂျေးမြောင်က ပြောဆိုလိုက်ပြီး၊ လွှတ်တော်အမတ်များအားလုံး ပါလီမန်အဆောက်အအုံအတွင်း စုဝေးကြရန်၊ တင့်ကား၊ သံချပ်ကာကား၊ သေနတ်တွေ ဒါးတွေနဲ့ စစ်သားများ အုပ်ချုပ်တဲ့ တိုင်းပြည် မဖြစ်ရေး ဆန့်ကျင်ဖို့အတွက် တောင်ကိုရီးယား မိဘပြည်သူတို့က အမျိုးသားလွှတ် တော်ရှေ့မှောက် စုရုံးကြရန်ကိုလည်း တောင်းဆိုလိုက်ပါတယ်။
.
လွှတ်တော်ဝင်ပေါက် ဂိတ်တံခါးများအနီး ဆန္ဒပြသူများနဲ့ ရဲတပ်ဖွဲ့များအကြား တွန်းထိုးလုံးထွေးလျှက်ရှိ နေ ကြောင်း၊ ပါလီမန်အဆောက်အအုံအတွင်း ဝင်ရောက်ဖို့အတွက် လွှတ်တော်အမတ်အချို့က တံတိုင်း စည်းရိုး များကို ကျော်တက်လျှက်ရှိကြောင်း တွေ့မြင်ရပါတယ်။ စစ်ရေးအရ တင်းမာမှုရှိနေပေမယ့် အကြမ်းဖက်မှု အထိ တိုးမြင့်ပြောင်းလဲလာခြင်းတော့ မရှိခဲ့ပါဘူး။
..
တောင်ကိုရီးယားရဲ့ ၁၃-ဦးမြောက် သမ္မတ ယွန်ဆတ်ယို (အသက် ၆၃-နှစ်) ဟာ ၂၀၂၂-ခုနှစ် မေလမှာ စတင် အာဏာရရှိခဲ့ပါတယ်။ ဥပဒေပညာရှင် ရှေးရိုးစွဲ လက်ယာယိမ်း ကွန်ဆာဗေးတစ်နဲ့ လစ်ဘရယ်စီးပွားရေးကို အားပေးသူတစ်အဖြစ် လူသိများပါတယ်။ စစ်အေးခေတ်အပြင်းထန်ဆုံးဖြစ်တဲ့ ၁၉၅၀-၁၉၅၃ ခုနှစ် တောင်နဲ့ မြောက်ကိုရီးယားစစ်ပွဲနောက်ပိုင်း မွေးဖွားလာပြီး သမ္မတအဖြစ် တင်မြှောက်ခံရသူ ပထမဆုံးပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။
.
မြောက်ကိုရီးယားနဲ့ စစ်ရေးပြိုင်ဆိုင်နေရပြီး ဒေသတွင်း အိမ်နီးချင်း တရုတ်-ရုရှားတို့နဲ့ ဆက်ဆံရေးပြေလည် စေရန် အားထုတ်နေရတဲ့ တိုင်းပြည်မှာ အစိုးရအဖွဲ့အတွင်း အရှုတ်အထွေးများလည်း ရှိနေပါတယ်။ တကယ် တော့ ၂၀၂၂-ခုနှစ် ရွေးကောက်ပွဲမှာ ယွန်ဆတ်ယိုရဲ့ PPP ပါတီဟာ ၄၇.၈၃% သာ ထောက်ခံမဲ ရရှိခဲ့ပြီး အဲ့ဒီ အချိန်အာဏာရ ဒီမိုကရက်တစ်ပါတီ DP ထက် ဝ.၇% သာ ပိုမိုရရှိခဲ့ခြင်းဖြစ်ပါတယ်။ နိုင်ငံရေး အတွေ့အကြုံ ကင်းမဲ့တဲ့ ရှေ့နေဟောင်း ယွန်ဆတ်ယို သမ္မတဖြစ်လာခြင်းကလည်း သူကလွဲရင် တခြား ရွေးချယ်ရမယ့်သူ မရှိ တော့လို့ဖြစ်ကြောင်း CNN က ရေးခဲ့ပါတယ်။
..
တောင်ကိုရီးယား ဖွဲ့စည်းပုံအရ တစ်ခုတည်းသာရှိတဲ့ လက်ရှိ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၃၀၀ မှာ မဲအများဆုံး ရရှိသူ အနိုင်ယူ FPTP စနစ် ၂၅၄-နေရာရှိပြီး ပါတီအင်အားအလိုက် အချိုးကျကိုယ်စားပြု PR စနစ် ၄၆ နေရာတို့ပါဝင်ပါတယ်။ ကျန်ရာထူးသက်တမ်း ၄-နှစ်ရှိတဲ့ သမ္မတဟာ နိုင်ငံတော်ရဲ့ အထွတ်အထိပ်ဖြစ်ပြီး သူ့ရဲ့ နောက်မှာ ဝန်ကြီးချုပ်နဲ့ အစိုးရဝန်ကြီးများရှိပါတယ်။ အတိုက်အခံ မဟာမိတ် အဖွဲ့က ၁၉၂-နေရာ ရရှိ ထားပြီး PPP ပါတီက ၁၀၈ နေရာနဲ့ အခက်တွေ့နေရတဲ့အစိုးရအဖွဲ့မှာ ယွန်ဆတ်ယိုဟာ ခေါင်းဆောင် ဖြစ်နေပါတယ်။
..

Thae Thae🇲🇲🇲🇲🇲🇲

04 Dec, 03:29


ဂါဇာရှိ ဓားစာခံများ ပြန်မလွှတ်လျှင် ငရဲကဲ့သို့ ရင်ဆိုင်ရမည်ဟု ထရမ့်ပြော

CNI International News

ဝါရှင်တန်၊ ဒီဇင်ဘာ ၄

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က မိမိသမ္မတအဖြစ် စတင်ရုံးထိုင်မည့် ဇန်နဝါရီ ၂၀ ရက်မတိုင်မီ ဂါဇာတွင် ဖမ်းဆီးခံထားရသည့် ဓားစာခံများကို လွှတ်ပေးခြင်းမရှိပါက အားလုံး ပြဿနာတက်သွားမည်ဖြစ်ပြီး ငရဲကဲ့သို့ ရင်ဆိုင်ရမည်ဟု ပြောဆိုလိုက်ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ဒီဇင်ဘာ ၂ ရက်က ထုတ်ပြန်သည့် အဆိုပါ ကြေညာချက်သည် ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး အင်အားအပြင်းထန်ဆုံး သတိပေးချက် ဖြစ်လာခဲ့သည်။

Websiteတွင်ဖတ်ရှုရန်.......https://cnimyanmar.com/index.php/political-2/politics-local/26015-2024-12-04-03-05-56

Source: အယ်လ်ဂျာဇီးယား

Thae Thae🇲🇲🇲🇲🇲🇲

04 Dec, 03:16


အဲလို လေတပ် နဲ့ ရေတပ် ပူးပေါင်းဆင်နွဲဖို့လည်း ပြင်ဆင်ထားပါတယ် ။

ယခု ဖော်ပြပါ စစ်သဘော်အများစု ရဲ့ နည်းပညာများသည် အရှေ့အုပ်စုရဲ့ နည်းပညာများသာ ဖြစ်နေပါသေးတယ် ။ မြန်မာတပ်မတော်အတွက် အနောက်အုပ်စုက လက်နက်ဝယ်ယူမှု ပိတ်ပင်ထားလို့ စစ်ရေယာဥ်နဲ့ ပတ်သက်တဲ့ အနောက်နည်းပညာတွေ သိပ်မရထားတဲ့ မြန်မာ့တပ်မတော်ဟာ တမျိုးကြံစည်ပြန်ပါတယ် ။

အဲဒါကတော့ တောင်ကိုရီးယားကနေ တဆင့် သဘော်တည်ဆောက်ခိုင်းတဲ့ နည်းပါပဲ ။
Makassar class LPD ကို မုတ္တမ ဆိုတဲ့ အမည် နဲ့ တပ်တော်ဝင်တဲ့ အချိန် မှာ သူသည် မြန်မာ့တပ်မတော် ရေ အတွက် အကြီးမားဆုံး သဘော်အဖြစ် မှတ်တမ်းဝင်ခဲ့ပြန်ပါတယ် ။

ဒေသတွင်းမှာ မြန်မာ့တပ်မတော် ရဲ့ နှစ်စဥ် တပ်တော်ဝင်နေတဲ့ ပြည်တွင်းထုတ် အမျိုးအစား အမျိုးမျိုး အတွက် အိမ်နီးချင်း နိုင်ငံတွေ မျက်ခုံးလှုပ်နေသလို ကမ္ဘာ့နိုင်ငံကြီးတွေကလည်း မျက်စေ့လည်နေကြပါတယ် ။

အထူးသဖြင့် အနောက်အုပ်စုဟာ သူတို့ ပိတ်ဆို့နေတဲ့ ကြားထဲက မြန်မာ့တပ်မတော်ရဲ့ တရိပ်ရိပ် တက်နေတဲ့ စစ်အင်အား နဲ့ တဟုန်ထိုး မြှင့်မားလာနေတဲ့ နည်းပညာတွေ အတွက် အံ့သြမဆုံး ဖြစ်နေကြမှာ အသေအချာပါ ပဲ ။

မြန်မာ့တပ်မတော် ရဲ့ ကြည်း ရေ လေ တပ်ပေါင်းစု လေ့ကျင့်ပွဲကြီးကို ပုသိမ်မှာ အကြီးအကျယ် ပြုလုပ်ပြခဲ့ပါတယ် ။ နိုင်ငံတကာမှ စစ်သံမှူးများ ၊ လက်နက်လေ့လာကျွမ်းကျင်သူများ နဲ့ နိုင်ငံတကာ မီဒီယာများ တက်ရောက်ခဲ့ကြပါတယ် ။

ပွဲပြီးတဲ့အခါ တပ်ချုပ်ကြီးအား အင်တာဗျူးကြရာမှာ ယခု ပြပွဲကြီးဟာ ကြီးကျယ်ခမ်းနားလွန်းလှပါတယ် ဆင်းရဲတဲ့ မြန်မာပြည်ဟာ ဒီ ပစ်ခတ်ပြတဲ့ ခဲယမ်း အစစ်တွေ အတွက် ငွေကြေးကုန်ကျမှု ဘယ်လောက် သုံးစွဲခဲ့ရပါသလဲ ဆိုပြီး နှိမ်ချမေးမြန်းကြပါတယ် ။

တပ်ချုပ်ကြီးကတော့ သူ့ထုံးစံ အတိုင်း မထိတထိ ချိုသာတဲ့ အပြုံးနဲ့ ပြန်ပြောလိုက်တာ စစ်သံမှူးတွေပါ မျက်လုံးပြူးသွားကြရပါတယ် ။ တပ်ချုပ်ကြီး ပြန်ဖြေတာက ရိုးရိုးလေးပါ

"ဒီကနေ့ ပွဲ အတွက် အသုံးပြုခဲ့တဲ့ လက်နက် ခဲယမ်းတွေရဲ့ 90 % ဟာ ပြည်တွင်းထုတ်တွေမို့ ကုန်ကျစရိတ် အနည်းငယ်ပဲ ရှိပါတယ် ''

ဒီစကားဟာ မြန်မာတပ်မတော်သည် မိမိအင်အားကို တစွန်းတစ လှစ်ဟပြလိုက်တဲ့ အကွက်ပဲ ဖြစ်ပါတယ် ။ အဲဒီပွဲစဥ်အပြီး အိမ်နီးခြင်းတွေ နဲ့ ဒေသတွင်းမှာ လှုပ်ခတ်မှု ကြီးကြီးမားမား ဖြစ်သွားပြီးနောက် ကမ္ဘာကပါ မြန်မာကို စောင့်ကြည့်ရမယ့် အနေအထားတခုကို မြန်မာ့တပ်မတော် ရေ က လုပ်ပြလိုက်ပြန်ပါပြီ ။

အဲဒါကတော့...........

ကိုရွှေမျိုးဝင်း

Thae Thae🇲🇲🇲🇲🇲🇲

04 Dec, 03:16


မမေ့သင့်တဲ့ တချိန်က မြန်မာ့ရေတပ် (7)
==============================

မြန်မာ့ရေတပ်ဟာ F 14 အတွက် အကောင်းဆုံး တည်ဆောက်ခဲ့ကြပါတယ် ။ ရေဒါစနစ်အတွက် တိကျတဲ့ ဒေါင့်ချိုးတွေ နဲ့ တည်ဆောက်ရတဲ့အပြင် ရေဒါလှိုင်းစုပ်ယူမယ့် ဆေးတွေကိုလည်း (အဆိပ်ပြင်းသတ္တိပါဝင်) လိုအပ်တဲ့ ဒုအထူ ရအောင် အကြိမ်ကြိမ် သုတ်ခဲ့ကြရပါတယ် ။

နောက် မျက်မြင်ထောက်လှမ်းခြင်းအတွက် နောက်ခံပင်လယ် နဲ့ ကောင်းကင် အရောင် တို့နဲ့ ရောထွေးပျောက်ကွယ် စေမယ့် အရောင်ကို စနစ်တကျ ဆေးစပ်ကြရပါတယ် ။

နောက် အပူလှိုင်းကနေ ခြေရာခံမရစေရန် အင်ဂျင်ကြီး တခုလုံး နဲ့ အပူထွက် လမ်းကြောင်း မှန်သမျှကို အအေးလှိုင်း gas များ လွှတ်ထားတဲ့ သံပိုက်ခွေတွေနဲ့ အထပ်ထပ် ဖုံးကာ ထားကြရပါတယ် ။

အသံလှိုင်း ထောက်လှမ်းမှုမှ ကာကွယ်ရန် အင်ဂျင်သံအား ဆိုင်လင့်ဇာ များစွာနဲ့ တပ်ဆင် ဖုံးဖိထားရသလို နောက်ဆုံး အရေးကြီးတဲ့ ပန်ကာသံအတွက် ဒီဇိုင်းခုတ်ထွင်းမှုပေါင်း ရာချီ စမ်းသပ်ပြီးမှ စိတ်တိုင်းကျ ဒီဇိုင်းရရှိကာ အဆိုပါ ပန်ကာအား ရာဘာအုပ်လိုက်ဖြင့် ဆူညံသံများ တိုးတိတ်စေခဲ့ပါတယ် ။

လက်နက် စနစ်တွေကတော့ ကိုယ်တိုင် မတီထွင်နိုင်သေးတဲ့ အတွက် ပြည်ပမှသာ ဝယ်ယူတပ်ဆင်နိုင်ခဲ့ကြပါသေးတယ် ။

မည်သို့ပင် ဆိုစေကာမူ မြန်မာ့တပ်မတော် ရေ အတွက် ဒေသတွင်းမှာ ပထမဆုံးသော ကိုယ်ပျောက် ဖရီးဂိတ် ထုတ်လုပ်နိုင်တဲ့ တိုင်းပြည်အဖြစ် ဂုဏ်ယူဝံ့ကြွားနိုင်ခဲ့တာ F 14 ဆင်ဖြူရှင်ကြောင့်ပဲ ဖြစ်ပါတယ် ။

ဒီနေရာမှာ ကိုယ်ပျောက်လို့ တင်စားကြတာက မျက်စိအောက်ကနေ ဖျက်ကနဲ ပျောက်သွားလို့ မဟုတ်ပါဘူး ၊ အစောက စနစ်တွေ အားလုံးဖွင့်ပြီး အသုံးပြု ခုတ်မောင်းလိုက်ရင် ထောက်လှမ်းဖို့ ခက်ခဲလို့ တင်စားခေါ်ဝေါ်ကြခြင်းသာ ဖြစ်ပါတယ် ။ ဆင်ဖြူရှင်ရဲ့ အကြမ်းဖျင်း ပုံရိပ်ကတော့

- စစ်ရေယာဉ်အမျိုးစား
- ပဲ့ထိန်းဒုံးပျံတင်ဖရီးဂိတ်

- တန်ချိန်
- ၃၀၀၀ တန်ခန့်

- အလျား
- ၁၀၈ မီတာ

- အကျယ်
- ၁၃.၅ မီတာ

- ရေယာဉ်အမှု့ထမ်း
- ၁၆၀ ဦးခန့်

- ရေယာဉ်တွန်းကန်အား
- Combine Diesel engine
စနစ် and Diesel engine

- ရေယာဉ်အမြန်နှုန်း
- ၁ နာရီ ရေမိုင် ၃၀ နှုန်း
( ၅၆ ကီလိုမီတာ)

- စစ်ဆင်နိုင်မည့်
- ၃၈၀၀ မိုင်ခန့်

- ရေဒါစနစ်များ
- RAWL 02 Mk-2A L-band
2D search radar
- Type - 362 ပစ်လမ်းညွှန်ရေဒါ
- Type - 347G ပစ်မှတ်ညွှန်ရေဒါ ၂ စုံ

- ဆိုနာစနစ်များ
- BEL HMS - X hull
mounted sonar

- တန်ပြန်စနစ်များ
အီလက်ထရောနစ်တိုက်
ခိုက်ရေး Jammer
- HZ-100 ECM & ELINT

- ပစ်မှတ်တုဖန်တီးစနစ်(၄)စုံ

- ပင်မအမြှောက်စနစ်
- Oto Malara super rapid
Naval gun ( ၁ )လက်

- သင်္ဘောချင်းပစ်ခတ်
- C -802 ပဲ့ထိန်းဒုံးပျံ( ၈ )စင်း

- လေကြောင်းရန်
- Igla တာတိုဒုံးပျံ ( ၆ )စင်း


- အနီးကပ်ခွင်းစနစ်
၁၄.၅ မမ ဆုံလည်ပစ်စနစ် ၃စုံ
( ၂ )စုံ

- ရေအောက်ရန် -
၃၂၄ မမ ၃ လုံးတွဲ တော်ပီတိုပစ်စင် ( ၂ )စုံ


-RBU-၁၂၀၀ ရေအောက်ပစ်
ရော့ကတ်စနစ် ( ၂ )စုံ

- ရေတပ်ဆိုင်ရာ
ရဟတ်ယာဉ်ကွင်း ( ၁ )ခု

- အပေါ့စားရဟတ်ယာဉ် ( သို့မဟုတ် )
အလတ်စားရဟတ်ယာဥ်

ဆင်ဖြူရှင်ကို အိန္ဒိယရေတပ်ထံသို့ အလည်အပတ် စေလွှတ်ရာမှာ စစ်ရေယာဥ် ကျွမ်းကျင်သူတွေ တက်ရောက်လေ့လာကြပြီး အဆင့်မှီ ဖရီးဂိတ် အဖြစ် သတ်မှတ်ကြကာ မြန်မာ့တပ်မတော် ရေ ရဲ့ သဘော်တည်ဆောက်မှု အတတ်ပညာကို အသိအမှတ် ပြုခဲ့ကြပါတယ် ။

ဒေသတွင်း လှုပ်ခတ်သွားတဲ့ ဆင်ဖြူရှင် တပ်တော်ဝင်ပွဲ ပြီးနောက် တပ်မတော် ရေ အတွက် ဖရီးဂိတ် ၅ စီး ရှိနေပြီး ဖြစ်ပါတယ် ။

ယင်း ဖရီးဂိတ် ၅ စီး နဲ့ အတူ အခြား အခြွေအရံ စစ်ရေယာဥ်တွေ ဖြစ်တဲ့ PVP ၊ ကော်ဗက် နဲ့ အခြား ရေယာဥ် အသေးစားများ အပြင် ထောက်ပံ့ရေး ရေယာဥ်တွေပါ အင်အားပြည့်မှီအောင် ဖြည့်တင်း တည်ဆောက်ခဲဲ့ကြရပါတယ် ။

လိုင်းပေါ်မှာ အဖွခံရတဲ့ မြစ်ကြီးနား ထောက်ပို့ယာဥ်ဆိုတာ စီးပွားတွက်ချေ မကိုက်လို့ ရပ်နားထားတဲ့ အရပ်ဖက် ကမ်းရိုးတန်းသွား သဘော်ကို အင်အားလိုအပ်ချက်အရ အကြီးစားပြုပြင်ပြီးမှ ဖြည့်စွက်ခဲ့တာပါ ။

ရေတပ်ကို အင်အားဖြည့်တင်ရာမှာ လေကြောင်းအထောက်အကူ ဖြစ်စေရန်အတွက် JF 17 တွေ 16 စင်း ဝယ်ခဲ့ပါတယ် ။ JF 17 မှာ C 802 AK သင်္ဘောဖျက်ဒုံးကျည်စနစ်ပါ ပါဝင်နေလို့ ပင်လယ်ပြင်စိုးမိုးရေး အတွက် အင်မတန် အားကိုးရပါလိမ့်မယ် ။

နောက်ထပ် တပ်တော်ဝင်ထားတဲ့ ATR 42 လေယာဥ်တွေဟာ
အဆိုပါလေယာဉ်များတွင် ရေငုပ်သင်္ဘောတိုက်ဖျက်ရေး ရဟတ်ယာဉ်များကဲ့သို့ Airborne sonar များ Aerial torpedo များ တပ်ဆင်ကာ ရေငုပ်သင်္ဘောရှာဖွေရေး ( submarine hunting ) များလုပ်ဆောင်နိုင်ကြသည် ။

Thae Thae🇲🇲🇲🇲🇲🇲

03 Dec, 15:53


ဒီမိုကရေစီကာကွယ်ခြင်းဘာညာကွိကွ စသည့်အကြောင်းပြချက်ဖြင့် တောင်ကိုရီးယားကိုကော ဆန်ရှင်လေးဘာလေး မလုပ်ချင်ကြဘူးလားဟု အီးယူနှင့် အနောက်အုပ်စုကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မေးခွန်းထုတ်။

* အစ္စရေးကိစ္စအပြင် အနောက်အုပ်စု၏ မျက်နှာပြောင်တိုက် နားလှည့်ပါးရိုက်မှု တဖက်သတ်ဝေဖန်ပြစ်တင် ဘက်လိုက်မှုများ ပိုမိုထင်ရှားစွာပြသလာသည့် ဖြစ်ရပ်သစ်။

Thae Thae🇲🇲🇲🇲🇲🇲

03 Dec, 15:53


တောင်ကိုရီးယားလွှတ်တော်၌ စစ်အုပ်ချုပ်ရေးတပ်များနှင့် အတိုက်အခံအမတ်များအကြား ပဋိပက္ခဖြစ်ပွားနေပြီး စစ်တပ်ရဟတ်ယာဥ်အများအပြား ဆိုးလ်မြို့ ကောင်းကင်ယံသို့ ရောက်ရှိလာ။

Thae Thae🇲🇲🇲🇲🇲🇲

18 Nov, 03:23


ဟိုအရင်ချိန်တွေတုန်းက
လူရာအသွင်းမခံရတဲ့
တိုင်းရင်းသားသူပုန်တွေက
ဗမာလူမျိုးPDF တွေကို
လူမျိုးရေးခွဲခြားပြီး
နှိပ်စက်တာတွေ
တွေ့ရတော့လည်းရင်နာရတယ်။
ဘာလို့ဆို ကိုယ်တွေက
ဗမာ ဖြစ်နေလို့ပဲ။

Thae Thae🇲🇲🇲🇲🇲🇲

18 Nov, 03:06


အကြမ်းဖက် KIA အဖွဲ့မှ အရာရှိဆိုသူက အကြမ်းဖက် NUG လက်အောက်သို့မ၀င်ဘဲ တစ်စင်ထောင်နေတဲ့ BNRA ပုလဲနဂါးရဲ့တပည့် ပဒပ်တွေကို ပါးရိုက်တဲ့အပြင် ခြေထောက်နဲ့ကန်ပြီး အနိုင်ကျင့်။

ဒါ့အပြင် မင်းတို့ ဗမာကောင်တွေကို အယုံအကြည်မရှိဘူးဟု KIA ကကောင်က ပြောသည့်အတွက် ပြဿနာတက်နေ။

ကဲ ပဒပ်တွေရေ မင်းတို့ဆိုသည်မှာ အသုံးချခံသပ်သပ်ပဲဆိုတာသဘောပေါက်သင့်နေပြီ။

မှိုင်းဝေ

Thae Thae🇲🇲🇲🇲🇲🇲

18 Nov, 02:58


တစ်ကမ္ဘာလုံးက
လက်ခံထားကြတဲ့
တိုင်းပြည်တစ်ခုရဲ့
တည်ဆဲအစိုးရတစ်ရပ်လေကွာ
ဒရုန်းထက်သာလွန်တဲ့
မထင်မှတ်ထားတာတွေ
လာအုံးမယ်😎😎😎

Thae Thae🇲🇲🇲🇲🇲🇲

18 Nov, 02:50


အိမ်ဖြူတော်က မထွက်ခွာခင် ၂ လအလိုမှာပဲ ဘိုင်ဒင်ဟာ ယူကရိန်းကို တာဝေးပစ်ဒုံးကျည်တွေ အသုံးပြုခွင့်ပေးသွားဖွယ်ရာ ရှိနေတယ်လို့ သိရပါတယ်။ အမေရိကန်မီဒီယာတွေကတော့ ဒါကို အတည်ပြုဖော်ပြနေပြီဖြစ်ပြီး အိမ်ဖြူတော်ကတော့ တစုံတရာမှတ်ချက်မပေးသေးပါဘူး။

အစောပိုင်းမှာ အမေရိကန်ဟာ ယူကရိန်းကို အဆိုပါလက်နက်တွေ အသုံးပြုခွင့် ပိတ်ပင်ထားတာပါ။ ရုရှားပိုင်နက်ထဲအထိ ပစ်လွှတ်နိုင်မယ့် ဒုံးကျည်တွေကို အသုံးပြုခွင့်ပေးဖို့ ယူကရိန်းက အစဉ်တစိုက်တောင်းဆိုနေခဲပြီး ရာထူးကနေ မစွန့်ခွာခင်မှာ ဘိုင်ဒင်ဘက်က လုပ်ပိုင်ခွင့်ပေးဖို့ရာ ရှိလာတာပါ။

ပူတင်ကတော့ အဆိုပါလက်နက်တွေကို အသုံးပြုခွင့်ပေးမယ်ဆိုရင် ဒါဟာ စစ်ပွဲအတွင်း နေတိုးအဖွဲ့ပါ တိုက်ရိုက်ပါဝင်တယ်လို့ ယူဆမှာဖြစ်ကြောင်း သတိပေးထားပါတယ်။ သတင်းတွေထွက်ပေါ်နေတဲ့အတိုင်းသာ တကယ်ဖြစ်လာမယ်ဆိုရင် ဒီပဋိပက္ခဟာ ပိုမိုကြီးထွားလာဖို့ရှိသလို စစ်နယ်ပယ်လည်း ကျယ်ပြန့်လာဦးမှာဖြစ်ပါတယ်။

NOM

Thae Thae🇲🇲🇲🇲🇲🇲

18 Nov, 02:48


ကွက်ခိုင်
Tnla များကို ဗုံးကြဲရှင်းလင်း

Ps/ နမ့်ဆန်နဲ့ နမ္မတူကို ဘာလို့ မကြဲသေးတာလဲ
ပလောင်တွေက သူတို့ မသေဘူးချည်းပဲပြောနေတယ်
ဒီတော့ သူတို့ များတဲ့နေရာ ကြဲရမယ်မဟုတ်လား။

Thae Thae🇲🇲🇲🇲🇲🇲

18 Nov, 02:44


ရုရှားနွယ်ဖွားရှေ့နေတဦးဖြစ်တဲ့ Boris Epshetyn ဟာ ထရမ့်အစိုးရလက်အောက်မှာ ယူကရိန်းစစ်ပွဲအတွက် ငြိမ်းချမ်းရေးအထူးသံတမန်ဖြစ်လာဖွယ် ရှိနေပါတယ်။ သူကိုယ်တိုင်ကလည်း အဆိုပါတာဝန်ကို ရယူချင်နေတယ်လို့ သိရပါတယ်။

သူဟာ ထရမ့်ရဲ့ ၂၀၁၆ ရွေးကောက်ပွဲစည်းရုံးရေးတုန်းက အကြီးတန်းအကြံပေးအဖြစ် တာဝန်ယူခဲပြီး ၁၉၉၃ တုန်းက အမေရိကန်ကို ပြောင်းရွှေ့နေထိုင်ခဲ့သူပါ။ တရားဝင်ရာထူး မရသေးပေမယ့် ထရမ့်ရဲ့ အတွင်းစည်းမှာ ဩဇာကြီးမားတဲ့သူအဖြစ် ရှိနေပြီး Matt Gaetz ကို ရှေ့နေချုပ်ဖြစ်လာစေဖို့အတွက် တိုက်တွန်းခဲ့သူလို့လည်း သိရပါတယ်။

NOM

Thae Thae🇲🇲🇲🇲🇲🇲

18 Nov, 02:29


မတ္တရာမြို့နယ် ရွှေဘိုးကြီးကျေးရွာတွင် pdfများအင်အားများဖြင့်အခြေပြုလျှက်ရှိကြောင်းသတင်းရရှိ ၎င်းရွာမရောက်မီ စောက်ချုံပေါက်ကျေးရွာတွင်လည်းအဖွဲ့ခွဲ၍အခိုင်အမာတပ်စွဲထား ၎င်းရွာနှစ်ရွာအားလေ‌ကြောင်းရေကြောင်းဖြင့်ရှင်းလင်းသင့်

https://t.me/kyawwinmaung413

Thae Thae🇲🇲🇲🇲🇲🇲

17 Nov, 15:20


(ဦးမျိုးဝင်းတင်ထားတဲ့
ရခိုင်သတင်းPost အောက်က
မန့် )

#ထွန်းမြတ်နိုင်ဟာ ရခိုင်စစ်ရဲ့လား
သူ့အလိုကျ၁၃ ၄နှစ်နဲ့အထက်
လူငယ်လေးတွေ လူလတ်ပိုင်းတွေ
သေပေးနေရတယ် ဒီလောက်နဲ့တင်ရခိုင်မျိုးဆက်ပြတ်ဖို့ သေခြာနေပြီ
ပိုစ်တခုမှဖတ်လိုက်ရတာက
ရခိုင်ဖက်ကစစ်ပြန်တယောက်ပြောပြတာ
သူစျေးဝယ်နေကျမိန်းမကြီး လက်ပြစ်ဗုံးတွေကိုင်ပြီးတက်လာတယ်တဲ့
လူကြည့်တော့ကြောင်စီစီဖြစ်နေသတဲ့
စျေဝယ်ရင်းစကားပြောမိသ၍သဘောထားပြည့်ဝသူလဲဖြစ်
သူ့မှာသားသမီးတွေလဲရှိနေတာမို့လို့
မပြစ်ရက်တာနဲ့မပြစ်ပဲပြန်ဆုတ်လာခဲ့ရတယ်တဲ့ သားသမီးတွေကိုဖမ်းပြီးခြိမ်းချောက်ကာဆေးကြွေးပြီးတက်ခိုင်းတာဖြစ်မယ်လို့သုံးသပ်ရတယ်

တပ်မတော်သားတွေဆိုတာအကြမ်းဖက်တွေမဟုတ်ပဲနှစ်လုံးသားရှိသူတွေ ဖြစ်သလို နိုင်ငံတကာစစ်ဥပဒေတွေလိုက်နာကြရသူတွေ
လူစိတ်အပြည့်ရှိသူတွေ
ဆိုတော့ မပြစ်ရက်တာမဆန်းပါဖူး


အခုသတင်းမှာလဲ မိန်းမချည်း၁၅၀လောက်ဆိုတော့
တပ်မတော်သားများရဲ့အားနဲချက်ကိုအသုံးချစစ်တိုက်တာပဲ
မိန်မကျင့်မိန်းမကြံယုတ်မာတဲ့အလုပ်တွေကိုတချိန်ကဗကပတွေလဲလုပ်ဖူးတယ် ကလေးသူငယ်တွေကိုလက်ပြစ်ဗုံးပေးပြီးတက်ခိုင်းကြတာ
ပြန်လှည့်ရင်နောက်ကပြစ်သတ်တယ်
တပ်မတော်သားတွေခမျှမပြစ်လို့လဲမဖြစ်တော့မျက်စေ့မှိတ်ပြီးရင်နာနာနဲ့ပြစ်ခဲ့ရတယ်
အခု ထွန်းမြတ်နိုင်တို့AAက ဗကပ ထက်ဆိုဝါးယုတ်မာပုံက မိန်းမတွေကို
ရှေ့တင်တိုက်တာပဲ
တပ်မတော်က
မဖြစ်မနေပြစ်ရရင် သေကုန်မယ်ဆိုတော့ လူမျိုးတုန်းသတ်နေတယ်လို့ပြောလို့ရတယ်
ပြစ်ပြီးဆုတ်သွားရင်လဲသေနေတဲ့မိန်းမတွေပုံတင်ပြီးစစ်ရှောင်စခန်းအတိုက်ခံရလို့သေတယ်လို့ဝါဒဖြန့်အုံးမယ်
ယုတ်မာမှုကကမ်းကုန်နေပါပြီ

#KKZ

Thae Thae🇲🇲🇲🇲🇲🇲

17 Nov, 15:07


#ခံစစ် တိုက်စစ်

လေယာဥ်လာရင် လျှိုထဲကို
ပြန်ရှင်းပြေးကြသတဲ့။အဲဒီတော့
လျှိုထဲကို ကျဲချလိုက်ပေါ့လို့
အကြံပေးလိုက်ပါတယ်။

ဒီကာလမှာ လေယာဥ်ထက်စာရင်
လူကို အတိုင်းသားမြင်ရပြီး
ခေါင်းပေါ်ကို တိုက်ရိုက်ကျဲချလို့
ရတဲ့ မောင်းသူမဲ့ ဒရုန်းတွေကို
ပိုသဘောကျမိတယ်။

ဒရုန်းအစီး ၂၀ လောက်
ရန်သူ့ ခေါင်းပေါ်မှာ အမြဲတမ်း
ပတ်ဝဲထားလိုက်ရင် လူသွားစရာ
မလိုတော့ဘူး ။စပါယ်ရှယ်ကျဲချ
နေရုံပဲ။

အရင်တုန်းကလို ဝက်ခေါင်းထိုး
ဗျူဟာနဲ့ အတင်းကျားထိုးစရာ
မလိုတော့ဘူး။ဘယ်ဘက်က တိုက်
ညာဘက်တိုက် ရှေ့တည့်တည့်က
တိုက် ဆိုတဲ့ ဗျူဟာတွေ
ဟာ လည်း ခေတ်နောက်ကျကျန်
ခဲ့ပြီ။

ရန်သူ့ ခေါင်းပေါ်တည့်တည့်ကို
ဒရော့ဗုံးနဲ့ကျဲချ၊ ရန်သူ့ ရေ ရိက္ခာ
လက်နက်ခဲယမ်းနေရာ တွေ
အုပ်ချုပ်ထောက်ပံ့မှု ၊ စုဖွဲ့မှု
လုပ်မယ့်နေရာတွေကို အပျင်းပြေ
ဗုံးသွားကျဲချနေရုံနဲ့ အချိန်တန်ရင်
သွားကောက်စားလိုက်ရုံပါပဲ။
ခေတ်ရဲ့ စစ်နည်းဗျူဟာ ဒီလို
ပြောင်းလဲလာတာ တွေ့ ရတယ်။

နည်းပညာအခြေပြု စစ်ပွဲတွေမှာ
Man Power ကို ချွေတာလို့ရပါ
တယ်။

ကုန်အောင်ပြောရရင် ခံစစ်အသေ
တွေဟာ ရန်သူ့ ပစ်မှတ်အသေတွေ
ဖြစ်လာနေလို့ ခံစစ်အရှင်ထားဖို့
လိုသလို တိုက်စစ် ဟာ ခံစစ် ထက်
အားသာလာတဲ့ ခေတ်ဆီကို
ရောက်လာနေပြီ။

တစ်ချိန်က ဘယ်စစ်ကျောင်းကြီး
တွေ ပဲ သွားတက်တက် ၊ သွားသင်သင်
တိုက်စစ် ဟာ ခံစစ် ထက် ၃ ဆအင်အား
များမှ တိုက်လို့ ရတယ် ဆိုတဲ့ စစ်ရေး
အယူအဆ ဟာ အခုပြန်ပြင်ရတော့
မယ်လို့ ယူဆမိပါတယ်။

ဒါတောင် ကျွန်တော် CC တက်စဥ်က
War Game မှာ ကွန်ပျူတာထဲ ကို
၃ ဆ တစ်ဆ နဲ့ ကျွန်တော်စိတ်ကြိုက်
ခံစစ်ပြင်ပြီး တိုက်ကြည့်တာ တိုက်စစ်
က ခံစစ်ကို မနိုင်ဘူး ဆိုတာသွားတွေ့
ရပါတယ်။

တိုက်စစ် ခံစစ် ၃ ဆ ၁ ဆ
ဆိုတဲ့ စစ်ရေးအယူဆ ဟာ ၁၈၆၀-၆၅
အမေရိကန် ပြည်တွင်းစစ်နောက်ပိုင်းမှ
ပေါ်လာတဲ့ စစ်ရေး အယူအဆ လို့
ပညာရှင်တွေ က ပြောကြတယ် ။ဒါကို
ဒုတိယမျိုးဆက်စစ်ပွဲ ရဲ့ အဖြောင့်
သဏ္ဍန်လွတ် စစ်နည်းဗျူဟာရဲ့ အစပျိုးမှု
လို့ လည်း ဆိုကြပါတယ်။

ဒီအယူအဆ ကို အခုထိ လက်ခံထား
ကြတုန်းပါပဲ။

အခုကအဲဒီလို မဟုတ်တော့ဘူးလို့
ကျွန်တော် မြင်လာပါတယ်။

မောင်းသူမဲ့ ဒရုန်းတွေ ကြောင့် တိုက်စစ်
ဟာ ခံစစ် ထက်ပိုပြီး အားသာလာပါတယ်။

ဒရုန်းတစ်စီး ခေါင်းပေါ်ကို ဖြတ်ပျံနေရုံနဲ့
စစ်ကြောင်းတစ်ကြောင်းလုံးကို အလုပ်
ရှုပ်အောင် လုပ်နိုင်နေတာ တွေ့ ရတယ်။

မောင်းသူမဲ့ ဒရုန်းတွေဟာ ခေတ်လွန်
လက်နက်တွေ နည်းပညာစစ်သားတွေ
လည်း ဖြစ်လာနေတယ်။

ဒီထက်ပိုပြီး ဈန်းတင်ရရင်တော့
နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ သတ္တမမြောက်
စစ်လက်နက် ပစ္စည်း မျိုးဆက်ကျရင် လူနေရာ
မှာ စက်ရုံတွေနဲ့ အစားထိုးတိုက်မယ်ဆိုပြီး
ရည်မှန်းထားကြတာဖြစ်လို့ မောင်းသူမဲ့
ဒရုန်းတွေ ဟာ သတ္တမ မျိုးဆက်လက်နက်
တွေရဲ့ ရှေ့ပြေးနိမိတ် တွေ ဖြစ်သလို
သတ္တမ မျိုးဆက် လက်နက် ဆိုရင်လည်း
မှားမှာ မဟုတ်ပါ။

ဒါကြောင့် မောင်းသူမဲ့ ဒရုန်းတွေ ကို
လည်း ရဲဘော်သစ်စုသလို စုဆောင်းပြီး
တိုက်ပွဲဝင် နိုင်အောင်ပြင်ထားမှ သာ
ပစ္စုပ္ပန် အနာဂတ် စစ်ပွဲတွေရဲ့ စိန်ခေါ်မှု
တွေ ကို ကျော်လွှားနိုင်မှာဖြစ်ကြောင်း နဲ့
ဒီဒရုန်းတွေ ကြောင့်ပဲ တိုက်စစ် ဟာ
ခံစစ် ထက် အားသာတဲ့ ခေတ်ဆီကို
ရောက်လာနေပြီ ဖြစ်ကြောင်း အကြံပြု
လိုက်ရပါတယ်။

#အောင်နိုင်သူ

Thae Thae🇲🇲🇲🇲🇲🇲

17 Nov, 14:55


ငါတို့ နိုင်နေပြီဆို
ဘာလို့ ဖျက်
နိုင် မနိုင် အဲ့မှာ အဖြေပေါ်တာပဲ

Thae Thae🇲🇲🇲🇲🇲🇲

17 Nov, 14:33


၁၇-၁၁-၂၀၂၄ ဖားကန့်ဒေသ
လုံးခင်းမှာ KIA များက ဆက်ကြေးမပေးလို့ဟုဆိုကာ အချင်းများပြီး
မီးရှို့မှု့ဖြစ်ပွါး

Thae Thae🇲🇲🇲🇲🇲🇲

17 Nov, 14:32


လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တောင်ပိုင်း လူနေရပ်ကွက်များကို အစ္စရေးက လေကြောင်းမှ ဆက်လက်တိုက်ခိုက်။

Thae Thae🇲🇲🇲🇲🇲🇲

08 Nov, 17:50


မှန်လိုက်တဲ့ ဗေဒင်ဆာရီး😆😆😆

Thae Thae🇲🇲🇲🇲🇲🇲

08 Nov, 17:38


သမ္မတထရမ့်၏စံအိမ်​တော်ကိုလုံခြုံ​ရေးတင်းကျပ်
NOM
လာမည့်၂၀၂၅ခုနှစ်ဇန်နဝါရီလတွင်သမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်ပြီးလက်ရှိတွင်ဖ​လော်ရီဒါရှိမာအာလာဂိုစံအိမ်တွင်​နေထိုင်သည့်​ဒေါ်နယ်ထရမ့်အတွက်လုံခြုံ​ရေးအထူးတင်းကျပ်ထားသည်။ကုန်းပေါ်တွင်စက်ရုပ်​ခွေးများကကင်းလှည့်​နေသလို​ရေပြင်တွင်လည်း​သေနတ်တင်အမြန်သွားကင်းလှည့်သင်္ဘောများဖြင့်​စောင့်ကြတ်လျက်ရှိသည်။ထရမ့်ကသူသမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆိုပြီးသည်နှင့်အ​မေရိကန်​မြေ​ပေါ်တွင်​မွေးဖွားသူများအလိုအ​လျောက်အ​မေရိကန်နိုင်ငံသားဖြစ်ခွင့်ကိုရုပ်သိမ်းမည်ဟုကြိမ်းဝါးထားသည်။

Thae Thae🇲🇲🇲🇲🇲🇲

08 Nov, 16:19


ဒေါနယ်ထရမ့် သမ္မတတာဝန်မယူမီ နယ်စပ်ဖြတ်ကျော် ခိုးဝင်ရန်
အမှီပြေးလာကြသည့် လူအုပ်ကြီးကို
မက္ကဆီကိုတွင် တွေ့ရစဥ်။

Thae Thae🇲🇲🇲🇲🇲🇲

08 Nov, 14:39


အမတ-၃၇၄ (အမ်း)

မနေ့က ရ-သ-အ-တင်:ဝင်လုံ:လို့ ယာ-ယီ-စွ-န့်ခွါပေးလိုက်ရတဲ့ ၃၇၄ ဗဟိုက-င်:ကိုတော့ ပြန်ရပါပြီ။ ဒါပေမဲ့
အရာခံအကြပ်ကြီးရိပ်သာနဲ့ စစ်သည်လူပျိုဘာ:တိုက်တွေထဲမှာ ရ-သ-ရှိနေပါသေးတယ်။ မိ-မိတို့စ-စ်-သ-ည်တွေဟာ ကြိုးစားပြီး ပြန်လည်ရယူပေးကြပါလိမ့်မယ်။

ဒီည၈နာရီခွဲမှာသိရတဲ့ နောက်ဆုံးအခြေအနေပါ။

#ကိုခိုင်ဇော်

နိုဝင်ဘာ(၈) ၂၀၂၄

Thae Thae🇲🇲🇲🇲🇲🇲

08 Nov, 13:00


မိုး တင့် ဆွေ
၈ ၊ ၁၁ ၊ ၂၀၂၄
သော ကြာ ။

Thae Thae🇲🇲🇲🇲🇲🇲

08 Nov, 12:59


“ တ ရား ခံ ဘယ် သူ လဲ “

ကာ မီ လာ ဟဲ ရစ် ရှုံး နိမ့် မှု ကြောင့် သ မ္မ တ Biden ကို ဒီ မို က ရက် တွေ ဝိုင်း အ ပြစ် တင် နေ တယ် လို့ ရိုက် တာ သ တင်း ဌာ န က ဖော် ပြ တယ် ။

Biden က တ ကယ် လည်း အ မှား များ ခဲ့ ပါ တယ် ။ လက် ရှိ က မ္ဘာ ကြီး ပူ လောင် နေ ရ တာ Biden ကြောင့် အ များ ကြီး ပါ တယ် ။

ဩ စ တြေး လျား က ပြင် သစ် ရ ထား တဲ့ ရေ ငုတ် သ င်္ဘော တင် ဒါ ကို ပေါ် တင် ကြီး ဖြတ် ခုတ် သွား က တည်း က စ မှား ခဲ့ တာ နောက် ဆုံး မဲ ဆွယ် တဲ့ အ ချိန် ထိ ထ ရမ့် ကို ထောက် ခံ သူ တွေ က အ မှိုက် ( garbage) တွေ လို့ ပြော တဲ့ ထိ ပဲ ။

Biden က အ မေ ရိ ကန် သ မ္မ တ ဖြစ် လောက် တဲ့ ထိ အ ရည် အ ချင်း မ ရှိ ဘူး ။ ၂၀၂၀ မှာ ထ ရမ့် အ ခြေ အ နေ အ ရမ်း ကောင်း နေ ပြီး ဒု တိ ယ သက် တမ်း သေ ချာ ပေါက် ပြန် ရ မယ့် အ ခြေ အ နေ ရှိ နေ ချိန် မှာ မ ထူး ပါ ဘူး ဆို ပြီး ဒီ မို က ရက် တို့ ရဲ့ Second line up အို ဘား မား ရဲ့ ဒု သ မ္မ တ Biden ကို ထိုး ထည့် လိုက် တာ ။

ပုံ မှန် ဆို လည်း Biden က ထ ရန့် ကို မ နိုင် ဘူး ။ သိ သာ တဲ့ မဲ မ သ မာ မှု တွေ နဲ့ ပြ ဿ နာ တွေ ဖြစ် ပြီး Biden သ မ္မ တ ဖြစ် ခဲ့ တာ ။

သ မ္မ တ ဖြစ် တော့ လည်း သက် တမ်း ၄၀ % ကို အ နား ယူ ခဲ့ တယ် လို့ ဆို တယ် ။

Biden ရဲ့ administration ( အုပ် ချုပ် ရေး ) ကို အို ဘား မား က နောက် ကွယ် က ထိန်း ချုပ် ခဲ့ တာ ။

ပုံ မှန် ဆို သ မ္မ တ ရွေး ကောက် ပွဲ အ တွက် လက် ရှိ သ မ္မ တ Biden က ပဲ ထ ရန့် နဲ့ ဆက် ပြိုင် ရ မှာ ။ သို့ ပေ မဲ့ စ က တည်း က မ နိုင် တဲ့ ထ ရမ့် ကို အ မှား အ များ ကြီး လုပ် ထား တဲ့ Biden ပြိုင် လည်း ရှုံး မှာ ပဲ ဆို တာ သိ လို့ Biden အ စား ကာ မီ လာ ဟဲ ရစ် ကို လက် ပူ တိုက် ပြီး အ စား ထိုး လိုက် တာ ။

Biden အ မှား များ လို့ သူ ကိုယ် တိုင် ပြိုင် ရ မယ့် ဒု တိ ယ အ ကြိမ် သ မ္မ တ သက် တမ်း ကို ကာ မီ လာ ဟဲ ရစ် ကို လွှဲ ပေး ခဲ့ ရ တယ် ။ သို့ ပေ မဲ့ ကာ မီ လာ ဟဲ ရစ် မဲ ရှုံး တာ Biden ကြောင့် မ ဟုတ် ဘူး ။

အ မှား များ တဲ့ Biden ရဲ့ ဘာ မှ မ စွမ်း ဆောင် ပြ နိုင် ခဲ့ တဲ့ ဒု သ မ္မ တ ကာ မီ လာ ဟဲ ရစ် လည်း အ မေ ရိ ကန် သ မ္မ တ လုပ် ဖို့ အ ရည် အ ချင် မ မှီ ပါ ဘူး ။ သူ့ ရဲ့ ပေါ် လ စီ တွေ ၊ debate တွေ ၊ အင် တာ ဗျူး တွေ နား ထောင် ရင် သိ နိုင် တယ် ။

ဒီ မို က ရေ စီ ကို ကာ ကွယ် မယ် တို့ ရှေ့ ဆက် သွား မယ် တို့ ဆို တဲ့ ကြွေး ကြော် သံ လောက် နဲ့ အ မေ ရိ ကား မှာ သ မ္မ တ လုပ် လို့ မ ရ ဘူး ။

ကာ မီ လာ ဟဲ ရစ် လည်း အ ရည် အ ချင်း မ မှီ ဘူး ဆို တာ ဒီ မို က ရက် တွေ သိ ကြ တယ် ။ သို့ ပေ မဲ့ ရွေး ကောက် ပွဲ လုပ် ဖို့ သုံး လ လောက် သာ အ ချိန် ကျန် တော့ တဲ့ အ ခါ မှာ Biden ကို မ ပြိုင် စေ ချင် လို့ လူ အ စား ထိုး ရ မှာ ဖြစ် ပြီး ဒီ မို က ရက် ဖက် မှာ ပေါ် ပြူ လာ ဖြစ် တဲ့ လောက် လောက် လား လား လူ မ ရှိ ဘူး ။

ဒါ ကြောင့် နောက် ကွယ် က အို ဘား မား ထိန်း ပေး မယ် ဆို တဲ့ သ ဘော နဲ့ ကာ မီ လာ ဟဲ ရစ် ကို ထုတ် သုံး လိုက် တာ ။ အ စ က ကာ မီ လာ ဟဲ ရစ် ကို အို ဘား မား မ ထောက် ခံ ဘူး ။ နောက် မှ ထောက် ခံ တယ် လို့ ဖုန်း ဆက် ပြော ခဲ့ တာ ။

ရွေး ကောက် ပွဲ အ ကြို မဲ ဆွယ် ကာ လ မှာ လည်း အိုး ဘား မား က ကိုယ် တိုင် ဝင် ပြိုင် သ လို ကို မဲ ဆွယ် ပေး ခဲ့ တယ် ။

ဒီ မို က ရက် တွေ က အ မေ ရိ ကန် မဲ ဆ န္ဒ ရှင် တွေ ကို လျော့ တွက် ခဲ့ ကြ တယ် ။ အ ခု တစ် ခေါက် မဲ ပေး ပွဲ မှာ Swing voters အား လုံး လို လို ထ ရမ့် ကို မဲ ပေး ခဲ့ ကြ တယ် ။

ထောက် ခံ သူ တွေ က သာ ပါ တီ ကို မဲ ပေး တာ ။ Swing voters တွေ က အ ရည် အ ချင်း ကို ကြည့် ပြီး မဲ ပေး သွား တာ ။ ဒါ ကြောင့် လွှတ် တော် နှစ် ရပ် လုံး လည်း ရီ ပတ် ပ လီ ကင် တွေ အ များ စု ဖြစ် ပြီး အ သာ ရ သွား တယ် ။

ဒါ ကို ကြည့် ရင် Biden ကြောင့် ဆို တာ ထက် ကာ မီ လာ ဟဲ ရစ် ကော ဒီ မို က ရက် ပါ တီ ကော ရဲ့ အား နည်း ချက် ကြောင့် လို့ ကောက် ချက် ချ လို့ ရ တယ် ။ သ မ္မ တ ကော လွှတ် တော် နှစ် ရပ် လုံး ကော ရှုံး တာ ။

မြန် မာ နိုင် ငံ မှာ ရွေး ကောက် ပွဲ ဆို တာ ရှိ လာ ရင် ပြည် သူ တွေ Swing voters တွေ အ ဖြစ် သာ ခံ ယူ ကြ ပါ ။ တ ကယ် တတ် ကျွမ်း နား လည် တဲ့ သူ ကို သာ မဲ ပေး ကြ ပါ ။ ဒါ မှ မြန် မာ နိုင် ငံ တ ကယ် တိုး တက် မှာ ။

Swing voters တွေ ကို သာ ပါ တီ တွေ က လေး စား တာ ။ အ မေ ရိ ကန် မှာ တ ခြား ပြည် နယ် တွေ ကို မဲ ဆွယ် တာ သိပ် မ ရှိ ဘူး ။ Swing voters တွေ ရှိ တဲ့ ပြည် နယ် ခု နှစ် ခု ကို သာ ပိုက် ဆံ တွေ ပုံ အော ပြီး မဲ ဆွယ် ကြ တယ် ။

မြန် မာ နိုင် ငံ မှာ လည်း Swing voters ရှိ တဲ့ မြို့ ၊ ခ ရိုင် ၊ မြို့ နယ် ၊ ရပ် ကွက် တွေ ဖြစ် လာ ရင် အဲ့ ဒီ နေ ရာ တွေ ကို ပါ တီ တိုင်း မျက် နှာ ခင်း နေ ကြ ရ မယ် ။

ကာ မီ လာ ဟဲ ရစ် ရှုံး တာ ကိုယ် တိုင် အ ပါ အ ဝင် ဒီ မို က ရက် အား လုံး တွေ ရဲ့ လေး နှစ် တာ ဆောင် ရွက် ချက် တွေ မ ကောင်း ခဲ့ လို့ ရှုံး တာ ပါ ။

မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
၇ ၊ ၁၁ ၊ ၂၀၂၄

Thae Thae🇲🇲🇲🇲🇲🇲

08 Nov, 12:52


.

☯️

ထရမ့်ရဲ့အောင်နိုင်မှုကို ပူတင်က
လှို့ဝှက် Congratulate လုပ်ခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပြီးမှာတော့ ရုရှားက တရားဝင် ချီးကျူးလိုက်ပြီး၊ အိမ်ဖြူတော်သမ္မတသစ်ရဲ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ထိတွေ့ဆက်ဆံဖို့ တံခါးဖွင့်ထားတယ်လို့ ဆိုလိုက်ပါတယ်၊


.Nay Zin Latt

Thae Thae🇲🇲🇲🇲🇲🇲

08 Nov, 12:47


အင်းစိန်​ဆေးရုံတွင်ကိုယ်ချင်းဆက်အမွှာ​မွေး
NOM၊နိုဝင်ဘာ၈၊၂၀၂၄
အင်းစိန်ပြည့်သူ့​ဆေးရုံတွင်နိုဝင်ဘာလ၈ရက်နံနက်ကသားဖွားကုသ​ဆောင်သို့​ရောက်ရှိလာ​သောကိုယ်ဝန်​ဆောင်တစ်ဦးမှ​နေ့လယ်၁း၂၄နာရီအချိန်တွင်​ခေါင်းနှစ်လုံး၊ခန္ဓာကိုယ်တစ်ခု၊လက်​လေး​ချောင်း၊​ခြေနှစ်​ချောင်းပါကိုယ်ချင်းဆက်အမွှာကို​မွေးခဲ့​ကြောင်းသိရသည်။
အဆိုပါက​လေးကိုအင်းစိန်​ဆေးရုံကြီးက​လေးကုသ​ဆောင်တွင်ကုသ​ပေးခဲ့ပြီးည​နေ၃း၂၀နာရီအချိန်တွင်ရန်ကုန်က​လေး​ဆေးရုံကြီးသို့ပို့​ဆောင်ကုသ​ပေး​နေ​ကြောင်းသိရသည်။

Thae Thae🇲🇲🇲🇲🇲🇲

08 Nov, 12:16


“ ထ ရမ့် မဲ နိုင် တာ “

ထ ရမ့် မဲ နိုင် သွား တာ Patriotism ဆို မျိုး ချစ် စိတ် ရယ် အ မေ ရိ ကန် ပြည် သူ တွေ မီ ဒီ ယာ ကို မ ယုံ ကြ တော့ ရယ် ကြောင့် ပါ ။

မီ ဒီ ယာ တွေ က သူ တို့ အ လို ရှိ တဲ့ အ တိုင်း အ တင်း ပုံ စံ သွင်း တယ် ။ အ မှန် ကို ရပ် တည် တဲ့ သူ ကို အ မှား ဖြစ် အောင် ပုံ ဖော် တယ် ။ မ သိ တဲ့ ပြည် သူ နဲ့ တိုက် ပေး တယ် ။

ဒီ အ ခြေ အ နေ ကို အ မေ ရိ ကန် ပြည် သူ ၈၀ % လောက် နား လည် နေ ကြ ပြီ ။

ထ ရမ့် အ နိုင် သေ ချာ စေ တာ patriotism ဆို တဲ့ မျိုး ချစ် စိတ် ဓာတ် က တွန်း ပို့ လိုက် တာ ။

ကိုယ့် နိုင် ငံ ကိုယ့် လူ မျိုး တိုး တက် တာ ကို မ လို ဘူး အ ရေး မ ကြီး ဘူး ဒီ မို က ရေ စီ က အ ရေး ကြီး တယ် ဆို တာ ရူး နေ လို့ သာ ဖြစ် လိမ့် မယ် ။

ဒါ ကြောင့် ကိုယ့် နိုင် ငံ ကိုယ့် လူ မျိုး သာ ပ ထ မ ဆို တဲ့ ထ ရမ့် အ နိုင် ရ သွား တာ ။

ထ ရမ့် ရဲ့ ပေါ် လ စီ က အ မေ ရိ ကန် တွေ ကောင်း မွန် ချမ်း သာ စေ ရ မယ် ဆို တဲ့ MAGA ( Make American Great Again) ဆို တဲ့ ကြွေး ကြော် သံ ဖြစ် တယ် ။ သူ များ နိုင် ငံ ကို စစ် မီး မွှေး တာ တွေ ပ ဋိ ပ က္ခ ဖြစ် စေ တာ တွေ မ လုပ် ဘူး လို့ ပြော တယ် ။

နိုင် ငံ ထဲ နေ တဲ့ သူ တိုင်း က ကိုယ့် နိုင် ငံ တိုး တက် ချမ်း သာ ပြီး ပြည် သူ တွေ ဘ ဝ အေး ချမ်း ပျော် ရွှင် ဖို့ အ ဓိ က ပဲ ။

၂၀၂၄ အ မေ ရိ ကန် ရွေး ကောက် ပွဲ က နိုင် ငံ သား တွေ ချမ်း သာ ပျော် ရွှင် အောင် လုပ် ပေး မယ့် သူ နဲ့ ဒီ မို က ရေ စီ ကာ ကွယ် မယ့် သူ ပြိုင် ကြ တာ နိုင် ငံ သား တွေ ချမ်း သာ ပျော် ရွှင် အောင် လုပ် ပေး မယ့် သူ နိုင် သွား တာ ။

ဒီ မို က ရေ စီ ကို ကာ ကွယ် ပါ မယ် ဆို ပြီး ကိုယ့် နိုင် ငံ သား တွေ ကို နှစ် ခြမ်း ခွဲ ရန် တိုက် ထား ပြီး စစ် ဖြစ် စေ နေ ရင် ဘာ အ ဓိ ပ္ပါယ် ရှိ မ လဲ ။

နိုင် ငံ တစ် ခု ဆို တာ မိ သား စု တစ် ခု ပဲ ။ မိ သား စု ထဲ မှာ အ ရွယ် ရောက် လာ တဲ့ သား သ မီး တွေ က အ ချိန် တန် ရင် ကိုယ့် အိမ် ထောင် နဲ့ ကိုယ် ဖြစ် သွား ကြ ပေ မယ့် မိ သား စု အ နေ နဲ့ ပဲ ရှိ နေ ကြ တယ် ။ မိ သား စု ဆို တဲ့ အ ရိပ် အောက် မှာ ပဲ ပျော် ရွှင် နေ ကြ တယ် ။

အ တင်း အ ဓ မ္မ အ မွေး တောင်း ပြီး မိ သား စု နဲ့ မ ပတ် သက် ချင် တော့ ဘူး ဆို တဲ့ မိ သား စု စိတ် မ ရှိ တဲ့ သား သ မီး တွေ လည်း တစ် သိန်း မှာ တစ် လောက် ရှိ တတ် ပေ မယ့် ရှား ပါ တယ် ။

မိ သား စု မ ပြို ကွဲ အောင် မိ သား စု ဆို တဲ့ စိတ် ရှိ မှ ရ တယ် ။ လက် တောင် အ တို အ ရှည် မ ညီ တော့ မိ သား စု တွင်း မှာ လည်း မ ညီ ညွတ် မှု ဆို တာ ရှိ တတ် ကြ တယ် ။ နွား ကွဲ ရင် ကျား ဆွဲ ဖြစ် တတ် တော့ က တောက် က ဆ ဖြစ် တတ် ကြ ပေ မယ့် ဘယ် လို ဖြစ် ဖြစ် မိ သား စု မ ပြို ကွဲ အောင် ထိမ်း ကြ ရ တယ် ။

အဲ့ ဒီ နည်း နဲ့ မိ သား စု တွေ ကို တည် ဆောက် ထား ကြ တယ် ။

နိုင် ငံ လည်း အ တူ တူ ပဲ ။ ဆင်း ရဲ ချမ်း သာ မ ညီ မျှ တော့ က တောက် က ဆ ဖြစ် နေ ကြ တာ ပဲ ။ သို့ ပေ မဲ့ နိုင် ငံ မ ပြို ကွဲ အောင် နိုင် ငံ ချစ် စိတ် အ မျိုး သား ရေး စိတ် နဲ့ ထိမ်း ထား ကြ ရ တာ ။ လက် နက် ကိုင် သူ ပုန် မ ရှိ တဲ့ နိုင် ငံ တွေ မှာ တော့ က တောက် က ဆ ဆို တာ သိပ် မ ရှိ ဘူး ။ နိုင် ငံ ရေး သ မား တွေ ဖန် တီး မှ ဖြစ် တာ ။

က မ္ဘာ့ နိုင် ငံ တ ချို့ တွေ အ မေ ရိ ကန် နိုင် ငံ ကို ပြို ကွဲ ပျက် စီး စေ ချင် ကြ တယ် ။

အ မေ ရိ ကန် မှာ ဒီ မို က ရက် တွေ က မဲ ရ ဖို့ ဒီ မို က ရေ စီ ကို ကာ ကွယ် ကြ ပါ ဆို ပြီး ပြည် သူ ကို ခွဲ ထုတ် ပြီး စည်း ရုံး တယ် ။ သူ တို့ အာ ဏာ ရ သွား ရင် ပြည် တွင်း မှာ ကော ပြည် ပ မှာ ပါ မ ညီ ညွတ် မှု တွေ နဲ့ စီး ပွါး ရေး နိုင် ငံ ရေး အ ကုန် ကျ ဆင်း သွား တတ် တယ် ။

ရီ ပတ် ပ လီ ကင် တွေ က တော့ မျိုး ချစ် စိတ် ဆို ပြီး တိုင်း ပြည် ကို ပြန် စု ပြီး ဩ ဇာ ပြန် တက် အောင် စီး ပွါး ရေး နဲ့ ဆွဲ တင် တယ် ။ အဲ့ ဒါ ပုံ မှန် လို ဖြစ် နေ ပြီ ။

ဒီ မို က ရက် တွေ ကျွမ်း ကျင် တာ စစ် မီး မွှေး ပြီး လက် နက် ရောင်း တာ ။ ဒီ တော့ လက် နက် ကု မ္ပ ဏီ တွေ ဆက် စပ် ကု မ္ပ ဏီ တွေ မီ ဒီ ယာ တွေ က ထောက် ခံ ကြ တယ် ။

ထ ရမ့် အ ခု သ မ္မ တ ပြန် ဖြစ် လို့ ပြည် သူ ကို စ ပြော တဲ့ မိန့် ခွန်း ထဲ မှာ ဒီ မို က ရက် တွေ ရီ ပတ် ပ လီ ကင် တွေ ပြန် ညီ ညွတ် ကြ ဖို့ နဲ့ နိုင် ငံ အောင် မြင် အောင် သူ ဆောင် ရွက် ပေး မယ် လို့ ထည့် ပြော ခဲ့ တယ် ။

အ မေ ရိ ကန် မှာ လက် နက် ကိုင် ပြီး နိုင် ငံ ကို ပုန် ကန် နေ တဲ့ သူ ပုန် မ ရှိ လို့ ထ ရမ့် အောင် မြင် အောင် လုပ် ဖို့ သိပ် မ ခက် ဘူး ။

ထ ရမ့် မဲ နိုင် ခဲ့ တာ မျိုး ချစ် စိတ် နိုင် ငံ ချစ် စိတ် နဲ့ မဲ ဆွယ် ခဲ့ လို့ နိုင် ငံ ချစ် တဲ့ မျိုး ချစ် စိတ် ရှိ သူ တွေ ထောက် ခံ လိုက် ကြ လို့ အ နိုင် ရ သွား တာ ပါ ။

မိုး တင့် ( ရန် ကုန် တ က္က သိုလ် )
၇ ၊ ၁၁ ၊ ၂၀၂၄

မိုး တင့် ဆွေ
၈ ၊ ၁၁ ၊ ၂၀၂၄
သော ကြာ ။

Thae Thae🇲🇲🇲🇲🇲🇲

08 Nov, 12:12


မြင်းခြံမြို့က စည်ပင်ဝန်ထမ်း ၃ ယောက်နဲ့ ဖောကားတစ်စီးကို အန်ယူဂျီအဖွဲ့ ဓါးပြတိုက်

ညောင်ဦးမြို့မှာ ဒေသခံ ၃ ယောက်ကို လုပ်ကြံမှု(သို့မဟုတ်)ပုဂံ-ညောင်ဦး-ငါ့သရောက် တရားဥပဒေစိုးမိုးမှု

မြိုင်မြို့မှာ ဒု-ရဲမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး လုပ်ကြံခံရမှု

စစ်ဘေးကြောင့် ရခိုင်ဒေသခံ ၂ သန်းကျော် ၂၀၂၅ ခုနှစ် နှစ်ဝတ်ခန့်မှာ အငတ်ဘေးသင့်မယ်လို ကုလ ထုတ်ပြန်

#PeopleMedia

Thae Thae🇲🇲🇲🇲🇲🇲

08 Nov, 12:11


◾️ ထရန့်အနိုင်ရပြီးနောက် ပြည်ပသို့ပြောင်းရွှေ့ရန် စုံစမ်းမှုများမြင့်တက်

ဒေါ်နယ်ထရန့် က ဒုတိယအကြိမ် သမ္မတဖြစ်လာတော့မည်ဟု မဲရုံအထွက်စစ်တမ်းများက ပြသနေချိန်မှာပင် အမေရိကန်နိုင်ငံသားအများအပြားက နိုင်ငံရပ်ခြားသို့ ပြောင်းရွှေ့ရန် နည်းလမ်းရှာနေခဲ့ပြီဖြစ်ကြောင်း ရိုက်တာသတင်းအရ သိရသည်။

အင်္ဂါနေ့က အမေရိကန်အရှေ့ပိုင်းပြည်နယ်များ မဲပေးမှု အဆုံးသတ်ပြီး ၂၄ နာရီ အတွင်းမှာပင် “ကနေဒါသို့ပြောင်းရွှေ့” ဟူ၍ စာရိုက်ရှာဖွေစုံစမ်းမှု ၁၂၇၀ ရာခိုင်နှုန်း များလာခဲ့ကြောင်း ဂူးဂဲလ် ကုမ္ပဏီအချက်အလက်များက ပြသနေသည်။ အလားတူပင် နယူးဇီလန်နိုင်ငံသို့ ပြောင်းရွှေ့ရန်စုံစမ်းမှုများလည်း ၂၀၀၀ ရာခိုင်နှုန်းများလာခဲ့ကာ ဩစတြေးလျသို့ ပြောင်းရွှေ့ရန် စုံစမ်းမှုလည်း ၈၂၀ ရာခိုင်နှုန်းပိုများလာခဲ့သည်။

အမေရိကန်အရှေ့ပိုင်းအချိန် ဗုဒ္ဒဟူးနေ့ညနေတွင် ယင်းသုံးနိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ရေး စုံစမ်းမှုများမှာ သမိုင်းတစ်လျှောက် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း ဂူးဂဲလ် အချက်အလက်များက ပြသနေသည်။

ဂူးဂဲလ် က တိကျသော ကိန်းဂဏန်းများ မပေးခဲ့သော်လည်း နယူးဇီလန် လူဝင်မှုကြီးကြပ်ရေးဝက်ဘ်ဆိုက်အချက်အလက်များအရ နိုဝင်ဘာ ၇ ရက်တွင် ၎င်းတို့ဝက်ဘ်ဆိုက်သို့ ဝင်ကြည့်သည့် အမေရိကန်နိုင်ငံသား ၂၅၀၀၀ ရှိခဲ့ကြောင်း နှင့် ပြီးခဲ့သည့်နှစ် အလားတူရက်တွင် ၁၅၀၀ သာ ရှိခဲ့ကြောင်း တွေ့ရှိရသည်။

၂၀၁၆ ခုနှစ် တွင်လည်း ထရန့်အနိုင်ရခဲ့ပြီးနောက်တွင်လည်း အလားတူ နိုင်ငံရပ်ခြားသို့ ရွှေ့ပြောင်းနေထိုင်ရန် စိတ်ဝင်စားမှုများမြင့်တက်ခဲ့သည်။ သို့ရာတွင် ယခုနှစ်၌ အထူးသဖြင့် သွေးကွဲစေသော မဲဆွယ်မှုများ ရှိခဲ့ပြီးနောက် ဒေါ်နယ်ထရန့် ဒုတိယအကြိမ်အနိုင်ရခြင်းဖြစ်သည်။

အမေရိကန်ဒီမိုကရေစီ ခြိမ်းခြောက်ခံနေရပြီဟု မဲဆန္ဒရှင် သုံးပုံ နှစ်ပုံ က ပြောကြားခဲ့ကြောင်း Edison Research မဲရုံအထွက် စစ်တမ်း က မှတ်တမ်းတင်ထားသည်။ ယင်းနှင့်အတူ ထရန့်သမ္မတ လက်ထက်တွင် ဒီမိုကရက်နှင့် ရီပက်ဘလီကန်များကြား၌ လူမျိုးရေး ၊ ကျား၊ မကွဲပြားမှု ၊ ကလေးငယ်များပညာရေး ၊ အမျိုးသမီးများမီးဖွားခွင့်၊ သားဆက်ခြားခွင့်များနှင့်ပတ်သက်၍ ကွာဟချက်များ ပိုမိုကြီးထွားလာမည်ကို အမေရိကန်နိုင်ငံသားအများအပြားက စိုးရိမ်နေကြကြောင်း သိရသည်။

သတင်း - ရဲမင်း
ကိုးကား - Reuter

Thae Thae🇲🇲🇲🇲🇲🇲

08 Nov, 12:02


မိုးကုတ်မြို့အနီး၊သစ်တောဧရိယာအတွင်း၌ စစ်သွေးကြွTNLA ကို ဆက်ကြေးပေးပြီး ကျောက်တူးဖော်နေမှု

#PeopleMedia

Thae Thae🇲🇲🇲🇲🇲🇲

08 Nov, 12:00


ထိုင်းနိုင်ငံအတွင်း သက်တမ်းကျော်လွန်နေထိုင်သူများ ဒဏ်ကြေး ဘတ် (၂၀၀၀၀)နှင့် ပြည်ဝင်ခွင့် ပိတ်ပင်ခံရနိုင်

ထိုင်းနိုင်ငံအတွင်း သက်တမ်းကျော်လွန်နေထိုင်သူများအနေဖြင့် ဘတ် (၂၀၀၀၀) ထက်မပိုသော ဒဏ်ကြေးနှင့် ပြည်ဝင်ခွင့် ပိတ်ပင်ခံရနိုင်ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက အသိပေးထားပါတယ်။

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဗျူရိုအနေဖြင့် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ (B.E.2522)နှင့်အညီ နေထိုင်ခွင့်သက်တမ်းတိုးခြင်းဆိုင်ရာကိစ္စရပ်များအား အထူးအလေးထား အရေးယူဆောင်ရွက်လျက်ရှိရာ ယင်းကဲ့သို့ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာခြင်း မရှိဘဲ ထိုင်းနိုင်ငံအတွင်း သက်တမ်းကျော်လွန်နေထိုင်သူများအားလူဝင်မှုကြီးကြပ်ရေးဗျူရိုအနေဖြင့် အရေး ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။
#News

Thae Thae🇲🇲🇲🇲🇲🇲

08 Nov, 11:58


ဒါမှ ဒို့ ချစ်ဘ😁😁😁

Thae Thae🇲🇲🇲🇲🇲🇲

08 Nov, 06:12


GMS အစည်းအဝေးအပေါ် ဘယ်လိုမြင်လဲဆိုတော့ ကြားထဲက Third Party အဖွဲ့တွေ ကြိုလွှတ်ထားတာက လုပ်ငန်းအတွက်ပိုပြီးမြန်ဆန်မှုရှိတာတွေ့ရတယ်။ သွားရတဲ့ ကာလကလည်း (၂)ရက်ဆိုတော့ အတော်လေးရပ်ကပ်လွန်းတယ်။ ဒီလိုအနေအထားမျိုး မှာ ရောက်ရောက်ချင်း တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့နိုင်တာ၊ တရုတ်နဲ့ စီမံကိန်း (၆)ခု၊ (၇)ခုလောက် လက်မှတ်ထိုးနိုင်ခဲ့တာ၊ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနဲ့ လာအိုတို့နဲ့ အနီးကပ်တွေ့ဆုံ စကားပြောခွင့်ရတာတွေက အကောင်းဘက်က ကြည့်ရင် အတော်လေး တာသွားတဲ့ကိစ္စတွေဖြစ်နေတာ တွေ့ရတယ်။
----
NUG ဘက်ကတော့ တပ်ချုပ်ကြီးရဲ့ခရီးစဉ်ဟာ နိုင်ငံတော်အဆင့်မဟုတ်ဘူးလို့ ဘယ်လိုပဲ ပြောပြော တရုတ်ဝန်ကြီးချုပ်ကိုယ်တိုင်ဆင်းတွေ့ရတဲ့ အနေအထားက နှစ်ဖက်စလုံး အတွက်တော့ WIN-WIN အနေအထားပဲ။ ဖြစ်လာနိုင်တဲ့အခင်းအကျင်းကတော့ တရုတ်လိုလားတဲ့ BRI လမ်းကြောင်းကို နစကဘက်က သဘောတူရမယ့်ပုံစံနဲ့ BRI လမ်းကြောင်းပေါ်က EAO တွေကို တရုတ်က ထိန်းပေးရမယ် ။ ဒီလိုမျိုးရှိလိမ့်မယ်လို့ ခန့်မှန်းမိတာပါပဲ။ ဒါ့ကြောင့်လည်း ကူမင်းကနေ ပြေးဆွဲမယ့် ရထားလမ်းကြောင်း ကိစ္စ အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်လာတာလို့ ထင်မိတယ်။
----
ဒီနေရာမှာ တပ်က အဆင့်မကျော်ပဲ ငြိမ်းချမ်းရေးကိစ္စတွေကို နည်းမှန်လမ်းမှန် လုပ်ခဲ့တာက အထက်စီးက ဖြစ်သွားစေခဲ့တယ်။ ဒါ့ကြောင့်လည်း တရုတ်ဝန်ကြီးချုပ် ကိုယ်တိုင်က ငြိမ်းချမ်းရေးကိစ္စလုပ်ခဲ့တဲ့(ဖိတ်ခေါ်ခဲ့တဲ့) တပ့်ရဲ့လုပ်ရက်ကို ချီးကျူးခဲ့တာ။ အထူးသဖြင့် ကူမင်း သဘော တူညီချက်အရ ကိုးကန့်ဒေသဖြစ်စဉ်မှာ တပ်က ရပ်ထားခဲ့ ပေမယ့် လားရှိုးအထိ ဆင်းလာခဲ့တဲ့ MNDAA ရဲ့လုပ်ရပ်က ထောက်ပြစရာဖြစ်သွားစေခဲ့ တယ်လို့ ယူဆတယ်။
----
ဘာပဲဖြစ်ဖြစ် မဲခေါင်ဒေသတွင်းနိုင်ငံတွေရဲ့ထိပ်သီးခေါင်းဆောင်တွေနဲ့ တွေ့ပြီး နစကရဲ့ ရှေ့လုပ်ငန်းစဉ်ထဲက အဓိကနဲ့နောက်ဆုံးဖြစ်တဲ့ရွေးကောက်ပွဲ အကြောင်းကို ရှင်းပြခွင့် ရခဲ့တာက ဒီခရီးစဉ်ရဲ့ အမြတ်ပဲ။ ပိုဆိုးတာက ဒီမိုကရေစီဘန်းပြပြီး အင်ဒို-ပစိဖိတ်ဒေသ တွေ၊ အရှေ့တောင်အာရှနဲ့အရှေ့အလယ်ပိုင်းကိစ္စတွေမှာ ပါဝင်နေတဲ့ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒက ဘာဆက်ဖြစ်မလဲဆိုတာ မသေချာသေးဘူး။ ထရန့်တက်လာဖို့က လည်း အစိုးရအချိန်းအပြောင်းက ရက်ပေါင်း ၆၀ကျော်ဆိုတဲ့ကာလကိုလည်း ထပ်ပြီး စောင့်ဆိုင်းရဖို့ရှိသေးတယ်။ သေချာတာကတော့မဲဆွယ်စည်းရုံးစဉ်မှာ ပြောခဲ့တဲ့ ကတိစကားတွေကို သေချာပေါက် ဦးစားပေးအကောင်အထည်ဖော်ဖို့တာဝန်ရှိတဲ့ ထရန့် အနေနဲ့ မြန်မာ့အရေးကို ထင်သလောက် ပါဝင်စွက်ဖက်မယ် မထင်မိသေးဘူး။ ၂၀၂၅ မှာသာ မျှော်မှန်းသလို ရွေးကောက်ပွဲ တစ်ရပ်ဖြစ်လာရင်တော့ မြန်မာ့နိုင်ငံရေး အပြောင်း အလဲဟာ သိပ်မကြာတော့ဘူးလို့ပဲ ဆိုရလိမ့်မယ်။ စစ်ရေးစစ်ရာကိစ္စတွေကတော့ EAO တွေအပေါ် တရုတ် ဘယ်လိုဆက်ပြီးဖိအားပေးမလဲ၊ နစကနဲ့ တပ်မတော်က ဘယ်လိုတုန့်ပြန်မလဲဆိုတဲ့အပေါ် မှာ မူတည်လိမ့်မယ်လို့ထင်မိတယ်။ သေချာတာ ကတော့ ရေသောက်မြစ် ဖြတ်ခံရတဲ့ အပင်က ကြာရှည်အသက် ဆက်ဖို့တော့ခက် ပါလိမ့် မယ်။ ဒီပလိုမက်တစ်သဘောဆိုတာ ဒါပါပဲ။

(နရီမိုး)

Thae Thae🇲🇲🇲🇲🇲🇲

08 Nov, 06:10


ရန်ကုန်-မန္တလေး အစုန်အဆန်အထူးရထားနှစ်စင်း ကျောက်ဆည်ဘူတာ၌ ရပ်တန့်ပေးမည်

ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် လေအိတ်တွဲဆိုင်းများဖြင့် ပြေးဆွဲနေသော အစုန်အဆန်အထူးရထားနှစ်စင်းကို ကျောက်ဆည်ဘူတာတွင် ရပ်တန့်ပေးမည်ဟု မြန်မာ့မီးရထားမှ သိရသည်။

ယင်းသိူ့ရပ်တန့်ပေးခြင်းသည် ကျောက်ဆည်မြို့ရှိ တက္ကသိုလ်များတွင် တက်ရောက်ပညာသင်ယူနေကြသော ကျောင်းသား၊ ကျောင်းသူများ ကျောင်းပိတ်ရက်များတွင် မိဘရပ်ထံပြန်ကြရာတွင် အဆင်ပြေစေရန်အတွက် ရည်ရွယ်၍ ရပ်တန့်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အပတ်စဉ် သောကြာနေ့နှင့် တနင်္ဂနွေနေ့တို့တွင် ပြေးဆွဲနေသည့် အဆိုပါ အထူးရထားသည် ခရီးစဉ်တစ်လျှောက်တွင် ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်၊ သာစည် စသည့် ဘူတာများ၌သာ ရပ်တန့်ရာမှ ယခုအခါ ကျောက်ဆည်ဘူတာနှင့် ယင်းအနီးရှိ မင်းစုဘူတာနှင့် ဘဲလင်း ဘူတာတို့၌လည်းရပ်တန့်ပေးသွားမည်ဟု သိရသည်။

ရထားထွက်ချိန်များအနေဖြင့် ရန်ကုန်မှ မန္တလေးဘက်ထွက်ခွာမည့် အဆန်အထူးရထားသည် မင်းစုဘူတာသို့ ည ၁၂ နာရီ ၅၂ မိနစ်၊ ကျောက်ဆည်သို့ နံနက်အစောပိုင်း ၁ နာရီ ၀၇ မိနစ်၊ ဘဲလင်းဘူတာသို့ နံနက်အစောပိုင်း ၁ နာရီ ၂၃ မိနစ်တို့တွင် ဆိုက်ရောက်ပေးမည်ဖြစ်ပြီး မန္တလေးမှ ရန်ကုန်ဘက် ထွက်ခွာမည့် အစုန်အထူးရထားသည် ဘဲလင်းဘူတာသို့ ည ၈နာရီ ၂၇ မိနစ်၊ ကျောက်ဆည်ဘူတာသို့ ည ၈ နာရီ ၃၇ မိနစ်၊ မင်းစုဘူတာသို့ ည ၈ နာရီ ၅၃ မိနစ်တို့တွင် အသီးသီးရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ရပ်တန့်ပေးမည့်အစီအစဉ်အတွက် မင်းစုဘူတာနှင့် ဘဲလင်းဘူတာတို့တွင် သတိပေးလွှာကို ခုနစ်ရက် ထုတ်ပြန်ထားပြီး မန္တလေးဘူတာနှင့် ကျောက်ဆည်ဘူတာတို့တွင်လည်း ခရီးသည်များသိရှိစေရန် ထုတ်ပြန်ထားကြောင်း သိရသည်။

Thae Thae🇲🇲🇲🇲🇲🇲

06 Nov, 08:54


ငါ လေးလည်း
သီချင်းတွေဘာတွေ
စပ် တတ်နေပြီ😜

Thae Thae🇲🇲🇲🇲🇲🇲

06 Nov, 08:52


အနူဂျီတွေ ငိုနေပြီ နန်းရယ်
ဟားရစ်ရဲ့ အရှုံးတွေကြောင့်
ဖြစ်မယ်🎼🎼🎼😆😆😆

Thae Thae🇲🇲🇲🇲🇲🇲

06 Nov, 08:04


😆😆😆

Thae Thae🇲🇲🇲🇲🇲🇲

06 Nov, 07:53


အမေရိကန်ရွေးကောက်ပွဲမှာ
ထရန့် နိုင်သွားလို့
နီပိန်းဖာ တန်း မီးလောင်နေကြပြီ။
😆😆😆

Thae Thae🇲🇲🇲🇲🇲🇲

06 Nov, 07:49


အမေရိကန်ရဲ့ (၄၇)ယောက်မြောက်
သမ္မတ

Thae Thae🇲🇲🇲🇲🇲🇲

06 Nov, 07:44


ဇလန်စကီးရဲ့
လက်ဆွဲနှုတ်ဆက်ကျိန်စာသင့်ခံရတဲ့
ကင်မလာဟဲရစ်😁😁😁

Thae Thae🇲🇲🇲🇲🇲🇲

06 Nov, 07:41


ထရမ့်အနိုင်ရသွားခဲ့ပါပြီ။ တကျော့ပြန် သမ္မတအဖြစ် သူ တာဝန်ယူတော့မှာပါ။

ဒီရွေးကောက်ပွဲရလဒ်နဲ့အတူ ကမ္ဘာ့အရေးအခင်းတွေလည်း အကြီးအကျယ်ပြောင်းလဲလာပါတော့မယ်။

NOM

Thae Thae🇲🇲🇲🇲🇲🇲

06 Nov, 05:45


.

☯️

အမေရိကန် နိုင်ငံရေးစနစ်မှာ လွှတ်တော်တွေ ကဏ္ဏကလဲ အရေးပါတယ်၊ ဆန့်ကျင်ဖက်ပါတီက အများစုဖြစ်ရင် သမတဟာ အဆင်သိပ်ပြေလေ့မရှိဘူး၊

Senate ဆိုတဲ့လွှတ်တော်မှာ (၅၁) နေရာရရင် ... အဲ့ဒီပါတီက ထိမ်းချုပ်နိုင်တယ်လို့သတ်မှတ်ပါတယ်၊

Senate မှာ Trump ရဲ့ Rep က (၅၁) နေရာရသွားပြီဖြစ်လို့ အထက်လွှတ်တော်ကို Rep တွေထိမ်းချုပ်ခွင့်ရသွားလိုက်ပါပြီ၊


BaMg ☯️

.Nay Zin Latt

Thae Thae🇲🇲🇲🇲🇲🇲

06 Nov, 05:31


ဆီးနိတ်နေရာအတွက် ရီပတ်ဘလစ်ကန်ဟာ ဒီမိုကရက်တွေကို အနိုင်ရခဲ့ပြီ ဖြစ်ပါတယ်။ အနိုင်ရဖို့ လုံလောက်တဲ့ မဲအရေအတွက်ကို သူတို့ ရရှိသွားခဲ့ပါပြီ။

NOM

Thae Thae🇲🇲🇲🇲🇲🇲

06 Nov, 05:29


.

အရေးပါတဲ့ ပင်ဆဲလ်ဗေးနီးယားမှာ Software အလုပ်မလုပ်တဲ့အတွက် မဲတွေကို လူနဲ့ပဲရေတွက်နေရတယ်၊ EV -19 ရှိထားလို့ အလွန်အရေးပါတဲ့နေရာပါ၊

ထရမ့် - 51.3%
ဟဲရစ် - 47.8%

ပွဲကတော့ ပြီးသလောက်ဖြစ်သွားပါပြီ။


BaMg ☯️

.Nay Zin Latt

Thae Thae🇲🇲🇲🇲🇲🇲

06 Nov, 05:17


ဘိမ်းစားပြီး တိုက်နေကြတာ၊ နောက်ဆုတ်ရကောင်းမှန်းမသိ၊
တချို့ဆို၊ အူပွင့်လျက် ခြုံစည်းရိုးပေါ် တက်လာတာ၊ သေတဲ့နေရာ ပစ်နိုင်မှ၊
ရပ်သွားတယ်၊ မသေမခြင်း နာရကောင်းမှန်း မသိ အတင်း၀င်လုံးတာ၊
AAဓာတ်ခဲတွေ ဆားပေါက်ကုန်ပြီ

SittNwayOo

Thae Thae🇲🇲🇲🇲🇲🇲

06 Nov, 05:11


တရားပြတဲ့ နစက
================

သရော်စာ မရေးရတာကြာလို့ နဲနဲလဲ လက်ယားလာလို့ သည်းခံဖတ်ကြည့်ကြပါအုံး ဗျာ 😁😁

မြန်မာပြည်က ဗုဒ္ဓဘာသာ အများစု 87 % ရှိတယ် ဆိုပြီး ကြားဖူးတာပါပဲ ။ သံဃာတွေလည်း အများကြီးပါပဲ ယခင်ကာလများတုန်းက သံဃာ အင်အား အပါး ၅ သိန်းလောက်ထိ ရှိခဲ့ဖူးပါတယ်တဲ့ ။

ဆရာတော်ကြီးများလည်း ဟောလိုက်ရတဲ့ တရားတွေဗျာ နာမည်ကျော် ဓမ္မကထိက ဆရာတော်တွေလည်း လောဘ ၊ ဒေါသ ၊ မောဟ ချုပ်ငြိမ်းရေးတရားတွေ ဟောလိုက်ရတာ လျှာထွက်နေရောပဲ ။

လူတွေကတော့ လောဘတင်းတောင်း လောင်းတိုင်းမပြည့် ဆိုတဲ့ အတိုင်း လောဘတရားတွေလည်း လျှော့မရကြပါဘူးဗျာ ။

ဟော....နစက ကြီးလည်း အုပ်ချုပ်လိုက်ကော သူပုန်ပေါင်းစုံနဲ့ PDF တို့ လွယ်လွယ်ပဲ မြို့ရွာတွေကို ကျူးကျော်ဖျက်ဆီးကြပါရောလား ။ လူတွေလည်း အမလေး အဘလေး အော်ပြီး အသက်ဘေးကနေ ပြေးကြရတာပေါ့ ။ တသက်လုံး လောဘတကြီး ရှာထားခဲ့ကြတာတွေ အကုန်ပျက်ဆီးပြီ ၊ လောဘထပ်ကြီးဖို့ နေနေသာသာ မြေကျန်ရင် တော်ပါပြီတို့ ၊မသေရင်တော်ပါပြီတို့ နဲ့ တရားတွေကို ရလို့....

ဒေါသတရားကရော ဘာထူးလည်း သူပုန် နဲ့ PDF ကြီးစိုးတဲ့နေရာတွေမှာ ဒေါသထွက်ဖို့ နေနေသာသာ အသက်မထွက်အောင် တွေ့သမျှလူ ထိုင်ကန်တော့နေရတယ် ။ နစက အုပ်ချုပ်တဲ့ ဒေသတွေကြည့်အုံး ဘောပင်ကိုင် ဒမြတွေ သောင်းကျန်းလိုက်တာများ ယူနီဖောင်းမြင်ရင် ပိုက်ဆံအိတ်ဖိထားရတဲ့ အနေအထား ။

မောဟတရားကရော ကြည့်အုံး ဟိုဖက်ကလည်း ပြည်သူ့အတွက် ၊ ဒီဖက်ကလည်း ပြည်သူ့အတွက် နဲ့ နှစ်ဖက်လုံးက ပြည်သူကို ရတဲ့ဘက်နေ နှိပ်စက် အနိုင်ကျင့်နေတော့ ပြည်သူတွေလည်း ဘယ်သူတောင်းစားမှ တကယ်မကောင်းဘူး ဆိုတဲ့ နိုင်ငံရေးမောဟတွေ ကင်းစင်ကုန်ပြန်တာပေါ့ လေ ။

နေ့မြင် ညပျောက် သေလိုက်ကြရတဲ့ ပြည်သူတွေ မရေနိုင်တော့ဘူး ၊ သင်္ခါရ တရားကို လက်တွေ့ သင်ခန်းစာတွေနဲ့ ပို့ချနေတာကတော့ ဓမ္မကထိကတွေကို နစက က သနားတယ်ပဲ ။

အံမယ် အခုဆို ၂၄ ပစ္စည်းထဲက တရားတွေတောင် ပြည်သူသိအောင် စေတနာနဲ့ နစက က တရားပြနေပြန်ပြီလေ ။ '' ဥပနိဿယ ပစ္စယော '' ဆိုတဲ့ အားကြီး၍မှီရာဖြစ်သော ဆိုတဲ့ ပစ္စည်းထဲက '' ပုဂ္ဂလောပိ ဥပနိဿယ ပစ္စယေန ပစ္စယော '' ဆိုတာ ရှိတယ်လေ ။

ပုဂ္ဂိုလ်သည် အားကြီး၍ မှီရာအဖြစ် ကျေးဇူးပြုတတ်သည် တဲ့ ။ ကဲ အခုဆိုကြည့်လိုက် နိုင်ငံတော်ကနေ ကမ္ဘာသိ ဝရမ်းထုတ်ထားတဲ့ အောင်သမာဓိ ဦးအောင် ဆိုတဲ့ သူဌေးကြီးကို ဘယ်သူမှ မဖမ်းကြဘူးဗျ ။

အမှန်တကယ်ဆိုရင် ဝရမ်းထုတ်သူ အဖမ်းမခံရင် ပိုင်ဆိုင်မှု သိမ်း ဘာညာ လုပ်ကြရတာ လေ ။ ဒါပေမယ့် သူ့ကျတော့ ပိုင်ဆိုင်မှု အသာထား ထွက်ပြေးဖို့ ကျိုးစားတာကိုပဲ လူကိုယ်တိုင် အရှင်လတ်လတ် တွေ့ရတာတောင် မဖမ်းပဲ အိမ်ပြန်ပို့သတဲ့ ။

အဲဒါ ပုဂ္ဂလောပိ ပဲဗျ ။ အားကြီးသော ပုဂ္ဂိုလ်ကိုမှီ၍ ဥပဒေကို ပုဆိုးလှန်ပြခြင်း ပေါ့ဗျာ ။

ကဲ ဒီလောက်ဆိုရင် ဓမ္မကထိကတွေထက် တရားပြတာ ပိုတော်နေတဲ့ နစက ကို ခင်ဗျားတို့ ကြည်ညိုတတ်ကြစမ်းပါဗျာ ။

ကိုရွှေမျိုးဝင်း

Thae Thae🇲🇲🇲🇲🇲🇲

06 Nov, 04:55


လက်ရှိအချိန်အထိနောက်ဆုံးရရှိတဲ့ မဲတွေအရ သမ္မတလောင်း ဒေါ်နယ်ထရန့် အနိူင်ရဖို့သေချာသလောက်ရှိနေပါပြီ။

Thae Thae🇲🇲🇲🇲🇲🇲

06 Nov, 04:29


လက်ရှိ အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲရလဒ်မှာ ဒေါ်နယ်ထရန့်က မဲအရေအတွက် အသာစီးရနေ

Thae Thae🇲🇲🇲🇲🇲🇲

06 Nov, 04:27


.

☯️

ဒီအချိန်မှာ ထွက်လာတဲ့ ခန့်မှန်းမှုတွေအရဆိုရင်တော့...

ထရမ့် သမတဖြစ်ဖို့များသွားပါပြီ၊

ကမ္ဘာကြီးလဲ ပုံစံတမျိုးပြောင်းပါတော့မယ်

ရုရှား၊ အစ္စရေး ကြားဝင်ကစားတာအောင်မြင်သွားပြီး၊ UK, China, Iran တို့ရည်ရွယ်ချက်မပေါက်မြောက်ခဲ့ဘူးလို့ ပြောရပါလိမ့်မယ်၊


BaMg ☯️

.Nay Zin Latt

Thae Thae🇲🇲🇲🇲🇲🇲

06 Nov, 04:26


.

☯️


Trump နိုင်ဖို့ 87%

Electoral vote အရ
Trump - 298
Harris - 240

..... လို့ခန့်မှန်းထားတာတွေ့ရတယ်၊


.Nay Zin Latt

Thae Thae🇲🇲🇲🇲🇲🇲

06 Nov, 04:25


ကန်သမ္မတရွေးကောက်ပွဲတော့ အကြိတ်အနယ်ဖြစ်လာပါပြီ။ ကာမာလာဟဲရစ်ဟာ ဆက်တိုက်ဆိုသလို မဲအရေအတွက်တွေ တိုးမြင့်လာပြီး အခုဆိုရင်တော့ ၁၉၃-၂၁၆ ဆိုပြီး အကြိတ်အနယ်ဖြစ်လာပါပြီ။

NOM'

Thae Thae🇲🇲🇲🇲🇲🇲

06 Nov, 04:24


နောက်ဆုံးရေတွက်ထားမှု အခြေအနေ

ကာမာလာဟဲရစ် - ၁၁၇
ထရမ့် - ၂၁၁

ဒေါ်နယ်ထရမ့် သိသိသာသာကို အသာစီးရရှိနေပြီး အနိုင်ရရှိဖို့ ပိုမိုနီးစပ်လာပါတယ်။ ပြည်နယ်ကြီးတွေရဲ့ မဲရေတွက်မှုဟာ အဆုံးအဖြတ်ဖြစ်လာတော့မှာပါ။

NOM

Thae Thae🇲🇲🇲🇲🇲🇲

05 Nov, 03:34


ရေဘေးဒဏ်ကို အကြီးအကျယ်ခံစားခဲ့ရတဲ့ ဗလန်စီယာဒေသကို ရောက်ရှိနေခဲ့တဲ့ စပိန်ဘုရင်နဲ့ မိဖုရားတို့ဟာ ဒေသခံပြည်သူတွေရဲ့ အမျက်ဒေါသထွက်မှုနဲ့ ရင်ဆိုင်ခဲ့ရကာ ကြက်ဥတွေနဲ့ ပစ်ပေါက်ခံခဲ့ရပြီး လှောင်ပြောင်မှုတွေကိုပါ ခံခဲ့ရတယ်လို့ CNN က ဆိုပါတယ်။

ဒေသခံတွေဟာ ဒေါသအလွန်အမင်းထွက်နေခဲ့ပြီး စပိန်ဘုရင်ကို လူသတ်သမားလို့ ဝိုင်းဝန်းအောင်ဟစ်ခဲ့ကြပါတယ်။ ဘုရင်နဲ့အတူ ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်၊ ဒေသအစိုးရအကြီးအကဲလည်း လိုက်ပါခဲ့ပြီး ရေဘေးဒဏ်ကို ခံရချိန်မှာ အာဏာပိုင်တွေက လိုအပ်တဲ့ တုံ့ပြန်မှုတွေကို မလုပ်ပေးခဲ့ဘူးလို့ ဒေသခံတွေက စွပ်စွဲခဲ့ကြပါတယ်။

လူပေါင်း ၂၀၀ ကျော်အထိ သေဆုံးခဲ့တဲ့ ဖြစ်ရပ်ပါ။ ဘုရင်ကို ကြက်ဥတွေ၊ အခြားသောအရာ၀တ္ထုတွေနဲ့ ပစ်ပေါက်ခဲ့တာကြောင့် လုံခြုံရေးတွေက ထီးတွေဖွင့်‌ပြီး ကာကွယ်ပေးခဲ့ရပါတယ်။ အဆိုပါဗီဒီယိုကလည်း လူမှုကွန်ယက်တွေပေါ်မှာ တော်တော်လေးကို ပျံ့နှံနေပြီ ဖြစ်ပါတယ်။

NOM

Thae Thae🇲🇲🇲🇲🇲🇲

05 Nov, 02:29


​ရေမြင်းက​ဒေါ်နယ်ထရမ့်နိုင်မည်ဟုပြသ
NOM
ထိုင်းနိုင်ငံ၊ချွန်ဘူရီ တိရိစ္ဆာန်ရုံမှအသက်သုံးလအရွယ်ဆယ်လီ​ရေမြင်းမ​လေးမူးဒင်ကနိုဝင်ဘာလ၅ရက်အ​မေရိကန်သမ္မတ​ရွေး​ကောက်ပွဲတွင်​ဒေါ်နယ်ထရမ့်နိုင်မည်ဟုပြသခဲ့သည်။ဖရဲသီးတွင်​ဒေါ်နယ်ထရမ့်အမည်နှင့်ကမ်မလာဟားရစ်အမည်​ရေးပြီး​ရွေးချယ်ခိုင်းရာမူးဒင်က​ဒေါ်နယ်ထရမ့်အမည်ပါ​သောဖရဲသီးကို​ရွေးချယ်စားပြခဲ့သည်။

Thae Thae🇲🇲🇲🇲🇲🇲

05 Nov, 02:26


Right
စစ်တပ်ဆိုတာ စစ်သွေးကြွတွေ အဲဒီလို ကြောက်နေစေရမယ်။ အဲဒါ ဟန့်စစ်။

ငါတို့ ဖျင်ချတိုင်းခံနေရတဲ့ အဖွဲ့လို့ မြင်ခံနေရခြင်းသည် ခေါ်စစ်ဖြစ်သည်။

Thae Thae🇲🇲🇲🇲🇲🇲

05 Nov, 02:24


ရွေးကောက်ပွဲဆိုင်ရာ ပြဿနာ
၂၀၂၄ အမေရိကန်ရွေးကောက်ပွဲတွင် မဲပေးသူ တစ်ဦးက မဲပေးစက်တွင် Trump အမည်ကို ရွေးချယ်ခြင်းဖြစ်သော်လည်း ပြိုင်ဘက် ဟားရစ်ကို ရွေးချယ်သကဲ့သို့ ဖြစ်နေပြီး မသမာမှု ပြုလုပ်ထားသည်ဟု ယူဆရသည်။ တာဝန်ရှိသူများက လာရောက်စစ်ဆေးခဲ့ရကြောင်း သိရသည်။

Thae Thae🇲🇲🇲🇲🇲🇲

05 Nov, 02:22


5.11.2024
လားရှိုး မယ်ဟန်ဖက် သန်းခေါင်ယံ ၅၀၀ တန်ပေါင်မုန့် ၂ လုံးကြွေး

12:44 AM
12:49 AM

💪💪💪

Thae Thae🇲🇲🇲🇲🇲🇲

04 Nov, 18:07


.

☯️

" Make or break " ... ဆိုပြီးရေးမယ်လို့ကြံကာရှိသေးတယ်၊ တက်လာတဲ့သတင်းရဲ့ Caption ကြီးက " Final chapter " တဲ့၊

ဘယ်သူနိုင်မယ်ဆိုတဲ့ ရလဒ်ထွက်မလာသေးဘူး၊ ပြသနာကစနေပြီ၊ Trump အကွက်ကိုမဲပေးပြီးနှိပ်လိုက်တာ ဟဲရစ်ထဲဝင်သွားတယ်ဆိုပြီး စေဒကတွေတက်လာတယ်၊ တာဝန်ရှိသူပြန်ဖြေတာက " စက်ချို့ယွင်းချက်ကြောင့်" ဆိုပဲ၊

မဲ တသိန်းဆိုရင်... အသွားအပြန်က မဲ (၂) သိန်းနော်၊ တကယ်နိုင်သူက ရှုံးသွားနိုင်တယ်၊ Margin of error 2% လောက်ရှိတာ၊ 2020 တုန်းက လူသေမဲတွေ၊ မိုးပေါ်ကကျလာတဲ့မဲတွေ၊ 2024 ကျတော့ စက်မှားလို့၊ အဲ့ဒီစက်က ဘက်လိုက်တယ်ထင်ရဲ့၊ Harris ကိုပေးတဲ့မဲကျတော့ ထရမ့်ဆီကိုခုန်ထွက်မသွားဘူးနော်၊
နောက်ထပ် ဘာတွေလာဦးလဲမသိဘူး၊

သူဌေးတချို့ကတော့ ထရမ့်နိုင်ရင် အမေရိကန်က လစ်ဖို့အထုတ်ပြင်နေကြပြီ၊ Elon Musk ကလဲ Harris နိုင်ရင် သူ့ကိုအမှုန်ကြိတ်ပြီး Citizenship ပြန်သိမ်း၊ ပြည်နှင်ဒါဏ်ပေးလိမ့်မယ်လို့ မျှော်လင့်ထားပါသတဲ့။

2024 လွန်ကာလကတော့ US ဟာ " Make or break " ဆိုတဲ့ အစွန်းတပါးဆီကိုရောက်ပါလိမ့်မယ်၊ စကားအရသာပြောရတာ၊ Make ဖြစ်ဖို့ကတော့ Least possibility လိုပဲပြောရမှာဖြစ်ပြီး၊ Break ဖြစ်ဖို့ကသာ Most possible လို့ ထင်ရပါတယ်၊

Judgment day is tomorrow.
Good luck Uncle Sam.



BaMg ☯️

.

.Nay Zin Latt

Thae Thae🇲🇲🇲🇲🇲🇲

04 Nov, 18:04


ဒီမိုကရက်တို့၏အကျင့်အတိုင်းအ​မေရိကန်မှာမဲခိုး​နေကြပြီ
(မိုခါ​ရေးသညိ)
ဒီမိုကရက်ဆိုသည်မှာဒီမိုက​ရေစီကိုအ​ရေးဗန်းပြပြီးအလွန်အာဏာမက်​မောသူများဖြစ်သည်။ပြည်ပကိုအလွန်အကျွံအားကိုးကြသည်။အာဏာကိုမရရ​အောင်၊ရရှိပြီး​သောအာဏာကိုလက်မလွှတ်ရ​အောင်နည်းလမ်းမျိုးစုံဖြင့်ကလိန်ကျ​လေ့ရှိသည်။ပါးစပ်ပိတ်​နေ​သောလူများစုကိုလွှမ်းမိုးချုပ်ကိုင်နိုင်ရန်အသံစွာ​သောလူနည်းစုဖြစ်သည့်မီဒီယာများဆယ်လီများကို​ရွေး​ကောက်ပွဲတွင်​ငွေပုံ​အော​ပေးပြီးစည်းရုံးခိုင်း​လေ့ရှိသည်။ထိုနည်းများဖြင့်လုပ်သည့်တိုင်​ရွေး​ကောက်ပွဲတွင်မနိုင်ပါကလူများကိုလမ်း​ပေါ်ထွက်ရန်​မြှောက်​ပေးပြီးနည်းမှန်လမ်းမှန်အာဏာရသည့်အဖွဲ့ကိုဒုက္ခ​ပေး​လေ့ရှိသည်။
ဤသည်မှာတစ်ကမ္ဘာလုံးရှိဒီမိုက​ရေစီလိုလားပါသည်ဆို​သောဒီမိုကရက်တို့၏တူညီ​သော​စောက်ကျင့်ဖြစ်သည်။​ယ​နေ့နိုဝင်ဘာလ၅ရက်တွင်အ​မေရိကန်တစ်နိုင်လုံးသမ္မတ​ရွေး​ကောက်ပွဲကျင်းပ​တော့မည်ဖြစ်သည်။ဒီမိုကရက်တို့မဲခိုးသည့်အသံများလည်းစတင်ထွက်​ပေါ်​နေသည်။
​လော​လောဆယ်တွင်​ဂျော်ဂျီယာ​ရွေး​ကောက်ပွဲပြီးဆုံးသွားပြီးအ​နောက်အုပ်စုလိုလား​သောသမ္မတ၏ပါတီများရှုံးနိမ့်သွားသည်။သမ္မတကိုယ်တိုင်ကလူများလမ်း​ပေါ်ထွက်ဆန္ဒပြရန်လှုံ့​ဆော်သည်။သို့​သော်လည်းအဆိုပါဆန္ဒပြမှုသည်နှစ်ရက်နှင့်ပြီးသွားသည့်အခါအ​နောကိအုပ်စုက​ငွေပုံ​ပေးပြီးလူများကိုလမ်း​ပေါ်ထွက်​စေပြန်သည်။အလားတူသူတို့လိုချင်​သောရုပ်​သေးအဖွဲ့မ​အောင်မြင်သည့်အတွက်အ​မေရိကန်နှင့်ဥ​ရောပသမဂ္ဂက​ဂျော်ဂျီယာကိုဒဏ်ခတ်မည်ဟု​ကြေညာသည်။ဆိုရလျင်ပြည်တွင်းပုဆိန်ရိုးတို့ကပြည်တွင်းတွင်အာဏာလည်းမရ၊ဆူပူ၍လည်းမ​ရသောအခါပ​ထွေးများ​​ခြေထောက်ဖက်ပြီးတိုင်းပြည်ကိုဒုက္ခ​ရောက်ရန်ကြံ​ဆောင်လာသည်။ထို့​ကြောင့်ဒီမိုကရက်ဟူသည်တိုင်းပြည်ကိုချစ်ဟန်ပြ၊ပြည်သူကိုချစ်​ယောင်​ဆောင်ပြီးသူတို့အာဏာရ​ရေးသာဦးတည်ကာသူတို့အာဏာမရက မကရလျင်ပတ်မကြီးထိုး​ဖောက်မည့်သူစားများသာဖြစ်သည်။
အ​မေရိကန်သမ္မတ​ရွေး​ကောက်ပွဲကကြိုတင်မဲများစတင်​ပေးလျက်ရှိသည်။ကင်တပ်ကီပြည်နယ် တွင်မဲ​​ပေးသည့်စက်များချို့ယွင်းသည်ဟုသတင်းများတက်လာသည်။စက်ချို့ယွင်းပုံကလည်းဆန်းသည်။ဒီမိုကရက်သမ္မတ​လောင်းကမ်မလာဟားရစ်ကိုမဲ​ပေးလျင်​ရသော်လည်းထရမ့်ကိုမဲ​ပေး၍မရ​သောချို့ယွင်းမှုဖြစ်သည်။လက်ရှိသမ္မတဘိုင်ဒင်သည်လည်း၂၀၂၀​ရွေး​ကောက်ပွဲ၌ညနက်ပိုင်းတွင်အစုလိုက်အပြုံလိုက်​ရောက်လာသည့်အီး​မေးလ်ဖြင့်ပေးသည့်မဲများဖြင့်သမ္မတဖြစ်လာခြင်းဖြစ်သည်။
ထိုထက်ဆိုးသည့်လုပ်ကွက်ကရှိ​သေးသည်။ထရမ့်တက်လာလျင်ကမ္ဘာကြီးရှိစစ်မီးများရပ်တန့်​စေရမည်။အ​မေရိကန်သည်နိုင်ငံပြင်ပတွင်စစ်မတိုက်၊​နေတိုးနိုင်ငံများသည်အ​မေရိကန်၏ကုန်ကျစရိတ်ကိုမျှခံရမည်ဆို​သော​ဒေါ်နယ်ထရမ့်တက်လာမည်ကိုအ​မေရိကန်ကိုညာစား​နေသည့်ဗြိတိန်အပါအဝင်ဥ​ရောပနိုင်ငံများကြောက်သည်။ ထို့​ကြောင့်ဗြိတိန်ကမဲဆွယ်ကျွမ်းကျင်သူအိတ်စ်ပတ်၆၀၀ကိုအ​မေရိကန်သို့လွှတ်ပြီးကမ်မလာဟားရစ်အတွက်မဲဆွယ်ခိုင်းသည်။ထရမ့်ကကန့်ကွက်သည့်အခါသူတို့တစ်ဦးချင်းပုဂ္ဂလိကဆန္ဒအရသွားခြင်းဟုဗြိတိန်အစိုးရက​​ဗြောင်လိမ်သည်။
ဒီမိုကရက်သမ္မတ​လောင်းကမ်မလာဟားရစ်သည်​တေလာဆွစ်ချ်၊ဘီယွန်း​ဆေးစသည့်အနုပညာရှင်ဆယ်လီများဖြင့်မဲဆွယ်သည်။အဆိုပါဆယ်လီများငွေမည်မျှရသွားမည်ကိုမည်သူမှမသိနိုင်။
ဗင်နီဇွဲလားသမ္မတ​ရွေး​ကောက်ပွဲတွင်အ​နောက်အုပ်စုကအာဏာရှင်ဟုစွပ်စွဲထားသည့်မာဒူရိုက၅၁%ဖြင့်ကပ်နိုင်သည်။အ​မေရိကန်အပါအဝင်အ​နောက်အုပ်စုက​ရွေး​​ကောက်ပွဲရလာဒ်ကိုအတည်မပြုဟု​ကြေညာသည်။အတိုက်အခံတို့ကို​ငွေပုံ​အော​ပေးပြီးတစ်နိုင်ငံလုံးဆန္ဒပြ​စေသည်။ဒီမိုက​ရေစီစနစ်အရမဲ​ပေး​ရွေးချယ်ခြင်းဖြစ်လျင်ပင်အ​နောက်အုပ်စု၏ရုပ်​သေးအဖြစ်သြဇာခံထားသူမနိုင်လျင်ထို​ရွေး​ကောက်ပွဲသည်သမာသမတ်မရှိဟု​ကြေညာသည်။​အ​နောက်အုပ်စုလိုလားသူက​ခြေသွက်လက်သွက်ဖြင့်မဲခိုးပြီးအနိုင်ရလျင်အ​နောက်အုပ်စုကချက်ခြင်းအသိအမှတ်ပြု​ပေးသည်။
သင်သည်ယခု​ဆောင်းပါးကိုဖတ်ပြီးဒီလိုအဖြစ်အပျက်မျိုးမြင်ဘူးကြားဘူးသည်ဟုထင်​နေပါကမြန်မာနိုင်ငံတွင်လည်းထိုနည်းတူပင်ဖြစ်​ပါကြောင်း။

Thae Thae🇲🇲🇲🇲🇲🇲

04 Nov, 15:45


လက်နက်ခဲယမ်းများဖမ်းမိသတင်း။
နိုဝင်ဘာ၄၊၂၀၂၄။ညနေ၄:၃၀နာရီ

တောင်ကြီးအေးသာယာမြို့သစ်စက်မှုဇုန်ရပ်ကွက်၊လမ်း၂၀တွင်ဒေါ်သန်းသန်းနု(လွှိုင်ကော်မြိုဇာတိ)၏ပြောင်းအခြောက်ခံစက်ရုံအားညနေ၄နာရီခဲွအချိန်ဝင်ရောက်စီးနင်းပြီးလက်နက်ခဲယမ်းအများအပြားဖမ်းဆီးရမိထားဟုကနဦးသိရပါသည်။

ဖမ်းဆီးရမိသူများမှာစက်ရုံအတွင်းရှိလုပ်သားလူအင်အားစုစုပေါင်း၈ ယောက်နဲ့အတူလက်ပြန်ကြိုးတုတ်ခေါင်းစွပ်အုပ်နဲ့ယမ်းကြိုး၊ဒီတိုနေတာကားတစ်စီးတိုက်ဖမ်းဆီးမိထားပါသည်။ဖါး​ေဆာင်းမော်ချီးသယ်​ယူပို့ဆောင်မှာဖြစ်ပါသည်။

နေပြည်တော်

Thae Thae🇲🇲🇲🇲🇲🇲

04 Nov, 14:25


လားရှိးမှာ သတင်းထွက်နေသလိုမျိုး .. အလံတွေလည်းမဖြုတ်ထားသလို .. မြေပြင်မှာလည်း ဘာအခြေနေမှ ထူးထူးခြားခြား သိပ်မရှိပါဘူး။
MNDAA ကိုကန့်တွေလဲ ရှိနေပါသေးတယ်။ အရင်ကလောက် လူမများတော့ဘူး။ 100 မှာ 40% နှုန်းလောက်ကျန်နေသေးတယ်။ ကျန်တဲ့ 60% က ဘယ်ရောက်သွားလဲတော့မသိဘူး။
ထပ်ပြီးစုံစမ်းကြည့်ရသလောက် လားရှိးရမခ(တိုင်း)အတွင်းမှာ MNDAAသောင်းကျန်းသူတွေ စုဖွဲနေထိုင်နေကြောင်းရယ်၊ရမခမှ သိမ်းစည်းရမိမော်တော်ယာဥ်တွေကို လောက်ကိုင်မြို့သို့သယ်ဆောင်သွားကြောင်းရယ်၊MNDAA အများစုမှာကွတ်ခိုင်၊သိန်းန္ဒီနှဲ လားရှိးမြို့အဝင်အထွက်နေရာတွေမှာ စုဖွဲ့နေကြကြောင်းသိရှိရပါတယ်။
ရမခမှာ ကျန်နေသေးတဲ့ အဆောက်အဦးအခိုင်အမာရှိတဲ့နေရာတွေတိုင်းမှာ MNDAA တွေ ခွဲပြီး နေနေကြပါတယ်။
နောက်တစ်ခုက လားရှိးအကျဥ်းထောင်မှာ ရန်သူဖမ်းဆီးထားတဲ့ အဖွဲတွေကို အကျဥ်းထောင်ထဲကနေ ထုတ်ယူခေါ်ဆောင်ပြီး ကွမ်းလုံမြို့နှင့်လောက်ကိုင်မြို့ဘက်ကို ရွေ့ထားတယ်လို့ သိရပါတယ်။
အတည်မပြုနိုင်သေးတဲ့ သတင်းတစ်ခုက ဖမ်းဆီးခံထားရတဲ့ မိသားစုတွေကို အစာရေစာ ဖြတ်တောက်ပြီး ရက်တိုစစ်သင်တန်းတတ်မှ ထမင်းကျွေးတာမျိုးတွေ လုပ်နေတယ်လို့ ကြားသိရပါတယ်။

Thae Thae🇲🇲🇲🇲🇲🇲

04 Nov, 14:24


အမ်းအခြေအနေမှန်
=============
- ယနေ့ ရဟတ်ယာဉ် ၂ စီး ၃ ခေါက် တမခ ၆၆ မှ တပ်ရင်းများ
- မနေ့က ခြေလျင်/ခြေမြန် တပ်ရင်းများ(ကုန်းလမ်းမှရောက်)
မိမိစစ်သည်များအနေဖြင့် စိတ်ဓာတ်တက်ကြွလျက်ရှိ
ကဲ..... နေရာစုံမှာ အခြေအနေကောင်းနေတော့မှ စားပွဲဝိုင်းကြီးမလာနဲ့တော့

#Credit

Thae Thae🇲🇲🇲🇲🇲🇲

04 Nov, 14:20


ရုရှားခြေလျင်တပ်ဖွဲ့များ၏ သယ်ယူပို့ဆောင်ရေး စက်ရုပ် Depesha အထူးစစ်ဆင်ရေးရှေ့တန်းတွင် ရိက္ခာ၊ ခဲယမ်းပို့ဆောင်နေပုံ။

Thae Thae🇲🇲🇲🇲🇲🇲

04 Nov, 14:16


.

☯️

ရုရှားပြောတဲ့အတိုင်းဆိုရင်တော့ ပီပြင်တဲ့ WW-3 ကပြေးမလွတ်တော့ဘူးထင်ပါ့ ။

ယူကရိမ်းစစ်မှာ ရုရှားကိုတဖြည်းဖြည်းနိမ့်ပါးလာတဲ့အတွက်ကြောင့် US နဲ့ UK ကနောက်ခံထားပြီး Continental Europe ဆိုတဲ့ ပင်ဥရောပတိုက်ကြီးအဆင့် နဲ့ရုရှားကို တိုက်ဖို့ အမေရိကန်နဲ့ ယူက စီမံနေကြတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Lavrov ကပြောကြားလာပါတယ်၊

ဒါကြောင့်လားမသိပါ
ယူကရိမ်းစစ်မှာ စစ်ပြေငြိမ်းစကားတွေ ပြောကြတော့မယ် ဆိုရာကနေ... ယူကရိမ်းကိုဆက်လက်ထောက်ပံ့မဲ့ အစီအစဉ်တချို့ ရုတ်တရက်ပြန်ပေါ်လာတာ သတိထားမီလိုက်ရတယ်၊

Continental Europe အဆင့်ဖြစ်လာရင် ယူကရိမ်းလို သမရိုးကျတိုက်ပွဲတွေကို အကြာကြီးကျော်ဖြတ်ကြလိမ့်မယ်လို့ မယူဆပါဘူး၊ မြန်မြန်ဆန်ဆန် နျူနဲ့ အဆင့်မြင့်လက်နက်တွေ ထုတ်သုံးလာကြရတော့မှာဖြစ်လို့ NATO အားလုံးက လိုက်လျောကြပါ့မလား ❗


BaMg ☯️


.Nay Zin Latt

Thae Thae🇲🇲🇲🇲🇲🇲

04 Nov, 14:14


ဟိမ၀န္တာဒေသမှာ ဘတ်စ်ကားတစီး ချောက်ထဲကျလို့ ၃၆ ယောက်သေဆုံး

ဒေလီ၊ နိုဝင်ဘာ-၄-၂၀၂၄
မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံ ဟိမ၀န္တာဒေသမှာ လျှိုမြောင်ချောက်ကမ်းပါးတခုထဲကို ဘတ်စ်ကားတစီး တိမ်းမှောက်မှုကြောင့် လူ ၃၆ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဘတ်စ်ကားဟာ ချုံနွယ်ပိတ်ပေါင်းတွေ ထူထပ်တဲ့ လျှိုမြောင်ထဲကို ကျရောက်ခဲ့ရာမှာ ကားခေါင်းပိုင်းတခုလုံး ပျက်စီးကြေမွခဲ့ပြီး ဒဏ်ရာရသူ ၁၀ ယောက်ထဲက သုံးယောက်ကို ရဟတ်ယာဉ်နဲ့ဆေးရုံပို့ပေးထားတယ်လို့ ဆိုပါတယ်။

သတင်းအပြည့်စုံ ကြည့်ရှုရန် - https://www.facebook.com/share/p/tTmS1Lo7p8nSajk1/

Ref:AFP
Photo:AFP

#Voiceofmyanamar #VOM #အိန္ဒိယ #ဟိမ၀န္တာ #ဘတ်စ်ကားမတော်တဆမှု #၃၆ယောက်သေ

Thae Thae🇲🇲🇲🇲🇲🇲

04 Nov, 14:05


ယူကရိန်း/နေတိုး ကြေးစားများ၏ ချောင်းကမ်းပါး ခံစစ်နေရာသို့ RBK 500 ကလပ်စတာထိပ်ဖူးတပ် ဗုံးပျံရောက်အလာ။

Thae Thae🇲🇲🇲🇲🇲🇲

04 Nov, 14:04


အစ္စရေးနယ်စပ်အနီး လက်ဘနွန်မြို့ရွာများကို အစ္စရေးတပ်များက ဒိုင်းနမိုက်များတပ်ဆင်ကာ လုံးဝဖြိုချဖောက်ခွဲဖျက်ဆီးခဲ့သည့်မြင်ကွင်း။

* အကြမ်းဖက်သမားများ ခိုလှုံနေရာယူမည်စိုး၍ဟုဆို။
* တွေ့ကြသလား နိုင်ငံတကာဥပဒေဆိုတာ။

Thae Thae🇲🇲🇲🇲🇲🇲

04 Nov, 11:16


ပဲခူးတိုင်း၊နတ်တလင်းမြို့နယ်၊ပဲခူးရိုးမအတွင်းရှိ ပျဉ်ပုံရွာမှ မိသားစု တစ်စုလုံးကို သတ်ဖြတ်လိုက်ကြောင်း စစ်သွေးကြွNUG ၏ သတင်းထုတ်ပြန်ချက်

#PeopleMedia

Thae Thae🇲🇲🇲🇲🇲🇲

04 Nov, 11:14


4 - 11 - 2024 အမ်း ညနေ 4: 50 နာရီ
=============================

အမ်း ဝနိးကျင်ရှိ AA များ ခိုအောင်းရာသို့ နယ်မြေရှင်းလင်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားကြရာ မိမိစစ်သည် ၃ ဦး စနိုက်ပါ ပစ်ခတ်ခံရ၍ ကျဆုံးခဲ့ရပါတယ် ။ AA. များလည်း အကျအဆုံး များစွာနဲ့ ထွက်ပြေးနေပါတယ် ။

ထူးခြားသတင်းကတော့ အမ်း နဲ့ ပဒါန်း ကြားထဲမှာ AA အဖွဲ့ငယ်တဖွဲ့က ပွှိုင့် 5 နဲ့ ပစ်ခတ်သဖြင့် ရဟတ်ယာဥ် နောက်ပိုင်းအား ထိမှန်ခဲ့ပါတယ် ။ အသေးအဖွဲ ထိမှန်မှု ဖြစ်သောကြောင့် ပျံသန်းမှု ခရီးစဥ်ကို ဆက်လက်ပျံသန်း သွားခဲ့ပါတယ် ။

ယခုအခါ အမ်း နဲ့ ပဒါန်းကြား ပစ်ခတ်ခဲ့သည့် ရန်သူ AA အဖွဲ့အား မိမိစစ်ကြောင်းများမှ လိုက်လံချေမှုံးလျှက် ရှိပါတယ် ။

ယခု တိုက်ပွဲများအား တိုင်းမှူးကြီးမှ တိုက်ရိုက် ကွပ်ကဲအမိန့်ပေး ညွှန်ကြားလျှက် တိုက်ခိုက်နေကြခြင်း ဖြစ်ကြောင်း သတင်းရရှိပါတယ် ။

ကိုရွှေမျိုးဝင်း

Thae Thae🇲🇲🇲🇲🇲🇲

04 Nov, 08:57


.

☯️

ဒီတကြိမ် အီရန်ဖက်က တုန့်ပြန်တိုက်မှုဟာ အရင်ကထက်ပိုပြီးပြင်းထန်လိမ့်မယ်လို့ သံတမာန်တွေကို အီရန်ကအသိပေးလိုက်ပါတယ်၊

အောက်တိုဘာတိုက်ခိုက်မှုမှာ အီရန်ဖက်က မစ်ဇိုင်း (၂၀၀) ကိုနေရာ (၃၀) ကခွဲပြီး တချိန်ထဲတပြိုင်ထဲ စုပြုံတိုက်ခိုက်ခဲ့လို့ အစ္စရေးဖက်က အထိနာခဲ့ရပါတယ်၊


BaMg ☯️

.Nay Zin Latt

Thae Thae🇲🇲🇲🇲🇲🇲

04 Nov, 08:56


.


☯️


မနက်ဖန် မဲပေးရက်
အပြိုင်အဆိုင်ကပြင်းထန်နေဆဲ၊ (၂) ယောက်ကြား ကွာဟမှုကသိပ်ကျဉ်းနေတော့ စိတ်ချရတဲ့အခြေအနေမျိုးမဟုတ်ဘူး၊

Harris က ဂါဇာစစ်ပွဲ ရပ်စေရမယ်လို့ မဲဆွယ်သလို၊ ထရမ့်ကလဲ RFK Jr. ကိုသူ့အုပ်ချုပ်ရေးမှာ အရေးပါတဲ့နေရာကိုပေးမယ်လို ဆိုတယ်၊

🐠 ဒီနေရာမှာ Harris သမတဖြစ်ရင် နောက်သက်တမ်း ဆက်ရှိနိုင်ပေမဲ့ ထရမ့်အတွက်ကတော့ နောက်သက်တမ်း ဆက်မရှိတော့ဘူး

🐠 ဆိုလိုချင်တာက Harris အနေနဲ့ ဂတိကို နောက်သက်တမ်းတခုအထိပါစဉ်းစားရလိမ့်မယ်၊

🐠 ထရမ့်သမတဖြစ်ရင် နောက်သက်တမ်းမရှိတော့လို့ အစွမ်းကုန် လွှတ်မှာ၊

🐠 Harris သမတဖြစ်လာရင် Gaza war ကိုတကယ်ရပ်နိုင်မလား ❓

🐠 Harris အတွက် ဒီစကားတခုထဲမှာတင် အန္တရာယ် (၂) ခုရှိတယ်၊ လုပ်တာကိုင်တာ မညက်ညောရင် ဂျူးရော၊ မွစ္စလင်ကမ္ဘာရောရဲ့ ဆန့်ကျင်ခြင်းကိုခံရနိုင်တယ်၊

လောလောဆယ်
နှစ်ယောက်လုံးက 5+% ကွာတာမျိုးမဟုတ်ပဲ
(1-2)% သာကွာလို့ အကြိတ်အနယ်ပဲ၊ အဲ့ဒီ 2 pt အကွာဖြစ်နေတာကိုက အမေရိကန်ပြည်တွင်း ပဋိပက္ခတ် အကြီးကြီးဖြစ်လာဖို့ ကံတရားက ဇာတ်ညွှန်းရေးလိုက်တာလို့ မြင်လာမိတယ်။

အမေရိကန်ကြီး ကျန်းမာပါစေ။


BaMg ☯️


.Nay Zin Latt

7,156

subscribers

9,822

photos

2,625

videos